Chapter 56
ဝမ်ကျင်းမရှိတဲ့ နေ့ရက်တွေစတင်လာတဲ့အခါ


ထိုထဲတွင် ပိုင်မူနင် ခွဲခြားနိုင်သည်ဟူ၍  á€§á€›á€Źá€™á€„ဍးပုတ်သင်ကဟဎးသဏရသိသည်။ ကျန်အကောင်များကမူ မြင်ဖူးသလိုလို ရှိသည့်တိုင် အမည်ကိုမူ မခေါ်တတ်ချေ။

နောက်ဆုံးဤ ဝူတာ့ဖူက သူ့ကို တကယ့်လုပ်ငန်းခွင်ထံ ခေါ်သွားသည်။

သားဖောက်ငါးများကို သီးသန့်ကွန်တိန်နာကန်များထဲ၌ ထည့်ထားပြီးဖြစ်သည်။ သယ်ယူပို့ဆောင်ရာ၌ ကွန်တိန်နာများကို အောက်ဆီဂျင် ဖြည့်ထားတာကြောင့် ငါးများ၏ အခြေအနေမှာ ကောင်းမွန်နေဆဲပင်။ ဒေသခံ ရေအမျိုးအစားနှင့် အသားကျသွားပြီးနောက် ငါးလေးများက ပျော်ပျော်ရွှင်ရွှင် ကူးခတ်နေကြ၏။

ထိုညနေခင်းတွင် ပိုင်ရှင်လင်မယားနှင့် အလုပ်သမားအချို့က ပိုင်မူနင်အတွက် လူနည်းစုဖြင့် ကြိုဆိုပွဲညစာစားပွဲလေး ကျင်းပပေးခဲ့ကြသည်။

ဟင်းပွဲအားလုံးက ငါးကန်ထဲမှ တိုက်ရိုက်ဖမ်းယူထားသော ငါးများပင်။ ထိုအထဲတွင် အကောင်းဆုံးမှာ ငါးကြင်းဖြစ်သည်။ အခြားငါးများနှင့်မတူဘဲ ငါးကြင်းမှာ ဦးခေါင်းရှိ အရိုးမာများမှလွဲ၍ တစ်ကောင်လုံးနီးပါး စား၍ရသည်။ အရိုးနုလေးများသာ ရှိသဖြင့် အသားမှာ အလွန်နူးညံ့ပြီး အရသာမှာလည်း အခြားငါးများထက် ပိုကောင်းသောကြောင့် ဈေးနှုန်းမှာ အတော်အတန် မြင့်မားသည်။

ဝူတာ့ဖူက ငါးကြီးဥဆားနယ် (Caviar) ကိုပင် ထုတ်ကျွေးခဲ့သည်။ လူတိုင်းက အသစ်အဆန်းအဖြစ် ဇွန်းဖြင့် အဝစားကြည့်ကြ၏။ ထိုငါးဥများကို လွန်ခဲ့သော နှစ်ရက်ခန့်က ငါးအမကြီးဗိုက်ထဲမှ ထုတ်ယူထားခြင်းဖြစ်သည်။ မူလက သားဖောက်ရန် ရည်ရွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် ဝူတာ့ဖူက အချို့ကို ရောင်းပြီး ကျန်သည်တို့ကို သူကိုယ်တိုင်စားရန် သိမ်းထားခြင်းဖြစ်သည်။

ပိုင်မူနင်အတွက်မူ ယင်းက ပထမဆုံးအကြိမ် ငါးဥအနှစ် စားဖူးခြင်းဖြစ်သည်။ အရသာကို ဖော်ပြရခက်သော်လည်း သူ့အနေဖြင့် ထိုအရသာကို စိတ်ထဲမှ အလွန်အမင်းရွံရှာမိပြီး ထွေးထုတ်ပစ်ချင်စိတ်ပင် ပေါက်နေသည်။ သို့သော်လည်း အလွန်ဈေးကြီးမှန်း သိထားသဖြင့် အတင်းပင်မြိုချလိုက်ရသည်။

ထိုငါးဥများကို စားနေစဉ် ပိုင်မူနင်မှာ ဝမ်ကျင်းနှင့်ပတ်သက်သော အရာတစ်ခုကို အကြောင်းမဲ့ တွေးမိသွားသည်။ ထိုအရာသည်လည်း မျိုးပွားခြင်းနှင့် သက်ဆိုင်သည့်တိုင် ဝမ်ကျင်း၏ အရည်များက သူ့ကိုဤမျှအထိ ရွံရှာမှု မဖြစ်စေခဲ့ဖူးချေ။ ဝမ်ကျင်းက သူ့ကို အတင်းမြိုချခိုင်းပြီး မထွေးထုတ်ရန် ချော့မော့တတ်ပုံကို ပြန်သတိရမိသည်။ တစ်ခါက ထိုအရည်များ လည်ချောင်းထဲ တိုက်ရိုက်ဝင်သွားသဖြင့် သူ အပြင်းအထန် ချောင်းဆိုးခဲ့ဖူးသည်ကိုလည်း သတိရမိသည်။

ထိုအကြောင်းများကို တွေးမိချိန်တွင် ပိုင်မူနင်၏ နှလုံးသားထဲတွင် တစ်စုံတစ်ခု လိုအပ်နေသည့်အတိုင်း ဟာတာတာဖြင့် နာကျင်မှုကို ခံစားလိုက်ရသည်။ 

ဘာများ လိုနေတာပါလိမ့်...

ဝမ်ကျင်းလား...

ဝူတာ့ဖူ၏ နေရာမှာ တော်တော်လေး ကျယ်ဝန်းသဖြင့် အလုပ်သမားတိုင်း တစ်ယောက်တစ်ခန်းစီ ရကြသည်။ သူ၏အခန်းထဲသို့ ပြန်ရောက်သောအခါ ပိုင်မူနင်မှာ အတွေးများနှင့်အတူ ဝမ်းနည်းလာမိသည်။ ယမန်နေ့ကမူ သူကြောက်လန့်နေခဲ့သဖြင့် ဘာမှမခံစားရသော်လည်း ယနေ့ညတွင်မူ အရာအားလုံး တိတ်ဆိတ်သွားသည့်အခါ ဝမ်းနည်းမှုက အလုံးအရင်းလိုက် တိုးဝင်လာသည်။

သူ အိပ်ရာပေါ်တွင် လှဲလျောင်းရင်း လီအန်းချီ သူ့ကို စိတ်ပူနေမလားဟု တွေးမိသည်။ 

ငါ ဘေးကင်းကြောင်း ဖုန်းဆက်ပြောသင့်သလား...

သို့သော်လည်း သူထိုအတွေးကို ချက်ချင်းပြန်ဖျောက်လိုက်သည်။ 
နောက်မှပဲ စဉ်းစားတော့မယ်…

မအိပ်စက်မီ ပိုင်မူနင်က သူ၏တစ်နေ့တာကို ပြန်လည်သုံးသပ်ကြည့်လိုက်သည်။ ဝမ်ကျင်းမရှိဘဲ ကုန်ဆုံးခဲ့သည့် ဤနေ့ရက်မှာ အဆင်ပြေသလိုလိုရှိသော်လည်း ရံဖန်ရံခါတော့ ဝမ်းနည်းမိဆဲပင်။

နောက်တစ်နေ့ မနက်စောစောတွင် ပိုင်မူနင်တစ်ယောက် အိပ်မက်ထဲမှပေါက်ကွဲသံကြီးကြောင့် လန့်နိုးလာရသည်။ သူက အိပ်ရာပေါ်တွင် ထိုင်လျက် အသက်ကိုပြင်းပြင်းရှူနေမိပြီး နဖူးပေါ်တွင်လည်း ချွေးများစိုရွှဲနေသည်။ တစ်ရက်ကျော်သွားပြီဖြစ်သော်လည်း ကျိုးချောင် သေဆုံးသွားသည့်အတွေးက သူ့ကို တုန်လှုပ်နေစေဆဲသာ။ ကျိုးချောင်သာ နည်းနည်းလေး ပိုရက်စက်ခဲ့လျှင် သူသည်လည်း ယခုအချိန်တွင် အရိုးပင် ကျန်မည်မဟုတ်ပေ။

နေ့သစ်စတင်သည်နှင့် ပိုင်မူနင် အလုပ်စလုပ်တော့သည်။ သူ၏ အဓိကအလုပ်မှာ ငါးစာကျွေးခြင်းနှင့် အသေးအဖွဲ့အလုပ်များ ကူလုပ်ပေးခြင်းဖြစ်သည်။ နှစ်သစ်ကူးပြီးလျှင် ငါးသားဖောက်သည့်အလုပ်ကို စကူခိုင်းမည်ဟု ဝူတာ့ဖူက ပြောထားသည်။

သားဖောက်ငါးလေးများကို အစာကျွေးရန် မလိုသေးသော်လည်း နောက်ရက်အနည်းငယ်ရောက်လျှင် တီကောင်နီလေးများကို ထောင်းပြီး ကျွေးရမည်ဖြစ်သည်။ ငါးကြီးများကို အစာကျွေးရသည်မှာ ပိုလွယ်ကူသည်။ အစာလုံးလေးများကို လှည်းဖြင့်တွန်းကာ ကန်ထဲသို့ ပက်ကျွေးရုံသာ။

ပထမဆုံးနေ့တွင် ပိုင်မူနင်က ငါးကန်များကြားရှိ ၃၀ စင်တီမီတာသာ ကျယ်သော လမ်းကျဉ်းလေးပေါ် လျှောက်နေစဉ် ဟန်ချက်ပျက်ကာ ၂ မီတာကျော်နက်သော ငါးကန်ထဲသို့ ပြုတ်ကျသွားခဲ့သည်။ ကံကောင်းစွာဖြင့် သူ ရေကူးတတ်သဖြင့် ကန်ဘောင်ကိုအနိုင်နိုင်ဆွဲကာ ပြန်တက်လာနိုင်ခဲ့သည်။ ရေအချို့ဝင်သွားရာ ထိုရေများ၏အရသာမှာ အတော်ဆိုးဝါးလှသည်ဟု သူတွေးမိသည်။

ဝမ်ကျင်းမရှိသော ဒုတိယမြောက်နေ့မှာလည်း ကံမကောင်းခဲ့ပေ။

တတိယမြောက်နေ့တွင် ပိုင်မူနင်က ပိုသတိထားလာသည်။ သူ လမ်းကျဉ်းလေးများကို ရှောင်ပြီး ကျယ်ဝန်းသောနေရာများမှသာ ငါးစာကျွေးတော့သည်။ ရေအေးအေးနှင့် ချိုးရသည်မှာ ပြဿနာမရှိသော်လည်း ကန်ရေကို သောက်ရသည်မှာ မလွယ်လှကူချေ။ ယမန်နေ့က ကန်ရေဝင်သွားသဖြင့် ညက ဝမ်းလျှောခဲ့သေးသည်။

ဝမ်ကျင်းမရှိသော တတိယမြောက်နေ့တွင် သူဘဝကို ဂရုတစိုက်နှင့် ဖြတ်သန်းခဲ့ရသည်။

စတုတ္ထမြောက်နေ့ကမူ နှစ်သစ်ကူးအကြိုနေ့ ဖြစ်သည်။ အလုပ်သမားအားလုံး အိမ်ပြန်သွားကြသဖြင့် ပိုင်မူနင်တစ်ယောက်တည်း ကျန်ခဲ့သည်။ ညနေခင်းတွင် ဝူတာ့ဖူက သူ့ကို ညစာအတူစားရန် ဖိတ်ခေါ်လာသည်။ သူတို့၏ သားဖြစ်သူမှာ မြို့ပြင်မှာ နေသဖြင့် မပြန်လာနိုင်ဘဲ နှစ်တိုင်း လင်မယားနှစ်ယောက်တည်း ကျင်းပခဲ့ကြရခြင်းဖြစ်သည်။

ထမင်းဝိုင်းတွင် ဝူတာ့ဖူက 'ငါ့သား ဘယ်နေရာမှာ ရှိနေပါစေပဲ အဆင်ပြေနေရင်ပြီးတာပါပဲ' ဟုသာ ပြောနေသော်လည်း ထိုစကားများနောက်ကွယ်မှ လွမ်းဆွတ်မှုကို ပိုင်မူနင် ခံစားမိသည်။ သူတို့က သူတို့၏ကလေးကို တကယ် လွမ်းနေကြခြင်းပင်။

ဒါဆို ငါ့ကိုရော ဘယ်သူက လွမ်းနေမှာလဲ...

ပိုင်မူနင် နှာချေလိုက်ပြီး ဝူတာ့ဖူပေးသော အရက်ဖြူခွက်ကို လှမ်းယူလိုက်သည်။ သူလည်း မူးသွားချင်နေမိသည်။ သူတို့ သန်းခေါင်ယံအထိ စားသောက်ကြပြီးနောက် ပိုင်မူနင် အိပ်ရာသို့ ပြန်လာခဲ့သည်။ ခေါင်းများမူးနောက်နေသဖြင့် ခဏချင်းပင် အိပ်ပျော်သွားတော့သည်။

ဝမ်ကျင်းမရှိသော စတုတ္ထမြောက်နေ့တွင် သူမှင်သက်မိန်းမောနေရင်းသာ ဖြတ်သန်းခဲ့ရ၏။

ပိုင်မူနင်မှာ သူ၏နေ့ရက်များက ဤကဲ့သို့ အေးအေးချမ်းချမ်း ဆက်ရှိနေမည်ဟုသာ ထင်ခဲ့သည်။ အခြေအနေများ ငြိမ်သက်သွားလျှင် ပိုက်ဆံအနည်းငယ်စုပြီး သူသွားချင်ရာ သွားမည်ဟု စိတ်ကူးထားသည်။ သို့သော်လည်း သူ၏ ထွက်ပြေးမှုမှာ ခြောက်ရက်သာခံလိုက်သည်။

ဝမ်ကျင်းက သူ့ကို ရှာတွေ့သွားခဲ့ပြီပင်။

×××××

နှစ်သစ်ကူး၏ ပထမဆုံးနေ့မနက်ခင်းတွင် ပိုင်မူနင်က အရက်နာကျသည့်ဝေဒနာနှင့်အတူ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲမတတ် နာကျင်ကိုက်ခဲလျက် နိုးလာခဲ့သည်။ ဤမျှအထိ နေထိုင်မကောင်းဖြစ်မည်မှန်း ကြိုသိခဲ့ပါက ယမန်နေ့ညက အရက်ဖြူကို ဘယ်လိုအခြေအနေမျိုးတွင်မှ သူ  á€á€­á€Żá€ˇá€‘á€­á€á€˛á€ˇá€™á€Šá€şá€™á€Ÿá€Żá€á€şá€•á€ąá‹

ဝူတာ့ဖူကမူ အရက်ချိုးဖြစ်ရာ အရက်ဖြူခွက်များကို ရေသောက်သကဲ့သို့ တစ်ခွက်ပြီးတစ်ခွက် မော့နေခဲ့သည်။ ပိုင်မူနင်မှာ မူးဝေနောက်ကျိနေပြီ ဖြစ်သော်လည်း ဝူတာ့ဖူကမူ ဆက်တိုက်သောက်နေခဲ့သည်။ ဒေါ်လေးဝူက စိတ်တို၍ အော်ဟောက်လိုက်သောအခါမှသာ သူက သောက်ခြင်းကို ရပ်တန့်လိုက်တော့သည်။

ဝူတာ့ဖူက အမြဲတမ်းလိုလို မိမိအလိုအတိုင်းသာ လုပ်တတ်သည့် ဗိုလ်ကျစိုးမိုးသူတစ်ဦးကဲ့သို့ ထင်ရသော်လည်း တကယ်တမ်း၌မူ ထိုသူမှာ ဇနီးသည်ကို အလွန်ကြောက်ရသောသူ ဖြစ်သည်။ အိမ်တွင်းကိစ္စများတွင် ဒေါ်လေးဝူ၏ စကားမှာ အတည်ပင်ဖြစ်လေ၏။

ထိုနေ့က လဆန်းတစ်ရက်နေ့ ဖြစ်သောကြောင့် အလုပ်သမားတစ်ဦးမျှ အလုပ်မဆင်းကြပေ။ ပိုင်မူနင်ကမူ ဤနေရာတွင်ပင် နေထိုင်စားသောက်နေသူဖြစ်ပြီး အခြားလုပ်စရာလည်း မရှိသဖြင့် မနက်စောစောထ၍ အသစ်သားဖောက်ထားသောငါးကြင်းလေးများကို သွားရောက်စစ်ဆေးပြီးနောက် ငါးစာကျွေးရန် ပြင်ဆင်လေသည်။

သို့သော်လည်း အရက်နာကျခြင်းနှင့် ခေါင်းကိုက်ခြင်းတို့က သူ့ကိုနှောင့်ယှက်နေခဲ့သည်။ သူက အိပ်ရာဘေးတွင်ထိုင်လျက် ခေါင်းနောက်ဘက်ရှိ ‘ဖုန်းချီ’ အကြောမှတ်ကို ခေတ္တမျှ နှိပ်နေပြီးနောက်မှသာ နာကျင်မှုမှာ အနည်းငယ် သက်သာသွားတော့သည်။

ခေါင်းကိုက်ခြင်းက သက်သာသွားသော်လည်း သူ၏နှလုံးသားထဲတွင်မူ ပို၍ဟာတာတာဖြစ်လျက် ကျန်ရစ်သည်။ ပိုင်မူနင်မှာ သူ၏ဘဝတွင် ဝမ်ကျင်းနှင့် တစ်ခါလေးပင် အမှန်တကယ် ကွဲကွာမသွားခဲ့သလို ခံစားနေရသည်။ 

အကြောင်းမှာ သူ ယခုအသုံးပြုနေသော လက်တွေ့ဘဝရှင်သန်မှု အတတ်ပညာအားလုံးက ဝမ်ကျင်း သင်ကြားပေးခဲ့သည်များသာ ဖြစ်၍ပင်။

သူ့စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ဝမ်ကျင်းက တစ်နည်းအားဖြင့် သူ့မိဘများနှင့်တူ၏။ သူ၏ နေ့စဉ်ဘဝထဲတွင် ဝမ်ကျင်းနှင့် ခွဲခြား၍မရအောင် ရောယှက်နေခဲ့သဖြင့် သူဘယ်နေရာကိုကြည့်ကြည့် ဝမ်ကျင်း၏ ခြေရာလက်ရာများကိုသာ တွေ့နေရသည်။ သူ  á€á€…်စုလတစ်ရဏကို အသုံးချတိုင်း ဝမ်ကျင်းကိုသာ အလွယ်တကူ သတိရနေမိသည်။ ၎င်းမှာ တကယ့်ကိုကျိန်စာတစ်ခုနှင့် တူလှ၏။

သူမြေအောက်ခန်းထဲတွင် ပိတ်လှောင်ခံထားရကတည်းက တည်ငြိမ်စွာနေနိုင်ရန်၊ မိမိကိုယ်ကိုကာကွယ်ရန်၊ ထွက်ပြေးရန်နှင့် ရှင်သန်ရန်အတွက် ဝမ်ကျင်းသင်ပေးထားသော နည်းလမ်းများကိုသာ အသုံးပြုနေခဲ့ခြင်းဖြစ်သည်။ ဝမ်ကျင်းသင်ပေးခဲ့သော အသိပညာဗဟုသုတများသာ မရှိခဲ့ပါက ပိုင်မူနင်မှာ ယခုချိန်တွင် မြေအောက်ခန်းထဲ၌ပင် ကြောက်စိတ်မွှန်လျက် သေဆုံးနေလောက်ပြီ ဖြစ်သည်။

သူ အိပ်ရာမှထ၍ အသစ်သားဖောက်ထားသော ငါးကြင်းလေးများ၏ ကြီးထွားမှုကို သွားရောက်စစ်ဆေးရာ ငါးလေးများမှာ ရေမြေနှင့် ကောင်းစွာ အသားကျနေသည်ကို တွေ့ရသည်။ နောက်ထပ် ရက်အနည်းငယ်အကြာတွင် တီကောင်နီလေးများကို စတင်ကျွေးနိုင်တော့မည်ဖြစ်သည်။

