💊💊💊💊 Chapter 66
ကျင်းကော... ကျွန်တော်တို့ ပြန်အဆင်ပြေကြရအောင်နော်


ထိုနေ့က ပိုင်မူနင်နှင့် လီအန်းချီတို့အတူ အရက်များစွာ သောက်ခဲ့ကြသဖြင့် အလွန်အမင်း မူးယစ်သွားခဲ့ကြသည်။ နောက်တစ်နေ့ နိုးလာသောအခါတွင်မူ သူတို့၏ ဦးခေါင်းများမှာ အပြင်းအထန် ကိုက်ခဲနေတော့သည်။

အရက်ရှိန်ပြေ၍ သတိပြန်ဝင်လာပြီးနောက် ပိုင်မူနင် ပထမဆုံးလုပ်ဆောင်ခဲ့သည့် အရာမှာ ဝမ်ကျင်း၏ ဆက်သွယ်ရမည့် အချက်အလက်အားလုံးကို ဖျက်ပစ်လိုက်ခြင်းပင်။

ဝမ်ကျင်းဘက်က သူတို့၏ ဆက်ဆံရေးကို ပြတ်ပြတ်သားသား အဆုံးသတ်ချင်နေရာ သူကလည်း ဝမ်ကျင်းကို ထပ်ပြီး သွားရောက် နှောင့်ယှက်မနေသင့်တော့ပေ။

အကယ်၍ သူသာ သူ၏ခံစားချက်အမှန်တို့အား စောစီးစွာ သိရှိခဲ့ပါမူ ဝမ်ကျင်းနှင့် လမ်းခွဲဖြစ်ခဲ့လိမ့်မည် မဟုတ်ချေ။

ယခုအချိန်မှာ မည်သို့ပင်‌ဆိုစေ အားလုံးက နောက်ကျသွားခဲ့ပြီပင်။ ဝမ်ကျင်းတစ်ယောက် သူ့အား သေလောက်အောင် မုန်းတီးသွားပြီဖြစ်၏။

ယခုအချိန်တွင် ပိုင်မူနင်လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဝမ်ကျင်း၏ဘဝကို မနှောင့်ယှက်ဘဲ အေးအေးချမ်းချမ်းနေထိုင်ရင်း သူတို့နှစ်ဦး၏ပတ်သက်မှုကို သူစိမ်းများကဲ့သို့ မှေးမှိန်ပျောက်ကွယ်သွားစေရန်ပင်။

ထို့အပြင် ဝမ်ကျင်းပေးခဲ့သည့် မည်သည့်အရာကိုမျှ သူလက်ခံမည်မဟုတ်ပေ။ ပိုင်မူနင် နေစရာနေရာအသစ်တစ်ခုကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ကာ ပြောင်းရွှေ့ရန် ပြင်ဆင်နေလေသည်။

ယခင်က သူ၏အိတ်ကပ်ထဲတွင် တစ်ပြားတစ်ချပ်မျှမရှိခဲ့စဉ်က လီအန်းချီ သူ့ကို လာရောက်တွေ့ဆုံခဲ့ခြင်းမှာ စကားပြောရန်အတွက်သက်သက်သာမက ကျေးဇူးဆပ်ရန်အတွက်လည်းပါသည်။

လီအန်းချီ၏မိသားစုတွင် ပြဿနာများကြုံတွေ့ခဲ့ရစဉ်က ပိုင်မူနင် သူ့အား ငွေချေးငှားပေးခဲ့ဖူးသည်။

ယခုအခါ လီအန်းချီမှာ ထိုအခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သဖြင့် ထိုငွေများကို ပြန်လည်ပေးဆပ်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

ဤငွေများက ပိုင်မူနင်၏ အရေးပေါ်ပြဿနာကို ဖြေရှင်းပေးနိုင်သည်။ ယခုဆိုလျှင် သူနေရာတစ်ခု ငှားရမ်းနိုင်ရန် လုံလောက်သော ငွေပမာဏရှိနေပြီဖြစ်သည်။

မှန်၏။ သူ့အနေဖြင့် အလွန်အမင်း ဈေးကြီးသောနေရာများကို ငှားရမ်းနိုင်ခြင်း မရှိသေးပေ။ ဝမ်ကျင်းက သူ့အတွက်ဝယ်ပေးခဲ့သည့် အိမ်တည်ရှိရာရပ်ကွက်အတွင်းရှိ ငှားရမ်းခများကို ကြည့်ရှုသောအခါ စတုရန်းမီတာ ၃၀ ကျော်သာရှိသော အခန်းကျဉ်းလေးတစ်ခုလျှင်ပင် တစ်လငှားရမ်းခ ၅,၀၀၀ ကျော် ကျသင့်သည်ကို တွေ့ရသည်။

အမှန်တကယ်ပင် ထိုနေရာရှိ မြေတစ်လက်မချင်းစီမှာ ရွှေကဲ့သို့ပင် တန်ဖိုးကြီးလှသည်။ ထိုနေရာတွင် ငွေရှာရခြင်းမှာ လူများကို ဓားပြတိုက်ရသည်ထက်ပင် ပို၍ လွယ်ကူပုံရနေတော့သည်။

ပိုင်မူနင် ထိုကဲ့သို့သော နေရာမျိုးကိုမတတ်နိုင်သဖြင့် အကျိုးဆောင်တစ်ခုမှတစ်ဆင့် အကန့်များဖြင့် ခွဲထားသော အခန်းကျဉ်းလေးတစ်ခု(partitioned room)ကိုသာ ငှားရမ်းလိုက်လေသည်။

၁၀ စတုရန်းမီတာသာရှိသော ထိုအခန်းလေးအတွက် တစ်လလျှင် ယွမ် ၁,၀၀၀ ကျသင့်ပြီး သုံးလစာကို စရန်ငွေအဖြစ် ကြိုတင်ပေးချေရသည်။

အခန်းက ကျဉ်းသော်လည်း တည်နေရာကမူ ကောင်းမွန်လှသည်။ မြေအောက်ရထားဘူတာ အဝင်ဝသို့ ငါးမိနစ်ခန့် လမ်းလျှောက်ရုံမျှဖြင့် ရောက်ရှိနိုင်သဖြင့် မည်သည့်နေရာသို့မဆို သွားလာရန် အလွန်အဆင်ပြေပေသည်။

အိမ်ပြောင်းပြီးနောက်တွင်မူ ပိုင်မူနင်က ဝမ်ကျင်း၏ ပစ္စည်းများကို ပြန်ပေးရန်အတွက် ဖိုင်အိတ်ကို ကိုင်ဆောင်ကာ စန်းဝမ်ခန်းမသို့ နောက်ဆုံးတွင် ထွက်လာခဲ့တော့သည်။

ပိုင်မူနင် စန်းဝမ်ခန်းမအတွင်းသို့ လျှောက်ဝင်သွားချိန်တွင် ကျွမ်းယွိမြန်မှာ အလုပ်ရှုပ်နေသဖြင့် သူ သူမအား ဘေးဘက်မှ ရပ်စောင့်နေမိသည်။

သူက ဝမ်ကျင်း၏ ဆေးကုသခန်းဆီသို့ မကြာခဏဆိုသလို လှမ်းကြည့်နေမိ၏။

တံခါးမှာ ပိတ်ထားသဖြင့် အတွင်းတွင် ရှိနေသည်ကို မမြင်ရသလို ဝမ်ကျင်း ဆေးခန်းသို့ ရောက်မရောက်ကိုလည်း သူ မသိရပေ။

စန်းဝမ်ခန်းမမှာ အချိန်အတော်ကြာအောင် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ပြန်ဖွင့်လိုက်ချိန်တွင် ဖောက်သည်ဟောင်း အများအပြား ပြန်ရောက်လာကြ၍ အတော်လေးကို အလုပ်ရှုပ်နေ၏။

ကျွမ်းယွိမြန်မှာ ဆယ်မိနစ်ကျော်ကြာအောင် မရပ်မနားအလုပ်လုပ်နေရပြီး ငွေလက်ခံရင်း လက်များပင် ထုံကျဉ်လာသည်။  á€”á€ąá€Źá€€á€şá€†á€Żá€śá€¸áŒ သူမက မော့ကြည့်လိုက်ရာ ပိုင်မူနင်ကို မြင်လိုက်ရပြီး ဝမ်းသာအားရဖြင့် အော်ပြောလိုက်၏။
 “ရှောင်နင်... မင်း နောက်ဆုံးတော့ အလုပ်ပြန်လာပြီပဲ”

“မင်းရဲ့အကူအညီမပါဘဲ ဒီရက်ပိုင်းအတွင်း  á€˜á€šá€şá€œá€ąá€Źá€€á€şá€á€ąá€Źá€„် ပင်ပန်းနေခဲ့ရသလဲဆိုတာ မင်းသိမှာမဟုတ်ဘူး”

“မြန်မြန်လာပါဦး... ကျဲကိုယ်စား ငွေခဏလောက်လက်ခံပေးပါဦး...  á€„á€Ťá€¸á€™á€­á€”á€…á€şá€œá€ąá€Źá€€á€şá€á€ąá€Źá€ˇ နားဖို့လိုတယ်”

သို့တိုင် ပိုင်မူနင်က ငွေကောင်တာထဲသို့ ဝင်သွားမည့်အစား ထိုနေရာမှာပင် ရပ်နေရင်း ပြောလိုက်သည်။
 “မြန်ကျဲ... ကျွန်တော် အလုပ်ထွက်တော့မလို့” 

ယမန်နေ့က သူချန်ဟောက်နန်ကို အလုပ်ထွက်မည့်အကြောင်း ပြောပြခဲ့ပြီးဖြစ်သလို ချန်ဟောက်နန်ကလည်း သူ၏ဆုံးဖြတ်ချက်ကို လေးစားပေးမည်ဟုသာ ပြောခဲ့သည်။

ပိုင်မူနင် အရာအားလုံးကို သေသေချာချာ စဉ်းစားခဲ့ပြီးဖြစ်သည်။ သူ့အနေဖြင့် သူတို့၏ စောင့်ရှောက်မှုကို ဆက်လက်မခံယူသင့်တော့ပေ။ သူ့ကိုယ်သူ အားကိုးရန် လိုအပ်သည်။

ထို့ကြောင့် ယနေ့မှာ သူစန်းဝမ်ခန်းမသို့  á€”္ဏက်ဆုလးဥကဟိမ် လာရောက်ခြင်းပင်။ အကယ်၍ သူသာ ပတ်သက်မှုအားလုံးကို ဖြတ်တောက်မည်ဆိုပါက ဝမ်ကျင်းကဲ့သို့ပင် ပြတ်ပြတ်သားသားနှင့် စင်ကြယ်စွာ ဖြတ်တောက်ရန် လိုအပ်သည်။

“ရှောင်နင်... မင်း ဘာလို့ အလုပ်ထွက်ချင်ရတာလဲ... တိုင်းရင်းဆေးပညာကို ဆက်မသင်တော့ဘူးလား... မင်းက ဒါနဲ့ အတော်လေး လိုက်ဖက်တယ်လို့ ငါ ထင်ထားတာ”

သူ ဆက်သင်ယူဦးမည်။ သို့သော်လည်း စန်းဝမ်ခန်းမတွင်တော့ မဟုတ်ပေ။

ပိုင်မူနင်တွင် သူ၏အနာဂတ်အတွက် ကိုယ်ပိုင်အစီအစဉ်များ ရှိပြီးဖြစ်သည်။ ဦးစွာ ငွေရှာပြီး သင်တန်းကြေးအတွက် စုဆောင်းရပေမည်။ ထို့နောက်မှသာ သူ၏ ပညာသင်ယူမှုကို ဆက်လက် လုပ်ဆောင်ရမည်ဖြစ်၏။

သူက ဖျော့တော့စွာ ပြုံးလိုက်ရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။
“ဒေါက်တာဝမ် ရှိလားဟင်”

ကျွမ်းယွိမြန် အဖြေပေးတော့မည့်အချိန်မှာပင် ဘေးရှိလူနာတစ်ဦးက သူမအား လှမ်းခေါ်လိုက်သည်။

“ဆရာမ... ဒေါက်တာဝမ်က ဘာလို့ လူနာမကြည့်တာလဲ... ကျွန်တော်တို့ တော်တော်များများက သူ့နာမည်ကိုယုံကြည်ပြီး လာခဲ့ကြတာ...”

ထိုအခါမှသာ အခြားဆရာဝန်များအတွက် ရက်ချိန်းနံပါတ်များ ရှိနေသော်လည်း ဝမ်ကျင်း၏ အမည်အောက်တွင်မူ ရက်ချိန်းနံပါတ်များမရှိသည်ကို ပိုင်မူနင် သတိထားမိတော့သည်။

ကျွမ်းယွိမြန်က ဆိုသည်။
“ဒေါက်တာဝမ် လက်ထိခိုက်ထားလို့ပါ... သူ ခဏလောက် နားနားနေနေနေဖို့ လိုအပ်တယ်... ဆေးကုသမှုနဲ့ ပတ်သက်ရင်တော့ သူ ဧပြီ ဒါမှမဟုတ် မေလလောက်မှပဲ ပြန်ကြည့်ဖြစ်မယ် ထင်တယ်” 

ထိုသူထွက်သွားပြီးနောက် ပိုင်မူနင်က စိုးရိမ်တကြီးဖြင့်မေးလိုက်၏။
 “ဒေါက်တာဝမ်ရဲ့ လက်က ဘာဖြစ်တာလဲဟင်” 

သူ ဝမ်ကျင်း၏လက်ကို ယခင်ကသတိပြုမိခဲ့သော်လည်း ဆေးကုသမှု ရပ်နားထားရသည်အထိ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကျွမ်းယွိမြန်က ဆိုသည်။
“အသေးစိတ်တော့ ကျဲလည်း မသိဘူး... အားလပ်ရက်အတွင်းမှာ တစ်ခုခု ထိခိုက်မိတာ ထင်တာပဲ”

“ဒေါက်တာဝမ် သူ့လက်ကို ဂရုမစိုက်တာ မြင်ဖူးတာ ဒါပထမဆုံးပဲ... အဲဒီ့ ဖြူစင်ပြီးသွယ်လျနေတတ်တဲ့လက်တွေက ဘာဖြစ်ခဲ့လို့လဲမသိဘူး... အခုတော့ သစ်ခေါက်ခြောက်တွေလို ဖြစ်နေပြီ”

“ဟောက်နန်ကောဆီက တိုးတိုးတိတ်တိတ် ကြားလိုက်တာကတော့ ဒေါက်တာဝမ်ရဲ့ လက်က အကောင်းတိုင်း ပြန်မဖြစ်လာဘူးဆိုရင် သူ ဒီအလုပ်ကို ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူးတဲ့...”

“မင်းသိတဲ့အတိုင်း တိုင်းရင်းဆေးဆရာဝန်တစ်ယောက်အတွက် လက်တွေက အရေးကြီးဆုံးပဲလေ... သွေးခုန်နှုန်းစမ်းတာ အပ်စိုက်တာ အားလုံးက လက်တွေပေါ်မှာပဲ မူတည်နေတာ... တကယ်ကို နှမြောဖို့ကောင်းလိုက်တာ....”

ပိုင်မူနင်မှာ ထိုစကားကို ကြားလိုက်ရချိန်တွင် ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားကာ ဝမ်ကျင်းကို အသည်းအသန် တွေ့ချင်လာတော့သည်။ 
“ဒေါက်တာဝမ် ဘယ်မှာလဲဟင်”

“သူ့ရဲ့ ဆေးကုသခန်းထဲမှာလေ...ဆေးဖက်ဝင်အပင်တွေရောက်လာတာ ပြဿနာနည်းနည်းရှိလို့ သူအခု အဲဒါကို ရှင်းနေတာ....”

ပိုင်မူနင် ဝမ်ကျင်း၏ ဆေးကုသခန်းဆီသို့ အပြေးသွားလိုက်သည်။ သို့သော်လည်း စုဆောင်းထားသမျှ သတ္တိများမှာ တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်ချိန်တွင် လေလျှော့လိုက်သည့် ပူဖောင်းကဲ့သို့ ပျောက်ဆုံးသွားကာ အထဲသို့ မဝင်ရဲတော့ပေ။

ဝမ်ကျင်းက ငါ့ကို မတွေ့ချင်ရင်ရော...

ဝမ်ကျင်းက ငါ့ကို သေလောက်အောင် မုန်းနေရင်ရော...

သူ တံခါးဝတွင် တွန့်ဆုတ်နေစဉ်မှာပင် ဆေးကုသခန်းတံခါးမှာ အတွင်းမှ ပွင့်လာခဲ့သည်။ ရုတ်တရက် ဝမ်ကျင်းနှင့် မျက်နှာချင်းဆိုင် ဆုံလိုက်ရသဖြင့် သူ၏နှလုံးသားမှာ ထိတ်လန့်တုန်လှုပ်သွားရသည်။

ဝမ်ကျင်းကား မီးခိုးရောင် အပေါ်အင်္ကျီအရှည်ကို ဝတ်ဆင်ထားပြီး အတွင်းတွင်လည်သာအင်္ကျီအဖြူကို ခံလျက်ဝတ်ထားသည်။ သူက လက်ထဲတွင် ဖုန်းကိုကိုင်ထားကာ တစ်စုံတစ်ယောက်နှင့် စကားပြောနေဆဲပင်။

“ဆေးဖက်ဝင်အပင်တွေနဲ့ ပတ်သက်ရင် ဆင်ခြေပေးနေဖို့ မလိုဘူး... အရည်အသွေးဆိုတာ အရေးကြီးတဲ့ကိစ္စပဲ... ပစ္စည်းအတုနဲ့ လဲတာမျိုးက အောက်တန်းကျလွန်းတယ်... မင်းကို သုံးရက်အချိန်ပေးမယ်.... အဆင်မပြေဘူးဆိုရင်တော့ ဒီလုပ်ငန်းထဲမှာ ဆက်ရှိနေဖို့ မစဉ်းစားနဲ့တော့...”

“ငါက ဘယ်တော့မှ မနောက်တတ်ဘူး... ပြောတဲ့အတိုင်း လုပ်မှာ”

ဖုန်းချပြီးနောက် ဝမ်ကျင်းက ပိုင်မူနင်ကိုမြင်သွားသော်လည်း သူ၏မျက်နှာတွင် အံ့ဩသည့်အရိပ်အယောင်ပြမလာပေ။ သူ့ကို မမှတ်မိတော့သည့်အလား၊ ထိုသူက ယဉ်ကျေးစွာ ပြုံးပြလာပြီး ခေါင်းညိတ်ကာ ဘေးမှကျော်ဖြတ်သွားခဲ့သည်။ သူ၏ လှုပ်ရှားမှုများမှာ ချောမွေ့ပြီး မည်သည့် တွန့်ဆုတ်မှုမျိုးမှ မရှိပေ။

ပိုင်မူနင်မှာ ထိုနေရာ၌ပင် ကျောက်ရုပ်ကဲ့သို့ အေးခဲသွားပြီး တုံ့ပြန်ရန်ပင် မေ့လျော့နေခဲ့သည်။

သူ ဖြစ်နိုင်ခြေများစွာကို တွေးတောခဲ့ဖူးသည်။ ဝမ်ကျင်းက သူ့ကို မုန်းတီးနေမည်။ နာကြည်းနေမည် သို့မဟုတ် လျစ်လျူရှုမည်ဟူပင်။ သို့သော် ဝမ်ကျင်းက အရာအားလုံးကို လက်လွှတ်လိုက်ပြီး သူ့ကို သူစိမ်းတစ်ယောက်ကဲ့သို့ လုံးဝဆက်ဆံလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဝမ်ကျင်း၏ အေးစက်စက် အပြုအမူတိုင်းမှာ သူ့ကို ဓားနှင့်မွှန်းနေသကဲ့သို့ နာကျင်မှုမှာ မခံမရပ်နိုင်လောက်အောင်ပင်။

သူ ဝမ်ကျင်း၏ အာရုံစိုက်မှုကို လိုချင်မိသည်။ ဝမ်ကျင်းက သူ့ကို ဂရုစိုက်ပေးစေချင်သည်။

ဝမ်ကျင်းက ငွေကောင်တာသို့ လျှောက်သွားပြီး ကျွမ်းယွိမြန်ကို ပြောလိုက်သည် ။
“ဆေးဖက်ဝင်အပင်တွေကို သေချာစောင့်ကြည့်ထားပါ... သုံးရက်အတွင်း ပစ္စည်းတွေ မရောက်လာဘူးဆိုရင် ချန်ဟောက်နန်ကို တိုက်ရိုက်ပြောလိုက် ... အဲဒီလူတွေကို ဒီလောကထဲက ပျောက်ကွယ်သွားအောင် လုပ်လိုက်လို့...”

ထိုသို့ပြောပြီးနောက် ဝမ်ကျင်းက အပြင်သို့ ထွက်သွားခဲ့သည်။ ပိုင်မူနင်သည်လည်း သတိပြန်ဝင်လာပြီး သူ၏နောက်သို့ အလျင်အမြန် လိုက်သွားတော့သည်။
“ဒေါက်တာဝမ်...”

