💊 Chapter 76
"ယောက်ျား"လို့ တစ်ခွန်းခေါ်လိုက်တာက ဝမ်ကျင်းကို ရူးသွပ်သွားစေနိုင်တယ်


စွန်းကျင်းတစ်ယောက် မည်သူနှင့်တူသည်ကို ပိုင်မူနင် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ပတ်သက်မှုများကို နာမည်အဆန်းပေးတတ်သည့် သူမ၏ စွမ်းရည်မှာ ဖေးရှူးချန်နှင့်တစ်ပုံစံတည်းပင်။

စွန်းကျင်းက အနားသို့လျှောက်လာပြီး ဈေးဝယ်အိတ်များကို မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေသည်။ 
“ကောဖု... ဘာတွေဝယ်လာတာလဲ... ကျွန်မဗိုက်ဆာနေပြီ”

“ဟော့ပေါ့လေ”

နာရီဝက်ခန့် ကြာပြီးနောက် ပိုင်မူနင်နှင့်စွန်းကျင်းတို့အတူ ဟော့ပေါ့ ထိုင်စားနေကြလေသည်။

“ရှင်က ကျွန်မကောရဲ့ ဘာကိုသဘောကျတာလဲ... သူက ပျင်းစရာကြီးဟာကို... အစိုးရိမ်ကလွန်တတ်သေး ... တကယ်တော့ သူက အကျင့်မကောင်းတဲ့ လူပဲ”

“ရှင်သိလား... ကျွန်မမိဘတွေက အလုပ်ရှုပ်နေတော့ ကျွန်မကကောနဲ့ပဲ ကြီးပြင်းလာရတာ... အဲဒီလူက ကျွန်မကို သမီးတစ်ယောက်လိုပြုစုပျိုးထောင်ခဲ့တာလေ... ကျွန်မ ဘာစာသင်ရမလဲ ဘာဝတ်ရမလဲ ဘာစားရမလဲ အနာဂတ်မှာဘာလုပ်ရမလဲ ဘာအပိုသင်တန်းတွေ တက်ရမလဲဆိုတာကအစ... ကျွန်မ ပြောမယ့်စကားတွေကိုတောင် သူက ဝင်စွက်ဖက်သေးတာ...”

“အဲဒီလို ပတ်ဝန်းကျင်မျိုးမှာ ကျွန်မတကယ်ကို ရူးမတတ်ပဲ... ကောကပြောတယ် ကျွန်မသာ အိမ်ထောင်ပြုလိုက်ရင် သူကျွန်မကို ဆက်ပြီးမချုပ်ချယ်တော့ဘူးတဲ့... ဒါနဲ့ ကျွန်မလည်း လက်ထပ်ဖို့လူတစ်ယောက် အတင်းရှာခဲ့တာပေါ့... ဒါပေမဲ့ လက်ထပ်နိုင်တဲ့အသက်က ကန့်သတ်ချက်ရှိနေမယ်လို့ ဘယ်သူကသိမှာလဲ”

“အဲဒီ့ငရဲကျနေရသလိုဘဝကြီးကို ကျွန်မဆက်ပြီး တောင့်မခံနိုင်တော့လို့ အိမ်ကနေထွက်ပြေးခဲ့တာ”

စွန်းကျင်းက အမဲသားတစ်ဖတ်ကို တူဖြင့်ညှပ်လိုက်၏။ 

“အိမ်ကနေထွက်ပြေးပြီး ခံစားရတဲ့ အားကိုးရာမဲ့တဲ့ ခံစားချက်ကို ရှင်နားလည်လား”

“ဒါက ဘယ်လိုမျိုးလဲဆိုတော့ ကိုယ်ကအပြင်ကို ရောက်နေပေမဲ့ သူ့ရဲ့အကြည့်အောက်ကနေ လွတ်မသွားသလိုပဲ... ကိုယ်လုပ်သမျှကို သူက အကုန်သိနေတာ... အဲဒါကိုမှ ‘ထွက်ပြေးတယ်’လို့ ခေါ်လို့ရပါဦးမလား”

ဝမ်ကျင်းအပေါ် စွန်းကျင်း၏ မကျေမနပ်ညည်းတွားသံတို့ကို နားထောင်ရင်း ပိုင်မူနင်ကမူ ဖော်ပြရခက်သည့် အားကျစိတ်တို့သာ ဖြစ်လာရ၏။ တစ်စုံတစ်ယောက်ထံမှ စီမံခန့်ခွဲပေးကာ ဂရုစိုက်ပေးခြင်း အရာရာကိုကြိုတင်ပြင်ဆင်ပေးခြင်းမျိုးကို ခံရသည်က တကယ်တမ်းတွင် ပျော်စရာကောင်းပေသည်။ စွန်းကျင်းက အစကတည်းက အရာအားလုံးပိုင်ဆိုင်ထားခံရ၍ ဤသို့သော အကာအကွယ်ပေးမှုများကို သံခြေကျင်းများအဖြစ် မြင်နေခြင်းသာ။ အရာအားလုံးကို ဆုံးရှုံးသွားသည့် တစ်နေ့မှသာ သူမပိုင်ဆိုင်ခဲ့သမျှအရာများ၏ တန်ဖိုးကို သိလာလိမ့်မည်။

ပိုင်မူနင်၏ မိဘများက သူ ငယ်စဉ်အချိန်ကလေးဘဝကတည်းက ဆုံးပါးသွားခဲ့ခြင်းပေ။ သူ့တွင် ဆွေမျိုးသားချင်းဟူ၍လည်း မရှိဘဲ ယခုအချိန်အထိ တစ်ယောက်တည်းရုန်းကန်ခဲ့ရ၏။ ငယ်စဉ်ကတည်းက သူအားအကျဆုံးအရာမှာ အခြားသူများ၌ မိဘနှင့်မိသားစု ရှိနေခြင်းကိုပင်။ သူကမူ အမြဲတမ်းလိုလို တစ်ယောက်တည်းဖြစ်ခဲ့ရ၏။ တစ်ယောက်တည်း စားသောက်ပြီး နှစ်သစ်ကူးကို တစ်ယောက်တည်းဖြတ်သန်းရသည်။ အရာရာကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရ၏။ မည်သူကမျှ သူ့ကို ဂရုမစိုက်သလို မကာကွယ်ပေးခဲ့ပေ။ သူ့အတွက် အစီအစဉ်တို့ ချမှတ်ပေးသူလည်းမရှိခဲ့ချေ။

သူလိုအပ်နေခဲ့သမျှက လုံခြုံမှုဟူသော ခံစားချက်ပင်။ ဝမ်ကျင်း၏ ပြင်းထန်လွန်းသောပိုင်ဆိုင်လိုစိတ်က ပိုင်မူနင်တကယ်လိုအပ်နေသည့် လုံခြုံမှုကို အပြည့်အဝပေးစွမ်းနိုင်ခဲ့သည်။ ဝမ်ကျင်း၏ ချုပ်ချယ်မှုအောက်တွင် နေရခြင်းကို သူတကယ်ပင် သဘောကျသည်။ 

စွန်းကျင်းသည်းမခံနိုင်ရုံဖြင့် သူကပါ သည်းမခံနိုင်ဖြစ်ရသည်ဟု မဆိုလိုပေ။ ဝမ်ကျင်း၏အနားတွင် နေရခြင်းက ပင်ပန်းလိမ့်မည်ဟု ဖေးရှူးချန် ပြောခဲ့သည်မှာလည်း ဤအချက်ကြောင့်ပင်ဖြစ်နိုင်သည်။ ပိုင်မူနင်တစ်ယောက် ဝမ်ကျင်း၏ချုပ်ချယ်မှုအောက်တွင် တစ်နေ့နေ့၌ ပေါက်ကွဲထွက်လာလိမ့်မည်ဟု သူမက ထင်နေပုံရသည်။

စွန်းကျင်းက ပိုင်မူနင်ကို ကြည့်ပြီး အတည်ပေါက် မေးလိုက်သည်။ 
"ဒါနဲ့ ရှင်က ကျွန်မကောရဲ့ ဘာကို သဘောကျတာလဲ"

ပိုင်မူနင်က ဘာမှထပ်စဉ်းစားမနေဘဲ ဖြေလိုက်သည်။
"သူ့ရဲ့ အရာအားလုံးကို ငါသဘောကျတယ်" 

စွန်းကျင်းအတွက် ယုံနိုင်စရာမရှိအောင်ပင်။ 
"ရှင့်ဘဝကို ချုပ်ကိုင်ထားတာ... ရှင့်ရဲ့ အရာရာတိုင်းကို လိုက်ပြီးစွက်ဖက်နေတာတွေကိုရော ရှင်က လက်ခံနိုင်တယ်ပေါ့..."

"အင်း... လက်ခံနိုင်ပါတယ်... ကျင်းကောပေးတဲ့ အရာမှန်သမျှကို ငါသဘောကျတယ်"

စွန်းကျင်းမှာ ဆွံ့အသွားရှာသည်။ 
"ရှင်က  á€”သိပ်စက်ခလရတဏကို သဘောကျတဲ့သူ(M)များလား"

ပိုင်မူနင်က ဘာမှမဖြစ်သလို ပြုံးပြလိုက်သည်။ 
"ဟုတ်ရင်ဟုတ်မှာပေါ့" 

ငါ ဘာတတ်နိုင်မှာလဲ... ငါက ဝမ်ကျင်းကိုမှ သဘောကျနေတာကိုး...

ထိုညနေတွင် ဝမ်ကျင်း အလုပ်မှပြန်ရောက်လာပြီး ဆိုဖာပေါ်တွင်ထိုင်နေသည့် စွန်းကျင်းကို မြင်သောအခါ တစ်ချက်မျှသာ ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ သူမကိုကျော်ဖြတ်ပြီး ပိုင်မူနင်ထံသို့သာ ကျရောက်သွား၏။ 

"ကလေးလေး... ဒီကိုလာပါဦး"

ပိုင်မူနင်က နာနာခံခံပင်ထရပ်ပြီး အနားသို့ လျှောက်သွားကာ သူ့ကိုဖက်လိုက်သည်။ 
"ကျင်းကော... ပြန်ရောက်ပြီလား"

ဝမ်ကျင်း၏လက်ချောင်းထိပ်များက ပိုင်မူနင်၏ပါးပြင်လေးကို အသာအယာ ထိတွေ့လိုက်သည်။ သူက ပိုင်မူနင်ကိုနမ်းချင်စိတ်အား အတင်းအကြပ် ထိန်းလိုက်ရင်း မေးလိုက်သည်။
 "ဒီနေ့ လိမ်လိမ်မာမာ နေခဲ့ရဲ့လား" 

"ကျွန်တော်က အမြဲလိမ္မာပြီးသားပါနော်"

ပစ်ပယ်ခံလိုက်ရပြီး ခွေးစာအတင်းကျွေးခံလိုက်ရသော စွန်းကျင်း : "...?"

ဒီနှစ်ယောက်ကတော့ တကယ့်ကို အလိုက်ဖက်ဆုံးစုံတွဲပဲ…

"ကော... ကျွန်မပြန်ရောက်ပြီလေ... ကျွန်မ ဘယ်မှာ အိပ်ရမှာလဲ"

ဝမ်ကျင်း : "ခဏနေရင် အိပ်ရာခင်းကို မင်းဘာသာမင်းလဲလိုက်... ဧည့်သည်ခန်းမှာအိပ်"

စွန်းကျင်းက စိတ်တိုတိုဖြင့် ပြောလာသည်။ 
"ဘာလို့ ကျွန်မဘာသာလဲရမှာလဲ... အရင်တုန်း ကောပဲ အကုန်အသင့်ပြင်ပေးတာလေ"

“မင်းကို ငါ အရမ်းချုပ်ချယ်တာ မကြိုက်ဘူးဆို” 
ဝမ်ကျင်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ 
“စိတ်မပူပါနဲ့... နောက်ဆို မင်းကိုငါ ဘာမှဝင်မစွက်ဖက်တော့ဘူး..”

စွန်းကျင်းမှာ အနည်းငယ်ပျော်သွားသလို ရှိသော်လည်း ထူးထူးခြားခြားကြီးမဟုတ်ပေ။ သူမ တစ်ခုခုကိုဆုံးရှုံးလိုက်ရသလို ခံစားချက်မျိုး ခပ်ရေးရေး ဝင်လာရသည်။

“ဒါဆို... ကျွန်မ နိုင်ငံခြားကို ကျောင်းသွားတက်လို့ ရပြီလား”

“အကုန်လုံး စီစဉ်ပြီးသွားပြီ...မင်း သွားချင်တဲ့အချိန် သွားလို့ရတယ်...”

ယခုမှ စွန်းကျင်းတစ်ယောက် တကယ်ကိုပျော်သွားတော့သည်။ သူမက ဆိုဖာပေါ်သို့ပင် ခုန်တက်သွားပြီး ရက်ပ်သီချင်းတစ်ပုဒ်ကို ဖျော်ဖြေတော့၏။ 

သို့တိုင် သူမ၏ရက်ပ်မှာ သီချင်းဆိုနေသည်ထက် အော်ဟစ်နေသည်နှင့် ပိုတူ၏။ အသံနေအသံထားမှာ နားထောင်ရခက်သလို ကီးမှာလည်း အနည်းငယ်လွဲနေသည်။ ပိုင်မူနင် မှတ်မိသလောက် စွန်းကျင်းမှာ နိုင်ငံခြားတွင် ဂီတဘာသာရပ် သွားတက်ချင်နေခြင်းဖြစ်သည်။ သူမအတွက်တော့ တကယ့်ကို ရုန်းကန်ရမည့် ခရီးလမ်းပင်။

ဝမ်ကျင်းက သက်ပြင်းတစ်ချက်ချရင်းဆို၏။

“သူ ဂီတနဲ့ပတ်သက်တာ သင်ချင်တာကို ကိုယ်ဘာလို့သဘောမတူခဲ့တာလဲဆိုတာ အခု မင်းသိပြီမလား... သူငတ်သေလိမ့်မယ်”

ပိုင်မူနင်သည်လည်း ထောက်ခံသည့်အနေဖြင့် ခေါင်းတိတ်တိတ်ကလေး ညိတ်ပြလိုက်သည်။

တစ်ယောက်တည်းသောင်းကျန်းနေသော စွန်းကျင်းမှာ သူတို့နှစ်ဦး၏လှောင်ပြောင်မှုကို စိတ်တိုသွားပြီး အော်ပြောလာ၏။
“ဒီည နှစ်ယောက်သား အသံသိပ်မကျယ်ကြနဲ့နော်... ကျွန်မက အသက် ၁၈ နှစ် ပြည့်ရုံပဲ ရှိသေးတာ... လူကြီးများအတွက်သာဆိုတဲ့ အသံမျိုးတွေကို နားမထောင်နိုင်ဘူး...”

ပြောပြီးသည်နှင့် သူမက ဧည့်သည်ခန်းထဲသို့ပြေးဝင်ကာ တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်တော့သည်။

ပင်မအိပ်ခန်းထဲ ပြန်ရောက်လျှင် ပိုင်မူနင်က ရေချိုးပြီးဂိမ်းခဏကစားရင်း အိပ်ဖို့ရာပြင်လိုက်သည်။ သူ အိပ်ရာပေါ်လှဲလိုက်သည်နှင့် ဝမ်ကျင်းက ဖတ်လက်စစာအုပ်ကိုဘေးချပြီး သူ့ကိုဆွဲယူနမ်းရှိုက်လာသည်။ အနမ်းများက ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ဝမ်ကျင်းလက်တို့ကလည်း ပိုင်မူနင်၏ ကိုယ်ပေါ်တွင် ပြေးလွှား၍နေ၏။  á€•ိုင်မူနင် ပျာပျာသလဲပင် တားဆီးလိုက်သည်။  

“တော်ပြီ ရပ်လိုက်တော့နော်... ခင်ဗျားညီမက တစ်ဖက်ခန်းမှာရှိနေတာလေ... အခုလို လုပ်လို့မဖြစ်ဘူး...”

တကယ်လို့ စွန်းကျင်းသာ တစ်ခုခုကြားသွားရင် ငါ ဘယ်လိုလုပ် မျက်နှာပြရဲတော့မှာလဲ...

“သူ မကြားပါဘူး... သူက ညတိုင်း သန်းခေါင်ကျော်မှအိပ်တာ... အခုဆို သေချာပေါက်နားကြပ်ကြီးတပ်ပြီး သီချင်းတွေနဲ့ မြူးနေလောက်ပြီ...”

“မင်းက ဘာကိုကြောက်နေတာလဲ...” 

ဝမ်ကျင်းက ပိုင်မူနင်၏ နားရွက်လေးကို အသာအယာကိုက်လိုက်ပြီး ငြင်းဆန်ခွင့် လုံးဝပေးမလာချေ။ 

“အသံကို... ခပ်တိုးတိုးလေးပဲထွက်ရင် ရတာပဲကို...”

အချစ်၏အရသာကို ယခုမှစပြီး အပြည့်အဝခံစားနေရသည့် အရွယ်ရောက်ပြီးအမျိုးသားတစ်ယောက်မှာ တကယ်ကိုကြောက်စရာကောင်းလှ၏။ သူ့ဆန္ဒများက အတောမသတ်နိုင်သလို မောပန်းနွမ်းနယ်သွားသည်ဟူ၍လည်း မရှိပေ။

ဝမ်ကျင်းက ပိုင်မူနင်ကို ရေချိုးခန်းထဲအထိ ပွေ့ချီသွားသည်။ ရေချိုးကန်ထဲတွင်လည်း ရေများမှာ အပြည့်ရှိနေ၏။ ပိုင်မူနင်တစ်ယောက် ရေချိုးကန်အနားသတ်ကိုမှီထားရပြီး သူတို့နှစ်ယောက် လှုပ်ရှားလိုက်တိုင်း ရေများက အပြင်ဘက်သို့ အဆက်မပြတ် လျှံထွက်ကာနေသည်။

ဝမ်ကျင်းက ပိုင်မူနင်၏ ခါးလေးကို ဆွဲညှစ်လိုက်သည်။  
“ဒီနေ့ ကျန်းချင်းချီနဲ့ ဘာတွေပြောခဲ့ကြတာလဲ”

ပိုင်မူနင်မှာ စကားပြန်မပြောချေ။ သူပါးစပ်ဟလိုက်သည်နှင့် လည်ချောင်းထဲက ထွက်လာမည့် အသံတို့အား ထိန်းချုပ်နိုင်မည် မဟုတ်၍ပင်။

ဝမ်ကျင်းက နားလည်သွားဟန်ဖြင့် ခဏရပ်လိုက်သည်။ 
“ပြောလေ..”