သူ ဖန်လုံအိမ်ထဲမှထွက်လာပြီး ငါးကြင်းကြီးကို သွားရောက်ကြည့်ရှုရန် ပြင်နေစဉ် ဒေါ်လေးဝူက လှမ်းခေါ်လာသည်။ 
“ရှောင်နင် လာဦးလေ... ကော်ပြန့်ထုပ် စားရအောင်”  

ပိုင်မူနင်သည်လည်း ပြန်ထူးလိုက်ပြီး မနက်စာစားရန် မီးဖိုချောင်သို့ ဦးတည်လိုက်လေသည်။

ပုံမှန်အားဖြင့် ဒေါ်လေးဝူကိုယ်တိုင်သာ ချက်ပြုတ်လေ့ရှိပြီး လူအလွန်များ၍ အလုပ်ရှုပ်သည့် အခါမျိုးမှသာ အခြားသူကို ငှား၍ ကူခိုင်းတတ်ခြင်း ဖြစ်သည်။

ယေဘုယျအားဖြင့်ဆိုလျှင် အိုးကြီးချက်ဟင်းများမှာ စား၍ရရုံမျှသာဖြစ်ပြီး အရသာမှာမူ အသင့်အတင့်သာရှိလေသည်။ ထို့ကြောင့်လည်း မည်သူမျှ ထိုဟင်းများ၏ အရသာကို အထူးတလည် အာရုံမစိုက်ကြပေ။

ယခင်က ပိုင်မူနင် ငါးမွေးမြူရေးစခန်းတွင် အလုပ်သင်ဆင်းခဲ့စဉ်ကလည်း ထိုကဲ့သို့ပင် ဖြစ်ခဲ့ဖူးသည်။

မွေးမြူရေးခြံရှိ အလုပ်များက ကိုယ်လက်လှုပ်ရှား လုပ်ကိုင်ရသော အလုပ်ကြမ်းများဖြစ်သော်လည်း အစားအသောက်မှာမူ စား၍ရရုံမျှသာ ရှိလေသည်။ ထို့ကြောင့် ငါးရက်မျှ အလုပ်လုပ်ပြီးနောက်တွင် ပိုင်မူနင်၏ ကိုယ်အလေးချိန်မှာ ငါးကျင်းခန့် ကျဆင်းသွားခဲ့ဖူး၏။

သို့သော် ဒေါ်လေးဝူမှာမူ ထိုသူများနှင့် မတူဘဲ အစားအသောက်ကို အလွန်ပင် စိတ်ပါလက်ပါ ချက်ပြုတ်တတ်သူဖြစ်သည်။ ပိုင်မူနင် ဤနေရာသို့ ရောက်ရှိလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူ၏ကိုယ်အလေးချိန်မှာ နှစ်ကျင်းခန့် တိုးလာခဲ့ပြီပင်။

(T/N - တစ်ကျင်းက တစ်ပေါင်ခွဲနီးနီးနဲ့တူပါတယ်)

နှစ်သစ်ကူး၏ ပထမဆုံးနေ့ မနက်ခင်းတွင် ဒေါ်လေးဝူက စောစောထ၍ ကော်ပြန့်ထုပ်များ ပြုလုပ်လေသည်။ အသားဌာပနာနှင့် ကော်ပြန့်အပေါ်ယံလွှာများကိုလည်း လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားခြင်းဖြစ်သည်။

သူမက ပိုင်မူနင် ဝက်သားမကြိုက်တတ်ကြောင်း သိထားသဖြင့် ကော်ပြန့်ထုပ်အားလုံးကို အမဲသားဌာပနာများဖြင့်သာ ထည့်ပေးထားလေသည်။

သူ့အတွက် ရှာလကာရည်နှင့် ပဲငံပြာရည်တို့ကို ပြင်ဆင်ပေးနေရင်း ဒေါ်လေးဝူက ပြောလာသည်။ 

"ရှောင်နင် များများစားနော်" 

"ကျေးဇူးတင်ပါတယ် ဒေါ်လေးဝူ" 

“ဘာလို့ ကျေးဇူးတင်နေတာလဲကွယ်... မင်းကို မြင်ရတာ ငါ့သားအရင်းလေးကို မြင်ရသလိုပဲ... ငါမင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမှာပေါ့”

ဒေါ်လေးဝူက ဆက်၍ပြောသည်။ 
“ငါ့သားက အလုပ်တွေ အရမ်းရှုပ်နေတာ... သူ အိမ်မပြန်လာတာတောင် နှစ်တော်တော်ကြာပြီ... ဘာတွေ အဲဒီလောက် အလုပ်ရှုပ်နေမှန်းလည်း မသိပါဘူး... ဖုန်းဆက်လိုက်ရင်လည်း သူက အမြဲတမ်းစိတ်တိုနေတဲ့ လေသံနဲ့ပြောနေတာ... အချိန်အတော်ကြာလာတော့ ငါတို့လည်း သူ့ကို သိပ်မနှောင့်ယှက်တော့ဘူး” 

“အိုင်းယား... ကလေးတွေက အတောင်စုံလာရင် အဝေးကို ပျံသန်းချင်ကြတာပဲ... ဒါပေမဲ့ လူတွေက အိုမင်းလာတဲ့အခါကျတော့ အိမ်မှာပဲ အေးအေးဆေးဆေး နေချင်ကြတော့တာ... ဘယ်သူမှတော့ မမှားပါဘူး အမြင်ချင်း မတူကြတာပါပဲ”

ပိုင်မူနင် စားသောက်ပြီးသွားသောအခါ ဒေါ်လေးဝူက သူမ၏ အိတ်ကပ်ထဲမှ စာအိတ်နီတစ်ခုကို ထုတ်လိုက်ပြီး ပြောပြောဆိုဆိုပင် ကမ်းပေးလာသည်။ 
“ရှောင်နင် နှစ်သစ်မှာ ပျော်ရွှင်ပါစေ”  

“ဒေါ်လေးဝူ ဒါကို ကျွန်တော် လက်မခံပါရစေနဲ့” 
ပိုင်မူနင်က အမြန်ပင် ပြန်၍တွန်းဖယ်လိုက်လေသည်။ အကယ်၍ ဝူတာ့ဖူကသာ သူ့ကို လက်ခံပြီး ဤနေရာတွင် အလုပ်ပေးမထားခဲ့၍မဟုတ်ပါက သူ ယခုအချိန်တွင် လမ်းဘေး၌ပင် ငတ်ပြတ်နေလောက်ပြီဖြစ်သည်။

သူတို့က သူ့အပေါ် အမြဲကောင်းပေးခဲ့ကြသဖြင့် ပိုင်မူနင်အနေဖြင့် အားနာလွန်းရရာ စာအိတ်နီကို လက်မခံနိုင်ပေ။

“ဒီကလေးကတော့ အားနာတတ်လိုက်တာ... မင်းက ငါတို့အိမ်မှာ နေတာဆိုတော့ ငါတို့ကလေးလိုပါပဲ... မင်းကို စာအိတ်နီပေးတာ ဘာဖြစ်လို့လဲ”  
ဒေါ်လေးဝူက ပြောသည်။ 
“ရှောင်နင် လိမ်လိမ်မာမာနဲ့ ဒါကိုယူလိုက်ပါ... အများကြီးလည်း မဟုတ်ပါဘူး... မုန့်ဖိုးနည်းနည်းလေးပါပဲ”

ပိုင်မူနင်က ဆက်လက်ငြင်းဆိုရန် ကြိုးစားနေစဉ်မှာပင် ဝူတာ့ဖူက မီးဖိုချောင်တံခါးကို တွန်းဖွင့်၍ ဝင်လာပြီးဆို၏။
“ရှောင်နင် ယူလိုက်စမ်းပါ... ဘာလဲ မင်းရဲ့သူဌေးက မင်းကို စာအိတ်နီတောင် ပေးလို့မရတော့ဘူးလား” 

ပိုင်မူနင်မှာ အတော်လေး တုံ့ဆိုင်းနေပြီးနောက်မှသာ ထိုဇနီးမောင်နှံပေးသည့် စာအိတ်နီကို လက်ခံလိုက်တော့သည်။ 

“ကျေးဇူးတင်ပါတယ် ဦးလေးဝူနဲ့ ဒေါ်လေးဝူ... ကျွန်တော်အပြင်ထွက်ပြီး ငါးစာသွားကျွေးလိုက်ပါဦးမယ်”

သူတံခါးကိုဖွင့်၍ အပြင်သို့ ထွက်လာခဲ့စဉ် စိတ်ထဲ၌ ခံစားချက်မျိုးစုံရောပြွန်းနေပြီး ငိုချင်စိတ်ပင် ပေါက်လာခဲ့သည်။

သူ၏မိဘများ ကွယ်လွန်သွားခဲ့သည့်အချိန်မှစ၍ စာအိတ်နီများမရရှိတော့သည့်အပြင် နှစ်သစ်ကူးကို ဖြတ်သန်းရန်နေရာပင် မရှိခဲ့ပေ။

အခြားသူများက မိသားစုနှင့်အတူ ပြန်လည်ဆုံစည်းနေချိန်တွင် သူကမူ အမြဲလိုလို တစ်ယောက်တည်းသာ ရှိနေခဲ့ရသည်။

ထိုကြောင့်ပင် ပိုင်မူနင်က နားခိုရာအိမ်တစ်လုံးကို အလွန်အမင်း တောင့်တခဲ့ခြင်းဖြစ်သည်။ အခြေတကျရှိသော အသိုက်အမြုံတစ်ခုရှိခြင်းက အိမ်ရှိခြင်းဟုသာ သူယုံကြည်ခဲ့သည်။

ယခု ပြန်လည်စဉ်းစားကြည့်မှသာ အိမ်ဆိုသည်မှာ အဆောက်အအုံတစ်ခုမဟုတ်ဘဲ အိမ်အပြန်ကို စောင့်ကြိုနေသည့် လူများသာ ဖြစ်ကြောင်း သိလိုက်ရသည်။

သူ အပြင်သို့ တစ်လှမ်းလေးပင် မလှမ်းရသေးမီ နောက်ဘက်မှ ဝူတာ့ဖူ၏ စိုးရိမ်တကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။ 

“မိန်းမ ဘာဖြစ်တာလဲ... ငါ့ကို မခြောက်ပါနဲ့... သတိထားပါဦး”

“မိန်းမ ငါ့ကို ကြည့်ပါဦး... ငါ တကယ် ကြောက်တယ်လို့”

လူများမှာ ကြောက်ရွံ့မှုနှင့်ရင်ဆိုင်ရလျှင် ဦးတည်ချက် ပျောက်ဆုံးသွားတတ်ကြသည်။ ယခုလည်း ဝူတာ့ဖူမှာ အလွန်အမင်း ထိတ်လန့်တကြားဖြစ်နေပြီး ဘာလုပ်ရမည်ကို လုံးဝမသိတော့ပေ။

ပိုင်မူနင် လှည့်ကြည့်လိုက်သောအခါ လွန်ခဲ့သည့်တစ်ခဏကပင် ကောင်းကောင်းမွန်မွန်ရှိနေခဲ့သည့် ဒေါ်လေးဝူမှာ ယခုအခါ ဝူတာ့ဖူ၏ ရင်ခွင်ထဲတွင် သတိမေ့မြောနေသည်ကို တွေ့လိုက်ရသည်။

သူ လူနာ၏အခြေအနေကို စစ်ဆေးရန် အမြန်အနားသို့ သွားလိုက်သည်။ သူ သူမ၏ သွေးခုန်နှုန်းကိုစမ်းသပ်ကြည့်သော်လည်း တတ်သိနားလည်ရုံမျှသာရှိသဖြင့် ‘ကွမ့်’ သွေးခုန်နှုန်း အလွန်အားနည်းနေသည်ကိုသာ သူ သိနိုင်လေသည်။ အမှန်တကယ် ဘာဖြစ်နေသည်ကိုမူ သူ အသေအချာ မသိချေ။

ထိုအခိုက်အတန့်တွင် ပိုင်မူနင်က သူသင်ယူခဲ့သည်တို့ကို ကျွမ်းကျင်အောင် မလေ့လာခဲ့မိသည့်အတွက် အလွန်နောင်တရမိသွားသည်။ အကယ်၍ သူသာ ပို၍အလေးအနက်ထား သင်ယူခဲ့ပါက ဒေါ်လေးဝူကို ကယ်တင်နိုင်မည်လားမသိပေ။

သို့သော်လည်း "အကယ်၍"ဆိုသည့် ဖြစ်နိုင်ခြေမှာ ရှိမနေခဲ့ပေ။

ပိုင်မူနင်က မိမိကိုယ်ကိုယ်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဘာလုပ်ရမည်ကို စတင်စဉ်းစားလိုက်လေသည်။

‘ကွမ့်’ သွေးခုန်နှုန်းက နှလုံးနှင့် ဆက်စပ်နေလေသည်။ ပိုင်မူနင်က မော့ကြည့်လိုက်ပြီး မေးလိုက်၏။ 

“ဦးလေးဝူ ဒေါ်လေးဝူမှာ နှလုံးရောဂါ အခံရှိလား” 


💊💊💊💊 Chapter 57
မင်းရဲ့ကော ရောက်လာပြီ


ဝူတာ့ဖူမှာ အခြေအနေအရပ်ရပ်ကြောင့် အလွန်အမင်းထိတ်လန့်ကာ ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။ သူက ချက်ချင်း သတိပြန်ဝင်လာပြီး ပြောလာ၏။ 
“ရှိမယ်ထင်တယ်... အရင်ကလည်း သူ့နှလုံးက သိပ်နေလို့မကောင်းဘူးလို့ ပြောဖူးတယ်... ဒါပေမဲ့ ဘာဖြစ်တာလဲဆိုတာကိုတော့ ငါ တကယ် မသိဘူး”

ပိုင်မူနင်က နှလုံးရောဂါနှင့်သက်ဆိုင်သော ရှေးဦးသူနာပြုစုနည်း အသိပညာများကို သူ၏မှတ်ဉာဏ်ထဲတွင် ရှာဖွေကြည့်လိုက်သည်။ ထိုအခါ ဝမ်ကျင်း တစ်ခါကသင်ကြားပေးခဲ့ဖူးသော ‘နေးကွမ်း’ အကြောမှတ်ကိုနှိပ်ပြီး အရေးပေါ် ကယ်ဆယ်ရသည့် နည်းလမ်းကို အမြန်ပင် သတိရသွားခဲ့သည်။

ယင်းက လက်ကောက်ဝတ်အကြောင်းမှ အပေါ်သို့ နှစ် ‘ကွမ့်’ (cun) အကွာ အကြောနှစ်ခု၏ ကြားတွင် တည်ရှိသည်။ ၎င်းမှာ နှလုံးအိမ်လမ်းကြောင်း (Pericardium Meridian) တစ်လျှောက်ရှိ အရေးကြီးသောအကြောမှတ်တစ်ခု ဖြစ်လေသည်။ ထိုနေရာကို ဖိနှိပ်ပေးခြင်းအားဖြင့် နှလုံးနှင့်ပတ်သက်သော ရောဂါလက္ခဏာများကို သက်သာစေနိုင်၏။

အရေးပေါ် ကုသမှုကို ပြုလုပ်နေစဉ်မှာပင် ပိုင်မူနင်က ကားစက်နှိုး၍ ဆေးရုံသို့မောင်းရန် ဝူတာ့ဖူကို အော်ဟစ်ပြောဆိုလိုက်သည်။

သူက တစ်စိတ်တစ်ပိုင်းသာ သင်ယူထားသူဖြစ်၍ လူတစ်ယောက်ကို အမှန်တကယ် ကယ်တင်နိုင်စွမ်းမရှိပေ။ သူ ယခုလုပ်ဆောင်နေသမျှ အရာအားလုံးက အချိန်ဆွဲထားနိုင်ရန်အတွက်သာ။

ဝူတာ့ဖူမှာ အလွန်အမင်း ထိတ်လန့်နေသဖြင့် ခြေထောက်များပင် ထုံကျဉ်နေခဲ့သည်။ ပိုင်မူနင်၏ အသံကို ကြားလိုက်ရခြင်းက သူ့အတွက် အားကိုးရာတစ်ခုကို ရှာတွေ့လိုက်သကဲ့သို့ဖြစ်သွားပြီး ချက်ချင်းပင် အပြင်သို့ပြေးထွက်၍ ကားစက်နှိုးလေတော့သည်။

မကြာမီမှာပင် သူတို့ ခရိုင်ဆေးရုံသို့ အရှိန်ပြင်းစွာ မောင်းနှင်သွားကြသည်။

ဒေါ်လေးဝူကို အရေးပေါ်ခန်းထဲသို့ အမြန်ပို့ဆောင်ပြီးမှသာ သူတို့နှစ်ဦးသား အနည်းငယ် အသက်ရှူချောင်သွားတော့သည်။

သို့သော်လည်း ထိုစိတ်သက်သာရာရမှုမှာ ကြာရှည်မခံခဲ့ပေ။ အရေးပေါ်ခန်းထဲမှ ဆရာဝန်တစ်ဦး ထွက်လာခဲ့သည်။
“လူနာကတော့ မမီတော့ဘူး... ဒီလောက်ပြင်းထန်တဲ့ နှလုံးအခြေအနေမျိုးကို ဘာလို့ မြို့ပေါ်ကဆေးရုံကြီးတွေကို မပို့တာလဲ... ကျွန်တော်တို့ခရိုင်ဆေးရုံမှာ ဒါကို ကုသနိုင်မယ့် ဆေးဘက်ဆိုင်ရာ စွမ်းဆောင်ရည်မရှိဘူး...  á€™á€€á€Żá€”á€­á€Żá€„á€şá€˜á€°á€¸”

“အခုက အချိန်တွေ အများကြီးကုန်ပြီးသွားပြီ... အရေးပေါ် ကယ်ဆယ်ဖို့ ကြိုးစားရင်တောင် လုံလောက်မှာ မဟုတ်တော့ဘူး... ခင်ဗျားတို့ အထဲဝင်ပြီး သူ့ကို နောက်ဆုံးအကြိမ် ကြည့်လိုက်ကြပါဦး”

ဝူတာ့ဖူမှာ ၎င်းကို လက်မခံနိုင်ချေ။ သူက ဒူးထောက်လုမတတ်ပင် တောင်းပန်လာသည်။ 
“ဆရာရယ်... ကျွန်တော် တောင်းပန်ပါတယ်... သူ့ကို ကယ်ပေးပါ... ကျွန်တော့်မိန်းမ သေသွားတာကို ဒီအတိုင်း ရပ်ကြည့်မနေနိုင်လို့ပါ” 
 
“ဆေးရုံကို ခေါ်လာတုန်းက ကျွန်တော့်မိန်းမ အသက်ရှူနေသေးတာပဲ... အခုမှ ဘာလို့ လက်လျှော့လိုက်တာလဲ... ကျေးဇူးပြုပြီး သူ့ကို မစွန့်ပစ်လိုက်ပါနဲ့ဦး”

ဆရာဝန်က အကူအညီမဲ့စွာ စိတ်မကောင်းသလိုဆိုသည်။
“သူ့ရဲ့ အခြေအနေက ရုတ်တရက် ပြင်းထန်သွားတာပါ... ဆယ်မိနစ်ထက်ပိုပြီး ခံနိုင်မှာ မဟုတ်ဘူး” 

“ခင်ဗျားတို့ဆီကနေ ဒီခရိုင်ဆေးရုံကို ကားမောင်းလာတာ တစ်နာရီလောက်ကြာတယ်... ရှေးဦးသူနာပြုစုမှုကို ကောင်းကောင်းလုပ်ခဲ့လို့သာ သူ အခုထိ အသက်ရှင်နေတာ”

“ဒါပေမဲ့ ဒါက ခရိုင်ဆေးရုံပဲလေ.... ဒီမှာက ပစ္စည်းကိရိယာ အကန့်အသတ်ရှိတယ်... ခင်ဗျားတို့ မြို့ပေါ်က ဆေးရုံကိုပဲ သွားခဲ့သင့်တာ”

