💝💝💝 👩‍❤️‍👨Chapter 21
ချိန်းတွေ့နေကြတာလား


“ ရှောင်ယန်ပြောတာနဲ့ပတ်သက်ပြီး ငါလေးလေးနက်နက်စဉ်းစားကြည့်ပါ့မယ်… ရှောင်ချန်ရေ မင်း ဒီတစ်ကြိမ်တော့ သူ့ကိုပေးနားခိုင်းလိုက်ပြီး တနင်္ဂနွေနေ့အလုပ်လာပေးလို့ရမယ်မလား…”

ချန်မန် တခဏကြာတွေးလိုက်ပြီး ပြန်ဖြေလိုက်သည်။

 “ ရပါတယ် ဒါပေမယ့် နောက်တစ်ပတ် တနင်္ဂနွေကျရင်တော့ ကျွန်မကိုနားရက်ပေးလို့ရမလား…”

သန်ဘက်ခါမှာ ယခုလ၏နောက်ဆုံးတနင်္ဂနွေနေ့ဖြစ်ပြီး နောင်လာမည့်တနင်္ဂနွေမှာ ဧပြီလထဲတွင်ဖြစ်ကာ နားရက်များကို မသတ်မှတ်ရသေးချေ။ ဒါရိုက်တာဝမ်မှ ခေါင်းညိတ်ကာ ပြောလာသည်။

 “ ကောင်းပြီ…”

“ နောက်တစ်ပတ်ကျရင်လည်း သူ့ကိုပေးဖို့တော့ ဒါရိုက်တာကြီးပြောမှာမဟုတ်ပါဘူးနော်… ပြောမှာလားဟင်…”

ဒါရိုက်တာဝမ်မှာ ဖန်းချောင်လမ်း အစိုးရပိုင်ဟိုတယ်၏ တစ်ဦးတည်းသောဒါရိုက်တာဖြစ်သည့်တိုင် အလုပ်သမားအပြောင်းအရွေ့တွင် တာဝန်ရှိသူမဟုတ်ပေ။ အကယ်၍ သူ ချမ်ရှောင်ဖျင်ကို အမှန်တကယ် ပြောင်းရွေ့ရန်ဆုံးဖြတ်ထားလျှင်ပင် လုပ်ငန်းစဉ်မှာ တစ်လ သို့မဟုတ် နှစ်လခန့်ကြာမည်ဖြစ်သည်။ ဤအတွက်ကြောင့် ချန်မန် ထိုမေးခွန်းကိုမေးရခြင်းဖြစ်လေသည်။

သူမ ဤတစ်ကြိမ်တွင် ဒါရိုက်တာဝမ်အပေါ် မျက်နှာသာပေးလိုက်မည်ဖြစ်သော်လည်း အချိန်တိုင်းတော့ ပေးမည်မဟုတ်ချေ။

ဒါရိုက်တာဝမ်မှ ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။

“ ကောင်းပြီ ဒီတစ်ကြိမ်ပါပဲ… နောက်တစ်ခါရှိလာမှာမဟုတ်ပါဘူး…”

“ ဟုတ်ပါပြီရှင်…”

တနင်္ဂနွေနေ့တွင် သူမ နားရက်ယူနိုင်ကြောင်းကြားရပြီးနောက် ချမ်ရှောင်ဖျင်မှာ အလွန်တက်ကြွနေကော နောက်တစ်နေ့ အလုပ်ထဲတွင် ပြုံးရွှင်နေခဲ့သည်။ ညဖက်အလုပ်မဆင်းခင်အချိန်မှာပင် သူမ ချန်မန်ထံ ရည်ရွက်ချက်ရှိရှိ‌ လှမ်းပြောလိုက်လေသည်။

 “ အိုးး အားနာလိုက်တာ… ငါဒါရိုက်တာဝမ်ကိုမပြောခင် နင်နဲ့ယန်မင်ကျစ်တို့ နားရက်ပြောင်းလိုက်ရမယ်လို့ မထင်ထားမိဘူးပဲ… မနက်ဖြန်သာ အလုပ်ဆင်းရမယ်ဆိုရင် နင်တော့ သွားချိန်းတွေ့လို့ မရတော့ဘူးထင်တယ်နော်…”

ချန်မန်မှ အပြုံးတုတစ်ခုဖြင့် ပြန်ပြောလိုက်သည်။

 “ စိတ်မပူပါနဲ့… ကျွန်မမနက်ဖြန်အလုပ်လာရမယ်ဆိုရင်တောင် ကောင်လေးနဲ့တွေ့ဖို့ကို သက်ရောက်မှုရှိစေမှာမဟုတ်ပါဘူး… သူက မနက်ဖြန်ကျရင် ဆိုင်မှာလာတွေ့ပေးမယ်တဲ့လေ…”

အဒေါ်လောမှာ သူမတို့အနားမှ ဖြတ်သွားမိသောကြောင့် ချဲ့ကားမေးလာခဲ့သည် ။

“ ရှောင်လုနက်ဖြန်လာမှာတဲ့လား… သူဘယ်ချိန်ဆိုင်ကိုလာမှာလဲ… သူ နင့်ကိုတွေ့ဖို့ တနေကုန်ဆိုင်မှာနေပေးမှာတော့မဟုတ်ဘူးမလား… အမလေးနော် နင်တို့တွေ တကယ့်လူငယ်တွေပဲ… အသည်းယားစရာလေးတွေ… နောက်ကျမင်္ဂလာဆောင်ရင် အဒေါ့်ကို အဓိကစားပွဲဝိုင်းမှာ သေချာပေါက်ဖိတ်ပေးရမှာနော်….”

ချန်မန် အသာအယာပြုံးလိုက်မိပြီး အဒေါ်လောမှာ သူမအပေါ် အမှန်အကန်ပံ့ပိုးနေသည်ဟု တွေးနေခဲ့သည်။

ယခုလေးတင်မှ ဂုဏ်ယူနေခဲ့သည့် ချမ်ရှောင်ဖျင်မှာ အဒေါ်လောပြောသည်ကို ကြားရပြီးသည့်နောက် ဆက်လက်ပြုံးမနေနိုင်တော့ဘဲ ချဉ်စူးနေသည့်အသံဖြင့် ပြောလာခဲ့သည်။

 “ အလုပ်ဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်မှာမလို့လဲ….”

ပြောပြီးသည်နှင့် ထပ်မံ၍ အရိုက်ခံရမည်ကို ကြောက်နေသောကြောင့် ရပ်ပင်မရပ်ဘဲ ထွက်ပြေးသွားလေရာ ချန်မန်မှာ ဒေါသလည်းထွက် ရယ်လည်းရယ်မိသွားခဲ့လေသည်။

…….

လုဖျင်ကျိုးမှာ ချန်မန်နှင့် တရားဝင်မတွဲရသေးခင်အခါက စောစောလာမိလျှင် ထူးဆန်းနေသည်ဟု အမြင်ခံရမည်စိုးသောကြောင့် အမြဲလိုပင် မနက်၁၁နာရီခန့်တွင် လာလေ့ရှိသည်။ သူတို့နှစ်ဦး တရားဝင်တွဲပြီးကြသည်နှင့် ၎င်းအပေါ်စိတ်မပူနေတော့ဘဲ ချန်မန်ကိုအလုပ်သို့လိုက်ပို့ရန် ကားမောင်းလာခဲ့လေသည်။

ချန်မန်မှာမူ အလုပ်သမားတန်းလျားမှ လမ်းလျှောက်လာစဉ် လမ်းဘေးတွင်ရပ်ထားသည့်ကားကို မြင်လိုက်ရစဉ် ကြောင်သွားခဲ့ပြီး လုဖျင်ကျိုး သူမထံလျှောက်လာချိန်မှသာ အသိပြန်ဝင်လာကာ အံ့ဩတကြီးမေးလိုက်မိသည်။

 “ ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ…”

“ မင်းကိုအလုပ်လိုက်ပို့မလို့လေ…”

ချန်မန် ဆက်မေးလိုက်သည်။

 “ ဘယ်ကဘယ်လို အလုပ်လိုက်ပို့ဖို့တွေးမိသွားတာလဲဟင်…”

“ ကိုယ်မင်းနဲ့စောစောတွေ့ချင်လို့လေ ပြီးတော့ မင်းလည်း ပျော်သွားမယ်လို့ ကိုယ်ထင်တယ်…”

 á€œá€Żá€–ဝင်ကဝိုးမသ အပြုံးတစ်ပွင့်ဖြင့် မေးလာသည် “ ကိုယ့်ကိုတွေ့တော့ မပျော်ဘူးလားဟင်…”