ပိုင်မူနင်ခမျာ အသက်ကို ခက်ခက်ခဲခဲရှူလိုက်ရချေသည်။
“သူ့နှလုံးသားထဲကို... ဓားတစ်ချောင်း စိုက်ပေးခဲ့တာ...  á€€á€ťá€˝á€”်တ္ဏ်တိုအ နှစ်ယောက်အတွက်... ရန်ငြှိုးဖြေခဲ့တာ...”

ဝမ်ကျင်းက သူ၏ လှုပ်ရှားမှုတို့ကို ပြန်စတင်လိုက်လျှင် ရေများက ယခင်ကထက်ပို၍ လျှံထွက်လာသည်။ 

“နောက်ထပ်ရော ဘာရှိသေးလဲ”

“မ... မရှိတော့ဘူး... အဲဒါပဲ...”

ဝမ်ကျင်းက ပိုင်မူနင်၏မျက်နှာကို သူရှိရာဘက်သို့ ဆွဲလှည့်ကာ နမ်းလိုက်ပြန်သည်။ 

"မမေ့နဲ့... ကိုယ့်ကို ဘယ်တော့မှမလိမ်ပါနဲ့... ကိုယ် မင်းနဲ့ပတ်သက်သမျှအရာအားလုံးကို သိချင်တယ်... မင်းတောင့်မခံနိုင်တော့ရင်တောင် ကိုယ့်အတွက် သည်းခံပေးရမယ်"

"ကိုယ့်စကားကိုနားထောင်ပြီး ကိုယ့်ကို ကလန်ကဆန်မလုပ်ပါနဲ့... ကိုယ့်ကိုလည်း  á€„á€źá€Žá€¸á€„á€˝á€ąá€ˇá€™á€žá€˝á€Źá€¸á€œá€­á€Żá€€á€şá€•á€Ťá€”á€˛á€ˇ...  á€•ဟဎးတ္ဏအ ကိုယ့်အပေါ် သစ္စာမဖောက်ပါနဲ့... ရရဲ့လား"

ပိုင်မူနင်ကား အသိစိတ်ပင် သေချာမကပ်နိုင်ဘဲ ခေါင်းညိတ်ပြလိုက်ရသည်။ 
"ဝမ်ကျင်း... ကျွန်တော် နားလည်ပါတယ်"

ဝမ်ကျင်းက မကျေမနပ်ဖြစ်သွားကာ သူ၏ကုတ်သားလေးကို အသာကိုက်ခဲလိုက်သည်။ 
"ကိုယ်ပြောထားတယ်လေ... နာမည်အရင်းကို အပြည့်အစုံ မခေါ်ပါနဲ့လို့...  á€€á€­á€Żá€šá€ş တကယ်ကို အဲဒါကိုမကြိုက်ဘူး"

"ကလေးလေး... မင်းကိုယ့်ကို ဘယ်လိုခေါ်သင့်တာလဲ..."

ပိုင်မူနင်၏ဦးနှောက်မှာ အောက်ဆီဂျင်ပြတ်လပ်သွားသည့်အလား ရေနွေးပူများကြား အငွေ့ပျံသွားရသည့်အတိုင်း တစ်ကိုယ်လုံးထူပူနေတော့သည်။ သူ ကောင်းကောင်း မစဉ်းစားနိုင်တော့ဘဲ စကားလုံးများမှာလည်း ဗလုံးဗထွေးဖြစ်၍နေ၏။

"ယောက်ျား... ခင်များက ကျွန်တော့်ယောက်ျား..."

ထိုစကားလုံးမှာ နေ့ခင်းဘက်က စွန်းကျင်းနှင့် စကားပြောစဉ် မည်သူယောက်ျား မည်သူကဇနီးလဲဟု အမေးခံရစဉ်က ခေါင်းထဲဝင်လာခဲ့ခြင်း ဖြစ်သည်။ ပိုင်မူနင် ယခင်က ထိုအသုံးအနှုန်းကို အလေးအနက်မစဉ်းစားခဲ့ဖူးသော်လည်း ယခုအချိန်တွင် သူက ဇနီးသည်နေရာတွင်ရှိနေပြီး ဝမ်ကျင်းကမူ ခင်ပွန်းဟု ခံစားလိုက်ရသဖြင့် မသိစိတ်မှ ထိုသို့လွှတ်ခနဲခေါ်လိုက်မိခြင်းပင်။

ဝမ်ကျင်း၏ လှုပ်ရှားမှုများက ရုတ်ခြည်းဆိုသလို ရပ်တန့်သွားသည်။ သူက အနောက်သို့မှီထိုင်လိုက်ရာ ပိုင်မူနင်မှာလည်း သူနှင့်အတူကပ်ပါသွား၏။ ဝမ်ကျင်းက စိတ်ရှည်လက်ရှည်ဖြင့် ထပ်မေးလိုက်သည်။ 
"ကလေးလေး အခုကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ... နောက်ထပ်နည်းနည်းလောက် ထပ်ခေါ်ပေးပါဦး"

ပိုင်မူနင်က နာခံစွာဖြင့် ထပ်ခေါ်လိုက်၏။
"ယောက်ျား..."

၎င်းမှာရိုးရှင်းသည့် အခေါ်အဝေါ်လေးတစ်ခုဟုသာ သူထင်မှတ်ထားခဲ့သော်လည်း ထိုစကားလုံး တစ်ခွန်းတည်းကပင် ဝမ်ကျင်းကို လုံးဝရူးသွပ်သွားစေရန် လုံလောက်သည်ကိုမူ သူ မသိခဲ့ချေ။


💊💊💊💊 Chapter 77
ဝမ်ကျင်း၏သဝန်တိုမှု၊ ကလေးလေးကို ဆွဲဆောင်ခြင်း


ပိုင်မူနင်တစ်ယောက် နေဖင်ထိုးသည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ အကယ်၍ ဝမ်ကျင်းသာ ဖုန်းဆက်ပြီး သူ့ကိုမနှိုးခဲ့လျှင် သူ့အနေဖြင့် ယခုထက်ပင် ပိုနောက်ကျအောင် အိပ်နေဦးမည်သာ။

"ကလေးလေး ထတော့... မင်းဆက်မအိပ်သင့်တော့ဘူး"

ဝမ်ကျင်းမှာ အလုပ်သို့ ရောက်နှင့်နေပြီဖြစ်သည်။ သူ၏ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသဖြင့် နားနေချိန်ဖြစ်ဟန်တူ၏။ ပိုင်မူနင်မှာမူ မျက်လုံးဖွင့်ရန်ပင် ပျင်းရိနေဆဲပင်။ သူက အိပ်ရာမှထရန်စိတ်ကူးမရှိဘဲ ဗလုံးဗထွေးဖြင့်သာပြန်ထူးလိုက်သည်။ ဝမ်ကျင်းအနားမှာမရှိရာ ပါးစပ်ကသာ နာခံသလို ဟန်ဆောင်လိုက်၏။ 
"သိပါပြီ... အခုထတော့မှာ"

"ကလေးလေး... ကိုယ်မင်းကို ဘာမှာထားလဲမှတ်မိလား" 
ဝမ်ကျင်း၏လေသံမှာ နူးညံ့နေသော်ငြား ထိုလေသံနောက်ကွယ်မှအရှိန်အဝါကြောင့် ပိုင်မူနင် တုန်လှုပ်သွားရသည်။

ပိုင်မူနင်ခမျာ ချက်ချင်းပင် စိတ်ကြည်လင်သွားပြီး အိပ်ရာပေါ်တွင် ထိုင်လိုက်မိသည်။ 
"ဘာ... ဘာလဲဟင်"

"ကိုယ့်ကိုမလိမ်နဲ့လို့ ပြောထားတယ်လေ" 
ဝမ်ကျင်း၏စကားလုံးတိုင်းမှာ ပိုင်မူနင်၏ရင်ထဲတွင် တံဆိပ်ခတ်သည့်အလား ကျရောက်သွားတော့သည်။
"အင်း... အင်းပါ သိပါပြီ... အခုချက်ချင်း ထပြီ"

"လိမ္မာတယ်" 
ဝမ်ကျင်းက ဆိုသည်။ 
"မင်းနဲ့ရှောင်ကျင်းအတွက် မနက်စာမှာပေးထားတယ်... နောက် ၁၀ မိနစ်နေရင် ရောက်လိမ့်မယ်... သေချာစားဖြစ်အောင်စားနော်"

" စားပါ့မယ်"

"ဒါနဲ့... ဒီနေ့ညကိစ္စလေးတွေရှိလို့ ပြန်လာတာ အတော်လေးနောက်ကျလိမ့်မယ်... စောစောအိပ်နှင့်နော်.. ကိုယ့်ကိုစောင့်မနေနဲ့"

ဖုန်းချပြီးနောက် ပိုင်မူနင်မှာ လုံးဝအိပ်ချင်ပြေသွားတော့သည်။ သူက မျက်နှာသစ်ရန် ထလိုက်၏။ သွားတိုက်နေစဉ် သူ၏ညှပ်ရိုးနားတွင် ကိုက်ရာတစ်ခုကို သတိထားမိလိုက်သည်။ 

ယမန်နေ့ညက ပိုင်မူနင်တစ်ယောက် မဆင်မခြင်ဖြင့် ဝမ်ကျင်းကို "ယောက်ျား"ဟုခေါ်လိုက်မိရာ ဝမ်ကျင်းမှာ အသိစိတ်များ လွတ်ထွက်သွားခဲ့ရသည်။ သူက ပိုင်မူနင်ကို အကြိမ်ကြိမ် လှန်လိုက်မှောက်လိုက်ဖြင့် ပြုစုခဲ့ရုံသာမက အရိုးတစ်ခုကိုခဲနေသကဲ့သို့ တစ်ကိုယ်လုံးကိုလည်း ကိုက်ခဲထားခဲ့သေးသည်။ ဝမ်ကျင်းမှာ သူပိုင်ဆိုင်ကြောင်း တံဆိပ်ခတ်နှိပ်သည့်အလား ပိုင်မူနင်၏ ကိုယ်ပေါ်တွင် အမှတ်အသားများစွာ ချန်ထားရသည်ကို အလွန်ပင်သဘောကျတတ်သည်။

သွားတိုက်နေစဉ် ပိုင်မူနင်က အကိုက်ခံထားရသည့် အမှတ်အသားကိုဖုံးရန် သူ၏အင်္ကျီကော်လံကို ဆွဲစေ့လိုက်သည်။ ကိုယ်လက်သန့်စင်ပြီးနောက် ပိုင်မူနင်တစ်ယောက် အဝတ်အစားလဲကာ အပြင်သို့ ထွက်လာခဲ့သည်။

ဧည့်ခန်းမှာ တိတ်ဆိတ်နေပြီး စွန်းကျင်းကိုလည်း မတွေ့ရပေ။ သူမသည်လည်း အိပ်ပျော်နေဆဲဖြစ်ဟန်တူသည်။ သူမကို မနှိုးလိုသဖြင့် ပိုင်မူနင် စာဖတ်ခန်းထဲသို့ဝင်ကာ စာဖတ်နေလိုက်သည်။ ဝမ်ကျင်းက သူ့အတွက် စာလေ့လာနိုင်ရန် လမ်းကြောင်းချထားပေးကာ နေ့စဉ်အချိန်ဇယားလည်း ဆွဲထားပေး၏။

ဝမ်ကျင်းမှာ သူ့အား မဟာတန်းဝင်ခွင့်စာမေးပွဲကို ဖြေဆိုစေချင်နေ၏။ ပိုင်မူနင်အနေဖြင့် ယခုနှစ် နွေရာသီတွင် အငယ်တန်းကောလိပ်မှ ဘွဲ့ရမည်ဖြစ်ပြီး နောက်တစ်နှစ်တွင် မဟာတန်းစာမေးပွဲကို ဖြေဆိုနိုင်လိမ့်မည်။ ဝမ်ကျင်းကား သူ၏ယခင်ဆရာတစ်ဦးကိုပင် ပိုင်မူနင်အတွက် ကြီးကြပ်ဆရာအဖြစ်ကို ချိတ်ဆက်ပေးထားပြီးဖြစ်၏။

ပထမတွင် ပိုင်မူနင်မှာ အလွန်အံ့အားသင့်သွားခဲ့ရသည်။ အငယ်တန်းကောလိပ်ကျောင်းသားတစ်ယောက်အနေဖြင့် ဘွဲ့ကြိုတန်း ဦးစွာမတက်ပါဘဲ မဟာတန်းစာမေးပွဲကို တိုက်ရိုက်ဖြေဆို၍ ရနိုင်ပါ့မလားဟုလည်း တွေးမိသွားသည်။ 

ဝမ်ကျင်းက ရှင်းပြလာသည်။
"ကောလိပ်ကနေဘွဲ့ရပြီး နှစ်နှစ်ကြာရင် မင်းက မဟာတန်းလျှောက်ထားဖို့ အရည်အချင်းပြည့်မီပြီ" 

ဤသည်မှာ သူ့အနေဖြင့် ယခုနွေရာသီတွင်ဘွဲ့ရခဲ့လျှင် နောင်နှစ်တွင်စာမေးပွဲဖြေဆိုနိုင်ပြီဖြစ်ကာ ထိုနောက်တစ်နှစ်၏ စက်တင်ဘာလတွင် ကျောင်းစတင်တက်ရောက်နိုင်မည်ဟု ဆိုလိုခြင်းပင်။ ပိုင်မူနင်မှာ သူ့ကိုယ်သူ လောကကြီးနှင့် အဆက်အသွယ်ပြတ်နေသူတစ်ဦးကဲ့သို့ ခံစားလိုက်ရ၏။ အကယ်၍ ဝမ်ကျင်းသာ အရာရာကိုကြိုတင်စီစဉ်မပေးခဲ့ပါက မဟာတန်းတက်ရောက်ရန် ရွေးချယ်စရာရှိသည်ကိုပင် သူသိရှိလိမ့်မည်မဟုတ်ပေ။

မကြာမီပင် ဝမ်ကျင်းမှာယူထားသော အစားအစာများ ရောက်ရှိလာခဲ့သည်။ စားသောက်ပြီးနောက် ပိုင်မူနင် သူ၏တစ်နေ့တာစာကျက်ချိန်ကို စတင်လိုက်သည်။ လွတ်သွားခဲ့သည့်ဗဟုသုတများကို ပြန်လည်အမှီလိုက်နိုင်ရန်အတွက် လောလောဆယ် အလုပ်မသွားရန် ဝမ်ကျင်းကသူ့ကို ပြောထားခြင်းပင်။ အထူးသဖြင့် အပ်စိုက်ပညာဆိုင်ရာ အချက်အချာနေရာများကို  á€Śá€¸á€…á€˝á€Źá€Ąá€œá€˝á€á€şá€€á€ťá€€á€şá€™á€žá€á€şá€›á€™á€Šá€şá‹ သို့မှသာ ဝမ်ကျင်းထံမှ လက်တွေ့အတတ်ပညာများကိုသင်ယူရာတွင် အခက်အခဲမရှိဘဲ အမှီလိုက်နိုင်လိမ့်မည်ဖြစ်၏။

ပိုင်မူနင် တစ်နေ့လည်ခင်းလုံး စာကြည့်ခန်းထဲတွင်သာ ရှိနေခဲ့သည်။ စွန်းကျင်း နိုးလာချိန်တွင် ညနေ ၆ နာရီနီးပါး ရှိနေပြီဖြစ်သည်။ သူမက သမ်းဝေရင်း စာကြည့်ခန်းထဲရှိ သူ့ထံသို့လာကာ မေးလာ၏။ 

"ခဲအို ကျွန်မတို့ ဘာစားကြမလဲ... ဗိုက်အရမ်းဆာနေပြီ" 

စွန်းကျင်းမှာ ပုန်ကန်တတ်သည့်အရွယ် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးပင်။ သူမအနေဖြင့် လွတ်လပ်မှုအရသာကို အနည်းငယ် မြည်းစမ်းခွင့်ရရှိလာသည်နှင့်အမျှ သူ့ကိုယ်သူ လွှတ်ပေးထားလိုက်တော့သည်။ ပြီးခဲ့သည့်နွေရာသီ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် သူမ၏ရလဒ်များမှာ စိတ်တိုင်းကျစရာမရှိခဲ့ဘဲ အငယ်တန်းကောလိပ်သို့သာ ဝင်ခွင့်ရရှိခဲ့သည်။ ဝမ်ကျင်းက သူမကို ဘွဲ့ကြိုတန်းတစ်ခုသို့ တက်ရောက်နိုင်စေရန် အထက်တန်းနောက်ဆုံးနှစ်ကို တစ်နှစ်ထပ်မံဖြေဆိုစေလိုသည်။ သူက သူမအတွက်လမ်းစများကို ရှာဖွေဖောက်ထွင်ပေးထားပြီးဖြစ်ရာ သူမသာနာခံမှုရှိပါက တောက်ပသောအနာဂတ်ကို ပိုင်ဆိုင်နိုင်လိမ့်မည်သာ။

သို့သော်လည်း စွန်းကျင်းမှာမူ ပညာသင်ကြားရန်ကို စိတ်ဝင်စားမှုမရှိဘဲ နိုင်ငံခြားသို့သာသွားရောက်လိုသဖြင့် ယင်းက မောင်နှမနှစ်ဦးကြားမှပဋိပက္ခ၏ အရင်းအမြစ်ဖြစ်လာခဲ့သည်။ ကြားညပ်နေသော မိခင်ဖြစ်သူ ဖေးရှူးချန်မှာလည်း သမီးဖြစ်သူအား ဘဝကိုရည်မှန်းချက်မဲ့စွာဖြတ်သန်းနေမည်ကို မလိုလားသဖြင့် သားဖြစ်သူဘက်မှသာ သဘာဝကျကျ ရပ်တည်ခဲ့သည်။ မိန်းကလေးတစ်ဦးတွင်လည်း ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တစ်ခုရှိသင့်သည်ဟု သူယုံကြည်ထားသောကြောင့်ပင်။

စွန်းကျင်းကမူ သူမ၏မိခင်မှာ အစ်ကိုဖြစ်သူ၏ စကားကိုသာနားထောင်သူဖြစ်သဖြင့် မည်သည့်ထောက်ခံမှုမျှ မရရှိနိုင်တော့သည့်နောက်တွင် ဆန္ဒပြသည့်အနေဖြင့် အိမ်ပေါ်မှဆင်းရန်သာ ဆုံးဖြတ်ခဲ့သည်။ သူမမှာ အတန်းထပ်မံဖြေဆိုရန် လုံးဝဆန္ဒမရှိချေ။ "စီနီယာအထက်တန်း" ကျောင်းသူတစ်ဦး မဖြစ်လိုသဖြင့် အတင်းငြင်းဆန်နေခြင်းပင်။

