💊💊💊💊 Chapter 61
အခုထိ လမ်းခွဲချင်နေတုန်းပဲလား


သူ ကျင်းနန်သို့ ပြန်၍မဖြစ်ပေ။ သူ ဝမ်ကျင်းနှင့် သေချာပေါက် လမ်းခွဲရ‌ပေလိမ့်မည်။

သူတို့ လမ်းခွဲလိုက်သည်နှင့် နောက်ပိုင်းတွင် ကျန်းချင်းချီဘက်မှ သူ့အား ထောင်ချောက်ဆင်လျှင်ပင် ပြဿနာရှိတော့မည်မဟုတ်ပေ။ သူတို့နှစ်ဦးက လမ်းခွဲပြီးသား ဖြစ်နေပေလိမ့်မည်။ ထိုအခါ ဝမ်ကျင်း သူ့ကို မည်သို့မြင်မည်ဆိုသည်မှာလည်း အရေးပါတော့မည် မဟုတ်ပေ။

ပိုင်မူနင်တွင် စိုးရိမ်ပူပန်မှုများ ရှိနေပြီး အရာရာကိုလည်း အလွန်အမင်း ထိတ်လန့်နေရသည်။

သူ ဝမ်ကျင်း၏ တုံ့ပြန်မှုကို စောင့်ဆိုင်းရင်း ထိုသူ့အား ဂရုတစိုက် ကြည့်လိုက်သည်။

သို့သော် ဝမ်ကျင်းက ဘာမျှမပြောလာပေ။ ထိုအစား သူက လီဗာကို ပို၍သာ နင်းချလိုက်သည်။ အင်ဂျင်သံက ဟိန်းခနဲ မြည်ဟည်းသွားပြီး အရှိန်တိုင်းကိရိယာ လက်တံမှာလည်း ညာဘက်သို့ သိသိသာသာ ထိုးတက်သွားကာ ကားမှာ ယခင်ထက် ပိုမိုမြန်ဆန်စွာ အရှိန်ထိုးတက်လာတော့သည်။

ဒုံးပျံတစ်စင်း ပစ်လွှတ်လိုက်သကဲ့သို့ ကားမှာ ဝူးခနဲ မြည်ကာ ရှေ့သို့ ပြေးထွက်သွား၏။

ပိုင်မူနင်မှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားရသည်။ ရုတ်တရက် အရှိန်တိုးမြှင့်လိုက်ခြင်းကြောင့် သူ၏နှလုံးသားလေးမှာ ကြောက်ရွံ့စိတ်ဖြင့် တဒိန်းဒိန်း ခုန်လာရပြီး ဤအခိုက်အတန့်တွင် ဝမ်ကျင်းကို ဒေါသထွက်အောင် လုပ်မိသည့်အတွက်ပင် နောင်တရစပြုလာသည်။

ယခုက အဝေးပြေးလမ်းမကြီးပေါ်၌ရှိနေရာ တစ်စုံတစ်ခုသာ ဖြစ်ပွားခဲ့လျှင် -

ကျန်းချင်းချီက “ခင်ဗျား ဘာလို့ သွားမသေလိုက်တာလဲ” ဟု ပြောလိုက်ရုံမျှဖြင့် သူ၏အသက်ကို အဆုံးစီရင်သွားသည့် ကျိုးချောင်၏ ရူးသွပ်မှုကို တွေးမိရင်း ပိုင်မူနင်မှာ ယခုအခါ စွဲလန်းစိတ်ကြီးသူများကို ကြောက်ရွံ့လာမိသည်။

သူသိထားသော ဝမ်ကျင်းမှာ ထိုသို့စွဲလမ်းတတ်သူမျိုး မဟုတ်သော်လည်း စောစောက သူ၏ ပြုမူပုံမှာ တကယ့်ကို ထိတ်လန့်ဖွယ်ကောင်းလှသည်။

ထို့ကြောင့်ပင် ပိုင်မူနင်က ငြိမ်ငြိမ်သက်သက်လေး ထိုင်နေလိုက်ပြီး လိမ္မာပါးနပ်စွာဖြင့် ပါးစပ်ပိတ်နေလိုက်ကာ ကျင်းနန်သို့ ရောက်မှသာ ကျန်ရှိသည်များကို ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။

အဆိုးဆုံးအခြေအနေနှင့် ကြုံလာရလျှင်လည်း သူအရာအားလုံးကို ဝန်ခံလိုက်ပြီး အပြစ်ဒဏ် လျှော့ပေါ့ပေးရန်သာ မျှော်လင့်ရတော့မည်။

ဝမ်ကျင်း ငါ့အပေါ် စိတ်ပျက်သွားတော့ရော ဘာဖြစ်လဲ... ငါ ဂရုမစိုက်တော့ဘူး...

ပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းများမှာ အရှိန်အဟုန်ဖြင့် ဖြတ်ပြေးနေသဖြင့် ပိုင်မူနင်မှာ မူးဝေလာရသည်။

မကြာမီမှာပင် ရှေ့ရှိ လမ်းခွဲတစ်ခု၌ ကားလေးက အဝေးပြေးလမ်းမကြီးပေါ်မှ ခွဲထွက်ပြီး လူသူကင်းမဲ့သော လမ်းဘေးတစ်နေရာသို့ ချိုးကွေ့ဝင်ရောက်သွားသည်။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေပြီး လမ်းဘေးမီးတိုင်တစ်ခုပင်မရှိပေ။ အလောင်းဖျောက်ရန် အကောင်းဆုံးနေရာတစ်ခုပင် ဖြစ်ပေလိမ့်မည်။

ကားမှာရပ်တန့်သွားပြီး အင်ဂျင်သံကလည်း ငြိမ်သက်သွားရာ နောက်ဆုံးကျန်ရှိနေသော အလင်းတန်းလေးမှာလည်း ကွယ်ပျောက်သွားတော့သည်။ ပိုင်မူနင်က အပြင်ဘက်ရှိ အမှောင်ထုကို စိုက်ကြည့်ရင်း ကြောက်ရွံ့စိတ်အချို့ စတင်ဝင်ရောက်လာသည်။

ဝမ်ကျင်းက ဘာလို့ ကားရပ်လိုက်ရတာလဲ...

ပိုင်မူနင် ဖြစ်ပျက်နေသည်တို့အား မသိသေးမီမှာပင် ဝမ်ကျင်းက အရှေ့ခန်းမှ ဆင်းလာပြီး နောက်ခန်းအတွင်းသို့ တက်လာသည်။

နောက်ခန်းရှိ နေရာလွတ်မှာ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး လေထုမှာလည်း ပါးလွှာသွားသကဲ့သို့ ခံစားရသည်။ ပိုင်မူနင်က ကိုယ်ကို တင်းထားရင်း စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ကျင်းကော... ဘာဖြစ်လို့လဲ” 

“ဘာ... ဘာလို့ ဆက်မသွားတော့တာလဲ”

ဝမ်ကျင်း၏ မျက်ဝန်းများမှာ နိုးထလာသော ဝံပုလွေတစ်ကောင်ကဲ့သို့ပင်။ သူ စိုက်ကြည့်လိုက်လေလျှင် သားကောင်ကို အမဲလိုက်နေသည့်အလား ပိုင်ဆိုင်လိုစိတ်တို့ကသာ ပြည့်နှက်နေ၏။
“မင်း ကိုယ်နဲ့လမ်းခွဲချင်တာလား” 

ဝမ်ကျင်း၏ လေသံမှာ ကောင်းသည်ဟုလည်း မဆိုနိုင်သလို ဆိုးသည်ဟုလည်းမဆိုနိုင်ဘဲ အနည်းငယ် ပေါ့ပေါ့ပါးပါးရှိသော်ငြား ပိုင်မူနင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော သူ၏အားမှာ အလွန်ပင် ပြင်းထန်လှသည်။ လက်ကောက်ဝတ် ကျိုးသွားနိုင်လောက်သည်အထိပင်။

ပိုင်မူနင်မှာ လက်ကောက်ဝတ်မှ နာကျင်မှုများ စိမ့်ထွက်လာသော်လည်း  á€›á€Żá€”်းကန်ရင်း သတ္တိကို မွေးကာ ပြောလိုက်လေသည်။

“ဟုတ်တယ်... ကျွန်တော် လမ်းခွဲချင်တယ်” 

သူက အကြောင်းပြချက်ပေးရန် ကြိုးစားလိုက်၏။ 

“ကျွန်တော်တို့က ကြည်ကြည်ဖြူဖြူနဲ့ တွဲခဲ့ကြတာပဲ... အခု လမ်းခွဲချင်တယ်ဆိုတော့ ဘာလို့ မရ ရတာလဲ” 

“မရဘူး”  
ဝမ်ကျင်းက အခိုင်အမာဆိုလာသည်။

ထိုသို့ပြောပြီးသည်နှင့် ဝမ်ကျင်းက ပိုင်မူနင်၏ လက်ကောက်ဝတ်ကို ဆွဲလိုက်ရာ အရှိန်ဖြင့် ဝမ်ကျင်းရှိရာသို့ ဟန်ချက်ပျက်ကာ လဲကျသွားတော့သည်။

ဝမ်ကျင်း၏ လက်တစ်ဖက်က သူ၏ခါးကို တင်းကြပ်စွာ ဖက်တွယ်ထားပြီး ကျန်လက်တစ်ဖက်ကမူ လှုပ်ရှားမှုနှင့်အတူ ပိုင်မူနင်၏ ဘောင်းဘီကို ဆွဲချလိုက်လေသည်။

ဖုံးကွယ်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများ လေနှင့်ထိတွေ့သွားသည့်အခါ ရှက်ရွံ့မှုလှိုင်းလုံးများက ရိုက်ခတ်သွားတော့သည်။

ယခင်က အများသုံးရေချိုးခန်းတွင် ရေချိုးစဉ်က ပိုင်မူနင် တစ်ခါလေးပင် ရှက်ရွံ့ခြင်းမျိုးမရှိခဲ့ဖူးပေ။ အားလုံးက အမျိုးသားများသာဖြစ်ရာ အရေးစိုက်စရာ ရှိမနေပေ။

သို့သော် ယခုအခါတွင်မူ ဝမ်ကျင်းက သူ၏ဘောင်းဘီကို ချွတ်လိုက်သည့်အခါ ကြောက်ရွံ့စိတ်က သူ့ကို လွှမ်းမိုးသွားပြီး ပါးပြင်ထက်တွင်လည်း ရှက်သွေးများ ဖြတ်ပြေးသွားသည်။

“ကျင်းကော ဘာလုပ်နေတာလဲ... ကျွန်တော့်ကို လွှတ်ပေးပါ... ကြားလား... လွှတ်ပေးလို့”

“ဝမ်ကျင်း... ကျွန်တော့်ကို လွှတ်ပေးစမ်းပါ”

ကြီးမားသော လက်ဝါးတစ်ခုက သနားညှာတာခြင်းအလျင်းမရှိ ရိုက်ချလိုက်ရာ နာကျင်မှု၊ အရှက်ရမှုနှင့် ဒေါသတို့ ပေါင်းစပ်နေသော အသံမှာ စူးရှစွာ ထွက်ပေါ်လာသည်။

ရိုက်ချက်ထိမှန်သွားသောနေရာမှ အရေပြားမှာ ချက်ချင်းပင် မီးလောင်သကဲ့သို့ ပူထူသွားတော့သည်။

ပိုင်မူနင်မှာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်မိသည်။
“ဝမ်ကျင်း... ခင်ဗျား ကျွန်တော့်ကို ဘာအခွင့်အရေးနဲ့ ရိုက်တာလဲ... နာတယ်... လူယုတ်မာ” 

ငယ်စဉ်ကတည်းက သူ၏မိဘများက သူ့ကို လက်ဖျားနှင့်ပင် မတို့ခဲ့ဖူးသော်လည်း ယနေ့တွင်မူ ဝမ်ကျင်းက သူ့ကို ရိုက်လိုက်ပြီ ဖြစ်သည်။

သူ ဤကဲ့သို့သော အရှက်ရဖွယ် အနေအထားမှ လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်သည့်တိုင် ဝမ်ကျင်း၏ ဆုပ်ကိုင်ထားမှုမှ မလွတ်မြောက်နိုင်ပေ။

ခွန်အားချင်း ကွာခြားလွန်းလှသဖြင့် သူ့အနေဖြင့် ဝမ်ကျင်းကို မယှဉ်နိုင်ပေ။

ဝမ်ကျင်းက သူ့ကို ဆွဲညှစ်လိုက်ရင်း အေးဆေးတည်ငြိမ်စွာပင် မေးလိုက်သည်။

“အခုထိ လမ်းခွဲချင်နေတုန်းပဲလား”

နာကျင်မှု၏ နောက်ဆက်တွဲအဖြစ် အရေပြားပေါ်တွင် ပူလောင်သော ခံစားချက်က ကပ်ပါလာသည်။ နောက်ထပ် တစ်ကြိမ် ပြင်းပြင်းထန်ထန် ညှစ်လိုက်သည့်အခါတွင်မူ သူ၏ ရင်ဘတ်မှတစ်ဆင့် ယားကျိကျိ ခံစားချက်တစ်ခု တက်လာရသည်။

ပိုင်မူနင်မှာ အရှက်ရခြင်းနှင့် သိက္ခာကျခြင်းတို့ကို တစ်ပြိုင်နက် ခံစားလိုက်ရရာ သူက ခေါင်းကို ဝှက်ထားရင်း ခေါင်းမာစွာပင် အကျယ်ကြီး အော်ဟစ်လိုက်မိတော့သည်။
“ကျွန်တော် ခင်ဗျားနဲ့ လမ်းခွဲမှာပဲ... ခင်ဗျား နှာဘူး အဖိုးကြီး ... လူယုတ်မာကြီး... ခင်ဗျားနဲ့ အတူတူ ဆက်မနေချင်တော့ဘူး... ခင်ဗျားနဲ့ လမ်းခွဲချင်တယ်” 

ကြီးမားသော လက်ဝါးကြီးမှာ သနားညှာတာမှု အရိပ်အယောင်လေးပင် မပြဘဲ ထပ်မံကျရောက်လာပြန်ရာ သူ၏ တင်ပါးတစ်ခြမ်းလုံးမှာ ထုံကျင်သွားတော့သည်။

အတိတ်က ဝမ်ကျင်းမှာ သူ့ကို အလိုလိုက်ကာ သူ့အလိုမှန်သမျှဖြည့်ပေးရင်း ဂရုစိုက်ပေးခဲ့သည်။ သို့သော် ယခုမူ သူ၏ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးသွားသည့်အလားပင်။ ထိုသူမှာ ဟန်ပင်မဆောင်တော့ဘဲ သူ၏အစစ်အမှန်ပုံစံကို ဖုံးကွယ်ခြင်းမဲ့စွာ ထုတ်ဖော်ပြသလာခြင်းဖြစ်ချေ၏။

ဆိုးသွမ်းသော ကလေးတစ်ယောက်ကို ဆုံးမနေသကဲ့သို့ပင်ခံစားရသည်။ သူ၏ ခွန်အားအသုံးပြုမှာ နူးညံ့မှုအလျဉ်းမရှိချေ။

“အခုထိ လမ်းခွဲချင်နေတုန်းပဲလား”

“ဟုတ်တယ်” 
ပိုင်မူနင်က အံကြိတ်၍ ပြန်ပြောလိုက်သည်။ 
“ခင်ဗျား ကျွန်တော့်ကို သေအောင်ရိုက်လည်း ကျွန်တော်ကတော့လမ်းခွဲမှာပဲ”

တင်ပါးမှ နာကျင်မှုကြောင့် မျက်ရည်များ ဝဲတက်လာသော်လည်း ပိုင်မူနင်ကမူ ခေါင်းမာမာဖြင့်ပင် မျက်ရည်မကျအောင်ထိန်းထားကာ မာန်တင်းထားဆဲပင်။

“မင်းကတော့ ရိုက်ပေးဖို့ တောင်းဆိုနေတဲ့ကောင်စုတ်လေးပဲ” 
ဝမ်ကျင်းက ထပ်မံ ရိုက်နှက်လိုက်ပြန်ရာ ရိုက်ချက်အနည်းငယ်အပြီးတွင် ပိုင်မူနင် လက်လျှော့လိုက်ရတော့သည်။

ဝမ်ကျင်းမှာ တကယ်ကို အလျှော့မပေးခဲ့ချေ။ သူရိုက်မည်ဟု ပြောလျှင် တကယ်ပင်ရိုက်ပြီး သနားညှာတာမှုဟူ၍ တစ်စွန်းတစ်စပင် မရှိပေ။

ခေါင်းမာနေခြင်းက သူ့ကိုယ်သူ ပိုမိုနာကျင်စေရုံသာရှိသည်။ အကောင်းအဆိုးကို ချိန်ဆပြီးနောက် ပိုင်မူနင်မှာ အညံ့ခံကာ ခွင့်လွှတ်ရန် စတင်တောင်းပန်တော့သည်။ 
“ကျင်းကော... ကျွန်တော် မှားပါတယ် မရိုက်ပါနဲ့တော့နော်... တကယ်ကို နာလို့ပါ”

ဝမ်ကျင်းက ရပ်လိုက်သည်။ 
“လမ်းခွဲချင်သေးလား”

ပိုင်မူနင်မှာ ရှိုက်ရင်းဖြင့်ပင် ဆိုလိုက်ရ၏။ 
“မခွဲချင်တော့ဘူး... လမ်းမခွဲတော့ပါဘူး... တကယ်ကို လမ်းမခွဲချင်တော့ဘူးလို့” 

အကယ်၍ သူသာ ဆက်လက်၍ ခေါင်းမာနေပါက သူ၏တင်ပါးများ လုံးဝ သုံးမရဖြစ်သွားပေလိမ့်မည်။ ပိုင်မူနင်က အခြေအနေကို နားလည်တတ်သူတစ်ဦးပင်။

ဆိုရိုးစကားအတိုင်း ‘ယောက်ျားကောင်းဆိုသည်  á€›á€žá€ąá€ˇá€á€˝á€„á€şá€€á€źá€Żá€śá€œá€Źá€›á€žá€Šá€ˇá€ş အခက်အခဲအတွက် ပူဆွေးသောကရောက်မနေ'ချေ။ ဝမ်ကျင်းနှင့် ထိပ်တိုက်ရင်ဆိုင်နေရန် မလိုအပ်ပေ။ စကားအနည်းငယ်ကို ညင်သာစွာ ပြောလိုက်ခြင်းက သူအမှန်တကယ် မှားသွားသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

“ကျင်းကော... တကယ် နာတယ်” 
ပိုင်မူနင်က သူ၏ အားနည်းချက်ကို စတင်ပြသလိုက်၏။

ဝမ်ကျင်းက သူ့အတွက် ထိုနေရာကို ပွတ်သပ်ပေးရင်း ညင်သာစွာဖြင့် ပြောလာသည်။
“ရှောင်နင်... မင်းသာ လိမ်လိမ်မာမာ စကားနားထောင်မယ်ဆိုရင် ကိုယ်မင်းကို လက်နဲ့တောင် ထိမှာမဟုတ်ဘူး... မင်းကို အလိုလိုက်ပြီး ဂရုစိုက်ယုယပေးမယ်” 

“ဒါပေမဲ့ မင်းသာ အရင်ကလိုမျိုး ထပ်လုပ်မယ်ဆိုရင်တော့ ကိုယ်မင်းကို အလျှော့ပေးမှာ မဟုတ်ဘူး”

သူက မြီးညောင့်ရိုးထက် အနမ်းတစ်ပွင့်အား အသာအယာ ချလိုက်လျှင် ပိုင်မူနင်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့်တင်းသွားတော့သည်။

ဝမ်ကျင်းက ပြောသည်။
“မင်း လမ်းခွဲမယ်လို့ပြောတာကို ကိုယ် မကြားချင်တာ မင်းသိပါတယ်... အဲဒါက ကိုယ့်ကို ဝမ်းနည်းစေတယ်” 

“ကိုယ်သာ ဒေါသထွက်လာရင် ဘာမဆို လုပ်မိသွားနိုင်တယ်... ဒါကြောင့် ကိုယ့်ရဲ့ သည်းခံနိုင်စွမ်းကို လာပြီးမစမ်းပါနဲ့”

သူက စကားပြောရင်းပင် ပိုင်မူနင်၏ အတွင်းခံဘောင်းဘီကို ပြန်လည်ဆွဲတင်ပေးလိုက်ပြီးနောက် သူ့ကိုပွေ့ဖက်လျက် မျက်နှာပေါ်ရှိ မျက်ရည်များကို နမ်းရှိုက်လျက်သုတ်ပေးကာ နှုတ်ခမ်းများကိုလည်း စုပ်ယူနမ်းရှိုက်ရင်း နည်းမျိုးစုံဖြင့် ပြန်လည်ချော့မော့တော့သည်။

၎င်းမှာ ရိုက်ပြီးမှ အချိုကျွေး၍ ပြန်ချော့ခြင်းမျိုးပင်။

ပိုင်မူနင်မှာ ဒေါသထွက်နေဆဲဖြစ်သဖြင့် တုံ့ပြန်ခြင်းမရှိဘဲ လျစ်လျူရှုထား၏။ စိတ်မရှည်မှုကြောင့် ဝမ်ကျင်း၏နှုတ်ခမ်းကိုပင် ကိုက်ပစ်လိုက်ပြီး သွေးညှီနံ့ရမှသာ ပြန်လွှတ်ပေးလိုက်တော့သည်။

သူက စိန်ခေါ်သည့်အမူအရာဖြင့် ဝမ်ကျင်းကို စိုက်ကြည့်လိုက်သည်မှာ “ရိုက်ရဲရင် ထပ်ရိုက်ကြည့်လေ” ဟု ပြောနေသည့်အလားပင်။

ဝမ်ကျင်းက သူ့ကို ပွေ့ဖက်ထားလျက် ဒေါသမထွက်ဘဲ မေးစေ့ကို ဆွဲညှစ်၍ စနောက်ကာ မေးလိုက်သည်။
“စိတ်ဆိုးနေတုန်းလား” 

“ကျွန်တော် စိတ်ဆိုးလို့မရဘူးလား” 
ပိုင်မူနင်က ဝမ်ကျင်း၏အကြည့်ကို ရှောင်ဖယ်ရင်း ဝမ်းနည်းစိတ် ပြန်ဝင်လာပြန်သည်။
“ခင်ဗျား ကျွန်တော့်ကို ရိုက်လိုက်တာလေ... အခုထိ နာနေတုန်းပဲ...”