မြို့ပေါ်သို့ရောက်ရန် ကားဖြင့် မိနစ်လေးဆယ်ကျော် မောင်းရဦးမည်ဖြစ်ပြီး အားလပ်ရက် ယာဉ်ကြောပိတ်ဆို့မှုနှင့်ဆိုလျှင် အချိန်မှီ ရောက်ရှိရန်မှာ မဖြစ်နိုင်ပေ။

သူမအနေဖြင့် မိနစ်သုံးဆယ်ပင် ခံနိုင်တော့မည် မဟုတ်ရာ ထိုသို့ပို့ဆောင်ခြင်းသည် အချိန်ဖြုန်းခြင်းသာ ဖြစ်ပေလိမ့်မည်။ ယခုအချိန်တွင် နောက်ဆုံးနှုတ်ဆက်ခြင်းကို ကောင်းမွန်စွာ ပြုလုပ်ခြင်းကသာ ပို၍ မှန်ကန်ပေမည်။

“ဒါပေမဲ့ အခုတော့ နောက်ကျသွားပါပြီ... ခင်ဗျားတို့ရဲ့ အရေးပေါ် လုပ်ဆောင်ချက်တွေ ဘယ်လောက်ပဲ ကောင်းကောင်း အခုတော့ ဘာမှ မထူးတော့ဘူး... အဆိုးဆုံးအတွက်သာ ပြင်ဆင်ထားလိုက်ပါတော့”

ဝူတာ့ဖူမှာ ဒူးထောက်လျက် လဲကျသွားပြီး ဝမ်းဗိုက်ကိုဖိကာ ထိန်းမနိုင်သိမ်းမရ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

ပိုင်မူနင်မှာ ဆရာဝန်ပြောသမျှကို အကုန်ကြားနေရသည်။ သူက ဝူတာ့ဖူကိုတွဲကူလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ရဲရဲပင်ချလိုက်လေသည်။
 “ဦးလေးဝူ ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်... အောင်မြင်မလားတော့ မသိဘူး... ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားကြည့်လို့ ရတယ်”

ထိုင်၍ သေမည့်ရက်ကို စောင့်နေမည့်အစား သေခါနီးမြင်းကို အသက်ရှင်နိုင်သမျှ ကြိုးစားကုသခြင်းက ပို၍ကောင်းသည်ဟု သူထင်မိသည်။

သူ၏ ရှေးဦးသူနာပြုစုမှုမှာ အထောက်အကူဖြစ်သည်ဟု ဆရာဝန်ကပြောခဲ့သဖြင့် ဝူတာ့ဖူက မျက်ရည်များကို အမြန်သုတ်လိုက်ကာ ပြောလာသည်။ 
“ရှောင်နင် မင်းရဲ့ အဒေါ်ကို ကယ်ပေးပါဦး... ကျေးဇူးပြုပြီး ကယ်ပေးပါဦး” 

“ဦးလေးဝူ ဒီမှာ ခဏစောင့်နေပါ... ကျွန်တော် အခုချက်ချင်း ပြန်လာခဲ့မယ်”

ပိုင်မူနင် အောက်ထပ်သို့ အပြေးဆင်းသွားပြီး ဘေးနားရှိ တိုင်းရင်းဆေးခန်းသို့ သွားကာ ဆေးညွှန်းရေး၍ ဆေးဥဆေးမြစ်များကို သွားရောက်ဝယ်ယူလေသည်။

‘အရေးပေါ် နှလုံးပြန်နှိုးသည့် ဆေးရည်’မှာ (Emergency Heart Revival Decoction)  á€”á€žá€œá€Żá€śá€¸á€›á€•á€şá€á€Ťá€”á€Žá€¸á€œá€°á€á€…á€şá€Śá€¸á€€á€­á€Ż ကယ်တင်နိုင်သည့် ဆေးတစ်မျိုးဖြစ်သည်။ ဝမ်ကျင်းက ဤအသက်ကယ်ဆေးနည်းကို သူ့အား သင်ကြားပေးခဲ့ဖူးသည်။

ယခုအခါ သူ ထိုနည်းလမ်းကို စမ်းသပ်ကြည့်ရန် လိုအပ်နေပြီပင်။

သူက ဆေးညွှန်းကို စားပွဲပေါ်သို့ ဘန်းခနဲ ရိုက်ချကာ တင်လိုက်ပြီး ငွေပေးချေရန်အတွက် စာအိတ်နီကို ထုတ်ကာ ပြောလိုက်သည်။

“ဒါက အသက်ကယ်ဆေးမို့လို့ပါ... ကျေးဇူးပြုပြီး မြန်မြန်လုပ်ပေးပါ” 

ဆိုင်ရှင်မှာ ထိုဆေးနည်းကို မြင်လိုက်ရလျှင် လန့်ဖျတ်သွားပြီး ပိုင်မူနင်ကို ကြည့်ကာ မေးလိုက်လေသည်။
 “ဒီဆေးညွှန်းကို မင်းကို ဘယ်သူသင်ပေးတာလဲ” 

“ဦးလေး ကျွန်တော် လူတစ်ယောက်အသက်ကယ်ဖို့ကို ကြိုးစားနေတာ... အချိန်မဖြုန်းလို့ ရမလား”

ဆိုင်ရှင်က ဆေးညွှန်း၏အရေးပါပုံကို သိရှိနားလည်ရာ ဆေးမြစ်များကို ချက်ချင်းပင် စီမံဖော်စပ်၍ ကျိုချက်ပေးလေတော့သည်။

ပိုင်မူနင် အလျင်အမြန်ပင် ထွက်သွားပြီးနောက် ဆေးရည်နှင့်အတူ အပြေးအလွှား ပြန်ရောက်လာခဲ့သည်။

ဒေါ်လေးဝူ ထိုဆေးရည်ကို သောက်ပြီးသွားသောအခါ သူမမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး လက်များမှာလည်း ပြင်းထန်စွာတုန်ယင်လာခဲ့သည်။

ပိုင်မူနင်အတွက် လူတစ်ဦးကို ကယ်တင်ရန် ကြိုးစားခြင်းမှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သဖြင့် အောင်မြင်မည်၊ မအောင်မြင်မည်ကို သူ လုံးဝ မသိပေ။

ဆေးက အစွမ်းထက်မည်လားကို သူ မသိသော်လည်း ဤအခွင့်အရေးကို ဆုပ်ကိုင်၍ ကြိုးစားကြည့်ချင်သေးသည်။

“အလုပ်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ကံတရားအတိုင်းပဲ ရှိပါစေတော့”

ဝမ်ကျင်းမှာ အလွန်ပင် အရည်အချင်းရှိသူ တစ်ဦးဖြစ်ရာ သူပေးခဲ့သော ဆေးညွှန်းသည်လည်း အဆင်ပြေလိမ့်မည်ဟုသာ ပိုင်မူနင် တွေးတောနေမိသည်။

အဆင်ပြေကို ပြေမှရမယ်...

စက္ကန့်တိုင်းကုန်ဆုံးသွားသည်နှင့်အမျှ ပိုင်မူနင်မှာ မိနစ်တိုင်းက နှစ်နှင့်ချီ၍ ကြာမြင့်နေသလို ခံစားရသည့် အဓိပ္ပာယ်ကို ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် သိရှိနားလည်သွားခဲ့ရသည်။

ဆရာဝန်က မျှော်လင့်ချက်ရှိသေးသည်ဟု နောက်ဆုံးတွင် ထုတ်ဖော်ပြောကြားလိုက်မှသာ ပိုင်မူနင်မှာ အင်အားယုတ်လျော့နွမ်းနယ်စွာဖြင့် ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး လည်ချောင်းထဲ၌ တစ်ဆို့နေသော သက်ပြင်းကို နောက်ဆုံးတွင် အားရပါးရ ရှူထုတ်လိုက်နိုင်တော့သည်။

ထို့နောက်တွင် ဆက်လက်ကုသမှုခံယူရန်အတွက် မြို့ပေါ်ရှိဆေးရုံကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်သည့် လုပ်ငန်းစဉ်များ စတင်ကြသည်။

ထိုအတောအတွင်း ပိုင်မူနင်က ဝူတာ့ဖူ၏ ဘေးနားတွင် အဖော်ပြုနေထိုင်ပေးကာ လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ကူညီဆောင်ရွက်ပေးခဲ့သည်။

ဝူတာ့ဖူမှာ အမြဲလိုလို ငယ်ရွယ်တက်ကြွဟန်ပေါက်ခဲ့သော်လည်း ဤအဖြစ်အပျက်များပြီးနောက်တွင် သူ၏ ဆံပင်များမှာ သိသိသာသာပင် ဖြူသွားခဲ့လေသည်။

အထူးကြပ်မတ်ကုသဆောင် (ICU) အပြင်ဘက်၌ ဝူတာ့ဖူနှင့်အတူစောင့်ဆိုင်းနေစဉ် ပိုင်မူနင်မှာ တစ်ယောက်တည်း အတွေးလွန်‌နေမိ၏။ ဝမ်ကျင်းထံမှ ထွက်ခွာလာခဲ့ပြီး ငါးရက်မြောက်နေ့တွင် သူဆရာဝန်ကောင်းတစ်ဦး ဖြစ်လာချင်မိသည်။

သူ တစ်ညလုံးမအိပ်ဘဲ စောင့်ပေးခဲ့သည်။ နောက်တစ်နေ့ မနက်စောစောတွင် ဇနီးဖြစ်သူ၏ အခြေအနေမှာ အထူးကြပ်မတ်ကုသဆောင် (ICU) မှ သာမန်လူနာဆောင်သို့ ပြောင်းရွှေ့နိုင်သည်အထိ တည်ငြိမ်သွားသည်ကို မြင်ရသောအခါမှသာ ဝူတာ့ဖူခမျာ နောက်ဆုံးတွင် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။

သူက ဇနီးဖြစ်သူကို ပြုစုရန် သူနာပြုတစ်ဦးကို ငှားရမ်းပေးပြီးနောက် ပိုင်မူနင်ကို အိမ်သို့ ပြန်ခေါ်လာခဲ့သည်။

ဇနီးဖြစ်သူမှာ ဆေးရုံတွင် အချိန်အတော်ကြာ တက်ရောက်ကုသရန် လိုအပ်မည်ဖြစ်ရာ သူသည်လည်း အသုံးအဆောင်ပစ္စည်းများနှင့် ဘဏ်ကတ်များယူရမည့်အပြင် မွေးမြူရေးခြံကို ကူညီကြည့်ရှုပေးမည့်သူ ရှာဖွေရန်အတွက် အိမ်သို့ပြန်ရန် လိုအပ်နေခြင်းဖြစ်သည်။

အပြန်လမ်းတွင် ဝူတာ့ဖူမှာ စကားများပင် အစီအစဉ်မကျတော့ဘဲ တွေ့ရာမြင်ရာမှန်သမျှ ပြောဆိုရင်း ပိုင်မူနင်ကိုသာ တဖွဖွ ကျေးဇူးတင်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် ပိုင်မူနင်မှာ တရုတ်တိုင်းရင်းဆေးပညာ၏အဓိပ္ပာယ်ကို အမှန်တကယ် နားလည်သွားခဲ့သည်။

ထို့ပြင် ယင်း၏စွမ်းအားကိုလည်း သူ သဘောပေါက်သွားရ၏။

ဝူတာ့ဖူမှာ ပစ္စည်းများ သိမ်းဆည်းပြီးနောက် ဇနီးဖြစ်သူရှိရာ မြို့ပေါ်ဆေးရုံသို့ ကားမောင်း၍ ပြန်သွားလေသည်။ ခြံအလုပ်သမားတစ်ဦး ပြန်ရောက်လာပြီး ငါးများကို ကြည့်ရှုပေးနိုင်ပြီဖြစ်ရာ ပိုင်မူနင်သည်လည်း အိပ်ရေးဝအောင် အိပ်စက်ရန် ပြင်ဆင်လိုက်သည်။

အိပ်ရာပေါ်တွင် လှဲလျောင်းနေစဉ် သူ၏ စိတ်ထဲ၌ ယမန်နေ့ကဖြစ်ပျက်ခဲ့သမျှ အရာအားလုံး ပြည့်နှက်နေဆဲပင်။

အနောက်တိုင်းဆေးပညာက ဘာမှမတတ်နိုင်တော့ဟု ဆိုခဲ့သော်လည်း သူကမူ အသက်ကယ်ဆေးရည် တစ်ခွက်တည်းဖြင့် ဒေါ်လေးဝူကို သေမင်း၏လက်တွင်းမှ ပြန်လည်ဆွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

သူ၏နှလုံးသားထဲတွင် ခွန်အားနှင့် တိုက်ပွဲဝင်လိုစိတ်များက လှိုင်းတံပိုးများပမာ ထကြွနေပြီး ပိုင်မူနင်မှာ အောင်မြင်မှုကြီးကြီးမားမား ရလိုက်သလို ခံစားလိုက်ရသည်။

သူဆေးပညာကို စတင်သင်ယူစဉ်က ဖြူစင်သည့်ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ခြင်း မဟုတ်ပေ။ ဝမ်ကျင်းကသင်ပေးချင်သဖြင့် သူကလည်း သင်ယူခဲ့ခြင်းသာဖြစ်ပြီး ထိုအရာကို ဝမ်ကျင်းနှင့် ပိုမိုနီးစပ်စေမည့် နည်းလမ်းတစ်ခုအဖြစ်သာ အသုံးချခဲ့ခြင်းပင်။

ထိုစဉ်က သူစိတ်ပါလက်ပါ မရှိခဲ့သလို တစ်ကြိမ်လေးမျှပင် အလေးအနက် မထားခဲ့ပေ။ ထိုအချိန်က သူ့ကိုယ်သူ တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ဦး ဖြစ်လာနိုင်လိမ့်မည်ဟူ၍လည်း မယုံကြည်ခဲ့ပေ။

သို့သော်လည်း ယမန်နေ့က ဖြစ်ရပ်များအပြီးတွင် သူ၏ အတွေးအမြင်များ ပြောင်းလဲသွားရသည်။

သူ တရုတ်တိုင်းရင်းဆေးပညာကို ဆက်လက်သင်ယူချင်လိုသည်။ တိုင်းရင်းဆေးဆရာဝန်တစ်ဦး ဖြစ်လာချင်သည်။

ယခုအချိန်တွင် ထပ်မံ၍ မလေ့လာနိုင်သေးသော်လည်း တစ်နေ့တွင်မူ သေချာပေါက် အကောင်အထည်ဖော်မည်။

သူမည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ လုပ်ဖော်ကိုင်ဖက်တစ်ဦးက တံခါးကို အကျယ်ကြီး လာခေါက်မှသာ နိုးလာခဲ့ရသည်။ အချိန်ကို ကြည့်လိုက်ရာ ညနေခြောက်နာရီထိုးနေပြီဖြစ်သဖြင့် မိုးပင်ချုပ်နေလေပြီ။

သူ၏ လုပ်ဖော်ကိုင်ဖက်က တံခါးကို အပြင်းအထန် ထုရိုက်နေရင်း အော်ပြောလာပါ၏။
“ဝမ်နင် ထဦး... တစ်ယောက်ယောက်က မင်းကို ရှာနေတယ်” 

ပိုင်မူနင်မှာ အိပ်ရေးမဝသေးသဖြင့် အနည်းငယ် စိတ်တိုနေမိသည်။ သူက စိတ်မရှည်စွာဖြင့် တံခါးဆီသို့ လျှောက်သွားပြီး ဖွင့်ကာမေးလိုက်သည်။
"ဘယ်သူ ကျွန်တော့်ကို လာရှာတာလဲ" 

လုပ်ဖော်ကိုင်ဖက်ဖြစ်သူက ဘေးသို့ တိမ်းရှောင်ပေးလိုက်ပြီး သူ့ဘေးနားရှိ လူကို ညွှန်ပြကာ ပြောလာသည်။ 
"ဝမ်နင် မင်းရဲ့ အစ်ကို ရောက်နေတယ်"

အစ်ကိုလား..

ငါ့မှာ ဘယ်တုန်းက အစ်ကိုရှိသွားတာလဲ...

ပိုင်မူနင်မှာ အလွန်အမင်း အိပ်ချင်နေသဖြင့် မျက်စိပင် မဖွင့်နိုင်လုနီးပါးဖြစ်နေသော်လည်း ထို "အစ်ကို" ဆိုသူမှာ မည်သူဖြစ်ကြောင်း သိလိုက်ရသည့်ခဏတွင်မူ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

သူ၏လုပ်ဖော်ကိုင်ဖက်ဘေးတွင် ရပ်နေသူကား မတွေ့ရသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သည့် ဝမ်ကျင်းပင်။

ဝမ်ကျင်းမှာ မုတ်ဆိတ်တိုစစတို့ဖြင့် ပင်ပန်းနွမ်းနယ်နေသည့်ပုံစံ ပေါက်နေသည်။ သူ့ပုံစံမှာ "မျှော်လင့်ချက်ကင်းမဲ့ခြင်း" ဟူသည့် စကားလုံး၏ ပြယုဂ်တစ်ခုအလားပင်။

ပိုင်မူနင်မှာ အလွန်အမင်း အံ့အားသင့်သွားသဖြင့် စကားပင်မပြောနိုင်တော့ပေ။ သူ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိပြီး ၎င်းမှာ စိတ်အာရုံခြောက်ခြားမှုတစ်ခုဟုသာ သူ့ကိုယ်သူ  á€Śá€¸á€”သ္ဏက်ဆ္းန္မိသည်။

ငါ အဝေးကို ထွက်ပြေးခဲ့တာပဲမလား... ဝမ်ကျင်းက ငါ့ကို ဘယ်လိုများ ရှာတွေ့သွားတာပါလိမ့်..

ယင်းက စိတ်ကူးယဉ် အထင်မှားနေခြင်းသာ ဖြစ်ရမည်။

သူ၏ လုပ်ဖော်ကိုင်ဖက်က ဆက်ပြောလာသည်။ 
"ဝမ်နင် ဘာဖြစ်တာလဲ... မင်းအစ်ကိုကို တွေ့ရတာ မပျော်ဘူးလား" 

“...?”

ငါ ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲ.... တခြားဟာတွေထက် ငါ ကြောက်ပဲကြောက်နေတာပါနော်...

သူ၏လုပ်ဖော်ကိုင်ဖက်က ထိုနေရာတွင် ရှိနေဆဲဖြစ်သဖြင့် ပိုင်မူနင်မှာ အားတင်းရင်း အနှီသူ့ကို နှုတ်ဆက်လိုက်ရပါ၏။
"ကော... ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ"

ဝမ်ကျင်းက သူ၏မေးခွန်းကို မဖြေခဲ့ပေ။ ထိုအစား သူ့ကိုအကဲခတ်ကြည့်ရှုပြီးနောက် ပေါ့ပေါ့ပါးပါးပင် ချီးမွမ်းစကား ဆိုလိုက်သည်။
"ဝမ်နင်တဲ့လား... နာမည်လေးက တော်တော်လေး ကောင်းတာပဲ"

ပိုင်မူနင်: ...?

သူက ဘာလို့ သဘောကျနေရတာလဲ... သူ စိတ်တိုနေရမှာ မဟုတ်ဘူးလား...

-------

စာရေးသူ၏ မှတ်ချက်

တရုတ်တိုင်းရင်းဆေးပညာနဲ့ ပတ်သက်တဲ့ အရေးပေါ် အသိပညာတွေကို အင်တာနက်ပေါ်က ရှာဖွေကိုးကားထားတာပါနော်

ဝမ်ကျင်း: ငါ့ဇနီးလေးက ငါ့မျိုးရိုးကို ယူသုံးထားတာပဲ... အရမ်းပျော်တယ်...