သူ စန်းဝမ်ခန်းမ၏ အဝင်ဝအထိ လိုက်သွားခဲ့ရာ ဝမ်ကျင်းက လှေကားခြေရင်းတွင် ရပ်နေသည်။ 

“ဘာကိစ္စရှိလို့လဲ...”
ဝမ်ကျင်း၏ မျက်နှာတွင် သူတို့ ပထမဆုံးဆုံခဲ့စဉ်ကကဲ့သို့ နူးညံ့သောအပြုံးတစ်ခု ရှိနေသည်။

“အမ်း...” 
ပိုင်မူနင် ခေါင်းညိတ်လိုက်ပြီး လှေကားများပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။
“ဒေါက်တာ့ရဲ့ ပစ္စည်းတွေကို ပြန်ပေးဖို့ လာတာပါ... ဒါတွေက အရမ်းတန်ဖိုးကြီးလွန်းလို့ ကျွန်တော် လက်မခံနိုင်ပါဘူး...”

“ကျေးဇူးတင်ပါတယ်...”

ဝမ်ကျင်းက ရင်းနှီးနေသော ဖိုင်အိတ်ကို တစ်ချက်မျှ ဝတ်ကျေတမ်းကျေ ကြည့်လိုက်သည်။ အထဲမှာ ရှိနေသည်တို့ကို သူ ဖွင့်ကြည့်စရာပင် မလိုဘဲ သိနေသည်။ သူက ဂရုမစိုက်ဟန်ဖြင့် ဆိုသည်။
“မင်း မလိုချင်ရင်လည်း လွှင့်ပစ်လိုက်ပေါ့”

ပိုင်မူနင် စန်းဝမ်ခန်းမ၏အဝင်ဝတွင် ရပ်နေရင်း ဝမ်ကျင်း၏ကားလေး အဝေးသို့ မောင်းထွက်သွားသည်ကို ရင်ထဲတွင် ခါးသီးလှသော ခံစားချက်ဖြင့် ငေးကြည့်နေမိတော့သည်။

ဝမ်ကျင်းကို ပစ္စည်းများ ပြန်ပေး၍မရတော့သဖြင့် ပိုင်မူနင် ချန်ဟောက်နန်ကို သွားရောက်ရှာဖွေကာ သူ၏ ရည်ရွယ်ချက်ကို ရှင်းပြရတော့သည်။ ချန်ဟောက်နန်ကဆိုသည်။ 

“လောင်ဝမ်အတွက် ပိုက်ဆံစုပေးဖို့ မလိုပါဘူး... သူ့မှာ သုံးမကုန်အောင် ရှိပါတယ်” 

“သူပေးတယ်ဆိုရင်လည်း ယူထားလိုက်ပါ... အားနာမနေပါနဲ့”

“လောင်ဝမ်က ပုံမှန်ဆိုရင် တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပေမဲ့ အထင်မသေးနဲ့နော်... အဲဒီကောင်က ပိုက်ဆံဘယ်လိုရှာရမလဲဆိုတာ ကောင်းကောင်းသိတယ်... ကိုယ်က စန်းဝမ်ခန်းမရဲ့ နာမည်ခံ သူဌေးဖြစ်နေပေမဲ့ လောင်ဝမ်ကမှ တကယ့်ကွယ်ရာက ပိုင်ရှင်အစစ်... ရွှီနွမ်ရဲ့ နာမည်နဲ့ ရှိသမျှ လုပ်ငန်းတွေကလည်း လောင်ဝမ်ရဲ့ ပိုင်ဆိုင်မှုတွေချည်းပဲ..”

“မင်းရဲ့ကောစကားကို နားထောင်ပြီး ယဉ်ကျေးမနေနဲ့တော့... ဒါကို သိမ်းထားလိုက်ပါ”

သို့သော် ပိုင်မူနင်ကမူ သူ၏ဆုံးဖြတ်ချက်အတိုင်းသာ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ပစ္စည်းများကို ချထားပေးလိုက်သည် ။
“ဟောက်နန်ကော... ဒါတွေကို ဒေါက်တာဝမ်ဆီ ပြန်ပေးဖို့ ကူညီပေးပါဦး.... အထဲမှာ တရားဝင် လွှဲပြောင်းစာချုပ် ပါပါတယ်... အဲဒါကိုသုံးပြီး အိမ်ကို အချိန်မရွေး ပြန်လွှဲယူလို့ရပါတယ်”

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပိုင်မူနင်မှာ အားလပ်နေခဲ့ခြင်းမဟုတ်ဘဲ အင်တာနက်ပေါ်တွင် အချက်အလက်အချို့ကို ရှာဖွေခဲ့ခြင်းဖြစ်သည်။

အိမ်ခြံမြေ လွှဲပြောင်းမှုကို တရားဝင် နိုတြီစာချုပ်ရှိလျှင် ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း သူသိခဲ့ရသည်။

သူ၏အခန်းသည်လည်း အကြွေးကင်းရှင်းပြီးဖြစ်ရာ သူကိုယ်တိုင် သွားစရာ မလိုတော့ပေ။ ဝမ်ကျင်းအနေဖြင့် ထိုစာချုပ်ရှိနေလျှင် အချိန်မရွေး ပိုင်ဆိုင်မှုကို ပြန်လည်လွှဲပြောင်းနိုင်မည်ဖြစ်သည်။

အရာအားလုံးကို ရှင်းပြပြီးနောက် ပိုင်မူနင် လှည့်ထွက်လာခဲ့သည်။ သူက ကြည်လင်နေသော ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်ပြီး အရာအားလုံး ပြီးဆုံးသွားပြီဟု ခံစားလိုက်ရသည်။

ပိုင်မူနင် တစ်နေ့ခင်းလုံး အလုပ်အင်တာဗျူးများ ဖြေဆိုခဲ့ပြီး ညနေခုနစ်နာရီမှသာ သူငှားထားသော အခန်းကျဉ်းလေးသို့ ပြန်ရောက်လာခဲ့သည်။

သူက ဗိုက်ဖြည့်ရန် ခေါက်ဆွဲခြောက်တစ်ထုပ်ကို ချက်ပြုတ်လိုက်သည်။ ယခင်ကဆိုလျှင် ခေါက်ဆွဲခြောက်ကို အကောင်းဆုံး အစားအစာဟု သူထင်ခဲ့ဖူးသည်။ ယခုမူ ဖယောင်းတုံးကို ဝါးနေရသကဲ့သို့ မည်သည့် အရသာမျှ မရှိတော့ပေ။

ဝမ်ကျင်းက သူ့ကိုအလိုလိုက်ထားခဲ့သဖြင့် ယခုအခါ ခေါက်ဆွဲခြောက်မှာ အရသာမရှိရုံသာမက ကျန်းမာရေးနှင့်မညီညွတ်ဟုပင် သူခံစားနေရသည်။

သူငှားထားသော အခန်းမှာ တိုက်ခန်းအဟောင်းကြီးတစ်ခုကို အကန့်များခွဲထားခြင်းဖြစ်သည်။ သူ၏အခန်းမှာ မူလက မီးဖိုချောင်ဖြစ်သော်လည်း ယခုအခါ အိပ်ခန်းအဖြစ် ပြောင်းလဲထားခြင်းဖြစ်သည်။ စတုရန်းမီတာ ရှစ်ဆယ်ရှိသော အခန်းကို အခန်းငါးခန်းအဖြစ် အတင်းအကျပ် ခွဲထုတ်ထားခြင်းပင်။

မိသားစုငါးစုမှ လူကိုးယောက်ခန့် အတူနေထိုင်ရသဖြင့် အလွန်ပင်ကြပ်ညပ်နေတော့သည်။

ပိုင်မူနင်ကမူ အပြင်သို့ သိပ်မထွက်သဖြင့် သည်းခံနိုင်သော်လည်း အိပ်စက်ချိန်တွင်မူ အလွန်ပင် စိတ်မသက်မသာ ဖြစ်ရသည်။

ဘေးခန်းမှ ဟောက်သံများနှင့် တစ်စုံတစ်ယောက် TikTok ကြည့်နေသည့် အသံများကို အတိုင်းသား ကြားနေရသည်။

ပိုင်မူနင်မှာ ညရှစ်နာရီကတည်းက အိပ်ရာဝင်ခဲ့သော်လည်း ညတစ်ဆယ့်တစ်နာရီခွဲအထိ အိပ်မပျော်နိုင်ခဲ့ပေ။

သူ အမှန်တကယ်ပင် ပင်ပန်းနေသော်လည်း ဆူညံလွန်းသဖြင့် အိပ်၍မရခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူအိပ်ရာမှထကာ အပြင်သို့ ထွက်လာခဲ့သည်။

လမ်းမပေါ်တွင် ရည်ရွယ်ချက်မရှိဘဲ ခဏမျှ လမ်းလျှောက်နေမိသည်။ ညတစ်ဆယ့်တစ်နာရီ ကျော်နေပြီဖြစ်သော်လည်း လမ်းမပေါ်တွင် လူများဖြင့် စည်ကားနေဆဲပင်။

လူတိုင်းမှာ အလုပ်ဆင်းလာကြသူများကဲ့သို့ပင် အိမ်သို့ အလျင်အမြန် ပြန်နေကြသည်။ လမ်းဘေးဈေးသည်များမှာလည်း အလွန်အလုပ်ရှုပ်နေကြသည်။

ပိုင်မူနင် သူ၏အပေါ်အင်္ကျီကို တင်းတင်းကျပ်ကျပ်စည်းလိုက်ပြီး ထိုစည်ကားမှုများနှင့် ဆန့်ကျင်ဘက်အရပ်သို့ လျှောက်သွားလိုက်သည်။

ယနေ့ ဝမ်ကျင်း သူ့ကို လျစ်လျူရှုခဲ့ပုံကို တွေးမိတိုင်း ရင်ထဲတွင် မွန်းကျပ်လေးလံလာသည်။ သူက ၂၄ နာရီဖွင့်သော ကုန်စုံဆိုင်တစ်ခုအတွင်းသို့ဝင်ကာ အရက်အနည်းငယ်ဝယ်ပြီး ကောင်တာတွင်ထိုင်ကာ သူ၏ခံစားချက်များကို အရက်နှင့် ဖြေဖျောက်နေမိတော့သည်။
သူ နောင်တရမိသည်။ ဝမ်ကျင်းကို လိမ်ခဲ့မိသည်ကို နောင်တရသည်။ လမ်းခွဲရန် အတင်းအကျပ်ပြောခဲ့သည်ကို နောင်တရသည်။ သူတို့ကြားတွင် စည်းတားခဲ့မိသည်ကို နောင်တရသည်။

သူ အေးအေးဆေးဆေးဖြင့် လွတ်လပ်စွာထွက်ခွာသွားနိုင်မည်ဟု ထင်ခဲ့သော်လည်း အမှန်တရားမှာ ထိုသို့မဟုတ်ပေ။ သူ လုံးဝစိတ်မအေးနိုင်ချေ။ တကယ်တမ်းတွင် သူ့ခမျာ အလွန်ပင် စိတ်ဆင်းရဲနေရသည်။

အထူးသဖြင့် ဝမ်ကျင်းကို နောက်တစ်ခါ ထပ်မတွေ့ရတော့မည့်အကြောင်း တွေးမိသည့်အခါတိုင်း သူ၏နှလုံးသားမှာ ဓားနှင့် ထိုးဆွခံနေရသကဲ့သို့ သေချင်စိတ်ပေါက်အောင် ခံစားရသည်။

လီအန်းချီ ပြောခဲ့သည့် စကားကို သူ သတိရမိသည် ။
 "မင်း သူ့ကို ချစ်ရင် သူ့ကို ပြန်ရအောင် ကြိုးစား"

မှန်သည်။ ပြန်ရအောင် ကြိုးစားရမည်။
ဦးတည်ချက်ပျောက်နေသော ယင်ကောင်လေးတစ်ကောင် ရုတ်တရက် လမ်းစတွေ့သွားသည့်အလား ပိုင်မူနင်သည် မူးယစ်တုန်ယင်နေသော လက်များဖြင့် ဖုန်းကိုထုတ်ကာ ဝမ်ကျင်း၏ ဖုန်းနံပါတ်ကို ပြန်လည်မှတ်မိရန် ကြိုးစားလိုက်သည်။

သူ ဝမ်ကျင်းကို ဖုန်းဆက်ချင်သော်လည်း သူ၏ဦးနှောက်ထဲတွင် ဂဏန်းများမှာ ဝေဝါးပျက်စီးနေတော့သည်။

အကယ်၍သာ သူ ဖုန်းနံပါတ်ကို မဖျက်ခဲ့မိလျှင်...

ယခုမူ နောင်တရနေလည်း အပိုပင်။ နောင်တအတွက် ဆေးမရှိတော့ပေ။

သူ နံပါတ်တစ်ခုကို မှန်းဆ၍ ခေါ်ဆိုလိုက်သည်။ ဖုန်းမှာ အကြာကြီး မြည်နေပြီးမှ တစ်စုံတစ်ယောက်က ကိုင်လိုက်သည်။

“ကျင်းကော... ကျွန်တော် မူးနေပြီ... ကျွန်တော့်ကို လာခေါ်ပေးလို့ ရမလားဟင်...”

တစ်ဖက်မှ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဒေါသတကြီး ဆဲဆိုသံ ထွက်ပေါ်လာသည် ။
“မင်း ရူးနေတာလား... ညသန်းခေါင်ကြီး လူကို အိပ်ရာက လာနှိုးနေတာ... လစ်စမ်း....”

လုံးဝမရင်းနှီးသော အသံကြောင့် သူ အနည်းငယ် အသိဝင်လာခဲ့သည်။ သောက်ကျိုးနည်း သူ နံပါတ် မှားခေါ်လိုက်ခြင်းပင်။

ပိုင်မူနင်မှာ သူ၏ အသုံးမကျသော ဦးခေါင်းကို လက်သီးဖြင့် ထိုးလိုက်မိသည်။
ဝမ်ကျင်းရဲ့ ဖုန်းနံပါတ်ကိုတောင် မမှတ်မိရလောက်အောင် ငါ ဘယ်လောက်အထိ အူကြောင်ကြောင် ဖြစ်နေရတာလဲ… ငါ အခု ဘယ်လို ဆက်သွယ်ရမလဲ…

သူ စိတ်ဓာတ်ကျစွာဖြင့် အိမ်သို့ ပြန်ရန် ပြင်လိုက်သော်လည်း သူ၏ကံဆိုးမှုများမှာ ကုန်ဆုံးမသွားသေးပေ။ သူ လမ်းပျောက်သွားပြီး အိမ်ပြန်လမ်းကို ရှာမတွေ့တော့ပေ။

သူ့အနေဖြင့် ဤလမ်းဖြစ်ကြောင်း သေချာသော်လည်း မည်သို့ပင် ရှာဖွေစေကာမူ သူနေထိုင်သော အဆောက်အဦးကို ရှာမတွေ့ခဲ့ပေ။

နာရီဝက်ခန့် ပတ်ချာလည်လျှောက်သွားပြီးနောက် ပိုင်မူနင်သည် လက်လျှော့လိုက်ကာ လှေကားထစ်တစ်ခုတွင် ထိုင်၍ မိုးလင်းရန် စောင့်နေမိတော့သည်။

သူ၏ ဒူးကို ပွေ့ဖက်ကာ ခေါင်းကို လက်မောင်းများကြားတွင် မြှုပ်ထားလိုက်သည်။ အရက်ရှိန်ကြောင့် သူ၏နှလုံးသားမှာတုန်ယင်နေပြီး ခေါင်းမှာလည်း ကိုက်ခဲလာသည်။

အချိန်မည်မျှ ကုန်လွန်သွားသည်ကို သူ မသိတော့ပေ။ သူ အိပ်ပျော်သွားသည်ဟု ထင်နေမိသလို အိမ်မက်မက်နေသည်ဟုလည်း ထင်မိသည်။ မဟုတ်လျှင် ဝမ်ကျင်း၏ အသံကို သူ ကြားယောင်နေမည်မဟုတ်ပေ။

“ပိုင်မူနင်... ညသန်းခေါင်ကြီး အိမ်မှာ မအိပ်ဘဲ ဒီမှာ ဘာတွေ လျှောက်လုပ်နေတာလဲ...”

ပိုင်မူနင် ဇဝေဇဝါဖြင့် ခေါင်းမော့ကြည့်လိုက်ရာ သူ၏ရှေ့တွင် ဒေါသတကြီး ရပ်နေသော ဝမ်ကျင်းကို တကယ်ပင် မြင်လိုက်ရသည်။ ဝမ်ကျင်းမှာ ယခင်ကအတိုင်း မီးခိုးရောင် အင်္ကျီအရှည်ကို ဝတ်ထားဆဲဖြစ်သော်လည်း အတွင်းတွင် လည်သာအင်္ကျီအစား ပိုးသားညအိပ်အင်္ကျီကို ဝတ်ဆင်ထားသည်။

ထိုသို့ မလိုက်ဖက်သော ဝတ်စုံကို ကြည့်ရသည်မှာ ထိုသူတစ်ယောက် အိမ်မှ အလျင်အမြန် ပြေးထွက်လာခဲ့ပုံရသည်။

ပိုင်မူနင် အရက်ရှိန်ကြောင့် မြင်ယောင်နေခြင်းဟု ထင်မှတ်ကာ လှေကားပေါ်မှ ဆင်းပြီး ဝမ်ကျင်းကို ပြေးဖက်လိုက်တော့သည်။ 
“ကျင်းကော... ကျွန်တော် နောင်တရနေပြီ... ကျွန်တော် ခင်ဗျားနဲ့ လမ်းမခွဲချင်တော့ဘူး...”

“ခင်ဗျား ကျွန်တော့်ကိုလျစ်လျူရှုတာက သိပ်နာကျင်ရလို့  á€™á€á€śá€…á€Źá€¸á€”á€­á€Żá€„á€şá€á€ąá€Źá€ˇá€˜á€°á€¸...ကျွန်တော် သေတော့မယ်ထင်တယ်”

“ကျင်းကော... ကျွန်တော်တို့ ပြန်အဆင်ပြေကြရအောင်နော်”


💊💊💊💊 Chapter 67
ကျင်းကော... ကျွန်တော် ခင်ဗျားကို ပြန်ရအောင် လိုက်ချင်တယ်


ပိုင်မူနင်မှာ အလွန်အမင်း မူးယစ်နေလေသည်။ သူ့အနေဖြင့် အိပ်မက်မက်နေသည်ဟု ထင်မှတ်ထားသော်လည်း သူပွေ့ဖက်ထားသော ထိုသူထံမှ နွေးထွေးမှု နှလုံးခုန်သံနှင့် အသက်ရှူသံတို့ကို ခံစားနေရသည်။

သူကိုယ်တိုင်ပင် ဇဝေဇဝါဖြစ်နေပြီး ဝမ်ကျင်း၏ ပုခုံးကို မှီတွယ်ထားရင်း လက်တွေ့မဆန်သော ခံစားချက်များက လွှမ်းမိုးနေတော့သည်။ သူ၏ ရင်ထဲတွင်မူ သူပွေ့ဖက်ထားသော ထိုသူမှာ အမှန်တကယ် တည်ရှိနေခြင်း ဟုတ်မဟုတ်ကို သိရှိရန် အသည်းအသန် ဖြစ်နေမိသည်။

ပိုင်မူနင်၏ လက်များက ဝမ်ကျင်း၏ ကျောပြင်တစ်လျှောက် အထက်မှအောက်သို့ ဖြည်းဖြည်းချင်း လျောဆင်းသွားသည်။ သူ၏လက်များက တင်ပါးဆီသို့ ရောက်ခါနီးမှာပင် ဖမ်းဆီးခြင်း ခံလိုက်ရသည်။

သူ၏လက်များကို ဆုပ်ကိုင်ခံလိုက်ရပြီးနောက် ခေါင်းပေါ်သို့ မြှောက်တင်ခြင်း ခံလိုက်ရကာ သူ၏ခန္ဓာကိုယ်မှာလည်း ထိုနွေးထွေးမှုရှိရာမှ ခွာထုတ်ခြင်း ခံလိုက်ရတော့သည်။

ချက်ချင်းဆိုသလိုပင် သူ၏လုံခြုံမှုရှိသော ခံစားချက်များ ပျောက်ကွယ်သွားပြီး ထိုနေရာတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများက အစားထိုး ဝင်ရောက်လာခဲ့သည်။

ထိုအခါမှသာ ပိုင်မူနင်တစ်ယောက် ဤအရာမှာ အိပ်မက်မဟုတ်ဘဲ လက်တွေ့ဖြစ်နေကြောင်း သတိပြုမိတော့သည်။

သူက ဝမ်ကျင်းနှင့် တကယ်ပင် ဆုံတွေ့နေခြင်းဖြစ်သည်။

ဝမ်ကျင်းက သူ၏လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး အမွေးနုတ်ခံရတော့မည့် ကြက်ကလေးတစ်ကောင်ကို စစ်ဆေးနေသကဲ့သို့ သူ့ကိုကြည့်ကာ မေးလိုက်သည်။

“ဘာလို့ ဒီလောက်တောင် သောက်ထားရတာလဲ”

“ဘယ်သူနဲ့ သောက်တာလဲ”

သူ၏လေသံမှာ စည်းကမ်းမရှိသော ကလေးတစ်ဦးကို စစ်ဆေးမေးမြန်းနေသည့် မိဘတစ်ဦးကဲ့သို့ တင်းမာခက်ထန်နေသည်။

ပိုင်မူနင် အရက်ရှိန်ဖြင့် ကြို့ထိုးလိုက်ပြီး ပြောလိုက်သည်။ 
“ကျွန်တော် တစ်ယောက်တည်း သောက်တာပါ... လမ်းခွဲပြီးတဲ့နောက်မှာ ဝမ်းနည်းနေလို့ နည်းနည်းလောက် သောက်မိသွားတာ...”

