💝💝💝👩‍❤️‍👨Chapter 16
 á€Ąá€˛á€ˇá€’ဍကို ကြည့်လို့ရမလား?

@ငါ့ရဲ့ဗိုက်ကြွက်သားတွေက သူ့ထက်ပိုပြီး သန်မာတယ်@


“ပြီးတော့...ကိုယ် မင်းကိုယ်တိုင်ပြောတာကို ကြားချင်လို့...”

ချန်မန်က နူးညံ့စွာ ပြန်ဖြေလိုက်သည်။
“ကျွန်မသိပါတယ်...”


“အိုး...”

လုဖျင်ကျိုးက အသံရှည်ဆွဲပြီး ပြောလိုက်သည်။

“တမျိုးပြောင်းမေးရမယ်ဆိုရင် မင်း ကြင်ဖက်တွေ့ဖို့ သဘောတူခဲ့တာက ကိုယ်ဘယ်သူဆိုတာ မင်းသိလို့ပေါ့နော်...”

သူ့တွင် အလွန်ပင် ကြည့်ကောင်းကာ ထက်မြက်သော မျက်လုံးအစုံရှိပြီး မျက်ဝန်းအစုံက အယ်လမွန်အစေ့နှင့် အနည်းငယ် ဆင်တူသော်လည်း ပြတ်သားသော မျက်ရစ်နှစ်ထပ်ပါရှိသည်။ သူ့မျက်နှာပေါ်တွင် အမူအရာကင်းမဲ့နေချိန်၌ သူသည် ခန့်ခန့်ညားညားနှင့် အဟန့်ကောင်းသကဲ့သို့ လူကို စိုက်ကြည့်နေချိန်ဆိုလျှင် အလွန်ပင် အာရုံစိုက်လေသည်။

သူ့အကြည့်ဒဏ်ကို ချန်မန် မခံနိုင်တော့သဖြင့် အကြည့်လွှဲပြီးမှ စကားပြောလိုက်သည်။
“ရှင်လည်း အတူတူပဲ မဟုတ်ဘူးလား...”

လုဖျင်ကျိုးသည် သူ၏အတွေ့အကြုံများမှ ကောက်ချက်ဆွဲယူလိုက်ပြီးနောက် မေးလိုက်သည်။
“ဟုတ်ပါတယ်... ဒီလိုဆိုတော့ ကိုယ်နားလည်တာတော့ မင်းလည်း ကိုယ့်ကို ကြင်ဖက် မတွေ့ခင်ကတည်းက သဘောကျနေတာပဲပေါ့နော်...”

ချန်မန်: “...”
...

နောက်ဆုံးထိ ချန်မန်သည် လုဖျင်ကျိုး၏ မေးခွန်းကို အဖြေမပေးခဲ့ပေ။

သို့သော် သူမ၏ အပြုအမူက အားလုံးကို ပြောပြနေသောကြောင့် ယန်ဇီမြစ်တံတားကို ဖြတ်ကာ အဆုံးထိ လျှောက်ခဲ့ပြီးသည်ထိ လုဖျင်ကျိုး၏ နှုတ်ခမ်းပေါ်မှ အပြုံးက ပြောင်းလဲမသွားခဲ့ပေ။

ယန်ဇီမြစ်တံတားသည် အလွန်ရှည်လျားပြီး ထိုတံတားကို သူတို့ဖြတ်လျှောက်ခဲ့ရာ အချိန်နှစ်နာရီကျော်မျှပင် ကြာမြင့်ခဲ့လေသည်။ တံတားတစ်ဖက်အဆုံးသို့ ရောက်သွားချိန်တွင် ချန်မန်၏ ခြေထောက်များသည် ကျိန်းစပ်နာကျင်နေပြီး အလွန်ပင် မောပန်းနွမ်းနယ်နေကာ လမ်းပင် ဆက်မလျှောက်နိုင်တော့ပေ။

လုဖျင်ကျိုးက အဆင်ပြေနေဆဲဖြစ်ပြီး အမှန်တွင်လည်း သူသည် စစ်သားတစ်ယောက် ဖြစ်သောကြောင့် ဤအတိုင်းအတာမျှလောက် လမ်းလျှောက်ရခြင်းသည် သူ့အတွက် ဘာမျှ မဟုတ်ပေ။ သို့သော်လည်း ချန်မန်ကို ဂရုစိုက်ပေးသည့်အနေဖြင့် တံတားတခြားတစ်ဖက်ဆီသို့ လမ်းပြန်လျှောက်ရန်ဟူသော ရွေးချယ်မှုကို မေ့ပစ်လိုက်ပြီး အကြံနှစ်ခုပေးလေသည်။

ပထမတစ်ခုမှာ ဘတ်စကားမှတ်တိုင်တစ်ခုကို ရှာ၍ တံတား၏တခြားတစ်ဖက်ဆီသို့ ဘတ်စ်ကားစီးသွားပြီးနောက်မှ နေ့လည်စာစားရန် နေရာတစ်ခုကို ရှာရန်ဖြစ်သည်။ ဒုတိယတစ်ခုမှာ ဘတ်စ်ကားမှတ်တိုင်တစ်ခုကိုရှာ၍ ဘတ်စကားစီးပြီး တခါတည်း နေ့လည်စာစားမည့်နေရာသို့ တိုက်ရိုက် စီးသွားရန်ဖြစ်သည်။

ဟုတ်ပါပြီ... ဘာအကြံပဲဖြစ်ဖြစ် ကားမှတ်တိုင်ကတော့ ရှာကိုရှာရမယ်...

သို့သော်လည်း... ချန်မန်က မေးလိုက်သည်။
“ကားမှတ်တိုင်က ဘယ်မှာလဲ...”

ဤမေးခွန်းကို မေးလိုက်ခြင်းက ချန်မန်၏ အမှားမဟုတ်ပေ။ လင်းကျန်းမြို့သည် စီရင်စုသုံးခုဖြင့် ပိုင်းခြားထားပြီး တစ်ခုနှင့်တစ်ခုသည် အလွန်ဝေးကွာသောကြောင့် အသွားအလာနည်းပါးကာ ကားမှတ်တိုင်များကလည်း တစ်ခုနှင့်တစ်ခု အလွန်ဝေးလှသည်။ ဤသည်က ယန်ဇီမြစ်တံတားဆီသို့ လမ်းလျှောက်ရန် ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သောကြောင့် တံတား၏ ဤဘက်ခြမ်းရှိ ကားမှတ်တိုင်နေရာကို သူမ မသိပေ။

အရေးကြီးသော အခိုက်အတန့်ဖြစ်၍ လုဖျင်ကျိုးကိုသာ အားကိုးရပေမည်။ သူက ပြန်စဉ်းစားကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဟိုဘက်နားမှာတော့ မှတ်တိုင်တစ်ခုလောက်တော့ ရှိတယ်... ဒီကနေဆိုရင် အဲ့ဒီကို တစ်ကီလိုမီတာ နှစ်ကီလိုမီတာလောက်တော့ လျှောက်ရဦးမယ်ထင်တယ်... မင်း လျှောက်နိုင်သေးလား... ဒါမှမဟုတ် ကိုယ် မင်းကို သယ်သွားရမလား...”

ချန်မန်မှာ အခြေအနေသိပ်မကောင်းပေ။ သူမက သူမသည် ကောင်လေးနှင့် ချိန်းတွေ့ခြင်းဖြစ်သည်ဟု မှတ်ယူထားသောကြောင့် သူမက သားရေရှူးဖိနပ်များကို စီးလာခဲ့သည်။ မထင်မှတ်ဘဲနှင့် သူမသည် လေ့ကျင့်ရေးအချိန်တစ်ပိုင်းကို ဖြတ်သန်းလိုက်ရပြီး သူမ၏ ခြေဖဝါးများသည် အရည်ကြည်ဖုများ ထနေပြီဟု ယူဆရပေသည်။

သို့သော်လည်း သူမက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်သည်။
“တော်တော်ဆိုးလောက်လား...”

“ဟိုနားမှာတော့ လူနည်းနည်းရှိလောက်တယ်... အဲ့ဒီတော့ အဲ့မှာ လုံခြုံရေးအဖွဲ့တော့ ရှိမှာမဟုတ်ဘူး... လုံခြုံရေးအဖွဲ့ရှိရင်တောင်မှ ဒီအခြေအနေကို သူတို့ကို ရှင်းပြလို့တော့ ရပါတယ်... အရမ်းကြီး မစိုးရိမ်ပါနဲ့...”
လုဖျင်ကျိုးက စကားပြောပြီးသည်နှင့် ဒူးကွေးကာ ထိုင်ချလိုက်ပြီး ချန်မန်ကို ကျောပေးလိုက်သည်။

အတန်ကြာသည်အထိ စောင့်ဆိုင်းနေသည့်တိုင်အောင် သူမထံမှ မည်သည့် လှုပ်ရှားမှုကိုမျှ မတွေ့ရသောကြောင့် သူက ခေါင်းလှည့်ကာ ကြည့်လိုက်သည်။

“ဟမ်...”

ချန်မန်က တုန့်ဆိုင်းနေပြီးမှ မေးလိုက်သည်။
“ရှင်မပင်ပန်းဘူးလား...”

လုဖျင်ကျိုးမှာ ခဏမျှ ရပ်တန့်သွာပြီးပြောလိုကသည်။
“မင်းက ကိုယ်ဘာအလုပ်လုပ်တယ်ဆိုတာကို အထင်မှားနေပုံပဲ...”

“ဘာကိုလဲ...”

“ကိုယ် မင်းကိုကျောပိုးပြီး အဆုံးထိ လမ်းပြန်လျှောက်သွားရရင်တောင်မှ ကိုယ်က မောမှာ မဟုတ်ဘူး...”
လုဖျင်ကျိုးမှာ ယုံကြည်ချက်မြင့်မားလေသည်။
“မင်း စမ်းကြည့်ချင်လား...”

“ကားမှတ်တိုင်ကိုပဲ သွားပြီးတော့ ဘတ်စကားပဲ စီးကြပါစို့ရှင်...”

ချန်မန်က သူမလက်ကို လျင်မြန်စွာ ဝှေ့ယမ်းပြလိုက်ပြီး လုဖျင်ကျိုး၏ ကျောပေါ်သို့ နာခံမှုရှိစွာဖြင့် တက်လိုက်သည်။

သူက လက်နှစ်ဖက်ကို သူမဆီသို့ နောက်ပြန်လှမ်းလိုက်ကာ သူမ၏ ဒူးများဆီသို့ လှမ်းချိတ်လိုက်ပြီး သူ၏ ကျောကုန်းပေါ်သို့ ပင့်တင်လိုက်သည်။ ထို့နောက် ခြေလှမ်းကျဲကြီးများ လှမ်းကာ ဘတ်စကားမှတ်တိုင်ဆီသို့ ဦးတည်လိုက်လေသည်။

သူတို့နှစ်ယောက်သည် အချင်းချင်း သိကျွမ်းကြသည်မှာ အချိန်အနည်းငယ်မျှသာ ရှိစေကာမူ  á€á€ťá€€á€şá€á€ťá€„á€şá€¸á€€á€źá€Žá€¸á€†á€­á€Żá€žá€œá€­á€Ż ကြင်ဖက်တွေ့ခဲ့ကြပြီး သူတို့အချင်းချင်းမှာ ထဲထဲဝင်ဝင် မရင်းနှီးကြသေးပေ။ သူတို့၏ ဆက်ဆံရေးကို ဖွင့်ဟပြီးနောက်ပိုင်း သူတို့အချင်းချင်း တွေ့ဆုံသည်မှာ နှစ်ကြိမ်သာ ရှိသေးသလို သူတို့အတူကုန်ဆုံးခဲ့သော အချိန်အကုန်ပေါင်းလျှင်ပင် တစ်နေ့စာအချိန် မရှိသေးပေ။

ထိုကြောင့် လုဖျင်ကျိုး၏ ကျောပေါ်တွင် လိုက်ပါလာရခြင်းက ချန်မန်ကို အနည်းငယ် တောင့်တင်းနေစေသည်။  á€á€­á€á€şá€†á€­á€á€şá€™á€žá€Żá€€á€­á€Ż ဖြိုခွဲပစ်ရန်အတွက် သူမက တစ်စုံတစ်ရာ ပြောလိုသော်လည်း မည်သည့်ခေါင်းစဉ်အား ရွေးသင့်သည်ကို သူမ မသိပေ။

သူမက တွန့်ဆုတ်နေစဉ် လုဖျင်ကျိုးက စကားစပြောလိုက်သည်။
“မင်း ကိုယ်အလေးချိန်ဘယ်လောက်ရှိသလဲ...”

“ကိုးဆယ်...”
ချန်မန်က ဖြေလိုက်ပြီးနောက် ပြန်မေးလိုက်သည်။
“မိန်းကလေးတွေကို သူတို့ရဲ့ကိုယ်အလေးချိန်အကြောင်း မေးလို့မရဘူးဆိုတာ ရှင်မသိဘူးလား...”

“ဘာဖြစ်လို့လဲ...”

“အကြောင်းပြချက်မရှိဘူး... ဘာပဲဖြစ်ဖြစ် ဒါကို ဒီအတိုင်း ပေါ့ပေါ့လေး မေးလို့ မရဘူး... အသက်ကိုဆိုရင်လည်း အတူတူပဲ...”

“အသက်လား... မင်းအဲ့ဒါကို မသိဘူးလား...”

“ရှင်က အကုန်သိနေတာလား...”

“အဒေါ်လော ကိုယ့်ကို ပြောတာတော့ လာမယ့် ဖေဖေါ်ဝါရီလဆိုရင် မင်းက နှစ်ဆယ့်တစ်နှစ် ဖြစ်တော့မှာတဲ့...”

ချန်မန် နားလည်သွားပေပြီ။
“အဲ့ဒါက အ‌ဒေါ်လောက ရှင့်ကို ပြောတာလေ... ဒါပေမဲ့ ရှင်က ကျွန်မကို မေးလာရင်တော့ ကျွန်မက ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်လို့ ပြောမှာ... အမြဲတမ်း ဆယ့်ရှစ်နှစ်လို့ပဲ ဖြေမှာ...”

သူမ ဘာကိုဆိုလိုသည်ကို လုဖျင်ကျိုး သေချာစဉ်းစားနေရင်း မေးလိုက်သည်။

“အစောကကျ ဘာဖြစ်လို့ မင်းရဲ့ ကိုယ်အလေးချိန်ကို ကိုယ့်ကို ပြောပြတာလဲ...”

“ဘာလို့လဲ ဆိုတော့ ကျွန်မက ပေါ့ပေ့ါလေးလေ... နောက်ပိုင်းကျရင် ကျွန်မဝလာခဲ့ရင်ပေါ့လေ အဲ့ကျရင်တော့ ကျွန်မ ရှင့်ကို ပြောမပြတော့ဘူး...”

လုဖျင်ကျိုးက ရယ်မောလိုက်သည်။
“ကိုယ်နားလည်ပြီ...”

“ရှင်က ဘာနားလည်တာလဲ...”

“မင်းက နားပိတ်ပြီးတော့ ခေါင်းလောင်းကို ခိုးဖို့ ကြိုးစားနေတာပဲ...”

ချန်မန် သွားကို တင်းတင်းကြိတ်လိုက်သည်။
“ရဲဘော်လုဖျင်ကျိုး... ရှင် ဒီလို စကားပြောပုံမျိုးနဲ့ဆိုရင် ရှင့်ရဲ့ လက်တွဲဖော်ကို ဆုံးရှုံးရလိမ့်မယ်ဆိုတာကို ဘယ်သူကမှ ရှင့်ကို ပြောမပြကြဘူးလား...”

လုဖျင်ကျိုးသည် မျက်နှာထက်မှ အပြုံးကို ချက်ချင်းဖုံးကွယ်လိုက်ပြီး အသာအယာ ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။

“မင်းစိတ်ကူးက အရမ်းကောင်းတယ်လို့ ကိုယ်ထင်တယ်... အခုကစပြီးတော့ သူများတွေက ကိုယ့်ကို အသက်နဲ့ ကိုယ်အလေးချိန်ကို မေးလာပြီဆိုရင် ကိုယ် သူတို့ကို ပြောမပြတော့ဘူး... မင်းနဲ့အတူတူ ရပ်တည်ပြီး မင်းကို ထောက်ခံမယ်...”

ဤသည်က ချန်မန်ကို ခပ်တိုးတိုးရယ်မောမိစေသည်။ သူမက သက်တောင့်သက်သာ ဖြစ်သွားပြီး သူမ၏ ခန္ဓာကိုယ်က အမှတ်တမဲ့ဖြင့် လုဖျင်ကျိုးဆီသို့ မှီလိုက်လေသည်။ သူမ လူနှင့်သတိ ပြန်ကပ်သွားချိန်တွင် သူမ၏ ပါးမို့မို့များက သူ့လည်ပင်း၏ နောက်ပါးဆီသို့ ဖိထားမိသည်ကို သတိပြုမိလိုက်သည်။

သူ့လည်ပင်းမှ အရေပြားသည် ဖြူဖွေးနေသည်မဟုတ်သော်လည်း အနီရောင်ခပ်ဖျော့ဖျော့က မသိမသာ စွန်းထင်းလျက် ရှိသည်။

ချန်မန်က အကောင်းဆုံးကြိုးစားကာ ခေါင်းမော့လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်  á€™á€ąá€¸á€œá€­á€Żá€€á€şá€žá€Šá€şá‹

“ဘတ်စကားမှတ်တိုင်က ဘယ်လောက်ဝေးသေးလဲ...”

“တစ်မိုင်လောက်ပေါ့...”

ချန်မန်က ညည်းတွားလိုက်ပြီး မြစ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းအကြည့်များသည် တစ်စုံတစ်ရာဆီသို့ ရောက်ရှိသွားပြီး သူမမှာ အံ့အားသင့်ရုံမှတပါး မတတ်နိုင်‌တော့ပေ။

“ဟိုမယ် မြစ်ထဲမှာ လူတစ်ယောက် ရေကူးနေတယ်...”

လုဖျင်ကျိုးက ထိုလူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

“လူတွေက မြစ်ထဲမှာ ရေကူးဖို့ လာတတ်ကြတယ်...”

“အခုက မတ်လပဲရှိသေးတယ်... အဲ့လိုဆို မြစ်ရေက အရမ်းအေးနေမှာပေါ့...”

“အဲ့ဒါက ရေကူးလို့ ပိုကောင်းတယ်...”

“ရှင်ရော ရေကူးတတ်လား...”

“ကူးတတ်တယ်... မင်းရော...”

“ကျွန်မအမေက ကျွန်မကို ရေနားတောင် အသွားမခံဘူး...”

ချန်မန်က နူးညံ့စွာ ပြောလိုက်သည်။

“ကျွန်မတို့ကျောင်းတက်နေတုန်းက နွေရာသီရောက်တိုင်း ဆရာဆရာမတွေက ကျွန်မတွေကို မြစ်ဆီမသွားဖို့ အမြဲပဲ ပြောကြတယ်... မြစ်ထဲမှာ နှစ်တိုင်းပဲ ရေနစ်တဲ့သူတွေရှိပြီးတော့ သူတို့တွေက ရေကူးတတ်တဲ့ သူတွေချည်းပဲတဲ့...”

“တကယ်လား...”

စကားပြောကောင်းနေစဉ်မှာ ဘတ်စ်ကားမှတ်တိုင်က သူတို့ရှေ့တွင် ပေါ်လာလေသည်။

လုဖျင်ကျိုးသည် မူလက မှတ်တိုင်ထိရောက်အောင် ချန်မန်ကို ကျောပိုးသွားရန် အစီအစဉ် ရှိသော်လည်း ဘတ်စ်ကားမှတ်တိုင်၏ နောက်ဘက်တွင် ကျယ်ပြန့်သော ကွင်းပြင်ကြီး ရှိနေပြီး ထိုနေရာတွင် လူများစွာက ငါးမျှားနေကြသည်ကို သူမ သတိထားမိသွားလေသည်။ တစ်ယောက်ယောက်က မြင်သွားမည်ကို စိုးရိမ်သည်ကြောင့် သူမကို အောက်ချပေးရန်ပြောလိုက်ပြီး ကျန်သည့်လမ်းကို သူမဖာသာ လမ်းလျှောက်သွားလေသည်။

ထိုနေရာနှင့် နီးလာသောအခါ ထိုနေရာတွင် ငါးမျှားနေကြသည့်သူများသာ ရှိသည်မဟုတ်ဘဲ ရေကူးနေကြသူများလည်း ရှိနေသည်ကို ချန်မန် တွေ့လိုက်ရ၏။ ချန်မန် အဝေးက လှမ်းမြင်ခဲ့သည့် ရေကူးနေသောသူမှာလည်း ထိုနေရာမှ ကူးလာခဲ့ခြင်း ဖြစ်နိုင်သည်။

ရေကူးနေကြသူအားလုံးက သူတို့၏ ကြံ့ခိုင်သောခန္ဓာကိုယ်ကြောင့် ဗလပြရသည်ကို ရှက်ဟန်မရှိပေ။ ချန်မန်က တစ်ချက်မျှ အကဲခတ်ကြည့်လိုက်သောအခါ သူတို့သည် အပေါ်ပိုင်းဗလာကျင်းထားကြပြီး မည်သူကပင် မြင်မြင် ဂရုထားကြဟန် မရှိပေ။

ကံကောင်းသည်က ထိုကာလရှိ အစားအသောက်များသည် ဆီအသုံးနည်းသောကြောင့် ဝဖြိုးသောသူဟူ၍ အနည်းငယ်မျှသာ ရှိသည်။ အပေါ်ပိုင်းတွင် အဝတ်အစား ဗလာကျင်းထားခြင်းက ဆွဲ‌ဆောင်မှုရှိသည်ဟု မထင်ရသော်လည်း အဆီတစ်ထပ်အသားတစ်ထပ် ဗိုက်ခေါက်ကြီးများလည်း မဟုတ်ကြပေ။

သို့သော်လည်း ဤနေရာတွင် အခြားကြည့်စရာမရှိသည်လည်း မဟုတ်ပေ။ ထိုနေရာတွင် ကောင်လေးတစ်ယောက်ရှိပြီး သူ၏ ခန္ဓာကိုယ်မှာ ကြွက်သားစိုင်များ အပြည့်ရှိနေပြီး ကြံ့ခိုင်သန်မာဟန် ရှိလေသည်။

အစားနှင့် ကာမစိတ်သည် လူသား၏မူလသဘာဝဖြစ်သည်။

ချန်မန်သည် ထိုကောင်လေးကို မည်သည့်စိတ်မျှ မရှိသော်လည်း အမှတ်တမဲ့ဖြင့် ထိုကောင်လေး၏ ခန္ဓာကိုယ်ကို ထပ်ကာ ထပ်ကာ ကြည့်ခြင်းအား မထိန်းလိုက်နိုင်ဘဲ ဖြစ်သွားမိသည်။ ထို့ကြောင့် လုဖျင်ကျိုးက မေးလာချိန်တွင် သူမ ရုတ်တရက် မတုန့်ပြန်နိုင်ပဲ ဖြစ်သွားသည်။

“မင်းဘာတွေ ကြည့်နေတာလဲ...”

