အပိုင်း (၆၁) တကယ်လို့ သူ များ ဂေးသွားခဲ့ရင်
သူ ဘာဖြစ်သွားလဲဆိုသည်ကို သူ့ကိုယ်သူ သတိထားမိလိုက်သည်နှင့် ကြီးမြတ်လှသည့် သခင်လေးချင်၏ မျက်ခုံးများက တွန့်ချိုးသွားပေသည်။
နဖူးပေါ်က ဆံနွယ်ဆီမှ ရေများ ဖုန်းဖန်သားပြင်ပေါ်သို့ တစ်စက်စက် ကျနေသည်။
ချင်မော့က မျက်နှာသုတ်ပဝါကို ယူလိုက်ပြီး ဖုန်းကို အဝေးတစ်နေရာ၌ ထားလိုက်သည်။
ငါ ဒီနေ့ ဂိမ်းဆော့များသွားတာ ဖြစ်ရမယ်။ ငါ့လက်ကိုတောင် ငါ မထိန်းချုပ်နိုင်ခဲ့ဘူးပဲ။
ဘာလို့ ဒီလူငယ်ရဲ့ အသံက နားထောင်ကောင်းတယ်လို့ ခံစားနေရတာပါလိမ့်။ သူ့ကို လည်ပင်းညှစ်သတ်ချင်စိတ် ဖြစ်နေရမှာကို...။
ယနေ့က ဗုဒ္ဓဟူးနေ့ဖြစ်သည်။
နောက်တစ်နေ့ မနက်၌ ဖူကျို့ နိုးလာခဲ့သော်လည်း ကျောင်းသွားရန် အလျင်မလိုနေပေ။
ကျောင်းက အရေးကြီးတယ် ဆိုပေမဲ့လည်း လိုအပ်တဲ့ကွန်ပျူတာ အစိတ်အပိုင်းတွေ ဝယ်ဖို့နဲ့ ချင်ကုမ္ပဏီရဲ့ လူတွေ့စစ်ဆေးပွဲကို သွားပြိုင်တာက ပိုအရေးကြီးတယ်လေ ဟုတ်တယ်မလား။
ဖူကျို့က ထိုသို့ တွေးလိုက်ပြီး ခွင့်တစ်ရက် တိုင်ရန် ဆုံးဖြတ်လိုက်သည်။
ထို ခွင့်တိုင်ပေးရန်အကြောင်းကို ချန်ရှောင်တုံးကို ပြောပြလိုက်လေရာ သူက ရယ်ချင်သလို မျက်နှာပေးဖြင့်
" ကျွန်တော် သိသားပဲ၊ သခင်လေးက တစ်လထက်ပိုပြီး အချိုးမပြေနိုင်ဘူးဆိုတာ၊ ဟမ့် သခင်လေးရဲ့ မကောင်းတဲ့အကျင့်တွေ ပြန်ပေါ်လာပြန်ပြီပေါ့"
ဖူကျို့က ပြုံးလိုက်ကာ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ချန်ရှောင်တုံး၏ပါးကို ညင်သာစွာ ပုတ်လိုက်သည်။
"နင်လေးရဲ့ သခင်လေးက ဒီနေ့ တကယ် အလုပ်ကိစ္စလေး ရှိလို့ပါဟယ်၊ သွားသွား ခွင့်မြန်မြန် သွားတိုင်ခဲ့ပေး၊ ငါလေးဖျားနေတယ်လို့ပါ ပြောဖို့မမေ့ခဲ့နဲ့၊ တော်ကြာ ဆရာတွေက ငါလေး ကျောင်းပြေးရတာ ကြိုက်တယ်လို့ အထင်လွဲကြကုန်ဦးမယ်"
ချန်ရှောင်တုံးက သူ့ပါး ပုတ်ခံလိုက်ရသည့်အချိန်၌ ရှော့ခ်ရသွားမိသည်။ အကြောင်းရင်းကား သူ့သခင်လေးက ထို နီးနီးကပ်ကပ် ရှိနေသည့် အကွာအဝေး၌ အလွန် ခံ့ညားနေတာဖြစ်သည်။ ထို့ကြောင့် သူ ဖူကျို့ပြောစကားကို မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မေ့သွားခဲ့သည်။
သခင်လေးက ငါ့ကို မျက်လုံးတစ်ဖက်တောင် မှိတ်ပြလိုက်သေးတယ်။
ချန်ရှောင်တုံးက စိတ်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်သည်။
မဖြစ်ဘူး မဖြစ်ဘူး၊ နောက်ဆို သခင်လေးနဲ့ ခပ်ဝေးဝေးကနေမှပဲ။
တကယ်လို့ သခင်လေးကြောင့် ငါ ဂေးသွားရင် ဘယ်လိုလုပ်မှာလဲ။ ငါလည်း မိန်းမယူပြီး ကလေးတွေ မွေးချင်ပါသေးတယ်နော်။
ကြီးမြတ်လှတဲ့ သခင်လေးချင်ပေးတဲ့ အချက်အလက်အတိုင်းဆိုရင် ချင်ကုမ္ပဏီရဲ့ စစ်ဆေးပွဲက နေ့လယ် ၁နာရီနောက်ပိုင်းမှ စမှာပဲ။
ငါလေး အခု ပိုက်ဆံတွေ ရှိနေပြီဆိုတော့ အကောင်းကြီး မဟုတ်ရင်တောင် graphics cardတို့ RAM stickတို့ အဲလိုပစ္စည်းတချို့ ဝယ်လို့ရပါသေးတယ်။
ဒီနေ့ သင်မှာက ရူပဗေဒကြီးဆိုတော့ ငါလည်း နားမလည်မဲ့အတူတူ ကျောင်းသွားပြီး ဆရာရဲ့အချိန်ကို ဖြုန်းမဲ့အစား ငါလေး လိုအပ်တဲ့ပစ္စည်းတွေ လိုက်ဝယ်လိုက်မှာပေါ့။
ငါ့မိသားစု ကုမ္ပဏီကို ပြန်ဆယ်ပေးရုံမက ငါ့အမေကုမ္ပဏီကနေ မျက်နှာတစ်ချက် မထောက်ဘဲ ထွက်သွားတဲ့သူတောင်းစားတွေကိုလည်း ငဲ့ညှာနေတော့မှာမဟုတ်ဘူး။ ငါလေး အဆိုးမဆိုနဲ့။
ဖူကျို့က စုပ်လုံးကို အခွံချွတ်လိုက်ပြီး သူမ ဘယ်ဘက်လက်ကို အိတ်ကပ်သို့ ထည့်လိုက်ရင် သူမရှေ့မှ ကွန်ပျူတာမြို့တော်ဟု အမည်ရသည့်ဆိုင်ကို မော့ကြည့်လိုက်သည်။