သူ့တင်ပါးမှာ သေချာပေါက် ယောင်ကိုင်းနေမည်ဟု ပိုင်မူနင် ယုံကြည်နေမိသည်။

ယနေ့ သူဝတ်ထားသော အတွင်းခံဘောင်းဘီမှာ ပုံမှန်ထက် ပို၍ ပွပွချောင်ချောင်ရှိသော်လည်း ယခုအခါတွင်မူ ကျပ်တည်းနေသကဲ့သို့ ခံစားရသဖြင့် တကယ်ပင် ယောင်ယမ်းနေပြီဟု သူမှတ်ချက်ချလိုက်တော့သည်။

ပြီးခဲ့တဲ့ တစ်နာရီအတွင်းမှာ ငါ ရုတ်တရက်ကြီး ဝလာစရာအကြောင်းမရှိဘူးလေ... ဟုတ်တယ်မလား...

ဝမ်ကျင်းက သူ၏လက်မဖြင့် နှုတ်ခမ်းထောင့်ရှိ သွေးစများကို သုတ်လျက်ဖယ်ပေးလိုက်ပြီး စိတ်ရှည်လက်ရှည်ပင် စတင်ချော့မော့တော့သည်။
 “မင်း ကိုယ့်ကို လမ်းမခွဲသရွေ့ မင်းဘာလုပ်လုပ် ကိုယ်လက်ခံတယ်...  á€€á€­á€Żá€€á€şá€á€Źá€œá€ąá€Źá€€á€şá€€á€á€ąá€Źá€ˇ ဘာမှမဟုတ်ပါဘူး... မင်း တကယ်ကြီး ပြတ်ထွက်အောင် ကိုက်လိုက်ရင်တောင် ကိုယ်ဂရုမစိုက်ဘူး”

“ထပ်ကိုက်ဦးမလား”

သွေးစများမှာ အကုန်အစင် စင်ကြယ်သွားခြင်း မရှိသေးပေ။ ဝမ်ကျင်း သုတ်လိုက်ပြီးနောက်တွင် သူ၏ နှုတ်ခမ်းများမှာ ပို၍ပင် ရဲတက်လာလေသည်။

ပိုင်မူနင်မှာ အနှီသူ့အား မှင်သေသေဖြင့် စိုက်ကြည့်နေမိသည်။ သူ ထပ်မကိုက်ရဲတော့ပေ။

“မကိုက်တော့ဘူးလား” 
သူက ပိုင်မူနင်၏ လက်ကိုဆွဲ၍ သူ၏ မျက်နှာထံသို့ ဦးတည်ပေးလိုက်သည်။ 
“မင်း ကိုယ့်ကို ပြန်ရိုက်လို့လည်း ရပါတယ်... မင်းရဲ့ ဒေါသတွေသာ ပြေပျောက်သွားမယ်ဆိုရင် ဘာမဆို လုပ်လို့ရတယ်”

ပိုင်မူနင်မှာ ဝမ်ကျင်း၏ အပြုအမူကြောင့် ထိတ်လန့်သွားမိသည်။ သူ မရိုက်ရဲသဖြင့် လက်ကို အမြန်ပင် ပြန်လည်ရုန်းဖယ်လိုက်၏။

သူ ဒေါသထွက်နေသည်မှာ အမှန်ပင်ဖြစ်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် အကြင်သူ့အား အမှန်တကယ် မရိုက်နှက်ရက်နိုင်ပေ။

သူ၏စိတ်ထဲတွင် တုန်လှုပ်နေမိပြီး ဝမ်ကျင်းတစ်ယောက် တကယ်ရူးသွားပြီလားဟုသာ တိတ်တဆိတ် တွေးတောနေမိတော့သည်။

ဤအခြေအနေအထိ ရောက်ရှိလာသည့်အခါ ပိုင်မူနင်မှာ လမ်းခွဲလိုစိတ်က ပို၍ပင် ပြင်းပြလာလေတော့သည်။

ကားလေးမှာ အဝေးပြေးလမ်းမကြီးထက်သို့ ပြန်လည်ရောက်ရှိလာသည်။ ပိုင်မူနင်မှာ တည့်တည့်မထိုင်ရဲတော့ဘဲ နောက်ခန်းထိုင်ခုံပေါ်တွင် မှောက်လျက် လဲလျောင်းနေမိသည်။

သူ၏တင်ပါးမှာ တစိမ့်စိမ့် နာကျင်နေဆဲပင်။ ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားရင်း ပိုင်မူနင်တစ်ယောက် ထွက်ပြေးရန်အစီအစဉ်ကို နောက်တစ်ကြိမ် ပြန်လည်ရေးဆွဲနေလိုက်၏။

ပိုင်မူနင် စောစောက ဆီဒိုင်ခွက်ကို တမင်တကာ အကဲခတ်ကြည့်ခဲ့ရာ ဆီမှာတစ်တုံးသာ ကျန်တော့သည်ကို တွေ့ခဲ့ရသည်။ ဆိုလိုသည်မှာ ဝမ်ကျင်းက နောက်တွေ့မည့် နားနေစခန်းတွင် ဆီဝင်ဖြည့်မည်မှာ သေချာသည်။

သူ့အတွက်မူ ယင်းက အခွင့်အရေးကောင်းတစ်ခု ဖြစ်နိုင်သည်။

ယခုတစ်ကြိမ်တွင် သူပို၍ ပါးနပ်ရပေမည်။ သူ ပို၍ ကောင်းကောင်းပုန်းရှောင်ကာ ဝမ်ကျင်းကို သူ့အား အလွယ်တကူ ပြန်ရှာမတွေ့စေရန် သေချာပေါက် လုပ်ဆောင်ရပေလိမ့်မည်။

ထိုသို့ စဉ်းစားပြီးနောက် ပိုင်မူနင် သူ၏ဖုန်းကို ပိတ်လိုက်သည်။

ဖုန်းများ ပွင့်နေပါက တည်နေရာကို ခြေရာခံနိုင်သော်လည်း ပိတ်ထားပါမူ ခြေရာခံရန် နည်းလမ်းမရှိတော့ပေ။ ယင်းမှာ သူကြည့်ဖူးသမျှသော လျှို့ဝှက်သည်းဖို ဇာတ်လမ်းများစွာမှ သင်ယူခဲ့ရသောအရာ ဖြစ်သည်။

အစီအစဉ်အားလုံး ရေးဆွဲပြီးနောက် ပိုင်မူနင်က အားပြန်ဖြည့်ရန် မျက်လုံးများကို ခေတ္တမှိတ်ထားလိုက်သည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင် နောက်နားနေစခန်းသို့ ရောက်သောအခါ ဝမ်ကျင်းက ဆီဖြည့်ရန်အတွက် ဆီဆိုင်အတွင်းသို့ ဝင်ရောက်လိုက်သည်။

ဆီဖြည့်ပြီးနောက် ဝမ်ကျင်းက ကုန်စုံဆိုင်ရှေ့သို့ ကားမောင်းသွားပြီး ပိုင်မူနင်ကို ဘာစားချင်သလဲဟု မေးမြန်းလာသည်။

ပိုင်မူနင်က စားချင်သည်တို့အား အမှတ်မထင် ပြောပြလိုက်သည်။ ဝမ်ကျင်းက ကားတံခါးကိုမပိတ်ဘဲ ပစ္စည်းဝယ်ရန် ထွက်သွားသည်။

ဝမ်ကျင်းဆိုင်ထဲသို့ ဝင်သွားသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ပိုင်မူနင်တစ်ယောက် ကားပေါ်မှ အလျင်အမြန်ခိုးထွက်ကာ ထွက်ပြေးတော့သည်။


💊💊💊💊 Chapter 62


သူ စောင့်ကြည့်ကင်မရာများကို ရှောင်ကွင်းရင်း ဆက်တိုက်ပြေးနေမိသည်။ နားနေစခန်းမှ ထွက်လာပြီးနောက် ပတ်ဝန်းကျင်တွင် ကင်မရာများ မရှိတော့ကြောင်း သေချာမှသာ ပိုင်မူနင် ပုန်းရန် နေရာတစ်ခုကို လိုက်လံရှာဖွေတော့သည်။

သာမန်လူတစ်ယောက်၏ ရှုထောင့်မှ စဉ်းစားလျှင် သူအဝေးသို့ ထွက်ပြေးသွားပြီဟုသာ ယူဆကြမည်ဖြစ်ပြီး ကင်မရာမှတ်တမ်းများအတိုင်း လိုက်လံဖမ်းဆီးကြပေလိမ့်မည်။ ပိုင်မူနင်က အမှန်တကယ် ထွက်ပြေးခြင်းမရှိဘဲ အနီးအနားတွင်သာ ပုန်းနေလိမ့်မည်ဟု မည်သူမျှ တွေးမိမည်မဟုတ်ပေ။

ခြေထောက်နှစ်ဖက်က ဘီးလေးဘီးကို အနိုင်မတိုက်နိုင်သည်အား သူသိထားသည်။ ပိုင်မူနင်အနေဖြင့် ဝမ်ကျင်း၏ ဖမ်းဆီးခြင်းကို ခံရလောက်အောင် တုံးအသူမဟုတ်ပေ။

စောစောက နားနေစခန်းအတွင်းသို့ ဝင်လာစဉ်ကတည်းက ပိုင်မူနင်မှာ ကားပြတင်းပေါက်မှတစ်ဆင့် မြေပြင်အနေအထားကို ကြိုတင် လေ့လာခဲ့ပြီးဖြစ်သည်။

တံတားပေါ်မှ ဆင်းလိုက်သည်နှင့် ကျောက်တုံးပုံကြီးများကို တွေ့ရသည်။ မည်သူမျှ မမြင်နိုင်စေရန် သူ၏ ခန္ဓာကိုယ်ကို ကွယ်ထားနိုင်မည့် လုံလောက်သော ကျောက်တုံးကြီးတစ်တုံးကိုသာ သူ ရှာဖွေရန် လိုအပ်သည်။

ဝမ်ကျင်းသာ ဖြတ်ကျော်သွားပြီးပါက သူ ပြန်ထွက်လာနိုင်လိမ့်မည်။ ယင်းက သူ လွတ်မြောက်သွားပြီဟု ဆိုလိုခြင်းပင်။

ထို့နောက်တွင် သူသွားချင်သည့်နေရာသို့ သွားနိုင်ပြီဖြစ်၏။ ဝမ်ကျင်းအနေဖြင့် သူ့ကို သေချာပေါက် ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။

ပိုင်မူနင်က ကျောက်တုံးကြီးတစ်တုံးကို ရွေးချယ်ကာ ၎င်း၏အနောက်တွင် လှဲလျောင်းလိုက်ပြီး ပို၍စိတ်ချရစေရန် မြက်ခြောက်များဖြင့် သူ့ကိုယ်သူ ဖုံးအုပ်လိုက်သည်။

အရာအားလုံး အဆင်ပြေသွားပြီး မည်သူမှမမြင်နိုင်တော့ကြောင်း သေချာမှသာ သူက နောက်ဆုံးတွင် စိတ်အေးလက်အေး လှဲလျောင်းနေလိုက်တော့သည်။

သို့သော်လည်း ပိုင်မူနင် မမျှော်လင့်ထားသည်မှာ ဝမ်ကျင်းက သာမန်လူများထက် ပို၍ပါးနပ်နေခြင်းပင်။ ထိုသူက မိနစ်အနည်းငယ်အတွင်းမှာပင် ပိုင်မူနင်ရှိရာ နေရာအတိအကျကို ရှာတွေ့သွားခဲ့သည်။

ဝမ်ကျင်းက မြက်ခြောက်များကို ဖယ်ရှားလိုက်ပြီး ပိုင်မူနင်ကို မြင်လိုက်သည်နှင့် ပိုင်မူနင်မှာ ကြောက်လန့်ပြီး ကြောင်အမ်းသွားတော့သည်။ ဤမျှ မြန်မြန်ဆန်ဆန် အရှာတွေ့ခံရလိမ့်မည်ဟု သူ တစ်ခါမျှမတွေးခဲ့မိချေ။

ဝမ်ကျင်းက သူ့အပေါ်တွင် ခြေရာခံစက်တစ်ခု တပ်ဆင်ထားသည့်အလား။ အနှီသူမှာ အားစိုက်စရာမလိုဘဲ တည်နေရာကိုသိရှိနေပြီး လိုက်လံရှာဖွေရန်ပင် မလိုဘဲ လားရာအတိုင်း တန်းတန်းမတ်မတ် လျှောက်လာခဲ့ခြင်းပင်။

ဝမ်ကျင်းက အငွေ့တထောင်းထောင်းထနေသော နို့လက်ဖက်ရည်တစ်ခွက်ကို ကမ်းပေးရင်း မေးလိုက်သည်။
“ရှောင်နင်... တူတူပုန်းတမ်းကစားရတာ ပျော်ရဲ့လား” 

ဤသည်မှာ ဝမ်ကျင်းက သူ့အား အရှက်မရစေရန် လမ်းခင်းပေးလိုက်ခြင်းပင်။ ပိုင်မူနင်၏ စိတ်ထဲတွင် ထိတ်လန့်နေသော်လည်း ဝမ်ကျင်း ခင်းပေးသည့်အတိုင်းသာ လိုက်ပါသွားလိုက်ရ၏။

သူက အနေရခက်စွာ ရယ်မောလိုက်ရင်း နို့လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ရာ အေးစက်နေသော သူ၏လက်များမှာ ချက်ချင်းပင် နွေးထွေးသွားတော့သည်။ 
“ဟုတ်... ပျော်တယ်”

ဝမ်ကျင်းက ပိုင်မူနင်ကို ဆွဲထူရန်အတွက် သူ၏လက်ကို ကမ်းပေးလိုက်သည်။

ပိုင်မူနင်မှာ တစ်ကိုယ်လုံး ရေခဲကဲ့သို့ အေးစက်နေပြီး ထိန်းမနိုင်သိမ်းမရ တုန်ရင်နေကာ ကိုယ်တိုင်ပင် မတ်တတ်မရပ်နိုင်တော့ပေ။

သူ ဝမ်ကျင်းထံသို့ လက်ကမ်းပေးလိုက်သည်။ ဝမ်ကျင်းက အသာအယာ ဆွဲလိုက်ရုံဖြင့် ပိုင်မူနင်ကို ကျောက်တုံးပုံများထဲမှ မလိုက်လေသည်။
“ကစားရတာ ပျော်တယ်ဆိုရင်လည်းနားသင့်ပြီ... ကိုယ်တကယ်စိုးရိမ်နေတာ”

ဝမ်ကျင်းက သူ၏လည်ကုတ်သားကို ဆွဲနယ်လိုက်ရင်း အေးစက်စပြုနေသော လေသံဖြင့်ဆိုလာ၏။ 
“ရှောင်နင် လိမ္မာဖို့လိုတယ်နော်” 

အတင်းအကျပ်ကြည့်စေခြင်း ခံလိုက်ရ၍ ပိုင်မူနင်၏ မျက်ဝန်းအိမ်ထဲတွင် ဝမ်ကျင်း၏ ပုံရိပ်များဖြင့်သာ ပြည့်နှက်သွားသည်။ သူက တုန်တုန်ယင်ယင်ဖြင့် ထစ်ထစ်ငေါ့ငေါ့သာ ဖြေလိုက်မိ၏။
"အင်း...အင်းပါ"

ယခုဖြစ်ရပ်များကြောင့် ပိုင်မူနင်မှာ သူ့အနေဖြင့် ဝမ်ကျင်းကို လုံးဝမယှဉ်နိုင်ကြောင်း အပြည့်အဝ နားလည်သွားခဲ့ရ၏။

သူ တကယ်ကို မလွတ်မြောက်နိုင်တော့ပေ။

စိတ်ဖိစီးမှုက ပြင်းလွန်းရာ အသက်ရှူမဝရုံမျှမက တုန်ယင်ရင်း ခြေလက်များပါ ထုံကျင်လာကာ လမ်းပင်လျှောက်၍မရတော့ပေ။

ထိုနေရာမှ ကားထံသို့ ရောက်သည်အထိ ဝမ်ကျင်းက သူ့ကို တစ်လမ်းလုံး ပွေ့ချီသွားခဲ့ရသည်။

ပိုင်မူနင်၏ မျက်နှာမှာ ဖြူလျော့နေပြီး နို့လက်ဖက်ရည်ခွက်နွေးနွေးကို ပိုက်လျက် ထိုအထဲမှ အပူဓာတ်ကိုရရှိရန် ကြိုးစားနေမိသည်။

သူ အလွန်အမင်း အေးစက်နေသဖြင့် သွားများပင် တဂတ်ဂတ် ရိုက်နေတော့သည်။

ကားထဲသို့ ပြန်ရောက်သောအခါ ယခုတစ်ကြိမ်တွင် ဝမ်ကျင်းက ပိုင်မူနင်ကို နောက်ခန်း၌ မထားတော့ပေ။ ထိုအစား ခရီးသည်တင်ထိုင်ခုံတွင် ထိုင်ခိုင်းကာ ထိုင်ခုံခါးပတ်ကို ပတ်ပေးပြီး ပြောလာ၏။

“ကျင်းနန်ရောက်ဖို့ နောက်ထပ် နှစ်နာရီပဲ လိုတော့တယ်..  á€›á€žá€ąá€Źá€„်နင် ကိုယ်တို့ အိမ်ပြန်ရောက်တော့မယ်” 

ချမ်းတုန်နေဆဲဖြစ်သော်လည်း ပိုင်မူနင်မှာ သူ၏ တုန်ယင်မှုများကို အတင်းဖိနှိပ်ကာ “အင်း” ဟုသာ တိုးတိုးလေး အသံပြုလိုက်သည်။

ဒါပေမဲ့ ငါ အဲဒီ့ “အိမ်” ဆိုတဲ့ နေရာကို လုံးဝ ပြန်မသွားချင်တော့ရင်ရော...