ချန်မန် ကြက်ပေါက်လေးတစ်ကောင် အစာကောက်နေသကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ ဖြေလိုက်မိသည်။

 “ ပျော်တာပေါ့ ကျွန်မအရမ်းကိုပျော်နေတာရှင့်…”

အကယ်၍ သူမသည်သာ လက်ရှိမှာ  áá‰á‡á€á€•á€źá€Šá€ˇá€şá€”á€žá€…á€şá€Ÿá€Ż ပြန်မတွေးထားမိပါက လုဖျင်ကျိုးနှင့် တွေ့လျှင်တွေ့ခြင်း ပြေးဖက်မိမည်ဖြစ်သည်။ သို့တိုင်အောင် ဂျစ်ကားစီသို့ လမ်းလျှောက်သွားစဉ် ချန်မန် လက်ဦးမှုရယူကာ လုဖျင်ကျိုး၏လက်ကို လှမ်းကိုင်လိုက်သေးသည်။

၎င်းမှာ အနောက်ဖက်မှ လှမ်းကိုင်လိုက်ခြင်းဖြစ်သောကြောင့် လုဖျင်ကျိုးမသိလိုက်ရပေ။ သူ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံလိုက်ရချိန်မှသာ သူရပ်လိုက်မိသည်။ ခေါင်းကိုတဖြည်းဖြည်းချင်းငုံ့ကာ ဆုပ်ကိုင်ထားသည့် လက်တစ်စုံကိုကြည့်လိုက်ပြီးနောက် ပိုမိုသွယ်လျသည့်လက်စီသို့ မော့ကြည့်လိုက်ရာ ချန်မန်၏ပြုံးနေသည့်မျက်လုံးများနှင့် ဆုံတွေ့သွားလေသည်။

“ လက်ကလေးကိုင်ထားရုံပဲဟာ ကျွန်မတို့ကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မမိသွားလောက်ပါဘူးနော် ဟုတ်တယ်မလား…”

လုဖျင်ကျိုး၏နှုတ်ခမ်းထောင့်များ ကော့တက်သွားကာ ပြောလိုက်သည်။

 “ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဒီလောက်အစောကြီးရှိမှာမဟုတ်ဘူး…”

“ ကိုယ်တို့ကားထဲဝင်ကြမလား…”

“ အွန်း…”

လက်ချင်းတွဲလျက် ကားစီသို့လျှောက်လာကြပြီးနောက် လုဖျင်ကျိုး လက်ကိုလွှတ်ရန် အနည်းငယ်တုန့်ဆိုင်းနေမိသည်။ ချန်မန်မှ သူမအလုပ်သွားရမည်ဟု သတိပေးလာချိန်မတိုင်ခင်အထိ လုဖျင်ကျိုးတုန့်ဆိုင်းနေမိပြီး ထို့နောက်မှသာ သက်ပြင်းချကာ ကားတံခါးဖွင့်၍ သူမကိုကားထဲဝင်စေလိုက်သည်။

ယာဉ်မောင်းထိုင်ခုံနေရာသို့ ပြန်လာပြီးနောက် လုဖျင်ကျိုး ထိုင်ပြီးသည်နှင့် ညာလက်ကိုဆန့်ကာ ချန်မန်၏လက်ကို ဆွဲယူရန်ကြိုးပမ်းလိုက်သော်လည်း ရက်စက်စွာအငြင်းခံလိုက်ရသည်။

 “ ရဲဘော်လု ကားထဲမှာ ရှင့်အပြင် ဘေးမှာက အရမ်းလှတဲ့ကောင်မလေးတစ်ယောက်လည်း ထိုင်နေတာလေ… ကျေးဇူးပြုပြီး ကားမောင်းထဲအခါ စတီယာကို လက်နှစ်ဖက်နဲ့ သေချာကိုင်မောင်းပါရှင်…. တခြားအရာတွေ လျောက်မတွေးရဘူးနော်…”

လုဖျင်ကျိုး : “.....” ကောင်းပါပြီဗျာ…

ချန်မန်၏အိမ်မှာ အလုပ်နှင့်အလွန်နီးပြီး လမ်းလျှောက်သွားမည်ဆိုလျှင် ဆယ်မိနစ်ခန့်သာ အချိန်ယူရသည်။ သို့ဖြစ်ရာ ကားဖြင့်သွားချိန်၌ ငါးမိနစ်မျှသာ ကြာခဲ့ကာ စစ်တပ်သုံးဂျစ်ကားမှာ အစိုးရပိုင်ဟိုတယ်ရှေ့တွင် ရပ်သွားခဲ့သည်။

အလုပ်ချိန်ရောက်ရန် ဆယ်မိနစ်ခန့်လိုသေးသောကြောင့် လုဖျင်ကျိုး ကားပေါ်မှဆင်းရန်ပြင်နေသည့် ချန်မန်ကိုလှမ်းဆွဲလိုက်ကာ ချောင်းတချက်ဟန့်၍မေးလိုက်သည်။

“ လက်တွဲထားကြမလား…”

ချန်မန် အနီးနားသို့လိုက်ကြည့်လိုက်မိသည် “ မကောင်းလောက်ဘူးထင်တယ်နော်…”

“ ကားနဲ့ကွယ်ထားလိုက်ရင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့လည်း ကိုယ်တို့ကိုရှာတွေ့နိုင်မှာမဟုတ်ဘူး…” 

ပြောပြောဆိုဆိုဖြင့် လုဖျင်ကျိုး လက်ကိုအောက်သို့ရွှေ့ကာ ချန်မန်၏လက်ကောက်ဝတ်နားထိဆင်း၍ သူ၏လက်ချောင်းများနှင့် သူမကိုယှက်နွယ်လိုက်သည်။

 “ ကားထဲမှာ ခဏလောက်ထိုင်ကြရအောင်…”

“ အင်း… ကောင်းပြီလေ… ခဏပဲနော်…” 

ချန်မန် ကားထဲပြန်ထိုင်လိုက်ပြီး တံခါးကိုပိတ်ထားလိုက်သည်။

လုဖျင်ကျိုးမှ အသံတချက်ပေး၍ လက်ကောက်ဝတ်ကိုမြှောက်ကာပြောလာသည်။

 “ ကိုးမိနစ်ရသေးတယ်…”

ယခင်ဘဝတွင် ချန်မန် လက်တွဲထားခြင်းမှာ မရေရာသောအရာဟု တွေးထားခဲ့မိပြီး အဘယ့်ကြောင့် စုံတွဲများဖြစ်သွားသည်နှင့် လက်တွဲထားကြခြင်းအပေါ် နားမလည်နိုင်ဖြစ်ခဲ့ရလေသည်။

ဆောင်းတွင်းဆို ပြဿနာမရှိပင်မယ့် နွေဆိုရင်ကော ဘယ်လိုလုပ်မလဲ… လက်ဖဝါးတွေက ကပ်စီးကပ်စီးဖြစ်နေမှာမဟုတ်ဘူးလား… တကယ်လို့သာ တတ်နိုင်မယ်ဆိုရင် ပိုပြီးပြင်းတဲ့အရာတစ်ခုနဲ့ လာရမှာပေါ့….

သို့သော်လည်း သူမ လုဖျင်ကျိုးနှင့် စတွဲပြီးသည့်အချိန်မှသာ လက်ချင်းတွဲထားရုံဖြင့် လူကို ရှက်သွေးဖြာစေကာ နှလုံးခုန်နှုန်းမြန်စေတတ်ကြောင်း ချန်မန်နားလည်သွားရသည်။

ဒေါက် ဒေါက်…

ကားမှန်ကိုခေါက်သံမကြားရခင်အထိ ချန်မန်အတွေးလွန်နေမိပြီး သူမ ရုတ်တရက်လှမ်းကြည့်လိုက်ရာ လုဖျင်ကျိုးမှ မှန်ချလိုက်သည်ကို တွေ့လိုက်ရသည်။ အဒေါ်လောမှ သူမ၏ခေါင်းကိုတချက်ပုတ်ကာ သူတို့၏တွဲထားသည့်လက်များပေါ်တွင် အကြည့်ရောက်နေပြီး မေးလာခဲ့သည်။

 “ ဟေ့ မင်းတို့တွေချိန်းတွေ့နေကြတာလား…”

