💊💊💊💊 Chapter 71
ကျင်းကော ကျွန်တော့်ကို အိမ်လေးတစ်လုံး ပေးပါ


ဆိုင်ထဲမှ ထွက်လာသည့်တိုင် ပိုင်မူနင်မှာ လူများ၏အကြည့်များကို ခံစားနေရဆဲဖြစ်၏။ သို့သော်လည်း မကြာမီမှာပင် သူ ဂရုမစိုက်တော့ပေ။ 

ငါတို့က ဥပဒေကို ချိုးဖောက်နေတာမှ မဟုတ်ဘဲ... တခြားသူတွေကို ဘာလို့ ဂရုစိုက်နေရမှာလဲ...

ပုံမှန်ချိန်းတွေ့မှုအစီအစဉ်အရဆိုလျှင် ပိုင်မူနင်အနေဖြင့် ဝမ်ကျင်းကို အိမ်အထိ လိုက်ပို့ရမည်ဖြစ်၏။ သို့သော် သူ့တွင် ကားမရှိသလို ကားလည်းမမောင်းတတ်သဖြင့် ဝမ်ကျင်းကသာ သူ့ကို အိမ်အထိ ပြန်ပို့ပေးခဲ့ရလေသည်။ ကားလေးမှာ တိုက်ခန်းအောက်တွင် ရပ်တန့်သွား၏။ ဝမ်ကျင်းက သူ့ကို ဘယ်တော့အိမ်ပြောင်းမလဲဟု မေးမြန်းလာသည်။ ဝမ်ကျင်းအနေဖြင့် ပိုင်မူနင်၏ လက်ရှိနေထိုင်သည့် ပတ်ဝန်းကျင်အပေါ် အလွန်ပင်စိုးရိမ်မကင်းဖြစ်နေသည်မှာ သိသာလှ၏။ လူနေထူထပ်ပြီး ရှုပ်ထွေးလှသည့် တိုက်ခန်းဟောင်းပတ်ဝန်းကျင်မှာ တကယ်ကို ဘေးကင်းလုံခြုံမှု မရှိလှပေ။

ပိုင်မူနင်တွင် ကိုယ်ပိုင် အစီအစဉ် ရှိပြီးသားဖြစ်၏။ သူကဆိုသည်။ 
“ကျွန်တော် ခင်ဗျားကို အောင်မြင်အောင် လိုက်ပြီးတာနဲ့ အိမ်ပြောင်းတော့မှာပါ... ခင်ဗျား နှလုံးသားထဲကို တိုက်ရိုက်ပြောင်းပြီးနေတော့မှာလေ” 

ဝမ်ကျင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ပြောလိုက်သည်။ 
“ကောင်းပြီလေ မင်း ကိုယ့်ကို အောင်မြင်အောင် ဖမ်းဆုပ်နိုင်ဖို့ နောက်ထပ်သုံးရက် အချိန်ပေးမယ်... အဲဒီအချိန်အထိမှ မရသေးဘူးဆိုရင်တော့ ကိုယ်,ကိုယ်တိုင်လာပြီး မင်းကို အိမ်ပြောင်းပေးတော့မယ်”

ဝမ်ကျင်းက ပိုင်မူနင်အပေါ်ထပ်သို့ တက်သွားသည်အထိ စောင့်ကြည့်နေပြီးမှ ပြန်လည်ထွက်ခွာသွားခဲ့၏။ ပိုင်မူနင်မှာ သူနေထိုင်ရာ အထပ်သို့ရောက်ရှိသောအခါ တံခါးမှာပွင့်နေသည်ကို တွေ့လိုက်ရသည်။ အထဲသို့ ဝင်ကြည့်လိုက်သည့်အခါ အခန်းဖော်များမှာ အဝတ်အစားများ သိမ်းဆည်းကာ အိမ်ပြောင်းရန် ပြင်ဆင်နေကြသည်ကို တွေ့လိုက်ရလေသည်။
“ဘာလို့ ညသန်းခေါင်ကြီးမှာ အိမ်ပြောင်းနေကြတာလဲ”

တစ်ယောက်က ပြန်ဖြေသည်။ 
“အကျိုးဆောင်က ပြောတယ်... ဒီလို အစုအဖွဲ့နဲ့ ငှားနေတာကို တစ်ယောက်ယောက်က တိုင်လိုက်လို့တဲ့... အခု ချက်ချင်း အိမ်ပြောင်းပေးရမယ်လို့ ပြောတယ်... တောက် ငါတို့ ဒီအခန်းကို ငှားနေတာ မကြာသေးဘူး... ဘာလို့ ပြောင်းပေးရမှာလဲ”

“ပြောင်းသာပြောင်းလိုက်ပါကွာ... အဲဒီလူတွေကို မတွေ့ဘူးလား ရန်မဖြစ်ချင်စမ်းပါနဲ့... ပြဿနာ နည်းလေ ကောင်းလေပဲ”

“ဒါပေမဲ့ သူတို့က အိမ်လခရော စပေါ်ငွေရော ပြန်မပေးဘူးလေ... ဒေါသထွက်စရာကြီး...”

“ငါ့အထင်တော့ သူတို့ တမင်လုပ်တာနေမှာ... တိုင်ခံရတယ်ဆိုတာက ငါတို့ဆီက ပိုက်ဆံတွေကို လိမ်ယူချင်လို့ ဆင်ခြေပေးတာပဲ ဖြစ်ရမယ်”

ထိုသူများ၏ ညည်းညူသံများကို နားထောင်ရင်း ပိုင်မူနင်မှာ ဖြစ်ပျက်နေသည်တို့ကို နားလည်သွားခဲ့၏။ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ယနေ့ညတွင်ရောက်လာပြီး ချက်ချင်း အိမ်ပြောင်းပေးရန်နှင့် မဟုတ်ပါက စစ်ဆေးရေးဝင်သည့်အခါ ဒဏ်ငွေဆောင်ရမည်ဟု ခြိမ်းခြောက်သွားခြင်းဖြစ်သည်။ ထိုအကျိုးဆောင်မှာ အိမ်ရှင်ထံမှ အိမ်ကိုတစ်ဆင့်ငှားကာ အခန်းငယ်များစွာပိုင်းခြား၍ တစ်ဆင့်ပြန်လည် ငှားရမ်းစားနေသူဖြစ်၏။ ဤသည်မှာ စပေါ်ငွေနှင့် အိမ်လခများကို အိတ်ကပ်ထဲထည့်ရန်အတွက် ပြုလုပ်သော လိမ်လည်မှုတစ်ခုဖြစ်နိုင်ခြေများလှပေသည်။

ပိုင်မူနင်က ထိုနေရာ၌နေထိုင်သည်မှာ လဝက်ပင် မရှိသေးဘဲ ယွမ် ၄၀၀၀ ပေးချေထားရ၏။ တစ်ပြားတစ်ချပ်မှ ပြန်မရဘဲ သူသေချာပေါက် အိမ်ပြောင်းမည်မဟုတ်ပေ။ တစ်နေ့တာလုံး ကောင်းမွန်ခဲ့သမျှ စိတ်အခြေအနေများမှာလည်း ပျက်စီးသွားရပြီး ပိုင်မူနင် ရဲစခန်းသို့ဖုန်းဆက်လိုက်တော့သည်။ ရဲများ ရောက်ရှိလာပြီး အခြေအနေကို ကြည့်ရှုကာ အကြံပေးလေသည်။

 “ဒါက စာချုပ်ပိုင်းဆိုင်ရာအငြင်းပွားမှုပဲ... ခင်ဗျားတို့ တရားစွဲသင့်တယ်” 

ဤနေရာ၌ နေထိုင်သူများမှာ အလုပ်ပန်း၊ လူပန်းဖြစ်နေကြသော ဝန်ထမ်းများသာဖြစ်ကြရာ မည်သူကမှ တရားရုံးသို့သွားရန် အချိန်နှင့် ခွန်အားမရှိကြပေ။ တရားနိုင်ခဲ့လျှင်ပင် တစ်ဖက်လူက ပိုက်ဆံမပေးဘဲနေပါက ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ အကျိုးအမြတ်ကို ချိန်ဆကြည့်ပြီးနောက် အားလုံးက အရှုံးခံကာ အိမ်ပြောင်းရန်သာ ဆုံးဖြတ်လိုက်ကြလေသည်။

သို့သော် ပိုင်မူနင်ကမူ ထိုသို့ အရှုံးမခံနိုင်ပေ။ 
ဘာလို့ သူတို့က စိတ်ထင်သလို လူတွေကို လိမ်လည်ခွင့် ရနေတာလဲ…

အခြား အိမ်ငှားလေးဦးမှာ လိမ္မာပါးနပ်စွာဖြင့် အိမ်ပြောင်းသွားကြသော်လည်း ပိုင်မူနင်ကမူ အိပ်ရာထဲသို့သာ ပြန်ဝင်ခဲ့၏။ မည်သူကမှ သူ့ကို အတင်းအကျပ် အိမ်ပြောင်းခိုင်းနိုင်မည် မဟုတ်ချေ။

သန်းခေါင်ယံအချိန်တွင် တစ်စုံတစ်ယောက်က သူ့တံခါးကို လာရောက်ခေါက်လေသည်။ မေးမြန်းသော်လည်း ပြန်မဖြေဘဲ ဆက်တိုက်သာ ခေါက်နေ၏။ သူ တံခါးဖွင့်ကြည့်သည့်အခါတွင်မူ မည်သူမျှ ရှိမနေတော့ပေ။ ဤသည်မှာ သူ့ကို အိမ်ပေါ်မှဆင်းသွားစေရန် အောက်တန်းစားအကျိုးဆောင်များ အသုံးပြုသည့် နည်းလမ်းဖြစ်ကြောင်း ပိုင်မူနင်သိရှိလိုက်သည်။ ပြဿနာနည်းလေကောင်းလေဖြစ်၍ သူ ထွက်ခွာသွားရန်စဉ်းစားခဲ့သော်လည်း မတရား အနိုင်ကျင့်ခံရမှုကို သူ မျိုသိပ်မထားနိုင်ခဲ့ပေ။

နောက်တစ်နေ့အထိ ပိုင်မူနင် အိမ်မပြောင်းသေးသည်ကို မြင်သောအခါ သူတို့က နောက်ထပ် နည်းလမ်းတစ်ခုကို သုံးပြန်သည်။ သန်မာထွားကြိုင်းသော လူအချို့ကို ငှားရမ်းကာ အိမ်ထဲတွင် တစ်နေကုန် သောက်စားမူးယစ်စေခြင်းပင်။ ထိုသူများက မနက်မှညအထိ သောက်စားနေကြသဖြင့် ပိုင်မူနင်အတွက် နားနားနေနေ နေနိုင်ရန် မဖြစ်နိုင်တော့ပေ။ ထို့အပြင် တစ်ခါတစ်ရံတွင်လည်း သူ့အား နှောင့်ယှက်စော်ကားကြသေးသည်။ နောက်ဆုံးတွင် ပိုင်မူနင်မှာ ဆက်လက်သည်းမခံနိုင်တော့ဘဲ အထုတ်အပိုးများကို ပြင်ဆင်ကာ အိမ်ပေါ်မှ ဆင်းခဲ့ရလေတော့သည်။

ယခုခေတ် လူဆိုးများမှာ ဥပဒေကိုနားလည်ကြပြီး လူများကိုလိမ်လည်ရန် ဥပဒေ၏ဟာကွက်များကို အသုံးချတတ်ကြသည်။ ပိုင်မူနင်မှာ မကျေမနပ်ဖြစ်နေသော်လည်း ဘာမျှမတတ်နိုင်ပေ။ သူ့တွင် ပစ္စည်းပစ္စယ များများစားစား မရှိလှချေ။ အိပ်ရာလိပ်တစ်ခုနှင့် ခရီးဆောင်သေတ္တာတစ်လုံးသာ ရှိသည်။

ဘတ်စ်ကားမှတ်တိုင် ခုံတန်းလျားလေးပေါ်တွင် သူထိုင်နေမိ၏။ မည်သည့်နေရာသွားရမည်ကိုလည်း သူ မသိပေ။ ထိုအခိုက်အတန့်မှာပင် သူ၏ ရင်ထဲ၌ အလွန်ပင် ဝမ်းနည်းကြေကွဲရလေသည်။ ဤမြို့ပြကြီးမှာ သူ့အတွက် အလွန်ပင် စိမ်းသက်နေပြီး သူပိုင်ဆိုင်သည့်နေရာတစ်ခုဟုလည်း မခံစားရပေ။ သူ့တွင် ဝမ်ကျင်းတစ်ယောက်သာကျန်တော့သကဲ့သို့ ခံစားနေရသည်။ သူ ဝမ်ကျင်းကိုဆက်သွယ်ရန် ဖုန်းကို ထုတ်လိုက်သော်လည်း စကားပြောခန်းထဲသို့ ရောက်သည့်အခါတွင်မူ ပြန်လည်ထွက်လိုက်မိ၏။ ဝမ်ကျင်းက သူ့ကို လမ်းဘေးက လေလွင့်ကြောင်ကလေး သို့မဟုတ် ခွေးကလေးတစ်ကောင်ကို ကောက်ယူသကဲ့သို့ လာရောက် "ကောက်ယူ" သွားပြီး အိမ်သို့ ခေါ်ဆောင်သွားမည်ကိုသာ သူ မျှော်လင့်နေမိသည်။

ပိုင်မူနင် ဘတ်စ်ကားမှတ်တိုင်တွင် နာရီဝက်ခန့်သာ စောင့်လိုက်ရပြီးနောက် ဝမ်ကျင်းက သူ၏ကားဖြင့် ရောက်ရှိလာခဲ့၏။ အချိန်မှာ မိုးလင်းခါနီး အချိန်ဖြစ်နေသဖြင့် ဘတ်စ်ကားများလည်း မရှိတော့သလို လမ်းမပေါ်တွင်လည်း ကားအသွားအလာ နည်းပါးလှသည်။

ဝမ်ကျင်းက ကားပေါ်မှ ဆင်းလာခဲ့ပြီး အနည်းငယ် စိတ်ဆိုးနေသည့် အမူအရာ ရှိနေ၏။
"အိမ်ပြောင်းမဲ့အကြောင်း ဘာလို့ ကိုယ့်ကိုဖုန်းမဆက်တာလဲ... ကိုယ်သာ မင်းရှိတဲ့နေရာကို မစစ်ဆေးခဲ့ရင် မင်းက ဒီမှာတစ်ညလုံး ထိုင်နေဖို့ စိတ်ကူးထားတာလား... ပိုင်မူနင် မင်းတစ်ခုခုဖြစ်တိုင်း ကိုယ့်ကို အားကိုးရမယ့်လူအဖြစ် သတ်မှတ်ပြီးဆက်သွယ်ဖို့ ဘယ်တော့မှများ သင်ယူမှာလဲ"

ပိုင်မူနင် မတ်တတ်ရပ်လိုက်ပြီး ဝမ်ကျင်းကို တင်းကြပ်စွာဖက်ထားလိုက်လေသည်။ သူ၏ မတည်မငြိမ်ဖြစ်နေသော စိတ်နှလုံးမှာ နက်ရှိုင်းလှသော လုံခြုံမှုအတိပြီးသည့် ခံစားချက်အတွင်းသို့ နစ်မြုပ်သွားရပြီး မည်သည့်အရာကိုမျှ မကြောက်ရွံ့တော့ပေ။ ဝမ်ကျင်း၏ ရင်ဘတ်ကို မှီတွယ်လျက် ပိုင်မူနင်က ဆိုလိုက်၏။

"ကျင်းကော... ကျွန်တော့်ကို အိမ်လေးတစ်လုံး ပေးပါ... ပစ္စည်းတွေပဲရှိတဲ့ အိမ်အလွတ်ကြီးမဟုတ်ဘဲ ကျွန်တော့်ကို တစ်ယောက်ယောက်က စောင့်ကြိုနေမယ့် နားခိုရာအိမ်မျိုး‌ပါ"

သူ့အနေဖြင့် ဝမ်ကျင်းကိုယ်တိုင် စောင့်ကြိုနေမည့် အိမ်ကလေးတစ်လုံးကိုသာ တောင့်တမိခြင်းဖြစ်သည်။

×××××

ပိုင်မူနင်၏ စကားအဆုံးတွင် ဝမ်ကျင်းမှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့၏။ ဝမ်ကျင်းကို ထိုအနေအထားဖြင့်ဖက်ထားသဖြင့် သူ၏မျက်နှာအမူအရာကို ပိုင်မူနင် မမြင်ရသလို ဝမ်ကျင်း တွေးနေသည်တို့ကိုလည်း သူလုံးဝ ခန့်မှန်း၍မရနိုင်ပေ။

သူက ဘာလို့တိတ်နေရတာလဲ...

ဒါက ‘ငြင်းတယ်’ ဆိုတဲ့ အဓိပ္ပာယ်လား...

သဘောတူတူမတူတူ အနည်းဆုံးတော့ တစ်ခုခု ပြောသင့်တာပေါ့...

မကြာမီက ပြန်လည်ရရှိခဲ့သော လုံခြုံမှုဟူသည့်ခံစားချက်မှာ တစ်ဖန်ပြန်လည် လျော့ကျပျောက်ကွယ်သွားပြန်သည်။ သူ၏စိတ်မှာလည်း သက်တောင့်သက်သာရှိမနေတော့။  á€•ိုင်မူနင်က ဝမ်ကျင်းကိုဖက်ထားသော သူ၏လက်များကို လွှတ်ပေးလိုက်ပြီးနောက် မော့ကြည့်လိုက်သည်။
“ဘာလို့ ဘာမှမပြောတာလဲဟင်”

သူမေးလိုက်သည့် မေးခွန်းမှာ ဝမ်ကျင်းအတွက် ဆုံးဖြတ်ရခက်ခဲနေခြင်းဖြစ်နိုင်ပြီး ဝမ်ကျင်းတုံ့ဆိုင်းနေခြင်းမှာလည်း သဘာဝကျသည်ဟု သူ တွေးလိုက်မိသည်။ 

'ကျွန်တော့်ကို အိမ်လေးတစ်လုံးပေးပါ' ဟူသောစကားမှာ စိတ်ပိုင်းဆိုင်ရာအရ အတင်းအကျပ် ဖိအားပေးမိသလို ဖြစ်နေလားဟု သူ တွေးနေမိသည်။ တစ်စုံတစ်ယောက်နှင့် ချိန်းတွေ့လိုခြင်းမှာ တစ်သက်လုံး အတူနေထိုင်လိုခြင်းဟူသည့် အဓိပ္ပါယ်ဖြစ်ချင်ဖြစ်ပေလိမ့်မည်။ လူတို့မည်သည် ငြီးငွေ့လာပါက နောက်ဆုံးတွင် လမ်းခွဲကြသည်သာ။ ပိုင်မူနင်အနေဖြင့် စိတ်ခံစားမှုဆိုင်ရာ ပြဿနာများစွာကို ကိုင်တွယ်ဖြေရှင်းဖူးသူဖြစ်သဖြင့် ထိုကဲ့သို့သောကိစ္စများကို ရင်းနှီးပြီးဖြစ်သည်။

ပိုင်မူနင်မှာ ရင်ထဲတွင်နာကျင်သွားရသဖြင့် သူ၏စကားလုံးများကို အသေအချာ ပြန်လည် ချိန်ဆနေမိ၏။ သူက ဝမ်ကျင်း အနေရခက်မနေစေရန်အတွက် ခြေတစ်လှမ်းဆုတ်ကာဆိုလိုက်သည်။ 

“ကျွန်တော်က စနောက်ပြီး ပြောလိုက်တာပါ...  á€Ąá€á€Šá€şá€€á€źá€Žá€¸ မယူပါနဲ့... ကျွန်တော်က လေလွင့်ကြောင်လည်းမဟုတ် ခွေးလည်းမဟုတ်ဘူးလေ...  á€€á€ťá€˝á€”်တ္ဏအ်မသဏ အိမ်မရှိဘဲ နေပါ့မလား... ကျွန်တော်ရှိတဲ့နေရာက အိမ်ပဲကို” 

“ဘာပဲဖြစ်ဖြစ် ဒီအကြောင်းကို မပြောကြရအောင်... ကျွန်တော် နောက်ထပ် တိုက်ခန်းတစ်ခု ထပ်ရှာရဦးမယ်... တောက် အဲဒီလူလိမ် အကျိုးဆောင်ကြောင့် တကယ်ဒေါသထွက်ရတယ်

ပိုင်မူနင်မှာ အနီးအနားရှိ ဟိုတယ်များကို ရှာဖွေရန် သူ၏ဖုန်းကို ပွတ်ဆွဲကြည့်လိုက်၏။ 