ကားမှာ အဝေးပြေးလမ်းမကြီးပေါ်သို့ ပြန်လည်ရောက်ရှိလာသည်။ ကျင်းနန်သို့ ပိုမိုနီးကပ်လာလေလေ ပိုင်မူနင်မှာ ပို၍ စိတ်မသက်မသာဖြစ်ကာ ဂနာမငြိမ် ဖြစ်လာလေလေပင်။

သူ့ကိုယ်သူ ထိုက်ရှန်းလောင်ကျွင်း (ဝူခုန်းကားထဲက ဆေးဖော်တဲ့နတ်မင်း)၏ ဆေးမီးဖိုထဲ ရောက်နေသကဲ့သို့ ခံစားရပြီး အစဉ်မပြတ် လောင်မြိုက်နေသော မီးတောက်များကို အောင့်အည်းသည်းခံနေရသည်။ သို့သော် သူက စွန်းဝူခုန်း မဟုတ်ပေ။ သူ ထိုနေရာမှ ထွက်လာသည့်အချိန်၌ ရွှေရောင်မျက်ဝန်းများကို ရရှိမည်မဟုတ်ဘဲ ဝက်ကင်တစ်ကောင်အဖြစ်သာ ထွက်လာရပေလိမ့်မည်။

သူတို့အတူ ကျင်းနန်မြို့ထဲသို့ အလုံးစုံ ဝင်ရောက်လာပြီးနောက် ကားမှာ အဝေးပြေးလမ်းမကြီးမှ ထွက်ကာ ပဉ္စမပတ်လမ်းပေါ်ရှိ ယာဉ်ကြောများထဲသို့ ဝင်ရောက်လိုက်သည်။

မနက်စောစောအချိန်ဖြစ်သော်လည်း လမ်းပေါ်တွင် ကားများစွာရှိနေဆဲဖြစ်ကာ ခရီးဆောင်အိတ်များ သယ်ဆောင်လာသော လူများမှာလည်း လူသွားလမ်းပေါ်တွင် ပြည့်နှက်နေသည်။

အများစုမှာ အားလပ်ရက်မှ ပြန်လာကြသော ရုံးဝန်ထမ်းများနှင့် အလုပ်အတွက် ပြန်လာကြသော ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည်။ ယခုမှာ ခရီးသွားအများဆုံး အချိန်ကာလဖြစ်သဖြင့် ဤကဲ့သို့အချိန်မျိုး၌ပင် လူများစွာ ရှိနေခြင်းဖြစ်သည်။

ဝမ်ကျင်း၏ အိမ်သို့ရောက်ရန် ဆယ်မိနစ်ခန့်သာ လိုတော့သည့်အချိန်တွင် တိတ်ဆိတ်နေသော ကားအတွင်း၌ ရုတ်တရက် ဖုန်းမြည်သံ ထွက်ပေါ်လာသည်။

ပိုင်မူနင်၏ဖုန်းမှာ ပိတ်ထားရာ ၎င်းမှာ သူ၏ဖုန်း မဟုတ်နိုင်ပေ။ ဝမ်ကျင်း၏ဖုန်း မြည်နေခြင်း ဖြစ်နိုင်၏။

ဖုန်းနှင့် ကား၏ Bluetoothမှာ ချိတ်ဆက်ထားသည်။ ဝမ်ကျင်းက အဖြေခလုပ်ကို နှိပ်လိုက်လျှင် ဝမ်ချီ၏ အသံက စပီကာမှတစ်ဆင့် ထွက်ပေါ်လာသည်။
“ကျင်းကော... အိပ်နေတာကို နှောင့်ယှက်မိရင် တောင်းပန်ပါတယ်... ဒါပေမဲ့ ကျွန်တော် တစ်ညလုံး စဉ်းစားနေမိတဲ့ အကြောင်းတစ်ခုရှိလို့... အဲဒါကို မပြောရရင် ကျွန်တော့်စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေမှာမလို့”

ဝမ်ကျင်းက ကားစတီယာရင်ကို လှည့်ရင်း မေးလိုက်သည်။
“ဘာကိစ္စလဲ” 

ဝမ်ချီက ခဏမျှ တိတ်သွားပြီးနောက် စကားကို ဆက်လာသည်။
“ကျန်းချင်းချီ တစ်ခါ ပြောခဲ့ဖူးတာကို ကျင်းကော မှတ်မိသေးလား”

ကျန်းချင်းချီဟူသော အမည်ကို ကြားလိုက်ရသည့် ခဏမှာပင် ပိုင်မူနင်၏ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။

ကျန်းချင်းချီ ဝမ်ချီကို ဘာတွေ ပြောပြလိုက်တာလဲ...

ပိုင်မူနင်မှာ အသက်ပင် မရှူရဲဘဲ အာရုံစိုက်၍ နားထောင်နေမိသည်။

“သူ ဘာပြောခဲ့လို့လဲ”

ဝမ်ချီကဆိုသည်။
“ကျိုးချောင်က ကျွန်တော့်ကို လက်စားချေဖို့အတွက် တစ်ယောက်ယောက်ကို ငှားခဲ့တဲ့ ကိစ္စ‌လေ” 

“ချင်းချီက ကျွန်တော့်ရဲ့ အလုပ်အကိုင်ကို တရုတ်တိုင်းရင်းဆေးဆရာဝန်ပါဆိုပြီး လိမ်ပြောခဲ့ဖူးတယ်မလား”

“ဒီည ကျွန်တော် ချင်းချီနဲ့စကားပြောရင်း တချို့အချက်တွေကို မတော်တဆ ပြောဖြစ်ကြတယ်... ကျွန်တော် ပြန်စဉ်းစားကြည့်လေလေ အဲဒါက ပိုပြီး ပြဿနာရှိနေသလို ခံစားရလေလေပဲ... ဒါကြောင့် ကျင်းကောသိအောင် ပြောပြချင်တာ”

ဝမ်ကျင်းက ချက်ချင်းမတုံ့ပြန်သဖြင့် ဝမ်ချီက ဆက်လက်ပြောပြလာသည်။ 

“အဲဒီလူက ပိုင်မူနင်ပဲ... သူက ‘အငယ်အနှောင်းနှိမ်နင်းရေး အကြံပေး’ တစ်ယောက်... ကျွန်တော့်ဆီ ချဉ်းကပ်ဖို့ ကျိုးချောင်က သူ့ကို ငှားခဲ့တာ... ဒါပေမဲ့ သူက လူမှားပြီး ကျင်းကောကို ကျွန်တော်လို့ ထင်သွားတဲ့အတွက် ကျင်းကောအနားကိုရောက်အောင် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တာပဲ”

“သူ ကျိုးချောင်ဆီက ပြန်ပေးဆွဲခံရတာကလည်း တိုက်ဆိုင်မှုမဟုတ်တာ သေချာတယ်... ဒါတွေအားလုံးက သူတို့ ကြိုတင်စီစဉ်ထားတဲ့ ကိစ္စဖြစ်ဖို့များတယ်”

“ကျင်းကော စဉ်းစားကြည့်လေ... တကယ်လို့ သူသာ အပြစ်မရှိဘူးဆိုရင် အသက်ရှင်နေလျက်နဲ့ ကျင်းကောဆီ ဘာလို့ အဆက်အသွယ် မလုပ်ဘဲနေမှာလဲ... ကျင်းကောတို့နှစ်ယောက်က ချစ်သူတွေမလား”

“အခုတော့ အရာအားလုံးက ရှင်းသွားပြီလို့ ကျွန်တော်ထင်တယ်... သူ ကျင်းကောကို လိမ်ညာခဲ့လို့ပဲ  á€‘ွက်ပဟ္းသွဏးတဏပ္ဍအ”

“ကျင်းကော... သူ့ကို ဆက်မရှာပါနဲ့တော့.... သူက လူလိမ်ပဲ”

ဝမ်ချီ၏အသံမှာ ကားအတွင်း၌ ပဲ့တင်ထပ်သွားသော်လည်း ဝမ်ကျင်းမှာမူ တိတ်ဆိတ်နေဆဲပင်။

ပိုင်မူနင်မှာ ဆူးပေါ်ထိုင်နေရသကဲ့သို့ မငြိမ်မသက်ဖြစ်ကာ ခေါင်းငုံ့ထားမိပြီး ဝမ်ကျင်းကိုပင် မကြည့်ရဲတော့ပေ။

သူအသည်းအသန် ဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်မှာ ယခုအခါ အကုန်အစင် ပေါ်ပေါက်သွားခဲ့ပြီပင်။ ပိုင်မူနင်မှာ သူ့ကိုယ်သူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေရလိမ့်မည်ဟု ထင်မှတ်ထားခဲ့မိခဲ့၏။

တကယ်တမ်း ထိုအချိန်သို့ ရောက်လာသောအခါတွင်မူ သူတကယ်ပင် စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။

သူ၏နှလုံးသားကို ဖိနှိပ်ထားသော ကျောက်တုံးကြီး ဖယ်ရှားခံလိုက်ရသကဲ့သို့ပင် အရာအားလုံးမှာ ရုတ်တရက် ရှင်းလင်းသွားတော့သည်။

သူ ဆက်လက်၍ ဆင်းရဲဒုက္ခခံနေရန် မလိုတော့သလို အမြဲတစေ ကြောက်ရွံ့ထိတ်လန့်နေရသည့် ဝေဒနာများကိုလည်း ခံစားနေရန် မလိုတော့ပေ။

မည်သည့် တုံ့ပြန်မှုကိုမှ မကြားရသဖြင့် ဝမ်ချီက မဝံ့မရဲဖြင့် ထပ်မေးလိုက်သည်။ 
“ကျင်းကော... ကျင်းကော.... ကျွန်တော်ပြောတာ ကြားရဲ့လား”

ထိုအခါမှသာ ဝမ်ကျင်းက ပြန်ပြောလိုက်သည်။
“ငါ သိတယ်” 

ထိုသို့ပြောပြီးနောက် သူက ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်လေသည်။

ထိုအခိုက်မှာပင် ဝမ်ကျင်းက မြေအောက်ကားပါကင်အတွင်းသို့ မောင်းဝင်လာပြီး ကားရပ်နားရမည့်နေရာ၌ရပ်ကာ အင်ဂျင်ကို စက်သတ်လိုက်သည်။

သူက အတန်ကြာအောင် တိတ်ဆိတ်စွာထိုင်နေပြီးနောက် တစ်စုံတစ်ခုကို အသည်းအသန် စဉ်းစားနေသကဲ့သို့ မျက်မှောင်ကို ကြုတ်ထား၏။

ဝမ်ကျင်းက စကားမပြောသဖြင့် ပိုင်မူနင်သည်လည်း ငြိမ်သက်နေလိုက်ပြီး သူ၏ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေမိသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိပေ။ ဆယ်မိနစ် သို့မဟုတ် နာရီဝက်ခန့်ကြာသွားသည်လည်း ဖြစ်နိုင်၏။ နောက်ဆုံးတွင် ဝမ်ကျင်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

သူက ပိုင်မူနင်ဘက်သို့ အသာအယာ လှည့်ပြီး မေးလိုက်သည်။
 “မင်း အစကတည်းက ကျိုးချောင်ကို သိနေတာလား” 

ပိုင်မူနင်က ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။ 

“ဟုတ်တယ်... ကျိုးချောင်က ကျွန်တော့်ကို ‘အငယ်အနှောင်းနှိမ်နင်းရေးအတိုင်ပင်ခံ’ အဖြစ် ငှားခဲ့တာ... ကျွန်တော့်တာဝန်က ခင်ဗျားကို တခြားတစ်ယောက်ယောက်နဲ့ ချစ်မိသွားအောင် လုပ်ဖို့ပဲ... ဒါပေမဲ့ သတင်းအချက်အလက်တွေ မှားယွင်းသွားလို့ ကျွန်တော် ပစ်မှတ်မှားသွားခဲ့တာ”

“တောင်းပန်ပါတယ်... ကျွန်တော် ခင်ဗျားကို လိမ်ခဲ့မိတယ်”

×××××

ပိုင်မူနင် တစ်ယောက် အရာအားလုံးကို ဖွင့်ဟဝန်ခံလိုက်၏။

အမှန်တရားကို ပြောပြရခြင်းမှာ သူ ထင်မှတ်ထားသကဲ့သို့ မခက်ခဲလှပေ။ လျှို့ဝှက်ချက် ပေါ်ပေါက်သွားပြီးနောက် ပိုင်မူနင်သည် အရာအားလုံးကို ရိုးရိုးသားသားဝန်ခံရန်သာ ရွေးချယ်လိုက်တော့သည်။

အနည်းငယ်နောက်ကျသွားပြီ ဖြစ်သော်လည်း ဤသို့ ဝန်ခံခြင်းမှာ အချည်းနှီးမဖြစ်ပေ။

“ကျိုးချောင်က ကျွန်တော့်ကို ဓာတ်ပုံတစ်ပုံနဲ့ အလုပ်အကိုင် အချက်အလက်တချို့ပဲ ပေးခဲ့တာ.... ကျွန်တော် လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်တော့ ခင်ဗျားက စန်းဝမ်ခန်းမမှာ အလုပ်လုပ်နေတာကို သိလိုက်ရတယ်... အဲဒါကြောင့်ပဲ အဲဒီမှာ ရက်ချိန်းယူခဲ့တာပါ”

“ခင်ဗျားကို ပထမဆုံးအကြိမ် လာတွေ့တာက အခြေအနေလာကြည့်တာပါ... ဒီအလုပ်ကို လက်ခံသင့်၊ မခံသင့် ဆုံးဖြတ်ဖို့အတွက်ပေါ့”

“ဆေးစောင့်နေတုန်း ချန်ဟောက်နန်က ခင်ဗျားက တစ်ဖက်လူမှာရည်စားရှိမှန်း သိရက်နဲ့ ကြားဖြတ်ဝင်နှောင့်ယှက်နေတယ်လို့ ပြောတာကို ကြားခဲ့ရတယ်လေ... အဲဒါကြောင့် ခင်ဗျားက ကျိုးချောင်ပစ်မှတ်ထားတဲ့သူလို့ ကျွန်တော်  á€Ąá€‘င်မသဏးသွဏးခဲအတဏ... ကျွမ်းယွိမြန်ကလည်း ခင်ဗျားမှာ ညီအစ်ကိုမရှိဘူး ညီမတစ်ယောက်ပဲ ရှိတယ်လို့ပြောလို့ ကျွန်တော် ဒီအလုပ်ကို လက်ခံခဲ့တာပါ”

“အဲဒီနောက်ပိုင်းမှာ ခင်ဗျားအနားကို ရောက်ဖို့ ကျွန်တော် အများကြီး ကြိုးစားခဲ့တယ်... ခင်ဗျားနားမှာ ကပ်နေတယ် စနောက်ပြီး ဆွဲဆောင်တာတွေအထိ... ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ခင်ဗျားကျွန်တော့်ကို ချစ်မိသွားစေပြီး အလုပ်ရဲ့ လက်ကျန်ငွေကို ရဖို့အတွက်ပါပဲ”

ဤနေရာတွင် ပိုင်မူနင်မှာ သူ့ကိုယ်သူ အလွန်အရုပ်ဆိုးအကျည်းတန်သူတစ်ဦးမာ ဆိုနေသော်လည်း ဝမ်ကျင်းကိုဆွဲဆောင်ခဲ့ခြင်းမှာ ငွေကြေးတစ်ခုတည်းအတွက် မဟုတ်ခဲ့ပေ။

အဓိက အကြောင်းရင်းမှာ ဝမ်ကျင်းကို အိမ်ထောင်ဖျက်သူတစ်ယောက် မဖြစ်စေချင်၍ပင်။ 
ကောင်းကောင်းမွန်မွန် ချစ်လို့ရပါလျက်နဲ့ တခြားသူတွေရဲ့ ဆက်ဆံရေးကို ဘာကြောင့် ဖျက်ဆီးရမှာလဲ…

သို့သော် ဝမ်ချီက ဝမ်ကျင်းကို အရာအားလုံး ပြောပြပြီးဖြစ်ရာ ဤကဲ့သို့သော သေးငယ်သည့်ကိစ္စများကို ရှင်းပြနေရန် မလိုတော့ပေ။

“အဲဒီနောက် အန်တီ့အိမ်မှာ ဝမ်ချီကို မြင်လိုက်ရတော့ ကျွန်တော်မှားသွားပြီဆိုတာ သိလိုက်ရတယ်...အဲဒါကြောင့် အမှားကို ပြန်ပြင်ဖို့ ကြိုးစားချင်လို့ နည်းမျိုးစုံသုံးပြီး ခင်ဗျား ကျွန်တော့်ကို လမ်းခွဲသွားအောင် လုပ်ခဲ့တာပါ”

“ဒါပေမဲ့ ကျွန်တော် ဘာပဲလုပ်လုပ် ခင်ဗျားက လမ်းမခွဲဘူးလေ... အဲဒါကြောင့် ကျွန်တော် ကြောက်လည်းကြောက်သလို အပြစ်ရှိသလိုလည်း ခံစားခဲ့ရတယ်”

“မြေအောက်ခန်းထဲကနေ လွတ်လာပြီး အဲဒီအဆောက်အအုံပျက်ကြီး ပြိုကျသွားတာကို မြင်လိုက်ရတဲ့အချိန်မှာ ဒါဟာ ကျွန်တော့်အတွက် အခွင့်အရေးပဲလို့ သိလိုက်ရတယ်”

“ခင်ဗျားက ကျွန်တော့်ကို လမ်းမခွဲဘူးဆိုရင် ကျွန်တော် သေသွားပြီလို့ ခင်ဗျားထင်အောင် လုပ်မယ်ပေါ့... လူတစ်ယောက် သေသွားပြီဆိုရင် ပေးစရာရှိတဲ့အကြွေးတွေရော ပတ်သက်ခဲ့တဲ့ သံယောဇဉ်အကြွေးတွေပါ အကုန်လုံး အလိုလို ပြေပျောက်သွားမှာလေ”

“ဒါပေမဲ့ နောက်ဆုံးတော့ ခင်ဗျားကျွန်တော့်ကို ရှာတွေ့သွားခဲ့တာပါပဲ... ကျွန်တော် အမှန်အတိုင်း မပြောရဲလို့ ခင်ဗျားကို ဆက်ပြီးလိမ်ခဲ့တာပါ... အခုတော့ ခင်ဗျားသိသွားပြီပဲ... ကျွန်တော်က တကယ့်ကို မကောင်းတဲ့ကောင်ပါ”

ပိုင်မူနင် စကားပြောနေသည်မှာ ဝန်ခံချက်တစ်ခု ပေးနေသကဲ့သို့ပင်။ သူက အသေးစိတ်အချက်အလက်တိုင်းကို ရှင်းလင်းပြတ်သားစွာပင် ချပြလိုက်၏။

သို့သော် စကားပြောနေရင်း သူ၏မျက်ရည်များမှာမူ မရပ်မနား ကျဆင်းနေခဲ့သည်။ ဤသည်မှာ သူ၏အပြစ်ရှိစိတ်ကြောင့်ဟုသာ ပိုင်မူနင် တွေးနေမိသည်။

ငါ့ကို ဘာကများ ဒီလောက်အထိ ငိုအောင်လုပ်ရတာလဲ...

သူကား အငိုလွယ်တတ်သူတစ်ယောက် မဟုတ်ပေ။ ငိုကြွေးခြင်းက လောကကြီးတွင် အသုံးမဝင်ဆုံးအရာဖြစ်ကြောင်း သူ သိထားပြီးဖြစ်သည်။

ယခုမူ သူ၏နှလုံးသားကို ဖိနှိပ်ထားသော ကျောက်တုံးကြီး ဖယ်ရှားခံလိုက်ရသဖြင့် စိတ်သက်သာရာရမှုကိုခံစားရသော်လည်း တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်ဖျော့ဖျော့လေးမှာလည်း ပျံ့နှံ့လာ၏။

ဤဇာတ်လမ်း မည်သို့အဆုံးသတ်မည်ကို သူ မသိပေ။ သူခန့်မှန်းထားသည့်တိုင် ထိုအကြောင်းကိုတွေးမိတိုင်း ရင်ထဲတွင် မခံမရပ်နိုင်အောင် နာကျင်လာရသည်။
“ဒေါက်တာဝမ်... ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်”

ဘာလို့ ဒီအခြေအနေအထိ ရောက်လာရတာလဲ...

