💝💝💝👩‍❤️‍👨Chapter 11
နောက်အပတ်ထပ်တွေ့ကြရအောင်


၅နာရီ ၄၉ မိနစ်တွင် စက်ပစ္စည်းစက်ရုံဝန်ထမ်းအိမ်ယာခြံဝန်း၏ တံခါးဝရှေ့သို့ စစ်တပ်ဂျစ်ကားတစ်စီး ဆိုက်ရောက်လာသည်။ 

"ဒီမှာပဲရပ်လိုက်တော့...ကျွန်မ ဒီကနေ လမ်းလျှောက်သွားလိုက်တော့မယ်..."

ချန်မန်ကပြောရင်း ကားပေါ်မှဆင်းရန် ကားတံခါးကို ဖွင့်လိုက်သည်။ သို့သော် တံခါးမပွင့်ခင်မှာပင် လုဖျင်ကျိုးကချန်မန် ၏လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်လေသည်။ သို့သော် တစ်ချက်သာ ခပ်ဖွဖွညှစ်ပြီး ပြန်လွှတ်ပေးလိုက်၏။ 

ချန်မန်က အနည်းငယ်လန့်သွားပြီး လုဖျင်ကျိုးကို လှည့်ကြည့်လိုက်သည်။ 

လုဖျင်ကျိုးက သူ့လက်ချောင်းများကို ပွတ်ကာ မေးလိုက်သည်။

"မင်းရဲ့အိမ်ကို လမ်းလျှောက်သွားရင် ဘယ်လောက်ကြာလဲ..."

"သုံးမိနစ် လေးမိနစ်လောက်ပေါ့..."

လုဖျင်ကျိုး အဘယ်ကြောင့် ဤမေးခွန်းကို မေးနေမှန်းမသိ‌သောကြောင့် ချန်မန်၏အသံက မသေမချာဖြစ်နေပြီး မျက်နှာကလည်း နားမလည်ဖြစ်နေသောပုံပေါက်နေသည်။

"အခု ၆နာရီထိုးဖို့ ဆယ်မိနစ်လိုသေးတယ်...ကျွန်တော်နဲ့ ခဏလောက် ဆက်မထိုင်ချင်ဘူးလားဟင်..."

ချန်မန်က နှစ်ဘဝ နေလာပြီးသော်လည်း တစ်ခါမှ အချစ်ကို မခံစားဖူးသေးချေ။ ယခင်ဘဝတုန်းက တက္ကသိုလ်ပင်မတက်ရ‌သေးခင် သေဆုံးသွားခဲ့သောကြောင့် အချစ်ဆိုသည်ကို ဘာမှန်းပင်မသိလိုက်ချေ။ ယခုဘဝတွင် အသက် ၂၁ သာရှိလာသော်လည်း ခေတ်အခြေအနေကြောင့် ယခုအချိန်အထိ ချစ်သူပင် မရှိသေးချေ။ 

ဒါပေမယ့် ဝက်သားမစားရင်တောင် ဝက်ကိုတော့ မြင်ဖူးနေတာပဲမလား...

ဤဘဝသို့ ကူးပြောင်းမလာခင်က ချန်မန်သည် ဒရာမာဇာတ်လမ်းတွဲများစွာ ကြည့်ခဲ့ပြီး အင်တာနက်ပေါ်မှ အချစ်ဝတ္ထုများစွာကိုလည်း ဖတ်ထားဖူးသူဖြစ်သည်။ 

ထို့ကြောင့် "ကိုကို ကလေးလေးကို အရမ်းချစ်တယ်..." "ကိုယ့်ဘဝတစ်ခုလုံး မင်းကိုပေးပါတယ်..." အစရှိသောအချစ်စကားမျိုးစုံကို ကြားဖူး မြင်ဖူးပြီးသားဖြစ်သည်။ ထိုအချစ်ကို ဖွင့်ဟဝန်ခံသော စကားမျိုးစုံကို ဖတ်ပြီး ချန်မန်က တစ်ခါတစ်ရံ၌ ငိုမိပြီး တစ်ခါတစ်ရံ၌ မနာလိုဖြစ်ကာမျှော်လင့်ချက်ကင်းမဲ့နေမိတတ်သည်။ 

ထိုကဲ့သို့ အချစ်စကားများနှင့်ယှဉ်လျှင် လုဖျင်ကျိုးပြောလိုက်သောစကားက အလွန်ပင် သာမာန်ဆန်ပြီး အချစ်ဝတ္ထုထဲထည့်ရေးပါက မည်သူမျှပင် သတိမထားမိဘဲ ကျော်သွားမည်ဖြစ်သော စကားဖြစ်၏။ 

သို့သော် ဤအခိုက်အတန့်၌ ထိုစကားနှင့်အတူ ထိုစကားကိုပြောလိုက်သော လုဖျင်ကျိုး၏မျက်နှာကိုကြည့်ပြီး ချန်မန်၏ နှလုံးသားတစ်ခုလုံး အရည်ပျော်မတတ် ဖြစ်သွားလေသည်။ 

ထို့ကြောင့် ချန်မန်လည်း တံခါးကိုဖွင့်မည်လုပ်နေသော လက်ကို ပြန်ရုတ်ပြီး ကားခုံပေါ်၌ ပြန်ထိုင်လိုက်သည်။ 

"နောက်အပတ် တနင်္ဂနွေနေ့ကျရင်ရော မင်း နားရက်ရမှာလား..."

ဖန်းချောင်လမ်းမပေါ်ရှိ အစိုးရပိုင်စားသောက်ဆိုင်သို့ လုဖျင်ကျိုး စလာပြီးတည်းက တနင်္ဂနွေနေ့များ၌ ချန်မန် နားရက်ရသည်မှာ အလွန်ရှားပါးလွန်းလှသည်။ သို့သော် ချန်မန်က စဉ်းစားပြီးပြောလိုက်သည်။

"မနက်ဖြန်ကျရင် တစ်ယောက်ယောက်နဲ့ နေ့ပြောင်းလို့ရမလားလို့ မေးကြည့်လိုက်မယ်လေ..."

"ဒါဆိုရင် ကိုယ် မင်းကို ဖုန်းနံပါတ်ပေးထားလိုက်မယ်...တနင်္ဂနွေနေ့အားမှာ သေချာရင် ဖုန်းဆက်လိုက်ပေါ့..."

"ဟုတ်..."

ကားပေါ်၌ စာရွက်ဟူ၍ တစ်ရွက်မှပင် မရှိပေ။ ထို့ကြောင့် လုဖျင်ကျိုးက တစ်ချက်စဉ်းစားပြီး မုန့်များထည့်ထားသော စက္ကူအိတ်ကို လှမ်းယူကာ ယူနီဖောင်းအိတ်ကပ်ထဲမှ ဘောပင်ကို ထုတ်ပြီး မုန့်ထုတ်ပေါ်၌ပင် နံပါတ်အချို့ ချရေးလိုက်သည်။ 

ရေးပြီးသောအခါ ဘောပင်ကို ပြန်သိမ်းပြီး မုန့်အိတ်ကို ချန်မန့်ထံ လှမ်းပေးလိုက်သည်။

"ရော့..."

ချန်မန်က တုံ့ဆိုင်းပြီး ချက်ချင်းလှမ်းမယူဘဲ မေးလိုက်သည်။

"မုန့်တွေကို တခြားအိတ်တစ်အိတ်နဲ့ ထုပ်ပြီး ရှင့်ကိုပြန်ပေးလိုက်မယ်လေ..."

"ဒီမုန့်တွေက အစတည်းက မင်းဖို့ပဲ ဝယ်လာတာ..."

လုဖျင်ကျိုးက ပြောပြီးသောအခါ ချန်မန့်လက်ထဲသို့ မဖောက်ရသေးသော ပဲကိတ်မုန့်အိတ်အပါအဝင် အခြားမုန့်ထုတ်နှစ်ထုတ်ပါ ထည့်ပေးလိုက်သည်။ 

ထိုကိတ်မုန့်များအပြင် သူဝယ်လာသော ပန်းသီးများတစ်ဝက်ကိုလည်း ထည့်ပေးလိုက်သည်။ ချန်မန်က ငြင်းမည်လုပ်သောအခါ ပါးစပ်ပင်ဟခွင့်မပေးဘဲ ဆက်ပြောလိုက်၏။

"ကျွန်တော်က တစ်ယောက်တည်းနေတာလေ...ဒီမုန့်တွေအများကြီး ပြန်ယူသွားရင် မစားနိုင်ဘဲ မကောင်းဖြစ်သွားမှာ...ကျွန်တော့်ကို တစ်ဝက်ကူစားပေးပါ..."

"အဲဒီလိုမှန်းသိရင် အစတည်းက ဒီလောက်အများကြီးမဝယ်ဖို့ ကျွန်မ တားလိုက်ပါတယ်..."

ချန်မန်ပြောလိုက်သောအသံက တိုးသော်လည်း ကားက ကျဉ်းကာ လုဖျင်ကျိုးကလည်း နားကောင်းသောကြောင့် ချန်မန်ပြောလိုက်သည်ကို ရှင်းလင်းစွာ ကြားလိုက်သည်။ လုဖျင်ကျိုးက ပြုံးပြီး မေးလိုက်သည်။

"ဒါဆို ဘာဖြစ်လို့ မတားခဲ့တာလဲ..."

"ကျွန်မက ဆရာကြီးလုပ်နေတယ်လို့ ရှင်ထင်သွားမှာစိုးလို့လေ..."

လုဖျင်ကျိုးက ခပ်တိုးတိုးရယ်လိုက်သည်။
"အင်း မတားတာဘဲကောင်းပါတယ်...မင်းတားရင်လည်း ကျွန်တော်က အတင်းဝယ်ပြီး ပြန်ရင် စားဖို့ ထည့်ပေးလိုက်ဦးမှာပဲ..."

ချန်မန်လည်း မနေနိုင်ဘဲ လိုက်ရယ်လိုက်မိတော့သည်။

"ရှင်က အကုန်လုံးကို သေချာစဉ်းစားထားတာပဲ..."

"ကျွန်တော်တို့နှစ်ယောက် ဒီတစ်ပတ်ထဲ တွေ့လို့မရရင်တောင် အနည်းဆုံးတော့ ကျွန်တော်တို့ တူတူဝယ်လာတဲ့ကိတ်မုန့်ကို တူတူစားနေရတယ်လို့ တွေးပြီး ဖြေသာလို့ရအောင် ဝယ်လာလိုက်တာပါ..."

လုဖျင်ကျိုး၏ မျက်နှာက အပိုပြောနေသည်နှင့် လုံးဝမတူဘဲ ရိုးသားကြည်လင်နေသည်။ သူပြောလိုက်သောစကားများကလည်း အချစ်စကားမဟုတ်သော်လည်း သူ့ရင်ထဲမှထွက်လာသော စစ်မှန်သည့်စကားများဖြစ်သည်။ 

ချန်မန်လည်း မငြင်းနိုင်တော့ချေ။
"ဒါဆို နောက်တစ်ခါတွေ့ရင် ကျွန်မ ပိုက်ဆံရှင်းမယ် ဟုတ်ပြီလား..."

လုဖျင်ကျိုးက မဖြေသေးဘဲ ရသောအ‌ခွင့်မရေးကို လက်လွတ်မခံဘဲ မေးလိုက်သည်။
"မင်း တနင်္ဂနွေနေ့ အားမယ်ဆိုရင် မနက် ၇ နာရီလောက် ကျွန်‌တော်လာခေါ်ရမလား..."

"၇ နာရီ ဟုတ်လား..."
ချန်မန်၏မျက်နှာက အနည်းငယ် စိတ်ညစ်သည့်ပုံပေါက်သွားသည်။ 

"၇နာရီဆို ကျွန်မ နိုးတောင်မနိုးသေးဘူး..."

လုဖျင်ကျိုး၏ ချန်မန်၏ အပျင်းထူမှုကို မလှောင်ဘဲ ပြန်မေးလိုက်သည်။ 
"ဒါဆို ဘယ်အချိန်လောက် ပုံမှန်ထတတ်လဲ..."

"၇ နာရီလောက်တော့ ထပါတယ်...ဒါပေမယ့် ရှင်က ၇ နာရီလာခေါ်မယ်ဆိုရင် ကျွန်မ ပြင်ဆင်ဖို့အချိန်မရှိတော့ဘူးလေ..."

တကယ်တမ်းကမူ ထို ၇ နာရီက အလုပ်ရှိသော ကြားရက်များ၌သာ ချန်မန်ထသောအချိန်ဖြစ်သည်။ ပုံမှန် နားရက်ဆိုလျှင် ချန်မန်က ၇နာရီခွဲ‌ခန့်အထိ အိပ်ယာထဲ ကွေးနေတတ်သူဖြစ်သည်။ သို့သော် ထိုအမှန်တရားကို လုဖျင်ကျိုးက ပြော၍မဖြစ်ပေ။ 

"ဒါဆို ကျွန်တော် ၈ နာရီလောက် လာခေါ်လိုက်မယ်လေ..."

လုဖျင်ကျိုးက စဉ်းစဉ်းစားစား ပြောလိုက်သည်။ 

ချန်မန်က ခေါင်းညိတ်လိုက်သည်။
"ဟုတ် ရတယ်...ဒါဆိုရင် တနင်္ဂနွေနေ့ကျရင် တွေ့ကြရဖို့ ကျွန်မ ဆုတောင်းပါတယ်..."

"ကျွန်တော် မင်း ဖုန်းဆက်တာကို စောင့်နေပါ့မယ်..."

"ဒါဆို ကျွန်မ ပြန်တော့မယ်နော်..."
ချန်မန်က ဝန်ထမ်းအိမ်ယာခြံဝန်း တံခါးဝကို လက်ညှိုးထိုးပြီးပြောလိုက်သည်။ 

လုဖျင်ကျိုးက ကားထဲမှ အရင်ထွက်ကာ ချန်မန်ရှိရာဘက်သို့ လျှောက်လာပြီး ကားတံခါးကို ဖွင့်ပေးလိုက်သည်။ ထို့နောက် ချန်မန့်လက်ထဲမှ အထုတ်များကိုကြည့်ပြီး မေးလိုက်သည်။
"ကျွန်တော် လိုက်ပို့ပေးရမလား..."

"ဟင့်အင်း...ကျွန်မဘာသာကျွန်မ သွားနိုင်ပါတယ်..."

ချန်မန်က လက်ကို အမြန်ဝှေ့ရမ်းကာပြောလိုက်သည်။ ထို့နောက် ကားပေါ်မှ ဆင်းပြီး ကိတ်မုန့်အိတ်၊ ပန်းသီးအိတ်များကို ကိုင်ကာ ခြံတံခါးဝဆီသို့ လျှောက်သွားလိုက်သည်။ 

တံခါးဝသို့ရောက်သောအခါ သူမ အနောက်သို့လှည့်ပြီး တာ့တာပြလိုက်သည်။ 

"ပြန်တော့လေ...နောက်အပတ်မှ တွေ့ကြတာပေါ့..."

"အင်း တာ့တာ..."

လုဖျင်ကျိုးက ပါးစပ်မှ နှုတ်ဆက်လိုက်သော်လည်း ရပ်နေသောနေရာမှ မရွေ့ချေ။ တဖြည်းဖြည်းနှင့် လမ်းလျှောက်သွားနေသော ချန်မန့်ကို ကြည့်နေ၍ နောက်ဆုံး မြင်ကွင်းမှ ချန်မန်ပျောက်သွားပြီးမှသာ လုဖျင်ကျိုးလည်း ကားတံခါးကိုဖွင့်ကာ ကားပေါ်သို့ ပြန်တက်လိုက်သည်။ 

ကားပေါ်၌ ပြန်ထိုင်ပြီးသောအခါ စက်နှိုး၍ မောင်းရန်အသင့်ပြင်လိုက်သည်။ လီဗာကိုနင်းရန် ခြေထောက်တင်ပြီးကာမှ ဘေးထိုင်ခုံပေါ်၌ရှိနေသော စက္ကူမုန့်ထုတ်ကို လုဖျင်ကျိုးသတိထားမိသွားသည်။ ထိုအထုတ်ကို လှမ်းယူပြီး အိတ်ထဲမှ ပဲကိတ်မုန့်တစ်ခုကို ယူကာ တစ်ကိုက်ကိုက်လိုက်လေသည်။ 

ချိုနေတာပဲ...

***

တနင်္ဂနွေညနေခင်းဖြစ်သောကြောင့် အိမ်ယာခြံဝန်းက သာမာန်ထက် လူစည်ကားနေလေသည်။ လူငယ်များ၊ လူလတ်ပိုင်းများ၊ လူကြီးများက သူတို့ဘာသာသူတို့ အုပ်စုလေးများဖြင့် အိမ်အပြင်ဘက်၊ လမ်းဘေး၌ စကားများပြောနေကြသည်။ ကလေးများက ခြံဝန်းထဲ၌ အော်ဟစ်မြူးထူးပြီး ပြေးလွှားကစားနေကြသည်။ ကြည့်လိုက်ရုံနှင့်ပင် စစ်တိုက်တမ်းကစားနေကြမှန်းသိသာနေသည်။ 

ချန်မန်က ကလေးများနှင့် ဝင်မတိုးမိစေရန် သေချာရှောင်ရင်း လူကြီးများကို ပြုံးပြနှုတ်ဆက်ကာ ခြံအမှတ် ၂၇ ဆီသို့ လျှောက်သွားလိုက်သည်။ အနားရောက်သောအခါ ချန်မန်က သူ့အဖေနှင့် အစ်ကိုတို့  á€á€źá€śá€Ąá€•á€źá€„á€şáŒá€›á€•á€şá€•á€źá€Žá€¸ ဘေးခြံမှလူများနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ 

သူ့သမီးကိုမြင်သောအခါ ချန်စုဝေ့က ချန်မန်နားသို့လျှောက်လာပြီး မေးလိုက်သည်။

"ပြန်လာပြီလား...လက်ထဲမှာလည်း အိတ်တွေအများကြီးနဲ့ ဘာတွေသယ်လာတာလဲ..."

"ဝယ်ပေးလိုက်တဲ့ မုန့်တွေ..."

"ဘယ်သူက ဝယ်ပေး..."

ချန်စုဝေ့က ပြောရင်းနှင့်မှ အကြောင်းရင်းကို သတိရသွားသောကြောင့် မေးခွန်းကို ပြီးအောင် ဆက်မပေးဘဲ စကားလွှဲလိုက်သည်။

"အိမ်ထဲဝင်တော့...သမီးအမေက သိချင်လွန်းလို့ မျှော်နေတာကြာပြီ..."