“ဒီညတော့ သေချာပေါက် အိမ်အသစ်ရှာမရနိုင်တော့ဘူး... အရင်ဆုံး တည်းဖို့ဟိုတယ်တစ်ခုပဲ ရှာလိုက်တော့မယ်”

အနီးအနားရှိ ဟိုတယ်တစ်ခုတွင် အခန်းလွတ်ရှိကြောင်းအတည်ပြုပြီးနောက် ပိုင်မူနင် သူ၏အိပ်ရာလိပ်ကိုကောက်ယူရန် ပြန်လှည့်လိုက်စဉ် ဝမ်ကျင်းက သူ၏လက်ကောက်ဝတ်ကို ရုတ်တရက်ဖမ်းဆွဲလိုက်ပြီး ထွက်သွားခွင့်မပြုပေ။

သူ နားမလည်နိုင်စွာဖြင့် ပြန်ကြည့်လိုက်ပြီး မေးလိုက်၏။
“ဘာဖြစ်လို့လဲဟင်” 

ဝမ်ကျင်းက စိတ်ပျက်အားလျော့စွာဖြင့် ရယ်မောလိုက်ပြီး ပြောလာသည်။
“ကိုယ် ချက်ချင်းအဖြေမပေးလိုက်ရုံနဲ့ မင်းက နည်းနည်းလေးတောင်ထပ်ပြီး ဇွဲရှိရှိနဲ့ မတောင်းဆိုတော့ဘူးလား... မင်းက ဒီလောက်တောင် အရှုံးပေးလွယ်နေတာ... နောက်ပိုင်း ကိုယ့်တို့ကြားမှာ ရွေးချယ်စရာတစ်ခုခုကြုံလာတိုင်း မင်းကိုယ့်ကိုပဲ စွန့်ပစ်သွားတော့မှာပေါ့ ဟုတ်လား”

“ဘယ်လိုလုပ် အဲဒီလိုဖြစ်မှာလဲ” 
ပိုင်မူနင်က ပြန်ရှင်းပြလေသည်။ 
“ခင်ဗျားက တိတ်နေတာကိုး... ကျွန်တော်လည်း ခင်ဗျားဘာကိုဆိုလိုမှန်းမှမသိတာ... ကျွန်တော်က ကျွန်တော်ခင်ဗျားကို အခက်တွေ့အောင် လုပ်နေမိသလားလို့ပါ”

“လေလွင့်ကြောင်နဲ့ ခွေးတွေမှာတောင် သိက္ခာရှိတယ်လေ... ဟုတ်တယ်မလား”

“ဘယ်သူက မင်းကို လေလွင့်ကြောင်လို့ ပြောလို့လဲ”

ပိုင်မူနင်က သူ၏ အထုတ်အပိုးများကို လက်ညှိုးထိုးပြလိုက်သည်။
“ကျွန်တော့်မှာ နေစရာအိမ်မရှိတော့ပြန်ဘူးလေ... အဲဒါက အတူတူပဲမဟုတ်လား”

နောက်ဆုံးတစ်ကြိမ် အိမ်ခြေရာမဲ့ဖြစ်ခဲ့စဉ်က ကျောင်းမှသူ့ကို နှင်ထုတ်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ လူလိမ်အကျိုးဆောင်နှင့် တိုးခြင်းဖြစ်သည်။ ပိုင်မူနင်မှာ အမြဲလိုလို အနှင်ထုတ်ခံရသည့် အတွေ့အကြုံများကိုသာ ကြုံတွေ့နေရသည်။ ၎င်းမှာ လမ်းဘေးရှိလေလွင့်တိရစ္ဆာန်လေးများ၏ ကံကြမ္မာနှင့် တစ်ထေရာတည်းပင်။ သူ ငယ်စဉ်ကတည်းက သူ၏မိသားစုတွင် ကိုယ်ပိုင်အိမ်မရှိခဲ့သဖြင့် မိဘများနှင့်အတူ အိမ်ငှားဘဝဖြင့်သာ နေထိုင်ခဲ့ရသည်။ နောက်ပိုင်းတွင် မိဘများကွယ်လွန်သွားသောအခါ အိမ်လခမတတ်နိုင်တော့သဖြင့် ကျောင်းမှာသာ မှီခိုနေထိုင်ခဲ့ရ၏။ အခြားသူများ ကျောင်းပိတ်ရက် အိမ်ပြန်ကြချိန်တွင် သူကမူ အဆောင်၌ တစ်ယောက်တည်းကျန်ရစ်ခဲ့ရစမြဲ၊ ပွဲတော်ချိန်တိုင်းမှာလည်း သူက အမြဲတမ်း တစ်ယောက်တည်းသာ။

“အိမ်” ဟူသည့် စကားလုံးမှာ ပိုင်မူနင်အတွက် တကယ့်ကို အရေးပါလှပေသည်။

အဘယ်ကြောင့် ရင်ထဲ၌ တစ်ဖန် ပြန်လည် နာကျင်လာရသည်ကို သူ မသိသော်လည်း မျက်ဝန်းအိမ်တွင် မျက်ရည်များဝဲတက်လာကာ အရာအားလုံး ဝေဝါးသွားရလေသည်။  á€Ąá€Źá€¸á€„ယ်စိတ်မဝဏးက ထပ်မံ၍ဝင်လာပြန်၏။ ဝမ်ကျင်းနှင့်တွေ့ဆုံပြီးကတည်းက ပိုင်မူနင်မှာ သူကိုယ်သူ ဝတ္ထုထဲက လင်းတိုက်ယွီ ထက်ပင် ပို၍ ငိုကြွေးနေမိသည်ဟု ခံစားနေရသည်။

အကယ်၍သာ ဤသို့ဆက်တိုက်ငိုနေဦးမည်ဆိုလျှင် သူ၏ မျိုးရိုးအမည်ကိုပင် "လင်း" ဟု ပြောင်းလဲပစ်ရတော့မည် ထင်၏။
[T/N - လင်းတိုက်ယွီဆိုတာ တရုတ်ရိုးရာ ဂန္ထဝင်စာပေလောကမှာ အကျော်ကြားဆုံးဖြစ်တဲ့ "အိမ်မက်နီနန်းတော်" (Dream of the Red Chamber) ဝတ္ထုထဲက အဓိက အမျိုးသမီးဇာတ်လိုက်ပါ]

အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသဖြင့် ပိုင်မူနင်က ခေါင်းကိုတစ်ဖက်သို့လွှဲလိုက်ပြီး မျက်ရည်များကို တိတ်တဆိတ် သုတ်ပစ်လိုက်၏။

ဝမ်ကျင်းက သူ၏ ပုခုံးနှစ်ဖက်ကို ဖိကိုင်ထားပြီး မျက်ရည်စများကို အသာအယာ နမ်းရှိုက်လိုက်သည်။ 
"ဘာလို့ ဝမ်းနည်းနေတာလဲ"

ပိုင်မူနင်က စိတ်ပေါ့ပါးသွားဟန်ဖြင့် ဟန်ဆောင်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ 
"ကျွန်တော် ဝမ်းမနည်းပါဘူး... လေလွင့်ကြောင်တစ်ကောင်မဖြစ်ချင်လို့ ကိုယ့်ဘာကိုယ် ယာယီ ခိုနားလို့ရတဲ့ အသိုက်အမြုံလေးတစ်ခုလောက် ရှာဖို့ ကြိုးစားနေတာပါ... ပြီးတော့ ကျင်းနန်က လေထဲမှာ ဘာလို့ ကြက်သွန်နီနံ့တွေ ပါနေရတာလဲ..  á€™á€Ÿá€Żá€á€şá€žá€ąá€¸á€•á€Ťá€˜á€°á€¸... နေပါဦး ကျွန်တော့်မျက်လုံးတွေ တစ်ခုခု ဖြစ်နေတာ ထင်တယ်... လေတိုက်ရင် မျက်ရည်ကျတတ်တယ်လေ... ကျွန်တော့်ရဲ့ မျက်ရည်ပြွန်တွေကိုပဲ ခွဲစိတ်ပြီးထုတ်ပစ်လိုက်ရင် ကောင်းမလားမသိဘူး"

သူ အဓိပ္ပာယ်မရှိသည့် စကားများကိုသာ တတွတ်တွတ် ရေရွတ်နေမိ၏။ လူတို့မှာ အလွန်အမင်းရှက်ရွံ့သွားသည့်အခါမျိုးတွင် စိတ်အာရုံများ ရှုပ်ထွေးသွားတတ်စမြဲပင်။

ဝမ်ကျင်းက သူ၏ ပုခုံးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ အနှီသူမှာ ဒူးကို အနည်းငယ်ညွှတ်လိုက်ပြီး ပိုင်မူနင်၏ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်ကာဖြင့် ဆိုလာပါ၏။

"ပိုင်မူနင်... မင်းက လေလွင့်ကြောင်မဟုတ်ပါဘူး မင်းက ကိုယ့်ရဲ့ကလေးလေးပါ" 
(T/N - ဝမ်ကျင်းက ရှေ့မှာရော “宝贝儿” (Bǎobèir) ဆိုပြီးခေါ်နေခဲ့တာပါ မြောက်ပိုင်းလေယူလေသိမ်းနဲ့ပါ)

ဝမ်ကျင်း၏ပုံရိပ်က ပိုင်မူနင်၏အမြင်အာရုံတစ်ခုလုံးတွင်  á€œá€˝á€žá€™á€şá€¸á€™á€­á€Żá€¸á€žá€˝á€Źá€¸á€•ဟဎး သူ့သူငယ်အိမ်ထဲ၌ ဝမ်ကျင်းတစ်ယောက်တည်းသာ ပြည့်နှက်နေတော့သည်။ သူ၏ ရင်ထဲမှ မလုံခြုံမှုများမှာ ထိုစကားတစ်ခွန်းတည်းဖြင့်ပင် ကုသခြင်း ခံလိုက်ရ၏။ ပိုင်မူနင်က နှုတ်ခမ်းစူလိုက်ကာ မကျေမနပ် ညည်းတွားလိုက်သည်။ 
"ဒါဆိုရင် ဘာလို့ တုံ့ဆိုင်းနေရတာလဲ... ခင်ဗျားသာ နောက်ထပ်တစ်ခဏလောက် ငြိမ်နေဦးမယ်ဆိုရင် ခင်ဗျားရဲ့ကလေးလေးက တခြားကိုပျံထွက်သွားတော့မှာ"

ကံကောင်းထောက်မစွာဖြင့် သူကား စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်လည်နှစ်သိမ့်တတ်သူဖြစ်နေ၍သာ တော်တော့သည်။ မဟုတ်ပါက  á€Ąá€œá€˝á€”á€şá€Ąá€™á€„á€şá€¸á€á€™á€şá€¸á€”á€Šá€şá€¸á€›á€œá€˝á€”á€şá€¸á ကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ်ပင် ပေါက်သွားနိုင်သည်။

ဝမ်ကျင်းက အလွန်လေးနက်သော မျက်နှာထားဖြင့် ဆို၏။
"ကိုယ်က စဉ်းစားနေတာပါ... မင်းက အခု ပြန်တွဲဖို့ တောင်းဆိုနေတာလား... ဒါမှမဟုတ် လက်ထပ်ဖို့ ကမ်းလှမ်းနေတာလား ဆိုတာကိုလေ"

လက်ထပ်ဖို့လား...

ပိုင်မူနင်၏ မျက်ဝန်းများမှာ အံ့အားသင့်မှုကြောင့် ဝိုင်းစက်၍သွားရ၏။ မျက်နှာထက်တွင် မယုံကြည်နိုင်ခြင်းတို့ကားအပြည့်။ သူ့ကိုယ်သူ 'ငါတို့က လက်ထပ်လို့တောင် ရတာလား'ဟု တွေးလိုက်မိသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပိုင်မူနင်က လောဘတကြီးဖြင့် ယောင်ဝါးဝါး မေးလိုက်သည်။
"အဲဒီနှစ်ခုလုံးကို တစ်ပြိုင်တည်း လုပ်လို့မရဘူးလားဟင်"

ပိုင်မူနင် ဆိုလိုသည်မှာ သူတို့ ပြန်တွဲခြင်းနှင့် လက်ထပ်ရန်ကမ်းလှမ်းခြင်းကို 'တစ်ချိန်တည်းမှာ လုပ်၍ရနိုင်ပါရဲ့လား' ဟူ၍ပင်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလိုပင် ထိုသို့လုပ်ခြင်းက အလုပ်ရှုပ်သက်သာစေပေမည်။ သူတို့နှစ်ဦးကြားတွင် တရားဝင်လက်မှတ်များဖြင့် ချည်နှောင်ထားခြင်းမရှိလျှင်ပင် ဝမ်ကျင်းနှင့်အတူ တစ်သက်လုံး လက်ထပ်ထားသူများပမာ အတူနေထိုင်သွားရမည်ဟူသော အတွေးမှာ တကယ်ကို ကြည်နူးစရာ ကောင်းလှပေသည်။

ဝမ်ကျင်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာဖြင့် ပြတ်သားစွာ ဆိုလိုက်၏။ 
"မရဘူး" 

မရရင်လည်း မရဘူးပေါ့... ဘာလို့ အဲဒီလောက်တောင် လူသတ်တော့မယ့် မျက်နှာပေးနဲ့ ပြန်ပြောနေရတာလဲ...

ပိုင်မူနင်မှာ သန်းခေါင်ယံအချိန်တွင် ဝမ်ကျင်း၏ "ကောက်ယူခြင်း" ကို ခံလိုက်ရပြီးနောက် သူ၏ အထုတ်အပိုးများကို အပေါ်ထပ်သို့ သယ်ဆောင်ကာ ဝမ်ကျင်း၏အိမ်အတွင်းသို့ လှမ်းဝင်လိုက်လေသည်။ 

ထိုအခါမှသာ သူ စိတ်အေးချမ်းမှုကို ခံစားလိုက်ရတော့၏။ 'အိမ်ပြန်ရောက်ပြီ'ဟူသော ခံစားချက်မှာ တကယ်ကို အံ့ဩစရာကောင်းလှပေသည်။ ဝမ်ကျင်းရှိရာအရပ်ကသာ သူ၏အစစ်အမှန်အိမ်ပင်။

သို့သော်လည်း အခြေအနေမှာ တစ်ခုခု ထူးဆန်းနေသကဲ့သို့ သူ ခံစားလိုက်ရသည်။ သူက အိမ်သို့ပြန်ရောက်လာခြင်းဖြစ်သော်လည်း ဧည့်သည်တစ်ယောက်ပမာ ဆက်ဆံခံနေရ၏။ ဝမ်ကျင်းက သူ၏ ပစ္စည်းများကို ဧည့်သည်ခန်းသို့ သယ်ဆောင်သွားသည်ကို မြင်လိုက်ရလျှင် ပိုင်မူနင် နားမလည်နိုင်စွာဖြင့် မေးလိုက်မိသည်။

"ကျွန်တော်က ဧည့်သည်ခန်းမှာအိပ်ရမှာလားဟင်"

ဝမ်ကျင်းက "အင်း" ဟူ၍သာ တိုရင်းလိုရှင်း ဖြေ၍လာပါ၏။

ပိုင်မူနင်က ဝမ်ကျင်းရှေ့သို့ အမြန်ပြေးသွားကာ ပိတ်ရပ်လိုက်သည်။ 

"ဘာလို့ ကျွန်တော်ခင်ဗျားနဲ့ အတူတူအိပ်လို့မရတာလဲ"

"ကျွန်တော်တို့ ပြန်အဆင်ပြေသွားကြပြီမလား"


💊💊💊💊 Chapter 72
ချုံဆမ်ဝတ်စုံဖြင့် ဆွဲဆောင်ခြင်း 


ပိုင်မူနင်၏ အမြင်တွင်မူ ပြန်လည်သင့်မြတ်သွားခြင်းက ချစ်သူများဖြစ်သွားသည့်အဓိပ္ပါယ်ဖြစ်ရာ အတူတူနေခြင်းမှာ လုံးဝကိုသဘာဝကျသည်။ 

ဝမ်ကျင်းက အတူမအိပ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ... ငါက ယခုထက်ထိ "အစမ်းခန့်ကာလ" မှာပဲ ရှိနေသေးတာလား...

"လိမ္မာပါကွာ... လောလောဆယ်တော့ ဧည့်ခန်းမှာပဲ အိပ်ဦးနော်.. တချို့ကိစ္စတွေကို နောက်မှ အေးဆေးဆွေးနွေးကြမယ်"

ဝမ်ကျင်းက ထိုသို့ပြောလာလျှင် ပိုင်မူနင်သည်လည်း အတင်းအကျပ်အတူအိပ်လိုကြောင်း ထပ်မံမတောင်းဆိုတော့ပေ။ လူတိုင်းတွင် ကိုယ်ပိုင်သိက္ခာလေးတော့ ရှိတတ်ကြပေသည်။

ဝမ်ကျင်းက မအိပ်ချင်ဘူးဆိုရင် ငါလည်း မအိပ်ချင်ပါဘူး... 

ရေချိုးပြီးနောက် ခုတင်ပေါ်တွင်လှဲနေသော်လည်း ပိုင်မူနင်မှာ ဟိုဘက်သည်ဘက်လှည့်နေရင်း အိပ်မပျော်နိုင်ဖြစ်နေ၏။ သူ့အနေဖြင့် လုံးဝကို မျက်စိကြောင်နေပြီး ဝမ်ကျင်းပြောသွားသော စကားများကိုသာ စဉ်းစားနေမိသည်။ 

တချို့ကိစ္စတွေ... ဘာကိစ္စတွေလဲ...ငါ သိလို့မရတဲ့ ကိစ္စတွေ ရှိနေတာလား...

"ပန်ဒါမျက်လုံး"ကြီးများပမာ ညိုနေသည့်မျက်ကွင်းတို့ဖြင့် စိုက်ကြည့်ရင်း ပိုင်မူနင်က ဆက်တိုက်ပင်တွေးနေမိသည်။

ဝမ်ကျင်း  á€á€ťá€ąá€Źá€ˇá€žá€­á€•်တဏခလခဝင်တယ်... ငါ ဘာလုပ်ရမလဲ...

သူ ခြေဗလာဖြင့်ပင် ပင်မအိပ်ခန်း၏ တံခါးဝသို့ လျှောက်သွားကာ သတိထားပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။ သူခိုးတစ်ယောက်ပမာ ခုတင်ဘေးသို့ တိတ်တဆိတ်ကပ်သွားပြီးနောက် စောင်ထောင့်လေးကိုမ‌'ကာ ဝမ်ကျင်း၏စောင်ထဲသို့ အမြန်ဆုံး ခုန်ဝင်လိုက်လေတော့သည်။ သူက ဝမ်ကျင်း၏ခါးကို တင်းကြပ်စွာဖက်ထားပြီး လုံးဝပြန်မလွှတ်တော့ပေ။ အပြင်သို့ အထုတ်ခံရလျှင်ပင် အနည်းဆုံး (၁၀) မိနစ်ခန့် တွယ်ကပ်ထားမည်ဟု ဆုံးဖြတ်ထား၏။

ဝမ်ကျင်းမှာလည်း အိပ်မပျော်သေးပေ။ အသံကြားသည်နှင့် ထိုသူကနိုးလာသည်။ သူ၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်လာသော ကောင်လေးကိုကြည့်ရင်း ဝမ်ကျင်းက မတတ်သာသလို ရယ်မောလိုက်၏။
"ဘာလုပ်နေတာလဲ... ဘာလို့ မအိပ်သေးတာလဲ"

ပိုင်မူနင်က ခိုင်မာသော အကြောင်းပြချက်ဖြင့်ခိုင်ခိုင်မာမာပင် ပေးလိုက်သည်။
"ကျွန်တော်တို့ ပြန်ခေါ်ကြပြီလေ... ဘာလို့ အခန်းခွဲအိပ်ရမှာလဲ... ကျွန်တော်တို့က အိမ်ထောင်သက်ရင့်နေတဲ့ လင်မယားတွေလည်းမဟုတ်ဘူး... ဘာလို့ ‘တစ်အိမ်တည်းနေပေမဲ့ စိမ်းသက်နေကြတယ်’ဆိုတဲ့ ကစားပွဲကို ကစားနေရမှာလဲ" 

"ကျွန်တော် ဂရုမစိုက်ဘူး...တစ်ယောက်တည်း မအိပ်ချင်ဘူး... ခင်ဗျားကို ကျွန်တော်နဲ့အတူ ရှိနေပေးစေချင်တယ်"

စကားပြောနေရင်းဖြင့် ပိုင်မူနင်၏လက်မှာ အင်္ကျီအောက်နားမှတစ်ဆင့် အတွင်းသို့ လျှိုဝင်သွားပြီး သူအမြဲမက်မောနေရသော ဝမ်ကျင်း၏ဝမ်းဗိုက်ကြွက်သားများကို ပွတ်သပ်လိုက်သည်။ သူ့အနေဖြင့် ဝမ်ကျင်းကို အရာအားလုံးထက် ပို၍ချစ်မြတ်နိုးရ၏။

သို့သော်လည်း ထိုလွန်ကဲနေသော လက်ကလေးမှာ ဖမ်းဆွဲခြင်းခံလိုက်ရပြီး ညဝတ်အင်္ကျီအောက်မှ ပြန်လည်ဆွဲထုတ်ခံလိုက်ရသည်။ ဝမ်ကျင်း၏ အသံမှာ တိုးညှင်းကာ အက်ရှရှဖြစ်နေသည်။ 
"ရှောင်နင် မဆော့နဲ့တော့... အနားယူတော့လေ လိမ္မာနော်"

သူက တကယ်ကြီး ငြင်းလိုက်တာလား...