💊💊💊💊 Chapter 58
ကျင်းကော... ကျွန်တော် မှားသွားပါတယ်


ပိုင်မူနင်မှာ တံခါးဝတွင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းစွာရပ်နေမိပြီး အတော်ကြာအောင် မလှုပ်မယှက်ဖြစ်နေလေသည်။ သူ့အနေဖြင့် ဝမ်ကျင်းနှင့်ရင်ဆိုင်ရန် လုံးဝ အဆင်သင့် မဖြစ်သေးပေ။

သူ ဘာပြောရမည်ကိုမသိသလို ဘာလုပ်ရမည်ကိုလည်း မသိတော့ပေ။ သူ၏ အတွေးများအားလုံး ခမ်းခြောက်သွားသလို ခံစားရပြီး ခြေလက်များမှာလည်း စိတ်ဝိညာဉ်ကင်းမဲ့သွားသော ရုပ်တုတစ်ခုပမာ တောင့်တင်းထုံကျင်နေခဲ့သည်။

သူ၏အစီအစဉ်ထဲတွင် ဝမ်ကျင်းနှင့် ပြန်လည်ဆုံဆည်းရန်ဟူသောအချက် လုံးဝမပါဝင်ခဲ့ပေ။ အမှန်တကယ်အားဖြင့် ဝမ်ကျင်း သူ့အား ရှာတွေ့နိုင်လိမ့်မည်ဟုပင် သူတစ်ခါမျှ မတွေးတောခဲ့မိပေ။

မည်သို့ဆိုစေ ထိုပေါက်ကွဲမှုက ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ အဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ပြီး ဟုန်းဟုန်းတောက်လောင်နေသော မီးလျှံများအတွင်း နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ပိတ်မိနေသူ မည်သူမဆို ပြာအဖြစ်သို့သာ ပြောင်းလဲသွားပေလိမ့်မည်။ 
အဲဒါဆို ငါ့ကိုဘယ်သူက မှတ်မိဦးမှာလဲ…

လူတိုင်းကလည်း သူ ထိုပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့ပြီဟုသာ အလွယ်တကူ ယူဆကြပေလိမ့်မည်။

အစီအစဉ်က အပြစ်ပြောစရာမရှိအောင် ပြည့်စုံနေတာပဲ... ဒါဆို ဝမ်ကျင်းက ငါ့ကို ဘယ်လိုများ ရှာတွေ့သွားတာလဲ...
ယင်းက ပိုင်မူနင် အသိချင်ဆုံး မေးခွန်းပင်။

သူ ဝမ်ကျင်းကို သူစိမ်းတစ်ယောက်လိုမျိုး ငေးကြောင်ကြည့်နေမိသည်။ ဘေးတွင်ရပ်နေသော လုပ်ဖော်ကိုင်ဖက်က စိတ်မရှည်ဖြစ်လာပြီး လောဆော်လာ၏။
“ဒီကောင်လေး ဘာဖြစ်နေတာလဲ... ပျော်လွန်းလို့ ဆွံ့အသွားတာလား... မင်းအစ်ကိုကို အထဲဝင်ခိုင်းလိုက်လေ မြန်မြန်…” 

ပိုင်မူနင်က သူ့အစ်ကိုနှင့် ရန်ဖြစ်ပြီး အိမ်ကဆင်းလာခဲ့ခြင်းဟု လူတိုင်းကို ပြောပြထားခဲ့ခြင်းပင်။

ထို့ကြောင့်ပင် သူ၏လုပ်ဖော်ကိုင်ဖက်က သူတို့နှစ်ဦး ပြန်လည်သင့်မြတ်စေရန် ထိုမျှအထိ စိတ်အားထက်သန်နေခြင်း ဖြစ်သည်။

ဇနီးမောင်နှံများ ရန်ဖြစ်သည့်အခါတွင်လည်း လူအများမှာ လမ်းခွဲရန်ထက် ပြန်လည်အဆင်ပြေစေရန်သာ အမြဲတမ်း ကြိုးစားပေးတတ်ကြပေသည်။

ပိုင်မူနင်မှာ အမှန်တကယ်ပင် ကြောင်အမ်းသွားခဲ့ရခြင်းဖြစ်သည်။ သူက နာခံတတ်သည့်ကလေးလေးပမာ ဝမ်ကျင်းကို အထဲပေးဝင်ရန်  á€˜á€ąá€¸á€žá€­á€Żá€ˇ ဖယ်ပေးလိုက်မိသည်။ သို့သော်လည်း ဝမ်ကျင်းက မှောင်မည်းနေသော အခန်းထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ပိုင်မူနင်မှာ နောင်တစတင်ရလာတော့သည်။

ငါ ဝမ်ကျင်းကို ကြောက်သင့်တာမလား.. ဘာလို့ သူ့ကို အထဲပေးဝင်လိုက်တာလဲ...

ဒါက ထောင်ချောက်ထဲကို ကိုယ့်ဘာသာ လမ်းလျှောက်ဝင်သွားတာနဲ့ မတူဘူးလား…

ငါ ထွက်ပြေးဖို့ ပြင်ဆင်သင့်လား...

လုပ်ဖော်ကိုင်ဖက်ဖြစ်သူက တဟားဟားရယ်လာ၏။
“ညီအစ်ကိုတွေကြားမှာ ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုတာ မရှိပါဘူး... သေသေချာချာသာ စကားပြောလိုက်ကြပါ... ကဲ ဒါဆိုရင်လည်း မင်းတို့နှစ်ယောက်ကို ငါ ထားခဲ့တော့မယ်”

ထိုသူက ငါးကြင်းသားပေါက်များကို စစ်ဆေးရန် ထွက်သွားလေသည်။ ပိုင်မူနင်ကမူ တံခါးကို ပိတ်ရန်ပင် မေ့လျော့နေပြီး အတွေးများစွာဖြင့် တံခါးဝတွင် ငေးကြောင်၍ ရပ်နေမိဆဲသာ။

မကြာမီမှာပင် လက်တစ်ဖက်က သူ၏လက်ဖမိုးပေါ်သို့ အုပ်မိုးလိုက်ပြီး တံခါးလက်ကိုင်ကို သူ့ထံမှ လွှဲပြောင်းယူလိုက်လေသည်။

နောက်တစ်စက္ကန့်တွင် တံခါးမှာ ပိတ်သွားလေသည်။ အခန်းတစ်ခုလုံးမှာ တိတ်ဆိတ်သွားပြီး အလုံးစုံ မှောင်မည်းသွားတော့သည်။

နေ့ခင်းပိုင်းတွင် အိပ်ရေးဝအောင် အိပ်စက်ရန်အလို့ငှာ ပြတင်းပေါက်များကို ထူထဲသော လိုက်ကာများဖြင့် ဖုံးအုပ်ထားသည်။ ယခုမှာ ညအချိန် ဖြစ်နေသဖြင့် အလင်းရောင်တစ်စွန်းတစ်စလေးပင် အထဲသို့ ဝင်မလာခဲ့ပေ။

အလွန်အမင်းထိတ်လန့်နေမိသောကြောင့် ဖြစ်လိမ့်မည်။ ပိုင်မူနင်ခမျာ သူ၏နှလုံးခုန်သံကိုသာမက ဝမ်ကျင်း၏ အသက်ရှူသံပြင်းပြင်းတို့ကိုပါ ကြားနေရသည်။

ပိုင်မူနင် စကားမပြောနိုင်ပေ။ အဓိကမှာ သူဘာပြောရမည်ကို မသိသောကြောင့်ပင်။ သူ၏ စိတ်အစဉ်မှာလည်း ရှုပ်ထွေးနေသည်။

ဝမ်ကျင်းကပင် ဦးစွာစကားစလိုက်သည်။ 
"ဘာလို့ နာမည်ပြောင်းလိုက်တာလဲ... ဝမ်နင်ဆိုတဲ့နာမည်က နားထောင်ရကောင်းသားပဲ"

ပိုင်မူနင်မှာ ပိုမို စိုးထိတ်လာလျက် သူ၏လက်ချောင်းများကို ဆွဲဆိတ်နေမိသည်။ သူက ထစ်ထစ်ငေါ့ငေါ့ဖြင့်ဆိုမိပါ၏။
"ဟို... အဲဒါက... ကျွန်တော်..."

စကားလုံးများမှာ လုံးဝပျောက်ဆုံးကုန်ပြီး အဓိပ္ပာယ်မရှိဖြစ်နေသည်။ သူ မည်သည်ကိုပြောရန် ကြိုးစားနေသည်အား ကိုယ်တိုင်ပင် မသိတော့ပေ။ သူ၏ ဦးနှောက်မှာ မရှိတော့အောင် ဖိချေခံလိုက်ရသကဲ့သို့။

သူနှင့်အလွန်နီးကပ်နေသော ထိုလူမှာ ပိုမိုတိုးကပ်လာသည်။ ဝမ်ကျင်းမှာ အံ့ဩစရာကောင်းလောက်အောင် အမှောင်ထဲတွင် မြင်နိုင်စွမ်းရှိပြီး သူ၏တည်နေရာကို အလွယ်တကူ ရှာဖွေနိုင်သည်ကို ပိုင်မူနင် သတိပြုမိလိုက်သည်။

ယခုမူ သူတို့နှစ်ဦးကြားအကွာအဝေးက လက်တစ်သီးတစ်ဆုပ်စာမျှသာကျန်တော့၏။ မကြာခင်မှာပင် ကျယ်ပြန့်သည့် လက်ဖဝါးတစ်ဖက်က ပိုင်မူနင်၏ ပါးပြင်ထက် အုပ်ကိုင်လာသည်။ ထိုလက်ဖဝါးမှာ အနည်းငယ်ကြမ်းတမ်းနေပြီး အသားမာအသစ်တို့ တက်နေခဲ့၏။

တရုတ်တိုင်းရင်းဆေးဆရာဝန်တစ်ယောက်အနေဖြင့် ဝမ်ကျင်း၏လက်များမှာ အလွန်အရေးကြီးပြီး ပုံမှန်အားဖြင့် သေသေချာချာ ထိန်းသိမ်းထားလေ့ရှိသည်။ မိန်းကလေးတစ်ယောက်၏ လက်များနှင့် ယှဉ်နိုင်လောက်သည်အထိ နုနယ်ခဲ့သည်ပင်။

သို့တိုင် ယခုမူ ဝမ်ကျင်း မည်သည့်လုပ်ရပ်များ လုပ်လာ၍ သူ့လက်တို့က ဤမျှကြမ်းတမ်းသွားရသည်ကို သူ မသိတော့ချေ။

သူက ပင်ပန်းတဲ့ လုပ်သားအလုပ်တွေ လုပ်နေတာလား... ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သဲသယ်နေတာများလား...

ပိုင်မူနင်မှာ သူ၏ပါးပြင်ပေါ်တွင် ထိုလက်ဖဝါး၏ ကြမ်းတမ်းမှုနှင့် အငွေ့အသက်တို့ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ ဝမ်ကျင်းက ဆိုလာသည်။
"ရှောင်နင်... မင်း ကိုယ့်ကို မဖြေရသေးဘူးနော်... ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဝမ်နင်လို့ ခေါ်ရတာလဲ" 

ထိုစဉ်က ပိုင်မူနင်မှာ မသိစိတ်အရ ထိုအမည်ကို ပေးခဲ့ခြင်းဖြစ်ပြီး ဝမ်ကျင်းသိသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။ ထို့ကြောင့် ယခုအခါတွင် သူ ဤအခြေအနေမှ လွတ်မြောက်ရန် မည်သို့ စကားလှည့်ပြောရမည်ကို မသိတော့ပေ။
“ကျွန်တော် ခေါ်ချင်တဲ့နာမည် ကျွန်တော်ခေါ်လို့ရတာပဲ... ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”

ပိုင်မူနင်မှာ ကြမ်းတမ်းခက်ထန်ဟန်ဆောင်ရန် ကြိုးစားသော်ငြား ယုံကြည်မှုသိပ်မရှိပေ။ ထိုစကားလုံးများက လုံးဝ ခြိမ်းခြောက်နိုင်စွမ်းမရှိဘဲ ဆိုးနွဲ့နေသကဲ့သို့သာ ဖြစ်နေလေသည်။

ဝမ်ကျင်းက ပို၍တိုးကပ်လာရာ ယခုအခါ လက်တစ်သီးတစ်ဆုပ်စာ အကွာအဝေးပင် မရှိတော့ပေ။ ပိုင်မူနင် ပြာပြာသလဲဖြစ်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

သူနောက်ဆုတ်လိုက်သည်နှင့်အမျှ ဝမ်ကျင်းက ရှေ့တိုးလာသည်။ နောက်ဆုံးတွင် ပိုင်မူနင်၏ ကျောမှာ စားပွဲနှင့် သွားတိုက်မိလေသည်။ သူ ဆုတ်စရာလမ်း မရှိတော့သည်ကို သိလိုက်ရ၏။ ယခု သူကြုံတွေ့နေရသော အခြေအနေအတိုင်းပင်။

သူ ဘယ်နည်းနှင့်မှ ထွက်မပြေးနိုင်တော့ပေ။

ဝမ်ကျင်းက စားပွဲပေါ်သို့ လက်နှစ်ဖက်လုံး ထောက်လိုက်ပြီး သူ့ကိုလှောင်အိမ်ထဲ ပိတ်ထားသကဲ့သို့ တားဆီးထားလိုက်ရာ ပိုင်မူနင်မှာ သိသိသာသာပင် အနိုင်ကျင့်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။

ပုံမှန်အားဖြင့် ဝမ်ကျင်းမှာ နူးညံ့ပြီး ကြင်နာတတ်သူပင်။ သူနှင့်အချိန်အတော်ကြာ အတူနေခဲ့ပြီးနောက် ပိုင်မူနင်က ဝမ်ကျင်းမှာ ဆက်ဆံရလွယ်ကူသူဖြစ်သည်ဟု အထင်မှားခဲ့မိသည်။

သို့သော် ယခုအခါတွင်မူ ပိုင်မူနင် ပိုမိုရှင်းလင်းစွာ နားလည်သွားရသည်။ ဤလူက လုံးဝ ဆော့ကစားခံမည့်သူ မဟုတ်ပေ။

“ကိုယ် တကယ် သဘောကျတယ်”

ဘာကိုသဘောကျတာလဲ...

ဝမ်နင်ဆိုတဲ့ နာမည်ကိုလား...

ပိုင်မူနင်မှာ ပို၍ပင် အပြစ်မကင်းသလို ခံစားလာရပြီး တိုးတိုးလေး ပြောလိုက်သည်။ 
"အင်း... ခင်ဗျား သဘောကျတယ်ဆိုရင်လည်း ပြီးတာပါပဲ"

ဤအခြေအနေမှာ သူ့အတွက် အလွန်ပင် အားနည်းချက်သဖွယ်ဖြစ်နေသဖြင့် ပိုင်မူနင်က လက်ဦးမှုယူလျက် ဤအခြေအနေမှ ရုန်းထွက်ရန် ကြိုးစားသင့်သည်ဟု တွေးလိုက်သည်။

“ကျင်းကော...”

ပိုင်မူနင် စကားမဆုံးခင်မှာပင် ဝမ်ကျင်းက သူ၏နဖူးကို ပိုင်မူနင်၏နဖူးနှင့် တိုက်လိုက်ပြီး နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ကာ တားလိုက်သည်။
"ရှူး... အခုလောလောဆယ် ကိုယ် ဘာမှနားမထောင်ချင်သေးဘူး"

ပိုင်မူနင်က  á€œá€­á€™á€šá€™á€Źá€•ဍးနပ်စွဏဖဟငအ်ပင် တိတ်တဆိတ်နေလိုက်သော်လည်း ရင်ထဲတွင်မူ မကောင်းသည့်အငွေ့အသက်တစ်ခု တိုးဝင်လာခဲ့သည်။

လီအန်းချီ၏ရည်းစားအဖြစ် ဟန်ဆောင်ခဲ့စဉ်က ဝမ်ကျင်းရုတ်တရက် ဝင်လာခဲ့သည်ကို သူ မှတ်မိနေဆဲဖြစ်သည်။

ထိုစဉ်ကလည်း ဝမ်ကျင်းက သူ၏ ရှင်းပြချက်ကို နားမထောင်ခဲ့ပေ။ သူ့ကို အတော်ကြာအောင် ကစားပြီးမှသာ နောက်ဆုံးတွင် ရှင်းပြခွင့်ပေးခဲ့ခြင်းဖြစ်သည်။

"ရှောင်နင်... ကိုယ့်ရဲ့ နက်ခ်တိုင်ကို ချွတ်ပေးပါဦး" 
ဝမ်ကျင်းက သူ၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မပြောဘဲ စတင်ခိုင်းစေလေသည်။

နောက်ဆုံးတွင် သူကိုယ်တိုင်က အမှားလုပ်ထားသူဖြစ်သဖြင့် ပိုင်မူနင်ခမျာ လိမ္မာစွာဖြင့် လက်ကိုမြှောက်ကာ နက်ကတိုင်ကို ဖြုတ်ပေးလိုက်ရသည်။ 
"ကျင်းကော... ရပြီ"

“လိမ္မာတဲ့ကလေးလေးပဲ”

ပြောပြောဆိုဆိုနှင့်ပင် လျော့ရဲသွားသော နက်ကတိုင်မှာ ပိုင်မူနင်၏ လက်ကောက်ဝတ်ပေါ်သို့ ကျရောက်သွားသည်။ အကြိမ်အနည်းငယ် ပတ်လိုက်ပြီးနောက် လက်နှစ်ဖက်လုံးမှာ တင်းကျပ်စွာ အချည်ခံလိုက်ရပြီး ရုန်းထွက်ရန် လမ်းစမရှိတော့ပေ။

“ကျင်းကော... ဒါက ဘာသဘောလဲ.... ကျွန်တော့်ကို ဘာလို့ချည်ထားတာလဲ”

သူ့ကိုယ်လုံးလေး ရုတ်တရက် ပင့်မခံလိုက်ရပြီး ဝမ်ကျင်းက သူ့ကို စားပွဲစောင်းထက်တွင် တင်လိုက်သည်။ ပိုင်မူနင် အနောက်သို့ အနည်းငယ် ယိုင်သွားစဉ် ဝမ်ကျင်းက တိုးကပ်လာပြီး နမ်းလိုက်ကာ ပြောလာ၏။

"မင်းက စကားမနားထောင်လို့လေ" 

သူ့လျှာမှာ အကိုက်ခံလိုက်ရသဖြင့် ပိုင်မူနင်ခမျာ အသံမထွက်ဘဲသာ ရုန်းကန်နေရသည်။ 

စောစောကတော့ ဝမ်ကျင်းကိုယ်တိုင်ပဲ ငါ့ကို လိမ္မာတယ်လို့ ပြောခဲ့တာမလား... အခုကျတော့ တစ်မျိုးပြောနေပြန်ပြီ... ဒါက ရှေ့နောက်မညီချက်ပဲ...