ချန်မန်က ခေါင်းညိတ်ပြပြီး အထုပ်များကိုသယ်ကာ ခြံထဲသို့ ဝင်သွားလိုက်သည်။

ဤညနေခင်းအချိန်က မိသားစုတိုင်းလိုလိုက ညစာပြင်ဆင်ရင်း အလုပ်ရှုပ်နေချိန်ဖြစ်သည်။ ချန်မိသားစုကလည်း အလားတူပင် ညစာပြင်ဆင်ရင်း အလုပ်ရှုပ်နေကြသည်။ ဝမ့်ချိုးမိန်က မီးဖိုရှေ့ရပ်ကာ ဟင်းချက်နေသည်။ 

ဤခြံဝန်းထဲမှ အိမ်များ၌ မီးဖိုချောင်ဟူ၍ မရှိပေ။ မီးဖိုသက်သက်ဆောက်ရန် ပျင်းသူများက အိမ်တံခါးနား၌ပင် မီးသွေးမီးဖိုတစ်လုံးချပြီး ချက်ကြသည်။ ချန်မိသားစုကဲ့သို့ ဖြစ်ကတတ်ဆန်းမလုပ်ချင်ဘဲ သပ်သပ်ရပ်ရပ် ချက်ပြုတ်ချင်သူများကမူ အိမ်အပြင် တံခါးနား၌ မီးဖိုတစ်လုံး သပ်သပ်ရပ်ရပ်ဆင်ကာ မီးဖိုဘေးကိုလည်း သစ်သားပြားများဖြင့်ကာပြီး အမိုးထိုးကာ မီးဖိုခန်းလေးဖြစ်အောင် လုပ်ထားကြသည်။ 

လောဝမ်ရှင်းက ထိုမီးဖိုလေး အပြင်၌ ထိုင်ပြီး ဟင်းရွက်အချို့ကို သင်နေရင်း ဝမ့်ချိုးမိန်နှင့်စကားပြောနေသည်။ ဘေးခြံမှ အန်တီကလည်း သူ့ခြံထဲ၌ ဟင်းချက်ရင်း ဝမ့်ချိုးမိန်တို့နှင်တစ်ချက်တစ်ချက် စကားလှမ်းပြောနေသည်။ လောဝမ်ရှင်းက စကားပြောနေရင်း ခေါင်းမော့ကြည့်လိုက်သောအခါ ချန်မန့်ကိုတွေ့လိုက်သောကြောင့် ပြုံးပြီး ပြောလိုက်သည်။

"မန်မန် ပြန်ရောက်လာပြီလား..."

"ဟုတ် အစ်မ..."

ချန်မန်က ခေါင်းညိတ်ပြလိုက်ပြီး ဝမ့်ချိုးမိန်ကို လှမ်းကြည့်လိုက်၏။

"အမေ..."

ဝမ့်ချိုးမိန်က လှည့်ကြည့်ကာ ပြောလိုက်သည်။

"ဪ မန်မန် ပြန်ရောက်လာပြီပဲ...သွား လက်သွားဆေးချေ...အမေတို့လည်း ဒီဟင်းတစ်ခွက်ချက်ပြီး ဟင်းရွက်ကြော်ပြီးရင် ထမင်းစားလို့ရပြီ..."

ချန်မန်က ဟုတ် ဟုပြောကာ ပစ္စည်းများကို အိမ်ထဲသယ်ပြီး စားပွဲပေါ်တင်ထားလိုက်သည်။ ထို့နောက် ရေစည်ဆီသို့ သွားကာ ရေတစ်ခွက်ခပ်ပြီး လက်ဆေးလိုက်လေသည်။ 

လက်ကို ရေလောင်းပြီးပြီးချင်းမှာပင် "ဒိုင်း ဒိုင်း ဒိုင်း..." ဟူသော အသံကိုကြားလိုက်ရ၏။ ထို့နောက် ကလေးအော်သံတစ်ခုကို ဆက်ကြားလိုက်ရသည်။

"လက်မြှောက်စမ်း ဒိုင်း ဒိုင်း ဒိုင်း..."

ထို့နောက် လောဝမ်ရှင်း၏ စိတ်မရှည်စွာအော်သံကို တစ်ဆက်တည်း ကြားလိုက်ရသည်။

"တဒိုင်းဒိုင်းဒိုင်းနဲ့ နင့်ခေါင်းကို ငါခေါက်လိုက်ရ...နင့်အသံကြားရင် ငါခေါင်းကိုက်လွန်းလို့ပါဟယ်...ညစာပဲစားရတော့မယ် အခုထိ ဆော့လို့ကကောင်းတုန်း...သွား လက်သွားဆေးတော့..."

"ဒါပေမယ့် ဖေဖေနဲ့ ဖိုးဖိုးလည်း အပြင်မှာ ဆော့နေကြတာပဲကို..."

"ဟဲ့ နင့်ကိုယ်နင် နင့်အဖေနဲ့ အဖိုးနဲ့ နှိုင်းလို့ရမလား..."

လောဝမ်ရှင်းကို အသံကို ထပ်မြှင့်ကာအော်လိုက်သည်။
"ဟဲ့ ဘယ်ကိုသွားနေပြန်တာလဲ...ချန်မင် နင်ဒီကို ပြန်လာခဲ့စမ်း...နင် အပြင်ကို ခြေတစ်လှမ်းထပ်ထွက်ကြည့် ငါနင့်ကို ရိုက်မှာနော်..."

ဝမ့်ချိုးမိန်ကလည်း ဝင်ပြောလိုက်သည်။
"မေမေပြောနေတာ နားထောင်လေ မြေးရဲ့...သွား လက်သွားဆေးတော့ ညစာစားပြီးမှ ဆက်ဆော့ ဟုတ်ပြီလား..."

"ဟုတ်ကဲ့..."

ထိုစကားကြားပြီး မကြာခင်မှာပင် အသက် ၄ နှစ် ၅ နှစ်ခန့်ရှိမည့်ကောင်လေးတစ်ယောက်က စက္ကူဖြင့် လုပ်ထားသော ကစားစရာသေနတ်တစ်လက်ကိုကိုင်ကာ အိမ်ထဲသို့ ဝင်လာသည်။ ကောင်လေးက ချန်မန့်ကိုတွေ့သောအခါ သေနတ်ကိုမြှောက်ပြီး အော်ပြောလိုက်လေသည်။

💝💝💝👩‍❤️‍👨Chapter 12
 á€€á€źá€„်ဖက်တွ္အပဟဎးသ္ဏဥခဍ


"လက်မြှောက်စမ်း..."

ချန်မန်ကလည်း ရိုကျိုးစွာပင် လက်မြှောက်လိုက်သည်။ 

"ထိုင်..."

ချန်မန် ဆောင့်ကြောင့်ထိုင်လိုက်သည်။

ကောင်လေးက သေနတ်ကို မြှောက်ရင်း ချန်မန့်နားသို့ လျှောက်လာကာ ချန်မန့်မျက်နှာသို့ သေနတ်ကို ချိန်လိုက်သည်။

"နာမည်ဘယ်လိုခေါ်လဲ..."

"ချန်မန်ပါရှင့်..."

"မှားတယ်...ကျွန်မက မန်မန်ဇီ ပါလို့ဖြေရမှာလား...'

ချန်မန်: "နင်က ငါတို့တရုတ်တွေဘက်က ဆော့နေတာလား ဂျပန်တွေဘက်က ဆော့နေတာလား..."

ကောင်လေးက သူ့ကိုယ်သူ ဂုဏ်ယူသောပုံဖြင့် သွားများပေါ်အောင်ပြုံးလိုက်သည်။

"တရုတ်ဘက်ကပေါ့ဗျ..."

"ဒါဆို ဘာဖြစ်လို့ ငါ့ကို ဂျပန်‌လိုပြောခိုင်းနေတာလဲ..."

ကောင်လေးက ရုတ်တရက် ဘာပြန်ဖြေရမည်မသိဖြစ်သွားသည်။

"သားက...သားက ဒေါ်လေးကိုပြောတတ်အောင် သင်ပေးနေတာလေ..."

"ဟုတ်ကဲ့ပါရှင်...သင်ပေးပြီးပြီဆိုရင် ဒီက ရဲဘော်ကြီးက လက်ကိုလာဆေးလိုက်ပါတော့..."

ချန်မန်က ပြောရင်း ပြန်ထကာ ဆပ်ပြာကို ယူပြီး သူ့လက်ကိုယ်သူ ပွတ်ဆေးလိုက်သည်။ ထို့နောက် ကောင်လေးကိုလည်း သေနတ်ကို ဘေးချခိုင်းပြီး လက်များကို ရေလောင်းပေးလိုက်သည်။

လက်ဆေးရင်း ချန်မင်က မေးလာသည်။
"ဒေါ်လေး ဒီနေ့ ကြင်ဖက်သွားတွေ့တာလား..."

"အဟွတ်..."

ချန်မန် ရုတ်တရက်လန့်ကာ ချောင်းပင် တစ်ချက်ဆိုးလိုက်မိသည်။ ထို့နောက် ချန်မင့်ကို မျက်လုံးပြူးကြည့်ပြီး မေးလိုက်၏။

"ဘာတွေလာမေးနေတာလဲ..."

"ဖိုးဖိုးနဲ့ ဖွားဖွားပြောနေကြတာ ကျွန်တော်ကြားလို့လေ..."

ချန်မင်က ဝမ့်ချိုးမိန်၏ လေသံကို တုကာ ပြောလိုက်သည်။ 

"မန်မန် ကြင်ဖက်သွားတွေ့တာ အဆင်များပြေရဲ့လားမသိပါဘူး..."

"ဖွားဖွားက အဲဒီလိုပြောတော့ ဖိုးဖိုးက ဒီလိုပြန်ပြောတယ်...အဆင်မပြေရင် မန်မန် အစောကြီးတည်းက ပြန်ရောက်နေမှာပေါ့...အခုထိပြန်မလာသေးတော့ စကားပြောတာ အဆင်ပြေနေလို့နေမှာပေါ့..."

ချန်မင်က လက်ကို ဆပ်ပြာဖြင့်ပွတ်ရင်း ချန်မန်ကို မော့ကြည့်လိုက်သည်။
"ဒေါ်လေး...ကျွန်တော် ဦးလေးရတော့မှာလားဟင်..."

ချန်မန်: "နင်ကလည်း သိလှချည်လားဟယ်..."

"သိတာပေါ့ဗျ..."

ချန်မင်က ခေါင်းကို ဂုဏ်ယူစွာမော့ပြီး ပြောလိုက်သည်။ ထို့နောက် ချက်ချင်း မျက်နှာကို ပြန်တည်ကာ ချန်မန့်ကိုကြည့်ပြီးပြောလိုက်သည်။

"ဒေါ်လေး စကားလမ်းကြောင်းတွေ လွှဲမနေပါနဲ့..."

ချန်မန်က ဘေစင်ထဲ၌ လက်ကိုဆေးပြီး လက်ကို ဘေးသို့ခါလိုက်သည်။ ဆပ်ပြာစင်ကြောင်း သေချာသောအခါမှ ဘေးမှ လှမ်းထားသော အဝတ်စကိုယူကာ လက်သုတ်လိုက်သည်။ ထို့နောက် ချန်မင်ကို လှည့်ပြောလိုက်သည်။

"ကဲ ငါနင့်ကို ရွေးချယ်စရာနှစ်ခုပေးမယ် ဟုတ်ပြီလား...ပထမတစ်ခုက ခုဏ နင်ပြောနေတဲ့ ကြင်ဖက်တွေ့တဲ့အကြောင်းကို နင့်ဘာသာနင်ဆက်ပြောနေဖို့...ဒုတိယတစ်ခုက နင့်ပါးစပ်လေးကို ပိတ်ပြီး ဒီ ကြက်ဥကိတ်မုန့်ကို စားဖို့...ဘာရွေးမလဲ..."

ချန်မန်က ပြောရင်း မုန့်ထုပ်များတင်ထားသောစားပွဲနားသို့ လျှောက်ကာ စက္ကူအိတ်အကြီးတစ်ခုထဲမှ ကြက်ဥကိတ်မုန့်ကို ထုတ်ပြီး ချန်မင်ရှေ့၌ ရမ်းပြလိုက်သည်။ 

ထိုခေတ်အခါ၌ ကြက်ဥကိတ်မုန့်ဆိုသည်မှာ အလွန်အဖိုးတန်သော မုန့်ဖြစ်သည်။ ဈေးကြီးရုံမျှမက ဝယ်ရန်လက်မှတ်ကလည်း လိုသေးသည်။ ထို့ကြောင့် လူကြီးများပင် ကြက်ဥကိတ်မုန့်မြင်လျှင် ဟန်မဆောင်နိုင်ဖြစ်ကြရာ ချန်မင်ကဲ့သို့ အသက်ငါးနှစ်ပင်မပြည့်သေးသော ကောင်လေးအတွက်မူ ပြောဖွယ်ရာမရှိတော့ပေ။ 

အဝါရောင်ကြက်ဥကိတ်မုန့်ကို မြင်သည်နှင့် ချက်ချင်းပင် ချန်မင် အခြားဘာကိုမှမမြင်တော့ချေ။ ထို့ကြောင့် ပါးစပ်ကို တင်းတင်းစေ့ပြီး သူ ဘာမှမပြောတော့မည်ဖြစ်ကြောင်း ချန်မန်သိစေရန် မေးစေ့ကိုပါ မော့ပြထားလိုက်သည်။ 

ချန်မန်လည်း ရယ်ပြီး ချန်မင်ကို ကိတ်မုန့် လှမ်းပေးလိုက်၏။

"ပြီးရင် ညစာစားရတော့မှာဆိုတော့ အခု တစ်ခုပဲရမယ်နော်...မစားခင် လက်ကိုသေချာဆေးဦး..."

"ဟုတ်ကဲ့..."

ချန်မင်က ခေါင်းတဆတ်ဆတ်ညိတ်ပြီး လက်ကို ဆေးကာ ချန်မန့်ထံမှ မုန့်ကို အမြန်လှမ်းယူလိုက်သည်။ ထို့နောက် တစ်ချက်ကိုက်ပြီး အိမ်အပြင်သို့ ပြေးထွက်သွားသည်။ 

"အမေ...ဖွားဖွား...ဒီမှာကြည့်..."

လောဝမ်ရှင်း၏မာဆတ်ဆတ်အသံက အရင်ထွက်လာသည်။

"နင်က ဒီကြက်ဥကိတ်မုန့်ကို ဘယ်ကရလာတာလဲ..."

"ဒေါ်လေးပေးတာလေ..."

လောဝမ်ရှင်း၏အသံက အနည်းငယ် ပျော့ပျောင်းသွားသည်။

"မန်မန်က ကြက်ဥကိတ်မုန့်တွေဝယ်လာတာလား..."

"အင်း အိတ်ကြီးက အကြီးကြီးပဲ...ဒါပေမယ့် ပြီးရင် ညစာစားရတော့မှာမို့လို့ အခု တစ်ခုပဲစားရမယ်တဲ့..."

ချန်မင်က သက်ပြင်းချရင်းပြောလိုက်သည်။

"ဖွားဖွား သား ညစာမစားလို့မရဘူးလားဟင်..."

ဝမ့်ချိုးမိန်က သူ့မြေး၏ အချိုးကိုသိပြီးသားဖြစ်သောကြောင့် မျက်စောင်းထိုးပြီး လှမ်းပြောလိုက်သည်။

"မရပါဘူးတော်..."

ထို့နောက် ဝမ့်ချိုးမိန်က လောဝမ်ရှင်းကို နောက်ဆုံးကျန်နေသော ဟင်းတစ်ခွက်ကို ချက်ခိုင်းလိုက်ပြီး လက်များကိုသုတ်ကာ အိမ်ထဲသို့ ဝင်လာလိုက်သည်။ 

ဧည့်ခန်းထဲ၌ ချန်မန်ရှိမနေပေ။ သို့သော် စားပွဲပေါ်မှ စက္ကူအိတ်များကို ဝမ့်ချိုးမိန် တွေ့လိုက်သောကြောင့် အနားသို့ လျှောက်သွားကာ ကြည့်လိုက်သည်။ နှစ်အိတ်က မုန့်များဖြစ်ပြီး ကျန်တစ်အိတ်ထဲ၌က ပန်းသီး ၆ လုံး ၇ လုံး ခန့်ရှိနေသည်ကို တွေ့လိုက်ရသည်။ 

ဤရာသီက ပန်းသီးရှားနေချိန်ဖြစ်သောကြောင့် ဈေးက အလွန်တက်နေရာ မိသားစု အများစုက ပန်းသီးကို မဝယ်စားနိုင်ဖြစ်နေကြသည်။ 

ဤခြံဝန်းထဲ၌ ချန်မိသားစုက အခြားမိသားစုများနှင့်ယှဉ်လျှင် ကောင်းကောင်းမွန်မွန် စားနိုင်သောက်နိုင်သော မိသားစုဖြစ်သည်။ ထိုသို့ဖြစ်သည့်တိုင် ဝမ့်ချိုးမိန်က ဤကဲ့သို့ ဈေးကြီးသောပစ္စည်းများဝယ်ရန်အတွက် မည်သောအခါမှ ပိုက်ဆံမသုံးချေ။ ဝမ့်ချိုးမိန်သာမက ချန်မိသားစုတစ်ခုလုံးလည်း ထိုသို့ပင်ဖြစ်သည်။ တစ်နှစ်လုံး၌ သူတို့ အသီးစားရသောအကြိမ်ရေက လက်ချိုးရေ၍ပင် ရသည်။ 

ဝမ့်ချိုးမိန်က အိတ်များကို ခဏကြည့်ပြီး ချန်မန့်အခန်းဆီသို့ လျှောက်သွားလိုက်သည်။

ချန်မိသားစု၌ သားသမီး သုံးယောက်ရှိသောကြောင့် ဤအိမ်ကို ဝယ်ပြီးသောအခါ ဝမ့်ချိုးမိန်က သူမ‌ယောင်္ကျားနှင့် တိုင်ပင်ကာ အိမ်ကို ပြန်လည်ပြုပြင်ခဲ့သည်။ ပထမဆုံးအနေဖြင့် မည်သည့်အခန်းမှရှိမနေသော အိမ်အလွတ်ကြီးအား နံရံတစ်ခုထည့်ပြီး အခန်းကြီး နှစ်ခန်း ဖွဲ့လိုက်သည်။ ထိုအခန်းထဲမှ အပြင်ဘက်ရောက်သော အခန်းကို ဧည့်ခန်းနှင့် အိပ်ခန်းအကြီးအဖြစ်နှစ်ခန်း ထပ်ခွဲလိုက်သည်။ အထဲမှ အခန်းကိုလည်း အခန်းသေးတစ်ခန်း၊ အကြီးတစ်ခန်း ထပ်ဖွဲ့လိုက်သည်။ 

ချန်လျန်နှင့် ချန်ကျင်းတို့ ညီအစ်ကိုက အခန်းကြီး၌နေပြီး ချန်မန်က တ‌စ်ယောက်တည်းလည်းဖြစ်၊ မိန်းကလေးလည်းဖြစ်သောကြောင့် အတွင်းဘက်ကျသော အခန်းငယ်ကို ယူလိုက်သည်။ 

အခန်းနားရောက်သောအခါ အထဲမှ ချန်မန့်အသံကို ကြားနေရသည်။ ဝမ့်ချိုးမိန်က တံခါးကို ဖွင့်ပြီး ချန်မန့်အခန်းထဲသို့ ဝင်လာလိုက်သည်။ 

အခန်းက မကျယ်လှသောကြောင့် ကုတင်အသေးတစ်လုံး၊ ဗီရိုတစ်လုံးနှင့် စားပွဲတစ်လုံးနှင့်ပင် အခန်းက ပြည့်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ 

ချန်မန်က ကုတင်နှင့် စားပွဲကြားမှ လွတ်နေသော နေရာ၌ ထိုင်နေပြီး စားပွဲမှ အံဆွဲထဲသို့ ပစ္စည်းများ ထည့်နေသည်။ 

ပစ္စည်းများထည့်ပြီး၍ အံဆွဲကို ပိတ်လိုက်ပြီးသောအခါမှသာ သူ့အမေ အနောက်၌ ရောက်နေသည်ကို ချန်မန်သတိထားမိသွားသည်။

"အမေ...သမီးကို ဘာပြောစရာရှိလို့လဲ..."