(T/N - ဒီနေရာမှာတစ်လျှောက်လုံး ဘာသာပြန်နေရင်းဆက်တိုက် စွန်းကျင်းကိုဝမ်းကွဲလို့ထင်ထားတာပါ။ သူက siblingလို့သုံးထားတော့လေ ။ မျိုးရိုးကလည်းမတူတော့ ဝမ်ကျင်းမေမေက နောက်အိမ်ထောင်ပြုထားတယ်ထင်ပါတယ်။ အမေတူအဖေကွဲ ဖြစ်နိုင်ချေရှိပါတယ်)

အမှန်စင်စစ် ဝမ်ကျင်းမှာ သူမကိုအမှန်တကယ် ပစ်ပယ်ထားခဲ့ခြင်းမဟုတ်ပေ။ သူမကား သူ၏ မျက်စိအောက်တွင်သာ အစဉ်အမြဲရှိနေခဲ့ခြင်းဖြစ်ပြီး ထိုအချက်ကပင် သူမကို အလွန်စိတ်ပျက်စေခြင်းဖြစ်သည်။ သူမ၏ အိမ်ပြေးအစီအစဉ်မှာ လုံးဝ အရာမထင်ခဲ့သောကြောင့်ပင်။ သို့တိုင် ယခုမူ ဝမ်ကျင်းကသူမအား နောက်နောင်တွင်ထိန်းချုပ်တော့မည်မဟုတ်ဘဲ နိုင်ငံခြားသို့ပင်ပညာသင်လွှတ်မည်ဟု တရားဝင်ပြောလိုက်ရာ စွန်းကျင်းအနေဖြင့် အချုပ်အနှောင်များမှ လွတ်မြောက်သွားကာ အတော်ပင် အထိန်းအကွပ်မဲ့စွာ ပြုမူနေတော့သည်။

"ကျင်းကောက ဆန်ပြုတ်မှာပေးထားတယ်... ငါ ပြန်နွှေးပေးမယ်လေ"

ပိုင်မူနင် သူ၏စာအုပ်ကိုချထားခဲ့ကာ စွန်းကျင်းအတွက် စားစရာများကိုနွှေးပေးရန် မီးဖိုချောင်ထဲသို့ဝင်သွားခဲ့ရာ စွန်းကျင်းကလည်း နောက်မှ ကပ်လျက်လိုက်ပါလာသည်။ သူမ၏မျက်လုံးများမှာ နီမြန်းနေပြီး အိပ်ချင်မူးတူးဖြစ်နေပုံကိုကြည့်ကာ ပိုင်မူနင်ခမျာ မမေးဘဲမနေနိုင်အောင်ဖြစ်သွားရသည်။
 "မနေ့က ဘယ်အချိန်မှအိပ်တာလဲ" 

စွန်းကျင်းက ခေတ္တမျှ စဉ်းစားလိုက်၏။ 
"မနေ့က တစ်ညလုံး မအိပ်ရဘူး... ဒီမနက်မှ အိပ်ရာထဲဝင်ဖြစ်တာ"

ပိုင်မူနင်က အံ့အားသင့်စွာ ကြည့်နေစဉ်မှာပင် စွန်းကျင်းက ဆက်လက်ရှင်းပြလေသည်။ 
"ခဲအို မသိလို့ပါ... ကျွန်မအစ်ကိုက အရင်က အရမ်းစည်းကမ်းကြီးတာ... ဘယ်အချိန်အိပ်ရမယ် ဘယ်အချိန်ထရမယ်ဆိုတာကို အချိန်ဇယားနဲ့ အသေသတ်မှတ်ထားတာ... ထောင်ထဲ ရောက်နေသလိုပဲ... အခု သူကကျွန်မကိုမချုပ်ချယ်တော့ဘူးဆိုမှတော့ ကျွန်မကတော့လွတ်လပ်ခွင့်ကို အပြည့်အဝသုံးရမှာပဲ"

"ခဲအို... စားစရာက ဘယ်တော့ရမှာလဲ... ဗိုက်အရမ်းဆာနေပြီ"

"ငါးမိနစ်လောက်ပဲ စောင့်ဦး"

စွန်းကျင်းက နောက်တစ်ကြိမ်ထပ်မံသမ်းဝေလိုက်ပြီး ထမင်းစားခန်းထဲတွင် သွားစောင့်နေလေသည်။ သူမက ဖုန်းကိုခဏကစားနေပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် စာရိုက်၍ စကားပြောနေတော့သည်။ 

'ဒီည ပွဲရှိတယ်ဟုတ်လား... ငါလည်းလာခဲ့မယ်'

'အချိန်နဲ့နေရာကို ပို့လိုက်ဦး'

သူမက စာရိုက်လိုက်ပြန်သည်။ 

'ငါ့အစ်ကိုက ငါ့ကိုမချုပ်ချယ်တော့ဘူး... အခု ငါက လွတ်လပ်တဲ့သူပဲ... သွားချင်တဲ့နေရာသွားလို့ရတယ်... အမြန်ပို့လိုက်တော့ ဒီညတော့ အစွမ်းကုန်ကိုကဲပစ်ဦးမှာ"

ပိုင်မူနင်က စားစရာများကိုသယ်လာရင်း မေးမြန်းလိုက်သည်။
 "ဘယ်သွားမလို့လဲ" 

ဝမ်ကျင်းက ယနေ့ညအလုပ်နောက်ကျမည်ဖြစ်ရာ စွန်းကျင်းကိုစောင့်ရှောက်ရန်နှင့် သူမအလွန်အကျွံ မသောင်းကျန်းမိစေရန်မှာ သူ့တွင်တာဝန်ရှိသည်ဟု ပိုင်မူနင် ခံစားနေမိသောကြောင့်ပင်။

“ကျွန်မသူငယ်ချင်းပြောတာက ချွန်ဟွားလမ်းမှာ ဘားအသစ်တစ်ခု ဖွင့်တယ်တဲ့... အရမ်းစည်ပြီး ပျော်စရာကောင်းမှာ... အတူတူ လိုက်မလား”

စွန်းကျင်းက နောက်ပြောင်လိုဟန်ဖြင့် ပြုံးလိုက်သည်။ 
“အဲဒီမှာ ယောက်ျားလေးမော်ဒယ်တွေလည်း ရှိတယ်နော်” 

သူမတစ်ယောက်တည်းသွားလျှင် အဆူခံရမည်မှာ သေချာသော်လည်း တစ်ယောက်ယောက်ကိုပါဆွဲခေါ်သွားပါက အပြစ်ပေးခံရလျှင်ပင် အဖော်ရမည်ဟု သူမကတွေးထားခြင်းပင်။ အကယ်၍ ပိုင်မူနင်ကသာ အနစ်နာခံပေးလိုက်လျှင် သူမအတွက်အဆူမခံရဘဲ လွတ်မြောက်သွားနိုင်သည့်အခွင့်အရေးပင် ရှိသည်။
သို့သော်လည်း ပိုင်မူနင်က သူမ ထင်ထားသည်ထက်ပင် ပို၍ “ရိုးအေး”လွန်းနေသည်။ 

“ငါ စိတ်မဝင်စားဘူး... ဘယ်အချိန် ပြန်လာမှာလဲ... အရမ်းတော့နောက်မကျစေနဲ့နော်...”

စွန်းကျင်းက သနားစဖွယ် အမူအရာ စလုပ်တော့သည်။ 
“ခဲအိုရာ... တစ်ခါတလေမှ အပြင်ထွက်ရတာကို... နောက်ကျမှပြန်လာမှာပေါ့...”

“ခဲအို ကျွန်မနဲ့အတူ လိုက်ခဲ့ပေးပါနော်... ဒါမှ ကျွန်မကိုကာကွယ်ပေးလို့ရမှာပေါ့... မိန်းကလေးတစ်ယောက်တည်းအပြင်ထွက်တာ မလုံခြုံဘူးဆိုတာ ခဲအိုလည်းသိသားပဲ... တစ်ယောက်ယောက်က ကျွန်မကိုအနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ”

“ဒါဆိုလည်း အပြင်မထွက်နဲ့လေ”

စွန်းကျင်းက စတင်၍ဆိုးနွဲ့တော့သည်။ 
“ခဲအိုကလည်း... နင်ကော... ကျေးဇူးပြုပြီး ကျွန်မနဲ့အတူလိုက်ခဲ့ပေးပါ.. ကောကလည်း အရမ်းနောက်ကျမှ ပြန်လာမှာမဟုတ်လား... ကျွန်မတို့ စောစောသွားပြီး သူပြန်မလာခင်အရောက်ပြန်လာရင် သူသိမှာတောင်မဟုတ်ဘူး”

ပိုင်မူနင်က ငြင်းဆန်နေဆဲပင်။ 
“မရပါဘူး... ကျင်းကောကို ဘယ်သူမှလိမ်လို့မရဘူး...”

“ဒါဆိုရင် ဒီလိုလုပ်လေ... ကျွန်မတို့ ခဏလေးသွားကြည့်ပြီး ချက်ချင်းပြန်လာကြမယ်လေ... ဟုတ်ပြီလား... ကျွန်မရဲ့ တီးဝိုင်းအဖွဲ့ဝင်တွေလည်း အားလုံးသွားကြမှာ... ကျွန်မတစ်ယောက်တည်း ပျက်ကွက်နေလို့ မကောင်းဘူးလေ ဟုတ်တာ်မလား...”

“မင်းမှာ တီးဝိုင်းရှိတာလား”

“အဲဒါက အဓိကမဟုတ်ပါဘူး” 
စွန်းကျင်းက ဆိုသည်။ 
“ကျွန်မ မကြာခင် နိုင်ငံခြားသွားတော့မှာလေ... သူငယ်ချင်းတွေကို နှုတ်ဆက်ရဦးမယ်... သူတို့က ဖိတ်ထားတာဆိုတော့ ကျွန်မက လူလုံးပြဖို့တော့ သွားရမယ်လေ...”

ပိုင်မူနင်က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုသည်။
“ကောင်းပြီလေ ဒါပေမဲ့ နာရီဝက်ပဲနေရမယ်နော်... မင်းနဲ့အတူ အပြင်ခဏထွက်သွားတယ်လို့ ကျင်းကောကို ငါပြောထားလိုက်မယ်... ဒါပေမဲ့ ဘယ်နေရာလဲဆိုတာတော့ မပြောတော့ဘူး”

“ဘာလို့ သူ့ကိုပြောပြနေဖို့ လိုသေးတာလဲ”

“ငါ ကျင်းကောကို မလိမ်ချင်ဘူး”

စွန်းကျင်းတစ်ယောက် ထပ်မံ၍ ဆွံ့အသွားရပြန်သည်။ သူမအစ်ကိုမှာ ပိုင်မူနင်ကို တကယ့်ကို လက်ခုပ်ထဲကရေလို ထိန်းချုပ်ထားနိုင်သည်မှာ သိသာလှပေသည်။

စီစဉ်ထားသည့်အတိုင်း ပိုင်မူနင်က ဝမ်ကျင်းကို အပြင်ထွက်မည်ဖြစ်ကြောင်း ပြောပြခဲ့သော်လည်း မည်သည့်နေရာသို့သွားမည်ကိုမူ အတိအကျ မပြောလိုက်ပေ။ ဝမ်ကျင်းကလည်း အသေးစိတ်ကို အတင်းအကျပ်မေးမလာဘဲ အိမ်ကိုစောစောပြန်လာရန်သာ သတိပေးလေသည်။

ည ၈ နာရီတွင် စွန်းကျင်းတစ်ယောက် မိတ်ကပ်လိမ်း အဝတ်အစားလဲပြီးနောက် ပိုင်မူနင်နှင့်အတူ ထွက်လာခဲ့သည်။ သူမက သားရေဂျာကင်၊ ကျပ်ထုတ်နေသောဘောင်းဘီရှည်နှင့် မာတင်ဘွတ်ဖိနပ်တို့ကို ဝတ်ဆင်ထားပြီး ယင်းက သူမ၏သေးသွယ်သောခါးလေးကို ပေါ်လွင်စေသည်။

ဗိုက်သားပေါ်နေသော စွန်းကျင်း၏ဝတ်စုံကိုကြည့်ပြီး ပိုင်မူနင်က ဝေခွဲမရစွာဖြင့် မေးလိုက်သည်။

"နွေဦးအစပဲရှိသေးတာဆိုတော့ တော်တော်လေး အေးတယ်နော်... တစ်ခုခု ထပ်ဝတ်ဦးမလား" 

"ခဲအိုက ဘာသိလို့လဲ... ဒါကို 'အလှအပအတွက် အအေးခံတာ'လို့ခေါ်တယ်"

သူတို့နှစ်ဦး ဘားများရှိရာလမ်းမသို့ ရောက်ရှိသောအခါ စွန်းကျင်းက သူမ၏အသိအချို့နှင့် ဆုံတွေ့ပြီးနောက် အုပ်စုလိုက်အတွင်းသို့ ဝင်သွားကြသည်။ တေးဂီတသံများမှာ နားကွဲမတတ်ဆူညံနေပြီး တစ်နေ့တာလုံး၏မကျေနပ်ချက်နှင့် နာကျင်မှုများကိုဖြေဖျောက်နေကြသည့် တက်ကြွသောလူငယ်များဖြင့် ပြည့်နှက်နေသည်။ စွန်းကျင်းကား စင်ပေါ်သို့ပင်တက်၍ ကခုန်နေသေးသည်။

ပိုင်မူနင်မှာမူ လူရှင်းသည့်နေရာတစ်ခုတွင်ရပ်ကာ စွန်းကျင်းကိုသာ မျက်တောင်မခတ် စောင့်ကြည့်နေမိသည်။ အကယ်၍ အန္တရာယ်အရိပ်အယောင် အနည်းငယ်တွေ့သည်နှင့် ဝင်ရောက်လုံးထွေးကာ သူမကိုကာကွယ်ရန် အသင့်ပင်။

သူက နာရီကို အသေအချာကြည့်နေခဲ့ရာ သဘောတူထားသည့်အချိန်သို့ ရောက်ရှိလာသော်လည်း စွန်းကျင်းမှာမူ ပြန်မည့်ပုံစံ လုံးဝမရှိသေးပေ။ ထို့ကြောင့် ပိုင်မူနင်က သူမကို ရှာရန်နှင့် အိမ်ပြန်ခေါ်ရန် လူအုပ်ထဲသို့ တိုးဝင်သွားလိုက်သည်။

"ရှောင်ကျင်း... အိမ်ပြန်ချိန်ရောက်ပြီ"

စွန်းကျင်းက ပိုင်မူနင်ကိုပါ ကရန် ဆွဲခေါ်လိုက်၏။ 
“ခဲအိုကလည်း ဘာတွေလောနေတာလဲ... ခဏလောက် ထပ်နေဦးလေ...မကြာခင် အမျိုးသားမော်ဒယ်တွေ ထွက်ကတော့မှာ... တကယ်ရင်ခုန်ဖို့ကောင်းလို့ ရှင့်ကိုပြောပြတာ” 

“သူတို့တွေက ‘တံခါးနှစ်ချပ်’ လို တောင့်တင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်တွေနဲ့လေ ... ပခုံးကကျယ်ကျယ် ခါးသေးသေးလေးတွေနဲ့ ခြေတံရှည်တွေရှိတယ်... ကျွန်မကောထက်တောင် ကိုယ်လုံးကိုယ်ပေါက် ပိုမိုက်တယ်နော်... ခဲအို တကယ်ပဲ စိတ်မလှုပ်ရှားဘူးလား”

ပိုင်မူနင်မှာမူ အနည်းငယ်မျှပင် စိတ်မလှုပ်ရှားဘဲ သူ၏မျက်လုံးထဲတွင် ဝမ်ကျင်းတစ်ယောက်သာရှိသည်။

ပိုင်မူနင်က မည်သို့မျှတုံ့ပြန်ခြင်းမရှိသည်ကိုမြင်သောအခါ စွန်းကျင်းက ဆက်လက်၍ဖျောင်းဖျလာပြန်သည်။  

“ယောက်ျားတစ်ယောက်ဆိုတာ တစ်သက်လုံးမှာ ယောက်ျားတစ်ယောက်တည်းနဲ့ပဲပြီးသွားလို့ မဖြစ်ဘူးလေ... အမြင်ကျယ်အောင် လေ့လာရဦးမယ်... စိတ်မပူပါနဲ့ ခဲအိုရာ... ကျွန်မတို့ခဏလောက် ထပ်ကြည့်ကြရအောင်နော်”

ပိုင်မူနင်က နာရီကို တစ်ချက်ပြန်ကြည့်လိုက်သည်။ ည ၉ နာရီကျော်နေပြီဖြစ်ရာ ဝမ်ကျင်းမှာ ၁၀ နာရီဆိုလျှင် အိမ်ပြန်ရောက်တော့မည်။ ထိုအချိန်အထိ အိမ်သို့မရောက်ပါက သူတို့၏အကြံအစည်မှာ ဖုံးကွယ်ထား၍ ရတော့မည်မဟုတ်ပေ။

“စောစောပြန်မှဖြစ်မယ်... မဟုတ်ရင် မင်းအစ်ကို ငါတို့ကို လိုက်ရှာတော့မှာ”

“သူက ကျွန်မတို့ဘယ်မှာလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ” 
စွန်းကျင်းက သတိထားမိသလို မေးလိုက်သည်။ 
“သူက ရှင့်ဆီမှာ ခြေရာခံစနစ်တွေဘာတွေ တပ်ထားတာတော့ မဟုတ်ပါဘူးနော်”

ပိုင်မူနင်က တိတ်ဆိတ်နေသော်လည်း စွန်းကျင်းမှာ သူ၏ဆိုလိုရင်းကို ချက်ချင်းနားလည်သွားသည်။ 

“မဖြစ်နိုင်တာ... ရှင်က ဘာလို့မဖြုတ်ပစ်တာလဲ... ရှင့်ရဲ့ လှုပ်ရှားမှုတိုင်းကို ဘာလို့ခြေရာခံခွင့်ပေးထားတာလဲ... ဒါက ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ကျူးကျော်တာပဲ... ရှင့်အနေနဲ့ သူ့ကို တရားစွဲလို့တောင်ရတယ်”

“ငါမဖြုတ်နိုင်ဘူး... ငါ့ကိုရှာမတွေ့ရင် သူစိတ်ပူနေလိမ့်မယ်”
စွန်းကျင်းမှာ ဆွံ့အသွားရပြန်သည်။ 
“ရှင်တို့နှစ်ယောက်ကတော့ တကယ့်ကို အချင်းချင်းလိုက်နေရောပဲ”