ချန်မန်က ချက်ချင်းပြန်ဖြေလိုက်သည်။
“အဲ့ကောင်လေးမှာ ဗိုက်ကြွက်သားတွေ ရှိတယ်...”

ချန်မန်က ထိုစကားများ ပြောလိုက်ပြီးကာမှ သတိပြန်ဝင်လာသော်လည်း အမှားပြင်ဆင်ရန်အတွက် စကားတစ်လုံးမျှ ထွက်မလာနိုင်မီမှာပင် လုဖျင်ကျိုး၏ ခပ်တိုးတိုး စကားသံကို သူမ ကြားလိုက်ရသည်။

“ကိုယ့်ရဲ့ ဗိုက်ကြွက်သားတွေက အဲ့ကောင်ထက်‌တောင် သန်မာသေးတယ်...”

ဤသည်က လိုချင်သည်ကို ရရန်အတွက် ပို၍ ဝေးဝေးသွားသင့်သည်နှင့် ဆင်တူနေဟန်ရှိသည်။

သူမ၏ နဖူးပေါ်တွင် အပူဓာတ်များ တိုးပွားလာခြင်းကြောင့် ချန်မန်၏ ဦးနှောက်ထဲရှိ ဆားကစ်ပြားက ပတ်လမ်းတိုသွားလေသည်။ သူမ ထစ်ထစ်ငေ့ါငေ့ါနှင့် ပြောလိုက်မိသည်။

“ကျွန်မ... ကျွန်မ ကြည့်လို့ရလား...”

☆☆☆

စာရေးသူမှာ ပြောစရာရှိပါတယ်: နောက်နေ့မှ တွေ့ကြတာပေါ့...


💝💝💝
👩‍❤️‍👨Chapter 17
ယောက္ခမနှင့်တွေ့ဆုံခြင်း

@အရပ်ရှည်ပြီးခန့်ညားတယ်၊ ငါ့သမီးသူ့ကိုကြိုက်တာ အံ့သြစရာတော့မရှိဘူး@


ချန်မန်သည် သူ၏ဗိုက်ကြွက်သားများကို ကြည့်ခွင့်မရလိုက်ပေ။ သူက သူမကို မပြချင်သောကြောင့် မဟုတ်ဘဲ သူ၏ လက်များက သူ့အကျီအောက်နားစကိုပင် ကိုင်ထားပြီးဖြစ်နေသည်။ သို့သော်လည်း သူမမှာ ကြည့်ဝံ့လောက်သော သတ္တိမရှိသဖြင့် နောက်ဆုံးစက္ကန့်ကျမှပင် ကျောပေးလိုက်သည်။ ထိုအချိန်မှာပင် အဝေးမှ မောင်းလာသော ဘတ်စကားကို သူမ မြင်လိုက်သောကြောင့် အကြည့်လွှဲလိုက်ခြင်းအတွက် ဆင်ခြေကောင်းကောင်း ရသွားလေသည်။

ဘတ်စ်ကားက တံတားကို ဖြတ်ကျော်ပြီးနောက် မှတ်တိုင်တွင် ရပ်လိုက်‌သော်လည်း ထိုနေရာက သူတို့ ကားရပ်ထားသော နေရာနှင့် အတော်ပင် ဝေးနေသေးသည်။

လုဖျင်ကျိုးက ချန်မန်ကို ထပ်မံ၍ ကျောပိုးပေးမည်ဟု ပြောခဲ့သော်လည်း ဤနေရာက ပိုမို၍ လူစည်ကားပြီး လမ်းဘေးတစ်ဖက်တစ်ချက်တွင် လမ်းသွားလမ်းလာများက နေရာတိုင်း၌ ရှိနေပေသည်။ 

သူမက အနည်းငယ် ကြောက်ရွံ့သွားပြီး ကျောပိုးမည့်အကြံကို ငြင်းပယ်လိုက်ကာ ကားရပ်ထားရာ နေရာသို့ လမ်းလျှောက်သွားရန် ကိုယ့်ကိုယ်ကို တွန်းအားပေးလိုက်သည်။

ကားပေါ်တက်ပြီးနောက် နေ့လည်စာစားရန် နေရာတစ်ခုဆီသို့ တန်းသွားလိုက်ကြသည်။

မူလက လုဖျင်ကျိုး၏ အစီအစဉ်ထဲတွင် နေ့လည်ပိုင်း၌ အခြားသောအစီအစဉ်များ ရှိနေခဲ့ပြီး မောလ်ထဲတွင် စျေးဝယ်ခြင်း၊ နောက်ဆုံးတစ်ခါကကဲ့သို့ ရုပ်ရှင်ကြည့်ခြင်းနှင့် ပန်းခြံထဲတွင် ခေတ္တမျှ ထိုင်မည်ဟု ရည်ရွယ်ထားခဲ့သည်။

သို့သော် ယန်ဇီမြစ်တံတားကို လမ်းဖြတ်လျှောက်ပြီးနောက် ချန်မန်မှာ အလွန်ပင် ပင်ပန်းနေသည်ဟု ခံစားရပြီး နေ့လည်စားစားပြီးသည့်တိုင်အောင် ရွှင်လန်းမလာတော့ပေ။ လုဖျင်ကျိုးက အစီအစဉ်များကို မျိုသိပ်ထားလိုက်ပြီး သူမကို အိမ်ပြန်ပို့ပေးရန်သာ ပြောလိုက်ရတော့သည်။

ချန်မန်မှာ အနည်းငယ် စိတ်မကောင်း ဖြစ်နေသည်။ အပြင်တွင် ချိန်းတွေ့ရန် သူမက သဘောတူခဲ့ခြင်း ဖြစ်သော်လည်း... သူမ ပြောလိုက်သည်။

“နောက်တစ်ခါကျရင် ဒီ့ထက်ပိုပြီး သက်သောင့်သက်သာဖြစ်တဲ့ ဖိနပ်ကို ကျွန်မ စီးလာမယ်နော်...”

သူမ၏ တောင်းပန်လိုက်သော အမူအရာလေးကို မြင်လိုက်ရသောအခါ လုဖျင်ကျိုးမှာ အသည်းယားသွားပြီး လက်ဆန့်ကာ သူမ၏ ခေါင်းလေးကို ထိကြည့်လိုက်ချင်သော်လည်း သူ့မှာ ပြန်ပြီး ထိန်းချုပ်ထားလိုက်ရသည်။ အကြောင်းမှာ စားသောက်ဆိုင်ထဲတွင် လူများစွာ ရှိနေသောကြောင့် ဖြစ်သည်။ သူက ပြောလိုက်သည်။

“ဒီတစ်ကြိမ်ကတော့ ကိုယ့်ရဲ့ပေါ့ဆမှုကြောင့်ပါ... ကိုယ်နေရာရွေးတာ မှားသွားတယ်...”

နောက်တစ်ခါ ချိန်းတွေ့ရင် သွားမယ့်နေရာကနေ လျန်ဟွားရေကန်ကိုလည်း ပယ်တယ်... လမ်းအများကြီး လျှောက်နေရလိမ့်မယ်... လင်းကျန်းလမ်းမကြီးဆိုရင်တော့ မောလ်တွေ၊ ဟိုတယ်တွေနဲ့ ရုပ်ရှင်ရုံတွေ ရှိတာဆို‌တော့ အဲ့ကိုပဲသွားမယ်...

နေ့လည်ခင်းအစီအစဉ်ကို ပယ်ချလိုက်သောကြောင့် စက်ရုံဝန်ထမ်းစုပေါင်းအိမ်ရာသို့ သူတို့ ပြန်ရောက်ချိန်တွင် နှစ်နာရီထိုးပြီးကာစသာ ရှိသေးသည်။ ထို့ကြောင့် လုဖျင်ကျိုးက ကားကို ရပ်လိုက်ချိန်တွင် ချန်မန်က ကားပေါ်ကနေ ချက်ချင်းလိုလို ဆင်းမသွားဘဲ မေးလိုက်သည်။

“ရှင် ဟိုကိုပြန်မောင်းသွားရင် အချိန်ဘယ်လောက်ကြာမလဲ...”

“အမြန်မောင်းသွားရင်း ဆယ်မိနစ်လောက်ပါပဲ...”

“အိုး... ရှင်ပြန်သွားရင် ဟိုမှာ ရှင်ဘာလုပ်မှာလဲ...”

ချန်မန်က ထိုမေးခွန်းသည် မသင့်တော်ဟု ခံစားလိုက်မိသောကြောင့် ရှင်းပြလိုက်သည်။
“ကျွန်မ ဆိုလိုချင်တာက ရှင် နားရက်ရတယ်ဆိုရင် ဘာလုပ်တတ်သလဲလို့ မေးတာပါ...”

“စာအုပ်ဖတ်ရင်ဖတ် မဖတ်ရင် လေ့ကျင့်ရေးဆင်းတယ်...”

လုဖျင်ကျိုးက ယဉ်ကျေးစွာမေးလိုက်သည်။
“မင်းရော... မင်း နားရက်ရတယ်ဆိုရင်ရော ဘာလုပ်တတ်သလဲ...”

“များသောအားဖြင့်တော့ အမေ့ကို အိမ်အလုပ်တွေ ကူလုပ်တယ်... ဒါမှမဟုတ် အမေက အဝတ်ချုပ်တာတို့ ဖိနပ်ချုပ်တာတို့ဆိုရင်လည်း အမေကို ကူလုပ်ပေးတယ်...”

ချန်မန်က သူမ၏ အတွေးများအတိုင်း ဆက်ပြောနေသည်။

“အခုရက်ပိုင်းမှာ အရင်တုန်းက သိခဲ့တာတွေကို ပြန်နွှေးချင်လို့ အထက်တန်းဖတ်စာအုပ်တွေလည်း ပြန်ဖတ်နေတယ်...”

ယခင်တုန်းက ချန်မန်သည် သူမ၏ လက်ရှိအလုပ်နှင့်ပင် လုံးဝ ကျေနပ်ရောင့်ရဲနေခဲ့သည်။ အစိုးရပိုင် စားသောက်ဆိုင်မှ စားပွဲထိုးတစ်ယောက်၏ လစာသည် မြင့်မားလှသည်မဟုတ်သော်လည်း လူတန်းစေ့နေနိုင်စားနိုင်ရုံသာမက အလုပ်အကြောင်းကို ပြောပြလျှင်လည်း သိက္ခာရှိလေသည်။

သို့သော်လည်း သူမ၏ ယခင်ဘဝက မှတ်ဉာဏ်များကို ပြန်ရပြီး လက်ရှိကမ္ဘာကြီးအကြောင်းကိုလည်း သေချာစွာ စေ့ငုပြီးသောအခါ ဤအလုပ်တွင် ရေရှည်အလုပ်လုပ်ရန် မဖြစ်နိုင်ကြောင်း ချန်မန် နားလည်လာသည်။

အလွန်ဆုံး ဆယ်နှစ်အတွင်းမှာပင် အစိုးရပိုင် စားသောက်ဆိုင်များသည် တစ်ဆိုင်ပြီးတစ်ဆိုင် ဒေဝါလီခံသွားရပေလိမ့်မည်။ လွတ်မြောက်ရာလမ်းကို ကြိုတင်တွေးဆထားခြင်းမရှိသော သူမအတွက် စောင့်ဆိုင်းနေ‌သောအရာမှာ သက်လတ်ပိုင်းရောက်မှ အလုပ်လက်မဲ့ဖြစ်ခြင်း သို့မဟုတ် ပိုမိုဆိုးဝါးသော အလုပ်များဆီသို့ ပြောင်းရွှေ့ခံရခြင်းသာ ဖြစ်ပေလိမ့်မည်။

ချန်မန်သည် ရောက်လာလတ္တံ့သော ဘေးဒုက္ခများကို အာရုံခံနိုင်စွမ်း အလွန်ကောင်းသူဖြစ်သောကြောင့် လွန်ခဲ့သော သုံးလကတည်းက သူမသည် အနာဂတ်အတွက် သေချာစွာ စဉ်းစားပြီး ဖြစ်၏။

ထိုကိစ္စသည် ခက်ခဲမှုမရှိဘဲ အတိတ်မေ့နေခဲ့ခြင်းက မှတ်ဉာဏ်များကူးပြောင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ မှတ်ဉာဏ်များ ပြန်လည်ရရှိလာပြီးနောက် ခေတ်နှစ်ခု၏ မှတ်ဉာဏ်များသည် သူမ၏ စိတ်ထဲတွင် အစီအစဉ်တကျရှိနေခြင်းမျိုး မဟုတ်သော်လည်း တစ်ခုနှင့်တစ်ခု အလိုက်သင့် အလျားသင့် ပေါင်းစပ်နေပေသည်။

ပို၍ ရိုးရှင်းအောင် ပြောရမည်ဆိုလျှင် သူမ၏ ယခုအခြေအနေသည် အချိန်ခရီးသွားသူနှင့် ပို၍ ဆင်တူနေ၏။ ယခင်ဘဝ၏ ထင်ရှားသော မှတ်ဉာဏ်များရှိနေဆဲဖြစ်သော်လည်း သူမ၏ မိသားစုအပေါ် ထားရှိသော ခံစားချက်များက ပိုမိုနက်ရှိုင်းပေသည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ ယခုဘဝတွင် သူမသည် အလုပ်ရှိနေသည်မှာ သုံးနှစ်မျှ ကြာသွားပြီဖြစ်စေကာမူ သူမ၏ မှတ်ဉာဏ်များကို ပြန်ရလာပြီးနောက် ချန်မန်၏ မှတ်သားထားသော မှတ်ဉာဏ်များအရ ဤအချိန်သည် သူမဘဝ၏ အကောင်းဆုံးအချိန်ဖြစ်သည်။(သူ့ဖော်ပြချက်က မရှင်းလင်းဘူး သူက စာအုပ်ထဲ ကူးပြောင်းလာတဲ့အချိန်မှာ မှတ်ညဏ်တွေမရှိဘဲ ခုမှ ပြန်ရလာတာ)

ဤသို့သော ရွှေလက်ချောင်းနှင့်ဆိုလျှင် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုခြင်းသည် အကြောင်းပြချက် ကင်းမဲ့နေသည်တော့ မဟုတ်ပေ။

ယခုအချိန်သည် ၁၉၇၆ခုနှစ် နွေဉီးရာသီ ဖြစ်ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲသည် လာမည့် ဆောင်းရာသီတွင် ကျင်းပမည်ဖြစ်သည်။ အချိန်ကြာမြင့်စွာ စာနှင့်ကင်း‌ဝေးနေခြင်းနှင့် သူမ၏ ထိန်းသိမ်းထားသော အသိဉာဏ်ဗဟုသုတများ လျော့နည်းသွားခြင်းတို့မှ ရှောင်ရှားနိုင်ရန် ချန်မန်သည် အလုပ်လုပ်ရန် မရှိဘဲ အားလပ်နေချိန်များတွင် စာအုပ်များကို လှန်လှောကြည့်ရှုကာ လေ့ကျင့်ခန်းအချို့ကို တွက်ချက်ကြည့်ခဲ့သည်။

နှစ်‌ယောက်သား စကားကောင်းနေစဉ် တစ်စုံတစ်ယောက်က ကားပြတင်းပေါက်ကို လက်နှင့်ခေါက်လိုက်သည်။

ချန်မန် လှည့်ကြည့်လိုက်သောအခါ ကားတံခါးပေါက်တွင် သူမ၏ မိခင် မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမက အံ့အားသင့်စွာနှင့် ကားမှန်ကို ချလိုက်ပြီး မေးလိုက်သည်။

“အမေ... ဘာဖြစ်လို့ အပြင်ထွက်လာတာလဲ...”

“အိမ်မှာ အပ်ချည်လုံးကုန်သွားလို့... ထောက်ပံ့ရေးနဲ့ စျေးကွက်သမဝါယမကို အခုပဲ သွားခဲ့တာ...”

သူတို့၏ စုပေါင်းအိမ်ရာဝင်းအတွင်း၌ ထောက်ပံ့ရေးနှင့်စျေးကွက်သမဝါယမဆိုင်တစ်ဆိုင် ရှိသော်လည်း ထိုဆိုင်သည် ဆိုင်အငယ်စားသာဖြစ်ပြီး ရရှိနိုင်သော ပစ္စည်းမှာလည်း အကန့်အသတ် ရှိပေသည်။ ထိုနေရာတွင် အပ်ချည်လုံးများသည် အဖြူရောင်နှင့် အနက်ရောင်သာ ရနိုင်သည်။ ဝမ့်ချိုးမိန် လိုအပ်သည်က အနီရောင်အပ်ချည်လုံး ဖြစ်သောကြောင့် တုန်ဟယ်ရှိ ထောက်ပံ့ရေးနှင့် စျေးကွက်သမဝါယမဆိုင်သို့ သွားခဲ့သည်။

ဝမ့်ချိုးမိန်သည် သမီးဖြစ်သူကို ကျော်ကာ လုဖျင်ကျိုးကို ကြည့်လိုက်ပြီး အပြုံးတစ်ချက်နှင့် မေးလိုက်သည်။

“မင်းက ရှောင်လုလား...”

“မင်္ဂလာပါ... အ‌ဒေါ်...”

လုဖျင်ကျိုးက ခေါင်းညိတ်ပြလိုက်ပြီးနောက် ကားတံခါးကို ဖွင့်ဆင်းလိုက်ကာ ကားကို ကွေ့ပတ်လျက် ဝမ့်ချိုးမိန်ရှိသည့်ဘက်သို့ လျှောက်သွားလိုက်သည်။

ဝမ့်ချိုးမိန်က ခေါင်းလှည့်လိုက်ပြီး လုဖျင်ကျိုးကို ခြေစခေါင်းဆုံး ကြည့်လိုက်ပြီး သူမ၏ အကြည့်က သူ့မျက်နှာပေါ်တွင် အဆုံးသတ်သွားသည်။

မင်းတို့သိလား... ဒီကောင်လေးက တကယ်ပဲ ကြည့်ကောင်းတယ်...

သူက အရပ်ရှည်ပြီး ချောမောခန့်ညားသော အသွင်အပြင်ရှိသည်။ သူမ၏ သမီးဖြစ်သူက သူ့ကို နှစ်သက်သည်မှာ အံ့သြစရာမရှိပေ။

ဝမ့်ချိုးမိန်ကိုယ်တိုင်ကလည်း ဤအချက်ကို အလွန်သဘောကျပေသည်။ အစောပိုင်းက သူမ၏ အလေးအနက်ထားနေသော အမူအရာသည် နွေးထွေးရင်းနှီးလာပြီး သူမ၏ လေသံကလည်း ပျော့ပျောင်းလာသည်။

“မင်းတို့ ဒီမနက် ဘယ်ကိုသွားခဲ့ကြတာလဲ... ဘာဖြစ်လို့ အစောကြီး ပြန်လာကြတာလဲ...”

“ကျွန်တော်တို့ ယန်ဇီမြစ်တံတားကို သွားခဲ့တာပါ...”
လုဖျင်ကျိုးက ချန်မန်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဤသည်က အဆုံးထိပြောရန် ခက်ခဲလှသည်။

ချန်မန်ကလည်း ကားထဲက ထွက်လာပြီး ပြောလိုက်သည်။

“သမီး ဝတ်လာတဲ့ ဖိနပ်က အဆင်မပြေတော့ သမီးခြေထောက်တွေ နာလာလို့ပါ...”

ဝမ့်ချိုးမိန်က သမီးဖြစ်သူ၏ ဖိနပ်များကို ငုံ့ကြည့်လိုက်ပြီး မည်သို့ဖြစ်နိုင်သည်ကို စဉ်းစားမိသွားလေသည်။ ထို့နောက် သူမက မေးလိုက်သည်။
“နေ့လယ်စာရော စားပြီးကြပြီလား...”

လုဖျင်ကျိုးက ဖြေလိုက်သည်။
“အပြန်လမ်းမှာ စားခဲ့ပါပြီ...”

“ဒါဆို မင်းက အခု ပြန်ဖို့ ပြင်နေတာပေါ့...”

“ကျွန်တော် ပြန်တော့မှာပါ...”

“အိမ်ရောက်တဲ့အချိန်ကျ ညစာက အဆင်သင့်ဖြစ်နေမှာလား...”