ဝမ့်ချိုးမိန်က စကားကို ကွေ့ပတ်မနေဘဲ ဒဲ့တိုးသာမေးလိုက်သည်။
"အပြင်က မုန့်တွေက သမီးဝယ်လာတာလား..."

"မဟုတ်ဘူး...အစ်ကိုဖျင်ဝယ်ပေးလိုက်တာ..."
ချန်မန်က တုံ့ဆိုင်းစွာဖြင့် ဆက်ပြောလိုက်သည်။

"ဒီလောက် ပစ္စည်းတွေအများကြီးကို သမီး လက်မခံလိုက်သင့်ဘူးမလား..."

"အဲဒါက သမီးတို့နှစ်ယောက် ဘယ်အခြေအနေပေါ်ရောက်နေလဲဆိုတာပေါ် မူတည်တာပေါ့...ဒီနေ့တွေ့တာ အဆင်မပြေလို့ နောက်နေ့တွေ ဆက်မတွေ့ချင်တော့ဘူးဆိုရင်တော့ ဒီပစ္စည်းတွေကို မယူလာသင့်ဘူးပေါ့...ဒါပေမယ့် အဆင်ပြေပြီး အချင်းချင်းသဘောကျတယ်ဆိုရင်တော့ ယူလာတာ ကိစ္စမရှိပါဘူး..."

ဝမ့်ချိုးမိန်က ပြောရင်း သူ့သမီး၏မျက်နှာကို အကဲခတ်လိုက်သည်။

"သမီးက သူ့ကို ချစ်နေပြီလား..."

ချန်မန်၏ ပါးများက ပူနွေးသွားကြသော်လည်း ခေါင်းကို ညိတ်ပြလိုက်သည်။

"ဒီနေ့ သူက တွဲကြမလားလို့မေးတာ သမီးလည်း တွဲမယ်လို့ပြောခဲ့တယ်..."

ကြင်ဖက်တွေ့ခြင်းက အဆင်ပြေကြောင်း ဝမ့်ချိုးမိန် ခန့်မှန်းမိသော်လည်း ဤမျှ အဆင့်တက်သွားမည်ကိုမူ ဝမ့်ချိုးမိန် မထင်ထားခဲ့မိချေ။ 

ဒါကလည်း ဒီခေတ်မှာ မထူးဆန်းတော့ပါဘူးလေ...
ယခုခေတ် ကြင်ဖက်တွေ့ခြင်းက ဝမ့်ချိုးမိန်တို့ခေတ်ကနှင့် မတူတော့ချေ။ ပထမဆုံးအကြိမ်၌ စကားပြောအဆင်‌ပြေသည်နှင့် ချက်ချင်း တွဲလိုက်ကြ၍ နောက် ၄ ၅ လကြာလျှင် မင်္ဂလာကိစ္စကို စကားပြောနေကြပြီဖြစ်သည်။

ထို့ကြောင့် ချန်မန်တို့အတွဲကသာ မြန်နေခြင်းမဟုတ်ပေ။

သို့သော်လည်း ဝမ့်ချိုးမိန်က သူ့သမီးကို မကြာခင် လက်ထပ်တော့မည့်မိန်းကလေးဟု မမြင်ဘဲ ပေါတောတောကလေးမလေးဟုသာ မြင်နေမိသည်။ 

တကယ်ဆိုလျှင် ချန်မန်၏အသက်က အလွန်ငယ်နေသည်မဟုတ်ချေ။ ခြံဝန်းထဲမှ ချန်မန်နှင့်ရွယ်တူ မိန်းကလေးအချို့ဆိုလျှင် မိသားစုအတွက် ဟင်းကူချက်ပေးနေပြီဖြစ်သည်။(သိပ်နားမလည်ဘူး)

 á€œá€˝á€”်ခဲအသ္ဏ သုံးနှစ် ချန်မန် အထက်တန်းအောင်ပြီးကာစအရွယ်၌ ချန်မန့်ကို လက်ထပ်ခွင့်လာတောင်းသူတစ်ယောက်ရှိခဲ့သည်။ သို့သော် ထိုစဉ်က ဝမ့်ချိုးမိန်က သူ့သမီးလေးကို ငယ်လွန်းသေးသည်ဟု ထင်သောကြောင့် ထိုလက်ထပ်ခွင့်ကိုငြင်းကာ ယခုထိ အချိန်ဆွဲနေခဲ့ခြင်းဖြစ်၏။ 

ဝမ့်ချိုးမိန်က ချန်မန်၏ ဆံပင်များကို သပ်ပြီး ပြောလိုက်သည်။

"အခု သမီးတို့က တွဲနေကြပြီဆိုတော့ တစ်‌ယောက်ကိုတစ်ယောက် ကောင်းကောင်းမွန်မွန်ဆက်ဆံကြနော်...ပြဿနာတစ်ခုခုကြုံလာပြီဆိုလည်း ခေါင်းမာမနေကြနဲ့...အချင်းချင်း ညှိညှိနှိုင်းနှိုင်း လုပ်ကြ..."

ချန်မန်က သူ့အမေ၏ခါးကို လှမ်းဖက်ကာ အမေ့ရင်ဘတ်ပေါ်သို့ မျက်နှာအပ်ရင်း တိုးတိတ်စွာပြောလိုက်သည်။
"ဟုတ်ကဲ့..."

ဝမ့်ချိုးမိန်က စဉ်းစားရင်းထပ်ပြောလိုက်သည်။
"ဒါပေမယ့် ကောင်လေးကို အရမ်းလည်း အလိုလိုက်လို့မဖြစ်ဘူး ကြားလား...ဟိုကိစ္စမှာဆိုရင်တော့ ကိုယ့်ဘက်က စည်းထားပြီး နေရမယ်..."

ချန်မန်က နားမလည်သောကြောင့် မော့ကြည့်ပြီး မေးလိုက်သည်။
"ဘာကိစ္စလဲ အမေ..."

ဝမ့်ချိုးမိန်လည်း မည်ကဲ့သို့ ဆက်ရှင်းပြရမည်မသိဖြစ်သွားသည်။ သို့သော် သူ့သမီးလေး ရေတိမ်နစ်မည်ကိုလည်း စိုးသောကြောင့် သေချာစဉ်းစားပြီး စကားကို ရွေးပြောလိုက်သည်။

"လက်မထပ်ရသေးခင်အထိ သမီးခန္ဓာကိုယ်ကို သူ့ကို လုံးဝမထိခိုင်းနဲ့လို့ပြောတာ..."

ဤတစ်ခေါက်တွင်မူ ချန်မန် ချက်ချင်းသဘောပေါက်သွားပြီး ခေါင်းအစ ခြေအဆုံး ရှက်စိတ်ဖြင့် ပူထူသွားမိသည်။ ဝမ့်ချိုးမိန်ကို ဖက်ထားရာမှ အမြန်လွှတ်လိုက်ပြီး ရှက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ 

"အမေကလည်း...ဘာတွေပြောနေမှန်းမသိဘူး..."

ဤခေတ်မှလူများက သိုသိုသိပ်သိပ်နေတတ်ကြ၍ ဤလိင်ကိစွအကြောင်းများ၌ ပွင့်လင်းမြင်သာမှုမရှိဟု ချန်မန်ထင်ထားမိခဲ့ခြင်းပင်။

အခုတော့ ငါ ရည်းစားရပြီဆိုတာနဲ့ အမေက ဒီကိစ္စတွေ လာပြောနေပြီ...ဒုက္ခပဲ...

"အမေက စိတ်ပူလို့ ဒီအကြောင်းတွေပြောနေရတာပါဟယ်...ခြံအမှတ် ၁၃ မှာနေတဲ့ လီ မိသားစုက ကောင်မလေးကို သမီးမေ့သွားပြီလား...အဲဒီကောင်မလေးကလေ တစ်နေကုန် လမ်းမပေါ်က ကောင်လေးတွေနဲ့ တတွဲတွဲလုပ်နေပြီး နောက်တော့ လက်တောင်မထပ်ရသေးဘူး ဗိုက်ထွက်လာတာလေ...အဖေတောင် ကလေးမွေးလာပြီးမှ ဘယ်သူမှန်းသေချာသိရတာ...သူ့ဂုဏ်သိက္ခာဆို ရစရာမရှိတော့ဘူးလေ...ဒီအကြောင်းတွေ သိပ်မသိတဲ့ နယ်ဘက်က မုဆိုးဖိုကြီးကိုပဲ အမြန်ဖမ်းယူလိုက်ရပါပေါ့လား..."

ထိုမိန်းကလေး လက်ထပ်သွားနိုင်သည်ကလည်း သူတို့ခြံဝန်းမှလူများက အချင်းချင်းကူညီပေးပြီး ဤကိစ္စကို ဖုံးဖိပေးထားသောကြောင့်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ တစ်စုံတစ်ယောက်ကသာ တိုင်လိုက်လျှင် ထိုမိန်းကလေး လက်ထပ်ဖို့မျှော်မှန်းနိုင်မည်ပင်မဟုတ်ဘဲ တောရွာပြုပြင်ရေးစခန်းသို့ အပို့ခံရမည်ဖြစ်သည်။ 

ဝမ့်ချိုးမိန်က ဆက်ပြောလိုက်သည်။
"ယောင်္ကျားတွေက သူတို့တစ်ကိုယ်တည်း သာယာဖို့လောက်ပဲကြည့်ပြီး မိန်းကလေးတွေဘက်ကို ဘယ်တော့မှကြည့်ပေးတာမဟုတ်ဘူး...အဲဒါကြောင့် သမီးကောင်လေးက ဘယ်လိုပဲပြောပြော စည်းမကျော်ခိုင်းရဘူး ကြားလား...လက်မထပ်ရသေးခင်မှာ မလုပ်သင့်တာတွေ လျှောက်မလုပ်နဲ့နော် မန်မန်..."

ချန်မန်ကလည်း ဘာမှမသိသော မိန်းကလေးမဟုတ်ပေ။ ယခင်ဘဝက အသက် ၁၈ နှစ်အထိသာ နေခဲ့ရသော်လည်း အင်တာနက်ကြောင့် သိသင့်သလောက်ကို ချန်မန် သိထားပြီးဖြစ်သည်။

ထို့ကြောင့် ဝမ့်ချိုးမိန်က သူမကို ကြောက်အောင်ခြောက်နေခြင်းမဟုတ်ဘဲ တကယ်စိုးရိမ်သောကြောင့် ပြောနေမှန်း ချန်မန်သိသည်။ ထို့ကြောင့် ချန်မန်လည်း ရှက်စိတ်ကို မြိုချကာပြောလိုက်သည်။

"စိတ်မပူပါနဲ့ အမေ...သမီးတို့ လုံးဝ စည်းမကျော်စေရပါဘူး..."


💝💝💝👩‍❤️‍👨Chapter 13
အဲ့ဒါကို နားမလည်နိုင်ဘူး

☆သူ့ပါးစပ်ထဲက ထွက်လာလိုက်တော့ စကားလုံးကောင်းကောင်းတွေက ဘယ်လိုဖြစ်ပြီး အရမ်းကို ထေ့ငေါ့တဲ့စကားတွေ ဖြစ်သွားတာလဲ☆

ညစာစားပြီးနောက် ညနေပိုင်းတွင် ချန်မန်က လူတိုင်းကို အစာသွပ်မုန့်တစ်ခုစီ ဝေပေးလိုက်သည်။

ဖွထားသောကြက်သားမျှင်များပါသည့် ကိတ်မုန့်ကို စားနေရင်း လောဝမ်ရှင်းက သူမ၏ ယောက်မကို ကြည့်လိုက်ကာ သူမ၏အကြည့်များက တဖန်ပြန်၍ နူးညံ့သွားပြီး အပြုံးတစ်ချက်နှင့် မေးလိုက်သည်။

“မန်မန်... နင် ဒီနေ့ ဘာတွေလုပ်နေတာလဲ... ဘာဖြစ်လို့ မုန့်တွေဝယ်ဖို့ စဉ်းစားခဲ့တာလဲ...”

ချန်မန်က မဖြေနိုင်မီမှာပင် ဝမ့်ချိုးမိန်က အရင်ဖြေလိုက်သည်။

“မန်မန်က နေ့လည်တုန်းက ကြင်ဖက်တွေ့ဖို့ သွားခဲ့တယ်... ဒီအစာသွပ်မုန့်တွေက သူမနဲ့ ချိန်းတွေ့တဲ့ သူက ယူလာပေးတာ...”

လောဝမ်ရှင်းမှာ အသက်ရှူပင်မှားသွားသည်။

“တွဲဖို့ လူမှန်တွေ့ပြီလား...”

“ငယ်တုန်းရွယ်တုန်းဆိုရင်တော့ မြင်မြင်ချင်း ချစ်သွားတတ်ကြတာပဲလေ...”

ချွေးမဖြစ်သူ၏ စိတ်ခံစားချက်ပြောင်းလဲသွားမှုကို အာရုံခံနေရင်း ဝမ့်ချိုးမိန်က တိတိကျကျ ပြောလိုက်သည်။

“ဒါပေမဲ့ သူတို့က အချိန်နည်းနည်းကြာအောင် တွေ့ကြပြီးတော့ ရှေ့ဆက်ပြီး ဘယ်လို စခန်းသွားမယ်ဆိုတာ မတိုင်ပင်ကြရသေးဘူး... အပြင်လူတွေကို လျှောက်မပြောဘဲ သိုသိုသိပ်သိပ်နေပြီးတော့ လူရှေ့သူရှေ့မှာလည်း ဒီကိစ္စကို သိသာ‌အောင် မလုပ်ကြနဲ့... နောက်ကျရင် အဲ့မိန်းကလေး(ချန်မန်)အတွက် ငါ မိတ်ဆက်ပေးချင်တဲ့သူ ပေါ်ချင်ပေါ်လာဦးမှာဆိုတော့ အခုတော့ ဒီကိစ္စကို ဆုံးဖြတ်မပေးချင်ဘူး...”

ထိုစကားက ဘာမှမဟုတ်သလို ထင်ရသည်။ အဆုံးသတ်တွင် ဤလောကကြီးက အမြဲလိုလို မိန်းမသားများအပေါ်တွင်သာ ပို၍ ရက်စက်ကြမ်းတမ်းမြဲပင်။ ယောက်ျားသားတစ်ယောက်က လက်တွဲဖော်(ရည်းစား)တစ်ယောက်မက ရှိနေခဲ့လျှင် အပြင်လူများက ထိုယောက်ျား၏ စွမ်းဆောင်ရည်ကို ချီးမွမ်းကြရုံသာရှိမည်။ သို့သော် မိန်းမသားတစ်ယောက်၌ လက်တွဲဖော်တစ်ယောက်မက ရှိနေခဲ့လျှင်မူ ထိုမိန်းမကို လူအချို့က မျက်နှာများသူဟု ပြောကြပေလိမ့်မည်။

ချန်မန်ထံတွင် အစောကတည်းက လက်တွဲဖော်တစ်ယောက်သာ ရှိသည်ဟု အများသိထားကြလျှင် ဤသည်က ကောင်းမွန်ပြီး စေ့စပ်ညှိနှိုင်းခြင်းကလည်း အောင်မြင်ပေလိမ့်မည်။ နောက်ပိုင်းတွင် စေ့စပ်ညှိနှိုင်းခြင်းက အဆင်မပြေဖြစ်ပြီး ကွဲကွာသွားခဲ့သည်ရှိသော် ဤသည်က ဂုဏ်သိက္ခာပိုင်းတွင် သက်ရောက်မှုရှိလာပေလိမ့်မည်။

သို့သော်လည်း လောဝမ်ရှင်းက ပြီးခဲ့သောအပတ်က ယောက်မဖြစ်သူနှင့် လက်တွဲဖော်တို့ မိတ်ဆက်ပေးခြင်းကို စဉ်းစားလိုက်မိပြီး ထိုအချိန်က သူမ၏ အပြုအမူကိုပါ တွေးလိုက်မိသည်။ ယနေ့တွင် ယောက်မသည် အခြားသူများ မိတ်ဆက်ပေးသော လူတစ်ယောက်နှင့် ကြင်ဖော်တွေ့ခြင်း ပြုလုပ်ခဲ့ပြီး ယခင်တခါကကဲ့သို့အဆင်မပြေဟု သူမ မထင်မိပေ။ 

လောဝမ်ရှင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒီတစ်ယောက်က ကောင်းတယ်ဆိုရင် အဲ့ဒါက မလိုအပ်တော့ဘူးလေ... မပြောဘဲ ဖုံးထားလိုက်ပေါ့...”

ဝမ့်ချိုးမိန်၏ မျက်နှာမှာ မည်းမှောင်သွားသည်။
“အပြင်မှာ လျှောက်မပြောနဲ့လို့ ငါက နင့်ကို ပြောထားရင် ပါးစပ်ကို ပိတ်ပဲထားတော့လေ... နင် ဘာလို့ ဒီလောက်တောင် စကားများနေတာလဲ...”

ယောက္ခမဖြစ်သူထံမှ ဆူငေါက်ခံခဲ့ရပြီး လောဝမ်ရှင်းသည် အိမ်ပြန်လမ်းတစ်လျှောက်လုံး ဆူပုတ်သုန်မှုန်နေခဲ့သည်။ တံခါးကို သော့ဖွင့်ဝင်လိုက်ပြီးနောက်ပိုင်း  á€á€ťá€”á€şá€€á€ťá€„á€şá€¸á ရှေ့တည့်တည့်တွင် တံခါးကို တအားဆောင့်ပိတ်လိုက်ရာ သူက အိမ်ထဲသို့ပင် မဝင်လိုက်နိုင်ပေ။

ထိုအဖြစ်အပျက်ကို မြင်သွားသော အိမ်နီးချင်းက (မကောင်းစိတ်ဖြင့်) ပီတိဖြစ်သွားပြီး မေးလိုက်သည်။
“မင်းမိန်းမကို ဒေါသထွက်အောင် မင်းလုပ်ထားတာလား... ဒီမိန်းမမျိုးနဲ့တော့ မင်းရေရှည်အဆင်ပြေမှာ မဟုတ်ဘူးလို့ ငါပြောလိုက်ပါပေရဲ့... အဆင်ပြေချင်တယ်ဆိုရင်တော့ အဲ့မိန်းမရဲ့ မျက်နှာပေါ်က နှာခေါင်းကိုသာ ပိတ်ရိုက်လိုက်...”