ပိုင်မူနင်မှာ စိုးရိမ်စိတ်တို့ ရုတ်တရက်ဝင်လာရသည်။ 

ဝမ်ကျင်းက ငါ့ကို စိတ်မဝင်စားတော့တာလား...

ပိုင်မူနင် ယခင်က ဝမ်ကျင်း၏ခုတင်ပေါ်သို့ တက်သွားသည်နှင့် ဝမ်ကျင်းက သူ့ကို အားအင်ကုန်ခမ်းသွားသည်အထိ "ကစား"လေ့ရှိသည်ကို သူ မှတ်မိနေဆဲပင်။ ယခုမူ ဘာလှုပ်ရှားမှုမှ ရှိမနေပေ။

ဒီလူကြီးက ကာမဂုဏ်တွေကို စွန့်လွှတ်ပြီး ဘုန်းကြီးဝတ်ဖို့များ ပြင်နေတာလား...

ဝမ်ကျင်းက သူ၏လက်ကို မလှုပ်ရှားနိုင်အောင် ဖမ်းဆုပ်ထားလိုက်၏။ ပိုင်မူနင် သူ့နှုတ်ခမ်းလေးကိုသာ အသုံးချရန် ဆုံးဖြတ်လိုက်တော့သည်။

"ကျင်းကော... ကျွန်တော့်ကို အခုထိ ခွင့်မလွှတ်သေးဘူးလားဟင်... ကျွန်တော့်ကို စမ်းသပ်နေတုန်းပဲလား"
ပိုင်မူနင်က လေသံတိုးတိုးလေးဖြင့် ဆက်ပြောသည်။ 
"ကျွန်တော့်ကို စမ်းသပ်မနေပါနဲ့တော့... ကျွန်တော် ခင်ဗျားကို အရမ်းလွမ်းနေခဲ့ရတာ... နော် ကျွန်တော့်ကို တစ်ချက်လောက်နမ်းပါဦး"

သူကား ဝမ်ကျင်း၏အနီးသို့ ပိုးအိမ်ထဲမှ ပိုးကောင်လေးတစ်ကောင် လှုပ်ရှားနေသည့်အတိုင်း တိုးကပ်သွားလိုက်သည်။

ဝမ်ကျင်းက သူ၏လက်ကို လွှတ်ပေးလိုက်ပြီး ပိုင်မူနင်ကိုပွေ့ဖက်ကာ နဖူးပြင်ကိုနမ်းရှိုက်လိုက်၏။ 

"ခွင့်လွှတ်တယ်မလွှတ်ဘူးဆိုတာမျိုး မရှိပါဘူး... အရာအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီပဲ"

"ပိုင်မူနင်... ကိုယ်ကလေ မင်းနဲ့ပတ်သက်ရင်တော့ အရှုံးပေးပြီးသားပါ... မင်းက ကိုယ့်ဘဝအတွက်တော့ 'တားဆီးမရတဲ့ ကံကြမ္မာ' လေးပဲ...  á€€á€­á€Żá€šá€şá€œá€Šá€şá€¸ ရှောင်လွှဲလို့မရသလို မင်းလည်း ထွက်ပြေးဖို့ မစဉ်းစားနဲ့တော့"

ဝမ်ကျင်း၏လက်ချောင်းလေးများက သူ့နှုတ်ခမ်းလွှာတို့အား အသာအယာထိတွေ့နေစဉ် ပိုင်မူနင် မျက်ဝန်းတို့ကို မှိတ်ထားလိုက်၏။ မကြာမီမှာပင် ဝမ်ကျင်း၏အသံက ဘေးမှထွက်ပေါ်လာသည်။
"ကဲ... အခုတော့ အိပ်တော့နော်"

သိပ်မကြာလိုက်ခင်မှာပင် ခပ်မှန်မှန်ထွက်ပေါ်လာသော အသက်ရှူသံလေးကို ကြားလိုက်ရလေတော့သည်။

ယခုတစ်ကြိမ်တွင်မူ ဒေါသထွက်ထွက်ဖြင့် ရယ်မိသွားသူမှာ ပိုင်မူနင်ပင်။

သူက တကယ်ကြီး အိပ်ပျော်သွားတာလား... နောက်ထပ်လာရမဲ့ ‘ကိုယ်လက်လှုပ်ရှားမှု’ အဆင့်တွေကရော...

“ခေတ္တခဏဝေးကွာရတာက ပျားရည်ဆမ်းခရီးထက် ပိုချိုမြိန်စေတယ်” ဟူ၍ ပြောလေ့ရှိကြ‌သည့်တိုင် ယခုမူ သူတို့၏ဝေးကွာမှုမှာ လင်မယားကွာရှင်းထားသည်ထက်ပင် ပိုဆိုးနေသလို သူခံစားနေရသည်။ 

ငါတို့ကြားက အချစ်မီးတောက်တွေက ငြိမ်းသွားပြီလား...တကယ်ကြီး ဘာတွေဖြစ်နေတာလဲ...

ပိုင်မူနင်က သူ့ကိုယ်သူ ပြန်လည်နှစ်သိမ့်နေလိုက်သည်။ 
ရပါတယ်... ဝမ်ကျင်းကလည်း အသက်လေးရလာပြီဆိုတော့ အားအင်တွေ လျော့နည်းလာတာ မဆန်းပါဘူး... ဒါကို ငါ ပြုပြင်ပေးလို့ ရပါတယ်...

နောက်တစ်နေ့တွင် ဝမ်ကျင်းမှာ အလုပ်ပိတ်ရက်ဖြစ်သည့်တိုင် အရေးကြီးကိစ္စတစ်ခုပေါ်လာသဖြင့် အပြင်သို့ ထွက်သွားခဲ့သည်။ ပိုင်မူနင်မှာ အိမ်၌ တစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး သိလိုသမျှကို ရှာဖွေတော့သည်။ ဥပမာအားဖြင့် အမျိုးသားအချင်းချင်းကြားက နည်းပညာပိုင်းဆိုင်ရာဗဟုသုတများ စသဖြင့်။ ဤသည်မှာ သူ၏ ဗဟုသုတပိုင်းတွင် လိုအပ်ချက်တစ်ခု ဖြစ်နေသဖြင့်  á€›á€„်ထဲမသ ကြောက်ရွံ့မှုများကိုဖယ်ရှားရန် ပိုမိုလေ့လာလိုခြင်းဖြစ်သည်။ သူတို့ လမ်းခွဲခဲ့စဉ်က အချိန်ကို သူ မှတ်မိနေဆဲဖြစ်သည်။ ထိုစဉ်က သူတကယ်ကို ကြောက်ရွံ့ခဲ့မိသဖြင့် ဝမ်ကျင်းကို ငြင်းဆန်ခဲ့ခြင်းပင်။ 

တစ်ကြိမ်လောက်လေး ငြင်းဆန်လိုက်ရုံနဲ့ အဲဒါက  á€á€€á€šá€şá€€á€źá€Žá€¸ အလုပ်မဖြစ်တော့ဘဲနေပါ့မလား... တကယ်လို့ ဝမ်ကျင်းက တကယ်ကြီး “မစွမ်းဆောင်နိုင်” တော့ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ...

ထို့ကြောင့်ပင် ပိုင်မူနင်တစ်ယောက် "ငါ့ကောင်လေးက မစွမ်းဆောင်နိုင်တော့ရင် ဘာလုပ်ရမလဲ" ဟူ၍  á€…တင်ရသဏဖွ္တ္ဏအသည်။

ထွက်လာသည့် အဖြေအများစုမှာ "အသစ်တစ်ယောက်သာ ပြောင်းရှာလိုက်ပါ" ဟူ၍။ တကယ်ကို ရိုးရှင်းပြီး ပြဿနာကို အမြစ်မှဖြေရှင်းသည့် နည်းလမ်းကြီးပင်။

စာမျက်နှာတော်တော်များများကို ရှာဖွေပြီးနောက် နောက်ဆုံးတွင် ယုံကြည်ရနိုင်သည့် အဖြေတစ်ခုကို သူရှာတွေ့သွား၏။ ယင်းမှာ "အိပ်ခန်းထဲတွင် ထူးခြားသည့် လှုံ့ဆော်မှုအချို့" ထည့်သွင်းပေးရန်ဟူ၏။ အခုခေတ်တွင် လူနေမှုဖိအားများလာသည်နှင့်အမျှ အမျိုးသားများမှာ အသက်ရလာသည်နှင့် စိတ်ပါသော်ငြား လူကမူမလိုက်နိုင်တော့ခြင်းမျိုး ဖြစ်တတ်စမြဲပင်။ ယင်းက သက်လတ်ပိုင်းအရွယ်အချို့ ရင်ဆိုင်နေရသည့် လက်တွေ့ဘဝပင်။

သူ၏တွက်ချက်မှုအရ ဝမ်ကျင်းမှာ တကယ်ကို သက်လတ်ပိုင်းအရွယ်ထဲကို ရောက်နေပြီပင်။ 
"စိတ်သွားတိုင်း ကိုယ်မပါ" ဟူသည် ယင်းကို ဆိုလိုခြင်းဖြစ်နိုင်၏။  á€•ိုင်မူနင်မသဏ အတွေးတစ်ခုနှင့်အတူ သက်ပြင်းချနိုင်သွားသည်။ 
'သူ ငါ့ကို ငြီးငွေ့သွားတာမျိုး မဟုတ်ရင်ပဲ တော်ပါပြီ'

နောက်ဆုံးတွင် ပိုင်မူနင်က အဆင့်နှစ်ဆင့်ပါသည့် စီမံကိန်းတစ်ခုကို ရေးဆွဲလိုက်သည်။
၁။ ဝမ်ကျင်းစိတ်ကြွလာ‌အောင် ထူးထူးခြားခြား ပစ္စည်းအချို့ ဝယ်ယူရန်။
၂။ အာဟာရဖြစ်မည့် အစားအသောက်များဖြင့် ပြုစုပေးရန်။

တကယ်လို့ ပြဿနာတစ်ခုခု ရှိနေခဲ့ရင်တောင် ဒီလို အားဖြည့်ပေးတာက မဆိုးဘူးလေ...
ပြီးတော့ ငါ အကာအကွယ်ပစ္စည်းတွေကိုလည်း ကြိုဝယ်ထားရဦးမယ်....

ပိုင်မူနင်က တစ်ခုချင်းစီကို သေချာကြည့်ပြီး အကာအကွယ်ပစ္စည်းအပြင် ချောဆီကိုပါ စတော်ဘယ်ရီအရသာချည်းသာ ရွေးချယ်လိုက်၏။ 

ငါက ချိုတဲ့အနံ့လေးတွေကို ကြိုက်တာကိုး...

မကြာမီမှာပင် ရှက်စရာကောင်းသည့်အပိုင်းသို့ ရောက်ရှိလာသည်။ ပိုင်မူနင်တစ်ယောက် "စိတ်ကျေနပ်ဖွယ်ပစ္စည်းလေးများ"ဟူ၍ ရှာဖွေလိုက်ပြီးနောက် ပေါ်လာသည့် အမျိုးအစားစုံလင်လှသော ကုန်ပစ္စည်းများကိုကြည့်ကာ သူတော့  á€Ąá€›á€˝á€šá€şá€›á€ąá€Źá€€á€şá€•ဟဎးသူမဝဏးသဏကဟညအ်ရသုရသညအ် ဆိုဒ်ထဲသို့ မှားရောက်သွားသလားဟုပင် ထင်မှတ်ကာ ကြောက်လန့်သွားရသည်။ သူ ထိုအရာများစွာကို စိုက်ကြည့်နေမိ၏။ ၎င်းမှာ ကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်လိုက်ရသကဲ့သို့  á€žá€°áá€‘ူးဆန်းသ္ဏ ဗဟုသုတများမှာလည်း တစ်ဖန်တိုးပွားလာပြန်သည်။ ရှာဖွေတွေ့ရှိရသမျှ စာမျက်နှာများမှာ ထူးဆန်းသည့်တိုင် တစ်ဖက်တွင်လည်း ကျိုးကြောင်းဆီလျော်နေပြန်သည်။

ပိုင်မူနင်က အစွန်းရောက်လွန်းသည့်ပစ္စည်းများကို မစမ်းသပ်ရဲရာ ပိုမိုရိုးရှင်းသည့် Cross-dressingကိုသာ ရွေးချယ်လိုက်သည်။ ဝမ်ကျင်း သူ့အား အမျိုးသမီးဝတ်ဖြင့်တွေ့ခဲ့စဉ်က ကြည့်ခဲ့သည့်အကြည့်များကို သူမှတ်မိနေဆဲပင်။ ထိုစဉ်က သူကောင်းကောင်းနားမလည်ခဲ့ဘဲ ဝမ်ကျင်း စိတ်အနှောင့်အယှက်ဖြစ်ကာ စိတ်ဆိုးသွားသည်ဟုသာ ထင်ခဲ့ခြင်းဖြစ်သည်။ ယခုပြန်စဉ်းစားကြည့်လျှင် ထိုအကြည့်များ၌ စိတ်လှုပ်ရှားရိပ်တို့ ရောယှက်စွန်းထင်းနေသည်ကို  á€žá€°á€žá€á€­á€•á€źá€Żá€™á€­á€œá€­á€Żá€€á€şá€žá€Šá€şá‹ ယင်းမှာ သူ့ကိုဆွဲဖြဲပစ်ချင်သည့် စိတ်လှုပ်ရှားမှုမျိုးပင်။ သေချာသည်မှာ မုန်းတီးနေခြင်းမျိုး မဟုတ်ပေ။

နောက်ဆုံးတွင် ပိုင်မူနင်က ချုံဆမ်ဝတ်စုံတစ်ထည်ကို ရွေးချယ်လိုက်သည်။ အော်ဒါတင်ပြီးနောက် ဆော့ဖ်ဝဲလ်ထဲမှ အမြန်ဆုံးပြန်ထွက်လိုက်၏။ ပူလောင်ပြင်းပြစေသည့် ပစ္စည်းများကို ပြင်ဆင်ပြီးသွားသည့်နောက် ပိုင်မူနင်က ဆေးဖက်ဝင်အစားအသောက်များကို စတင်၍ သုတေသနပြုတော့သည်။ တရုတ်တိုင်းရင်းဆေးပညာနှင့်ပတ်သက်လာလျှင် ယင်းက သူကျွမ်းကျင်ရာ နယ်ပယ်ပင်။ ကျောက်ကပ်အားဖြည့်ခြင်းနှင့် ပတ်သက်၍ သူ့တွင်ပြောစရာများစွာရှိ၏။ ယခင်က သူ ဝမ်ကျင်းထံမှ "ကျောက်ကပ်အားနည်းခြင်း" ဟူသော ရောဂါကိုရှာဖွေတွေ့ရှိခံခဲ့ရဖူး၏။ ယခုမူ ဝမ်ကျင်းကို တစ်ဖန် ပြန်လည်ကူညီပေးရမည့်အလှည့် ရောက်လာပြီပင်။

ပိုင်မူနင်က လိုအပ်သောပါဝင်ပစ္စည်းအချို့ကို မှာယူလိုက်ရာ ခန့်မှန်းခြေ မိနစ် ၃၀ အတွင်း ရောက်ရှိလာလိမ့်မည်။ အရာအားလုံးကို အတည်ပြုပြီးနောက် သူက အိုးတစ်လုံးကို စတင်ရှာဖွေတော့သည်။ ဝမ်ကျင်း၏ မီးဖိုချောင်မှာ ပစ္စည်းပစ္စယစုံလင်လှ၏။ ဒယ်အိုးများ၊ ဆီသတ်အိုးများ၊ စွပ်ပြုတ်အိုးများနှင့် မြေအိုးများစသဖြင့်။ မရှိသည့်အရာဟူ၍မရှိအောင် ပြည့်စုံနေရာ ပိုင်မူနင်အတွက် အိုးအသစ်ဝယ်ရမည့် အချိန်ကို သက်သာစေခဲ့သည်။

သူမီးဖိုချောင်ထဲ၌ မြေအိုးကို တိုက်ချွတ်ဆေးကြောနေစဉ် အိမ်ရှေ့ဘဲလ်တီးသံ ထွက်ပေါ်လာသည်။ မှာထားသည့်ပါဝင်ပစ္စည်းများ ရောက်လာပြီဟု ထင်မှတ်ကာ ပိုင်မူနင်မှာ လက်ကိုပင်ခြောက်အောင်မသုတ်နိုင်ဘဲ အပြေးအလွှား တံခါးသွားဖွင့်လိုက်သည်။

သို့သော် တံခါးဝတွင် ရပ်နေသူမှာ ဖေးရှူးချန်ပင်။ ပိုင်မူနင်က ပြုံးလိုက်ပြီး သူမကို "အန်တီ" ဟု ခေါ်လိုက်၏။

ဖေးရှူးချန်မှာ ပိုင်မူနင်ကို မြင်လိုက်ရလျှင် ခေတ္တမျှ မှင်သက်သွား၏။ မကြာမီမှာပင် သူမက တည်တင်းအေးစက်နေသော မျက်နှာထားဖြင့် မေးလာသည်။
 "မင်း ဒီမှာ ဘာလုပ်နေတာလဲ" 

ထိုစကားထဲ၌ပါဝင်နေသော ဒေါသနှင့်မနှစ်မြို့မှုများကို ကြားလိုက်ရရာ ပိုင်မူနင်မှာ ဖေးရှူးချန်တစ်ယောက် သူ  á€á€™á€şá€€á€ťá€„á€şá€¸á€€á€­á€Żá€œá€­á€™á€şá€œá€Šá€şá€á€˛á€ˇá€žá€Šá€ˇá€şá€€á€­á€…á€šá€…á€€á€­á€Ż သိသွားပြီဖြစ်ကြောင်း ခန့်မှန်းလိုက်မိသည်။ ဝမ်ချီက သူမကိုပြောပြထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ပိုင်မူနင်က မတ်မတ်ရပ်လိုက်ပြီး အနည်းငယ် အားနာဟန်ဖြင့်ပြောလိုက်၏။ 
"ကျွန်တော် မနေ့ကပဲ ဒီကို ပြောင်းလာတာပါ" 

ဖေးရှူးချန်က အိမ်ထဲသို့ လျှောက်ဝင်လာပြီး သူမကိုယ်တိုင်လုပ်ထားသည့် အေးခဲထားသောဖက်ထုပ်အထုပ်ကို ရေခဲသေတ္တာထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ပိုင်မူနင်ဘက်သို့လှည့်ကာ ဆိုလာသည်။
"စကားခဏ ပြောရအောင်" 

"ဟုတ်ကဲ့"
ပိုင်မူနင်က ကျိုးနွံစွာပင်ပြန်ဖြေလိုက်ကာဖြင့် သူမနောက်မှလိုက်ကာ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်၏။

"ဝမ်ချီက ငါ့ကို အကုန်ပြောပြပြီးပြီ... မင်းက ဝမ်ကျင်းကို တစ်ချိန်လုံးလိမ်ညာနေခဲ့တာပဲ"

"လူတစ်ယောက်ရဲ့ ခံစားချက်တွေကို ဘယ်လိုများ လှည့်စားရက်ရတာလဲ" 
ဖေရှူးချန်က ဒေါသတကြီးဖြင့် ဆက်ပြောသည်။
"ဝမ်ကျင်းက မင်းအပေါ် ဘာတွေများ အမှားလုပ်ခဲ့လို့လဲ... သူက မင်းကိုသိပ်ချစ်လွန်းလို့ မင်းအတွက်ဆိုရင် ဘာမဆိုလုပ်ပေးဖို့ အဆင်သင့်ပဲ... ငါလည်း အစက မင်းကိုသိပ်သဘောကျခဲ့တာ... ဒါပေမဲ့ မင်းက ငါ့ကိုတကယ်ပဲ စိတ်ပျက်အောင် လုပ်လိုက်တာပဲ... ဒီမိသားစုက မင်းကို မကြိုဆိုဘူး... ဝမ်ကျင်းနဲ့ ဝေးဝေးမှာနေပေးရင် အကောင်းဆုံးပဲ"