အကယ်၍ သူသာ စောစောစီးစီး လက်လျှော့ခဲ့လျှင် သူနှင့်ဝမ်ကျင်းတို့ မိတ်ဆွေအဖြစ် ဆက်လက်ရှိနေနိုင်ဦးမည်လားဟုသာ ပိုင်မူနင် တွေးတောနေမိသည်။

သို့သော် ယခုမူ အရာအားလုံး နောက်ကျသွားခဲ့ပြီပင်။

ပိုင်မူနင်၏ အမြင်အာရုံမှာ မျက်ရည်များကြောင့် ဝေဝါးနေပြီး နှာခေါင်းမှာလည်းပိတ်နေသဖြင့် အသက်ရှူ၍မရတော့ဘဲ ပါးစပ်ဖြင့်သာ အသက်ကို ခက်ခက်ခဲခဲ ရှူနေရတော့သည်။

ပါးစပ်ကလေးအနည်းငယ်ဟလျက် သူက ဝမ်ကျင်းကို လှည့်ကြည့်လိုက်သည်။ ဝမ်ကျင်းမှာ အစပိုင်းတွင် ဘေးတိုက် ထိုင်နေခဲ့ခြင်းဖြစ်သော်လည်း ပိုင်မူနင် စကားပြောပြီးသွားသောအခါတွင်မူ စတီယာရင်ပေါ်တွင် လက်တစ်ဖက်တင်ကာ အတွေးထဲနစ်ဝင်နေလျက် တည့်တည့်ပြန်ထိုင်နေ၏။


💊💊💊💊 Chapter 63
ကိုယ့်ကို ဆက်ပြီး လိမ်လို့ရပါတယ်


ပိုင်မူနင်ရှိနေသည့်နေရာမှ ဝမ်ကျင်း၏ ဘေးတိုက်မျက်နှာကိုသာ မြင်ရပြီး ယင်းမှာ အေးစက်တင်းမာကာ ခံစားချက်များကို တိတ်ဆိတ်စွာ ထိန်းချုပ်ထားပုံရ၏။

“ဒေါက်တာဝမ်...” 
ပိုင်မူနင်က ခေါ်လိုက်သည်။ 
“နားထောင်နေသေးရဲ့လားဟင်”

ဝမ်ကျင်းက သူ၏စကားကို နောက်မှ‌သံယောင်လိုက်သည်။ 
“ဒေါက်တာဝမ်တဲ့လား”

“ဆိုတော့... အခု မင်းက ဟန်တောင် မဆောင်ချင်တော့ဘူးပေါ့ ဟုတ်လား.... ကိုယ်တို့ကြားမှာ အကွာအဝေးတစ်ခု ချက်ချင်းခြားပစ်ဖို့ မင်း အဲလောက်တောင် စိတ်လောနေတာလား”

ပိုင်မူနင်က သူ၏မျက်ရည်များကို ကမန်းကတန်း သုတ်လိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“မဟုတ်ပါဘူး... ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး” 

“ကျွန်တော်... ကျွန်တော်က ခင်ဗျားကို ဘယ်လိုခေါ်ရမှန်း မသိတော့လို့ပါ”

ဝမ်ကျင်းက သူ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ 
“ဒါဆိုရင် မင်းက ကိုယ့်ကို ဘယ်လိုခေါ်ချင်လို့လဲ”

ပိုင်မူနင်မှာ နှုတ်ခမ်းကို ကိုက်ထားမိပြီး စကားတစ်ခွန်းမှမပြောနိုင်တော့ပေ။ ရုတ်တရက် အသံပျောက်သွားသကဲ့သို့ပင် အရာအားလုံးမှာ ရင်ဘတ်ထဲ၌ တစ်ဆို့နေတော့သည်။ နောက်ဆုံးတွင် သူ တိုးတိုးလေး ပြောလိုက်နိုင်သည်မှာ “တောင်းပန်ပါတယ်” ဟူသော စကားမျှသာ။

နောက်တစ်ကြိမ် တိတ်ဆိတ်မှုက အတော်ကြာအောင် လွှမ်းမိုးသွားပြန်သည်။ ဝမ်ကျင်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဆိုသည်။

 “အရင်ဆုံး အပေါ်တက်ရအောင်... ဒါတွေကို နောက်မှ ဆက်ပြောကြတာပေါ့” 

ထိုသို့ပြောပြီးနောက် ဝမ်ကျင်းက ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ ကားပေါ်မှ ဆင်းသွားသည်။ သူက ကားအရှေ့ဘက်မှ လှည့်ပတ်လျှောက်သွားပြီး ပိုင်မူနင်ကို စောင့်နေလေသည်။

ပိုင်မူနင်သည်လည်း သူ့ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ထိုင်ခုံခါးပတ်ကို ဖြည်းညှင်းစွာ ဖြုတ်လိုက်သည်။

သို့သော်လည်း သူက ဝမ်ကျင်းရှိရာသို့ လျှောက်မသွားဘဲ ကားပေါ်မှဆင်းဆင်းချင်း နေရာ၌ပင် ရပ်လျက် ပြောလိုက်သည်။

 “ဝမ်ကျင်း... ဒါဟာ အမှန်တရားပဲ... ခင်ဗျား လမ်းမခွဲချင်ဘူးဆိုရင်လည်း ကျွန်တော် လမ်းမခွဲပါဘူး... တကယ်လို့ ခင်ဗျား လမ်းခွဲချင်တယ်ဆိုရင်လည်း ကျွန်တော် ကန့်ကွက်မှာမဟုတ်ဘူး... ခင်ဗျားအပေါ် မှားခဲ့တာက ကျွန်တော်ပါ... အဲဒါအတွက် ကျွန်တော်တတ်နိုင်သမျှ ပြန်ပေးဆပ်ဖို့ အသင့်ပါပဲ” 

“လမ်းခွဲမယ်” ဟူသော စကားလုံးကို ပြောလိုက်ရုံမျှဖြင့် ပိုင်မူနင်၏ နှလုံးသားမှာ နာကျင်စွာဖြင့် ဆွဲညှစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က ထိုစကားကို မပြောချင်သော်လည်း ပါးစပ်ကမူ စိတ်ထက်အရင်ဦးအောင် ထွက်သွားခဲ့ခြင်းသာ။

ဝမ်ကျင်းက သူ့ကို ခဏမျှ မှင်သေသေဖြင့် စိုက်ကြည့်နေခဲ့၏။ ထို့နောက်တွင်မူ သူက ချက်ချင်းပင် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ ပိုင်မူနင်၏ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လျက် ကားတံခါးနှင့်ကပ်အောင် တွန်းပို့လိုက်ပြီး ဘာစကားတစ်ခွန်းမှမပြောဘဲ ကြမ်းတမ်းစွာ နမ်းရှိုက်လာတော့သည်။

ထိုအနမ်းတွင် နူးညံ့မှုဟူ၍ အလျဉ်းမရှိပေ။ ၎င်းမှာ သူ ထိန်းချုပ်ထားခဲ့သမျှသော ခံစားချက်အားလုံးကို ဖောက်ထုတ်လိုက်သကဲ့သို့ ပြင်းထန်လွန်းလှပြီး ပိုင်မူနင် အသက်ရှူရခက်ခဲလာသည်အထိပင် အတင်းအကျပ် နမ်းနေခဲ့၏။

ပိုင်မူနင်၏ စိတ်အစဉ်မှာ ဝေဝါးနေသော်လည်း သူတို့က မြေအောက်ကားပါကင်တွင် ရှိနေသည်ကို သတိပြုမိနေဆဲပင်။ ထိုနေရာတွင် စောင့်ကြည့်ကင်မရာများ ရှိသည်။ သူက လက်ကိုမြှောက်ကာ ဝမ်ကျင်း၏ ရင်ဘတ်ကို အသည်းအသန် တွန်းထုတ်လိုက်သည်။
“ဝမ်ကျင်း... ဒီလိုမျိုး မလုပ်ပါနဲ့”

ပိုင်မူနင်မှာ အပြစ်ရှိစိတ်နှင့်အတူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူထင်သည့်အတိုင်းပင် ဝမ်ကျင်း၏နောက်ဘက်တွင် ကင်မရာတစ်လုံးရှိနေသည်။ မိုးလင်းခါနီးအချိန် ဖြစ်သော်လည်း စောင့်ကြည့်ခန်းထဲမှ လုံခြုံရေးဝန်ထမ်းက အိပ်ငိုက်နေမည်ဟု အာမခံချက်မရှိပေ။

သူတို့အနေဖြင့် မြေအောက်ကားပါကင်တွင် အမျိုးသားနှစ်ဦး စိတ်အားထက်သန်စွာ နမ်းနေကြသည့် မြင်ကွင်းကို သဘောတကျကြည့်နေကြလောက်သည်။

သို့သော် ဝမ်ကျင်းကမူ သူတစ်ပါးစိတ်ကို ဖတ်နိုင်သူမဟုတ်ပေ။ ပိုင်မူနင် ဘာတွေးနေသည်ကို သူ မခန့်မှန်းနိုင်ချေ။ သူသိသည်မှာ ပိုင်မူနင်၏ တွန်းထုတ်မှုနှင့်ခုခံမှုတို့က သူ့ကို စိတ်ပျက်ကာ အားမလိုအားမရဖြစ်စေပြီး ဒေါသကိုပိုမိုတောက်လောင်စေသည့် အချက်သာ။

ဝမ်ကျင်းက ပိုင်မူနင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး အံကိုတင်းတင်းကြိတ်ကာဆိုလာ၏။
 “မင်း ကိုယ့်ကို တွန်းထုတ်တာကို  á€Ąá€™á€Żá€”်းဆုလးပဲ... မှတ်ထားနော် ဒါက ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါစေ” 

ပိုင်မူနင်မှာ ချက်ချင်းပင် ထိတ်လန့်သွားပြီး လက်ကောက်ဝတ်မှ နာကျင်မှုကိုပင် မေ့သွားတော့သည်။ 
“ကျွန်တော် နားလည်ပါပြီ”

သူက မျက်လွှာချလိုက်ပြီး စိတ်မသက်မသာဖြစ်မှုကြောင့် ရင်ထဲတွင်လေးလံစွာဖြင့် မဝံ့မရဲ မေးလိုက်သည်။
“ဒါဆိုရင် ခင်ဗျား ဘာလုပ်ချင်လဲ... လမ်းခွဲမှာလားမခွဲဘူးလား.. ခင်ဗျား ပြောတဲ့အတိုင်း ကျွန်တော် လုပ်ပါ့မယ်...”

ဤကိစ္စကို ပြတ်ပြတ်သားသား ဖြေရှင်းရန် လိုအပ်သလို သူ ခံစားလိုက်ရသည်။ အရာအားလုံးကို ဤအတိုင်း ဝေဝေဝါးဝါးထား၍မဖြစ်ပေ။ သို့မဟုတ်ပါက သူ၏ရင်ထဲတွင် ခံရခက်သောတင်းကျပ်လေးလံမှုကို ဆက်လက်ခံစားနေရပေလိမ့်မည်။ ၎င်းမှာ သူတို့နှစ်ဦးကြားတွင် မြစ်တစ်စင်း စီးဆင်းနေပြီး သူကမူ ထိုမြစ်လယ်တွင်သောင်တင်ကာ နစ်မြုပ်တော့မည့်အတိုင်းပင်။

ဝမ်ကျင်း၏မျက်နှာအမူအရာမှာ နက်မှောင်နေပြီး ခန့်မှန်းရခက်လွန်းလှသည်။ ပိုင်မူနင်အနေဖြင့် ထိုသူတွေးနေသည်ကို လုံးဝ မသိနိုင်ချေ။

ထို့ကြောင့်ပင် သူက အဆင်ပြေသည့်ရှုထောင့်မှနေ၍စဉ်းစားကာ ပြောလိုက်သည်။ 
“ဖြစ်နိုင်တာ ကျွန်တော်တို့ လမ်းခွဲလိုက်ကြတာ အကောင်းဆုံးထင်တယ်... ခင်ဗျားအတွက် ကျွန်တော် ပြန်ပြီးပေးဆပ်ပါ့မယ်”

လိမ်ညာမှုများဖြင့်စတင်ခဲ့သော ဆက်ဆံရေးတစ်ခုမှာ မည်သည့်အခါမျှ အဆုံးသတ်ကောင်းဆီသို့ ရောက်ရှိနိုင်မည်မဟုတ်ပေ။ ဤပြဿနာက သူတို့နှစ်ဦးကြားတွင် အမြဲတစေ ဆူးတစ်ချောင်းကဲ့သို့ ရှိနေပေလိမ့်မည်။ သူတို့ အတူတူရှိနိုင်ရန် အတင်းအကျပ် ကြိုးစားလျှင်ပင် နောက်ဆက်တွဲ ပြဿနာများက လိုက်ပါလာဦးမည်သာ။

ဝမ်ကျင်းက သူ့ကို လှုပ်ရှားခွင့်မပေးတော့ပေ။ ထွက်ပြေးရန် ကြိုးပမ်းမှုကို တားဆီးရန် သူ၏အရပ်အမောင်းဖြင့် အသာစီးယူ ဖိနှိပ်ထားရင်း ပိုင်မူနင်၏ မေးစေ့ကို ဆွဲညှစ်ကာ ဆိုလာ၏။

 “ဒါဆိုရင်လည်း ကိုယ့်ကိုဆက်ပြီး လိမ်နေလိုက်တော့” 

“လုပ်ပါ မင်း စောစောကပြောလိုက်တဲ့ စကားတွေကို အကုန်ငြင်းလိုက်စမ်းပါ... ဝမ်ချီက အကုန်လျှောက်ပြီး လုပ်ကြံပြောနေတာလို့ ပြော... ပြီးတော့ မင်း ကိုယ့်ကိုချစ်တယ်လို့ ပြောပါကွာနော်”

“ပြောလေ...”

ပိုင်မူနင်၏ လက်ကောက်ဝတ်မှာ နာကျင်မှုကြောင့် တဆစ်ဆစ်တုန်နေပြီး သူက ရှိုက်သံကို အောင့်ထားရင်း ပြောလိုက်သည်။

“ဝမ်ကျင်း ဒီလို မလုပ်ပါနဲ့... ကျွန်တော် တကယ်ပဲ အမှားလုပ်ခဲ့တာပါ... ခင်ဗျားကို မလိမ်ခဲ့သင့်ဘူး...အရာအားလုံးကို အစကတည်းက ပြောပြခဲ့သင့်တာ...”

“ကျွန်တော်တို့ ဒီလိုမျိုး ဖြစ်မလာသင့်ဘူး... ကျွန်တော်ပဲ အရာအားလုံးကို ဖျက်ဆီးခဲ့မိတာ...”

“ကျွန်တော်တို့ လမ်းခွဲလိုက်ကြရအောင်”

ဝမ်ကျင်းမှာ ထူးဆန်းစွာပင် တည်ငြိမ်နေခဲ့သည်။ သူက ပိုင်မူနင်၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီးနောက် လက်ချောင်းထိပ်ကလေးဖြင့် ပိုင်မူနင်၏ မျက်ဝန်းထောင့်ကို ထိတွေ့ကာ မျက်ရည်များကို အသာအယာ သုတ်ပေးလိုက်သည်။ 

“မင်းက ဘာလို့ ငိုနေတာလဲ... လိမ်ညာခံရတာက ကိုယ်လေ...”

“ပြီးတော့ အခု လမ်းခွဲချင်တယ်လို့ ပြောနေတာကလည်း မင်းပဲ....”

ပိုင်မူနင်မှာ ရင်ဘတ်ထဲ တစ်ဆို့သွားပြီး စကားတစ်လုံးမှ မပြောနိုင်တော့ပေ။ ဝမ်ကျင်း၏ လေသံမှာ ပြန်လည် နူးညံ့သွားပြန်သည်။ 

“အင်းပါ မငိုနဲ့တော့... မျက်လုံးတွေ ယောင်ကုန်တော့မယ်”

ဝမ်ကျင်းက ပိုင်မူနင်၏ မျက်ဝန်းထောင့်မှ မျက်ရည်များကို အသာအယာ သုတ်ပေးနေသော်လည်း သူမည်မျှပင် ဂရုတစိုက် သုတ်ပေးနေပါစေ မျက်ရည်များမှာ မရပ်မနား ဆက်လက် စီးကျနေဆဲပင်။

“မင်းပဲ ကိုယ်ကို ပြန်ပေးဆပ်ချင်တယ်လို့ ပြောခဲ့တယ်မလား”

ပိုင်မူနင်က ရုတ်တရက် ငိုနေရာမှရပ်သွားသည်။ သူက ဝမ်ကျင်းဆက်ပြောလာမည်တို့ကို စောင့်ဆိုင်းရင်း စိုက်ကြည့်နေမိ၏။

ဝမ်ကျင်းက သူ၏နဖူးကို နမ်းလိုက်ပြီးနောက် ပြောလိုက်လေတော့သည်။

“ပိုင်မူနင်... ကိုယ်မင်းကို လိုချင်တယ်” 

×××××

ပိုင်မူနင်မှာ မှင်တက်ကာအာရုံထွေပြားနေလျက် ဝမ်ကျင်း၏နောက်မှ အပေါ်ထပ်သို့ လိုက်ပါသွားခဲ့သည်။ ဝမ်ကျင်းမှာမူ ပိုင်မူနင် တစ်ချိန်ချိန်တွင် စိတ်ပြောင်းကာ ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည့်အလား သူ၏လက်ကို လုံးဝလွှတ်မပေးခဲ့ချေ။

ဓာတ်လှေကားတံခါးများ ပိတ်သွားချိန်တွင် ပိုင်မူနင်မှာ တံခါးမျက်နှာပြင်ပေါ်ရှိ သူ၏ပုံရိပ်ကို တစ်ချက် မြင်လိုက်ရသည်။ မျက်ရည်များဖြင့် စိုရွှဲနေသော သူ၏မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေဆဲပင်။

သူက ကလေးတစ်ယောက် မဟုတ်တော့ပေ။ ဝမ်ကျင်းပြောသည့် “ကိုယ်မင်းကို လိုချင်တယ်”ဟူသော စကား၏အဓိပ္ပာယ်ကို သူ နားလည်ပေသည်။ ဝမ်ကျင်းက ....လုပ်ချင်နေခြင်းပင်။

ပိုင်မူနင်၏ စိတ်ထဲတွင် ရှုပ်ထွေးနေရသည်။ သူ ငြင်းဆန်ရမည်လား သို့မဟုတ် သူ့စိတ်၏အနက်ရှိုင်းဆုံးအခြေတွင် သူကိုယ်တိုင်က အလိုရှိနေမိသလားဆိုသည်ကိုပင်  á€™á€á€ąá€á€˝á€˛á€”ိုင်တ္ဏအပ္။

သူက ကိုယ်ပိုင်အတွေး တစ်စုံတစ်ရာပင်မရှိပါဘဲ ဝမ်ကျင်းခေါ်ဆောင်ရာနောက်သို့ အသာအယာသာ လိုက်ပါသွားမိသည်။

ယခုအချိန်တွင် သူက ကြိုးဆွဲရာကရသည့် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ခံစားနေရပြီး ကြိုးကိုင်သူ၏စိတ်တိုင်းကျ ဖြစ်နေရသည်။ သူ ဘာလုပ်နေသည်ဖြစ်စေ၊ ဘာတွေးနေသည်ဖြစ်စေ ၎င်းတို့အနက် တစ်ခုကမျှ သူကိုယ်တိုင်ရွေးချယ်ခဲ့ခြင်း မဟုတ်သကဲ့သို့ ခံစားနေရ၏။

သူတို့ အိမ်အတွင်းရှိ လူဝင်လမ်းသို့ ရောက်သည်နှင့် ဝမ်ကျင်းက စိတ်အားထက်သန်စွာပင် ပိုင်မူနင်၏ အဝတ်အစားများကို စတင်ချွတ်တော့သည်။ သူ၏ ဂျာကင်အင်္ကျီဇစ်ကို စတင်ဆွဲချလိုက်ရာ အခန်းအတွင်း တိတ်ဆိတ်လွန်းနေသဖြင့် ဇစ်ဆွဲသံမှာ မခံမရပ်နိုင်လောက်အောင် ကျယ်လောင်နေသကဲ့သို့ ခံစားရပြီး ပိုင်မူနင်၏ ပါးပြင်များမှာလည်း ပူထူလာတော့သည်။

စကားဖြင့်ပြောနေရန်ပင် မလိုတော့ပေ။ လှုပ်ရှားမှုတိုင်းက နောက်ထပ်ဖြစ်ပျက်လာတော့မည်အရာတို့အား ရှင်းလင်းစွာ သတိပေးနေသကဲ့သို့။

ပုံမှန်အားဖြင့် ဝမ်ကျင်းမှာ သူ၏အဝတ်အစားများကို သေသေသပ်သပ် ချိတ်ဆွဲလေ့ရှိသည်။ သို့သော်ယနေ့ညတွင်မူ အနှီသူမှာ စိတ်မရှည်သည့်အလား စက္ကန့်ပိုင်းမျှပင် အချိန်ပေးကာ ဝတ်အစားများကို ကောင်းကောင်းမွန်မွန်မချိတ်တော့ဘဲ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။

ယနေ့ညတွင် ဝမ်ကျင်းတစ်ယောက်မှာ သူ၏မူပိုင် တည်ငြိမ်နေသည့်ဟန် လုံးဝမရှိတော့ပေ။ အနှီသူမှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း လုံးဝပျောက်ဆုံးနေပြီး စိတ်လိုက်မာန်ပါလုပ်တတ်သည့် အတွေ့အကြုံမရှိသော အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်နှင့် ပို၍တူနေတော့သည်။

သူတို့ နမ်းရှိုက်နေကြရင်း ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အဝတ်အစားများကို နင်းဖြတ်ကာ အိပ်ခန်းထဲသို့ စမ်းတဝါးဝါးဖြင့် ဝင်လာခဲ့ကြသည်။

သူတို့နှစ်ဦး ခုတင်ပေါ်သို့ ဟန်ချက်ပျက်ကာ လဲကျသွားပြီး ပိုင်မူနင်မှာ နူးညံ့သော အိပ်ရာခင်းများထဲသို့ နစ်ဝင်သွားတော့သည်။ သူ၏ ခေါင်းထဲတွင်မူးနောက်နေပြီး အမြင်အာရုံများမှာလည်း ဝေဝါးနေ၏။

သူ ဝမ်ကျင်း၏ မျက်နှာကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။

သူ ဝမ်ကျင်း၏ပါးပြင်ကို ထိတွေ့ရန် လက်လှမ်းလိုက်သော်လည်း ဝမ်ကျင်းက သူ့ကို အတင်းအကျပ် ဖိချထားလိုက်သည်။

သူ၏လက်ကောက်ဝတ်မှာ ချုပ်ကိုင်ထားခြင်း ခံနေရပြီး ပိုင်မူနင်၏ အမြင်အာရုံများမှာ ဖြည်းဖြည်းချင်း ပြန်လည် ရှင်းလင်းလာခဲ့သည်။

ဝမ်ကျင်းက သူ၏မျက်နှာကို ဆုပ်ကိုင်ကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
 “မင်း အခုချိန် နောင်တရရင် မှီသေးတယ်”  

ဘာကို နောင်တရရမှာလဲ... 
ဝမ်ကျင်းက တိတိကျကျ မပြောလာပေ။

သူ့ကို လှည့်စားခဲ့မိတာအတွက်လား... ဒါမှမဟုတ် သူ့ကို ပြန်ပေးဆပ်ဖို့ သဘောတူခဲ့တာအတွက်လား...