ဝမ့်ချိုးမိန်၏ မေးခွန်းက မည်သည်ကိုဆိုလိုသည်ဟု လုဖျင်ကျိုး နားမလည်သောကြောင့် ရိုးသားစွာ ဖြေဆိုလိုက်သည်။

“ညစာကို တပ်ရင်းက ကိုယ်တိုင်ယူစားသောက်ဆိုင်မှာ စားလိုက်မှာပါ...”

“ကိုယ်တိုင်ယူစားသောက်ဆိုင်မှာ စားမှာလား...”
ဝမ့်ချိုးမိန်က ငြီးငွေ့ဟန်ဖြင့် လေးတိလေးကန် ပြောလိုက်သည်။

“အဲ့လိုစားသောက်ဆိုင်မှာ နေတိုင်းစားရတာ အရမ်းငြီးငွေ့စရာကောင်းမှာပဲ...”

လုဖျင်ကျိုး၏ ဉီး‌နှောက်ထဲတွင် အကြံတစ်ချက် ပေါ်လာသောကြောင့် သူ့အသံကို နှိမ့်လိုက်သည်။

“အဒေါ် ဘာကိုဆိုလိုချင်တာပါလဲ...”

“အိမ်မှာပဲ စားလိုက်လေ... ဒီနေ့ ငါတို့ကို ငါးပို့ပေးတဲ့သူရှိတယ်... ပြီးတော့ အဒေါ်လည်း မုန်လာဥနှစ်လုံး ဝယ်ခဲ့တယ်... ဒီည တို့တွေ ငါးစွပ်ပြုတ် ချက်ကြမယ်လေ...”

ဝမ့်ချိုးမိန်သည် ဤသည်က အလွန်ကောင်းသောအကြံအစည်ဖြစ်သည်ဟု တွေးလိုက်မိပြီး တစ်ခါတည်း ဆုံးဖြတ်လိုက်သည်။

“ပြန်မနေပါနဲ့တော့... ညစာစားရအောင် အိမ်ကိုသာ လိုက်ခဲ့ပါ...”

ချန်မန်က အမြန်ဝင်ပြောလိုက်သည်။
“အမေ... စစ်တပ်စခန်းမှာက စခန်းပြန်ချိန်ကို သတ်မှတ်ထားတာ ရှိတယ်... တော်ကြာ သမီးတို့အိမ်မှာ ညစာစားနေလို့ သူနောက်ကျသွားရင် ဘယ်နှယ့်လုပ်မလဲ...”

ဝမ့်ချိုးမိန်က တုန့်ဆိုင်းသွားပြီးမှ လှည့်မေးလိုက်သည်။

“ရှောင်လု... အိမ်ကနေ မင်းတို့စခန်းကို ပြန်ရောက်ရမယ့်အချိန်က ဘယ်အချိန်လဲ...”

“ရှစ်နာရီပါ...”
လုဖျင်ကျိုးက ချန်မန်ကို တစ်ချက်ဝေ့ကြည့်ရင်း ထပ်ဖြည့်ပြောလိုက်သည်။

“အဲ့ကို ကားပြန်မောင်းဖို့က အချိန်ဆယ်မိနစ်လောက်ပဲ လိုပါတယ်...”

“ကောင်းပြီလေ... မင်းအလုပ်နောက်မကျဖို့ ဒီညတော့ ညစာကို စောစောစားကြတာပေါ့...”

လုဖျင်ကျိုးက ပြုံးပြီး ပြောလိုက်သည်။
“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် အဒေါ်... ကျွန်တော် ကားကို သော့ခတ်လိုက်မယ်နော်...”

“အေး အေး.. သော့ခတ်လိုက်ပါ...”

ဝမ့်ချိုးမိန်က သမီးဖြစ်သူကို‌ ဘေးဘက်သို့ ဆွဲခေါ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သူက နင့်ကို ညစာစားဖို့တို့ ရုပ်ရှင်ကြည့်ဖို့တို့ ခေါ်တုန်းက နင် စိတ်မညစ်နေဘူး... ဒါပေမဲ့အခု သူ့ကို အိမ်မှာ ထမင်းလေးစားဖို့ ခေါ်တာကို နင်က ဘာလို့ မပျော်မရွှင် ဖြစ်နေတာလဲ...”

ချန်မန်- “သမီး မပျော်ဘူးလေ...”
သူတို့နှစ်ယောက်သည် ယခုမှ စ၍ ချိန်းတွေ့ကြခြင်းဖြစ်ပြီး ချိန်းတွေ့ကြသည်ကလည်း ကြင်ဖက်တွေ့သည့်တစ်ခါကိုပါ ပေါင်းထည့်ကာမှ သူတို့တွေ့ကြသည်က အတိအကျ နှစ်ကြိမ်တည်းသာ ဖြစ်၏။ ရုတ်တရက်ကြီး မိဘများနှင့် တွေ့ဆုံသည့်အချိန်သို့ ရောက်သွားသည်။ သူမအနေဖြင့် သူမစိတ်ကို တကယ်ပင် ပြင်ဆင်မထားမိပေ။

ဝမ့်ချိုးမိန်က သူမဆိုလိုချင်သည်ကို နားလည်သွားပြီးနောက် ဟွန့်ခနဲ နှာမှုတ်လိုက်သည်။

“ဘယ်သူက နင့်ကို အပြစ်တင်နိုင်မှာလဲ... သူက သမီးကို ကားနဲ့တောင် လာကြိုတာ... ဒါက တကယ်ကိစ္စကြီးပဲလေ... ဘယ်သူက အမေ့ကို မပြောနဲ့လို့ ပြောထားတာလဲ...”

ထိုကာလတွင် ဘီးလေးဘီးပါသော မော်တော်ကားများမှာ အလွန်ရှားပါးပေသည်။ အလုပ်သမား သောင်းချီရှိသော စက်ပစ္စည်းစက်ရုံကဲ့သို့သော စက်ရုံကြီးဖြစ်လင့်ကစား ထိုစက်ရုံတွင် ဘတ်စ်ကား တစ်စီးသာ ရှိသည်။ အကယ်၍ စက်ရုံခေါင်းဆောင်များသည်ပင် ထိုကားကို မောင်းနှင်လိုပါက ကြိုတင်၍ ခွင့်ပြုချက် တောင်းခံရပေသည်။ သူတို့ကဲ့သို့သော သာမန်အလုပ်သမားများမှာ ထိုဘတ်စ်ကားကို ရက်အနည်းငယ်စီးနင်းခြင်းဖြင့်သာ နှစ်သိမ့်နေရလေသည်။

ထို့ကြောင့် လုဖျင်ကျိုးမောင်းလာသော ကားသည် ထင်းခနဲ မြင်သာကာ မည်မျှပင် မျက်စိဖမ်းစားနိုင်ကြောင်း မြင်သာနိုင်၏။ ကားပေါ်တက်ခြင်းနှင့် ကားပေါ်မှဆင်းခြင်းဟူသော အဖြစ်အပျက်နှစ်ခု ဖြစ်ပြီးနောက် ရက်သတ္တတစ်ပတ်အတွင်းမှာပင် သူမ၏သမီးဖြစ်သူတွင် ရည်စားကောင်လေး ရှိနေပြီးဖြစ်ပြီး ထိုသူသည် အရာရှိတစ်ယောက်ဖြစ်ကြောင်း သတင်းသည် စုပေါင်းအိမ်ရာတစ်ဝင်းလုံးသို့ ပြန့်နှံ့သွားခဲ့လေပြီ။

ချန်မန်က ထိုအကြောင်းနှင့်ပတ်သက်၍ မည်သည်ကိုမျှ မသိသေးသည်က သနားဖွယ်ရာပင်။ အချိန်တစ်ခုထိရောက်အောင် သူမ၏ မိသားစုအတွက် သိုသိုသိပ်သိပ်နေခဲ့ပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေသည်။

နင့်ဖျင်ကြီးကို ထိန်းသိမ်း...

သို့သော်လည်း ဝမ့်ချိန်းမိန်ကလည်း ချန်မန်သည် ဤသည်နှင့်ပတ်သက်လျှင် သူမကို အပြစ်မတင်နိုင်ကြောင်း သိထားပေသည်။ ပထမဆုံးအကြိမ် ချိန်းတွေ့သော အချိန်တွင် မိန်းကလေးငယ်လေးတစ်ယောက်အနေဖြင့် ဘယ်အရာကို သိပါမည်နည်း။

အမှန်တကယ်မှာ လုဖျင်ကျိုးက ကားမောင်း၍ သူမကို လာကြိုခြင်းသည် ဆိုးဝါးသော အရာတစ်ခုမဟုတ်ပေ။ ထိုကာလက အစိမ်းရောင် စစ်တပ်ဝတ်စုံသည် လူအများကြားတွင် ရေပန်းစားလေသည်။ သင်က စစ်တပ်နှင့် ပတ်သက်မှုမရှိလျှင်ပင် အစိမ်းရောင်စစ်တပ်အဝတ်အစားများကို ရနိုင်ပါက ဆင်တူအောင် လုပ်ကြပေမည်။ အကယ်၍ စစ်တပ်နှင့် ပတ်သက်မှု ရှိခဲ့ပါက ဝတ်စုံအဟောင်းတစ်စုံကို ရနိုင်မည်ဖြစ်ပြီး ထိုဝတ်စုံကို လျှော်ဖွတ်၍ ပြုပြင်ဖာထေးပြီးနောက် အပြင်ထွက်ချိန်တွင် ဝတ်ဆင်ရုံမျှနှင့်ပင် အလွန်အထင်ကြီးခံရပေလိမ့်မည်။

လုဖျင်ကျိုးသည် သူက စစ်သားတစ်ယောက်ဖြစ်သည်ဟု ပြောခဲ့သော်လည်း သူ၏ အထောက်အထားများနှင့်ပတ်သက်၍ ဝမ့်ချိုးမိန်က အမြဲလိုလိုပင် သံသယ ဝင်နေခဲ့သည်။ အဆုံးဆိုရလျှင် သူသည် ညစာလာစားနေကျ ဧည့်သည်တစ်ယောက်မျှသာ ဖြစ်ပြီး သူ့ကို မိတ်ဆက်ပေးခဲ့သော အဒေါ်လောပင်လျှင် ဤသည်က သူ့အခြေအနေအမှန်ဟုတ်သည် မဟုတ်သည်ကို မသိပေ။

သူက အမှန်ပင် စစ်သားတစ်ယောက်ဖြစ်ခဲ့လျှင် ဤသည်က ကောင်းပေသည်။ အကယ်၍သာ သူက လူများကို အရူးလုပ်ရန် စစ်တပ်ဝတ်စုံများကို ဝတ်ဆင်တတ်သည့် စစ်တပ်နှင့်အဆက်အသွယ်ရှိသော သာမန်လူတစ်ယောက်မျှသာဆိုလျှင် သူမသမီးထံတွင် မည်သည့်ကိစ္စမျိုး ဖြစ်လာမည်နည်း။ သူမ ငိုချင်လျှင်ပင် ငိုရန်နေရာမရှိ ဖြစ်နေပေတော့မည်။ (ဘယ်သူမှ မသိအောင် တိတ်တိတ်ငိုနေရမယ်လို့ ပြောချင်တာပါ)

ယခုအခါ ထိုကားကို မြင်လိုက်ရချိန်တွင် ဝမ့်ချိုးမိန်သည် ယုံကြည်မှုကို အဆုံးသတ်၌ ခံစားလိုက်ရလေသည်။

လုဖျင်ကျိုး၏ ကိုယ်ရေးကိုယ်တာအချက်များသည် မှန်သည်လော မှားသည်လော မသိနိုင်သော်ငြားလည်း အရာရှိတစ်ယောက်ဟူသော သူ၏ အထောက်အထားကမူ အတိအကျပင် မှန်ကန်ပေသည်။ စစ်တပ်တွင် စည်းမျဉ်းစည်းကမ်းများ ရှိသည်။ အရည်အချင်းမရှိသော သာမန်လူကို မဆိုထားနှင့် အမှန်တကယ် စစ်သားတစ်ယောက်ဖြစ်နေလျှင်ပင် ခွင့်ပြုချက်လည်း ရစေကာမူ ကားတစ်စီးကို ငှားရမ်းလာနိုင်ရေးမှာ မဖြစ်နိုင်ပေ။

လုဖျင်ကျိုး၏ အထောက်အထားများနှင့် ပတ်သက်၍ ပြဿနာမရှိကြောင်း အတည်ပြုပေးရန်နှင့် သူတို့အကြောင်း အများသိအောင် မပြောမီ သူတို့၏ ဆက်ဆံရေးသည် တည်ငြိမ်မှုရှိမရှိတို့အား သူမက တစ်စုံတစ်ယောက်ကို အမှန်ပင် မေးမြန်းချင်ခဲ့သည်။ သို့သော် ယခုမူ ကိစ္စရပ်များသည် ရှေ့ဆက် ဖုံးကွယ်ထားရန် မလိုတော့ဘဲ လုဖျင်ကျိုး၏ အထောက်အထားတွင်လည်း မည်သည့်ပြဿနာမှ မရှိဟု ဝမ့်ချိုးမိန် တွေးလိုက်မိ၏။ တတ်နိုင်သမျှ မြန်မြန် ဖြတ်လမ်းလိုက်ခြင်းက ပို၍ ကောင်းမည်ဟု စဉ်းစားလိုက်မိလေသည်။

ချိန်းတွေ့သည်အထိ‌ ဖြစ်လာပြီးချိန်တွင် ထိုအကြောင်းကို ဖုံးကွယ်ထားသည်ထက် ပွင့်ပွင့်လင်းလင်း ရှိလိုက်ခြင်းက ပို၍ ကောင်းပေသည်။

ကားကို သော့ခတ်လိုက်ပြီးနောက် လုဖျင်ကျိုးက သူတို့နှင့် အတူ လိုက်လာပြီး သူတို့သုံးယောက်သည် ဘေးချင်းယှဉ်၍ စုပေါင်းအိမ်ရာဝင်းဆီသို့ လျှောက်လာကြလေသည်။

ထိုအချိန်တွင် အိမ်ရာခြံဝင်းထဲ၌ လူစည်ကားနေသည်။ လူအချို့က ထိုင်ကာ စကားစမြည်ပြောနေကြပြီး အချို့ကလည်း အညောင်းပြေအညာပြေ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေကြသည်။ သူတို့အားလုံးသည် ဝမ့်ချိုးမိန်နှင့် သမီးဖြစ်သူ၏ ဘေးတွင် သူစိမ်းလူငယ်တစ်ယောက် ပါလာသည်ကို မြင်လိုက်ရသောအခါ စေ့စေ့စပ်စပ် ကြည့်နေကြပြီး မည်သူမည်ဝါဆိုသည်ကို စပ်စုကြတော့သည်။

ဝမ့်ချိုးမိန်ကလည်း ဖုံးကွယ်မထားတော့ဘဲ လုဖျင်ကျိုးအကြောင်းကို မိတ်ဆက်ပေးလိုက်ရင်း ပြောလိုက်သည်။

“သူက ဒီကိုလာတယ်ဆိုတာ အဓိကက မန်မန့်ကို ပြန်ပို့ချင်လို့ပါ... အဲ့ဒါကို ကျွန်မက မထင်မှတ်ဘဲ သူနဲ့ ဆုံလိုက်ရတယ်လေ... သူ့နဲ့ မထင်မှတ်ပဲတောင် ဆုံနေမှတော့ ကျွန်မအိမ်ကို မဖိတ်ခဲ့ဘူးဆိုရင် မသင့်တော်ဘူးလို့ ကိုယ့်ဘာသာကိုယ် တွေးမိတာနဲ့ပဲ သူ့ကို အိမ်ရာဝင်းထဲကို ခေါ်လာလိုက်တာပါ...”

လူတိုင်းက ခေါင်းညိတ်ပြကာ ဝိုင်းစပ်စုကြတော့သည်။
“မင်း ဘယ်ဒေသက လာတာလဲ... ရှောင်လု... ဒီနှစ်မှာဆို မင်းအသက်ဘယ်လောက်လဲ...”

“ရှောင်လု... မင်းကို တစ်ချက်ကြည့်လိုက်တာနဲ့ မင်းက စစ်သားလို့ ထင်ရတယ်... မင်းဝတ်စုံတွေ ကြည့်ရသလောက်တော့ မင်းက လေတပ်က စစ်သားလား...”

“ရှောင်လု...”

လုဖျင်ကျိုးသည် အတောမသတ်နိုင်သော အမျှင်မပြတ်နိုင်သော မေးခွန်းများကြောင့် စိတ်အနှောင့်အယှက် မဖြစ်ပေ။ ဝမ့်ချိုးမိန်က အရင်ပြောလိုက်သည်။

“တော်လောက်ပြီနော်... ဒါက ကျွန်မသမီးရဲ့ ရည်းစားကောင်လေးပါ... ကျွန်မတောင် ခုထိ ဘာမှ မမေးရသေးတာကို ရှင်တို့က ဘာလို့ မေးခွန်းပေါင်း သောင်းခြောက်‌ထောင် လျှောက်မေးနေတာတုန်း... ဒီလောက်တောင် စပ်စုချင်ရင်လည်း ကိုယ့်သမီးတွေကိသာ အရင်ဆုံး ရည်းစားရှာခိုင်းလိုက်ကြဦး... ရှောင်လု... လာ သွားစို့...” (စွာလိုက်တဲ့ယောက္ခမကြီး)

သူမက ဝိုင်းကြည့်နေသော လူအုပ်ကြီးကို ဖြတ်လျှောက်လိုက်ပြီး အိမ်ရာဝန်းအမှတ် ၂၇ သို့ ဦးတည်လိုက်သည်။

ဝန်းအမှတ်၂၇ထဲသို့ ဝင်သွားပြီးချိန်တွင်လည်း သူတို့က တဖန် မေးခွန်းများ‌ မေးကြပြန်သည်။ ကံကောင်းသည်က ထိုနေရာတွင် လူအနည်းငယ်သာရှိပြီး မိနစ်အနည်းငယ်တွင်း လူအုပ်ကို ဖောက်ထွက်လာနိုင်ခဲ့ကြသည်။

ဝမ့်ချိုးမိန်က လုဖျင်ကျိုးကို အိမ်ထဲသို့ ခေါ်လာပြီးနောက် လက်ဖက်ရည်တစ်ခွက် ငှဲ့ထည့်ပေးလိုက်ပြီး ပြောလိုက်၏။
“ဒီအိမ်ရာဝင်းထဲက လူတွေကလေ သိပ်စပ်စုကြတာပဲ... စိတ်ထဲမထားပါနဲ့...”

“ရပါတယ်... ဒါက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ကျွန်တော်ထင်မိပါတယ်...”

လုဖျင်ကျိုးက မတ်တတ်ရပ်ပြီး လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။ ထို့နောက် လှည့်ပတ်ကြည့်လိုက်ပြီး မေးလိုက်သည်။

“ဦးလေးက အိမ်မှာ မရှိဘူးထင်တယ်...”

“စစ်တုရင်ကစားတဲ့လူတွေနားမှာ အဒေါ်သွားရှာလိုက်ဦးမယ်...”

ဝမ့်ချိုးမိန်က ပြောလိုက်သည်။
“မင်းတို့ ခဏလောက် ထိုင်နေကြဉီး... အ‌ဒေါ်က ငါးကိုင်ပြီးတော့ ညစာစောစောချက်ဖို့ ပြင်လိုက်ဉီးမယ်...”

လုဖျင်ကျိုးက လက်ဖက်ရည်ခွက်ကို လျင်မြန်စွာ ပြန်ချလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် ကူလုပ်ပေးမယ်...”

“မလိုပါဘူးကွယ်... ဒီနေ့က မင်း ဒီအိမ်ကို လာလည်တဲ့ ပထမဆုံးနေ့ဖြစ်နေတာကို အဒေါ်က မင်းကို အလုပ်လုပ်ခွင့် မပေးနိုင်ပါဘူးနော်...”

ဝမ့်ချိုးမိန်က ပြုံးရင်း ပြောလိုက်သည်။

“နောက်တစ်ခါပေါ့... နောက်တစ်ခါ မင်းလာတဲ့အခါ မင်းမလုပ်ချင်ဘူးဆိုလည်း ရပါတယ်...”

လုဖျင်ကျိုးကလည်း ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

“ကျွန်တော်ကလည်း မျှော်နေမှာပါ... ကျွန်တော်လာတဲ့အချိန်တိုင်း အဒေါ် ကျွန်တော့်ကို ခိုင်းလို့ရပါတယ်...”