သူတို့စကားပြောနေစဉ်မှာပင် အမျိုးသားမော်ဒယ်များ စင်ပေါ်သို့ရောက်ရှိလာကြသည်။ သူတို့က ကခုန်ရင်း အင်္ကျီများကို တစ်ထည်ချင်းချွတ်ပစ်လိုက်ရာ နောက်ဆုံးတွင် ဘောင်းဘီရှည်များသာ ကျန်ရှိပြီး သူတို့၏ တောင့်တင်းသောရင်အုပ်များကို အစွမ်းကုန်ထုတ်ဖော်ပြသကြသည်။

မော်ဒယ်တစ်ဦးမှာမူ သူ၏အင်္ကျီကိုပစ်ပေါက်လိုက်ရာ ပိုင်မူနင်၏ခေါင်းပေါ်သို့ တည့်တည့်ကျလာခဲ့သည်။ ပြင်းထန်လွန်းသော ရေမွှေးနံ့ကြောင့် သူ အသက်ရှူပင်ကျပ်သွားရ၏။ သူကား ဝမ်ကျင်းထံမှအမြဲရလေ့ရှိသော သင်းပျံ့သည့်ဆေးနံ့လေးကိုသာ ပို၍နှစ်သက်သည်။

အတွေးများက လက်ရှိအခြေအနေသို့ ပြန်ရောက်လာချိန်တွင် ပိုင်မူနင်မှာ လူအုပ်ကြီး၏တွန်းပို့မှုကြောင့် စင်ပေါ်သို့မမျှော်လင့်ဘဲ ရောက်ရှိသွားရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် အော်ဟစ်အားပေးသံများ စနောက်သံများဖြင့် ပြည့်နှက်နေသည်။ ဖြစ်ပျက်နေသမျှနှင့် လူများက သူ့ကို အဘယ်ကြောင့်တွန်းပို့နေသည်ကို သူနားမလည်နိုင်တော့ပေ။ 

စွန်းကျင်းမှာ မည်သည့်နေရာသို့ ရောက်သွားသည်ကိုမသိတော့ချေ။ သူမကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။

ပိုင်မူနင် စွန်းကျင်းကို အသည်းအသန် ရှာဖွေနေစဉ်မှာပင် ဝင်ပေါက်မှလျှောက်လာနေသော ဝမ်ကျင်းကို တွေ့လိုက်ရလေသည်။ သူတို့နှစ်ဦးအကြည့်ချင်းဆုံသွားချိန်တွင် ပိုင်မူနင်တစ်ယောက် ယနေ့တော့ သူဒုက္ခအကြီးအကျယ်ရောက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။

ပို၍ဆိုးသည်မှာ အမျိုးသားမော်ဒယ်တစ်ဦးက ပိုင်မူနင်၏လက်ကိုဆွဲယူကာ သူ၏ဝမ်းဗိုက်ကြွက်သားများကို ကိုင်ကြည့်ခိုင်းခြင်းပင်။ ထိုအခါမှ ပိုင်မူနင်မှာ အခြေအနေကို နားလည်သွားတော့သည်။ အင်္ကျီကိုဖမ်းမိလိုက်ခြင်းကြောင့် သူကား မော်ဒယ်နှင့်အတူ ကစားခွင့်ရသည့် “ကံထူးရှင်” ဖြစ်သွားခြင်းပင်။

ထိုမော်ဒယ်အပေါ် အနည်းငယ်မျှပင် စိတ်မဝင်စားသည့်အတွက် ပိုင်မူနင်က သူ၏လက်ကိုအမြန်ဆွဲထုတ်ကာ စင်ပေါ်မှ အသည်းအသန်ဆင်းကာ ဝမ်ကျင်းရှိရာသို့သွားတော့သည်။

သူကား အသက်ပင်ဝဝမရှူနိုင်ဘဲ ဝမ်ကျင်း၏အနားသို့ အရောက်သွားလိုက်၏။ 
"ကျင်းကော... ကျွန်တော်... ကျွန်တော် ရှောင်ကျင်းကို ရှာမတွေ့တော့လို့"

"သူ ထွက်ပြေးသွားပြီ စိတ်မပူနဲ့တော့" 
ဝမ်ကျင်းက ပြန်ဖြေသည်။ သူက ပိုင်မူနင်ဘက်သို့ အနည်းငယ်ကိုင်းညွတ်ကာ အနံ့ခံလိုက်ပြီးနောက် အေးစက်စက် လေသံဖြင့် မေးမြန်း၍လာလေသည်။
"ပျော်စရာကောင်းရဲ့လား ကလေးလေး" 

ပိုင်မူနင် ခေါင်းကို အသည်းအသန်ပင် ခါယမ်းပြလိုက်မိ၏။ 
"လုံးဝ မပျော်ပါဘူးနော်... ကျွန်တော် တကယ်ကို လန့်သွားတာ" 

"ဒါဆို အိမ်ပြန်ကြရအောင်" 

ဝမ်ကျင်းက ပိုင်မူနင်ဝတ်ထားသော အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး ရွံရှာသောအမူအရာဖြင့် ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူ၏ကိုယ်ပိုင် ကုတ်အင်္ကျီကို ပိုင်မူနင်၏ပခုံးပေါ်သို့ ခြုံပေးလိုက်လေသည်။

ပိုင်မူနင် သူ့ကို နားမလည်ဟန်ဖြင့်ကြည့်နေမိစဉ် ဝမ်ကျင်းက တည်ငြိမ်စွာပင် ပြောလာ၏။
"မင်းဆီမှာ တခြားသူတွေရဲ့အနံ့အသက်တွေ စွဲကျန်နေတာကို ကိုယ်မကြိုက်ဘူး... နောက်တစ်ကြိမ် မဖြစ်စေနဲ့" 

ပိုင်မူနင် ဝမ်ကျင်းနောက်မှလိုက်ကာ အိမ်သို့ပြန်လာခဲ့သည်။ အိမ်ရှေ့တံခါးထဲသို့ ဝင်လာပြီးမှသာ သူ မည်သို့ရှင်းပြရမည်ကို နောက်ဆုံးတွင်သိသွားတော့သည်။ 

"ကျင်းကော... ကျွန်တော့်စကားကို နားထောင်ပါဦး... ကျွန်တော်တကယ်ကို ဘာမှမလုပ်ခဲ့ဘူးလို့... ရှောင်ကျင်းကို စောင့်ကြည့်ပေးချင်လို့ သွားခဲ့ရုံပါ... မိန်းကလေးတစ်ယောက်တည်းဆို မလုံခြုံလို့ ကျွန်တော် သူ့ကို ကာကွယ်ပေးချင်တာမို့"

"ကိုယ့်သိတာပေါ့...  á€€á€­á€Żá€šá€şá€ˇá€€á€œá€ąá€¸á€œá€ąá€¸á€€ တခြားဘယ်သူ့ကိုမှ စိတ်ဝင်စားမှာမဟုတ်ဘူးဆိုတာကို"

ဝမ်ကျင်း၏ အပြောအဆိုမှာ ချိုသာလွန်းနေခြင်းကြောင့် ပိုင်မူနင်တစ်ယောက် ပို၍ပင်စိတ်မသက်မသာဖြစ်ကာ ထိတ်လန့်လာမိသည်။

သူ့အနေဖြင့် စကားကို မည်သို့ဆက်ပြောရမည်ပင် မသိတော့ဘဲ ပါးစပ်အဟောင်းသားဖြစ်၍နေမိသည်။ ခဏအကြာတွင် ဝမ်ကျင်းက သူ၏အဝတ်အစားများကို စတင်ချွတ်လေတော့သည်။ ပိုင်မူနင်၏ ရှေ့တည့်တည့်တွင် ရပ်လျက် သူ၏ရှပ်အင်္ကျီကြယ်သီးများကို တစ်လုံးချင်း ဖြုတ်လိုက်ပြီးနောက်  á€™á€ąá€¸á€œá€­á€Żá€€á€şá€žá€Šá€şá‹

"အဲဒီက မော်ဒယ်တွေကပိုကြည့်ကောင်းလား... ဒါမှမဟုတ် ကိုယ်က ပိုကြည့်ကောင်းတာလား" 


💊💊💊💊 Chapter 78
အရုပ်ကလေး တုန်ခါလာတဲ့အခါ


ကြယ်သီးများ ပိုမိုပြုတ်ထွက်သွားသည်နှင့်အမျှ ပိုင်မူနင်၏အကြည့်တို့က တဖြည်းဖြည်းပေါ်ထွက်လာသော ရင်အုပ်ပေါ်သို့ ကျရောက်သွားရသည်။ နက်မှောင်သောရှပ်အင်္ကျီမှာ လျော့ရဲစွာကျဆင်းနေပြီး တောင့်တင်းကျစ်လျစ်သော ကြွက်သားများကို အတိုင်းသားမြင်တွေ့လာရသည်။

ပိုင်မူနင် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ကာ ဖြေလိုက်သည်။

"ကျင်းကောက ပိုကြည့်ကောင်းတာပေါ့" 

"သူတို့ ဘယ်လိုပုံစံလဲဆိုတာကိုတောင် ကျွန်တော် မကြည့်ခဲ့ပါဘူး"

“ဟုတ်လို့လားး”

ဝမ်ကျင်းသည်ကား လူ့အသွင်ဖန်ဆင်းထားသော မြေခွေးဝိညာဉ်ပမာ သူ၏ခါးပတ်နှင့်ဘောင်းဘီကြယ်သီးကို ဖြည်းညှင်းစွာ ဖြုတ်လိုက်သည်။ ဘောင်းဘီမှာ ကြမ်းပြင်သို့လျှောကျသွားစဉ် သူက ထပ်မံမေးမြန်း၍လာလေသည်။

“ဒါဆို ကိုယ်နဲ့ အဲဒီမော်ဒယ်တွေ ဘယ်သူ့ခန္ဓာကိုယ်က ပိုမိုက်တာလဲ” 

သူ၏တောင့်တင်းခိုင်မာသော ကိုယ်အင်္ဂါအစိတ်အပိုင်းများက တစ်စုံတစ်ရာလေးပင် ဖုံးကွယ်ခံရခြင်းမရှိဘဲ အတိုင်းသားပေါ်ထွက်လာသည်။ ပိုင်မူနင်၏ လည်ချောင်းမှာခြောက်သွေ့လာ၏။ 
“ကျင်းကောက အကောင်းဆုံးပါပဲ” 

ဝမ်ကျင်းက ရပ်မနေသေးဘဲ နောက်ဆုံးကျန်ရှိသည့် ရှပ်အင်္ကျီကိုပါ ကြမ်းပြင်ပေါ်သို့ ချွတ်ချလိုက်ပြန်သည်။ 
“အာ... ဒါဆို ကိုယ်က အရာရာမှာ အကောင်းဆုံးပေါ့ ဟုတ်လား”

“ကလေးလေး တကယ်ဆိုးတာပဲ... ကိုယ့်ကိုချစ်တယ်လို့ပြောပြီး တခြားသူတွေကိုကျတော့ စက္ကန့်အတော်ကြာအောင် စိုက်ကြည့်နေခဲ့တာ”

“မင်းကို ဘာပြောထားလဲ မှတ်မိသေးလား... မင်းရဲ့မျက်လုံးထဲမှာ ကိုယ်တစ်ယောက်တည်းပဲ ရှိနေရမယ်လေ...ကိုယ်ဘယ်နေရာမှာပဲရှိရှိ မင်းက ကိုယ့်ကိုပဲ အမြဲကြည့်နေရမယ်”

“မင်းက လုံးဝကို မလိမ္မာဘူးပဲ” 

ပြောပြောဆိုဆိုပင် ဝမ်ကျင်းက ပိုင်မူနင်၏ကုတ်ပိုးကို ခပ်ဖွဖွနှိပ်နယ်ပေးလာသည်။

ခဏအကြာတွင် ဝမ်ကျင်းက ဖြည်းညှင်းစွာနောက်ဆုတ်သွားပြီး ချွတ်ချထားသော အဝတ်အစားများကို ကျော်ဖြတ်ကာ ရေချိုးခန်းထံသို့ လျှောက်သွားတော့သည်။

ပိုင်မူနင်ကား ထိုနေရာတွင်ပင် ငေးကြောင်ကျန်ရစ်ခဲ့ပြီး သူထွက်သွားသည်ကိုကြည့်နေမိသည်။ ရေချိုးခန်းတံခါးပိတ်သံကြားမှသာ  á€žá€á€­á€•á€źá€”á€şá€á€„á€şá€œá€Źá€á€ąá€Źá€ˇá€žá€Šá€şá‹ 

ဝမ်ကျင်းက ငါ့ကို ဘာလို့အပြစ်မပေးသေးတာလဲ... ပုံမှန်ဆို ဒီလိုအချိန်မျိုးမှာ ဝမ်ကျင်းက ငါ့ခါးကို ဆွဲကိုင်ပြီး အသနားခံလာတဲ့အထိ လုပ်နေကျမလား...

ဝမ်ကျင်းက ငါ့ကိုတမင်သက်သက်မြူဆွယ်ပြီး ငါကိုယ်တိုင် ကျော့ကွင်းထဲအလိုလိုဆင်းလာမဲ့အချိန်ကို စောင့်နေတာများလား...

ရေပန်းမှကျဆင်းလာသော ရေစက်ကျသံများကို နားထောင်ရင်း ပိုင်မူနင်၏နှလုံးသားမှာ မငြိမ်မသက်ဖြစ်ကာ တမ်းတလာမိသည်။ အနှီမြေခွေးမိစ္ဆာအိုကြီး ဝမ်ကျင်း၏အကြံအစည် အောင်မြင်သွားပြီဖြစ်ကြောင်း သူဝန်ခံရပေမည်။ သူ တကယ်ပင် ကျရှုံးသွားခဲ့ချေပြီ။

ပိုင်မူနင် ရေချိုးခန်းထံသို့ လျှောက်သွားလိုက်သည်။ သူတံခါးပိတ်လိုက်သည့် စက္ကန့်ပိုင်းမှာပင် အစောပိုင်းက အေးစက်စက်ဖြစ်နေခဲ့သည့် မြေခွေးမိစ္ဆာကြီးမှာ သူ့ကိုဆွဲပွေ့ကာ ဆာလောင်မွတ်သိပ်နေသည့်အလား အနမ်းပြင်းတို့ဖြင့် အစွမ်းကုန်သိမ်းပိုက်၍လာ၏။

×××××

ထိုနေ့ပြီးနောက် စွန်းကျင်းတစ်ယောက် တစ်ခါလေးပင် ပေါ်မလာတော့ပေ။ ဝမ်ကျင်းက ပြောပြလာသည်မှာ သူမက ဖေးရှူးချန်နှင့်အတူ သွားရောက်နေထိုင်နေပြီး နိုင်ငံခြားပညာသင်သွားရန်အတွက်သာ အာရုံစိုက်ပြင်ဆင်နေသဖြင့် ပြန်လာတော့မည်မဟုတ်ဟူ၍။

သို့သော်လည်း စွန်းကျင်းက သူ့ထံလျှို့ဝှက်ပေးပို့လာသော စာတိုများတွင်မူ ပုံစံတစ်မျိုးဖြစ်နေသည်။ ဝမ်ကျင်းက သူမအနေဖြင့် ပိုင်မူနင်ကို မကောင်းသည့်အကျင့်များ သင်ပေးမည်ကိုစိုးရိမ်သဖြင့် သူမအား အိမ်သို့မလာရန်ပိတ်ပင်ထားခြင်းဟူ၏။

စွန်းကျင်းမှာ ဤကိစ္စနှင့်ပတ်သက်၍ ဝမ်ကျင်းအား အချိန်အတော်ကြာအောင်ကျိန်ဆဲနေခဲ့သည်။ သူမကား အစ်ကိုဖြစ်သူ၏ရှေ့တွင်မူ မဆိုးရဲသဖြင့် ပိုင်မူနင်ထံသို့သာ သူမ၏ မကျေနပ်ချက်များကို ရင်ဖွင့်နေတော့သည်။

"တကယ်တော့ ဘယ်သူက မောင်နှမအရင်းလဲ... ကောက ရှင့်ကိုရပြီးကတည်းက ကျွန်မအပေါ် အရမ်းရက်စက်လာတာပဲ"

"ကျွန်မကဖြင့် ရှင့်ကို ဘားတစ်ခါလေးခေါ်သွားမိတဲ့ဟာ... သူက ဘာလို့ ဒီလောက်အထိ အငြိုးအတေး ထားနေရတာလဲ"

ပိုင်မူနင်မှာမူ ဤမိသားစုတွင်းပြဿနာများကို မဖြေရှင်းပေးနိုင်သဖြင့် ပြုံးလျက်သာ တိတ်တိတ်နေလိုက်တော့သည်။

စွန်းကျင်းက ဝမ်ကျင်းတစ်ယောက် သူမကို တကယ်မချုပ်ချယ်တော့ကြောင်းကိုလည်း သူ့အားလာရောက်ညည်းညူတတ်သေးသည်။ သူမမှာ လွတ်လပ်ခွင့် အမှန်တကယ်ရရှိသွားသော်လည်း ထင်ထားသလောက် စိတ်ထဲတွင်မပျော်ရပါဘဲ တစ်ခုခုလိုအပ်နေသကဲ့သို့ ဟာတာတာကြီးဖြစ်နေသည်ဟု ခံစားနေရခြင်းပင်။

လူများဟူသည် တစ်စုံတစ်ရာကို ဆုံးရှုံးပြီးမှသာ တန်ဖိုးထားရမည်ဖြစ်ကြောင့် သိလာကြသည့်အမျိုးအစားပင်။ သူကိုယ်တိုင်လည်း ထိုနည်းတူပင်ဖြစ်ခဲ့ဖူးသည်။

ထိုစဉ်က သူ့အနေဖြင့် ဝမ်ကျင်းနှင့်လမ်းခွဲရန်သာ အသေသတ်မှတ်ထားခဲ့ဖူးသည်။ လမ်းခွဲပြီးနောက်တွင်မူ  á€á€™á€şá€€á€ťá€„á€şá€¸á€™á€›á€žá€­á€˜á€˛ လုံးဝမနေနိုင်သည်ကို သိရှိသွားခဲ့ရသည်။ ဝမ်ကျင်း၏အရိပ်အယောင်တို့က သူ့ဘဝ၏နေရာတိုင်းတွင်ရှိနေခဲ့ပြီး ပိုင်မူနင်၏ကမ္ဘာထဲသို့ ဖယ်ရှား၍မရနိုင်လောက်အောင် နက်ရှိုင်းစွာစိမ့်ဝင်ပျံ့နှံ့နေခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ပိုင်မူနင် အချိန်မနှောင်းမီ ယင်းကိုနားလည်သွားခဲ့ခြင်းပင်။ သူ ဝမ်ကျင်း၏နှလုံးသားကို နောက်ဆုံးတွင်ပြန်လည်ရယူနိုင်ခဲ့သည်။