***


ချန်မန် အဒေါ်လော၏အနောက်မှ ရှက်သွေးဖြာနေသည့်မျက်နှာဖြင့် ဆိုင်ထဲသို့လိုက်ဝင်လာခဲ့သည်။ သူမ၏နံဘေးမှ လုဖျင်ကျိုးမှာမူ သူမရှက်နေသည်နှင့်ယှဉ်လျှင် အေးအေးလူလူပင်ဖြစ်နေကာ သူမနှင့်လက်ချင်းတွဲလျက် လူမိခံလိုက်ရသည့်အပေါ် များစွာတွေးနေပုံမရချေ။

စားသောက်ဆိုင်ထဲတွင် ကျန်သူနှစ်ဦးမှာလည်း အလုပ်သို့ရောက်နေပြီးဖြစ်ကာ ယန်မင်ကျစ်မှာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေစဉ် ကွမ်ကျန့်ကော်မှာ အရှေ့ခန်းတွင်ထိုင်ကာ မနက်စာစားနေခဲ့သည်။

မနက်စာအနေဖြင့် ကွမ်ကျန့်ကော်မှာ လမ်းပေါ်ရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်မှ ခေါက်ဆွဲအစပ်သုပ်တစ်ပွဲဝယ်လာခဲ့ပြီး ၎င်းတို့မှာ ဆော့စ်နှင့်နယ်ထားပြီးဖြစ်ကာ ရွှေအိုရောင်သန်းနေခဲ့သည်။ ခေါက်ဆွဲသားအလုံးကြီးကြီးများပေါ်တွင် ကြက်သွန်မြိတ်များ၊ ပါးပါးလှီးထားသည့် မုန်လာဥဖြူများနှင့် ဂေါ်ဖီချဉ်များဖြူးထားသည်။

ကွမ်ကျန့်ကော်မှ သူ၏ခေါက်ဆွဲကို ပလုပ်ပလောင်းစားလျက်မေးလာသည်။

 “ မင်းတို့နှစ်ယောက် ဘယ်လိုဖြစ်ပြီးတွေ့လာတာလဲ…” 

ထို့နောက် သူ၏အကြည့်မှာ လုဖျင်ကျိုးထံ ကျရောက်လာကာ ဇဝေဇဝါဖြစ်နေဟန်ဖြင့် မေးလာသည်။

 “ ဒါကကော ဘယ်သူတဲ့လဲ…”

“ ရှောင်ချန်ရဲ့ကောင်လေး ရှောင်လုလေ…”

 á€Ąá€’á€ąá€Ťá€şá€œá€ąá€Źá€™á€ž မိတ်ဆက်ပေးပြီးနောက် ကွမ်ကျန့်ကော်ထံညွှန်ပြကာ အချင်းချင်းမိတ်ဆက်ပေးလိုက်သည်။

 “ သူက ကွမ်ကျန့်ကော်တဲ့ အဒေါ်တို့ဆိုင်ရဲ့စားဖိုမှူးကြီးပေါ့ကွယ်…”

ကွမ်ကျန့်ကော်မှ ထရပ်လာပြီး လုဖျင်ကျိုးနှင့် လက်ဆွဲနှုတ်ဆက်လိုက်ကာ မေးလာသည်။

 “ မင်္ဂလာပါ ရဲဘော်လုရေ မနက်စာစားပြီးပြီလား…”

“ ဦးလေးကွမ်…” လုဖျင်ကျိုးပြန်ဖြေလိုက်သည်။

 “ ကျွန်တော်စားပြီးမှလာတာပါ…”

ကွမ်ကျန့်ကော်မှ မေးလာပြန်သည်။

“ ဒီနေ့ဘယ်လိုဖြစ်လို့ မင်းဒီကိုရောက်နေတုန်းဟ..”

အဒေါ်လော ဝင်ပြောလိုက်ရသည်။

 “ သူတို့ကငယ်သေးတယ်လေ ပြီးတော့ တွဲနေကြတာပဲကို မေးခွန်းတွေအများကြီးလိုက်မေးမနေပါနဲ့ရှင်…”

ကွမ်ကျန့်ကော်မှ “ အိုး..”ဟု နှစ်ကြိမ်တိုင်ရေရွတ်လိုက်ပြီးနောက် ခုံတွင်ပြန်ထိုင်လိုက်ကာ ပြောလာသည်။

“ ဒီလိုဆိုလည်း ငါဆက်စားလိုက်ဦးမယ်…”

နှုတ်ဆက်ပြီးနောက် အဒေါ်လောသည်လည်း မီးဖိုချောင်တွင်းသို့ဝင်သွားလိုက်သည်။

 á€á€ťá€”်မန်မသဏမူ လုဖျင်ကျိုးထံ နေရာတစ်ခုရှာ၍ထိုင်နေရန်ပြောလိုက်ပြီး တံမြက်စည်းတစ်ချောင်းယူကာ ကွမ်ကျန့်ကော်အား စားပြီးပြီလားဟု မေးလိုက်သည်။

ကွမ်ကျန့်ကော်သည်လည်း သူမဆိုလိုချင်သည်ကို နားလည်နေသောကြောင့် ထမင်းဘူးကိုကိုင်ကာ ပြောလိုက်သည်။

 “ ငါမီးဖိုချောင်ထဲမှာသွားစားလိုက်မယ်…”

ကွမ်ကျန့်ကော်ထွက်သွားသည်နှင့် ချန်မန် တံမြက်စည်းလှည်းရန်ပြင်လိုက်သော်လည်း သူမ ခြေလှမ်းများစွာမလှမ်းလိုက်ရသေးခင်မှာပင် လုဖျင်ကျိုးမှာ သူမလက်ထဲရှိ တံမြက်စည်းကိုလှမ်းယူကာ ပြောလာသည်။

 “ ကိုယ်လုပ်လိုက်မယ်…”

“ ရပါတယ်ရှင် ကျွန်မက ဒီအလုပ်တွေနဲ့အသားကျနေပါပြီ…” ချန်မန် အနည်းငယ်ရုန်းကန်ပြီးသည့်နောက် ပြောလိုက်ရသည်။

 “ ဒါကကျွန်မအလုပ်ပါ…”

ချန်မန် လုဖျင်ကျိုး ဆိုင်သို့လာလည်မည့်အပေါ် သဘောတူခဲ့ခြင်းမှ လုဖျင်ကျိုးမှ သူမကိုတွေ့ချင်ကြောင်း ပြောလာခြင်းကြောင့်သာဖြစ်ပြီး သူမအတွက် အလုပ်အလကားခိုင်းရန်မဟုတ်ချေ။

လုဖျင်ကျိုးမှာမူ နားလည်မှုလွဲသွားပြီး မေးလာခဲ့သည်။

 “ မင်းတို့ဆိုင်မှာက အလုပ်နဲ့ပတ်သက်ပြီး တခြားသူတွေကိုမကူခိုင်းရဘူးဆိုတဲ့ စည်းမျဉ်းရှိလို့လား…”

ဒါက… ပြဿနာမဟုတ်ဘူးလေ…

“ ရပြီ…” လုဖျင်ကျိုး အသံတိုးတိုးဖြင့်ပြောလာသည်။

 “ ကိုယ်တို့ကစုံတွဲဖြစ်နေပြီလေ… မင်းကအလုပ်တွေအကုန်လုပ်နေရတဲ့အချိန် ကိုယ်ဘာမှမလုပ်ဘဲထိုင်နေဖို့ဆိုတာ ကိုယ့်အတွက်နေမထိထိုင်မသာဖြစ်စေတယ်…”

ချန်မန် နှုတ်ခမ်းကိုဖိကာ ပြုံးလိုက်မိသည်။ “ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ချဲ့ကားနေရတာလဲရှင်…”

“ တကယ်ပါကွာ ကိုယ်တကယ်နေလို့မရတာ…ကိုယ့်ကိုဝိုင်းကူခွင့်ပြုပါနော်…” 

လုဖျင်ကျိုး ပြောပြီးသည်နှင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။

 “ တံမြက်စည်းလှည်းဖို့က အပေါ်ထပ် အောက်ထပ်နှစ်ခုလုံးလှည်းပေးရမှာမလား…”

လုဖျင်ကျိုး၏အမူအရာမှာ လေးနက်နေသောကြောင့် ချန်မန် မငြင်းပယ်နိုင်ဘဲ တီးတိုးပြောလိုက်ရသည်။

 “ ဒီနေ့က စားတဲ့သူများများမလာလောက်ဘူး… ကျွန်မမှန်းရသ‌လောက်တော့ အပေါ်ထပ်ကိုတက်မယ့်သူမရှိဘူးထင်တယ်… အဲ့တော့ ဒီအတိုင်းသာထားလိုက်ချည်… အောက်ထပ်ကိုလှည်းပေးရင်ပဲရပါပြီရှင်…”