ဖေးရှူးချန်ကား တည်တင်းနေသော မျက်နှာထားဖြင့် သူ့ကို အိမ်ပေါ်မှဆင်းသွားရန် ပြောလာ၏။

ပိုင်မူနင်မှာ အပြစ်ရှိစိတ်နှင့်အတူ ခေါင်းငုံထားရင်း သူ့အမှားကိုသူ ဝန်ခံလိုက်ကာဖြင့် အလေးအနက်ဆိုလိုက်သည်။ 

"အန်တီ့ကိုစိတ်ပျက်အောင် လုပ်မိတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်...  á€Ąá€…ကတ္ဏအ  á€€á€ťá€„်းက္ဏဥနဏးကို တခြားရည်ရွယ်ချက်တစ်ခုကြောင့် ချဉ်းကပ်ခဲ့တာမှန်ပါတယ်... ကျွန်တော်မှားနေတာကို သိလိုက်ရတဲ့အချိန်မှာ သူကျွန်တော့်ကို လမ်းခွဲလိုက်ဖို့ပဲ ကျွန်တော်လိုလားခဲ့တာပါ... အဲဒီတုန်းက ကျွန်တော်ဘာမှနားမလည်ခဲ့ပေမဲ့ အခုတော့ အကုန်နားလည်သွားပါပြီ... ကျွန်တော်သူ့ကိုချစ်တယ် သူနဲ့မခွဲနိုင်ဘူး... ကျွန်တော် သူနဲ့ပဲ တစ်သက်လုံး အတူရှိသွားချင်ပါတယ်"


💊💊💊💊 Chapter 73


ဖေးရှူးချန်က လှောင်ပြုံးပြုံးလိုက်သည်။ 
“မင်းက ငါ့သားရဲ့ ပိုက်ဆံတွေကိုမက်လို့ ဒီမှာကပ်နေတာမလား... ငါ နားလည်ပါတယ်... လမ်းခွဲလိုက်ရုံနဲ့ အိမ်တစ်လုံးရော ဘဏ်စုငွေစာအုပ်ပါ ရတယ်ဆိုတော့... ငါသာ မင်းနေရာမှာဆိုရင်လည်း လမ်းခွဲမှာ မဟုတ်ဘူး”

ပိုင်မူနင် ခေတ္တမျှမှင်သက်သွားရသည်။ သူမ၏ အထင်လွဲမှုကြောင့် သူ တကယ်ပင်အားငယ်သွားရ၏။ 

“အန်တီ ကျွန်တော်ငွေမက်တာ မဟုတ်ရပါဘူး... ကျင်းကောပေးခဲ့တာမှန်သမျှကို ကျွန်တော်အကုန်ပြန်ပေးလိုက်ပါပြီးပြီ... ဘာတစ်ခုမှ မယူခဲ့ပါဘူး”

“ဪ... အဲဒါဆို အကျိုးအမြတ်ပိုရချင်လို့ပေါ့လေ... ဘာလဲ ငါ့သားက အသက်ကြီးလာပြီဆိုတော့ မိဘအမွေတွေကိုခွဲယူဖို့ စောင့်နေတာလား”

ပိုင်မူနင်ကား စကားမဆက်နိုင်တော့ဘဲ ရပ်သွားမိပြီး ဖေးရှူးချန်ကို တိတ်တဆိတ် စိုက်ကြည့်နေမိသည်။ ခဏအကြာမှ သူကဆို၏။
“အန်တီ... ကျင်းကောနဲ့ကျွန်တော်က လက်ထပ်လို့ရတာမှ မဟုတ်တာ... ကျွန်တော်တို့ကြားမှာ တရားဝင်ပတ်သက်မှုလည်း မရှိဘူးလေ... ကျွန်တော်က ဘယ်လိုလုပ်ပြီး အမွေကိုကြံစည်လို့ ရမှာလဲ”

“မင်းသူ့ကို လိမ်ပြီး သေတမ်းစာရေးခိုင်းလို့ရတာပဲလေ”

ပိုင်မူနင် စိတ်ပျက်အားလျော့စွာဖြင့် ရယ်လိုက်မိသည်။ 
“အန်တီ ကျင်းကောက ငတုံးမှမဟုတ်တာ... သူက ဘာလို့ မိသားစုအမွေတွေအကုန်လုံးကို ကျွန်တော့်ကိုပေးရမှာလဲ”

“သူက သောက်တုံးပဲလေ... မဟုတ်ရင် မင်းသူ့ကို လိမ်ခဲ့တာတောင် ဘာလို့မင်းကို အသေမသတ်ပစ်လိုက်ရတာလဲ... သူက သူတော်စင်‌မှမဟုတ်တာ... သူ့လက်တွေက သန့်ရှင်းတယ်များ ထင်နေလား”

“အန်တီ...အန်တီ့ရဲ့ သံသယတွေကို ဘယ်လိုပျောက်အောင်လုပ်ပေးရမလဲ ကျွန်တော်မသိဘူး... ဒါတွေအားလုံးက ကျွန်တော့်ရဲ့ အပြစ်တွေဆိုတာလည်းသိပါတယ်... ကျွန်တော်ကသာ ဝမ်ကျင်းရဲ့ ခံစားချက်တွေကို အရင်ဆုံးလိမ်ညာခဲ့တာပါ... အန်တီ ကျွန်တော့်ကိုယုံကြည်လာအောင် ဘာပြောရမလဲမသိပေမဲ့ တစ်ခုပဲပြောချင်ပါတယ်... ကျွန်တော် ဝမ်ကျင်းနဲ့ မခွဲနိုင်ဘူး... ကျွန်တော် ဘာကိုမှမမက်မောပါဘူး... ဘာအတွက်မှလည်း တိုက်ခိုက်နေတာ မဟုတ်ပါဘူး... ကျွန်တော်က ဝမ်ကျင်းဆိုတဲ့ လူတစ်ယောက်တည်းကိုပဲ လိုချင်တာပါ... သူမရှိဘဲ ကျွန်တော် မနေနိုင်တော့ဘူး... တကယ်လို့ သူနဲ့သာခွဲရရင်  á€€á€ťá€˝á€”á€şá€á€ąá€Źá€şá€Ąá€žá€€á€şá€™á€›á€žá€„á€şá€”á€­á€Żá€„á€şá€œá€ąá€Źá€€á€şá€˜á€°á€¸”

ဝမ်ကျင်းနှင့်ဝေးကွာခဲ့ရသည့်နေ့ရက်တိုင်းမှာ ငရဲကျနေသည့်အလား နာကျင်လှရာ သေခြင်းတရားနှင့် မခြားနားချေ။

ပိုင်မူနင်က နောက်ထပ်စကားများပြောရန် ပြင်နေစဉ်မှာပင် ဖေးရှူးချန်က ရုတ်တရက်ဆိုသလို သူမ၏ဖုန်းကိုထုတ်လိုက်ပြီး စပီကာဖွင့်လိုက်သည်။ 
"ကြားတယ်မလား... သူက မင်းမရှိရင် အသက်မရှင်နိုင်ဘူးတဲ့... တကယ့်ကို စိတ်လှုပ်ရှားစရာပဲနော်"

ဖေးရှူးချန်၏ မျက်နှာအမူအရာမှာ အပြုံးရိပ်တို့ ထွက်ပေါ်လာ၏။  
"နောက်ကျရင် သူ့ကိုသေချာဂရုစိုက်... ဒီလို ရိုးသားတဲ့စိတ်ထားမျိုးကို သစ္စာမဖောက်နဲ့ဦး"

မကြာမီမှာပင် ဝမ်ကျင်း၏ စိတ်ပျက်အားလျော့နေသောအသံက ဖုန်းထဲမှ ထွက်ပေါ်လာ၏။ 
"မဒမ်ဖေး သရုပ်ဆောင်လို့မဝသေးဘူးလား... အမေ သူ့ကိုခြောက်လိုက်မိပြီလေ"

"ဘာရယ် ငါက ဘာကိုခြောက်လို့လဲ" 
ဖေးရှူးချန်က မကျေမနပ် ပြန်ပြောလိုက်သည်။ 
"ယောက္ခမတစ်ယောက်အနေနဲ့ ကိုယ့်ချွေးမရဲ့ ရိုးသားမှုကို စမ်းသပ်လို့မရဘူးလား"

"ကဲပါ ကဲပါ... ငါ အခုပြန်တော့မှာ မင်းကို ငါ အနိုင်မကျင့်တော့ပါဘူး"

ဖုန်းချပြီးနောက် ဖေးရှူးချန်မှာ သူမ၏ပုံမှန်နူးညံ့သိမ်မွေ့ပြီး နောက်ပြောင်တတ်သည့်ပုံစံသို့ ပြန်ပြောင်းသွားသည်။
“ရှောင်နင်... အန်တီက မင်းကို ကြောက်အောင်လုပ်မိသွားလားဟင်... အန်တီကမင်းကို စမ်းသပ်ချင်လို့ ဟန်ဆောင်လိုက်တာပါ”

သိပ်မကြာခင်က ပိုင်မူနင်မှာ  á€á€…á€şá€€á€­á€Żá€šá€şá€œá€Żá€śá€¸á€á€ąá€Źá€„á€ˇá€şá€á€„á€şá€¸á€”á€ąá€•á€źá€Žá€¸ ချွေးစေးများပင်ထွက်မတတ် ဖြစ်ခဲ့ရသော်လည်း ယခုအခါ စမ်းသပ်ရုံသက်သက်ဖြစ်ကြောင်းသိလိုက်ရသဖြင့် လုံးဝစိတ်လျှော့လိုက်နိုင်တော့သည်။ သူ သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။
“အန်တီ ကျွန်တော်က အန်တီကျွန်တော့်ကို တကယ်ကြီး မုန်းသွားပြီထင်နေတာ... တကယ် ဝမ်းနည်းသွားရတာ... ကျွန်တော် တောင်းပန်ပါတယ် လူကြီးတွေကို မလိမ်ခဲ့သင့်ဘူး... ကျွန်တော် မှားသွားမှန်း သိပါတယ်”

ဖေရှူးချန်က ဆိုသည်။
“အတိတ်ကိစ္စတွေကို ထားလိုက်ပါတော့.. နောက်ပြီး ဒါက မင်းနဲ့ဝမ်ကျင်းတို့နှစ်ယောက်ကြားကကိစ္စပဲလေ.. မိဘတွေအနေနဲ့ကတော့ ရလဒ်ကိုပဲ ကြည့်တာပါ...ကြားထဲကဖြစ်ရပ်တွေကို ဂရုမစိုက်ပါဘူး... ဝမ်ကျင်းက မင်းကိုလက်ခံတယ်ဆိုရင် အန်တီလည်း မင်းကိုသဘောကျပါတယ်... ဒါဖြင့်ရင် သူ့ကိုပဲ စောင့်နေလိုက်တော့နော်... သူအန်တီ့ကို မင်းကို ခြောက်နေပြန်ပြီလို့ ထပ်ပြောနေဦးမယ်... အန်တီ ပြန်တော့မယ်”

တံခါးဝသို့ ရောက်သောအခါ ဖေးရှူးချန်က ပိုင်မူနင်ကို လှည့်ကြည့်လာ၏။ 
“ရှောင်နင် ဝမ်ကျင်းကို ဒီလောက်အထိ မပြောင်းမလဲချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... သူ့အနားမှာ အဖော်ရှိသွားတော့ အန်တီတို့အားလုံးဝမ်းသာတယ်.. မင်းအတွက်တော့ နည်းနည်းပင်ပန်းရမှာပေါ့”

“မပင်ပန်းပါဘူး အန်တီ... ကျင်းကောနဲ့ အတူရှိနေရတဲ့နေ့တိုင်းက ကျွန်တော့်အတွက် ပျော်စရာတွေချည်းပါပဲ”

“အချိန်တွေ ဘယ်လောက်ကြာကြာ မင်းဒီစကားကို ဆက်ပြောနိုင်ပါစေလို့ အန်တီဆုတောင်းပေးပါတယ်”

ဖေးရှူးချန်ထွက်သွားပြီး မိနစ်အနည်းငယ်အကြာမှာပင် မှာထားသည့်ဟင်းချက်စရာများ ရောက်လာတော့သည်။ ပိုင်မူနင်က ဟင်းသီးဟင်းရွက်များကို ချက်ချင်းဆေးကြောကာ ဆေးဖက်ဝင်စွပ်ပြုတ်ကို စတင်တည်လေသည်။ စွပ်ပြုတ်အိုးကို မီးဖိုပေါ်တင်ပြီး အဖုံးအုပ်လိုက်ချိန်မှာပင် ဝမ်ကျင်းပြန်ရောက်လာ၏။

သူ့ပုံစံမှာ အလွန်ပင် အဆောတလျင်ဖြစ်နေဟန်ရသည်။ ပိုင်မူနင်ကိုမြင်သည်နှင့် ဝမ်ကျင်းက အနားသို့အပြေးလှမ်းလာပြီး  á€žá€°á€ˇá€›á€„်ခွင်ထဲသိုအ ဆွဲသွင်းလိုက်တော့သည်။ ဖက်ထားရုံဖြင့် အားမရသည့်အလား ဝမ်ကျင်းကသူ့ကို မြိုချမတတ်နမ်းရှိုက်လာ၏။

အတော်ကြာအောင် နမ်းရှိုက်ပြီးနောက်တွင် ဝမ်ကျင်းက ပိုင်မူနင်၏မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ မေးလိုက်သည်။ 

“မင်း ခုနက ပြောလိုက်တဲ့စကားတွေက တကယ်လား... ကိုယ်မရှိရင် အသက်မရှင်နိုင်ဘူးဆိုတာ”

ပိုင်မူနင်မှာ အသက်ရှူပင် မဝသေးချေ။ 

“တကယ်ပေါ့... ကျွန်တော်သာ လိမ်ပြောရင် ခွေးပဲ” 

“ဒါဆိုရင် ကိုယ်ကမင်းထက် အရင်သေသွားရင်ရော”

ပိုင်မူနင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် စနောက်လိုက်သည်။ 
“ဒါဆိုရင်တော့ ခင်‌ဗျားရဲ့အမွေတွေနဲ့ အသားလတ်လတ်ဆတ်ဆတ်လေးတွေခေါ်ပြီး စိတ်တိုင်းကျ ပျော်ပါးနေလိုက်မှာပေါ့” 

ဝမ်ကျင်းက သတိပေးသည့်အနေဖြင့် သူ၏ပါးကို အသာဆွဲလိမ်လိုက်သည်။ 
“ပိုက်ဆံကိုတော့ မင်းကြိုက်သလို သုံးလို့ရတယ်... ဒါပေမဲ့ ကောင်လေးတွေတော့မရဘူး... တကယ်လို့ တခြားသူကို မင်းရဲ့ ခုတင်ပေါ် ပေးတက်မယ်ဆိုရင် ကိုယ်သရဲဖြစ်ရင်တောင် မင်းကိုအလွတ်မပေးဘူး”

ပါးအဆွဲခံထားရသဖြင့် ပိုင်မူနင်မှာ နှုတ်ခမ်းစူသွားရကာ ပြန်ပြောလိုက်ရတော့သည်။
 “နားလည်ပါပြီလို့” 

ဝမ်ကျင်းက သူ့ကိုလွှတ်ပေးလိုက်သော်လည်း ဆက်ပွေ့ဖက်ထားဆဲဖြစ်ပြီး ပိုင်မူနင်ကို ကြောင်ဆေးပင်လေးတစ်ခုပမာ တယုတယဆက်ဆံနေ၏။

ခဏအကြာတွင် မြေအိုးထဲမှ အခိုးအငွေ့များ ထွက်ပေါ်လာသည်။ ပိုင်မူနင်က ဝမ်ကျင်း၏ရင်ခွင်ထဲမှ ရုန်းထွက်ကာ အိုးကိုသွားကြည့်လိုက်၏။ သူ အိုးဖုံးကိုဟဟကြည့်ကာ ပြန်ပိတ်လိုက်ပြီး မီးကိုလျှော့လိုက်သည်။

“ဘာတွေ ချက်နေတာလဲ” 
ဝမ်ကျင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“အရသာရှိတာလေးပေါ့... ခင်ဗျားအတွက် သီးသန့်ချက်ပေးနေတာ... ခဏနေရင် ဒါကို အများကြီးသောက်ရမယ်နော်”

“ကိုယ်က တကယ်ကြီး စွပ်ပြုတ်သောက်ဖို့လိုနေတယ်ဆိုတာ မင်းသေချာရဲ့လား”

“မဟုတ်ရင် ကျွန်တော်သောက်ရမှာလား”

ဝမ်ကျင်းက သူ့ကို အထက်အောက် အကဲခတ်ကြည့်လာသည်။ 
“မင်းက မလိုဘူးလား” 

“ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာမျိုး မလုပ်နဲ့နော်... ကျွန်တော် တကယ်ဒေါသထွက်မှာ”

ပိုင်မူနင်က ဝမ်ကျင်းကို ထိုစွပ်ပြုတ်အား အတင်းအကျပ် အကြိမ်ကြိမ်တိုက်ပြီးသည့်နောက် ဝမ်ကျင်းတစ်ယောက် နှာခေါင်းသွေးများပါ လျှံထွက်လာတော့သည်။ ယင်းက ပိုင်မူနင်ကို အလွန်ပင်ထိတ်လန့်သွားစေပြီး နောက်ထပ် အားဆေးကိုလည်း ထပ်မတိုက်ရဲတော့ပေ။ သူကား သူ့ကိုယ့်သူ ဒေါက်တာရမ်းကုဖြစ်မည့် အလားအလာရှိနေပြီလားဟုပင် တွေးမိသွား၏။ 
မဟုတ်ရင် ဝမ်ကျင်းမှာ ဘာပြဿနာမှမရှိတာကို ငါ ဘာလို့ သတိမထားမိရတာလဲ... 

စစ်ဆေးချက် ရလဒ် : ဝမ်ကျင်းက “အားနည်း” နေတာ မဟုတ်ဘူး... နည်းနည်းလေးပိုပြီး လှုံ့ဆော်ပေးဖို့ပဲ လိုအပ်နေတာပါ...

သုံးရက်ကြာပြီးနောက် မှာထားသည့် “ပစ္စည်းများ” ရောက်လာသည်။ ပိုင်မူနင်က ပါဆယ်ကိုလက်ခံလိုက်ပြီး ယင်းကိုမည်သို့မည်ပုံဝတ်ရမည်အား သေချာလေ့လာလိုက်၏။ လူများစွာ၏ လက်ထဲမှ ဖြတ်သန်းလာသည့်ပစ္စည်းဖြစ်ရာ မသန့်ရှင်းဟူ၍တွေးလျက် သူက ယင်းကို တိတ်တဆိတ် ဆေးကြောသန့်စင်လိုက်ရင်း ထိုညတွင် ဝမ်ကျင်းအား ဆွဲဆောင်ရန် ပြင်ဆင်လိုက်၏။

ယနေ့တွင် ဝမ်ကျင်းအလုပ်သွားသည်။ သူ့လက်အခြေအနေမှာ အတော်လေး ကောင်းမွန်လာပြီဖြစ်ရာ လူနာများ စတင်ကြည့်ရှုနေပြီဖြစ်၏။ ပိုင်မူနင်ကမူ ယနေ့ညဆွဲဆောင်ခြင်းအခမ်းအနားအတွက် ပြင်ဆင်နေရသဖြင့် အလုပ်မသွားဘဲ ခွင့်ယူထားသည်။ သူက အိမ်တွင်နေကာ ပစ္စည်းများကို အသုံးချရနည်းအားလေ့လာရင်း စိတ်ကိုပြင်ဆင်နေလေသည်။

မွန်းလွဲပိုင်းတွင် အထူးတလည်ဟူ၍ လုပ်စရာမရှိသဖြင့် ကျွမ်းယွိမြန်က သူ့ကို စကားလာပြောလေသည်။

[ကျွမ်းယွိမြန် : ရှောင်နင်... အလုပ်ပြန်ဝင်ဖို့ ဘယ်လောက်တောင် လိုသေးလဲ... ကျဲဖြင့် မင်းကို သတိရနေတာ]

[ပိုင်မူနင် : မနက်ဖြန် လာမှာပါ မြန်ကျဲ]

ပိုင်မူနင် ထိုသို့ဖြေလိုက်ချိန်တွင် သိပ်အများကြီး မစဉ်းစားခဲ့ပေ။ ယနေ့ညတွင် ဝမ်ကျင်းကိုအောင်မြင်စွာ ဆွဲဆောင်နိုင်မည်ဖြစ်ပြီး မနက်ဖြန်တွင်မူ အလုပ်ကို ပုံမှန်အတိုင်းသွားနိုင်လိမ့်မည်ဟုသာ သူ ထင်မှတ်ထားခဲ့သည်။ သူ၏အတွေးမှာ အလွန်ပင် ရိုးရှင်းလွန်းနေသည်ကို သူကိုယ်တိုင်လည်း သတိမထားမိခဲ့ပေ။

[ကျွမ်းယွိမြန် : ရှောင်နင်  á€€á€ťá€˛á€•ဟ္ဏပဟဌးမယ်... အခုတလော လူစုပြီး အခန်းငှားတာတွေရယ်.. မှောင်ခိုပွဲစားတွေကိုရယ် တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြတာ... တိုက်ခန်းတော်တော်များများလည်း ချိတ်ပိတ်ခံထားရတယ်... အင်း... ငါလည်း အိမ်ပြောင်းရတော့မယ်... တကယ်ကို စိတ်ညစ်ဖို့ကောင်းလိုက်တာ]

ပိုင်မူနင်ကိုယ်တိုင်လည်း လိမ်လည်ခံခဲ့ရဖူးသူဖြစ်၍ သူမကို သတိပေးရန်ဆုံးဖြတ်လိုက်သည်။

[ပိုင်မူနင် : မြန်ကျဲ အဲဒီမှောင်ခိုပွဲစားတွေ လိမ်တာကို မခံရစေနဲ့ဦးနော်... စပေါ်ငွေနဲ့ အိမ်လခတွေကိုရော ပြန်ထုတ်လို့ရရဲ့လား...]