💝💝💝👩‍❤️‍👨Chapter 18
 á€Ąá€á€źá€ąá€Ąá€”္ဥဏး မေးမြန်းခြင်း

@မင်းလည်း မငယ်တော့ဘူးဆိုပေမယ့် မင်းကို စစ်တပ်ထဲက ဘယ်သူကမှ တစ်ယောက်ယောက်နဲ့ မိတ်ဆက်မပေးဘူးလား@


ဝမ့်ချိုးမိန်က ခေါင်းညိတ်ပြလိုက်ပြီး ချန်မန်ကို သူ့အား ကောင်းမွန်စွာ ဧည့်ခံထားရန် မှာကြားပြီးနောက် ငါးထည့်ထားသော ခြင်းကို ယူကာ အပြင်သို့ ထွက်သွားလေသည်။ ဧည့်ခန်းမှာ တဖန်ပြန်လည်၍ တိတ်ဆိတ်သွားလေသည်။

ဧည့်သည်ကို ဧည့်ခံရန် တာဝန်မှာ သူမဆောင်ရွက်ရမည်ဟု ချန်မန်သိသော်လည်း လုဖျင်ကျိုး၏ ရှေ့မှောက်တွင် သူမ၏ အခြေအနေသည် အလွန်သက်သောင့်သက်သာဖြစ်ခြင်းနှင့် အလွန်စိတ်တင်းကျပ်ခြင်းဟူသော အစွန်းနှစ်ဖက်သို့ လွယ်ကူစွာပင် ရောက်သွားနိုင်လေသည်။

မနက်ခင်းအချိန်က ဘတ်စ်ကားမှတ်တိုင်တွင် သူတို့နှစ်ဦး၏ စကားဝိုင်းသည် ရှေ့ပိုင်းတွင် သေသေချာချာပင် ရှင်းလင်းနေခဲ့ပြီး နောက်ပိုင်းတွင် ယခုအချိန်၌ သူမသည် အလွန်ပင် ရှက်ရွံ့နေပြီး စကားကို မည်သည်က စပြောရမည်ပင် မသိချေ။

လုဖျင်ကျိုးသည်ကား သူမရှေ့မှောက်တွင် ရှိစေကာမူ ထိုသို့ဒုက္ခရောက်နေခြင်းမဟုတ်သည်မှာ အတိအကျပင်။ သူက အလွန်ကို သက်သက်သာသာဖြင့် စကားဝိုင်းကို စတင်လို်သည်။
“မင်း ဖိနပ်လဲချင်သေးလား...”

“ဟင်...”

“မင်းခြေထောက်တွေ မနာဘူးလား...”

ထိုအခါမှပင် ချန်မန် အမှတ်ရသွားပြီး မရေမရာဟန်ဖြင့် မေးလိုက်သည်။
“ဒါဆိုလည်း ကျွန်မ အခန်းထဲကို ခဏလောက် သွားလို့ရမလား...”

“သွားပါ...”

ချန်မန်က တုန့်ဆိုင်းမနေတော့ပေ။ သူမက မတ်တတ်ရပ်လိုက်ပြီး သူမ၏အခန်းထဲသို့ ဝင်သွားကာ သားရေဖိနပ်နှင့် ခြေအိတ်များကို ချွတ်ပစ်လိုက်သည်။ ခြေထောက်ကို ကြည့်ရန်အတွက် အိပ်ရာကုတင်အစွန်းတွင် ထိုင်လိုက်ပြီး သူမ၏ ခြေဖနောင့်နောက်ဘက်တွင် အရည်ကြည်ဖုများ တကယ်ပင် ရှိနေသည်ကို တွေ့လိုက်ရလေသည်။

သူမက ထိုအရည်ကြည်ဖုများကို ညှစ်ပစ်ရန် ကြိုးစားကြည့်သော်လည်း သူမကိုယ်တိုင် မလုပ်နိုင်ပေ။ မျက်ရည်များသာ ထွက်လာသော်လည်း ထိုအဖုများက ပေါက်မသွားပေ။

သူမက အပြင်သို့ ထွက်လာလုဆဲဆဲတွင် တံခါးခေါက်သံတစ်ချက် ကြားလိုက်ရပြီး လုဖျင်ကျိုး၏ အသံက ဆက်တိုက်ထွက်ပေါ်လာသည်။
“မန်မန်ရေ...”

ချန်မန်က မတ်တတ်ရပ်လိုက်ပြီး တံခါးကို ဖွင့်ကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲဟင်...”

“မင်းခြေထောက်ဘယ်လိုနေလဲ မေးချင်လို့ပါ...”
လုဖျင်ကျိုး၏ မျက်ဝန်းများက မျက်ရည်ဝဲနေသော ချန်မန်၏ မျက်ဝန်းအစုံကို မြင်သွားလေသည်။
“အခု မေးဖို့မလိုတော့ဘူးဆိုတော့ ကိုယ်ကြည့်ပေးမယ်လေ...”

ချန်မန် ခြေလှမ်းတစ်ဝက်ခန့် နောက်ဆုတ်လိုက်မိသည်။
“ဘာပြောလိုက်တယ်...”

“မင်းခြေထောက်ကို ကိုယ်ကြည့်ပေးပါရစေလို့...”

“အဲ့တာက တအားကြီးမဆိုးပါဘူး...”
ချန်မန်က သက်သက်သာသာဖြင့် ငြင်းပယ်လိုက်ချင်သော်လည်း လုဖျင်ကျိုး၏ လေးနက်သော အမူအရာကို မြင်လိုက်ရသောအခါ သူမက လေသံကို တစ်ဆင့်လျှော့ချလိုက်သည်။

“အရည်ကြည်ဖုလေး တစ်ဖုထဲပါ.. သိပ်မဆိုးပါဘူး...”

“ပေါက်သွားပြီလား...”

“ကျွန်မ...”

ချန်မန်က ခေါင်းငုံ့လိုက်သည်။
“ကျွန်မ အဲ့ဒါကို ဖောက်လို့မရဘူး...”

“ကိုယ်ကူညီပေးမယ်လေ...”

“အဲ့ဒါက မဟုတ်သေးဘူးလေ.. ဟုတ်တယ်မို့လား”

“ဘာဖြစ်လို့လဲ...”

“တကယ်ကျတော့ ကျွန်မတို့က ခုမှ ချစ်သူစုံတွဲဖြစ်တာလေ...”

သူတို့နှစ်ယောက်သည် ယခုမှ စတင်ပြီး ချိန်းတွေ့ကာစဖြစ်ပြီး အိမ်‌ထောင်သက်တမ်း ရင့်နေသော လက်ထပ်ပြီးစုံတွဲ မဟုတ်သေးပေ။ သူမ၏ အရည်ကြည်ဖုကို သူက ကူညီ၍ ဖောက်ပေးခြင်းသည် အတော်ပင် ထူးဆန်းသည်ဟု ခံစားရသည်။

လုဖျင်ကျိုးက ချန်မန် မည်သည်အဓိပ္ပာယ်ကို ဆိုလိုချင်ကြောင်း နားလည်လိုက်ပြီးနောက် ပြောလိုက်သည်။

“ဒါက ကိစ္စအကြီးကြီးလို့ ကိုယ်ကတော့ မထင်ပါဘူး... ကိုယ်တို့က စုံတွဲတွေလေ... ပြီးတော့လည်း နောင်အနာဂတ်ကျရင် ခင်ပွန်းနဲ့ ဇနီးမယား ဖြစ်လာကြမှာပဲ... ကိုယ်တို့ကြားက ဆက်ဆံရေးက ရင်းနှီးသထက် ရင်းနှီးလာမှာပဲလေ...”

သူမက ရှက်ရွံ့သွားသည်ကို မြင်ရသောကြောင့် သူက ရည်ရွယ်ချက်ကို ပြောင်းကာ ပြောလိုက်သည်။

“ဟုတ်ပါပြီ... မင်းရှက်နေတယ်ဆိုရင် မင်းကို ကူညီပေးဖို့ အ‌ဒေါ့်ကို ကိုယ်သွားပြောပေးမယ်... ကိုယ်က ငါးကိုင်လိုက်မယ်... ဘာပဲပြောပြော ဒီအရည်ကြည်ဖုတွေကိုတော့ ကိုယ်က ဒီအတိုင်း မထားဘူးနော်...”

လုဖျင်ကျိုးက ကေဒါဖြစ်ရန် ထိုက်တန်သည်ဟု ချန်မန် ခံစားလိုက်ရသည်။ သူပြောသည်က အလွန်ပင် တည့်တိုးဆန်‌သော်လည်း သူမက တကယ်ပင် ယုံကြည်လက်ခံလိုက်ပြီး နက်ရှိုင်းသော အသံနှင့် ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း အသာလေးလုပ်ပေးနော်...”

“ကောင်းပါပြီ...”


အရည်ကြည်ဖုများအား ဖောက်ပစ်သည့်အလုပ်သည် ဟိုဟိုသည်သည် ချိန်ရွယ်နေခြင်းမရှိသဖြင့် အချိန်လည်း သိပ်မယူလိုက်ရပေ။ လုဖျင်ကျိုးက လျင်မြန်စွာနှင့် တိကျစွာ စတင်လိုက်ပြီး ချန်မန်ပင် မျက်လုံးမမှိတ်လိုက်ရသေးမီပင် အကုန်ပြီးသွားလေပြီ။

အရည်ကြည်ဖုက ပေါက်သွားပြီးနောက် အရည်ပျစ်ပျစ်များ စီးထွက်လာသည်။ ထိုအခါမှပင် ထိုအရည်များကို သုတ်ပစ်ရန် ပုဝါတစ်ထည်ကို ရှာမထားမိကြောင်း ချန်မန်က အမှတ်ရသွား၏။ လုဖျင်ကျိုးကို ပုဝါကို ရှာ၍ သုတ်ပေးရန်အား ပြောဟန်ပြင်လိုက်စဉ်မှာပင် သူက သူ့ဘောင်းဘီအိတ်ထဲရှိ လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူလိုက်ပြီး အရည်ကြည်ဖုကို ထိုလက်ကိုင်ပုဝါနှင့် သုတ်လိုက်သည်ကို မြင်လိုက်ရလေသည်။

“ရှင်...”

ချန်မန်ဆိုလိုချင်သည်ကို သူက နားလည်မှုလွဲသွားဟန်ဖြင့် သူက ရှင်းပြလိုက်သည်။

“ဒါက သန့်တယ်နော်... ကိုယ် ဒါကို ဒီနေ့ တစ်ခါမှ မသုံးရသေးပါဘူး...”

“ကျွန်မက အဲ့ဒါကို ပြောချင်မဟုတ်ဘူး... အဲ့တာက...”

ချန်မန်က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီးမှ ပြောလိုက်သည်။
“ရှင့်ကို လက်ကိုင်ပုဝါ ဆောင်ထားလိမ့်မယ်လို့ ကျွန်မ ထင်မထားမိလို့ပါ...”

“ကိုယ်က ဆောင်လေ့ မရှိပါဘူး... ဒါပေမဲ့ ဒီနေ့က ထူးခြားတယ်လေ...”

ချန်မန် နားလည်သွားပြီး သူမ၏ခြေထောက်ပေါ်ရှိ လက်ကိုင်ပုဝါကို ငုံ့ကြည့်လိုက်သည်။

“ရှင့်မှာ တခြားလက်ကိုင်ပုဝါရှိသေးလား...”
ဤလက်ကိုင်ပုဝါမှာ သူမ၏ ခြေထောက်ကို သုတ်ရန် သုံးလိုက်ပြီဖြစ်သောကြောင့် ထိုတစ်ထည်ကို နောင်တွင် ပြန်မသုံးနိုင်တော့မည်မှာ သေချာသလောက်ပင်။

“မရှိဘူး...”

“ဒါဆိုရင်... ကျွန်မ ရှင့်ကို တစ်ထည်အစားပြန်‌ပေးမယ်နော်...”

ချန်မန်က ပြောလိုက်သော်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိပေ။

“ဒါပေမဲ့ ကျွန်မက အချုပ်အလုပ်မှာ သိပ်မတော်ဘူး... အလှဆင်ပန်းထိုးလည်း မထိုးတတ်ဘူး... ပြီးတော့ အနားကွပ်တာလည်း သာမန်လောက်ပဲ...”

လုဖျင်ကျိုး၏ နှုတ်ခမ်းထောင့်များက ကော့တက်လာသည်။
“ကိုယ့်အတွက် လက်ဆောင်က ဘယ်ချိန်လောက်ဆို ရမှာလဲ...”

“ရက်နှစ်ဆယ်လောက်တော့ ကြာမယ်ထင်တယ်... အင်းပါလေ... ဟုတ်ပါပြီ... ကျွန်မ တတ်နိုင်သမျှ မြန်မြန်ပေးနိုင်အောင် ကြိုးစားပါ့မယ်...”

“ကိုယ်စောင့်နေပါ့မယ်...”

.....

ဝမ့်ချိုးမိန်သည် တစ်နေ့လုံးပင် လုဖျင်ကျိုး၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား စူးစမ်းလိုသော အိမ်ရာဝင်းထဲရှိ လူများ၏ ဆွဲခေါ်ကာ မေးမြန်းခြင်းကိုခံနေရလေသည်။ ညစာစားရန် စားပွဲတွင် ထိုင်လိုက်သည်နှင့် သူမက လုဖျင်ကျိုးကို မေးခွန်းများစွာ မေးမြန်းခဲ့ပြီး အင်တာဗျူးသူများထဲတွင် သူမ၏ ခင်ပွန်းနှင့် သားဖြစ်သူပါ ပါဝင်ခဲ့သည်။

တစ်ယောက်က သူ၏ ဇာတိရပ်မြေက မည်သည့်နေရာဆိုသည်နှင့် သူ့တွင် မိသားစုဝင် မည်မျှ ရှိသည်ကို မေးမြန်းခဲ့ပြီး...နောက်တစ်ယောက်က သူ၏ ပညာအရည်အချင်းနောက်ခံနှင့် အဆုံးသတ်တွင် မည်ကဲ့သို့ စစ်တပ်ထဲသို့ ဝင်ရောက်လာသည်ကို မေးမြန်းလေသည်။ 

သူတို့အားလုံးသည် ညီညီညွတ်ညွတ်နှင့်‌ ဆောင်ရွက်နေကြပြီး လုဖျင်ကျိုး၏ ၂၆နှစ်တာကာလအား မည်ကဲ့သို့ ကုန်ဆုံးခဲ့သည်ဟူသော အတွေ့အကြုံများကို တစ်ခုချင်းစီ အသေးစိတ် နှိုက်ထုတ်ရန် ဆန္ဒပြင်းပြနေကြသည်။

သူတို့၏ ပူပင်စိုးရိမ်မှုများကို လုဖျင်ကျိုးက နားလည်သောကြောင့် သူက အလွန်တိကျစွာ အသေးစိတ်ထိ ရှင်းလင်းပြောပြလေသည်။

“ကျွန်တော်က ပေကျင်းမှာ မွေးခဲ့ပြီးတော့ အဲ့ဒီမှာ နှစ်နည်းနည်းလောက်ပဲ နေခဲ့ပါတယ်... ကျွန်တော် ငါးနှစ်ခြောက်နှစ်လောက်မှာ ကျွန်တော့်မိဘတွေနဲ့အတူ ယူနန်စီရင်စုကို ပြောင်းခဲ့ကြပါတယ်... ကျွန်တော့်အဖေက ခုထိ သက်ရှိထင်ရှားနေပြီးတော့ အမေကတော့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ကွယ်လွန်သွားပါတယ်... အမေဆုံးပြီး ဆယ်နှစ်လောက်ကြာတော့ ကျွန်တော့်အဖေက နောက်အိမ်ထောင်ပြုလိုက်ပါတယ်... အိမ်ထောင်ပြုပြီး နှစ်နှစ်ကြာတော့ ကျွန်တော့်မှာ ညီလေးတစ်ယောက် ရှိနေပါပြီ...”

“ကျွန်တော့်အဖေက စစ်သားလေ... ပြီးတော့ ကျွန်တော်က စစ်တပ်စုပေါင်းအိမ်ရာမှာပဲ ကြီးလာတာဆိုတော့ တခြားအလုပ်လုပ်ဖို့ မစဉ်းစားမိတာ ကျောင်းတက်နေကတည်းကပဲ... အထက်တန်းလည်း အောင်ပြီးသွားရော ကျွန်တော်က စစ်တပ်ကျောင်းကိုပဲ ဆက်တက်ခဲ့လိုက်တယ် (ကောလိပ်ကို ဆိုလိုချင်ဟန်တူ)... ဘွဲ့ရပြီးကျောင်းပြီးတာနဲ့ လင်းကျန်းမြို့က မြို့စောင့်တပ်မှာ တာဝန်ကျပါတယ်... လက်ရှိတော့ ကျွန်တော်က ဒုတိယတပ်ရင်းမှူးရာထူးနဲ့ လစာကတော့ တစ်လကို ၁၀၀...”

“အဟမ်း...”
ဝမ့်ချိုးမိန်က ချောင်းဟန့်လိုက်ပြီး လုဖျင်ကျိုးကို စကားစဖြတ်လိုက်သည်။ 

“လစာအကြောင်းကတော့ မန်မန့်ကိုပဲ ပြောလိုက်ပါလေ... တို့များရှေ့မှာ အဲ့လောက်အသေးစိတ်ထိ ရှင်းပြနေဖို့ မလိုပါဘူး...”

လုဖျင်ကျိုးက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ...”

လုဖျင်ကျိုး၏ မိသားစုအခြေအနေကို နားထောင်ပြီးသောအခါ ဝမ့်ချိုးမိန်သည် အခြေခံအားဖြင့် ကျေနပ်သွားပြီးနောက် အဓိကအကျဆုံးသော မေးခွန်းကို မေးလာလေသည်။

“မင်းကလည်း မငယ်တော့ဘူးပဲကို... တပ်ထဲမှာ မင်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်တဲ့သူ မရှိဖူးဘူးလား...”

ထိုမေးခွန်းကို ကြားလိုက်သည်နှင့် စားပွဲတွင် အတူထိုင်နေကြသူများအားလုံးက သူ့ကို ဝိုင်းကြည့်နေကြရာ ထိုအထဲတွင် ချန်မန်လည်း အပါအဝင်ဖြစ်သည်။

လုဖျင်ကျိုးက သူ၏ တူများကို ချထားလိုက်ပြီး သူပြောမည့်စကားလုံးကို ဂရုတစိုက်ရွေးချယ်လိုက်သည်။

အမှန်မှာ အဒေါ်လောသည်လည်း ဤမေးခွန်းကို မေးခဲ့ပြီး သူကလည်း သူ့အတွေးထဲတွင် သူ့အလုပ်သာ ရှိကြောင်းနှင့် အိမ်ထောင်ပြုရန် မည်သည့်အခါမျှ မစဉ်းစားခဲ့ဖူးကြောင်း ဖြေခဲ့ဖူးသည်။ သူက လိမ်ပြောခဲ့ခြင်း မဟုတ်သော်လည်း အခြားသူများ၏ စိတ်ခံစားချက်များကို သိရှိနိုင်စွမ်း မရှိစေကာမူ ချစ်သူမိန်းကလေး၏ မိဘများရှေ့တွင် ဖြေဆိုရခြင်းသည် မည်သို့မျှ ယှဉ်၍ မရနိုင်ကြောင်း သူသိပေသည်။

လုဖျင်ကျိုးက သတိထား၍ စကားကိုပြောလိုက်သည်။
“စစ်ကောလိပ်ကနေ ဘွဲ့ရပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော့်ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်တဲ့သူတွေ ရှိခဲ့ပါတယ်... ဒါပေမဲ့ တပ်ထဲမှာ စပြီးတော့ တာဝန်ထမ်းဆောင်တဲ့ အချိန်တုန်းက ကျွန်တော့်ရဲ့ ရာထူးက သိပ်မမြင့်သေးတော့ တပ်ထဲမှာ နေစရာနေရာ ရဖို့အတွက် သတ်မှတ်ချက်နဲ့ မမီသေးဘူး... ကျွန်တော်ရဲ့ ကိုယ်ပိုင်ဆန္ဒက မိသားစုနဲ့ ခွဲပြီးတော့ မနေချင်ဘူးလေ... ထပ်ဖြည့်ပြောရဦးမယ်ဆိုရင်တော့ ငယ်တုန်းရွယ်တုန်းအချိန်ဆိုတော့လဲ အလုပ်ကိုပဲ အာရုံစိုက်ပြီး လုပ်ချင်ခဲ့တော့ မိတ်ဆက်ပေးမယ့်သူတိုင်းကို ကျွန်တော် ငြင်းခဲ့တာပါ...”

“အဲ့ဒါပြီးတော့ရော...”

“အဲ့ဒီနှစ်နှစ်လောက်အတွင်းကို ကျွန်တော်က လူတွေအများကြီး ငြင်းခဲ့လို့နဲ့တူပါတယ်... ကြားထဲကနှစ်တွေမှာ ကျွန်တော့်ကို ဘယ်သူမှ တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ မပြောကြတော့ဘူး‌... ပြီးခဲ့နှစ်မတိုင်ခင်အထိ ဒီအကြောင်းကို ဘယ်သူကမှ အမှတ်ရမနေကြတော့ဘူး... ဒါပေမဲ့ ဒီဘက်ပိုင်းအချိန်တွေကျတော့ ကျွန်တော်က ရာထူးတိုးဖို့အတွက် အရေးကြီးတဲ့အချိန်ပိုင်း ဖြစ်နေတော့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာတွေကို တွေးဖို့အတွက် တကယ်ကို အင်အားမကျန်တော့ဘူး...”
လုဖျင်ကျိုးက ဆက်ပြောနေသည်။

“ဒီနှစ်အစပိုင်းမှာ ကျွန်တော်က ဒုတပ်ရင်းမှူးအဖြစ် ရာထူးတိုးခံရပြီးတော့ အဲ့ဒီအချိန်နောက်ပိုင်းမှာ မန်မန့်ကို တွေ့ခဲ့တာပါပဲ...”

ချန်ကျင်း၏ ခေါင်းထဲတွင် အတွေးများ ပြည့်နှက်နေလေသည်။

“ဒီလိုဆိုတော့ မင်းတို့နှစ်ယောက်က မိုးကောင်းကင်က တွဲဖက်ပေးလိုက်တာပဲလား...”