“ ကောင်းပြီ ဒါဆိုဘေးဖယ်နေချည်…” 

လုဖျင်ကျိုးမှ ပြောပြီးသည်နှင့် ခါးကိုင်းကာ စတင်လှည်းကျင်းလိုက်သည်။

သန့်ရှင်းရေးလုပ်ရန်မှာ အရှေ့ဘက်ခန်းမတစ်ခုတည်းသာ လိုအပ်သော်လည်း နေရာမှာမသေးငယ်လှချေ။ လုဖျင်ကျိုးတစ်ဦးတည်းကို လုပ်ခိုင်းရန်မှာ ရှက်ဖွယ်ကြောင်းသည်ဟု ချန်မန်တွေးမိသောကြောင့် ကူပေးရန်အတွက် မီးဖိုချောင်သို့သွား၍ တံမြက်စည်းတစ်ချောင်းထပ်ယူလိုက်သည်။

သို့သော်လည်း သူမ တံမြက်စည်းယူကာ ထွက်လာပြီးသည်နှင့် သူမလုပ်ရန်မလိုအပ်ကြောင်း ချန်မန်သိလိုက်ရလေသည်။

💝💝💝 👩‍❤️‍👨Chapter 22
 á€Ąá€”မ်းတစ်ပွငအ်

∆ အပူလှိုင်းကတဟုန်ထိုးတက်လာပြီး အကြောင်းအရင်းမရှိ ပျံထွက်သွားလေတယ်…


လုဖျင်ကျိုးမှာ နေရာတစ်ခုလုံးကို အမှန်တကယ်ပင် အလွန်လျှင်မြန်စွာ လှည်းကျင်းသွားခဲ့သည်။ လူအများစုမှာ တံမြက်စည်းမြန်မြန်လှည်းမည်ဆိုပါက ထောင့်တိုင်းကိုသန့်ရှင်းရေးလုပ်ရန်မဖြစ်နိုင်သောကြောင့် သူတို့လှည်းသည်မှာ များစွာပြောင်စင်ခြင်းမရှိချေ။

လုဖျင်ကျိုးမှာမူ မတူညီပေ။ သူ လှည်းသွားသည်မှာ လျှင်မြန်သည့်အပြင် ပြောင်စင်နေပြီး တချက်ကြည့်ရုံနှင့်တင် အလုပ်ကြိုးစားခဲ့ကြောင်းပြောနိုင်သည်။

သူမ အမှန်တကယ်ပင် လုပ်ဆောင်ရန်နေရာမရှိကြောင်း ချန်မန်ခံစားလိုက်ရပြီး တံမြက်စည်းကိုပြန်ထားကာ ခုံသုတ်ဝတ်အတွက် ရေဇလုံတစ်လုံးယူလိုက်သည်။ သူမ လုဖျင်ကျိုးမှ အရှေ့ဖက်ခန်းမတစ်ခုလုံးမှသည် တံခါးမှနေရာအထိ တံမြက်စည်းလှည်းသွားသည်ကို စောင့်ဆိုင်းနေလိုက်ပြီး ပြီးသည်နှင့် စားပွဲခုံများကို စသုတ်လိုက်သည်။

ဆိုင်ပေါက်ဝမှနေရာမှာ သူတို့ဆိုင်မှ သန့်ရှင်းပေးရမည့်တာဝန်ပင်ဖြစ်သော်လည်း နေရာမှာမကျယ်ဝန်းသောကြောင့် လုဖျင်ကျိုးအချိန်တိုအတွင်း လှည်းပြီးသွားခဲ့ကာ ဖုန်များကို အမှိုက်ပုံးထဲသို့ထည့်လိုက်သည်။

ထိုအချိန်၌ ချန်မန်မှာ စားပွဲနှင့်ထိုင်ခုံတစ်စုံကို သန့်ရှင်းရေးလုပ်ပြီးသွားပြီဖြစ်သည်။ အစိုးရပိုင်စားသောက်ဆိုင်များတွင် စားပွဲနှင့်ထိုင်ခုံများမှာ ညစ်ပေရန်အလွယ်ကူဆုံးအရာများဖြစ်သောကြောင့် ၎င်းတို့ကိုသုတ်ရန်မှာ ပို၍ ပြဿနာများလှသည်။

လုဖျင်ကျိုး အထဲသို့ဝင်လာသည်နှင့် ထိုအရာကိုမြင်လိုက်ရလေရာ ချန်မန်ထံ အဝတ်စုတ်တစ်ခုတောင်းလိုက်ပြီး စားပွဲများဆက်ကူသုတ်ပေးလိုက်သည်။

အဒေါ်လောမှာ မီးဖိုချောင်ထဲတွင်အလုပ်များနေသော်လည်း ကူညီပေးချင်သောကြောင့် အပြင်သို့ထွက်ရန်ပြင်လိုက်သည်။ သို့သော်လည်း သူမ တံခါးပေါ်မှလိုက်ကာစကိုဖယ်လိုက်သည်နှင့် ဘယ်ညာရပ်ကာ စားပွဲသုတ်လျက် စကားပြောနေသည့် လူငယ်နှစ်ယောက်ကို မြင်လိုက်ရလေသည်။ သူမ အနောက်သို့ပြန်ဆုတ်လိုက်ပြီး မီးဖိုချောင်တွင်းရှိ ကျန်သူနှစ်ဦးထံ အသံကိုနှိမ့်‌၍ပြောပြလိုက်သည်။

 “ ရှောင်လုက အလုပ်တွေကူပေးနေတယ်သိလား…”

ဟင်းသီးဟင်းရွက်များလှီးနေသည့် ကွမ်‌ကျန့်ကော်မှ သက်ပြင်းချကာ ပြောလာသည်။

 “ ရဲဘော်လုက ရှောင်ချန့်အပေါ် တကယ်ဂရုစိုက်တာပဲ…”

အဒေါ်လောမှ ဂုဏ်ယူစွာပြောလိုက်သည် “ သေချာတာပေါ့ မဟုတ်ရင် ကျွန်မသူတို့ကိုဘယ်အောင်သွယ်ပေးပါ့မလဲ…”

သူမအလုပ်သို့လာသည့်လမ်းတွင် မြင်ခဲ့ရသည်ကိုပင် ပြောပြချင်မိသော်လည်း မပြောခြင်းမှာ ပိုကောင်းမည်ဟု တွေးလိုက်မိသည်။ လူငယ်လေးနှစ်ဦးမှာ ကားထဲတွင်လက်တွဲထားကြခြင်း‌ဖြစ်သော်လည်း အများပိုင်နေရာဖြစ်နေသောကြောင့် အကယ်၍သာ ထိုအကြောင်းကို လက်ပတ်နီအဖွဲ့မှသိသွားပါက ဤနားတဝိုက်တွင် အမြဲလာရောက်လှည့်ကင်းပတ်နေကြမည်ဖြစ်ရာ တွေးမိရုံနှင့်ပင် စိတ်ညစ်ဖွယ်ရာကောင်းလှ၏။

စားပွဲများကူသုတ်ပေးပြီးသည်နှင့် လုဖျင်ကျိုးမှာ အစိုးရပိုင်ဟိုတယ်၏ ဝန်ထမ်းမမည်သောဝန်ထမ်းဖြစ်လာခဲ့သည်။

စားသုံးသူများမှာ မနက်၁၁နာရီခန့်တွင် စတင်ရောက်ရှိလာကြသည်။ လုဖျင်ကျိုးမှာ ဟင်းပွဲများချရာနှင့် ပန်းကန်များတူများသိမ်းရာတွင် အခြားသူများထက် များစွာပို၍ကျွမ်းကျင်နေသောကြောင့် အချို့သောစားသုံးသူများသည်ပင် သူ့ကို ဆိုင်မှအသစ်ငှားရမ်းထားသည့် စားပွဲထိုးဟုထင်နေကြလေသည်။

လုဖျင်ကျိုးမှာ စစ်တပ်ယူနီဖောင်းဖြစ်သော အပေါ်အင်္ကျီအစိမ်းနှင့် အပြာရောင်ဘောင်းဘီကို ဝတ်ဆင်ထားသောကြောင့် လူအချို့သည်ပင် ထိုဝတ်စုံကိုမည်သည့်နေရာမှရသည်နည်းဟု စပ်စပ်စုစုမေးလာကြသည်။ သို့သော်လည်း အသေးစိတ်ကြည့်မည်ဆိုလျှင် ၎င်းမှာ ကော်လာများ တံဆိပ်တပ်သည့်နေရာများနှင့်ပင် စစ်ယူနီဖောင်းနှင့်များစွာ ဆင်တူနေခြင်းမရှိ‌ပေ။