သို့သော် မည်သည့်အရာပင် ဖြစ်ပါစေ သူ့တွင် နောင်တရပိုင်ခွင့် မရှိတော့ပေ။
“ကျွန်တော်...”

သူက “ကျွန်တော်” ဟု စကားစလိုက်ရုံသာရှိသေးသည်။ ဝမ်ကျင်းက စိတ်မရှည်သည့်အလား သူ့ကို အတင်းနမ်းလာပြန်သည်။ ပိုင်မူနင်ကို စကားပြောခွင့် မပေးရန် ဆုံးဖြတ်ထားသည့်အလား၊ သူ မကြားချင်သည့် စကားမျိုးကို ကြားရမည်ကို စိုးရိမ်နေသည့်အလားပင်။

ဝမ်ကျင်း သူ၏လျှာကို ကိုက်လိုက်သည်ကို ခံစားလိုက်ရလျှင် ပိုင်မူနင်က တွေးမိသည်မှာ  á€á€™á€şá€€á€ťá€„်းတစ်ယ္ဏက် သူ့ကိုအဖြေပေးခွင့်မပေးလိုပါက အဘယ်ကြောင့် အစောကတည်းက မေးနေသေးလဲဟူ၍ပင်။

အဲဒါက ရှေ့နောက်မညီသလို ဖြစ်မနေဘူးလား...

သို့သော် သူဆက်လက်၍ မစဉ်းစားနိုင်မီမှာပင် စိတ်မရှည်တော့သော ဝမ်ကျင်းက သူ၏အဝတ်အစားများကို စတင်ဆွဲဖြဲတော့သည်။

ပိုင်မူနင်တုန်တက်သွားပြီးနောက် မကြာမီမှာပင် အဝတ်စများ ပြတ်တောက်သွားသည့်အသံက သူ၏နားထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ စင်းနှီတုံးထက်တွင် တင်ထားခြင်းခံရသော သားကောင်တစ်ကောင်ကဲ့သို့ ခံစားရသည့် ခံစားချက်မှာ ပို၍သာ ပြင်းထန်လာတော့သည်။

သူ၏ ဖြူဖျော့ဖျော့ အသားအရေမှာ အေးစက်စက်လေထုနှင့် ထိတွေ့သွားပြီး ဝမ်ကျင်း၏ ပူပြင်းလှသော ထွက်သက်များမှာ ထိတွေ့သည့် နေရာတိုင်းတွင် မီးဟုန်းဟုန်းတောက်နေသည့်အလား ခံစားရစေသည်။

ဝမ်ကျင်းမှာ စည်းချက်မကျတော့ဘဲ အရိုင်းဆန်ဆန်ပင် ကိုက်ခဲလာ၏။ သူ၏သွားများမှာ ပိုင်မူနင်၏ လည်ပင်းမှတစ်ဆင့် အောက်ဘက်သို့ တဖြည်းဖြည်း ရွှေ့လျားသွားခဲ့သည်။

သူကား အစားအစာကို ငတ်မွတ်နေသော သားရဲတစ်ကောင်ကဲ့သို့ပင်။ နှစ်သက်စရာသားကောင်ကို မြင်လိုက်ရသည်နှင့် တစ်စက္ကန့်မျှပင် မစောင့်နိုင်တော့ဘဲ အားရပါးရကိုက်ခဲမြည်းစမ်းရန် အလွန်ပင် အလျင်စလိုဖြစ်နေတော့သည်။

သားကောင်ဖြစ်သူမှာမူ အသက်ရှူရန်ပင် ခက်ခဲနေပြီး အသက်ရှင်လျက်ရှိနေရုံမျှသာ တောင့်ခံထားရသော်လည်း မုဆိုးဖြစ်သူမှာမူ ထိုကဲ့သို့ အားကိုးရာမဲ့ဖြစ်နေမှုကိုကြည့်ကာ ကျေနပ်သာယာနေခဲ့သည်။

“ဘာဖြစ်လို့လဲ” 
ဝမ်ကျင်းက ပိုင်မူနင်၏ မျက်ခုံးနှင့် မျက်ဝန်းများကို သူ၏နှုတ်ခမ်းများဖြင့် ပွတ်သပ်ရင်း ပြောလိုက်သည်။
“လူလိမ်လေး... ဘာလို့ ကိုယ့်ကို ဆက်ပြီး မလိမ်တော့တာလဲ”

“မင်းသာစကားလုံးတွေ ပြောင်းပြီး ဆက်လိမ်နေမယ်ဆိုရင်လည်း ကိုယ် ယုံပေးမှာပါ”

“မင်းပြောတဲ့ ဘာမဆို ယုံကြည်ပေးမယ်”

သူ၏စကားလုံးများမှာ ချိုသာနူးညံ့နေသော်လည်း လက်များမှာမူ ကြမ်းတမ်းလှပြီး ပိုင်မူနင်ကို အတင်းအကျပ် မှောက်ခုံအနေအထားသို့ လှန်ပစ်လိုက်သည်။

ခုတင်ပေါ်တွင် မှောက်လျက် ဖိနှိပ်ခံလိုက်ရသည့်ထိုခဏ၌ ပိုင်မူနင်မှာ ခုတင်ခေါင်းရင်းတွင် ဦးချဝတ်ပြုနေသောလူတစ်ယောက်ပမာ ခံစားလိုက်ရသည်။

လေထုနှင့် ထိတွေ့နေရသော အသားအရေမှာ ပိုမိုတိုးလာသည်နှင့်အမျှ ရှက်ရွံ့စိတ်များမှာလည်း အတွင်းစိတ်ထဲမှ တိုးထွက်လာတော့သည်။ ပိုင်မူနင် ရုတ်တရက် နောင်တတရားများနှင့်အတူ ထွက်ပြေးချင်စိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့၏။

သူက ဒူးကိုအားပြုကာ လွှမ်းမိုးချုပ်ကိုင်ခံထားရသော ခံစားချက်ကြီးမှ လွတ်မြောက်ရန် အရှေ့သို့ တိုးကပ်ရင်း ထွက်ပြေးဖို့ရာ ကြိုးစားလိုက်မိသည်။

သို့သော်လည်း ဝမ်ကျင်းကမူ ထက်မြက်သွက်လက်သည့် မုဆိုးတစ်ယောက်ပမာ သူ၏သားကောင်ကို ထွက်ပြေးရန် အခွင့်အရေး တစ်စွန်းတစ်စလေးမျှပင် မပေးခဲ့ပေ။

သူက ပိုင်မူနင်၏ ကုတ်ပိုးကို ဆုပ်ကိုင်လိုက်ပြီး နားအနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ 
“မင်း ဘယ်ကို သွားမလို့လဲ”

သူ၏ ဟန်ဆောင်မျက်နှာဖုံး ကွာကျသွားချိန်တွင် ဝမ်ကျင်း၏ရက်စက်တတ်သော ဗီဇမှာ အတိုင်းသား ပေါ်လွင်လာတော့သည်။ သူက မည်သည့် ကရုဏာကိုမှမပြသလို သူ၏ ကျွမ်းကျင်လှသော လက်ချောင်းများကလည်း အရာအားလုံးကို ပို၍ ထိတ်လန့်စရာကောင်းအောင် ပြုလုပ်နေခဲ့သည်။

ပိုင်မူနင် နောက်ထပ် အောင့်မထားနိုင်တော့ဘဲ စတင်ငိုကြွေးတော့သည်။
 “ဝမ်ကျင်း ကျွန်တော် မှားခဲ့ပါတယ် ... တကယ် မှားတာပါ... ခင်ဗျားကို နောက်ထပ် လုံးဝ မလိမ်ရဲတော့ပါဘူး”

အရာအားလုံးက လိမ်ညာမှုတစ်ခုမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ပိုင်မူနင်မှာ ယခုအခါ အပြည့်အဝ နားလည်သွားခဲ့ပြီပင်။ သူကား သူ၏ လုပ်ရပ်များအတွက် အကြီးအကျယ် နောင်တရလာမိတော့သည်။

"အငယ်အနှောင်းနှိမ်နင်းရေး အတိုင်ပင်ခံ" အဖြစ် အလုပ်လုပ်ခဲ့စဉ်က သူက လက်ထဲရောက်ရှိလာသမျှ အလုပ်တိုင်းကို လက်ခံခဲ့၏။

စနိုက်ကြော်များကို လိမ်ညာ၍ ၎င်းတို့၏ ခံစားချက်များကို ကစားခဲ့ရသော်လည်း သူ့ကိုယ်သူ အမှန်တရားဘက်တွင် ရပ်တည်နေခြင်းဖြစ်သည်ဟုသာ  á€‘င်မဟင်ခဲအမိသည်။

သို့သော် ထိုသို့တွေးတောခြင်းမှာ လုံးဝမှားယွင်းပေသည်။ လိမ်ညာမှုက လိမ်ညာမှုသာ ဖြစ်၍ "ဖြောင့်မတ်သော လှည့်စားမှု" ဟူသည်မှာ လောကတွင် မရှိနိုင်ပေ။

ထို့အပြင် သူက ပစ်မှတ်မှားကာပင် လှည့်စားခဲ့မိခြင်းက အရာအားလုံးကို ပို၍ ဆိုးဝါးသွားစေသည်။
“ဝမ်ကျင်း ကျွန်တော် ခင်ဗျားကို မလိမ်ခဲ့သင့်ဘူး... ကျွန်တော် မှားသွားပါတယ်”

သို့သော် သူ၏နောက်မှ အမျိုးသားက "ဝမ်ကျင်း" ဟု ခေါ်ဝေါ်ခံရခြင်းကို သဘောမကျကြောင်း ထင်ရှားလှသည်။ သူက ပိုင်မူနင်၏ ကုတ်ပိုးကို ပို၍ ခပ်တင်းတင်းဆုပ်ကိုင်လျက် နားရွက်ကို အားဖြင့် ကိုက်ခဲလာ၏။

“ဝမ်ကျင်း ဟုတ်လား... မင်း အရင်က ကိုယ့်ကို နာမည်တပ်ပြီး ဘယ်တုန်းကမှ မခေါ်ခဲ့ဖူးပါဘူး...”

ဝမ်ကျင်း၏လေသံမှာ တည်ငြိမ်၍ အေးဆေးဖြစ်နေသော်လည်း သူ၏ လုပ်ရပ်များမှာမူ ဒေါသထွက်နေသည်ကို ထင်ရှားစွာ ဖော်ပြနေပေသည်။

သူ၏ "အသက်သွေးကြော"လေးကား ယခုအခါ ဝမ်ကျင်း၏ လက်ထဲ၌ ကစားစရာတစ်ခုမျှသာ ဖြစ်နေတော့သည်။ ဤသည်မှာ ကစားခံရခြင်း၏ အစသာရှိသေးကာ ပိုမိုဆိုးရွားသော အရာများလည်း လာပေလိမ့်ဦးမည်။

ပိုင်မူနင် ထိတ်လန့်သွားပြီးနောက် ဝမ်ကျင်းတစ်ယောက် သူ၏ခေါ်ဝေါ်ပုံကို စိတ်တိုင်းမကျ ဖြစ်နေသည်ကို လျင်မြန်စွာ ရိပ်မိသွားခဲ့သည်။ ထို့ကြောင့် သူက ချက်ချင်းပင် လေသံပြောင်းကာ ခေါ်လိုက်ရ၏။ 
“ကျင်းကော... ကျင်းကော... ခင်ဗျားက ကျွန်တော့်ရဲ့ ကျင်းကောပါ” 

“ကိုယ်က မင်းရဲ့ ကျင်းကောသက်သက်ပဲလား” 

ဝမ်ကျင်းက လက်ချောင်းတစ်ချောင်း ထပ်တိုးလိုက်ရင်း စကားဆိုသည်။

“မ... မဟုတ်ဘူး အဲဒီလို မဟုတ်ပါဘူး... ကျင်းကောက ကျွန်တော့်ရဲ့ ချစ်သူပါ”

“ကိုယ်က မင်းရဲ့ချစ်သူဆိုမှတော့ ကိုယ်လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်ပေါ့... ဟုတ်လား”


💊💊💊💊 Chapter 64
အသုံးမဝင်တဲ့ နောက်ခံကားချပ်

(အခန်းခေါင်းစဉ် မှတ်ချက် - ယင်းမှာ ဝမ်ကျင်းက ပိုင်မူနင်ကိုတုံ့ပြန်မှုရှိလာအောင် ကြိုးစားသော်လည်း ပိုင်မူနင်မှာမူ ဘာမျှမလုပ်ဘဲ ငြိမ်သက်နေသော နံရံကပ်နောက်ခံစက္ကူကဲ့သို့သာ ရှိနေခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

T/N - ရှင်းပြချက်က E transမူရင်းမှာပါတာပါ)


ပိုင်မူနင်မှာ သူက ဝမ်ကျင်း ဆင်ထားသည့် နောက်ထပ်ထောင်ချောက်တစ်ခုအတွင်းသို့ ကျဆင်းသွားပြန်ပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူသည်ကား ဝမ်ကျင်း၏ လမ်းညွှန်ရာနောက်သို့ တစ်ကျော့ပြန် လိုက်ပါသွားခဲ့ရပြန်ပြီပင်။

ဝမ်ကျင်းမှာ တကယ်ကို ပါးနပ်လွန်းလှသည်။

သူ၏ကုတ်ပိုးအား ကိုက်ခဲခြင်းခံရပြီးနောက် ညှပ်ရိုးမှာလည်း ထပ်မံ၍ ကိုက်ခဲခြင်းခံလိုက်ရပြန်သည်။ ဝမ်ကျင်း၏ နှုတ်ခမ်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သူပိုင်ဆိုင်သောအရာကို အမှတ်အသားပြုနေသကဲ့သို့ နက်ရှိုင်းသော အရာများကို ချန်ထားရစ်ခဲ့၏။

ဝမ်ကျင်းမှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းအားလုံး ဆုံးရှုံးသွားသည့်အလား  á€Ąá€†á€€á€şá€™á€•á€źá€á€şá€†á€­á€Żá€žá€œá€­á€Ż ခပ်တိုးတိုးရေရွတ်နေ၏။
"ကိုယ့်အပိုင်"

“အားလုံး ကိုယ့်အပိုင်ပဲ”

အနှီသူမှာ ပိုင်ဆိုင်လိုစိတ်ကို အဆုံးစွန်လွှတ်ပေးလိုက်ပြီးနောက် ပိုင်မူနင်၏ အစိတ်အပိုင်းတိုင်းကို သိမ်းပိုက်ရန် အသည်းအသန် ကြိုးပမ်းနေချေ၏။

ကျိုးကြောင်းဆင်ခြင်စိတ်များ ပျောက်ကွယ်သွားသည်နှင့်အမျှ ဝမ်ကျင်းမှာ ပိုင်ဆိုင်လိုသော ရမ္မက်ဇောဆန္ဒတို့ဖြင့်သာ လွှမ်းမိုးခြင်း ခံလိုက်ရသည်။

သူကား ပိုင်မူနင်၏ ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ကိုပါ တစ်ခုမကျန် အပိုင်သိမ်းပိုက်လိုခြင်းပင်။

ဝမ်ကျင်း၏  á€€á€ťá€°á€¸á€€á€ťá€ąá€Źá€şá€œá€Źá€á€źá€„်းက တစ်လက်မချင်းစီ တိုးလာသည်နှင့်အမျှ ပိုင်မူနင်မှာ ထိတ်လန့်တုန်လှုပ်လာရလျက် တည်ငြိမ်မှုတို့မှာည်း အလုံးစုံ ပျောက်ဆုံးသွားရသည်။

သူ အရှေ့သို့ တိုးကပ်သွားကာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားမိသော်လည်း ဝမ်ကျင်းက သူ့ကို ပြန်လည်ဖိချထားလိုက်ပြန်သည်။ ယခုအခါတွင်မူ လွတ်မြောက်ရာလမ်း လုံးဝ မရှိတော့ပေ။

နေထိုင်ရသည်မှာ သက်တောင့်သက်သာမရှိလွန်း၍ သူ သတိပြန်ဝင်လာခဲ့သည်။ ပိုင်မူနင် ဝမ်ကျင်း၏ အမည်ကိုသာ ထပ်တလဲလဲ အော်ခေါ်နေမိတော့သည်။

“ဝမ်ကျင်း ဝမ်ကျင်း ...ကျွန်တော် နောင်တရနေပါပြီ... တကယ် နောင်တရနေပြီလို့...”

“ခင်ဗျားကို ဘာမှမပေးဆပ်ချင်တော့ဘူး... အရာအားလုံးအတွက် ကျွန်တော် နောင်တရတယ်...”

“နောက်ကျသွားပြီ...”

ကြောက်ရွံ့စိတ်က သူ၏ ခန္ဓာကိုယ်အတွင်းရှိ အာရုံကြောတိုင်းကို တင်းကျပ်သွားစေပြီး ပိုင်မူနင်မှာ စိတ်ဓာတ်များ စတင်ပြိုလဲလာခဲ့ရသည်။

သူ လက်လှမ်း၍ ဝမ်ကျင်းကိုတွန်းထုတ်ရန် ကြိုးစားသော်လည်း ဝမ်ကျင်းက သူ့ကို အတင်းအကျပ် ဖိနှိပ်ထားရင်း ဆိုလာသည်။

"ကိုယ်ပြောခဲ့တယ်လေ... မင်းကိုယ့်ကို တွန်းထုတ်တာကို ကိုယ်မကြိုက်ဘူး..."

“မင်း တကယ်ပဲ ကိုယ့်ကိုတွန်းထုတ်ပြီး  á€‘á€˝á€€á€şá€žá€˝á€Źá€¸á€á€ťá€„á€şá€”á€ąá€á€Źá€œá€Źá€¸... အဲဒီလိုလား...”

ပိုင်မူနင်မှာ ငိုကြွေးရင်းဖြင့်သာ ရှေ့နောက်မညီသောစကားများကို အဆက်အစပ်မရှိ လျှောက်ပြောနေမိသည်။
 
သူကိုယ်တိုင်လည်း အသိတို့လွတ်နေပြီး သူပြောလိုက်သော စကားများက ဦးနှောက်သုံးကာ စဉ်းစားထားခြင်း ဟုတ်မနေပေ။ ထိုသို့ ဟိုရောက်သည်ရောက် ပြောနေသည့် စကားတို့ထဲမှ စကားတစ်ခွန်းမှာ ခပ်ဖျော့ဖျော့ ထွက်လာ၏။ 

“ခင်ဗျားက ကျိုးချောင်နဲ့ ဘာများ ထူးပြီးကွာခြားသွားလို့လဲ...”

ဖြစ်နိုင်သည်မှာ ထိုစကားလုံးက စိတ်ထဲသို့ ရောက်သွားစေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဝမ်ကျင်းမှာ ရုတ်တရက်ဆိုသလို တောင့်ခဲသွားပြီးနောက် ကျိုးကြောင်းဆင်ခြင်စိတ် အနည်းငယ်ကို ဖြည်းညှင်းစွာ ပြန်လည်ရရှိလာခဲ့သည်။

သူက ခုတင်ဘေးရှိ ကြမ်းပြင်ထက်သို့ ပြိုလဲကျသွားပြီး ဖျစ်ညှစ်ကာဖြင့် ရယ်မောလိုက်ရင်း  á€•á€źá€ąá€Źá€œá€Źáá‹

"ဘာတွေလုပ်မိကုန်လဲကြည့်ပါဦး"

“ ကိုယ်ဖြစ်ချင်တာက ဒီလိုမှမဟုတ်ဘဲ ...”