[ကျွမ်းယွိမြန် : စပေါ်ငွေနဲ့ လခတွေတော့ ပြန်ပေးကြပါတယ် သူတို့က ကျဲတို့ကိုမလိမ်ပါဘူး...]

[ကျွမ်းယွိမြန် : ပြောပြရဦးမယ်... လွန်ခဲ့တဲ့ နှစ်ရက်လောက်က မှောင်ခိုပွဲစားတစ်ယောက် ခြေထောက်နှစ်ဖက်လုံး အချိုးခံလိုက်ရတယ်တဲ့... ဘာကြောင့်လဲဆိုတာ ဘယ်သူမှမသိကြဘူး... အခုတော့ ရဲတွေကလည်း ဒီကိစ္စကိုသေချာကိုင်တွယ်နေကြပြီ... အရင်တုန်းကဆို ဘယ်သူက ဂရုစိုက်လို့လဲ... လိမ်ခံရရင်လည်း ခံရသလိုပဲလေ...]

ကျွမ်းယွိမြန်နှင့် စကားပြောပြီးနောက် ပိုင်မူနင်မှာ အနည်းငယ် ဒေါသထွက်သွားမိသည်။ 

ငါကျဘာလို့ ဒီလိုကံကောင်းမှုမျိုးနဲ့ မကြုံရတာလဲ... ထားလိုက်ပါတော့လေ... 

သူကား ထိုမှောင်ခိုပွဲစားထံမှ အလိမ်ခံလိုက်ရသည့် ကံအဆိုးဆုံးလူတစ်ယောက် ဖြစ်ခဲ့ရုံသာ။

ထိုညတွင် ပိုင်မူနင်က ဝမ်ကျင်းနှင့်အတူ ညစာစားသည်။ တီဗီကြည့်ပြီး အိပ်ရန်ပြင်ဆင်ချိန်တွင် သူကရေချိုးအဝတ်အစားလဲရန် ရေချိုးခန်းထဲသို့ ဝင်သွား၏။ မှန်ရှေ့တွင်ရပ်ရင်း သူက သူ့ကိုယ်သူ အားပေးလိုက်ကာဖြင့် ထိုဝတ်စုံကို စတင်ဝတ်ဆင်လိုက်သည်။ ဤကဲ့သို့သော ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်လွန်းသည့် အဝတ်အစားမျိုးကို ဝတ်ဆင်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ရာ တစ်ချိန်လုံးသူ၏မျက်နှာမှာ နီမြန်းနေခဲ့သည်။ 

ဝတ်စုံဘေးကွဲကြောင်းမှာ အတော်လေးပင်မြင့်လှသဖြင့် သူ၏သွယ်လျသော ခြေတံရှည်များမှာ အထင်းသား ပေါ်လွင်နေတော့သည်။

သူ မှန်ထဲ၌သူ့ကိုယ်သူ ကြည့်နေရင်း အခက်အခဲတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ အင်္ကျီ၏ဇစ်မှာ နောက်ကျောဘက်တွင်ဖြစ်ပြီး သူ၏လက်မှာ မှီအောင်မဆွဲနိုင်ဖြစ်နေခြင်းပင်။

ဘုရားရေ... ဘယ်လို "ပါရမီရှင်" ဒီဇိုင်နာက တစ်ယောက်တည်း ဝတ်မယ့်သူတွေကို ထည့်မစဉ်းစားဘဲ နောက်ဇစ်ကြီးနဲ့ ချုပ်လိုက်တာလဲ...

သူက ဇစ်ကိုဆွဲရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်သဖြင့် စက္ကန့်နှင့်အမျှ ပို၍စိတ်လှုပ်ရှားလာမိသည်။ ဝမ်ကျင်းကိုခေါ်ကာ အကူအညီတောင်းရန်မှာလည်း မဖြစ်နိုင်ပေ။

ဇစ်ကို အတင်းဆွဲရန်ကြိုးစားရင်း စိတ်လှုပ်ရှားသွားမှုကြောင့် စင်ပေါ်ရှိ ပုလင်းခွံများနှင့်ဘူးများကို မတော်တဆတိုက်မိသွားလေသည်။ ဖန်ပုလင်းများမှာ ကြမ်းပြင်ပေါ်သို့ကျကွဲသွားပြီး ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာတော့၏။

ဝမ်ကျင်းက ချက်ချင်းပင် တံခါးဝသို့ ရောက်လာပြီး တံခါးခေါက်လိုက်သည်။ 
"ရှောင်နင်... ဘာဖြစ်တာလဲ"

ဝမ်ကျင်း တံခါးခေါက်လိုက်သည်ကိုမြင်လျှင် ပိုင်မူနင် ထိတ်လန့်ကာ အလျင်စလိုဖြစ်သွားရသည်။
 "ဘာမှမဖြစ်ဘူး အထဲကို မဝင်လာနဲ့ဦးနော်... ဘာပဲဖြစ်ဖြစ် အထဲကို လုံးဝမဝင်လာနဲ့…"

ပိုင်မူနင် သူ့ကိုယ်သူ ဖုံးကွယ်ရန် အဝတ်အစားများကို အမြန်ရှာဖွေနေစဉ် ဖန်ကွဲစတစ်ခုမှာ သူ၏ အိမ်တွင်းစီးဖိနပ်ထဲသို့ ရောက်သွားပြီး ခြေမထဲသို့ စိုက်ဝင်သွားတော့သည်။ နာကျင်မှုကြောင့် "အား..."ခနဲ အသံထွက်ကာ ညည်းတွားလိုက်မိလေသည်။

တံခါးဝရှိလူမှာ ဘာကိုမှဂရုမစိုက်တော့ဘဲ အထဲသို့ ချက်ချင်း အတင်းတိုးဝင်လာတော့သည်။ 

"ဘာဖြစ်လို့လဲ"

ပိုင်မူနင်မှာ ခြေဖျားလေးထောက်လျက် အဝတ်အစားများမှာလည်း ဖရိုဖရဲဖြစ်နေပြီး နောက်ကျောဇစ်မှာလည်း ပွင့်လျက်သား။ ဤကဲ့သို့ သနားစဖွယ် အခြေအနေမျိုးတွင် ဝမ်ကျင်းနှင့် ထိပ်တိုက်တိုးလေတော့သည်။ ထိုအချိန်တွင် ပိုင်မူနင်မှာ မြေကြီးထဲသာ ငုပ်လျှိုးပျောက်ကွယ်သွားချင်စိတ် ပေါက်သွားရ၏။ သူ၏ တစ်ကိုယ်လုံးမှာလည်း ရေနွေးပူဖြင့် အလောင်းခံထားရသကဲ့သို့ တရိပ်ရိပ် နီမြန်းလာတော့သည်။

ပိုင်မူနင်က ဒေါသဖြင့် ဆိုလိုက်မိသည်။ 
"ကျင်းကော အပြင်ကို အရင်ထွက်သွားပေးပါ... ကျွန်တော် အကူအညီမလိုဘူး"

ဝမ်ကျင်းက သူ၏စူးရှတောက်လောင်နေသော အကြည့်များကို ရုတ်သိမ်းလိုက်ပြီး ပိုင်မူနင်၏ဖိနပ်ထံ ငုံ့ကြည့်လိုက်သည်။
"ကိုယ့်အကူအညီမလိုဘူးပေါ့လေ... မင်းက ဒဏ်ရာရနေတာကို"

ခြေမမှ သွေးများတော်တော်လေးထွက်နေသည်ကို တွေ့သောအခါ ဝမ်ကျင်းမှာ ဘာမှထပ်မစဉ်းစားတော့ဘဲ သူ့ကိုဆိုဖာပေါ်သို့ ပွေ့ချီသွားတော့သည်။ သူက ဒဏ်ရာကိုဆေးကြောပေးကာ ပတ်တီးစီးပေးလေသည်။ ထို့နောက် ဝမ်ကျင်းက ပိုင်မူနင်၏ရှေ့တွင် ဒူးထောက်ထိုင်လျက် သူ၏ကိုယ်လေးကို ဖက်လိုကိသည့်ဟန်ဖြင့် လက်လှမ်းလိုက်ပြီး နောက်ကျောမှဇစ်ကို အသာအယာဆွဲတင်ပေးလိုက်၏။

"ညဝတ်အင်္ကျီ အသစ်လား"

ဝမ်ကျင်းဝစ်ယောက် သိသိကြီးနှင့်မေးနေသည်ဟု ပိုင်မူနင် ခံစားလိုက်ရသည်။ 

ဒီ "မြေခွေးအိုကြီး" က ဘာလို့အပြစ်ကင်းချင်ယောင်ဆောင်နေရတာလဲ...

"အင်း လှလား"

"ဒါကို ဘာလို့ဝတ်ထားတာလဲ" 

ဝမ်ကျင်းက ပိုင်မူနင်၏ လက်ကောက်ဝတ်ကို ဆွဲယူကာ နမ်းရှိုက်လိုက်သည်။ သူ၏ လေသံမှာလည်း ပိုမိုလေးလံပြီး ပြတ်သားလာ၏။

ပါးလွှာသော အဝတ်စအောက်မှ ဝမ်ကျင်း၏ လှုပ်ရှားလာသော တစ်စုံတစ်ရာကို မြင်လိုက်လျှင် ပိုင်မူနင်တစ်ယောက် သတ္တိများတိုးဝင်လာတော့သည်။

"ခင်ဗျားကို ဆွဲဆောင်မလို့လေ... မရဘူးလား"


💊💊💊💊 Chapter 74
အတည်ပြုချက်ပြီးဆုံး ငါ့ကောင်လေးက စွမ်းဆောင်ရည်ပြည့်ဝလွန်းတယ်


ကောင်းကင်ပြာရောင် ပန်းကြွဒီဇိုင်းပါသော ချုံဆမ်ဝတ်စုံ၏ အရှေ့ဘက်တွင် လှပသော ကြယ်သီးများဖြင့် တန်ဆာဆင်ထားသော်လည်း အမှန်တကယ် ဝတ်ဆင်ရာတွင်မူ နောက်ကျောဘက်ရှိ ဇစ်အရှည်ကြီးကိုသာ အဓိက အားကိုးရသည်။

ပိုင်မူနင်တစ်ယောက် ဝမ်ကျင်း၏အကူအညီဖြင့်  á€‘á€­á€Żá€á€á€şá€…á€Żá€śá€€á€­á€Ż နောက်ဆုံးတွင် အောင်မြင်စွာ ဝတ်ဆင်နိုင်သွားသည်။ သို့သော်လည်း ဝတ်စုံ၏ ဘေးနှစ်ဖက်ရှိအကွဲမှာ အတော်လေးမြင့်လွန်းပြီး ခန္ဓာကိုယ်ဘေးတစ်လျှောက်မှာလည်း ပိုက်စိပ်ကွက်များဖြင့်သာ ဆက်ထားခြင်းဖြစ်သည်။ ရုတ်တရက် အေးစိမ့်သော ခံစားချက်က ပိုင်မူနင်၏ ကိုယ်ပေါ်သို့ ဖြတ်သန်းစီးဆင်းသွားကာ သူ၏ ပုခုံးများမှာလည်း တုန်ယင်သွားရသည်။ ၎င်းမှာ အေးသောကြောင့်လား အလွန်အမင်း စိတ်လှုပ်ရှားနေ၍လားကို သူကိုယ်တိုင်ပင် မခွဲခြားနိုင်တော့ပေ။

“ကိုယ်ကို ဘယ်လိုမျိုးဆွဲဆောင်ဖို့ ကြိုးစားနေတာလဲ” 

ဝမ်ကျင်းက ပိုင်မူနင်၏ ခြေကျင်းဝတ်လေးကို စနောက်သလို ကိုင်တွယ်ကစားနေသည့်တိုင် သူ့လေသံနှင့်အမူအရာကမူ တည်ငြိမ်အေးဆေးနေ၏။

ထိုအထိအတွေ့ကြောင့် ပိုင်မူနင်မှာ ခြေကျင်းဝတ်မှတစ်ဆင့် ရင်ဘတ်ထဲအထိ ရှိန်းတိန်းတိန်းဖြစ်မှုကို တစိမ့်စိမ့်ခံစားလိုက်ရသည်။ ပိုင်မူနင် ရုန်းကန်ရန် ကြိုးစားသော်လည်း ဝမ်ကျင်းက မြဲမြံစွာ ဆုပ်ကိုင်ထားရာ လွတ်မြောက်ရန် လမ်းစမရှိပေ။ သူ၏ခြေထောက်ကို အပေါ်သို့ ဖြည်းဖြည်းချင်း မြှောက်တင်လိုက်ချိန်တွင် ချုံဆမ်ဝတ်စုံ၏ မြင့်မားလှသော ဘေးအကွဲများမှာ မည်သည့်အရာကိုမျှ ဖုံးကွယ်ပေးနိုင်ခြင်း မရှိတော့ပေ။

ပိုင်မူနင်မှာ အလန့်တကြားဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ဖုံးရန် ကြိုးစားရင်း အထစ်ထစ်အငေါ့ငေါ့ပြောလိုက်မိသည်။
“ကျွန်တော်... ကျွန်တော် မသိဘူး”  

သူ ဤဝတ်စုံကိုဝတ်လိုက်လျှင် ဝမ်ကျင်းကို စိတ်လှုပ်ရှားအောင် လုပ်နိုင်လိမ့်မည်ဟုသာ တွေးခဲ့ခြင်းဖြစ်ပြီး တကယ်တမ်း၌ မြှူဆွယ်ဆွဲဆောင်ရာတွင် အတွေ့အကြုံ လုံးဝမရှိသူပင်။ စာတွေ့ဗဟုသုတများ မည်မျှပင်ရှိနေပါစေ လက်တွေ့မပါလျှင် အသုံးမဝင်လှပေ။

သူ၏ ခြေကျင်းဝတ်မှာ ပိုမိုမြောက်တက်သွားသည်နှင့်အမျှ ပိုင်မူနင်တစ်ယောက် နောက်သို့ လန်ကျသွားကာ ရင်ခုန်သံတို့မှာလည်း မြန်ဆန်လာရသည်။ သူက နောက်သို့ လက်ထောက်ကာ အဝေးသို့ဆုတ်ခွာရန် ကြိုးစားရင်း တောင်းဆိုလိုက်သည်။
 “ကျင်းကော... ကျွန်တော့်ကို အရင်လွှတ်ပေးလို့ ရမလားဟင်” 

ဝမ်ကျင်း၏ အကြည့်များမှာ ပူပြင်းလှသော ချော်ရည်ပူများကဲ့သို့ပင် အရေပြားတစ်လက်မချင်းစီကို လောင်မြိုက်နေပြီး ပိုင်မူနင်၏စိတ်ထဲတွင် ထွက်ပြေးလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာရသည်။ ပိုင်မူနင် တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်ရင်း သူ့ကိုယ်သူ စိတ်အေးအေးထားရန် ပြန်သတိပေးလိုက်သည်။

ဝမ်ကျင်းက လွှတ်မပေးသည့်အပြင် ကိုယ်ကိုကိုင်းညွတ်ကာ ခြေကျင်းဝတ်လေးထက် အသာအယာ နမ်းရှိုက်၍လာ၏။ ပိုင်မူနင်၏ ဦးနှောက်မှာ ဗလာဖြစ်သွားရသည်။ 
‘ညစ်ပတ်လိုက်တာ... အဲဒီနေရာကို ဘယ်လိုလုပ် နမ်းရတာလဲ’ 

သို့သော်လည်း ထိုသို့တွေးနေစဉ်မှာပင် ရင်ဖိုရသည့်ခံစားချက်တို့က နောက်ဆက်တွဲ ဝင်ရောက်လာသည်။ ခဏတာမျှ သူ့ကိုယ်သူ သူ့ရှေ့မှအမျိုးသားကို အမိန့်ပေးနိုင်သည့် သခင်တစ်ယောက်ဖြစ်သွားသလို ခံစားလိုက်ရသည်။

ယင်းက ထောင်ချောက်တစ်ခုပင်။

“မြေခွေးအိုကြီး” မှာ ကျွမ်းကျင်လွန်းလှသည်။ သူက နူးညံ့စွာဖြင့်ပင် ပိုင်မူနင်အား အထင်အမြင်မှားပြီး ဝေဝါးအောင် လမ်းညွှန်ရင်း၊ ဖြားယောင်းရင်း၊ လှည့်စားနေခြင်းသာ။ သို့သော် ဤနည်းလမ်းက တကယ့်ကို ထိရောက်လှသဖြင့်  á€•ိုင်မူနင်တစ်ယ္ဏက် ဝမ်ကျင်း၏ ကိုင်တွယ်ခြယ်လှယ်ခြင်းကို အပြည့်အဝခံလိုက်ရသည်။

“ကိုယ် မင်းကို သင်ပေးရမလား” 
ဝမ်ကျင်းက တိုးတိုးလေး ကပ်မေးလိုက်ပြီး သွားများဖြင့် ပိုင်မူနင်၏ခြေကျင်းဝတ် အရိုးလုံးလေးကို အသာအယာ ကိုက်ခဲလိုက်သည်။

ပိုင်မူနင်၏ စဉ်းစားဆင်ခြင်နိုင်စွမ်းမှာ အလုံးစုံ ကျိုးပျက်သွားရ၏။ သူ့ခမျာ ဆိုဖာနောက်မှီထက်သို့ ပျော့ခွေကျသွားပြီး အာရုံများ ဝေဝါးလာတော့သည်။ ဝမ်ကျင်း၏ အနမ်းတို့က အထက်သို့တရွေ့ရွေ့ တက်လာလျက် ခြေသလုံးထက်တွင် အမှတ်အသားအချို့ ထားရစ်ခဲ့ပြီး နောက်ဆုံးတွင် ပေါင်အတွင်းသားများထံ ရောက်ရှိသွားသည်။ ၎င်းမှာ ဝမ်ကျင်း အောင်နိုင်ရာ စစ်မြေပြင်အသစ်ဖြစ်လာသည်။

ဝမ်ကျင်းတစ်ယောက်မှာ ယခင်ဘဝက ခွေးတစ်ကောင်ဖြစ်ခဲ့သလားဟုသာ ပိုင်မူနင် တွေးလိုက်မိသည်။ သို့မဟုတ်လျှင် အနှီသူမှာ ကိုက်ခဲရာ၌ ဤမျှကျွမ်းကျင်နေမည်မဟုတ်ပေ။ သွားများကို အလွန်အကျွံ မသုံးသော်လည်း သွား၊ နှုတ်ခမ်းနှင့် လျှာတို့၏ ပေါင်းစပ်မှုက လူကို မတောင့်ခံနိုင်အောင် ပြုလုပ်နေသည်။

သူ၏ "အသက်သွေးကြော" လေးမှာလည်း နိုးကြားလာပြီး သူ့အစွမ်းသတ္တိကို ကြွားဝါနေသော်လည်း ဘာမှမလုပ်ရသေးခင်မှာပင် ပျော်ကျတော့မည့်အလား ခံစားနေရသည်။ ဝမ်ကျင်းက သူ့ကို "အားနည်းတယ်" ဟု ပြောသည်မှာလည်း အကြောင်းမဲ့မဟုတ်ပေ။ ဝမ်ကျင်းကဲ့သို့ သူထိန်းမထားနိုင်ခြင်းမှာ ယောင်္ကျားတစ်ယောက်အနေဖြင့် အနည်းငယ် ရှက်စရာကောင်းလှသည်။

ဒါမှမဟုတ် အမျိုးသား အထူးကုဆရာဝန်နဲ့ သွားပြရမလား...