ပိုင်မူနင်က သူနားလည်ထားပုံကို စွန်းကျင်းအား ပြောပြလိုက်လျှင် သူမက လျစ်လျူရှုကာ ဆိုလာသည်။ 
"လုံးဝမဖြစ်နိုင်တာ... ကျွန်မမှာ နာကျင်မှုကို သာယာတတ်တဲ့ အကျင့်မရှိဘူး" 

စွန်းကျင်းကား နားမလည်ပုံရ၏။ သူမအနေဖြင့် ဝမ်ကျင်း၏အလွန်အကျွံကာကွယ်စောင့်ရှောက်မှုအောက်တွင်ရှိနေခဲ့သဖြင့် အခက်အခဲနှင့်ဆုံးရှုံးမှုများကို တစ်ခါလေးပင်မကြုံတွေ့ခဲ့ဖူးပေ။ ဘဝတစ်လျှောက်လုံး အဆင်ပြေချောမွေ့ခဲ့သဖြင့် ဝမ်ကျင်း၏ စေတနာအရင်းခံကြိုးပမ်းမှုများကို သူမက သဘာဝကျကျပင် နားမလည်နိုင်ခဲ့ခြင်းဖြစ်သည်။ ဝမ်ကျင်းမှာ ချုပ်ချယ်တတ်ပြီး ပိုင်ဆိုင်လိုစိတ် ပြင်းထန်ကောင်းပြင်းထန်လိမ့်မည်။ သို့ပေသိ သူလုပ်သမျှအရာတိုင်းမှာ လေးစားမှုကိုအခြေခံပြီး တစ်ဖက်သားအတွက် အကောင်းဆုံးဖြစ်မည့်အရာကိုသာ အာရုံစိုက်ထားခြင်းပင်။

ဥပမာအားဖြင့် ဝမ်ကျင်းက ပိုင်မူနင်၏အနာဂတ်အတွက် အကောင်းဆုံးဖြစ်နိုင်မည့် လမ်းပြမြေပုံကို ရေးဆွဲပေးခဲ့သည်။ သူက ပိုင်မူနင်အား လုပ်ဆောင်ရမည့်တာဝန်အများအပြားပေး၍လာပြီး စန်းဝမ်ခန်းမသို့ အလျင်စလိုမသွားဘဲ အိမ်မှာသာ စာကျက်ရန် အာရုံစိုက်ခိုင်းထားသည်။

သို့ဖြစ်ရာ ပိုင်မူနင်တစ်ယောက် အိမ်၌သာ တိတ်တဆိတ်စာကျက်ရင်း မဟာတန်းဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေခဲ့သည်။ တရုတ်တိုင်းရင်းဆေးပညာဆိုင်ရာ အထူးပြုအသိပညာရပ်များအပါအဝင် လေ့လာစရာများစွာရှိနေပြီး တစ်ခုကိုမျှ လျစ်လျူရှုထား၍မရပေ။

လွန်ခဲ့သောရက်အနည်းငယ်က ဝမ်ကျင်းမှာ ပိုင်မူနင်ကို ကျင်းနန်တက္ကသိုလ်မှ တရုတ်တိုင်းရင်းဆေးပညာဌာနပါမောက္ခတစ်ဦးနှင့် သွားရောက်တွေ့ဆုံပေးခဲ့သည်။ ထိုသူမှာ ဝမ်ကျင်း၏ဆရာဖြစ်သလို ပိုင်မူနင်အတွက် သူရွေးချယ်ပေးထားသည့် ဂိုက်ဆရာလည်းဖြစ်သည်။ တွေ့ဆုံပြီးနောက်တွင် ပိုင်မူနင်က ဝမ်ကျင်းအား အဘယ်ကြောင့် စာမေးပွဲဖြေဆိုရန် ဤမျှအထိ လုံ့လထုတ်နေရသည်ကိုမေးမြန်းရင်း ဝမ်ကျင်းထံမှတိုက်ရိုက်သင်ယူခြင်းကလည်း အလားတူကောင်းမွန်ကြောင်း အရိပ်အမြွက် ပြောခဲ့သေးသည်။

ပိုင်မူနင်သည် ပျင်းရိနေခြင်းမဟုတ်သလို စာကျက်ရန်ရှောင်လွှဲနေခြင်းလည်း မဟုတ်ချေ။ ဝမ်ကျင်းက သူ့အတွက် အရာများစွာလုပ်ပေးခဲ့ပြီး အရာရာကို ပြည့်စုံအောင် စီစဉ်ပေးထားပြီးဖြစ်ရာ သူလုပ်ရန်မှာ အနှီအစီအစဉ်အတိုင်းလိုက်နာလျှင်ရပြီဟူ၍ ခံစားမိ၍ပင်။

ဝမ်ကျင်းက ပြန်အဖြေပေးလာခဲ့၏။ 
"မင်းကို ကိုယ်အမှီအခိုကင်းစေချင်တာ... ဒါမှ မင်း ဘယ်သူ့ရဲ့ လက်အောက်မှာမှ မရှိတော့မှာ... မင်းမှာ ရွေးချယ်နိုင်တဲ့ အင်အားရှိစေချင်တယ်" 

ပိုင်မူနင် နားလည်သွားသည်။ ဝမ်ကျင်းဆိုလိုသည်မှာ သူ့အ‌နေဖြင့် ဝမ်ကျင်းထံမှသာသင်ယူမည်ဆိုပါက သူ၏အနာဂတ်မှာ စန်းဝမ်ခန်းမအတွင်း၌သာ ကန့်သတ်ခံရမည်ဖြစ်ပြီး တစ်သက်လုံး ဝမ်ကျင်းအပေါ်တွင်သာ မှီခိုနေရလိမ့်မည်။ သို့သော်လည်း သူသာ မဟာတန်းတက်ရောက်ပြီး အခြားသူများထံမှပါသင်ယူကာ အတွေ့အကြုံနှင့်လူမှုဆက်ဆံရေးကိုပါ ချဲ့ထွင်နိုင်မည်ဆိုပါက မည်သူ့လက်အောက်ခံမှမဖြစ်ဘဲ ကိုယ့်ဘဝလမ်းကြောင်းကိုကိုယ်ကိုယ်တိုင် ရွေးချယ်နိုင်စွမ်းရှိလာမည်ပင်။

ဝမ်ကျင်းက သူ့အတွက်အရာရာကို အမှန်တကယ်ပင် ထောင့်စေ့အောင်စဉ်းစားပေးထားခြင်းဖြစ်ပြီး သူ၏အပင်ပန်းခံ ဂရုစိုက်မှုများမှာ ငြင်းဆန်၍မရနိုင်လောက်အောင်ပင်။ အနှီစေတနာကိုတုံ့ပြန်သောအားဖြင့် ပိုင်မူနင်အနေဖြင့် တစ်စက္ကန့်မျှပင် အလဟဿမဖြစ်စေဘဲ စာလေ့လာခြင်းထဲသို့ အစွမ်းကုန် နစ်မြုပ်ထားလိုက်တော့သည်။

သူက အပ်စိုက်မှတ်(Acupuncture Points)ဇယားများကို အလွတ်ကျက်မှတ်ပြီးနောက် အပ်စိုက်နည်းစနစ်များကို စတင်လေ့လာတော့သည်။ ပထမဦးစွာ ပုလင်းအဖုံးများကို အပ်ဖြင့်ထိုး၍ ကျင့်သည်။ ထို့နောက် သစ်သီးများကို အသုံးပြု၍ လေ့လာသည်။ နောက်ပိုင်းတွင် အာရုံကြောအမှတ်အသားများကို တိကျစွာ ရှာဖွေနိုင်ရန်အတွက် လေထိုးလူရုပ်မော်ဒယ်တစ်ခုကို အွန်လိုင်းမှမှာယူလိုက်သည်။ ယင်းကိုလေထိုးပြီး လေ့ကျင့်ရေးအရုပ်အဖြစ် အသုံးပြုရန် သူစီစဉ်ထားခြင်းဖြစ်သည်။

ပိုင်မူနင်က ဤအရာကို ဝမ်ကျင်းမသိအောင် လျှို့ဝှက်စွာလုပ်ဆောင်ခြင်းပင်။ ထိုကဲ့သို့သော အရုပ်များမှာ များသောအားဖြင့် လူကြီးသုံးပစ္စည်းများဖြစ်နေတတ်သဖြင့် ဝမ်ကျင်း သူ့ကို နှာဘူးကောင်လေးဟုထင်သွားမည်ကို သူစိုးရိမ်နေခြင်းပင်။ သို့သော်လည်း သူ၏စိတ်ထဲတွင်မူ ညစ်ညမ်းသောအတွေးတစ်စွန်းတစ်စလေးပင်မရှိချေ။ ပညာသင်ကြားရန်အတွက်သာ လုံးလုံးလျားလျား အာရုံစိုက်ထားခြင်းဖြစ်ကြောင်း သူကျိန်ဆိုရဲ၏။

ပါဆယ်ထုပ်ရောက်လာသည့်နေ့တွင် ပိုင်မူနင်က လီအန်းချီအား အိမ်ပြောင်းရာတွင်ကူညီရန် အပြင်သို့ရောက်နေသည်။ လီအန်းချီမှာ အလုပ်သွားရလွယ်ကူစေရန် မိဘအိမ်မှထွက်ကာ ကုမ္ပဏီအနီးရှိ တိုက်ခန်းတစ်ခုကိုငှားရမ်းခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ဝန်ဆောင်မှုအပြည့်ပါသောတိုက်ခန်းဖြစ်ပြီး ပရိဘောဂများအစုံအလင်ပါရှိသဖြင့် အဝတ်သေတ္တာများယူကာဖြင့် အသင့်တက်နေရုံသာ။

မူလက သူ၏မိဘများက အိမ်တစ်လုံးဝယ်ပေးမည်ဟု ကမ်းလှမ်းခဲ့ကြသည်။ သူတို့မိသားစု၏ တရားရင်ဆိုင်မှုများပြီးဆုံးသွားပြီး အလိမ်ခံခဲ့ရသော ငွေကြေးများလည်း ပြန်လည်ရရှိခဲ့သဖြင့် သူတို့တွင် ငွေအလုံအလောက်ရှိသည်။ သို့သော်လည်း လီအန်းချီက ငြင်းဆန်ခဲ့ပြီး သူ့ခြေထောက်ပေါ် သူသာ ရပ်တည်လိုသည်။

လီအန်းချီတွင် ပစ္စည်းအများအပြားမရှိဘဲ အားလုံးကို နေရာချပေးပြီးနောက် ပိုင်မူနင်က ချီးကျူးလိုက်သည်။
"အန်းအန်း... ဒီနေရာက ပတ်ဝန်းကျင်လေး တော်တော်ကောင်းတယ်နော်... မင်း နေရတာ သက်သောင့်သက်သာရှိမှာ သေချာတယ်" 

"ငါ့လုပ်ဖော်ကိုင်ဖက်တွေလည်း ဒီနားမှာ အများကြီးနေကြတယ်... သူတို့ပဲ ငါ့ကို အကြံပေးတာ"  
လီအန်းချီက ပြန်ဖြေသည်။ သူ အိပ်ရာခင်းနေစဉ် ပိုင်မူနင်က အဝတ်အစားများကိုနေရာချကာ သန့်ရှင်းရေးလုပ်ပေးရင်း ကူညီပေးခဲ့သည်။

ထို့နောက် သူတို့နှစ်ဦး ညစာအတွက် တိုက်ခန်းအောက်ရှိ ဟော့ပေါ့ဆိုင်တစ်ဆိုင်သို့သွားခဲ့ကြသည်။ လီအန်းချီက လတ်တလောဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြ၍လာသည်။ သူကား ယခင်ကကဲ့သို့ လောကကြီးအကြောင်းမသိသည့် မိဘရိပ်အောက်တွင်သာခိုလှုံနေသော သခင်လေးတစ်ယောက်မဟုတ်တော့ဘဲ သိသိသာသာပင် ရင့်ကျက်လာခဲ့ပြီဖြစ်သည်။ ယခင်က လီအန်းချီမှာ မိဘများ၏ အကာအကွယ်အောက်တွင် ပူပန်စရာမရှိဘဲ စိတ်အလိုလိုက်ကာ ရည်မှန်းချက်ကင်းမဲ့စွာ နေထိုင်ခဲ့သူဖြစ်သည်။ သို့သော်လည်း မိသားစုအကျပ်အတည်းဖြစ်ပြီးနောက်တွင် သူက တကယ့်ကိုတာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ယခင်ကကဲ့သို့ ကစားရန်သာသိသည့် "မင်းသားလေး" မဟုတ်တော့ပေ။

"နင်အာ မင်းသိလား... ဒီလိုတွေဖြစ်ပြီးမှ အရည်အချင်းရှိဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာ ငါနားလည်သွားတယ်... အခုကစပြီး ငါအလုပ်ကို ကြိုးကြိုးစားစားလုပ်တော့မယ်... ငါ့မိဘတွေကာကွယ်ပေးတာကို အလဟဿ အဖြစ်မခံနိုင်ဘူး"

"ငါ့မိဘတွေငါ့အတွက် ကူပြီးလမ်းညွှန်ပေးတဲ့ အလုပ်ကလည်း တကယ်တော့ အတော်လေးကောင်းပါတယ်.. အခု သူတို့ကလည်း ငါ့ဘက်မှာရှိနေတယ်... သူတို့အငြိမ်းစားယူဖို့ကလည်း နှစ်တွေအများကြီးလိုသေးတာဆိုတော့ ငါ့ရာထူးတက်ဖို့ကလည်း ချောချောမွေ့မွေ့ဖြစ်မှာပါ"

လီအန်းချီမှာ ဘဏ်တွင်အလုပ်လုပ်ရသည်ကို အထူးတလည်သဘောမကျသေးသော်လည်း လက်တွေ့ဘဝကိုလက်ခံရန် သင်ယူခဲ့ပြီးဖြစ်ချေ၏။ ထမင်းစားနေစဉ်မှာပင် သူက ကျန်းခယ်ကျန့်အကြောင်းကို ဦးဆောင်ပြီးစတင်ပြောလာခဲ့သည်။

ပိုင်မူနင်က သွေးတိုးစမ်းသည့်အလား မေးလိုက်သည်။
"ဒါဆို မင်းရဲ့ဆန္ဒကဘယ်လိုလဲ... သူ့ကို ပြန်ရှာဦးမှာလား" 

အမှန်အတိုင်းပြောရလျှင် လီအန်းချီနှင့် ကျန်းခယ်ကျန့်တို့မှာ လိုက်ဖက်သောစုံတွဲမဟုတ်ပေ။ ကျန်းခယ်ကျန့်က အလွန်အမင်းကျိုးကြောင်းဆင်ခြင်လွန်းပြီး အေးစက်လွန်းလှသည်။ သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တိုင်း မည်သူ့ကိုမျှ(သူချစ်ရသူကိုပင်)သူ၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးခွင့်မပေးတတ်ပေ။
 
အကယ်၍ လီအန်းချီသာ မီးလျှံထဲသို့တိုးဝင်သည့် ပိုးဖလံတစ်ကောင်ကဲ့သို့ ကျန်းခယ်ကျန့်ကိုသွားရှာမည်ဆိုပါက သူထပ်မံနာကျင်ရမည်မှာ သေချာသည်။ လီအန်းချီ၏မိဘများမှာလည်း ကျန်းခယ်ကျန့်၏ ထိုကဲ့သို့သောစရိုက်ကို ကြိုတင်မြင်ထားခဲ့သဖြင့် ဤဆက်ဆံရေးကိုကန့်ကွက်ခဲ့ကြခြင်း ဖြစ်နိုင်သည်။

လီအန်းချီက ဝိုင်ခွက်ကိုမြှောက်လျက် ခေတ္တ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက ရုတ်တရက် ရယ်မောလိုက်သည်။ ထိုရယ်သံမှာ လုံးဝ စိတ်ပေါ့ပါးသွားသည့် ရယ်သံမျိုးပင်။

"ငါသူ့ကို တမ်းတနေတုန်းလို့ မင်းထင်လို့လား"

"ငါ လက်လွှတ်လိုက်ပါပြီ... ကျန်းခယ်ကျန့်ရဲ့ ဆက်သွယ်ရတဲ့အချက်အလက်အားလုံးကိုလည်း ဖျက်ပစ်လိုက်ပြီ.. သူ့အကြောင်းကို ငါထပ်မစဉ်းစားတော့ဘူး"

"အခုအချိန်မှာ ငါအလုပ်ကိုပဲ ကြိုးစားချင်တယ်.. အောင်မြင်အောင်လုပ်မယ်... မိဘတွေ မပူပန်ရအောင် ပိုက်ဆံရှာမယ်... အချစ်ရေးနဲ့ ပတ်သက်ရင်တော့... ငါ ဘာမှထပ်မစဉ်းစားချင်တော့ဘူး"

လီအန်းချီ အရာရာကို ပြတ်ပြတ်သားသားမြင်လာနိုင်သည့်အတွက် ပိုင်မူနင် တကယ်ကို ဝမ်းသာမိ၏။ လီအန်းချီတစ်ယောက် တစ်နေ့နေ့တွင် ဆုံးဖြတ်ချက်ချရမည့်အခြေအနေမျိုး၌ သူ့ကိုသာ နောက်တွန့်မနေဘဲရွေးချယ်ပေးနိုင်သည့် ပိုသင့်တော်သော လူတစ်ယောက်နှင့် ဆုံတွေ့လိမ့်မည်ဟု သူယုံကြည်သည်။

ပိုင်မူနင် သူ၏ဖန်ခွက်ကိုမြှောက်လိုက်ပြီး လီအန်းချီ၏ခွက်နှင့် တိုက်လျက်ဆိုလိုက်သည်။
"ငါတို့အနာဂတ်အတွက်"

သူတို့နှစ်ဦးစလုံး လှပပြီးပျော်ရွှင်စရာကောင်းသော အနာဂတ်များကို ပိုင်ဆိုင်ရလိမ့်မည်ဟု သူယုံကြည်ထား၏။

ပိုင်မူနင် အရက်အနည်းငယ်သောက်ဖြစ်ခဲ့သည်။ အများကြီးမဟုတ်သော်လည်း ခေါင်းကိုမူးနောက်သွားစေရန်တော့ လုံလောက်သည်။ နောက်ဆုံးတွင် ဝမ်ကျင်းက သူ့ကို လာကြိုခဲ့၏။