သူက ထိုသို့ပြောရင်း စောင်ကိုမကာ ပိုင်မူနင်အား အသာအယာ ခြုံပေးလိုက်ပြီးနောက် ထရပ်၍ အပြင်သို့ ထွက်သွားခဲ့သည်။

သူ့နောက်မှ တံခါးပိတ်သံနှင့်အတူ  á€…á€á€„á€şá€€á€˝á€˛á€€á€˝á€Źá€œá€Żá€”á€Žá€¸á€”á€Žá€¸á€–á€źá€…á€şá€”á€ąá€žá€Šá€ˇá€ş နှလုံးသားနှစ်ခုမှာလည်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသည်။

ပိုင်မူနင်တစ်ယောက်သာ အိပ်ခန်းထဲတွင် ကျန်ရစ်ခဲ့၏။ သူ ခုတင်ပေါ်တွင် အတော်ကြာအောင် ထိုင်နေမိသည်။ သူ၏ စိတ်ခံစားချက်တို့ အနည်းငယ်တည်ငြိမ်သွားပြီးနောက်မှသာ အဝတ်အစားများကို ကောက်ယူဝတ်ဆင်ကာ တံခါးအပြင်သို့ ထွက်လာလိုက်သည်။

သူ ဤနေရာမှ ထွက်ခွာသွားရန် စဉ်းစားရင်း ဧည့်ခန်းဘက်သို့ ဦးတည်လိုက်သည်။ ထိုစဉ် မျက်လုံးထောင့်မှတစ်ဆင့် ဝမ်ကျင်းကို မြင်လိုက်ရ၏။

ဝမ်ကျင်းကား ကြမ်းပြင်မှမျက်နှာကြက်အထိ အပြည့်တပ်ဆင်ထားသော ပြတင်းပေါက်ကြီး၏ ဘေးတွင်ရှိသည့် အသိုက်သဏ္ဍာန်နူးညံ့သော ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေသည်။

ယင်းတို့မှာ အညိုရောင် သားရေကုလားထိုင်များ ဖြစ်ကြပြီး သက်သောင့်သက်သာရှိလှ၍ အိစက်နေပေသည်။ ထိုကုလားထိုင်ပေါ်တွင် ထိုင်ရခြင်းမှာ တိမ်တိုက်များထဲသို့ နစ်ဝင်သွားသကဲ့သို့ ခံစားရ၏။

မူလက ဝမ်ကျင်း၏ အိမ်တွင် ထိုကုလားထိုင်များ မရှိခဲ့ပေ။ ပိုင်မူနင်က ထိုအရာများကို ထည့်သွင်းရန် အတင်းအကျပ် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က သူ ဝမ်ကျင်းအား “တစ်နေ့ကျရင် ကျွန်တော်တို့ ဒီမှာ အတူတူထိုင်ပြီး နေဝင်ချိန်ကို ကြည့်ရင်း ရှုခင်းတွေခံစားရရင် ကောင်းမှာပဲနော်” ဟူ၍ ပြောခဲ့ဖူးသည်။

ထိုပြတင်းပေါက်ကြီးမှတစ်ဆင့် ကျင်းနန်၏ ရင်သပ်ရှုမောဖွယ် ရှုခင်းများကို မြင်တွေ့နိုင်ပေသည်။ ထိုနေရာမှနေ၍ မြို့တစ်မြို့လုံးကို အပေါ်စီးမှ ငေးမောကြည့်ရှုနိုင်၏။

သို့သော် ယခုအခါတွင်မူ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကြောင့် သူတို့၏ ဆက်ဆံရေးမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီပင်။ သူတို့အနေဖြင့် နေဝင်ချိန် သို့မဟုတ် ရှုခင်းများကို အတူတကွ ငြိမ်သက်စွာ ထိုင်ကြည့်နိုင်သည့်သူများ မဟုတ်တော့ပေ။

ပိုင်မူနင် ကြမ်းပြင်ပေါ်မှ ဂျာကင်အင်္ကျီကို ကောက်ယူကာ သူ့ကိုယ်သူ လွှမ်းခြုံထားလိုက်သည်။

ထိုစဉ်က သူ အလွန်အေးစက်နေခဲ့ပြီး သူ၏ လက်ချောင်းထိပ်ကလေးများ တုန်ယင်နေခဲ့ရ၏။

သို့သော် အနှီဂျာကင်မှာ ယခင်ကကဲ့သို့ နွေးထွေးမှု မရှိတော့သလို ခံစားရသည်။ သူ အနှီဂျာကင်ဖြင့် သူ့ကိုယ်သူ မည်မျှပင်တင်းကြပ်အောင်ထွေးပွေ့ထားပါစေ မခံမရပ်နိုင်အောင် အေးစက်နေဆဲသာ။

ထိုအအေးဓာတ်မှာ အတွင်းစိတ် အနက်ရှိုင်းဆုံးမှ မြစ်ဖျားခံလာခြင်းပင်။ ၎င်းမှာ မည်သည့် ဆောင်းလေထက်မဆို ပို၍ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်နေပေသည်။

ပိုင်မူနင် စကားတစ်လုံးမျှ မဆိုမိပေ။ သူ ထိုနေရာ၌ပင် တိတ်ဆိတ်စွာရပ်လျက် ဝမ်ကျင်းကို စိုက်ကြည့်နေမိပြီ  á€‘á€˝á€€á€şá€•á€źá€ąá€¸á€›á€”á€şá€Ÿá€°á€žá€ąá€Ź အချက်ကိုပင် လုံးဝ မေ့လျော့နေခဲ့သည်။

ပြတင်းပေါက်ကြီး၏ ရှေ့တွင် ထိုင်နေသော ဝမ်ကျင်းက နောက်ဆုံး၌ စကားဆိုလာခဲ့သည်။ 

“ပိုင်မူနင်... မင်း ကိုယ်နဲ့ လမ်းခွဲချင်တာက အပြစ်ရှိသလို ခံစားနေရလို့လား... ဒါမှမဟုတ် မင်းကိုယ့်ကို တစ်ခါလေးတောင်မှ တကယ်မချစ်ခဲ့ဖူးလို့လား...”

အရှေ့အရပ်မှ နေဝန်းနီနီမှာ စတင်ထွက်ပြူလာကာ နူးညံ့သော ရွှေရောင်အလင်းတန်းတို့က အခန်းထဲသို့ ဖြည်းညှင်းစွာ စီးဝင်လာလျက် ဝမ်ကျင်း၏ကိုယ်ပေါ်တွင် နွေးထွေးတောက်ပသော အလင်းရောင်ဖြင့် လွှမ်းခြုံပေးထားသည်။

သို့သော်လည်း ထိုအလင်းရောင်ကြောင့်ပင် ပိုင်မူနင်မှာ ဝမ်ကျင်းကို ရှင်းလင်းစွာ မမြင်နိုင်တော့ချေ။

သူ ထိုအလင်းတန်းကို စိုက်ကြည့်ရင်း အတော်ကြာအောင် တိတ်ဆိတ်နေမိ၏။

နောက်ဆုံးတွင် သူ ခပ်တိုးတိုးသာ ရေရွတ်လိုက်သည်။
“ကျွန်တော် တောင်းပန်ပါတယ်... တကယ်ကို တောင်းပန်ပါတယ်” 

ဝမ်ကျင်းက သူ့ဘက်သို့ တစ်ချက်လေးပင် လှည့်ကြည့်မလာခဲ့ပေ။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူကဆိုသည်။
“ကောင်းပြီ...  á€€á€­á€Żá€šá€şá€”á€Źá€¸á€œá€Šá€şá€•á€źá€Ž” 

ထိုစကားလုံးများမှာ နာကျင်ရလောက်အောင် ရင်းနှီးနေပေသည်။ ယင်းတို့မှာ သူတို့စတင်တွေ့ဆုံစဉ်က ဝမ်ကျင်းမည်မျှအေးစက်စက်နိုင်ခဲ့သည်ကို ပိုင်မူနင်အား ပြန်လည်သတိရစေသည်။

ထိုစဉ်က ပိုင်မူနင် သူ့ကိုယ်သူ တွေးခဲ့ဖူးသည်။ 
ဝမ်ကျင်းက တစ်ပါးသူကို တွယ်ကပ်နေရင်း အသနားခံမည့်သူမျိုး မဟုတ်ဘဲ အနှီသူမှာ လမ်းခွဲချင်ကြောင်း ပြောလိုက်လျှင် ခေါင်းသာညိတ်ပြရုံမျှဖြင့် “ကောင်းပြီ... ငါ နားလည်ပြီ” ဟုသာ ရိုးရိုးရှင်းရှင်း ပြောဆိုမည့် လူစားမျိုး ဟူ၍ပင်။

ယခုအခါ ထိုအတွေးက လက်တွေ့ဖြစ်လာခဲ့ပြီဖြစ်၍ ပိုင်မူနင်၏ ရင်ဘတ်ထဲတွင် နာကျင်စွာ ဆွဲညှစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူနှင့်ဝမ်ကျင်းတို့ကြားတွင် အရာအားလုံး အမှန်တကယ် ပြီးဆုံးသွားပြီဖြစ်ကြောင်း သူသိလိုက်ရသည်။

သူ နားမလည်နိုင်သည်မှာ သူ၏ရည်ရွယ်ချက် အောင်မြင်သွားခဲ့ပြီဖြစ်သော်လည်း အဘယ်ကြောင့် ဤမျှအထိ နာကျင်နေရသည်ကိုပင်။

×××××

သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီဖြစ်သည်။

ပိုင်မူနင်မှာ အိမ်အဝင်ဝတွင် ရပ်လျက် မည်သည့်နေရာသို့သွားရမည်ကိုမသိဘဲ လုံးဝ လမ်းပျောက်နေခဲ့သည်။

သူက အစကတည်းက  á€Ąá€á€źá€ąá€™á€˛á€ˇá€œá€°á€á€…်ဌးသဏ။ မိဘများမှာ သူ ငယ်စဉ်ကပင် ကွယ်လွန်ခဲ့ကြပြီး ဆွေမျိုးသားချင်းလည်းမရှိသလို ကျောင်းကလည်း သူ့ကို ဆက်နေခွင့်ပြုမည်မဟုတ်သည့်အပြင် ကိုယ်ပိုင်အိမ်လည်းမရှိချေ။ သူ့အိတ်ထဲတွင်လည်း ငွေဟူ၍ တစ်ပြားတစ်ချပ်မျှ မရှိပေ။

ဝမ်ကျင်း၏နေအိမ်မှ ထွက်ခွာလာပြီးနောက် သူ အခြားမည်သည့်နေရာသို့ သွားနိုင်မည်ကိုပင် မသိတော့ပေ။ လမ်းပျောက်နေသည့် ခံစားချက်ကြီးက သူ့ကိုအလုံးအရင်းဖြင့် လွှမ်းမိုးထား၏။

ပိုင်မူနင်မှာ ယခင်က ဤမျှအထိ ရင်ထဲ၌ ဟာတာတာဖြစ်မှုကို တစ်ကြိမ်လေးပင် မခံစားခဲ့ဖူးပေ။ ယခင်ကလည်း သူ့တွင် အိမ်မရှိခဲ့သည့်တိုင် အနည်းဆုံးတော့ သူသွားရမည့်လမ်းကို သူ သိပြီး ရှေ့တွင်ရှိနေသောအခက်အခဲများကို ဖြေရှင်းရန် နည်းလမ်းများကို အမြဲ ရှာဖွေနိုင်ခဲ့ဖူးသည်။

သို့သော် ယခုအခါတွင်မူ သူ့အနေဖြင့် ရုတ်တရက်ဆိုသလို ဦးတည်ချက်အားလုံး ပျောက်ဆုံးသွားသကဲ့သို့ဖြစ်နေပြီး မည်သည်ကို လုပ်ဆောင်သင့်သည်အား မသိတော့ပေ။

အိမ်တွင်းစီးဖိနပ်များကို ချွတ်လိုက်ပြီးနောက် ပိုင်မူနင် သူ၏ဖိနပ်များကို စတင်စီးလိုက်သည်။ ဤအတောအတွင်း ဝမ်ကျင်းက သူ့ကို တစ်ချက်လေးပင် လှည့်မကြည့်လာရာ ပိုင်မူနင်၏ရင်ထဲတွင် ပို၍ပင် လေးလံထိုင်းမှိုင်းသွားရသည်။

သူ့ရင်ထဲရှိ ဝန်ထုပ်ဝန်ပိုးကြီး နောက်ဆုံးတွင် လွတ်ကျသွားပြီဟု ထင်ခဲ့သော်လည်း ယခုမူ ပို၍လေးလံသော ကျောက်တုံးကြီးတစ်တုံးက သူ့ကို ဖိထားသကဲ့သို့ အသက်ရှူရခက်ခဲကာ ကျပ်တည်းလာခဲ့ရသည်။

ဖိနပ်စီးပြီးနောက် ပိုင်မူနင် ဝမ်ကျင်းကို နောက်တစ်ကြိမ် လှည့်ကြည့်မိသည်။ သူ တစ်စုံတစ်ရာ ပြောချင်ခဲ့သော်လည်း စကားလုံးတို့မှာ လည်ချောင်းဝတွင် တစ်ဆို့နေပြီး ထွက်မလာခဲ့ပေ။

ခဏမျှရပ်တန့်သွားပြီးနောက် ပိုင်မူနင် ဘာကိုမှမပြောရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်မူ ဘာမှ ထူးခြားသွားမည်မဟုတ်ပေ။ သူတို့နှစ်ဦးမှာ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံကြတော့မည် မဟုတ်ပေ။

သူ၏လက်က တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်သော်လည်း သူ မဖွင့်နိုင်သေးမီမှာပင် အပြင်ဘက်မှ သော့လှည့်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက် ဝင်လာတော့မည်ကို သိလိုက်ရသဖြင့် ပိုင်မူနင် ခေါင်းငုံ့ကာ ဘေးဘက်သို့ ကပ်ရပ်လိုက်မိသည်။

ဤမျှစောစောစီးစီး ဝမ်ကျင်း၏အိမ်သို့ မည်သူလာသည်ကို သူ စဉ်းစားနေမိသည်။

အထဲသို့ ဝင်လာသူမှာ ချန်ဟောက်နန်ပင်။ သူ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး မျက်နှာထက်တွင်လည်း ပင်ပန်းနွမ်းနယ်ရိပ်တို့ ရှိနေ၏။ သူ၏ညအိပ်ဝတ်စုံကော်လံက ဂျာကင်အင်္ကျီအောက်မှ ပြူထွက်နေသည်ကို ကြည့်ရသည်မှာ အိပ်ရာမှအတင်းအကျပ် ဆွဲနှိုးခေါ်ထုတ်လာခြင်းခံရသည့်ပုံနှင့် အလွန်တူလှသည်။

သူက သမ်းဝေလိုက်ရင်း တက်ကြွလှုပ်ရှားချင်စိတ် မရှိသည့်ဟန်ဖြင့် ပိုင်မူနင်အား ပေါ့ပေါ့ပါးပါးပင် နှုတ်ဆက်လာသည်။
 “ရှောင်နင်... မတွေ့ရတာကြာပြီပဲ... ကိုယ်နဲ့ လိုက်ခဲ့ပါ” 

ချန်ဟောက်နန်က အဝင်ဝသို့ လျှောက်သွားကာ စင်ပေါ်မှ စာရွက်စာတမ်းအိတ်ကို ကောက်ယူလိုက်ပြီးနောက် ပြတင်းပေါက်ကြီး၏ ဘေးတွင် ရပ်နေသော ဝမ်ကျင်းအား ပြောလိုက်၏။
“လောင်ဝမ်... ငါ သူ့ကို ခေါ်သွားတော့မယ်” 

ဝမ်ကျင်းက စကားတစ်လုံးပင်မဆိုဘဲ အိပ်ပျော်နေသည့်အလား မလှုပ်မယှက် ထိုင်နေခဲ့သည်။

ပိုင်မူနင်သည်လည်း မူးဝေနေဆဲပင်။ 
ချန်ဟောက်နန်က တကယ်ပဲ ဘာလို့ရောက်လာရတာလဲ...

ငါ့ကို ဘယ်နေရာကို ခေါ်သွားမလို့လဲ... ငါတို့ ဘယ်ကို သွားကြမှာလဲ...

“သွားကြစို့”

ဓာတ်လှေကားထဲသို့ သူ၏နောက်မှ ကပ်လိုက်သွားရင်း ပိုင်မူနင်မှာ အဘယ်ကြောင့် ချန်ဟောက်နန်နှင့်အတူ ထွက်သွားရသည်ကို  á€…ဉ်းစဏးမရသ္းပ္။

ဓာတ်လှေကားမှာ ပုံမှန်အတိုင်း အောက်သို့ဆင်းလာစဉ် ချန်ဟောက်နန်က နောက်တစ်ကြိမ် သမ်းဝေလိုက်ကာ မေးလိုက်သည်။
 “မင်း လောင်ဝမ်နဲ့ ရန်ဖြစ်ထားတာလား” 

ပိုင်မူနင်မှာ သူ့အား အံ့အားသင့်စွာ ကြည့်လိုက်ပြီး ချန်ဟောက်နန်၏ အထင်အမြင်ကို လျင်မြန်စွာ ငြင်းဆိုလိုက်ပါ၏။
“မဟုတ်ပါဘူး” 

“ဒါဆို သူ မင်းကို တစ်ခုခု လုပ်လိုက်လို့လား...”

ပိုင်မူနင်က ခေါင်းငုံ့ထားလျက်ပင် အတင်းခါယမ်းပြရင်း ချန်ဟောက်နန်၏ ခန့်မှန်းချက်ကို ထပ်မံ ငြင်းဆိုလိုက်ပြန်သည်။

ချန်ဟောက်နန်ကမူ သူ့ကို လုံးဝမယုံကြည်ဘဲ စိတ်မရှည်စွာဖြင့်မေးလာသည်။

 “ဘာမှမဖြစ်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်းမျက်လုံးတွေကိုလည်း ကြည့်ဦး... မို့အစ်နေချက်က သစ်ကြားသီးတွေလိုပဲ... သူ မင်းကို အနိုင်ကျင့်လိုက်တာလား” 

“တစ်ခုခုဖြစ်ခဲ့တာဆိုရင် ကိုယ့်ကိုပြောပြလို့ရတယ်... ကိုယ် မင်းအစား သူ့ကို ကိုင်တွယ်ပေးမယ်...”

သို့သော် ပိုင်မူနင်ကမူ ခေါင်းကိုသာ ဆက်တိုက် ခါယမ်းနေမိသည်။

ချန်ဟောက်နန်၏ကားပေါ်သို့ ရောက်ရှိသွားသည့်အခါမှသာ ချန်ဟောက်နန်က အလေးအနက် စကားဆိုလာသည်။ 

“လောင်ဝမ်က မကောင်းတဲ့ကောင်မဟုတ်ပါဘူး... သူက လူတိုင်းအပေါ်မှာ တကယ်ကို ကောင်းရှာပါတယ်... ခံစားချက်နဲ့ ပတ်သက်လာရင်တော့ သူက နည်းနည်း စိတ်မမှန်သလို ဖြစ်တတ်တာမျိုးပဲ...”