သူ့လျှာလေးမှာ အပြင်သို့ ဆွဲထုတ်ခံလိုက်ရပြီးနောက် ဝမ်ကျင်း၏ပါးစပ်ထဲသို့ အကုန်အစင် ငုံသွင်းခြင်း ခံလိုက်ရသည်။ ထိုအခိုက်အတန့်မှာပင် ပိုင်မူနင်တစ်ယောက် သူ၏လျှာက သူ့အပိုင်မဟုတ်တော့ဘဲ ဝမ်ကျင်း၏ ဆာလောင်မှုကို ဖြေဖျောက်ပေးနိုင်သည့် အစားအစာတစ်ခု ဖြစ်သွားသလို ခံစားလိုက်ရသည်။

သို့သော်လည်း ဝမ်ကျင်းမှာ လျှာကို အရသာခံရုံဖြင့် မကျေနပ်ချေ။ သူ၏ နောက်ထပ်ပစ်မှတ်မှာ ပိုင်မူနင်၏ လည်တိုင်လေးပင်။

ဝမ်ကျင်း သူ့ကို နမ်းသည့်အခါတိုင်း မုတ်ဆိတ်စများက ပိုင်မူနင်၏ အရေပြားကို အမြဲလိုလို စူးရှနေစေသည်။ ပိုင်မူနင်က ရှောင်ဖယ်ရင်း ပြောလိုက်၏။
"ကျင်းကော... ခင်ဗျားမုတ်ဆိတ်တွေက စူးတယ်... တကယ်နာလို့ပါ" 

အသစ်ထွက်စ မုတ်ဆိတ်စစလေးများက ကြမ်းတမ်းပြီး စူးရှနေကာ ပိုင်မူနင်၏ အရေပြားမှာမူ နုနယ်လွန်းလှသဖြင့် ခံစားရသည်မှာ အလွန်ပင် မသက်မသာ ဖြစ်ရသည်။

ဝမ်ကျင်းက ချည်နှောင်ခံထားရသည့် ပိုင်မူနင်၏ လက်ကောက်ဝတ်နှစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက်တင်လိုက်ပြီး အေးစက်စက်ဆိုလာ၏။
"သည်းခံလိုက်"

သူ၏ လေသံတွင် နူးညံ့မှုတစ်စွန်းတစ်စလေးပင်မျှ မပါရှိဘဲ ဒေါသရိပ်တို့ကသာ သိသိသာသာ စွန်းထင်းနေ၏။

ဝမ်ကျင်းက တကယ့်ကို ရက်စက်လွန်းသည်ဟုသာ ပိုင်မူနင် တွေးလိုက်မိသည်။

စားပွဲပေါ်တွင် လှဲလျောင်းနေရသော ပိုင်မူနင်တစ်ယောက်မှာ အကြင်နာမဲ့သတ်ဖြတ်ခံရတော့မည့် သိုးသူငယ်လေးတစ်ကောင်ကဲ့သို့ ခံစားနေရစဉ် ဝမ်ကျင်းက ကျွမ်းကျင်စွာပင် သူ၏ ရှပ်အင်္ကျီကို အပေါ်သို့ ပင့်တင်လိုက်သည်။

ကြမ်းတမ်းသော လက်ဖဝါးက အရေပြားနုနုထက်သို့ ပွတ်တိုက်လာသည့်အခါ ပိုင်မူနင်မှာ ပုံမှန်ထက် ပို၍ ထိရှခံစားလွယ်နေခဲ့သည်။ အထူးသဖြင့် သူ၏ "နှမ်းစေ့လေး" အကိုက်ခံလိုက်ရချိန်တွင် သူ ငိုပင်ငိုချင်သွားသည်။

မှောင်မည်းနေသည့်ပတ်ဝန်းကျင်၌ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ထိတွေ့မှုတိုင်းမှာ ပို၍ပင် သိသာထင်ရှားနေသည်။ ပိုင်မူနင်မှာ မခံမရပ်နိုင်စွာပင် ညည်းတွားလိုက်ရပြီး သူ၏အသက်သွေးကြောလေးမှာလည်း ပို၍ပင် နိုးကြားလာခဲ့သည်။

ထို "အသက်သွေးကြော" လေးက ဝမ်ကျင်း၏ အထိအတွေ့ကို အလွန်တရာ တောင့်တနေခဲ့ရာ  á€žá€á€„á€şá€–á€źá€…á€şá€žá€°á စိတ်ဆန္ဒကို လုံးဝလျစ်လျူရှုကာ အပြင်သို့ ပေါ်ထွက်လာရန် မစောင့်နိုင်တော့ပေ။

ပိုင်မူနင်၏ ဘောင်းဘီမှာ အနှောင့်အယှက်ဖြစ်နေရာ  á€€á€źá€™á€şá€¸á€•ဟင်ပ္ဍ်သိုအ အပစ်ခံလိုက်ရသည်။ သူကား စားပွဲစောင်းထက်သို့ ခြေတင်ရန် အတင်းအကျပ် ခိုင်းစေခြင်း ခံလိုက်ရ၏။

အသက်သွေးကြောလေးမှာ ပျော်ဝင်နေခြင်း၌ ရပ်တန့်မသွားသည့်အပြင် ယခင်က တစ်ခါမျှ မခံစားဖူးသည့် ခံစားချက်မျိုးကို ခံစားနေရသည်။

လက်ညှိုးတစ်ချောင်းက "ပုလင်းဝ"ထဲသို့ တိုးဝင်လာပြီး တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ပုလင်းအတွင်းပိုင်းကို ဟိုဟိုသည်သည်စမ်းသပ်နေသည်။

ပိုင်မူနင်မှာ သူ၏ကျောကို ဆန့်လိုက်မိပြီး သူ၏ ဦးနှောက်ထဲတွင် စကားလုံးဖြင့် ဖော်ပြ၍မရသော သာယာမှုတစ်မျိုးနှင့် ပြည့်နှက်သွားသည်။
“ကျင်း... ကော...”

ပိုင်မူနင် စကားမပြောနိုင်တော့ပေ။ "ကျင်းကော" ဟု ခေါ်ပြီးနောက် မည့်သည့်စကားမှ ထပ်ထွက်မလာတော့။

သူ့အနေဖြင့် အသံမထွက်အောင် နှုတ်ခမ်းကို တင်းတင်းကိုက်ထားရုံသာတတ်နိုင်၏။ သူအလွန်ပင် အရှက်ရနေမိသည်။

ယင်းက သူအမုန်းဆုံး လုပ်ရပ်ဖြစ်သော်လည်း သူ ငြင်းဆန်၍ မရခဲ့ပေ။ ရှေးလူကြီးများ ပြောသကဲ့သို့ပင် - "ပါးစပ်က ငြင်းသော်လည်း ခန္ဓာကိုယ်ကမူ ရိုးသားသည်" 

ဝမ်ကျင်းက သူ၏လည်ကုတ်ကို ဖိချထားရင်း နီးသထက်နီးအောင် တိုးကပ်လာသည်။ 
"မင်း ဘယ်နေရာမှာ မှားသွားလဲဆိုတာ သိလား"

ဝမ်ကျင်းက အားအများကြီး မသုံးထား၍ အသက်ရှူမကျပ်သော်ငြား လည်ကုတ်ကို ဖိထားသည့် အပြုအမူက လူကို အလိုလို တုန်ယင်သွားစေသည်။

“ကျင်း... ကော... ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ”

ဝမ်ကျင်းမှာ နူးညံ့ပြချင်သည့် စိတ်အခြေအနေတွင် ရှိမနေပေ။ သူ၏ အသံမှာ တိုးလျကာအက်ရှနေသည်။ 

"ကောင်းပြီလေ... မင်းက ကိုယ့်ကို ဘယ်လိုမျိုး လွှတ်ပေးစေချင်တာလဲ"

“လက်... လက်ချောင်းနဲ့ မလုပ်ပါနဲ့တော့...”

“ဒါဆို မင်းက ဘာလိုချင်လို့လဲ”

“ ဘာမှ မလိုချင်းဘူး”

အနှီ "ပုလင်းဝ" လေးမှာ အလွန်ပင် သေးငယ်လှရာ မလိုအပ်သော အရာများကို မလုပ်စေချင်ချေ။

ဝမ်ကျင်းက ပါးစပ်ကသာ သဘောတူလိုက်သော်လည်း လက်တွေ့တွင်မူ နောက်ထပ် လက်ခလယ်တစ်ချောင်းကိုပါ ထပ်မံ ထည့်သွင်းလိုက်ပြန်သည်။

လက်ညှိုးနှင့် လက်ခလယ်တို့၏ ပူးပေါင်းဆောင်ရွက်မှုက ပို၍ပင် ဟန်ချက်ညီလာသည်။ "အသက်သွေးကြော" လေးမှာလည်း ထပ်ခါတလဲလဲ အရည်ပျော်ကျနေခဲ့သည်။

မူလကတည်းက သိုလှောင်ထားသည်တို့မှာ မများလှသဖြင့် ခဏအတွင်းမှာပင် အကုန်အစင် ခမ်းခြောက်သွားခဲ့သည်။ သို့သော် ဝမ်ကျင်းကတော့ ရပ်တန့်မည့်ပုံ မရသေးပေ။

ပိုင်မူနင်မှာ သူ၏နှုတ်ခမ်းကို တင်းတင်းကိုက်ထားရင်း ယနေ့ညသည်လည်း အိပ်စက်ခွင့်ရမည့်ည မဟုတ်တော့ကြောင်း သိလိုက်ရလေတော့သည်။

စားပွဲပေါ်မှ ခုတင်၊ ထို့နောက် ခုတင်မှသည် နံရံအထိ။

ပိုင်မူနင်မှာ ဖရိုဖရဲဖြင့် သနားစဖွယ်အခြေအနေသို့ ရောက်ရှိနေသော်လည်း ဝမ်ကျင်းမှာမူ သူ၏နက်ကတိုင်ကိုသာ ဖြုတ်ထားပြီး သပ်ရပ်နေဆဲ ဖြစ်သည်။

"ကြံချောင်း"ကြီး၏ အချိုဓာတ်ကို အကြိမ်ကြိမ် အရသာခံပြီးနောက် ပိုင်မူနင်မှာ ပါးစပ်များ ညောင်းညာလာကာ တောင်းပန်လိုက်ရသည်။
"ကျင်းကော... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ" 

"ကျွန်တော် မှားပါတယ်... တကယ် မှားသွားပါတယ်လို့"

ဝမ်ကျင်းက သူ့ကိုရှာတွေ့လိမ့်မည်ဟု  á€á€…á€şá€€á€źá€­á€™á€şá€œá€ąá€¸á€•á€„á€ş မမျှော်လင့်ထားခဲ့သလို ဝမ်ကျင် သူ့အား သေလုမျောပါးဖြစ်သည်အထိ ကစားလိမ့်မည်ဟူ၍လည်း သူ တစ်ခါမျှမတွေးခဲ့မိပေ။

သူ့အသက်လေးကို ကယ်တင်ရန်အတွက် ပိုင်မူနင်မှာ ကိုယ့်အမှားကိုကိုယ် ဝန်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

မှန်သည်။ သူ့တွင် နောက်ထပ် ရည်ရွယ်ချက်တစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ သူ ဤတောရွာလေးသို့ အဘယ်ကြောင့် ရောက်နေရသည်ကို ဝမ်ကျင်းအား ပြောရန်ပင်။

သူထွက်ပြေးသွားပြီးနောက် အဘယ်ကြောင့် တစ်ကြိမ်လေးပင် ဆက်သွယ်ခြင်း မပြုခဲ့သည်ကို ဝမ်ကျင်းသေချာပေါက်သိချင်နေလိမ့်မည်ဟု ပိုင်မူနင် ခန့်မှန်းမိသည်။

ဤအကြောင်းကို အသုံးချပြီး တစ်ဖက်သတ် ညှဉ်းပန်းနှိပ်စက်မှုကို အဆုံးသတ်ခြင်းက အကောင်းဆုံး အခွင့်အရေးပင်။

သို့သော် ဝမ်ကျင်းက ဝမ်ကျင်းသာ။ ထိုသူက ပိုင်မူနင်ကို အချိန်ဆွဲနိုင်သည့်အခွင့်အရေး လုံးဝ ပေးမည်မဟုတ်ပေ။

"ဆက်လုပ် မရပ်နဲ့"

"ဝမ်နင်... လိမ္မာနော်" 
သူ၏ခေါင်းမှာ အောက်သို့ဖိချခြင်း ခံလိုက်ရပြီး ပိုင်မူနင်မှာ စကားပင် မပြောနိုင်တော့ပေ။
"ကိုယ် ပြောပြီးပြီလေ... အခု လောလောဆယ် အလောကြီးစရာမလိုဘူး... ဘာမှ ပြောစရာမလိုပါဘူး... လုပ်စရာရှိတာသာလုပ်"

ဝမ်ကျင်းက သူ၏လည်ကုတ်သားကို ဖိညှစ်ရင်း မေးလိုက်သည်။ 
"ကိုယ်တို့ မတွေ့ဖြစ်တာ ဘယ်လောက်တောင် ကြာသွားပြီလဲ"

ပိုင်မူနင် စကားမပြောနိုင်ပေ။ သူ၏ပါးစပ်ထဲတွင် "ကြံချောင်းကြီး"ဖြင့် အပြည့်အသိပ် အပိတ်ခံထားရသောကြောင့် ဖြစ်သည်။

ဝမ်ကျင်းက အဖြေကို စောင့်မနေခဲ့ပေ။ သူကိုယ်တိုင်ပင် အဖြေပေးလိုက်သည်။

"မင်း လီအန်းချီကို ဆေးရုံသွားရှာခဲ့တဲ့နေ့ကစရင် စုစုပေါင်း ၁၇၆ နာရီ၊ ၁၀,၅၆၀ မိနစ်၊ ၆၃၃,၆၀၀ စက္ကန့် ရှိသွားပြီ"

"ပိုင်မူနင် အရမ်းကြာသွားပြီ... တကယ်ကို အရမ်းကြာသွားခဲ့ပြီ"

ပိုင်မူနင်မှာ ပါးစပ်များ စတင်နာကျင်လာသည်။ သူက ဝမ်ကျင်းကို သနားစဖွယ် ကြည့်လိုက်ပြီး မျက်ရည်များထွက်လာအောင် အတင်းအကျပ် ကြိုးစားလိုက်သည်။

ဝမ်ကျင်း သူ့ကို သနားပြီး လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ဝမ်ကျင်းကမူ သူ အတင်းအကျပ် ညှစ်ထုတ်ထားသော မျက်ရည်များကို သုတ်ပေးရင်းဆိုလာ၏။

"ဆက်လုပ်... ကိုယ့်ကို မင်းပေးဆပ်ဖို့ ကျန်နေတာတွေ အားလုံးပြန်ပေးဆပ်ရမယ်လေ"

ဘယ်လို ပြန်ပေးဆပ်ရမှာလဲ...

ပိုင်မူနင် သူ့ကိုယ်သူ စိုးရိမ်လာမိတော့သည်။

သတင်းကောင်းမှာ သူ သေဆုံးလိမ့်မည်မဟုတ်ပေ။

သတင်းဆိုးမှာမူ သူ ဘဝပျက်သွားနိုင်ခြင်းပင်။

ဘေးအိမ်တွင် နံနက် ၅ နာရီဝန်းကျင်တိုင်း တွန်တတ်သော ကြက်ဖကြီးတစ်ကောင် ရှိသည်။

ယခင်က ပိုင်မူနင်ကား ၎င်းက သူ၏အိပ်စက်ခြင်းကိုနှောင့်ယှက်သည်ဟု ယူဆလျက် ဒေါသထွက်ခဲ့ဖူးသည်။

ယခုမူ ထိုအသံမှာ ကယ်တင်ရှင်တစ်ဦးကဲ့သို့ပင်။ 

"ကျင်းကော... မနက် ၅ နာရီ ထိုးနေပြီ... ကျွန်တော် တကယ်မေ့လဲချင်လာပြီ.... အခု အိပ်လို့ရပြီလား"

ဝမ်ကျင်းက ပိုင်မူနင်၏ ပခုံးနှင့် လည်ပင်းကြားမှ ခေါင်းကိုမော့လိုက်ပြီး ရုတ်တရက်ပင် သဘောတူလိုက်သည်။ 
"ကောင်းပြီလေ အိပ်တော့"

သူက ထိုသို့ပြောရင်း သူ့ကို ဖက်ကာ ခေါင်းအုံးပေါ်သို့ လှဲချလိုက်လေသည်။

သူ၏လက်ကောက်ဝတ်များမှာ ချည်နှောင်ခံထားရဆဲ ဖြစ်သည်။ ပိုင်မူနင်မှာ 'အနည်းဆုံးတော့ ကျွန်တော့်ကို ဖြည်ပေးသင့်တာပေါ့' ဟု ပြောချင်နေမိသည်။

သို့သော်လည်း ထို့နောက်တွင် ဝမ်ကျင်း၏ အသက်ရှူသံပြင်းပြင်းထွက်ပေါ်လာရာ ဝမ်ကျင်း အိပ်ပျော်သွားပြီဖြစ်ကြောင်း ပိုင်မူနင် သိလိုက်ရသည်။

ပိုင်မူနင်က တိုးတိုးလေး ရေရွတ်လိုက်သည်။ 

"ဘာလဲ... ခင်ဗျား ဘယ်နှရက်တောင် မအိပ်ဘဲ နေခဲ့လို့ ဒီလောက်မြန်မြန် အိပ်ပျော်သွားတာလဲ"

"ထားလိုက်ပါတော့... ငါ့ကိုယ်ငါပဲ နည်းလမ်းရှာရတော့မှာပဲ"

သူ ကတ်ကြေးရှာရန်အလို့ငှာ ခုတင်ပေါ်မှ ခိုးထွက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူလှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဘေးမှလူမှာ မျက်လုံးများ ချက်ချင်း ပွင့်လာခဲ့သည်။
"မင်း ဘယ်သွားမလို့လဲ"

ပိုင်မူနင်မှာ ဝမ်ကျင်း၏ နီရဲနေသော မျက်လုံးများကို ကြည့်ကာ လန့်သွားပြီးနာခံစွာဖြင့် ပြန်လှဲနေရန်မှတစ်ပါး အခြားမရှိတော့ပေ။

ခပ်မှန်မှန်ထွက်ပေါ်လာသော အသက်ရှူသံအား ပြန်လည်ကြားရပြန်သည်။ ပိုင်မူနင် မျက်လုံးများကို ပိတ်လိုက်ရင်း တွေးလိုက်မိသည်မှာ "ထားလိုက်ပါတော့... နိုးလာမှပဲ ရှင်းတော့မယ်" ဟူ၍ပင်။


💊💊💊💊Chapter 59
ဝမ်ကျင်း ကျွန်တော် လမ်းခွဲချင်တယ်


ပိုင်မူနင်တစ်ယောက် နေမွန်းတည့်သည်အထိ တစ်ဆက်တည်းအိပ်ပျော်သွားခဲ့ပြီး နိုးလာသောအခါတွင်မူ သူ့ဘေးနား၌ တစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ပေ။

ဝမ်ကျင်း ဘယ်ရောက်သွားတာလဲ...

အခန်းထဲတွင် မည်သူ့အရိပ်အယောင်မှ မရှိတော့ပေ။ ပိုင်မူနင် ဇဝေဇဝါဖြင့်ပင် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။

သူက အံ့ဩတကြီးဖြင့် ခေါင်းကုပ်လိုက်ရင်း အားလုံးက အိပ်မက်များလားဟုပင် စတင်တွေးတောမိလာသည်။

ဝမ်ကျင်း ငါ့ကိုရှာတွေ့သွားပြီး အညှာအတာမဲ့ ကစားခဲ့တယ်လို့ ငါ တကယ်ကြီး အိပ်မက်မက်ခဲ့တာလား...

သို့တိုင် အိပ်မက်က တကယ်ဖြစ်ပျက်နေသလို ခံစားချက်မျိုး ပေးစွမ်းနိုင်လွန်းရာ သူ၏ တင်ပါးလေးက ယခုထိ အနည်းငယ်မျှ နာကျင်နေဆဲဖြစ်၏။

ထိုလက်ချောင်းများ၏ ကျွမ်းကျင်မှုနှင့်ပျော့ပျောင်းမှုကို တွေးမိလိုက်လျှင် ပိုင်မူနင်၏ ပါးပြင်လေးတို့မှာ ရှက်သွေးဖြန်းကာ နီရဲသွားရသည်။ သူ သူ့မျက်နှာကိုသူ လက်နှင့်အုပ်ကာဖြင့် အတွေးများ ဆက်မတိုးလာစေရန်အလို့ငှာ ကိုယ့်ကိုယ်ကိုယ် အသာအယာပုတ်လျက် ထိန်းလိုက်ရ၏။

သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ပိုင်မူနင် သူ့ကိုယ်သူ ပြန်တွေးလိုက်မိသည်မှာ  á€…ိတ်ဖိစဎးမသု များလွန်း၍သာ ဝမ်ကျင်းအကြောင်းကို အိပ်မက်မက်ခြင်း ဖြစ်ရမည်ဟူ၍။

ဟုတ်တယ်... အိပ်မက်တစ်ခုသက်သက်ပါပဲ...

ငါ ဒီလောက်အထိ လုံလုံခြုံခြုံပုန်းနေတာကို ဝမ်ကျင်းက ဘယ်လိုလုပ် ငါ့ကို ရှာတွေ့နိုင်မှာလဲ...