အိမ်အပြန် ကားပေါ်တွင် ပိုင်မူနင်မှာ မရပ်မနား  á€…ကဏးပဟ္ဏန္တ္ဏအသည်။ အဆုံးတွင် သူပြောနေသမျှကို သူကိုယ်တိုင်ပင်မသိတော့ဘဲ အဓိပ္ပာယ်မရှိသည့် စကားများကိုသာ တောင်စဉ်ရေမရပြောနေမိသည်။ သို့တိုင် သူမည်သို့ပင် ဟိုရောက်သည်ရောက်လျှောက်ပြောနေပါစေ ဝမ်ကျင်းကလည်း စကားလုံးတိုင်းကို ပြန်လည်တုံ့ပြန်ပေးနေခဲ့၏။

ဝမ်ကျင်းနောက်မှလိုက်၍ အပေါ်ထပ်သို့တက်လာစဉ် ပိုင်မူနင်က တံခါးဝတွင်ချထားသော ပါဆယ်သေတ္တာလေးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ စတုရန်းပုံစံဖြစ်ပြီး ဖိနပ်ဘူးအရွယ်အစားမျှရှိသည်။

ဝမ်ကျင်းက ထိုသေတ္တာကို ကောက်ကိုင်လိုက်ပြီး မေးလိုက်သည်။
“တစ်ခုခုဝယ်ထားတာလား” 

ဤရပ်ကွက်ရှိ ပါဆယ်ပို့ဆောင်ရေးစနစ်က အိမ်ရှေ့အထိလာပို့ပေးတတ်သဖြင့် နေထိုင်သူများအနေဖြင့် ကိုယ်တိုင်သွားယူရန်မလိုဘဲ တံခါးဝတွင်သာ ချထားပေးလေ့ရှိသည်။ လိပ်စာကတ်ပေါ်တွင် ပိုင်မူနင်၏ အချက်အလက်များပါရှိသော်လည်း အတွင်းထဲတွင်ပါရှိသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

“မေ့သွားပြီ... တစ်ခုခု ဝယ်ထားတယ်ထင်တာပဲ” 

အရက်ရှိန်ကြောင့် မှတ်ဉာဏ်များမည်မျှအထိ ရှုပ်ထွေးသွားနိုင်သည်ကို ပိုင်မူနင်က လက်တွေ့ပြသနေသကဲ့သို့ပင်။ သူ မည်သည်ကိုဝယ်ခဲ့သည်အား လုံးဝကို သတိမရတော့ပေ။

သူက အိမ်ထဲသို့ဝင်သွားပြီး ဆိုဖာပေါ်သို့ ပစ်လှဲလိုက်ကာ ဝမ်ကျင်းကို အမိန့်ပေးတော့သည်။ 
“ကျင်းကော... အဲဒါလေး ဖွင့်ကြည့်ပေးပါဦး... ဘာလဲလို့... ကျွန်တော် အရမ်းပင်ပန်းနေပြီ မလှုပ်ချင်တော့ဘူး”

ဝမ်ကျင်းလက်ထဲမှ ပါဆယ်သေတ္တာမှာ အနည်းငယ် ချော်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ ‘ဘုန်း’ခနဲ ကျသွားသည်။ သူပြန်ကောက်လိုက်သည့်အချိန်မှာပင် သေတ္တာထဲမှ တုန်ခါနေသည့်အသံတစ်ခု ထွက်ပေါ်လာတော့သည်။

ဝမ်ကျင်းက ဇဝေဇဝါဖြင့်ကြည့်လိုက်ပြီး မေးလာသည်။
“ကလေးလေး... မင်းဘာတွေဝယ်ထားတာလဲ” 

ပိုင်မူနင်လည်း မသိပေ။ သူက သိချင်စိတ်ဖြင့် အနားကပ်ကြည့်လိုက်၏။
“မမှတ်မိတော့ဘူး...လျှပ်စစ်မုတ်ဆိတ်ရိတ်စက်များလား” 

သူ့မေးစေ့ကိုသူ ပွတ်ကြည့်ရင်း ထိုပစ္စည်းမျိုး မလိုအပ်သေးဟု တွေးနေမိသည်။

ဝမ်ကျင်းက ဓားငယ်လေးဖြင့် တိပ်ကိုလှီးဖြတ်ကာ ကတ်ထူသေတ္တာကို ဖွင့်လိုက်သောအခါ အတွင်းမှ ပစ္စည်းကိုတွေ့လိုက်ရလေသည်။

“လူကြီးသုံး ကစားစရာ”အသေးလေးတစ်ခုမှာ သေတ္တာထဲတွင် အထင်းသားပေါ်ထွက်နေပြီး အစွမ်းကုန်တုန်ခါနေတော့သည်။

တုန်တုန်ယင်ယင်ဖြင့် ကခုန်နေသော ထိုပစ္စည်း၏ မြင်ကွင်းမှာ တကယ့်ကို မျက်စိစပါးမွေးစရာပင်။

ပိုင်မူနင်မှာ တစ်ခဏမျှ စကားပြောနိုင်စွမ်း ပျောက်ဆုံးသွားကာ ထိုနေရာ၌ပင် ကြောင်ရပ်နေမိသည်။ 

ငါ ဒါကို အွန်လိုင်းက မှာခဲ့တာလား... တစ်ယောက်ယောက်က ငါ့ကို ဆေးထိုးလိုက်တာလား...

ဆူညံသံကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသော ဝမ်ကျင်းက ခလုတ်ကိုနှိပ်၍ ထိုကစားစရာလေးကို ငြိမ်သက်သွားအောင်လုပ်လိုက်သည်။ ထို့နောက် သူက ပိုင်မူနင်ကို နားမလည်သလိုအမူအရာဖြင့် ကြည့်လာသည်။
 "ကလေးလေး မင်း... ကိုယ့်ရဲ့ စွမ်းဆောင်ရည်အပေါ် မကျေနပ်လို့လား"

"မင်း တကယ်ပဲ ဒါကိုလိုအပ်လို့လား"

ပိုင်မူနင်၏မျက်နှာမှာ ချက်ချင်းပင် နီရဲတက်လာပြီး ကြောက်လန့်သွားမှုကြောင့် အရက်ရှိန်များမှာ လုံးဝ လွင့်စင်သွားတော့သည်။ ဝမ်ကျင်း၏ခံနိုင်ရည်ကို သူမည်သို့လျှင် သံသယမဝင်ရဲပေ။ ဝမ်ကျင်းကား အားနည်းချက်ရှိသူ တစ်ယောက်မဟုတ်ချေ။

"မဟုတ်ဘူး... ကျွန်တော် ဒါကို လုံးဝမလိုအပ်ပါဘူး... ကျွန်တော် ဝယ်ခဲ့တာ မဟုတ်ဘူး... ခဏလေး  á€€á€ťá€˝á€”်တ္ဏအ်ရဲအ အော်ဒါမှတ်တမ်းကိုပြမယ်..."


💊💊💊💊 Chapter 79


ပိုင်မူနင်မှာ စိတ်လှုပ်ရှားလွန်း၍ လက်များပင်တုန်ယင်လျက်ရှိကာ သူမှာထားသမျှကို အသည်းအသန် လိုက်ကြည့်တော့သည်။ ခဏအကြာတွင် သူမှာထားသည့်အရာကိုတွေ့သွားပြီး ဆွံ့အသွားရပြန်သည်။

သူ ယင်းကို အွန်လိုင်းက မှာခဲ့သည်မှာမှန်သည်။ သို့သော်လည်း ၎င်းမှာ ပစ္စည်းအတွဲလိုက်အနေဖြင့် ပါလာခြင်းဖြစ်သည်။ အော်ဒါတင်စဉ်က သူသေချာဂရုမစိုက်မိဘဲ တစ်setလုံးအတွက် ငွေချေလိုက်ခြင်းဖြစ်သည်။

ဘုရားရေ... ငါတကယ်ကြီးကို ဒီအရုပ်ကို ဝယ်ဖို့ မရည်ရွယ်ခဲ့ပါဘူး...

ထိုအချိန်တွင် ဝမ်ကျင်းက လှမ်းကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်များက လှောင်ပြုံးလေးနှင့်အတူ ကွေးညွတ်သွားသည်။ 

"ဒီတစ်ခါတော့ မင်းဘယ်လိုဆင်ခြေပေးပြီး လွတ်အောင်ရုန်းမလဲ ကြည့်ရသေးတာပေါ့"

ပိုင်မူနင် : "..."
ငါ့ကိုယ်ငါ မြေမြှုပ်ပစ်ချင်စိတ်ပေါက်လာပြီ...

"ကျင်းကော... ကျွန်တော်ရှင်းပြတာကို နားထောင်ပါဦးး" 

ပိုင်မူနင် သူ၏ဖုန်းကိုပစ်ချလိုက်ပြီး ထိုကစားစရာအောက်တွင်ဖိမိနေသော အရုပ်ကို ဆွဲထုတ်လိုက်သည်။ ၎င်းမှာ ပလတ်စတစ်အလွှာလေးသာ ဖြစ်သဖြင့် လေမထိုးမချင်း မည်သည်ဖြစ်ကြောင်းသိသာလှသည်မဟုတ်။

လေထိုးတံနှင့် ထိုအရုပ်ကို ကိုင်ထားရင်း ပိုင်မူနင်က ပြောသည်။ 
"ကျင်းကော... တကယ်တော့ ကျွန်တော် ဝယ်ချင်တာက ဒါပါ..  á€Ÿá€­á€Żá€•စယစည်းက အတွဲလိုက် ပါလာတာ... အော်ဒါမတင်ခင်က ကျွန်တော် သတိမထားမိလိုက်လို့ပါ"

သူက မကျေမချမ်းဖြင့် ပြောလိုက်မိသည်။
“ကျွန်တော် အညာခံလိုက်ရတာ... မုန်းစရာကောင်းချက်ပဲ” 

ဝမ်ကျင်းက ပိုင်မူနင်၏လက်ထဲမှပစ္စည်းကို စိုက်ကြည့်ရင်း နောက်တစ်ကြိမ် ထပ်မေးပြန်သည်။
“ဒါကို မင်းတကယ်လိုအပ်လို့လား” 

“မဟုတ်... မလိုအပ်ပါဘူး” 

ပိုင်မူနင်မှာ သူပြောလိုက်သည့် စကားလုံးများက သိပ်မမှန်သလို ခံစားလိုက်ရသည်။
“လိုအပ်တယ်... ဒါပေမဲ့ ကျင်းကောထင်သလို မဟုတ်ဘူးနော်... ဒါက အပ်စိုက်မှတ်တွေရှာတာကို လေ့ကျင့်ဖို့လေ... ကျွန်တော် အဲဒီပေါ်မှာ အပ်စိုက်နည်းကို လေ့ကျင့်လို့ရတယ်”

ဝမ်ကျင်းက ထောက်ပြလိုက်သည်။
“ဒါက ပလတ်စတစ်လေ... လေတွေ ထွက်ကုန်မှာပေါ့” 

“ဒါကြောင့် ကျွန်တော် ကော်ပါဝယ်ထားတာပေါ့... အပ်စိုက်လို့ဖြစ်လာတဲ့အပေါက်တွေကို လေမထွက်အောင် ပြန်ပိတ်လို့ရတယ်လေ” 
ပိုင်မူနင်က သူ၏ဖြူစင်ရိုးသားမှုကို အစွမ်းကုန်ဖော်ပြရန်ကြိုးစားရင်း ပြုံးပြလိုက်သည်။ သူက အလိုရမ္မက်ကြီးသောသူမဟုတ်ကြောင်း ဝမ်ကျင်းကို အသည်းအသန်ပင် ယုံကြည်စေချင်နေမိ၏။

ဝမ်ကျင်းရှိနေတာနဲ့တင် လုံလောက်နေပါပြီ... ငါက ဘာလို့ တခြားပစ္စည်းတွေကို သုံးချင်ရမှာလဲ...

ဝမ်ကျင်း၏ မျက်နှာအမူအရာကို ခဏတာမျှ ခန့်မှန်းရခက်နေသည်။ ပိုင်မူနင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“ကျင်းကော... ကျွန်တော့်ကို ယုံတယ်မလားဟင်” 

ဝမ်ကျင်းက ပြန်ဖြေလာ၏။ 
“ကလေးလေး... မင်းကို ကိုယ်ယုံပါတယ်” 

ထိုအခါမှ ပိုင်မူနင်သက်ပြင်းချနိုင်တော့သည်။ သူက တဒိတ်ဒိတ်ခုန်နေသော ရင်ဘတ်ကိုဖိရင်း ကြမ်းပြင်ပေါ်သို့ ပစ်ချလျက်ထိုင်လိုက်မိသည်။ 
“ကျွန်တော့်ကို လန့်အောင်လုပ်တာပဲ... ကျင်းကောက ကျွန်တော့်ကိုမယုံဘဲ နှာဘူးလို့ထင်သွားပြီထင်နေတာ”

“ဘယ်လိုလုပ် အဲဒီလိုထင်မှာလဲ” 

ဝမ်ကျင်းက ထိုကစားစရာလေးကို ပြန်ကောက်ယူပြီး စစ်ဆေးကြည့်လိုက်သည်။ 
“တကယ်တော့ ဒါလေးက စိတ်ဝင်စားဖို့ကောင်းသားပဲ... ကိုယ်တို့ဒီည ဒါလေးကိုစမ်းကြည့်ကြမလား”

“စမ်း... ဘာကို စမ်းမှာလဲ” 
ပိုင်မူနင် မယုံကြည့်နိုင်သလို မေးလိုက်မိပြီး အသံများပင် တုန်ယင်လာသည်။

ဝမ်ကျင်းက သူ့ကိုကြည့်လာရင်း လေယူလေသိမ်းမှာလည်း အန္တရာယ်ရိပ်တို့ စွန်းထင်းလာသည်။ 
“မင်း ဘာထင်လို့လဲ”

ချက်ချင်းဆိုသလို အန္တရာယ်အရိပ်အယောင်ကိုခံစားမိလိုက်သဖြင့် ပိုင်မူနင်က ဝုန်းခနဲထရပ်ကာ တံခါးထံသို့ ပြေးတော့သည်။ 

“ကျွန်တော် ကျင်းကောနဲ့ရန်ဖြစ်ပြီပဲ... အိမ်ပေါ်က ဆင်းတော့မယ်... နောက်နှစ်ပတ်အထိ ကျွန်တော့်ကို လုံးဝ အဆက်အသွယ်မလုပ်နဲ့တော့”

သူ့လက်က တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည့် စက္ကန့်ပိုင်းမှာပင် ဝမ်ကျင်းက နောက်မှလိုက်မီသွားပြီး သူ့ကို တံခါးတွင် ဖိကပ်ထားလိုက်သည်။
“ကလေးလေး... ဒါပေမဲ့ ကိုယ်က မင်းနဲ့ ရန်ဖြစ်နေတာ မဟုတ်ဘူးလေ... မင်းရဲ့ ကမ်းလှမ်းချက်ကို လက်မခံဘူး”

ထိုသို့ပြောပြီးနောက် ဝမ်ကျင်းက ပိုင်မူနင်ကို ပခုံးပေါ်သို့စွေ့ခနဲ ကောက်တင်ကာ အိပ်ခန်းထံသို့  á€á€źá€ąá€œá€žá€™á€şá€¸á€€á€źá€˛á€€á€źá€Žá€¸á€™á€ťá€Źá€¸á€–ဟငအ် လျှောက်သွားတော့သည်။

ပိုင်မူနင်မှာ ထိတ်လန့်တကြားဖြင့် ကျိန်ဆဲမိ၏။
"ခင်ဗျား... လူယုတ်မာ... နှာဘူး... ကျွန်တော့်ကို အခုချက်ချင်းပြန်ချပေး"

ဝမ်ကျင်းကမူ ဘာကိုမှဂရုမစိုက်ဘဲ သတိပင် ပေးလိုက်သေးသည်။ 
"ကလေးလေး... ကျိန်ဆဲဖို့အားတွေကို ခုတင်ပေါ်ရောက်မှသုံးဖို့ ချန်ထားသင့်တယ်နော်..."

ပိုင်မူနင် : "...?"

ဘာလို့ ဝမ်ကျင်းက ပိုပြီး စိတ်လှုပ်ရှားနေသလို ခံစားနေရတာလဲ...

