💊💊💊💊 Chapter 51


ပိုင်မူနင်က သူ၏နားများကို စွင့်လိုက်ကာ ဝမ်ကျင်းသူ့အား အပြစ်တင်လာခြင်းအတွက် အသင့်ဖြစ်၍နေ၏။

ကံမကောင်းစွာဖြင့် သူ ဝမ်ကျင်းကို ထပ်မံ၍ အထင်အမြင် မှားသွားပြန်သည်။ ထိုအစား ဝမ်ကျင်းက ပြောသည်။ 

“ဒါပေမဲ့ ကိုယ် ရှောင်နင်ရဲ့ ခုပုံစံလေးကို တကယ် ကြိုက်တယ်...  á€Ąá€˛á€’ဍက မင်း ကိုယ့်ကို ဘယ်လောက်တောင် စိတ်ဝင်စားလဲဆိုတာကို ပြနေတာပဲလေ”

“ကိုယ် သဘောကျတယ် ... တကယ်ကို တကယ်ပဲ သဘောကျတယ်”

“…?”

ဝမ်ကျင်းက M များလားဟင်...

–

လမ်းတစ်လျှောက်လုံး ပိုင်မူနင်ကသာ စကားဆက်တိုက်ပြောနေသူဖြစ်၏။ သူ၏ငယ်ဘဝမှစ၍ ယခုအချိန်ထိ ဖြတ်သန်းလာရသမျှ ဘဝတစ်လျှောက်လုံးကို ပြန်ပြောပြနေခဲ့သည်။ အားလုံးက ဝမ်ကျင်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်သွားစေရန် မျှော်လင့်လျက် လုပ်ခြင်းပင်။

ဝမ်ကျင်းစိတ်အနှောင့်အယှက် ဖြစ်မဖြစ်ကို ပိုင်မူနင် မပြောနိုင်ပေ။ သူသိသည်မှာ သူ၏ လည်ချောင်းက မီးပွင့်လုမတတ်ပူလောင်နေသည်ကို ခံစားရသည်သာ။

သူတို့ ဟိုတယ်သို့ရောက်သည်နှင့် အိပ်ရာပေါ် တည့်တည့် လှဲချလိုက်သည်။ နောက်ထပ် စကားတစ်ခွန်းလေး ပြောရန်ကိုပင် ပင်ပန်းလွန်းလှသည်။

စီစဉ်သူများက သူတို့အတွက် အိပ်ရာနှစ်လုံးပါသော ဈေးသက်သာသည့်နှစ်ယောက်ခန်းကို ကြိုတင်မှာထားပေးသည်။

ညစာစားပြီးနောက် သူတို့ ဟိုတယ်ပြန်ပြီး အနားယူကြသည်။ ပိုင်မူနင်က အနည်းငယ် အားပြန်ဖြည့်ပြီးသည်နှင့်  á€•á€źá€żá€”á€Źá€‘á€•á€şá€›á€žá€Źá€•á€źá€”á€şáá‹
“ကျင်းကော ဒီည ကျွန်တော်တို့ ဘယ်လိုအိပ်ကြမလဲ”

ဝမ်ကျင်းက မေးသည်။
“မင်း ဘယ်အိပ်ရာကို လိုချင်လဲ”

သူဆိုလိုသည်မှာ ပိုင်မူနင်က သူလိုရာကိုဦးစွာရွေးနိုင်ပြီး သူကမူ မည်သည့်နေရာတွင်မဆို အိပ်နိုင်သည်ဟူသည့် သဘောပင်။

ပိုင်မူနင်က ခဏရပ်ပြီး စဉ်းစားလျက် ပြောလိုက်သည်။
“ခင်ဗျားအိပ်မဲ့တစ်ခုမှာ ကျွန်တော်အိပ်ချင်တယ်”

တိတ်တဆိတ်ပီတိဖြစ်နေရင်းဖြင့်ပင် ပိုင်မူနင်က သူ တကယ်ကို တွယ်ကပ်လွန်းနေပြီဟု ခံစားလိုက်ရသည်။

ဤတစ်ကြိမ်တွင်မူ ဝမ်ကျင်းက နောက်ဆုံး၌ သူ့အား စတင်ငြင်းဆိုလာ၏။
 “မရဘူး.... မင်း ကိုယ့်အိပ်ရာမှာကိုယ်အိပ်”

ပိုင်မူနင်က သူ၏မျက်လုံးများကို မှေးစင်းလိုက်ပြီး မျှော်လင့်ချက်ရှိလာပြီဟူ၍  á€á€˝á€ąá€¸á€œá€­á€Żá€€á€şá€œá€ąá€žá€Šá€şá‹

ဝမ်ကျင်းက အတူအိပ်ရန် ပိုမိုငြင်းဆန်လေလေ ပိုင်မူနင်က ထိုသို့လုပ်ရန် ပိုမိုစိတ်ပိုင်းဖြတ်ထားလေလေပင်။ ယင်းက တကယ်ကို တစ်စုံတစ်ယောက်ကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။

သူက စတင်၍ အလိုလိုက်ခံထားရသူပမာ ပြုမူတော့သည်။ 

“ကျင်းကော... ကျွန်တော့်အိပ်ပျော်အောင် ချော့သိပ်ပေးပါလားဟင်...  á€™á€Ÿá€Żá€á€şá€›á€„် ကျွန်တော် အိပ်ပျော်မှာမဟုတ်ဘူး”

“ကျွန်တော်က အိပ်ရင် မဟောက်ပါဘူး...  á€…á€ąá€Źá€„á€şá€€á€­á€Żá€œá€Šá€şá€¸ မကန်တတ်ဘူး... အီးလည်းမပေါက်တတ်ပါဘူး... ကျွန်တော် ခင်ဗျား လုံးဝစိတ်အနှောင့်အယှက် မပေးပါဘူး”

“ကျွန်တော်အိပ်နေတုန်း ကောက ကျွန်တော့်ကို ဖက်ထားပေးနိုင်မလားဟင်”

ကလေးငယ်လေးများဆိုလျှင် ချော့သိပ်ပေးမှ အိပ်ပျော်ကြသည်။ ထို့အတူ သူ၏ချစ်သူအနေဖြင့်လည်း ချော့ပေးရမည်သာ။

ဝမ်ကျင်းခေါင်းကိုက်လာကာ ခဏတာမျှ သူ ပိုင်မူနင်ကို ဘာလုပ်ရမည်အား တကယ်ကို မသိတော့ပေ။ 

“ရှောင်နင် မင်း ပြောနေတာကိုရော မင်းနားလည်နေသေးရဲ့လား”

“မင်းက ယောက်ျားတစ်ယောက်ကို ဖိတ်ခေါ်နေတာ”

ပိုင်မူနင်က မကျေနပ်ရိပ်တို့ဖြင့် ပြန်ဖြေသည်။
“ကျင်းကော.... ကျွန်တော်လည်း ယောက်ျားတစ်ယောက်ပဲကို... ခင်ဗျား ဘာမှနစ်နာမသွားပါဘူး”

ဝမ်ကျင်းက မျက်လွှာအသာချလျက် ပိုင်မူနင်ကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်လာသည်။ ယင်းက တစ်ခုခုကို ချိန်ဆနေသလိုပင်။

နောက်ဆုံးတွင် သူက သူ့ကိုယ်သူ စိတ်တင်းလိုက်ပြီး ပြောသည်။
“မရဘူး... မင်း တစ်ယောက်တည်း အိပ်... သွားပြီး ရေချိုးတော့”

ထပ်မံငြင်းပယ်ခံလိုက်ရသောကြောင့် ပိုင်မူနင်၏ ပုန်ကန်လိုစိတ်လေးက ပြင်းထန်လာသည်။ ဝမ်ကျင်း ရေချိုးရန် ရေချိုးခန်းထဲ ဝင်သွားသည်နှင့် ပိုင်မူနင်က ညဝတ်အင်္ကျီဖြင့် သူ၏အိပ်ရာထဲ တက်လိုက်ပြီး အိပ်ပျော်ဟန်ဆောင်လိုက်သည်။

ဝမ်ကျင်းထွက်လာပြီး သူထိုသို့ကွေးနေသည်ကို မြင်လိုက်ရလျှင် အကူအညီမဲ့စွာ ရယ်လိုက်သည်။
“ဒါဆို မင်း အဲဒီမှာ အိပ်လေ... ကိုယ် တခြားအိပ်ရာကို ယူလိုက်မယ်”

မီးများ ပိတ်သွားသည်။ ဝမ်ကျင်းက တကယ်ကို အခြားအိပ်ရာ၌ လှဲချလိုက်သည်။

ပိုင်မူနင်၏ ကပ်ပါးအစီအစဉ်လေးမှာ ပျက်လုနီးနီးပင်။ သူက ခံစားချက်များကို စုစည်းပြီးနောက်  á€•ဟဿနဏထပ်ရသဏရန် ဆုံးဖြတ်လိုက်သည်။

သူက အိပ်ရာမှထပြီး ဝမ်ကျင်း၏ အိပ်ရာခြေရင်း၌ ရပ်လိုက်သည်။ အမှောင်ထဲတွင် ဝမ်ကျင်းက သူ့ကို ကြည့်လာပြီး မေးသည်။

 “မင်း ဘာလို့ ခုထိ မအိပ်သေးတာလဲ”

ငါ ဘယ်လိုများ အိပ်နိုင်မှာလဲ... သူတို့ လမ်းမခွဲရသေးသရွေ့ နေ့တိုင်းက နာကျင်ရတဲ့ နောက်ထပ်တစ်နေ့ပဲ...

ဝမ်ကျင်းသာ ငါ လိမ်နေတာကိုသိသွားရင် ငါ့ကိုအရေခွံခွာမှာ မဟုတ်လား...

ကျန်းချင်းချီမှာ အချိန်ကိုက်ဗုံးတစ်လုံးဖြစ်ရာ ပိုင်မူနင်အနေဖြင့် လက်ဦးမှုယူရမည်။

ထို့ကြောင့် အချို့သောအရာများကို သေသေချာချာလုပ်ရန်လိုအပ်၏။

သူ ဖြည်းဖြည်းချင်း ကိုယ်ကိုငုံ့ကိုင်းလိုက်သည်။ ချွဲနွဲ့တတ်သည့် ကြောင်လေးတစ်ကောင်ပမာ ဝမ်ကျင်း၏စောင်အောက်ထဲသို့ တွားဝင်သွားလိုက်၏။

တဖြည်းဖြည်းချင်း ပိုင်မူနင်က အိပ်ရာခြေရင်းမှခေါင်းရင်းအထိ တွားတက်သွားသည်။ စောင်အောက်မှ ထွက်လာချိန်၌ နောက်ဆုံး သူလေကောင်းလေသန့် ရှူလိုက်ရသည်။

ဝမ်ကျင်း၏ တင်ပါးတစ်ဖက်စီ၌ ခြေထောက်များဖြင့်ခွလျက် ပိုင်မူနင် ထိုသူ့အပေါ် လှဲချလိုက်ပြီး ပြောသည်။
“ကော ဘယ်လိုလုပ်ကျွန်တော့်ကို ငြင်းရက်နိုင်ရတာလဲ”

“ကျင်းကော... ကျွန်တော်အိပ်နေတုန်း  á€€á€ťá€˝á€”်တ္ဏအ်ကို ဖက်ထားပေး”

ဝမ်ကျင်းက မတုံ့ပြန်လာပေ။ ဤတစ်ကြိမ်တွင် ငြင်းပယ်ခြင်း မရှိသလို လှုပ်ရှား၍လည်း မလာပေ။ သူက ပိုင်မူနင် သူ့အပေါ် လှဲချသည်ကို ခွင့်ပြုထားသည်။

သို့သော်လည်း သူ၏ နှလုံးခုန်နှုန်းက မြန်နေပြီး စည်းချက်နှင့်အညီ ပိုင်မူနင်၏ နားထဲသို့ တိုးဝင်လာ၏။ ယင်းမှာ ကျယ်လောင်လွန်းသဖြင့် လျစ်လျူရှုထား၍လည်း မရပေ။

ခဏကြာပြီးနောက် ပိုင်မူနင် သူ့အောက်၌ တစ်ခုခုပြောင်းလဲနေသည်ကို သတိထားမိသွားသည်။ ယင်းက သူ့ကို ကြောက်ရွံ့ထိတ်လန့်သွားစေ၏။

သောက်ကျိုးနည်း ငါ ဘယ်လိုလုပ် ဒီလိုလှဲနေရတာလဲ...

ပိုင်မူနင်မှာ သူ မီးနှင့်ကစားမိပြီဖြစ်ကာ လောင်ကျွမ်းခံရနိုင်သည်ကို သဘောပေါက်လိုက်သည်။

အခုချိန်ကျမှ ငါ့အိပ်ရာကိုပြန်မယ်ဆို အရမ်း နောက်ကျသွားပြီလား....

×××××

သူတို့ နှစ်ဦးကြားတွင် ထိုတောင်ကြီးက မားမားမတ်မတ်တည်ရှိ၍နေရာ ပိုင်မူနင်မှာ သူ ဘာကိုမှမခံစားရသလို ဟန်ဆောင်၍မရချေ။ 

ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး ဟာသလုပ်ကာ ရှောင်လွှဲချင်လည်းမရပေ။

သူက တုံးအချင်ယောင်ဆောင်နေခြင်းသာဖြစ်ပြီး တကယ်တမ်း၌ ငတုံးမဟုတ်ပေ။

သူ၏ မျက်နှာလေးက မသိမသာ နီရဲလာ၏။ သူ့ရင်ထဲတွင်လည်း ဒေါသလေးက ပွက်ပွက်ဆူလာခဲ့သည်။

သူ ချက်ချင်းပင် သူ့ကိုယ်သူ ထောက်ကာမတင်လိုက်ပြီး သူတို့၏ ရှက်စရာကောင်းလောက်အောင် ပူးကပ်နေသော ခန္ဓာကိုယ်များကြား အကွာအဝေးတစ်ခု ထားလိုက်၏။ 

“ကော ကျွန်တော်လေ ကိုယ့်နေရာကိုယ် ပြန်ပြီး အိပ်တာပဲ ပိုကောင်းမယ်ထင်တယ်”

“ခင်ဗျားစိတ်တိုင်းကျလုပ်ပါ...  á€€á€ťá€˝á€”်တ္ဏ်ဥိပ်ရင် သေနေသလိုပဲ..  á€˜á€Źá€žá€śá€™á€ž ကြားမှာမဟုတ်ဘူး”

ပိုင်မူနင် ထွက်ပြေးချင်သော်ငြား ဝမ်ကျင်းက သူ့ကို အခွင့်အရေးမပေးခဲ့ပေ။ အကြင်သူက  á€•á€­á€Żá€„á€şá€™á€°á€”á€„á€şá ခါးကို လက်လှမ်းလျက် ဆွဲဖက်ကာ ဆွဲချလိုက်သည်။

ထို့ကြောင့် ကွဲကွာခဲ့သော သူတို့နှစ်ဦးသားမှာ ပြန်လည် နီးကပ်သွားခဲ့သည်။ ပိုင်မူနင်မှာ အနှီတောင်များ၏ ထည်ဝါနေမှုအား ရှင်းလင်းစွာ ခံစားရသည်။

“မင်းပဲ ကိုယ့်ကို ချော့သိပ်စေချင်တယ်ဆို...  á€™á€Ÿá€Żá€á€şá€˜á€°á€¸á€œá€Źá€¸” 
ဝမ်ကျင်း၏လက်က သူ့အင်္ကျီအောက်သို့ လျှောဝင်သွားပြီး သူ၏ ခါးရိုးတစ်လျှောက် ပွတ်သပ်လာသည်။ 
“မင်း ဘယ်သွားဖို့ ကြံနေတာလဲ”

သူ့ကိုငြင်းပယ်ခဲ့သူက ယခုမူ သဘောထားကို ပြောင်းလိုက်ကာ စကားပြောဆိုရ ပိုမိုလွယ်ကူလာသည်။

ပိုင်မူနင် ထိတ်လန့်လာရသည်။

သူ ထိုသို့သောအရာမျိုးလုပ်ရဲသည့် အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ ဝမ်ကျင်း သူ့အား ရွံသွားစေရန်ပင်။ ကျန်အပိုင်းကမူ ဝမ်ကျင်း သူ့ကိုစိတ်မဝင်စားဟု သူ ယုံကြည်ထား၍ပင်။

ယခင်က အချိန်တိုင်းတွင် ပိုင်မူနင်ကသာ အနေခက်မှုကို ခံစားခဲ့ရသူဖြစ်သည်။ သူ့အနေဖြင့် ဝမ်ကျင်းထံမှ ပြောင်းလဲမှုကို တစ်ခါလေးပင် မခံစားခဲ့ရပေ။

ထို့ကြောင့် သူအမြဲတွေးခဲ့သည်မှာ ဝမ်ကျင်းဟူသည် လိင်စိတ်ဆန္ဒကင်းသူဟူ၍ပင်။

သို့သော် ယနေ့တွင်မူ သူအမှန်တရားကို သိလိုက်ရပေပြီ။ လိင်စိတ်ဆန္ဒမှာကင်းမဲ့ခြင်း လုံးဝ ဟုတ်မနေပေ။ အနှီသူမှာ အလွန်တရာပင် စိတ်အားထက်သန်ကာ တက်ကြွရုံမျှသာမက ကျန်းမာကြံ့ခိုင်ပြီး ခွန်အားအပြည့်ဖြင့် ကြောက်စရာလည်းကောင်းသည်။

“ကျင်း... ကော... ကျွန်တော် မှားပါတယ်” 
ပိုင်မူနင်၏ ခန္ဓာကိုယ်လေးက တောင့်တင်းသွားသည်။ ဝမ်ကျင်း၏ လက်ဖဝါးမှာ အနွေးဓာတ်ကလေးအပြည့်ဖြင့်။ အနှီလက်တစ်စုံက သူ၏ အသားအရေကို နာကျင်စေခြင်းမရှိသည့်တိုင် တစ်နည်းနည်းဖြင့် ယားယံကာ  á€•á€°á€œá€ąá€Źá€„á€şá€™á€žá€Żá€–á€źá€„á€ˇá€ş ထုံကျင်စေသည်။

“ကျွန်တော်...”