ပိုင်မူနင်မှာ သူမျှော်လင့်ထားသည်ထက်  á€Ąá€œá€˝á€”်စ္ဏစဎးစွဏ အထွတ်အထိပ်ရောက်သွားသောအခါ ဝမ်ကျင်းက သူ့မျက်နှာထက်ရှိ အရည်စက်လေးကို သုတ်လိုက်ပြီး ကျီစယ်လိုက်သည်။ 

“ဒီလောက်တောင် မြန်တယ်လား... အရင်နေ့က ကိုယ်လုပ်ပေးတဲ့ဆေးပြုတ်ရည် မင်းကို အကုန်သောက်ခိုင်းလိုက်သင့်တာ... အဲဒါဆို မင်းရဲ့ ခံနိုင်ရည်က ပိုကောင်းလာမှာ...”

ဒါက ငါ့ကို အထင်သေးနေတာလား…

“ကျွန်တော့်ကို လာပြီး လှောင်မနေနဲ့” 
ပိုင်မူနင် နှာခေါင်းရှုံ့ရင်း ဝမ်ကျင်း၏ရင်ဘတ်ကို အားမပါဘဲကန်လိုက်သည်။ ၎င်းမှာ ရိုက်နှက်သည်ထက် ယားကျိကျိဖြစ်အောင် လုပ်လိုက်သည်နှင့်သာ ပိုတူ၏။

ဝမ်ကျင်းက သူ၏ခြေကျင်းဝတ်ကို ထပ်မံ၍ ဖမ်းကိုင်လိုက်ပြန်သည်။ 
“မင်းက စိတ်လောလွန်းတာပဲ... သင်ခန်းစာက အခုမှစတာ”

ဘာရယ် ခုမှစတာဟုတ်လား...

ပိုင်မူနင်မှာ လက်လျှော့ချင်နေပေပြီ။

‘ကျွန်တော် ဆက်မသင်တော့ဘူး ဟုတ်ပြီလား’ 
သူစိတ်ထဲမှ အော်ဟစ်နေမိသော်လည်း ဝမ်ကျင်းက သူ့အတွေးကိုသိနေသည့်အလား သူ၏ခါးကို အမိအရ ဆုပ်ကိုင်ဖိချထားသည်။ 

”ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် ကိုယ် မင်းကို အလွတ်မပေးတော့ဘူး”

သတိပေးချက်အဆုံး နောက်တစ်ခဏ၌ပင် ပိုင်မူနင်အတွက် ထွက်ပြေးဖို့ အခွင့်အရေးသာမက ဆန္ဒပါ လုံးဝဥဿုံ ပျောက်ဆုံးသွားရတော့သည်။

ဝမ်ကျင်းနှင့် မပတ်သက်မိခင်အချိန်ထိ လျှာဆိုသည်မှာ စကားပြောရန်၊ အစားအစာ ဝါးစားရန်နှင့် အရသာခံရန်အတွက်သာ ဖြစ်သည်ဟု ပိုင်မူနင် သိခဲ့ဖူးသည်။

သို့သော် ယခု ဝမ်ကျင်း၏ လက်တွေ့သင်ပြမှုအောက်တွင်မူ ပိုင်မူနင်က ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့လေပြီ။ လျှာဆိုသည်မှာ ကိုယ့်ပါတနာကို စိတ်ကျေနပ်မှု ပေးရန်အတွက်လည်း အသုံးချနိုင်ပါလားဟူ၍ပင်။

ထိုမျှသာမကသေးဘဲ ဝမ်ကျင်း၏ ကျွမ်းကျင်လှသော အပြုအစုများက ပိုင်မူနင်ကို စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ ရူးသွပ်လုနီးပါးအထိပင် ဖြစ်သွားစေတော့သည်။

သူ့ချုံဆမ်ဝတ်စုံ၏ အနားသတ်များက စိုစွတ်လာရသည်။ ပိုင်မူနင်က စက်ဆုပ်ရွံရှာစွာဖြင့် ထိုအနားသတ်ကို ဆွဲဖယ်လိုက်ပြီး အဝတ်အစားလဲပစ်ချင်စိတ်ပင် ပေါက်သွားမိသည်။ သို့သော် ဝမ်ကျင်းက သူ့ကို အခွင့်အရေးမပေးဘဲ သူ့ကိုယ်လုံးလေးကို ပွေ့ချီကာ အိပ်ခန်းထဲသို့ ခေါ်ဆောင်သွားတော့သည်။

အိပ်ရာပေါ်တွင် ပက်လက်လှဲလျက်သား ဖြစ်နေစဉ်မှာပင် ဝမ်ကျင်း၏မေးသံကို ကြားလိုက်ရသည်။
“ကလေးလေး... မင်းရဲ့ဆရာတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့သင်ကြားမှုတွေက အဆင်ပြေရဲ့လား” 

'ကလေးလေး' ဆိုသည့် ထိုစကားလုံး နားထဲသို့ ရောက်ရှိသွားသည့် ခဏမှာပင် ပိုင်မူနင်၏ နားရွက်လေးများမှာ မီးတောက်ကဲ့သို့ ပူထူသွားရတော့သည်။ 
ဝမ်ကျင်းက ငါ့ကို ဘယ်လိုများ ဒီလိုမျိုး ခေါ်နိုင်ရတာလဲ… ဒါက စည်းကမ်းချက်အားလုံးကို ချိုးဖောက်လိုက်တာပဲ မဟုတ်လား…

သူ့မျက်နှာတစ်ခုလုံး နီမြန်းကာ တိတ်ဆိတ်နေမိသော်လည်း 'ကလေးလေး' ဆိုသည့် စကားလုံးကြောင့် ရင်ထဲတွင်မူ ချိုမြိန်လွန်းသည့်ခံစားချက်များဖြစ်ပေါ်လာကာ ခေါင်းထဲတွင် မူးဝေသွားရ၏။

ငါက ဝမ်ကျင်းရဲ့ ကလေးလေးတဲ့... တစ်စုံတစ်ယောက်ရဲ့ အမှန်တကယ် တန်ဖိုးထားမြတ်နိုးခံရသူပေါ့…

ဝမ်ကျင်းက တည်ကြည်သည့် အမူအရာဖြင့် ချုံဆမ် အနားသတ်ကို အသာအယာ မလိုက်ရင်း ဆိုလိုက်သည်။
"ကလေးလေးရဲ့ ညဝတ်အင်္ကျီလေးက လှသားပဲ" 

”ဒါပေမဲ့ ဒီနေရာလေးက ပိုတောင် လှသေးတယ်...”

'ဒီနေရာ' ဆိုသည်က ဘယ်အရာကို ဆိုလိုမှန်း ရှင်းနေသောကြောင့် ပိုင်မူနင်၏မျက်နှာတစ်ခုလုံး ရဲရဲနီသွားကာ ကိုယ့်ကိုယ်ကိုယ် အမြန်ဖုံးကွယ်ရန် ကြိုးစားမိတော့သည်။

” မပြောနဲ့တော့…”

“ဘာကို မပြောရမှာလဲ…”
ဝမ်ကျင်းက တမင်တကာ မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
“ကလေးလေး... ကိုယ့်ကို ဘာတွေမပြောစေချင်တာလဲ…နည်းနည်းလောက် ရှင်းရှင်းလင်းလင်း ပြောပြပါဦး”

ပိုင်မူနင်ခမျာ ပြန်ဖြေဖို့ရာ အလွန်အမင်း ရှက်သွေးဖြာနေမိသည်။ ပါးပြင်နှစ်ဖက်မှာ ပူထူနေပြီး ရင်ခုန်သံများကလည်း ပြင်းထန်နေ၏။ ထို့နောက် သူက ဝမ်ကျင်း၏ လည်ပင်းကို အတင်းလှမ်းဖက်ကာ အားကိုးတကြီး တိုးဝင်လိုက်ပြီး လက်တစ်ဖက်ဖြင့် ဝမ်ကျင်း၏ မျက်လုံးများကို အုပ်မိုးလိုက်သည်။
“ကျွန်တော့်ကို မကြည့်နဲ့တော့”

ထူထဲသော မျက်တောင်ရှည်လေးများက ပိုင်မူနင်၏ လက်ဖဝါးပြင်ကို အသာအယာ ပွတ်တိုက်မိသွားသည်။ ခဏအကြာတွင် ဝမ်ကျင်းက ပြောလာသည်
“ကောင်းပါပြီ... ကိုယ်မကြည့်တော့ဘူးလေ” 

“ဒါဆို မျက်လုံးတွေကို မှိတ်ထားပေး”

ဝမ်ကျင်းက နာခံစွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။ လက်ဖဝါးအောက်တွင် မျက်တောင်ခတ်သည်ကို မခံစားရတော့သည့် အခါမှသာ ပိုင်မူနင်က စိတ်အေးသွားတော့သည်။

သူက ဝမ်ကျင်း၏ နက်ကတိုင်ကို ဖြေလျှော့လိုက်ပြီး ဝမ်ကျင်း၏ မျက်လုံးများကို စည်းနှောင်ရန် အသုံးပြုလိုက်သည်။ ထို့နောက် ကျေနပ်အားရစွာဖြင့်ပြောသည်။
”အခုဆိုရင် ခင်ဗျား မမြင်ရတော့ဘူး…အခုချိန်ကစပြီး ကြည့်ဖို့လည်း ခွင့်မပြုဘူး၊ စကားပြောဖို့လည်း ခွင့်မပြုဘူး”

သူက ဝမ်ကျင်း၏ နားသန်သီးလေးကို အသာအယာ ကိုက်လိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်... "ကျင်းကော... အခုကစပြီး ကျွန်တော့်အလှည့်နော်… လက်တွေ့လေ့ကျင့်ခန်း လုပ်ရမယ့်အချိန်ပဲ"

ပိုင်မူနင်က ဝမ်ကျင်းကို တွန်းလှဲလိုက်ပြီးနောက် တစ်ဖက်လူကို သူကိုယ်တိုင် သာယာမှုပြန်ပေးနိုင်ရန်အတွက် ဝမ်ကျင်း စောစောက လုပ်ခဲ့သည့် အပြုအမူများကို အတုယူကာ စတင်လိုက်တော့သည်။

သို့သော် သူတို့နှစ်ဦးကြားမှ ကွာခြားချက်မှာ သိသာလွန်းလှသည်။ ဝမ်ကျင်းအတွက် အလွန်လွယ်ကူလှသော အရာများမှာ ပိုင်မူနင်အတွက်မူ တကယ့်ကို ခက်ခဲလှသော အလုပ်တစ်ခု ဖြစ်နေ၏။

ဝမ်ကျင်း စွမ်းဆောင်နိုင်ခဲ့သလိုမျိုး တစ်ဖက်လူကို အရည်ပျော်ကျသွားအောင် သူ ကြိုးစားကြည့်သော်လည်း ရလဒ်များမှာ လုံးဝ တခြားစီ ဖြစ်နေခဲ့သည်။ ပိုင်မူနင်မှာသာ အလွယ်တကူ တုံ့ပြန်မှု ဖြစ်ပေါ်ခဲ့သော်လည်း ဝမ်ကျင်း၏ တုံ့ပြန်မှုမှာမူ နှေးကွေးလွန်းလှသည်။

ထိုအခိုက်အတန့်တွင် ပိုင်မူနင်က ကိုယ့်ကိုယ်ကိုယ်ပင် သံသယဝင်လာမိသည်။
ငါ တစ်ခုခုများ မှားနေလား...

သူ့ပါးစပ်တစ်ခုလုံး ညောင်းညာကိုက်ခဲလာပြီး မေးရိုးများပင် ပြုတ်ထွက်မတတ် တင်းတောင့်လာရသည်။
ထိုထက်ပို၍ ဆက်မလုပ်နိုင်တော့သည့်အဆုံး ပိုင်မူနင်မှာ ဝမ်ကျင်းထံသို့သာ အကူအညီတောင်းရန် လှည့်ကြည့်လိုက်ရတော့သည်။
“ကျွန်တော် ဘယ်လိုဆက်လုပ်ရမလဲ...”

ဝမ်ကျင်း၏ မျက်လုံးများမှာ စည်းနှောင်ခံထားရဆဲပင်။ သူက ပိုင်မူနင်၏ ခေါင်းလေးကို စမ်းတဝါးဝါးဖြင့် လှမ်းကိုင်လိုက်ပြီး စိတ်ရှည်လက်ရှည် နူးနူးညံ့ညံ့ပင် ပြောလိုက်သည်။"

”တခြားနည်းလမ်းတစ်ခု သုံးကြည့်ဖို့ရော စဉ်းစားမိလား”

”ဘယ်လိုနည်းလမ်းလဲ...”

ဝမ်ကျင်းက သူ့ကို အနားသို့ ဆွဲကပ်လိုက်ပြီး လက်ဖဝါးက ပိုင်မူနင်၏ ကျောရိုးအောက်ခြေအထိ လျောဆင်းသွားသည်။ ထိုအပြုအမူက စကားလုံးများဖြင့် ဖွင့်ဟနေစရာမလိုဘဲ အဓိပ္ပာယ်မှာ ရှင်းလင်းနေ၏။
"မင်း တကယ်လို့ မလုပ်ချင်ဘူးဆိုရင်တော့ ကိုယ် အတင်းအကျပ် မတိုက်တွန်းပါဘူး"

သူ့ရှေ့မှ မြင့်မားလှသော တောင်တန်းကြီးမှာ အနားယူမည့် အရိပ်အယောင်ပင် မရှိသေးပေ။ ပိုင်မူနင်က ဝမ်ကျင်း၏ ရင်ခွင်ထဲတွင် မှီတွယ်ရင်း တိုးတိုးလေး ကပ်ပြောလိုက်သည်။
”ခုတင်ဘေးက အံဆွဲထဲမှာ ရှိတယ်... ကျင်းကောဘာသာပဲ ယူလိုက်တော့”

”ဘာရှိတာလဲ...”

တစ်ခါတလေတွင် ပိုင်မူနင်က ဝမ်ကျင်းကို တကယ့်ကို အသည်းယားစရာကောင်းသည့် လူဆိုးကြီးဟု တွေးမိသည်။ ဝမ်ကျင်းက အရာအားလုံးကို သိနေပါလျက်နှင့် သူ့ကို အတင်းအကျပ် ဖွင့်ဟပြောခိုင်းနေပေသည်။

သူက တကယ့်ကို လူဆိုးကြီးပဲ…အရမ်းကို ဆိုးလွန်းတယ်…

”မသိရင်လည်း နေတော့... ကျွန်တော် ကျင်းကောရဲ့ အကွက်ထဲကို မဝင်ဘူး”

သို့သော် ဝမ်ကျင်းက သူ့ကို လှုပ်ရှားခွင့်မပေးပေ။ သူ့ကိုယ်လုံးလေးကို အသာအယာ ဖိထားရင်း မေးလိုက်တော့သည်။
”ဒါဆိုရင်... အခု ကိုယ် မင်းကို ကြည့်လို့ရပြီလား” 

နက်ကတိုင်က ဝမ်ကျင်း၏မျက်လုံးများကို ဖုံးအုပ်ထားဆဲဖြစ်ပြီး သူ့ကို ဘာမှမမြင်ရအောင် တားဆီးထားဆဲပင်။ ပိုင်မူနင်က စည်းနှောင်ထားမှုကို ဖြည်မပေးဘဲ "ကြည့်လို့ရပြီ" ဟုသာ ပြန်ပြောလိုက်သည်။

ဝမ်ကျင်းက ပိုင်မူနင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး သူ့ခေါင်းဆီသို့ ဆွဲခေါ်သွားကာ နူးညံ့လှသည့်လေသံလေးနင့် ချော့မော့လိုက်သည်။ 
”ကလေးလေး... ကိုယ့်ကို ဒါလေး ဖြည်ပေးလို့ ရမလားဟင်”

ပိုင်မူနင်က ပထမတွင် မဖြည်ပေးချင်ခဲ့ပေ။ သို့သော် ဝမ်ကျင်းက သူ့ကို 'ကလေးလေး' ဟု ခေါ်လိုက်သည့်အခါတွင်မူ သူ လုံးဝမငြင်းဆန်နိုင်တော့ပေ။

သူက နာခံစွာဖြင့် နက်ကတိုင်ကို ဖြေလျှော့ပေးလိုက်ပြီး ဘေးသို့ ပစ်လိုက်သည်။ ထိုခဏမှာပင် ဝမ်ကျင်း၏ အကြည့်များနှင့် ဆုံမိသွားရာ ထိုအကြည့်များမှာ သားရဲတစ်ကောင်၏ အကြည့်များကဲ့သို့ပင်...

သို့သော် စက္ကန့်အနည်းငယ်အကြာမှာပင် ဝမ်ကျင်းက သူ့မျက်ဝန်းထဲရှိ ပိုင်ဆိုင်လိုစိတ် ပြင်းပြနေသော လောင်ကျွမ်းခြင်းများကို ထိန်းချုပ်လိုက်ပြီး အမိန့်ပေးသံ ခပ်ဆဆဖြင့် ဆိုလာသည်။
”ကလေးလေး... အံဆွဲထဲက ပစ္စည်းကို ကိုယ့်အတွက် သွားယူပေးလို့ ရမလား”

ဘာလို့ သူကိုယ်တိုင် မယူတာလဲ… ခုတင်ဘေးက အံဆွဲက တကယ်ပဲ အဲ့ဒီလောက်တောင် ဝေးနေလို့လား…

သို့သော်လည်း 'ကလေးလေး' ဆိုသည့် ထိုစကားလုံး၏ မှော်မန္တန်အောက်တွင် ပိုင်မူနင်က နောက်တစ်ကြိမ် ထပ်မံအရှုံးပေးလိုက်ရပြန်ကာ လိမ်လိမ်မာမာပင် သွားယူပေးလိုက်တော့သည်။

ပစ္စည်းလေးမှာ ခုတင်ပေါ်သို့ ရောက်ရှိသွားသည်။ ဝမ်ကျင်းက ကျောဘက်ဇစ်ကို ဆွဲဖွင့်လိုက်ရင်း မေးလိုက်သည်။
”ဒါကို ဘယ်တုန်းက ဝယ်ထားတာလဲ”

”လွန်ခဲ့တဲ့ နှစ်ရက်လောက်က...”