မေးခွန်းများမေးလာကြသည်နှင့် အရှေ့ခန်းမတွင် စားနေသည့်လူတိုင်းမှာ လုဖျင်ကျိုးထံလှမ်းကြည့်လာကြသည်။

ယနေ့ခေတ်တွင် စစ်ဝတ်စုံများမှာ လွန်စွာခေတ်စားပြီး ဖြစ်နိုင်မည်ဆိုလျှင် လူတိုင်းမှာ တစ်စုံစီယူကာဝတ်ချင်ကြသည်။

လုဖျင်ကျိုးမှာ တပ်ရင်းတစ်ခုလုံးအရှေ့တွင် အကြိမ်ပေါင်းများစွာ မိန့်ခွန်းပြောဖူးသူဖြစ်သောကြောင့် တောက်လောင်နေသည့် မျက်လုံးအစုံပေါင်းများစွာ၏အောက်တွင်ပင် သူ၏အမူအယာမှာ ငြိမ်သက်နေမြဲဖြစ်ကာ တည်ငြိမ်စွာပြောလိုက်သည်။

 “ အဝတ်တွေက ဌာနကပေးတာပါ…”

တစ်စုံတစ်ယောက်မှ ရုတ်တရက်ပြောလာသည်။

 “ အစိုးရပိုင်စားသောက်ဆိုင်တွေက အလုပ်လုပ်တဲ့ဝန်ထမ်းတွေကို စစ်တပ်ယူနီဖောင်းပေးတာလား…”

အဒေါ်လောမှာ ပြတင်းပေါ်မှတဆင့် ဟင်းပွဲထုတ်ပေးနေခြင်းဖြစ်ပြီး ထိုစကားကိုကြားလိုက်ရချိန်၌ ကြည်နူးစွာပြောလိုက်သည်။

 “ သူ့အဝတ်အစားတွေကို ကျွန်မတို့ဆိုင်ကပေးထားတာလို့ ရှင်တို့ကိုဘယ်သူပြောလို့လဲ…”

“ ဒီလူက စားပွဲထိုးအသစ်မဟုတ်ဘူးလား…” အမျိုးသားတစ်ဦးမှ မှန်းဆလိုက်သည်။

“ သူ့ဝတ်စုံတွေကို သူ့အရင်အလုပ်ကလူပေးသွားရော မဖြစ်နိုင်ဘူးလား…”

အဒေါ်လောမှ ရွှင်မြူးနေခဲ့ပြီး မီးဖိုချောင်တံခါးမှလိုက်ကာစကိုဆွဲကာ အပြင်သို့ထွက်လာ၍ ပြောလိုက်သည်။

 “ ရူးနေလို့လား ကျွန်မတို့ဆိုင်ကလူတွေထဲမှာ ဘယ်သူကအလုပ်လုပ်ရင်း စစ်ဝတ်စုံဝတ်လို့လဲ… တကယ်လို့စစ်ဝတ်စုံအဟောင်းရထားပြီး ဝတ်နေတယ်ပဲထားပါတော့… အဲ့လိုဆိုရင် အင်္ကျီအစိမ်းနဲ့ ဘောင်းဘီအစိမ်းဖြစ်ရမှာလေ… သူ့ဟာက တူမှမတူတာ…”

“ ဒါဆို သူကဘယ်သူလဲ…”

“ သေချာပေါက် စစ်သားတစ်ယောက်ပေါ့ရှင်…”

“ ဒီလိုဆိုရင် မင်းတို့ဆိုင်မှာ ဘာလို့လာလုပ်နေရတာလဲ…”

အဒေါ်လောမှ လုဖျင်ကျိုးထံကြည့်လိုက်ပြီးနောက် ကောင်တာအနောက်မှ ချန်မန်ထံပြန်ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

 “ သူတို့ကိုပဲ ကိုယ်တိုင်သွားမေးကြည့်သင့်တယ်…”

အဒေါ်လောမှ များများစားစားမပြောခဲ့သည့်တိုင် ဆိုင်ထဲတွင် စားနေကြသူတိုင်းမှာ ငယ်ရွယ်ပြီးအတွေ့အကြုံမရှိသူများမဟုတ်ပေ။ လုဖျင်ကျိုးနှင့် ချန်မန်တို့အကြား ထူးခြားသောဆက်ဆံရေးရှိကြောင်း သိနိုင်သည့် ဉာဏ်ကောင်းသူအချို့လည်းရှိကြပြီး အဒေါ်လောကြည့်နေသည့် နေရာကိုသတိပြုမိလိုက်ကြချိန်၌ အရာအားလုံးကိုနားလည်သွားကာ အသံရှည်ဆွဲ၍ပြောလာကြသည်။

 “ သဘောပေါက်ပြီ သူက သူ့ကောင်မလေးရှေ့မှာ ကြွားလုံးထုတ်ဖို့လုပ်နေတာပဲ…”

အရှေ့ဖက်ခန်းမထဲတွင် စနောက်နေသံများပြည့်နေပြီး အတွေ့အကြုံမရှိသေးသည့် လူငယ်အချို့သည်သာ ဘေးဘီဝဲယာသို့ လိုက်ကြည့်လျက် “ ကောင်မလေး… ဘယ်သူက သူ့ရဲ့ကောင်မလေးလဲ…” ဟုမေးနေကြသည်။

ကောင်တာအနောက်တွင်ရှိနေသည့် ချန်မန်မှာမူ ထိုစကားကိုကြားသွားပြီးနောက် တိတ်တဆိတ်ထိုင်ချကာ လူတိုင်းကိုကြည့်ရန် ခေါင်းကိုသာ ဖော်ထားမိသည်။

လုဖျင်ကျိုးမှာ အစိုးရပိုင်စားသောက်ဆိုင်တွင် တစ်ရက်တာလုံးအလုပ်လုပ်ခဲ့ပြီး ထမင်းနှစ်နပ်စားခဲ့သည်။

ယနေ့အတွက်ဟင်းမှာမူ ဝက်ရိုးစွပ်ပြုတ်နှင့် ဝက်အူကြော်တို့ဖြစ်ကာ ဟင်းကောင်းလှသည်။

ဝက်ရိုးများမှာ အသားများခြစ်ထုတ်ထားပြီးဖြစ်သည့် အရိုးချည်းသက်သက်သာဖြစ်ကာ အခြားဟင်းမှာမူ အရသာပြင်း၍ ကိုင်တွယ်ရန်ခက်ခဲသည့်ဝက်အူဖြစ်သည်။ သို့သော်လည်း ယနေ့ခေတ်တွင် အသားရရန်မှာ မလွယ်ကူပေ။ ထိုအရိုးနှင့် အူများမှာမူ ဈေးပေါရုံသာမက ဝယ်ယူရန် အသားလက်မှတ်လည်းမလိုသောကြောင့် ပုံမှန်အားဖြင့် ရောက်သည်နှင့် ချက်ချင်းဆိုသလို ရောင်းကုန်လေ့ရှိကာ နောက်ကျမှသွားမိလျှင် မည်သည့်အရာကိုမျှ ရမည်မဟုတ်ချေ။

အစိုးရပိုင်စားသောက်ဆိုင်များအတွက်မူ အထူးသီးသန့်ဝယ်ယူရသည့် ဟင်းသီးဟင်းရွက်နှင့် အသားဆိုင်များရှိသောကြောင့် ချန်မန်တို့အနေဖြင့် ဝယ်ယူလိုပါက အပြေးသွားရန်မလိုဘဲ စာရင်းပေး၍ ပြင်ဆင်ခိုင်းထားကာ သွားယူရန်သာလိုသည်။

သို့ဖြစ်လေရာ အစိုးရပိုင်စားသောက်ဆိုင်ဝန်ထမ်းများအနေဖြင့် ဝက်နံရိုးကဲ့သို့အရာမျိုးကို မကြာခဏစားရလေ့မရှိသော်လည်း အလွန်ကြေးမများရေ‌သရွေ့ ဆီနှင့်ရေပြတ်လပ်မည်မဟုတ်ပေ။

လုဖျင်ကျိုးမှာ အစားကြေးများသူမဟုတ်သောကြောင့် ထမင်းနှစ်နပ်ကို အလွန်ပျော်ရွှင်စွာစားခဲ့ကာ ညပိုင်းတွင် ပို၍ ကြိုးကြိုးစားစားလုပ်ပေးခဲ့သည်။