ပိုင်မူနင်၏စကားမဆုံးမီ ဝမ်ကျင်းက သူ့ကိုလှန်လိုက်သည်။ ထို့နောက် သူ့ကိုဖိထားရင်း နမ်းရှိုက်လာ၏။ အကြင်သူ၏လျှာက ပိုင်မူနင် တင်းတင်းကျပ်ကျပ် ပိတ်ထားသည့်သွားများကို ဟလာအောင်လုပ်ကာ အတွင်းသို့ဝင်လျက် အရသာခံလာသည်။

သူ၏လက်ကောက်ဝတ်များကို သူ့ခေါင်းထက်တွင် ဖိချုပ်ကာဖြင့်  á€á€źá€ąá€‘á€ąá€Źá€€á€şá€™á€ťá€Źá€¸á€€á€­á€Żá€œá€Šá€şá€¸ ထိုနည်းတူချုပ်ထားလေရာ ပိုင်မူနင်ခမျာ ရုန်းကန်ပိုင်ခွင့်ပင် မရှိပေ။

ပူလောင်ပြင်းရှသည့် အသက်ရှူသံက သူ၏ လည်ပင်းဘေး၌ ထွက်ပေါ်လာသည်။ ပိုင်မူနင် ထိတ်လန့်တကြား ပြောလိုက်သည်။
“ကျင်းကော ကျင်းကော ကျွန်တော် ဗိုက်ဆာတယ်... ညစာသွားစားရအောင်လေ ရတယ်မလားဟင်”

သူ၏အသံမှာ  á€„á€­á€Żá€á€ťá€œá€Żá€”á€Žá€¸á€•á€Ťá€¸ ဖြစ်နေသည်။ သူ့ နှလုံးသားလေးမှာလည်း ကြောက်ရွံ့မှုဖြင့် တုန်ယင်နေ၏။

ပိုင်မူနင်က မည်သူနှင့်မှ ရင်းနှီးလွန်းသည့် အရာမျိုးကို မလုပ်ခဲ့ဖူးပေ။ ဝမ်ကျင်းကို နမ်းသည်ကပင် သူ၏ ပထမဆုံးအနမ်းဖြစ်၏။

ယင်းက သူ့အတွက် ပထမဆုံးအကြိမ်ပင်။ သူ့အနေဖြင့် ကျိန်းသေ စိတ်ရှုပ်ထွေးကာ ကြောက်ရွံ့ပြီး အကူအညီမဲ့နေမိသည်။ သို့သော်လည်း အရာအားလုံးထက် သူ မသိရသည့် ကပ်ပါလာမည့် နာကျင်မှုကို ပို၍ ကြောက်သည်။

ဝမ်ကျင်းက ရပ်လိုက်ပြီး အနည်းငယ်မျှ ထလိုက်သည်။ အသက်ပြင်းပြင်းရှူရင်းဖြင့်ပင် သူက ပိုင်မူနင်၏မျက်လုံးထောင့်တွင် စုနေသော မျက်ရည်များကို သုတ်ပေးလာသည်။ နောက်ဆုံးတွင် သူ၏နှလုံးသားမှာ နူးညံံ့သွားလျက် သဘောတူလိုက်ပါ၏။

 “ကောင်းပြီလေ သွားစားရအောင်”

ထိုသို့ဖြင့် သူက ပိုင်မူနင်အပေါ်  á€…á€ąá€Źá€„á€şá€†á€˝á€˛á€á€źá€Żá€śá€•á€ąá€¸á€œá€­á€Żá€€á€şá€•á€źá€Žá€¸ အိပ်ယာမှထကာ သန့်စင်ခန်းဘက်ထွက်သွားသည်။

မကြာခင်မှာပင် အတွင်းမှ ရေကျသံထွက်လာ၏။ ထိုအခါမှသာ ပိုင်မူနင်ခမျာ နောက်ဆုံး၌ သက်ပြင်းချနိုင်သွားသည်။

သူ၏“အသက်သွေးကြော”လေးက စိတ်လှုပ်ရှားတက်ကြွနေဆဲဖြစ်ကာ စွမ်းအင် အပြည့်ရှိနေဆဲ ပင်။ ယင်းက သူ့အတွက်လည်း သည်းမခံနိုင်စရာပင်။ ဝမ်ကျင်းက ရေချိုးခန်းကို အသုံးပြုနေသောကြောင့် ပိုင်မူနင်လုပ်နိုင်သမျှက အိပ်ရာပေါ်တွင် သူ့ကိုယ်သူ ဂရုစိုက်ခြင်းသာ။

နာရီဝက်ကြာပြီးနောက် သူတို့ နှစ်ဦးစလုံး ဟိုတယ်မှထွက်လာပြီး အနီးနားရှိ ကုန်သွယ်ရေးလမ်းမကြီးထံသို့ ဦးတည်လိုက်သည်။

ပိုင်မူနင်က မြေပုံပေါ်တွင် အစားအစာ၊ အဖျော်ယမကာ၊ ဖျော်ဖြေရေးများဖြင့် ပြည့်နှက်လျက် စည်ကားနေသည့် ကုန်သွယ်ရေးလမ်းမကြီးကို မြင်ခဲ့သည်။ သူ လိုချင်သမျှ အရာအားလုံး ထိုနေရာ၌ရနိုင်၏။ ထို့ကြောင့်ပင် သူက လူအုပ်ထဲဝင်ရောပြီး လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဆယ်နာရီကျော်နေပြီဖြစ်သည့်တိုင် လူများစွာက ဝင်ထွက် သွားလာနေကြသည်။ လူသွားစင်္ကြံများမှာလည်း ပခုံးချင်း ပွတ်တိုက်မိလောက်အောင် ပြည့်ကျပ်နေသည်။ လူချင်းမကွဲစေရန်အတွက် ပိုင်မူနင်က အစကတည်းက ဝမ်ကျင်း၏ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။

ဝမ်ကျင်းမှာ တင်းကျပ်စွာဆုပ်ကိုင်ထားသော သူတို့၏လက်များကို မယုံနိုင်သလို ငုံ့ကြည့်သည်။ မကြာခင်မှာပင် သူ၏နှုတ်ခမ်းထောင့်လေးများက ကွေးညွတ်သွားလျက် အပြုံးဖျော့ဖျော့တစ်စက လှစ်ခနဲ ဖြစ်တည်လာ၏။

ပိုင်မူနင်က ပတ်ဝန်းကျင်ကို လျှောက်ကြည့်ကာ တက်ကြွသောလေထု၌ ပျော်မွေ့နေသည်။ ဝမ်ကျင်းက လမ်းလျှောက်နေခြင်းကို ရပ်လိုက်သည်အား သတိထားမိလိုက်လျှင် သူကလှည့်ပြီး မေးလိုက်၏။ 
“ဘာဖြစ်လို့လဲ”

ဝမ်ကျင်းက ပြန်ဖြေသည်။ 
“ဘာမှ မဟုတ်ဘူး” 

ပိုင်မူနင်က သူ၏ လျှာကိုခေါက်လိုက်(စုတ်သပ်)ပြီး  á€á€˝á€ąá€¸á€œá€­á€Żá€€á€şá€žá€Šá€şá‹

ဝမ်ကျင်းက တကယ်ကို လူထူးဆန်းပဲ...

နှစ်ကုန်ခါနီးလာသည်နှင့်အမျှ လမ်းဘေး ရောင်းချသူများက အနီရောင် “ဖူ” အက္ခရာများ၊ ကာရန်တူနှစ်ကြောင်းကဗျာများ၊ ပွဲတော် အဆင်တန်ဆာများ၊ မီးပုံးများနှင့် ချစ်စရာကောင်းသည့် ခေါင်းစည်း(ဆံကုပ်)အမျိုးမျိုးကို စတင် ရောင်းချနေကြပေပြီ။

ခေါင်းစည်းများက ကောင်မလေးများ ပုံမှန် ဝတ်လေ့ရှိသည့် ချစ်စဖွယ်ပုံစံလေးများဖြစ်သည်။ ယုန်နားရွက်၊ သမင်ချို၊ ကြောင်နားရွက်လေးများ စသဖြင့် ချစ်စရာကောင်းပြီး အမွှေးပွပွလေးများဖြစ်၏။

ပိုင်မူနင်က ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်လိုက်ကာ ကြောင်နားရွက်တစ်စုံကို ကိုင်လိုက်ပြီး သူ၏ ခေါင်းပေါ်တွင် စမ်းတပ်ကြည့်သည်။

သူက သူ့အတွက်သူဝယ်ရန် စီစဉ်နေခြင်းမဟုတ်ပေ။ သူက ဝမ်ကျင်းကို ဝတ်ခိုင်းရန် ကြံစည်နေခြင်းသာ။

ယောက်ျားများအနေဖြင့် ဘဝကို စွန့်စားရင်း နေထိုင်ကာ အခြားသူများ၏ အောက်ခြေစည်းအနားတွင် ကခုန်သင့်ပါ၏။

(T/N - ဘဝကို စွန့်စားရင်း နေထိုင်သင့်တယ်ဆိုတာ စိန်ခေါ်မှုတွေ၊ အန္တရာယ်ရှိတဲ့ အခြေအနေတွေကြုံလာရင် မကြောက်မရွံ့ ရင်ဆိုင်ဖို့ပြောချင်တာပါ။ အောက်ခြေစည်းအနားမှာ ကခုန်တယ်ဆိုတာ တခြားသူရဲ့ဘောင်၊ စိတ်ရှည်သည်းခံမှုကန့်သတ်ချက်တွေရဲ့အဆုံးမှာ စူးစမ်း စမ်းသပ်ရင်းနဲ့ တက်ကြွပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ဘဝကို ဖြတ်သန်းဖို့ပြောချင်တာပါ။ ပထမအချက်ကတော့ ဂျာမန်ဒဿနိကပညာရှင် Friedrich Nietzsche ပြောခဲ့တဲ့ အတုယူစရာစကားဖြစ်ပြီး ဒုတိယအချက်ကတော့ တမင်သက်သက်သူများကိုဒေါသဆွဖို့ မြှောက်ပေးတဲ့စကားပါ ။)

သူ့အနေဖြင့် ဝမ်ကျင်း သူ့ကို မည်မျှကြာကြာ သည်းခံနိုင်ဦးမည်ကိုလည်း ကြည့်ချင်သည်။

“သူဌေး ဒါဘယ်လောက်လဲ”

“ယွမ်နှစ်ဆယ်”

ပိုင်မူနင် ငွေရှင်းရန် သူ၏ဖုန်းကို ထုတ်မည်အပြုတွင် ရုတ်တရက်ဆိုသလို သူ လုံးဝ မွဲပြာကျနေပြီဖြစ်ကြောင်းကို သတိရလိုက်သည်။ ရှက်သွားပြီးနောက် သူ ဖုန်းကို ပြန်ချလိုက်သည်။

“ကောင်းပြီ ဒါက ဈေးနည်းနည်းကြီးတယ်... ကျွန်တော် နောက်ထပ် လှည့်ကြည့်ဦးမယ်”

သူ ဝမ်ကျင်းကိုဆွဲပြီး ထွက်သွားရန် လုပ်နေစဉ် ဆိုင်ရှင်က သူတို့ကို အမြန် တားလိုက်သည်။ 
“ဟေး ဒီလောက်အလျင်စလိုမလုပ်ပါနဲ့ သူငယ်ချင်းလေး... မင်းဈေးခေါ်ကြည့်လေ ငါ ဈေးလျှော့ပေးမယ်... ဈေးဆစ်တယ်ဆိုတာ အဲဒီလို လုပ်ရတာပဲ”

“ဒီလိုဆို ဘယ်လိုလဲ... မင်း တကယ်ဝယ်ချင်နေတာကိုငါသိတယ်... ငါလည်း တကယ်ကို ရောင်းချင်နေတာ... ငါတို့ တွေ့ဆုံခဲ့ကြတာက ကံပါလို့ပဲ... ငါးယွမ် လျှော့ပေးမယ် ဘယ်လိုလဲ”

ငါးယွမ် လျှော့ပေးလည်း ငါ မဝယ်နိုင်သေးဘူး...

ငါ့ရဲ့ ပိုက်ဆံအိတ်က ငါ့မျက်နှာထက်တောင် ပိုပြီး ပြောင်ရှင်းနေသေးတယ်...

“မရဘူး ခုထိ ဈေးကြီးနေတုန်းပဲ”

“မင်းက တကယ်ကို ဈေးဆစ်တော်သားပဲ လူငယ်လေး... ကောင်းပြီလေ ငါ ငါးယွမ် ထပ်လျှော့ပေးမယ်... ဆယ်ယွမ်နဲ့ ယူသွား... ဒါက တကယ်ပဲ အနိမ့်ဆုံးဈေးပဲ... တစ်ညလုံး ဒီထက် ဈေးပိုပေါတာကို မင်းဘယ်နေရာမှာမှ ရှာလို့တွေ့မှာမဟုတ်ဘူး”

ပိုင်မူနင်က သူ၏ ခေါင်းကို ခါယမ်းနေဆဲသာ။ သို့သော်လည်း သူ့ဘေးမှ ဝမ်ကျင်းက ပြောလိုက်သည်။
 “သူဌေး ထုပ်လိုက်ပါ”

ဆိုင်ရှင်မှာ နောက်ဆုံးတွင် ရောင်းထွက်သွား၍ စိတ်လှုပ်ရှားသွားသည်။ ခေါင်းစည်း(ဆံကုပ်)ထုပ်ရန်  á€•á€œá€á€şá€…á€á€…á€şá€Ąá€­á€á€şá€€á€­á€Ż စတင်ရှာဖွေတော့၏။

“ဒီက ညီအစ်ကိုလေး ပိုက်ဆံဘယ်လိုစုရမလဲဆိုတာ တကယ်သိတာပဲ..  á€žá€°á€€ ဘဝကို သေချာစီမံခန့်ခွဲတတ်တယ်”

“နောက်ဆို သူနဲ့လက်ထပ်နိုင်တဲ့ မိန်းကလေးက ဘဝကောင်းလေးရမှာ သေချာတယ်”

“သူလက်ထပ်မှာ မဟုတ်ပါဘူး...  á€€á€ťá€ąá€¸á€‡á€°á€¸á€á€„်ပဍတယ်” 
ဝမ်ကျင်းက ငွေရှင်းရင်း ပြောသည်။ ထို့နောက် ခေါင်းစည်းကိုယူပြီး ပိုင်မူနင်အား ပေးလာသည်။

ဆိုင်ရှင်ဖြစ်သူမှာ ခဏတာမျှ မှင်တက်သွားလျက် တစ်ခုခု နားလည်သွားပုံရပြီး ဘာမှမပြောတော့ပေ။

ပိုင်မူနင်က ဂရုမစိုက်ချေ။
သူတို့ သိတော့ရော ဘာဖြစ်လဲ...

သူအိတ်ကို ယူလိုက်ကာ ဝမ်ကျင်း၏လက်ကို ဆွဲပြီး ဆက်လျှောက်၏။


💊💊💊💊 Chapter 52
ငိုကြွေးခြင်း

(သတိပေးချက်: အသက်မပြည့်သေးသူများနှင့် မသင့်လျော်သည့် ဇာတ်ကွက်များ ပါဝင်ပါသဖြင့် ချင့်ချိန်ပြီး ဖတ်ပါရန်❗)


ခဏကြာပြီးနောက် ပိုင်မူနင်က ကြောင်နားရွက် ခေါင်းစည်းလေးကို ထုတ်လျက် ဆိုသည်။ 

“တကယ်တော့ ကျွန်တော် ဒါကို ခင်ဗျားအတွက် ဝယ်ခဲ့တာ... ခင်ဗျားဝတ်ထားရင် အရမ်း ချစ်စရာကောင်းမယ် ထင်တယ်”

ညစ်ကျယ်ကျယ်ပြုံးလျက် သူက ခေါင်းစည်းကို ဝမ်ကျင်းရှေ့တွင် ကိုင်ပြကာ အနှီသူ့အား ဝတ်ပေးရန်ပြုသည်။

ဝမ်ကျင်းက ပိုင်မူနင်၏ လက်ကောက်ဝတ်ကို ဆွဲကာ တားဆီးရင်း တုံးတိတိ ပြောသည်။ 
“မရဘူး” 

ထို့နောက် သူက အလျင်အမြန် လျှောက်သွား၏။

ပိုင်မူနင်က သူ့နောက်သို့လိုက်ကာ အစွမ်းကုန် စည်းရုံးရန် ကြိုးစားတော့သည်။
“ကျင်းကော စမ်းဝတ်ကြည့်ပါလား... ကျွန်တော်တော့ အရမ်းကြည့်ကောင်းမယ် ထင်တယ်”

“အဲလောက်ကြီး ငြင်းမနေပါနဲ့... ဒီ ကြောင်နားရွက်လေး‌တွေက အရမ်းချစ်စရာကောင်းတာနော်... ကော ဝတ်ထားရင် သေချာပေါက် ချစ်စရာလေး ဖြစ်နေလိမ့်မယ်”

ဝမ်ကျင်းက မလှုပ်မယှက်သာ။ ပိုင်မူနင် ဘာပြောပြော သူသဘောတူလိမ့်မည် မဟုတ်ပေ။

သူ၏ မျက်နှာက အေးစက်နေသည်။ သိသာစွာပင် မရဘူးဟု ပြောနေသည့်အတိုင်းပင်။

ပိုင်မူနင်က သူအဖိုးတန်ကတ်ကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။ သူက ငြိမ်ငြိမ်လေး ရပ်လိုက်ပြီး ဆို၏။ 

“ကျင်းကော ခင်ဗျားမဝတ်ရင် ကျွန်တော်ဒီနေရာမှာပဲ ပစ်လှဲချလိုက်တော့မယ်”

“ကျွန်တော့်ကို မြေပြင်ပေါ် လူးလှိမ့်မိအောင် ဖိအားမပေးနဲ့နော်”

သူတစ်နေကုန် စီစဉ်ထားခဲ့သော ဒေါသထွက်ခြင်းက နောက်ဆုံး၌ အလုပ်ဖြစ်လာ၏။ ပိုင်မူနင် အနည်းငယ်မျှ စိတ်လှုပ်ရှားနေမိသည်။

ဝမ်ကျင်း မည်သို့ တုံ့ပြန်လာမည်ကို သူ တွေးနေမိသည်။

ပိုင်မူနင်က ကိုယ်ကိုညွတ်ကိုင်းလိုက်ပြီး သူ၏အဓိပ္ပါယ်မဲ့ဒေါသထွက်ခြင်းကို စတင်ရန် သူစဉ်းစားနိုင်သည့် အချောမောဆုံးကြည့်အကောင်းဆုံးအနေအထားအား ပြင်လိုက်၏။

ဝမ်ကျင်းက သူ တကယ်ကို မြေကြီးပေါ် လှဲချရန်ဟန်ပြင်နေသည်ကို မြင်လိုက်ရလျှင်  á€Ąá€™á€źá€”် လျှောက်လာပြီး သူ့ကို ဆွဲမ,လိုက်သည်။
“မြေကြီးပေါ်က အေးတယ်”

ပိုင်မူနင်က သနားစရာကောင်းသော အမူအရာဖြင့် သူ့ကို ကြည့်လိုက်သည်။ နှုတ်ခမ်းများအား တင်းတင်းစေ့လျက် မည်သည့်စကားကိုမှမဆိုပေ။

ဝမ်ကျင်းက ရွေးချယ်စရာ မရှိသည့်အလား ဆိုလာ၏။
“ဆယ်မိနစ်... အဲဒါက ကိုယ့်ရဲ့ နောက်ဆုံး အောက်ခြေစည်းပဲ”

သူအလိုရှိသည်ကို ရလိုက်သောကြောင့် ပိုင်မူနင်က ကြောင်နားရွက်ခေါင်းစည်းကို ဝမ်ကျင်း၏ ခေါင်းပေါ်တွင် စိတ်လှုပ်ရှားစွာ တပ်ပေးလိုက်သည်။

ချက်ချင်းဆိုသလို အေးတိအေးစက်ဖြင့် တစ်ကောင်တည်းသာနေတတ်သော ကြောင်ကြီးတစ်ကောင်က သူ့ရှေ့တွင် ပေါ်လာသည်။ ဖုန်းကို လက်တွင် ကိုင်ထားလျက် ပိုင်မူနင်က ဓာတ်ပုံ ရိုက်ရန် လက်များပင် ယားယံလာပါ၏။ 
“ခင်ဗျားက ဓာတ်ပုံမရိုက်ရဘူးလို့ မပြောခဲ့ဘူးနော်”

ဝမ်ကျင်းက ယခုထိ အေးစက်စက် အမူအရာဖြင့် ရှိနေဆဲသာ။ သူက ပိုင်မူနင်ကို ထောင့်တိုင်းမှ ဓာတ်ပုံရိုက်ခွင့် ပြုထားသည်။ ဆယ်မိနစ် ပြည့်သည်နှင့် သူက ချက်ချင်းဆိုသလို ခေါင်းစည်းကို ချွတ်လိုက်သည်။

“ဒါကို တခြားဘယ်သူ့ကိုမှ မပြနဲ့... မဟုတ်ရင် မင်း အိပ်ရာထဲက မထွက်နိုင်အောင် ကိုယ်လုပ်လိုက်မှာ”

ပိုင်မူနင်: “...?”

ကောင်းပြီလေ... ငါ ခုနက ခြိမ်းခြောက်ခံလိုက်ရဝာာပဲ...

သို့သော် ဝမ်ကျင်းက သူ့အိပ်ရာထဲမှ မထွက်နိုင်သည်အထိ ဘာလုပ်မည်ကို မပြောခဲ့ပေ။

သူကမူ ဝမ်ကျင်းကြောင်နားရွက်ဘီးကုပ် ဝတ်ထားသည်ကို ရိုက်ယူနိုင်ခဲ့၍ တကယ် ပျော်သည်။ သို့သော်လည်း  á€Ąá€á€źá€Źá€¸á€†á€­á€Żá€„်တစ်ဆိုင်တွင် တစ်ပုံစံတည်းတူသည့် ပစ္စည်းများကို တစ်ခုလျှင် ငါးယွမ်ဖြင့်သာ ရောင်းနေသည်ကို မြင်လိုက်ရသောအခါ အနှီဝမ်းမြောက်မှုက အလျင်အမြန်ပင် ခါးသက်သွားရပါ၏။

သူတို့နှစ်ဦးသား နှစ်ဆယ်မှစ၍ ဈေးဆစ်ပြီးနောက်ပင်လျှင် ယွမ်တစ်ဆယ်ပေးခဲ့ရသည်။ ဤနေရာ‌၌မူ စခေါ်ဈေးက ၅ယွမ်ဖြစ်နေ၏။

လုံးဝ ရှုံးတာပဲ...