“မင်း ဒါကို ဘယ်လိုသုံးရမလဲဆိုတာ တကယ်ရော သိရဲ့လား”

“သုံး... သုံးတာပဲလေ... အဲဒီအတိုင်းပဲ သုံးတာပေါ့... တခြားဘယ်လိုရှိဦးမှာလဲ” 
ပိုင်မူနင်၏ စကားတို့မှာ အထစ်ထစ်အငေါ့ငေါ့ဖြင့်ပင်။

ဝမ်ကျင်းက သူ့ကို ထပ်မံ စနောက်နေပြန်သည်။ ပိုင်မူနင်က အလွယ်တကူ အရှုံးမပေးဘဲ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"ခင်ဗျား မသုံးတတ်ရင်လည်း ပစ်လိုက်တော့"  

ဝမ်ကျင်းက ကျီစယ်ရင်း ဝတ်စုံလေး လျှောကျသွားချိန်တွင် ပိုင်မူနင်၏ ပုခုံးသားလေးကို အသာအယာ ခဲလိုက်သည်။
“ပစ်လိုက်ရမှာ နှမြောစရာကြီး... အလဟဿဖြစ်သွားစေမယ့်အစား ကုန်သွားအောင် သုံးလိုက်တာက ပိုကောင်းပါတယ်”

ထိုစကားအဆုံး ပိုင်မူနင်အတွက် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ပင်။ ပိုင်မူနင်မှာ ဝမ်ကျင်း၏ မနားမနေ “လမ်းညွှန်ပြသမှု” ကြောင့် ဘာသာရေး အခမ်းအနားတစ်ခုကို 
ဆောင်ရွက်နေသည့် ဘုရားဖူးခရီးသည်တစ်ဦးပမာ အိပ်ရာထက်တွင် မရပ်မနား ဦးတိုက်နေရသည်။

ယခင်က ရိုင်းစိုင်းကြမ်းတမ်းနေခဲ့သော ထိုအမျိုးသားမှာ ယခုအခါတွင်မူ နူးညံ့သိမ်မွေ့သည့်နည်းစနစ်တို့အား သုံးကာဖြင့် ပိုင်မူနင်၏ ခုခံကာကွယ်မှုများကို အပြီးတိုင်ဖြိုဖျက်နေတော့သည်။ ပိုင်မူနင်က နေ့စဉ်‌နေ့တိုင်း အသားအရေကို ဂရုစိုက်ပေးမှုတို့ကြောင့် တစ်ချိန်က ကြမ်းတမ်းခဲ့သော ဝမ်ကျင်း၏လက်ဖဝါးများမှာ ယခုအခါ ချောမွေ့နူးညံ့နေပြီဖြစ်သည်။

နောက်ဆုံးတွင်မူ စိတ်ရှည်သည်းခံတတ်သည့် မုဆိုးအနေဖြင့် သူ၏သားကောင်ကို စတင်၍ အရသာခံ စားသုံးတော့သည်။ ဝမ်ကျင်းက ပိုင်မူနင်၏ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း သူ၏လည်ပင်းနောက်ဘက်ကို ကိုက်ခဲလိုက်ကာ နည်းလမ်းအသစ်ဖြင့် ထိုးစစ်ဆင်လာသည်။ ပိုင်မူနင်မှာ ရူးသွပ်သွားတော့မတတ် ခံစားနေရ၏။ အာရုံကြောတိုင်းမှာ တင်းကျပ်နေပြီး သူ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းများမှာလည်း ပြိုလဲသွားရသည်။ သူ့ခမျာ ဆီးနှင်းများဖုံးလွှမ်းနေသော တောင်ထိပ်ပေါ်သို့ တက်နေသည့် တောင်တက်သမားတစ်ဦးပမာ လမ်းပြဖြစ်သူက နူးညံ့သိမ်မွေ့ခြင်းမဲ့စွာ သူ့ကို မြင့်သထက်မြင့်အောင်သာ တွန်းပို့နေတော့သည်။

ဝမ်ကျင်းမှာ လုံးဝ ညှာတာမပေးပေ။  á€™á€°á€œá€€ နူးညံ့နေသော အမျိုးသားမှာ ပျောက်ကွယ်သွားပြီဖြစ်ကာ ထိုနေရာတွင် သားကောင်ကို လုံးဝလက်မလွှတ်တမ်း သိမ်းပိုက်လိုသည့် မုဆိုးတစ်ဦးကသာ အစားထိုးဝင်ရောက်လာခဲ့သည်။

“ဝမ်ကျင်း... ဝမ်ကျင်း...” 
ပိုင်မူနင်မှာ အသက်ကိုပြင်းပြင်းရှူရင်း အက်ရှရှအသံဖြင့်သာ တဖွဖွ ခေါ်နေမိတော့သည်။

“မင်း ကိုယ့်နာမည်အရင်းအတိုင်း အပြည့်အစုံခေါ်တာကို ကိုယ်မကြိုက်ဘူး” 
ဝမ်ကျင်းက သူ၏လည်ပင်းကို ကပ်မှီလျက် တိုးတိုးလေး ရေရွတ်လိုက်သည်။ 
“ပြင်ခေါ်ပေး”

“ကျင်းကော... ကျင်းကော... ကျွန်တော် ခင်ဗျားကို နောက်ထပ် မစတော့ပါဘူး... ဒီနေ့အတွက် ဒီမှာတင် ရပ်လိုက်ရအောင်ပါနော်”

ချုံဆမ်ဝတ်စုံလေးမှာမူ အပိုင်းပိုင်းဖြင့် အိပ်ရာပေါ်တွင် ပြန့်ကျဲနေတော့သည်။ ပိုင်မူနင်မှာ အစောပိုင်းက ကိုယ့်သေတွင်းကိုယ် တူးခဲ့မိသည်အတွက် အလွန်အမင်း နောင်တရနေမိသည်။ 

ဝမ်ကျင်းက “အစွမ်းအစမရှိဘူး” လို့ ဘယ်သူပြောတာလဲ... သူက တကယ်ကို စွမ်းဆောင်ရည်တွေ ပြည့်ဝလွန်းနေတာ...

“ကလေးလေး... ခဏလောက်ပဲ ထပ်ပြီး သည်းခံပေးပါဦး” 
ဝမ်ကျင်းက အသာချော့မော့လာသည်။ 

သူက ငါ့ကို ကလေးလေးလို့တောင် ခေါ်လာပြီပဲ... ဒီတော့ နည်းနည်းလောက်ပိုပြီး အောင့်ခံပေးလိုက်ပါ့မယ်...

ပိုင်မူနင်မှာ ခေါင်းအုံးထဲသို့ မျက်နှာအပ်ကာသာ ဆက်လက်၍ အောင့်အည်းသည်းခံရတော့သည်။ သို့သော်လည်း “လမ်းပြသူ” ဖြစ်သည့် ဝမ်ကျင်းမှာမူ ဤခရီးစဉ်တွင် အလွန်အမင်း သာယာကျေနပ်နေပုံရပြီး ရပ်တန့်ရန် လုံးဝငြင်းဆန်နေကာ ချော့မော့ရင်း ပူးပေါင်းခိုင်းလာ၏။

အရုဏ်ဦး၏ ပထမဆုံးအလင်းတန်းလေးများ အခန်းထဲသို့ ဖြာကျလာသည့်အချိန်မှသာ ဝမ်ကျင်းတစ်ယောက် ပိုင်မူနင်၏ ကိုယ်ပေါ်သို့ ကျောက်တုံးကြီး တစ်တုံးကဲ့သို့ မှောက်လျက်သား ပြိုလဲကျသွားတော့သည်။ ပိုင်မူနင်မှာ စိတ်သက်သာရာ ရသွားသည့်အလား အသက်ရှူထုတ်ရင်း တွေးလိုက်မိသည်။ 
‘နောက်ဆုံးတော့... ပြီးသွားပြီပဲ’

ပိုင်မူနင်မှာ ညနေ ၆ နာရီအထိ အိပ်ပျော်သွားခဲ့ပြီး ဗိုက်ဆာလာမှသာ နိုးလာရသည်။ သူ့ခမျာ ခန္ဓာကိုယ်ကိုပင် မလှုပ်နိုင်လောက်အောင်ဖြစ်နေပြီး အသံမှာလည်း ခြောက်ကပ်အက်ရှနေကာ လှမ်းခေါ်လိုက်သည်။
"ကျင်းကော..." 

ဝမ်ကျင်းမှာ ပိုင်မူနင်လိုအပ်မည်ကို ကြိုတင်ခန့်မှန်းထားသည့်အလား စားစရာဗန်းကို ကိုင်၍ အခန်းထဲသို့ ဝင်လာသည်။ ပိုင်မူနင်မှာ မှောက်လျက်သားပင်နေနေပြီး ဝမ်ကျင်း ခွံ့ကျွေးသမျှကိုသာ ဇိမ်နှင့်စားနေတော့သည်။ ဆန်ပြုတ်မှာ အာဟာရဓာတ်များစွာ ပါဝင်နေသည်။ 

အနည်းဆုံးတော့ ထို "လူဆိုးကြီး" က သူ့ကို မည်သို့ပြန်၍ အားဖြည့်ပေးရမည်အား သိနေသေး၍ တော်သေးသည်ဟုဆိုရပေမည်။

"ဘယ်လိုနေသေးလဲ" 
ဝမ်ကျင်းက မေးလိုက်သည်။

"လုံးဝကို မကောင်းဘူး" 
ပိုင်မူနင်က နှာခေါင်းရှုံ့ရင်း စောင်ထဲသို့ ပြန်လည် တိုးဝင်သွားကာ ဆိုလိုက်သည်။
 "ခင်ဗျားထွက်သွားလို့ ရပြီ... ကျွန်တော် ပြန်အိပ်တော့မယ်" 

တံခါးပိတ်သွားသည်နှင့် သူဖုန်းကို ထုတ်ကြည့်လိုက်သည်။ ကျွမ်းယွိမြန်ထံမှ အဘယ်ကြောင့် အလုပ်မလာသည်ကို မေးထားသော မက်ဆေ့ခ်ျကို တွေ့လိုက်ရ၏။ ပိုင်မူနင်မှာ သူ၏ခန္ဓာကိုယ် ခံနိုင်ရည်ကို အလွန်အမင်း အထင်ကြီးခဲ့မိကြောင်း သတိပြုမိလိုက်သည်။ သူ့အနေဖြင့် အလုပ်သွားနိုင်လိမ့်မည်ဟု ထင်ခဲ့သော်ငြား အနည်းဆုံးရက်အနည်းငယ်ခန့် အနားယူရန် လိုအပ်ပေလိမ့်‌မည်။

ထိုအချိန်မှာပင် မရင်းနှီးသော ဖုန်းနံပါတ်တစ်ခုထံမှ ပေးပို့ထားသော စာတစ်စောင်ကို သူ သတိထားမိလိုက်သည်။

[ပိုင်မူနင် ငါ နိုင်ငံခြားသွားတော့မယ်... နောက်ဆုံးတစ်ခေါက်လောက် တွေ့ကြရအောင်...]

ယင်းက သိသိသာသာပင် ကျန်းချင်းချီထံမှဖြစ်၏။ ပြန်ပေးဆွဲသူကျိုးချောင်ကို ဒေါသထွက်အောင် ကျန်းချင်းချီဖုန်းဆက်ပြီး လှုံ့ဆော်ခဲ့သည်အား ပြန်တွေးမိပြီး ပိုင်မူနင် ရင်ထဲတွင် ဒေါသတို့ တောက်လောင်လာရ၏။

‘သူက ငါ့ကို တွေ့ချင်တယ်ပေါ့လေ... ကောင်းပြီ’ 
ပိုင်မူနင် တွေးလိုက်သည်။ 

ကျန်းချင်းချီက သူ့ကို တစ်ကြိမ်ဒုက္ခပေးခဲ့ရာ ပိုင်မူနင်အနေဖြင့် သူ့ကို ဤအတိုင်း အေးအေးဆေးဆေး ထွက်သွားခွင့်မပြုနိုင်ပေ။ 

အနည်းဆုံး ထိုသူ၏ရင်ထဲတွင် "ဓား" တစ်စင်း စိုက်ထားခဲ့ချင်၏။ သို့မဟုတ်လျှင် ကျိုးချောင်၏ သေဆုံးမှုက အလကားဖြစ်သွားပေလိမ့်မည်။

သူက စာပြန်ပို့လိုက်ပြီး ကျန်းချင်းချီဘက်မှ တွေ့မည့်နေရာကို ပို့လာပြီးသည်နှင့် စိတ်အပန်းဖြေရန်အလို့ငှာ ဂိမ်းတစ်ခု ဖွင့်လိုက်သည်။


💊💊💊💊 Chapter 75
 

ဗုဒ္ဓဟူးနေ့တွင် မနက်စာစားနေစဉ်အတွင်း ပိုင်မူနင်က ကျန်းချင်းချီမှ သူ့ကိုတွေ့ရန် ချိန်းဆိုထားသည့်အကြောင်းကို ဝမ်ကျင်းအား ပြောပြလိုက်သည်။ သူတို့နှစ်ဦးမှာ အရင်းနှီးဆုံးလက်တွဲဖော်များဖြစ်ကြသည့်အတွက် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ချက်မထားဘဲ ဖြစ်ပျက်သမျှကို ဝမ်ကျင်းထံဝေမျှရမည်ဟု သူ ယုံကြည်ထားသောကြောင့်ပင်။

ဝမ်ကျင်းက မေးလိုက်သည်။
"သူက ဘာလို့မင်းကို ဆက်သွယ်လာရတာလဲ" 

ပိုင်မူနင်က ဆန်ပြုတ်သောက်ရင်း ပြန်ဖြေလိုက်သည်။
"သူ နိုင်ငံခြားကိုထွက်တော့မှာမို့ နောက်ဆုံးအကြိမ်အဖြစ်တွေ့ချင်တယ်တဲ့ ... စာပို့လာတယ်လေ" 

ဝမ်ကျင်းက ခေတ္တမျှတိတ်သွားပြီးနောက် ဆိုသည်။
"မင်း သွားချင်နေတာပဲ" 

၎င်းမှာ မေးခွန်းတစ်ခု မဟုတ်ပေ။ ဝမ်ကျင်းက ပိုင်မူနင်၏စိတ်ထဲမှ အတွေးကို ရိပ်မိပြီးသားပင်။

ပိုင်မူနင်က ခေါင်းညိတ်ပြလိုက်သည်။ 
"ကျိုးချောင်မသေခင်က ကျွန်တော့်ကိုမှာသွားတဲ့ စကားတစ်ခွန်းရှိတယ်လေ... ခုက သူ့ကို အဲဒီစကား ပြောပြဖို့ အချိန်ကောင်းပဲ"

အကယ်၍ ထိုစဉ်က ကျိုးချောင်သာ အနည်းငယ်မျှပင်လူသားမဆန်ခဲ့ပါက ပိုင်မူနင်အနေဖြင့် ထိုမြေအောက်ခန်းမှ လွတ်မြောက်လာနိုင်စရာ အကြောင်းမရှိပေ။ ကျိုးချောင်က သေခြင်းတရားကို ရွေးချယ်ခဲ့သော်လည်း အဆုံးမသတ်မီ ပိုင်မူနင်ကို လွှတ်ပေးခဲ့၏။ သို့မဟုတ်ပါက ပိုင်မူနင်သည်လည်း အပျက်အစီးများအောက်တွင် မြှုပ်နှံခံထားရမည်သာ။ ကျိုးချောင်က သူ့ကို တစ်ကြိမ်တစ်ခါအသက်ချမ်းသာပေးခဲ့ဖူးသည်ဖြစ်ရာ သူ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးသင့်သည်ဟု ပိုင်မူနင် ခံစားရသည်။ သို့သော်လည်း မည်သို့ဖြည့်ဆည်းပေးမည်ကမူ သူ၏ဆုံးဖြတ်ချက်ပင်။

"မင်း ကိုယ့်အကူအညီလိုလား"

ယင်းက ဝမ်ကျင်းဘက်မှ ခွင့်ပြုလိုက်သည့် သဘောပင်။ ပိုင်မူနင်က ပြုံးလိုက်သည်။ 
"မလိုပါဘူး... ကျွန်တော်သူ့ကို မနိုင်ဘူးလို့ ထင်နေတာလား"

ပိုင်မူနင်က ယုံကြည်မှုအပြည့်ဖြင့် ကိုယ့်ရင်ဘတ်ကိုယ် ပုတ်ပြလိုက်၏။
"ပြောပြရဦးမယ်... ကျွန်တော် စကားနိုင်လုရင် တစ်ခါမှ မရှုံးဖူးဘူး... တကယ်တော့ ကျွန်တော်က လူတွေကိုဆဲတဲ့နေရာမှာ တော်တော်,တော်တာနော်"

ငါက ဝမ်ကျင်းရှေ့မှာသာ ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက် ဖြစ်နေတာပါ... တခြားသူတွေနဲ့ဆိုရင်တော့ အဲဒီလိုမဟုတ်ပါဘူးနော်... ရန်ဖြစ်တာပဲဖြစ်ဖြစ် စကားများတာပဲဖြစ်ဖြစ် ငါ ရှုံးတယ်ဆိုတာ မရှိသလောက်ပဲ...

ဝမ်ကျင်းက တစ်ခုခုကို သတိရသွားဟန်ဖြင့် ခပ်ဟဟရယ်လိုက်သည်။ 
"ကိုယ် မြင်ဖူးတာပေါ့.. မင်းလေးက ဆဲဆိုတဲ့နေရာမှာတော့ တကယ်ကိုထူးချွန်တာပဲ"

"မြင်ဖူးတယ် ဟုတ်လား" 
ပိုင်မူနင် အံ့အားသင့်သွားရသည်။
"ဘယ်တုန်းကလဲ"

သူ ဝမ်ကျင်းရှေ့တွင် ကျိန်ဆဲဖူးခြင်းမျိုးမရှိဟု တွေးမိသဖြင့် အတိတ်မှ သူ့အပြုအမူတို့ကို ပြန်စဉ်းစားကြည့်နေမိသည်။ 

ဝမ်ကျင်းက ဘယ်လိုလုပ် မြင်ဖူးနေရတာလဲ...

"အရပ်ဘက်ရေးရာဌာနမှာလေ" 
ဝမ်ကျင်းက သတိပေးလိုက်သည်။

ထိုစကားတစ်ခွန်းက ပိုင်မူနင်၏ မှတ်ဉာဏ်တို့ကို ပြန်နိုးကြားလာစေသည်။ ထိုစဉ်က သူ့အား ခင်ပွန်းဟောင်းကိုကျိန်ဆဲပေးရန် လီလီက ငှားခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင် ဝမ်ကျင်းနှင့် တိုက်တိုက်ဆိုင်ဆိုင်ဆုံခဲ့ခြင်းဖြစ်၏။ သို့တိုင် ဝမ်ကျင်းတစ်ယောက် သူ့ကို အစောကြီးကတည်းက သတိထားမိနေလိမ့်မည်ဟု ပိုင်မူနင် မထင်ခဲ့မိပေ။

" ကျွန်တော့်ကို မြင်ခဲ့တာလား" 
ပိုင်မူနင်က ပြောသည်။
"ကျွန်တော်ကတော့ ခင်ဗျားကျွန်တော့်ကို မမှတ်မိလောက်ဘူးလို့ ထင်နေတာ"

"နေပါဦး ဘာလို့ ကျွန်တော့်ကို သတိထားမိတာလဲ... ကျွန်တော် မှတ်မိသလောက်ဆိုရင် အဲဒါက ကျွန်တော်တို့ ဒုတိယအကြိမ်မြောက်ဆုံတာပဲရှိသေးတာလေ"

ပိုင်မူနင် စားသောက်ပြီးသွားသည်ကိုမြင်သောအခါ ဝမ်ကျင်းက ပန်းကန်များကို စတင်သိမ်းဆည်းလိုက်သည်။ 

"ပထမဆုံး တစ်ချက်ကြည့်လိုက်ရုံနဲ့တင် မင်းကို ကိုယ်မြင်ခဲ့တာပါ"

တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်ခဲ့တာ ဟုတ်လား... အဲဒီကတည်းက ငါက သူ့အတွက် ထူးခြားနေခဲ့တာလား...