×××××

ချင်းမင်ပွဲတော်နီးကပ်လာသည်နှင့်အမျှ ပိုင်မူနင်က ဇာတိပြန်ကာ သူ့မိဘများ၏ဂူသင်္ချိုင်းသို့ သွားရောက်ကန်တော့ရန် ပြင်ဆင်တော့သည်။ တက္ကသိုလ်တက်ရန် ထွက်ခွာလာပြီးကတည်းက သူ့အနေဖြင့် နှစ်စဉ်နှစ်တိုင်းပြန်တတ်မြဲဖြစ်ပြီး သူမည်သို့နေထိုင်နေပြီး မည်သူတို့နှင့်ဆုံတွေ့ခဲ့ကြောင်းစသဖြင့် ပျော်ရွှင်စရာများကိုသာ မိဘများထံ ပြောပြလေ့ရှိသည်။ ဝမ်းနည်းစရာများကိုမူ ဘယ်သောအခါကမျှ မပြောပြဖြစ်ခဲ့ပေ။ သူကား မိဘများကို စိတ်အေးချမ်းစေချင်၍ သတင်းကောင်းကိုသာပြောပြတတ်သည့် ကလေးတစ်ယောက်ပင်။

(T/N - ချင်းမင်ပွဲတော်- သင်္ချိုင်းကန်တော့ပွဲ)

မိဘများနှင့် ပြန်လည်ဆုံတွေ့ချိန်တွင် သူ့ကိုမမှတ်မိမည်ကိုစိုးရိမ်သဖြင့် သူမည်သို့ကြီးပြင်းလာသည်ကို သိနိုင်ရန် သူ၏လတ်တလောဓာတ်ပုံတစ်ပုံကို အမြဲလိုလို မီးရှို့ပေးလေ့ရှိသည်။ 

သို့သော်လည်း ယခုနှစ်တွင်မူ သူတို့နှစ်ယောက်တွဲရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကိုမီးရှို့ပေးရန် သူစီစဉ်ထားသည်။  á€šá€á€Żá€Ąá€á€ťá€­á€”်တွင် သူတစ်ယောက်တည်းမဟုတ်တော့ဘဲ မိသားစုရှိနေပြီဖြစ်ကြောင်း မိဘများကိုပြောပြချင်မိ၏။ ဝမ်ကျင်းက သူ့အပေါ် အလွန်ကောင်းပေးပြီး သူ့ကို အလွန်အမင်းချစ်မြတ်နိုးကြောင်း၊ သူတို့နှစ်ဦး ထာဝရအတူရှိသွားမည်ဖြစ်ကြောင်းကိုလည်း မိဘများအား အသိပေးချင်နေမိသည်။

အားလပ်ရက်တစ်ရက်တွင် ပိုင်မူနင်က ဝမ်ကျင်း၏ရင်ခွင်ထဲ၌ လှဲလျောင်းလျက် ရုပ်ရှင်ဟောင်းတစ်ကားကို အတူတူကြည့်နေသည်။ ၎င်းမှာ သူ၏မိဘများ အနှစ်သက်ဆုံးရုပ်ရှင်ပင်။ သူ၏မိဘများမှာ စာမတတ်သလို နားလည်းမကြားကြသော်လည်း ရုပ်ရှင်ထဲမှ နွေးထွေးသည့်ပုံရိပ်များကို အလွန်သဘောကျကြသည်။ ကိုယ်ချစ်ရသူနှင့်အတူ ရုပ်ရှင်ကြည့်ရခြင်းက ပျော်ရွှင်မှုတစ်မျိုးဟူ၍ သူ၏မိခင်က ပြောပြဖူးသည်။ ထိုအခိုက်အတန့်တွင်ခံစားရသည့် အေးချမ်းမှုနှင့်နွေးထွေးတို့မှာ ပျော်ရွှင်မှုဖြစ်သည်ကို ပိုင်မူနင်တစ်ယောက် နောက်ဆုံးတွင် နားလည်သွားခဲ့ရ၏။

“ကျင်းကော... နောက်ရက်နည်းနည်းလောက်ကျနေရင် ချင်းမင်ပွဲတော်အတွက် ကျွန်တော် ဇာတိကိုခဏပြန်မလို့” 
ပိုင်မူနင်က ဝမ်ကျင်း၏လည်ပင်းကို မှီထားရင်း ပြောလိုက်သည်။ 
“နှစ်ရက်လောက်တော့ ကြာလိမ့်မယ်”

ပိုင်မူနင်၏ဇာတိမြို့မှာ ကျင်းနန်နှင့် အတော်လေးဝေးကွာလှရာ အမြန်ရထားဖြင့်သွားလျှင်ပင် ရှစ်နာရီမျှကြာ၏။ 

သူက အစီအစဉ်အားလုံးကို အသေအချာ ဆွဲထားပြီးဖြစ်သည်။ နေ့ဘက်တွင် ရထားစီးမည်။ ဟိုတယ်တွင် တစ်ညအိပ်ကာ နောက်တစ်နေ့မနက်တွင် မိဘများထံသွားရောက်ကန်တော့ပြီး နေ့လယ်ပိုင်းတွင် ရထားဖြင့်ပြန်လာမည်ဖြစ်သည်။ ခရီးစဉ်တစ်ခုလုံး နှစ်ရက်သာ ကြာမြင့်မည်ဖြစ်ရာ ဝမ်ကျင်းနှင့်အကြာကြီး ခွဲခွာနေရန်မလိုတော့ပေ။

ဝမ်ကျင်းက "အင်း" ဟူ၍သာ ခပ်တိုးတိုးတုံ့ပြန်လိုက်ပြီးနောက် မေးလာသည်။
"ချင်းမင်ပွဲတော်မတိုင်ခင် တစ်ရက်အလိုကတည်းက ပြန်မှာလား" 

"ဟုတ်တယ်" 
ပိုင်မူနင်က လက်ကိုမြှောက်ကာ ဝမ်ကျင်း၏ ပါးပြင်ကို အသာအယာပွတ်သပ်ရင်း ဆိုလိုက်လေသည်။
"ကျွန်တော့်ကို အရမ်းကြီးလွမ်းမနေနဲ့ဦးနော်... နှစ်ရက်နေရင် ပြန်ရောက်မှာပါ" 

ဝမ်ကျင်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီး စကားဆိုလာသည်။ 
“ကလေးလေး... မင်းမိဘတွေရဲ့ အရိုးပြာတွေကို ဒီဘက်ကိုပြောင်းဖို့ စဉ်းစားဖူးလား... ဒါဆိုရင် မင်းဒီလောက်ဝေးဝေးကြီး သွားစရာမလိုဘဲ အချိန်မရွေး သွားကန်တော့လို့ရတာပေါ့...”

ပိုင်မူနင်သည်လည်း ဝမ်ကျင်းစကားကမှန်ကြောင်းကို သတိထားမိသွားသည်။ ထိုစဉ်က သူ သင်္ချိုင်းမြေနေရာမဝယ်နိုင်သေးသဖြင့် မိဘများ၏ အရိုးပြာတို့ကို နာရေးကူညီမှုအသင်းတစ်ခုမှာသာ သိမ်းထားခဲ့ရသည်။ 

သူ့မိဘများ တစ်ယောက်ပြီးတစ်ယောက် ရောဂါဖြင့် ဆုံးပါးသွားစဉ်က အရပ်ရှိကူညီပေးသူများကသာ ကိစ္စအဝဝကို စီစဉ်ပေးခဲ့ကြခြင်းပင်။ ထိုအချိန်က ပိုင်မူနင်မှာ သင်္ချိုင်းမြေနေရာဝယ်နိုင်သည်အထိ ငွေအင်အားမရှိခဲ့၍ အရိုးပြာအိုးများကို ဂူဗိမာန်ခန်းမထဲတွင် သိမ်းဆည်းထားရန်သာ ရွေးချယ်ခဲ့၏။ တစ်နှစ်ကို ယွမ်နှစ်ရာဝန်းကျင်မျှသာ ပေးရသဖြင့် ဈေးသက်သာသည့်တိုင်  á€šá€á€Żá€™á€° သူကကျင်းနန်သို့ ပြောင်းလာရာ အနှီအရိုးပြာများကို မည်သည့်နေရာ၌ သွားထားရမည်မသိပေ။

အစီအစဉ်ဆွဲရန်အတွက် သူစိတ်မပူရသေးမီမှာပင် ဝမ်ကျင်းက အားလုံးကို ကြိုတင်စီစဉ်ပေးပြီးဖြစ်နေသည်။ 
“မြို့ပြင်ကသင်္ချိုင်းမှာ ပတ်ဝန်းကျင်အနေအထား အရမ်းလှတဲ့ နေရာတစ်ခုရှိတယ်... ချင်းမင်ပွဲတော်မတိုင်ခင် တစ်ရက်အလိုမှာ ကိုယ် မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်... နေရာရွှေ့ပြောင်းတဲ့ကိစ္စတွေကို ကိုယ်ကူညီပေးမယ်...”

ဝမ်ကျင်းမှာ အမြဲလိုလို အားကိုးရပြီး ယုံကြည်စိတ်ချရသူတစ်ဦးပင်။ ပိုင်မူနင်မှာ စိုးရိမ်နေဆဲဖြစ်သော်ငြား ဝမ်ကျင်းကမူ ထိုပြဿနာအတွက် ဖြေရှင်းနည်းကို ကြိုတင်စဉ်းစားထားပြီးဖြစ်လေသည်။

“ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် ကျင်းကော” 
ပိုင်မူနင်က ပြုံးလျက်ပြောလိုက်သည်။

“ဒါက မင်းကျေးဇူးတင်တဲ့ပုံပေါ့လေ” 

“ဒါဆို တခြားဘာရှိဦးမှာလဲ” 
ပိုင်မူနင်က ဝမ်ကျင်းဆိုလိုချင်သည့်အဓိပ္ပာယ်ကို မသိချင်ယောင်ဆောင်ကာ အ,ချင်ယောင်ဆောင်နေလိုက်သည်။

“အင်း... ရပါတယ်... ကလေးလေး ပြောတော့လည်း ပြောသလိုပဲပေါ့”

ပိုင်မူနင်က ဤကိစ္စမှာ ယနေ့အတွက်ပြီးသွားပြီဟု ထင်လိုက်သော်လည်း ဝမ်ကျင်း၏မြေခွေးဆန်ဆန် လိမ္မာပါးနပ်နိုင်မှုကြီးကို သူလျှော့တွက်မိသွားခဲ့သည်။ ဝမ်ကျင်းက သူ၏ရှပ်အင်္ကျီကြယ်သီးများကို တစ်လုံးချင်း ဖြည်းဖြည်းချင်းဖြုတ်လိုက်ရာ တောင့်တင်းကျစ်လျစ်သော ရင်အုပ်ကြီးမှာ အထင်းသား ပေါ်ထွက်လာသည်။

“ရာသီဥတုက တဖြည်းဖြည်းပူလာပြီပဲ”

ဘယ်နားမှာ ပူလို့လဲ... အခု ရာသီဥတုက တကယ့်ကို နေရအဆင်ပြေနေတာကို... ဒီလူကတော့ ငါ့ကိုထပ်ပြီး မြူဆွယ်ဖို့ကြိုးစားနေပြန်ပြီ...

ပိုင်မူနင်က မျက်လုံးစုံမှိတ်ကာ စိတ်ထဲမှနေ၍ “စိတ်တည်ငြိမ်စေသည့်” မန္တန်ကိုရွတ်နေလိုက်သည်။

သို့သော်လည်း အနှီသူမှာ သူ၏လက်ကောက်ဝတ်ကို လှမ်းကာဖမ်းဆွဲ၍လာ၏။ 
“ကလေးလေး... ကိုယ့်နှလုံးခုန်သံကို စမ်းကြည့်ပါဦး... အရမ်းမြန်နေတယ် မဟုတ်လား”

ပိုင်မူနင်မှာ စကားပင်မပြောနိုင်တော့ပေ။ ဝမ်ကျင်းကား ဤကဲ့သို့ဇာတ်နာလှသောအကွက်ဆန်းများကို မည်သည့်နေရာမှ သင်လာသည်ကိုသာ သူတွေးနေမိသည်။ 
သူက ဘာလို့ ဇာတ်လမ်းထဲက ကိုယ်လုပ်တော်ချီ လိုမျိုး လုပ်နေတာလဲ…

အိမ်အကူကို ထိုနန်းတွင်းဇာတ်လမ်းတွဲများ ဆက်ကြည့်ခွင့်မပြုတော့ဟု သူဆုံးဖြတ်လိုက်တော့သည်။ ဝမ်ကျင်းမှာ အနှီဇာတ်လမ်းတွဲများ၏ လွှမ်းမိုးမှုကို ခံနေရပြီပင်။

သို့သော်လည်း ဝမ်ကျင်း၏ရင်အုပ်ကြွက်သားများကို ထိတွေ့ရသည်မှာ တကယ်ပင်ခံစားချက်ကောင်းလှသည်။ ပိုင်မူနင်မှာ မနေနိုင်တော့ဘဲ အသာအယာ ဆွဲညှစ်ကြည့်လိုက်မိသည်။

ကောင်းပြီလေ... 

သူကား ဝမ်ကျင်း၏လှည့်ကွက်များရှေ့တွင် အမြဲတမ်းအရှုံးပေးရသူဖြစ်ပြီး ဤသို့သောမြူဆွယ်မှုများကိုလည်း မတွန်းလှန်နိုင်ချေ။

“နှလုံးခုန်တာက တကယ်ကြီးမြန်နေတာပဲ” 
ပိုင်မူနင်က သူ၏လက်ကိုပြန်ရုပ်သိမ်းလိုက်သည်။ 
“ဒါဆိုရင်လည်း ဒီဒေါက်တာပိုင်ကပဲ ကျင်းကောကို သေချာစမ်းသပ်စစ်ဆေးပေးဖို့ အိပ်ခန်းထဲကို ခေါ်သွားပေးရတော့မှာပေါ့... ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားမယ်နော်...ဒီတစ်ခါတော့ ကျွန်တော့်ကို ကြိုးနဲ့မချည်ရဘူး... အဲဒါက ဝက်သတ်တော့မဲ့အတိုင်းပဲ” 

“မင်းသာထွက်မပြေးရင် ကိုယ်လည်းမချည်ပါဘူး” 

ဝမ်ကျင်းက ပြန်လည်တုံ့ပြန်လာသည်။

အမှန်တွင် ဝမ်ကျင်းနှင့်ယုတ္ထိကျကျပြောနေ၍လည်း မထူးပေ။ အကြင်သူမှာ လုံးဝကို ကျိုးကြောင်းဆင်ခြင်ဉာဏ်မဲ့နေသူ မဟုတ်သောငြား ပိုင်မူနင်နှင့်ပတ်သက်လာလျှင်မူ အစွဲအလမ်းကြီးလှသည်။

ချင်းမင်ပွဲတော်မတိုင်မီ တစ်ရက်အလိုတွင် ဝမ်ကျင်းက ပိုင်မူနင်ကို သူ၏ဇာတိမြို့သို့ ကားမောင်းကာပို့ပေးခဲ့သည်။ ထိုညတွင် သူတို့နှစ်ဦး ဟိုတယ်၌တစ်ညတည်းခိုခဲ့ကြပြီး နောက်တစ်နေ့မနက်တွင်မူ အရိုးပြာအိုးရွှေ့ပြောင်းမည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ဂူဗိမာန်ခန်းမသို့သွားခဲ့ကြသည်။

ပိုင်မူနင်က ရှေးဦးစွာ မိဘနှစ်ပါးအား ကန်တော့သည့်အခမ်းအနားကို ပြုလုပ်လိုက်သည်။ သူက မိဘများ၏ဓာတ်ပုံနှင့် စက္ကူငွေများကိုမီးရှို့ပြီးနောက် လက်ဟန်ခြေဟန်ပြစကားများဖြင့် သူ၏ လတ်တလောဘဝအကြောင်းကို ပြောပြနေခဲ့သည်။ သူ၏မိဘများမှာ ဆွံ့အနားမကြားသူများဖြစ်ကြရာ ပိုင်မူနင်အနေဖြင့် သူတို့နှင့်ဆက်သွယ်ရန် အမြဲလိုလို လက်ဟန်ခြေဟန်စကားများကိုသာ အသုံးပြုခဲ့၏။

သူက အကြောင်းအရာများစွာကို ပြောပြလိုက်သည်။ လတ်တလောတွင်ဖြစ်ပျက်ခဲ့သည့် ကိစ္စများက များပြားလွန်းလှသဖြင့် အားလုံးကိုဝေမျှချင်နေမိခြင်းပင်။ အထူးသဖြင့် ဝမ်ကျင်းနှင့်မည်သို့ဆုံတွေ့ခဲ့ကြပြီး မည်သို့မည်ပုံဖြင့် ချစ်သူများဖြစ်လာခဲ့ကြသည်ကို တစ်ခုလေးပင် မဖုံးကွယ်ထားဘဲ ရှင်းရှင်းလင်းလင်းပြောပြလိုက်သည်။ မိဘများက သူ၏ရွေးချယ်မှုကို ခွင့်ပြုပေးလိမ့်မည်ဟုလည်း သူ မျှော်လင့်နေမိသည်။


💊💊💊💊 Chapter 80
ကိုယ်တို့ အိမ်ပြန်ရောက်ပြီ (Main Story End)


ဝမ်ကျင်းက ပိုင်မူနင်နှင့်သူ၏မိဘများကြားမှ ထိုအသံတိတ်စကားဝိုင်းကို ဝင်ရောက်နှောင့်ယှက်ခြင်း မပြုပေ။ ထိုအစား သူက လိုအပ်သောစီစဉ်ဆောင်ရွက်မှုများကိုသာ သွားရောက်လုပ်ကိုင်ပေးနေခဲ့သည်။ ပိုင်မူနင်ကမူ အရိုးပြာရွှေ့ပြောင်းခြင်းကို အရိုးအိုးများကိုယူဆောင်သွားရုံသာဟု ထင်မှတ်ခဲ့သော်လည်း ဝမ်ကျင်းကမူ ဒေသခံထုံးတမ်းစဉ်လာများနှင့်အညီ အခမ်းအနားပြုလုပ်ပေးရန် ဝန်ထမ်းအတော်များများကိုပင် စီစဉ်ခေါ်ဆောင်လာခဲ့သည်။ ပိုင်မူနင်နားမလည်သော ရိုးရာထုံးစံများအထိ ဝမ်ကျင်းက အစစအရာရာအကုန်လုံးကို လစ်ဟင်းမှုမရှိအောင် စဉ်းစားပေးထားခဲ့ခြင်းပင်။

ထို့နောက် သူတို့က အရိုးပြာများကို ကျင်းနန်မြို့သို့ ပြန်လည်သယ်ဆောင်ရန် နိဗ္ဗာန်ယာဉ်တစ်စီးကို ငှားရမ်းခဲ့ကြသည်။ ကျင်းနန်သို့ရောက်ရှိသည့်အခါတွင်လည်း ကူညီပေးမည့်သူများက အသင့်စောင့်ကြိုနေကြပြီး အရိုးပြာဂူသွင်းခြင်းကိစ္စမှာ ချောချောမွေ့မွေ့ပင် ပြီးဆုံးသွားခဲ့သည်။ အခမ်းအနားအပြီးတွင် ပိုင်မူနင်က လာရောက်ဂါရဝပြုသူများကို ထမင်းတစ်နပ်ဖြင့် တည်ခင်းဧည့်ခံလိုက်ပြီးနောက် ထိုကိစ္စကြီးမှာ အောင်မြင်စွာအပြီးသတ်သွား၏။

ဇူလိုင်လအစောပိုင်းတွင် ပိုင်မူနင်နှင့်လီအန်းချီတို့ ဘွဲ့ရခဲ့ကြသည်။ ချန်ဟောက်နန်က ဂုဏ်ပြုသည့်အနေဖြင့် အဖွဲ့လိုက်ညစာအတူစားရန် အတင်းတိုက်တွန်းလာသဖြင့် ရွှီနွမ်၏ဘားတွင်ဆုံကြရန် ချိန်းဆိုလိုက်ကြသည်။ ပိုင်မူနင်မှာ ထိုဘားသို့ ဝမ်ကျင်းနှင့်အတူ တစ်ခါရောက်ဖူးသည်။ ထိုစဉ်က ပိုင်မူနင်အကင်စားချင်သဖြင့် ဝမ်ကျင်းက သူ့ကို ရွှီနွမ်၏ဘားသို့ ခေါ်လာခဲ့ခြင်းဖြစ်ရာ ယင်းမှာ တကယ်တော့ ပြဿနာရှာသည်နှင့်တူ၏။ 