–

သူတို့က ညဈေးတွင် တစ်နာရီကျော်ကြာသည်အထိ လည်ပတ်စားသောက်ကာ ဈေးဝယ်ပြီးမှ ပြန်လာကြသည်။

အပြန်လမ်းတွင် ပိုင်မူနင်က ထပ်မံ၍ လှည့်ကွက်လေးများအား ဆွဲထုတ်လာပြန်သည်။ 
“ကျင်းကော ကျွန်တော် နောက်ထပ်မလျှောက်နိုင်တော့ဘူး... ခင်ဗျား ကျွန်တော့်ကို ချီသယ်ပေးပါလား”

ဝမ်ကျင်းက စကားတစ်ခွန်းပင်မဟဘဲ ဒူးထောက်ထိုင်လိုက်သည်။ ပိုင်မူနင်မှာ အနှီသူ ဤမျှလွယ်လွယ်ဖြင့် သဘောတူလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ့ခမျာ ရုတ်တရက်ဆိုသလို ဝမ်ကျင်းကို တကယ် ချီခိုင်း၊ မချီခိုင်းရမည်ကို မသေချာတော့ပေ။

သူ့အနေဖြင့်  á€…န္ဏက်ကစဏးရန်သက်သက် ပြောခဲ့ခြင်းမျှသာ။ သို့သော်လည်း ယခုမူ ဗရုတ်ကျမိ၍ အပြစ်ရှိသလို ခံစားနေရသည်။

“တက်လိုက်” 
ဝမ်ကျင်းက တိုက်တွန်းလာသည်။

ပိုင်မူနင်မှာ အကြင်သူ၏ ကျောပေါ် တက်လိုက်ရန်မှလွဲ၍ အခြား ရွေးချယ်စရာမရှိတော့ပေ။ ဝမ်ကျင်းက ထရပ်ပြီး သူ့အားမြေပြင်မှ မလိုက်သည်နှင့် ပိုင်မူနင် ဝမ်ကျင်း၏ လည်ပင်းအားလက်များဖြင့် တင်းကျပ်စွာ ရစ်ပတ်ဖက်တွယ်လိုက်မိသည်။

ဤသို့သော ဦးစားပေးအလိုလိုက်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ ခံစားရချိန်တွင် ပိုင်မူနင်မှာ အနည်းငယ်မျှ စတင်ထိတ်လန့်လာသည်။

တစ်ယောက်ယောက်က တခြားတစ်ယောက်ကို ဘယ်လိုလုပ် ဒီလောက်အထိ အရှက်ကိုတောင် ပဓာနမထားဘဲ အကန့်အသတ်မရှိ  á€Ąá€œá€­á€Żá€œá€­á€Żá€€á€şá€”á€­á€Żá€„á€şá€›á€á€Źá€œá€˛... ကျိုးကြောင်းမသင့်တဲ့ အပြုအမူတွေနဲ့ ရင်ဆိုင်ရတာကို ဝမ်ကျင်းက ဘာလို့ နည်းနည်းလေးတောင် စိတ်မဆိုးတာလဲ...

ဝမ်ကျင်းကို စိတ်ဆိုးအောင် တကယ်ပဲ ဘာတွေများ လုပ်ဖို့လိုအပ်တာလဲ...

ဝမ်ကျင်းက သူ့ကို ဟိုတယ်ကို ပြန်ရောက်သည်အထိ လမ်းတစ်လျှောက်လုံး ဘယ်လာခဲ့သည်။ သူတို့ ဓာတ်လှေကားထဲ ရောက်သည့်တိုင် အနှီသူက သူ့ကို ချမပေးပေ။

သူတို့ ဟိုတယ်ခန်းသို့ ပြန်ရောက်သည်နှင့် ပိုင်မူနင် ဆင်းချင်သော်ငြား ဝမ်ကျင်းက သူ့ကို အိပ်ရာရောက်သည်အထိ ဆက်သယ်သွား၏။ ထို့နောက် ထိုနေရာ၌ သူ့အား ပစ်ချလိုက်သည်။

ရုတ်တရက် ဟန်ချက်ပျက်သွားသောကြောင့် ပိုင်မူနင်မှာ ဖြစ်ပျက်သွားသည်တို့ကို သတိမပြုနိုင်ဘဲ ခဏတာမျှ မှင်သက်ကြောင်အသွားရသည်။ ဝမ်ကျင်းက နူးညံ့ခြင်းအနည်းငယ်လေးမျှပင် မပါဘဲ သူ့ကို အိပ်ရာထက်သို့ တကယ်ကို ပစ်ချလိုက်ခြင်းပင်။

ကျေးဇူးတင်စရာကောင်းစွာဖြင့် အိပ်ရာက နူးညံ့အိစက်နေခဲ့သည်။ ထိုသို့မဟုတ်ပါက သူ့အနေဖြင့် တစ်စုံတစ်ရာအား ဖျက်ဆီးပစ်နိုင်လိမ့်မည်ပင်။

ပိုင်မူနင်က တံတောင်‌ဆစ်ဖြင့် သူ့ကိုယ်သူထောက်မလိုက်သည်။ သူ၏မျက်လုံးများက ဝမ်ကျင်း၏မျက်လုံးများနှင့် ဆုံတွေ့သွားချိန်၌ ပြင်းရှရှအနမ်းမှာ သူ့အပေါ်သို့ကျဆင်းလာသည်။ ပိုင်မူနင်တစ်ယောက် အိပ်ရာပေါ်သို့လဲကျသွားလျက် ၎င်း၏နူးညံ့မှုများအကြားတွင် နစ်မြုပ်သွားလေ၏။

ဝမ်ကျင်း သူ့အား နမ်းရှိုက်လာခြင်းက စိတ်လှုပ်ရှားနေ၍ဟုသာ တွေးလိုက်ပြီး ပိုင်မူနင် ထိုသူ့ကိုပေးနမ်းထားလိုက်သည်။

ကုန်သွယ်ရေးလမ်းမကြီးမှ ဟိုတယ်ထံသို့လာရသည့်ခရီးက လမ်းလျှောက်မည်ဆိုလျှင် ဆယ်မိနစ်မျှကြာမြင့်ပြီး ဝမ်ကျင်းက သူ့အား လမ်းတလျှောက်လုံး ချီပေးထားခဲ့သည်။

ထိုကျေးဇူးကို ဤသို့သောစိတ်လှုပ်ရှားဖွယ်ရာလေးဖြင့် ပြန်ပေးဆပ်ခြင်းက မျှတသည်ဟု ပိုင်မူနင် ယူဆလိုက်သည်။

သူ မမှန်းနိုင်ခဲ့သည်မှာ ဝမ်ကျင်းတစ်ယောက် အဆိုပါ စိတ်ဝင်စားဖွယ်ရာလေးအပြီးတွင် ဆက်လာသည့်အရာကိုပင်။

သူ၏အသက်သွေးကြောလေးက ရုတ်တရက်ဆိုသလို ဆုပ်ကိုင်ခံလိုက်ရပြီး ချည်ထည်သားမှတစ်ဆင့် သာယာမှုမှာ ဦးခေါင်းထက်သို့ တိုက်ရိုက်ရောက်သွားခဲ့သည်။

၎င်းအသက်သွေးကြောမှာ ထပ်မံ၍ ပြန်လည်အသက်ဝင်လာပြီး ဝမ်ကျင်း၏ဆုပ်ကိုင်မှုများကြားတွင် စိတ်ဆန္ဒများကြောင့် မူးဝေနေရသည်။

အသက်‌သွေးကြော၏ပိုင်ရှင်မှာမူ အလွန်အမင်း လွှမ်းမိုးခံလိုက်ရသဖြင့် သူ၏အဝတ်အစားများ အချွတ်ခံလိုက်ရသည်ကိုပင် သတိမမူနိုင်ဖြစ်သွားခဲ့သည်။

မည်သည့်အရာများဖြစ်ပျက်နေသည်ကို သိလိုက်ရသည့်အချိန်၌ အဝတ်အစားများမှာ အပြည့်အဝအချွတ်ခံလိုက်ရပြီဖြစ်သည်။

နမ်းရှိုက်နေခြင်းမှာ ဆက်လက်ဖြစ်နေခဲ့ကာ ပြင်းထန်ပူလောင်နေသည့်အနမ်းများက အောက်ဖက်သို့ ရွေ့လျားလာသည်။ ဝမ်ကျင်း မည်သည့်အရာကို လုပ်တော့မည်ဖြစ်ကြောင်း ပိုင်မူနင်သိသွားခဲ့သည်။

ငြင်းပယ်သင့်ကြောင်းကို သူ၏အသိစိတ်မှ ပြောနေခဲ့သော်လည်း အနှီသေစေလောက်သော ဆွဲဆောင်မှုသည် သူ့အား ငြင်းပယ်စကား မထွက်လာအောင်လုပ်နေခဲ့သည်။

နွေးထွေးမှုအတွင်း ထွေးပွေ့ခံလိုက်ရချိန်၌ ပိုင်မူနင် လုံးလုံးလျားလျား လက်နက်ချလိုက်ရကာ ထွေးပွေ့ခံရခြင်း၏ သာယာမှုထဲတွင် နစ်မြုပ်သွားခဲ့သည်။

ယောင်္ကျားလေးများက လွန်စွာပင် ဆန့်ကျင်ကွဲလွဲတတ်ကြသည်။ သူတို့၏စိတ်ထဲတွင် “ ဟင့်အင်း…” ဟု အော်ဟစ်နေသော်လည်း သူတို့၏ခန္ဓာကိုယ်မှာမူ ပွင့်ပွင့်လင်းလင်းပင် သစ္စာဖောက်သွားခဲ့သည်။

သူ၏အသက်သွေးကြောလေးသည် လျှင်မြန်စွာပင် အရည်ပျော်ကျလာပြီး ဝမ်ကျင်းက ၎င်းအား သူ့အရှေ့တွင် မြိုချပစ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ပိုင်မူနင်မှာ ပို၍ပင်ကြီးမားသောစိတ်လှုပ်ရှားမှုကြီးအား ခံစားသွားရချေ၏။

ပိုင်မူနင်က အိပ်ရာပေါ်တွင်သာ လှဲနေခြင်းဖြစ်သော်လည်း တစ်ကြိမ်တည်းဖြင့် လှေကားခုနစ်ဆင့်ကိုတက်လိုက်ရသကဲ့သို့ ခံစားလိုက်ရကာ အလွန်မောပန်းနေပြီး အသက်ပြင်းပြင်းရှိုက်လျက် ချွေးများရွှဲနစ်နေခဲ့သည်။

ထိုမျှဖြင့်ပြီးစီးသွားပြီဟု ပိုင်မူနင် တွေးမိလိုက်သော်လည်း ခဏအကြာတွင် ဝမ်ကျင်းမှ သူ၏လက်ကို နေရာတစ်ခုစီသို့ လမ်းပြပေးလာသည်။

ဝမ်ကျင်းမှ သူ၏နားရွက်များကို နမ်းရှုံ့လာပြီး စတင်ဆွဲဆောင်လိုက်သည် ။
“ ရှောင်နင် ကိုယ်သင်ပေးထားသလို လုပ်နော်…”

ပိုင်မူနင် အမှန်တကယ်ပင် ညှို့ငင်ခံလိုက်ရချေပြီ။ ဝမ်ကျင်းမှာ ယခင်ဘဝတွင် မြေခွေးဝိညာဉ်တစ်ခုဖြစ်လောက်မည်။ 
မဟုတ်ရင် ငါ ဘယ်လိုလုပ် ကြွေဆင်းသွားမှာလဲ…

ဝမ်ကျင်းအား ကျေနပ်သွားစေရန်အတွက် သူ၏အပြုအမူများကို အတုခိုးရန် ပိုင်မူနင် ကိုယ်ကိုငုံ့ကိုင်းလိုက်သည်။ သို့သော်လည်း အနှီကြံပင်ကြီးက ထူထဲမာကျောလှပြီး ၎င်းမှ ကြီးထွားလာသည့် ကြံချောင်းကြီးမှာလည်း ပုံမှန်အရွယ်အစားမျိုးမဟုတ်နေခဲ့ပေ။

အတိအကျဆိုရမည်ဆိုလျှင် ကြံပင်ကြီးက ဖြောင့်တန်းရှည်လျားနေခဲ့ကာ ပိုင်မူနင် ကြောက်ကြောက်လန့်လန့်ဖြင့်သာ စုပ်ယူမြိုချလိုက်ရသည်။

သူ မလုပ်နိုင်တော့ဟုပင် ပိုင်မူနင် ခံစားနေရသည်။

၎င်းအရာကြီးအား အလုံးစုံသွတ်သွင်းရန်အတွက်မှာ သူ၏ပါးစပ်လေးက အလွန်သေးငယ်နေသောကြောင့် တတ်နိုင်သမျှ ပါးစပ်ကို ကျယ်ကျယ်ဖွင့်၍သာ ကြံချောင်းတစ်ခုလုံးကို မြိုချရန်လုပ်လိုက်ရသည်။

ပိုင်မူနင်၏ပါးစပ်လေးမှာ ညောင်းညာလာခဲ့ပြီး အနောက်သို့ပြန်ဆုတ်မည်အပြုတွင် ဝမ်ကျင်း၏လက်များမှ သူ၏ခေါင်းပေါ်သို့ ဖိချလာကာ ထွက်ပြေးခွင့်မပေးလာပေ။

ပိုင်မူနင် ခပ်တိုးတိုးညည်းညူသံတစ်ခုကို ထုတ်လွှတ်မိသွားပြီး တရားခံဖြစ်သူထံ အကြည့်တစ်ချက်ပေးလိုက်သည်။

သူအမှန်တကယ်ပင် ဆက်လက်မလုပ်နိုင်တော့ပါဟူ၍ တိတ်တဆိတ်တောင်းပန်နေသည့်အလား မျက်ရည်စများမှာ သူ၏မျက်ဝန်းထောင့်တွင် ရစ်ဝဲနေခဲ့သည်။

သို့သော်လည်း ဝမ်ကျင်းမှာမူ နူးညံ့ညင်သာမှု သို့မဟုတ် သနားညှာတာမှု တစ်စုံတစ်ရာပြရန် ဝေးကွာနေရုံသာမက သူ၏ခေါင်းပေါ်တွင်ပင် ကြောင်ဘီးကုတ်လေးတစ်ခု တပ်ပေးလိုက်ပြီး အနာအား တုတ်နှင့်ထိုးလာသည်။
“ ဆက်လုပ်လေ…”

ဝမ်ကျင်းက သိသာစွာပင် ပျော်ရွှင်နေဟန်ဖြင့် ပြောလာခဲ့သည်။
“ ကိုယ်မင်းကို ပထမဆုံးမြင်ရတုန်းကဆိုရင် ဒီလောက်လှတဲ့ကောင်လေးက ဘယ်လိုလုပ်ပြီးတော့များ အရမ်းခေါင်းမာမာနဲ့ ကိုယ့်ရဲ့စမ်းသပ်မှုကို ငြင်းခုံရဲရတာလဲလို့ တွေးခဲ့ဖူးတယ်…”

“ အခုနောက်ဆုံးတော့ ကိုယ် ဒီဟာကို အရသာခံနိုင်ခဲ့ပြီ… သူက နူးညံ့တာရော ချိုမြိန်တာရော နှစ်ခုစလုံးပဲနော်…”

ဝမ်ကျင်းမှ သူ၏ခေါင်းအနောက်ကိုကိုင်လျက် ရက်ရောစွာချီးမွမ်းလာသည် ။
“ ဒီလောက်မြန်မြန်‌သင်ယူနိုင်တာ ကိုယ့်ရှောင်နင်က တကယ်ဉာဏ်ကောင်းတာပဲ…”

ပိုင်မူနင်၏ပါးစပ်မှာ နာကျင်ကိုက်ခဲနေပြီး သူ၏နှုတ်ခမ်းများက ပွတ်တိုက်မှုကြောင့် နီရဲတောက်ပြောင်နေကာ ဝမ်ကျင်းထံ မကျေမချမ်းဖြစ်နေသည့်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

ဒီကြံချောင်းကြီးရဲ့ အရည်ချိုချိုက နောက်ဆုံးဘယ်တော့မှထွက်လာမှာလဲ… ငါ့မှာတော့ လက်လျှော့ ပစ်ခါနီးနေ‌ပြီဟာကို…

ပိုင်မူနင် လက်မြှောက်အရှုံးပေးပြီး ထွက်ပြေးတော့မည်အပြုတွင် ဝမ်ကျင်းမှ ရုတ်တရက်ဆိုသလို အဝေးသို့ တွန်းဖယ်ပစ်လိုက်သည်။ သို့သော်လည်း ၎င်းမတိုင်မီ ကြံချောင်းကြီး၏ အရည်ချိုချိုများဖြင့် သူ၏မျက်နှာပေါ်သို့ ဖြန်းပက်မိသွားခဲ့သည်။

ပိုင်မူနင် မျက်လုံးများကိုပိတ်ချလိုက်ချိန် ထိုအရည်များမှာ ထောင့်စွန်းတစ်နေရာမှ စီးကျလာသည်။

ဝမ်ကျင်း၏အသံမှာ ကြားဖြတ်ဝင်ရောက်လာသည် ။
“ အားနာလိုက်တာ ကိုယ်မင်းမျက်နှာကို ညစ်ပတ်သွားအောင် လုပ်လိုက်မိတာပဲ…”

အဆိုပါတောင်းပန်စကားမှာ ပိုင်မူနင်၏နားထဲတွင်မူ အပြစ်ရှိစိတ်တစိုးတစိလေးပင် ရောယှက်မနေပါဘဲ ဝမ်ကျင်း၏စကားလုံးများထဲတွင် သာယာမှုများကသာ ယုံမှားသံသယဖြစ်ဖွယ်မရှိအောင် ရှိနေခဲ့သည်။

ဝမ်ကျင်းမှာ တစ်သက်တွင် တစ်ခါသာကြုံရသည့် အတွေ့အကြုံကို ကြုံတွေ့နေရသကဲ့သို့ပင် ခံစားလိုက်ရသည်။

ဒီ‌ခွေးကောင်ကတော့လား….

×××××

နောက်တစ်နေ့၌ ပိုင်မူနင်၏နှုတ်ခမ်းမှာ အလုံးစုံနီရဲနေကာ အတင်းအကျပ်ဖွင့်ဟထားခဲ့ရ၍ သူ၏ပါးစပ်မှာ နာကျင်နေသည်။ သူ့အတွက် စကားပင်မဆိုနိုင်အောင်ရှိပြီး လည်ချောင်းသံလေးဖြင့် ညည်းညူရုံသာတတ်နိုင်သည်။

ဝမ်ကျင်းက အစောကြီးထပြီး ဆွေးနွေးပွဲညီလာခံကို တက်သည်။ အနှီသူမှာ တက်ကြွပြီး ဖျတ်လတ်နေ၏။

တစ်ချိန်တည်းမှာပင် ပိုင်မူနင်ကမူ သူ၏အသက်တစ်ဝက် ထွက်သွားသလို ခံစားနေရသည်။ သူ့ခမျာ အိပ်ရာထဲမှပင် မထွက်နိုင်ပေ။

ယင်းက လုံးဝ မတရားချေ။

ယနေ့မနက်ခင်း၌ သူ ဆန်ပြုတ်ကို ပိုက်နှင့် သောက်ရသည်။ အကြောင်းမှာ ပါးစပ်ဖွင့်ပြီး မစားနိုင်လောက်အောင်  á€”á€Źá€€á€ťá€„á€şá€œá€˝á€”á€şá€¸áá€•á€„á€şá‹

ဆန့်ကျင်ဘက်အနေဖြင့် ဝမ်ကျင်းကမူ လုံးဝ အဆင်ပြေနေ၏။ ယင်းက ပိုင်မူနင်ကို ဒေါသ ထွက်စေသည်။

နောက်မှ သူအရာအားလုံး၏ နောက်ကွယ်က အကြောင်းရင်းကို ပြန်စဉ်းစားမိသည်။ ပင်မအကြောင်းအရင်းမှာ အရွယ်အစား ကွာခြားလွန်း၍ဖြစ်ချေ၏။ ထို့ကြောင့် ပါးစပ်‌ကခံရသည့် ဖိအားကလည်း ကွာခြားသည်။

အတိုချုံးဆိုရပါမူ ပိုင်မူနင်၏ အရာ*က ပိုပြီး သေးငယ်နေရုံသာ။

သူ ပိုပြီးစဉ်းစားလေလေ  á€•á€­á€Żáá€’á€ąá€Ťá€žá€‘á€˝á€€á€şá€œá€ąá€œá€ąá€žá€Źá‹

ငါတို့ နှစ်ယောက်လုံး ယောက်ျားတွေ မဟုတ်ဘူးလား... ဘာလို့ အရွယ်အစားက ကွာခြားရတာလဲ...