သူခုတင်ပေါ်မှဆင်းရန်အလို့ငှာ သံခုတင်လက်ရန်းကို လှမ်းကိုင်ရင်း ခြေထောက်ကိုဆန့်ထုတ်လိုက်၏။ သို့တိုင် သူ့မျက်လုံးတို့က တစ်နေရာကို ဖြတ်ခနဲကြည့်မိလိုက်ချိန်တွင်မူ ပိုင်မူနင် ထိတ်လန့်လွန်း၍ ခုတင်ထက်သို့ ပြန်လဲကျသွားရသည်။

မွေ့ရာပေါ်ကို အရှိန်ဖြင့် ကျသွားခြင်းဖြစ်ရာ နာကျင်မှုက တစ်ကိုယ်လုံးကို ဖြတ်သန်းစီးဆင်းသွားပြီး ယင်းက အိပ်မက်မဟုတ်ဘူးကြောင်း ရှင်းရှင်းလင်းလင်း အတည်ပြုပေးလိုက်သလိုပင်။ အရာအားလုံးက တကယ်ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။

အထူးသဖြင့် သူ၏ ဘယ်ဘက်လက်ကောက်ဝတ်တွင် ကျန်ရှိနေဆဲ အနီရင့်ရောင် နက်ကတိုင်ကြီးပင်။

မှတ်ဉာဏ်အရဆိုလျှင် ယင်းက ဝမ်ကျင်း၏ပစ္စည်းဖြစ်၏။

ဤနက်ကတိုင်က သူ့ကို ဒုက္ခပေးခဲ့သည့်အရာဖြစ်ပြီး ယခုထိ သူ့လက်ကောက်ဝတ်တွင် နီရဲနေသော အမှတ်အသားများ ထင်ကျန်နေဆဲပင်။

ဝမ်ကျင်း ထွက်သွားပြီလား...

ကောင်းတာပေါ့... ဒါဆို ဘာမှ ရှင်းပြနေစရာ မလိုတော့ဘူး...

နံရံရှိနာရီကို ကြည့်လိုက်လျှင် ငါးစာကျွေးရမည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ပိုင်မူနင်က အလုပ်ဝတ်စုံကို လဲလိုက်ကာဖြင့် ငါးစာများယူရန် ဂိုဒေါင်ထံသို့ ထွက်လာလိုက်သည်။

ဂိုဒေါင်သို့ ရောက်ရှိသောအခါ ငါးစာတွန်းလှည်းကို တစ်စုံတစ်ယောက်က ယူဆောင်သွားပြီဖြစ်ကြောင်း ပိုင်မူနင် တွေ့ရှိလိုက်ရ၏။

သူ ငါးမွေးမြူရေးခြံပတ်ပတ်လည်တွင် လိုက်လံရှာဖွေပြီး နောက်ဆုံးတွင် မှောင်မည်းနေသော တဲအိမ်လေးတစ်ခုအတွင်း၌ တွန်းလှည်းကို ရှာတွေ့သွားလေသည်။

ထိုတဲအတွင်း မွေးမြူထားသော ငါးများမှာ အလင်းရောင်နှင့် မတည့်သည့် မျိုးစိတ်များဖြစ်ပြီး ဦးလေးဝူက မျိုးစိတ်ပေါင်းစုံထဲမှ အထူးတလည် ဂရုတစိုက် စုဆောင်းထားခြင်းဖြစ်သည်။

သူ တံခါးဖွင့်၍ အထဲသို့ဝင်ရန် ပြင်ဆင်လိုက်စဉ် တံခါးမှာ အတွင်းမှ ရုတ်တရက်ပွင့်လာသည်။ အရပ်ရှည်သွယ်သော လူရိပ်တစ်ခုမှာ အပြင်သို့ အလောတကြီး ပြေးထွက်လာပြီး သူ့ကို တည့်တည့် ဝင်တိုက်မိလေတော့၏။

ပိုင်မူနင်မှာ လှေကားထစ်ပေါ်၌ ရပ်နေရာ အရှိန်ကြောင့် အနောက်သို့လန်ကျတော့မည့်ဆဲဆဲတွင် လက်တစ်ဖက်က သူ၏ခါးကို အမြန်လှမ်းဖက်၍ မလဲကျစေရန် ဆွဲထိန်းပေးလိုက်သည်။

မည်သူဖြစ်သည်ကို သေသေချာချာ မြင်လိုက်ရလျှင် ပိုင်မူနင် မေးလိုက်မိ၏။
“ကျင်းကော... ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ” 

ဝမ်ကျင်းမှာ ငါးတစ်ကောင်ကောင်ကြောင့် လန့်သွားသည့်ဟန်ဖြင့် အသက်ကို ပြင်းပြင်းရှူလျက် ပြန်ဖြေလာသည်။
“ကိုယ် ငါးစာလာကျွေးတာ” 

သူတို့နှစ်ဦး လှေကားပေါ်မှ အတူတူ ဆင်းလာခဲ့ကြသည်။ ဝမ်ကျင်းက ပြောပြလာ၏။ 
“အဲဒီထဲမှာ ငါးတစ်ကောင်ရှိတယ် အရမ်းရုပ်ဆိုးတာပဲ... ပြီးတော့ အဲဒါက ကလေးငိုသံလို အသံကြီး ပေးနေတယ်”

ပိုင်မူနင်မှာ မအောင့်နိုင်ဘဲ တဟားဟား ရယ်မောလိုက်မိသည်။ 

“ကျင်းကော... ခင်ဗျားက ငါးကို ကြောက်နေတာလား... အဲဒါကို ရေပုတ်သင်အကြီးမျိုးလို့ ခေါ်တယ်... သူ့ရဲ့ သိပ္ပံအမည်ကကျ အန်ဒရီးရက်စ် ဒါဗီဒီယာနပ်စ်( Andrias davidianus )တဲ့... နိုင်ငံတော်က ထိန်းသိမ်းထားတဲ့ မျိုးစိတ်လေ”

ဤငါးကို မွေးမြူရန်အတွက် အထူးခွင့်ပြုမိန့်များ လိုအပ်သည်။ ဤငါးကို ရရှိရန်အတွက် ဦးလေးဝူ တော်တော်လေးအခက်အခဲ ဖြစ်ခဲ့ရမည်ဟု ပိုင်မူနင် တွေးလိုက်မိသည်။

ဤမျှ တန်ဖိုးရှိသောမျိုးစိတ်ကို ဝမ်ကျင်းက ရုပ်ဆိုးသည်ဟု ဝေဖန်နေခြင်းဖြစ်၏။

အမှန်အတိုင်းပြောရလျှင် ထိုငါးမှာ တကယ်ပင် ကြည့်မကောင်းလှသည်မှာ အမှန်ပင်။

“ကိုယ် ကြောက်တာမဟုတ်ပါဘူး... အဲဒါက ဘယ်လောက်တောင် ရုပ်ဆိုးလဲဆိုတာမြင်ပြီး လန့်သွားတာပါ”

အနှီသူမှာ သိသိသာသာပင် ကြောက်ရွံ့နေသော်လည်း ဇွတ်ငြင်းနေခြင်းသာ။

ပိုင်မူနင်က ကလေးတစ်ယောက်ကို ချော့မြှူသကဲ့သို့ပင် ပြန်လည်ချော့မော့လိုက်ရလေသည်။ 
“ကျင်းကော ပြောတာမှန်တယ်... တကယ်ကို ရုပ်ဆိုးလွန်းချက်ပဲ... လုံးဝ ကြောက်စရာမလိုဘူး” 

ဝမ်ကျင်းက နောက်တစ်နေရာသို့ တွန်းလှည်းကို တွန်းသွားပြီး ပိုင်မူနင်ကမူ ဘေးမှ လိုက်ပါလျက် လိုအပ်သည်တို့အား ရှင်းပြပေးနေသည်။

ငါးမွေးမြူရေးပညာမှာ သူ၏အဓိကဘာသာရပ် ဖြစ်သဖြင့် ဝမ်ကျင်းကို အများကြီးပြောပြပေးနိုင်သည်။ ဝမ်ကျင်းက သူ့ကို တရုတ်တိုင်းရင်းဆေးပညာအကြောင်း ယုံကြည်မှုအပြည့်ဖြင့် ရှင်းပြခဲ့သကဲ့သို့ပင်။

“အခု ကျွန်တော်တို့ အစာကျွေးနေတာက ရိန်းဘိုးထရောက် (rainbow trout) ငါးတွေလေ... သူ့အသားက ဆော်လ်မွန်ငါးနဲ့ ဆင်တူတော့ တချို့လူတွေက ဒီငါးကို ဆော်လ်မွန်ဆိုပြီး လိမ်ရောင်းတတ်ကြတယ်”

“ကျွန်တော်တို့ ပါမောက္ခက ပြောဖူးတယ်... ရိန်းဘိုးထရောက်က ရေချိုငါးဖြစ်လို့ အစိမ်းမစားသင့်ဘူးတဲ့... ဒါကြောင့် ဆာရှီမီ(Sashimi-ဆော်လ်မွန်ငါးစိမ်း) အစစ်ကို စားချင်တယ်ဆိုရင် ယုံကြည်ရတဲ့ဆိုင်မှာပဲဝယ်ရမယ်... မဟုတ်ရင် အတုနဲ့တိုးလိမ့်မယ်”

“ဒါပေမဲ့ တကယ်တမ်းပြောရရင် ဒီငါးကို ဆီပြန်ချက်စားရင်လည်း တော်တော်ကောင်းပါတယ်”

သူ ရေကန်ထဲသို့ ငါးစာများကို ပက်လိုက်လျှင် ငါးများမှာ တစ်ကောင်နှင့်တစ်ကောင် လုယက်၍ စားကြလေတော့သည်။

ငါးစာများကို ပိုမိုထည့်ပေးလိုက်မှသာ  á€™á€œá€Żá€šá€€á€şá€€á€źá€á€ąá€Źá€ˇá€žá€Šá€şá€™á€žá€Ź လူသားများသို့နှယ်။

ဝမ်ကျင်းက သူ့ကို မြှောက်ပင့်လာ၏။ 
“ရှောင်နင်က တကယ်ကို အများကြီး သိတာပဲ... ကိုယ်တော့ အသိပညာတစ်ခု တိုးသွားပြီ”

ပိုင်မူနင်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားလျက် ခေါင်းကို ကုပ်လိုက်မိသည်။

ငါးစာကျွေးပြီးနောက် ဝမ်ကျင်းက ပိုင်မူနင်ကို မြို့ထဲသို့ ခေါ်သွားလိုကြောင်း ပြောလာသည်။

လုပ်ဖော်ကိုင်ဖက်စီနီယာတစ်ဦးအား အကြောင်းကြားပြီးနောက် ဝမ်ကျင်းတစ်ယောက် ပိုင်မူနင်၏ လက်ကိုဆွဲ၍ အပြင်သို့ ထွက်လာခဲ့သည်။

“မြို့ထဲကို ဘာသွားလုပ်မှာလဲ”  
ပိုင်မူနင်က မေးလိုက်သည်။ 
“ဒီနေရာက တောရွာဖြစ်လို့ သွားလာရတာ ခက်ခဲတယ်... ကားမရှိရင် ကျွန်တော်တို့ မရောက်နိုင်ဘူး”

“ကိုယ့်မှာ ကားပါပါတယ်”

မကြာမီမှာပင် ပိုင်မူနင် ငါးခြံအဝင်ဝ၌ ရပ်တန့်ထားသော ကျင်းနန်လိုင်စင်နံပါတ်ဖြင့် ကားတစ်စီးကို တွေ့ရှိလိုက်ရသည်။ ၎င်းမှာ ဝမ်ကျင်း၏ကားပင် ဖြစ်သည်။

ပိုင်မူနင် အံ့ဩသွားပြီး မေးလိုက်သည်။
 “ခင်ဗျား ဒီအထိ ကားမောင်းလာတာတော့ မဟုတ်ဘူးမလား” 

“တခြားဘယ်လိုဖြစ်နိုင်ဦးမှာလဲ”

ကျင်းနန်မှာ S မြို့နှင့် ကီလိုမီတာ ထောင်ချီဝေးကွာလှသည်။ 
သူက ဒီအကွာအဝေးကို တကယ်ပဲ ကားမောင်းလာခဲ့တာလား…

ရှေ့ခန်း၌ ထိုင်၍ ခါးပတ်ပတ်လိုက်ပြီးနောက် ပိုင်မူနင်က မေးလိုက်သည်။
“ဒါနဲ့ ကျွန်တော်တို့ ဘာသွားလုပ်ကြမှာလဲ” 

“ပစ္စည်းတစ်ခု သွားယူမလို့”

“…?”

သူတို့ ပစ္စည်းပို့ဆောင်ရေးစခန်းသို့ ရောက်သောအခါ ဝမ်ကျင်းက ခရီးဆောင်သေတ္တာတစ်လုံးကို ယူလိုက်သည်။ ထိုအထဲမှ အင်္ကျီအိတ်နှစ်အိတ်ကို ထုတ်၍ နောက်ခန်းအတွင်း ပစ်ထည့်လိုက်ကာ သေတ္တာကိုမူ ကားနောက်ဖုံးအတွင်း ထည့်လိုက်လေသည်။

သူ ဘာလုပ်ဖို့ကြံနေတာလဲ... ဝမ်ကျင်းက ဒီနေရာမှာ ရေရှည်နေဖို့ စီစဉ်နေတာလား...

မြို့ထဲ၌ ခဏပတ်မောင်းပြီးနောက် နောက်ဆုံးတွင် မြို့၌ အကောင်းဆုံးဖြစ်သော ဟိုတယ်တစ်ခုကို သူတို့ ရွေးချယ်လိုက်ကြသည်။

ဟိုတယ်ပိုင်ရှင်၏ ဇနီးက အခန်းဖွင့်ပေးရန် သော့ဖြင့် အပေါ်ထပ်သို့ လိုက်လာခဲ့သည်။ သူမ ထွက်သွားပြီးနောက် ပိုင်မူနင်က ဆိုဖာပေါ်၌ ထိုင်နေရင်း စိတ်မသက်မသာ ဖြစ်လာလေသည်။

ဝမ်ကျင်း တကယ်ကို ဘာလုပ်ချင်နေတာလဲ... သူက ဘာလို့ ဟိုတယ်အခန်းကိုပါ ငှားရတာလဲ...

ဝမ်ကျင်းက သူယူဆောင်လာသော အိတ်များထဲမှ တစ်အိတ်ကို သူ့ထံ ကမ်းပေးလိုက်သည်။

“ဒါကိုယူပြီး ရေသွားချိုးလိုက်... အင်္ကျီအသစ်တွေ လဲလိုက်ဦး”

“မင်း အခုဝတ်ထားတဲ့အင်္ကျီတွေက အရမ်းညစ်ပတ်နေပြီ”

ပိုင်မူနင်က သူ့ကိုယ်သူ ပြန်ကြည့်လိုက်ရာ တကယ်ပင် အတော်လေး ညစ်ပတ်နေသည်ကို တွေ့ရှိလိုက်ရသည်။

သူလည်း ယင်းနှင့်ပတ်သက်၍ ဘာမှမတတ်နိုင်ပေ။ တောရွာ၌ မည်သည်ကမျှ မပြည့်စုံချေ။ ရေပူစက်မရှိသလို အဝတ်လျှော်စက်လည်းမရှိပေ။ ထို့ပြင် ယခုမှာ ဆောင်းရာသီဖြစ်သဖြင့် ချမ်းအေးလှရာ အဝတ်များကို နေ့တိုင်းလျှော်ရန်မှာလည်း မလွယ်ကူလှပေ။

ထို့အပြင် သူက မည်သည့်ပစ္စည်းမှမပါဘဲ ထွက်လာခဲ့ခြင်းဖြစ်သည်။ ယခု သူဝတ်ထားသော အင်္ကျီများမှာလည်း ဦးလေးဝူ၏သားက မဝတ်တော့သဖြင့် ပစ်ထားသော အင်္ကျီများသာ ဖြစ်သည်။

ဝတ်စရာရှိနေခြင်းကိုက ကံကောင်းနေပြီပင်။ သူက  á€‡á€Žá€‡á€Źá€€á€źá€ąá€Źá€„်မန္နိုင်ပ္။

ပိုင်မူနင် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ ဝမ်ကျင်းက သူ့ကို အထင်သေးနေသလို ခံစားလိုက်ရသောကြောင့်ပင်။
“အခုကျတော့ ကျွန်တော့်ကို ညစ်ပတ်တယ်လို့ ထင်နေတာလား... မနေ့ညက ခင်ဗျား ပျော်ပါးနေတုန်းကတော့ ဘာမှမပြောဘူးပဲ”

ထိုသို့ပြောပြီးနောက် သူက ဝမ်ကျင်း၏ တုံ့ပြန်မှုကိုပင် ဂရုမစိုက်တော့ဘဲ အဝတ်အစားများကို ပိုက်လျက် ရေချိုးရန် ထွက်သွားလေတော့သည်။

ရေနွေးဖြင့် ရေချိုးပြီးနောက် အဝတ်အစားအသစ်များကို လဲလှယ်ဝတ်ဆင်လိုက်သည့်အခါ ပိုင်မူနင် တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရ၏။

ငါးမွေးမြူရေးခြံတွင် ရေပူစက်မရှိသဖြင့် လွန်ခဲ့သောရက်အနည်းငယ်က သူ ရေမချိုးဖြစ်ခဲ့ပေ။ ရေကို အနည်းငယ် နွေးအောင်လုပ်၍ ကိုယ်ကိုသုတ်ရုံသာ ပြုလုပ်နိုင်ခဲ့သည်။

ယခုအခါ အညစ်အကြေးများ စင်ကြယ်သွားပြီဖြစ်ရာ တစ်ကိုယ်လုံးမှလည်း မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာလေသည်။

သူက ခုတင်ပေါ်တွင် ခြေပစ်လက်ပစ် လှဲချလိုက်ပြီး နူးညံ့သော ခေါင်းအုံးကိုဖက်လျက် ထိုအခိုက်အတန့်၏ သက်သောင့်သက်သာရှိမှုကို ခံစားနေမိသည်။

ဝမ်ကျင်းက သူ့အနားသို့ လျှောက်လာပြီး ဘူးတစ်ဘူး ကမ်းပေးလာသည်။ ၎င်းမှာ ဖုန်းတစ်လုံးဖြစ်ကြောင်း မြင်လိုက်ရလျှင် ပိုင်မူနင်မှာ ရုတ်တရက် ထိုင်လိုက်မိပြီး မေးလိုက်သည်။

 “ဒါက ကျွန်တော့်အတွက်လား” 

“ကိုယ် မင်းရဲ့ SIM ကတ်ကို အသစ်ပြန်လုပ်ပေးထားတယ်... နံပါတ်ဟောင်းအတိုင်းပဲ မင်း လီအန်းချီကို WeChat ကနေ ဆက်သွယ်လိုက်ပါဦး... သူ မင်းကို တကယ်စိတ်ပူနေတာ”

“သူက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာလေ... အဲဒီနေ့က မင်းကို အောက်ထပ်အထိ လိုက်မပို့လိုက်ရလို့ အခုလို ပြန်ပေးဆွဲခံရတာလို့ သူက ထင်နေတာ”

ပိုင်မူနင် မကြာသေးမီက ဝယ်ထားသော ဖုန်းနှင့် SIMကတ်မှာ ထိုမြေအောက်ခန်း ပေါက်ကွဲမှုတွင် ပျက်စီးသွားခဲ့ပြီဖြစ်သည်။

ဤအတောအတွင်း သူ့တွင် ဖုန်းမရှိပေ။ သူက ဖုန်းကိုလက်မခွာတမ်း အသုံးပြုတတ်သူ မဟုတ်သော်လည်း အခြားသူများ ဖုန်းကိုင်ထားသည်ကို မြင်လျှင် ပထမဆုံး လစာရသည်နှင့် ကိုယ်ပိုင်ဖုန်းတစ်လုံး ဝယ်မည်ဟု စိတ်ထဲမှ တိတ်တဆိတ် တေးထားခဲ့ဖူးသည်။

ယခုအခါ နောက်ဆုံးပေါ် ဖုန်းမော်ဒယ်မှာ သူ့ရှေ့သို့ ရောက်ရှိလာသဖြင့် ပိုင်မူနင်မှာ အပြစ်မကင်းသလို ခံစားလိုက်ရသည်။

သူက ဝမ်ကျင်းထံမှ ထွက်ပြေးရန် အသည်းအသန် ကြိုးစားနေသော်လည်း ဝမ်ကျင်းကမူ သူ့အပေါ် အလွန်ပင်ကြင်နာလွန်းလှသည်။

ယခုအချိန်အထိ သူအဘယ်ကြောင့် ထွက်ပြေးပြီး အဆက်အသွယ်ဖြတ်ခဲ့သလဲဟူ၍ပင် ဝမ်ကျင်းက မေးမလာသေးပေ။

ဖုန်းကို ကိုင်ထားရင်း ပိုင်မူနင်က ခေါင်းငုံ့လျက် တိုးတိုးလေး မေးလိုက်သည်။
“ကျင်းကော... ကျွန်တော့်ကို ဘယ်လိုရှာတွေ့တာလဲ”

“ခန့်မှန်းကြည့်လေ”  
ဝမ်ကျင်းက အဖြေကို တန်းမပြောဘဲ သူ့ကိုစနောက်လျက်ဆိုလာသည်။

ပိုင်မူနင်မှာ မစဉ်းစားတတ်တော့ပေ။ အကယ်၍ သူသာ စဉ်းစားမိခဲ့လျှင် ဝမ်ကျင်းသူ့ကို အစကတည်းက ရှာတွေ့လိမ့်မည် မဟုတ်ပေ။

ဝမ်ကျင်းက သူ့ကို အရိပ်အမြွက်တစ်ခု ပေးလိုက်သည်။ 
“အရေးပေါ် နှလုံးနိုးကြားဆေးနည်းကြောင့်ပါ”

“ဆေးညွှန်းတစ်ခုတည်းနဲ့လား” 
ပိုင်မူနင်မှာ အံ့ဩကာမှင်သက်သွားရသည်။

သူ ဖြစ်နိုင်ခြေပေါင်းများစွာကို တွေးတောခဲ့သော်လည်း ဆေးညွှန်းတစ်ခုမှတစ်ဆင့် ဝမ်ကျင်း သူ့ကို ရှာတွေ့လိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့မိပေ။

ယင်းက တကယ်ကို မယုံနိုင်စရာကောင်းလွန်းလှ၏။

ဝမ်ကျင်းက သူ၏မျက်နှာကို ဆွဲညှစ်လိုက်ပြီး ပြောလိုက်သည်။
“အဲဒါ ကိုယ့်ရဲ့ဆေးညွှန်းလေ” 

“…?”