ပိုင်မူနင် တခဏမျှ ဆွံ့အသွားရပြီး မီးဖိုချောင်ထဲအထိ ဝမ်ကျင်းနောက်မှ လိုက်သွားလေသည်။ 

"ဒါဆို ခင်ဗျား ကျွန်တော့်ကိုကြိုက်နေတာ ကြာပြီပေါ့... မဟုတ်ရင် ဘာလို့ကျွန်တော့်ကို အာရုံစိုက်နေမှာလဲ... မြန်မြန်ပြော"

ဝမ်ကျင်း၏ ရင်ထဲမှအတွေးများကို ချောင်းကြည့်ရတော့မည်ဟူသောအသိကြောင့် ပိုင်မူနင် စိတ်လှုပ်ရှားသွားသည်။ ဝမ်ကျင်းကို သူဘယ်သောအခါမှ အကဲခတ်၍မရခဲ့ပေ။ ဝမ်ကျင်းက သူ့ကို အဘယ်ကြောင့်သဘောကျရသည်ကို ဝေဝေဝါးဝါး ခံစားချက်သာရှိပြီး သေချာနားမလည်ခဲ့ပေ။ ယခင်က မေးရန်အခွင့်အရေးမရခဲ့သော်လည်း ယခုမူ အခွင့်အရေးက ရှေ့တည့်တည့်သို့ရောက်လာပြီဖြစ်ရာ သူလက်လွှတ်မခံနိုင်တော့ပေ။

ဝမ်ကျင်းက မပွင့်တပွင့်ဖြင့် ပြောသည်။
 "ခန့်မှန်းကြည့်လေ"

ငါ ဘယ်လိုလုပ် ခန့်မှန်းနိုင်ပါ့မလဲ...
သူက ဝမ်ကျင်း၏ ခါးကို နောက်မှ သိုင်းဖက်လိုက်၏။

"ကျင်းကော... ကျင်းကောလို့... ပြောပြပါနော်"  
သူ ကပ်ချွဲကာ တောင်းဆိုလိုက်သည်။

ဝမ်ကျင်းက လက်ကိုခြောက်အောင်သုတ်ပြီးနောက် ပိုင်မူနင်ဘက်သို့လှည့်ကာ ကူကယ်ရာမဲ့နေဟန်ဖြင့် ဆိုလိုက်သည်။  
"မင်းကိုယ့်ကို အဲဒီလိုဆက်ခေါ်နေမယ်ဆိုရင် ဒီနေ့ ကိုယ်အလုပ်မသွားတော့ဘူးနော်" 

ပိုင်မူနင်က နှုတ်ခမ်းစူလိုက်ပြီး ပန်းနုရောင်သန်းနေသည့် ပါးပြင်တို့ဖြင့် ဝမ်ကျင်းကို ကြည့်လိုက်သည်။ သူက မကျေမနပ်ဆိုလိုက်၏။ 
"ခင်ဗျားကျွန်တော့်ကို ခြိမ်းခြောက်နေတာလား... ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ... မပြောချင်ရင်လည်းနေပေါ့... ဘာလို့ ခြိမ်းခြောက်နေရတာလဲ"

ဤရက်များအတွင်း ဝမ်ကျင်းက များစွာအလိုလိုက်ထားရာ ပိုင်မူနင်မှာ နောက်ထပ် တောင့်ခံနိုင်စွမ်း မရှိတော့ပေ။

ဝမ်ကျင်းက ပိုင်မူနင်ကို အနားသို့ ဆွဲခေါ်လျက် ချော့မော့လိုက်သည်။
"ညကျမှပြောပြမယ်... ဟုတ်ပြီလား" 

ကျန်းချင်းချီက ပိုင်မူနင်ကို ကြောင်ကဖေးတစ်ခုတွင်တွေ့ရန် ချိန်းဆိုသည်။ ပိုင်မူနင် ရောက်သွားချိန်တွင် ကျန်းချင်းချီက ငွေရောင်အမွေးတိုကြောင်လေးတစ်ကောင်ကိုပွေ့ချီလျက် ရောက်နှင့်နေပြီဖြစ်သည်။ ပိုင်မူနင်ကို မြင်သည်နှင့် သူက ပြုံးလျက် လက်ဝှေ့ယမ်းပြသည်။ 
"ဒီမှာပါ"

သူကား ပိုင်မူနင်ကို နှစ်ပေါင်းများစွာမတွေ့ရသည့် သူငယ်ချင်းဟောင်းတစ်ယောက်ပမာ နွေးထွေးစွာ နှုတ်ဆက်လာ၏။ ကျန်းချင်းချီမှာ ကြောင်များကို တကယ်ပင်သဘောကျပုံရပြီး ကြောင်လေးများကို ပွေ့ချီထားစဉ် သူ၏အပြုံးမှာ ချိုမြိန်လှ၏။

"ငါငယ်ငယ်တုန်းက ကြောင်တစ်ကောင် ရှိခဲ့ဖူးတယ်... လမ်းဘေးကနေ ကောက်ရခဲ့တဲ့ လေလွင့်ကြောင်လေးလေ... ငါ အဲဒီကြောင်လေးကိုသိပ်ချစ်တာ... အိမ်ကိုခေါ်လာပြီး ကျိုးချောင်ကို မွေးချင်တယ်လို့ပြောတော့ သူကသဘောတူခဲ့တယ်"

"အဲဒီနောက် တစ်နေ့ကျ ငါ့ကြောင်လေးသေသွားတယ်... ငါ အရမ်းဝမ်းနည်းပြီး ငိုခဲ့ရတယ်... ကျိုးချောင်က ငါ့ကိုပြောတယ်... အဲဒီအချိန်ကစပြီး သူ ငါ့နားမှာအမြဲရှိနေမှာမို့ ငါတို့နှစ်ယောက်တည်းရှိရင် လုံလောက်ပြီတဲ့"

"မင်း သိလား... ငါ တကယ်ကြောက်သွားခဲ့တာ... အဲဒီအချိန်မှာ ငါ့စိတ်ထဲကို အတွေးတစ်ခုဝင်လာတယ်... ကျိုးချောင်က ငါ့ကြောင်လေးကို သတ်ပစ်လိုက်တာ... သေချာပေါက် သူလုပ်ခဲ့တာ... နောက်ဆုံးကျရင် သူငါ့ကိုလည်း သတ်ပစ်မှာပဲလို့... ဒါကြောင့် ငါသူ့ဆီကနေလွတ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမဲ့ ဘာမှမထူးခဲ့ဘူး... ဝမ်ချီနဲ့ မတွေ့ခင်အထိပေါ့"

ပိုင်မူနင်ကမူ ကြောင်ကို မပွေ့ထားပေ။ သူက ကျန်းချင်းချီကို အေးဆေးစွာ ကြည့်လိုက်ကာဖြင့် ခပ်ဖြည်းဖြည်းပင် ဆိုသည်။ 

"မင်းရဲ့ ဇာတ်လမ်းကို ငါစိတ်မဝင်စားဘူး... အဲဒါက မင်းနဲ့ကျိုးချောင်ကြားကကိစ္စပဲ... ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို ငါ မဝေဖန်နိုင်ဘူး"

“မင်းဒီနေ့ ငါ့ကိုဒီကိုခေါ်တာက မင်းကိုယ်မင်း သနားစရာကောင်းတဲ့ လူတစ်ယောက်လို ဟန်ဆောင်ချင်လို့မလား... ငါနဲ့ဝမ်ကျင်း ပြန်အဆင်ပြေသွားတာကို မင်းသိလို့... မင်းကျိုးချောင်ဆီ ဖုန်းဆက်ခဲ့တဲ့အကြောင်း ငါဝမ်ကျင်းကို ပြောပြမှာကို မင်းကြောက်နေတာမလား”

“ဖုန်းခေါ်တဲ့အချိန် ငါ့ဘေးကင်းရေးကို လုံးဝဂရုမစိုက်ဘဲ ကျိုးချောင်ကိုသွားသေလိုက်ဆိုပြီး မင်း လှုံ့ဆော်ခဲ့တာကို ဝမ်ကျင်းသာသိသွားရင် ဝမ်ကျင်း မင်းကို လက်စားချေမှာကို ကြောက်နေတာမလား”

ကျန်းချင်းချီ၏ မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားသည်။ 
“ငါတကယ်ကို တော်တဲ့လူတွေနဲ့ ဆက်ဆံရတာကို မကြိုက်ဘူး... ပျင်း၏ရာကောင်းလွန်းတယ်”

သူက ပွေ့ချီထားသောကြောင်လေးကို လွှတ်ပေးလိုက်ပြီး ပိုင်မူနင်ကိုစိုက်ကြည့်လိုက်သည်။

“မင်းက ဝမ်ကျင်းအမှန်တရားကိုသိရင် ငါ့ကို အပြတ်ဖြတ်ပစ်မယ်ထင်ပြီး ငါ့ရဲ့ အထောက်အထားအမှန်ဘာဆိုတာ ဝမ်ချီကို ရည်ရွယ်ချက်ရှိရှိပြောပြခဲ့တာလေ” 

ပိုင်မူနင်က သကြားမပါသော ကော်ဖီကို တစ်ငုံသောက်လိုက်ပြီး ခါးသက်မှုကြောင့် မျက်မှောင်ကြုတ်သွားသည်။
သူက ခွက်ကိုပြန်ချလိုက်၏။ 

“ငါ အသက်ရှင်လျက်ပြန်လာနိုင်လိမ့်မယ်လို့ မင်း တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူးလေ...ဒါကြောင့်လည်း ဝမ်ချီကို မတော်တဆပြောမိသလိုမျိုး မင်း ဟန်ဆောင်ခဲ့တာပေါ့”

“အစကတည်းက မင်းက ကျိုးချောင်ကို ဝမ်ကျင်းနဲ့ ထိပ်တိုက်တွေ့အောင် လမ်းကြောင်းပေးခဲ့တာ ဖြစ်နိုင်တယ်... ဘာလို့လဲဆိုတော့ ဝမ်ကျင်းက မင်းအတွက် ‘ကျိုးချောင်ဆိုတဲ့ ပြဿနာ’ကို ဖြေရှင်းပေးနိုင်မယ်ဆိုတာ မင်းသိနေလို့ပဲ”

“မင်းက အမှားလုပ်မိတာပါတို့ တမင်လုပ်တာ မဟုတ်ပါဘူးတို့ ပြောနေပေမဲ့... မင်းလို လူမျိုးက ဒီလောက်အထိ ပေါ့ဆတတ်လို့လား”

ကျန်းချင်းချီကမူ မည်သည့်စကားမျှပြန်မပြောဘဲ  á€™á€ťá€€á€şá€”သဏဥမူဥရဏကသဏ လုံးဝအေးစက်၍နေ၏။
ပိုင်မူနင်က ဆက်ပြောလိုက်သည်။

“မင်းက ဘယ်သူ့ကိုမှမချစ်ဘူး... မင်းက လွတ်လပ်ခွင့်ကိုပဲလိုချင်တာ... ငယ်ငယ်က မိဘမဲ့ဂေဟာကနေလွတ်ဖို့ ကျိုးချောင်ကို ကပ်တွယ်ခဲ့တယ်..  á€”္ဏက်တ္ဏအ ကျိုးချောင်ဆီကနေ လွတ်ဖို့ ဝမ်ချီကို ကပ်တွယ်ပြန်တယ်... ဝမ်ကျင်းကိုတောင် မင်းက ရည်ရွယ်ချက်ရှိရှိနဲ့ ဒီကိစ္စထဲဆွဲသွင်းခဲ့တာ... မင်းအတွက်ကတော့ လူတိုင်းက လှေကားထစ်တွေပဲ”

“ကျန်းချင်းချီ... မင်းက တကယ့်ကိုလူယုတ်မာပဲ”

ပိုင်မူနင် အခြားသူများကို ဂရုမစိုက်ပေ။ သူ ဂရုစိုက်သူမှာ ဝမ်ကျင်းတစ်ဦးတည်းသာ။ သို့ပေသိ  á€¤á€€á€ąá€Źá€€á€şá€€á€ťá€…á€şá€œá€˝á€”á€şá€¸á€žá€Šá€şá€ˇá€Ąá€€á€źá€śá€Ąá€…á€Šá€şá€™á€ťá€Źá€¸á€Ąá€á€˝á€€á€ş ကျန်းချင်းချီကိုကျေးဇူးတင်သင့်သည်ဟုလည်း ခံစားရသည်။ ယင်းတို့ကြောင့်သာမဟုတ်ပါမူ သူ့အနေဖြင့် ဝမ်ကျင်းနှင့် ဆုံတွေ့နိုင်မည်မဟုတ်ပေ။

တိတ်ဆိတ်နေသည့် ကျန်းချင်းချီက နောက်ဆုံးတွင် နှာခေါင်းရှုံ့လျက် အေးစက်စွာ ပြောလာသည်။ 
“မင်းကရော မယုတ်မာလို့လား... မင်းလည်း ပိုက်ဆံအတွက်နဲ့ ဝမ်ကျင်းကို လိမ်ခဲ့တာပဲလေ... ငါတို့က အတူတူပါပဲ... ဘာလို့ မင်းကျတော့ လူကောင်းဖြစ်နေသလို ဟန်ဆောင်နေရတာလဲ”

ပိုင်မူနင် ပြုံးလိုက်သည်။ 

“ဟုတ်တယ် ငါတို့နှစ်ယောက်လုံးက လူယုတ်မာတွေချည်းပဲ... ဒါပေမဲ့ မင်းကိုတစ်ခုတော့ပြောပြလိုက်မယ်... ကျိုးချောင်မသေခင်က မင်းအတွက် စကားတစ်ခွန်း မှာသွားခဲ့တာ... အဲဒါ ဘာလဲဆိုတာ မင်း သိချင်လား”

“ခန့်မှန်းကြည့်လေ သူမင်းကို မုန်းသွားတာလား... နာကြည်းသွားလား... ဒါမှမဟုတ် မင်းကို ချစ်မြတ်နိုးနေတုန်းပဲလား”

ကျန်းချင်းချီ၏ မျက်နှာထက်တွင် ခံစားချက်ပေါင်းစုံ ရောယှက်သွားသည်။ နောက်ဆုံးတွင် သူ မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။
“သူ ဘာပြောသွားတာလဲ”

“စိတ်မရှိပါနဲ့...” 
ပိုင်မူနင်က ယဉ်ကျေးပျူငှာစွာ ပြုံးပြလိုက်၏။  
“ငါအသက်ရှင်နေသရွေ့ မင်းကို အဲဒီစကား ဘယ်တော့မှ ပြောပြမှာမဟုတ်ဘူး... မင်းလိုကောင်က သိခွင့်ရဖို့မတန်ဘူး”

ထို့နောက် သူက ထရပ်လိုက်ပြီး လှည့်ထွက်သွားတော့သည်။ ခဏအကြာတွင် သူ့နောက်ကွယ်မှ ဖန်ခွက်ကွဲသံကို ကြားလိုက်ရ၏။ ကျန်းချင်းချီတစ်ယောက် သူ့ဘဝတစ်လျှောက်လုံး ကျိုးချောင်ကို ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ကြောင်း သူ သိလိုက်သည်။ ထိုမျှနှင့်ပင် လုံလောက်ပေပြီ။ ကျိုးချောင်အနေဖြင့် အစွန်းရောက်ခဲ့သော်လည်း ကျန်းချင်းချီအပေါ်တွင်မူ တကယ်ကောင်းခဲ့သူဖြစ်သည်။ သူကား နှလုံးသားကို လူမှားပေးမိခဲ့ရုံသာ။ အခြားသူတစ်ယောက်သာဆိုလျှင် ဤကဲ့သို့ သူ့ကိုယ်သူ အဆုံးစီရင်ရသည်အထိ ဖြစ်လာမည်မဟုတ်ပေ။

သူတို့နှစ်ယောက်လုံးက ဗီလိန်များပင်ဖြစ်သည်။

တစ်ယောက်က သေသည်အထိမမေ့နိုင်ခဲ့သလို ကျန်တစ်ယောက်ကလည်း သူ့ဘဝတစ်လျှောက်လုံး မေ့ပစ်နိုင်တော့မည်မဟုတ်ပေ။ ယင်းက အလိုက်ဖက်ဆုံး ဇာတ်သိမ်းပင်။

-------

ထိုတွေ့ဆုံမှုအပြီးတွင် ပိုင်မူနင် အိမ်သို့တိုက်ရိုက်ပြန်ခဲ့သည်။ လမ်းတွင် စူပါမားကတ်သို့ဝင်ကာ သစ်သီးများ ဟင်းသီးဟင်းရွက်များနှင့် အမဲသားများကို ဝယ်လိုက်၏။ ညစာကို ဟော့ပေါ့လုပ်စားရန် သူစီစဉ်ထားသည်။ အထုပ်များကိုသယ်ပြီး အိမ်ထဲသို့ ဝင်လိုက်ချိန်တွင် အခန်းထဲ၌ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားရသည်။

“ကော... ပြန်လာပြီလား”

ထိုမိန်းကလေးက ပိုင်မူနင်ကို မြင်လိုက်ရလျှင် မှင်သက်သွားတော့သည်။

ပိုင်မူနင်က သူမကို ခေတ္တမျှစိုက်ကြည့်နေပြီးနောက် မှတ်ဉာဏ်ထဲရှိ နာမည်တစ်ခုဖြင့် စစ်ကြည့်လိုက်သည်။ 
"မင်းက စွန်းကျင်းလား"

ပိုင်မူနင် သူမနှင့်ပထမဆုံးတွေ့ချိန်တွင် စွန်းကျင်းက အေးတိအေးစက်ပုန်ကန်တတ်သည့်ဟန်ပန် ဝတ်စားထားခြင်းဖြစ်၏။ အနွေးဓာတ်ထက် ဖက်ရှင်ကိုဦးစားပေးပြီး မျက်နှာနှင့် နားတို့တွင်လည်း နားကပ်များစွာတပ်ထားသည်။ ယခုမူ  á€–ဟူစင်ပုလရပဟဎး သပ်သပ်ရပ်ရပ်ဖြစ်နေသည့် မိန်းကလေးတစ်ယောက်က သူ့ရှေ့၌ရပ်နေခြင်းဖြစ်ရာ မှတ်မိရန် ခဏမျှအချိန်ယူလိုက်ရသည်။

စွန်းကျင်းက သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်လာသည်။ 
"ရှင်ဘယ်သူလဲ... ဘာလို့ ကျွန်မကောရဲ့အိမ်ထဲ ရောက်နေတာလဲ"

ပိုင်မူနင်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမိတ်ဆက်ရမလဲ မသိသဖြင့် လက်ထဲရှိ အိတ်များကိုသာ ဦးစွာချလိုက်၏။ 
"ငါ့နာမည်က ပိုင်မူနင်ပါ... မင်းအစ်ကိုရဲ့ လုပ်ဖော်ကိုင်ဖက်"

စွန်းကျင်းကမူ တစ်စက်ကလေးပင် မယုံချေ။ 
"လိမ်နေတာ... ရှင်က ဘယ်လိုလုပ်ကျွန်မကောရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်မှာလဲ... ရှင်က လူကြီးရော ဖြစ်ပြီလား... နေဦး ကျွန်မကောက ဘာအလုပ်လုပ်တာလဲ... မှန်အောင်မဖြေနိုင်ရင် ကျွန်မရဲခေါ်လိုက်မှာနော်"

"မင်းကောက ဝမ်ကျင်း... စန်းဝမ်ခန်းမက ဆရာဝန် ... မင်းငါ့ကို တကယ်မမှတ်မိတော့ဘူးလား"

စွန်းကျင်းက ဖျစ်ညှစ်ကာစဉ်းစားနေသည်။ 
"မှတ်မိသလိုလိုတောင် မရှိဘူး... ရှင်က တကယ်ကို ဘယ်သူကြီးလဲ"

"အရပ်ဘက်ရေးရာဌာနအပြင်ဘက်မှာလေ... မင်းငါ့ကို ဝင်တိုက်မိသွားလို့ မင်းကောကို ငါ့အတွက် တာဝန်ယူပေးပါဆိုပြီး ပြောခဲ့တယ်မလား"

စွန်းကျင်းတစ်ယောက် နောက်ဆုံးတွင် မှတ်မိသွားသည်။ 
"ဩော် မှတ်မိပြီ ရှင်ကိုး... ဒါပေမဲ့ ဒါက နည်းနည်းတော့ လွန်မနေဘူးလား... ကျွန်မက ရှင့်ကို တစ်ခါပဲ တိုက်မိတာလေ... အဲဒါကို ရှင့်က ကျွန်မကောနောက်ကို တကောက်ကောက် လိုက်နေတာလား"

"ရှင်တကယ်ကြီး သူ့ကိုခန္ဓာကိုယ်နဲ့ အကြွေးဆပ်ခိုင်းလိုက်တာလား"

ဒါက ဘယ်လိုတောင် ယုတ္ထိမရှိတာကြီးလဲ... ငါ ဘာမှတောင် မပြောရသေးဘူးလေ...

“မင်း အထင်လွဲနေပြီ”

“ဘာကို အထင်လွဲရမှာလဲ... ရှင်က ကျွန်မကောရဲ့ချစ်သူမလား... မဟုတ်ရင် သူက ရှင့်ကို ဘယ်လိုလုပ် အိမ်ထဲပေးဝင်မှာလဲ... သူက ပိုးမွှားမုန်းတီးရေးသမားကြီးလေ”

ပိုင်မူနင်လည်း ဝန်ခံရုံမှတစ်ပါး အခြားမရှိတော့ပေ။ 
“ဟုတ်တယ်... ငါက သူ့ရဲ့ချစ်သူ”

“ဒါဆို ကျွန်မရှင့်ကို ဘယ်လိုခေါ်ရမှာလဲ... ယောက်မလား”

“ယောက်မ”ဟူသည့် အသုံးအနှုန်းက ပိုင်မူနင်အတွက် လက်ခံရခက်လွန်းလှသည်။ သူ ခေါင်းကိုက်သလို ခံစားလိုက်ရ၏။

“မင်းငါ့ကို ‘ကော’ လို့ မခေါ်ချင်ရင်လည်း ငါ့နာမည်ပဲခေါ်ပါ” 

“ဪ... ဟုတ် ဒါဆိုရင် ခဲအို ပေါ့”

ခဲအိုလား...


💊💊💊

(T/N - အစ်ကို့ယောက်ျားဆိုပြီး ကောဖုလို့ခေါ်လိုက်တာပါ ခဲအိုလို့ပဲရေးလိုက်ပါတယ်)

Search Novels