ဒေါသထွက်နေသည့် ပိုင်မူနင်က ဝမ်ကျင်း အစည်းအဝေးလုပ်နေသည်ကို အခွင့်ကောင်း ယူပြီး သူ့ကို စတင်နှောင့်ယှက်လေ၏။ သူက မက်ဆေ့ခ်ျများဗုံးများ ကြဲပစ်လိုက်သည်။

[ပိုင်မူနင်: ခင်ဗျား ဘာလုပ်နေတာလဲ]

[ပိုင်မူနင်: ကျင်းကော ကျွန်တော့်ကို စကားမပြောတာ တစ်နာရီကြာပြီနော်]

[ပိုင်မူနင်: ကျွန်တော် ခင်ဗျားကို အရမ်း လွမ်းတယ်]

[ပိုင်မူနင်: ကျင်းကော ကျွန်တော် အရမ်းပျင်းနေပြီ]

[ပိုင်မူနင်: ခင်ဗျားဘာလို့ ကျွန်တော့်ကို စာမပြန်တာလဲ]

[ပိုင်မူနင်: အဖြူရောင်အိပ်ရာခင်းတွေက အရမ်းရုပ်ဆိုးတာပဲ]

ပိုင်မူနင်က အဓိပ္ပာယ်မရှိသည့်အရာ အမျိုးမျိုးကို ပို့လိုက်သည်။ ဝမ်ကျင်း ပြန်ဖြေမဖြေကိုလည်း ဂရုမစိုက်ပေ။ သူ့အနေဖြင့် အဓိကမှာ ထိုသူ့ကို စိတ်အနှောင့်အယှက်ပေးချင်ရုံသာ။

စိတ်ကူးကြည့်လေ… အစည်းအဝေးလုပ်နေတဲ့အချိန် ကိုယ့်ချစ်သူက စာအဆက်မပြတ် ပို့နေတယ်... ဒါပေမဲ့ ပြန်မဖြေနိုင်ဘူး... အဲဒါက အရမ်း စိတ်အနှောင့်အယှက်ဖြစ်လွန်းလို့  á€–ုန်းကိုတ္ဏင် ပိတ်ပစ်ချင်လာလိမ့်မယ်...

ပိုင်မူနင်က ထိုသို့ မက်ဆေ့ခ်ျများကို ဗုံးကြဲသလို ပို့တတ်သူက ရင့်ကျက်မှုမရှိသူအဖြစ် အထင်ခံရမည်ဟုသာ အလွယ်တကူ တွက်ဆလိုက်သည်။

သို့ပေသိ ယင်းက အတိအကျ သူဖြစ်စေချင်သည့်အရာပင်။

ဖုန်းကို ဘေးသို့ပစ်ချလိုက်ပြီး ပိုင်မူနင် စောင်အောက်သို့ ပြန်ဝင်လိုက်သည်။ အိပ်ရေးဝအောင် အိပ်ရန် အသင့်ဖြစ်နေခဲ့သည်။ မည်သို့ဆိုစေ သူတို့ ညဉ့်နက်သည်အထိ အတူရှိခဲ့ကြရာ သူ့ခမျာ ကောင်းကောင်း အနားမရခဲ့ချေ။

ဝမ်ကျင်းပြောခဲ့သည့်အတိုင်း ဆွေးနွေးပွဲက တကယ်ကို ပျင်းစရာကောင်းသည်။ ပိုင်မူနင်မှာ သွားစရာနေရာမရှိပေ။ ထို့ကြောင့် သူ့အနေဖြင့် ဟိုတယ်တွင် ပျင်းရိနေရသည်။

တစ်မိနစ်ပင် မကြာသေးလိုက်ဘဲ သူ၏ ဖုန်းက အဆက်မပြတ် တုန်ခါလာသည်။ ပိုင်မူနင် ဖုန်းခေါ်ဆိုမှုဟုသာ ထင်လိုက်သည့်တိုင် ယင်းမှာ Wechatမှမက်ဆေ့ခ်ျများ အများအပြားဝင်လာခြင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ထိုမျှ များပြားလွန်း၍ တုန်ခါမှုမှာ ရပ်မသွားခဲ့ပေ။

အိပ်ရာပေါ် လှဲနေသည့် ပိုင်မူနင်က Wechatကို ဖွင့်လိုက်ရာ မှင်တက်သွားရ၏။

မက်ဆေ့ခ်ျများ အားလုံးက ဝမ်ကျင်းထံမှပင်။ ထိုသူက ပိုင်မူနင်ပို့ခဲ့သည့် အဓိပ္ပာယ်မရှိသော စာများကို တစ်ခုချင်း ပြန်ဖြေနေသည်။

ပိုင်မူနင် စိတ်အနှောင့်အယှက်ဖြစ်အောင် ထည့်လိုက်သည့် ကျပန်း၊ ဖြည့်စွက်မက်ဆေ့ခ်ျများပင်လျှင် ပြန်စာရခဲ့သည်။

ဖန်သားပြင်ကို စိုက်ကြည့်ရင်း ပိုင်မူနင် အနည်းငယ်မျှ အံ့ဩကြောင်အသွားသည်။

ဝမ်ကျင်းက အတိအကျ မည်သို့သောလူမျိုးဖြစစ်သည်ကို သူ စိတ်ဝင်စားမိ၏။ စိတ်ထား ကောင်းရုံသက်သက်ပေလား သို့မဟုတ် အနှီသူမှာ တကယ်ကို ဤသို့သော အလွန်အကြူး ချစ်မြတ်နိုးခံရခြင်းကို နှစ်သက်ခြင်းပေလားဟု တွေးနေမိသည်။

ပိုင်မူနင်မှာ ဒုတိယတစ်ခုက ဖြစ်နိုင်ချေများသည်ဟုသာ တွက်ဆလိုက်သည်။

သူတို့ ဤမျှပူးကပ်မနေမီက ဝမ်ကျင်း၏ မျက်နှာထက်တွင် စိတ်ပျက်သောအမူအရာက မကြာခဏဆိုသလို ရှိနေခဲ့သည်။

သို့သော်လည်း ပိုင်မူနင်ဘက်မှ ယခုကဲ့သို့ အတင်းကြပ်အလွန်အကျူးစတင်ချဉ်းကပ်ကတည်းက ဝမ်ကျင်းတစ်ယောက် ပို၍ ပို၍ပင် ပြုံးတတ်လာသည်။

ဘာလို့ သူ့ပုံစံက ပျော်နေသလို ဖြစ်နေရတာလဲ...

ပိုင်မူနင် စတင်ပြီး စာရိုက်လိုက်၏။ သူက ဝမ်ကျင်းကို “အစည်းအဝေးမှာ အာရုံစိုက်” ကဲ့သို့သော တစ်စုံတစ်ရာကို ပြောရန် စီစဉ်နေခြင်းသာ။

သို့သော်လည်း သူ ရေးမပြီးမီ နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပေါ်လာပြီး သူ့ကို ကြားဖြတ်လိုက်သည်။

ယင်းက မစ္စတာကျိုးထံမှပင်။ သူက ပိုင်မူနင်ကို ခြိမ်းခြောက်လာခြင်းသာ။

[မစ္စတာကျိုး: ကျန်းချင်းချီ ဘယ်မှာလဲဆိုတာ ငါ သိဖို့လိုတယ်... သူ့ကို ရှာဖို့ ကူညီပေး... မဟုတ်ရင် ငါတို့ကြားက သဘောတူညီချက်က ဝမ်ကျင်းရဲ့ လက်ထဲ ရောက်သွားလိမ့်မယ်]


💊💊💊💊 Chapter 53
သူ ဘာလို့ ငါနဲ့လမ်းမခွဲသေးတာလဲ


[မစ္စတာကျိုး:တောင်းပန်ပါတယ် ငါလည်း မင်းကို ဒီကိစ္စထဲ ဆွဲမသွင်းချင်ဘူး... ဒါပေမဲ့  á€á€€á€šá€ş ရွေးချယ်စရာ မရှိတော့ဘူး...  á€’ဍကဟ္ဏငအ် မင်းကို ငါ ရောင်းစားမိအောင်(သစ္စာဖောက်မိအောင်) ဖိအားမပေးပါနဲ့]

မစ္စတာကျိုး၏ မက်ဆေ့ခ်ျများကို စိုက်ကြည့်ရင်း ထိတ်လန့်မှုတစ်ခုက ပိုင်မူနင်ကို လွှမ်းခြုံလာခဲ့သည်။ သူ၏ခံစားချက်များက အလိမ်အညာတစ်ခုသာ ဖြစ်ကြောင်းကို ဝမ်ကျင်း သိသွားမည်အား  á€€á€źá€ąá€Źá€€á€şá€›á€˝á€śá€ˇá€™á€­á€žá€Šá€şá‹

သူသာ ကြောက်ရွံ့မနေခဲ့ပါမူ ဝမ်ကျင်းနှင့် လမ်းခွဲနိုင်ရန် ဤမျှကြိုးစားနေမည် မဟုတ်ပေ။ သူကိုယ်တိုင် ကိစ္စများကို အဆုံးသတ်နိုင်သည်ပင်။

သို့သော်လည်း အမှန်တရားမှာ သူ့အနေဖြင့် မစ္စတာကျိုးလိုချင်သည့် အချက်အလက်ကို တကယ်ကိုမသိပေ။ 
သိမှမသိတာ ငါသူ့ကို ဘယ်လိုပြောပြရမှာလံ…

[ပိုင်မူနင်: မစ္စတာကျိုး... ကျွန်တော် ကျန်းချင်းချီတို့ ဝမ်ချီတို့နဲ့ မရင်းနှီးပါဘူး... ကျွန်တော် သူတို့နဲ့ ဆက်သွယ်နိုင်တဲ့ အချက်အလက်တောင် မရှိဘူး... ကျွန်တော် ဘယ်လိုလုပ်မေးရမှာလဲ]

သူ မက်ဆေ့ခ်ျကို ပို့လိုက်သည်။ သူ တကယ်ကို ဘာကိုမှမသိသောကြောင့် မစ္စတာကျိုးတစ်ယောက် သူ့အား လွှတ်ပေးလာရန်ကိုသာ စိုးရိမ်တကြီး မျှော်လင့်နေရသည်။

ရုတ်တရက် အသံခေါ်ဆိုမှုတစ်ခုက ပေါ်လာသည်။ ပိုင်မူနင် ခဏတာမျှ တွန့်ဆုတ်ပြီးမှ ဖြေလိုက်သည်။
“ဟယ်လို၊ မစ္စတာကျိုး”

ကျိုးချောင်၏ အသံက အေးစက်ပြီး ခပ်မာမာဖြင့်ပင်။ 
“ကျန်းချင်းချီနဲ့ ဝမ်ချီတို့က ခိုးပြေးဖို့ ကြိုးစားနေကြတာ... ဝမ်ကျင်းက ကြားဝင်စေ့စပ်ပေးနေတဲ့သူပဲ... သူက ငါ ကျန်းချင်းချီကို ခြေရာခံလို့ မရတဲ့ အကြောင်းရင်းဆိုလည်းဟုတ်တယ်... သူ အားလုံးကို သိတယ်... မင်းက သူ့ရဲ့ ချစ်သူဆိုတော့ ဘာဖြစ်နေလဲဆိုတာ ဘာလို့ သူ့ကိုမမေးတာလဲ”

လက်ရှိ ကျိုးချောင်မှာ စိတ်ရူးပေါက်နေပြီး သူ၏ အသံက ပြတ်သားကာ အလျင်စလို ဖြစ်နေ၏။

ပိုင်မူနင်မှာ မရေမရာဖြစ်လာရသည်။ သူသာ ဝမ်ကျင်းကိုထိုအကြောင်း မေးလိုက်လျှင် သူ၏ အထောက်အထားကို ဖော်ထုတ်လိုက်ခြင်းပင်။

ကျန်းချင်းချီက ဝမ်ကျင်းကို သဲလွန်စများပေးကာ စစ်ဆေးဖူးပြီးဖြစ်၏။ သူသာ ဤကိစ္စ၌ ရုတ်တရက် စိတ်ဝင်စားမှုကို ပြလိုက်လျှင် ဝမ်ကျင်းဘက်မှ သေချာပေါက်ပင် တစ်ခုခုကို သံသယဝင်လာလိမ့်မည်။

“မစ္စတာကျိုး သူ ကျွန်တော့်ကို ဘာမှပြောပြမှာ မဟုတ်ဘူး”

ပိုင်မူနင်က ကျိုးချောင်ပင် မသိနိုင်ပါက ယင်းမှာ အထူးလျှို့ဝှက်ချက်တစ်ခုဖြစ်ရမည်ဟုသာ တွေးလိုက်၏။ 
ငါက ဘယ်လိုမေးရမှာလဲ…

သူ မေးခဲ့လျှင်ပင် ဝမ်ကျင်းက သူ့အား ပြောပြလာမည် မဟုတ်ပေ။

ကျိုးချောင်က စိတ်မထိန်းနိုင်တော့ပေ။ သူက ပစ္စည်းများကို ရိုက်ခွဲရင်း ဒေါသတကြီး အော်ဟစ်လာသည်။
“မင်း မမေးဘဲ သူ မပြောဘူးဆိုတာ ဘယ်လို သိတာလဲ”

“ဝမ်ကျင်းက ကျန်းချင်းချီကို ဆေးရုံ ပြောင်းဖို့ ကူညီခဲ့တာ...  á€Ąá€á€Żá€á€ąá€Źá€ˇ ငါသူ့ကို ရှာမတွေ့တော့ဘူး”

ဖန်ခွက်ကွဲသံက ဖုန်းစပီကာမှတစ်ဆင့် ပေါက်ကွဲထွက်လာကာ ဖောက်ထွင်းထွက်လာသည့်အလား ကျယ်လောင်လွန်းလှသည်။

“ပိုင်မူနင်... ငါ မင်းကို ပြောနေတာ... ကျန်းချင်းချီ ဘယ်မှာလဲဆိုတာကို ငါသိရဖို့လိုတယ်... မဟုတ်ရင်ငါမင်းကိုပါ အတူဆွဲချသွားမှာ... မင်း အကောင်းအတိုင်း လွတ်သွားလိမ့်မယ်လို့ မတွေးနဲ့”

“မစ္စတာကျိုး ကျွန်တော် မေးခဲ့ရင်တောင် သူ ကျွန်တော့်ကို ပြောမှာမဟုတ်ဘူး... ကျွန်တော်တို့က လမ်းခွဲခဲ့ပြီးနေပြီ... ကျွန်တော် ဘယ်လိုများ သူ့ကို မေးရမှာလဲ”

ပိုင်မူနင် လိမ်လိုက်သည်။ သူတို့ ယခုထိ လမ်းမခွဲရသေးသည့်တိုင် နီးစပ်နေပေပြီ။

ကျိုးချောင်နှင့် ကျန်းချင်းချီတို့ကြားရှိ ဤကိစ္စတစ်ခုလုံးက သူနှင့် ဘာမှမဆိုင်ပေ။ ပိုင်မူနင်အနေဖြင့် အရာအားလုံးမှ ဝေးဝေးနေချင်သည်။ သူ မည်သူ့အရေးကိစ္စတွင်မှ ဝင်မပါလိုချေ။

ယင်းက သူ လက်ခံဖူးသမျှထဲတွင် အဆိုးဆုံးကိစ္စပင်။ သူ နောင်တရစပြုနေပေပြီ။

ကျိုးချောင်က အခိုင်အမာ ပြောလာသည်။
“မင်း ငါ့ကို လိမ်နေတာ” 

“မစ္စတာကျိုး ကျွန်တော်ခင်ဗျားကို မလိမ်ပါဘူး... ကျွန်တော် အမှန်အတိုင်း ပြောနေတာ”

“ကျွန်တော် အစကတည်းက မှားခဲ့တာသိပါတယ်(လူမှားပြီးအရှုပ်တွေလုပ်တာကိုပြောချင်တာပါ)... ဒီလိုတွေဖြစ်ပြီးမှတော့ ကျွန်တော် ဘယ်လိုလုပ် သူ့နဲ့အတူ နေနိုင်မှာလဲ... ကျွန်‌တော်တို့ လမ်းခွဲပြီးပါပြီ”

ပိုင်မူနင်က သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားနေစဉ် ရုတ်တရက် တံခါးအား ကတ်ဖြင့် ပွတ်ဆွဲသံကို ကြားလိုက်ရသည်။ ဝမ်ကျင်း ပြန်လာလေပြီ။

ပိုင်မူနင် ချက်ချင်းပင် ဖုန်းချလိုက်သည်။ ထို့နောက် ခြေဗလာဖြင့် ရေချိုးခန်းထဲသို့ ပြေးဝင်ပြီး တံခါးပိတ်လိုက်သည်။
“ရှောင်နင် မင်း အထဲမှာ ဘာလုပ်နေတာလဲ” 

ဝမ်ကျင်းက ရေချိုးခန်းတံခါးကို ခေါက်ပြီး အပြင်မှ မေးလာသည်။

မစ္စတာကျိုးက ဤကိစ္စကို အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ သူ သေချာပေါက် ပြန်လာပြီး ထပ်နှောင့်ယှက်လိမ့်မည်သာ။ ဝမ်ကျင်းကို ပြန်ဖြေနေစဉ် ပိုင်မူနင်က သူ့ဖုန်ဆင်းမ်ကတ်ကို ဖြုတ်လိုက်သည်။
“ကျွန်တော် အိမ်သာသုံးနေတာ”

သူ ဖုန်းကာဗာကို ခွာလိုက်သည်။ ဆင်းမ်ထည့်သည့်ပါးလွှာသောဗန်းလေးက လျော့ရဲကာဖြင့် တုန်နေသည်။

ပိုင်မူနင်က ယင်းကို ဆွဲထုတ်လိုက်သည်။ သူ၏ ဆင်းမ်ကတ် ထွက်ကျလာ၏။

ပိုင်မူနင် ဆင်းမ်ကတ်ကို အိမ်သာထဲ ပစ်ထည့်ပြီး ရေဆွဲချလိုက်သည်။

အိမ်သာပေါ် ထိုင်ရင်း သူအပြင်သို့မထွက်မီ သူ၏ ဖုန်းပေါ်ရှိ မက်ဆေ့ခ်ျများ အားလုံးကို ရှင်းလင်းလိုက်သည်။

သူက ပြတင်းပေါက်နားတွင် လိုက်ကာများ ဆွဲနေသော ဝမ်ကျင်းကိုကြည့်ကာ ဖျစ်ညှစ်ပြုံးလျက် ပြောလိုက်သည်။ 

“ခင်ဗျား အဲဒီမှာ တစ်နေကုန် ရှိနေရမှာ မဟုတ်ဘူးလား... ဘယ်လိုလုပ် အခု ပြန်လာခဲ့ရတာလဲ”

သူ၏ မေးရိုးက ယခုထိ နာနေဆဲဖြစ်သည်။ စကားပြောဖို့ရာပင် ခက်ခဲလွန်းလှသည်။ သူ၏ စကားများက မရှင်းမလင်းပင် ထွက်လာသည်။

လိုက်ကာအလေးကြီးများက သေသေချာချာ ဆွဲဖယ်ခံထားရသည်။ နွေးထွေးသည့်နေရောင်က အခန်းထဲသို့ ဖြတ်သန်းဝင်ရောက်လာသည်။

ဝမ်ကျင်းက သူ့ကို သူ၏နက်နဲကာမည်းမှောင်နေသော မျက်လုံးများဖြင့် ကြည့်လာသည်။ ထို့နောက် လျှောက်လာပြီး သူ့ဘေးတွင် ရပ်လိုက်သည်။ 
“မင်း ဘောင်းဘီ အရင်ဝတ်လိုက်”

ပိုင်မူနင်က ဘောင်းဘီတိုတစ်ထည်သာ ဝတ်ထားခြင်းပင်။ သူ ငုံ့ကြည့်လိုက်ပြီးနောက် အိပ်ရာပေါ်ရှိ အဝတ်များကို ဆွဲယူပြီး အဝတ်စတင်လဲတော့သည်။
“မင်း ကိုယ့်စာတွေကို ပြန်မဖြေတော့ ဘာဖြစ်လို့လဲဆိုတာသိရအောင် ပြန်လာခဲ့တာ”

ပိုင်မူနင်၏ လက်များက လုပ်လက်စအလုပ်များပင် ရပ်သွားသည်။ 
ငါ ပြန်မဖြေခဲ့မိဘူးလား...

ဝမ်ကျင်း သူ၏မက်ဆေ့ခ်ျများ အားလုံးကို ပြန်ဖြေပြီးနောက် သူဖတ်ပြီး ပြန်ဖြေရန်အပြု၌ မစ္စတာကျိုးမှ ဖုန်းခေါ်လာသည်ကို သူ ရုတ်တရက် သတိရလိုက်သည်။

သို့တိုင် ယင်းက ဆယ်မိနစ်သာ ရှိသေးသည်။ 

ဒီလိုကိစ္စလေးအတွက် ဝမ်ကျင်းပြန်လာတာက သိပ်မများလွန်းဘူးလား...

ဒါက တကယ်ပဲ အဲဒီလောက်အရေးတကြီး ဖြစ်စရာလိုလို့လား...