ထိုဆေးညွှန်းမှာ ဒေါ်လေးဝူကို ကယ်တင်ရန် အသုံးပြုခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးတွင် သူ၏ တည်နေရာကို ဖော်ပြသလိုဖြစ်သွားခဲ့သည်။

ကံကြမ္မာ၏ စနောက်မှုဟုပင် ဆိုရပေမည်။

ဖြစ်နိုင်ခြေအလွန်နည်းပါးသော တိုက်ဆိုင်မှုလေးတစ်ခုကပင် သူ့ကို ရှာတွေ့အောင် ပြုလုပ်နိုင်ခဲ့သည်။

ပိုင်မူနင်တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် ဝမ်ကျင်းကပြောလာသည်အား ရုတ်တရက် ကြားလိုက်ရသည်။
“မင်း အခုချက်ချင်း ပြန်မသွားချင်သေးဘူးဆိုရင်လည်း ကိုယ်တို့ ဒီမှာ ခဏလောက် နေကြတာပေါ့” 

“မင်း လည်ပတ်လို့ ဝပြီဆိုမှ အိမ်ပြန်ကြမယ်”

“…?”

ဘာလဲ... ဝမ်ကျင်းက ငါ့အတွက်နဲ့ ဒီနေရာမှာ တကယ်ကြီး အတူနေဖို့ စီစဉ်နေတာလား...

WeChatသို့ ဝင်လိုက်သောအခါ မဖတ်ရသေးသော စာတိုများမှာ ၉၉+ ထက်ပင် များပြားလှသဖြင့် ပိုင်မူနင်မှာ ဖတ်မကုန်နိုင်အောင် ဖြစ်သွားရသည်။

သူက အများအပြားပို့ထားသော နှစ်သစ်ကူး နှုတ်ခွန်းဆက်သစာများကို လျစ်လျူရှုလိုက်ပြီး အရေးကြီးဆုံးလူထံသို့ တိုက်ရိုက်သွားလိုက်သည်။

လီအန်းချီမှာ သူ့ထံသို့ မရေမတွက်နိုင်သော မက်ဆေ့ခ်ျများ ပေးပို့ထားပြီး ထိုအထဲတွင် ထိုနေ့က အောက်ထပ်အထိ လိုက်မပို့ပေးနိုင်ခဲ့သည့်အတွက် နောင်တရနေသည့် အကြောင်းအရာများလည်း ပါဝင်သည်။

ပိုင်မူနင်က အသံဖြင့် ခေါ်ဆိုလိုက်ရာ လီအန်းချီက ချက်ချင်းပင် လက်ခံလိုက်ပြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

“ပိုင်မူနင်...  á€á€€á€šá€şá€•á€˛á€™á€„á€şá€¸á€œá€Źá€¸”

“ငါပါ”

လီအန်းချီက ကျယ်လောင်စွာဆိုလာ၏။

 “ဟား ... နင်အာ မင်း တကယ် အသက်ရှင်နေတာလား... မင်းငါ့ကိုတော့ လန့်သေအောင် လုပ်တာပဲ...ငါက  á€™á€„်း သေသွားပြီလို့ ထင်နေတာ” 

“လွန်ခဲ့တဲ့ရက်တွေက မင်းအတွက်နဲ့ ငါ ဘယ်လောက်တောင် ငိုခဲ့ရလဲသိလား... မင်းကို တူးထုတ်နိုင်မလားဆိုပြီး အပျက်အစီးတွေကြားထဲ နေ့တိုင်းသွားခဲ့တာ”

“မင်းကို ရှာတွေ့မှာလည်း ကြောက်တယ် ရှာမတွေ့မှာလည်း ကြောက်တယ်... ငါတော့ သေတော့မယ်ထင်တာ”

လီအန်းချီမှာ သူ၏ စိုးရိမ်လွမ်းဆွတ်မှုများကို ရင်ဖွင့်ပြီးနောက် လေသံမှာ ရုတ်တရက် ဒေါသလေသံသို့ ပြောင်းသွားသည်။

 “ပိုင်မူနင်... မင်း တကယ့်ကောင်ပဲ... အသက်ရှင်နေရင် ဘာလို့ အဆက်အသွယ် မလုပ်တာလဲ... ငါတို့အားလုံး ဘယ်လောက် စိတ်ပူနေရလဲ သိရဲ့လား”


💊💊💊💊 Chapter 60


“အထူးသဖြင့် ဒေါက်တာဝမ်ပေါ့... သူက မင်းသေပြီဆိုတာကို လုံးဝမယုံဘူး... ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးတဲ့အထိ အဲဒီနေရာမှာပဲ တစ်ချိန်လုံး စောင့်နေခဲ့တာ... ငါကြားတာတော့ သူ ရက်ပေါင်းများစွာ အိပ်မပျော်ဘဲ နေ့ရောညပါ အပျက်အစီးတွေကြားမှာ ရှာနေခဲ့တာတဲ့ ”

“နောက်မှ မင်းရဲ့သတင်းကို ကြားရတယ်ဆိုပြီး မင်းကိုရှာဖို့ တစ်ယောက်တည်း ကားမောင်းထွက်သွားတာ... သူ တကယ်ပဲ မင်းကို ရှာတွေ့သွားတာပဲ”

“ပိုင်မူနင်... မင်း ဘာတွေ ဖြစ်နေတာလဲ”  

လီအန်းချီက ဒေါသတကြီး မေးမြန်းလာသည်။

ပိုင်မူနင် သက်ပြင်းချလိုက်မိသည်။ စိတ်ထဲတွင် ပို၍ပင် လေးလံလာခဲ့သည်။ အပြစ်မကင်းသည့် စိတ်မှာ တောင်ကြီးတစ်လုံးကဲ့သို့ သူ့ကို ဖိထားရာ အသက်ရှူရန်ပင် ခက်ခဲလာသည်။

“ဇာတ်လမ်းက အရှည်ကြီးပဲ... နောက်မှ ပြောပြမယ်”

ယခုအချိန်မှာ ရှင်းပြနေရမည့် အချိန်မဟုတ်ပေ။  á€á€™á€şá€€á€ťá€„á€şá€¸á€˜á€€á€şá€™á€ž ပြဿနာကို အရင်ဖြေရှင်းရန်က ပိုအရေးကြီးသည်ဟုသာ ပိုင်မူနင် တွေးလိုက်သည်။

ဖုံးကွယ်လိမ်ညာပြီး ထွက်ပြေးခြင်းနှင့် ပြန်လည်အဖမ်းမိခံရခြင်းတို့တွင် ပိုင်မူနင် အားအနာရဆုံးမှာ ဝမ်ကျင်းပင်။

“ကောင်းပြီလေ... ငါ ထပ်မမေးတော့ပါဘူး” 
လီအန်းချီက ဆိုသည်။ 
“ဒါပေမဲ့ မင်း ဘယ်တော့ ပြန်လာမှာလဲ... အဲဒါတော့ ပြောနိုင်တယ် မဟုတ်လား”

“ငါ... မသိဘူး”  
ပိုင်မူနင်က လမ်းပျောက်နေသည့်အလား ပြန်ဖြေလိုက်မိပါ၏။

သူ၏ မူလအစီအစဉ်မှာ ငါးမွေးမြူရေးခြံတွင် ငွေရှာ၍ စုဆောင်းမိသောအခါ မြို့ကြီးတစ်မြို့သို့သွားကာ တရုတ်တိုင်းရင်းဆေးဆိုင်တွင် အလုပ်ဝင်လျက် တရုတ်တိုင်းရင်းဆေးဆရာဝန် လက်မှတ်ရရှိရန် အမြန်ဆုံး ကြိုးစားရန်ပင်။

သို့သော်လည်း ဝမ်ကျင်း ရုတ်တရက် ပေါ်လာသည့်အခါ သူ၏ အစီအစဉ်များအားလုံးကို ပြန်လည်စဉ်းစားရတော့မည်ဖြစ်၏။

သူ့အတွက် အခက်ခဲဆုံးမှာ ဝမ်ကျင်းက ဤနေရာတွင်နေထိုင်၍ သူနှင့်အတူရှိနေရန် တကယ်ကြီး ကြံရွယ်နေခြင်းပင်။

လီအန်းချီက တိတ်ဆိတ်မှုကို ခံစားမိသွားပြီးမဝံ့မရဲ မေးလိုက်သည်။
“နင်အာ... မင်း ကျင်းနန်ကို ပြန်မလာချင်တော့ဘူးလား”

ပိုင်မူနင် ဘာမှမပြောနိုင်ခဲ့ပေ။ သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေပြီး ဘယ်လိုဖြေရမည်ကို မသိတော့ပေ။

သူက အမြဲလိုလို  á€Ąá€á€źá€ąá€Ąá€™á€źá€…်မဲအ နေထိုင်လာသူ ဖြစ်ရာ မည်သည့်နေရာတွင် နေရသည်ဖြစ်စေ သူ့အတွက် အရေးမကြီးပေ။

သံယောဇဉ်မရှိလျှင် မည်သည့်နေရာမဆို အိမ်ဖြစ်သည်ပင်။

သို့သော်လည်း ယခုအခါတွင်မူ ခံစားချက်က ကွဲပြားနေသည်။ ကျင်းနန်ကို စွန့်ခွာရန် သူ အနည်းငယ် ဝန်လေးနေမိသည်။

ကျင်းနန်တွင် သူ၏သူငယ်ချင်းများ၊ ဝမ်ကျင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် သူ၏ဖောက်သည်များ ရှိနေသည်။

သံယောဇဉ်တွယ်စရာ လူများနှင့် အရာများ အလွန်များပြားနေသဖြင့် သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချနိုင်ပေ။

ထို့ကြောင့်ပင် လီအန်းချီ၏ မေးခွန်းကို ရင်ဆိုင်ရချိန်၌ ပိုင်မူနင် တွန့်ဆုတ်နေမိခြင်းပင်။ အကယ်၍ သူ မခွဲနိုင်မခွာရက်ဖြစ်ရသော လူများသာမရှိခဲ့လျှင် သူပြန်မလာတော့ဟု ပြတ်ပြတ်သားသား ပြောမိလိမ့်မည်။

သို့သော် ယခုမူ သူ ဝန်လေးနေမိပြီဖြစ်သည်။

“ရှောင်နင်”
ဝမ်ကျင်း၏အသံကို ကြားလိုက်ရသည်နှင့် ပိုင်မူနင်က အသံဖြင့်ခေါ်ဆိုမှုကို အလျင်အမြန်ပင် အဆုံးသတ်လိုက်သည်။ 

“ကျင်းကော... ဘာဖြစ်လို့လဲ”

သူရေချိုးခန်းတံခါးဝတွင် ရပ်နေစဉ် ဝမ်ကျင်း ပြောသည်ကို ကြားလိုက်ရ၏။
“ခဏလောက် အထဲဝင်ခဲ့ဦး” 

“ဟင်...” 
ပိုင်မူနင်က တံခါးလက်ကိုင်ကို ဆုပ်ကိုင်ထားပြီးဖြစ်သော်လည်း ဖွင့်ရန်မူ မဝံ့မရဲ ဖြစ်နေမိသည်။

ရေချိုးနေရင်း ငါ့ကို ဘာလို့ အထဲခေါ်ရတာလဲ... ကျောတိုက်ပေးစေချင်လို့များလား ...

“ဘာလို့ ဝင်မလာသေးတာလဲ” 
ဝမ်ကျင်းက အလျင်လိုဟန်ဖြင့်ဆိုသည်။

ဘာကို ကြောက်နေရမှာလဲ..  á€á€„á€şá€žá€˝á€Źá€¸á€œá€­á€Żá€€á€şá€…á€™á€şá€¸á€•á€Ť...

ပိုင်မူနင် သူ့ကိုယ်သူ အားပေးစကားပြောကာ လက်ကိုင်ကိုဖိချ၍ အထဲသို့ လှမ်းဝင်လိုက်သည်။

ရေချိုးခန်းအတွင်း၌ နွေးထွေးသော လေများက ခပ်မှန်မှန်စီးဆင်းနေသည်။ လေထုမှာ အလွန်ခြောက်သွေ့သဖြင့် ရေငွေ့များစွာ မရှိဘဲ လန်းဆန်းမှုကို ပေးစွမ်းနေ၏။

ဝမ်ကျင်းက ရေချိုးခန်းသုံး တဘတ်ကို ပတ်လျက် မှန်ရှေ့တွင် ရပ်နေသည်။ သူ၏ လက်ထဲ၌ မုတ်ဆိတ်ရိတ်ဓားကို ကိုင်ထားပြီး အခက်တွေ့နေသည့်ဟန် ပေါက်နေ၏။

“ကိုယ့်ကို မုတ်ဆိတ်ရိတ်ပေးနိုင်မလား... ကိုယ့်လက်က အခု သိပ်ပြီး အလုပ်မလုပ်ချင်သလို ဖြစ်နေလို့” 
သူ၏ ပါးပြင်များတွင် အဖြူရောင် အမြှုပ်များ ဖုံးလွှမ်းနေသဖြင့် ဆန်တာကလော့စ်နှင့်ပင် တူနေလေသည်။

ပိုင်မူနင်က အကြည့်တို့အား အောက်သို့ပို့လျက် ဝမ်ကျင်း၏လက်ကို အသာအယာ ဆွဲယူကာ စစ်ဆေးကြည့်လိုက်သည်။

တစ်ချိန်က ချောမွတ်ဖြူဖွေးနေခဲ့သော ထိုလက်မှာ ယခုအခါ ခြောက်သွေ့နေသည့် သစ်ခေါက်နှင့်ပင် တူနေတော့သည်။ အက်ကွဲနေသော အရေပြားများမှာ ကြည့်ရသည်ကိုပင် စိတ်မသက်မသာဖြစ်ရပြီး သိသိသာသာပင် နာကျင်ရ၏။

ဝမ်ကျင်းမည်မျှအထိ ကြုံတွေ့ခဲ့ရသည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်ပေသည်။

ပိုင်မူနင်က တိုးညှင်းသော အသံဖြင့်ဆိုလိုက်သည်။ 
“ဝမ်ကျင်း... ကျွန်တော်က ဒီလောက်အထိ ခင်ဗျားရဲ့ကြင်နာမှုတွေနဲ့ မထိုက်တန်ပါဘူး” 

“ဘာပြောလိုက်တာလဲ” 
ဝမ်ကျင်းက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး မေးလာသည်။

“ဘာမှမဟုတ်ပါဘူး... ခင်ဗျားပဲ မုတ်ဆိတ်ရိတ်ပေးဖို့ ပြောတာမလား” 

ပိုင်မူနင်က ဝမ်ကျင်း၏ လက်ထဲမှ မုတ်ဆိတ်ရိတ်ဓားကို ယူလိုက်ပြီး ရိတ်ပေးရန် ပြင်ဆင်လိုက်သည်။

ဝမ်ကျင်းမှာ သူ့ထက်အရပ်ရှည်သဖြင့် အပေါ်သို့ မော့ကြည့်ရသည့် အနေအထားတွင် ကြာလာသောအခါ လက်များညောင်းညာလာရသည်။ မကြာမီမှာပင် ပိုင်မူနင်က အနားယူရန် လက်များကို အောက်သို့ ချလိုက်ရ၏။

ဝမ်ကျင်းက ပြောသည်။
“ခဏစောင့်ဦး” 

ပိုင်မူနင်က သူ၏အကြည့်ကို ရင်ဆိုင်ရင်း မေးလိုက်သည်။
“ဘာဖြစ်လို့လဲ... ကျွန်တော် ခင်ဗျားကို ရှအောင်လုပ်မိသွားလို့လား”

သူ့ကမူ နေ့တိုင်းလိုလို မုတ်ဆိတ်ရိတ်စရာ မလိုသဖြင့် ပုံမှန်အားဖြင့် လျှပ်စစ်မုတ်ဆိတ်ရိတ်စက်ကိုသာ သုံးလေ့ရှိသူဖြစ်သည်။

ရိုးရိုးမုတ်ဆိတ်ရိတ်ဓားကို သုံးဖူးခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။ မည်မျှအထိ ဖိအားသုံးပေးရမည်ကို မသိသဖြင့် ဝမ်ကျင်းကို ထိခိုက်စေမိမည်ကို တကယ်ပင် စိုးရိမ်နေမိသည်။

ဝမ်ကျင်းက သူ၏ခါးကို ဆွဲကိုင်၍ အသာအယာ မလိုက်ကာ ဘေစင်ပေါ်သို့ တင်ပေးလိုက်သည်။
“ရပြီ... ဆက်လုပ်တော့”

အရပ်အကွာအဝေးမှာ နီးကပ်သွားသဖြင့် ယခုအခါ ပိုင်မူနင် ဝမ်ကျင်းကို မျက်နှာချင်းဆိုင် အနေအထားဖြင့် ကြည့်နိုင်သွားပြီဖြစ်သည်။

အမြှုပ်များအောက်တွင် ပျော့ပျောင်းနေသော မုတ်ဆိတ်တိုလေးများကို သူက ဂရုတစိုက် ဆက်လက်ရိတ်ပေးနေရင်း မေးလိုက်သည်။
“ကျင်းကော... ကျွန်တော် အခု ရှင်းပြလို့ ရပြီလား” 