သူပြောသည်ကို လုဖျင်ကျိုးအနေဖြင့် သဘောမတူလိုသော်လည်း သူ၏ ယောက်ဖကို ချီးမွမ်းသည့် အကြည့်တစ်ချက် ပေးလိုက်သည်။ တစ်ခါတစ်ရံ သူ ထိုအကြောင်းကို တွေးမိတိုင်း သူနှင့် ချန်မန်သည် အမှန်ပင် ရေစက်ပါသည်ဟု သူလည်း ခံစားမိပေသည်။

အကယ်၍ သူတို့သည် နှစ်ဝက်မျှ စော၍ဖြစ်စေ နောက်ကျ၍ဖြစ်စေ ဆုံတွေ့ခဲ့လျှင် အရာရာသည် ဤမျှလောက် ချောမွေ့လွယ်ကူနေမည် မဟုတ်ပေ။

ဝမ့်ချိုးမိန်သည် လုဖျင်ကျိုး၏ အဖြေများကို အရင်းခံအားဖြင့် ကျေနပ်သွားပြီ ဖြစ်သောကြောင် ထပ်မံ၍ မမေးတော့ပေ။ သူ့အစား ချန်စုဝေ့က ပြောလာသည်။

“မင်းရဲ့ မိသားစုကရော မင်းကြင်ဖော်တွေ့နေတယ်ဆိုတာ သိသလား...”

လုဖျင်ကျိုးက ဖြေလိုက်သည်။
“ကျွန်တော် အဲ့ဒါကို အခုထိ မပြောရသေးပါဘူး... ဒါပေမဲ့ နောက်ကျရင် ကျွန်တော်ပြောမှာပါ...”

“မင်းရဲ့ အကြီးအကဲကိုရော မင်း ကြင်ဖော်တွေ့နေပြီဆိုတာ ပြောဖို့လိုသလား...”
ချန်ကျင်းက ဖြတ်မေးလိုက်သည်။

“ကျွန်တော်ရဲ့ ခေါင်းဆောင်ကို ပြောပြီးပါပြီ... ခေါင်းဆောင်ရဲ့ အမျိုးသမီးကလည်း ဒီအကြောင်းကို သိပါတယ်... သူတို့တွေက စစ်တပ်စုပေါင်းအိမ်ရာဝင်းထဲမှာ နေပါတယ်... သူ့ရဲ့ဇနီးသိသွားပြီဆိုရင် ကျန်တဲ့လူတွေလည်း သိပ်မကြာခင် သိသွားကြမှာပါ... ဒါက ကျွန်တော်ရဲ့ ကိုယ်ပိုင်အခြေအနေကို မသိဘဲ ကျွန်တော့်ခေါင်းဆောင်ရဲ့ဇနီးတို့ ကျွန်‌တော့်ရဲဘော်ရဲ့ဇနီးတို့က တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုတာမျိူး မဖြစ်အောင် ဟန့်တားပြီးသားဖြစ်သွားမှာပါ...”

လုဖျင်ကျိုးက ရှင်းပြလိုက်သည်။
“ပြီးတော့ ကျွန်တော့်ခေါင်းဆောင် သိသွားပြီဆိုတော့ နောက်ပိုင်း လက်ထပ်မှတ်ပုံတင်မယ်ဆိုရင် လွယ်သွားမှာပါ...”

 á€á€™á€ˇá€şá€á€ťá€­á€Żá€¸á€™á€­á€”်ဥန္ဖဟငအ် အစပိုင်းတွင် သမီးလေး ကြင်ဖော်တွေ့သည့်အကြောင်းအား အများတကာ သိစေလိုသည့် ဆန္ဒမရှိသော်လည်း လုဖျင်ကျိုး၏ အပြုအမူကို ချီးကျူးသည့် အမူအရာကို ပြသနေဆဲ ဖြစ်ကာ အပြုံးလေးနှင့် ပြောလိုက်သည်။

“ရှောင်လုက အလားအလာကောင်းတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ထားတဲ့လူ ဆိုတာကို မြင်နိုင်ပါတယ်ကွယ်...”

ချန်စုဝေ့ကလည်း ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အနာဂတ်သားမက်လောင်း လုဖျင်ကျိုးကို အလွန်ပင် သဘောကျသွားသည်။

လောဝမ်ရှင်းတစ်ယောက်တည်းသာ စိတ်ရှုပ်ထွေးနေလေသည်။

သူမက လုဖျင်ကျိုးထံတွင် အပြစ်တစ်ချို့ ရှာတွေ့စေချင်ခဲ့ပြီး ဤသည်က သူမ၏ယောင်းမအတွက် သူမ မိတ်ဆက်ပေးခဲ့သူသည် အလွန်ဆိုးဝါးနေသည်မဟုတ်ကြောင်း သက်သေပြနိုင်ရန် ဖြစ်သည်။ သို့သော်လည်း လုဖျင်ကျိုးသည် သူမ မိတ်ဆက်ပေးသောသူထက် အဆများစွာ ပိုမိုကောင်းမွန်နေသည်ကို သူမ လက်ခံလိုက်ရသည်။

ငါ့ယောက္ခမကို ငါ့စိတ်ထဲကနေ အထွန့်တက်နေမိတာကိုတော့ ငါလည်း မတတ်နိုင်ဘူး... ငါ့ယောက္ခမကို ကြည့်ရတာ အကြံတွေအများကြီး ရှိနေပုံပဲ... ပြီးတော့ လုဖျင်ကျိုးကို ချီးမွမ်းနေလိုက်တာ ရှက်‌တောင်မရှက်တော့ဘူး...

ဝမ့်ချိုးမိန်သည် ချွေးမဖြစ်သူ ဘာတွေးနေသည်ကို မသိသော်လည်း သူမသိသွားလျှင်ပင် အဘယ်ကြောင့် ရှက်ရမည်နည်းဟု ပြန်မေးရန် ယုံကြည်ချက်အပြည့်ရှိနေပေသည်။

လူများသည် အတ္တကိုယ်စီရှိကြပေသည်။ သေချာသည်မှာ သူမသည် သမီးအရင်းအတွက်သာ စဉ်းစားပေးပေမည်။ သူမ၏ သမီးနှင့် သူမ၏ သားမက်လောင်းသည် အခြားသူများနှင့် အဆင့်အတန်းချင်း တူနိုင်ပါမည်လော။

ထို့အပြင် လုဖျင်ကျိုးသည် သူမ အထူးတလည် စဉ်းစားထားသည့် သူစိမ်းတစ်ယောက် ဖြစ်သောကြောင့် မဟုတ်ပါလား။ အကယ်၍ သူသာ စုပေါင်းအိမ်ရာဝင်းအတွင်းမှ ကောင်လေးတစ်ယောက်သာ ဖြစ်နေခဲ့ပြီး သူမကလည်း သူ့အကြောင်းကို အူမချေးခါးမကျန် သိထားသည်ဆိုလျှင် သူမသည် ထိုအကြောင်းကို အဘယ်ကြောင့် တွေးတောနေရပါမည်နည်း။ ထိုသို့ဆိုလျှင် လူငယ်နှစ်ဦးကို အချိန်ကြာမြင့်စွာ ထိန်းကျောင်းလာပြီးဖြစ်ရာ သဘောတူပြီးပင် ဖြစ်နေပေမည်။

အကျဉ်းချုပ်ရလျှင် ဧည့်ခံကျွေးမွေးသူနှင့် သုံးဆောင်သူဧည့်သည်တို့ နှစ်ဖက်စလုံးအတွက် အစားအသောက်များက ကြီးစွာသော အောင်မြင်မှုကို ရရှိလိုက်ပေသည်။

လုဖျင်ကျိုးသည် ချန်မိသားစု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီး ဝမ့်ချိုးမိန်နှင့် ခင်ပွန်းဖြစ်သူတို့၏ အသိအမှတ်ပြုမှုကို အနိုင်ရလိုက်လေသည်။

 á€á€ťá€”á€şá€™á€­á€žá€Źá€¸á€…á€Żá€žá€Šá€şá€œá€Šá€şá€¸ သူနှင့်ပတ်သက်ပြီး ပိုမို၍ အတွင်းကျကျ သိနားလည်သွားကာ စိုးရိမ်စိတ်များ လျော့ပါးသွားရတော့သည်။

...

ချန်မန်နှင့် လုဖျင်ကျိုးတို့နှစ်ဦးသား ပို၍ရင်းနှီးသောဆက်သွယ်မှု ဖြစ်သွားသည်မှာ ဤချိန်းဆိုမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူမသည် တစ်ညလုံးနီးပါး အတွေးပွားနေသည်ကို မရပ်တန့်နိုင်ဘဲ မနက်လင်းအားကြီးမှပင် အိပ်မောကျသွားခဲ့သည်။

 á€Ąá€­á€•်ရဏထပဟဎး‌နောက် သူမ၏ မျက်ဝန်းများအောက်တွင် မျက်ကွင်းညိုများ ရှိမနေသော်လည်း သူမက အမှန်ပင် အနည်းငယ် စိတ်ဓာတ်ကျနေသည်။

ကိုယ်လက်သန့်စင်ပြီးသောအခါ မကြာခဏဆိုသလို သမ်းဝေနေသည်က အဒေါ်လောကို မေးမြန်းချင်စိတ်များ တိုးလာစေခဲ့သည်။

“မနေ့ညက နင် ဘယ်တွေများ သွားနေခဲ့တာလဲ... ဘာလို့ ဒီနေ့ တအားအိပ်ချင်နေတာလဲ...”

ချန်မန်က မဖြေရသေးမီပင် ချမ်ရှောင်ဖျင်က အရင်ပြောလိုက်သည်။

“လူတစ်ယောက်ဘာတွေးနေလဲလို့ တွေးနေတာပေ့ါ...”

ထိုစကားများ ထွက်လာသည်နှင့် အရှေ့ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ချန်မန်က ပါးစပ်ကို ကာထားသော လက်ကို အောက်ချလိုက်ပြီး ချမ်ရှောင်ဖျင်ကို အေးစက်စွာ ကြည့်လိုက်သည်။

“အစ်မ ဘာကိုဆိုလိုတာလဲ...”

“ငါက ဘာကို ဆိုလိုနိုင်မှာလဲ...”
ချမ်ရှောင်ဖျင်က နှုတ်ခမ်းများကို တွန့်ကွေးလိုက်ရင်း ချန်မန်ကို မျက်စောင်းထိုးကြည့်လိုက်သည်။

“နင်က ဒီလိုလုပ်ရဲတယ်ဆိုတာနဲ့ ငါဘာမှမပြောရဲ‌တော့ဘူးလို့ နင်ထင်နေတာမဟုတ်လား...”

“ညီမက ဘာလုပ်လို့လဲ...”

“ညီမက ဘာလုပ်လို့လဲလို့ ငါ့ကို နင်မေးရဲသေးတယ်လား...”

ချမ်ရှောင်ဖျင်က တံမြက်စည်းကို လွှဲလိုက်ပြီး အဒေါ်လောကို လက်ညှိုးထိုးလိုက်သည်။

“တို့စားသောက်ဆိုင်ကို ညစာလာစားတတ်တဲ့ စစ်သားကိုကြိုက်တဲ့ မိန်းကလေးတွေထဲမှာ ကျွန်မ ပထမဆုံးလားလို့ အဒေါ်လောကို မေးကြည့်လိုက်စမ်း... ကြင်ဖော်တွေ့ဖို့ ယောက်ျားလေးကို အရင်စပြောတာ ကျွန်မ ပထမဆုံးလားလို့...”
 
ချမ်ရှောင်ဖျင်၏ အမျက်ဒေါသသည် ယခင်နေ့က သူမနှင့် ကွမ်ကျန့်ကော်တို့၏ စကားဝိုင်းမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က ချန်မန်သည် စနေတနင်္ဂနွေနေ့များတွင် နားရက်ယူရန် ရွေးချယ်ခဲ့ပြီး ရှေ့လကဆိုလျှင် သူမသည် တနင်္ဂနွေသုံးရက်ဆက်တိုက် နားရက်ယူခဲ့၍ ထိုနားရက်သုံးရက်ထဲမှ တစ်ရက်သည် ကြင်ဖော်တွေ့ရန်အတွက် ဖြစ်သည်။

ထို့ကြောင့် ယမန်နေ့က ချန်မန်သည် ကွမ်ကျန့်ကော်နှင့် တာဝန်လွှဲသွားကြောင်း ချမ်ရှောင်ဖျင် သိလိုက်ရသောအခါ သူမ၏ ပထမဆုံးတုန့်ပြန်မှုမှာ ချန်မန် ကြင်ဖော်တွေ့ရန် သွားခဲ့သည်ဟု ထင်လိုက်ခြင်းပင်။ သူမက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

“အဒေါ်ဝမ့်က အရမ်းစိုးရိမ်တတ်တာ မဟုတ်ဘူးလား... လဝက်ကျော်ကျော်လေးပဲ ရှိသေးတာကို ချန်မန် ကြင်ဖော်တွေ့ဖို့သွားတာ ဘယ်နှစ်ခါရှိနေပြီလဲ...”

သူမက သက်ပြင်းချလိုက်ပြီးနောက် မည်သူကမျှ သူမအား အာရုံမရှိသည်ကို တွေ့လိုက်ရုံမျှမက တစ်ဦးတည်းသော နားထောင်သူမှာ မီးဖိုခန်းထဲသို့ ဝင်သွားသောကြောင့် သူမက ကိုယ့်ကိုယ်ကိုသာ တစ်ကိုယ်တည်း ညည်းတွားပြနေသည်။

“ဟုတ်တာပေါ့လေ... ချန်မန်က ဒီနှစ်ဆိုရင် ၂၁နှစ်တောင် ဖြစ်နေပြီ... ချန်မန်က အလျင်မလိုပါဘူးဆိုရင်တောင်မှ အသက်ကြီးလာတာနဲ့အမျှ လက်တွဲဖော်ရှာရတာလည်း ပိုပြီး ခက်ခဲလာတော့မှာ... သူမက ဘယ်လိုလူစားမျိုးကို လက်ထပ်ချင်တာလဲတောင် ငါတော့ မသိနိုင်တော့ဘူး... ဒီမိန်းကလေးက ဘယ်သူ့ကိုမဆို ပြုံးပြုံး ပြုံးပြုံးနဲ့ နှုတ်ဆက်နေပေမယ့် တကယ်တမ်းကျတော့ သူမက အမြင့်ကို မှန်းနေလို့သာ တစ်ယောက်တောင် ရှာတွေ့ဖို့ ခက်နေတာပဲ...”

ကွမ်ကျန့်ကော်က တစ်ခုခုယူရန် မီးဖိုခန်းထဲမှ အပြင်သို့ ထွက်လာခဲ့ရာ သူမပြောနေသည်များကို သူက တစ်ပိုင်းတစ်စ ကြားသွားလေရာ စိတ်လှုပ်ရှားမှုနှင့်အတူ မေးလိုက်သည်။

“နင် ဘယ်သူ့အကြောင်းပြောနေတာလဲ...”


💝💝💝👩‍❤️‍👨Chapter 19

“နင် ဘယ်သူ့အကြောင်းပြောနေတာလဲ...”

“ဘယ်သူဖြစ်ရမှာလဲ... ချန်မန်ပေါ့...”

ချမ်ရှောင်ဖျင်သည် ပြောနေရင်း သူမရှေ့မှ ကွမ်ကျန့်ကော်သည် ချန်မန်နှင့် တာဝန်ချိန် အလဲအပြောင်း လုပ်ခဲ့သူဖြစ်ကြောင်း အမှတ်ရသွားပြီး ပြုံးပြုံးလေးနှင့် မေးလိုက်၏။

“ဦးလေးကွမ်... ကျွန်မကို တစ်ခုလောက် ပြောပြပါဦး... ဒီနေ့ ချန်မန်က ဦးလေးနဲ့ တာဝန်ချိန် ပြောင်းသွားတာလေ... ချန်မန်က ကြင်ဖော်သွားတွေ့တာလား...”

ကွမ်ကျန့်ကော်က ချမ်ရှောင်ဖျင်သည် ထိုအကြောင်းအရာများအား လုံးဝမသိသည်ကို မသိရှာပေ။ ထို့ကြောင့် သူက စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။

“သူမက ရည်းစားရနေပြီမဟုတ်လား... ငါနဲ့ အလုပ်ချိန် ပြောင်းဖို့ ပြောတုန်းကတော့ ကျွန်မတို့က ချိန်းတွေ့ကြမှာတဲ့...”

“သူတို့က ကြိုက်နေကြပြီလား...”
ချမ်ရှောင်ဖျင်က ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာသည်။

“အဲ့တစ်ယောက်က ချန်မန်ရဲ့ ယောက်မ မိတ်ဆက်ပေးတဲ့ တစ်ယောက်လား... အဲ့လူက ဘယ်လိုပုံစံတို့ ဘယ်ဌာနမှာ အလုပ်လုပ်တာတို့ ဦးလေးကွမ် မသိဘူးလား...”

“အဲ့ဒါတွေ ငါက ဘယ်လိုလုပ်သိမှာလဲ...”
ကွမ်ကျန့်ကော်က ပြောလိုက်ရင်း ရယ်စရာကောင်းသည်ကို တွေ့လိုက်ရသည်။ သူတို့ဌာနရှိ ဝန်ထမ်းများသည် အချင်းချင်း ဆက်ဆံရေးကောင်းကြစေကာမူ မိန်းမအချင်းချင်းသာ ပို၍ အဆက်အဆံ ရှိကြသည်က အသေအချာပင်။ ထို့ပြင် ကြင်ဖော်တွေ့ခြင်းသည် ကိုယ်ရေးကိုယ်တာဟု သတ်မှတ်၍ ရပေသည်။ သူကဲ့သို့သော အဘိုးကြီးတစ်ယောက်အား သူတို့က မည်သို့ပြောနိုင်ပါမည်နည်း။

သို့သော်လည်း ဤသည်က မျှော်လင့်ချက် မရှိသည်တော့ မဟုတ်ပေ။ သူနှင့် တာဝန်ပြောင်းမည့်အကြောင်း ပြောရန်အတွက် ချန်မန်ကို ခေါ်လာချိန်တွင် အဒေါ်လော ပြောလိုက်သော စကားများကို ပြန်စဉ်းစားကြည့်ရင်း ကွမ်ကျန့်ကော်က ပြောလိုက်သည်။

“အဲ့တစ်ယောက်တော့ မဟုတ်ဘူးထင်တယ်... ရှောင်းချန်နဲ့ ချိန်းတွေ့မယ့်သူက ငါတို့ စားသောက်ဆိုင်ကို ခဏခဏ လာစားတတ်တယ်တဲ့...”

သူတို့၏ စားသောက်ဆိုင်တွင် လာရောက်စားသုံးကြသူများမှာ များပြားလှ‌သောကြောင့် ကွမ်ကျန့်ကော်က သူတို့ကို မမှတ်မိနိုင်ပေ။ အားလုံးမှာ သူ့အတွက် အတူတူပင်ဖြစ်သည်။

အမြဲလိုလို စားနေကျဧည့်သည်များအနက် ငယ်ရွယ်သောလူငယ်များက  á€Ąá€”ည်းငယ်သဏရသိသည်။ လူငယ်များအနက် တစ်ယောက်မှာ နောက်ဆုံးတစ်ကြိမ်က သူမကို အရှက်ရစေခဲ့သော စစ်သားဖြစ်ပြီး ကျန်တစ်ယောက်မှာ ရှဲ့လန်ဟုခေါ်သော အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယမန်နှစ်ကစ၍ စက်ပစ္စည်းအလုပ်ရုံတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ထိုအမြင်မှ ကြည့်လျှင် ချန်မန်၏ လက်တွဲဖော်မှာ ရှဲ့လန်ဖြစ်နိုင်ချေ ပိုများနေသည်။

သို့သော်လည်း ထိုသည်က သိသာစွာပင် မမှန်နိုင်ပေ။ ရှဲ့လန်သည် ကေဒါတစ်ယောက်ဖြစ်ပြီး သူမ ကြားထားသည်မှာ ရှဲ့လန်၏ မိဘများသည်လည်း ရာထူးကြီးကြသူများ ဖြစ်သည်။ ချန်မန်၏ ဖခင်သည် လျှပ်စစ်သမားတစ်ယောက်မျှသာဖြစ်သောကြောင့် လူအများက သူမကို မြင့်မြင့်ထား၍ တွေးကြမည် မဟုတ်ပေ။

စစ်သားများဆိုလျှင် ဖြစ်နိုင်ချေက ပို၍ပင်နည်းပေသည်။

နောက်ပိုင်းတွင် ချမ်ရှောင်ဖျင်သည် နောက်ဆုံးတစ်ကြိမ် သူမ ချန်မန်ကို မိတ်ဆက်‌ပေးခဲ့စဉ်က အကြောင်းများကို ပြန်တွေးကြည့်မိရင်း သူမပြောသမျှ အချက်အားလုံးသည် ဆင်ခြေသက်သက်မျှသာ ဖြစ်သည်ဟု ခံစားလိုက်မိပြီး ချန်မန်သည် လက်မထပ်ချင်သေးသောကြောင့် သို့မဟုတ် သူမက ဒီအတိုင်း သူတို့လို သာမန်လူများအား အထင်သေးစိတ်နှင့် ကြည့်နေသောကြေင့်သာဖြစ်သည်ဟု ထင်မြင်မိသည်။

ထို့ပြင် ချန်မန်၏ မိသားစုထဲတွင် တပ်ထဲ၌ တာဝန်ထမ်းဆောင်နေသူ တစ်ဦးမျှ မရှိသောကြောင့် စစ်သားတစ်ယောက်နှင့် တစ်ယောက်ယောက် မိတ်ဆက်ပေးခြင်းမှာ လုံးဝမဖြစ်နိုင်ပေ။

ထိုသူများထဲမှ တစ်ဉီးမျှ မဖြစ်နိုင်လျှင် နောက်ဆုံးကျန်သော ရွေးချယ်စရာမှာ အသက်၃၄နှစ်ခန့် ရှိပြီဖြစ်သော လူလတ်ပိုင်းအမျိုးသားများသာ ကျန်တော့သည်။ လူလတ်ပိုင်းအမျိုးသားအများစုမှာ အိမ်ထောင်ပြုပြီးဖြစ်ကြသော်လည်း အချို့သော အမျိုးသားများမှာ ကွာရှင်းထားသူ (တစ်ခုလပ်)များ၊ အမျိုးသမီးကွယ်လွန်သွားသူ (မုဆိုးဖို)များသည်လည်း အမြဲလိုလို ညစာလာစားလေ့ ရှိကြသည်။

ချန်မန်ချိန်းတွေ့နေသော အမျိုးသားသည် သူမ၏မိဘများနှင့်ပင် အသက်ချင်း မတိမ်းမယိမ်း ဖြစ်နေမည်ကို တွေးမိရင်း ချမ်ရှောင်ဖျင် ရယ်မောလုနီးပါးဖြစ်သွားကာ တောက်ပနေသော မျက်ဝန်းများနှင့် မေးလိုက်လေသည်။

“ချန်မန်က ဘယ်ဧည့်သည်နဲ့ ချိန်းတွေ့နေလဲဆိုတာ ဦးလေးကွမ် မသိဘူးလား...”