ဆွေးနွေးပွဲကိုဟိုတယ်တွင် ပြုလုပ်ခြင်းဖြစ်သည့်တိုင် တစ်ဝက်တစ်ပျက်အလယ်၌ ထွက်လာရန်က မသင့်တော်ပေ။

တက်ရောက်သူများအားလုံးက ပညာရေးနယ်ပယ်မှ နာမည်ကြီးများဖြစ်သည်။ လူငယ်တစ်ယောက်အနေဖြင့် ဘာမှမပြောဘဲ ထွက်ခွာသွားလျှင် သေချာပေါက်မျက်ခုံးပင့်စရာဖြစ်ပေလိမ့်မည်။

လက်ရှိတွင် ပိုင်မူနင်က သူ၏ဘောင်းဘီကိုဝတ်ပြီးဖြစ်ကာ ကြယ်သီးများတပ်နေခြင်းဖြစ်၏။ 

“ကျင်းကော ခင်ဗျား အမြန်ပြန်သွားသင့်တယ်... တစ်ယောက်ယောက်က ခင်ဗျားကို ဒီကိစ္စကြောင့် ပြဿနာရှာတာမျိုး မလုပ်စေနဲ့”

“ကိုယ်အဆင်ပြေပါတယ်... ကိုယ် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တယ်”

ဝမ်ကျင်းက ရှေ့သို့ တက်လာပြီး သူ့ကို လက်များအကြား ရစ်ပတ်ပွေ့ဖက်လိုက်ကာ သူ့မေးစေ့ကို ပိုင်မူနင်၏ပခုံးထက် တင်လိုက်သည်။ 
“ကိုယ် ဂရုမစိုက်ပါဘူး... ရှောင်နင်က ကိုယ့်အတွက် အရေးကြီးဆုံးပဲ”

သူ့လည်ပင်းပေါ်ရှိ လေငွေ့နွေးနွေးက အနည်းငယ်မျှ ယားယံသွားစေသည်။ ပိုင်မူနင်က အလိုအလျောက် တုံ့ပြန်မှုအရ သူ၏ပခုံးများကို ကျုံ့လိုက်သည်။

ဝမ်ကျင်း၏အသံမှာ အေးစက်စက်ပြောင်းသွားကာ တမင်သက်သက်ပင် စကားလုံးတစ်လုံးချင်းကို တဖြည်းဖြည်း ဆိုလာ၏။ 

“ဒါဆို ရှောင်နင် အဲဒီဆယ်မိနစ်အတွင်း ဘယ်သူနဲ့ စကားပြောနေတာလဲ”

“မင်း ကိုယ့်ကို ဘာလို့ ချက်ချင်းပြန်မဖြေရတာလဲ”

“ကိုယ်ကပိုပြီး အရေးကြီးတာလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က ပိုအရေးကြီးတာလား”

ပိုင်မူနင်: “...?”

ဝမ်ကျင်း၏ စကားများကို ထူးထူးဆန်းဆန်း ရင်းနှီးနေသည်။ ပိုင်မူနင် တမင်သက်သက်ပြောခဲ့သည့် အလွန်အကျူး ထိန်းချုပ်လိုသည့် ပိုင်ဆိုင်လိုစိတ်ပြင်းသည့်ပုံစံနှင့် လုံးဝတူနေ၏။

ထိုအခိုက်အတန့်မှာပင် ပိုင်မူနင် သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ သူ့အနေဖြင့် တကယ်ကို သွားမရှုပ်သင့်သူကို စခဲ့မိပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ဆွေးနွေးပွဲ ပြီးဆုံးသွားပြီးနောက် သူတို့နှစ်ဦးသား ကျင်းနန်သို့ ကားမောင်း ပြန်လာကြသည်။

ပိုင်မူနင် ပြန်ရောက်သည်နှင့် ပထမဆုံးလုပ်သည်မှာ ဆွေးနွေးစရာရှိ၍ လီအန်းချီကို ဆက်သွယ်ခြင်းပင်။ သူတို့ နှစ်ဦး ဆေးရုံ ထမင်းစားခန်း၌ ဆုံကြရန် သဘောတူလိုက်သည်။

ညနေ ၆ နာရီတွင် ထမင်းစားခန်းက တိတ်ဆိတ်နေသည်။ အလျင်အမြန် ထမင်းစားနေကြသည့် လူနာမိသားစုဝင်နှစ်ဦး သုံးဦးမျှသာရှိ၏။ 

သူတို့က အလျင်အမြန်စားနေကြသည်။ အမြန်ဝါးကာ ထိုထက်ပို၍ပင် ခပ်မြန်မြန် မျိုချနေကြသည်မှာ အလျင်စလိုဖြစ်နေကြောင်းက အတိုင်းသားပင်။

ပိုင်မူနင်မှာ မလွယ်ကူသလိုခံစားနေရ၏။  á€žá€á€„်းက္ဏင်းကို မျှဝေရင်း လီအန်းချီမှ ဦးစွာ စကားစလာပြောသည်။

“နင်အာ ငါ့ရဲ့ လူယုတ်မာဦးလေးကို ရှာတွေ့ပြီ... ငါ့မိသားစုရဲ့ အိပ်မက်ဆိုးကြီး ပြီးသွားပြီ”

“ဟောက်နန်ကောက ငါ့ကို ရှေ့နေငှားဖို့ ကူညီခဲ့တာလေ... ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းမရအောင် ချက်ချင်းတရားစွဲလိုက်ပြီ... ငါတို့အိမ်ကို ပြန်ရဖို့က သိပ်မကြာတော့ဘူး”

“မင်းတို့ ဒီလောက် မြန်မြန်ရှာတွေ့တယ်လား” 
ပိုင်မူနင် အံ့ဩတကြီး မေးလိုက်မိသည်။

ဤကိစ္စတစ်ခုလုံး စတင်ဖြစ်ပျက်ခဲ့သည်က တစ်ပတ်ခန့်သာ ရှိသေးသည်။ 
သူတို့က ဒီလို မြို့အကြီးကြီးမှာ တစ်ယောက်ယောက်ကို ဘယ်လိုလုပ် အလွယ်တကူ ရှာတွေ့နိုင်တာလဲ...

ပိုင်မူနင်က လီအန်းချီအား ရဲတိုင်ခဲ့လားလို့ မေးခဲ့သည်ကို မှတ်မိနေဆဲ ဖြစ်သည်။ လီအန်းချီက တိုင်ခဲ့ကြောင်းကို စိတ်ပျက်လက်ပျက်လေသံဖြင့်သာ ပြန်ပြောခဲ့ကာ အသုံးမဝင်ခဲ့ကြောင်းကိုသာ ဆိုခဲ့သည်ပင်။ ထို့ကြောင့် သူကိုယ်တိုင် တစ်ယောက်တည်းဖြင့် ကောက်ရိုးလေးတစ်မျှင်ကို ဆုပ်ကိုင်ထားသည့်အလား စိတ်အားထက်သန်စွာ ပြေးလွှားနေခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း မမျှော်လင့်ဘဲ သူတို့တကယ်ကို ထိုသူ့အား ရှာတွေ့သွားသည်။

လီအန်းချီက စကားပြောရင်း ဖြည်းဖြည်းချင်း စားနေသည်။ 

“ဒါတွေ အကုန်လုံးက ဟောက်နန်ကောကြောင့်ပါ... သူက သူ့အဆက်အသွယ်တွေကို သုံးပြီးရှာဖို့  á€€á€°á€Šá€Žá€á€˛á€ˇá€á€Ź... ငါ့နည်းငါ့ဟန်နဲ့ဆို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး”

“မင်း သိလား... ငါ့ရဲ့ ခွေးလိုဦးလေးက အပြင်မှာ ဖောက်ပြန်နေတာ... ငါ့မိသားစုရဲ့ ပိုက်ဆံတွေကို တခြားနေရာမှာ သုံးဖြုန်းနေတာ... ပြီးလည်းပြီးရော ဟောက်နန်ကောက ငါ့ကိုခေါ်ပြီး သူ့ကို ချောင်ပိတ်ဖမ်းပစ်တာ”

“သူပြေးဖို့ ကြိုးစားသေးတယ်... ဒါပေမဲ့ အရမ်းကြည့်ကောင်းတဲ့လူတစ်အုပ်က သူ့ကို တားပြီး ရိုက်ကြရော... ရိုးရိုးသားသားပြောရရင် သူ အဲဒီလို အော်နေတာကိုကြားရတာ ကျေနပ်စရာပဲ”

“အဲဒီလူယုတ်မာ... သူသာ ငါ့မိသားစုကို မဖျက်ဆီးခဲ့ရင် ငါ့အဖေ ဆေးရုံရောက်မှာမဟုတ်ဘူး... သူ ငါ့မိသားစုတစ်ခုလုံးကို ဖျက်ဆီးတော့မလို့... အရိုက်ခံရတာနည်းသေးတယ်”

လီအန်းချီက ဒေါသအပြည့်ဖြင့်ပင် ပြောလာသည်။ သူ၏မျက်နှာထက်ရှိ ဒေါသအား ဖုံးပင်မဖုံးကွယ်နိုင်ပေ။

“ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ဟောက်နန်ကောက ဘာလုပ်တာလဲ... သူ ဘယ်လိုလုပ် ဒီလောက်တောင် အင်အားကြီးရတာလဲ”

“မင်း အရင်ကပြောတော့ သူက တရုတ်တိုင်းရင်းဆေးဆရာဝန်ဆို ... ဟုတ်လား”

ပိုင်မူနင် ခေါင်းညိတ်ပြလိုက်သည်။ 
“သူက စန်းဝမ်ခန်းမက ဆရာဝန်ပါ”

“ဆရာဝန်လား... သူက ဆရာဝန်နဲ့ မတူဘူး... ရုပ်ရှင်တွေထဲက အဲဒီလူဆိုးဂိုဏ်းသားတွေနဲ့ ပိုတူတယ်”

လီအန်းချီက ဆက်လက်၍ပင် မျှဝေလာသည်။ 
“နင်အာ မင်း သိလား... ငါတို့က လုံးဝ အစိမ်းသက်သက်ဖြစ်‌နေတဲ့မြို့မှာ ရှိနေခဲ့တဲ့ဟာကို ဟောက်နန်ကောက  á€–á€Żá€”á€şá€¸á€œá€ąá€¸á€á€…á€şá€á€ťá€€á€şá€”á€˛á€ˇ လူအများကြီးကို ခေါ်လိုက်တာ ... သူတို့ တစ်ယောက်ချင်းစီက သူ့ကို လုံးဝလေးစားကြတာနော်... စကားပြောတိုင်း ဟောက်နန်ကောလို့ ခေါ်ကြတာ”

“အံ့ဩစရာကြီး... ငါရုပ်ရှင်ထဲ ရောက်နေသလို ခံစားခဲ့ရတာကွာ... ငါပြောချင်တာက သူက အတိအကျ ဘယ်သူလဲ”

လီအန်းချီက သိချင်စိတ်အပြည့်ဖြစ်နေကာ ပိုင်မူနင်လည်း ထိုနည်းတူပင်။ သို့သော်လည်း လီအန်းချီနှင့် မတူသည်က သူ၏သိလိုစိတ်ထဲတွင် ကြောက်ရွံ့ခြင်းချည်မျှင်တစ်ချောင်း ရောယှက်နေသည်။

“ဪ ဟုတ်သားပဲ... နင်အာ မင်း ငါ့ကို ဘာလို့ရှာတာလဲ”

ပိုင်မူနင်က မူလက ထွက်ပြေးရမည့် အစီအစဉ်နှင့်ပတ်သက်၍ လီအန်းချီနှင့် စကားပြောရန် လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုမူ ထွက်ပြေးလျှင်ပင် အလုပ်ဖြစ်မည့်ပုံမရပေ။ သူ့အနေဖြင့် ပြန်ဆွဲခေါ်ခံရလိမ့်ဦးမည်သာ။

လီအန်းချီ၏ဦးလေးက ဥပမာပင်။ ထိုသူမှာ  “လွတ်လပ်မှု”ထဲ၌ ရက်အနည်းငယ်မျှသာ ပျော်မွေ့ရသေးသည်။ အဖမ်းခံရပြီး ပြန်ခေါ်လာခံရသည်။

ပိုင်မူနင်မှာ ထွက်ပြေးခြင်းက အကောင်အထည် ဖော်နိုင်ရန်ကောင်းသည့်နည်းလမ်း မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ ယင်းအတွက် ရေရှည်အစီအစဉ်တစ်ခု လိုအပ်သည်။

“ဘာမှ မဟုတ်ပါဘူး... ငါ မင်းကို မတွေ့ရတာ နည်းနည်းကြာသွားလို့ အခြေအနေကို စစ်ဆေးချင်ရုံပါ”

သူ လီအန်းချီကို မပြောပြနိုင်သေးသည့်  á€€á€­á€…ယစဥခဝိုအ ရှိနေ၏။ သူ တခြားမည်သူ့ကိုမှ ဤကိစ္စထဲ ဆွဲမသွင်းချင်ပေ။

ဤရှုပ်ထွေးမှုထဲရောက်အောင် လုပ်ခဲ့သူမှာ သူဖြစ်ရာ သူကိုယ်တိုင်သာ ဖြေရှင်းသင့်သည်။

လီအန်းချီက သူ၏ မိသားစုအကြောင်း ဆက်လက်ပြောပြနေသည်။ သို့သော်လည်း ပိုင်မူနင်၏ စိတ်ကမူ ဝမ်ကျင်းနှင့်သူ မကြာသေးမီက အတူရှိခဲ့ချိန်များအကြောင်း တွေးနေရင်း အခြားနေရာသို့ အာရုံပျံ့သွားရ၏။

သူက အလွန်အကျွံပင် အလိုလိုက်ခံထားရသလို  á€•ဟုမူခဲအမိသည်။ လမ်းလျှောက်နေချိန် ချီခိုင်းသလို အိပ်ပျော်အောင်လည်း ချော့သိပ်ခိုင်းခဲ့မိသည်။ လက်ဖျော်ကော်ဖီပို့လာရန်အတွက် ဒေါသပင် ထွက်ပြခဲ့သေးသည်။

ပိုင်မူနင်ခမျာ ယင်းကို တွေးမိတိုင်း တစ်ယောက်ယောက်ကို ရိုက်ချင်လာသည်။

သို့သော်လည်း ဝမ်ကျင်းကမူ လုံးဝ စိတ်မဆိုးခဲ့ပေ။ သူ့ကို တကယ်ပင်ချစ်ကြင်နာပေးကာ အလိုလိုက်ပေး၏။ လမ်းခွဲမည့် ရည်ရွယ်ချက် အနည်းငယ်မျှပင် မပြခဲ့ပေ။

ပိုင်မူနင်က မေးစေ့ကို လက်ဖြင့်ထောက်လိုက်၏။ သူစိတ်ရှုပ်ထွေးနေမိသည်။

သူ ဘာလို့ ငါနဲ့ အခုထိ လမ်းမခွဲသေးတာလဲ....

လီအန်းချီက ပိုင်မူနင် စိတ်လွင့်နေသည်ကို သတိထားမိပြီး စိုးရိမ်သလို မေးလာသည်။
 “နင်အာ ဘာဖြစ်တာလဲ... မင်းကြည့်ရတာ သိပ်ပျော်နေပုံမရဘူး... တစ်ခုခု ဖြစ်လို့လား”

ပိုင်မူနင် ဖျစ်ညှစ်၍ ပြုံးလိုက်သည်။ 
“ဘာမှ မဟုတ်ပါဘူး”

“နင်အာ ငါမင်းကို ဆေးရုံကသတင်းလေးတစ်ခု ပြောပြမယ်” 
လီအန်းချီက ပြောသည်။ 
“သိပ်မကြာသေးခင်ကပဲ လူတစ်ယောက်က နေ့တိုင်း ပြဿနာလာရှာနေတာ... သူ့ညီလေး ဆေးရုံကနေ ပျောက်သွားတယ်လို့ပြောပြီး သူ့လက်ထဲ ပြန်ထည့်ပေးဖို့ တောင်းဆိုနေတယ်”

“ဆေးရုံက သူ့ကို သူ့ညီ ဆေးရုံပြောင်းသွားပြီလို့ ပြောတယ်လေ... ဒါပေမဲ့ သူတို့လည်း ဘယ်ကိုပြောင်းသွားလဲဆိုတာ မသိကြဘူး... အဲဒီလူက လုံးဝစိတ်မထိန်းနိုင်‌ဘူး... သူ့ရဲ့ညီကို ပြန်ပေးဖို့ပဲ ဆေးရုံကို အတင်းအကျပ် တောင်းဆိုနေတာ”

“ဖြစ်သွားတာက ရက်အတော်ကြာနေပါပြီ... အဲဒီလူက နေ့တိုင်း လာတယ်...ရဲတွေလည်း ဘာမှမလုပ်နိုင်ဘူး”

ပိုင်မူနင်မှာ ထိုသူမည်သူဖြစ်ကြောင်း ခန့်မှန်းမိပြီးသားပင်။ အနှီသူမှာ ကျိုးချောင်ဖြစ်နိုင်ချေများ၏။

ကျန်းချင်းချီ သူ့ကိုယ်သူသတ်သေရန် ကြိုးစားပြီးနောက် ဤဆေးရုံတွင် တင်ခဲ့ရသည်။ ပိုင်မူနင် ထိုနေရာ၌ ကျိုးးချောင်ကို တစ်ခါတွေ့ခဲ့ဖူးသည်။

ပိုင်မူနင် လူနာဆောင်မှ ထွက်လာချိန်တွင် ညရောက်နေလေပြီ။ ထိုအချိန်တွင် သူ ဝမ်ကျင်းထံမှ မက်ဆေ့ခ်ျတစ်ခု ရလိုက်သည်။

နှစ်သစ်ကူးချိန်နီးလာသည်နှင့်အမျှ ဖေးရှူးချန်က သူတို့ကို အားလပ်ရက်များအတွင်း အိမ် ပြန်လာရန် တောင်းဆိုခဲ့သည်။ ဝမ်ကျင်းက သူ၏သဘောထားကို မေးလာခြင်းပင်။

ထိုသူက ပိုင်မူနင်၏ဆန္ဒကိုအလေးထားပြီး သူ့ကို အတင်းအကြပ်မခိုင်းလိုကြောင်းကို အသေအချာ ပြောလာ၏။

ပိုင်မူနင်၏မိဘများက စောစောစီးစီး ဆုံးပါးသွားခြင်းဖြစ်ပြီး သူတစ်ဦးတည်းကသာ မိသားစုတွင် ကျန်ရစ်သူပင်။  á€•ုလမသန်ဥဏးဖဟငအ် နှစ်သစ်ကို သူတစ်ယောက်တည်း ကုန်ဆုံးလေ့ရှိသည်။ ထို့ကြောင့် သူ ဘယ်သွားသွားအရေးမကြီးချေ။

သို့သော်လည်း ဝမ်ကျင်း၏ မက်ဆေ့ခ်ျကို ရင်ဆိုင်ရလျှင် ပိုင်မူနင် တိတ်ဆိတ်သွားရသည်။ သူ ဘယ်လို ပြန်ဖြေရမည်ကို မသိပေ။

သူ မသွားချင်ပေ။ သူ ယခုထိ လမ်းခွဲချင်နေဆဲဖြစ်၏။ သို့သော်လည်း ထိုအရာများထဲမှ တစ်ခုမှ ပြောဖို့ရာ မလွယ်ကူပေ။

[ဝမ်ကျင်း: မင်း စကားပြောပြီးပြီလား... ကိုယ် လာခေါ်မယ်..  á€Ąá€”á€Źá€¸á€™á€žá€Źá€›á€ąá€Źá€€á€şá€”á€ąá€œá€­á€Żá€ˇ]

ပိုင်မူနင်က မက်ဆေ့ခ်ျကို စိုက်ကြည့်ရင်း ပြန်မဖြေဘဲ သူ၏ဖုန်းအား ပိတ်လိုက်သည်။

ထို့နောက် သူအဝေးကို စတင်ကာ လျှောက်သွားလိုက်သည်။

ထိုအခိုက်တွင် တစ်ယောက်ယောက်က နောက်မှ သူ့အား ခေါ်လာသည်။
“ပိုင်မူနင် မင်းလား”

သူ အသံကြောင့် လှည့်ကြည့်လိုက်ရာ ချက်ချင်းဆိုသလို သူ၏နှာခေါင်းနှင့် ပါးစပ်ကို လက်တစ်ခုက ပိတ်လာသည်။  á€žá€°á အမြင်အာရုံက ဝေဝါးသွားပြီး သတိလွတ်သွားရ၏။

သူ နောက်ဆုံးမြင်လိုက်ရသည်မှာ ကျိုးချောင်ပင်။


💊💊💊💊Chapter 54


ပိုင်မူနင် နိုးလာသောအခါ သူ့ကိုအမှောင်ထု အတိက ဝန်းရံထားသည်။

အလင်းရောင် တစ်စလေးပင် ရှိမနေပေ။

သူ့မျက်လုံးတို့က အသုံးမဝင်တော့ရာ သူက မျက်စိကွယ်နေသူတစ်ယောက်သို့နှယ်။

ရုတ်တရက် မရင်းနှီးသည့်အမှောင်ထုထဲ ရောက်သွားရသဖြင့် ပိုင်မူနင်၏နှလုံးခုန်နှုန်းမှာ ချက်ချင်းမြန်လာပြီး အသက်ရှူသံတို့ကလည်း ပြင်းလာခဲ့သည်။