ညခုနစ်နာရီအထိ အလုပ်ရှုပ်နေခဲ့ပြီးနောက် ချန်မန် စစ်တပ်စည်းကမ်းကိုသတိရသွားခဲ့ကာ သူမကိုပန်းကန်ကူဆေးပေးနေသည့် လုဖျင်ကျိုးထံလှမ်းပြောလိုက်သည်။

 “ ညရှစ်နာရီတောင်ဖြစ်တော့မယ် ရှင်လက်ဆေးပြီး  á€•á€źá€”á€şá€–á€­á€Żá€ˇá€•á€źá€„á€şá€á€ąá€Źá€ˇá€œá€ą…ကျွန်မ ကျန်တာဆက်လုပ်လိုက်ပါ့မယ်…”

“ ရပါတယ်…” 

လုဖျင်ကျိုးမှ ပန်းကန်များကို ကောက်ယူလိုက်ပြီး ပြောလာခဲ့သည်။

 “ ကိုယ်အပြင်ထွက်ခွင့်တောင်းလာခဲ့တယ်… မနက်ဖြန်မနက်ခြောက်နာရီမတိုင်ခင် ပြန်ရောက်ရင်ရပြီ…”

“ အပြင်ထွက်ခွင့်ကို ဒီလိုလွယ်လွယ်တောင်းလို့ရတာလား…”

“ ပုံမှန်ဆိုရင်တော့ ဘယ်ဖြစ်နိုင်ပါ့မလဲ… ဒါပေမယ့် ကိုယ်က ခေသူမဟုတ်ဘူးလေ… ကိုယ့်ခေါင်းဆောင်က ဒီနှစ်ထဲအတွင်းမှာပဲ ကိုယ့်ဘဝရဲ့အရေးကြီးတဲ့ကိစ္စတွေကို မြန်မြန်ဖြေရှင်းဖို့မှာထားတာဆိုတော့လည်း အပြင်ထွက်ခွင့်ပေးလိုက်ရတာပေါ့…”

ထိုစကားကိုပြောနေချိန်၌ လုဖျင်ကျိုး၏အမူအရာမှာ လေးနက်နေခဲ့သော်လည်း သူ၏စကားများမှာ အလွန်တည်တံ့နေခြင်းမရှိသကဲ့သို့ ချန်မန်အမြဲလိုခံစားမိသောကြောင့် ခေါင်းကိုငုံ့ကာ လုဖျင်ကျိုးထံမကြည့်ရဲခဲ့ပေ။

သူမ သူ့ထံမကြည့်နေသော်လည်း လုဖျင်ကျိုးမှ အနားသို့တိုးလာကာ အသံကိုနှိမ့်၍ပြောလာခဲ့သည်။

“ ကိုယ့်ဘဝရဲ့အရေးကြီးကိစ္စကြီးကို သုံးလအ‌တွင်းဖြေရှင်းခဲ့မယ်လို့ ကိုယ့်ခေါင်းဆောင်ကို ကိုယ်ကတိပေးခဲ့တာ.. မင်းရော ဘယ်လိုထင်လဲဟင်…”

ချန်မန် သူမ၏ပါးပြင်မှာ လောင်ကျွမ်းလာသည်ဟု ခံစားနေရပြီး ပို၍ပင်ရှက်သွေးဖြာလာရသည်။

သူမ လုဖျင်ကျိုးအပေါ် အလွန်ကျေနပ်မှုရှိပြီး လက်ထပ်ရန်အထိ ထည့်စဉ်းစားထားသော်လည်း ဤမျှ စောစောထုတ်ပြောခံရမည်ကို မမျှော်လင့်ထားသောကြောင့် ခဏကြာတုန့်ဆိုင်းနေပြီးနောက် ပြောလိုက်မိသည်။

 “ ကျွန်မ နည်းနည်းထပ်စဉ်းစားလို့ရမလား…”

လက်ထပ်ခြင်းဆိုသည်မှာ ဘ၀အတွက် အရေးပါသောကိစ္စကြီးတစ်ခုဖြစ်သည်။ လုဖျင်ကျိုးမှာ ချန်မန်တစ်ခါတည်းလက်ခံလိမ့်မည်ဟု စိတ်ကူးယဉ်ဆန်ဆန်တွေးမထားခဲ့သောကြောင့် သူ၏စိတ်ကိုပြင်ဆင်လာခဲ့သည်။

သို့ဖြစ်ရာ ချန်မန်၏အဖြေကိုကြားပြီးသည့်တိုင် သူစိတ်ပျက်မသွားခဲ့ပေ။ ထို့အပြင် သူမလေးမှ စဉ်းစားပေးရန် ငြင်းဆန်နေပုံမရသောကြောင့် သူအတော်အတန်ပျော်နေမိသည်။

လုဖျင်ကျိုး ပြုံးလျက် ဖြေလိုက်သည်။

 “ မင်းကြိုက်သလောက်အချိန်ယူလို့ရပါတယ်ကွာ…”

သို့သော်လည်း ပြောပြီးသည့်နောက်မှ ထိုစကားမှ အနည်းငယ်မသင့်တော်ကြောင်း သူခံစားလိုက်ရသည်။ အကယ်၍ သူမသာ သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာအချိန်ယူ စဉ်းစားနေလျှင် မည်သို့ဖြစ်မည်နည်း။ သူ့ထံတွင် ငိုရန်နေရာပင် ကျန်မည်မဟုတ်ပေ။ ထို့ကြောင့် လုဖျင်ကျိုး ချောင်းအသာအယာဟန့်လျက် ဆက်ပြောလိုက်ရသည်။

 “ သေချာတာပေါ့ ကိုယ့်ကိုအဖြေမြန်မြန်ပေးရင်တော့ အကောင်းဆုံးဖြစ်မှာပဲ…”

ချန်မန် ပြန်မဖြေတော့ဘဲ ပန်းကန်အထပ်လိုက်ကိုသာ လုဖျင်ကျိုး၏လက်ထဲ ထည့်ပေးလိုက်ရပြီး ခက်ခဲနေသည့်အသံဖြင့် ပြောလိုက်ရသည်။

 “ အလုပ်သွားလုပ်တော့…”

လုဖျင်ကျိုးမှ ပန်းကန်အပုံလိုက်ကြီးကိုသယ်လျက် ရွှင်မြူးနေဟန်ဖြင့် ပြောလာသည်။

 “ ကောင်းပါပြီဗျာ..”

ယနေ့ခေတ်လူများမှာ အလွန်အလုပ်စောစောသွားကာ ပြန်နားလေ့ရှိသောကြောင့် ခုနစ်နာရီမခွဲခင်မှာပင် ဆိုင်ထဲ၌ လူမကျန်တော့ပေ။ ထို့ကြောင့် သူတို့အားလုံး သန့်ရှင်းလုပ်ခြင်း၊ ပန်းကန်ဆေးခြင်း၊ ကြမ်းတိုက်ခြင်းနှင့် စားပွဲခုံသုတ်ခြင်းတို့ကိုစလုပ်လိုက်ကြကာ ခုနစ်နာရီ မိနစ်ငါးဆယ်အထိ အလုပ်ရှုပ်နေခဲ့ကြသည်။ ဆိုင်ဝန်ထမ်းလူစုမှာ ခန်းမထဲတွင် ခဏကြာ ဝိုင်းဖွဲ့စကားပြောခဲ့ကြကာ ညရှစ်နာရီတွင် အလုပ်ဆင်းခဲ့ကြသည်။

အစိုးရပိုင်စားသောက်ဆိုင်တံခါးကို သော့ခတ်ပြီးနောက် လုဖျင်ကျိုးမှ လူတိုင်းကိုလိုက်ပို့ပေးမည်ဟု ပြောလာခဲ့သည်။

အဒေါ်လောနှင့် ကွမ်ကျန့်ကော်တို့မှာ အမှန်တကယ်ပင် လိုက်ပို့ပေးစေချင်သော်လည်း သူတို့နှစ်ဦးလုံးသည် ကားမစီးဖူးကြလေရာ အလွန်မသင့်မတော်မပြုမူလိုက်ကြချေ။ လုဖျင်ကျိုး သူတို့၏ဆိုင်တွင် အဘယ့်ကြောင့် တနေကုန်အလုပ်လုပ်ခဲ့သည်ကိုလည်း အဖြေရှာမရခဲ့သောကြောင့် ပြုံးလျက်သာ မလိုအပ်ပါကြောင်းနှင့် နောက်ရက်များတွင် လိုက်ပို့ပေးနိုင်ကြောင်း ပြောလိုက်ကြသည်။ ထို့နောက် သူတို့နှစ်ဦး ယန်မင်ကျစ်ကိုခေါ်ကာ အလျင်အမြန် ထွက်ခွာသွားလေသည်။