“သူ့နာမည်တော့ ငါမေ့သွားပြီ... ငါသိတာ‌တော့ သူက စစ်သားဆိုတာပဲ...”

ကွမ်ကျန့်ကော်က ပြန်ပြီးစဉ်းစားကြည့်နေသည်။

“အိုး... ဟုတ်သားပဲ... သူတို့နှစ်ယောက်ကို အောင်သွယ်ပေးတဲ့သူက အဒေါ်လောပဲလေ... ဘာလဲ... နင် အဲ့တာကျ မသိဘူးလား...”

စစ်သား၊ အဒေါ်လောက အောင်သွယ်ပေးတာ...

ချန်မန်၏ ရည်းစားကောင်လေးက မည်သူဆိုသည်ကို ချက်ချင်းပင် သတိပြုမိသွားသော ချမ်ရှောင်ဖျင်က မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“အဲ့လူက စစ်သားဆိုတာ သေချာလား... တခြားလူမဟုတ်ဘူးဆိုတာရော သေချာလား...”

“ပြီးခဲ့တဲ့ ရက်နည်းနည်းလောက်က အလုပ်ချိန်ပြောင်းဖို့ ငါ့ကို လာပြောရင်းနဲ့ သူတို့ကိုယ်တိုင် အဲ့ဒီလိုပြောသွားတာပဲ... ငါက အသက်လည်းမကြီးသေးဘူး စိတ်လဲမနောက်ဘူး... ငါက သူ့နာမည် မေ့သွားတယ်ဆိုတာနဲ့ပဲ ငါက သူ့အလုပ်ကိုပါ မေ့ရရောလား...”

ကွမ်ကျန့်ကော်က စကားပြောနေရင်း ချမ်ရှောင်ဖျင်က အနည်းငယ် အာရုံလွင့်ပါးသွားဟန် ဖြစ်နေသည်ကို တွေ့လိုက်ရပြီး အချိန်နှောင်းသွားမှပင် သူက တုန့်ပြန်လိုက်နိုင်သည်။

“ဟမ်... ငါပြောတာ တစ်ခုခု မှားသွားလို့လား...”

ချမ်ရှောင်ဖျင်၏ မျက်နှာမှာ တင်းမာနေပြီး အံကြိတ်ထားကာ သွားစေ့ထားသောလေသံဖြင့် ပြောလိုက်သည်။

“မမှားဘူး...”

ချမ်ရှောင်ဖျင်သည် ဂရုပြုနေသောကြောင့် လုဖျင်ကျိုးသည် အစိုးရပိုင်စားသောက်ဆိုင်သို့ လာမစားသည်မှာ တနင်္ဂနွေနှစ်ပတ်ဆက်တိုက်ဖြစ်နေသည်ကို သတိထားမိသော်လည်း သူမ တွေးမိသည်က သူမက သူ့ကို မိန်းကလေးတစ်ယောက်နှင့် မိတ်ဆက်ပေးနေခြင်းကြောင့် သူ စိတ်ညစ်သွားခြင်း ဖြစ်နိုင်သည်ဟုသာ ထင်ထားပြီး ထိုအကြောင်းကို ခေါင်းထဲတွင် ထည့်မထားမိတော့ပေ။

သို့သော် သူမ ဘယ်‌သောအခါမှ မျှော်လင့်မထားသည်က ညီမဖြစ်သူအတွက် သူမ ရွေးချယ်ပေးထားသော မတ်တော်လောင်းသည် တစ်စုံတစ်ယောက်၏ တိတ်တဆိတ် လုယူခြင်း ခံလိုက်ရမည်ကို ဖြစ်သည်။ (ညီမရဲ့ယောက်ျားဖြစ်လာမည့်သူဆိုတော့ မတ်နဲ့မရီး တော်တယ်)

ချမ်ရှောင်ဖျင် ဒေါသထွက်ရလွန်းသောကြောင့် အဒေါ်လောနှင့် နပမ်းထလုံးချင်မိသည်။

သို့သော်လည်း အဒေါ်လောနှင့်အတူ အလုပ်လုပ်ခဲ့သည်မှာ အချိန်တစ်ခုကြာပြီဖြစ်ရာ အဆိုပါ သက်လတ်ပိုင်းအဒေါ်ကြီး၏ တိုက်ခိုက်နိုင်စွမ်းကို သူမကောင်းကောင်းသိနေခဲ့သည်။ စကားများလျှင်ပင်ဖြစ်စေ နပမ်းဖက်လုံးကြလျှင်ပင်ဖြစ်စေ သူမသည် အဒေါ်လော၏ ပြိုင်ဘက်မဖြစ်နိုင်သည်မှာ အသေအချာပင်ဖြစ်သည်။ ထို့အတွက်ကြောင့် ချမ်ရှောင်ဖျင် နှာခေါင်းကိုသာရှုံ့လျက် သည်းခံရန်ရွေးချယ်လိုက်ရသည်။

သို့တိုင် သည်းခံလိုက်မည်ဆိုသည်ကား ဤကိစ္စအပေါ် အပြီးသတ်မြိုချလိုက်မည်ဟု ဆိုလိုခြင်းမရှိပေ။ ယမန်နေ့ညတွင် ချမ်ရှောင်ဖျင် အိမ်သို့ပြန်ရောက်ပြီးနောက် ထိုအကြောင်းကိုတွေးကာ ပို၍ပို၍ ဒေါသထွက်လာရပြီး အိပ်ပင်မအိပ်နိုင်ခဲ့ပေ။ ယနေ့တွင်လည်း ဒေါသထွက်ထွက်ဖြင့် အလုပ်သို့လာခဲ့ရလေရာ အဒေါ်လောမှ ချန်မန်အပေါ် ဂရုစိုက်ပေးနေသည်ကို မြင်လိုက်ရချိန်၌ သူမ ဆက်လက်သည်းမခံနိုင်တော့ချေ။

အဒေါ်လောနှင့် ရန်မဖြစ်နိုင်လျှင်ပင် ဒီကောင်မစုတ်လေးကိုတော့ မသင်ပြနိုင်ဘူးဟု သူမ မယုံပါ။

ချန်မန်မှာမူ ချမ်ရှောင်ဖျင်ပြောသည်ကို ကြားလိုက်ရချိန်၌ အံ့ဩသွားရသည်။ သူမ ထိုကိစ္စနှင့်ပတ်သက်၍ မသိခဲ့သည့်အပြင် အဒေါ်လောမှ ပြောပြသည်ကိုလည်း မကြားခဲ့ဘူးချေ။ သူမ မသိစိတ်အရ လှည့်ကြည့်လိုက်မိသည်။

သို့သော်လည်း ချန်မန်၏ မသိရှိနေခြင်းမှာ ချမ်ရှောင်ဖျင်၏ မျက်လုံးထဲတွင် အပြစ်ရှိစိတ်အဖြစ် ပြောင်းလဲသွားပြီး ဒေါသတဟုန်ထိုးထွက်ပေါ်လာကာ အသံကိုမြှင့်၍ ကဲ့ရဲ့လိုက်လေသည်။

 “ ယောင်္ကျားချို့ချို့တဲ့တဲ့မွေးလာတဲ့ လူတချို့တော့ရှိသေးပုံပဲနော်… ယောင်္ကျားဆိုတာကိုမြင်လိုက်တာနဲ့ သူတို့က မွှေးသည်နံသည်တောင် မရှောင်နိုင်ဘူးလေ… ချက်ချင်းကိုကောက်ယူပလိုက်တာပဲ… အင်းပေါ့ သူ့အပြစ်တော့လည်း မဟုတ်ပါဘူးလေ…”

ချန်မန် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိနေသော်ငြား သူမသည် ကဲ့ရဲ့ခံရချိန်၌ စကားတစ်ခွန်းမှမပြောရဲဘဲ အနိုင်ကျင့်ရန်လွယ်ကူသည့် တည်သီးပျော့လေးတစ်လုံးမဟုတ်နေပေ။ သူမ ချက်ချင်းဆိုသလို အရှေ့သို့တက်ကာ ချမ်ရှောင်ဖျင်ကို ပါးဖြတ်ရိုက်ချလိုက်သည်။

ရိုက်ချက်မှာ ရုတ်တရက်ထွက်ပေါ်လာပြီး ချမ်ရှောင်ဖျင် အားပြင်းပြင်းနှင့် အရိုက်ခံလိုက်ရကာ မဖြူလှသည့် သူမ၏အသားပေါ်တွင်ပင် အနီမှတ်ကြီးပေါ်လာသည်အထိ တစ်မျက်နှာလုံးတွင် ဖုံးအုပ်သွားခဲ့သည်။

ပူလောင်သည့်နာကျင်မှုမှာ သူမ ဦးနှောက်စီသို့ မရောက်လာခင်အထိ ချမ်ရှောင်ဖျင် အသိမဝင်လာခဲ့ပေ။ ပြီးနောက်မှသာ သူမ ချန်မန်နှင့် ရန်ဖြစ်ရန် အရှေ့သို့ပြေးတက်လာခဲ့သည်။

ကံကောင်းစွာဖြင့် အဒေါ်လောမှာ မျက်လုံးကောင်းပြီး ခြေမြန်လက်မြန်ရှိသောကြောင့် ချမ်ရှောင်ဖျင်ကို အတင်းဖက်လျက် အော်ခေါ်လိုက်သည်။

 “ ဟဲ့ ဟဲ့ လာကြပါဦး ဒီမှာ ရန်ဖြစ်ကြတော့မယ်…”

ကွမ်ကျန့်ကော်နှင့် ယန်မင်ကျစ်တို့ မီးဖိုချောင်တွင်းမှ ပြေးထွက်လာကြသည်။ သူတို့နှစ်ဦးမှာ ချန်မန်ကို ကြည့်လိုက်ချိန်၌ မျက်နှာမကောင်းနေသော်လည်း တည်ငြိမ်စွာရပ်လျက်ရှိသည်ကို တွေ့လိုက်ရသော်လည်း ချမ်ရှောင်ဖျင်မှာမူ အဒေါ်လောဖက်ထားသည့်ကြားမှ အရူးတစ်ယောက်ကဲ့သို့ ချန်မန်ကိုတိုက်ခိုက်‌ချင်နေသည့်ပုံအား မြင်လိုက်ရသဖြင့် ချမ်ရှောင်ဖျင်ထံသို့သာ သွားဆွဲထားလိုက်ကြသည်။

ချမ်ရှောင်မှာ ဒေါသထွက်ရလွန်းသဖြင့် လက်များကိုဆန့်တန်းလျက် ငိုကြွေးလိုက်မိသည်

 “ ကျွန်မကိုဘာလို့တားနေတာလဲ… ချန်မန်ကသာ ကျွန်မကိုရိုက်တဲ့သူလေ…မမြင်ကြဘူးလား ..”

ယန်မင်ကျစ်နှင့် ကွမ်ကျန့်ကော်တို့ နှစ်ဦးစလုံး ချမ်ရှောင်ဖျင်ပြောသည်ကို ကြားလိုက်ရချိန် သူမ မျက်နှာပေါ်သို့ ကြည့်လိုက်မိကြသော်လည်း တိတ်တဆိတ်သာ ဆက်လက်၍ သူမကိုထိန်းကိုင်ထားခဲ့ကြသည်။

ချန်မန် တည်တံ့နေသည့်မျက်နှာဖြင့် ပြောလိုက်သည်။

 “ ရိုက်တယ်လေ ဘာဖြစ်လဲ အစ်မကအရိုက်ခံသင့်တာကိုး… ကျွန်မက အတည်တကျမိတ်ဆက်ပေးခံရပြီးတော့ အဲ့ဒီလူနဲ့ လေးလေးနက်နက်တွဲနေတာလေ… ဒါပေမယ့် အစ်မပါးစပ်ထဲကြတော့ ယောင်္ကျားမြင်တာနဲ့ ငမ်းငမ်းတက်နေတဲ့သူ ဖြစ်သွားပါရောလား… အစ်မပြောနေပုံအရဆိုရင် အစ်မကဘာကောင်မကြီးပဲဖြစ်နေပါစေ ကျွန်မကတော့ အရိုက်ခံသင့်တယ်လို့တောင် ပြောရဲသေးတယ်ရှင့်…”

သူမ ပြေးမထွက်သွားနိုင်သည်ကို မြင်နေရသောကြောင့် ချမ်ရှောင်ဖျင် ရုန်းကန်လျက်ဖြင့် ရန်ဖက်ဖြစ်လိုက်သည်။

 “ နင်က လူတစ်ယောက်နဲ့ လေးလေးနက်နက်‌တွဲမယ်ဆိုလည်း တခြားသူကိုရွေးပါလား… အဲ့စစ်သားစီ ငါအရင်သွားပြီး မိတ်ဆက်ပေးဖို့လူရှိကြောင်းပြောထားတာလေ… ငါကတော့ လွန်ခဲ့တဲ့နှစ်ပတ်က သူ့ကို ဘာလို့ဆိုင်မလာလဲဆိုပြီးမေးမလို့ဟာကို… နောက်ဆုံးကြ နင့်လိုအပျက်မက ဝင်ဖျက်ထားလို့ဖြစ်နေတာပေါ့..”

ထိုစကားများထွက်ပေါ်လာသည်နှင့် ထပ်မံ၍ ဖြန်း ခနဲရိုက်သံတစ်ခါမှ ထပ်မံပေါ်ထွက်လာသည်။ ချမ်ရှောင်ဖျင် မျက်နှာကိုအုပ်ကိုင်ကာ ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။

“ မြင်ကြလား… အားလုံးပဲ မြင်ကြပြီလား… သူကသာ ကျွန်မကိုရိုက်တာ… အဲ့ကောင်မက ကျွန်မကိုရိုက်ရဲတယ်လေ…”

“ ရိုက်တော့ဘာဖြစ်လဲ… ရှင်တောင်ကျွန်မကို အပျက်မလို့ခေါ်နေတာလေ.. ဘာလဲ ကျွန်မက မရိုက်ရဘူးလား…” 

ချန်မန် လုံခြုံသည့်နေရာသို့ ဆုတ်သွားလိုက်ပြီး ဆက်ပြောလိုက်သည်။

 “ ကျွန်မပြောမယ်… ရှင်သာ ဒီနေ့ထပ်ပြီးတော့ ကျွန်မရှေ့မှာ ညစ်ပတ်တဲ့စကားမျိုးထပ်ပြောရဲရင် ကျွန်မလည်း ထပ်ရိုက်မှာပဲ… မယုံရင် စမ်းကြည့်လိုက်…”

“ အားးးးးးး …” ချမ်ရှောင်ဖျင် ပေါက်ကွဲသွားပြီး လူသုံးယောက်ချုပ်ထားသည့်ကြားမှ အတင်းရုန်းထွက်ချင်နေသည်။

သို့သော်လည်း အဒေါ်လောမှာ ဤခေတ်တွင်ရှားပါးသော ဝဖိုင့်ဖိုင့်အဒေါ်ကြီးဖြစ်ပြီး သူမ၏ကိုယ်အလေးချိန်ဖြင့် တားထားနိုင်သည်။ ယန်မင်ကျစ်မှာမူ ပိန်ပါးသော်လည်း ကျေးလက်တွင် နှစ်အနည်းငယ်ကြာ အလုပ်လုပ်ခဲ့ရသည်ဖြစ်ရာ အလွန်သန်မာလှသည်။ ကွမ်ကျန့်ကော်မှာမူ ပြောရန်ပင်မလိုချေ။ အမျိုးသားတစ်ဦးဖြစ်သောကြောင့် သူ၏ခွန်အားမှာ နည်းပါးမနေပါ။

လူသုံးယောက်မှဝိုင်းချုပ်ထားသောကြောင့် ချမ်ရှောင်ဖျင်တစ်ယောက် မရုန်းနိုင်ဖြစ်နေရကာ ဒါရိုက်တာဝမ်မှ “ ဘာတွေဖြစ်နေကြတာလဲ…” ဟု လှမ်းမအော်လာခင်အထိ ဒေါသတကြီး အော်ဟစ်ရုန်းကန် ကုတ်ခြစ်နေခဲ့သည်။

ဒါရိုက်တာဝမ်ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် ကွမ့်ကျန်ကော်မှ အလျင်အမြန် လက်လွှတ်ပေးလာကာ အဒေါ်လောသည်လည်း ချမ်ရှောင်ဖျင်၏ခါးအား ချုပ်ကိုင်ထားသည်ကို လျော့ပေးလာသည်။

ချုပ်ထားသည်များ လျော့သွားသည်နှင့် တပြိုင်နက်တည်း ချမ်ရှောင်ဖျင် အရှေ့သို့ ကပျာကယာပြေးထွက်ကာ ချန်မန်ကို ရိုက်ရန်ဟန်ပြင်လိုက်သည်။ သို့သော် သူမပြေးထွက်သွားသည်နှင့် ယန်မင်ကျစ်မှ ချမ်ရှောင်ဖျင်၏ညာလက်အား ကိုင်ထားသည်ကို ပိုမိုတင်းကြပ်လိုက်ပြီး အဒေါ်လောသည်လည်း ၎င်းကိုမြင်လိုက်ရချိန်၌ ကမန်းကတန်းဝင်ကူလာကာ သူတို့နှစ်ဦးမှာ ချမ်ရှောင်ဖျင်၏ ဘယ်နှင့်ညာတွင် ပိတ်ရပ်လိုက်ကြသည်။ ချန်မန် အသံကိုမြှင့်၍ ပြောလိုက်လေသည်။

 “ ဘာလုပ်နေတာလဲ.. ဒါရိုက်တာဝမ်က ဒီမှာရှိနေတာတောင် ကျွန်မကိုရိုက်ချင်သေးတာလား…”

ချမ်ရှောင်ဖျင် သတိပြန်ဝင်လာပြီး အနောက်သို့ပြန်လှည့်သွားခဲ့သည်။ သူမ ဒါရိုက်တာဝမ်ထံအပြေးသွားကာ ပါးပေါ်မှ ရိုက်ရာကို ညွှန်ပြ၍ တိုင်တန်းလိုက်သည်။

 “ ဒါရိုက်တာဝမ်ရယ် ကြည့်ပါဦး… ကျွန်မကိုချန်မန်ရိုက်ထားတာ… သူတို့တွေကလည်း ချန်မန်နဲ့တစ်အုပ်စုတည်းပဲ.. အကုန်ပေါင်းပြီး လူကိုအနိုင်ကျင့်နေကြတယ်…”

“ ကျွန်မရိုက်တာကျပြော‌တယ်နော်… ဘာလို့ရိုက်လဲဆိုတာ‌တော့ မပြောပါ့လား…’’ 

ချန်မန်မှာ ကြောက်ရွံ့မနေဘဲ အရှေ့သို့ ခြေနှစ်လှမ်းတိုးကာ ပြောလိုက်သည်။

 “ ဒါရိုက်တာဝမ်ရှင့်… ကိစ္စက ဒီလိုပါ… မနေ့ညတုန်းက ကျွန်မကောင်းကောင်းမအိပ်ခဲ့ရတော့ စိတ်အခြေအနေမကောင်းဘူးဖြစ်နေတာ… အခုလေးတင်ပဲ တစ်ဆိုင်လုံးကို သန့်ရှင်းရေးလုပ်ပြီးတော့ အဒေါ်လောက အဲ့ဒါကိုမြင်ပြီး မေးခဲ့တာပါ… အရာအားလုံးက အဆင်ပြေနေပါလျက်နဲ့ သူကပြေးထွက်ပြီး ကျွန်မကို ယောင်္ကျားဆိုငမ်းငမ်းတက်နေတဲ့မိန်းမလို့ စွပ်စွဲတယ်လေ… ကျွန်မမှာ ယောင်္ကျားရှားနေပါတယ်လို့တောင် အရှက်ခွဲခဲ့သေးတယ်… ကျွန်မက ယောင်္ကျားဆိုတာနဲ့ ဘယ်လောက် ညစ်ပတ်နံစော်နေပါစေ အတင်းပြေးဝင်သွားမှာတဲ့ရှင်…. ပြီးတော့ အပျက်မလို့လည်း ခေါ်ခဲ့သေးတာ… ဒါရိုက်တာကြီးပဲ ပြောကြည့်ပါဦး…. ဒီလိုအရှက်ခွဲမှုမျိုးကို ကျွန်မက သည်းခံနေရမှာလား…”

ဒါရိုက်တာဝမ်မှ အစပိုင်းတွင် ချမ်ရှောင်ဖျင်၏မျက်နှာပေါ်မှ ရိုက်ရာကိုမြင်ရသောကြောင့် သူမကိုမျက်နှာပေးရန် ကြံရွယ်ထားသော်လည်း ချန်မန်၏စကားများကို ကြားပြီးနောက်တွင် သူ ချမ်ရှောင်ဖျင်ထံ စိတ်ပျက်လက်ပျက်လှမ်းကြည့်လိုက်မိသည်။

 “ မင်း ဒီစကားတွေကိုတကယ်ပဲပြောခဲ့တာလား …”

အဒေါ်လောမှ ချက်ချင်းထရပ်ကာ ဝင်ပြောလာသည်။

 “ သူပြောခဲ့တယ်လေ… ကျွန်မအကုန်ကြားလိုက်ရတယ်…”

ယန်မင်ကျစ်နှင့် ကွမ်ကျန့်ကော်တို့နှစ်ဦးလည်း ခေါင်းညိတ်လိုက်ကြသည်။

 “ ကျွန်တော်/ကျွန်မတို့လည်း ကြားခဲ့ပါတယ်…”

တစ်စုံတစ်ရာမှားယွင်းနေပြီဖြစ်ကြောင်း ချမ်ရှောင်ဖျင် သတိထားမိသောကြောင့် ကပျာကယာပြောလိုက်ရသည်။

 “ သူတို့အားလုံးက တစ်စုတည်းပဲလေ… ဒါရိုက်တာကြီး သူတို့စကားကိုပဲ နားမထောင်ရဘူးနော်…”

“ ဒီလိုဆိုရင် ငါမေးပါဦးမယ်… မင်း အခုလေးတင်ပဲ အဲ့စကားတွေကိုပြောခဲ့လား….”