ယင်းတို့က ထိတ်လန့်တုန်လှုပ်ခြင်း(Panic Attack)၏ လက္ခဏာများပင်။ ထိုအတိုင်းသာ ဆက်ဖြစ်နေလျှင် သူ လွတ်မြောက်ရန်မကြိုးစားနိုင်မီမှာပင် အကြောက်လွန်ပြီး သေသွားနိုင်သည်။

ဤအတိုင်း ဆက်သွား၍မဖြစ်ကြောင်းကို သူသိ၏။ ယခုချိန်တွင် အရေးကြီးဆုံးမှာ သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်ရန်သာ။

သူ အသက်ကို ခပ်ပြင်းပြင်း အကြိမ်ကြိမ် ရှူသွင်းလိုက်သည်။ ထိတ်လန့်မှုက မလျော့သွားဘဲ အသက်ရှူနှုန်းနှေးသွားသည်နှင့်အမျှ အောက်ဆီဂျင်ပြတ်လပ်သည့် လက္ခဏာများပါပေါ်လာ၏။

သူ့ရင်ဘတ်က နာကျင်လာသည်။ သူ နှလုံးရှိရာနေရာကို ထုရိုက်နေမိပြီး နဖူးမှချွေးများက မျက်တောင်ထောင့်စွန်းတို့ကို ဖြတ်လျက် စီးကျ၍လာ၏။

အဆုံးမရှိသော အမှောင်ထုထဲတွင် ဝမ်ကျင်း၏ အသံက သူ့စိတ်ထဲ၌ ရုတ်တရက် ပဲ့တင်ထပ်လာသည်။

အကြင်သူ သူ့အားတစ်ခါက ပြောခဲ့ဖူးသည်ပင်။ 

“မင်း စိုးရိမ်ထိတ်လန့်နေတဲ့အခါမျိုးဆို ကျန့်ချုန်းနဲ့ ပိုင်ဟွေ့အပ်စိုက်မှတ်တွေကို ဖိထားပေးလို့ ရတယ်”

ဝမ်ကျင်းမှာ လူအများကို နေ့စဉ်ဘဝတွင် အသုံးချနိုင်မည့် ကျွမ်းကျင်မှုများကို ပိုင်နိုင်စေရန် လက်တွေ့သင်ကြားပေးရာတွင် တကယ်တော်သည်။

ယခုတွင် ၎င်းတို့က အသုံးဝင်လာပြီပင်။

ဝမ်ကျင်း ယခင်ကသင်ပေးခဲ့သည့် နည်းလမ်းအတိုင်းလိုက်နာရင်း ပိုင်မူနင် တဖြည်းဖြည်း စိတ်တည်ငြိမ်လာသည်။

သူ၏အသက်ရှူနှုန်း မှန်သွားပြီဖြစ်ကာ ဦးနှောက်သို့ သွေးစီးဆင်းမှုသည်လည်း ပုံမှန်ပြန်ဖြစ်လာလျက် သူ၏စိတ်အစဥ်ကလည်း ပိုမိုကြည်လင်လာခဲ့သည်။

သူ အခြေအနေကို တည်ငြိမ်စွာပင် စတင် တွက်ချက်နိုင်လာသည်။ သူ့ကို ပြန်ပေးဆွဲခဲ့သူမှာ ကျိုးချောင်ဖြစ်ပြီး ကျိုးချောင်၏ ရည်မှန်းချက်က ကျန်းချင်းချီနှင့် တွေ့ရန်ဖြစ်သည်မှာ ရှင်းလင်းနေ၏။

လက်ရှိအချိန်အတွက် အနှီသူက အလွန်ပင်အန္တရာယ်များ၏။ သူက မဆင်မခြင်ပြုမူနေပြီဖြစ်ရာ ယင်းက သူ့စိတ်ကို လုံးဝလွှတ်ပေးလိုက်ပြီး ရူးသွပ်နေပြီဖြစ်ကြောင်းအား သက်သေပြနေသည်။

ပိုင်မူနင်မှာ သူမည်သည့်နေရာရောက်နေသည်အား အတိအကျမသိသော်ငြား ပတ်ဝန်းကျင်အနေအထားကိုမူ အကြမ်းဖျင်းခန့်မှန်းနိုင်၏။

အလင်းရောင်လုံးဝမရှိသလို လေထုမှာ စိုစွတ်စွတ်ဖြင့်ပင်။ ပိုင်မူနင်က သူမြေအောက်ခန်းတစ်မျိုးမျိုးတွင် ရောက်နေခြင်းဖြစ်ကြောင်း သိသွားသည်။

ပိုင်မူနင်အနေဖြင့် ဤအတိုင်းထိုင်ပြီး သေရန် စောင့်မနေနိုင်ပေ။ သူက လွတ်မြောက်နိုင်မည့် မျှော်လင့်ချက်အလင်းတန်းလေးအား ဆုပ်ကိုင်လျက် အမှောင်ထဲတွင် စတင်ကာ စမ်းတဝါးဝါး ရှာဖွေလိုက်သည်။

သူ မတ်တတ်ရပ်လိုက်ပြီး မျက်လုံးမှိတ်ကာ အကြားအာရုံနှင့် အထိအတွေ့အာရုံတို့တွင် အစွမ်းကုန် အာရုံစိုက်လိုက်သည်။

လက်နှစ်ဖက်ကို ဆန့်တန်းရင်း သတိတကြီးဖြင့် ဖြည်းဖြည်းချင်း ရှေ့သို့လှမ်းလိုက်၏။ လမ်းကြောင်းတစ်ခုတည်းအတိုင်း ခြေလှမ်း ဆယ်လှမ်းခန့် လှမ်းပြီးနောက် ဆန့်တန်းထားသော သူ၏လက်များက အေးစက်သော နံရံတစ်ခုကို ထိမိသွားသည်။

နံရံမှာ မညီမညာဖြစ်နေပြီး ထိတွေ့လိုက်သည်နှငိ့ ကျောက်တုံးပမာ ကြမ်းတမ်းနေသည်။

နံရံတလျှောက်စမ်းရင်း ဦးတည်ရာကိုချိန်ညှိလျက် ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ သူထောင့်တစ်ခုကို စမ်းမိပြီး ကွေ့လိုက်ကာ ဆက်လက်ရွေ့လျားသွားလိုက်ရာ နောက်ဆုံးတွင် သံတိုင်များထံသို့ ရောက်သွားသည်။

ထိုအရာအားလုံးကို ကြည့်ခြင်းအားဖြင့် ပိုင်မူနင်မှာ အကျဉ်းခန်းတစ်ခုနှင့်တူသည့် နေရာတွင် ရောက်နေကြောင်း သေချာသွားသည်။

တံခါးတွင် သော့တစ်ခု ရှိနေသည်။ ပိုင်မူနင် လူအားဖြင့် ချိုးဖျက်ပြီး ဖွင့်နိုင်ရန် မျှော်လင့်လျက်သာ ၎င်းကို အားဖြင့်လှုပ်ကြည့်မိသည်။

ထိုစဉ်မှာပင် အမှောင်ထုထဲမှ အမျိုးသားတစ်ဦး၏ အသံက ထွက်ပေါ်လာသည်။ 

“အားကုန်ခံမနေပါနဲ့ ... မင်း ဖွင့်နိုင်မှာမဟုတ်ဘူး”

“ဒီနေရာကို ပြုပြင်ထားတာ... ဖောက်ထွက်လို့ မရဘူး”

အသံထွက်လာရာမှာ သိပ်မဝေးလှပေ။ ဆိုလိုသည်မှာ သူနိုးလာကတည်းက အမှောင်ထဲတွင်  á€›á€žá€­á€”္သူက သူတစ်ယောက်တည်းမဟုတ်ပေ။

“မစ္စတာကျိုး ဒါ ဘာသဘောလဲ... ဒါက ဘယ်လိုနောက်ပြောင်တာမျိုးလဲ  ”
ပိုင်မူနင် တည်ငြိမ်စွာပင် မေးလိုက်သည်။ 
“ဒီလို နောက်တာမျိုးက ရယ်စရာမကောင်းဘူးနော်”

ယင်းက ရယ်စရာ မကောင်းရုံမျှသာမက ရာဇဝတ်မှုအဖြစ် စွဲချက်တင်၍ပင်ရသည်။

ယခုအချိန်တွင် အော်ဟစ်နေခြင်းက သူ့ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။ ကျိုးချောင်ကို ပိုပြီးဒေါသထွက်အောင် ဆွပေးသလိုသာ ဖြစ်နေလိမ့်မည်။ တည်တည်ငြိမ်ငြိမ်ဖြင့် အခြေအနေကို ဦးစွာစူးစမ်းကြည့်ခြင်းက ပိုကောင်းသည်။

ကျိုးချောင်က အေးစက်စက် တစ်ချက်ရယ်လိုက်သည့်တိုင် ပိုင်မူနင်ကို ဘာမှပြန်မပြောလာချေ။

မကြာမီမှာပင် မီးခြစ် ခြစ်လိုက်သံ ထွက်ပေါ်လာပြီး မီးတောက်လေးတစ်ခု ပွင့်အာလာလျက် အမှောင်ထုထဲတွင် တစ်ခုတည်းသော အလင်းရောင်လေး ဖြစ်တည်လာသည်။

ပိုင်မူနင်က ကျိုးချောင်တစ်ယောက် မီးခြစ်ဖြင့် ဖယောင်းတိုင်တစ်တိုင်ကို ထွန်းလိုက်သည်ကိုသာ ကြည့်နေမိသည်။ ချက်ချင်းဆိုသလို အမှောင်ထုက ဆုတ်ခွာသွားပြီး ဖယောင်းတိုင်မီးမှ မှိန်ပျပျအနွေးဓာတ်ကြောင့် ပတ်ဝန်းကျင်အား မြင်တွေ့လိုက်ရသည်။

သူ ခန့်မှန်းထားသည့်အတိုင်းပင် ယင်းက ပြုပြင်ထားသည့် မြေအောက်ခန်းတစ်ခုပင်။ ပြတင်းပေါက်များမပါရှိဘဲ ခပ်လှမ်းလှမ်း၌သာ အပြင်ဘက်သို့ ဦးတည်သည့် ပင်မတံခါးတစ်ခု ရှိနေသည်။

အဝင်ဝနားတွင် ပစ္စည်းများစွာကို စုပုံထားသည်။ အလင်းရောင်က ထိုအထိ မရောက်သဖြင့် ပိုင်မူနင်မှာ သဲသဲကွဲကွဲမမြင်ရသော်လည်း လောင်စာပစ္စည်းသတိပေးသည့် တံဆိပ်တစ်ခုကိုမူ သတိပြုမိလိုက်သည်။

ထိုအချက်ကပင် တစ်နေရာရာတွင် လေဝင်လေထွက်ပေါက်တစ်ခု ရှိမည်ဖြစ်ကြောင်း ပြောပြနေသည်။ မဟုတ်လျှင် သူတို့ အောက်ဆီဂျင် ပြတ်လပ်ပြီး သေဆုံးနေလောက်ပြီပင်။

ကျိုးချောင် မတ်တတ်ရပ်နေသည့်နေရာတွင် ခုတင်တစ်လုံးနှင့်အတူ တစ်ယောက်ယောက် နေထိုင်ခဲ့သည့် လက္ခဏာများ ရှိနေသည်။  á€á€…်ယ္ဏက်ယ္ဏက်က ဤနေရာတွင် နေထိုင်ခဲ့ဖူးပုံရသည်။

ကျိုးချောင်က ဖယောင်းတိုင်မီးတောက်ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။
“ဒီနေရာက ကျန်းချင်းချီနဲ့ငါ့ရဲ့အိမ် ဖြစ်ခဲ့ဖူးတယ်... အဲဒီတုန်းက ငါတို့မှာ ပိုက်ဆံတစ်ပြားမှ မရှိတော့ အခမဲ့နေလို့ရမယ့် နေရာမျိုးကို ရှာခဲ့ရတယ်... မတော်တဆ ဒီမြေအောက်ခန်းကို တွေ့သွားပြီး ဒီမှာပဲအခြေချဖို့ ဆုံးဖြတ်ခဲ့ကြတာ”

“ငါတို့ ဒီမှာ သုံးလလောက် နေခဲ့ကြတယ်... နောက်ပိုင်း ငါ ပိုက်ဆံနည်းနည်းရှာနိုင်လာတော့မှ တတ်နိုင်တဲ့ နေရာတစ်ခုကို ပြောင်းနိုင်ခဲ့တာ”

“မင်း သိလား... ဒီမှာ ဘာလို့ လှောင်အိမ်တစ်ခု ရှိနေလဲဆိုတာ”

ပိုင်မူနင် ခေါင်းခါပြလိုက်သည်။

“အရင်က တစ်ယောက်ယောက် ဒီမှာ အကျဉ်းချခံခဲ့ရဖူးတယ်လို့ ကြားဖူးတယ်.... အဲဒီနောက် ဘာဖြစ်သွားလဲဆိုတာတော့ ငါ မသိဘူး.... ဘာပဲဖြစ်ဖြစ် ငါတို့ ဒီကိုရောက်လာတဲ့အချိန်မှာတော့ ဒီနေရာက ဘာမှမရှိတော့ဘူး”

ကျိုးချောင်က ပုံပြင်ဟုလည်း အမည်တပ်မရသော စကားများကို ပြောနေခြင်းဖြစ်သည်။ ၎င်းကပင် စိတ်မသက်မသာဖြစ်စေရန် လုံလောက်နေပြီဖြစ်ကာ ပိုင်မူနင်၏ ကိုယ်ပေါ်တွင် ကြက်သီးများ ထလာခဲ့သည်။

ကျိုးချောင်က ဆက်ပြောသည်။ 
“ပိုင်မူနင် သူက ငါ့အတွက် တကယ်ကို အဓိပ္ပာယ် အများကြီးရှိတာ... သူ ဘယ်မှာလဲဆိုတာ မင်းသူ့ကို မေးပေးလို့ရမလား”

“ငါ သူ့ကို ရှာမတွေ့လို့ပါ... ငါ သူ့ကို တွေ့ချင်ရုံတင်ပါ”

ကျိုးချောင်က တောင်းပန်သည့်လေသံဖြင့် ပြောနေပြီး သူ၏မျက်နှာထက်တွင် ဝမ်းနည်းမှုများ ထင်ဟပ်နေသည်။

သူမုတ်ဆိတ်မရိတ်ခဲ့သည်မှာ မည်မျှကြာပြီကို ပြောဖို့ရာပင် ခက်ခဲသည်။ သူ၏ မေးရိုးတွင် မုတ်ဆိတ်တိုများက ထူထပ်စွာရှိနေသည်။

ပိုင်မူနင်က မျက်လွှာချလျက် ဆိုလိုက်၏။ 
“မစ္စတာကျိုး ကျွန်တော် တကယ်မသိတာပါ”

သူလိုချင်သည့် အဖြေကို မရသောအခါ ကျိုးချောင်တစ်ယောက် ချက်ချင်းပင် ဒေါသ ပေါက်ကွဲထွက်လာခဲ့သည်။

“မသိဘူးဆိုတာ ဘာသဘောလဲ”

“မင်း သိရမှာလေ”

ကျိုးချောင်က ပိုင်မူနင်ထံ လျှောက်လာပြီး သံတိုင်များကြားမှ စိုက်ကြည့်ကာ ဟိန်းဟောက်လာ၏။

 “မင်း ဘာလို့ ဖုန်း ပိတ်ထားတာလဲ”

“မင်း မင်းရဲ့ ဆက်သွယ်လို့ရမယ့် အချက်အလက်တွေကို ပြောင်းလိုက်တယ်လေ...ဟုတ်တယ်မလား”

“ငါ မင်းကို ရှာမတွေ့တော့ဘူးလို့ ထင်နေတာလား...ဒါပေမဲ့ ကြည့်ပါဦး ငါ ရှာတွေ့သွားသေးတာပဲလေ”

“အဲဒီတော့ ပုန်းနေတာက ဘာများထူးလို့လဲ”

ကျိုးချောင်၏ စကားများကို နားထောင်ရင်း ပိုင်မူနင်မှာ ထိုစကားများက သူ့ကို တိုက်ရိုက်ပြောနေခြင်းမဟုတ်ဘဲ ကျန်းချင်းချီကို ရည်ရွယ်ပြီး ပြောနေခြင်းဟု ခံစားလိုက်ရသည်။

ကျန်းချင်းချီသည်လည်း သူ့အားဆက်သွယ်နိုင်သည့် အချက်အလက်များကို ပြောင်းလဲထားလောက်ပြီပင်။

ကျိုးချောင်ဘက်မှ သူ့ကို ရှာ၍ မတွေ့နိုင်တော့ပေ။

“မစ္စတာကျိုး ကျန်းချင်းချီက ခင်ဗျားဆီကနေ ပုန်းနေတာဆိုရင် ကျွန်တော့်ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ထားလို့ ဘာမှထူးမှာမဟုတ်ဘူး... ကျွန်တော့်ကိုကယ်ဖို့အတွက်နဲ့ သူ ခင်ဗျားဆီကို တကူးတကလာရှာလိမ့်မယ်လို့ ခင်ဗျားတကယ် ထင်နေတာလား”

“ခင်ဗျားညီရဲ့ စရိုက်ကို ခင်ဗျားကိုယ်တိုင် အသိဆုံး ဖြစ်ရမှာပေါ့”

ပိုင်မူနင်မှာ ကျန်းချင်းချီကို တကယ်တမ်း၌ ထိုမျှအထိ အတွင်းကျကျမသိချေ။ သူက လူသားတို့၏သဘာဝကို ဆင်ခြင်တုံတရားဖြင့် တွက်ဆပြီး ပြောနေခြင်းသာ။

သူတို့က မိသားစုမဟုတ်သလို ရင်းနှီးသူများလည်းမဟုတ်ပေ။ ရူးမိုက်သူတစ်ယောက်ကသာ အန္တရာယ်ရှိသူ၏လက်ထဲသို့ တိုက်ရိုက်တိုးဝင်လာလိမ့်မည်။

ပိုင်မူနင်က ကျန်းချင်းချီကို ရူးမိုက်နေသူတစ်ယောက်ဟု မထင်ပေ။

“သူကတော့ သူ့သဘောအတိုင်းဆို လာမှာမဟုတ်ဘူး... ဒါပေမဲ့ မင်းရဲ့ရည်းစားကတော့ သူသေမလားရှင်မလားဆိုတာ ဂရုစိုက်မဲ့ပုံမပေါ်ဘူးလေ”

ကျိုးချောင်က ပိုင်မူနင်၏ ဖုန်းကို ဖွင့်လိုက်ပြီး ဆက်သွယ်ရမည့် စာရင်းကို ဖွင့်လိုက်သည်။ 
“ဝမ်ကျင်းဆီ ဖုန်းခေါ်လိုက်... သူ့ကို မေးကြည့်”

ခဏအကြာတွင် ကျိုးချောင်က သူ့ကို စိုက်ကြည့်ကာ ဆိုလိုက်သည်။ 
“မင်းရဲ့ ဖုန်းနံပါတ်စာရင်းက ဘာလို့ ဘာမှမရှိရတာလဲ”

ပိုင်မူနင်အနေဖြင့် ဖုန်းနံပါတ်များကို ဆင်းမ်ကတ်ထဲတွင် သိမ်းဆည်းတတ်သည့် အလေ့အကျင့် ရှိသည်။ SIMကတ်ကို လဲလိုက်သည့်အတွက် ဖုန်းထဲရှိနံပါတ်စာရင်းမှာ သဘာဝကျကျပင် ဗလာဖြစ်နေခြင်းဖြစ်သည်။

“ကျွန်တော် ဘာမှ မသိမ်းရသေးလို့ပါ” 
ပိုင်မူနင်က ပြန်ဖြေလိုက်သည်။ သူ့ဖုန်းက အစကတည်းက မကောင်းသလို လိုင်းဆွဲအားလည်း အားနည်းသည်။ ဖုန်းပွင့်နေသော်လည်း လိုင်းက တစ်တိုင်ပင် မတက်ပေ။

ကျိုးချောင်က ပိုင်မူနင်၏ ဖုန်းကို ဘေးသို့ လွှင့်ပစ်လိုက်ရာ ပိုင်မူနင် စိတ်ထဲမှ တွန့်သွားမိသည်။

သူ့ခမျာ အခြားရွေးချယ်စရာမရှိတော့ဘဲ သူ၏ကိုယ်ပိုင်ဖုန်းကို ထုတ်ပြီးဖွင့်လိုက်ရသည်။ ယင်းမှာ စမတ်ဖုန်းမဟုတ်ဘဲ ဖုန်းခေါ်ရုံသာ ရနိုင်သည့် နိုကီရာဖုန်းအဟောင်းလေးပင်။

ဖုန်းချင်းတူသော်လည်း ကျိုးချောင်၏ ဖုန်းက လိုင်းမိနေပြီး ပိုင်မူနင်၏ဖုန်းမှာမူ အုတ်ခဲတစ်လုံးပမာ ဘာမှလုပ်မရ ဖြစ်နေသည်။