သူ၏လက်မောင်းများမှာ ခေါင်းပေါ်တွင် မြှောက်ထားခံရဆဲပင်။ ဆုပ်ကိုင်ထားခြင်း ခံရသော်လည်း ညောင်းညာနေသဖြင့် သူ့အနေဖြင့် လက်များကို ပြန်ချချင်နေမိသည်။
“ကျင်းကော... ကျွန်တော့်လက်တွေ နာနေပြီ... လွှတ်ပေးလို့ ရမလားဟင်...”

ဝမ်ကျင်းမှာ တောင်းဆိုသည့်အတိုင်း လွှတ်ပေးလိုက်သော်လည်း နောက်တစ်စက္ကန့်မှာပင် ပိုင်မူနင်သည် အခွင့်အရေးကို အရယူကာ သူ့ကို ထပ်မံပွေ့ဖက်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူက အလွတ်မပေးတော့ရန် ဆုံးဖြတ်ထားပုံရသည်။

သူက ဝမ်ကျင်း၏ လက်မောင်းကို အင်အားကုန်သုံး၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

ထို့နောက် သူက အရှက်မဲ့စွာပင် ကလေးဆန်ဆန် ပြုမူတော့သည်။ 

“ကျွန်တော် နောင်တရနေပြီ... ကျွန်တော် အရင်ကပြောခဲ့တဲ့ စကားတွေကို ပြန်ရုပ်သိမ်းချင်တယ်...”

“ကျွန်တော် ခင်ဗျားနဲ့ လမ်းမခွဲချင်တော့ဘူး”

ပိုင်မူနင်မှာ အမြဲလိုလို သူ့အမှားကို ဝန်ခံရဲပြီး ပြင်ဆင်လိုစိတ်ရှိသူတစ်ဦး ဖြစ်ခဲ့သည်။ ယခုအချိန်တွင် သူ၏တစ်ခုတည်းသော အတွေးမှာ ဝမ်ကျင်းကိုထားမသွားချင်တော့ခြင်းပင်။ ဝမ်ကျင်းကို မမြင်ရသည့်အခါတိုင်း  á€Ąá€œá€˝á€”်ဥမင်း စိတ်ဆင်းရဲနေရသည်။

၎င်းမှာ သူတစ်ခါမျှ မခံစားဖူးသော ခံစားချက်မျိုးဖြစ်ပြီး သူ၏နှလုံးသားတွင် ဟာလာဟင်းလင်းဖြစ်နေသော အပေါက်ကြီးတစ်ခုကို ဝမ်ကျင်းက လာရောက်ဖြည့်ဆည်းပေးရန် စောင့်ဆိုင်းနေသကဲ့သို့ပင်။

သူ၏ အင်္ကျီကော်လံနောက်ဘက်မှ ဆွဲငင်ခြင်း ခံလိုက်ရသဖြင့် ပိုင်မူနင် နောက်သို့ ဆုတ်လိုက်ရသည်။ ဝမ်ကျင်း၏ မျက်နှာမှာ မှုန်မှိုင်းနေ၏။ ယနေ့နံနက်က ပြသခဲ့သော နူးညံ့မှုများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီပင်။

“မင်းက ခံစားချက်တွေကို ကစားစရာလို့ ထင်နေတာလား...မင်းလိုရင် တွဲမယ် မင်းမလိုတာနဲ့ လမ်းခွဲမယ် အဲလိုလား...”

“မင်း ကိုယ့်ကို ဘာမှတ်နေတာလဲ”

“ကိုယ့်သက်တမ်း နှစ် ၃၀ ကျော်အတွင်းမှာ ဘယ်သူကမှ ကိုယ့်ကို ဒီလိုမျိုးကစားစရာတစ်ခုလို မစော်ကားဖူးဘူး”

ပိုင်မူနင်လည်း ကိုယ့်ကိုယ်ကိုယ် ရယ်စရာကောင်းနေမှန်း သိသော်လည်း သူ ဘာမှမတတ်နိုင်ပေ။ အခြေအနေများက ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

မူလကမူ သူဝမ်ကျင်းကို ချစ်နေမိကြောင်း သူကိုယ်တိုင် မသိခဲ့ချေ။ သူ အလိုရှိခဲ့သမျှမှာ ဝမ်ကျင်းထံမှ ထွက်သွားရန်ပင်။

သို့တိုင် ယခုမူ သူ ကိုယ့်နှလုံးသားကိုယ် နားလည်သွားပြီဖြစ်သည်။ သူ ဝမ်ကျင်းကို ချစ်သည်။ ဝမ်ကျင်းမရှိဘဲ သူ မနေနိုင်ချေ။ ယင်းက ကျောက်တုံးကို ကိုယ်တိုင်မ,ကာဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်ချမိသလို ဖြစ်နေခြင်းပေ။

ပြောပြီးစကားကို ပြန်ရုပ်သိမ်းခြင်းက တကယ့်ကို ရှက်ဖွယ်လိလိဖြစ်ပြီး ဝမ်ကျင်းဒေါသထွက်နေသည်ကလည်း သဘာဝကျပေသည်။

သို့ရာတွင် မာနတစ်ခုကြောင့် သူ ကျန်ရှိသည့်ဘဝတစ်လျှောက်လုံး နောင်တများဖြင့် မကုန်ဆုံးချင်ချေ။

သဘောကျမိခြင်းက သဘောကျမိခြင်းသာ။ သူ့အနေဖြင့် သူ့နှလုံးသားစေခိုင်းရာနောက်ကိုသာ လိုက်လို၏။

“ကျွန်တော် မှားသွားတယ်ဆိုတာ သိပါတယ်” 
ပိုင်မူနင်က ခေါင်းလေးငုံ့ပြီး အပြစ်ဝန်ခံနေသည့် ကလေးလေးတစ်ယောက်ပမာ လိမ္မာယဉ်ကျေးစွာ ရပ်နေခဲ့သည်။

ဝမ်ကျင်းကမူ ခေါင်းများပင် ကိုက်လာသလို ခံစားရ၍ နားထင်ကို ပွတ်ရင်း အားကိုးရာမဲ့စွာ ပြောလိုက်သည် ။
 “မင်း အမူးပြေမှ ဆက်ပြောကြတာပေါ့... အခုတော့ အိမ်ပြန်ပြီးအိပ်တော့...”

အရက်ရှိန်မပြေသေးသည့် ပိုင်မူနင်က ဝမ်းနည်းပက်လက် လေသံလေးဖြင့် စတင်ပြောဆိုလာသည် ။
“ကျွန်တော် အိမ်ပြန်လမ်းကို ရှာမတွေ့တော့ဘူး”

ငါလည်း အိမ်မှာ ပြန်အိပ်ချင်တာပေါ့... မျက်စိတွေတောင် မဖွင့်နိုင်လောက်အောင် အိပ်ငိုက်နေပြီကို... ဒါပေမဲ့ တကယ်ကို ငါ အိမ်ပြန်လမ်းကို လုံးဝ ရှာမတွေ့တာ...
 
သူ အိမ်ပြောင်းလာသည်မှာ နှစ်ရက်သာ ရှိသေး၍ အိမ်နံပါတ်ကိုလည်း မမှတ်မိသေးသလို လိပ်စာကလည်း စိမ်းသက်နေဆဲပင်။

သူ့မှတ်ဉာဏ်ထဲတွင် ရှင်းရှင်းလင်းလင်း မှတ်မိနေသော တစ်ခုတည်းသောလိပ်စာမှာ ဝမ်ကျင်း၏ အိမ်လိပ်စာဖြစ်ပြီး ထိုနေရာကို သူ သွား၍ မဖြစ်ချေ။

ထို့ကြောင့်ပင် ပိုင်မူနင် လှေကားထစ်ပေါ်တွင် အသာလေးထိုင်ချလိုက်ပြီး ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ ပြောလိုက်သည်။
 "ခင်ဗျား သွားချင်သွားလို့ရပါပြီ... မိုးလင်းသွားရင် ကျွန်တော်အိမ်ပြန်လမ်း ရှာတွေ့သွားမှာပါ"

မျက်စိပင်မဖွင့်နိုင်လောက်အောင် အိပ်ငိုက်နေသဖြင့် ပိုင်မူနင်မှာ ငိုက်မျဥ်းနေမိပြီ ဖြစ်သည်။ သူ၏ရှေ့တွင်ရှိသော ဝမ်ကျင်း၏ ပုံရိပ်မှာ ဝေဝါးလိုက် ပြတ်သားလိုက် ဖြစ်နေပြီး မကြာမီမှာပင် လုံးဝမသဲကွဲတော့ပေ။

သူ၏ခေါင်းမှာ ဘေးသို့ စောင်းကျသွားပြီး လှေကားထစ် ကျောက်သားများနှင့် ဆောင့်မိလုနီးနီးအရှိန်ကြောင့် လန့်နိုးခါနီးမှာပင် လက်တစ်ဖက်က သူ၏ပါးကို အသာအယာ လှမ်းဖမ်းလိုက်သဖြင့် မာကျောသော လှေကားထစ်များနှင့် မဆောင့်မိတော့ပေ။

ဤမြင်ကွင်းမှာ အလွန်ပင် ရင်းနှီးနေခဲ့သည်။ ဝမ်ကျင်းနှင့် ဆေးပညာ စတင်သင်ယူစဉ်က ဝမ်ကျင်း၏ အသံမှာချော့သိပ်သည့် သီချင်းတစ်ပုဒ်ကဲ့သို့ပင် ဖြစ်ပြီး နားထောင်မိတိုင်း ပိုင်မူနင်ကို အိပ်ငိုက်စေခဲ့သည်ကို သူသတိရသွားသည်။

တစ်ခါကလည်း သူ ယခုကဲ့သို့ပင် အိပ်ပျော်သွားခဲ့ဖူးပြီး ဝမ်ကျင်းက ကြွေပြားကြမ်းပြင်နှင့် မဆောင့်မိစေရန် သူ၏ခေါင်းကို လက်ဖြင့် လှမ်းမ,ပေးခဲ့ဖူးသည်။

အတိတ်မှ အမှတ်တရနှင့် လက်တွေ့ဘဝမှာ ထပ်တူကျသွားခဲ့သည်။ ဝမ်ကျင်း၏ လက်ဖဝါးပေါ်သို့ သူ၏မျက်နှာကို မှီအပ်ရင်း ပိုင်မူနင်က တိုးတိုးလေး ရေရွတ်လိုက်သည် ။

"ကျင်းကော... ကျွန်တော့်ကို စိတ်မဆိုးပါနဲ့တော့နော်... ဟုတ်ပြီလား"

"ကျွန်တော် ဘယ်တော့မှ ထပ်ပြီး လမ်းမခွဲချင်တော့ဘူး... အဲဒါက သိပ်ပြီး နာကျင်ရလွန်းလို့ပါ"

“ခင်ဗျားသိလား... ခင်ဗျားကျွန်တော့်ကို ဖျက်ပစ်လိုက်တဲ့အချိန် ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် လုံးဝ မေ့ပစ်လိုက်ကြဖို့ ခင်ဗျားအလိုရှိနေတဲ့အချိန်မှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ပြောခဲ့တယ်... ခင်ဗျားကို ထပ်ပြီးမနှောင့်ယှက်တော့ဘူးလို့ပေါ့... ဒါပေမဲ့ ခင်ဗျားကို ထာဝရမေ့ပစ်ဖို့ကျတော့ ကျွန်တော့်အတွက် သိပ်ကို ခက်ခဲလွန်းတယ်... ကျွန်တော် မလုပ်နိုင်ဘူး”

ဝမ်ကျင်းက သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဖျက်ပစ်လိုက်တယ်ဆိုတာ ဘာကို ပြောတာလဲ...”

ပိုင်မူနင်က သူ့ကို စိုက်ကြည့်နေမိပြီး ‘ဒီမှာ တကယ် မူးနေတာ ဘယ်သူလဲ’ ဟုသာ တွေးနေမိသည်။

“ထစမ်း... အိမ်ပြန်ပြီး အိပ်တော့” 
ဝမ်ကျင်း၏ လေသံမှာ လေးလံနေပြီး အမိန့်ပေးနေသကဲ့သို့ပင်။

“ကျွန်တော် အိမ်ပြန်လမ်း ရှာမတွေ့တော့ဘူး”
ဝမ်ကျင်းက သက်ပြင်းချလိုက်သည် ။ 
“မင်း နောက်ကို ပြန်လှည့်ကြည့်လိုက်... အဲဒီ အဆောက်အဦးက မင်းအိမ် ဟုတ်မဟုတ်ကို”

ပိုင်မူနင် လိမ္မာစွာပင် နောက်သို့လှည့်ကြည့်ကာ ထိုအဆောက်အဦးကို သေချာ စေ့စေ့စပ်စပ် လေ့လာကြည့်လိုက်သည်။ ကြည့်လေလေ ရင်းနှီးလေလေဖြစ်လာပြီး နောက်ဆုံးတွင် ၎င်းမှာ တကယ့်ကို သူ၏အိမ်  á€–á€źá€…á€şá€”á€ąá€œá€ąá€á€ąá€Źá€ˇá€žá€Šá€şá‹

ဒါပေမဲ့ ဝမ်ကျင်းက ငါ ဘယ်မှာနေလဲဆိုတာ ဘယ်လိုလုပ် သိနေရတာလဲ... ငါ နေရာအသစ် ပြောင်းလာတာကို ဘယ်သူ့ကိုမှ မပြောရသေးပါဘူး... ဝမ်ကျင်းက ဘာလို့ ငါ့ထက်တောင် ပိုပြီး သိနေရတာလဲ....

ပိုင်မူနင်က မတ်တတ်ရပ်လိုက်ပြီး ကိုးဆယ်ဒီဂရီကိုင်းကာ အလေးပြုလိုက်သည် ။

“ကျေးဇူးတင်ပါတယ် ကျင်းကော... ကျွန်တော် အိမ်ပြန်တော့မယ်...

“ကောင်းသောညပါ”

ဝမ်ကျင်းကမူ ဘာစကားတစ်ခွန်းမှမပြောဘဲ ထိုနေရာမှာပင် ရပ်နေကာ ပိုင်မူနင်ကို တည့်တည့်သာ စိုက်ကြည့်နေခဲ့သည်။

ပိုင်မူနင် သူ၏မျက်လုံးများကို ခဏမျှစိုက်ကြည့်နေမိပြီးနောက် လှည့်ထွက်ကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။

သူ ဒုတိယထပ်သို့ ရောက်သည့်အခါမှသာ ဝေဝါးနေသော သူ၏ဦးနှောက်က အသိပြန်ဝင်လာသည်။ 
ငါ ဘာလို့ အိမ်ပြန်အိပ်ရုံသက်သက်ပဲ လုပ်နေရတာလဲ...
ဒါက ဘယ်လောက်တောင် ကောင်းတဲ့ အခွင့်အရေးလဲ... ငါ ဝမ်ကျင်းကို အတင်းဖက်တွယ်ထားခဲ့သင့်တာ...

ယင်းကို သူ သတိပြုမိချိန်၌ ခြေထောက်များက စတုတ္ထထပ်ကို ရောက်နေပြီဖြစ်သည်။ ဝမ်ကျင်းထွက်သွားမည်ကို စိုးရိမ်သဖြင့် ပိုင်မူနင် လှေကားပေါ်မှ အသည်းအသန် ပြန်ဆင်းကာ အပြင်သို့ ပြေးထွက်လာခဲ့သည်။
အဆောက်အဦးအဝသို့ ရောက်ချိန်တွင် အမောတကောဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ဝမ်ကျင်း၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။ ပိုင်မူနင် တံခါးဝတွင် ငေးကြောင်၍ ရပ်နေမိသည်။

သူ ဒီလောက်တောင် မြန်မြန် ထွက်သွားတာလား...  á€’á€Žá€œá€ąá€Źá€€á€şá€á€ąá€Źá€„á€ş အမြန်ထွက်သွားချင်နေခဲ့တာလား...

ဝမ်ကျင်းက သူ့ကို မချစ်တော့ဟု ပိုင်မူနင် ခံစားလိုက်ရသည်။

ယခင်ကဆိုလျှင် ဝမ်ကျင်းမှာ သူ့ကို ကျောင်းဆောင်အထိ လိုက်ပို့ပေးပြီး ပိုင်မူနင် အထဲရောက်သွားသည်ကို မြင်ရမှသာ ပြန်လည်ထွက်ခွာလေ့ရှိသည်။

သို့တိုင် ယခုတော့ ထိုသူမှာ စောင့်ပင် မစောင့်ပေးတော့ပေ။

ပိုင်မူနင် လှေကားထစ်ပေါ်တွင် ထိုင်ချလိုက်ပြီး ပါးကို လက်နှင့်အုပ်ကာ အတွေးများထဲ နစ်မျောနေမိသည်။

မကြာမီမှာပင် သားရေဖိနပ်တစ်စုံက သူ၏အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။ မော့ကြည့်လိုက်ရာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အေးစက်နေသော ဝမ်ကျင်း၏မျက်နှာကို မြင်လိုက်ရသည်။

“မင်း ဘာလို့ ပြန်ထွက်လာတာလဲ” 
ဝမ်ကျင်းက ဒေါသတကြီး မေးလိုက်သည်။ 
“ပိုင်မူနင်... မင်းက တကယ်ကို စကားနားမထောင်ဘူးပဲ...”

“ကိုယ်မင်းကို အိမ်ပြန်အိပ်ပြီး လျှောက်မသွားပါနဲ့လို့ ပြောထားတယ်မဟုတ်လား... ဘာလို့ စကားနားမထောင်ရတာလဲ...”

ပိုင်မူနင်က ဝမ်းနည်းပက်လက်ဖြင့်ဆိုသည်။

“အပေါ်မှာက အရမ်းဆူတယ်... ကျွန်တော် အိပ်လို့မရဘူး...”

“ဘေးခန်းကလူက ဟောက်တယ်... TikTok တွေကြည့်တယ်... ရန်တောင်ဖြစ်နေကြသေးတယ်... အဲဒီအသံတွေနဲ့ ကျွန်တော် မအိပ်နိုင်ဘူး...”

“ဒါဆို ကိုယ်ဝယ်ပေးထားတဲ့ အိမ်အသစ်မှာ ဘာလို့ သွားမနေတာလဲ...”

“ကျွန်တော် ခင်ဗျားအပေါ် အခွင့်အရေး မယူချင်လို့ပါ”

ဝမ်ကျင်းက မျက်မှောင်ကြုတ်လိုက်သည်။ 
“မင်း ကိုယ့်ဆီက အခွင့်အရေးယူထားတာ မလုံလောက်သေးလို့လား...”

ပိုင်မူနင် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ 

“...?”
သူက ထိုင်နေပြီး ဝမ်ကျင်းက မတ်တတ်ရပ်နေကာ နှစ်ယောက်သား တိတ်ဆိတ်စွာ အကြည့်ချင်း ဆုံနေမိကြသည်။

အရည်လဲ့နေသော ထိုမျက်လုံးဝိုင်းကြီးများဖြင့် သနားစရာကောင်းအောင် မော့ကြည့်နေပုံမှာ သခင်ကို အသနားခံနေသည့် ကြောင်ပေါက်လေးတစ်ကောင်နှင့် တူလှသည်။

နောက်ဆုံးတွင် ဝမ်ကျင်းက အလျှော့ပေးလိုက်ရသည်။

“ထတော့... အိမ်အသစ်မှာ ပြန်နေဖို့ ကိုယ်လိုက်ပို့ပေးမယ်...”

“ဒါက မင်းအတွက် ဝယ်ပေးထားတာ... မင်းပိုင်တာပဲ... မင်းစိတ်ကြိုက် စီမံပိုင်ခွင့်ရှိတယ်... မင်းမကြိုက်ရင်လည်း အဲဒါကို ရောင်းပြီး တခြားတစ်ခုနဲ့ လဲလိုက်ပေါ့...”

ပြောနေရင်းဖြင့် ဝမ်ကျင်းက ပိုင်မူနင်ထံသို့ လက်ကမ်းပေးလိုက်သည်။

“ကျွန်တော် မသွားချင်ဘူး... ခင်ဗျားမှ မရှိတာ... ကျွန်တော် မသွားချင်ဘူး...” 

ပိုင်မူနင် သူ၏ဒူးကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး ထရန်လည်း စိတ်မကူးသလို ဝမ်ကျင်း၏ လက်ကိုလည်း မဆွဲကိုင်လိုက်ပေ။

“ဒါဆို မင်း ဘယ်ကို သွားချင်တာလဲ...”