ချန်ကျင်းမှာ မျက်နှာက ရယ်မောပြနေသော်လည်း စိတ်ထဲကမူ အိမ်နီးချင်း၏ မှတ်ချက်ကို လှောင်ပြောင်သရော်နေမိသည်။

ထိုလူက သူ့ရှေ့တွင် မည်မျှပင် ထည်ဝါပြစေနေကာမူ သူ့မိန်းမရှေ့တွင် ထိုသူသည် တုတ်တုတ်မျှပင် မလှုပ်ရဲပေ။ 

တံခါးကို တွန်းကာ ဖွင့်လိုက်ပြီး အိမ်ထဲဝင်သွားရင်း ကြည့်လိုက်ရာ ဧည့်ခန်းထဲတွင် လောဝမ်ရှင်းကို အစအနပင် မမြင်ရချေ။

ချန်ကျင်းသည် အိမ်ခန်းတံခါးဆီသို့  á€á€”á€şá€¸á€á€”á€şá€¸á€™á€á€şá€™á€á€şá€œá€ťá€žá€ąá€Źá€€á€şá€žá€˝á€Źá€¸á€œá€­á€Żá€€á€şá€•á€źá€Žá€¸ တံခါးကို ခေါက်ကာ အော်ပြောလိုက်သည်။

“ဇနီးလေး... မင်းအထဲမှာ ရှိနေလား...”
သူက တံခါးကို တွန်းဖွင့်ကြည့်သော်လည်း သော့ခတ်ထားသည်ကို တွေ့လိုက်ရသည်။

“ငါဝင်လာပြီနော်...”

ထိုသို့ပြောလိုက်ရင်း သူက တံခါးကို တွန်းဖွင့်လိုက်ရာ လောဝမ်ရှင်းသည် စူပုတ်နေသော မျက်နှာနှင့် အိပ်ရာအစွန်းတွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။

သူက အနီးသို့ လျှောက်သွားလိုက်ပြီး သူမ၏ ပခုံးများကို လက်မောင်းများနှင့် သိုင်းဖက်လိုက်သည်။

“ဘာဖြစ်လို့လဲ... မင်းအရမ်းစိတ်တိုနေတာပဲ...”

ထိုစကားကို ကြားလိုက်သောအခါ လောဝမ်ရှင်းက ဒေါသူပုန်ထသွားပြီး သူ့လက်များကို ဖယ်ချလိုက်ကာ ပြောတော့သည်။

“ဘာဖြစ်တာလဲလို့ ရှင့်မို့မေးရဲတယ်နော်... ရှင့်အမေက ကျွန်မကို ဘာကြောင့် ဆူလိုက်တယ်ဆိုတာကို ရှင် မကြားလိုက်တာလား...”

“အမေက မင်းကို ဆူတာလား...”
ချန်ကျင်းက စိတ်ရှုပ်သွားဟန်‌ဆောင်လိုက်ပြီး သူမ ဒေါသမထွက်မီ ခေါင်းညိတ်ပြလိုက်သည်။

“အမေပြောလိုက်တဲ့ လေသံက သိပ်မဟုတ်ဘူးဆိုတာ ငါလက်ခံပါတယ်... ဒါပေမဲ့ အဲ့ဒါက ဆူလိုက်ငေါက်လိုက်တာနဲ့တော့ မတူသေးပါဘူးကွာ...”

အမှန်လည်း ဝမ့်ချိုးမိန်၏ စကားများထဲတွင် ဆဲဆိုကြိမ်းမောင်းသော စကားလုံး တစ်လုံးမျှပင် မပါဝင်ပေ။ နောက်ဆုံးတွင် သူမသည် အဆဲစာလုံးတစ်လုံးမျှပင် မသုံးခဲ့သော်လည်း မိသားစုအားလုံးရှေ့တွင် ခက်ထန်သောလေသံဖြင့် ပြောလိုက်ခြင်းကြောင့် ဤသည်က လောဝမ်ရှင်း၏ မျက်လုံးထဲတွင် မျက်နှာကိုဖြတ်ရိုက်လိုက်သည်နှင့် မခြားနားတော့ပေ။

လောဝမ်ရှင်းက အေးတိအေးစက်ဖြင့် ဟွန့်ခနဲ နှာမှုတ်လိုက်သည်။
“ဘာပဲပြောပြော နောက်ဆုံးတော့ ကျွန်မ နားလည်လိုက်ပါပြီ... ရှင့်အမေရဲ့ မျက်စိထဲမှာ သမီးဆိုတာက ရတနာလေးတစ်ပါး ဖြစ်ပြီးတော့ ချွေးမဆိုတာကတော့ အလကားပါပဲ...”

“မင်းပြောနေတာ ငါ့အမေရဲ့ သမီးလေးက ရတနာတစ်ပါးဖြစ်တဲ့အကြောင်းလို့ ငါ ယုံကြည်တယ်... တကယ်တော့ အမေ့မှာက သားနှစ်ယောက်နဲ့ သမီးက တစ်‌ယောက်တည်းပဲရှိတာ... ငါလည်း ငါ့အမေက မန့်မန့်ကို ပိုချစ်တယ်လို့ ထင်တယ်...”
ချန်ကျင်းက လေးနက်တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ ငါရဲ့ဇနီးလေးက အရှုံးသမားဖြစ်နေတာပဲ... ငါ့ကို ပြောစမ်း... ဘယ်အချိန်တုန်းက သူမက မင်းကို အသာစီးရသွားတာလဲ...” 

လောဝမ်ရှင်းကို မေးလိုက်သည်။

ဤသည်ကို သူမက ရေရေရာရာ မပြောနိုင်သော်လည်း အမှန်တကယ်ပင် သူမ၏ ယောက္ခမသည် အထူးသဖြင့် ယောက်မဖြစ်သူနှင့် နှိုင်းယှဉ်ပြီး သူမကို အရူးလုပ်နေသည်ကို ခံစားမိသည်။  á€žá€­á€Żá€ˇá€žá€ąá€Źá€şá€œá€Šá€şá€¸ ချန်ကျင်းကပင်လျှင် အမေက သားဖြစ်သူထက် သမီးဖြစ်သူကို ပိုချစ်သည်ဟု ပြောနေသည်။ ထို့ကြောင့် ချွေးမတစ်ယောက်ဖြစ်သော သူမကို ချစ်ခင်မှုသည် သမီးတစ်ယောက်ထက် လျော့နည်းနေသည်မှာ ပုံမှန်ဟုပင် ထင်ရသည်။

လောဝမ်ရှင်းက သွားများကို တင်းတင်းစေ့ထားရင်း မေးလိုက်သည်။
“အမေက ချန်မန်ကို ပိုချစ်တယ်... သားတစ်ယောက်အနေနဲ့ ရှင့်မှာ ဘာမှ ကန့်ကွက်စရာမရှိဘူးလား...”

“ငါက ဘာလို့ ကန့်ကွက်စရာရှိရမှာလဲ... ငါ့အမေက မန်မန်ကို ပိုချစ်တယ်... ဒါပေမဲ့ အမေက ငါ့ကိုလည်း ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူး... ငါ့မိဘတွေက ငါ့ကို စာသင်ဖို့ စာအုပ်တွေ ဝယ်ပေးပေမယ့် ငါ့မှာက အဲ့လိုစိတ်ကူးမရှိလို့ ဂျူနီယာအထက်တန်းကျောင်းလောက်ပဲ ငါက အောင်မြင်နိုင်ခဲ့တာ... အလုပ်လုပ်ဖို့ကျတော့လည်း ငါ့မိဘတွေကပဲ ငါ့အတွက် ပြည်နယ်အစိုးရပိုင်စက်ရုံမှာ တရားဝင် အလုပ်လုပ်နိုင်ဖို့ စီစဉ်ပေးခဲ့ပြီးတော့ အဲ့အလုပ်က မန်မန့်အလုပ်ထက် ပိုကောင်းတယ်လေ... ငါ့မိဘတွေက သတို့သမီးခန်းဝင်ကြေးလည်း ပေးခဲ့တယ်... ငါ့အမေကလည်း ငါတို့ကလေးကို ကူပြီးတော့ ထိန်းပေးတယ်... ငါတို့မိသားစု သုံးယောက်လုံးလည်း အိမ်ဟောင်း (အမေတို့အိမ်)မှာ နေ့တိုင်း ထမင်းသွားစားနေတယ်လေ... ပြီးတော့ ငါတို့စားတဲ့ ထမင်းဖိုးကို ငါတို့က ပေးခဲ့တယ်ဆိုပေမယ့်လည်း အမှန်ကတော့ ဒါတွေက ငါ့မိဘတွေက ငါတို့အဆင်ပြေအောင် ကူညီပေးနေတာပဲ...”

ချန်ကျင်းက လက်ချောင်းများနှင့် လက်ခုပ်တီးလိုက်ပြီး အဆုံးသတ်လိုက်သည်။

“ငါကတော့ ငါရနေတဲ့ ဘယ်အခွင့်အရေးကိုမှ လက်လွတ်ခံမှာ မဟုတ်ဘူး... တကယ်လို့ မင်းမှာ ငါ့အမေက သူ့သမီးလေးကို ပိုဂရုစိုက်တဲ့အကြောင်းနဲ့ ပတ်သက်လို့ ထင်မြင်ချက်တစ်ခု ရှိနေသေးတယ်ဆိုရင်တော့ ငါက အရမ်းကို  á€…á€­á€á€şá€€á€źá€Žá€¸á€á€„á€şá€™á€­á€á€ąá€Źá€ˇá€™á€šá€ş...”

အစပိုင်းတွင် လောဝမ်ရှင်းက သေချာစွာ ဂရုတစိုက်နားထောင်ခဲ့သော်လည်း သူ စကားပြောပြီးသည်အထိ မည်သို့မျှ မတုံ့ပြန်ခဲ့ဘဲ နောက်မှ သူ့ကို တွန်းထုတ်လိုက်သည်။

“ဟုတ်ပါပြီ... ဟုတ်ပါပြီ... ကျွန်မက မျက်လုံးဖြူဝံပုလွေပါ (ကျေးဇူးကန်းသူ)... ဘယ်လိုစိတ်ဖြေရမလဲ ကျွန်မက မသိတာပါ...”

သူ့ဇနီးက ဒေါသထွက်နေသည်ကို မြင်လိုက်သောအခါ ချန်ကျင်းက ကပျာကယာပင် သူမကို သိုင်းဖက်လိုက်သည်။

“ဇနီးလေး... ငါမှားသွားပါတယ်... တကယ်ပဲ မင်းကို ဂယက်မရိုက်စေရဘူးလို့ ကတိပေးပါတယ်... အဲ့ဒါမျိုးတွေ ငါပြောခဲ့လားလို့ ဘာလို့ မင်းမမေးတာလဲ...”

“ကျွန်မကို အပြစ်တင်နေတာလား...”
လောဝမ်ရှင်းက သူ့ကို မျက်‌စောင်းထိုးကြည့်လိုက်သည်။

“မဟုတ်တာ ငါ့အပြစ်ပါ... ဘာကြောင့်လဲဆိုတော့ ငါ့မှာ မျက်လုံးလည်း မရှိသလို စကားကလည်း မပြောနိုင်လို့ပါ... ငါ့မိန်းမလေး... မင်း ငါ့ကို အထင်လွဲနေပြီ... တကယ်လို့ မင်း ဒေါသထွက်နေသေးရင်လည်း ငါ့ကိုသာ ရိုက်လိုက်ပါတော့ကွာ...”

ထိုသို့ပြောလိုက်ရင်း ချန်ကျင်းက လောဝမ်ရှင်း၏ လက်လေးကို ကောက်ကိုင်လိုက်ကာ သူ့ပါးကို သူ ခပ်ဖွဖွရိုက်လိုက်သည်။ ထို့နောက် “အား” ဟု အော်လိုက်ရာ ဤသည်က သူမကို ဒေါသပြေကာ ရယ်ချင်သွားစေသည်။ 

“မအော်နဲ့...”

ချန်ကျင်းက တဟိဟိ ရယ်လိုက်ရင်း နူးညံ့စွာ မေးလိုက်သည်။
“မိန်းမ‌လေး... မင်းဒေါသမထွက်တော့ဘူးမဟုတ်လား...”

“တကယ်ပဲ  á€’္ဍသထွက်တဏပ္ဍအ...”

လောဝမ်ရှင်းက မျက်ခုံးကို ပင့်လိုက်သည်။ ထို့နောက် စကားဆက်ပြောလိုက်ရင်း သူမ၏ မျက်နှာက ဖြူဖျော့လာသည်။

“ဒါပေမဲ့ ဒေါသထွက်ရတဲ့ အဓိကအချက်က ဘာလဲ... ရှင်ပြောသလို ရှင့်အမေက ဘက်လိုက်ပြီးတော့ ကျွန်မတို့ ဒီလိုလုပ်နေသရွေ့ သူမက အဲ့ဒီကနေ အမြတ်ရနေမှာပဲ... အဲ့ဒါက အဆင်ပြေတယ်ပဲ ထားလိုက်ဦး... အဲ့လိုလုပ်ရင် ကျွန်မက မျက်ခုံးဖြူဝံပလွေနဲ့ တူနေမှာပေါ့...”

ချန်ကျင်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“မဖြစ်နိုင်တာကွာ... ငါ့လိုမျိုး စိတ်ထားကောင်းတဲ့ ငါ့ဇနီးလေးက ဘယ်လိုလုပ်ပြီး မျက်လုံးဖြူဝံပုလွေ ဖြစ်ရမှာလဲ...”

“တော်တော်အပြောကောင်း...”
လောဝမ်ရှင်း စိတ်ငြိမ်သွားပြီးနောက် သူမစိတ်ထဲရှိသမျှ ထုတ်ပြောလာသည်။

“ကျွန်မက စိတ်လေးပဲ တိုတာပါ... ရှင့်ညီမရဲ့ ဒီနေ့ ကြင်ဖက်တွေ့တာက ရှေ့ရက်တွေကတည်းက ဆုံးဖြတ်ထားပြီးသား... ဒါပေမဲ့ ရှင့်မိဘတွေက ဘာဆိုဘာမှ တိတိကျကျ ထုတ်မပြောဘူးလေ...တကယ်လို့ သူတို့သာ ဝင်မပါဘူးဆိုရင် ကျွန်မတို့ကို သူတို့က ဒီနေ့အဲ့အကြောင်း ပြောမှာကို မဟုတ်ဘူး... အဲ့ဒါဘာလဲ သိလား...”

“အဲ့ဒါက ဘာလဲ...”

“ကျွန်မှာ တကယ်ပဲ အပြစ်ရှိတယ်လို့ ခံစားနေရလို့ပဲ... ကျွန်မက ရှင့်ညီမကို အရင်တုန်းက လူတစ်ယောက်နဲ့ မိတ်ဆက်ပေးတုန်းက ရှင့်အမေရဲ့ အမူအရာကလေ မသိရင် ကျွန်မကပဲ သူ့သမီးလေးကို မီးပုံထဲ တွန်းချနေသလိုပုံနဲ့... ဒီနေ့ တွေ့မယ့်သူကျတော့ တခြားတစ်ယောက်က မိတ်ဆက်ပေးတာလေ... ဒါပေမဲ့ ရှင့်အမေကို ကြည့်လိုက်... ပျော်လွန်းလို့ သူမ ပြုံးနေတယ်လေ...”

လောဝမ်ရှင်းက တိုးတိုးပြောလိုက်သည်။

“ကျွန်မ မိတ်ဆက်ပေးတဲ့သူတွေကို သူတို့က အထင်သေးတယ်ဆိုတာကိုသာ သိထားခဲ့ရင် ရှင့်ညီမရဲ့ မဟုတ်တရုတ်ဖြစ်မယ့်ကိစ္စတွေကို ကျွန်မ ဂရုစိုက်ပေးနေမှာ မဟုတ်ဘူး...”

ထိုစကားကို ကြားလိုက်သောအခါ ချန်ကျင်းက ပြောလိုက်သည်။

“ငါကတော့ မင်းအရမ်းအတွေးလွန်နေပြီလို့ ထင်တာပဲ...”

“ဘာဖြစ်လို့ ကျွန်မက အတွေးလွန်ရတာလဲ...”

“တစ်ယောက်ယောက်နဲ့ မန်မန်ကို မင်း မိတ်ဆက်ပေးချင်တဲ့ အစပိုင်းတုန်းက ငါ့အမေရဲ့ အမူအရာအရ အဲ့ဒါက အဆင်ပြေတယ်... မန်မန်ကလည်း အဲ့လူကို တွေ့ဖို့သွားခဲ့ပေမယ့် အဲ့လူကိုယ်တိုင်က အဆင်မပြေတာ...”

“ဘာလို့ မပြေနိုင်ရတာလဲ... သူ့အခြေအနေတွေက အရမ်းကောင်းတာကို...”

“အခြေအနေတွေက အဆင်ပြေပါတယ်... ဒါပေမဲ့ စရိုက်ကတော့ အဆင်မပြေဘူး...”
ချန်ကျင်းက သူ့မိန်းမကို ကြည့်လိုက်ရင်း မေးလိုက်သည်။

“အဲ့လူနေရာမှာ ငါလို့ ထားလိုက်ကွာ... ပြီးတော့ ငါက မင်းကို မေးမယ်ဆိုပါတော့... မင်းအလုပ်ကို မေ့ထားလိုက်ပြီးတော့ ကလေးတွေမွေးပြီး ကလေးထိန်းဖို့ အိမ်မှာပဲနေတော့လို့ ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ မင်းကို ပြောခဲ့ရင် မင်းဘယ်လိုခံစားရမလဲ...”

“ကျွန်မတို့ရဲ့ အခြေအနေက သူတို့နဲ့ မတူဘူးလေ...”

“ဘာက မတူတာလဲ... ဒါက မင်းရဲ့အလုပ်နော်... သူ့လစာကလည်း မန်မန်ရဲ့လစာထက် ပိုများတယ်... သူ့ရဲ့မိသားစုအခြေအနေကလည်း ငါ့တို့မိသားစုထက် နည်းနည်းပိုသာတယ်... ဒါပေမဲ့ သူ့မိသားစုက ချမ်းသာတယ်ဆိုရုံနဲ့ဘဲ သူက တခြားသူကို မလေးမစား လုပ်လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး...”

“သူက ဘယ်လိုမျိုးမလေးမစားလုပ်လို့လဲ...”