တခဏအတွင်း လမ်းမပေါ်တွင် ချန်မန်နှင့် လုဖျင်ကျိုးတို့နှစ်ဦးတည်းသာ ကျန်ခဲ့ပုံပေါ်နေခဲ့သည်။

လုဖျင်ကျိုးမှ ချန်မန်ထံကြည့်လာခဲ့သည် “ ကိုယ်တို့ကားစီသွားကြမလား…”

“ ဟုတ်ကဲ့…”

သူတို့နှစ်ဦးကားထဲသို့ရောက်သည်နှင့် လုဖျင်ကျိုးမှ ကားကိုချက်ချင်းစက်မနှိုးခဲ့ဘဲ ထိုအစား ညာလက်ကိုဆန့်ထုတ်ကာ ချန်မန်၏ဘယ်လက်ကို ဆုပ်ကိုင်လာခဲ့သည်။

 “ ခဏလောက်နေကြရအောင်…”

“ တခြားလူတွေတွေ့သွားလို့မဖြစ်ဘူးလေ…” ချန်မန် အသံတိုးတိုးဖြင့် ပြောလိုက်ကာ သူမ၏လက်ကို အနည်းငယ်ရုန်းလိုက်သော်လည်း လွတ်မသွားခဲ့ဘဲ လက်ကိုင်ထားခြင်းမှသည် လက်ချောင်းများတွဲယှက်ထားသည်အဖြစ်သို့ ရောက်သွားခဲ့သည်။

“ အဒေါ်လောကပြောတယ် ညဖက်ဆို ဒီနေရာကိုဘယ်သူမှမလာဘူးတဲ့…”

ချန်မန် လှည့်ကြည့်လိုက်မိကာ ကြောင်အသွားရသည်။

 “ ဘာလို့အဒေါ်လောက ရှင့်ကိုအဲ့ဒါပြောတာလဲ…”

လုဖျင်ကျိုးမှ ချန်မန်၏နားရွက်အနီးသို့ တိုးကပ်လာကာ ရည်ရွယ်ချက်ရှိရှိဖြင့် အသံကိုနှိမ့်၍ပြောလာသည်။

 “ ကိုယ်တို့ဒီမှာ ညဖက်ဆိုရင် အေးအေးဆေးဆေး လက်တွဲထားလို့ရတယ်ဆိုပြီး ပြောပြပေးချင်တာနေမှာပေါ့…”

ဒီအဒေါ်လောကတော့လေ…

ချန်မန် ရှက်သွေးဖြာသွားခဲ့သည်။ သူမ သတိပြန်ဝင်လာချိန်၌ လုဖျင်ကျိုးမှာ သူမနှင့်အလွန်နီးကပ်နေသည်ကို တွေ့သွားခဲ့ပြီး အကယ်၍ လုဖျင်ကျိုးမှ တစ်မီလီမီတာခန့် ထပ်တိုးလာပါက သူ၏နှာခေါင်းမှာ သူမ၏ပါးကိုထိမိတော့မည်ဖြစ်သည်။

ချန်မန်၏အသက်ရှုသံမှာ လည်ချောင်းဝတွင် တစ်သွားရပြီး လုဖျင်ကျိုး၏ရည်ရွယ်ချက်ကို သူမ အကြမ်းဖျင်းနားလည်သွားခဲ့သည်။

သို့သော်လည်း လုဖျင်ကျိုးမှာ သူမအား နမ်းမလာခဲ့ဘဲ ထိုအစား အနည်းငယ်အက်ရှနေသည့်အသံဖြင့် မေးလာခဲ့သည်။

 “ ကိုယ်မင်းကိုနမ်းလို့ရမလားဟင်…”

ချန်မန် မသိစိတ်မှ လျှာသပ်လိုက်မိကာ နီးကပ်နေသည့်အကွာအဝေးကြားတွင် ဖိတ်ခေါ်သံသဖွယ် အသံတိုးတိုးတချက်မြည်သွားခဲ့သည်။

လုဖျင်ကျိုး မေးခွန်းများထပ်မမေးတော့ပေ။ ချန်မန်၏အရှေ့တွင် တဖြည်းဖြည်းနှင့် နေရာကိုချိန်ညှိလိုက်ပြီး ခေါင်းငုံ့၍ နှုတ်ခမ်းကိုအနမ်းပေးလိုက်လေသည်။ ထို့နောက် သူမ၏ယခင်လှုပ်ရှားမှုကို အတုယူကာ ချန်မန်၏နှုတ်ခမ်းကို အသာအယာလျက်လိုက်၏။

အပူလှိုင်းမှာ တဟုန်ထိုးထွက်ပေါ်လာပြီး အကြောင်းအရင်းမရှိ ပြေးထွက်သွားခဲ့သည်။

ချန်မန်မှာမူ လုံးလုံးတောင့်ခဲနေမိကာ လုဖျင်ကျိုးမှ သူမအား ထိုင်ခုံနောက်သို့ အပြည့်အဝဖိချမလာခင်အထိ မျက်လုံးများပွင့်လျက် ဆန္ဒရှိသည့်အတိုင်း လုပ်ခွင့်ပေးထားမိသည်။ ချန်မန် လုဖျင်ကျိုးမှ “ မျက်လုံးကိုမှိတ်ထားလေ…” ဟု သတိပေးလာသံကို ကြားလိုက်ရပြီးနောက် တဖြည်းဖြည်းချင်း သတိပြန်ဝင်လာကာ ပါးစပ်ကိုဖွင့်၍ အော်လိုက်မိသည်။

 “ လု…”

သို့သော်လည်း သူမ စကားပင်မဆုံးလိုက်ချေ။ ချန်မန်၏နှုတ်ခမ်းများမှာ အပြည့်အဝကျူးကျော်ခံလိုက်ရလေတော့သည်။


💝💝💝 👩‍❤️‍👨Chapter 23
: လေးခုတစ်ခုပေါင်း


ချန်မန် သူမ၏ခြံဝင်း၂၇ထဲသို့ဝင်လာစဉ် အိမ်တံခါးသော့ခတ်နေသည့်မိဘများကို မြင်လိုက်ရသောကြောင့် ခြေလှမ်းများရပ်တန့်သွားပြီး အံ့ဩတကြီးမေးလိုက်မိသည်။

 “ အယ်.. အဖေနဲ့အမေ  á€˜á€šá€şá€€á€­á€Żá€žá€˝á€Źá€¸á€€á€źá€™á€œá€­á€Żá€ˇá€œá€˛…”

သူမအသံကိုကြားလိုက်ရသောကြောင့် ဝမ့်ချိုးမိန်မှ ဓာတ်မီးဖြင့်လှမ်းထိုးလိုက်ရာ အလင်းရောင်မှာ ချန်မန်၏မျက်နှာပေါ်သို့ ကျဆင်းလာခဲ့သည်။ ထို့နောက် ဝမ့်ချိုးမိန်မှ အပြေးရောက်လာပြီး ချန်မန်၏ပုခုံးကိုကိုင်၍ အနားသို့ဆွဲခေါ်ကာ စိတ်ပူနေသဖြင့် ဒေါသတကြီး မေးလာခဲ့သည်။

 “ ကောင်မစုတ်လေး နင်ဘယ်ရောက်ပြီး ဘယ်ပေါက်နေလို့ အခုမှပြန်လာရတာလဲ…”

“ သမီး…” ချန်မန် တုန့်ဆိုင်းသွားရသည်။

 “ သမီး နည်းနည်းနောက်ကျသွားတာပါ…”

“ ဘာများဖြစ်နေလို့ နာရီဝက်ကျော်တောင် နောက်ကျနေရတာလဲဟဲ့…” 

ဝမ့်ချိုးမိန်မှ စိုးရိမ်တကြီးပြောလာသည်။

 “ နင့်အဖေနဲ့ငါက နင့်ကိုထိုင်စောင့်နေတာလေ… နင်ပြန်မရောက်လာတာနဲ့ နင်တို့ဆိုင်ဖက်ကို လာရှာတော့မလို့…”

ချန်စုဝေ့မှ အနားသို့လျှောက်လာကာ ပြောလိုက်သည်။

 “ ငါတို့သမီးပြန်ရောက်လာပြီပဲဟာ ခြံဝန်းထဲရပ်မနေကြနဲ့တော့… အိမ်ပြန်ပြီး စကားပြောကြချည်…”