“ခင်ဗျားရှိတဲ့နေရာကိုပဲ ကျွန်တော် သွားချင်တာ”

ဝမ်ကျင်းက သူ့ကို ဘာမှမလုပ်ဘဲ အကြာကြီး စိုက်ကြည့်နေခဲ့၏။

ဝမ်ကျင်း၏ ကားပေါ်သို့ တက်ပြီးနောက် ပိုင်မူနင်မှာ ထိုင်ခုံခါးပတ်ပင် မပတ်ရသေးမီ မျက်လုံးများမှေးစင်းလာကာ အိပ်ငိုက်ခြင်းထဲသို့ နစ်မျောသွားတော့သည်။

မကြာမီမှာပင် ထိုင်ခုံခါးပတ် ပတ်လိုက်သည့် အသံနှင့်အတူ နားနားတွင် တိုးတိုးလေး ရေရွတ်သံကို ကြားလိုက်ရသည် ။
“လူဆိုးကောင်လေး... မင်းနဲ့တော့ ကိုယ် ဘယ်လိုလုပ်ရမလဲ...”

ပိုင်မူနင် နိုးလာသည့်အချိန်တွင် နေမှာအတော်မြင့်နေပြီဖြစ်သည်။ ဧည့်ခန်းထဲသို့ ထွက်လာသည့်အခါ ဝမ်ကျင်းကို မတွေ့ရပေ။

ဝမ်ကျင်း အလုပ်သွားပြီဟု သူ ခန့်မှန်းလိုက်သည်။

ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည့်ကိစ္စများနှင့် ပတ်သက်၍ ဝေဝါးသော မှတ်ဉာဏ်အချို့ ရှိနေသော်လည်း အိပ်မက်တစ်ခုလိုပင် ထင်မှတ်နေမိသည်။

အိပ်မက်ထဲတွင် သူက ဝမ်ကျင်းကိုအတင်းဖက်ထားပြီး လွှတ်မပေးဘဲ သူမှားပါကြောင်း လမ်းမခွဲသင့်ကြောင်းတို့အား ထပ်ခါတလဲလဲ ပြောနေခဲ့ပုံရသည်။

ယခုပြန်စဉ်းစားကြည့်လျှင် ပိုင်မူနင်မှာ အလွန်အမင်း အရှက်ရနေမိသည်။ ဆိုဖာပေါ်တွင် ထိုင်နေရင်း သူ၏အရက်မူးပြီး စိတ်မထိန်းနိုင်ခဲ့သည့် အပြုအမူများအတွက် နောင်တရနေမိတော့သည်။

သိပ်ကို ရှက်စရာ ကောင်းတာပဲ...

သူ့ဖုန်းက အားကုန်နေပြန်၏။ ကော်ဖီစားပွဲ အံဆွဲထဲတွင် အားသွင်းကြိုးကို ရှာတွေ့ပြီး အားသွင်းလိုက်ပြီးနောက် ဆိုဖာပေါ်တွင်ရှိနေသော Tablet ကိုယူကာ အချိန်ဖြုန်းရန်အလို့ငှာ ဂိမ်းလေးတစ်ခု ကစားရန် ပြင်လိုက်သည်။

သူ ဝမ်ကျင်း၏အိမ်မှ ထွက်မသွားချင်သေးပေ။ ဝမ်ကျင်းပြန်လာသည်အထိ စောင့်ပြီးမှ သူနှင့် သေသေချာချာ စကားပြောချင်သည်။


💊💊💊💊 Chapter 68


Tabletတွင် လျှို့ဝှက်နံပါတ်မရှိပေ။ လက်ဖြင့် ဆွဲလိုက်ရုံဖြင့် ပွင့်သွားသည်။

လက်ရှိပွင့်နေသော screen ကို မြင်လိုက်ရသည့်အခါ ပိုင်မူနင် ဆွံ့အသွားရသည်။

၎င်းမှာ App တစ်ခုပေါ်မှ မြေပုံတစ်ခုဖြစ်ပြီး အနီစက်လေးတစ်ခု ပြနေသည်။ အနီစက်တွင် တိကျသောလိပ်စာ အဆောက်အဦးနှင့် အခန်းနံပါတ်အထိ တပ်ထားသည်။

ထိုအနီစက်ပြနေသောနေရာမှာ ယခုသူရှိနေသည့် ဝမ်ကျင်း၏ အိမ်ပင်။

ဝမ်ကျင်းက ဘာလို့ သူ့ကိုယ်သူ တည်နေရာ ရှာနေရတာလဲ... ဒါက အဓိပ္ပာယ်မရှိဘူးလေ... ဝမ်ကျင်းက သူ့အိမ်မှာရှိနေတာပဲ မဟုတ်လား...

အတွေးတစ်ခုက သူ၏ဦးနှောက်ထဲသို့ လျှပ်စီးလက်သကဲ့သို့ ဝင်လာသည်။ ဝမ်ကျင်းမှာ သူ၏တည်နေရာကို ခြေရာခံနေခြင်းဖြစ်သည်။

ထိုအတွေးကြောင့် သူ ထိတ်လန့်သွားရသည်။ ရုတ်တရက်ဆိုသလို ခရီးသွားနားနေစခန်းတွင် သူ ထွက်ပြေးခဲ့စဉ်က အဖြစ်အပျက်ကို သတိရသွားသည်။
သူ ကင်မရာများကို ရှောင်ပြီး သေသေချာချာ ပုန်းနေခဲ့ပါလျက် ဝမ်ကျင်းက သူရှိရာကို အလွယ်တကူ ရှာတွေ့ခဲ့သည်။

ထိုစဉ်က သူ မစဉ်းစားမိခဲ့သော်လည်း ယခုတွင် အရာအားလုံးက ရှင်းလင်းသွား၏။

ယမန်နေ့ညကလည်း ဝမ်ကျင်းက သူ့ကို အဘယ်ကြောင့်လွယ်လွယ်ကူကူ ရှာတွေ့ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူတို့ ဆုံဆုံချင်း ဝမ်ကျင်း ပြောခဲ့သည့် ပထမဆုံး စကားကို သူ မှတ်မိသေးသည်။
“ပိုင်မူနင်... မင်း ညသန်းခေါင်ကြီး အိမ်မှာ မအိပ်ဘဲ အပြင်မှာ ဘာတွေ လျှောက်လုပ်နေတာလဲ...”

ထိုစဉ်က ကြားရသည်မှာ ထူးဆန်းနေသော်လည်း သူ သိပ်မစဉ်းစားမိခဲ့ပေ။

ယခုတွင် အမှန်တရားက ရှင်းသွား၏။ ဝမ်ကျင်းက သူ့အပေါ်တွင် ခြေရာခံစက် တပ်ဆင်ထားခြင်းပင်။
သူ၏ အကြည့်မှာ အားသွင်းထားဆဲဖြစ်ပြီး ပိတ်ထားသော ဖုန်းထံသို့ ရောက်သွားသည်။

ဆိုလိုသည်မှာ ဖုန်းပိတ်ထားလျှင်ပင် ခြေရာခံစက်က အလုပ်လုပ်နေပြီး ဝမ်ကျင်းက သူ၏ တည်နေရာကို တိတိကျကျ သိနေနိုင်ခြင်းပင်။

ပိုင်မူနင် ဖုန်းကိုယူဆောင်သွားသရွေ့ ဝမ်ကျင်းက သူရှိနေသည့်နေရာကို အမြဲသိနေပေလိမ့်မည်။

သူက cache ကိုနှိပ်ပြီး လက်ရှိpageကို ပိတ်လိုက်ရာ ပို၍ပင် တုန်လှုပ်စရာကောင်းသော အရာတစ်ခုကို တွေ့လိုက်ရပြန်သည်။

ဝမ်ကျင်းက ဆေးခန်းမှ စောင့်ကြည့်ကင်မရာ မှတ်တမ်းအားလုံးကို သိမ်းထားခြင်း ဖြစ်သည်။ သူနောက်ဆုံးကြည့်ထားသည့်ဗီဒီယိုမှာ ရေပိုက်ပေါက်သည့်နေ့က ပိုင်မူနင် ဆေးခန်းထဲတွင် အင်္ကျီလဲနေသည့် မှတ်တမ်းဖြစ်သည်။

ထိုနေ့က ပိုင်မူနင်မှာ ကင်မရာပြဿနာကို သတိပြုမိပြီး ဝမ်ကျင်းကို ထိုမှတ်တမ်းများအား ဖျက်ပစ်ရန် ပြောခဲ့ဖူးသည်။ မဟုတ်လျှင် သူ့အနေဖြင့် လူရှေ့သူရှေ့ အဝတ်ချွတ်ပြတတ်သူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ပြောခဲ့သည်။

ဝမ်ကျင်းက မဖျက်သည့်အပြင် လျှို့ဝှက်စွာ သိမ်းထားပြီး တစ်ခါတစ်ရံ ပြန်ကြည့်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဝမ်ကျင်းသူ့ကို အဝတ်မပါဘဲ အကြိမ်ကြိမ် မြင်ဖူးနေပြီးဖြစ်သည်ကို သိလိုက်ရချိန်တွင် ပိုင်မူနင်၏တစ်ကိုယ်လုံး ကြက်သီးများ ထသွားခဲ့သည်။

နှလုံးခုန်သံများ မြန်လာပြီး အတွေးများ ရှုပ်ထွေးသွားရသည်။ သူ Tabletကို ချလိုက်ပြီး ရင်ထဲတွင် ထိတ်လန့်မှုများ မြင့်တက်လာသည်။

ချန်ဟောက်နန်က ဝမ်ကျင်းမှာ အချစ်ရေးနှင့် ပတ်သက်လာလျှင် အနည်းငယ် ပုံမှန်မဟုတ်ဟု ပြောခဲ့ခြင်းကို အခုမှ သူ နားလည်တော့သည်။

ယင်းက တကယ်ကို ပုံမှန်မဟုတ်ချေ။ သူ့ဖုန်းထဲတွင် ခြေရာခံစက်အား လျှို့ဝှက်တပ်ထားသလို သူ့ဗီဒီယိုများကိုလည်း သိမ်းထားသည်။

ကြောက်ရွံ့မှုလှိုင်းတစ်ခုက သူ့ထံသို့ တိုးဝင်လာသည်။ ပိုင်မူနင် မတ်တတ်ရပ်ပြီး တံခါးဆီသို့ ဦးတည်လိုက်သော်လည်း တံခါးလက်ကိုင်တွင် လက်တင်ထားရင်း သူရပ်တန့်သွားခဲ့သည်။

သူ၏ဦးနှောက်ထဲတွင် သံသယတစ်ခု အမြစ်တွယ်လာသည်။

ဒီ Tablet က ဒီနေရာမှာ ဘာလို့ ရှိနေရတာလဲ...

ဝမ်ကျင်းမှာ ပေါ့ဆတတ်သူဟု သူ မယုံကြည်ပေ။

ဝမ်ကျင်းက ထက်မြက်ပြီး စေ့စပ်သေချာသူဖြစ်ကာ ဘယ်သောအခါမှ အမှားမခံပေ။ 

သူက ဘယ်လိုလုပ် ပေါ့ဆနိုင်မှာလဲ...

ထိုသို့ တွေးလိုက်သည့်အခါ အရာအားလုံးက ကွင်းဆက်မိသွားသည်။ ဝမ်ကျင်းက ယင်းတို့ကို သူ့အား တမင်တကာပြခဲ့ခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် ဝမ်ကျင်းက သူ၏ ဆိုးကွက်အားလုံးကို ထုတ်ပြလိုက်ခြင်းဖြစ်ပြီး ပိုင်မူနင်အနေဖြင့် ဆုံးဖြတ်ချက်မချမီ သေသေချာချာ စဉ်းစားစေလိုခြင်းပင်။

ထိုခဏအတွင်းမှာပင် ပိုင်မူနင် ဆုံးဖြတ်ချက် ချလိုက်သည်။

သူ ထပ်ပြီး မပြေးချင်တော့ပေ။ ထိန်းချုပ်ခံရခြင်းထက် ဝမ်ကျင်းကို ဆုံးရှုံးရမည်ကို သူပိုကြောက်သည်။

------

ဝမ်ကျင်း ပြန်ရောက်လာချိန်တွင် ပိုင်မူနင်က ဟင်းနှစ်မျိုးနှင့် စွပ်ပြုတ်တစ်မျိုး ပြင်ဆင်ထားပြီးဖြစ်သည်။

ကြာစွယ်ကြော် ငါးပေါင်းနှင့် ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ်…

ရိုးရှင်းပုံရသော်လည်း ပြင်ဆင်ရသည့် လုပ်ငန်းစဉ်မှာ မချောမွေ့ခဲ့ပေ။

ပိုင်မူနင် အထူးဂရုစိုက်ခဲ့သော်လည်း ဆီပူလောင်ခဲ့ရသေးသည်။ ဟင်းသီးဟင်းရွက် လှီးဖြတ်စဉ်တွင်လည်း သူ၏လက်ကို ဓားနှင့် ထိမိလုနီးပါး ဖြစ်ခဲ့ရသည်။

နောက်ဆုံး သူ ချက်ပြုတ်ပြီးစီးသွားချိန်၌ ဝမ်ကျင်း ပြန်ရောက်လာခဲ့သည်။

ပိုင်မူနင်ရှိနေသည်ကို ဝမ်ကျင်းက အံ့ဩပုံမရပေ။ ဝမ်ကျင်းအနေဖြင့် ခြေရာခံစက်မှတစ်ဆင့် သူ ရှိနေသေးသည်ကို သိနှင့်ပြီးဖြစ်မည်ဟု ပိုင်မူနင် တွေးလိုက်သည်။

ဝမ်ကျင်းက အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး လျှောက်လာခဲ့သည်။ ပိုင်မူနင်ကို အေပရွန်နှင့် မြင်လိုက်ရသည့် ခဏတွင် မျက်မှောင်ကြုတ်သွား၏။

သူက ပိုင်မူနင်ကို ဤကဲ့သို့ မြင်ရသည်ကို နှစ်သက်ပုံမရဘဲ သူ၏မျက်လုံးများက “ငါ သေသေချာချာ ပြုစုပျိုးထောင်ထားတဲ့ နှင်းဆီပန်းလေးက မီးဖိုချောင်ထဲမှာ ဟင်းချက်မနေသင့်ဘူး” ဟု ပြောနေသကဲ့သို့ပင်။

ပိုင်မူနင် ခန့်မှန်းထားသည့်အတိုင်းပင် ဝမ်ကျင်းက မျက်မှောင်ကြုတ်ကာ သူ၏လက်ထဲမှ ဟင်းပန်းကန်ကို ယူလိုက်ပြီး ပြောလာသည်။ 

“မင်း ဒါမျိုးတွေ မလုပ်သင့်ဘူး”
ပိုင်မူနင်က ပြုံးလိုက်ပြီး ဆိုသည်။ 

“ကျွန်တော် ခင်ဗျားအတွက် ချက်ပေးချင်လို့ပါ...”

“မလိုပါဘူး...”

ထမင်းစားပွဲတွင်ထိုင်နေစဉ် ဝမ်ကျင်းက အစားစားချိန်နှင့်အိပ်ချိန်တွင် စကားမပြောရဟူသော စည်းကမ်းကို လိုက်နာကာ တိတ်ဆိတ်စွာ စားသောက်နေသည်။

ဝမ်ကျင်း စကားမပြောသဖြင့် ပိုင်မူနင်လည်း ငြိမ်နေမိသည်။

ထမင်းစားပြီးနောက် ဝမ်ကျင်းက ပန်းကန်ဆေးသည်။ ပိုင်မူနင်က အနားသို့ တိုးသွားပြီးပြော၏။

“ကျင်းကော... ကျွန်တော်တို့ စကားပြောလို့ ရမလား...”

“ဘာအကြောင်း ပြောချင်လို့လဲ...” 

ပန်းကန်နှစ်လုံးတည်းဖြစ်၍ ဆေးရသည်မှာ တစ်မိနစ်ပင် မကြာပေ။

လက်ကို ခြောက်အောင်သုတ်ရင်း ဝမ်ကျင်းက ပိုင်မူနင်ကို ကြည့်လိုက်သည်။

ပိုင်မူနင်က ကော်ဖီစားပွဲပေါ်မှ Tablet ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ 

“Tablet ထဲက အကြောင်းတွေကို ကျွန်တော် မြင်ပြီးပါပြီ... ခင်‌ဗျား ကျွန်တော့်ကို တမင်ပြခဲ့တာမလား...”

ဝမ်ကျင်းက ထိုမေးခွန်းကို မဖြေဘဲ သူ၏အတွေးအတိုင်းသာ ပြန်မေးသည်။
“မင်း ဘာအကြောင်း ပြောချင်တာလဲ...”

“ကျွန်တော်တို့ရဲ့ အနာဂတ်အကြောင်း ပြောချင်တာ...”

သူတို့ မီးဖိုချောင်မှဧည့်ခန်းသို့ ပြောင်းရွှေ့လျက် စကားပြောကြသည်။ ဆိုဖာပေါ်တွင် ထိုင်ရင်း ပိုင်မူနင်က ဖြည်းဖြည်းချင်း စတင်ကာ ပြောလိုက်သည်။

“ကျင်းကော... အရင်က ကျွန်တော် ခင်‌ဗျားကို တကယ် လိမ်ခဲ့တာပါ... လိမ်ညာမှုနဲ့ စတင်ခဲ့တဲ့ ဆက်ဆံရေးက အဆုံးသတ်ဖို့ပဲ ထိုက်တန်တယ်လို့ ကျွန်တော်ထင်ခဲ့တာ...”

“ဒါပေမဲ့ အခု ကျွန်တော် ခင်ဗျားနဲ့အသစ်ကနေ ပြန်စချင်တယ်... ခင်ဗျားကို ကျွန်တော် ပြန်ပြီး လိုက်ချင်တယ်...”

“ခင်ဗျားဆီက ခွင့်ပြုချက် တောင်းနေတာ မဟုတ်ပါဘူး.... ဒေါက်တာဝမ် သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ကျွန်တော်ခင်ဗျားကို လိုက်မယ်လို့ အတိအလင်း ပြောပြတာပါ”

မျက်နှာချင်းဆိုင် ဆိုဖာတွင် ထိုင်နေသော ဝမ်ကျင်းက မျက်မှောင်ကြုတ်ကာ နားမလည်ဟန်ဖြင့် ကြည့်သည်။
“မင်း Tablet ထဲကဟာတွေကို သေချာ မြင်ခဲ့တာ ဟုတ်ရဲ့လား...”

ပိုင်မူနင်က ခေါင်းညိတ်သည်။

“မြင်ပါတယ်... ဒါပေမဲ့ ကျွန်တော် ဂရုမစိုက်ဘူး”
“အရင်တုန်းက ကျွန်တော် ထွက်ပြေးချင်ခဲ့တာက ကျွန်တော့်ရင်ထဲမှာ လိမ်ညာမိတဲ့အတွက် အပြစ်မကင်းစိတ် ရှိနေသေးလို့ပါ... အခုတော့ ကျွန်တော် မပြေးချင်တော့ဘူး... ဘာလို့လဲဆို ကျွန်တော်ခင်ဗျားကို ချစ်တယ်...”

“ခင်ဗျားက ကျွန်တော့်ရဲ့ အရာအားလုံးကို လက်ခံပေးခဲ့သလို ကျွန်တော်လည်း ခင်ဗျားရဲ့ အားနည်းချက် အားသာချက် အားလုံးကို လက်ခံဖို့ အသင့်ပဲ...”

ပိုင်မူနင် ဝမ်ကျင်းအနားသို့ သွားပြီး သူ၏ဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။ ဝမ်ကျင်း၏လက်ကို ယူကာ သူ၏ရင်ဘတ်ပေါ် တင်လိုက်ရင်း ပြောသည်။

“ဝမ်ကျင်း... ကျွန်တော် ခင်ဗျားကိုချစ်တယ်... ဒါက အမှန်တရားပါ”

ဝမ်ကျင်းမှာ ခဏမျှ ငေးငိုင်သွားသော်လည်း မကြာမီမှာပင် အကြည့်များ တင်းမာသွားကာပြောလာ၏။
“မင်းရဲ့ စကားတွေက အပြောင်းအလဲ အရမ်းမြန်တာပဲ... ကောင်စုတ်လေး မင်းရဲ့ မျက်နှာက စာမျက်နှာလှန်တာထက်တောင် ပိုမြန်အောင် ပြောင်းလဲတတ်တာ... မင်းကို ကိုယ်ဘာလို့ ယုံရမှာလဲ”

ဝမ်ကျင်းက သူ၏လက်ကို ပြန်ဆွဲထုတ်လိုက်ပြီး ပိုင်မူနင်၏ ပါးနှစ်ဖက်ကို အားဖြင့် ဆွဲညှစ်လိုက်ကာဆိုသည်။ 

“ကိုယ့်ကို မင်းလုပ်သလိုမျိုး ဘယ်သူမှ မကစားဖူးဘူး... ကိုယ်က မင်းလက်ထဲမှာပဲ အမြဲ ဒူးထောက်ခဲ့ရတာ...”