 á€’á€Ťá€›á€­á€Żá€€á€şá€á€Źá€á€™á€şáá€™á€ťá€€á€şá€”á€žá€Źá€™á€žá€Ź မှောင်မိုက်နေပြီး သူ၏အသံမှာ လေး‌နက်နေခဲ့သည်။

 “ ချမ်ရှောင်ဖျင် မင်း အမှန်အတိုင်းဖြေရမယ်… လိမ်ဖို့ကို စဉ်းတောင်မစဉ်းစားနဲ့…”

ငြင်းပယ်ချင်သည့် ချမ်ရှောင်ဖျင်မှာ ထိုစကားများကို ကြားရပြီးနောက် ထိတ်လန့်လာကာ ခုခံကာကွယ်ပြောလိုက်မိသည်။

 “ ကျွန်မ ပြောခဲ့မိပေမယ့် အဲ့အတွက်လည်း အကြောင်းအရင်းရှိပြီးသားပါ… ချန်မန်အခုတွေ့နေတဲ့ ယောင်္ကျားကို ကျွန်မအရင်သိတာပါ… ကျွန်မက တခြားသူနဲ့မိတ်ဆက်ပေးဖို့ ကြံရွယ်ထားပေမယ့် သတိလက်လွတ်ဖြစ်နေတုန်း လောလျန်းဟွာက အခွင့်ကောင်းယူပြီး အဲ့သည့်လူကို ချန်မန်နဲ့ တိတ်တခိုး မိတ်ဆက်ပေးပလိုက်တာ…”

၎င်းကိုကြားလိုက်ရချိန်၌ အဒေါ်လော ကြားဖြတ်ပြောလိုက်သည်။

 “ ဘာကို နင်သတိလက်လွတ်ဖြစ်နေတုန်း ငါက သူတို့ကိုမိတ်ဆက်ပေးလိုက်တယ်လို့ ပြောတာလဲ… ဟုတ်တယ် နင်သူ့ကို မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်လို့ ပြောခဲ့ပါတယ်… ဒါပေမယ့် သူက သဘောတူခဲ့လို့လား…”

“ ဘာလို့ သူကသဘောမတူရမှာလဲ… သူလိုချင်တာကို ကျွန်မစီပြောခဲ့တယ်လေ…”


💝💝💝👩‍❤️‍👨Chapter 20
 á€œá€€á€şá€€á€­á€Żá€„်ခဟင်း


∆ ဟေ့ မင်းတို့ချိန်းတွေ့နေကြတာလား


“ ဘာကို နင်သတိလက်လွတ်ဖြစ်နေတုန်း ငါက သူတို့ကိုမိတ်ဆက်ပေးလိုက်တယ်လို့ ပြောတာလဲ… ဟုတ်တယ် နင်သူ့ကို မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်လို့ ပြောခဲ့ပါတယ်… ဒါပေမယ့် သူက သဘောတူခဲ့လို့လား…”

“ ဘာလို့ သူကသဘောမတူရမှာလဲ… သူလိုချင်တာကို ကျွန်မစီပြောခဲ့တယ်လေ…”

“ ဒါဆိုရင် သူတောင်းဆိုတာကို နင်လူတိုင်းကို ပြောမပြချင်ဘူးလား…”

“ သူက ရယ်ရတာကြိုက်တဲ့လူမျိုး လိုချင်တယ်ဆိုလို့ ကျွန်မညီမလေးနဲ့မိတ်ဆက်ပေးမလို့လေ…”

အဒေါ်လော နှာခေါင်းရှုံ့လိုက်သည်။

 “ သူ့မှာ အဲ့ထက်ပိုပြီး လိုအပ်ချက်တွေရှိတယ်မဟုတ်လား… သူ့မှာ နောက်ထပ်တောင်းဆိုထားတာရှိတာကို မှတ်မိပါသေးတယ်.. ဘာပါလိမ့်… အိုး ဟုတ်သား…  á€žá€°á€•ဟ္ဏတဏတ္ဏအ အရမ်းငယ်တဲ့လူမလိုချင်ဘူးဆို… အနည်းဆုံး နှစ်ဆယ့်တစ်နှစ်ရှိရမယ် အဲ့ထက် တစ်ရက်လေးတောင်ပိုငယ်လို့မရဘူးတဲ့… နင့်ညီမက ဘယ်နှနှစ်မလို့လဲ… ဆယ့်ရှစ်မဟုတ်ဘူးလား …”

ချမ်ရှောင်ဖျင် အံကိုကြိတ်ကာ ပြောလိုက်ရသည်။

 “ ကျွန်မညီမနဲ့မသင့်တော်ပေမယ့် ကျွန်မမှာလည်း အသိတွေအများကြီးရှိတာပဲ…နှစ်ဆယ့်တစ်နှစ်အထက် မိန်းကလေးကိုရှာမတွေ့နိုင်လို့လား… ပြီးတော့ အဲ့သည့်စကားတွေက သူနဲ့ကျွန်မကြားမှာပြောတာလေ အဒေါ်ကဘယ်လိုလုပ်ပြီး ရှင်းရှင်းလင်းလင်းသိနေတာလဲ…. ခိုးနားထောင်ထားလို့လား…”

“ နင်တို့နှစ်ယောက်က လှေကားမှာရပ်ပြီးစကားပြောနေတာလေ… ခိုးနားထောင်ဖို့လိုသေးလို့လား… အေးပေါ့ နင်က ခိုးနားထောင်တယ်လို့ စွပ်စွဲချင်တယ်ဆိုရင်လည်း ငါလက်ခံပါတယ်လေ…” 

အဒေါ်လောမှ ပျော်ရွှင်စွာ ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။

 “ အဲ့သည့်တောင်းဆိုချက်ကို ကြားလိုက်တော့ ငါတွေးမိသွားတာ… အသက်နှစ်ဆယ့်တစ်နှစ်အထက်နဲ့ ရယ်ရတာကြိုက်တဲ့သူဆိုတာ ငါတို့ဟိုတယ်ရဲ့ပန်းကလေး ရဲ‌ဘော်ရှောင်ချန်မဟုတ်လားပေါ့… နင်ကော အဲ့လိုမထင်ဘူးလား….”

အစပိုင်းတွင် လူအချို့မှာ ချန်မန်ကို ထည့်စဉ်းစားမိမည်မဟုတ်သော်လည်း အဒေါ်လောမှ လိုအပ်ချက်များအကြောင်း ဖွင့်ဟလာပြီးနောက် သူတို့လည်း လိုအပ်ချက်များမှာ ချန်မန်နှင့် အဝတ်တိုင်းချုပ်ထားသကဲ့သို့ ကိုက်ညီသည်ဟု ခံစားလိုက်ကြရသည်။

ဒါရိုက်တာဝမ်မှ မနေနိုင်ဘဲ ခေါင်းညိတ်လာသည်။

 “ ရှောင်ချန်က တောင်းဆိုချက်တွေနဲ့ ကိုက်ညီတာပဲ…”

“ အဲ့သည့်အချိန်တုန်းက ချမ်ရှောင်ဖျင်က ဒေါသတကြီးနဲ့ သူ့ညီမနောက်ကိုပြေးလိုက်သွားတာလေ… သေချာတာပေါ့ ကျွန်မလည်း သူတို့နှစ်ယောက် မတည့်တော့လို့ ရှောင်လုစီ မိန်းကလေးတစ်ယောက်နဲ့ မိတ်မဆက်ပေးတော့ဘူးလို့ ထင်လိုက်တာပေါ့…” 

အဒေါ်လောမှ လက်ကိုဖြန့်ပြကာ‌ မေးလာသည်။

 “ သည်လိုဆိုရင် ရှောင်လုကို သူတောင်းဆိုထားတာနဲ့ ကိုက်တဲ့မိန်းကလေးနဲ့ မိတ်ဆက်ပေးမိတာ ဘာမှားလို့လဲ…”

“ သူ့ကို တခြားမိန်းကလေးနဲ့ မိတ်မဆက်ပေးတော့ဘူးလို့ ဘယ်သူပြောလဲ…ကျွန်မကသာ သူ့ကိုအရင်ဆုံးတွေ့တာလေ…’’

“ ငါ့နှယ် နင်က သူ့ကိုအရင်ရွေးထားတဲ့လူဖြစ်မဖြစ်လည်း ငါမပြောပါဘူးဟယ်… နင်ဖြစ်နေရင်တောင် နင်မိတ်ဆက်ပေးတဲ့လူနဲ့ပဲ လက်ထပ်ရမယ်တဲ့လား… အရင်ခေတ်က ဘုရင်တွေတောင် မလုပ်နိုင်ဘူး… နင့်ကိုယ်နင် ဘယ်သူများမှတ်နေလို့လဲ…”

 á€Ąá€’á€ąá€Ťá€şá€œá€ąá€Ź မျက်လုံးကိုသာလှန်လိုက်မိသည်။

 “ နင်ပြောသလိုသာဆိုရင် ငါက နင့်ညီမကိုမျက်စိကျပြီး ငါတို့ခြံဝန်းက အရူးနဲ့ လိုက်ဖက်တယ်လို့တွေးမိတယ်ဟယ်… အဲ့ကျ ဘယ်သူကမှ နင့်ညီမကို တခြားသူနဲ့မိတ်ဆက်ပေးလို့မရတော့ဘူးပေါ့နော်… အဲ့လိုဖြစ်မယ်ဆိုရင်တော့ ငါက နင့်ကိုကျေကျေနပ်နပ်ကြီးကို တောင်းပန်ပေးလိုက်မှာပါ… ချမ်ရှောင်ဖျင် နင်ဘယ်လိုထင်လဲ…”

ချမ်ရှောင်ဖျင်မှာ စက်ရုံဝန်းအတွင်းမနေနိုင်သည့်တိုင် သူတို့နေသည့်ရပ်ကွက်မှာ အစိုးရပိုင်ဟိုတယ်နှင့် နီးသောကြောင့် အဒေါ်လောပြောသည့်အရူးကို သူမသိလေသည်။ သူမ အလွန်ဒေါသထွက်ရလွန်းသဖြင့် ချမ်ရှောင်ဖျင် အဒေါ်လောထံလက်ညှိုးထိုးကာ ထုတ်ပင်ဆဲလိုက်မိသည်။

 “ ရှင် ရှင် ရှင်မဟုတ်တာတွေပြောနေတာပဲ….”

“ ငါက ကျိုးကြောင်းမသင့်ဘူးဆိုရင် နင်ပြောတာကအမှန်ပေါ့… ကြင်ဖက်တွေ့ဖို့မိတ်ဆက်ပေးတယ်ဆိုတာက လူတစ်ယောက်ရဲ့အရည်အချင်းကို ထုတ်ပြပေးတာပဲလေ… နင်သူ့ကိုမိတ်ဆက်ပေးတဲ့အချိန် ငါကော ဘာလို့မိတ်ဆက်ပေးလို့မရရမှာလဲ… သူသာ နင်မိတ်ဆက်ပေးတဲ့လူကို လက်ခံခဲ့မယ်ဆိုရင် ငါ စဉ်းတောင်စဉ်းစားမှာမဟုတ်ဘူး… ဒါပေမယ့် ငါတို့တွေ့ဖို့ အခွင့်အရေးတောင်မရှိသေးခင် နင်က ဆုံးဖြတ်ပြီးသားဖြစ်နေတာလေ…” 

အဒေါ်လောမှ ချမ်ရှောင်ဖျင်ထံ စိုက်ကြည့်လိုက်သည်။

 “ ရှောင်ချန့်ကို အပြစ်လိုက်ရှာနေတာ နင်အတော့်ကိုအရှက်မရှိတာပဲ…’

ချမ်ရှောင်ဖျင်ကို ကြိမ်းမောင်းပြီးနောက် အဒေါ်လောမှ ချန်မန်ထံကြည့်ကာပြောလာသည်။

 “ ချန်မန်ရေ အဒေါ်မင်းအပေါ်အားနာလိုက်တာကွယ်… ငါက မင်းတို့ကိုစေတနာနဲ့ တွေ့ဆုံစေခဲ့ပေမယ့် ငါတို့ဆိုင်မှာ ဒီလောက်အရှက်မရှိတဲ့လူမျိုးရှိမယ်လို့ မထင်လိုက်မိ‌ဘူး… အဒေါ်မင်းကိုနစ်နာစေခဲ့မိပြီ…”

“ အဒေါ်ကတော့လေ ဒီလိုပြောလိုက်တော့ ကျွန်မကရှက်မိတာပေါ့ရှင်… အဒေါ်က သင့်တော်တဲ့လူတစ်ယောက်တွေ့တော့ ကျွန်မအတွက်စဉ်းစားပြီး မိတ်ဆက်ပေးတာလေ… ချန်မန်ကသာ အဒေါ့်ကိုကျေးဇူးတင်ရမှာပါ… အဲ့ဒါနဲ့ပတ်သက်ပြီး ဘာပြဿနာမှရှိမနေပါဘူး အဒေါ်ရဲ့… လူတွေပြောလည်းပြောပါစေပေါ့… ကျွန်မတော့ မကြားသလိုပဲနေလိုက်တယ် စိတ်ထဲကိုမထည့်တာ…”

လူနှစ်ဦးမှ တလေသံထဲပြောလာကြသောအခါ တစ်စုံစရာမှားယွင်းနေသည်ဟု အစွပ်စွဲခံရသူမှာ မျက်နှာကြီးဖြူဖျော့လာကာ ဒါရိုက်တာဝမ်ထံလှည့်ပြောလိုက်မိသည်။

 “ ဒါရိုက်တာကြီး သူတို့ပြောနေတာကို ကြည့်ပါဦး…”

ပွင့်လင်းစွာဝန်ခံရမည်‌ဆိုလျှင် ဒါရိုက်တာဝမ်မှာ ဤကိစ္စတွင် လုံးလုံးဝင်မပါ‌ချင်ပေ။ သူသည် အစိုးရပိုင်စားသောက်ဆိုင်၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး အမျိုးသမီးရေးရာအဖွဲ့၏ဒါရိုက်တာမဟုတ်နေသောကြောင့် သူထံတွင် ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ရှည်နေခြင်းမရှိပါချေ။

သို့သော်လည်း မနက်ခင်းမှာ တဝက်ကျိုးပြီဖြစ်သည့်တိုင် ချက်ပြုတ်ရမည့်ပစ္စည်းများကို မပြင်ဆင်ရသေးသည်သာမက သန့်ရှင်းရေးပင်မပြီးသေးပါ။ အကယ်၍သာ သူဤကိစ္စကို ကောင်းမွန်စွာမဖြေရှင်းနိုင်ခဲ့လျှင် သူတို့၏ဆိုင်မှာ တစ်နေကုန်ဖွင့်ထားနိုင်မည်မဟုတ်ပေ။

ဒါရိုက်တာဝမ်မှပြောလိုက်သည်။

 “ ဘာဖြစ်ခဲ့လည်းဆိုတာကို ငါနားလည်ပြီ… အစ်မလောက ဘာအမှားမှမလုပ်ခဲ့တာပဲဟာ စိတ်ထဲထားမနေပါနဲ့…. ချမ်ရှောင်ဖျင် မင်းရဲ့အယူအဆက ဘယ်လိုမှကျိုးကြောင်းသင့်မနေဘူး… တကယ်လို့ မင်းမကျေနပ်ဘူးဆိုရင်လည်း အမျိုးသမီးရေးရာအဖွဲ့ကိုပဲ သွားလိုက်ပေါ့… သူတို့က မင်းမှန်ပြီး အစ်မလောက တောင်းပန်ဖို့လိုတယ်လို့ပြောလာရင် ငါသူ့ကိုတောင်းပန်ခိုင်းလိုက်မယ်… မဟုတ်ရင်တော့ အဖြေကို ငါ ဒီအတိုင်းပဲဆုံးဖြတ်လိုက်ပြီ…”

သေချာပေါက်ပင် ချမ်ရှောင်ဖျင်မှာ အမျိုးသမီးရေးရာအဖွဲ့သို့သွား၍ လူရှာမည်မဟုတ်ချေ။ သူမအလွန်ဒေါသထွက်နေသည့်တိုင် စိတ်ထဲတွင်တော့ သူမ၏စကားများမှာ ကျိုးကြောင်းမသင့်နေကြောင်း သူမသိထားပြီးဖြစ်သည်။ သူမ သည်အတိုင်း အားလုံးမှာ လုပ်ဖော်ကိုင်ဖက်များဖြစ်ပြီး အဒေါ်လော၏အပြုအမူမှာ သူမအပေါ်အလွန်မကြင်နာသောကြောင့် လူတိုင်းသူမဖက်မှပါမည်ဟု ထင်မိလိုက်ရုံသာဖြစ်သည်။

ဒါရိုက်တာဝမ်မှ သူမဖက်မှမပါသည်ကို မြင်လိုက်ရသောကြောင့် ချမ်ရှောင်ဖျင် ဒေါသကိုမြိုချပြီး ပြောလိုက်လေသည်။

 “ ဒါဆိုရင် ချန်မန် ကျွန်မကိုပါးရိုက်တာကကော… ကျွန်မတို့ ဒီဟာကို ဒီအတိုင်းထားလိုက်တော့ မရဘူးမလား…”

“ ချန်မန်က မင်းကိုရိုက်မိတာမှားတယ်ဆိုပေမယ့် မင်းလည်း သူ့ကို မကောင်းပြောခဲ့တာက မှားတာပဲလေ… မင်းကအရင်မှားပြီး သူက ပြန်လုပ်တာပဲရှိတာ… အဲ့ဒီတော့ ဘယ်သူ့အမှားမှာ ပိုကြီးတယ် ပိုငယ်တယ်မရှိဘူး…” 

ဒါရိုက်တာဝမ်မှ ခဏကြာတွေးလိုက်ပြီး ဆက်ပြောလိုက်သည်။

 “ ဒီလိုဆိုရင်ကော ဘယ်လိုလဲ… ဒီကနေ့အလုပ်ပြီးလို့ပြန်ရင် မင်းတို့တွေ ကိုယ့်ကိုကိုယ်သုံးသပ်ကြောင်း စာလုံး၈၀၀ပါတဲ့စာရေးပြီး ငါ့စီပြန်လာထပ်ပေါ့…”

ချန်မန်မှာ ထိုအပြစ်ပေးမှုနှင့်ပတ်သက်၍ ပြဿနာမရှိသော်လည်း ချမ်ရှောင်ဖျင်မှာမူ အလွန်မကျေမနပ်ဖြစ်နေခဲ့သည်။

 “ ဘာလို့လဲ ကျွန်မက သူ့ကို နှစ်ခါလေးပဲ‌ဆူလိုက်တာ သူက နှစ်ခါတောင်ပြန်ရိုက်တာလေ… ဘာလို့အတူတူအပြစ်ပေးခံရမှာလဲ… ကျွန်မတော့ ကိုယ့်ကိုကိုယ်သုံးသပ်စာမရေးချင်ပါဘူးနော်…”

ချမ်ရှောင်ဖျင်၏အမူအယာကို မြင်လိုက်ရချိန်၌ ဒါရိုက်တာဝမ်၏မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။

 “ မင်းက ပြဿနာကိုစတာလေ … ငါကသနားလို့ မင်းတို့ကို စာလုံး၈၀၀ရေးခိုင်းပြီး ပြီးလိုက်တာ… ရတယ်လေ မင်းက သုံးသပ်စာမရေးချင်မှတော့ အလုပ်ထဲမှာ စကားများရန်ဖြစ်တာက အလုပ်အပေါ်သက်ရောက်စေတာပဲဟာ… ငါမင်းရဲ့လစာတဝက်လျော့လိုက်တာပေါ့…”

ချမ်ရှောင်ဖျင် သူမ၏ဘဝမှာ ကြိုးတန်းပေါ်တွင် တန်းလန်းဆွဲနေသည်ဟု ခံစားလိုက်ရကာ စကားကိုအလျင်အမြန်ပြန်ပြောင်းပြောလိုက်မိသည်။

 “ ရေးမယ် ရေးမယ် ရေးပါ့မယ်… အဲ့ဒါရေးရလို့ ဘာပြဿနာမှမရှိပါဘူး… ဒါရိုက်တာကြီးရယ် လစာကိုတော့ မဖြတ်လိုက်ပါနဲ့နော်…”