ပြောကြသည်မှာ ထိုဆိုင်၌ ပစ္စည်းအကောင်းစားများ ရှာရင်ရှာသလို တွေ့နိုင်ပေရာ ပရော်ဖက်ရှင်နယ်ကစားသမား အများစုက သည်ဆိုင်သို့ လာပြီး လိုအပ်သည့်အစိတ်အပိုင်းများကို လာဝယ်ကြသည်။
ဖူကျို့က တံခါးကို ဖွင့်လိုက်ပြီး အတွင်းသို့ လျှောက်လာခဲ့သည်။ ထိုနေရာက အပြင်ဘက်၌ ရှိသည့် တခြားဆိုင်များနှင့်မတူဘဲ တစ်မူထူးခြားစွာရှိနေသည်။ ဝင်လိုက်သည်နှင့် ချက်ချင်း အီလက်ထရွန်နစ် သီးသန့်ကမ္ဘာကြီးဆီသို့ ရောက်ရှိသွားသလို ခံစားလိုက်ရပေမည်။ ဆိုင်အတွင်း၌ ကြီးမားသည့် ဖန်သားပြင်လေးခုက တည်ရှိနေပြီး တစ်ခုစီတိုင်းက live streaming တာကို ပြထားတာဖြစ်သည်။
ဖန်သားပြင်ပေါ်၌ ကြီးမြတ်လှသည့် သခင်လေးချင်၏ ဂိမ်းကာရိုက်တာက နေရာယူထားသည်။ သခင်လေးချင်၏ လက်တစ်ဖက် ရွှေ့ရုံဖြင့် ဂိမ်း၌ အနက်ရောင်ငှက်မွေးများက ဖန်သားပြင်တစ်ခွင် ပေါ်လာပြီး ရေဝဲသဖွယ် ဖြစ်ပေါ်လာသည်။ ငှက်မွေးများက တစ်ဖက်ပါတီမှ သူများကို သေစေနိုင်သည်အထိ ပြင်းထန်နေသည်။
ဖူကျို့ပင်လျှင် ကြီးမြတ်လှသည့် သခင်လေးချင်၏ နည်းလမ်းများက အလွန် မိုက်သည်ဟု ခံစားလိုက်ရသည်။
သို့သော် သူမ နှုတ်ခမ်းများက အပေါ်သို့ အနည်းငယ် ကွေးညွတ်သွားသည်။
ဒီပုံရိပ်တွေက မနေ့ညက ငါတို့ ဂိမ်းတူတူဆော့ခဲ့တဲ့ဟာတွေပဲ၊ သူ့ကို ဒီလိုအကွက်တွေ ထုတ်သုံးခိုင်းတာက ငါလေးကျေးဇူးလည်း ပါပါတယ်နော်။
ဖူကျို့က ဖန်သားပြင်၌ သူမ၏ ဂိမ်း အိုင်ဒီဖြစ်သည့် "Spade Z"ကို သတိထားမိသွားသည်။
နတ်ဘုရားနဲ့ ဂိမ်းတူတူဆော့တာက ငါလေး ထင်ထားတာထက် သက်ရောက်မှုအားက ပိုကြီးတာပဲ။
မနေ့ညလေးတင်က ဘောစ့်လေး နည်းနည်းပဲ ရှင်းရသေးတာကို ဒီနေ့တင် စတိုးဆိုင်တွေရဲ့ ဖန်သားပြင်ပေါ် ရောက်နေပြီတဲ့လား။
တကယ်လို့ ဆိုင်ရှင်ကို ငါလေးရဲ့ အကောင့် နာမည် ပြောပြလိုက်ရင် လျှော့ဈေးပေးမလား သိချင်မိပါရဲ့။ 
ဖူကျို့ တွေးတောနေစဉ် ယဉ်ကျေးပျူငှာပြီး နာခံတတ်သည့် အသံတစ်သံကို ကြားလိုက်ရသည်။
"သခင်လေးဖူ ဒီဟာလေး တစ်ချက်ကြည့်ကြည့်ပါလား၊ ဒီဟာက ကျွန်တော်တို့ရဲ့ နောက်ဆုံးထွက်စက်လေ၊ ဒီဟာက ပုံစံလည်း ခေတ်မှီတယ် ပြီးတော့ ဂိမ်းကစားရတာ သွက်လည်းသွက်တယ်၊ ဒီဟာက တကယ့်ကို သခင်လေးဖူနဲ့ ကိုက်ညီမယ်လို့ ထင်တယ်ဗျ"
........

အပိုင်း (၆၂) သခင်ကျို့ ပါးဖြတ်ရိုက်တော့မယ်
ဖူကျို့က တစ်ဖက်လူမှ သူမကို ခေါ်နေသည် မဟုတ်ဘဲ အခြားတစ်ယောက်ကို ခေါ်နေသည်ကို သိပေသည်။ ထို့အပြင် သည်လူကြီးက သူမက မိသားစု၏ အရှက်ရဖွယ်ဖြစ်ကာ ဖူမိသားစုနှင့် သက်ဆိုင်မှု မရှိတော့သည်ကို တစ်ကမ္ဘာလုံးကို သိစေချင်ဟန်တူသည်။
ဒီလိုဆိုရင် ငါလေးကို ခေါ်နေတာမဟုတ်ရင် ဖြစ်နိုင်တာက ဟိုတစ်ယောက်များလား။
ဖူကျို့က သူမ မျက်ခုံးကိုပင့်လိုက်ပြီး အသံကြားရာဘက်သို့ လှည့်လိုက်သည်။
သူမ အသက်နှင့်ရွယ်တူလောက် ရှိမည့် လူငယ်တစ်ဦးက အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ ရုပ်ချောသော်လည်း အရပ်အမြင့်ကိုတော့ သူ့အမေဆီမှ အမွေရဟန်တူသည်။ ထို့ကြောင့် သိပ်မမြင့်ပေ။ သူ့ကို ကြည့်ရသည်မှာ စကားနည်းသည့်သူနှင့် တူသော်လည်း သူ့မျက်လုံး၌ စိတ်မရှည်မှု အတိုင်းသား ပေါ်လွင်နေသည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ထိုလူငယ်က အလိုလိုက်ခ ရ၍ ပျက်စီးနေသည့်လူငယ် ဖြစ်သည်ကို သိနိုင်သည်။ သည်သခင်လေးမှာ ဖူကျုံးရီ၏ တရားမဝင်သားဖြစ်သူ ဖူရှီမင်ပင်ဖြစ်သည်။