“မင်းကို ကိုယ်သတ်မပစ်တာကိုပဲ မင်း ကျေးဇူးတင်သင့်တယ်”

ပါးညှစ်ခံထားရသဖြင့် ပိုင်မူနင်မှာ သွားရည်အနည်းငယ် ကျလာပြီးပြောလိုက်သည်။ 
“ကျင်းကော... နာတယ်”

ဝမ်ကျင်းမှာ နောက်တစ်ကြိမ် ရက်စက်နိုင်စွမ်း မရှိပြန်တော့ပေ။ သူက သူ၏လက်ကို ပြန်ချလိုက်ပြီး သူကိုယ်တိုင် အဘယ်ကြောင့် မပြတ်သားနိုင်ရသည်ကို မကျေမနပ်ဖြစ်နေမိသည်။

ပိုင်မူနင်က ပါးကို ပွတ်ရင်းပြောလိုက်သည်။

“ကျင်းကော... ခင်ဗျားမရှိရင် ကျွန်တော် တကယ် မနေနိုင်တော့ဘူး... ခင်ဗျားကို ကျွန်တော် နေ့ရောညပါ တွေးနေမိတာ.... ဘယ်တော့မှ မေ့လို့မရဘူး... ခင်ဗျား ကျွန်တော့်ကို တကယ်ကြီး သတ်ရက်တယ်လား...”

“ကျင်းကော... ကျွန်တော် ခင်ဗျားကို ပြန်ရအောင် ကြိုးစားချင်တယ်... ကျွန်တော့်ကို အခွင့်အရေးတစ်ခုတော့ ပေးရမယ်....”

ဝမ်ကျင်းက သဘောလည်းမတူသလို ငြင်းလည်းငြင်းမလာရာ ပိုင်မူနင်က နောက်ထပ် တောင်းဆိုမှုတစ်ခုကို ရဲရဲဝံ့ဝံ့ လုပ်လိုက်ပြန်သည်။ 

“ကျင်းကော ကြည့်ပါဦး... ကျွန်တော့်ဘက်က ဒီလောက်တောင် ရိုးသားမှုကိုပြနေပြီပဲ... ကျွန်တော့်ကို WeChat မှာ ပြန် add ပေးလို့ ရမလား..”

“ကိုယ်ဘယ်တုန်းက မင်းကို ဖျက်လိုက်လို့လဲ...”

ရုတ်တရက် တစ်ခုခုကိုသတိရသွားဟန်ဖြင့် ဝမ်ကျင်းက သူ၏ဖုန်းကို ထုတ်ကာ WeChat ကို စစ်ကြည့်လိုက်သည်။

အမှန်ပင် ဖုန်းမှာတစ်စုံတစ်ယောက်၏ လက်ချက်မိနေသည်။ ပိုင်မူနင်၏ အကောင့်မှာ blacklist ထဲ ရောက်နေခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း သူ၏ဖုန်းကို ကိုင်ခဲ့သူမှာ ချန်ဟောက်နန် တစ်ယောက်တည်းသာရှိသည်။

ဝမ်ကျင်းက blockကို ဖြုတ်လိုက်ပြီးပြော၏။
“မင်းကို deleteတာ ကိုယ်မဟုတ်ဘူး... အခု ပြန်ဖြုတ်ပေးလိုက်ပြီ”

ပြောနေရင်းဖြင့် သူက emoji လေးတစ်ခု ပို့လိုက်သော်လည်း အနီရောင် အာမေဍိတ်အမှတ်အသား တက်လာသည်။ 

"သင်သည် ဤအသုံးပြုသူနှင့် သူငယ်ချင်း မဟုတ်ပါ.. ကျေးဇူးပြု၍ ဦးစွာ သူငယ်ချင်းအဖြစ် ပေါင်းထည့်ပါ"

ဝမ်ကျင်းက ဖုန်းကိုပိုင်မူနင်အား ကမ်းပေးလိုက်ရာ ထိုအခါမှသာ ပိုင်မူနင်မှာ သူဘာလုပ်ခဲ့မိသည်ကို သတိရတော့သည်။

သောက်ကျိုးနည်း... ငါလည်း ဝမ်ကျင်းကို ဖျက်ပစ်ခဲ့မိတာကို မေ့နေခဲ့တာပဲ...

ဝမ်ကျင်းက နှာခေါင်းရှုံ့လိုက်ကာဆို၏။ 
“ပိုင်မူနင် မင်းက နေ့ရောညပါ တွေးနေမိပြီး ဘယ်တော့မှမေ့မရဘူးဆိုတဲ့ လူကိုကျတော့ တကယ်ကို ပြတ်ပြတ်သားသား ဖျက်ပစ်ခဲ့တာပဲပေါ့...”

“...?”

ရိုက်ချက်က မြန်လွန်းသဖြင့် ပိုင်မူနင်မှာ နောက်တစ်ကြိမ် ထပ်မံ ရှုံးနိမ့်သွားရပြန်လေတော့သည်။

××××× 

နောက်ထပ် နှစ်ရက်တာကာလအတွင်း၌ ပိုင်မူနင်တစ်ယောက် ဝမ်ကျင်းကို တရုတ်ရိုးရာဆေးဖက်ဝင်လက်လိမ်းခရင်မ် လက်ဆောင်ပေးလို၍  á€šá€„်းဥဏးဖ္ဏ်စပ်ရန်ဥတွက် အခန်းအောင်း၍ လေ့လာနေလိုက်၏။

လွန်ခဲ့သောရက်အနည်းငယ်က ပိုင်မူနင် သူ၏ မပြည့်စုံလှသော ဆေးပညာဗဟုသုတများကို အသုံးပြုကာ ဝမ်ကျင်း၏သွေးခုန်နှုန်းကို စမ်းသပ်ခဲ့ဖူးသည်။ သူ့အနေဖြင့် ပြဿနာကြီးကြီးမားမားတစ်စုံတစ်ရာကို ရှာမတွေ့ခဲ့ဘဲ ဝမ်ကျင်း၏ လက်ကောက်ဝတ်နှင့် လက်ချောင်းအဆစ်များမှာလည်း ကောင်းမွန်ကျန်းမာနေပုံ ရသည်။ အမှန်တကယ်တမ်းတွင်မူ ဝမ်ကျင်း၏ လက်များမှာ အနည်းငယ်ကြမ်းတမ်းနေခြင်းကသာလျှင် တစ်ခုတည်းသောပြဿနာဖြစ်နေ၏။ 

အနှီကြမ်းတမ်းမှုကြောင့် ထိတွေ့မှုခံစားချက်နှင့် အမြင်အာရုံပိုင်းဆိုင်ရာ ဆွဲဆောင်မှုတို့တွင် အားနည်းချက် ဖြစ်ပေါ်စေလျက်ရှိသည်။

သူ၏စမ်းသပ်ချက်များအရ ဝမ်ကျင်းမှာ လုံးဝအဆင်ပြေသည်ဟုသာ ပိုင်မူနင် ကောက်ချက်ချလိုက်သည်။ သို့သော်လည်း သူ့ကိုယ့်သူ ယုံကြည်နေခြင်းမှာ ကြာရှည်မခံလိုက်ချေ။ အကြောင်းမှာ ချန်ဟောက်နန်နှင့်ကျွမ်းယွီမြန်တို့ နှစ်ဦးလုံးက ဝမ်ကျင်း၏လက်ဒဏ်ရာမှာ ပြင်းထန်ကြောင်းပြောဆိုနေကြသည့်အပြင် ဝမ်ကျင်းသည်လည်း ထိုဒဏ်ရာကြောင့် လူနာကြည့်ခြင်းကိုပင် ရပ်နားထားခဲ့ခြင်းကြောင့် ဖြစ်၏။ 

ထို့ကြောင့် ဝမ်ကျင်း၌ ပြဿနာမရှိခြင်း မဟုတ်ဘဲ သူ၏ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အားနည်းချက်ကြောင့်သာ ထိုပြဿနာကိုရှာမတွေ့ခြင်းဟုသာ သူအခိုင်အမာ ယုံကြည်လိုက်ရတော့သည်။

ပိုင်မူနင် အနှီအကြောင်းကို အချိန်အတော်ကြာသည်အထိ စဉ်းစားလိုက်ရ၏။ သူ့အနေဖြင့် အတွင်းပိုင်းပြဿနာကို မကုသနိုင်ရာ လက်များ၏ ပြင်ပအသွင်အပြင်ကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်လေသည်။ ဝမ်ကျင်း၏လက်များမှာ အလုပ်ကြိုးစားလွန်းခြင်းကြောင့် ကြမ်းတမ်း၍ အက်ကွဲကြောင်းများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ပိုင်မူနင်အနေဖြင့် ရောဂါ၏ အရင်းအမြစ်ကို မကုသနိုင်သော်လည်း ဝမ်ကျင်း၏လက်များကို မန်ဂါဇာတ်ကောင်များပမာ နုညက်ချောမွေ့သည့် “နို့နှစ်ရောင်အသားအရေ” ပြန်လည်ရရှိလာစေရန် အစွမ်းကုန် ကြိုးစားပေးမည်ဟု တွေးလိုက်သည်။ ဤသည်မှာ သူသိရှိထားသော ဝမ်ကျင်းအား ပြန်လည်ပေးဆပ်နိုင်မည့် အကောင်းဆုံးနည်းလမ်းပင်။

ထိုသို့တွေးပြီးနောက် သူ အင်တာနက်စာမျက်နှာများနှင့် အလှအပဆိုင်ရာဗီဒီယိုများကို ရှာဖွေလေ့လာလိုက်သည်။ နောက်ဆုံးတွင် တရုတ်ရိုးရာဆေးဖက်ဝင်အပင်များကို အသုံးပြု၍ လက်လိမ်းခရင်မ်တစ်ခုဖော်စပ်ရန် စိတ်ကူးရရှိသွား၏။ ထို့နောက် သူက နှစ်ရက်တိုင်တိုင် အခန်းအောင်းကာ မွှေးရနံ့သင်းပျံ့၍ ထိရောက်မှုရှိသောခရင်မ်တစ်ခု ဖော်စပ်ခြင်းအပေါ်၌သာ အာရုံစိုက်နေလိုက်လေသည်။ ထိုနှစ်ရက်အတွင်း သူ မည်သူ့ကိုမှ ဆက်သွယ်ခြင်းမပြုခဲ့ပေ။ အကြိမ်ကြိမ်ကျရှုံးသော်ငြား အရှုံးပေးမည့်စိတ်ကူးမရှိချေ။

ငှားရမ်းထားသောအခန်းကျဉ်းလေးအတွင်း တစ်နေကုန် ဆေးဖက်ဝင်အပင်များကို သုတေသနပြုနေခြင်းကြောင့် အိမ်နီးချင်းများနှင့် အဆင်မပြေမှုအချို့ပင် ဖြစ်ပေါ်ခဲ့ရ၏။ တရုတ်ဆေးနံ့များ ပြင်းလွန်းလှသဖြင့် ရပ်တန့်ပေးရန် အိမ်နီးချင်းများက တံခါးကို အကြိမ်ကြိမ် လာခေါက်၍ သတိပေးခဲ့ကြသည်။ သို့သော် ပိုင်မူနင်ကမူ ထိုသတိပေးချက်များကို ဂရုမစိုက်ပေ။ ဆေးဖက်ဝင်အပင်တို့၏အနံ့မှာ အလွန်မဆိုးဝါးနိုင်ပေ။ ထိုအနံ့မှာ ခြေအိတ်ပုပ်နံ့ထက်စာလျှင် အဆပေါင်းများစွာ သာလွန်သည်မှာ အသေအချာပင်။

နောက်ဆုံးနေ့သို့ ရောက်ရှိလာသောအခါ စမ်းသပ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် သူ အောင်မြင်မှုရရှိသွားလေသည်။ သူက သူ၏အောင်မြင်မှုရလဒ်ကို ယူဆောင်လျက် ဝမ်ကျင်းအားရှာဖွေရန် ပြင်ဆင်တော့သည်။ မထွက်ခွာမီမှာပင် သူက ဝမ်ကျင်းရှိသည့်နေရာကို သိရှိနိုင်ရန် မက်ဆေ့ခ်ျပေးပို့လိုက်၏။ ဝမ်ကျင်းက ချက်ချင်းပင် ပြန်လည်ဖြေကြားလာသော်လည်း သူ၏လေသံမှာမူ အနည်းငယ် မူမမှန်သလို ဖြစ်နေခဲ့သည်။

[ဝမ်ကျင်း : မင်း နေ့ညမပြတ် 'တမ်းတနေပါတယ်' ဆိုတဲ့လူကို နောက်ဆုံးတော့ သတိရလာပြီပေါ့... မလွယ်ဘူးပဲနော်]

ထိုစာကို ဖတ်ကြည့်ပြီးနောက် ပိုင်မူနင်မှာ မရယ်ဘဲ မနေနိုင်တော့။ သူ့ဘက်မှ ဝမ်ကျင်းအား ပြန်လိုက်မည်ဟု ပြောထားပါလျက် နှစ်ရက်တိုင်တိုင် ပျောက်ကွယ်နေခဲ့ခြင်းကြောင့် ဝမ်ကျင်းက ထေ့ငေါ့ရွဲ့စောင်းကာဖြင့် ပြောဆိုနေခြင်းဖြစ်၏။

[ပိုင်မူနင် : ကျွန်တော် ခင်ဗျားအတွက် လက်ဆောင်တစ်ခု ပြင်ဆင်နေလို့ပါ...ခင်ဗျား  á€˜á€šá€şá€™á€žá€Źá€œá€˛... ကျွန်တော် လာရှာမလို့...]

ဝမ်ကျင်းက စန်းဝမ်ခန်းမတွင် ရှိနေခြင်းပင်။ ပိုင်မူနင် ထိုနေရာသို့ ခြေလျင်လျှောက်သွားလိုက်လေသည်။ သူ တိုက်ခန်းငှားရမ်းစဉ်က ဆေးခန်းနှင့်နီးကပ်သော နေရာကို အသေအချာ ရွေးချယ်ခဲ့ခြင်းဖြစ်ရာ ယခုအခါ၌ သူ၏အမြော်အမြင်ရှိမှုကို ကျေနပ်နေမိတော့သည်။


💊💊💊💊 Chapter 69
ကျင်းကော ကျွန်တော်နဲ့ ဒိတ်ပေးလို့ရလားဟင်


အချိန်မှာ မွန်းလွဲပိုင်းဖြစ်သဖြင့် စန်းဝမ်ခန်းမအတွင်း၌ လူစည်ကားလျက် ရှိနေ၏။ ကျွမ်းယွိမြန်က လူနာလက်ခံခြင်းနှင့် ငွေပေးချေခြင်း ကိစ္စရပ်များကို တစ်ပြိုင်နက်တည်းလုပ်ဆောင်နေရသဖြင့် ရေတစ်ငုံသောက်ရန်ပင် အချိန်မရှိလောက်အောင် အလုပ်ရှုပ်နေခဲ့သည်။ ၎င်းကို မြင်တွေ့မှသာ ပိုင်မူနင်တစ်ယောက် သူ့အနေဖြင့် အလုပ်ပြန်ဝင်လိုကြောင်း ချန်ဟောက်နန်အား ပြောပြရန်လိုအပ်သည်အား သူ့ကိုယ်သူ သတိပေးလိုက်မိလေသည်။ သူ့အနေဖြင့် စန်းဝမ်ခန်းမ၏ ပတ်ဝန်းကျင်အနေအထား လုပ်ဖော်ကိုင်ဖက်များနှင့် ဝမ်ကျင်း ဤနေရာ၌ ရှိနေခြင်းတို့ကို အမှန်တကယ်ပင် သဘောကျ၏။

တံခါးကိုခေါက်လိုက်ရာ ဝမ်ကျင်း၏အသံမှာ အတွင်းဘက်မှ ထွက်ပေါ်လာ၏။ ပိုင်မူနင် တံခါးကို တွန်းဖွင့်၍ဝင်သွားလိုက်လေလျှင် စာအုပ်ဖတ်နေသော ဝမ်ကျင်းကို တွေ့လိုက်ရလေသည်။ ဝမ်ကျင်းက လူနာကြည့်လက်မခံသော်လည်း ရုံးခန်းသို့လာရောက်ဆဲပင်။ လူနာမရှိဘဲနေရသည်မှာ ပျင်းရိဖွယ်ကောင်းလှသဖြင့် အချိန်ကုန်လွန်စေရန် စာဖတ်ခြင်းကလည်း အကြံကောင်းတစ်ခုဟုသာ သူတွေးလိုက်မိသည်။

"ကျင်းကော... ကျွန်တော် ရောက်ပြီ" 
ပြောပြောဆိုဆိုပင် ပိုင်မူနင်က စားပွဲအနီးသို့ လျှောက်သွားလျက် ရပ်လိုက်၏။

ဝမ်ကျင်းက တည်ကြည်အေးဆေးနေသည့် မျက်နှာထားဖြင့် "အင်း" ဟုသာ အသာအယာ တုံ့ပြန်လာ၏။

ပိုင်မူနင် လက်ဆောင်ဘူးကို ကမ်းပေးလိုက်ပြီးနောက် ဝမ်ကျင်း၏ဘေးတွင် ဝင်ထိုင်ကာ ပြောလိုက်သည်။
"ကျင်းကော... ဒါက ကျွန်တော် ခင်ဗျားအတွက် သေသေချာချာ ပြင်ဆင်လာတဲ့ လက်ဆောင်... ဖွင့်ကြည့်ပါဦး ကြိုက်ရဲ့လား.... ဒါ ကျွန်တော့်လက်နဲ့ ကိုယ်တိုင်လုပ်ထားတာနော်... တစ်ကမ္ဘာလုံးမှာ ဒီတစ်ဘူးပဲရှိတယ်"

၎င်းမှာ အမှန်တကယ်ပင် တစ်ဘူးတည်းသာရှိခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျရှုံးခဲ့သော စမ်းသပ်ဘူးများအားလုံးမှာ အမှိုက်ပုံးထဲသို့ ရောက်ရှိသွားခဲ့၍ပင်။

ဝမ်ကျင်းက စက္ကူအိတ်ကိုဖွင့်ကာ ဘူးကို ထုတ်ယူလျက် အနံ့ခံကြည့်လိုက်၏။ လတ်ဆတ်သော နှင်းဆီရနံ့မှာ ပျံ့လွင့်ထွက်ပေါ်လာသဖြင့် သူက မေးမြန်းလိုက်သည်။
"ဒါက ဘာလဲ" 

ပိုင်မူနင်က ခရင်မ်ဘူးကိုယူလိုက်ပြီး လက်ချောင်းထိပ်ဖြင့် အနည်းငယ် ခပ်ယူကာ ပြောလိုက်၏။
"လက်လိမ်းခရင်မ်လေ"

သူက ဝမ်ကျင်း၏လက်ကိုဆွဲယူလျက် ခရင်မ်တို့ကို အနှံ့အပြား လိမ်းကျံပေးပြီးနောက် လက်ကိုပင် နှိပ်နယ်ပေးလိုက်သည်။ ဤသည်မှာ ခရင်မ်စိမ့်ဝင်မှုကောင်းစေရန်နှင့် သွေးလည်ပတ်မှု ကောင်းမွန်စေရန်အတွက် လွန်ခဲ့သောညက ဘလော့ဂါတစ်ဦးထံမှ သင်ယူထားခဲ့သော နည်းစနစ်တစ်ခုပင်။ ဝမ်ကျင်း၏ လက်ဖဝါးမှ အက်ကွဲကြောင်းများ သက်သာလာသည်နှင့် ပိုင်မူနင်က ဆဲလ်သေများဖယ်ရှားပေးခြင်းနှင့် အသားအရေထိန်းသိမ်းမှုများကို အပြည့်အဝ လုပ်ဆောင်ပေးရန် စီစဉ်ထားခြင်းဖြစ်၏။ လတ်တလောတွင်မူ ဝမ်ကျင်း၏လက်အခြေအနေမှာ အလွန်ပင်ဆိုးဝါးနေသဖြင့် စိုပြေမှုရှိစေရန်သာ အဓိကထား၍ လုပ်ဆောင်ပေးနိုင်လေသည်။

ဝမ်ကျင်းက ဇဝေဇဝါဖြင့် နားမလည်သလို မေး၍လာသည်။ 
"မင်း ဘာလုပ်နေတာလဲ" 

ပိုင်မူနင်က ရှင်းပြလိုက်သည်။ 
"ခင်ဗျားလက်က ဒဏ်ရာရထားတာမလား... လူနာကြည့်တာတောင် ရပ်ထားရတယ်ဆိုတော့ သေချာပေါက် အခြေအနေ ဆိုးနေမှာပဲ... ကံဆိုးတာက ကျွန်တော့်ရဲ့အရည်အချင်းက အကန့်အသတ်ရှိနေတော့ ဘယ်လိုဒဏ်ရာမျိုးလဲဆိုတာ ရှာမတွေ့ဘူးဖြစ်နေတယ်... ဒါကြောင့် အသားအရေပဲဖြစ်ဖြစ် ဂရုစိုက်ပေးချင်လို့ ဒီလက်လိမ်းခရင်မ်ကို လုပ်ပေးတာပါ... ခင်ဗျားရဲ့ 'နို့နှစ်ရောင် အသားအရေ' ပြန်ရလာအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားပေးမယ်... ဒါကို ဖော်စပ်နိုင်ဖို့ ကျွန်တော် တော်တော်လေး သုတေသနလုပ်လိုက်ရတယ်... အဖိုးတန် ဆေးဖက်ဝင်အပင်အများကြီးကို ဝက်ဆီနဲ့ ရောစပ်ပြီး လုပ်ထားတာလေ"