“သူပြောတဲ့ စကားလုံးတွေက တခြားသူတွေအပေါ် သူထားတဲ့ လေးစားမှုရဲ့ သင်္ကေတဆိုတာ မင်းတွေးမိရဲ့လား... ဒီလိုမျိုးအတွေးတွေ သူတွေးတယ်ဆိုတာရဲ့ မူလအရင်းအမြစ်က သူက မန်မန့်ကို သူနဲ့ တန်းတူရည်တူ သ‌ဘောမထားနိုင်ဘူးဆိုတာပဲ... ငါတို့မိဘတွေသာ ကေဒါတွေ ဖြစ်ခဲ့မယ်ဆိုရင် မန်မန့်ရဲ့ အလုပ်က အရမ်းကို ခက်ခဲမှာ... ကောင်းပြီ... ခုထိ သူက ဒီစကားတွေကို ပြောနိုင်တယ်လို့ မင်းတွေးနေသေးလား...”

အမေးခံလိုက်ရသော လောဝမ်ရှင်းက ဘာမှပြန်မပြောနိုင်မီ ချန်ကျင်းက ဆက်ပြောသည်။

“သူက မန်မန့်ကို အထင်သေးတယ်ဆိုကတည်းက သူဟာ မန်မန့်အတွက် လက်ထပ်ဖို့ လက်တွဲဖော်ကောင်းတစ်ယောက်ကို မင်းထင်သေးလား... ငါတို့မိသားစုလို မိသားစုမျိုးမှာ သမီးမိန်းကလေးတစ်ယောက်က ဆင်းရဲသားတစ်ယောက်ကို လက်ထပ်တာကို ကြောက်စရာလို့ မထင်ကြဘူး... အဲ့လူက အလုပ်ကြိုးစားပြီးတော့ အလုပ်လုပ်ဖို့ ဆန္ဒပြင်းပြနေသမျှ ကာလပတ်လုံး အမြဲတမ်း ကောင်းကောင်းမွန်မွန် နေနိုင်တယ်... ဒါပေမဲ့ မိန်းမဖြစ်သူကို လူလိုသူလို မဆက်ဆံဘူးဆိုရင်တော့ အဲ့လူရဲ့ မိသားစုအခြေအနေက ဘယ်လောက်ကောင်းကောင်း အဲ့လူ လက်ထပ်လို့ ရမှာမဟုတ်ဘူး...”

လောဝမ်ရှင်းက ပြန်လည်၍ ခွန်းတုံ့ပြန်လိုသော်လည်း တိကျခိုင်မာသော အကြောင်းပြချက်ကို စဉ်းစားမရခဲ့ပေ။ အဆုံးတွင် သူမက မေးရုံသာမေးလိုက်နိုင်သည်။

“အဲ့လိုဆိုတော့ ဒီနေ့ ရှင်က သူ့အကျင့်စရိုက်ကို သိခဲ့ပြီပေါ့...”

“မန်မန်က အရွယ်ရောက်နေပါပြီ... သူမမှာ ဒါက ကောင်းလား ဆိုးလားဆိုတာကို ဆင်ခြင်နိုင်တဲ့ စွမ်းရည်ရှိပါတယ်... အဲ့ဒါထက်ကို သူတို့က အချိန်ယူကြဦးမှာဆိုတော့ ဒီအကြောင်း ပြောဖို့ရာ စောလွန်းပါသေးတယ်... စောင့်ကြည့်ကြသေးတာပေါ့ကွာ...”

ချန်ကျင်းက ထိုအကြောင်းကို စဉ်းစားလိုက်ပြီး ရှင်းပြလိုက်သည်။

“အကြောင်းပြချက်က ဒီလိုလည်း ဖြစ်နိုင်တယ်... အမေက မင်းကို အပြင်မှာ ပေါက်ကရတွေ လျှောက်မပြောဖို့ ပြောရတာက သူတို့ ဒီလူကို အချိန်ယူအကဲခတ်ပြီးတော့မှ မကောင်းတဲ့လူဆိုတာ သိသွားခဲ့ရင် သူတို့နှစ်ကိုယ်ကြားပဲ လမ်းခွဲလိုက်စေချင်တာ ဖြစ်မှာပေါ့... ပြီးတော့ အဲ့ဒါက မန်မန့်အတွက် ပိုကောင်းလိမ့်မယ်...”

သူမယောက်ျားက သူမအား ရည်ရွယ်၍ ပြောလိုက်သည်ကို လောဝမ်ရှင်း ကြားလိုက်‌သောအခါ သူမက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“ရပြီ... ရပြီ... အခုကစပြီးတော့ လူတွေက ရှင့်ညီမအကြောင်း ကျွန်မကို မေးလာရင် ကျွန်မ မသိဘူးလို့ပဲ ဖြေလိုက်မယ်... ဟုတ်ပြီလား...”

...

ချန်မိသားစုက အစာသွပ်မုန့်များ ဝေပေးနေချိန်တွင် ရှဲ့ကျီမင်ကလည်း လုဖျင်ကျိုးဆီမှ အစာသွပ်မုန့်တစ်ခုကို ခယတောင်းဆိုနေသည်။

“ခယတောင်းဆို”ဟူသော စကားလုံးသည် လုဖျင်ကျိုးက အလွန်အမင်း နှမြောတတ်၍ မုန့်ထုပ်သုံးထုပ်ယူလာပြီး ရှဲ့ကျီမင်ကို မုန့်တစ်ခု ပေးရန်ပင် ငြင်းဆိုနေသောကြောင့်သာ မဟုတ်လျှင် သုံးမည်မဟုတ်ပေ။

ပဲနီလမုန့်တစ်ခုကို ကောက်ယူလိုက်ချိန်တွင် ထိုမုန့်ကို ဆတ်ခနဲ ဆွဲလုခံလိုက်ရသောကြောင့် သူမည်မျှ ထိတ်လန့်ရသွားသည်ကို ဘုရားမှသာ သိပေလိမ့်မည်။

မဟုတ်ဘူး... မဟုတ်ဘူးနော်.. ရဲဘော်ရဲဘက်ဖြစ်တာ နှစ်တွေဒီလောက်ကြာနေပြီကို လုဖျင်ကျိုးက သူ့ကို ပဲနီလမုန့်တစ်ခုတောင် မပေးနိုင်ဘူးတဲ့လေ...

သူ့၏ အမူအရာမှာ အလွန်အမင်းတုန်လှုပ်သွားကြောင့် တစ်စုံတစ်လုမှာ အနည်းငယ် ကရုဏာသက်သွားပြီး သူ့ကို မုန့်တစ်ခု ပေးလိုက်သော်လည်း နောက်ထပ် မရတော့ပေ။ (ဒရာမာခင်းမှ မုန့်စားရ)

ရှဲ့ကျီမင်က ကြက်သားလမုန့်ကို စားလိုက်ရင်း သက်ပြင်းချလိုက်ရုံမှတပါး တခြားမတတ်နိုင်ချေ။

“မင်း ဒီနေ့ ကြင်ဖက်သွားတွေ့တယ်လို့သာ ငါသိမထားရင် မင်းဒီနေ့ အတန်းသွားတက်တယ်လို့ ငါထင်နေမိတော့မှာ...”

“ဘာအတန်းလဲ...”

“ဂရန်းဒတ်*ကို ဘယ်လိုလုပ်ရတာလဲ ဆိုတဲ့အတန်း...” (အဲ့စာလုံးက အင်္ဂလိပ်စာလုံးလည်း မဟုတ်သလို တရုတ်စာလုံးလည်း မဟုတ်ဘူး အဓိပ္ပာယ်လည်း ရှာမရပါဘူး ဒါပေမဲ့ သူတို့နှစ်ယောက် ယောက်ျားအချင်းချင်း ပြောတဲ့ အောက်လုံးဟာသသင်္ကေတလို့ ထင်မိပါတယ်)

လုဖျင်ကျိုးက ရှက်ရွံ့မသွားဘဲ ပြန်‌မေးလိုက်သည်။
“ဂရန်းဒတ်အကြောင်းကို ခင်ဗျားသိနေသေးတယ်လား...”

ရှဲ့ကျီမင်က မျက်လုံးလှိမ့်လိုက်ပြီး ပြောလိုက်သည်။
“ငါ အဲ့ဒါကို နှစ်နည်းနည်းလောက်ကြာအောင် လေ့လာခဲ့တာကွာ... ဟုတ်ပြီလား...”

“ကောင်းတာပေါ့... ယဉ်‌ကျေးမှုတွေလိုက်နာတဲ့ လူတစ်ယောက်ပဲ...”

ရှဲ့ကျီမင်မှာ ဆို့နင်သွားပြီး လမုန့်ကို စားလိုက်ပြီးမှသာ နေသာသွားသည်။ သူက လုဖျင်ကျိုးကို ရိုးရိုးသားသား အကြံပေးလိုက်သည်။

“အဲ့ဒီမိန်းကလေးရှေ့ကျရင် မင်း အဲ့လိုစကားတွေ မပြောတာ ပိုကောင်းလိမ့်မယ်နော်...”

လုဖျင်ကျိုးက သူ့ကို မသိချင်ယောင်ဆောင်နေပြီး ပဲနီလမုန့်ကိုသာ ဆက်စားနေလေသည်။

ရှဲ့ကျီမင်အတွင် သူ အာရုံစိုက်နားထောင်ရန် မလိုအပ်ဘဲ သူ့ကို စကားဆက်ပြောနေလေသည်။
“မင်းရဲ့ မျက်နှာအစစ်(အကျင့်)ကို သူမ သိသွားရင် မင်းနဲ့ ဘယ်တော့မှ နောက်ထပ် မတွေ့ချင်တော့မှာကို ငါတော့ စိုးရိမ်မိတယ်...”

အခြားသူများသည် တစ်ဖက်သားကို မဝေဖန်ခြင်းကြောင့် ကျော်ကြားလာနိုင်သည်။ သို့သော် သူ၏ ချစ်လှစွာသော ဤသူငယ်ချင်းသည် စကားတစ်လုံးမျှ မပြောဘဲနှင့်ကျော်ကြားမှုရှိပြီးဖြစ်ကာ သူစကားပြောလိုက်လျှင်တော့ သူက အခြားသူများကို ဆို့နင်ပြီး သေသွားစေနိုင်ပေသည်။

သူ့ပါးစပ်ထဲက ထွက်လာလိုက်တော့ စကားလုံးကောင်းကောင်းတွေက ဘယ်လိုဖြစ်ပြီး အရမ်းကို ထေ့ငေါ့တဲ့စကားတွေ ဖြစ်သွားတာလဲ။

ဘယ်လိုမှကို နားမလည်နိုင်တော့ပေ။

ရှဲ့ကျီမင်၏ သဲလွန်စကို ကြားလိုက်ရသောအခါ လုဖျင်ကျင်းက တည်ငြိမ်စွာ သူ့ကို ကြည့်လိုက်သည်။
“မင်းရဲ့ အကြံအတွက် ကျေးဇူးတင်ပေမယ့် မင်းက အရမ်းကို စိတ်ပူတတ်တာပဲ... ငါ့ရဲ့လက်တွဲဖော်လေး (ငါဆိုတာကို အသံဖိပြော)က ငါစကားပြောတာ နားထောင်ရတာကို သိပ်ကြိုက်တယ်...” 

ရှဲ့ကျီမင်: “…”


💝💝💝👩‍❤️‍👨Chapter 14
ဖုန်းခေါ်ခြင်း

@ဒါက အရသာရှိတယ်လို့ ငါထင်ပေမယ့် ဒါကို စားတဲ့အချိန်တိုင်း ငါ မင်းအကြောင်းကိုပဲ တွေးနေမိတယ်@


တနင်္လာနေ့တွင် အလုပ်သို့ မသွားမီ ချန်မန်က အဒေါ်လောအတွက် ခွဲချန်ထားသော အစာသွပ်မုန့်များကို ဆီစိမ်စက္ကူနှင့် ရစ်ပတ်ထုပ်ပိုးလိုက်သည်။

နောက်ကျမှ ရောက်လာသောသူက ကျေးဇူးတင်လက်ဆောင်လေးကို မြင်သည်နှင့် သူတို့နှစ်ဦး အဆင်ပြေသွားမှန်း သိလိုက်လေရာ ချက်ချင်းပင် ပြုံးရွှင်သွားပြီး ပြောလာသည်။

“နင်တို့နှစ်ယောက် အဆင်ပြေမယ်လို့ ငါသိပြီးသားပါ... ဒီတနင်္ဂနွေကျရင် နင်နားဦးမှာလား...”

“အဲ့ဒါက ဦးလေးကွမ်နဲ့ ကျွန်မ နောက်ထပ် ဆွေးနွေးပြီးလို့ အဆိုင်းပြောင်းလို့ရတယ်ဆိုမှ ကျွန်မ အနားယူလိုက်ပါမယ်...”

သူတို့ဟိုတယ်တွင် နားရက်များသည် လတစ်လ၏ အစပိုင်းကတည်းက စီစဉ်ထားပြီးဖြစ်ရာ ကြားထဲတွင် တရက်တလေမျှ ပြောင်းလိုလျှင် သူတို့ညှိနှိုင်းနိုင်ပေသည်။ ထိုနေ့တွင် မည်သူမျှ အနားမယူလိုပါက သူတို့အနေဖြင့် ဒါရိုက်တာဝမ်ကို တိုက်ရိုက်တင်ပြရပေလိမ့်မည်။
 á€Ąá€€á€šá€şá တစ်စုံတစ်ယောက်သည် နားရက်မဟုတ်ဘဲ နားလိုလျှင် အဆိုင်းပြောင်းလဲခြင်းအား သူတို့အချင်းချင်း အရင်ဆွေးနွေးရပေလိမ့်မည်။

“ပြောတာ နောက်မကျစေနဲ့...”

အဒေါ်လောက စိတ်မရှည်တော့ပေ။ သူမက ချက်ချင်းပင် မီးဖိုခန်းတံခါးရှိ ခန်းဆီးကို ဆွဲဖွင့်လိုက်ပြီး ကောင်တာ‌တွင် မတ်တတ်ပ်ကာ ဟင်းသီးဟင်းရွက်များ လှီးချွတ်နေသော ကွမ်ကျန့်ကော်ကို အော်ပြောလိုက်သည်။ 

“အဖိုးကြီးကွမ်... လာဦး ဒီကို...”

ကွမ်ကျန့်ကော်က လုပ်လက်စကို ရပ်လိုက်ပြီး လှမ်းကြည့်ကာ မေးလိုက်သည်။

“ဘာဖြစ်ပြန်ပြီလဲ...”

“ကျွန်မ ရှင့်ကို ပြောစရာရှိလို့...”

ထိုသို့ပြောပြီးကာမှ အဒေါ်လောသည် ချမ်ရှောင်ဖျင်တစ်ယောက် အပြင်မှ အထဲသို့ ဝင်လာသည်ကို မြင်လိုက်ရပြီး စိတ်ပြောင်းသွားသည်။

“ထားလိုက်ပါတော့... ကျွန်မ အထဲဝင်လာပြီးပဲ ရှင့်ကို ပြောတော့မယ်...”

သူမက ချန်မန်ကို မီးဖိုခန်းထဲသို့ ဆွဲသွင်းသွားသည်။

ယနေ့သည် ယန်မင်ကျစ် နားရက်ဖြစ်‌ပြီး မီးဖိုခန်းထဲတွင် ကျန့်ကော်တစ်ယောက်တည်းသာ ရှိသောကြောင့် သူတို့စကားပြောချိန်တွင် လူရှောင်နေစရာ မလိုတော့ပေ။

အဒေါ်လောက ဆီစိမ်စက္ကူထုပ်ကို အရင်ဖွင့်လိုက်ပြီး ကွမ်ကျန့်ကော်ကို အရင်ရွေးယူခွင့်ပြုလိုက်သည်။

အစိုးရပိုင် စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေခြင်းဟူသော အဓိပ္ပာယ်သည် လစာကောင်းသည်ဟူသော အဓိပ္ပာယ်ဖြစ်သော်လည်း သူတို့က အသား၊ ထမင်းနှင့် ခေါက်ဆွဲများကိုသာ စားခွင့်ပြုထားသည်။ အစာသွပ်လမုန့်များ စားချင်သည်ဆိုလျှင် ကိုယ့်ငွေဖြင့်သာ ကိုယ်ဝယ်စားရပေမည်။

ကွမ်ကျန့်ကော်တွင် သားသမီးလေးယောက်ရှိပြီး ၎င်းတို့အနက် သုံးယောက်မှာ ကျောင်းတက်နေကြသည်။ အကြီးဆုံးကလေးက ကျေးလက်သို့ သွားခဲ့ရပြီး သူ့ကိုယ်သူအတွက်ပင် မနည်းရုန်းကန်နေရကာ မိသားစုကို အကူအညီမပေးနိုင်ပေ။ ထို့ကြောင့် မိဘဖြစ်သော သူတို့နှစ်ဦးလုံး အလုပ်လုပ်နေကြသည့်တိုင်‌အောင် သူတို့၏ ဘဝများမှာ မလွယ်ကူကြပေ။

ချန်မန်လေး* ယူလာသည့် ဤကဲ့သို့သော အစာသွပ်လမုန့်မျိုးကို မဝယ်မိစေရန် ကွမ်ကျန့်ကော်မှာ မနည်းသည်းခံနေခဲ့ရသည်။ (*သူထိန်းခဲ့တဲ့ ကလေးမလေးမို့ ဒီလိုခေါ်တာပါ)

သို့သော်လည်း သူသည် အစားအစာကို မြင်လိုက်သည်နှင့် သည်းမခံနိုင်တော့ဘဲ စားဖို့သာ တွေးမိသော လူစားမျိုး မဟုတ်ပေ။ သူက လမုန့်များကို ကြည့်လိုက်ပြီး တံတွေးမျိုချလိုက်ရင်း ပြောလိုက်သည်။

“ခင်ဗျားဘာတွေလုပ်နေတာလဲ...”

“ဒါတွေက မန်မန်ယူလာတာ... ရှင်နှစ်ခုယူလိုက်...”

ကွမ်ကျန့်ကော်က ချန်မန်ကို တအံ့တသြကြည့်လိုက်သည်။
“မင်းအမေက ဒီလမုန့်တွေကို ဝယ်လာတာလား...”

ထိုစကားပြောပြီးကာမှ သူ့ကိုယ်ပင် ဘာပြောလိုက်မိသည်ကို မယုံနိုင်အောင် ဖြစ်မိသည်။ သူနှင့် ဝမ့်ချိုးမိန်တို့သည် သူငယ်ချင်းဟောင်းများ ဖြစ်ကြပြီး သူတို့ဆုံတိုင်း သူက သူမကို အစ်မဝမ့်ဟု အမြဲ ခေါ်ခဲ့သည်။ သူမ၏ အကျင့်စရိုက်ကို သူ သိပေသည်။

သူမက လမုန့်များကို ဝယ်စားမည့်သူမဟုတ်ချေ။

ချန်မန်၏ အဖြေကလည်း သူခန့်မှန်းလိုက်သည်ကို အတည်ပြုပေးသည်။

“မဟုတ်ပါဘူး...”

“ဘယ်သူဝယ်လာတာလဲ...”