ကွန်ပျူတာအစိတ်အပိုင်းများ ဝယ်ရန် သူ့ကို အဖော်ပြုပေးနေသည့် လူနှစ်ယောက် ရှိနေသည်။ သူတို့အထဲမှ တစ်ယောက်ကို ဖူကျို့သိသော်လည်း သိပ်မရင်းနှီးပေ။ သာမန် အသိအဆင့်ရုံမျှသာ ရှိသည်။
ဟိုအရင်အချိန်၌ သူမက ပုံစံမကျသည့် အဝတ်အစားများဝတ်ကာ ဟယ်ဟုန်ဟွာနှင့် အမြဲလိုလို ရန်ဖြစ်လေ့ရှိသည်။ ထိုလူအထဲမှ တစ်ယောက်က သူမတို့ဘေး၌ အမြဲရှိနေပြီး ရန်ဖြစ်သည့်အချိန်တိုင်း ပြပွဲတစ်ခု ကြည့်နေရသလို ခပ်ရွဲ့ရွဲ့အပြုံးတစ်ပွင့် အမြဲ ဆင်မြန်းထားသည်ကို သတိထားမိသည်။ ဖူကျို့မှတ်ဉာဏ်ထဲ၌ သည်လူ၏ မနှစ်မြို့ဖွယ်ကောင်းသည့် အကြည့်များကို ယခုအချိန်ထိ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
ဖြစ်နိုင်သည်က သူမ ဒေါသထွက်ကာ ပေါက်ကွဲလေတိုင်း ထိုအကြည့်များကို အမြဲ ကြည့်ခံရလေ့ရှိကာ ထိုအကြောင်းကြောင့်သာ သူမနှင့် ဟယ်ဟုန်ဟွာတို့ သေးသေးမွှားမွှား ကိစ္စအတွက် အမြဲ ရန်ဖြစ်ကြရတာဖြစ်သည်။
သည်လူမှာ သူမအမေကို အမြဲ ဒုက္ခပေးလေ့ရှိသည့် တုဇဲ ပင်ဖြစ်သည်။
ဖူကျို့က စုပ်လုံးကို ငုံထားရင်း သူမ နှုတ်ခမ်းထောင့်က အပေါ်သို့ ကွေးညွတ်သွားမိသည်။
အိုး လူတိုင်းက ဒီမှာ ရှိနေတာပဲ။
ငါလေး ဒီမျက်နှာတွေကို သေချာပေါက် မှတ်မိတာပေါ့၊ ကဲ တွေ့ကြပြီဆိုမှတော့ ဒီတိုင်း အလွတ်ပေးလိုက်လို့ ဘယ်ဖြစ်မလဲ။
တုဇဲလည်း ဖူကျို့ကို မြင်ပေသည်။ သူက ဖူကျို့အပေါ် ကောင်း ဟန်ဆောင်ပြသည်မှာ ဟယ်ဟုန်ဟွာကြောင့်သာ ဖြစ်သည်။ ဖူကျို့ကို သခင်လေးဖူဟုပင် ခေါ်ခဲ့သေးသည်။ သို့သော် အမှန်တကယ်တွင် သူက ထိုသားအမိကို အတော်မျက်မုန်းကျိုးနေတာဖြစ်သည်။ အမေက တောသူမဖြစ်ပြီး သားက လက်ကြောမတင်းဘဲ ပျက်စီးနေပေရာ သူတို့နှင့်အတူ ရှိသည်က သူ့အဆင့်အတန်းကို နိမ့်ကျစေနိုင်သည်။
သို့သော် သူ ယခု သူတို့နှင့် ပတ်သက်စရာအကြောင်း မရှိလေရာ ဂရုစိုက်နေစရာမလိုပေ။ ယခု သူလက်ရှိ အလုပ်လုပ်ပေးနေသည့် သည်လူငယ်ကတော့ ဖူကျို့တို့နှင့် မတူပေ။ ထိုလူငယ်က ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး ဂိမ်းကစားရာ၌လည်း တော်ပေသည်။
သူတို့နှစ်ယောက်လုံးက ဖူမိသားစု၏ သားများ ဖြစ်ကြသော်လည်း ထိုလူငယ်၏အနာဂတ်က ဖူကျို့ထက် ပို၍တောက်ပပေသည်။ ထို့ကြောင့် တုဇဲက ဖူရှီမင်ဘက်ကို ရွေးချယ်ခဲ့ဖြင်းဖြစ်သည်။
"သခင်လေး"
တုဇဲက ဖူရှီမင် ဘက်သို့ မလှည့်ခင် ဖူကျို့ကို တစ်ချက်ကြည့်လိုက်သည်။
" ဟိုနေရာကို သွားပြီး တစ်ချက် ကြည့်ကြည့်ကြမလား၊ ဟိုမှာလည်း ပစ္စည်း တော်တော် စုံတယ်ဗျ၊ အမှိုက်လို လူတစ်ယောက်အတွက်နဲ့ သခင်လေး ပျော်နေတဲ့စိတ်လေး ပျက်သွားမှာစိုးလို့ပါ"
ဖူရှီမင်ကလည်း ဖူကျို့ကို သတိထားမိသည်။
အဲဒီတော့ကော ဘာဖြစ်လဲ။
သူ့လို သောက်ရူးနဲ့တူတဲ့ကောင်ကို ငါက စိတ်ထဲ ထည့်စရာ လိုလို့လား။
အရင်တုန်းက ငါ ငယ်ငယ်တုန်းက အခြားသူတွေလက်နဲ့ မယားငယ်သားလို့ အခေါ်ခံခဲ့ရပေမဲ့ အခုတော့ ငါက တရားဝင်သား ဖြစ်နေပြီလေ။
သူ့လို ကောင်မျိုးက ငါနဲ့ ယှဉ်စရာကို မရှိဘူး။ အမှိုက်ကောင်က ငါ့အာရုံစိုက်မှုနဲ့ မထိုက်တန်ဘူး။
ဖူရှီမင် မေးငေါ့ပြလိုက်ပြီး မာနကြီးစွာ ပြောလိုက်သည်။
" သူတောင် မသွားသေးတာ ငါက ဘာလို့ ထွက်သွားပေးရမှာလဲ၊ ခင်ဗျားပြောတော့ ဒီနေရာက ပစ္စည်းကောင်းတွေတော်တော်များတာဆို၊ ကီးဘုတ်အသစ် တစ်ခုလည်း လိုနေတော့ ဒီမှာပဲ ကြည့်ကြတာပေါ့"
" သေ..သေချာတာပေါ့ဗျာ"
တုဇဲက ပြုံးလိုက်ပြီး
"သခင်လေးပြောတာမှန်တယ်၊ သူတောင်မှ မထွက်သွားတာ ကျွန်တော်တို့က ပိုလို့တောင် မထွက်သွားသင့်ဘူး"