"ကျွန်တော် ဝက်သားကို  á€Ąá€™á€Żá€”်းဆုလးဆိုတဏ ခင်ဗျားသိသားပဲ... ခင်ဗျားအတွက်သာ မဟုတ်ရင် အဲဒီဝက်ဆီတွေကို ကျိုနေတုန်း အန်ချင်စိတ်ကို အောင့်အည်းနိုင်မှာ မဟုတ်ဘူး... အဲဒီအနံ့ကြောင့် ကျွန်တော် ခေါင်းကိုကိုက်နေတာပဲ"

ပိုင်မူနင်မှာ ဝက်သားကိုရှောင်ကြဉ်သော လူမျိုးစုမှ မဟုတ်သော်လည်း ဝက်သားကို အလွန်အမင်း မုန်းတီးသူဖြစ်၏။ ငယ်စဉ်ကလေးဘဝက ဝက်သားစားပြီးနောက် အန်ခဲ့ဖူးသည့် အမှတ်တရကြောင့် ထိုအချိန်မှစ၍ သူ့အနေဖြင့် ဝက်သားနံ့ကိုပင် မခံနိုင်တော့ခြင်း ဖြစ်သည်။ ထိုစဉ်က သူ၏မိသားစုမှာ အမဲသား ၊ ဆိတ်သားကိုမဝယ်နိုင်ကြရာ ဝက်သားကိုသာ ဝယ်နိုင်ပြီး သူ၏မိဘများက ကျန်းမာရေးအတွက်စားရမည်ဟု လိမ်ညာခြောက်လှန့်ကာ ကျွေးခဲ့ကြသည်။ သို့သော်လည်း သူတို့ မည်သို့ပင် လိမ်ညာပြောဆိုစေကာမူ သူက လုံးဝမစားခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူ၏မုန်းတီးမှုမှာ ပိုမိုကြီးထွားလာခဲ့ပြီး အနံ့ရရုံမျှဖြင့်ပင် ပျို့အန်ချင်လာသည်အထိ ဖြစ်လာရသည်။

ရှေးဟောင်း အသားအရေ ထိန်းသိမ်းမှု နည်းလမ်းများတွင် ဝက်ဆီကို အခြေခံပစ္စည်းအဖြစ် (ရှေးခေတ် ဆပ်ပြာများကဲ့သို့) အသုံးပြုလေ့ရှိကြ၏။ ပိုင်မူနင် ဝမ်ကျင်းကို မော့ကြည့်လျက် မေးလိုက်သည်။
"ကျင်းကော... ကျွန်တော့်ရဲ့ စိတ်ရင်းကို မြင်ရဲ့လားဟင်"

ဝမ်ကျင်းမှာ နားမလည်ဟန်ဖြင့် စုပ်သပ်၍ မေးလိုက်၏။
"ကိုယ်လက်ဒဏ်ရာက ပြင်းထန်တယ်လို့ မင်းကို ဘယ်သူပြောတာလဲ"

"ဟောက်နန်ကောနဲ့ ယွိမြန်ကျဲတို့ နှစ်ယောက်လုံးက အဲဒီလိုပဲ ပြောကြတာပဲ... ကျွန်တော့်ကို လာမလိမ်ပါနဲ့တော့... စိတ်မပူပါနဲ့ ကျွန်တော် ခင်ဗျားကို တာဝန်ယူပါ့မယ်...  á€˜á€šá€şá€œá€­á€Żá€•ဲဖဟစ်ဖဟစ် ခင်ဗျားဒဏ်ရာရသွားတာက ကျွန်တော့်ကြောင့်ပဲဟာ" 
ပြောဆိုရင်းဖြင့်ပင် လက်တစ်ဖက်ကို လိမ်းကျံပေးပြီး၍ အခြားလက်တစ်ဖက်သို့ ကူးပြောင်းလိုက်ပြန်၏။ 
"ကျင်းကော... ခင်ဗျားနေကောင်းသွားတဲ့အထိ နေ့တိုင်း ကျွန်တော်လက်ကို နှိပ်ပေးမယ်နော်"

ဝမ်ကျင်းက တစ်စုံတစ်ခုကို ပြောရန်ဟန်ပြင်လိုက်သော်လည်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်မှ ဆိုလိုက်၏။ 
"အင်း သူတို့ပြောတာ အမှန်ပဲ... တကယ်ကို အခြေအနေက တော်တော်လေးဆိုးတာ"  

သူ၏ လေသံမှာ ရုတ်တရက်ပင် ခံစားချက်တို့စွန်းထင်းလျက် ထပ်ဖြည့်ပြောဆိုလာ၏။
"ကိုယ် ဘယ်တော့မှ အလုပ်ပြန်လုပ်နိုင်မလဲဆိုတာတောင် မသိတော့ဘူး" 

အနှီစကားကိုကြားလိုက်ရလျှင် ပိုင်မူနင်မှာ ပို၍ပင် စိတ်မကောင်းဖြစ်သွားရသည်။ 
"ကျင်းကော ကျွန်တော် တောင်းပန်ပါတယ်...  á€”္ဏက်ထပ်ခင်ဗဝဏးကို ဘယ်တော့မှ စိတ်ပူအောင်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်"  

သူက ဝမ်ကျင်း၏လက်ဖဝါးလေးကို အသာအယာ လေဖြင့်မှုတ်ပေးလျက် မေးမြန်းလိုက်လေသည်။
 "အခုထိ နာနေသေးလားဟင်" 

ဝမ်ကျင်း၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားရ၏။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် စကားတစ်ခွန်းကို ခက်ခဲစွာ ဖျစ်ညှစ်လျက် ပြောထုတ်လိုက်ရလေသည်။
"အင်း နာတယ်.."

ပိုင်မူနင်က အလေးအနက်ပင် ကတိပေးလိုက်၏။ 
"စိတ်မပူပါနဲ့ ကျင်းကော...  á€€á€ťá€˝á€”်တ္ဏ် ခင်ဗျားကို သေချာပေါက် ပျောက်အောင်ကုပေးပါ့မယ်"

ဝမ်ကျင်းက ပိုင်မူနင်၏မျက်လုံးများကို တိုက်ရိုက်မကြည့်ဘဲ အကြည့်လွှဲလိုက်ပြီး အနည်းငယ်အပြစ်ရှိရိပ်တို့ ရောယှက်နေသည့် လေသံဖြင့် "အင်း" ဟုသာ တုံ့ပြန်လိုက်လေသည်။

ပိုင်မူနင်က နှိပ်နယ်ပေးခြင်းကို ရပ်တန့်ရန်ဟန်ပြင်လိုက်လေလျှင် ဝမ်ကျင်းက သူ့ကိုသတိပေးလိုက်သည်။ 
"နည်းနည်း နာနေသေးလို့... နောက်ထပ် ခဏလောက် ထပ်ပြီး နှိပ်ပေးလို့ရလား" 

"ရတာပေါ့ ပြဿနာမရှိပါဘူး" 

ပြောရင်းဖြင့်ပင် ပိုင်မူနင်က သစ်လွင်သည့်အားအင်တို့ဖြင့် ဝမ်ကျင်း၏လက်ကို ပြန်လည် နှိပ်နယ်ပေးလိုက်၏။

ခဏအကြာတွင် ပိုင်မူနင်က မေးလိုက်ပြန်သည်။
“ကျင်းကော မနက်ဖြန် အားလားဟင်” 

မနက်ဖြန်မှာ ဝမ်ကျင်း၏ အလုပ်ပိတ်ရက်ဖြစ်သဖြင့် အနှီသူအားလပ်နေမည်မှာ သေချာသလောက်ရှိသော်လည်း ပိုင်မူနင်က လေးစားမှုပြသည့်အနေဖြင့် မေးမြန်းလိုက်ခြင်းပင်။

“အားတယ်လေ ဘာဖြစ်လို့လဲ”  
ဝမ်ကျင်းက ပြန်မေး၍လာသည်။

ပိုင်မူနင် သူနှင့်ချိန်းဆိုမှုတစ်ခု ပြုလုပ်လိုက်လေသည်။ 
“ကျင်းကော ကျွန်တော်နဲ့ ဒိတ်ပေးလို့ရလားဟင်”

ယခင်က သူတို့နှစ်ဦးအတူရှိခဲ့ချိန်တို့တွင် ပိုင်မူနင်မှာ တစ်ခုမဟုတ်တစ်ခု အမြဲအလုပ်ရှုပ်နေခဲ့ရာ ဝမ်ကျင်းနှင့်  á€á€…á€şá€€á€źá€­á€™á€şá€œá€ąá€¸á€™á€ťá€žá€•á€„á€ş အလေးအနက်မချိန်းတွေ့ခဲ့ဖူးပေ။ ဆိုရလျှင် ထိုစဉ်က သူ၏ရည်ရွယ်ချက်မှာ မရိုးသားခဲ့ခြင်းကြောင့်လည်းပါသည်။ သူ့အနေဖြင့် ဝမ်ကျင်း သူ့အား နှစ်သက်သဘောကျလာစေရန်သာ လိုလားခဲ့ပြီး ဝမ်ကျင်းနှင့်  á€žá€ąá€á€ťá€Źá€á€ťá€­á€”á€şá€¸á€á€˝á€ąá€ˇá€œá€­á€Żá€žá€Šá€ˇá€ş စိတ်ကူးမရှိခဲ့ပေ။ ဝမ်ကျင်းသူ့ကို အပြင်သွားရန် ခေါ်ဆိုသည့်အခါတိုင်းတွင်လည်း သူ့ဘက်မှ ဆင်ခြေအမျိုးမျိုးပေးကာ ငြင်းဆန်ခဲ့ဖူး၏။ ယခုအခါတွင်မူ သူ့အနေဖြင့် သာမန်ချစ်သူစုံတွဲများ လုပ်လေ့ရှိသည့်အရာတို့အား ပြုလုပ်ရန် ဤအခွင့်အရေးကို အသုံးချလိုခြင်းဖြစ်သည်။ အစစ်အမှန်ချိန်းတွေ့ခြင်း စစ်မှန်သည့်အချစ်ဇာတ်လမ်းမျိုးကို သူတောင့်တမိ၏။

ဝမ်ကျင်းက ချက်ချင်းသဘောတူမလာဘဲ အရေးမထားသည့်အလား ဆိုလာခဲ့သည်။ 
“အခြေအနေ ကြည့်ရဦးမယ်” 

ပိုင်မူနင်က ဝမ်ကျင်း၏ရှေ့သို့ တိုးသွားကာ မေးလိုက်လေသည်။
“ကျွန်တော့်ဘက်က တောင်းဆိုနေတာပဲလေ... ကောင်းပြီလို့ ပြောပေးလို့ မရဘူးလားဟင်” 

ဝမ်ကျင်းမှာ မတတ်နိုင်တော့သည့်ဟန်ဖြင့် သူ၏လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ပြောလိုက်သည်။ 
“မနက်ဖြန်နေ့လည်ပိုင်းတော့ ကိုယ့်မှာ လုပ်စရာလေးတွေ ရှိသေးတယ်... ညနေပိုင်းကျမှပဲ အားလိမ့်မယ်” 

“ဒါဆိုရင် ညနေပိုင်းမှာ ဒိတ်ကြမယ်လေ... ကျွန်တော် အစီအစဉ်ဆွဲလိုက်မယ်.... ခင်ဗျား အလုပ်ပြီးတာနဲ့ ကျွန်တော့်ကို ဆက်သွယ်လိုက်နော်” 

ပိုင်မူနင်က ဝမ်ကျင်းငြင်းဆန်လာမည်ကို ကြိုတင်ပိတ်ဆို့သည့်အနေဖြင့် အပြတ်ပြောလိုက်၏။ 
“ငြင်းလို့မရဘူးနော်... အတည်ဖြစ်သွားပြီ” 

ဝမ်ကျင်းက အသာအယာ ရယ်မောလိုက်ပြီးနောက် ပြော၍လာသည်။ 
“ကောင်းပါပြီ... မင်းသဘောအတိုင်းပဲ ဖြစ်စေပါ့ရမယ်” 

ထိုခံစားချက်မှာ ရင်းနှီး၍နေလေသည်။ သူတို့နှစ်ဦးအတူရှိခဲ့စဉ်ကလည်း ဝမ်ကျင်းက သူ့စကားကို အမြဲနားထောင်ပေးခဲ့ပြီး သူ၏ကလေးဆန်သော တောင်းဆိုမှုများကိုလည်း ဖြည့်ဆည်းပေးခဲ့ဖူး၏။ ပိုင်မူနင်တစ်ယောက် ဝမ်ကျင်းအား ပြန်လိုက်နေသည့် သူ၏ကြိုးပမ်းမှုမှာ အောင်မြင်မှုထံသို့ ခြေတစ်လှမ်း ပိုမိုနီးကပ်သွားသလို ခံစားလိုက်ရလေသည်။

“ကျွန်တော် ဆက်ပြီး နှိပ်ပေးရဦးမလားဟင်”

“မလိုတော့ပါဘူး…မင်း ဒီလက်လိမ်းခရင်မ်အတွက် သုံးခဲ့တဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ ပမာဏတွေကို ချရေးပေးပါဦး... ကိုယ်ကြည့်ချင်လို့” 

ပိုင်မူနင် ဘောပင်ကိုယူကာ သူ၏ဖော်မြူလာကို စတင်ရေးသားလေတော့သည်။ ရေးသားပြီးစီး၍ ဝမ်ကျင်းထံသို့ ကမ်းပေးလိုက်သည့်အခါ သူ့ကိုယ်သူ အိမ်စာအပ်နေသည့် ကျောင်းသားတစ်ဦးကဲ့သို့ပင် ခံစားလိုက်ရ၏။ 

သူ့အနေဖြင့် အလွန်တရာ စိတ်လှုပ်ရှားနေမိသဖြင့် ဘောပင်ကိုပင် တဂျောက်ဂျောက် နှိပ်နေမိတော့သည်။ ယခုသူခံစားနေရသော စိတ်လှုပ်ရှားမှုမှာ ကျောင်းတက်စဉ်ကာလများထက်ပင် ပိုမိုပြင်းထန်နေခဲ့၏။

“ဒီဆေးဖက်ဝင်အပင်ကို သုံးထားတဲ့ပုံစံက မှားနေတယ်.... ဘာကြောင့်လဲဆိုတာ မင်းသိလား”

ပိုင်မူနင်မှာ ဝမ်ကျင်း၏ မေးခွန်းထုတ်စစ်ဆေးမှုတို့ကို အလွန်ပင် ကြောက်ရွံ့မိလေ၏။ ဤအမျိုးသားမှာ မည်သည့်နေရာ မည်သည့်အချိန်၌မဆို ကြိုတင်အသိပေးခြင်းမရှိဘဲ “အမေးအဖြေကဏ္ဍ”ကို စတင်လေ့ရှိ၍ပင်။ သူ အဖြေမှားပေးမိပြီး ဝမ်ကျင်းအား စိတ်ပျက်သွားစေမည်ကို စိုးရိမ်နေမိ၏။ ထိုသို့ ထိတ်လန့်နေစဉ်အတွင်း  á€˜á€ąá€Źá€•င်မသဏ စားပွဲအောက်သို့ လွတ်ကျသွားသည်။ ပိုင်မူနင် အနေခက်စွာရယ်လိုက်ပြီးနောက် ဘောပင်ကို ကောက်ယူရန်အတွက် ငုံ့လိုက်လေတော့သည်။

သူ၏ကိုယ်တစ်ပိုင်း စားပွဲအောက်သို့ ရောက်သွားလျှင် ဝမ်ကျင်းက သူ၏ထိုင်ခုံကို အနည်းငယ် နောက်သို့ဆုတ်လိုက်ပြီး ပြောလိုက်၏။ 
“အလျင်မလိုပါနဲ့ အရင်ဆုံးထွက်လာခဲ့ပါဦး” 

အကယ်၍ အပြင်သို့ထွက်သွားလျှင် ထိုမေးခွန်းကို ဖြေရမည်ဖြစ်ရာ ပိုင်မူနင်မှာ ထိုမျှအထိ မိုက်မဲသူမဟုတ်ပေ။

ထိုအချိန်မှာပင် တံခါးပွင့်သွားပြီး ချန်ဟောက်နန်တစ်ယောက် အခန်းထဲသို့ အလျင်အမြန် ဝင်ရောက်လာခဲ့၏။ ယခုမူ ပိုင်မူနင်မှာ အပြင်သို့ ထွက်ရန် ပို၍ပင် ဝန်လေးသွားရတော့သည်။ 

အကယ်၍ သူသာ စားပွဲအောက်၌ရောက်ရှိနေစဉ် အမိခံလိုက်ရပါက သေချာပေါက် အထင်လွဲခံရမည်ဖြစ်ရာ သူ့အနေဖြင့် ထိုနေရာ၌ပင် ဆက်လက်ပုန်းအောင်းနေရန် ဆုံးဖြတ်လိုက်ပြီး အဖြေမှန်ကို ရှာဖွေရန်အတွက် သူ၏ဖုန်းကို ထုတ်ယူလိုက်လေသည်။

ဝမ်ကျင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“မင်း တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား” 

ထို့နောက် သူက သူ၏ထိုင်ခုံအား ရှေ့သို့ ပြန်လည်တိုးလိုက်ရာ ပိုင်မူနင်အား စားပွဲအောက်၌ ပိတ်မိသွားစေသည်။ ဤသည်မှာ ပိုင်မူနင်အား အေးအေးဆေးဆေး အဖြေရှာနိုင်ရန်အတွက် အခွင့်အရေးပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။ စားပွဲ၏ရှေ့တွင် ကာထားသော ပျဉ်ချပ်ကြောင့် ချန်ဟောက်နန်မှာ အခန်းထဲ၌ အခြားသူတစ်ဦး ရှိနေသည်ကို မမြင်တွေ့နိုင်ချေ။

ချန်ဟောက်နန်က စားပွဲကို မှီလျက် ဝမ်ကျင်းကို ကြည့်ကာ မေးလာသည်။ 
“လောင်ဝမ်... မင်းနဲ့ ရှောင်နင်တို့ ဘာတွေဖြစ်နေကြတာလဲ... မင်းတို့နှစ်ယောက် ဘယ်တော့မှ ပြန်အဆင်ပြေကြမှာလဲ” 

ဝမ်ကျင်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ပြန်လည်မေးမြန်းလိုက်လေသည်။
“မင်းက ဘာလို့ အသည်းအသန် ဖြစ်နေရတာလဲ” 

“ငါက အလျင်မလိုဘဲနေပါ့မလား... မင်းအတွက် ငါဘယ်လောက်တောင် လုပ်ပေးခဲ့ရလဲ... မင်းတို့နှစ်ယောက်သာ မြန်မြန်ပြန်မတည့်ရင် ငါတော့ အမောဆို့ပြီး သေတော့မှာပဲ... မင်းရဲ့ အချစ်ရေးကိုပါ ငါကလိုက်ပူပန်ပေးနေရဦးမှာလား... မင်း ငါ့ကို ထမင်းတစ်နပ်လောက်တော့ ကျွေးဖို့ မမေ့နဲ့... ငါသာ မင်းကို ကူညီပြီး သူ့ရဲ့ WeChat ကို ဖျက်လိုက်တာတို့ လီအန်းချီနဲ့ ပေါင်းပြီး လုပ်ပေးတာတို့သာမရှိရင် မင်းရဲ့ အသည်းကျော်လေးက သူ့စိတ်ကိုသူ ဒီလောက်မြန်မြန်သိပါ့မလား... သူ့ဘက်က မင်းကို သနားလာအောင်ဆိုပြီး မင်းရဲ့လက်က ပျက်စီးသွားပြီလို့ နေရာအနှံ့ ငါကပဲ သတင်းလွှင့်ပေးခဲ့ရတာ... ဒါတွေက ငါ့အတွက် လွယ်တယ်မှတ်နေလား... ငါ့ခြေထောက်ကို ငါ ခဲနဲ့ပြန်ပစ်မိသလိုပဲကွ... မင်းက ‘ဒဏ်ရာရ’ ပြနေပေမဲ့ တကယ်တမ်း ဒုက္ခရောက်နေတာက ငါပဲ... ပြောစမ်းပါဦး မင်း ဘယ်တော့မှ လူနာပြန်ကြည့်မှာလဲ... ငါတော့ အလုပ်တွေရှုပ်လို့ သေတော့မယ်...”

ချန်ဟောက်နန်က စုတ်သပ်လျက် ဆက်ပြောလိုက်လေသည်။
“လောင်ဝမ် တစ်ခုခု ပြောဦးလေ... မင်းက ဘာလို့ ငါ့ကို မျက်စိလိုက်မှိတ်ပြနေတာလဲ... မင်းမျက်လုံးတွေက ဘာများဖြစ်နေလို့လဲ” 

ချန်ဟောက်နန် ထွက်သွားပြီးနောက်တွင် ဝမ်ကျင်းက ပိုင်မူနင်ထွက်လာနိုင်ရန်အတွက် သူ၏ထိုင်ခုံကို ဖယ်ပေးလိုက်၏။

ပိုင်မူနင်က စားပွဲအောက်မှ ဖြည်းညှင်းစွာ တွားသွား၍ ထွက်လာပြီးနောက် မတ်တတ်ရပ်ကာ ဝမ်ကျင်းကို စိုက်ကြည့်လိုက်လေသည်။ သူက ဝမ်ကျင်း၏ အစောပိုင်းကလေသံကို အတုခိုးလျက် ထေ့ငေါ့လိုက်လေသည်။ 

“'အခြေအနေက တော်တော်လေး ဆိုးတာ.... ကိုယ် ဘယ်တော့မှ အလုပ်ပြန်လုပ်နိုင်မလဲဆိုတာတောင် မသိတော့ဘူး' တဲ့...အဲဒီစကားတွေကို ကျွန်တော် အသေအချာ မှတ်မိနေတယ်နော်...” 