အ‌ဒေါ်လောက ရှက်ကိုးရှက်ကန်းဖြစ်နေသော ချန်မန်ကို တစ်ချက်ကြည့်လိုက်ပြီး စနောက်လိုက်သည်။

“ဘယ်သူဖြစ်ရမှာလဲ... သူမရဲ့ ရည်းစားကောင်လေးပေါ့...”

ကွမ်ကျန့်ကော်မှာ ပို၍ပင် အံအားသင့်သွားလေသည်။
“မင်းက ရည်းစားရနေပြီလား...”

“လုံးဝမဟုတ်ဘူး...”
အဒေါ်‌လောက ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

“ကျွန်မက သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးထားတာ...”

“ဘယ်သူလဲ... ငါရောသိတဲ့လူလား...”

ကွမ်ကျင့်ကော်သည် အမှန်ပင် အတင်းပြောတတ်သော လူစားမျိုးမဟုတ်သော်လည်း ယခင် ချန်မန်က လုပ်ငန်းကို လက်လွှဲမယူမီအချိန်ကတည်းက ဝမ့်ချိုးမိန်ကို တွေ့ရန် အစိုးရပိုင်ဟိုတယ်သို့ ချန်မန်က မကြာခဏ လာရောက်ခဲ့သောကြောင့် သူမသည် ကွမ်ကျန့်ကော်လက်ထဲတွင် ကြီးပြင်းလာသည်ဟုပင် ပြောနိုင်လေသည်။

ထိုသူသည် လူငယ်မျိုးဆက်များအပေါ် အမှန်ပင် စူးစမ်းလိုပြီး အလေးအနက်လည်း ထားလေသည်။

အ‌ဒေါ်လောက ချန်မန်ကို ကြည့်ကာ မေးလိုက်သည်။

“အဒေါ် ပြောလို့ရတယ်မဟုတ်လား...”

ချန်မန်သည် ထိုအကြောင်းကို တတ်နိုင်သမျှ ဖုံးဖိထားကာ သိုသိပ်စွာ နေလိုသော်လည်း ယခုအချိန်မှာ ထိုသို့ မပြောဘဲ ဖုံးကွယ်ထားရန် သင့်လျော်သည့်အချိန် မဟုတ်သောကြောင့် သူမက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ဟုတ်ကဲ့...”

“သူမရဲ့ကောင်လေးက လုဖျင်ကျိုးပဲ... သူက ကျွန်မတို့ စားသောက်ဆိုင်မှာ လာစားနေကျ ဖောက်သည်လေ...”

အဒေါ်လောက ကွမ်ကျန့်ကော်သည် မီးဖိုခန်းထဲတွင်သာ တချိန်လုံး အလုပ်လုပ်နေရပြီး ဆိုင်သို့လာသော ဧည့်သည်များကို မသိနိုင်ဟု ထင်မိသောကြောင့် သူမက အများကြီး ထပ်မပြောတော့ပေ။ သို့သော်လည်း သူက တကယ်ပင် ထိုပုဂ္ဂိလ်အပေါ်၌ ထင်မြင်ချက်တစ်ခုပေးလာလိမ့်မည်ဟု သူမ မျှော်လင့်မထားမိပေ။ ထို့ကြောင့် သူက မေးလိုက်သည်။

“သူက စစ်သားမဟုတ်လား...”

“ရှင်က သူ့ကို သိတယ်လား...”
အ‌ဒေါ်လောက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

ကွမ်ကျန့်ကော်က ပြောသည်။
“မင်း အဲ့ဒါကို ဆိုင်ထဲမှာကတည်းက ပြောမထားဘူးလား... သူ့ကို ကြည့်ရတာ အရာရှိတစ်ယောက်နဲ့ တူတယ်မဟုတ်လား...”

“ဟုတ်ပါပြီ... ဒုတပ်ရင်းမှူးအဆင့်လောက်ဆိုရင်ရော ဘယ်လိုနေမလဲ...”
အဒေါ်လောက အဓိကအချက်ဆီသို့ ပြန်ခေါ်လာသည်။

“သူတို့နှစ်ယောက်က မနေ့ကမှ ကြင်ဖက်တွေ့ထားကြတာမို့ အခုထိ သူတို့က ဘာမှတော့ မဟုတ်ကြသေးဘူး... ဒီအစာသွပ်လမုန့်တွေက ရှောင်လု ဝယ်လာတာတွေ... မန်မန်က ကျွန်မကို ပြောပြတာ‌တော့ သူတို့နှစ်ယောက် တနင်္ဂနွေနေ့ကျရင် ထပ်တွေ့ဖို့ ချိန်းထားကြတယ်...”

သူမက အစာသွပ်လမုန့်များကို ရှေ့သို့ တိုးပေးလိုက်ပြီး ကွမ်ကျန့်ကော်ကို တစ်ခုလောက် ယူစားရန် လက်ဟန်ပြလိုက်သည်။

အစာသွပ်လမုန့်များ၏ မူလအစကို သိသွားသောအခါ ကွမ်ကျန့်ကော်က ဆက်၍ သတိကြီးကြီး ထားမနေတော့ပေ။ သူက တကယ်ပင် မုန့်တစ်ခုကို ကောက်ယူလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

“ချိန်းတွေ့ကြမှာလား...”

ထိုမေးခွန်းက ချန်မန်ကို မေးလိုက်ခြင်း ဖြစ်သော်လည်း အ‌ဒေါ်လောက အဖြေပေးလိုက်သည်။

“သူမကို မမေးနဲ့လေ... မိန်းကလေးတွေဆိုတာ ရှက်တတ်ကြတယ်... ဝမ်းနည်းစရာကောင်းတာက လူငယ်လေးတွေ တွဲနေကြပြီဆိုရင် သူတို့တွေ ခဏခဏ တွေ့တာတို့ အပြင်မှာ ချိန်းကြတာတို့ဆိုက ခဏတိုင်း မလုပ်သင့်ဘူးမဟုတ်လား... တခြားတစ်ဖက်က ပြောရင်ကျ  á€Ąá€˛á€ˇá€œá€­á€Żá€™á€ž မလုပ်ရင်လည်း တစ်ယောက်က အလုပ်လုပ်နေပြီးတော့ နောက်တစ်ယောက်က စစ်တပ်ထဲကဆိုတော့ သူတို့ရဲ့ ခံစားချက်တွေ ဘယ်လိုလုပ်ပြီး တိုးတက်လာတော့မှာလဲ...”

ကွမ်ကျန့်ကော်က မုန့်စားနေရင်း ခေါင်းငြိမ့်ပြလိုက်သည်။
“အဲ့ဒါကတော့ ခင်ဗျားပြောတဲ့အတိုင်းပဲ...”

အဒေါ်လောက ပြုံးရင်း ပြောလိုက်သည်။
“အဲ့လိုဆိုတော့ တနင်္ဂနွေနေ့ကျရင် ရှင်ဘာလုပ်စရာရှိလဲ...”

ခေါင်းစဉ်က နောက်တစ်မျိုးသို့ လျင်မြန်စွာ ပြောင်းသွားသောကြောင့် ကွမ်ကျန့်ကော်က မတုံ့ပြန့်နိုင်သေးပေ။

“မရှိပါဘူး... ဘာဖြစ်လို့လဲ...”

အ‌ဒေါ်လောက သူမ၏ အဆုံးသတ်ရည်မှန်းချက်ကို ချပြလိုက်သည်။

“ရှင့်ရဲ့ အချိန်ဇယားထဲမှာ နားရက်က တနင်္ဂနွေနေ့ မဟုတ်ဘူးမို့လား... ရှင့်မှာ တခြားလုပ်စရာမရှိဘူးဆိုရင်လဲ မန်မန်နဲ့ အဆိုင်းပြောင်းပေးလို့ မရဘူးလား... ဒါမှ သူမ ကောင်လေးနဲ့ တွေ့လို့ရမှာလေ...”

ယခုမှပင် ကွမ်ကျန့်ကော်က အလုံးစုံနားလည်သွားပြီး အပြုံးတစ်ချက်နှင့်‌ ပြောလိုက်သည်။

“ဘာဖြစ်လို့များ ငါ့ကို ရုတ်တရက်ကြီး မုန့်တွေပေးနေတာလဲလို့.. လတ်စသတ်တော့ ငါ့ကို လာဘ်ထိုးဖို့ ကြိုးစားနေတာလား...”

ချန်မန်မှာ ရှက်ရှက်နှင့် ပြုံးနေသည်။

အဒေါ်လောက ပြုံးရွှင်စွာ ပြောလိုက်သည်။

“လာဘ်ထိုးတာကို ရှင် လက်ခံလား လက်မခံလားသာ ကျွန်မကို ပြောစမ်းပါ...”

“ဘယ်လိုလုပ်ပြီး ငါက ဒါကို လက်မခံနိုင်ရမှာလဲ...”
ကွမ်ကျန့်ကော်က ပြန်မေးလိုက်သည်။

“ဟုတ်ပြီ... ရှင်လက်ခံလိုက်ပြီ... အခုစားထားတဲ့ ပဲနီလမုန့်တွေကို ပြန်အန်ထုတ်ပေးတော့...”

“ငါအန်ထုတ်ပေးနိုင်ပါတယ်... ဒါပေမဲ့ အဲ့တာတွေကို မင်းပြန်စားနိုင်မှာလား...”

စနောက်၍ ပြီးသွားသောအခါ ကွမ်ကျန့်ကော်က ချန်မန်ကို ပြောလိုက်သည်။

“ငါ့ဘက်က ဘာပြဿနာမှ မရှိပါဘူး... ဒါရိုက်တာဝမ်ကို ပြောလိုက်ရုံနဲ့ပဲ အဆင်ပြေမှာပါ...”

ချန်မန်က ပြုံးပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဦးလေးကွမ်...”

အ‌ဒေါ်လောက ပြောလိုက်သည်။
“ရှင် နောက်ထပ် ပဲနီလမုန့်နှစ်ခုလောက်များ လိုသေးလား..”

“မလိုလောက်...”
ကွမ်ကျန့်ကော်မှာ စကားပင် အဆုံးမပြောလိုက်ရသေးမီ အဒေါ်လောက သူ့စကားကို ဖြတ်ဝင်ပြောလိုက်သည်။

“မလိုလောက်ဘူးဆိုတာ ဘာပြောချင်တာလဲ... ရှင်က တော်သင့်ပြီလေ... ငါ့ယောက်မနဲ့ အိမ်မှာရှိတဲ့ ကလေးတွေက ဒီမုန့်မျိုးကို အခုချိန်ထိ မြည်းတောင် မကြည့်သေးဘူး... ဒီမှာ မုန့်‌ခြောက်ခု ကျန်သေးတယ်... သုံးခုက ငါတို့တစ်ယောက်တစ်ခုစီပေါ့...”

“ကျွန်မ ဆီစိမ်စက္ကူ သွားယူပေးမယ်...”

ချန်မန်က အလွန်ပါးနပ်စွာဖြင့် ထိုစကားပြောပြီးနောက် ရှေ့ဘက်သို့ ပြန်ထွက်သွားသည်။

အစိုးရပိုင်စားသောက်ဆိုင်တွင် ပဲနီလမုန့်များ မရောင်းစေကာမူ တစ်ခါတရံ ဧည့်သည်များသည် စားမကုန်နိုင်သော ဟင်းပွဲများကို အိမ်သို့ ပြန်သယ်သွားလိုကြရာ ဆိုင်‌ရှေ့ကောင်တာတွင် ဆီစိမ်စက္ကူက အမြဲလို အရန်သင့် ရှိနေပေသည်။

ချန်မန် ထွက်လာသည်နှင့် အပြင်တွင် မတ်တတ်ရပ်ကာ ဆိုင်နီးချင်းဖြစ်သော ဆန်ဆိုင်မှ ဝန်ထမ်းနှင့် စကားပြောနေသော ချမ်ရှောင်ဖျင်က အထဲသို့ ဝင်လာပြီး မေးလိုက်သည်။

“နင်တို့တတွေ မီးဖိုခန်းထဲမှာ ဘာတွေ တွတ်ထိုးနေကြတာလဲ... အလုပ်မလုပ်ကြတော့ဘူးလား...”

ချန်မန်ကလည်း ပြန်မေးလိုက်သည်။
“အစ်မလည်း အပြင်ဘက်မှာ တခြားလူနဲ့ စကားပြောနေတာပဲ မဟုတ်ဘူးလား...”

ချမ်ရှောင်ဖျင်က ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။
“ငါ အပြင်မှာ စကားပြောနေရင်းနဲ့ ဧည့်သည်လာတာကို မြင်နိုင်တယ်... နင်ကသာ မီးဖိုခန်းထဲမှာ ဝင်အောင်းနေတာ... အပြင်မှာ ဧည့်သည်ရောက်လာတယ်ဆိုရင် နင်ဘယ်လိုလုပ်ပြီး သိမှာလဲ...”

“ဒါဆိုရင် အစ်မတစ်ယောက်လုံး အပြင်မှာ မလုံလောက်ဘူးလား... အခု ဒီမှာ ဧည့်သည်နည်းနည်း ရောက်နေတယ်လေ... မျက်လုံးနှစ်လုံးနဲ့တောင် သူတို့ကို မမြင်နိုင်ဘူးလား...”

ချန်မန်က ကောင်တာစားပွဲထဲရှိ ဆီစိမ်စက္ကူကို ထုတ်ယူလိုက်ပြီး ချမ်ရှောင်ဖျင် မပြောနိုင်မီ ဆက်ပြောလိုက်သည်။

“ကျွန်မအလုပ်နဲ့ ပတ်သက်လို့ အစ်မ ပြောချင်တာရှိရင် ဒါရိုက်တာဝမ်ကို သွားရှာလိုက်လေ... အရင်တုန်းက ညီမပြောဖူးသလိုပဲ အစ်မ အိမ်သာထဲမှာ တစ်နာရီလောက်ကြာအောင် ဆက်ထိုင်နေဦးမယ်ဆိုရင် ညီမလည်း ဒါရိုက်တာဝမ်ကို ဒီအကြောင်းကို ပြောဖို့ သွားရှာရဲသွားမှာပဲ...”

ထိုသို့ ချန်မန်က ပြောပြီးသည်နှင့် ဒေါသကြောင့် ရွဲ့စောင်းသွားသော ချမ်ရှောင်ဖျင်၏ မျက်နှာကို စောင့်ကြည့်မနေတော့ဘဲ ဆီစိမ်စက္ကူကို ယူကာ မီးဖိုခန်းဆီသို့ တန်းတန်းမတ်မတ် ပြန်သွားလေသည်။

မီးဖိုခန်းထဲသို့ လျှောက်ဝင်လာသည်နှင့် အဒေါ်လောက လှမ်းမေးလိုက်သည်ကို ကြားလိုက်ရသည်။
“ချမ်ရှောင်ဖျင်နဲ့ ရန်ဖြစ်နေတာလား...”

“စကားနည်းနည်းပြောခဲ့ရုံပါပဲ... ဘာမှမဖြစ်ပါဘူး...”
ချန်မန်က ဆီစိမ်စက္ကူကို အဒေါ်လောဆီသို့ လှမ်းပေးလိုက်ပြီး မေးလိုက်သည်။

“ဒီနေ့ ဘာဟင်းပွဲတွေ ချက်ချင်လဲ... ကျွန်မ ကူညီပေးမယ်...”

လမုန့်များကို ကိုင်ထားရင်း အဒေါ်လောက ပြောလိုက်သည်။

“အဲ့ဒီချမ်ရှောင်ဖျင်ကတော့လေ တစ်နေ့လုံး ဘာမှကောင်းကောင်းမလုပ်ဘဲ စကားများလိုက် ရန်ဖြစ်လိုက်နဲ့...”

အဒေါ်လောက နံရံဘေးတွင် ကပ်ချထားသော ဟင်းသီးဟင်းရွက်တောင်းနှစ်တောင်းကို ညွှန်ပြရင်း ပြောလိုက်သည်။

“တို့တွေ ဒီနေ့ ဒါတွေကို ဆေးကြောရမယ်...”

ဆီစိမ်စက္ကူနှင့် ထုပ်ပိုးထားသော လမုန့်များကို ကွမ်ကျန့်ကော်သို့ ပေးလိုက်ပြီးနောက် အဒေါ်လောနှင့် ချန်မန်တို့ အလုပ်စလုပ်ကြတော့သည်။

ဆယ့်တစ်နာရီဝန်းကျင်ခန့်တွင် စားသောက်ဆိုင်သည် ဟင်းပွဲများအားလုံးကို ပြင်ဆင်ပြီးသွားပြီဖြစ်ပြီး စားသုံးမည့် ဧည့်သည်များလည်း စတင်ရောက်ရှိလာပြီဖြစ်သည်။ ချန်မန်က ဆိုင်ရှေ့သို့ ထွက်လာပြီး သူတို့ကို ကြိုဆိုကာ နေရာချထားပေးသည်။ ဆယ့်နှစ်နာရီခွဲလောက်တွင် စားသောက်ဆိုင်ထဲ၌ ဧည့်သည့်များ ပိုပိုများလာပြီး ချန်မန်သည်လည်း ကျသင့်ငွေကောက်ခံလိုက်၊ ဟင်းပွဲချပေးလိုက်နှင့် အလွန်အလုပ်များနေရာ မွန်းလွဲတစ်နာရီမကျော်မချင်း သူမတွင် တစ်စက္ကန့်လေးမျှပင် နားနေရန် အချိန်မရှိဘဲ ထို့နောက်ပိုင်းမှသာ ဧည့်သည်ကျဲသွားသောကြောင့် သူမလည်း ဖြည်းဖြည်းချင်း နားနားနေနေ အလုပ်လုပ်ရလေသည်။

နှစ်နာရီဆယ်မိနစ်တွင် ချန်မန်သည် မီးဖိုခန်းသန့်ရှင်းရေးကို ကူညီခဲ့ပြီးဖြစ်၍ ခေတ္တမျှ အနားယူရန် အလုပ်မှ ထွက်ခွာကာ အိမ်သို့ ပြန်သွားလိုက်သည်။

များသောအားဖြင့် မွန်းလွဲပိုင်း အိမ်သို့ ပြန်လာချိန်တိုင်း ချန်မန်သည် အမြဲလိုပင် မောပန်းနွမ်းနယ်နေပြီး အိပ်ရာထဲသို့ ပစ်လှဲလိုက်ကာ ပြန်ပင်ထမလာချင်တော့ပေ။ သို့သော် ယနေ့တွင်မူ သူမက ဧည့်ခန်းကို ဖြတ်သွားချိန်တွင် အံဆွဲများကို လှမ်းကြည့်လိုက်ရင်း ထိုအံဆွဲထဲတွင် ပန်းသီးများ ကျန်နေသေးသည်ကို သူမ သတိရသွားသည်။ ထို့ကြောင့် သူမက အပြင်သို့ လှမ်းထွက်လိုက်ရင်း မေးလိုက်သည်။

“အမေ... ပန်းသီးစားချင်သေးလား...”