နောက်လူတစ်ဦးကလည်း ရယ်လိုက်ပြီး
"သခင်လေးဖူက တကယ် အမြင်ကောင်းကောင်းရှိတာပဲ၊ သခင်လေးဖူ ချင်ကုမ္ပဏီရဲ့အသင်းထဲ လွယ်လွယ်နဲ့ ဝင်လို့ရအောင်လို့ ကျွန်တော် အခွင့်ထပ်ကြုံရင် တချို့အချက်အလက်တွေ ပြောပြပေးပါဦးမယ်"
 á€á€Żá€‡á€˛á€€ ဖူရှီမင် အစား ၀င်ပြောသည်။
" ဒီလို ကူညီပေးတဲ့အတွက် မန်နေဂျာလီကို ကျေးဇူးတင်ပါတယ် ကျွန်တော် ကြားတာကတော့ မန်နေဂျာဖုန်းက ကံကြမ္မာကို တကယ်ယုံကြည်တယ်လို့ ကြားတယ်၊ ချင်ကုမ္ပဏီအသင်းထဲ ဝင်ချင်ရင် လူတစ်ယောက်က ဂိမ်းကစားရာမှာ ပါရမီပါရုံသာမက ရုပ်လည်းချောနေဖို့ လိုတယ်လို့ပြောတယ်"
မန်နေဂျာလီက စကားဖြတ်ပြောလိုက်သည်။
" ဟုတ်ပဗျာ၊ ဒီအရာတွေက အခုနောက်ပိုင်း ဈေးကွက်တွေမှာ လိုအပ်လာတဲ့အရာတွေပဲလေ၊ ရုပ်ချောတဲ့သူတွေ live streaming လုပ်ရင် အွန်လိုင်းပေါ်မှာ ပရိသတ် အများကြီးရတာက အမှန်တရားပဲဆိုတော့၊ ဥပမာဗျာ ကျွန်တော်တို့ စီအီးအိုချင်ကိုပဲ ကြည့်၊ သူ live streaming လုပ်တာကို လူတိုင်းက စောင့်နေကြရတာ၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ သခင်လေးဖူရဲ့ရုပ်ရည်နဲ့ဆို အသင်းထဲဝင်ဖို့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး"
.........

အပိုင်း (၆၃) သခင်လေးဖူကို အနိုင်ကျင့်ချင်တယ်ပေါ့ သေခြင်းတရားနဲ့ ရင်ဆိုင်ဖို့ ပြင်ထားလိုက်
ဖူရှီမင်က မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မြင့်မားသည့် လူငယ်တစ်ယောက်ဖြစ်သည်။ မန်နေဂျာလီ၏ ချီးမွမ်းစကားသံကို ကြားပြီးသည့်နောက် မျက်နှာထက်၌ စိတ်လှုပ်ရှားမှု အနည်းငယ်ပင် မပြချေ။
 á€Ąá€‘က်တန်းကဝ္ဏင်းသဏး တစ်ယောက်အနေဖြင့် ထိုသို့ မာနကြီးသည့် အပြုအမူက အနည်းငယ် အထင်ကြီးစရာကောင်းသည်။
တုဇဲက အကျယ်ကြီး အော်ရယ်လိုက်သည်။ သူ သိပ်မကျေနပ်သော်လည်း ဖူကျို့ ထို ချီးမွမ်းစကားများ ကြားပြီး သူတို့ဘက်သို့ အာရုံစိုက်လာစေချင်သည်။
ဒီ ကျက်သရေတုံးနဲ့ သခင်လေးဖူတို့ရဲ့ မိုးနဲ့မြေလို့ ကွာခြားချက်ကို ကြည့်လိုက်ပါဦး။
ငါတို့အတွက် အခုလက်ရှိ အကောင်းဆုံးပြပွဲက ဒီစတိုးဆိုင်မှာ ရန်ပွဲတစ်ပွဲဖြစ်လာဖို့နဲ့ ဟယ်ဟုန်ဟွာရဲ့ ကုမ္ပဏီ ဒေဝါလီခံရဖို့ပဲ။
တုဇဲ၏ အကြံက ဟာကွက်မရှိသော်လည်း သူ မထင်မှတ်ထားသည့် ကိစ္စတစ်ခု ရှိနေသေးသည်။
သူတို့စကားများကို ကြားပြီးသော်လည်း ဖူကျို့က စိတ်ဆိုးဟန်ပင် မပြပေ။ ထိုအစား သူမက မောက်စ်တစ်ခုကို ကိုင်လိုက်ပြီး အရောင်းဝန်ထမ်းကို ဈေးမေးလိုက်သည်။
" ဒီဟာ ဘယ်လောက်လဲ"
ထိုသို့ အေးအေးဆေးဆေးနိုင်သည့်ပုံစံက သူမသည် သူတို့ကို အနည်းငယ်မျှပင် ဂရုမစိုက်ကြောင်း လှစ်ဟပြလိုက်သလိုပင်။
တုဇဲက မျက်မှောင်ကုတ်လိုက်ပြီး ဒရမ်မာခင်းရန် ကြံစည်ပြန်သည်။
"အိုး အခုတော့ ကွန်ပျူတာနဲ့ပတ်သက်ပြီး ဘာမှမသိတဲ့သူတောင် ဒီဆိုင်မှာ လျှောက်ပတ်ကြည့်ပြီး ပစ္စည်းတွေ ဝယ်နေတာပဲ၊ မန်နေဂျာလီရေ ခင်ဗျားရဲ့ဆိုင်ကို ဒီထက်ပို အဆင့်မြင့်အောင်လုပ်ပြီး ဒီဆိုင်ကို လူတိုင်း ဝင်ချင်တိုင်း ဝင်လို့မရအောင် သေချာစိစစ်သင့်တယ်"
မန်နေဂျာလီက ဖူမိသားစု၏ အတွင်းရေးကိစ္စကို အနည်းငယ် သိသောကြောင့် ဖူကျို့ကို တစ်ချက်ကြည့်လိုက်ပြီး
"မန်နေဂျာတုရေ ပစ္စည်းတွေ ဆက်ကြည့်ရအောင်ပါဗျ၊ အရေးမပါတဲ့သူအတွက်နဲ့ စိတ်ရှုပ်မခံနဲ့လေ၊ သူ ပိုက်ဆံဖြုန်းချင်သလောက် ဖြုန်းပါစေ၊ ကွန်ပျူတာ တစ်ဆင်စာလုံးကို ဝယ်ဖို့ဆိုတာ ဈေးကလည်း တယ်ပေါသကိုး၊ အာရုံစိုက်မနေပါနဲ့"