ဝမ်ကျင်းမှာ ဒဏ်ရာရရှိထားခြင်း လုံးဝမရှိဘဲ သနားစရာကောင်းအောင် ဟန်ဆောင်ကာ ကြင်နာမှုကို ရယူခဲ့ခြင်းသာ။ အနှီသူမှာ တကယ်ကို “လူဆိုး”တစ်ယောက် ဖြစ်လာနေပြီပင်။ 

သို့သော်လည်း ဝမ်ကျင်းမှာ အပြစ်ရှိသူတစ်ဦး ဖြစ်သင့်သည်ထက် ပို၍ပင် တည်ငြိမ်နေ၏။ သူက ပိုင်မူနင်၏ စူးစမ်းလိုသော မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်လျက် ဝန်ခံလိုက်လေသည်။
“အင်း... ကိုယ် အဲလိုပြောခဲ့တာပဲ” 

ဝမ်ကျင်း၏ ပွင့်လင်းလှသော ဝန်ခံမှုကြောင့် ပိုင်မူနင်မှာ အံ့အားသင့်သွားရ၏။ သူ တွေးလိုက်မိသည်။
ငါက သူ့ကို စစ်မေးရမှာ မဟုတ်ဘူးလား... အခုတော့ ငါ့မှာဘာမှပြောစရာ မရှိတော့ဘူး...

“ကောင်းပြီလေ... ခင်ဗျားက ကျွန်တော့်ကို ကစားနေတာပေါ့” 

ပိုင်မူနင်ကား စိတ်ဆိုးချင်ယောင်ဆောင်လျက် ဆိုလိုက်လေသည်။
“ကျွန်တော် ခင်ဗျားနဲ့ စကားမပြောတော့ဘူး” 

သူက လက်ပိုက်လျက် ဘေးတစ်စောင်းရပ်နေသော်လည်း ခဏအကြာတွင်မူ ကိုယ်ကိုကိုင်းညွတ်ကာ ဝမ်ကျင်း၏ပေါင်ထက်သို့ ပစ်လှဲချလိုက်လေသည်။

ဝမ်ကျင်းက ကျိုးကြောင်းသင့်လှသော လေသံဖြင့် ပြန်၍ပြောလာပါ၏။ 
“မင်းက ကိုယ့်ကို ဂရုစိုက်ပြီးကြင်နာပေးနေတာလေ... အဲဒါကို ငြင်းပယ်ပြီး မင်းကို ကိုယ်က ဘယ်လိုလုပ် အရှက်ရအောင်လုပ်နိုင်မှာလဲ” 

ပိုင်မူနင် : “...?” 
ဒီလူက ဘယ်လိုဖြစ်လို့ စကားနိုင်လုတာကို ဒီလောက်တောင် ကျွမ်းကျင်နေရတာလဲ...

ပိုင်မူနင်က ဝမ်ကျင်း၏ လည်ပင်းကိုဖက်တွယ်ထားလျက် သူ၏ပေါင်ပေါ်၌ ဘေးတစောင်း ထိုင်လိုက်ပြီးနောက် မေးလိုက်သည်။ 
“ဒါဆိုရင် ခင်ဗျားလက်က တကယ်ကို ဘာမှမဖြစ်တော့ဘူးပေါ့လေ” 

“ဘာမှမဖြစ်တော့ဘူး”

“ဘာလုပ်လုပ်ရော အဆင်ပြေရဲ့လား” 

ပိုင်မူနင်မှာ စိုးရိမ်စိတ်မကုန်သေးဘဲ ထပ်မံမေးမြန်းလေသည်။
“မင်းက ကိုယ့်ကို နောက်ထပ်ဘာတွေလုပ်ပေးစေချင်လို့လဲ”

ပိုင်မူနင်မှာ ထိုလက်များက သူ့အပေါ် ယခင်က ပြုမူခဲ့သည်တို့ကို အမှတ်မထင် တွေးတောမိသွားပြီးနောက် ပါးပြင်နှစ်ဖက်မှာ ပန်းနုရောင် သန်းလာရ၏။ ထိုလက်ချောင်း တစ်ချောင်းချင်းစီတိုင်းမှာ သူ့အတွက် “အခက်အခဲ” များစွာ ဖြစ်ပေါ်စေခဲ့ဖူးပေသည်။ ဝမ်ကျင်းက အနှီလက်များကို အသုံးပြုရာ၌ အလွန်ပင် ကျွမ်းကျင်လွန်းလှသည်။

ပိုင်မူနင်က အပြစ်ရှိသည့်လေသံဖြင့် ဆိုလိုက်သည်။ 
“ကျွန်တော်က ဘာလုပ်စေချင်ရမှာလဲ... စိတ်ပူလို့ မေးတာပေါ့... လက်က အဆင်ပြေနေတယ်ဆိုရင် ဘာလို့ လူနာပြန်မကြည့်တာလဲဟင်” 

ချန်ဟောက်နန်၏ ပြောစကားအရ ဒဏ်ရာရသည်မှာ ကောလာဟလသာဖြစ်နေရာ ဝမ်ကျင်းအနေဖြင့် အဘယ်ကြောင့် အလုပ်မလုပ်ဘဲ နေနေသည်ကို သူနားမလည်နိုင်ဖြစ်နေခြင်းပင်။

ဝမ်ကျင်းက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စကားသုံးခွန်းကိုသာ ဆိုလိုက်၏။ 
“လက်က ကြည့်ရဆိုးလို့”

ပိုင်မူနင် ထိုစကားကို ကြားလျှင် အသံထွက်ကာ ရယ်မောလိုက်မိသည်။ 
“ဒေါက်တာဝမ်က ဒီလောက်တောင် အသွင်အပြင်ကို ဂရုစိုက်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး” 

သူက ရယ်မောနေရင်းမှပင် မျက်ရည်များ ဝဲတက်လာပြီး ဝမ်ကျင်းအား တင်းကြပ်စွာ ဖက်ထားလိုက်၏။ 
“ခင်ဗျားလက် ဘာမှမဖြစ်တာ တကယ်ကို ကံကောင်းတာပဲ... တကယ်လို့ ကျွန်တော့်ကြောင့်သာ ခင်ဗျား ဆရာဝန်ဆက်လုပ်လို့မရတော့ဘူးဆိုရင် ကျွန်တော့်ကိုယ်ကျွန်တော် သေတဲ့အထိ မုန်းနေမိမှာ”

လွန်ခဲ့သောရက်အနည်းငယ်အတွင်း၌ ပိုင်မူနင်မှာ ဝမ်ကျင်း၏ လက်ဒဏ်ရာအတွက် စိတ်ပူလွန်းလှသဖြင့် အစားလည်းမစားနိုင်သလို အိပ်လည်းမပျော်ပေ။ ထိုဒဏ်ရာမှာ ဘယ်သောအခါမှ ပျောက်ကင်းတော့မည်မဟုတ်ဟု ထင်မှတ်လျက် သူ အလွန်အမင်းထိတ်လန့်နေခဲ့ခြင်းပင်။ ဝမ်ကျင်းမှာ တရုတ်တိုင်းရင်းဆေးဆရာဝန်တစ်ဦး ဖြစ်ရခြင်းကို အမှန်တကယ် မြတ်နိုးသူဖြစ်ကြောင်း သူသိရှိထားသည်။ အကယ်၍ ဝမ်ကျင်းသာ ထိုအလုပ်ကို ဆက်လက်မလုပ်ကိုင်နိုင်ပါက အလွန်စိတ်ဆင်းရဲရမည်မှာ အသေအချာပင်။ ယခုလည်း လူနာမရှိသည့်တိုင် ဝမ်ကျင်းတစ်ယောက်မှာ သူ၏ရုံးခန်းအတွင်း၌ လာရောက်ထိုင်နေဆဲဖြစ်သည်။ 

ဝမ်ကျင်းက ပိုင်မူနင်၏ ကျောပြင်ကို အသာအယာ ပုတ်ပေးလျက် ချော့မော့လာသည်။ 
“ တောင်းပန်ပါတယ်...  á€€á€­á€Żá€šá€şá€€á€á€­á€•္းတယ် မင်းကို နောက်ထပ်စိတ်မပူစေရတော့ဘူး ... ကိုယ့်လက်က ဘာမှမဖြစ်တော့ဘူးဆိုတော့ မင်း ပေးမယ့် လက်နှိပ်ပေးတဲ့ဝန်ဆောင်မှုက ပျက်သွားပြီလား” 

အစောပိုင်းက ပိုင်မူနင် ဝမ်ကျင်းအတွက် တာဝန်ယူမည်ဟု ကတိပေးလိုက်ရာ ထိုကတိမှာ ယခုထိ အကျုံးဝင်မဝင်ကို ဝမ်ကျင်းက သိလိုခြင်းသာ။

ပိုင်မူနင်မှာ ငိုတစ်ဝက် ရယ်တစ်ဝက်ဖြင့် ဆိုလိုက်၏။ 
“သေချာပေါက် ဆက်ရှိနေမှာပေါ့... ခင်ဗျားလက်တွေကို ‘နို့နှစ်ရောင် အသားအရေ’ ဖြစ်လာပြီး နူးညံ့ချောမွေ့သွားတဲ့အထိ ကျွန်တော် လုပ်ပေးမယ်လို့ ပြောထားတယ်လေ... ဒါပေမဲ့ ကျွန်တော့်မှာ အခြေအနေ တစ်ခုတော့ ရှိတယ်” 

“ဘာလဲ”  
ဝမ်ကျင်းက မေးလိုက်သည်။

ပိုင်မူနင် သူ၏ မျက်ရည်များကို သုတ်လိုက်ပြီးနောက် တောင်းဆိုလိုက်လေတော့သည်။
“ကျွန်တော့်ကို နမ်း” 

“မင်းကတော့ အခြေအနေကို တကယ် အခွင့်ကောင်းယူတတ်တာပဲ ... မင်းက အခုထိ ‘စမ်းသပ်ကာလ’ အတွင်းမှာပဲ ရှိနေသေးတယ်ဆိုတာကိုတော့ မမေ့နဲ့ဦး”  
ဝမ်ကျင်းက သတိပေးလိုက်၏။

“ကျွန်တော် ခင်ဗျားကို လိုက်နေတဲ့အချိန်မှာတောင် နမ်းလို့မရဘူးလားဟင်” 

ပိုင်မူနင် ဝမ်ကျင်း၏အနားသို့ တိုးကပ်သွားကာ ပါးကိုအသာအယာ နမ်းလိုက်ပြီးနောက် ဆိုလိုက်သည်။ 
“ကျွန်တော် ခင်ဗျားကိုလိုက်နေတဲ့ဟာ နမ်းလို့မရဘူးလား” 

“အဲဒီလိုလား”

“ဒါပေါ့ ကျွန်တော် ပြောချင်တာက...”

ပိုင်မူနင်၏စကားလုံးတို့ မဆုံးမီမှာပင် ဝမ်ကျင်းက သူ၏ကုတ်ပိုးကိုဆွဲယူလိုက်ပြီး အဆောတလျင်နမ်းရှိုက်လိုက်ရာ ကျန်ရှိနေသော စကားလုံးများမှာ ဝမ်ကျင်း၏အနမ်းတို့ကြား နစ်ဝင်ပျောက်ကွယ်သွားရ၏။


💊💊💊💊 Chapter 70


သူတို့နှစ်ဦး လမ်းခွဲခဲ့ကြသည်မှာ တစ်လခွဲခန့် ရှိခဲ့ပြီဖြစ်၏။ ထိုအချိန်ကာလမှာ အလွန်အမင်း ရှည်လျားလှသည်မဟုတ်သော်လည်း တိုတောင်းလှသည်ဟုလည်း မဆိုနိုင်ပေ။ ပုံမှန်အားဖြင့် ပိုင်မူနင် ထိုအကြောင်းကို များစွာတွေးတောလေ့မရှိသော်လည်း ယခုလက်ရှိခံစားနေရသော နက်ရှိုင်းလှသည့်အနမ်းများက ဝမ်ကျင်းကို သူမည်မျှလွမ်းဆွတ်နေခဲ့သည်ကို သတိပြုမိသွားစေ၏။

ဝမ်ကျင်း၏ အနမ်းများမှာ နူးညံ့သည်ဖြစ်စေ၊ ကြမ်းတမ်းသည်ဖြစ်စေ သို့မဟုတ် တောင့်တမှု ပြင်းပြသည်ဖြစ်စေ သူ ထိုအနံ့အသက်နှင့် အထိအတွေ့တို့ကို သဘောကျမြတ်နိုးမိလေသည်။ သူ့အနေဖြင့် ထိုသို့သော ခံစားချက်ဖြင့်သာရှင်သန်လိုပြီး တစ်ခဏမျှပင် မခွဲခွာနိုင်တော့သကဲ့သို့ ခံစားနေရ၏။

ဝမ်ကျင်း၏ ကျွမ်းကျင်လှသော လျှာဖျားတို့က သူ၏ နှုတ်ခမ်းလွှာများကို ထိတွေ့လာသည့်အခါ ပိုင်မူနင်မှာ ဆက်လက် မတောင့်ခံနိုင်တော့ဘဲ အသက်ရှူသံတို့ကအားနည်းကာ မိန်းမောသွားရတော့သည်။ သူ၏ ဦးနှောက်မှာ ဗလာဖြစ်သွားပြီးနောက် ဝမ်ကျင်း၏လက်တို့ကလည်း သူ့အား ကုတ်ပိုးထက်မှ ဖိကိုင်ထားကာ ရုန်းကန်ခွင့်မပေးပေ။ လက်တို့ဖြင့် ဝမ်ကျင်း၏ ရင်ဘတ်ကို တွန်းဖယ်ရန်လိုသော်ငြား အနှီတွန်းထုတ်လိုသည့် စိတ်ကူးမှာ လက်တွေ့တွင်မူ အကောင်အထည် မဖော်ဖြစ်ခဲ့ပေ။

ဝမ်ကျင်းက ပိုင်မူနင် သူ့ကိုတွန်းဖယ်သည်အား  á€™á€Żá€”်းတဎးကဟ္ဏင်း တစ်ကြိမ်ထက်မက ပြောခဲ့ဖူးသဖြင့် ဝမ်ကျင်းကို မတွန်းဖယ်လိုခြင်းပင်။

ပိုင်မူနင်၏ လှုပ်ရှားမှုသေးသေးလေးကို သတိပြုမိသွားသော ဝမ်ကျင်းမှာ သူ၏ အောက်နှုတ်ခမ်းကို အသာအယာ ကိုက်ခဲလိုက်ရင်းဖြင့် မေးလိုက်သည်။ 
"ဘာလို့ မတွန်းထုတ်တာလဲ" 

ပိုင်မူနင် သူ၏အောက်နှုတ်ခမ်းအား ပြန်ရုပ်သိမ်းလိုက်ပြီး အကိုက်ခံလိုက်ရသော နေရာလေးကို အသာအယာတို့ထိလျက် အသံထွက်ရုံ ပြန်လည်မေးမြန်းလိုက်သည်။

"ခင်ဗျားက မကြိုက်ဘူးမလား… ခင်ဗျားက အဲဒါကို မုန်းတယ်ဆိုမှတော့ ကျွန်တော် မလုပ်တော့ဘူးလေ... အခု ကျွန်တော်က အမှတ်ကောင်းရအောင် ကြိုးစားနေတာ... စမ်းသပ်ကာလကို အမြန်ကျော်ဖြတ်နိုင်ဖို့ပေါ့"

ဝမ်ကျင်း၏ နက်ရှိုင်းလှသောမျက်ဝန်းတို့က သူ့အား စိုက်ကြည့်နေသဖြင့် ပိုင်မူနင်မှာ ဝမ်ကျင်း၏ရင်ခွင်ထဲသို့ ပခုံးလေးတွန့်ကာ ရှောင်လိုက်မိလေသည်။
"ဘာဖြစ်လို့လဲ... ကျွန်တော်ပြောတာ တစ်ခုခု မှားသွားလို့လား"

ဝမ်ကျင်းက ခေါင်းခါယမ်းလျက် ပြုံးကာပြောလာသည်။
"မမှားပါဘူး... ကိုယ့်ရဲ့ ရှောင်နင်လေးက တကယ်ကို အရွယ်ရောက်လာပြီပဲ" 

ပိုင်မူနင် ဝမ်ကျင်း၏ ရင်ခွင်ထဲမှ ဆင်းလိုက်ပြီး သူ၏ အဝတ်အစားများကို ပြန်လည်ပြင်ဆင်လျက် ဝေးရာတွင်ရပ်လိုက်၏။
"ဒါဆိုရင် အခု ကျွန်တော်ခင်ဗျားလူဖြစ်သွားပြီလား... ခင်ဗျားကိုလိုက်နေတာ အောင်မြင်ပြီလို့ ပြောလို့ရလား"

"ကျင်းကော... ကျွန်တော်နဲ့အတူ ရှိပေးနိုင်မလားဟင်"

“မင်းကို ဒီလောက်လွယ်လွယ်နဲ့ ကိုယ်ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ... ဆက်ပြီးတော့ ကြိုးစားပြဦး...”

ပိုင်မူနင်က မကျေမနပ်ဖြင့် ပြန်လည်မေးခွန်းထုတ်လေသည်။ 
“ဒါဆိုရင် ဘာဖြစ်လို့ ကျွန်တော့်ကို နမ်းသေးလဲ...”

ဝမ်ကျင်းက အလွန်လေးနက်သော မျက်နှာထားဖြင့်ဆို၏။ 
“တောင်းပန်ပါတယ်... ကိုယ်မထိန်းနိုင်ဖြစ်သွားတာ” 

ထိုစကားကို ကြားလိုက်ရသည့်အခါ ပိုင်မူနင်မှာ ဝမ်းသာသွားရသည်။ သူက ဝမ်ကျင်း၏ ရင်ဘတ်ကို လက်ချောင်းလေးဖြင့် ထိုးဆွကာ ရယ်မောလျက် ဆက်လက်ကျီစယ်လိုက်၏။ 

“အိုး အမြဲ ဖြောင့်မတ်တည်ကြည်နေတတ်တဲ့ ဒေါက်တာဝမ်တောင်မှ သူ့ကိုယ်သူ မထိန်းနိုင်တဲ့ အချိန်တွေ ရှိတာပါပဲလား... တကယ့်ကို ရှားရှားပါးပါးပဲ”

သူ့လက်ချောင်းလေးမှာ ဖမ်းဆုပ်ခံလိုက်ရပြီး ဝမ်ကျင်းက အားဖြင့်ဆွဲငင်လိုက်လေလျှင် ပိုင်မူနင်တစ်ယောက် ဝမ်ကျင်းရင်ခွင်ထဲသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားရပြန်သည်။ ဝမ်ကျင်းက ပိုင်မူနင်၏ ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျက် သူ၏ နားနားသို့ ကပ်ကာ သတိပေးသည့်အလား ခက်တိုးတိုးဆိုလိုက်၏။ 

“ပိုင်မူနင်... မင်းသာ ကိုယ့်ကိုထပ်ပြီးစနောက်ရဲဦးမယ်ဆိုရင် မင်းကို ကိုယ့်ခုတင်ပေါ်မှာ ကြိုးနဲ့တုတ်ပြီး သေချင်လာတဲ့အထိ ကစားပစ်မှာနော်...”