ကျိုးချောင်မှာလည်း လိုင်းအခက်အခဲကို ကြိုတင်တွက်ဆထားပြီးဖြစ်၍ ဖုန်းအဟောင်း တစ်လုံးကို တမင်တကာ ပြောင်းသုံးထားခြင်းဖြစ်လိမ့်မည်ဟု ပိုင်မူနင် တွေးလိုက်၏။

လိုင်းအားနည်းသောနေရာများတွင် စမတ်ဖုန်းများက တကယ်ကို အသုံးမဝင်တော့ပေ။

မကြာမီမှာပင် ကျိုးချောင်၏ ဖုန်းထဲသို့ စာတစ်စောင် ဝင်လာသည်။ သူက ဝမ်းသာအားရဖြင့် ချက်ချင်း ပြန်ခေါ်လိုက်သည်။

“ချင်းချီ… ချင်းချီ.... မင်း နောက်ဆုံးတော့ ကိုယ့်ကို အရင်ဆက်သွယ်လာပြီပဲ... မင်း အခု ဘယ်မှာလဲ... ကိုယ်လာခဲ့မယ်”

“စိတ်မဆိုးပါနဲ့... ကိုယ်ပြောတာကို နားထောင်ပါဦး... ကိုယ် ကျိန်ရဲပါတယ်... အခုကစပြီး  á€™á€„်းကို ဘာမှမချုပ်ချယ်တော့ဘူး... မင်း ဘယ်သူ့ကိုပဲ ကြိုက်ကြိုက် ဘယ်သူနဲ့ပဲနေနေ ကိုယ်ဝင်မစွက်ဖက်တော့ဘူးလေနော်... မင်း ကိုယ့်ကိုသာ ထားမသွားဘူးဆိုရင် ကိုယ်အားလုံးကို သဘောတူပါတယ်”

“ပြီးတော့ မင်း နိုင်ငံခြားသွားချင်တယ်လို့ ပြောတယ်မလား... ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်... မင်း ဘယ်သွားချင်လဲ  á€™á€„်းနဲအဥတူ လိုက်ခဲ့ပါ့မယ်”

အစပိုင်းတွင် ကျိုးချောင်မှာ ဝမ်းသာအားရဖြင့် စိတ်လှုပ်ရှားစွာပြောနေသော်လည်း မကြာမီမှာပင် ထိုသူက တိတ်ဆိတ်သွားပြီး တစ်ဖက်မှ ပြောသမျှကို ငြိမ်သက်စွာ နားထောင်နေတော့သည်။

တစ်ဖက်မှ မည်သည့်စကားတို့ကို ပြောလိုက်သလဲမသိရချေ။ အရပ် ၁.၈ မီတာမြင့်သည့် ထိုလူကြီးမှာ မျက်ရည်များ ကျလာခဲ့သည်။

ယင်းက အသံတိတ် နှလုံးကြေကွဲရမှုမျိုးပင်။ သူ့မျက်လုံးများမှာ မှေးမှိန်သွားပြီး မည်သည့် မျှော်လင့်ချက်ကိုမျှ မမြင်ရတော့သကဲ့သို့။

ကျိုးချောင် ဤမျှ ကြေကွဲနေသည်ကိုကြည့်ပြီး ကျန်းချင်းချီတစ်ယောက် တကယ်ပင် ရက်စက်သည့်စကားတစ်စုံတစ်ရာကို ပြောလိုက်ခြင်းဖြစ်မည်ဟု ပိုင်မူနင် ခန့်မှန်းလိုက်သည်။

ထို့ကြောင့်ပင် ကျန်းချင်းချီမှာ သူ၏သေခြင်းရှင်ခြင်းကို တကယ်ပင် ဂရုမစိုက်သည်မှာ သိသာ၏။ ယခုလို အချိန်မျိုး၌ စကားကြမ်းတို့ကို ပြောလာခြင်းက ကျိုးချောင်ကိုပင် ဆက်လက် အသက်ဆက်လက်ရှင်သန်စေချင်ပါရဲ့လား မသိချေ။

ဖုန်းခေါ်ဆိုမှုပြီးဆုံးပြီး အတော်ကြာမှ ကျိုးချောင်တစ်ယောက် ခုတင်ထံ လျှောက်သွားကာ ထိုင်လိုက်သည်။ သူက ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ပြောလာသည်။

“ချင်းချီက ငါ့ကို မုန်းတယ်တဲ့.... သူ ငါ့ကို တစ်ခါလေးတောင်မှ မချစ်ခဲ့ဘူးတဲ့... သူ့ဘဝထဲကို ဝင်မစွက်ဖက်တော့ဖို့ ပြောတယ်”

ကျိုးချောင်က ပိုင်မူနင်ဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်သည် ။

 “သူက ငါ့ကို ဘာလို့မုန်းနေရတယ်လို့ မင်း ထင်လဲ... ငါတို့က အတူတူ ကြီးပြင်းလာကြတာလေ... သူ ကလေးဘဝကတည်းက အသက် ၂၀ ကျော်တဲ့အထိ ငါပဲ ကျွေးမွေးပြုစုခဲ့တာ...သူ ဘယ်လိုလုပ် ငါ့ကို မုန်းနိုင်ရတာလဲ”

ပိုင်မူနင်သည်လည်း ကျိုးချောင်နှင့် ကျန်းချင်းချီတို့၏ ပတ်သက်မှုကို နားမလည်နိုင်တော့ပေ။

သူ ပြောနိုင်သည်မှာ ကျိုးချောင်က အစွန်းရောက်လွန်းပြီး အစွဲအလမ်းကြီးလွန်းသည်ဟူ၍သာ။

ပတ်သက်မှုတွေက ရိုးရှင်းပါတယ်... လူတစ်ယောက်က မင်းကို မချစ်တော့ဘူးဆိုရင် လက်လွှတ်လိုက်ရုံပါပဲ...တစ်ယောက်ယောက် မရှိရုံနဲ့ အသက်မရှင်နိုင်တော့တာမျိုးမှ မဟုတ်ဘဲ...

ပိုင်မူနင်မှာ စုံတွဲများ လက်ထပ်ထားသူများစွာနှင့် ကြုံဖူးသည်။ အချို့က ချစ်နေကြသော်လည်း အချို့ကမူ ပြိုကွဲနေကြသည်ပင်။ သို့သော်လည်း ထိုအခြေအနေအားလုံးတွင် သေသည့်တိုင်အောင် တည်မြဲသည့်အချစ်မျိုးကို သူ တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

ထို့ကြောင့် သူ့စိတ်ထဲတွင် အချစ်က အရာအားလုံး မဟုတ်ပေ။ အချစ်က ပြီးဆုံးသွားလျှင် ယင်းက ပြီးဆုံးသွားသည်သာ။ ကိစ္စကြီး မဟုတ်ချေ။ ယခုကဲ့သို့သော အခြေအနေအထိ ရောက်သွားရန် မလိုအပ်ပေ။

“မစ္စတာကျိုး  á€žá€°á€€ ခင်ဗျားအတွက် လူမှန်မဟုတ်နိုင်ဘူးဆိုတာမျိုးရော တွေးဖူးရဲ့လား... ကြည့်ပါဦး ခင်ဗျားက ရုပ်လည်းချောတယ် ဆွဲဆောင်မှုလည်း ရှိတာပဲ... ခင်ဗျားအတွက် လူတစ်ယောက်ကို ရှာမရဘဲမနေပါဘူး ”

“ခင်ဗျားကို မချစ်တဲ့လူတစ်ယောက်အတွက် အချိန်ဖြုန်းနေဖို့ မလိုပါဘူး”

“ဒီကမ္ဘာပေါ်မှာ လူတွေအများကြီးရှိတာပဲ... ကိုယ့်ကိုယ်ကိုယ် ဒီလို လမ်းဆုံးမှာ ပိတ်လှောင်ထားဖို့ မလိုပါဘူး...”


💊💊💊💊 Chapter 55
လူတစ်ယောက် သေဆုံးသွားတဲ့အခါ သူတို့ရဲ့ အကြွေးတွေဟာ ကျေပျောက်သွားတတ်တယ် သံယောဇဉ်အကြွေးတွေတောင်မှပေါ့


ပိုင်မူနင်က ကျိုးချောင်ကို အကျိုးအကြောင်းရှိရှိ ဖျောင်းဖျရန် ကြိုးစားနေခြင်းမှာ အဓိကအားဖြင့် သူ့ကိုယ်တိုင်၏ ဘေးကင်းရေးအတွက်ပင်။ ကျန်းချင်းချီ၏ တွန်းပို့မှုကြောင့် အစွန်းရောက်သွားသော ကျိုးချောင်တစ်ယောက် ဘာဆက်လုပ်မည်ကို ဘုရားသခင်မှလွဲ၍ မည်သူမျှ မသိနိုင်ပေ။

“မင်း ဘာသိလို့လဲ” 
ကျိုးချောင်က ပိုင်မူနင်ကို စိုက်ကြည့်ရင်း ငေါ့တော့လိုက်သည်။
“ကျန်းချင်းချီဆိုတာက ငါ့အတွက် တစ်ယောက်တည်း ရှိတာလေ... ငါတို့ အတူတူရှိခဲ့တုန်းက ဘယ်လောက် ပျော်ခဲ့ရသလဲဆိုတာ မင်းသိလို့လား”

“သူ ငါ့ကို သေချာပေါက် ချစ်ခဲ့တာ... ငါ့ရဲ့ အစွန်းရောက်လွန်းတဲ့ ပိုင်ဆိုင်လိုစိတ်ကို သူ လက်မခံနိုင်လို့သာ  á€‘ွက်ပဟ္းဖိုအ ကြိုးစားခဲ့တာ”

“ဟုတ်တယ် သူငါ့ကို ချစ်တယ်...”

ကျိုးချောင်၏ စိတ်ကူးယဉ်ဆန်လွန်းသည့် စွဲလမ်းမှုနှင့် ရင်ဆိုင်လိုက်ရသောအခါ ပိုင်မူနင်မှာ လုံးဝ ပြောစရာမဲ့သွားရသည်။ သူ့အနေဖြင့် ဘာစကားတစ်ခွန်းမှ ဆက်မပြောချင်တော့ရာ တိတ်တဆိတ်သာ နေလိုက်သည်။

သို့သော် ထိုစဉ်မှာပင် ကျိုးချောင် ပြောလိုက်သော စကားကြောင့် ပိုင်မူနင် ထိတ်လန့်သွားရသည်။
“သူက ငါ့ကိုသေလိုက်ပါတဲ့... ဒီတော့လည်း ကောင်းပြီလေ... ငါ သေပေးလိုက်မယ်”

ထိုခဏတွင် ပိုင်မူနင်၏ တစ်ကိုယ်လုံး စိမ့်တက်သွားသည်။ 

ကျိုးချောင်က ငါ့ကိုပါ အတူဆွဲခေါ်သွားတော့မှာလား...

“မစ္စတာကျိုး... ဒီကမ္ဘာပေါ်မှာ လှပတဲ့အရာတွေမှ အများကြီးပဲ... ကျေးဇူးပြုပြီး အခုလို အစွန်းမရောက်ပါနဲ့...”

“ဒါ့အပြင် ကျန်းချင်းချီသာ ခင်ဗျားကို တကယ်ဂရုစိုက်ရင် ဒီလောက်အေးစက်တဲ့စကားမျိုး ဘယ်ပြောပါ့မလဲ... ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါ မလုပ်လိုက်ပါနဲ့ဦး...”

သို့သော်လည်း ကျိုးချောင်တစ်ယောက်မှာမူ မည်သည့်စကားကိုမှ နားမထောင်တော့ဘဲ သူ့ကိုယ်ပိုင်ကမ္ဘာထဲ၌သာ အလုံးစုံ နစ်မြှုပ်နေသည်။

သူက အကျဉ်းခန်းတံခါးထံ လျှောက်လာပြီး သော့ဖြင့်ဖွင့်ပေးကာ ပြောလိုက်သည်။

“မင်း သွားလို့ရပြီ... သူတို့ အခုလောက်ဆို ငါတို့ဘယ်မှာလဲဆိုတာ သိလောက်ပြီ... အပြင်မှာ ခဏစောင့်နေလိုက် မင်းရဲ့ရည်းစား သေချာပေါက် ရောက်လာလိမ့်မယ်”

“မင်းကို ပြန်ပေးဆွဲခဲ့မိတာ တောင်းပန်ပါတယ်... ငါ့မှာ တကယ်ကို တခြားရွေးချယ်စရာ မရှိလို့ပါ...”

ကျိုးချောင်တစ်ယောက် ခုတင်ပေါ်တွင် ပြန်ထိုင်ပြီး ဖယောင်းတိုင်မီးတောက်နှင့် ကစားနေသည်။ ကြည့်ရသည်မှာ ထိုသူက ပိုင်မူနင်ကို တကယ်ပင် လွှတ်ပေးရန် ရည်ရွယ်ထားပုံရသည်။

လွတ်လပ်ခွင့် ပြန်ရသည်နှင့် ပိုင်မူနင် ထွက်ပေါက်ထံသို့ အမြန်ပြေးသွားလိုက်သည်။ သို့သော်လည်း တံခါးကို တွန်းဖွင့်လိုက်သည့် ခဏမှာပင် သူက ရုတ်တရက် လှည့်ကြည့်ပြီး ပြောလိုက်သည်။
“မစ္စတာကျိုး ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ‌နော်...”

အကြောင်းအရင်းအား သူကိုယ်တိုင်ပင် မသိသော်လည်း ကျိုးချောင်ကို နောက်ဆုံးအကြိမ် ဖျောင်းဖျကြည့်ချင်မိသည်။

ဤကဲ့သို့သေဆုံးခြင်းက အဓိပ္ပာယ်မရှိဟု သူ ခံစားရုံမျှသာ။

ဘာလို့ ဒီလောက်ထိ ကြေကွဲနေစရာလိုမှာလဲ... လူတစ်ယောက် ထွက်သွားပြီဆိုရင်လည်း သွားပါစေပေါ့...

ကျိုးချောင်က သူ့ကို အေးစက်စက် တစ်ချက် စိုက်ကြည့်လိုက်ပြီးဆို၏။ 

“မင်း မသေချင်ရင် အခုချက်ချင်း ထွက်သွားတော့... နောက် သုံးမိနစ်နေရင် ဒီနေရာက ပေါက်ကွဲတော့မှာ.... မင်း ဒီမှာ အချိန်ဖြုန်းနေချင်တာ သေချာလို့လား”

ပိုင်မူနင်၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ဝိုင်းစက်သွားသည်။ သူ ကျိုးချောင်၏အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ တံခါးနားတွင် ပုံထားသည့် ပစ္စည်းများကို နောက်ဆုံးတွင် မြင်လိုက်ရသည်။

“လောင်ကျွမ်းလွယ်သည်။ ပေါက်ကွဲစေတတ်သည်။ ဂရုတစိုက် ကိုင်တွယ်ပါ။”

သူ ကျိုးချောင်၏အလုပ်ကို ရုတ်တရက် သတိရသွားသည်။ ထိုသူမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အဆောက်အအုံ ဖြိုဖျက်သည့် အလုပ်ကို လုပ်ကိုင်သူပင်။

ဒီတော့ အသည်းကွဲရတာနဲ့ပဲ ဒီလို ပြဇာတ်ဆန်ဆန်သေကွင်းသေကွက်မျိုး ပုံဖော်စရာ လိုလို့လား...

ပိုင်မူနင်က ကျိုးချောင်ကို ကြည့်လျက် ပြောလိုက်၏။
“မစ္စတာကျိုး ခင်ဗျား သေသွားရင်တောင် ကျန်းချင်းချီက ဝမ်းနည်းမှာ မဟုတ်ဘူး... ဘာလို့ ခင်ဗျားရဲ့ အသက်ကို အလကားသက်သက် စွန့်လွှတ်မှာလဲ”

“ထွက်သွားစမ်းးး”

ကျိုးချောင်တစ်ယောက် တကယ်ပင် စိတ်ဖောက်ပြန်နေပြီဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် ပိုင်မူနင် လှေကားထံသို့ အမြန်ပြေးသွားတော့သည်။ ထိုစဉ် ကျိုးချောင်၏ အသံက သူ့ နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။
“ပိုင်မူနင်...”

ပိုင်မူနင် ခြေလှမ်းများကို ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ ကျိုးချောင်က သူ့ကို ခပ်ဖျော့ဖျော့ပြုံးပြလာလျက် ပြောလိုက်သည်။

 “မင်း ကျန်းချင်းချီနဲ့ တွေ့ဖြစ်ခဲ့ရင် ငါ့ကိုယ်စား စကားတစ်ခွန်း ပြောပေးပါ... သူ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးခဲ့တယ်လို့”

“အခု ချက်ချင်း ထွက်သွားတော့”

ပိုင်မူနင် နောက်သို့လှည့်မကြည့်တော့ဘဲ ရှိသမျှ အားအကုန်သုံးကာ လှေကားပေါ်သို့ ပြေးတက်လိုက်ကာဖြင့် အလင်းရောင် ရှိရာသို့ အစွမ်းကုန် အပြေးနှင်တော့သည်။

အပြင်ဘက်တွင် လမင်းကြီးက ကောင်းကင်ယံအမြင့်တစ်နေရာ၌ တောက်ပစွာ အလင်းဖြာနေသည်။ ပိုင်မူနင် အတော်ကြာအောင် ပြေးပြီးနောက် နောက်ဆုံးတွင် တောအုပ်ထဲ၌ ရပ်လိုက်ပြီး အသက်ကို အမောတကော လုရှူလိုက်ရသည်။

မကြာမီကပင် သူ လွတ်မြောက်လာသည့် နေရာကို လှည့်ကြည့်လိုက်သည်။ ၎င်းမှာ မြို့စွန်ရှိ စွန့်ပစ်ထားသော အဆောက်အအုံတစ်ခုပင်။ လွန်ခဲ့သောနှစ်များစွာက ဆောက်လုပ်ရေး စတင်ခဲ့သော်လည်း လုပ်ငန်းရှင်မှာ ရုတ်တရက် ထွက်ပြေးသွားခဲ့ပြီး မည်သည့်အိမ်ခြံမြေ ကုမ္ပဏီကမျှ လွှဲပြောင်းမယူသဖြင့် အပြီးမသတ်ဘဲ ကျန်နေခဲ့ခြင်းဖြစ်သည်။

အဆောက်အအုံမှာ မြို့စွန်တွင် တစ်ကိုယ်တည်း မတ်တတ်ရပ်နေသကဲ့သို့ ထီးထီးကြီး တည်ရှိနေ၏။ မိနစ်အနည်းငယ်အကြာတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ဟိန်းထွက်လာပြီး အဆောက်အအုံတစ်ခုလုံး ပြိုပျက်ကာ အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားတော့သည်။

ထူထပ်သောမီးခိုးများက ကောင်းကင်ယံသို့ လွင့်တက်သွားပြီး ဥသြဆွဲသံများက ညအမှောင်ထဲ၌ ထိုးဖောက်ကာ ထွက်လာသည်။

ပိုင်မူနင်မှာ ပထမတွင် ဝမ်းသာသွားသော်လည်း ချက်ချင်းဆိုသလိုပင် ခြေလှမ်းများက တုံ့ဆိုင်းသွားခဲ့သည်။

သူ့ စိတ်ထဲတွင် စကားလုံးတစ်လုံးက လှစ်ခနဲ ပေါ်လာသည်။ 
ပြေးတော့...