တုဇဲလည်း ထိုသို့ တွေးမိသည်။ ဟယ်ဟုန်ဟွာ၏ လက်ရှိအခြေအနေအရ သူမ၏ သားက ထိုသို့ ပိုက်ဆံဖြုန်းမည်ကို တတ်နိုင်မည် မဟုတ်ပေ။
ဟုတ်သားပဲ၊ ဆက်သာ ဝယ်နေလိုက်၊ များများဝယ်လေ ပိုကောင်းလေပဲ ဟားဟား။
ဖူရှီမင်က ဖူကျို့ကိုင်ထားသည့် မောက်စ်အပေါ် အာရုံရောက်သွားလိမ့်မည်ဟု ဘယ်သူက ထင်မိမှာလဲ။
" ငါလည်း ဒီလိုမျိုး တစ်ခုလိုချင်တယ်"
တုဇဲက ပြုံးလိုက်သော်လည်း ဘာမှတော့ မပြောခဲ့ပေ။
ဖူကျို့၏ နှုတ်ခမ်းများက အပေါ်ဘက်သို့ ကွေးညွတ်သွားရာ ထိုအရာက အရောင်းဝန်ထမ်းကို ရှက်သွေးဖြန်းစေသည်။
" စိတ်မကောင်းပါဘူး"
မန်နေဂျာလီက သူတို့ ပြောနေသည်ကို ကြားလေရာ
" ဒီဟာက ကြီးမြတ်လှတဲ့ သခင်လေးချင်သုံးတဲ့ မောက်စ်လေ၊ အခုလောလောဆယ် ဒီဟာ တစ်ခုပဲ လက်ကျန်ရှိတော့တယ်ဗျ"
တစ်ခုပဲ ကျန်တော့တယ်တဲ့လား။
ဒီလိုဆို ဘယ်သူ ရမှာလဲ။
အရောင်းဝန်ထမ်းမလေးက သည်ချောမောသည့် ငွေရောင်ဆံပင်နှင့် လူငယ် ရသင့်သည်ဟု တွေးမိသည်။
ပြောရမယ်ဆိုရင် ဒီလူငယ်က အရင်ယူထားပြီး ပိုက်ဆံတောင်ရှင်းဖို့ လုပ်နေတာလေ။
သို့သော် တုဇဲက လူတစ်ယောက်၏ သည်းခံနိုင်စွမ်းကို စမ်းသပ်ချင်သည်။
" ဒီလိုလုပ်ဗျာ ဒီဟာက ပစ္စည်းကောင်းဆိုမှတော့ ပိုက်ဆံပိုပေးနိုင်တဲ့သူက ဒီဟာကို ရမယ်၊ ဘယ်လိုလဲ"
" ဒါပေမဲ့...."
မန်နေဂျာကို ကြည့်ရသည်မှာ ဒုက္ခရောက်နေဟန် တူသည်။ စီးပွားရေးသမား တစ်ယောက်အနေဖြင့် ပိုက်ဆံပိုလိုချင်သည်မှာ သာမန်ဖြစ်ပေသည်။
သို့သော် သည်နည်းလမ်းက တရားကျသည့် နည်းလမ်းတော့ မဟုတ်ပေ။ သည်သတင်းသာ ပေါက်ကြားခဲ့လျှင် မည်သူကမှ သူ့ဆိုင်သို့ လာရောက်အားပေးကြတော့မည် မဟုတ်ချေ။
မန်နေဂျာလီက တစ်စုံတစ်ခုကို ပြောရန်ဟန်ပြင်နေစဉ် ကျောင်းဝတ်စုံ ဝတ်ထားသည့် လူငယ်တစ်အုပ် ဆိုင်သို့ဝင်လာသည်ကို မြင်လိုက်သည်။ သူတို့အထဲမှ တစ်ယောက်က အရပ် ၆ပေ မြင့်သည်။ ထိုလူငယ်က ရုပ်ရည်သန့်ပြန့်ပြီးကောင်းမွန်သည့် မိသားစုအသိုင်းဝိုင်းမှ ဆင်းသက်လာသည်ဟု ထင်ရသည်။ ထိုလူငယ်က ဖူရှီမင်၏ ပခုံးထက်၌ လက်တစ်ဖက် တင်လိုက်ကာ
"ဟေး ရှီမင် ဘာလုပ်နေတာလဲ"
" ငါ မောက်စ်တစ်ခု ဝယ်ဖို့လုပ်နေတာ ဒါပေမဲ့ တစ်စုံတစ်ယောက်က ငါ့ကို ပေးမဝယ်ဘူး"
ဖူရှီမင်က ဖူကျို့ရှိရာဘက်သို့ ကြည့်လိုက်ရင်း
" မင်း ဒီဟာကို ရယ်ချင်စရာကောင်းတယ်လို့ မထင်ဘူးလား"
ထိုလူငယ်က ဟားတိုက်သလို ရယ်လိုက်ကာ
" အိုး အဲဒါက မင်းရဲ့ ငတုံး အစ်ကိုမလား၊ သူ မင်းကို နိုင်ကော နိုင်ဖူးလို့လား၊ လူအိုကြီးယွမ် ကျွန်တော့်ကို မျက်နှာသာလေး ပေးစမ်းပါဗျာ၊ ကျွန်တော်တို့က တကယ့် ဂိမ်းကစားသမားတွေလေ၊ ဘာမှမသိတဲ့ လူသစ်ကို ရောင်းမဲ့အစားကျွန်တော်တို့ကို ရောင်းလိုက်တာက ပိုမကောင်းဘူးလား"
လူအိုကြီးယွမ်က စတိုးဆိုင်မန်နေဂျာဖြစ်သည်။ ပရော်ဖက်ရှင်နယ် ဂိမ်းသမားတစ်ယောက်က ထုတ်ပြောလာခဲ့သဖြင့် မန်နေဂျာက ချက်ချင်းပင် ပြောလိုက်သည်။
" ဒီလိုဆိုရင် ပိုက်ဆံပိုပေးနိုင်တဲ့သူကို ဒီဟာ ရောင်းပေးမယ်"
ဒီ..ဒီလို အနိုင်ကျင့်တာက သိပ်လွန်တာပဲ၊ ဒီ လူချောလေးကတော့ ဒေါသတွေ ထွက်တော့မှာပဲ။
အရောင်းဝန်ထမ်းမလေးက ထိုသို့ တွေးမိကာ ဖူကျို့ကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်သည်။
သို့သော် သူမ မထင်ထားမိသည်မှာ သည်လူချောလေးက သူမကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ပြီး ပေါ့ပါးစွာ ရယ်လိုက်ကာ
" ယွမ် ၁သောင်း ပေးမယ်"
…

အပိုင်း (၆၄) သေချာပေါက် အရူးလုပ်ခံရမဲ့သူက မင်းပဲပေါ့
ယွမ် ၁သောင်း...