“တစ်ခါတလေ သူက အတိုင်းအတာထက် ကျော်လွန်သွားတတ်တယ်... မင်းအနေနဲ့ လက်မခံနိုင်ဘူးဆိုရင် ဒါကပုံမှန်ပါပဲ”

ပိုင်မူနင်မှာ ခဏမျှလန့်သွားပြီး ချန်ဟောက်နန်က သူတို့နှစ်ဦးအတူရှိနေသည်ကို မည်သို့သိနေသည်ကိုသာ တွေးနေမိနေ၏။ သို့တိုင် မကြာမီမှာပင် စိတ်သက်သာရာရသွားခဲ့သည်။

ဝမ်ကျင်းနှင့် သူ၏ဆက်ဆံရေးမှာ လျှို့ဝှက်ချက်ဖြစ်သော်လည်း ချန်ဟောက်နန်မှာ ဝမ်ကျင်း၏ သူငယ်ချင်းဖြစ်သည့်အတွက် သိနေခြင်းမှာ ထူးဆန်းသောအရာမဟုတ်ပေ။

ချန်ဟောက်နန်မှာ ဟိုယခင်ကတည်းက သတိပြုမိခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ပိုင်မူနင်နားမလည်နိုင်သည်မှာ ချန်ဟောက်နန်ဆိုလိုသည့် အဓိပ္ပာယ်ပင်။ 
ဝမ်ကျင်းကို ဘာလို့ စိတ်ပုံမှန်မဟုတ်ဘူးလို့ ပြောတာလဲ…

သူက ဇဝေဇဝါဖြင့် နားမလည်သလို ကြည့်နေမိစဉ် ချန်ဟောက်နန်က ကားကိုစက်နှိုးလိုက်ပြီး သူ၏လည်ပင်းကို ညွှန်ပြလိုက်သည်။

ပိုင်မူနင် ကားနေကာပြားရှိ မှန်အသေးလေးကို ကြောင်တောင်တောင်ဖြင့် ဖွင့်ကြည့်လိုက်ရာ သူ၏လည်ပင်းပေါ်ရှိ အမှတ်အသားများကို မြင်လိုက်ရ၏။ သူ၏ ပါးပြင်တို့မှာ ချက်ချင်းပင် ပူထူသွားခဲ့ရသည်။

ပြန့်ကျဲနေသော အနမ်းအမှတ်အသားများနှင့် သွားရာများမှာ ကြမ်းတမ်းသော မြင်ကွင်းတစ်ခုကိုပုံဖော်နေပြီး ထိုစဉ်ကအခြေအနေကို မှန်းဆရ လွယ်ကူစေပေသည်။

ချန်ဟောက်နန် အထင်မှားသွားပြီဖြစ်ကြောင်း ပိုင်မူနင်သိလိုက်သဖြင့် ဂျာကင်ဇစ်ကို အဆုံးထိ ဆွဲတင်လိုက်ရင်း ဆိုသည်။
“ခင်ဗျားထင်သလို မဟုတ်ပါဘူး” 

ထို့နောက်တွင်မူ သူ ဘာကိုမှ ထပ်မပြောတော့ပေ။ သူ့အနေဖြင့် စကားမပြောချင်တော့သဖြင့် ပြတင်းပေါက်အပြင်ဘက်သို့သာ တိတ်ဆိတ်စွာ ငေးကြည့်နေမိတော့သည်။

ကားမောင်းနေစဉ် ချန်ဟောက်နန်က ထပ်ပြောလာသည်။ 
“လောင်ဝမ့်အတွက် သူ သဘောကျရတဲ့သူတစ်ယောက်နဲ့ ဆုံဖို့ဆိုတာ အရမ်းခက်တယ်... စိတ်မထိန်းနိုင်တာတို့ စိတ်လောတာတို့က ပုံမှန်ပါပဲ... သူက နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းနေလာခဲ့တာလေ အခုထိ လူပျိုဘဝက မကျွတ်သေးဘူး ... ရွှီနွမ်နဲ့ ကိုယ်တောင် အဲဒါကို ခဏခဏ လှောင်ကြသေးတယ်” 

“ဒီလို လူရှုပ်ပုံစံမျိုးနဲ့  á€Ąá€á€ťá€…်စစ်ကို ရှာနေတာတဲ့လေ... ဒါမျိုးက သူတစ်ယောက်ပဲ လုပ်နိုင်မှာ”

“ဒါပေမဲ့ ပြောရဦးမယ် ရန်ဖြစ်တာက ရန်ဖြစ်တာပဲ... အဲဒီလောက် အလွယ်တကူ လမ်းမခွဲလိုက်ပါနဲ့... အချစ်ဆိုတာက လွယ်လွယ်ရနိုင်တာမဟုတ်ဘူး... ရနေတုန်းမှာ တန်ဖိုးထားနော်”

ပိုင်မူနင်ကား ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်လျက်သာ တိတ်ဆိတ်နေပြီး ထိုအကြောင်းအရာကို ဆက်လက် မပြောလိုတော့ပေ။

ကားမှာ သူနှင့်မရင်းနှီးသော ရပ်ကွက်တစ်ခုအတွင်း၌ ရပ်တန့်သွားရာ ပိုင်မူနင် ကြောင်တောင်တောင်ဖြင့် မေးလိုက်မိသည်။
“ဒါ ဘယ်နေရာလဲ” 

ချန်ဟောက်နန်က စာရွက်စာတမ်းအိတ်ကို ကိုင်လျက် ကားပေါ်မှဆင်းကာ ဆိုသည်။
“ဒါ မင်းရဲ့အိမ်ပဲ” 

ပိုင်မူနင်  : “...?”

သူတို့ အပေါ်ထပ်သို့တက်၍ တံခါးဝသို့ ရောက်သည့်တိုင်အောင် ချန်ဟောက်နန်ဆိုလိုသော အဓိပ္ပာယ်ကို ပိုင်မူနင် နားမလည်ခဲ့ပေ။ ထိုအခါမှသာ ချန်ဟောက်နန်က စာရွက်စာတမ်းအိတ်ကို ပိုင်မူနင်ထံသို့ ကမ်းပေးလာသည်။

၎င်းအိတ်အတွင်း၌ အိမ်ပိုင်ဆိုင်မှု စာချုပ်တစ်ခုနှင့် ဘဏ်ကတ်တစ်ခု ပါရှိလေသည်။
“ဒါတွေအားလုံးက လောင်ဝမ် ပေးလိုက်တာတွေပဲ... အိမ်ကို ဝယ်ထားတာက ကြာပါပြီ... နှစ်သစ်ကူးမတိုင်ခင် မင်းကိုပေးမလို့ပဲ... ဒါပေမဲ့ ပြန်ပေးဆွဲခံရတဲ့ ကိစ္စကြောင့် ကြန့်ကြာသွားတာ”

“အထဲမှာ ဘဏ်ကတ်တစ်ခုလည်းပါတယ်... လျှို့ဝှက်နံပါတ်က မင်းရဲ့မွေးနေ့.. အဲဒီထဲက ပိုက်ဆံတွေက မင်း ဘာမှမပူမပင်ဘဲ နေထိုင်ဖို့အတွက် လုံလောက်ပါတယ်”

“အာ နောက်ပြီး လောင်ဝမ်က ပြောသေးတယ်... မင်းအပင်ပန်းခံ သင်ယူထားတဲ့ပညာရပ်တွေကို အလဟဿ မဖြစ်စေပါနဲ့တဲ့... မင်းအနေနဲ့ စန်းဝမ်ခန်းမမှာ တိုင်းရင်းဆေးပညာကို ဆက်မသင်ချင်ဘူးဆိုရင် တခြားဆေးခန်းတစ်ခုမှာ သင်နိုင်ဖို့ ကိုယ်စီစဉ်ပေးလို့ရတယ်... မင်းဆန္ဒရှိရင် ဘွဲ့လွန်တောင် ဆက်တက်လို့ရတယ်”

ချန်ဟောက်နန်က ထိုပစ္စည်းများကို သူ့ထံ ကမ်းပေးလာသော်လည်း ပိုင်မူနင်ကမူ လှမ်းမယူလိုက်ချေ။

သူ့ရင်ထဲရှိ ကျောက်တုံးကြီးမှာ ပိုမိုလေးလံလာပြီး ပိုင်မူနင်တစ်ယောက် အသက်ရှူရသည်မှာ ပိုခက်ခဲလာခဲ့ရသည်။

သူက အသက်ရှူရန်ခက်ခဲလာကြောင်း ခံစားလိုက်ရပြီး တစ်ကိုယ်လုံးလည်း စတင်တုန်ယင်လာခဲ့တော့သည်။

ဝမ်ကျင်းက သူ၏အတွက် အရာအားလုံးကို စီစဉ်ပေးခဲ့ပြီးဖြစ်ရာ ပိုင်မူနင်၏ရင်ထဲရှိ အပြစ်မကင်းသည့်စိတ်မှာ တစ်ဖန်ပြန်၍ တိုးဝင်လာပြီး ရင်ဘတ်တစ်ခုလုံး ပြည့်လျှံသွားခဲ့ရသည်။

ချန်ဟောက်နန်က သက်ပြင်းချလိုက်ရင်းပြောသည်။ 
“မင်းနဲ့ လောင်ဝမ်ကြားမှာ ဘာတွေဖြစ်နေလဲဆိုတာ ကိုယ်မသိပေမဲ့ တစ်ခုတော့ပြောချင်တယ်... လူတစ်ယောက်တွေးမိနိုင်သမျှ အရာတိုင်းကို လောင်ဝမ်က မင်းအတွက် စီစဉ်ပေးထားပြီးပြီ” 

“သူ ကိုယ့်ကိုပြောတာက ‘သူငါ့ကို ထားခဲ့ရင်တောင် သူ့မှာနေစရာအိမ်ရှိရမယ်... ပိုက်ဆံရှာနိုင်တဲ့ အတတ်ပညာရှိမယ်... ပြီးတော့ ငွေကြေးအတွက် မပူပန်ရဘူး... ဒါဆိုရင် လုံလောက်ပါပြီ’ တဲ့...”


💊💊💊💊 Chapter 65
နှစ်သက်မြတ်နိုးရတယ်ဆိုတာ ဒါမျိုးလား


“ရှောင်နင်” 
ချန်ဟောက်နန်က ခေါ်လိုက်ပြီး ပြောလာသည်။
“မင်း သိလား... မင်း မြေအောက်ခန်းထဲမှာ ရှိနေပြီး အပြင်မထွက်လာသေးဘူးဆိုတာ သိလိုက်ရတုန်းက လောင်ဝမ်တစ်ယောက် ရူးမတတ်ဖြစ်သွားတာ... အဲဒီလောက်ကြီးတဲ့မီးထဲကို သူက သူ့အသက်ကိုတောင် ဂရုမစိုက်တော့ဘဲ ပြေးဝင်သွားခဲ့တာ” 

“နောက်ဆုံးး မီးသတ်သမားတွေတောင် လက်လျှော့သွားချိန်မှာ သူကတော့ မင်းကို အပြင်ရောက်အောင် ဆက်ပြီးတူးထုတ်ပေးနေတုန်းပဲ...”

“တိုင်းရင်းဆေးဆရာတစ်ယောက်အတွက် လက်တွေက ဘယ်လောက် အရေးကြီးသလဲဆိုတာ မင်းသိမှာပါ... သူ့လက်တွေဆိုရင် ပျက်စီးသွားလုနီးပါး ဖြစ်ခဲ့ရတာ...”

“အဲဒီနောက်မှာ မင်းရဲ့ဆေးစာဟုတ်မဟုတ် မသေချာတဲ့ ဆေးညွှန်းတစ်ခုကြောင့် သူ မင်းကို တစ်ယောက်တည်း ကားမောင်းပြီး လိုက်ရှာခဲ့တာ... နေ့ရောညပါ သူ မအိပ်ခဲ့ဘူး... သူဘယ်လိုဆက်ပြီး ကြိုးစားနေခဲ့သလဲဆိုတာ ကိုယ်တောင် မစဉ်းစားတတ်တော့ဘူး...”

“ရှောင်နင်... ဒီအချက်တွေက သူမင်းကို ချစ်တယ်ဆိုတာ သက်သေပြဖို့ မလုံလောက်သေးဘူးလား...”

“သူက မင်းလက်မခံနိုင်တဲ့အရာမျိုး  á€˜á€Źá€•á€˛á€œá€Żá€•á€şá€á€˛á€ˇá€œá€Żá€•á€şá€á€˛á€ˇ... သူ မင်းအပေါ် ချစ်တဲ့စိတ်ကို ထောက်ထားပြီး သူ့ကို ခွင့်လွှတ်လို့မရဘူးလား...”

ချန်ဟောက်နန်မှာ လုံးဝ အထင်မှားနေခဲ့ခြင်းပင်။ ဝမ်ကျင်းက အတိုင်းအတာထက် ကျော်လွန်သွားသောကြောင့် ပိုင်မူနင်က လမ်းခွဲချင်သည်ဟု သူထင်နေသော်လည်း တကယ်တမ်းတွင်မူ ဝမ်ကျင်းအပေါ် မှားယွင်းခဲ့သူမှာ ပိုင်မူနင်သာ။

ပိုင်မူနင်ကား မျက်ရည်များဝဲလာလျက် မျက်လုံးများကို ပင့်ကြည့်လိုက်ကာပြောသည်။ 

“ဟောက်နန်ကော... ခင်ဗျား အထင်မှားနေပြီ... ကျွန်တော်က ဒေါက်တာဝမ်ကို လက်မခံနိုင်တာ မဟုတ်ပါဘူး... ကျွန်တော်ကသာ သူ့အပေါ်အမှားလုပ်ခဲ့တာ” 

“ကျွန်တော်...”

ချန်ဟောက်နန်က ပိုင်မူနင်ကို ဆက်ပြောခွင့်မပေးဘဲ သက်ပြင်းချလျက် ကြားဖြတ်ကာ ဆိုလိုက်သည်။

“ဒါက မင်းတို့နှစ်ယောက်ကြားက ကိစ္စပဲ... ကိုယ်ဝင်မစွက်ဖက်သင့်ဘူး... သေချာ ပြန်စဉ်းစားကြည့်ပေါ့”

“ဟုတ်ပါပြီ... ကိုယ့်ကို ဒါတွေလာပေးဖို့ အပ်ထားတာဆိုတော့ ပစ္စည်းတွေက မင်းအတွက်ပဲ... အထဲဝင်ကြည့်လိုက်ပါဦး... အရာအားလုံးက မင်းစိတ်ကြိုက်အတိုင်း ပြင်ဆင်ထားတာတွေချည်းပဲ”

စကားပြောပြီးနောက် ချန်ဟောက်နန်က ဓာတ်လှေကားကိုနှိပ်၍ ထွက်ခွာသွားရာ ပိုင်မူနင်တစ်ယောက်သာ တံခါးဝတွင် ငေးကြောင်၍ ကျန်ရစ်ခဲ့ရသည်။

သူ ထိုနေရာ၌ မည်မျှကြာအောင် ရပ်နေမိသည်ကို မသိတော့ပေ။ ခြေထောက်များခဲဆွဲထားသကဲ့သို့ လေးလံလာသည့် အခါမှသာ ခဏတဖြုတ်ထိုင်နား၍ရသည့် နေရာတစ်ခု ရှာဖွေရန် ပိုင်မူနင် စဉ်းစားမိတော့သည်။

လျှို့ဝှက်နံပါတ်မှာ သူ၏ မွေးနေ့ပင်။ ပိုင်မူနင် ၎င်းကို ရိုက်ထည့်လိုက်ရာ သော့ပွင့်သွားသည့် အသံနှင့်အတူ မကြာမီမှာပင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ရှောင်နင်... အိမ်ပြန်လာတာကို ကြိုဆိုပါတယ်”
၎င်းမှာ ဝမ်ကျင်း ကြိုတင်အသံသွင်းထားသော အသံဖိုင်လေးပင်။

ပိုင်မူနင် တံခါးကိုမှီလျက် ကြမ်းပြင်ပေါ်သို့ လျောကျသွားကာ တရှုံ့ရှုံ့ပြိုလဲကာငိုကြွေးမိတော့သည်။

နောက်ရက်အနည်းငယ်အထိ ပိုင်မူနင် ထိုအိမ်အတွင်း၌ပင် စိတ်လေလွင့်လျက် အချိန်ကုန်လွန်စေခဲ့သည်။

သူ အိမ်၏နေရာအနှံ့သို့ လျှောက်သွားကြည့်ရင်း ကြည်နူးခြင်းနှင့် နာကျင်မှုတို့ကို တစ်ပြိုင်နက်တည်း ခံစားနေရ၏။

သူ့အတွက် ကျင်းနန်မြို့တွင် အခြေချနေထိုင်ရန်နှင့် အိမ်တစ်လုံးဝယ်ယူရန်မှာ ရည်မှန်းချက်ဖြစ်ကြောင်း ဝမ်ကျင်းအား တစ်ခါက ပြောပြခဲ့သည်ကို သတိရမိသည်။

အိမ်အကျယ်အဝန်းမှာ အလွန်ကြီးနေရန်မလိုဘဲ စတုရန်းမီတာ ၃၀ ကျော်သာရှိသည့် အခန်းကျဉ်းလေးတစ်ခုဆိုလျှင်ပင် လုံလောက်ပေသည်။

တောင်ဘက်မှ နေရောင်ခြည်မှာ ကောင်းမွန်သည့်အတွက် အိမ်သည် တောင်ဘက်သို့ မျက်နှာမူထားရမည်ဖြစ်ပြီး အကောင်းဆုံးမှာ အပြင်သို့ ထွက်နေသောပြတင်းပေါက်တစ်ခု ပါရှိရန်ပင်။

ထိုပြတင်းပေါက်ကို အလကားမဖြစ်စေဘဲ နူးညံ့သော ထိုင်ခုံလေးများတပ်ဆင်ကာ စားပွဲအသေးလေးတစ်လုံး ထားရှိမည်။ ထိုသို့ဖြင့် သူထိုင်၍ ရှုခင်းများကို ကြည့်ရှုနိုင်သလို စာဖတ်ကာ ရုပ်ရှင်လည်းကြည့်နိုင်ပြီး တစ်ခါတစ်ရံ စိတ်ကူးယဉ်ငေးမောခြင်းတို့ကိုလည်း ပြုလုပ်နိုင်မည်ပင်။

အိမ်ပိုင်ဆိုင်မှု စာချုပ်ပေါ်တွင် သူ၏အမည်ကိုသာ ရေးထိုးထားပြီး အရစ်ကျပေးချေခြင်း မဟုတ်ဘဲ အကြေဝယ်ယူထားခြင်း ဖြစ်သည်။

အိမ်တွင်းအလှဆင်မှုနှင့် အပြင်အဆင်များမှာလည်း သူတစ်ခါက ပြောပြခဲ့ဖူးသည်နှင့် ထပ်တူပင်။

ပိုင်မူနင်မှာ သူကိုယ်တိုင်က ပေါ့ပေါ့ပါးပါး ပြောဆိုခြင်းဟုသာ အမြဲတွေးထားခဲ့ပြီး တစ်နေ့တွင် တစ်စုံတစ်ယောက်က သူ၏ဆန္ဒကို ဖြည့်ဆည်းပေးလိမ့်မည်ဟု ဘယ်သောအခါကမှ မထင်မှတ်ခဲ့ဖူးပေ။

၎င်းမှာ ဆုတောင်းကန်တစ်ခုတွင် ဆုတောင်းခဲ့ပြီးနောက် အိမ်မက်များ တကယ်ဖြစ်လာသည့်အလား ခံစားရပေ၏။ သို့တိုင် အရာအားလုံးမှာ အိမ်မက်မက်နေရသကဲ့သို့ လက်တွေ့မဆန်သော ခံစားချက်မျိုးကို ဆောင်ကြဉ်းနေပေသည်။

ဝမ်ကျင်းက ရူးမိုက်လွန်းတာလား…

ငါ သူ့ကို လိမ်ထားတာကို ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်ပါလျက်နဲ့ ဘာကြောင့် ငါ့အတွက် လွတ်မြောက်ရာလမ်းတိုင်းကို စီစဉ်ပေးနေခဲ့ရတာလဲ…

အကယ်၍ ဝမ်ကျင်းသာ သူ့ကိုဂရုမစိုက်ခဲ့ပါက ယခုအချိန်တွင် သူ့အနေဖြင့် အဆိုးဝါးဆုံး သနားစရာကောင်းသည့် အခြေအနေသို့ ရောက်ရှိနေပေလိမ့်မည်။

တိတ်ဆိတ်သော နေ့ရက်အနည်းငယ် ကုန်လွန်ပြီးနောက် အိမ်ရှေ့ခေါင်းလောင်းသံ မြည်လာခဲ့သည်။ လီအန်းချီကား အိတ်အကြီးတစ်လုံးကို ကိုင်ဆောင်လျက် ပိုင်မူနင်ကိုတွေ့ရန် အပြင်ဘက်၌ ရပ်နေ၏။
“ငါ ဒီမှာရှိနေတာကို မင်းဘယ်လိုသိတာလဲ”

လီအန်းချီက အိတ်များကို ကြမ်းပြင်ပေါ်သို့ ချလိုက်ပြီး အဖြေကိုပင် မစောင့်တော့ဘဲ ဖိနပ်လဲလိုက်ရင်း ဆိုသည်။
 “ဟောက်နန်ကောက ပြောပြတာ” 

“ငါ မင်းဆီကို ဖုန်းတွေလည်းဆက် မက်ဆေ့ချ်တွေရော မရပ်မနား ပို့ခဲ့တာ... ဒါပေမဲ့ မင်းဖုန်းက ပိတ်ထားလို့ ငါဆက်သွယ်လို့မရဘူး... ဒါကြောင့် ဟောက်နန်ကောကို မင်းဘယ်မှာလဲဆိုတာ မမေးဘဲ မနေနိုင်တော့တာ”

ထိုအခါမှသာ ပိုင်မူနင် သူ၏ဖုန်းကို အားသွင်းရန် မေ့လျော့နေခဲ့ခြင်းကို သတိရတော့သည်။
“ငါ အားသွင်းဖို့ မေ့သွားလို့ပါ”

လီအန်းချီက အလေးအနက် ပြောလာသည်။
 “ပိုင်မူနင်... မင်း အဲဒီလိုမျိုး ပျောက်ပျောက်သွားတာကို ရပ်လို့ရမလား... ငါ တကယ် စိတ်ပူနေခဲ့တာ”