ဝမ့်ချိုးမိန်က အပြင်တွင်ထိုင်နေပြီး ဖိနပ်အောက်ခံပြားများကို ချုပ်နေရင်းမှ ခေါင်းမော့လိုက်ကာ မေးလိုက်သည်။

“နေ့လည်စာစားတာ မဝခဲ့လို့လား...”

“ဝပါတယ်... ဒါပေမဲ့ သမီး ပန်းသီးလေး တစ်လုံး‌လောက် စားချင်လို့ပါ...”

“ဒါဆိုလည်း တစ်လုံးလောက် ရေဆေးပြီး ကိုယ့်ဘာသာကိုယ် စားလိုက်လေ...”

“တစ်ဝက်စီ မျှစားရအောင်လေ...”

ချန်မန်က ပြောလိုက်ရင်း ကြောင်အိမ်ဆီသို့ ပြန်သွားလိုက်ကာ အံဆွဲကို ဖွင့်လိုက်ပြီး ပန်းသီးတစ်လုံးကို ယူလိုက်သည်။ ထို့နောက် ပန်းသီးကို ရေဆေးကာ ဓားနှင့် ထက်ခြမ်းခြမ်းလိုက်သည်။

ချန်မန်က တစ်ဝက်ကို ဝမ့်ချိုးမိန်ဆီသို့ လှမ်းပေးလိုက်ပြီး သူမက အမေဖြစ်သူ၏ ဘေးရှိ ခွေးခြေခုံပေါ်တွင် ထိုင်လိုက်သည်။ ပန်းသီးစားနေရင်း သူမက ပြောလိုက်လေသည်။

“သမီး အိမ်ပြန်လာတုန်းက အရမ်းပင်ပန်းတယ်လို့ ခံစားနေရတာ... ဒါပေမဲ့ အခု ပန်းသီးချိုချိုလေးကိုလည်း စားလိုက်ရရော နေရတာ ပိုကောင်းတယ်လို့ ထင်လာမိတယ်...”

“သမီးက ဘာပြောချင်တာလဲ...”

ချန်မန်က ရယ်မောလိုက်သည်။
“သမီးတို့ မိသားစုက အသီးအနှံတွေ ခဏခဏ ဝယ်နိုင်တယ်မဟုတ်လား... သမီး အဲ့ဒါတွေကို ဝယ်ပေးနိုင်တယ်လေ...”


💝💝💝👩‍❤️‍👨Chapter 15

“သမီး အိမ်ပြန်လာတုန်းက အရမ်းပင်ပန်းတယ်လို့ ခံစားနေရတာ... ဒါပေမဲ့ အခု ပန်းသီးချိုချိုလေးကိုလည်း စားလိုက်ရရော နေရတာ ပိုကောင်းတယ်လို့ ထင်လာမိတယ်...”

“သမီးက ဘာပြောချင်တာလဲ...”

ချန်မန်က ရယ်မောလိုက်သည်။
“သမီးတို့ မိသားစုက အသီးအနှံတွေ ခဏခဏ ဝယ်နိုင်တယ်မဟုတ်လား... သမီး အဲ့ဒါတွေကို ဝယ်ပေးနိုင်တယ်လေ...”

ချန်မန်၌ ကိုယ်ပိုင်လစာဝင်ငွေရှိသော်လည်း မိသားစုခေါင်းဆောင် ရဲဘော်ဝမ့်ချိုးမိန်သည် ပင်ကိုယ်ကပင် စိစစ်ခြိုးခြံတတ်လေသည်။ အကယ်၍ မမေးမမြန်းဘဲ အသီးအနှံများကို ဝယ်ခဲ့သည်ရှိသော် စားရသည်နှင့်မကာမိအောင် ရက်အတော်ကြာသည်အထိ ဆူပြီးရင်း ဆူပူနေပေလိမ့်မည်။

ချန်မန်က ထိုသည်ကို သတိထားမိလိုက်သည်နှင့် ဝမ့်ချိုးမိန်က အေးစက်သော အသံနှင့် မေးလိုက်သည်။

“ဟိုတုန်းကရော အခုရော ဘယ်မိသားစုက အသီးတွေဝယ်ဖို့ တတ်နိုင်ကြလို့လဲ... ပြီးတော့ သမီးက ဝယ်ခဲ့တယ်ဆိုရင်လည်း အမေမေးပါရစေဦး... သမီး အဲ့ဒါကို ဘယ်လောက်ပေးဝယ်ခဲ့ရတာလဲ...”

ယခုနှစ်သည် သူမအလုပ်လုပ်သော တတိယမြောက်နှစ်ဖြစ်သည်။ ပထမဆုံးနှစ်က လခ ၁၈ယွမ်ရပြီး ပထမဆုံးဖြစ်၍ လခနည်းသည်ကို မေ့ထားလျှင်ပင် ကျန်နှစ်နှစ်တွင် သူမ၏ လခမှာ ၂၆ ယွမ်သာ ရပေသည်။

သူမ၏ လစာက မများပြားစေကာမူ သူမ၏မိဘများက သူမကို မနက်စာကျွေးပြီး စားသောက်ဆိုင်မှ နေ့လည်စာနှင့် ညစာကို ကျွေးသောကြောင့် သူမအနေဖြင့် ငွေကုန်စရာ နေရာမရှိပေ။ သူမသည် တစ်နှစ်လျှင် ဝတ်စုံနှစ်စုံနှင့် အသေးသုံးပစ္စည်းအချို့သာ ဝယ်ယူခဲ့ပြီး တစ်နှစ်လျှင် သူမ၏ အသုံးစရိတ်မှာ ၁၀၀ယွမ်ထက် နည်းပေသည်။

ယခုလ လစာထုတ်ပြီးလျှင် သူမစုထားသောငွေသည် ၄၀၀ယွမ် ဖြစ်လာမည်ဖြစ်သည်။ လစာတိုးရန် မလွယ်ကူသော ပုံသေလစာကြောင့် သူမအနေဖြင့် စျေးကြီးသော ပစ္စည်းများကို မဝယ်ယူနိုင်သော်လည်း အသီးအနှံများ အမြဲလိုလို ဝယ်ယူရန်အတွက် သူမအနေဖြင့် ဖိအားများ မခံစားရပေ။

သို့သော်လည်း ဤသည်တို့မှာ သူမစိတ်ထဲတွင်သာ ထားနိုင်ပြီး ထိုစကားများကို ဝမ့်ချိုးမိန်ရှေ့တွင် မပြောရဲခဲ့ပေ။

မည်သို့ပင်ဖြစ်စေ မူဝါဒတိုင်းအတွက် တန်ပြန်ရေးအစီအမံဆိုသည်မှာ ရှိပေသည်။ ယခင်က သူမတွင် ရွေးချယ်စရာမရှိဘဲ သူမဘာသာပြန်ယူလာရမည်ဆိုသည်လည်း သူမ၏ အမေက သိလေသည်။ သို့သော် ယခုမူ သူမတွင် လက်တွဲဖော်တစ်ယောက် ရှိလာပြီဖြစ်သည်။ ယမန်နေ့က သူမ အစားအသောက်များကို အိမ်သို့ ပြန်ယူလာခဲ့သော်လည်း မိခင်ဖြစ်သူက စကားတစ်ခွန်းမျှ မဟခဲ့သည်ကို စဉ်းစားလိုက်မိရင်း ချန်မန်သည် နောင်အချိန်တွင် အသီးအနှံများ ဝယ်ယူခဲ့လျှင် လုဖျင်ကျိုးကို အကာအကွယ်အဖြစ် အသုံးချရန် ဆုံးဖြတ်လိုက်လိုက်၏။

 á€Ąá€˜á€šá€şá€€á€źá€ąá€Źá€„အ်ဆိုသ္ဏ် မည်သို့ပင်ဖြစ်စေ မိခင်ဖြစ်သူသည် အတည်ပြုရန် သူ့(လု)အား သွား မေးနိုင်မည်မဟုတ်ပေ။

ပန်းသီးစားနေရင်း ချန်မန်သည် စိတ်ခံစားချက်များ ခံစားနေခြင်းကို မရပ်တန့်နိုင်ပေ။ သမီးရည်းစားဆက်ဆံရေးတွင် ဤသို့သောအကျိုးအမြတ်များ ရလာလိမ့်မည်ဟု သူမ ဘယ်သောအခါကမျှ မစဉ်းစားမိပေ။ သူမက စောစောသိခဲ့မည်ဆိုလျှင်...

အဟမ်း၊ သူမသည် ကိုယ်ပိုင်စည်းကမ်းချက်များ ရှိသူဖြစ်သည်။ ထိုအကြောင်းကို သူမ စောစောသိခဲ့လျှင်ပင် သူမ၏ တုံ့ဆိုင်း(ကြေးများ)မှုကြောင့် မည်သူနှင့်မဆို အလွယ်တကူ ဆုံတွေ့နိုင်မည် မဟုတ်ပေ။ အဖြစ်နိုင်ဆုံးမှာ သူကို ဆွဲဆောင်နိုင်မည့် နည်းလမ်းတစ်ခုကို စောစောစီးစီး ရှာတွေ့နိုင်ရုံသာ ဖြစ်ပေလိမ့်မည်။
...

ချန်မန်သည် သူမ၏ အလုပ်ချိန်ပြောင်းလဲခြင်းကို မွန်းလွဲပိုင်းတွင် ဒါရိုက်တာဝမ်ထံ တင်ပြလိုက်ရာ သူ၏ အမူအရာသည် နောက်ဆုံးတစ်ခါ ပြောခဲ့စဉ်ကအတိုင်းသာ ဖြစ်ပြီး ထိုကိစ္စများကို ဝန်ထမ်းအချင်းချင်း ညှိနှိုင်းပြီးမပြီးကိုသာ မေးမြန်းလေသည်။ 

နောက်တစ်နေ့တွင် နေ့လည်ခင်း အလုပ်တစ်ပိုင်း မနားမီ၌ ချန်မန်သည် အိမ်သို့ တန်းပြန်မသွားဘဲ လုဖျင်ကျိုးထံ ဖုန်းနှင့်ဆက်သွယ်ရန် စာတိုက်ရုံးသို့ သွားခဲ့သည်။

ရုံးဖွင့်ရက်ဖြစ်သောကြောင့် စာတိုက်ရုံးတွင် ဖုန်းခေါ်ရန် စောင့်ဆိုင်းနေကြသော လူများမှာ အနည်းငယ်မျှသာ ရှိပြီး သူမအလှည့်မရောက်မီ ဆယ်မိနစ်ခန့်မျှသာ စောင့်ဆိုင်းလိုက်ရပေ၏။ ထို့အပြင် စစ်တပ်နယ်မြေသို့ ခေါ်ဆိုခြင်းဖြစ်သောကြောင့် ဖုန်းလွှဲပေးချိန်တွင်လည်း အချိန်အတော်ယူပေသည်။

ဖုန်းချိတ်ဆက်နေသည်ကို စောင့်နေရင်း ချန်မန်မှာ အနည်းငယ်တုန်လှုပ်နေမိသည်။ ယခုဘဝတွင် သူမသည် ဘယ်သောအခါမျှ ဖုန်းခေါ်ခြင်း မလုပ်ခဲ့ဖူးသော်လည်း သူမ၏ယခင်ဘဝတွင် ကြည့်ဖူးသော တီဗွီဇာတ်လမ်းများထဲတွင် မြင်ဖူးခဲ့၏။ ဤတစ်ကြိမ်တွင် စစ်တပ်နယ်မြေသို့ ဖုန်းခေါ်ခဲ့ခြင်းမျိုးကိုလည်း ဝိုးတိုးဝါးတား မြင်ယောင်နေခဲ့သည်။ ဖုန်းပြောချိန်တွင် ပြောနေသော စကားသံများကို ဖုန်းပြောသူနှစ်ဦး ကြားရုံတင်သာမက တယ်လီဖုန်းစက်ခုံကိုင်သူ အော်ပရေတာကပါ ကြားနေရသည်ကိုပါ မှတ်မိနေခဲ့၏။

သူမက လုဖျင်ကျိုးကို စကားပြောလိုက်ချိန်တွင် အခြားသူကပါ ထိုစကားများကို ကြားနေမည့်အကြောင်းကို တွေးလိုက်မိသောအခါ သူမ ရှက်ရွံ့သွားမိသည်။

ဆုံးဖြတ်ချက်ကို အမြန်ချရပေမည်။

ချန်မန်က သူမစိတ်ကို ပြင်ဆင်ပြီးချိန်တွင်ပင် ဖုန်းသံက မြည်ဟီးလာပြီး လုဖျင်ကျိုး၏ လေးနက်သော စကားသံက ထွက်ပေါ်လာသည်။
 
“ဘယ်သူပါလဲ...”

“ကျွန်မပါ... ချန်...”
သူမကိုယ်သူမ မိတ်ဆက်သည့်စကား မဆုံးလိုက်မီမှာပင် လုဖျင်ကျိုးက သူမ၏ အသံကို မှတ်မိသွားပြီး နာမည်ကို တန်းခေါ်လိုက်သည်။

“မန်မန်လား...”
သူ့အသံက နူးညံ့သွားသည်။

“အခု အလုပ်နားလာပြီလား...”

“ဟုတ်ပါတယ်... ကျွန်မ အခု စာတိုက်ရုံးမှာပါ...”

“ကျွန်တော့်ကို ခေါ်တာ ကိစ္စအထူးရှိလို့လား...”

ချန်မန်က တိုးညှင်းစွာ ပြောလိုက်သည်။
“တနင်္ဂနွေနေ့ကျရင် နားရက်ယူလို့ရမရ သိရပြီဆိုရင် ကျွန်မ ရှင့်ကို ဖုန်းခေါ်ပေးပါလို့ အရင်က ရှင်ပြောထားတယ် မဟုတ်လား...”

“ဟုတ်ပါတယ်... ကိုယ်ပြောခဲ့တယ်... တနင်္ဂနွေနေ့ကို မင်းနားလိုက်တာလား..”

“နားလိုက်တယ်...”

“ကောင်းပြီလေ... ကိုယ် မင်းကို တနင်္ဂနွေနေ့ မနက်ရှစ်နာရီ မင်းတို့အိမ်ရှေ့မှာ လာကြိုမယ်နော်...”

“အင်း...”

စကားပြောပြီးသွားသောအခါ ချန်မန်သည် ဖုန်းချရမလို မချရမလိုနှင့် အနည်းငယ် ဗျာများသွားသည်။ ပထမအချက်က သူမပြောစကားများကို အခြားသူက ကြားနိုင်သည်ဟု စဉ်းစားရင်း သူမ မသက်မသာ ဖြစ်နေခဲ့ပြီး ဘာပဲပြောပြော တတ်နိုင်သမျှ စကားနည်းအောင် ပြောမည်ဟု စဉ်းစားထားမိသည်။ ဒုတိယအချက်မှာ ဖုန်းခေါ်ဆိုခက အချိန်နှင့်တွက်ချက်ခြင်းဖြစ်ပြီး တစ်မိနစ်လျှင် ဆင့်အနည်းငယ် ကျသင့်လေသည်။

သို့သော်လည်း လုဖျင်ကျိုးအနေဖြင့် များစွာ အာရုံထားရန်မလိုချေ။ အတန်ငယ်ကြာအောင် စောင့်ဆိုင်းပြီးနောက် သူမ၏ အသံကို မကြားရသောအခါ စကားပြောရန် ခေါင်းစဉ်တစ်ခုကို သူက လက်ဦးမှုယူကာ စတင်လိုက်ပြီး မေးလိုက်သည်။

“ပြီးခဲ့တဲ့အခေါက်က ကိုယ်ဝယ်ပေးလိုက်တဲ့ လမုန့်တွေကို စားပြီးသွားပြီလား...”

“စားပြီးပါပြီ...”

“စားလို့ကောင်းရဲ့လား...”

“ကောင်းပါတယ်...”

“ကိုယ်လည်း အဲ့ဒီမုန့်တွေက စားလို့ကောင်းတယ်လို့ ထင်တယ်... ဒါပေမဲ့ အဲ့မုန့်ကို ကိုယ်စားတိုင်း မင်းအကြောင်းပဲ တွေးမိနေတယ်...”

ချန်မန်၏ ပါးပြင်များမှာ အနည်းငယ် ပူနွေးလာသည်။

“ဘာလို့ ကျွန်မကို သတိရတာလဲ...”

“မသိဘူးလေ... ကိုယ်လဲ မတွေးမိအောင် မတတ်နိုင်ဘူး... မင်းအကြောင်း တွေးမိရင် အဲ့မုန့်တွေက အရသာ ပိုကောင်းလာတယ်လို့ ကိုယ်ထင်မိတယ်...”

တယ်လီဖုန်းလိုင်းကြောင့်လော မပြောတတ်ပေ။ လုဖျင်ကျိုး၏ အသံမှာ အနည်းငယ်တိုးရှသွားသော်လည်း အလွန်အမင်းနူးညံ့ချိုသာနေသည်။ 

ထိုအသံသည် စကားပြောခွက်ထဲမှ ထွက်ပေါ်လာပြီး ချန်မန်၏ နားစည်နှစ်ဖက်ကို ထုံထိုင်းသွားစေခဲ့သည်။ ပါးနှစ်ဖက်ကလည်း ပို၍ပင် အပူချိန်မြင့်လာပြီး သူမကို ပူလောင်သွားစေသော‌ကြောင့် သူမမှာ မည်ကဲ့သို့ ပြန်ဖြေရမည်ကိုပင် မေ့လျော့သွားမိလေသည်။

မိနစ်ဝက်ခန့်ကြာသောအခါမှ နောက်ဆုံး သူမစိတ်ထိန်းလိုက်နိုင်ပြီး ပြောလိုက်သည်။
“ဖုန်းအော်ပရေတာက ကျွန်မတို့ ပြောနေတာကို ကြားနိုင်တယ်မဟုတ်ဘူးလား...”