ဒီလို မောက်စ်တစ်ခုအတွက် ယွမ် ၁သောင်းတဲ့လား။
ဒီဟာက နည်းနည်း မများလွန်းဘူးလား။
အရောင်းဝန်ထမ်းမလေး၏ မျက်လုံးများက ပြူးကျယ်သွားပေ၏။
ဒီလူချောလေးက ခုနလေးကတင် လျှော့ဈေးပေးဖို့ တိုးတိုးလေး တောင်းဆိုနေတာလေ၊ ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီးဒီလောက်တောင် ရက်ရောသွားတာလဲလို့။
တုဇဲကလည်း အံ့အားသင့်သွားပေသည်။
ဟယ်ဟုန်ဟွာက တစ်မြို့လုံးပတ်ပြီး ပိုက်ဆံချေးနေတာလေ၊ ဖြစ်နိုင်တာက အိမ်မှာ ပိုက်ဆံ ရှိနေသေးလို့လား၊ မဟုတ်ရင် ဒီကောင်စုတ်လေးက အခုထိ မာနကြီးနေသေးတာလား။
မောက်စ်တစ်ခုအတွက် ယွမ် ၁သောင်းက အလွန် ဈေးကြီးပေသည်။
အလိုလိုက်ခံရပြီး ငွေဖြုန်းနိုင်သည့် ဖူရှီမင်ပင်လျှင် ထိုငွေပမာဏက အလွန်များသည်ဟု ခံစားရသည်။ 
သို့သော် သူ့သူငယ်ချင်းများနှင့် ချင်ကုမ္ပဏီ၏ မန်နေဂျာလီလည်း ရှိနေပေရာ သူ မျက်နှာ အပျက်ခံ၍ မရပေ။
" ယွမ် ၁သောင်း၁ထောင် ပေးမယ်"
ဖူရှီမင်က အေးစက်စွာ ရယ်လိုက်ပြီး ငွေပမာဏကို တိုးမြှင့်လိုက်သည်။
ဟယ်ဟုန်ဟွာမှာ ပိုက်ဆံပြတ်နေတယ်ဆိုတာ မသိတဲ့သူ ဘယ်သူများ ရှိလို့လဲ။ ဟမ့် မင်း ဘယ်အချိန်ထိ မာနကြီးနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့။
" ၁သောင်း၁ထောင်လား"
ဖူကျို့က ရယ်လိုက်ကာ သူမ လက်မှ မောက်စ်ကို ဖြည်းညှင်းစွာ ချထားလိုက်သည်။
"အိုက်ရိုး ဒီငွေပမာဏဆိုရင် ငါလေး မတတ်နိုင်တော့ဘူးပဲ၊ ဆိုင်ရှင်ရေ ဒီမောက်စ်ကို ၁၁၀၀၀နဲ့ ပေးဝယ်တဲ့ စောက်ရူးလေးကိုသာ ရောင်းလိုက်ပါတော့၊ ငါလေး မယူတော့ဘူးနော် ဟားဟား"
ဆိုင်မန်နေဂျာ: “…”
ဖူကျို့က သူမ ပတ်ဝန်းကျင်မှ လူများ မည်သို့ တုံ့ပြန်မည်ဟု ဂရုမစိုက်ပေ။ ထို့နောက် စုပ်လုံးကို အခွံချွတ်လိုက်ပြီးသူမ လက်ချောင်းကို ဆန့်ထုတ်ကာ မောက်စ်ထားရာ အောက်ဘက်မှ hard driveရှိရာ နေရာသို့ လက်ညှိုးထိုးညွန်ပြလိုက်သည်။
" တကယ်တော့ ငါလေး ဒီဟာကို လိုချင်တာ၊ ငါ့ကို အကြီးဆုံး internal hard drive ဆယ်ခုပေးပါ"
သောက်ကျိုးနည်း သူ ဒီကိုလာတာက မောက်စ် ဝယ်ဖို့မဟုတ်ဘဲ hard driveဝယ်ဖို့တဲ့လား။
ဒီလိုဆိုရင် သူ ဘာလို့ မောက်စ်အတွက် ဈေးစခေါ်တာလဲ။
ယွမ် ၁သောင်းကနေတောင် ဈေးစခေါ်လိုက်သေးတယ်။
သူ..သူကများ။
ဖူရှီမင်က သူ့လက်သီးကို ဆုပ်လိုက်ကာ ဒေါသတကြီးဖြင့်
" ဖူ ကျို့ မင်း ငါ့ကို ပလေးလိုက်တာလား"
"အေး ပလေးလိုက်တယ်လေ အဲဒါ ဘာဖြစ်လဲ"
ဖူကျို့က သူမ ငွေရောင်ဆံပင်ကို လက်ဖြင့်သပ်ရင်း ဟားတိုက်သလို ရယ်လိုက်သည်။
"မင်း.. မင်း"
ဖူရှီမင်က ဒေါသကြောင့် တုန်ယင်နေသော်လည်း သူ့အခြေအနေ သူသိလေရာ လူတစ်ယောက်ကို လူမြင်ကွင်း၌ အသားလွတ်ကြီး ရန်ရှာလို့ မရမှန်း သတိရသွားသည်။ ထိုသို့ ရန်ရှာခြင်းက သူ့ပုံရိပ်ကို ထိခိုက်စေနိုင်သည်။
ထို့ကြောင့် ဖူရှီမင်က အသက်ပြင်းပြင်းရှူလိုက်ပြီး ရယ်လိုက်သည်။
"ယွမ် ၁သောင်းပဲလေ၊ အဲလောက် ငွေပမာဏကို မင်းမတတ်နိုင်မှန်း သိသားပဲ၊ မင်း ကိုယ့်အခြေအနေကို ကိုယ်သိသား မဆိုးဘူး ပြောရမယ်၊ ငါ့အဖေက မင်းအမေကို ကွာရှင်းမဲ့အချိန်ထိ စောင့်လိုက်ဦး၊ မင်း ငါ့ရှေ့မှာ ဒီလို မာနထောင်လွှားနိုင်ဦးမလား ကြည့်ကြသေးတာပေါ့"
ဖူကျို့က ထိုလူစားမျိုးအတွက် အာရုံပင်မလာချေ။ သူမက ရည်ရွယ်ချက်ရှိရှိ ပြုံးလိုက်ကာ