ဝမ်ကျင်းအပါအဝင် လူတိုင်းက သူပေါက်ကွဲမှုထဲတွင် သေဆုံးသွားပြီဟုသာ ထင်ကြလိမ့်မည်။ 

မုသားများနှင့် စတင်ခဲ့သည့် ဤပတ်သက်မှုကို သူအမြဲလိုလို အဆုံးသတ်ချင်ခဲ့သည်။ ယခုမူ  á€Ąá€€á€ąá€Źá€„်းဆုလးဥခွငအ်ဥရ္းက သူ့ရှေ့တည့်တည့်ကို ရောက်နေပါပြီပင်။ ပိုင်မူနင်အတွက် ဤအခွင့်အရေးကို လက်လွှတ်နိုင်စရာ အကြောင်းပြချက် မရှိချေ။

ထိုအတွေးကြောင့်ပင် သူက တောအုပ်ထဲကို တိုးဝင်ပြီး နောက်ကိုလှည့်မကြည့်ဘဲ ခပ်မြန်မြန်သာ ထွက်လာ၏။ သူ့နောက်ကွယ်တွင် မည်သို့ပင် ရှုပ်ထွေးပျက်စီးနေပါစေ သူ ဂရုမစိုက်တော့ပေ။

လူတစ်ယောက် သေဆုံးသွားသည့်အချိန်တွင် အကြွေးအားလုံး ကျေအေးသွားတတ်သည်ဟူ၏။ သံယောဇဉ် အကြွေးများကလည်း ထိုနည်းတူသာလျှင်။

×××××
 
တစ်ရက်အကြာတွင် ပိုင်မူနင်က ကျင်းနန်နှင့် အလှမ်းဝေးသော Sမြို့၏အောက်ရှိ ရွာငယ်လေးတစ်ခုတွင် သူ၏ ဘာသာရပ်နှင့် သက်ဆိုင်သည့် အလုပ်တစ်ခုကို ရှာတွေ့ခဲ့သည်။ သူ ငါးကြင်းသားဖောက်မွေးမြူရေးလုပ်ငန်းတွင် အလုပ်ဝင်ခဲ့သည်။

ထိုနေ့က သူတောအုပ်ထဲမှ ပြန်ထွက်လာချိန်တွင် သူ၏အနွေးထည်မှာ စုတ်ပြဲနေပြီး အထဲမှ အမွေးနုများ အားလုံးကလည်း ထွက်ကုန်ပြီဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် တစ်ချိန်လုံးပြေးနေရ၍ သူ့ခမျာ အအေးဒဏ်ကို ခံစားနိုင်ရန်အချိန်ပင် မရှိခဲ့ပေ။

သူ့မျက်နှာမှာ ပေပွနေပြီး အဝတ်အစားများတွင် နှင်းများကပ်ငြိနေကာ လမ်းတစ်လျှောက်လုံးလည်း ချော်လဲကာ ဟိုတိုးသည်တိုက်ဖြစ်ခဲ့ရ၏။

နောက်ဆုံး သူ အဝေးပြေးလမ်းမပေါ်ကို ရောက်သွားသည့်တိုင် အချိန်မှာ သန်းခေါင်ယံဖြစ်နေ၍ လမ်းမထက်၌ ယာဉ်သွားလာမှုကလည်း မရှိသလောက် နည်းပါးနေခဲ့သည်။ ပိုင်မူနင်တစ်ယောက် အနှီလမ်းမကျယ်ကြီးထက် တစ်ယောက်တည်း လမ်းလျှောက်နေရသည်ကို ကြောက်ရွံ့စိတ်ဝင်လာခဲ့ရသည်။

လမ်းမီးများလည်းမရှိရာ နှင်းများထက်ရှိ လင်ရောင်၏ အလင်းပြန်မှုကြောင့်သာ ပတ်ဝန်းကျင်ကို ခပ်ရေးရေး မြင်နေရခြင်းပင်။ ထိုမျှ တိတ်ဆိတ်လွန်းသည့် အခြေအနေက ကြောက်ရွံ့မှုကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။

သူကိုယ်တိုင်လည်း ကိုယ်တိုင်မဝေခွဲတတ်တော့ဘဲ တစ်ဖက်တည်းသို့ ဦးတည်ရာမဲ့ ဆက်တိုက် လျှောက်နေခဲ့မိသည်။

မောလာချိန်တွင် ပိုင်မူနင် လမ်းဘေး၌ ထိုင်နားလိုက်သည့်တိုင် အချိန်ကြာအောင် မနေရဲချေ။ ပတ်ဝန်းကျင်တွင် လူသူကင်းမဲ့နေလေရာ သူ့အနေဖြင့် လုံးဝ ဘေးမကင်းသလို ခံစားနေရသည်။

ထိုညက ကားသုံးစီးသာ ဖြတ်သွားခဲ့၏။ ပထမဆုံးကားမောင်းသမား နှစ်ဦးကမူ သူ့တွင် ချူးတစ်ပြားပင်လျှင်မပါ၍ ကားပေါ် တင်ခေါ်ရန်  á€„ဟင်းဆန်ခဲအကဟသည်။

နောက်ဆုံးတစ်‌ယောက်ဖြစ်သည့် ဝူတာ့ဖူဆိုသူကသာ သူ့ကို တင်ခေါ်ပေးခြင်းပင်။

ဝူတာ့ဖူမှာ အသက်ငါးဆယ်ဝန်းကျင်ခန့်ရှိကာ  á€›á€˝á€žá€„á€şá€•á€ťá€•á€ťá€™á€ťá€€á€şá€”á€žá€Źá€–á€źá€„á€ˇá€şá€œá€°á€á€…á€şá€šá€ąá€Źá€€á€şá€–á€źá€…á€şá€€á€Ź သူ ကားမောင်းသည့်အချိန်တွင် သူ၏ဗိုက်မှာ စတီယာရင်နှင့်ပင် ထိလုနီးပါးပင်။

ထိုသူမှာ စကားများရသည်ကို ဝါသနာပါသူဖြစ်ပြီး သားဖောက်ငါးများ တင်ဆောင်လာသည့် ကုန်တင်ကားကို မောင်းနှင်နေခြင်းဖြစ်သည်။ သူက ပိုင်မူနင်နှင့် ဆက်တိုက်ပင် စကားပြောနေခဲ့၏။

သူက ပိုင်မူနင်ကို  á€Šá€žá€”á€şá€¸á€á€ąá€Ťá€„á€şá€šá€śá€Ąá€á€ťá€­á€”á€şá€€á€źá€Žá€¸á€Ąá€á€˝á€„á€şá€¸á€Ąá€˜á€šá€şá€€á€źá€ąá€Źá€„á€ˇá€ş  á€á€ąá€Źá€€á€źá€Žá€¸á€™á€ťá€€á€şá€™á€Šá€şá€¸á€‘á€˛á€›á€ąá€Źá€€á€şá€œá€Źá€€á€Ź ဤမျှ ပေတေစုတ်ပြတ်နေရသလဲဟူ၍ မေးလာသည်။

သူ ဆက်ပြောလာသည်က ပိုင်မူနင်၏ပုံစံကသာ ဖော်ဖော်ရွေရွေ ရှိမနေပါလျှင် သူသည်လည်း ကားမရပ်ပေးရဲလောက်ဟူ၍ပင်။ 

ဤသို့သောနေရာမျိုးက တစ်မျိုးတစ်ဖုံ ခြောက်ခြားစရာကောင်းသည်ပင်။

ပိုင်မူနင် ဇာတ်လမ်းတစ်ခုကို လုပ်ကြံပြောလိုက်သည်။ 
အိမ်ရှိ အစ်ကိုဖြစ်သူက သူသဘောကျသူနှင့် အတင်းအကျပ် လက်ထပ်ခိုင်းနေသဖြင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်းပင်။

ပိုင်မူနင်က အေးအေးဆေးဆေးပင် ပြောပြလိုက်ခြင်း ဖြစ်သော်ငြား ဝူတာ့ဖူကမူ လုံးဝ တည်ငြိမ်မနေနိုင်တော့ပေ။ 

ဝူတာ့ဖူက ပိုင်မူနင် လီဆယ်ဖန်တီးကာ ပြောထားသည့် အစ်ကိုဖြစ်သူကို ပြင်းပြင်းထန်ထန် စတင် ဝေဖန်တော့၏။ 
“ငါတို့ ဘယ်ခေတ်ကိုတောင် ရောက်နေပြီလဲ... အခုထိ လူချင်းမတွေ့ဖူးဘဲ လက်ထပ်တာတွေ၊ အတင်းစီစဉ်တဲ့ အဓိပ္ပာယ်မရှိတဲ့ လက်ထပ်ပွဲတွေ လုပ်နေတုန်းလား... ငါဆို အသက်ငါးဆယ်ကျော်နေပြီ ...ဒါတောင် လူတွေက ကိုယ်ကြိုက်တဲ့သူနဲ့ လွတ်လွတ်လပ်လပ် တွဲပိုင်ခွင့်၊ လက်ထပ်ပိုင်ခွင့်ရှိတယ်ဆိုတာ သိတယ်... မင်းအစ်ကိုက ဘာဖြစ်နေတာလဲ... အရမ်းကို ခေတ်နောက်ကျလွန်းတာပဲ”

“ငါ့သားက မင်းထက် နှစ်နည်းနည်းလောက်ပဲ ကြီးတာ... ငါ သူ့ကို အမြဲပြောတယ် မင်း လက်ထပ်ထပ်၊ မထပ်ထပ် အရေးမကြီးဘူးလို့.... ကလေးယူဖို့ဆိုတာကလည်း မဖြစ်မနေ လုပ်စရာမလိုပါဘူး... အရေးကြီးဆုံးက မင်း တကယ် ဘာလိုချင်တာလဲဆိုတာ သိဖို့ပဲဆိုပြီးလေ”

ဝူတာ့ဖူမှာ စာသေချာမသင်ခဲ့ရသော်ငြား ဘဝပေးသင်ခန်းစာများကိုမူ အများကြီး နားလည်သည်ဟု ဆိုရပေမည်။ ထို့ကြောင့်ပင် ထိုသူမှာ လမ်းတစ်လျှောက်လုံး ပိုင်မူနင်ကို ဘဝအတွက် အကြံဉာဏ်များနှင့် အတွေးအခေါ်တို့အား အားရပါးရပင် ဆုံးမဩဝါဒ ပေးနေခဲ့၏။

ဝူတာ့ဖူက သူ့နာမည်ကို မေးလာသည့်အခါတွင်မူ ပိုင်မူနင်က ခဏမျှစဉ်းစားလိုက်ပြီး ပြောလိုက်သည်။ 
“ကျွန်တော့်နာမည်က ဝမ်နင်ပါ” 

သူ့စိတ်အနက်ရှိုင်းဆုံး တစ်နေရာမှနေ၍ ဝမ်ကျင်းကို သတိရနေမိသဖြင့် ဤအမည်နာမအား မစဉ်းစားဘဲ လွှတ်ခနဲ ပြောလိုက်မိခြင်းသာ။

ပြောပြီးပြီးချင်းမှာပင် သူ နောင်တရသွားခဲ့သည်။ 

ဘာလို့ ဝမ်ကျင်းရဲ့ မျိုးရိုးနာမည်ကို ယူသုံးလိုက်မိတာလဲ... အခုတော့ ဝမ်ကျင်းက ငါ့အစ်ကိုဖြစ်သွားသလိုပဲ...

သို့တိုင် ဝမ်ကျင်းနှင့် ဘယ်တော့မှ ထပ်တွေ့ရတော့မည်မဟုတ်ဟုသာ သူ တွေးလိုက်မိသည်။ 

ဒီတော့ ဒီနာမည်ကို သုံးလိုက်တော့ရော ဘာဖြစ်လဲ... ဝမ်ကျင်းလည်း သိမှာမဟုတ်ဘူး ... ငါ ကြိုက်တာ ပြောလို့ရတာပဲ...

ခရီးဆက်ရင်း နောက်ပိုင်း၌ ပိုင်မူနင်မှာ ငါးမွေးမြူရေးဘာသာရပ်ကို လေ့လာခဲ့သူ ဖြစ်ကြောင်း သိသွားချိန်တွင် ဝူတာ့ဖူက သူနှင့်အတူ ငါးကြင်းမွေးမြူရေးနည်းစနစ်များအကြောင်း စတင်ဆွေးနွေးတော့သည်။

ဝူတာ့ဖူမှာ ထိုရွာ၌ ငါးကြင်းကို ပထမဦးဆုံး စတင်မွေးမြူခဲ့သည့် မွေးမြူရေးသမားပင်။  á€šá€á€Żá€Ąá€á€ťá€­á€”်တွင် သူ၏လုပ်ငန်းက အဆင်ပြေနေပြီဖြစ်သော်ငြား သားဖောက်ငါးများကလည်း တဖြည်းဖြည်း ဈေးကြီးလာသည်။ သယ်ယူရသည့် ခရီးမှာလည်း ဝေးလွန်း၍ ကုန်ကျစရိတ်များက မြင့်သထက်မြင့်လာ၏။ သူကိုယ်တိုင် ငါးသားဖောက်ချင်သည့်တိုင် နည်းစနစ်နှင့်ပတ်သက်၍ ဗဟုသုတမရှိပေ။ 

ယခုမူ ကျွမ်းကျင်ပညာရှင်တစ်ဦးက သူ့ဘေးနားတွင် ထိုင်နေပြီဖြစ်ရာ ဝူတာ့ဖူတစ်ယောက် ဝမ်းသာအားရဖြင့် သူ့ပေါင်ကိုယ်သူ ရိုက်လိုက်ပြီး ပိုင်မူနင်ကို သူ့အိမ်ကို လိုက်ခဲ့ရန်နှင့် ငါးသားဖောက်ရာတွင် ကူညီပေးဖို့ရာ စိတ်အားထက်သန်စွာ ဖိတ်ခေါ်တော့သည်။

ပိုင်မူနင်မှာ သွားစရာ နေရာမရှိချေ။ သူ့တွင် ဖုန်းလည်းမရှိသလို မှတ်ပုံတင်လည်း မရှိသည့်အပြင် ပိုက်ဆံလည်းမရှိလေရာ မည်သည့်နေရာတွင်ဖြစ်ရန် သူ့အတွက် ရှင်သန်နိုင်ရန် အခက်အခဲရှိ၏။

မှတ်ပုံတင်မပါဘဲ သူ မည်သည့်နေရာတွင်မှ အလုပ်ရှာ၍ ရမည်မဟုတ်ချေ။

ပြီးနောက် သူအလုပ်မလုပ်ပါက ငတ်၍ပင်သေသွားနိုင်သေးသည်။

အဘက်ဘက်က စဉ်းစားတွက်ချက်ပြီးနောက် ပိုင်မူနင်တစ်ယောက် ဝူတာ့ဖူ၏ ကမ်းလှမ်းမှုကို လက်ခံလိုက်ကာ သူ၏အရည်အချင်းကို အသုံးချလျက် ဘဝကိုအပြောင်းအလဲလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ရှေ့ဆက်ရမည့် လမ်းခရီးက မည်သို့ဖြစ်လာမည်ကို သူမသိသော်လည်း လက်ရှိတွင်မူ တစ်လှမ်းချင်း ဖြည်းဖြည်းချင်း လှမ်းသွားရန်သာ ရှိတော့သည်။

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ဝူတာ့ဖူ၏အိမ်သို့ ရောက်ရှိကာ အနားယူပြီးနောက် ဝူတာ့ဖူက ပိုင်မူနင်ကို သူ၏ငါးမွေးမြူရေးခြံသို့ လိုက်လံပြသခဲ့သည်။

ဝူတာ့ဖူ၏ခြံမှာ ရွာတွင် အကြီးဆုံးဖြစ်ပြီး စတုရန်းမီတာတစ်ထောင်ကျော် ကျယ်ဝန်းကာ စနစ်တကျ ဖွဲ့စည်းထားသည်။

ငါးကြင်းမွေးမြူရာတွင် အခြားငါးများမွေးမြူခြင်းနှင့် ကွာခြားသည်။ ငါးကြင်းငါးသိုင်း သို့မဟုတ် ငါးခူများအတွက်ဆိုလျှင် ရေကန်တူးပြီး ရေဖြည့်ထားရုံဖြင့်ပင် အလုပ်ဖြစ်၏။

ငါးကြင်းများမှာမူ မြေကြီးနံ့ကို မခံနိုင်ကြပေ။ ထို့ကြောင့် များသောအားဖြင့် ကွန်ကရစ်ကန်များ ဆောက်လုပ်ပြီး အောက်ခြေတွင် ကြွေပြားများ ခင်းထားလေ့ရှိသည်။

ကြွေပြားခင်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နွေရာသီတွင် သန့်ရှင်းရေးလုပ်ရာ၌ ပိုမို လွယ်ကူစေရန်ဖြစ်သည်။

ရာသီဥတုပူနွေးလာသည်နှင့်အမျှ ရေအရည်အသွေးကို ထိခိုက်စေပြီး ရေညှိများက ကန်နံရံနှင့် ရေထဲတွင် လျင်မြန်စွာ ပေါက်ကာတိုးပွားလာတတ်သည်။ ပုံမှန်အားဖြင့် ရေကန်ကို တစ်နေ့တစ်ကြိမ်မျှ သန့်ရှင်းရေး လုပ်ပေးရန် လိုအပ်သည်။

ကြွေပြားများ ရှိနေခြင်းကြောင့် စုတ်တံအကြမ်းဖြင့် တိုက်ချလိုက်ရုံဖြင့် သန့်ရှင်းသွားနိုင်သည်။

လမ်းလျှောက်နေရင်း ဝူတာ့ဖူက ပြောပြသည် ။

 “ဒီကန်တွေက အကုန်လုံး ငါးကြင်းတွေအတွက်ပဲ... ကြည့်လို့ကောင်းတယ်မလား... အကောင်တွေက ၅၀ စင်တီမီတာကျော်လာပြီဆိုရင် ဈေးကောင်းရပြီ... အကောင်သေးသေးလေးတွေတောင် ဈေးက သိပ်မဆိုးဘူးကွ”

“မွေးမြူရေးကာလကကြာပေမဲ့ အမြတ်ကတော့ ကောင်းပါတယ်...ငါတို့မိသားစု ဒီလုပ်ငန်းနဲ့ စီးပွားဖြစ်လာတော့ ရွာထဲက တခြားလူတွေလည်း လိုက်လုပ်ကြတာပေါ့”

“ငါပြောပြမယ် ငါအဂုဏ်ယူဆုံးကတော့ ဒီ ရိန်းဘိုးထရောက်ငါးအုပ်စုပဲ (Rainbow Trout-မြောက်အမေရိက၊ ပစိဖိတ်ကမ်းခြေမှာတွေ့နိုင်တဲ့ ငါးမျိုးပါတဲ့)... ကြည့်စမ်း ဘယ်လောက်တောင် ကြီးနေပြီလဲဆိုတာ... သူတို့က နှစ်တိုင်း ဈေးအမြင့်ကြီးနဲ့ ရောင်းရတာ”

ရိန်းဘိုးထရောက် (Rainbow Trout) ငါးများ၏ အသားမှာ ဆယ်လ်မွန် (Salmon) ငါးနှင့် ဆင်တူသဖြင့် ဈေးကွက်ထဲရှိ ရောင်းသူ တော်တော်များများက ဆယ်လ်မွန်အစားထိုးအဖြစ် အသုံးပြုတတ်ကြသည်။

“ဒီည မင်းဒေါ်လေးကို တစ်ကောင်လောက် ချက်ခိုင်းလိုက်မယ်... တကယ် အရသာရှိတာ... လူအများစုကတော့ အစိမ်းစားရတာကို ကြိုက်ကြပေမဲ့ ငါကတော့ ရိုးရာအတိုင်း ချက်စားတာကိုပဲ ပိုသဘောကျတယ်”

ပိုင်မူနင်က ပြုံးပြီး “ကျေးဇူးတင်ပါတယ် ဦးလေးဝူ” ဟုသာ ပြန်ပြောလိုက်၏။

ဆက်လျှောက်သွားရင်းနှင့်ပင် ဝူတာ့ဖူက စိတ်လှုပ်ရှားစွာ ပြောလာပြန်၏။ 

“ရှောင်နင် လာကြည့်ဦး... ဒါက ငါ့ရဲ့ အသည်းစွဲ အဖိုးတန်လေးလေ”

အရှည်နှစ်မီတာကျော်မျှရှိသည့် ငါးကြင်းကြီးတစ်ကောင်က ရေကန်ထဲတွင် ကူးခတ်နေသည်။ အလေးချိန်အားဖြင့် ကျင်း၂၀၀ မှ ၃၀၀ (၁၀၀ ကီလိုဂရမ်ကျော်)ကြား ရှိမည်ဟု ခန့်မှန်းရသည်။

ငါးကြင်းများက အရွယ်အစားကြီးမားသည့်တိုင် အေးဆေးနေတတ်သည့် သဘောသဘာဝရှိပြီး ရန်လိုတတ်သည့် ငါးမျိုး မဟုတ်ပေ။

ဝူတာ့ဖူက ပြောလာသည်။ 
“ငါ ဒီကောင်ကိုမွေးထားတာ နှစ်တော်တော်ကြာပြီ... လူတွေအများကြီးက ဝယ်ဖို့ ကမ်းလှမ်းကြပေမဲ့ ငါ မရောင်းဘူး”

“ငါ ငါးစမွေးတုန်းက ဘာမှနားမလည်ဘဲ ကိုယ့်ဟာကိုယ် စမ်းတဝါးဝါး လုပ်ခဲ့ရတာ... ဒီငါးက အဲဒီတုန်းက ပထမဆုံး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အကောင်တွေထဲက တစ်ကောင်ပဲ... ဒါကြောင့် ဒီနှစ်တွေအထိ ဆက်မွေးထားတာ... သူ့အပေါ် သံယောဇဉ် တော်တော်ရှိနေပြီ”

ထို့နောက်တွင်မူ ဝူတာ့ဖူက ပိုင်မူနင်ကို အလင်းရောင် မှိန်ပျပျလေးသာရှိသည့် အခန်းတစ်ခုထဲ ခေါ်သွား၏။ ထိုနေရာတွင် ထူးဆန်းပြီး ရှားပါးသည့် ငါးမျိုးစုံကို မွေးမြူထား၏။


💊💊💊

ကျိုးချောင်ကို သနားတယ်😭💊 
 

Search Novels