သူမနှုတ်ခမ်းမှ ထိုစကားများ ထွက်ကျလာပြီးနောက် ဖုန်းတစ်ဖက်မှ အသံမှာ လုံးဝပင် တိတ်ဆိတ်သွားလေတော့သည်။

☆☆☆


တနင်္ဂနွေနေ့တွင် မနက်စာစားပြီးနောက် ချန်မင်သည် အိမ်တွင် ဝဲလည်လည် လုပ်မနေတော့ဘဲ ၇း၄၅ မတိုင်မီကတည်းက အပြင်သို့ ထွက်လာခဲ့သည်။

သူမ စဉ်းစားနေသည်က လုဖျင်ကျိုးသည် သူ့စခန်းမှ ဤနေရာထိ ရောက်ရန် အချိန် အတော်ယူရမည် ဖြစ်ပြီး ကားမောင်းလာသောကြောင့် သူက ရေဆာနေနိုင်သည်ဟု တွေးနေမိပြီး ချန်မင်သည် အိမ်မှ ထွက်လာပြီးနောက် ကွေ့ပတ်သွားကာ စုပေါင်းနေရာရှိ ထောက်ပံ့ရေးနှင့်စျေးကွက်သမဝါယမဆိုင်ဆီသို့ ဆိုဒါအအေးပုလင်းနှစ်လုံးဝယ်ရန် သွားခဲ့လေသည်။

သို့သော်လည်း ဤသည်က မိနစ်အနည်းငယ်ထက် အချိန်ပိုမယူရပေ။ ထောက်ပံ့ရေးနှင့်စျေးကွက် သမဝါယမဆိုင်မှ ထွက်လာပြီးနောက် ချန်မန်က နံရံပေါ်ရှိ နာရီကို လှမ်းကြည့်လိုက်သည်။ အချိန်က ၇း၄၈ ဖြစ်နေသည်။ လုဖျင်ကျိုး လာနေပြီလားကိုတော့ သူမ မသိသေးပေ။ သူ မလာသေးလျှင်လည်း ကိစ္စမရှိသေးပေ။ သူတို့တွေ့ဆုံရန် သဘောတူထားသည်က ၈နာရီတိတိ ဖြစ်သည်။ သူနောက်ကျနေလျှင်ပင် သူမအနေဖြင့် အချိန်အကြာကြီး စောင့်ရမည်မဟုတ်ပေ။

ဖြစ်နိုင်ချေရှိသော ကိစ္စတိုင်းကို သူမ တွေးထားခဲ့ပြီး ဖြစ်သော်လည်း စုပေါင်းနေရာ၏ ဂိတ်တံခါးဝကို ဖြတ်ကာ ထွက်လာသောအခါ လမ်းတစ်ဖက်တွင် ဂျစ်ကားတစ်စီး ရပ်ထားသည်ကို မြင်လိုက်ရကာ သူမ စိတ်ပူနေသမျှ အရာအားလုံးသည် အလွန်အကျွံဖြစ်နေသည်ကိုသာ သူမနားလည်လိုက်ပြီး ထိုနေရာသို့ အပြေးတစ်ပိုင်းလေး သွားလိုက်လေသည်။

ကားထဲတွင် စောင့်နေသော လုဖျင်ကျိုးသည် ချန်မန်ကို မြင်ပြီးသားဖြစ်၏။ ထိုကြောင့် သူမ ပြေးလာသည်ကို မြင်လိုက်သောအခါ သူက တံခါးကို ဆီးကြို ဖွင့်ထားပေးလိုက်သည်။

“ရှင် ဘာလို့ ဒီလောက် အစောကြီးလာတာလဲ...”
ချန်မန်က အံ့သြသလို ပျော်ရွှင်နေပြီး တောက်လျှောက်ပင် ပြုံးရွှင်နေခဲ့သည်။

ပြုံးရွှင်နေသော သူမမျက်နှာကို မြင်လိုက်သောအခါ လုဖျင်ကျိုး၏ မျက်ခုံးများက ပြေလျော့သွားသည်။

“ဒီကိုရောက်ဖို့ ဘယ်လောက်ကြာအောင် မောင်းရမယ်ဆိုတာ ကိုယ်မသိဘူး... အဲ့ဒါကြောင့် ကိုယ် နည်းနည်းစောထွက်လာလိုက်တာ... မင်းကရော ဘာဖြစ်လို့လဲ... ဘယ်လိုဖြစ်ပြီး မင်းလည်း အစောကြီး ထွက်လာရတာလဲ...”

“မနက်စာစားပြီးတော့ အိမ်မှာလည်း ဘာမှလုပ်စရာမရှိတော့တာနဲ့ တန်းပြီးထွက်လာလိုက်တာ... မနက်စာစားခဲ့ပြီလား...”

သူမက ဆိုဒါပုလင်းကို လုဖျင်ကျိုးထံ လှမ်းပေးလိုက်သည်။
“ရှင် ရေဆာနေတာလား... ကျွန်မ ထွက်မလာခင် ထောက်ပံ့‌ရေးနဲ့စျေးကွက်သမဝါယမဆိုင်ကနေ ဝယ်လာခဲ့တယ်...”

“ကျေးဇူးတင်ပါတယ်...”
လုဖျင်ကျိုးက ဆိုဒါပုလင်း နှစ်လုံးစလုံးကို ယူလိုက်ပြီး တစ်ပုလင်းကို အဖုံးဖွင့်လိုက်ကာ အအေးပိုက် ထည့်လိုက်ပြီး ထိုပုလင်းကို ချန်မန်ထံ လှမ်းပေးလိုက်သည်။ ထို့နောက် ကျန်တစ်ပုလင်းကို အဖုံးဖွင့်နေရင်း သူက ပြောလိုက်သည်။

“ကိုယ် မနက်စာ စားခဲ့ပြီးပါပြီ... ကိုယ်တို့အုပ်စုရဲ့ စားသောက်ခန်းက အစောကြီးဖွင့်တယ်လေ... ကိုယ်တို့ ဒီနေ့ ဘယ်သွားကြမလဲ...”

“ရှင် ဘယ်နေရာကို သွားချင်လဲ...”
ချန်မန်က မေးလိုက်သည်။

“ကိုယ်က အပြင်ကို အလည်အပတ်ထွက်တယ်ဆိုတာ ကြုံတောင့်ကြုံခဲပဲ... ဒါကြောင့် ကိုယ် ရဲဘော်တွေကို အရင် မေးလိုက်တော့ သူတို့က သွားလို့ကောင်းတဲ့ နေရာတွေကို ညွှန်းလိုက်ကြတယ်... ဒါပေမဲ့ မင်း အဲ့နေရာတွေကို ရောက်ဖူးပြီးသား ဖြစ်နေမလားဆိုတာကျ ကိုယ်ကမသိဘူး ဖြစ်နေတယ်လေ...”

လုဖျင်ကျိုးက ဆက်ပြောသည်။
“အဲ့လိုဆိုတော့ ကိုယ်တို့ အရင်ဆုံး ကားပတ်စီးကြမလားလို့...”

ထိုအချိန်တွင် စုပေါင်းအိမ်ရာ၏ အပြင်ဘက်တွင် လူများစွာ ရှိမနေပေ။ သို့သော်လည်း တခါတခါတွင် မျက်မှန်းတန်းမိနေသော သူများက ဖြတ်သွားသောအခါ ချန်မန်ကို စနောက်လိုသော အပြုံးများနှင့် ကြည့်သွားကြသည်။

ထို့ကြောင့် သူမက ကြာကြာမူမနေနိုင်တော့ဘဲ ကားတံခါးကို ဖွင့်ကာ ခရီးသည်ထိုင်ခုံတွင် ထိုင်လိုက်သည်။

လုဖျင်ကျိုးကလည်း ကားထဲသို့ ဝင်ထိုင်လိုက်ပြီး တစ်ဝက်သောက်ထားသော ဆိုဒါပုလင်းကို ချန်မန်ဆီသို့ လှမ်းပေးလိုက်သည်။

“ခဏလောက် ကိုင်ထားပေးမလား...”

သူက ကားစက်နှိုးလိုက်ရင်း ပြောလိုက်သည်။

“ကိုယ့်ရဲ့ဘော်တစ်ယောက် ပြောတာတော့ ခုခေတ်လူငယ်တွေက ချိန်းတွေ့ဖို့ဆိုရင် လျန်ဟွား‌ရေကန်၊ ယန်ဇီမြစ်တံတားနဲ့ လင်းကျန်းလမ်းကို သွားကြတယ်တဲ့... မင်း ဘယ်နေရာကို သွားချင်လဲ...”

လျန်ဟွားရေကန်သည် လင်းကျန်းမြို့ရှိ အကြီးဆုံးရေကန်ဖြစ်ပြီး ကောင်းစွာဖွံ့ဖြိုးတိုးတက်နေသော လင်းကျန်းတက္ကသိုလ်အနီးတွင် တည်ရှိနေသည်။ ယန်ဇီမြစ်တံတားသည် တည်ဆောက်မပြီးမီကတည်းပင် လင်းကျန်းမြို့၏ အထင်ကရအမှတ်အသားနေရာ ဖြစ်နေခဲ့သည်မို့ အထူးပြောပြရန်ပင် မလိုတော့ပေ။ လင်းကျန်းလမ်းမကြီးသည် စီးပွားရေးအချက်အချာနေရာဖြစ်သည်။ ထိုနယ်မြေတွင် တရုတ်သမ္မတနိုင်ငံကာလ*က ကြွင်းကျန်ရစ်သော အဆောက်အဉီးအဟောင်းများ တည်ရှိပြီး လွန်စွာပင် ထူးခြားပေသည်။ (*1912-1949ကြားကာလ)

ချန်မန်က လင်းကျန်းလမ်းမကြီးကို ပိုသဘောကျသည်။ မိန်းကလေးများသည် အမြဲလိုပင် စျေးဝယ်ထွက်ရသည်ကို ပိုသဘောကျကြသည်။

သို့သော်လည်း နောက်ဆုံးကြုံတွေ့ခဲ့ရသော အတွေ့အကြုံအရ အကယ်၍သာ သူမ လင်းကျန်းလမ်းမကြီးသို့ သွားခဲ့လျှင် လုဖျင်ကျိုးသည် သူမအတွက် တစ်စုံတစ်ခု ဝယ်ပေးမည်မှာ သေချာသလောက်ဖြစ်သည်ဟု သူမ မှတ်ယူမိလေသည်။

လက်ဆောင်ရမည်ဆိုလျှင် သူမ အလွန်ပျော်ရွှင်မိမည်ဖြစ်သော်လည်း မိခင်ဖြစ်သူ ပြောသောစကားက မှန်ကန်ပေသည်။ သူတို့သည် ယခုမှ ကြင်ဖက်တွေ့ကြရုံသာ ဖြစ်ပြီး ယခုထိပင် လက်တွဲ(ယူ)မည့်ဇာတ်လမ်းပင် မစရသေးပေ။ သာမာန်ချိန်းတွေ့၍ ကုန်ကျသည်က အဆင်ပြေသော်လည်း သူမကြောင့် သူက ငွေအများအပြား အကုန်အကျခံလိုက်ရမည်ဆိုလျှင် သူမအနေဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်သည်ဟု ခံစားရပေလိမ့်မည်။

ကျန်သည့်နေရာနှစ်ခုအနက် သေချာစဉ်းစားလိုက်ပြီးနောက် ချန်မန်က ယန်ဇီမြစ်တံတားကို ရွေးချယ်လိုက်သည်။

ထိုသို့ ရွေးချယ်လိုက်ပြီးနောက် လုဖျင်ကျိုးက ကားကို ကွေ့လိုက်ကာ မြစ်ဆီသို့ ဦးတည်၍ မောင်းနှင်လိုက်သည်။
...
တံတားဆီသို့ ရောက်သောအခါ လုဖျင်ကျိုးက ကားကို လမ်းဘေးတွင် ရပ်လိုက်ပြီး သူ၏ ဆိုဒါပုလင်းကို သောက်လေသည်။ ထို့နောက် တံတားဆီသို့ ချန်မန်နှင့်အတူ လမ်းလျှောက်သွားလိုက်ကြသည်။

ယန်ဇီမြစ်တံတား၏ လမ်းဆုံသည် ရှင်းလင်းမနေဘဲ ကွေးကောက်နေကာ လမ်းတစ်ဖက်တစ်ချက်တွင်လည်း အိမ်အိုအိမ်ဟောင်းများဖြင့် ပြည့်နှက်နေသည်။ ဤပုံစံသည် နောက်ဆယ်စုနှစ်အနည်းငယ်အတွင်း အလွယ်တကူပင် ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်စေနိုင်သော ပုံစံမျိုး ဖြစ်သည်။ သို့သော်လည်း ယခုအချိန်သည် ၁၉၇၀ခုနှစ်ခန့်တွင်သာ ရှိနေသောကြောင့် လမ်းပေါ်တွင် ကားအနည်းငယ်မျှသာ ရှိနေပြီး ကားလမ်းပိတ်ဆို့မှုများအတွက် စိတ်ပူနေရန် မလိုသေးပေ။

သို့သော်လည်း လုဖျင်ကျိုးက လမ်းလယ်ဘက်သို့ တိုး၍လျှောက်ကာ ခပ်ခွာခွာအနေအထားဖြင့် ချန်မန်လမ်းလျှောက်ရန်အတွက် နေရာများများ ချန်ထားပေးလေသည်။

ကွေ့သည့်အပိုင်းက ခပ်တိုတိုလေး မဟုတ်ပေ။ လုဖျင်ကျိုးက  á€á€ťá€”á€şá€™á€”á€şá€œá€ťá€žá€ąá€Źá€€á€şá€”á€­á€Żá€„á€şá€žá€ąá€Ź အတိုင်းအတာဖြင့် ထိန်းထိန်းသိမ်းသိမ်းလျှောက်လာရာ တံတားသို့ မရောက်မီ ဆယ်မိနစ်မျှ ကြာအောင် လမ်းလျှောက်ခဲ့ရသည်။ သူ၏အမြင်အာရုံနယ်ပယ်သည် ရုတ်ချည်းပင်လျှင် ကျယ်ပြန့်သွားလေသည်။

မြစ်သည် လင်းကျန်းမြို့၏ ဤနေရာတွင် အလွန်ကျယ်ပြန့်သွားသည်။ တံတားပေါ်တွင် ရပ်ပြီး အောက်ဘက်ဆီသို့ မျှော်ကြည့်လိုက်လျှင် ရှည်လျားလှသော ကူးတို့သင်္ဘောကြီးများပင်လျှင် ပို၍ နှစ်သက်စဖွယ် ဖြစ်လာသည်။ မြစ်ရေမှာ ကြည်လင်မနေဘဲ အနည်းငယ်ပင် ဝါတာတာဖြစ်နေသည်။ မနက်ခင်းလေပြည်နုလေးက ကလူကျီစယ်နေသောကြောင့် မြစ်ရေပြင်တွင် လှိုင်းဂယက်များထလျက်ရှိသည်။

ချန်မန်က လေနုအေးက မွှေ့ကစားသွားသော သူမ၏ နားသယ်စပ်ရှိ ဆံနွယ်လေးများကို သေသပ်အောင် လက်ဖြင့် သပ်လိုက်ပြီး နားနောက်သို့ ထိုးညှပ်လိုက်သည်။ ထို့နောက် ခေါင်းမော့လိုက်ပြီး လုဖျင်ကျိုးကို ကြည့်ကာ မေးလိုက်သည်။

“ရှင် ဒီနေရာကို တစ်ခါမှ မရောက်ဖူးဘူးလား...”

“ကားနဲ့တော့ ဖြတ်မောင်းဖူးပါတယ်...”

“ကားခဏရပ်ပြီး အပြင်ထွက် လမ်းလေးဘာလေး မလျှောက်ဖူးဘူးလား...”

“အချိန်မရဘူးလေ...”

“ရှင်အလုပ်များနေတာလား...”
သူက အပြင်သို့ အလည်အပတ် ထွက်ခဲလှသည်ဟု သူပြောခဲ့သည်ကို သူမ သတိရသွားသည်။

“ဒါတွေက ကိုယ့်အတွက် သိပ်အရေးမကြီးဘူးလေ... အလုပ်ကလည်း တစ်ခုပြီး တစ်ခု ပေါ်နေတာကိုး... များသောအားဖြင့်တော့ အားလပ်ရက်တွေက ပုံမှန်အတိုင်း ယူလို့ရပါတယ်...”

လုဖျင်ကျိုးက ရှင်းပြလိုက်သည်။

“ကိုယ်က ဒီဒေသခံမဟုတ်‌တော့ အားလပ်ရက်ဆိုလည်း အလည်အပတ်ဘာညာ သိပ်မထွက်ဖြစ်တာပါ... အများအားဖြင့်တော့ စခန်းတစ်ဝိုက်မှာဘဲ ကိုယ်သွားလာလှုပ်ရှားနေတတ်တာ များပါတယ်...”

“မဟုတ်သေးဘူးလေ...”
ချန်မန်က အပြုံးကလေးဖြင့် မေးလိုက်သည်။

“အရင်တုန်းက အပတ်တိုင်း ကျွန်မတို့ စားသောက်ဆိုင်ကို ညစာစားဖို့ လာခဲ့တယ်မဟုတ်လား...”

လုဖျင်ကျိုး ခေါင်းငုံ့ပြီး ချန်မန်ကို ကြည့်လိုက်သည်။ အဖြေကို သိနေသည့်တိုင်အောင်ပင် သူ့ကို ထိုမေးခွန်း မေးလိုက်မိသည့်အတွက် သူမ အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမက ခေါင်းကို လှည့်လိုက်ကာ ဘာမျှ မဖြစ်ခဲ့သည့်နှယ် သူ၏ အကြည့်ကို ရှောင်လွှဲလိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်များက ကော့တက်လာကာ သူက ခန္ဓာကိုယ်ကို ကိုင်းညွှတ်ချလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“အဲ့ဒါကကျ မင်းကို မြင်ချင်တာကိုး...”

 á€á€ťá€”်မန်က ခေါင်းကို ပိုဝေးရာဘက်သို့ လှည့်လိုက်ပြီး မူယာမာယာဟန်အပြည့်ဖြင့် သူမ၏ ဆံပင်ကို တို့ထိနေသည်။

ဤသည်က လုဖျင်ကျိုး မေးခွန်းထုတ်မည့်အလှည့် ဖြစ်သည်။

“ကိုယ်တို့ မတွေ့ခင် အရင်အပတ်က မင်း ကြင်ဖက်တွေ့ခဲ့တယ်ဆိုတာ ဘယ်သူလဲသိလား...”

“ရှင်သိတာလား...”
ချန်မန်က ပြန်လှည့်ကြည့်လာသည်။

“ကိုယ်သိတာပေါ့...”
သူက ပွင့်လင်းစွာပင် ပြောလိုက်သည်။
“အဒေါ်လောက ပြောပြတယ်...”

“အို...”
သူမက ထပ်မံ၍ မြစ်ဘက်သို့ မျက်နှာလွှဲထားလိုက်ပြန်သည်။

“ကိုယ့်မေးခွန်းကို မင်း အခုထိ မဖြေသေးဘူးနော်...”
လုဖျင်ကျိုးက စကားပြောလိုက်ရင်း ချန်မန်ကို စက်ဝိုင်းပြတ်သဏ္ဍာန် ပတ်လျှောက်လိုက်ရင်း ချန်မန်၏ အမြင်အာရုံစက်ကွင်းအတွင်းသို့ ဇွတ်ဝင်လာသည်။

ချန်မန်က ခေါင်းမော့လိုက်ပြီး စိတ်ကြည်နူးနေသောအသံလေးနှင့် မေးလိုက်သည်။
“ရှင်မသိဘူးလား...”

“ကိုယ်မသိဘူး... ပြီးတော့ မှန်းတောင်မမှန်းနိုင်ဘူး...”
သူက သူမကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

“ပြီးတော့...ကိုယ် မင်းကိုယ်တိုင်ပြောတာကို ကြားချင်လို့...”

ချန်မန်က နူးညံ့စွာ ပြန်ဖြေလိုက်သည်။
“ကျွန်မသိပါတယ်...”

Search Novels