" ဖူရှီမင် တကယ်လို့ မင်းနေရာမှာ ငါသာဆိုရင် ငါက မယားငယ်သား၊ တရားမဝင်သားဆိုတာကို လူရှေ့မှာ ဂုဏ်ယူပြီးလိုက်ကြွားနေမှာ မဟုတ်ဘူးရယ်၊ ပြီးတော့ မင်းအမေက အိမ်ထောင်တစ်ခုကို ဖြိုခွဲလိုက်တဲ့ အဆင့်မရှိတဲ့ စနိုက်ကြော်မ မယားငယ်မ ဆိုတာကို လူသိရှင်ကြား လိုက်ပြောပြနေမှာ မဟုတ်ဘူး၊ ဘာလို့ဆို ငါက ရှက်တတ်လို့လေ၊ မင်းကို ကြည့်ရတာ ရှက်မဲ့အစား ဂုဏ်တောင်ယူနေသေးသလိုပဲ၊ ဒါကြောင့်ပြောတာ ကမ္ဘာကြီးမှာ ရှိတဲ့လူတိုင်းက လူ လို့ မသတ်မှတ်သင့်တဲ့သူတွေလည်း ရှိကြောင်းပေါ့"
" ဖူကျို့... မင်း"
လူများ ဝိုင်းအုံကြည့်လာသည်ကို သတိထားမိသော ဖူရှီမင်က ဒေါသကြောင့် မျက်နှာပင် အစိမ်းရောင်သန်းလာချေပြီ။
" မင်း... မင်း နေနှင့်ဦး"
အရောင်းဝန်ထမ်းမလေးက မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သိပေသည်။ ထိုဖူရှီမင်က လူကို အနိုင်ကျင့်ရတာကြိုက်သည်သာမက မိသားစု အသိုက်အမြုံကိုသာ ဖျက်ဆီးတတ်သည့် မကောင်းသည့်သူမျိုး ဖြစ်သည်ကိုလည်း သူမ သိလိုက်ရသည်။ ထိုသို့ လူစားမျိုးကို သူမ မုန်းပေသည်။ ဖူရှီမင် ထွက်သွားတော့မည်ကို သတိထားမိလိုက်သည်နှင့် အရောင်းဝန်ထမ်းမလေးက လှမ်းပြောတော့သည်။
" လူကြီးမင်း မထွက်သွားခင်လေး ငွေချေသွားပါဦးရှင့်၊ မောက်စ်အတွက် စုစုပေါင်း ယွမ် ၁သောင်း၁ထောင် ကျပါတယ်နော်၊ ကတ်နဲ့ပေးမလား ငွေသားနဲ့ပေးမလားရှင့်"
ဖူရှီမင်က နောက်ထပ်တစ်ကြိမ် အသက်ပြင်းပြင်း ရှူလိုက်ပြီး တုဇဲကို လက်ညှိုးထိုးလိုက်ကာ
" ဒီလူဆီက တောင်းလိုက်"
တုဇဲက ထိုသို့ အခြေအနေမျိုးကို မမျှော်လင့်ထားခဲ့ပေ။
ဒီကောင်စုတ်ကို အနိုင်မကျင့်လိုက်ရတဲ့အပြင် ယွမ်၁၀၀လောက်ပဲ တန်တဲ့မောက်စ်ကို ၁၁၀၀၀ပေးပြီးပါ ဝယ်ရဦးမယ်၊ဘယ်လိုတောင်လဲ။
အရေးကြီးဆုံးက ငါက ပိုက်ဆံထုတ်ပေးရမဲ့သူ ဖြစ်နေတာပဲ၊ သောက်ကျိုးနည်းအောင် ကောင်းလိုက်တဲ့ ကံကြီး။
ဒီကောင်စုတ်က ဘယ်လိုဖြစ်သွားတာလဲ၊ ရုတ်တရက်ကြီး ဉာဏ်ကောင်းသွားတာလား၊ မ.. မဖြစ်နိုင်တာ၊ ဖြစ်နိုင်တာကသူ ကြက်ကန်းဆန်အိုးတိုးသွားတာ နေမှာပါ။
.......

အပိုင်း (၆၅) သခင်လေးချင်က မေးတယ် ဖူကျို့ မင်းဘာလုပ်နေတာလဲတဲ့၊ ငါလေးက ပြန်ဖြေလိုက်တယ် အီစီကလီရိုက်နေတာလို့
ထိုဉာဏ်နီဉာဏ်နက်များသည့် လူတစ်စုကို ပညာပေးပြီးသည့်နောက် ဖူကျို့၏ စိတ်အခြေအနေက ပိုတိုးတက်လာသည်။ သူမ၏ နှုတ်ခမ်းထောင့် အပေါ်သို့ ကွေးညွတ်သွားပြီး ခေါင်းငုံ့လျက်သားဖြင့် ပစ္စည်းအပိုင်းအစများကို ယူလိုက်ကာ အရောင်းဝန်ထမ်းမလေးဆီသို့ ကမ်းပေးလိုက်သည်။
" ဒီဟာတွေ စုစုပေါင်း ဘယ်လောက်ကျလဲ တွက်ပေးပါ ကျေးဇူးပါ"
အရောင်းဝန်ထမ်းမလေးက ဖူကျို့ပစ္စည်းများကို လျှော့ဈေး ၁၀ရာခိုင်နှုန်းထားပေးလိုက်သည်။ သူမ မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲနေသည်။ ထိုလူငယ်၏ အသံက တိုးညင်းပြီး နူးညံ့လေရာ ထိုသို့ဈေးဝယ်သူမျိုးကို သူမ လက်လွတ်မခံနိုင်ပေ။
" ဒီလိုဆိုရင် မင်းက မောက်စ်ကို မလိုဘူးပေါ့"
မေးလိုက်သည့်သူမှာ အရောင်းဝန်ထမ်းမလေး မဟုတ်ဘဲ ဖူရှီမင် ပခုံးထက်၌ လက်တင်လိုက်သည့် ယောက်ျားလေးဖြစ်သည်။ သူ့အပြုံးမှာ နွေးထွေးပျူငှာနေသည့် အပြုံးမျိုး မဟုတ်ပေ။
ဖူကျို့က သူမ အိတ်ကပ်၌ လက်တစ်ဖက် ထည့်ထားရင်း ထိုလူကို တစ်ချက်မျှပင် လှည့်မကြည့်ချေ။ သူမ ပိုက်ဆံချေပြီးသည့်နောက် ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။
သူမ ထင်ထားသကဲ့သို့ပင် ထိုလူနံဘေးမှ သူမ ဖြတ်လာရာ ထိုလူ၏ နှုတ်ခမ်းက ပြုံးသွားပြီး
" စိတ်ဝင်စားဖို့ကောင်းသား"
ဒါပေါ့ ငါလေးက သေချာပေါက် စိတ်ဝင်စားဖို့ကောင်းတယ်လေ။