“တောင်းပန်ပါတယ်”

“ကဲ အခု သွားပြီး ဖုန်းအားသွင်းလိုက်တော့” 
လီအန်းချီက အမိန့်ပေးလိုက်သည်။

ပိုင်မူနင် ခုတင်ဘေးသို့သွားကာ အားသွင်းကြိုးကို ထုတ်ယူ၍သူ၏ဖုန်းကို အားသွင်းလိုက်၏။

လီအန်းချီက ဝယ်လာသော အစားအစာများကို ထမင်းစားပွဲပေါ်တွင် ပြင်ဆင်လိုက်ပြီး ပိုသည်တို့ကို ရေခဲသေတ္တာထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူက ကုလားထိုင်ပေါ်တွင်ထိုင်ကာ ဘီယာတစ်ဘူးကို ဖောက်လိုက်ရင်း ပြောလာသည်။
“လာလေ... ငါတို့ မတွေ့ဖြစ်တာ တောင် တော်တော်ကြာပြီပဲ... တစ်ခွက်လောက် သောက်ရအောင်” 

ပိုင်မူနင်က လီအန်းချီ၏မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သော်လည်း စိတ်ထဲတွင် ဝေဝေဝါးဝါး ဖြစ်နေဆဲပင်။ သူ ရက်ပေါင်းများစွာ အိပ်စက်ခဲ့သော်လည်း နာလန်ထူလာမည့်အစား ပို၍ပင် အားအင်ကုန်ခမ်းနေသကဲ့သို့ ခံစားနေရသည်။

သူ၏ ဦးနှောက်ထဲတွင်လည်း တစ်ခုခုပိတ်ဆို့နေသည့်အလား လုံးဝကြည်လင်မနေပေ။

“နှစ်လလောက်အတွင်းမှာတင် အများကြီး ဖြစ်ပျက်သွားသလိုပဲ... ငါတို့ ကျောင်းပြီးလို့ ကျောင်းဝင်းထဲက ထွက်လာခဲ့ကြတယ်.... အလုပ်တွေ စလုပ်ကြတယ်... အရင်ကတော့ လူကြီးဖြစ်ချင်ဇောနဲ့ စောင့်မျှော်ခဲ့ပေမဲ့ အခုတော့ လူကြီးဖြစ်ရတာက မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ အများကြီးနဲ့ပဲ”

“ငါ့ကို ပြောပြပါဦး... လူတွေက ဘာလို့ လူကြီးဖြစ်လာရတာလဲ” 
လီအန်းချီက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ထိုအဖြေကို မည်သူမှမသိသကဲ့သို့ ပိုင်မူနင်လည်း အတူတူပင်။

ပိုင်မူနင် ဘီယာကို တစ်ငုံသောက်လိုက်ပြီးဆိုသည်။
“ဖြစ်နိုင်တာကတော့ လောကနိယာမအတိုင်း အရှိတရားကနေ မရှိတရားဖြစ်တာ... ရှင်သန်နေရတဲ့ဘဝကနေ သေခြင်းတရားဆီကို သွားနေတာမျိုးနေမှာပါ” 

လီအန်းချီက ရုတ်တရက် ရယ်မောလိုက်ကာပြော၏။ 
“ဒါက ပြောဖို့အတွက် ကြီးလွန်းတဲ့အကြောင်းကြီးလေ... ငါတို့အရွယ်နဲ့ မလိုက်ဖက်သေးပါဘူး  á€‘á€Źá€¸á€œá€­á€Żá€€á€şá€•á€Ťá€á€ąá€Źá€ˇ... တခြားအကြောင်းပဲ ပြောင်းပြောရအောင်” 

ဘီယာအနည်းငယ် ထပ်သောက်ပြီးနောက် လီအန်းချီကပြောလာပြန်သည်။
 “နင်အာ  á€™á€„်း အခုတလော ဘာတွေဖြစ်နေတာလဲ... ငါ့ကို ပြောပြလို့ ရပါတယ်” 

ပိုင်မူနင်က မျက်လွှာချလိုက်ပြီး စကားပြောသင့် မပြောသင့်ကို ဝေခွဲမရဖြစ်နေမိသည်။ ထိုခဏ၌ သူက ကိုယ်တိုင်ပင် နားမလည်နိုင်သည့် အရာများကို ရင်ဖွင့်လိုစိတ်ပြင်းပြနေမိသည်မှာ အမှန်ပင်ဖြစ်၍ သူ၏ နှလုံးသားမှာလည်း ရှုပ်ထွေးနေပေသည်။

လီအန်းချီက ဂရုတစိုက်အကဲခတ်၍ မေးလိုက်သည်။
“ဒါက ဒေါက်တာဝမ်နဲ့ ပတ်သက်နေတာလား မင်းနဲ့သူက...”

ပိုင်မူနင်က ဖြည်းညှင်းစွာ ပြောလိုက်၏။
“ငါ သူနဲ့ လမ်းခွဲလိုက်ပြီ” 

လီအန်းချီမှာ စိတ်ကို ကြိုပြင်ဆင်ထားသော်လည်း အံ့အားသင့်သွားရဆဲပင်။ သူက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“မင်းနဲ့ ဒေါက်တာဝမ်က တွဲနေခဲ့တာလား” 

“မဟုတ်သေးဘူး... ခဏနေဦး နင်အာ... မင်းက ဘယ်တုန်းကတည်းက ယောက်ျားတွေကို စိတ်ဝင်စားသွားတာလဲ... ငါ ဘာလို့ မသိခဲ့ရတာလဲ”

လီအန်းချီမှာ တကယ်ပင် မသိခဲ့ပေ။ သူ တစ်ခါက သံသယဖြစ်ခဲ့ဖူးသော်လည်း ပိုင်မူနင်မှာ အမျိုးသားများကို မချစ်ကြောင်းသိထားသဖြင့် နက်နက်ရှိုင်းရှိုင်း မစဉ်းစားခဲ့ခြင်းဖြစ်သည်။

ပိုင်မူနင်၏ ကမ္ဘာတွင် ခံစားချက်ဟူသည်မှာ မရှိအပ်သောအရာဟု သတ်မှတ်ထားရာ အချစ်ဆိုသည်မှာ ဖြစ်ပေါ်လာနိုင်စရာအကြောင်း မရှိပေ။

ထို့ကြောင့် သူသာ အရိပ်အယောင်အချို့ကို သတိပြုမိခဲ့လျှင်ပင် ထိုသို့ စဉ်းစားခဲ့ခြင်း ရှိမည်မဟုတ်ပေ။

“တကယ်ကို ဘာတွေဖြစ်ခဲ့တာလဲ”

ပိုင်မူနင်က ဘီယာကို အရှိန်ဖြင့် တစ်ကျိုက်သောက်လိုက်ပြီးနောက် သတ္တိမွေးကာ ဆိုလိုက်သည်။
“ငါ ဒေါက်တာဝမ်ကို ညာခဲ့တယ်”  

သူလုပ်ဆောင်ခဲ့သမျှ အရာတိုင်းကို တစ်ခုမကျန် လီအန်းချီအား ပြောပြလိုက်၏။

ပိုင်မူနင်က အိမ်ပိုင်ဆိုင်မှုစာချုပ်ကိုပင် ထုတ်ပြလိုက်ပြီး ပြောသည်။

 “အန်းအန်း... မင်းသိလား... ဝမ်ကျင်းက တကယ်ကို ငါ့အတွက် အိမ်ဝယ်ပေးခဲ့တာ... အဲဒါက သိပ်မကြီးပေမဲ့ တန်ဖိုးကတော့ သန်းချီတန်တယ်” 

“သူ ငါ့ကို ဘဏ်ကတ်တစ်ခုတောင် ပေးခဲ့သေးတယ်... လက်ကျန်ငွေကို စစ်ကြည့်တော့ ဂဏန်းခုနစ်လုံးတောင် ရှိတယ်... သုညတွေကို တကယ် ဟုတ်မဟုတ် အကြိမ်ကြိမ် ပြန်ရေခဲ့ရတာ”

ပိုင်မူနင်က ကုလားထိုင်ပေါ်တွင် အားလျော့စွာ ထိုင်လိုက်ပြီး နားမလည်နိုင်စွာဖြင့်ပြောနေမိ၏။ 

“ငါသူ့ကို လိမ်ခဲ့တာလေ... အဲဒါကို သူက ဘာလို့ ငါ့အတွက် အရာအားလုံး စီစဉ်ပေးခဲ့ရတာလဲ... သူငါ့ကို မမုန်းဘူးလား” 

ဤမေးခွန်းမှာ သူ့ကို ရက်ပေါင်းများစွာ နှိပ်စက်နေခဲ့သော်လည်း သင့်လျော်သောအဖြေကိုမူ ရှာမတွေ့ခဲ့ပေ။

လီအန်းချီက နှာခေါင်းရှုံ့လိုက်ကာ ဆို၏။

“ငါသာ ဝမ်ကျင်းဆိုရင် မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်မှာ... မင်းကို အိမ်ဝယ်ပေးဖို့နေနေသာသာ ပိုက်ဆံလည်း တစ်ပြားမှပေးမှာမဟုတ်ဘူး... မင်း လမ်းဘေးမှာ လေလွင့်ပြီး ထမင်းငတ်နေတာကိုမြင်ရမှ ငါကျေနပ်မှာ” 

“ဟုတ်တယ်... အဲဒါက ပုံမှန် စဉ်းစားနည်းပဲ” 

ပိုင်မူနင်မှာ အရက်ရှိန်ကြောင့် ပါးပြင်များ အနည်းငယ် နီမြန်းနေကာ ဆိုသည်။
“ဝမ်ကျင်းက ငတုံးမို့နေမှာပေါ့” 

“မဟုတ်ဘူး... သူက တုံးအတာ မဟုတ်ဘူး... သူက မင်းကို အရမ်းချစ်လွန်းနေတာ” 
လီအန်းချီက ဆက်ပြောသည်။ 
“နင်အာ မင်းလုပ်တာ မှားတယ်... လူတစ်ယောက်ရဲ့ ခံစားချက်ကို ဘယ်လိုလုပ် လိမ်ညာနိုင်ရတာလဲ”

“ဒါက အလုပ်မဟုတ်ဘူး... ဒါက အပြစ်တစ်ခုပဲ”

“နင်အာ မင်းက တကယ်ကို လူမိုက်ပဲ”

လီအန်းချီပြောသည့် အရာအားလုံးမှာ မှန်ကန်ကြောင်း ပိုင်မူနင်သိပေသည်။ သူ အမှားလုပ်ခဲ့မိသည်ကိုလည်း သိ၏။ အကယ်၍ နောက်တစ်ကြိမ် အခွင့်အရေး ရဦးမည်ဆိုလျှင် လူတစ်ယောက်၏ ခံစားချက်ကို လိမ်ညာသည့် ဤအလုပ်မျိုးကို သူလုံးဝ လက်ခံလိမ့်မည်မဟုတ်ပေ။

သို့သော် ယခုမူ မည်သို့ပင်ဆိုစေကာမူ နောက်ကျသွားခဲ့ပြီဖြစ်သည်။ အမှားက အမှားသာ ဖြစ်ပြီး နောက်ပြန်လှည့်ရန် လမ်းမရှိတော့ပေ။

“ဒေါက်တာဝမ်အပေါ် ငါမှားခဲ့တယ်ဆိုတာ သိပါတယ်... ဒါကြောင့် သူပေးတဲ့ ဘယ်ပစ္စည်းကိုမှ ငါလက်မခံချင်ဘူး... ဒါတွေနဲ့ ငါက မထိုက်တန်ပါဘူး”

လီအန်းချီ ခဏမျှ တိတ်သွားပြီးမှ မေးလိုက်သည်။
 “ဒါဆို... မင်း ဒေါက်တာဝမ်ကို ချစ်လား” 

ပိုင်မူနင်က ဖြေသည်။
“ငါ မသိဘူး” 

သူ အမှန်တကယ်ကို မသိပေ။ သူ၏နှလုံးသားမှာ ရှုပ်ထွေးနေသော ချည်လုံးတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူ့အနေဖြင့် ၎င်းကို ရှင်းလင်းအောင် ဖြေရှင်းလိုသော်လည်း အတွင်း၌သာ ပိတ်မိနေပြီး ထွက်ပေါက်ကို ရှာမတွေ့နိုင်ဘဲ ရှိနေရသည်။

လီအန်းချီက ဆိုလိုက်သည်။
“နင်အာ မင်း ဒေါက်တာဝမ်ကို မချစ်ဘူးဆိုရင် အရာအားလုံးကို ပြန်ပေးလိုက်... တကယ်လို့ ချစ်တယ်ဆိုရင်တော့ သူ့ကိုပြန်ရအောင်ကြိုးစား” 

ရိုးရှင်း၍ပြတ်သားသော ဤနည်းလမ်းနှစ်ခုမှာ အမှန်တကယ်ပင် စိတ်ကို ကြည်လင်သွားစေသည်။ ပိုင်မူနင်အတွက် အချိန်အတော်ကြာ ပိတ်မိနေသော အထုံးကြီးမှ ထွက်ပေါက်တစ်ခု နောက်ဆုံးတွင် ပွင့်သွားခဲ့သကဲ့သို့ ခံစားလိုက်ရသည်။

“သူ့ကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ ငါဒါတွေကို လက်မခံနိုင်ဘူး... အခုချက်ချင်းပဲ ဒေါက်တာဝမ်ကို ဆက်သွယ်ပြီး အိမ်နဲ့ ပိုက်ဆံတွေကို သူ့ဆီပြန်ပေးလိုက်မယ်”

သူက ခုတင်ဘေးစားပွဲပေါ်မှ ဖုန်းကိုယူရန် ထလိုက်သည်။ ဖုန်းဖွင့်လိုက်ပြီးနောက် ဝမ်ကျင်းကို အမြန်ရှာဖွေကာ စာတစ်စောင်ကို စတင် ရေးသားတော့သည်။

စာရေးနေစဉ်အတွင်း ပိုင်မူနင်က စကားလုံးတိုင်းကို သေချာစွာချိန်ဆခဲ့ပြီး သူကိုယ်တိုင် အကြိမ်ကြိမ် ပြန်ဖတ်ကြည့်ပြီးမှ ပေးပို့လိုက်၏။

သို့သော် စာရောက်သွားသည်နှင့်တစ်ပြိုင်နက် အနီရောင်အာမေဍိတ်အမှတ်အသားတစ်ခု တက်လာခဲ့သည်။

ပိုင်မူနင်မှာ ထိုအရာကို အတော်ကြာအောင် ငေးကြည့်နေမိပြီးနောက် ဝမ်ကျင်းတစ်ယောက် သူ့အား ပယ်ဖျက်(delete)လိုက်ပြီဟူသော အရှိတရားကို နောက်ဆုံးတွင် လက်ခံလိုက်ရတော့သည်။

တစ်နည်းအားဖြင့် ဝမ်ကျင်းမှာ သူနှင့်အဆက်အသွယ်အားလုံးကို ပြတ်ပြတ်သားသား ဖြတ်တောက်လိုက်ခြင်းပင်။

သူ၏ရင်ဘတ်ထဲတွင် ရုတ်တရက် အသက်ရှူကျပ်လာပြီး မျက်ရည်များကြောင့် မြင်ကွင်းမှာ ဝေဝါးသွားခဲ့ရသည်။ ပိုင်မူနင် သူ့ကိုယ့်သူ  á€›á€ąá€›á€˝á€á€şá€œá€­á€Żá€€á€şá€žá€Šá€şá‹

“သူ ငါ့ကို ဖျက်ပစ်လိုက်ပြီ... ဒါက သူငါ့ကို ဘယ်တော့မှ ထပ်မတွေ့ချင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ” 

“အန်းအန်း... ငါဘာလုပ်ရမလဲ”

လီအန်းချီက ပိုင်မူနင်အား တစ်ရှူးကမ်းပေးလိုက်ပြီး သက်ပြင်းအရှည်ကြီးကို ချလိုက်ကာဆိုသည်။

“နင်အာ မင်းက ပုံမှန်ဆိုရင် လူတွေနဲ့ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ တော်ပြီးစေ့စပ်သေချာပုံရပေမဲ့ ခံစားချက်နဲ့ ပတ်သက်လာရင်တော့ တစ်ခုခု လိုနေသလိုပဲ” 

“တခြားလူတွေအကြောင်းဆိုရင် မင်းကအရာအားလုံးကို ရှင်းလင်းပြီး ကျိုးကြောင်းဆီလျော်အောင် ခွဲခြမ်းစိတ်ဖြာနိုင်တယ်... ဒါပေမဲ့ မင်းကိုယ်တိုင်နဲ့ ပတ်သက်လာရင်တော့ လုံးဝကို လမ်းပျောက်နေတာပဲ”

“ကျန်းခယ်ကျန့်နဲ့ ငါ့ရဲ့အနာဂတ်အကြောင်း မင်း ခွဲခြမ်းစိတ်ဖြာပြတာကို နားထောင်တုန်းကတော့ မင်းကို အချစ်ရေးကျွမ်းကျင်သူတစ်ယောက်လို့ ငါ ထင်ခဲ့တာ... တကယ်တော့ မင်းက ကိုယ့်နှလုံးသားကိုတောင် ကိုယ်နားမလည်တဲ့ ငတုံးတစ်ယောက် ဖြစ်နေတာပဲ”

“ကဲ... မင်းရဲ့ အတွေးတွေကို ငါရှင်းထုတ်ပေးပါ့မယ်”

ပိုင်မူနင်က လီအန်းချီကို ကြည့်လိုက်၏။ လီအန်းချီက ဆက်ပြောသည်။ 
“မင်း ဘာလို့ ဝမ်းနည်းနေရလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား”

“ဘာလို့လဲဆိုတော့ ဝမ်ကျင်းက ငါ့ကို ဖျက်ပစ်လိုက်လို့”

“အဲဒီလို အဖျက်ခံလိုက်ရတာက ဘယ်လိုခံစားရလဲ”

“သူ့ကို နောက်တစ်ခါ ထပ်မတွေ့ရတော့ဘူးလို့ ခံစားရတယ်... ငါသူ့ကို  á€†á€Żá€śá€¸á€›á€žá€Żá€śá€¸á€žá€˝á€Źá€¸á€•á€źá€Žá€œá€­á€Żá€ˇ ခံစားရတယ်”

“ဒါဆို တကယ်လို့ ငါသာ မင်းကို ဖျက်ပစ်လိုက်ရင်ရော”

“ငါစိတ်ဆိုးပြီး မင်းကို ပြန်ဖျက်ပစ်မှာပေါ့... ပြီးတော့ မင်းကို ငတုံးကောင်ဆိုပြီး ကျိန်ဆဲမှာပဲ”

လီအန်းချီမှာ မျက်နှာပျက်သွားလျက် ပြောင်လှောင်ထေ့ငေါ့ပါတော့၏။
 “သားကြီးရေ မင်းက တကယ်ကို ဟန်ဆောင်ကောင်းတာပဲ... ဝမ်ကျင်းက မင်းကို ဖျက်ပစ်လိုက်တာတောင် မင်းသူ့ကို ငတုံးကောင်လို့ ပြောတာ ငါ မကြားမိပါလား” 

ပိုင်မူနင် တိတ်ဆိတ်သွားရ၏။

လီအန်းချီက နှာရှုံ့ကာဆိုသည်။ 

“မပြောရက်ဘူးပေါ့ ဟုတ်လား”

“ငါကပဲ အလင်းပြပေးရတော့မှာလား” 

လီအန်းချီက ဆိုသည်။ 
“မင်းရဲ့ စိတ်ကို မင်းလည်းသိမှာပါ... တကယ်လို့ မင်းမှာ နည်းနည်းလေးတောင်မှ ချစ်စိတ်မရှိဘူးဆိုရင် ဝမ်ကျင်းက မင်းအပေါ် တရင်းတနှီး လုပ်တာတွေကို မင်းတကယ်ပဲ သည်းခံနိုင်ပါ့မလား”

“မင်း သူ့ကို အရင်ကတည်းက အပိုင်းပိုင်း ပိုင်းပစ်ခဲ့မှာ မဟုတ်လား”

ပိုင်မူနင်၏ နှလုံးသားထဲရှိ အမှောင်ထုထဲသို့ အလင်းတန်းတစ်ခု ဖြာကျလာသကဲ့သို့ ခံစားလိုက်ရပြီး ရှုပ်ထွေးနေသော ချည်မျှင်တန်းကို သူ ရုတ်တရက် ဆုပ်ကိုင်မိသွားခဲ့သည်။

ဒါဆို သဘောကျမြတ်နိုးရတယ်ဆိုတာက ဒါမျိုးလား...
ငါ ဝမ်ကျင်းကို ချစ်နေတာလား...


 

Search Novels