ဒါရိုက်တာဝမ်မှာ မူလအစတွင် ဤပြဿနာကို အေးအေးချမ်းချမ်းပြီးဆုံးချင်ခဲ့သော်လည်း ချမ်ရှောင်ဖျင်ပြောသည်ကို ကြားရပြီးနောက် သူနောက်ပြန်ဆုတ်ကာ ပြောလိုက်သည်။

 “ ဒီတစ်ကြိမ်တော့ ဒီအတိုင်းပဲထားလိုက်တာပေါ့… ငါက မင်းကိုသုံးသပ်စာလေးပဲရေးခိုင်းတာပါ… ဒါပေမယ့် နောက်တစ်ခါထပ်ပြီး အလုပ်ထဲမှာ ရန်ဖြစ်ရဲရင်တော့ ငါ မင်းရဲ့လစာကို ဘာညှိနှိုင်းခွင့်မှမပေးဘဲ ဖြတ်ပစ်လိုက်တော့မယ်…”

လူတိုင်း ခေါင်းညိတ်လိုက်ကြသည် “ ဟုတ်ကဲ့ပါ…” 

လစာဖြတ်မည့်ခြိမ်းခြောက်မှုမှာ ရက်စက်သော်လည်း အကျိုးသက်ရောက်မှုရှိသည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် ချမ်ရှောင်ဖျင်မှာ ချန်မန်အပေါ် အလွန် မနှစ်သက်ကာ ဒေါသထွက်နေရသော်လည်း သူမ နားဝင်ဆိုးသည့်စကားများကို ထိပ်တိုက်မပြောရဲတော့ချေ။ အများဆုံးအနေဖြင့် ချန်မန်ဖြတ်လျောက်သွားသည့်အချိန်တိုင်းတွင် သူမ၏ မကျေမနပ်ဖြစ်နေမှုကို ဖော်ပြသည့်အနေဖြင့် မျက်မှောင်ကြုတ်ခြင်း နှင့် နှာခေါင်းရှုံ့ခြင်းတို့ကို လုပ်ပြရုံလောက်သာ လုပ်ရဲသည်။

ချန်မန်မှာမူ ၎င်းအပေါ် မသိချင်ယောင်သာ ဆောင်နေလိုက်လေသည်။

အဘယ့်ကြောင့်ဆိုသော် သူမတို့နှစ်ဦးမှာ စားပွဲထိုးများဖြစ်ကြကာ လွန်ခဲ့သောသုံးနှစ်အတွင်းတွင်လည်း ကတောက်ကဆများစွာ ရှိခဲ့ဖူးသည်။ ချမ်ရှောင်ဖျင်မှာ အရေးပေးလေလေ ပို၍တက်ကြွလေလေ ဖြစ်တတ်သော‌လူဖြစ်ကြောင်း ချန်မန်ကောင်းစွာသိနေသည့်အတွက် သူမအပေါ် မသိချင်ယောင်ဆောင်နေခြင်းကသာ အကောင်းဆုံးအရာဖြစ်ပေမည်။

ကြိုက်သလောက်သာ နှာခေါင်းရှုံ့နေလိုက်ပေါ့ ဘယ်လိုပဲဖြစ်ဖြစ် အသားပဲ့ပါသွားတာမှမဟုတ်တာ…

ချမ်ရှောင်ဖျင်မှာ သူမအပေါ် မလွန်ကျူးလာဘဲ သူမအလုပ်သူမလုပ်နေသေးသရွေ့ အရာအားလုံးမှာ အဆင်ပြေသည်ဟု ချန်မန်တွေးထားခဲ့သည်။ သေချာပေါက်ပင် ချမ်ရှောင်ဖျင်မှာ အပျင်းကြီးနေခဲ့လျှင် သူမထံတွင်လည်း ၎င်းကိုကိုင်တွယ်ရန်အတွက် ဒါရိုက်တာကြီးထံ သွားပြောပြလိုက်ရုံသာရှိသည်။

လစာဖြတ်မည့်နည်းလမ်းမှာ အကျိုးသက်ရောက်မှုရှိကြောင်း ရှာတွေ့သွားပြီးနောက် ယခုအချိန်၌ ဒါရိုက်တာဝမ်မှာ ချမ်ရှောင်ဖျင်၏ အားနည်းချက်အပေါ် ကိုင်တွယ်သွားနိုင်ပြီဖြစ်ကာ စကားတစ်ခွန်းနှင့်ပင် သူမကို ကောင်းကောင်းပြုမူစေနိုင်သည်။

သို့သော်လည်း ချမ်ရှောင်ဖျင်မှာမူ သူမ၏ပြဿနာရှာချင်သည့်စိတ်ကို လုံးလုံးလျားလျား ဖိနှိပ်လိုက်ခြင်းမဟုတ်ချေ။ ရက်အနည်းငယ်ကြာ ကြိုးစားပမ်းစား စဉ်းစားပြီးသည့်နောက် အဆုံး၌ သူမဖြေရှင်းနည်းတစ်ခုရလာခဲ့သည်။

ဒါရိုက်တာဝမ်တစ်ယောက် သောကြာနေ့ နေ့လယ်ခင်းတွင်ရောက်လာသည်ကို မြင်လိုက်သည်နှင့် ချမ်ရှောင်ဖျင် သူ့ကိုရှာကာ သူမ တနင်္ဂနွေနေ့တွင် နားချင်ကြောင်းပြောလိုက်သည်။

ဒါရိုက်တာဝမ်မှာ ထိုစကားကိုကြားလိုက်သည်နှင့် ချမ်ရှောင်ဖျင်သည် ချန်မန်အပေါ်ပစ်မှတ်ထားနေကြောင်း သိလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် ချန်မန်သည်လည်း ယခုအပတ်တွင် အလုပ်ချိန်ပြောင်းထားခြင်းကြောင့် ဖြစ်သည်။

ချန်မန်၏ယခင်ဘဝနှင့် ကွာခြားသည်မှာ သူမ၏ယခင်ဘဝတွင် တနင်္ဂနွေနေ့၌ အလုပ်သမားနားရက်ယူကြခြင်းမှာ ထိုနေ့တွင် ချိန်းဆိုရန်ပိုမိုလွယ်ကူပြီး ဈေးဝယ်ရန်မှာလည်း ပို၍စုံလင်ခြင်းကြောင့် ဖြစ်သည်။

 á€žá€­á€Żá€ˇá€žá€ąá€Źá€şá€œá€Šá€şá€¸ ၁၉၇၀ခုနှစ်များတွင်မူ လူများမှာ သူတို့မည်သည့်နေ့တွင် နားရက်ယူမည့်အပေါ် ဂရုစိုက်ကြခြင်းမရှိချေ။

အစိုးရပိုင်စားသောက်ဆိုင်များတွင် အလုပ်လုပ်ကြသူများမှာ စနေ တနင်္ဂနွေမဟုတ်သည့်ရက်များတွင် ပို၍နားရက်ယူတတ်ကြသည်။ ကွမ်ကျန့်ကော်သည်လည်း ထိုနည်းလည်းကောင်းပင်။ အဘယ့်ကြောင့်ဆိုသော် တနင်္ဂနွေနေ့များမှာ သာမန်ရက်များထက် ပို၍လူကျတတ်ခြင်းကြောင့်ဖြစ်သည်။ အဒေါ်လောမှာလည်း ထိုကဲ့သို့လုပ်သည်။ သူမ၏ စက်ရုံလုပ်သားဖြစ်သည့် ချွေးမမှာ တနင်္ဂနွေနေ့တွင် နားရက်ရသောကြောင့် မြေးဖြစ်သူကိုထိန်းရန် ချွေးမနှင့်ရက်မတိုက်နေစေရေးအတွက် အဒေါ်လောလည်း ဤသို့ရွေးလေ့ရှိသည်။ ချမ်ရှောင်ဖျင်သည်လည်း များသောအားဖြင့် အတူတူသာဖြစ်သည်။ ယန်မင်ကျစ်မှာမူ ယခင်ချန်မန်နှင့်ဆင်တူစွာ တစ်ကိုယ်တည်းလူလွတ်အမျိုးသမီးဖြစ်သောကြောင့် မည်သည့်နေ့တွင် နားမည့်အပေါ် အရေးမစိုက်တတ်ချေ။

သို့ဖြစ်ရာ သုံးပတ်ဆက်တိုက်လုံးတွင် ချန်မန် အလုပ်နားရက်များကို ချောချောမွေ့မွေ့ပြောင်းနိုင်ခဲ့သည်။

ထို့အတွက်ကြောင့် ချမ်ရှောင်ဖျင်မှ တနင်္ဂနွေနေ့တွင် နားရက်ယူ‌ချင်ကြောင်း ပြောလာချိန်တွင် ၎င်းမှာ လူတိုင်းအတွက်အလွန်သိသာနေခဲ့သည်။

ဒါရိုက်တာဝမ်မှာ အလုပ်သမားများအကြားမှ ကတောက်ကဆကို ပိုမိုမများလာစေချင်သောကြောင့် အလျင်စလိုငြင်းပယ်လိုက်ခြင်းမရှိဘဲ မည်သည့်အတွက်ကြောင့် ရုတ်တရက်နားရက်ယူချင်ကြောင်းကိုသာ မေးလိုက်သည်။

သေချာပေါက်ပင် သူမ ချန်မန်ကိုဒုက္ခပေးချင်သောကြောင့် ဖြစ်သော်လည်း ချမ်ရှောင်ဖျင် ထိုအကြောင်းကို စိတ်ထဲတွင်သာထားလိုက်ပြီး ပြောလိုက်သည်။

 “ ကျွန်မရဲ့ သားဆိုးလေးကလေ တနင်္ဂနွေနေ့ကြ တိရစ္ဆာန်ရုံသွားချင်တယ်ဆိုပြီး ပူဆာလာလို့ပါရှင်… ကျွန်မကလည်း သူ့ကိုဖူးဖူးမှုတ်ထားတာဆိုတော့ မတတ်နိုင်ဘဲ သဘောတူလိုက်ရတယ်…”

ဒါရိုက်တာဝမ်မှ မေးလာသည်။

 “ ဒါပေမယ့် နားရက်အတွက်အချိန်စာရင်းက ဆုံးဖြတ်ပြီးသားဖြစ်နေပြီလေ… မင်းတို့နောက်တစ်ပတ်မှသွားလို့မရဘူးလား…”

“ အဲ့အကြောင်း မတွေးမိလိုက်လို့ပါ… ကျွန်မက ကလေးကိုကတိပေးပြီးသားဖြစ်နေပြီလေ… စကားပြန်ရုတ်လို့ဘယ်ကောင်းပါ့မလဲ မဟုတ်ဘူးလား…” 

ချမ်ရှောင်ဖျင် ထိုသို့ပြောလိုက်ပြီးနောက် စကားလမ်းကြောင်းပြောင်းလိုက်သည်။

 “ နားရက်အချိန်စာရင်းသတ်မှတ်ပြီးပြီဆိုတာ ကျွန်မသိပေမယ့် အဲ့ဒါက ပြောင်းလို့မရတာမှမဟုတ်တာ… ချန်မန်ဆိုရင် အမြဲတမ်းသွားချိန်းတွေ့ဖို့ နားရက်တွေကို ပြောင်းပြောင်းနေတာပဲလေ… ဒါရိုက်တာကြီးနော် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘက်လိုက်လို့မရဘူး…”

ဒါရိုက်တာဝမ်မှာ သူမစကားအပေါ် သဘောမကျကြောင့် ပုပ်သိုးနေသည့်မျက်နှာဖြင့်ပြောလိုက်သည်။

 “ ငါက ဘယ်လိုလုပ်ပြီးဘက်လိုက်ရမှာလဲ… နားရက်တွေကို မင်းတို့ဘာသာပဲစီမံတာမဟုတ်ဘူးလား… မင်းတို့ပဲဆွေးနွေးလိုက်ကြပေါ့… တကယ်လို့ မင်း တနင်္ဂနွေနေ့နားချင်တယ်ဆိုရင်လည်း ရှောင်ယန်ကိုပဲ သွားပြောလိုက်ချည်… နောက်ဆုံးကြ ဘယ်သူဘယ်နေ့နားမယ်ဆိုတာ သူပဲဆုံးဖြတ်ရမှာမဟုတ်လား… ငါကတော့ ဂရုစိုက်မနေဘူးနော်… ဟုတ်ပြီလား…”

ယန်မင်ကျစ်မှာ ချန်မန်နှင့် တစ်ဖက်တည်းသားဖြစ်သောကြောင့် ထိုအကြောင်းကိုသွားပြောလျှင်လည်း ရလဒ်ကောင်းရမည်မဟုတ်ကြောင်း သူမ မသိဘဲမနေချေ။ ထို့အတွက်ကြောင့် ချမ်ရှောင်ဖျင် အသံကိုမြှင့်ကာ ညည်းညူလိုက်သည်။

 “ အမလေးးးး ငါ့ရဲ့သနားစရာသားလေး… နင့်ရဲ့အမေက ဒီနှစ်တွေအတွင်း အလုပ်ပဲလုပ်နေရတာနဲ့ တစ်ခါမှတောင် တိရစ္ဆာန်ရုံကိုလိုက်ပို့မပေးနိုင်ခဲ့ဘူး… အခု ပို့မယ်လို့သဘောတူမိပြန်တော့လည်း အမေ့သူဌေးက သွားခွင့်မပေးဘူးတဲ့…”

“ ချမ်ရှောင်ဖျင်…” ဒါရိုက်တာဝမ်မှာ ဒေါသထွက်ရလွန်းသဖြင့် ထိုင်ခုံမှပင် ထရပ်လိုက်မိသည်။

 “ ဒါကအလုပ်နေရာနော်… အလိုလိုက်ခံရတဲ့သူလို ဆိုးသွမ်းနေလို့ရတဲ့ နေရာမဟုတ်ဘူး…မင်းထပ်လုပ်ရင် ငါလစာဖြတ်ပစ်လိုက်တော့မယ်…”

ချမ်ရှောင်ဖျင်မှာ လစာဖြတ်ခံရမည်ကို ကြောက်ရွံ့နေသော်လည်း သူမသည် ငတုံးမဟုတ်ချေ။ သူမ အလုပ်တွင်ပျင်းရိနေခဲ့ကာ ပုံမှန်အားဖြင့် ၎င်းကိုဖမ်းမိသည်နှင့် လစာဖြတ်ခံရမည်ဖြစ်သော်လည်း လက်ရှိမှာ အလုပ်ချိန်မဟုတ်နေဘဲ သူမသည်လည်း လုပ်ဖော်ကိုင်ဖက်‌များနှင့် စကားများနေခြင်းမဟုတ်လေရာ အဘယ့်ကြောင့် ဒါရိုက်တာဝမ်မှ သူမကိုလစာဖြတ်ရဲပါမည်နည်း။

ထို့ကြောင့် သူမ ခေါင်းမာစွာပြောလိုက်သည် “ ဖြတ်ဆိုတော့လည်း ဖြတ်ပေါ့ရှင်… ဒါရိုက်တာကြီးသာ ကျွန်မကို တနင်္ဂနွေနေ့ပေးမနားလို့ကတော့ ကျွန်မနေ့တိုင်း ရှင်သွားလေရာလိုက်ပြီး လိုက်ပြောနေမှာပဲ…”

ချမ်ရှောင်ဖျင်မှာ လူမိုက်တစ်ယောက်ကဲ့သို့ ပြုမူနေသောကြောင့် ဒါရိုက်တာဝမ်သည်လည်း သူမနှင့်ပတ်သက်၍ ကူကယ်ရာမဲ့နေရသည်။ ထို့အတွက်ကြောင့် ဤကိစ္စနှင့်ပတ်သက်၍ ယန်မင်ကျစ်နှင့် ချန်မန်တို့ကို ပြောပေးမည်ဟုသာ သူပြောလိုက်ရလေသည်။

ဤအကြောင်းကိုကြားပြီးသည်နှင့် ယန်မင်ကျစ်နှင့် ချန်မန်တို့နှစ်ဦးစလုံး မျက်မှောင်ကြုတ်လိုက်မိကြသည်။ ချန်မန်မှာ ပစ်မှတ်ထားခံရသူဖြစ်သောကြောင့် အချို့သောအရာများကို ထုတ်ပြောရန်မသင့်တော်ပေ။ ယန်မင်ကျစ်မှာမူ များစွာစိုးရိမ်နေရန်မလိုသောကြောင့် သူမပြောလိုက်သည်။

 “ ကျွန်မကတော့ တနင်္ဂနွေနေ့ဘယ်သူနားနားကိစ္စမရှိပေမယ့် အစ်မချမ်ကတော့ ဒီလိုလုပ်လို့မသင့်တော်ဘူးမလား… တကယ်လို့သာ အဲ့သည့်လို အကောက်ကြံတိုင်းရနေမယ်ဆိုရင် နောက်ကျရင် လူတိုင်းသူ့လိုလိုက်လုပ်လာမှာ မဟုတ်ဘူးလား…”

ဒါရိုက်တာဝမ်မှာ တုန့်ဆိုင်းနေခဲ့သည်။

“ အဲ့ဒီလောက်ကြီးလေးနက်တာမဟုတ်ပါဘူးကွာ…”

“ သေချာပေါက်ပဲလေ လူတွေရဲ့အောက်ဆုံးစည်းဆိုတာက စမ်းရင်းစမ်းရင်းနဲ့ တဖြည်းဖြည်းကျလာတာပဲကို… ဒီနေ့ သူ ဒေါသထွက်ပြပြီး ဒါရိုက်တာကြီးကို ခြိမ်းခြောက်ခွင့်ပေးလိုက်တယ်ပဲထား နောက်နေ့ကျလည်း တူညီတဲ့လှည့်ကွက်ကိုသုံးပြီး တခြားအရာတစ်ခုနဲ့ မခြိမ်းခြောက်ဘူးလို့ ဘယ်သူသိနိုင်မှာလဲ…” 

ယန်မင်ကျစ်မှ ပြောလိုက်သည်။

“ ပြီးတော့ ကျွန်မတို့ စားသောက်ဆိုင်လုပ်ငန်းဆိုတာက အလုပ်သမားတွေ အတွဲညီညီအလုပ်လုပ်ရင်း ငွေရှာရတယ်လို့ ယုံကြည်ထားတဲ့အရာလေ… အားလုံးကနေ့တိုင်းတွေ့နေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြီးပဲ… သူက ဟိုကျော်ဒီခွလုပ်နေရင် နောက်ကြ အလုပ်သမားတွေရဲ့ အတွင်းပိုင်းလိုက်ဖက်ညီမှုကို ထိခိုက်လာစေလိမ့်မယ်…”

“ ဘာကိုဆိုလိုတာလဲ…” ဒါရိုက်တာဝမ်မှမေးလာသည်။

ယန်မင်ကျစ် ပြောလိုက်သည်။

 “ သူနဲ့ပတ်သက်ပြီး ကျွန်မတို့ နည်းနည်းတော့ တွေးတွေးဆဆလုပ်တာပေါ့… အဲ့ဒါမှအလုပ်မဖြစ်ရင်လည်း သူ့ကို တခြားဆိုင်ကိုပဲ ပြောင်းပေးလိုက်ဖို့ လုပ်သင့်တယ်… သေချာတာပေ့ါ ဒီဟာက ကျွန်မရဲ့ကိုယ်ပိုင်အကြံသက်သက်ပါပဲ… ဒီလိုမျိုး ကသောင်းကနင်းဖြစ်နေတဲ့ အခြေနေမျိုးမှာ လိုက်ဖက်ညီအောင် ဘယ်လိုဖြေရှင်းရမလဲဆိုတာတော့ ဒါရိုက်တာကြီးအပေါ်မှာပဲ မူတည်တယ်…”

ယန်မင်ကျစ်မှာ ပုံပန်းသဏ္ဍာန်ဖြင့် ဆုံးဖြတ်၍ရသော လူမဟုတ်ကြောင်း ဒါရိုက်တာဝမ်ခံစားလိုက်ရသည်။ သူမသည် ပုံမှန်အားဖြင့် တိတ်တဆိတ်နေတတ်သော်လည်း စကားပြောလာသည့်အချိန်တွင်မူ သူမ၏စကားများမှာ အလွန်ထက်ရှလှသည်။ ထို့ကြောင့် ဒါရိုက်တာဝမ်မှ ချန်မန်ထံ လှည့်မေးလိုက်သည်။

“ မင်းရော ဘယ်လိုထင်လဲ…”

ချန်မန်မှာ သေချာပေါက်ပင် တွန်းအားပေးမည်မဟုတ်ဘဲ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်လေသည်။

 “ ဒါရိုက်တာကြီးရယ် သိတဲ့အတိုင်းပဲ ဆိုင်မှာ သူက ကျွန်မကို ပစ်မှတ်အထားဆုံးလေ… သူသာ ပြောင်းခံရရင် ကျွန်မတော့ မီးရှူးမီးပန်းတွေဖောက်ပြီး အောင်ပွဲမခံရင်တောင် ကျိန်းသေပေါက် လက်ခုပ်လက်ဝါးတီးပြီး လိုက်ပို့ပေးမှာပေါ့ရှင်…”

ဒါရိုက်တာဝမ် : “ မင်းတို့လူငယ်တွေကတော့လေ…”

ထိုအကြောင်းကိုတွေးပြီးနောက် ဒါရိုက်တာဝမ် သက်ပြင်းချကာ ပြောလိုက်သည်။

 “ ရှောင်ယန်ပြောတာနဲ့ပတ်သက်ပြီး ငါလေးလေးနက်နက်စဉ်းစားကြည့်ပါ့မယ်… ရှောင်ချန်ရေ မင်း ဒီတစ်ကြိမ်တော့ သူ့ကိုပေးနားခိုင်းလိုက်ပြီး တနင်္ဂနွေနေ့အလုပ်လာပေးလို့ရမယ်မလား…”

Search Novels