ပိုင်မူနင် တစ်ကိုယ်လုံး တောင့်တင်းသွားရ၏။ ဝမ်ကျင်းမှာ ဤမျှရှက်စရာကောင်းသော စကားမျိုးကို ပြောလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။ သူ အချိန်အတော်ကြာအောင် စကားများထစ်ငေါ့နေရပြီး နောက်ဆုံးတွင် "လူယုတ်မာ" ဟူသော စကားတစ်ခွန်းကိုသာ ပစ်ပေါက်လိုက်နိုင်၏။ ထို့နောက် တံခါးကိုတွန်းဖွင့်ကာ အပြင်သို့ အလျင်အမြန်ထွက်သွားတော့သည်။

-------

နောက်တစ်နေ့ ညနေ ၆ နာရီအချိန်တွင် ပိုင်မူနင်က ဝမ်ကျင်းနှင့် ရုပ်ရှင်ရုံ၌ တွေ့ဆုံရန် ချိန်းဆိုထားလိုက်၏။ သူတို့နှစ်ဦး ပထမဆုံးအကြိမ် ရုပ်ရှင်ကြည့်ခဲ့စဉ်က ဟော့ပေါ့စားရင်း ရုပ်ရှင်ကြည့်၍ရသော ရုပ်ရှင်ရုံတစ်ခု၌ဖြစ်သည်။ ထိုစဉ်က မည်သည့်ရုပ်ရှင်ပြသခဲ့သည်ကိုပင် သူ မမှတ်မိတော့ချေ။ ဟော့ပေါ့မှာ အလွန်အရသာရှိခဲ့သည်ကိုသာ မှတ်မိနေ၏။ ထို့ကြောင့် ယခုတစ်ကြိမ်တွင်မူ ရုပ်ရှင်ကိုသာ ငြိမ်သက်စွာ အာရုံစိုက်ကြည့်ရှုနိုင်မည့် ရုပ်ရှင်ရုံတစ်ခုကို သူ သေချာရွေးချယ်ခြင်းဖြစ်သည်။

ရုပ်ရှင်မှာ အသစ်ထွက်ရှိထားသည့် အချစ်ဇာတ်လမ်းတစ်ပုဒ်ပင်။ သူ အင်တာနက်ပေါ်တွင် ထိုဇာတ်ကား၏ ဗီဒီယိုအတိုအထွာအချို့ကို ကြည့်ရှုခဲ့ဖူးရာ ဝေဖန်မှုများမှာမူ သာမန်မျှသာ။ သို့သော်လည်း အဘက်ဘက်မှ တွေးတောသုံးသပ်ပြီးနောက် ပိုင်မူနင် ဤသာမန်ရုပ်ရှင်ကိုသာ ရွေးချယ်လိုက်လေသည်။ သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။ ဝမ်ကျင်းနှင့် ချိန်းတွေ့နေခြင်းဖြစ်ရာ ကာတွန်းကား သွားကြည့်၍လည်း မဖြစ်ပေ။ အကြမ်းဖက်ရုပ်ရှင်တို့မှာလည်း ချိန်းတွေ့ရာတွင် လိုက်ဖက်မှု မရှိလှချေ။ ချစ်သူနှစ်ဦးအတူ ရုပ်ရှင်ကြည့်ကြရာတွင်  á€žá€ąá€á€ťá€Źá€•္ဍက် အချစ်ဇာတ်လမ်းကိုသာ ကြည့်သင့်သည်ဟု သူယူဆထား၏။

ယခုတစ်ကြိမ်တွင်မူ ပိုင်မူနင်က ပြောင်းဖူးပေါက်ပေါက်ပင် မဝယ်ခဲ့ဘဲ သစ်သီးဖျော်ရည်နှစ်ခွက်သာ ဝယ်ယူထားခဲ့သည်။ ဝမ်ကျင်း ရောက်လာသည့်အခါ ပိုင်မူနင်က ဖျော်ရည်ခွက်ကို ကမ်းပေးလိုက်ရင်း စကားစမြည် ပြောဆိုလိုက်၏။
"နေ့လည်က ဘာတွေအလုပ်ရှုပ်နေတာလဲဟင်"

သူတို့ ချိန်းတွေ့ရန် သဘောတူခဲ့ကြသော်လည်း ညနေပိုင်းအချိန်လေးသာရရှိခြင်းမှာ သူ၏ "စွမ်းဆောင်ရည်"ကို ပြသရန်အတွက် အနှောင့်အယှက်ဖြစ်သလို ပိုင်မူနင် ခံစားနေရသည်။ ရုပ်ရှင်မှာ ည ၈ နာရီကျော်မှ ပြီးဆုံးမည်ဖြစ်ရာ တစ်ခုခုစားသောက်ပြီးပါက အိမ်ပြန်ရမည့် အချိန်သို့ ရောက်ရှိသွားပေလိမ့်မည်။ အချိန်မှာ မလုံလောက်လှပေ။ သူ့အနေဖြင့် ဝမ်ကျင်းနှင့်အတူ နောက်ထပ်အခြားအရာများစွာကို လုပ်လိုသေးသည်။

ဝမ်ကျင်းက ဖျော်ရည်ခွက်ကို လှမ်းယူရင်းပြောလိုက်သည်။ 
"မတ်လရောက်တော့မယ်လေ... ဒါကြောင့် မဒမ်ဖေးနဲ့ကိုယ် စွန်းကျင်းကို နိုင်ငံခြားကျောင်းသွားတက်ဖို့ ကိစ္စတွေစီစဉ်ပေးမလို့ လေ့လာနေတာ"

ဝမ်ကျင်းတွင် ညီမတစ်ဦးရှိကြောင်း ပိုင်မူနင်အမြဲကြားဖူးနေကျဖြစ်သော်လည်း  á€žá€°á€™á€€á€­á€Ż အရပ်ဘက်ရေးရာ စီမံခန့်ခွဲရေးရုံးတွင်သာ တစ်ကြိမ်မျှ မြင်ဖူးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က စွန်းကျင်းမှာ အလွန်ပင် ပုန်ကန်လိုစိတ် ပြင်းထန်နေချိန်ဖြစ်၏။

အသက်၁၈နှစ် ပြည့်ပြီးရုံသာရှိသေးသော သူမက ကောင်လေးတစ်ယောက်ကို အတင်းဆွဲခေါ်ကာ လက်ထပ်စာချုပ်လာလုပ်စဉ် ဝမ်ကျင်းနှင့်တိုးသဖြင့် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်ကပင် စွန်းကျင်းတစ်ယောက် ပိုင်မူနင်ကို ဝင်တိုက်မိသဖြင့် ပိုင်မူနင်က ဝမ်ကျင်းနှင့် ပတ်သက်ခွင့်ရရန် "လျော်ကြေးတောင်းသည့်"နည်းလမ်းကို အသုံးချကာ အခွင့်အရေးယူခဲ့ခြင်းဖြစ်ပေသည်။

"ခင်ဗျားညီမက သွားချင်လို့လား"
ပိုင်မူနင်မှာ စွန်းကျင်းအကြောင်း အနည်းငယ် သိထား၏။ သူမကို ဝမ်ကျင်းက ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်။ ဖေးရှူးချန်တို့မှာ အလုပ်များနေလေ့ရှိရာ ဝမ်ကျင်းမှာ စွန်းကျင်းအတွက် "ဖခင်တစ်ပိုင်း" ကဲ့သို့ပင်ဖြစ်ခဲ့၏။ ငယ်စဉ်ကတည်းက ဂရုစိုက်လာခဲ့ရသဖြင့် ဝမ်ကျင်းမှာ သူမအပေါ် အလွန်ပင်စည်းကမ်းကြီးလှ၏။ ယခုအခါ သူမမှာ အရွယ်ရောက်လာပြီး ပုန်ကန်လိုစိတ်ရှိလာကာ အထက်တန်းအောင်ပြီးနောက် ပညာဆက်မသင်လိုဘဲ အိမ်ပေါ်မှဆင်းမည်ဟုသာ ပြောဆိုနေသဖြင့် ဝမ်ကျင်း ခေါင်းခဲနေရသည်မှာလည်း ကြာပြီဖြစ်သည်။ ဤအကြောင်းအားလုံးကို ဖေးရှူးချန်က သူ့အား ပြောပြဖူးသဖြင့် ဝမ်ကျင်းအတွက်လည်း မလွယ်ကူလှကြောင်း ပိုင်မူနင် ခံစားမိလေသည်။

ဝမ်ကျင်းကဆိုသည်။ 
"သူက နိုင်ငံခြားမှာ ဂီတပညာသွားသင်ချင်တာ ကြာပြီ...ဒါပေမဲ့ သူက ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်နိုင်သေးဘူးလို့ ကိုယ်ခံစားရတာမို့ သဘောမတူခဲ့ဘူး... အဲဒါကြောင့်ပဲ သူက ကိုယ့်ကို ရွဲ့ပြီး လက်ထပ်စာချုပ်သွားလုပ်ဖို့ လူရှာခဲ့တာပေါ့... အခုတော့ ကိုယ်စိတ်ကူးပြောင်းသွားပြီ... လူတစ်ယောက်ကို အတင်းအကြပ် ချုပ်ကိုင်ထားလေလေ အဲဒီလူက ပိုပြီးရုန်းထွက်ချင်လေလေပဲ... ကျိုးချောင်က ဒါကို နားမလည်ခဲ့ပေမဲ့ အခုတော့ ကိုယ်နားလည်သွားပြီ" 

ဝမ်ကျင်းက ထိုသို့ပြောနေစဉ်တွင် ပိုင်မူနင်ကိုသာ စိုက်ကြည့်နေခဲ့ရာ ၎င်းမှာပိုင်မူနင်ကို ရည်ရွယ်၍ပြောနေသကဲ့သို့ပင်။ ယခင်က သူတို့နှစ်ဦးလမ်းခွဲခဲ့စဉ်က ဝမ်ကျင်း၏ အတင်းအကျပ်ဖိအားပေးမှုကြောင့် ပိုင်မူနင် စိတ်ဆိုးမာန်ဆိုးဖြင့် စကားတစ်ခွန်း ပြောခဲ့ဖူးလေသည်။ ယင်းမှာ "ခင်ဗျားက ကျိုးချောင်နဲ့ ဘာကွာလို့လဲ" ဟူ၍ပင်။

ဝမ်ကျင်းက ကျိုးချောင်အကြောင်းကို တစ်ဖန် ပြန်လည်ပြောဆိုလာသည်ကို ကြားရသောအခါ ပိုင်မူနင်မှာ ထိုစကားတစ်ခွန်းကို ဝမ်ကျင်း မည်မျှအထိ စိတ်ထဲတွင်တေးမှတ်ထားသည်ကို သတိပြုမိသွားတော့သည်။ ကျိုးချောင်မှာ ကျန်းချင်းချီအပေါ်စွဲလန်းပြီး ပိုင်ဆိုင်လိုစိတ်ကြီးပုံက ကြောက်စရာကောင်းလွန်း၏။ ထို့‌ကြောင့်ပင် ကျန်းချင်းချီက သူ့ထံမှ မည်သို့သောနည်းလမ်းဖြင့်မဆို ထွက်ပြေးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ အကယ်၍သာ ကျိုးချောင်ဘက်မှ စောစောစီးစီး လက်လွှတ်ပေးခဲ့ပါက ကျန်းချင်းချီကို ဆုံးရှုံးရမည်မဟုတ်သလို သူ၏အသက်ကိုပါ ပေးဆပ်ရမည်လည်းမဟုတ်ပေ။

လူဆိုသည်မှာ မည်သည့်အရာ၌မဆို အစွန်းရောက်လွန်း၍မရပေ။ မည်သည့်ကိစ္စမဆို လုပ်ဆောင်ရာ၌  á€•á€źá€”á€şá€†á€Żá€á€şá€”á€­á€Żá€„á€şá€™á€Šá€ˇá€şá€œá€™á€şá€¸á€€á€­á€Ż ချန်ထားရမည်ဖြစ်ပြီး အတွေးတစ်ခုတည်း၌ ပိတ်မိမနေသင့်ပေ။ ကံကောင်းထောက်မစွာဖြင့် ဝမ်ကျင်းက ၎င်းကိုနားလည်သွားခဲ့သလို သူကိုယ်တိုင်လည်း နားလည်ခဲ့ပြီဖြစ်၏။ ပိုင်မူနင် ဝမ်ကျင်း၏လက်ကိုဆွဲ၍ အတွင်းဘက်သို့ လျှောက်လာစဉ် သူ၏ဖျော်ရည်ကို တစ်ငုံသောက်လိုက်ရင်း ပြောလိုက်၏။

"ခင်ဗျားက ကျိုးချောင်နဲ့ လုံးဝမတူပါဘူး... ပြီးတော့ ကျွန်တော်ကလည်း ကျန်းချင်းချီ မဟုတ်ဘူး... ကျွန်တော်ခင်ဗျားကို နောက်တစ်ခါ ထပ်ပြီး ထားမသွားတော့ဘူး"

ပိုင်မူနင်မှာ ရုပ်ရှင်ရွေးချယ်ရာတွင် တကယ့်ကို အမှားကြီးမှားခဲ့လေသည်။ ဇာတ်ကားတစ်ကားလုံးကို ကြည့်ပြီးနောက် သူ့အနေဖြင့် ဒေါသထွက်လွန်း၍ ဆဲရေးတိုင်းထွာချင်စိတ်ပင် ပေါက်လာရ၏။ ရုပ်ရှင်ရုံထဲမှ ထွက်လာပြီးနောက်တွင်လည်း ပိုင်မူနင်မှာ ထိုဇာတ်ကားနှင့် ပတ်သက်၍ တတွတ်တွတ်ညည်းညူမှုကို မရပ်တန့်နိုင်တော့ပေ။ သူဒေါသတကြီးဖြစ်နေသည်ကို မြင်သောအခါ ဝမ်ကျင်းက သူ့ကို အချိုပွဲဆိုင်တစ်ဆိုင်အတွင်းသို့ ဆွဲခေါ်သွားလေသည်။

“ဘာစားချင်လဲ”
ပိုင်မူနင်မှာ ဒေါသထွက်ပြီး စိတ်တိုနေဆဲဖြစ်သဖြင့် တီရာမိစု(Tiramisu) တစ်ခုကိုသာ ကောက်ကာငင်ကာ မှာလိုက်တော့သည်။ အချိုပွဲကို အနည်းငယ် မြည်းစမ်းကြည့်ပြီးနောက်တွင်မူ သူ၏ စိတ်အခြေအနေမှာ သိသိသာသာ ကောင်းမွန်လာခဲ့၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးများ ပြန်လည်ထွက်ပြူလာပြီး စိတ်နှလုံးမှာလည်း မအီမသာဖြစ်မနေတော့ဘဲ သက်သောင့်သက်သာ ဖြစ်သွားရလေသည်။

အချိုပွဲကို စားနေရင်းဖြင့် ပိုင်မူနင်က မေးလိုက်၏။
“ဘာလို့ ကျွန်တော့်ကို အချိုပွဲ ကျွေးတာလဲဟင်”

ဝမ်ကျင်းက ရှင်းပြလေသည် ။
“မင်း ဒေါသထွက်နေလို့လေ... အချိုတစ်ခုခု စားလိုက်တာက စိတ်ကို ကုသပေးနိုင်တယ်”

ဝမ်ကျင်း၏ ရှင်းပြချက်ကို တွေးတောကြည့်ရင်း ပိုင်မူနင်မှာ ၎င်းမှာ အဓိပ္ပာယ်ရှိလှကြောင်း သဘောပေါက်သွားရ၏။ အစားအသောက်ဖြင့် ကုသသည့်နည်းမှာ အမှန်တကယ်ပင် ထိရောက်လှပေသည်။

“ဒါဆိုရင် စိတ်ညစ်နေတဲ့သူကရော ဘာစားရမလဲဟင်”

"စပ်တဲ့စားစရာတွေပေါ့"

"ထိုင်းမှိုင်းနေရင်ရော"

"ငန်တဲ့စားစရာတွေ"

"ပင်ပန်းနေရင်ရော"

"ခါးတာတွေ"

"ပူပန်သောကရောက်နေရင်ရော..."

"ချဉ်တဲ့စားစရာတွေ..."

ပိုင်မူနင်က ဝမ်ကျင်းပြောသမျှကို စိတ်ထဲ၌ အသာမှတ်ထားလိုက်၏။ ဝမ်ကျင်းမှာ တကယ်ကို ဗဟုသုတကြွယ်ဝသည့် တရုတ်တိုင်းရင်းဆေးဆရာဝန်အစစ်တစ်ဦးဟုသာ သူတွေးလိုက်မိသည်။ 
"ကျင်းကော... ခင်ဗျားက တကယ်ကိုတော်တာပဲ... ကျွန်တော်လည်း နောက်ဆိုရင် ခင်ဗျားလို အရည်အချင်းရှိတဲ့သူ ဖြစ်ချင်တယ်... ကျွန်တော် ခင်ဗျားဆီမှာ ဆက်ပြီးပညာသင်လို့ ရမလားဟင်"

ဝမ်ကျင်း၏ မေးခွန်းထုတ်စစ်ဆေးမှုများကို သူ အနည်းငယ် ကြောက်ရွံ့မိသော်လည်း ပိုင်မူနင်မှာ ဝမ်ကျင်းနှင့်အတူ ပညာဆက်လက်ဆည်းပူးလိုဆဲပင်။ ဝမ်ကျင်းသိထားသော ဗဟုသုတများမှာကျယ်ပြောလှသဖြင့် ထိုသူ့ထံတွင် သင်ယူစရာများပြားစွာ ရှိနေပေသည်။ ဥပမာအားဖြင့် ဒေါ်လေးဝူ၏အသက်ကိုကယ်ခဲ့သော ဆေးရည်ကဲ့သို့ပင်။ အကယ်၍ ဝမ်ကျင်း၏ ပုံမှန်သင်ကြားပေးမှုများသာ မရှိခဲ့ပါက ထိုအချိန်တွင် သူဘာလုပ်ရမည်ကို သိမည်မဟုတ်ပေ။ ထိုအချိန်မှစ၍ သူ ဆေးပညာသင်ယူခြင်း၏အရေးပါမှုနှင့် အောင်မြင်မှုအရသာကို စတင်ခံစားမိလာခြင်းဖြစ်သည်။

ဝမ်ကျင်းက ပိုင်မူနင်၏မျက်နှာထံမှ အကြည့်ကို လွှဲလိုက်ပြီးနောက် သိသာရုံမျှသာ နှုတ်ခမ်းကို တွန့်ကွေးလျက် ပြုံးလိုက်ကာဆိုသည်။
 “မင်းရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မူတည်တယ်” 

“ကြိုးစားအားထုတ်မှုတဲ့... နောက်တစ်ခါ ထပ်ပြောပြန်ပြီ... ဒါဆိုရင် ကျွန်တော်က အတိအကျ ဘယ်လိုမျိုး ကြိုးစားပြရမှာလဲဟင်....ကျင်းကော ကျွန်တော့်ကို ‘စံနှုန်း’ လေးများ အရိပ်အမြွက်ပေးလို့မရဘူးလား”

“မရဘူး”

“ဪ...” 
ပိုင်မူနင်က စိတ်ပျက်သွားသည့် လေသံဖြင့် ခေါင်းငုံ့ကာ ကိတ်မုန့်ကိုသာ ဆက်စားနေတော့သည်။

မကြာမီမှာပင် သူက မကုန်သေးသော ကိတ်မုန့်ကို ဝမ်ကျင်း၏ရှေ့သို့ တိုးပေးလိုက်ရင်းဆိုလိုက်သည်။
“ကျင်းကော... မြည်းကြည့်ပါဦးလား... တကယ် အရသာရှိတယ်နော်”  

သူကား ကိတ်မုန့်ကို အကုန်မစားနိုင်တော့သလို နှမြောလည်းနှမြောမိသဖြင့် ဝမ်ကျင်းကို အကူအညီတောင်းသည့်သဘောဖြင့် ကမ်းပေးလိုက်ခြင်းဖြစ်သည်။

ဝမ်ကျင်းက ထိုကလေးဆန်သော အကွက်လေးကို ရိပ်မိသွားသဖြင့် ပြုံးလိုက်ကာ ပြန်ပြော၏။
“ကောင်းပြီလေ” 

သို့သော် ဝမ်ကျင်းက ပိုင်မူနင်ကမ်းပေးသည့် ခက်ရင်းကို လှမ်းမယူခဲ့ပေ။ ထိုအစား သူက မတ်တတ်ရပ်ကာ ကိုယ်ကိုအနည်းငယ် ကိုင်းညွတ်လိုက်ပြီး ပိုင်မူနင်၏ နှုတ်ခမ်းလွှာတို့အား နမ်းရှိုက်လိုက်လေတော့သည်။ ကျွမ်းကျင်လှသော လျှာဖျားလေးက ပိုင်မူနင်၏နှုတ်ခမ်းထောင့်တွင် ပေကျံနေသည့် ခရင်မ်များကို သပ်ကာလျက်သွားပြီးနောက် အတွင်းဘက်ရှိ အရသာကိုပါ မြည်းစမ်းကြည့်လိုက်၏။ ပိုင်မူနင်မှာ လုံးဝမခုခံနိုင်တော့ဘဲ သူ၏ နှလုံးခုန်သံမှာလည်း ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ပြင်းထန်နေခဲ့သည်။

ငါတို့နှစ်ယောက်က ပြန်အဆင်မပြေကြသေးဘဲနဲ့ ဝမ်ကျင်းက ဘာလို့ သူ့ကိုယ်သူမထိန်းနိုင်ဘဲ ငါ့ကို ထပ်နမ်းရပြန်တာလဲ…
ဆိုင်ထဲတွင် ဝန်ထမ်းများနှင့် လာရောက်စားသုံးသူများစွာ ရှိနေသည်ဖြစ်ရာ သူတို့အားလုံး သေချာပေါက်မြင်တွေ့သွားကြပေလိမ့်မည်။

ခဏအကြာတွင် ဝမ်ကျင်းက ပိုင်မူနင်ကို လွှတ်ပေးလိုက်ပြီး ဆိုလေသည်။ 
 “တကယ်အရသာရှိတာပဲ” 

ထို့နောက် သူက ခက်ရင်းကိုကောက်ယူကာ ဘေးပတ်ဝန်းကျင်၏ စူးစမ်းကြည့်ရှုမှုများနှင့် တိုးတိုးတိတ်တိတ်ပြောဆိုသံများကို ဂရုမစိုက်ဘဲ ကျန်ရှိနေသောကိတ်မုန့်များကို ကုန်အောင် စားလိုက်လေတော့သည်။


 

Search Novels