ငါ့ကို မြင်တိုင်း ရှက်သွေးဖြာသွားတတ်တဲ့ ဖူရှီမင်ရဲ့အစ်ကိုက အခုတော့ ငါ့ကို သတိတောင် မထားမိတဲ့ပုံပဲ အဟ။
ထိုလူက သူ့ မျက်ဝန်းကို ကျဉ်းမြောင်းလိုက်ပြီး ဖူကျို့အပေါ်သို့ သိပ်အာရုံစိုက်ဟန် မရတော့ပေ။
ဘယ်လိုပဲ ပြောင်းလဲသွားတယ် ပြောပြော ဂေးက ဂေးပဲ၊ နည်းနည်းလေး ရင်းရင်းနှီးနှီး နေလိုက်ရုံနဲ့ ခွာချဖို့ခက်တယ်၊ ရုပ်ချောတယ်ပဲပြောပြော ငါ့လို အဖြောင့်ကောင်အတွက်တော့ နည်းနည်း ရွံစရာကောင်းတယ်။
" အစ်ကိုကြီး လာကြည့်ပါဦး ဒီဟာက ကြီးမြတ်လှတဲ့ သခင်လေးချင်နဲ့ “Spade Z” တို့ရဲ့ ဂိမ်းဗီဒီယိုလေ၊ ကျွန်တော် ဒီSpade Zကို စောက်ရမ်း မနာလိုဖြစ်မိတယ်ဗျာ၊ ပုံမှန်ဆို အစ်ကိုကြီးကပဲ သခင်လေးချင်နဲ့ ယှဉ်နိုင်တဲ့ အရည်အချင်းရှိတာလေ၊ ဒီကောင်က သခင်လေးချင်နဲ့တောင် ဂိမ်းတူတူဆော့နေတာ၊ ကံ စောက်ရမ်းကောင်းတာဗျာ၊ ကျွန်တော် စုံစမ်းကြည့်ရသလောက်တော့ ဒီကောင်က Supreme အသင်းက မဟုတ်ဘူးတဲ့၊ ဒီကောင် ဘယ် အသင်းမှာ ပါလဲဆိုတာကို ဘယ်သူမှမသိကြဘူး၊ သူ့လို စကေးကြမ်းတဲ့သူက လူသစ်ဆိုတာ ဟုတ်ကော ဟုတ်ရဲ့လားဗျာ"
ထိုလူက သူ့အသင်းသား ညွန်ပြရာဆီသို့ ကြည့်လိုက်ရာ သူ့မျက်ဝန်း၌ စိတ်လှုပ်ရှားမှု အနည်းငယ် ဖြတ်ပြေးသွားသည်။
" လှလိုက်တဲ့ အကွက်"
တကယ် လှတာပဲ၊ ငါတောင်မှ ဒီလို လက်အမြန်နှုန်းကို လိုက်လို့မမှီဘူး၊ “ Spade Z” ကတော့ အေးအေးဆေးဆေးပါလား၊ ဒီကောင်ဘယ်လို လူမျိုးပါလိမ့်။
နေ့လယ် ၂နာရီ ၌ လူအုပ်က ချင်ကုမ္ပဏီ၏ လူတွေ့စစ်ဆေးပွဲရှိရာသို့ ဝင်လာကြသည်။ ဖူကျို့က သူတို့အထဲမှ တစ်ယောက်ဖြစ်သည်။ ကြီးကြပ်သူက
" မင်းမှာ ဝင်ခွင့်စာ ပါလား"
" ဝင်ခွင့်စာတဲ့လား"
ဖူကျို့က သူမခေါင်းကို ခါလိုက်ပြီး
"ဟင့်အင်း မပါဘူး"
ထိုလူက မျက်မှောင်ကြုတ်လိုက်ပြီး တန်းစီသည့် နေရာသို့ ညွှန်ပြလိုက်သည်။
"ဒီလိုဆို တန်းစီပြီး ဟိုမှာစောင့်နေလိုက်၊ မင်း နာမည်ခေါ်ရင် မင်းအလှည့်ရောက်ပြီလို့ မှတ်ထားလိုက်"
ဖူကျို့က ဘာမှ မပြောပေ။ စည်းကမ်းကို လိုက်နာပြီး နံပါတ်စဉ်အလိုက် တန်းစီနေလိုက်သည်။ ခြေချိတ်ထိုင်လျက်ပျင်းလာသောကြောင့် စောနက သူမ ဝယ်လာခဲ့သည့် hard driveကို စပ်စုရန် ပြင်လိုက်သည်။
" မင်း.. မင်းလည်း လူတွေ့စစ်ဆေးပွဲကို လာဖြေတာလား"
ဖူကျို့နံဘေးမှ မျက်မှန်တပ်ထားသည့် ကောင်လေးက သူ့ရှိသမျှ အင်အားကို ထုတ်သုံးပြီး ဖူကျို့ကို စကားလာပြောရဟန်တူသည်။
" ငါ...ငါ...ငါလည်း တူတူပဲ"
သိသာထင်ရှားနေသည်က ထိုကောင်လေးက စကားထစ်နေသည်ပင်။ ဖူကျို့က ရယ်လိုက်ပြီး သူမ ခေါင်းကို မော့လိုက်သည်။
ထိုကောင်လေးက ခေတ္တရပ်သွားပြီး သည်လူက တကယ် ကြည့်ကောင်းသည်ဟု တွေးမိလိုက်သည်။
" မင်း ရုပ်ရည်နဲ့ဆို သေချာပေါက် စစ်ဆေးပွဲ အောင်မှာပဲ၊ ငါ..ငါ..ငါ ကြားတာကတော့ မန်နေဂျာ ဖ..ဖုန်းက ရုပ်ရည်သွင်ပြင်ကို အရမ်း ဂရုစိုက်တယ်တဲ့"
" မင်းလည်း ကြည့်ကောင်းသားပဲ"
ဖူကျို့က ပြောရင်း ပြုံးလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။
" ပြီးတော့ မင်းက ငယ်လည်း ငယ်သေးတာပဲဟာ"
နှစ်ယောက်သား စကားပြောနေရင်း ဖူကျို့၏ wechatမှ စာ ဝင်လာသည်။
ကြီးမြတ်လှသည့် သခင်လေးချင်ဆီမှ စာတို တစ်စောင် ဝင်လာတာ ဖြစ်သည်။
" မင်း ရောက်နေပြီလား"
ဖူကျို့က ရယ်လိုက်ပြီး ပျင်းရိပျင်းတွဲလေသံဖြင့် အသံမက်ဆေ့ချ်ပို့လိုက်သည်။
"ရောက်နေပြီလေ ခုလေးတင်မှ တွေ့တဲ့ အရမ်းချောတဲ့ လူငယ်လေးနဲ့တောင် အီစီကလီနေသေးတာ"
........
 

Search Novels