“မင်း မပြောချင်ရင် မပြောလည်းရပါတယ်”  
ဝမ်ကျင်းက ပြန်ဖြေလာသည်။ 
“ကိုယ်မင်းကို အတင်းအကျပ် တောင်းဆိုနေတာမှ မဟုတ်တာ”

ပိုင်မူနင်မှာ ခဏမျှ တိတ်ဆိတ်သွားရ၏။ ထို့နောက် သူက ရေဘုံဘိုင်ခေါင်းကို ဖွင့်၍ မုတ်ဆိတ်ရိတ်ဓားရှိ အမြှုပ်များကို ဆေးကြောလိုက်ရင်း ဆိုသည်။
 “ကျွန်တော် အခု ပြောပြချင်တယ်” 

ကျန်းချင်းချီ မည်မျှအထိ သိပြီးဖြစ်သည်ကို သူ သေချာမသိရာ ဝမ်ကျင်းကို ထာဝရလိမ်ညာနေ၍ မဖြစ်နိုင်ကြောင်း သိထားပေသည်။

အခြားတစ်ဖက်မှ ကြည့်လျှင်လည်း ဝမ်ကျင်းမှာ အနှေးနှင့်အမြန် သိရှိသွားမည်သာ။

ဝမ်ကျင်း သိရှိသွားလျှင် မည်သည်တို့ ဆက်ဖြစ်လာမည်ကို သူ မသိချေ။

ပိုင်မူနင်အနေဖြင့် ခန့်မှန်းရခက်လွန်းရာ အဘက်ဘက်မှ ချိန်ဆကြည့်ပြီးနောက် လမ်းခွဲလိုက်ခြင်းမှာ သူတို့နှစ်ဦးလုံးအတွက် ပို၍ကောင်းမွန်လိမ့်မည်ဟုသာ ခံစားလိုက်ရသည်။

စိတ်ကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီးနောက် ပိုင်မူနင်က ဖြည်းညှင်းစွာ စတင်ပြောဆိုလိုက်သည်။
“ကျိုးချောင်က ကျွန်တော့်ကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး... သူက ကျန်းချင်းချီ ဘယ်မှာလဲဆိုတာကို သိချင်ရုံသက်သက်ပဲ” 

“သူ ကိုယ့်ကိုယ်ကိုယ် အဆုံးမသတ်ခင် ကျွန်တော့်ကို လွှတ်ပေးခဲ့တယ်... အဲဒါကြောင့် ကျွန်တော် ထွက်ပြေးနိုင်ခဲ့တာ... ဒါပေမဲ့ ကျွန်တော် အပြင်ရောက်ပြီးတာနဲ့ အဲဒီဆောက်လက်စ အဆောက်အအုံကြီးက ပေါက်ကွဲပြီး ပြိုကျသွားခဲ့တယ်လေ”

ပိုင်မူနင်က စကားပြောနေရင်း ဝမ်ကျင်းကို ဂရုတစိုက် ကြည့်လိုက်သည်။ ဝမ်ကျင်း၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်မျှမရှိဘဲ ရေပြင်တစ်ခုကဲ့သို့ တည်ငြိမ်နေ၏။ လေပြည်ကလေး တိုက်ခတ်ချိန် လှိုင်းကြက်ခွပ်ပင် မထနိုင်သည့်အလား ငြိမ်သက်လွန်းလှသည်။

သူက မမေးမြန်းသလို အတင်းအကျပ်လည်း ဖိအားပေးမလာပေ။ စူးစမ်းလိုစိတ်ပင် ရှိပုံမရချေ။ သူပြောခဲ့သည့်အတိုင်း ပိုင်မူနင်သာ မပြောချင်လျှင် သူလည်းမေးမြန်းလိမ့်မည်မဟုတ်ပေ။

မေးစေ့တစ်ဝိုက်ရှိ မုတ်ဆိတ်များကို ရိတ်ပေးပြီးနောက် ပိုင်မူနင်က နှာခေါင်းအောက်၊ နှုတ်ခမ်းအထက်နေရာကို စတင်ရိတ်ပေးလိုက်သည်။

ထိုနေရာမှာ ပို၍ ထိခိုက်လွယ်သဖြင့် သူ့ခမျာ ပို၍ပင် ဂရုစိုက်နေရသည်။

“မြေအောက်ခန်းထဲကနေ ပြေးထွက်လာပြီးတော့ ကျွန်တော့်ရဲ့ပထမဆုံးအတွေးက ထွက်ပြေးဖို့ပဲ ... ဒါကြောင့် တောထဲကို ပြေးဝင်ပြီး ဆက်တိုက် ပြေးနေခဲ့မိတာ”

ဝမ်ကျင်းက ဘာကိုမှမမေးမြန်းလာသေးသော်လည်း သူ၏ မျက်ဝန်းများမှာမူ ခံစားချက်အချို့ကို ထိန်းချုပ်ထားသကဲ့သို့ ပို၍ နက်မှောင်လေးလံလာသည်။

အမြှုပ်ကလေးများ ကုန်စင်သည်အထိ ရိတ်ပေးပြီးနောက် ပိုင်မူနင်က မုတ်ဆိတ်ရိတ်ဓားကို ချလိုက်ပြီး ပြောလိုက်သည်။

“ဝမ်ကျင်း... ကျွန်တော် လမ်းခွဲချင်တယ်” 

“ကျွန်တော် ခင်ဗျားနဲ့ အတူတူ ဆက်မရှိချင်တော့ဘူး”

“ကျွန်တော်တို့တွေ ကိုယ့်လမ်းကိုယ် လျှောက်ကြစို့နော်”

ဝမ်ကျင်းက သူ၏အကြည့်ကို ရင်ဆိုင်လျက် တည်ငြိမ်စွာ မေးလိုက်လေသည်။
“အကြောင်းပြချက်က ဘာလဲ” 

'ဘာလို့လဲဆိုတော့ ကျွန်တော် ခင်ဗျားကို လိမ်ခဲ့လို့'
ထိုဝန်ခံချက်မှာ ပိုင်မူနင်၏ လည်ချောင်းဝတွင် တစ်ဆို့နေလျက် ထုတ်ပြောရန် သတ္တိမရှိချေ။

အကယ်၍ သူသာ ပြောပြလိုက်လျှင် ဝမ်ကျင်းအနေဖြင့် သူ့ကို လုံးဝ ခွင့်လွှတ်မည်မဟုတ်သလို သေချာပေါက် မုန်းတီးသွားပေလိမ့်မည်။

ဝမ်ကျင်းက သူ့ကို မုန်းတီးသွားနိုင်သည်ဟူသော အတွေးတစ်ခုတည်းနှင့်ပင် ပိုင်မူနင်၏ နှလုံးသားမှာ နာကျင်စွာဖြင့် တင်းကျပ်လာရသည်။

အမှန်တရားကို ဝမ်ကျင်းသိသွားမည်ကို သူ အဘယ်ကြောင့် ကြောက်ရွံ့နေရသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီဖြစ်သည်။

၎င်းမှာ လက်စားချေခံရမည်ကို ကြောက်ခြင်းမဟုတ်သလို အရိုက်ခံရမည်ကို ကြောက်ခြင်းလည်း လုံးဝမဟုတ်ပေ။ ဝမ်ကျင်းက သူ့အပေါ် စိတ်ပျက်သွားမည်ကို ကြောက်ရွံ့ခြင်းသာ။ ထိုထက် ပို၍ဆိုးသည်မှာ ဝမ်ကျင်းက သူ့ကို ‘ခံစားချက်များဖြင့် ကစားတတ်သော လူယုတ်မာတစ်ယောက်’ အဖြစ် မြင်သွားမည်ကို ကြောက်ခြင်းပင်။

အစကတည်းက သူ့စိတ်ရင်းမှာ စစ်မှန်မနေခဲ့ပေ။ နီးကပ်သွားသော ခြေလှမ်းတိုင်းကို သေချာတွက်ချက်ထားခြင်းဖြစ်ပြီး ပြောသမျှ စကားတိုင်းမှာလည်း သေသေချာချာ စီစဉ်ထားခြင်းဖြစ်ကာ လှုပ်ရှားမှုတိုင်းမှာလည်း ကြိုတင် ရေးဆွဲထားခြင်းသာ။

ဝမ်ကျင်း သူ့ကို သေမတတ် မုန်းတီးသွားမည်မှာ အမှန်ပင်။

စိတ်ထဲ၌ ပြင်းထန်စွာ ရုန်းကန်ပြီးနောက် ပိုင်မူနင်က  á€Ąá€€á€źá€ąá€Źá€„်းပဟခဝက်ဥမသန်ကို ပြန်လည်မျိုသိပ်လိုက်ပြီး ပြောလိုက်သည်။
“ဘာအကြောင်းပြချက်မှ မရှိပါဘူး... ကျွန်တော် လမ်းခွဲချင်ရုံပါ” 

သူက ဘေစင်ပေါ်မှ ခုန်ဆင်း၍ ပြတ်ပြတ်သားသားပင်အပြင်သို့ ထွက်လာလိုက်သည်။ ဝမ်ကျင်းက အနောက်မှနေ၍ သူ၏ လည်ဂုတ်ကို လှမ်းဖမ်းလိုက်ပြီး မေးလိုက်သည်။

“ကိုယ်မင်းကို ဘာပြောခဲ့လဲ မှတ်မိသေးလား” 

ပိုင်မူနင်၏ကျောပြင်မှာ ဝမ်ကျင်း၏ရင်ဘတ်နှင့် ထိကပ်နေလျက်ရှိကာ သူ ဝမ်ကျင်းကို လှည့်ကြည့်လိုက်သည်။

ဝမ်ကျင်းက တဖြည်းဖြည်းချင်း ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်ကို သူ ကြားလိုက်ရသည်မှာ “ကိုယ်တို့ လမ်းခွဲမခွဲကို ကိုယ်ကပဲ ဆုံးဖြတ်ရမှာ” ဟူ၍ပင်။

ဝမ်ကျင်း၏ လက်မက အရေးကြီးသော အကြောတစ်ခုကို ဖိနှိပ်လိုက်ရာ ငိုက်မျဥ်းခြင်းလှိုင်းတို့က အလုံးအရင်းဖြင့် သူ့ကို ရိုက်ခတ်သွားတော့သည်။ ပိုင်မူနင်တစ်ယောက် ဝမ်ကျင်း၏ ရင်ခွင်အတွင်းသို့ မေ့မြောလျက် လဲကျသွားလေတော့သည်။

×××××  

ကား၏ယိမ်းထိုးလှုပ်ရှားမှုကြောင့် အေးအေးချမ်းချမ်း အိပ်စက်ရန်မှာ ခဲယဉ်းလှသည်။ သူ၏ခေါင်းမှာ ဒုတိယအကြိမ်မြောက် ဆောင့်မိသွားပြီးနောက် ပိုင်မူနင်ခမျာ မူးနောက်နောက်ဖြင့် နိုးလာရသည်။

သူက ထိုင်ခုံကိုအားပြုကိုင်လျက် ထထိုင်လိုက်ပြီးနောက် သူ၏အခြေအနေကို သေသေချာချာ မြင်လိုက်ရတော့သည်။

အပြင်ဘက်တွင် မှောင်နေပြီဖြစ်ကာ ကောင်းကင်ယံထက်တွင် လမင်းကြီးက ကြယ်များဝန်းရံလျက် အမြင့်တစ်နေရာတွင် သာလျက်ရှိသည်။

သူနှင့် ဝမ်ကျင်းတို့က ကားပေါ်၌ ရှိနေကြပြီး အဝေးပြေးလမ်းမကြီးပေါ်တွင် အရှိန်ဖြင့် မောင်းနှင်နေခြင်းဖြစ်သည်။ လားရာကိုကြည့်ခြင်းအားဖြင့် ကျင်းနန်သို့ ဦးတည်နေသည်ဟုသာ ပိုင်မူနင် ခန့်မှန်းလိုက်မိသည်။

နာကျင်နေဆဲဖြစ်သော သူ၏ခေါင်းကို ပွတ်သပ်ရင်း ပိုင်မူနင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် စဉ်းစားကြည့်လိုက်မိသည်။

သူလမ်းခွဲချင်ကြောင်းပြောကာ ထွက်ခွာရန် ပြင်ဆင်ခဲ့သော်လည်း ဝမ်ကျင်းက တစ်နေရာကို ဖိနှိပ်လိုက်ရာ မူးဝေကာဖြင့် အိပ်ပျော်သွားခဲ့ရသည်။

ကား၏ ရှေ့မျက်နှာပြင်ကို ကြည့်လိုက်သောအခါ ည ၁၀ နာရီကျော်နေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

စိတ်ထဲတွင် ဝေဝါးနေဆဲဖြစ်သဖြင့် ပိုင်မူနင်က ထိုင်ခုံကိုကိုင်လျက် အနည်းငယ်ရှေ့သို့ကိုင်းကာ မောင်းနှင်သူနေရာရှိ ဝမ်ကျင်းကို မေးလိုက်သည်။ 

“ကျင်းကော... ကျွန်တော်တို့ ဘယ်သွားနေတာလဲ”

ဤမျှသိသာထင်ရှားနေသည်ကို သူ မမေးချင်သော်လည်း ယခုအချိန်၌ စကားဝိုင်းစတင်ရန်အတွက် ချောမွေ့သည့်နည်းလမ်းတစ်ခု လိုအပ်နေသည်။

ဝမ်ကျင်းက လမ်းကိုသာ အာရုံစိုက်ထားရင်း ပြန်ဖြေလာသည်။
“ကျင်းနန်ကို” 

ပိုင်မူနင်မှာ ထိုအဖြေကို မျှော်လင့်ထားပြီးဖြစ်သော်လည်း အတည်ပြုချက်ကို ကြားလိုက်ရသောအခါတွင်မူ ထိတ်လန့်သွားမိဆဲပင်။

ဝမ်ကျင်းက သူ့အား ကျင်းနန်သို့ အတင်းအကျပ် ပြန်ခေါ်သွားနေခြင်းဖြစ်သည်။ အနှီသူမှာ ပိုင်မူနင်၏ သဘောတူညီချက်ကိုပင် မတောင်းခံဘဲ တစ်ဦးတည်းဆုံးဖြတ်ချက်ချကာ  á€Ąá€”ိုင်ကဝငအ်န္ခဟင်းသဏ။

အတိတ်တွင် ဝမ်ကျင်းမှာ သူ၏ ရွေးချယ်မှုများကို အမြဲတစေလေးစားပေးပြီး တစ်ခုခုမလုပ်မီ သူ၏ သဘောထားကို အမြဲလိုလို မေးမြန်းခဲ့ဖူးသည်။

သို့သော် ပိုင်မူနင်က လမ်းခွဲစကားစပြောလိုက်ကတည်းက အရာအားလုံး ပြောင်းလဲသွားပုံရသည်။

ဝမ်ကျင်းမှာ သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီး ဟန်ဆောင်နေရန်ပင် စိတ်မဝင်စားတော့သည့်အလားပင်။

ပိုင်မူနင် စတင်ထိတ်လန့်လာသည်။ သူက အဘယ်ကြောင့်ကြောက်ရွံ့နေမိသည်ကို အတိအကျမဆိုနိုင်သော်လည်း ထိုခံစားချက်ပြင်းပြင်းမှာ ထူးဆန်းစွာဖြင့် ရိုက်ခတ်လာသည်။

“ကျွန်တော်တို့ ဒီအတိုင်းကြီး ပြန်သွားကြတော့မှာလား... မပြန်ခင် ကျွန်တော့်ကို စိတ်ကြိုက်လည်ပတ်ခွင့်ပေးမယ်လို့ ခင်ဗျား ပြောခဲ့တယ်လေ”

“ကျွန်တော်တို့ ဒီအတိုင်းကြီး ထွက်သွားကြတော့မှာလား... ဦးလေးဝူကိုရော ဘယ်လိုလုပ်မလဲ... နှုတ်မဆက်ဘဲ ထွက်သွားတာက ရိုင်းရာမကျဘူးလားဟင်”

ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပိုင်မူနင်မှာ တစ်စုံတစ်ရာမှားယွင်းနေကြောင်း သတိပြုမိလျက် တိတ်ဆိတ်သွားတော့သည်။

နှုတ်မဆက်ဘဲထွက်သွားခြင်းက ရိုင်းပျသော အပြုအမူဖြစ်သည့်တိုင် သူကိုယ်တိုင် ဝမ်ကျင်းအပေါ် ပြုမူခဲ့သည်ကလည်း ထိုအတိုင်းပင်။

သူ ထွက်ပြေးကာ ပုန်းရှောင်နေခဲ့ပြီး ဝမ်ကျင်းကို မည်သည့် ရှင်းပြချက်မျှ မပေးခဲ့ပေ။ ယခုအချိန်အထိပင် သူ ဘာကိုမှ မရှင်းပြရသေးပေ။

ကိုယ်မျက်နှာကို ဖြတ်ရိုက်လိုက်ရသည့်အတိုင်း ပိုင်မူနင်မှာ မျက်နှာပူထူသွားပြီး ပါးစပ်ကို ပိတ်ကာ ဘာမျှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ရသည်။ သူ၏ ဦးနှောက်ထဲတွင်မူ အခြားသော ဖြေရှင်းနည်းတစ်ခုကို အသည်းအသန် ရှာဖွေနေမိ၏။

ကားအတွင်း၌ ကြာရှည်စွာ တိတ်ဆိတ်သွားသည်။ အတန်ကြာပြီးနောက် ဝမ်ကျင်းက ချော့မော့နေသည့်အလား လေပြေလေးဖြင့် ဆိုလာသည်။

“ကိုယ် သူတို့ကို အကြောင်းကြားပြီးပါပြီ... အိမ်မှာ ကိစ္စပေါ်လာလို့ စောစောပြန်ရမယ်လို့ ပြောခဲ့တယ်”  

“မင်း ဘာမှ စိတ်ပူနေစရာ မလိုပါဘူး” 

ဝမ်ကျင်းက နောက်ကြည့်မှန်မှတစ်ဆင့် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လမ်းမကြီးပေါ်သို့သာ ပြန်လည် အာရုံစိုက်လိုက်လေသည်။

ထိုစကားတစ်ခွန်းက ပိုင်မူနင်၏ အငြင်းအခုံပြုပိုင်ခွင့်တို့ကို လုံးဝပိတ်ပင်လိုက်ရာ သူ့အနေဖြင့် နောက်ခန်းထိုင်ခုံ၌ နှလုံးခုန်မြန်စွာဖြင့် ထိုင်နေမိရုံသာ။

ယခုမူ ဝမ်ကျင်း၏အကြည့်တို့မှာ ပုံမှန်ကဲ့သို့ ထိန်းချုပ်ထားသည့် နူးညံ့ညင်သာသော အကြည့်မျိုး မဟုတ်တော့ပေ။ ယခုတစ်ကြိမ်တွင် သူ၏မျက်ဝန်းတို့တွင် သူ့ကို ဝါးမြိုပစ်တော့မည့် အောက်ခြေမရှိသော ချောက်နက်ကြီးတစ်ခုကဲ့သို့ အမှောင်ထုတို့ကသာ သိသိသာသာကိန်းအောင်းနေသည်။

ပိုင်မူနင်မှာ စိုးရိမ်တကြီးဖြင့် သူ၏ လက်ချောင်းများကို ပြန်လည်ကုတ်ခြစ်နေမိသည်။ 

“ဒါပေမဲ့ ကျွန်တော် ပြန်မသွားချင်ဘူး... ကျွန်တော် လမ်းခွဲချင်တယ်လို့ ပြောပြီးပြီလေ ... ကျွန်တော်တို့တွေ အတူတူရှိနေကြတာမဟုတ်တော့ဘူး... ခင်ဗျားနဲ့အတူ ကျွန်တော် ပြန်မလိုက်ချင်ဘူး”

ဝမ်ကျင်း၏ စိတ်အခြေအနေမှာ အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သူသိနေသော်လည်း ပိုင်မူနင်ကမူ လမ်းခွဲမည့်ကိစ္စကိုသာ ဆက်လက်ပြောဆိုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။


 

Search Novels