ဘယ်သူကများ ဘားမှာ အကင်စားမှာလဲ…

ညစာစားသည့်နေ့တွင် ရွှီနွမ်က ဒုတိယထပ်တွင် ဝိုင်းတစ်ခုပြင်ဆင်ပေးထားသည်။ ယခုတစ်ခေါက်တွင်မူ သူတို့ကဟော့ပေါ့စားကြခြင်းဖြစ်ပြီး တုံယမ်းအရသာတစ်ဝက်၊ ကာရီအရသာတစ်ဝက်ဖြစ်ချေ၏။

ခြောက်ယောက်ထိုင်ဝိုင်းတွင် ရွှီနွမ်တစ်ယောက်သာ အပျိုကြီးဘဝဖြင့် တစ်ဦးတည်းဖြစ်နေသည်။ သူမက ရွှတ်နောက်နောက်ဆိုလာ၏။

"နင်တို့ စုံတွဲနှစ်တွဲက ငါ့လိုအပျိုကြီးကိုလာပြီး အသဲယားအောင် လုပ်နေကြတာလား... မဖြစ်တော့ဘူး ငါလည်း ငါ့အတွက်မောင်လေးတစ်ယောက်လောက် ရှာမှဖြစ်တော့မယ်" 

လီအန်းချီက အမြန်ပင် ရှင်းပြလိုက်သည်။
"နွမ်ကျဲ အထင်လွဲနေပြီ... ဟောက်နန်ကောနဲ့ ကျွန်တော်က တွဲနေတာမဟုတ်ပါဘူး" 

ချန်ဟောက်နန်ကလည်း ကူပြောလာသည်။ 
"လောင်ရွှီ နင်တော့ အမြင်အာရုံတွေ ချို့ယွင်းနေပြီထင်တယ်... မျက်မှန်လိုနေပြီလား" 

ရွှီနွမ်က နှာခေါင်းရှုံ့လိုက်၏။ 
"အတွဲမဟုတ်ဘူးဆိုရင် ငါနဲ့နေရာချင်းလဲရအောင်လေ... ငါက ဒီကောင်ချောလေးဘေးမှာ ထိုင်ချင်တာ... အမှန်အတိုင်းပြောရရင် ငါက ရှောင်နင်ကို ပိုသဘောကျပေမဲ့ လောင်ဝမ်က သူ့နား အကပ်မခံဘူးလေ... လာပါ အန်းအန်း ကျဲနားကိုလာခဲ့" 

လီအန်းချီက အကူအညီတောင်းသည့်အကြည့်ဖြင့် ချန်ဟောက်နန်ကို ကြည့်လိုက်သည်။ ချန်ဟောက်နန်က လီအန်းချီ၏ပခုံးကိုဖက်လိုက်ပြီး ကာကွယ်ပေးလိုက်လေသည်။
"ဒါ ငါ့ညီလေးဟ... လောင်ရွှီ နင်သူ့ကို အနိုင်မကျင့်နဲ့" 

“ဟမ့် လောင်ချန် ...နင်တကယ်ကြီး သူ့အပေါ် စိတ်ရှိနေတာတော့ မဟုတ်ပါဘူးနော်... အဲဒါကြောင့် ငါကိုထိခွင့်မပေးတာလား”

ချန်ဟောက်နန်ကား ရှက်တတ်သည့် လူအမျိုးအစားမဟုတ်သဖြင့် သူကပင်ပြန်၍ နောက်ပြောင်လိုက်သည်။ 
“အင်း ငါစိတ်ဝင်စားတော့ ဘာဖြစ်လဲ”

လီအန်းချီတစ်ယောက် ဆွံ့အသွားရပြီး သူညှပ်ထားသည့် အမဲအူကြမ်းဖတ်ကို စားရန်ပင် မေ့သွားရသည်။ 
“ဟောက်နန်ကော...”

ချန်ဟောက်နန်က လှည့်ကြည့်ကာ ခပ်တိုးတိုးလေး ကပ်ပြောလိုက်သည်။ 
“လောင်ရွှီမင်းကို ဆက်မနှောင့်ယှက်အောင် ဟန်ဆောင်ပေးလိုက်စမ်းပါ”

လီအန်းချီမှာမူ ဖျစ်ညှစ်ထုတ်ထားရသည့် အပြုံးခပ်တောင့်တောင့်ဖြင့်သာ ပြုံးနေရရှာသည်။ ရွှီနွမ်က ပျင်းစရာကောင်းသွားသဖြင့် ပိုင်မူနင်ဘက်သို့ လှည့်၍ ကျီစယ်ပြန်သည်။ 
“နင်အာ... ဒီနားလာစမ်းပါဦး... ကျဲက ပါးလေးဆွဲညှစ်ချင်လို့”

ပိုင်မူနင် ဘာမျှမပြောရသေးမီမှာပင် ဝမ်ကျင်းက အရင်ဦးအောင် ပြုံးပြလိုက်ပြီး မေးလိုက်သည်။
“ငါ့ပါးကိုပဲ လာညှစ်မလား” 

ရွှီနွမ်တစ်ယောက် တံတွေးကိုမြိုချလိုက်ပြီး ချက်ချင်းပင် ငြင်းလိုက်ရတော့သည်။
“တော်ပြီ... ငါ မသေချင်သေးဘူး” 

“ဒါဆိုလည်း ငြိမ်ငြိမ်လေးပဲထိုင်စားတော့”
နောက်ဆုံးတွင် ရွှီနွမ်လည်း ငြိမ်ကျသွားတော့သည်။ အမြဲလိုလို ပျော်ပျော်ပါးပါးနေတတ်သည့် ချန်ဟောက်နန်က စလိုက်၏။ 
“လာပါ... အန်းချီနဲ့ရှောင်နင်တို့ဘွဲ့ရတာကို ဂုဏ်ပြုတဲ့အနေနဲ့ အားလုံးခွက်ချင်းတိုက်ကြရအောင်”

သောက်ပြီးသွားကြသည့်အခါတွင်မူ ချန်ဟောက်နန်က သူတို့သုံးဦး မည်သို့ဆုံတွေ့ခဲ့ကြပြီး သူငယ်ချင်းများဖြစ်လာခဲ့ကြပုံကို ဖောက်သည်ချတော့သည်။ သူတို့မှာ ရန်ဖြစ်ရင်းနှင့်မှ ခင်မင်သွားကြသည့် သူငယ်ချင်းများ ဖြစ်ကြသည်။

“လက်ရှိရွှီနွမ်ကိုကြည့်ပြီး မိန်းမဆန်တဲ့ အလှတရားတွေအပြည့်နဲ့လို့ မထင်လိုက်နဲ့ဦး... ငါတို့ စဆုံတုန်းကဆို ငါသူ့ကို ယောက်ျားလေးလို့ထင်နေတာ... တစ်ခါကဆို သူ့ကို ယောက်ျားလေးအိမ်သာထဲအထိ ဆွဲခေါ်သွားဖူးသေးတယ်... နောက်ပိုင်း သူမိန်းကလေးအိမ်သာထဲဝင်သွားတာကိုမြင်တော့ ငါက မသိဘဲ မင်းအထဲမှာ အရိုက်ခံရမှာမကြောက်ဘူးလားလို့တောင် သွားမေးမိသေးတယ်”

ရွှီနွမ်က ချန်ဟောက်နန်ကို လှမ်းကန်လိုက်သည်။ သူမက ဆံပင်စလေးကိုနားနောက်သို့ သပ်လိုက်ရင်း မိန်းမပျိုလေးတစ်ဦးကဲ့သို့ ယဉ်ကျေးပြူငှာဟန်ဖြင့် ဆိုလာသည်။ 

“လောင်ချန်... နင်ကတော့ သေတွင်းတူးနေတာပဲ... ငါ့ရဲ့ အရှက်ရစရာအတိတ်တွေကိုပြောနေတာ ပျင်းစရာကြီး... အဲဒီအစား လောင်ဝမ်အကြောင်းကိုပဲ ဖွင့်ချလိုက်ပါလား... သူက ကျောင်းတုန်းက တကယ့်ကို ပုန်ကန်ထကြွနေတဲ့ကောင်”

“ရှောင်နင်လည်း ဒီမှာရှိနေတာဆိုတော့ သူ့ရဲ့ ချစ်လှစွာသော ဒေါက်တာဝမ်တစ်ယောက် ငယ်ငယ်တုန်းက ဘယ်လောက်တောင်ဆိုးသွမ်းခဲ့လဲဆိုတာ သိအောင်ပြောပြလိုက်ပါဦး”

ချန်ဟောက်နန်က ဝမ်ကျင်းကိုကြည့်ကာ မေးလိုက်သည်။
 “လောင်ဝမ်... ငါ ပြောပြလိုက်ရမလား” 

ဝမ်ကျင်းက အကြည့်လွှဲလိုက်ပြီး ပြန်မေးသည်။
“မင်းဘယ်လိုထင်လဲ” 

ထို့နောက် ချန်ဟောက်နန်က ပိုင်မူနင်ကိုကြည့်လိုက်သည်။ 
“ရှောင်နင်... မင်း အဲဒီအကြောင်းတွေ ကြားချင်လား”

ပိုင်မူနင် ခေါင်းကို အသည်းအသန် ညိတ်ပြလိုက်မိသည်။ ဝမ်ကျင်းငယ်စဥ်က မည်သို့သောပုံစံမျိုးရှိသည်ကို သူသိချင်နေမိသည် ။

“ကြားချင်တာပေါ့”

ချန်ဟောက်နန်က သူ၏သောက်လက်စခွက်ကို ကုန်အောင်သောက်လိုက်ပြီး မေးငေါ့ပြလိုက်သည်။
“ဒါဆိုရင်တော့ မင်းရဲ့လူကို မင်းဘာသာမင်းအရင်ကိုင်တွယ်လိုက်ဦး”

ပိုင်မူနင်က ဝမ်ကျင်း၏ခါးကိုလက်တို့ကာ သူ့နားနားသို့ကပ်၍ ခပ်တိုးတိုးလေး ဆိုလိုက်သည်။ 
"ယောင်္ကျား... ကျွန်တော် နားထောင်ချင်တယ်" 

မည်သည့်ခေါ်သံက အထိရောက်ဆုံးဖြစ်မည်ကို သူ ကောင်းကောင်းသိသည်။ ထင်သည့်အတိုင်းပင် ဝမ်ကျင်းမှာ ပျော့ပျောင်းသွားတော့သည်။ သူက ချန်ဟောက်နန်ကို သတိပေးလိုက်သည်။
"ပုံမှန်အတိုင်းပဲပြော.. ဆီပိုလောင်းတာတွေ အပိုပြောတာတွေ လုံးဝမလုပ်နဲ့" 

ချန်ဟောက်နန်က မကျေမနပ်ဖြစ်သွား၏။ 

"ငါက အဲဒီလိုလူမျိုးလား... ငါက အဖြစ်မှန်ကိုပဲ ပြောပြတတ်တဲ့ ဆရာကြီးပါကွာ" 

ချန်ဟောက်နန် စကားစတော့မည့်အချိန်မှာပင် ရွှီနွမ်က ဖြတ်ပြောလိုက်သည်။
"နေဦး ငါ့ကို ဖရဲစေ့တစ်ပန်းကန်လောက် အရင်ပေးဦး... ပုံပြင်ကို အေးအေးဆေးဆေး ခံစားချင်လို့"

ချန်ဟောက်နန်က ပုံပြင်ကို သက်ဝင်လှုပ်ရှားအောင် ပြောပြတော့သည်။ သူ၏ ပိုပိုသာသာပြောဆိုချက်များကြားမှတစ်ဆင့် ပိုင်မူနင်မှာ ယခင်ကနှင့် လုံးဝမတူသော ဝမ်ကျင်းတစ်ယောက်အကြောင်းကို သိခွင့်ရလိုက်သည်။ ကျောင်းတုန်းက ဝမ်ကျင်းမှာ စာတော်သည့်ကျောင်းသားမဟုတ်ဘဲ ကျောင်းလူမိုက်တစ်ယောက် ဖြစ်ခဲ့သည်။ ကျောင်းထဲတွင်သာမက ပြင်ပလောကမှာပါ ဩဇာညောင်းသူတစ်ဦးဖြစ်ချေ၏။

ပိုင်မူနင်မှာ အံ့ဩလွန်း၍ တုန်လှုပ်သွားရသည်။ 

ဒါကမှ တကယ့်ဝမ်ကျင်း အစစ်အမှန်ပေါ့... ဖေးရှူးချန်က ဝမ်ကျင်းက စကားနားမထောင်ဘဲ ပုန်ကန်ထကြွတတ်တဲ့သူဆိုပြီး ဘာလို့ ခဏခဏပြောနေရတာလဲဆိုတာ အခုမှပဲ နားလည်တော့တယ်...

ချန်ဟောက်နန်က ထရပ်လိုက်ပြီး ပြောလာ၏။
"ကိုယ်ပြောပြမယ်... အဲဒီတုန်းက ကိုယ်တို့က ဟောင်ကောင်ဂိုဏ်းစတားကားတွေထဲကလို 'ဂိုဏ်း' တစ်ခု ထောင်တော့မလို့ပဲ... ဒါပေမဲ့ တစ်နေ့ကျတော့ ဝမ်ကျင်းက ကိုယ်နဲ့ရွှီနွမ်ကို ဒီလိုမျိုး ဆက်သွားလို့မဖြစ်တော့ဘူးလို့ ရုတ်တရက်ကြီး ပြောလာတယ်လေ...  á€…á€Źá€œá€Żá€•á€şá€•á€źá€Žá€¸ တက္ကသိုလ်တက်ရမယ်တဲ့... အဲဒီလိုနဲ့ ဝမ်ကျင်းက ကိုယ်တို့ကို စာသင်ဝိုင်းထဲ အတင်းဆွဲခေါ်သွားပြီး ကျောင်းရဲ့ ဘွဲ့ရနှုန်းကို သူတစ်ယောက်တည်းနဲ့ မြှင့်တင်ပေးလိုက်တာပဲ... ဘွဲ့နှင်းသဘင်နေ့မှာ ကျောင်းအုပ်ကြီးကတောင် ငိုလိုက်သေးတယ်... အခုထိ အဲဒါကိုပြန်စဉ်းစားမိရင် ရယ်ချင်သေးတယ်" 

ရွှီနွမ်ကလည်း ဝင်ထောက်လိုက်သည်။
"ငါလည်း မှတ်မိသေးတယ်... အဲဒီ အဘိုးကြီးက နှပ်ချေးတွေသုတ်ရင်းနဲ့ 'လမ်းမှန်ကို ရှာတွေ့သွားကြလို့ ကျေးဇူးတင်ပါတယ်... ငါလည်း အခုမှပဲ အေးအေးဆေးဆေး အနားယူနိုင်တော့မယ်' လို့ ပြောခဲ့တာလေ..."

ပုံပြင်ပြောပြပြီးနောက် ချန်ဟောက်နန်က ပြန်ထိုင်လိုက်သည်။
"ဒီဘဝမှာ အလေးစားရဆုံးလူက ဝမ်ကျင်းပဲ... သူက စာလုပ်မယ်ဆိုရင် တကယ်လုပ်တာ... အဲဒီနှစ်မှာ သူက အမှတ်အများဆုံးနဲ့အောင်ခဲ့တာလေ... နောက်ပိုင်း သူက ဂုဏ်သိက္ခာရှိတဲ့ လူကြီးလူကောင်းပုံစံမျိုး ဖမ်းလာတော့မှ လူတွေကကျင်းနန်မြို့ရဲ့ ဒဏ္ဍာရီ 'ကျင်းကော'အကြောင်းကို တဖြည်းဖြည်း မေ့သွားကြတာ"

ညစာစားပြီးနောက် ချန်ဟောက်နန်က လီအန်းချီကို အိမ်ပြန်ပို့ရန် တက္ကစီငှားသွားပြီး ပိုင်မူနင်ကမူ ဝမ်ကျင်းနှင့်အတူ ကားပေါ်သို့တက်ခဲ့သည်။ ဝမ်ကျင်းက အရက်မသောက်ထားသော်လည်း ပိုင်မူနင်ကမူ အနည်းငယ်သောက်ထားသဖြင့် ပါးပြင်လေးများ နီမြန်းနေသည်။

"ကျင်းကော... ဘာလို့ ဆရာဝန်ဖြစ်ချင်ခဲ့တာလဲ"

ဝမ်ကျင်းက ကားကို စက်နှိုးလိုက်သော်လည်း ချက်ချင်း မောင်းမထွက်သေးဘဲ ပိုင်မူနင်ကို လှည့်ကြည့်ကာ ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။
"မင်းနဲ့ ဆုံတွေ့နိုင်ဖို့အတွက်ထင်တယ်" 

"တကယ်လို့ကိုယ်သာ အဆင့်မြင့်တန်းဝင်စာမေးပွဲတွေဖြေဖို့ ဒါမှမဟုတ် ဆေးပညာသင်ဖို့ ဆုံးဖြတ်ချက်မချခဲ့ဘူးဆိုရင် ကိုယ်တို့ဘယ်တော့မှ ဆုံတွေ့နိုင်မှာမဟုတ်ဘူး... မှောင်မိုက်နေတဲ့ကြားထဲမှာ ကံကြမ္မာက မင်းရှိနေတဲ့နေရာကို ကိုယ့်ကို လမ်းပြပြီးခေါ်ဆောင်သွားခဲ့တာဖြစ်မယ်"

ပိုင်မူနင်က အဓိပ္ပါယ်မရှိသည်တို့ကို ပြောနေသည်ဟူ၍ အပြစ်တင်ဟန်ဆောင်လိုက်သော်ငြား ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင်မူ ဖုံးကွယ်မရသော အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ပြန့်လွင့်သွားသည်။ ထိုအဖြေကို သူတကယ်ပင် သဘောကျမိသည်။

ကားလေးက မြေအောက်ကားရပ်နားစခန်းထဲသို့ ဝင်ရောက်လာသောအခါ ဝမ်ကျင်းက ကားပေါ်မှဆင်း၍ ပိုင်မူနင်၏လက်ကိုဆုပ်ကိုင်လိုက်ကာ ဆိုလာသည်။ 
"ကလေးလေး... ကိုယ်တို့ အိမ်ပြန်ရောက်ပြီ" 

ပိုင်မူနင်ကား ဝမ်ကျင်း၏ခြေလှမ်းများနောက်လိုက်ပါရင်း စိတ်ထဲမှရေရွတ်လိုက်မိသည်။

အဖေနဲ့ အမေ... သား အမြဲတောင့်တခဲ့တဲ့ အိမ်လေးကို အခုတော့ ရှာတွေ့သွားပါပြီ...

—ပင်မဇာတ်လမ်း ပြီးပါပြီ—

💊💊💊

Main Storyလေးကတော့ ပြီးသွားပါပြီရှင့်၊ Extra လေးတွေ ကျန်ဦးမယ်နော်💛

Search Novels