ခြံဝန်းထဲတွင် နေထိုင်သူမှာ မိသားစုတစ်ခုထက်ပိုပြီး လက်ရှိတွင် ကျန်မိသားစုနှစ်ခုမှ မီးများမှိတ်ကာ စောစောအိပ်သွားပြီဖြစ်ရာ သူတို့သာ အပြင်တွင်ရပ်၍ စကားပြောနေကြမည်ဆိုပါက အိမ်နီးချင်းများကို မလွှဲမသေအနှောင့်အယှက်ပေးမိပေလိမ့်မည်။ ထို့ထက်ပိုသည်မှာ သူတို့ပြောနေသည်ကို အခြားသူများကြားသွားမည်ဆိုလျှင် သတင်းမဖြန့်ပါဟု အာမမခံနိုင်သောကြောင့် အိမ်တွင်ပြောသည်မှာ ပို၍ကောင်းပေလိမ့်မည်။

ဝမ့်ချိုးမိန်မှ ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြန်လှည့်ကာ သော့ပြန်ဖွင့်ရန် တံခါးစီသို့ လျှောက်သွားလိုက်သည်။

အိမ်ထဲသို့ဝင်လာပြီးနောက် မီးများဖွင့်ကာ ဝမ့်ချိုးမိန် အံဆွဲထဲတွင် ဓာတ်မီးကိုပြန်ထည့်လိုက်ပြီး ရေနွေးကြမ်းတစ်ခွက်ငှဲ့၍ အကုန်နီးပါးသောက်ပစ်လိုက်သည်။ သူမ ပြန်လှည့်လာချိန်တွင် စိတ်ငြိမ်သွားပြီဖြစ်သော်လည်း သူမ၏အမူအယာမှာမူ လေးနက်နေဆဲဖြစ်သည်။

 “ ငါ့ကိုအတိအကျပြောစမ်း နင်ဘာတွေများလုပ်နေလို့ အခုချိန်မှပြန်လာရတာလဲ…”

မေးပြီးသည်နှင့် ချန်မန် ပြန်ဖြေသည်ကိုပင် မစောင့်ဘဲ ဆက်ပြောလိုက်သည်။

 “ ဆိုင်မှာအလုပ်အရမ်းများနေလို့လို့တော့ မပြောနဲ့နော်… ငါလည်း အစိုးရပိုင်ဟိုတယ်မှာ အလုပ်လုပ်လာတာ နှစ်နှစ်ဆယ်ကျော်နေပြီ… အဲ့သည့်မှာ အလုပ်များ မများကို ငါနင့်ထက်ပိုပြီး ကောင်းကောင်းသိပြီးသား…”

ယနေ့မှာ တနင်္ဂနွေနေ့ဖြစ်ပြီး ဖန်းချောင်လမ်းတွင် လူအနည်းငယ်သာ ရှိသည်ကိုမဆိုထားနှင့် အလုပ်ဆင်းရက်များတွင်ပင် အစိုးရပိုင်ဟိုတယ်ဆိုသည်မှာ တစ်နေ့လျှင် လေးနာရီထက်ပို၍ အလုပ်မများနိုင်ပေ။ ၎င်းမှာ ထမင်းစားချိန်ပြီးသည်နှင့် ဧည့်သည်မလာသောကြောင့်မဟုတ်ဘဲ အလုပ်ဆင်းချိန်နောက်ကျမည်ဆိုးသောကြောင့် ဧည့်သည်လာလျှင်ပင် ဆိုင်မဖွင့်ပေးခြင်းကြောင့် ဖြစ်လေသည်။

သူမ အစိုးရပိုင်ဟိုတယ်တွင် အလုပ်လုပ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး အမြဲလိုအလုပ်စောစောဆင်းတတ်သော်လည်း မည်သည့်အခါကမှ အချိန်ပိုမနေတတ်ချေ။

ချန်စုဝေ့မှ ဝမ့်ချိုးမိန်စိတ်ပြေသွားစေရန် ထွက်လာပြောလိုက်သည်။

 “ မန်မန်လည်းပြန်ရောက်နေပြီပဲဟာ… ဒေါသတွေအရမ်းထွက်မနေပါနဲ့တော့ကွာ… ဟုတ်တယ်မလား…”

 á€‘ိုအန္ဏက် သူ ချန်မန်ကိုပါ ဖြောင့်ဖြလိုက်သည်။

 “ မင်းအမေက မင်းကိုစိတ်ပူလို့ပါ သမီးရယ်… သမီးက မိန်းကလေးလေ.. ညဖက်အလုပ်ပြီးတာတောင် ပြန်မရောက်သေးတော့ မင်းအမေနဲ့ငါလည်း အိမ်မှာစောင့်ရင်း အရမ်းကိုစိတ်ပူသွားကြလို့ပါ …”

ချန်မန်အလုပ်လုပ်သည့်နေရာမှာ သူမအိမ်နှင့် အတော်အတန်နီးရုံသာမက လမ်းနှစ်ဖက်လုံးတွင် စက်ရုံများနှင့် စက်ရုံဝန်ထမ်းအိမ်ရာများရှိသောကြောင့် အလုပ်သွားသည့်လမ်းမှာ လူပြတ်သောနေရာမဟုတ်ပေ။ သွားလာနေသည့်လူများမှာလည်း အိမ်နီးချင်းဟောင်းများသာဖြစ်သောကြောင့် ပုံမှန်အားဖြင့် လုံခြုံရေးမှာ အလွန်ကောင်းမွန်လှသည်။

သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ချန်မန်မှာ မိန်းကလေးတစ်‌ယောက်သာဖြစ်လေသည်။ သူမ နေ့တိုင်းလိုပင် ညရှစ်နာရီဆယ်မိနစ်ခန့်၌ ပြန်လာတတ်သော်လည်း ယနေ့တွင် ကိုးနာရီထိုးခါနီးအထိ ပြန်မရောက်သေးသည်ဖြစ်ရာ မိဘများစိတ်ပူကြသည်မှာ သဘာဝကျ‌သည်။

ချန်မန်သည်လည်း ထိုအကြောင်းကို စိတ်ထဲတွင် ရှင်းရှင်းလင်းလင်းသိထားပြီဖြစ်သည်။ အစောပိုင်းတွင် အပြင်ဖက်တွင်ဖြစ်သောကြောင့် အခြားသူများ ခိုးနားထောင်မည်ကိုစိုးရိမ်သဖြင့် သူမ မပြောခဲ့ရပေ။ ယခုတွင်မူ အိမ်ထဲသို့ရောက်နေပြီဖြစ်ရာ သူမ ဆက်လက်ဖုံးထားရန် မရည်ရွယ်ထားသောကြောင့် ပွင့်လင်းစွာဝန်ခံလိုက်သည်။

 “ လုဖျင်ကျိုးက ဒီနေ့ သမီးကိုအလုပ်မှာလာတွေ့ပြီး တနေကုန်ဆိုင်အလုပ်တွေ ကူလုပ်ပေးသွားတယ်လေ… အဲ့ဒါကြောင့် အလုပ်ဆင်းတော့ သူနဲ့အပြင်မှာ ခဏနေနေတာပါ…”

ယနေ့မနက်ခင်းတွင် သမီးဖြစ်သူမှ သူတို့ထံ နေ့လယ်ခင်းတွင် အိမ်ပြန်အိပ်မည်မဟုတ်ကြောင်း ပြောထားသောကြောင့် လုဖျင်ကျိုးမှ ဆိုင်တွင် ချန်မန်အား လာရှာမည့်အကြောင်းကို ဝမ့်ချိုးမိန်နှင့် သူမ၏ခင်ပွန်းသည်တို့သိရှိထားပြီးဖြစ်၏။

ဝမ့်ချိုးမိန်မှာ နောက်ဆုံးအရာနှစ်ခုကို မရှင်းလင်းသောကြောင့် သိလိုက်စိတ်ဖြင့် မေးလိုက်မိသည်။

 “ ရှောင်လုက ရှစ်နာရီဆိုရင် တပ်ထဲပြန်သွားရမှာမဟုတ်ဘူးလား… ဘာလို့သမီးအလုပ်ဆင်းတဲ့အထိရှိနေသေးတာလဲ…”

“ သူက ဆယ်နာရီမတိုင်ခင် ပြန်လာမယ်လို့ပြောပြီး သူ့ခေါင်းဆောင်စီကနေ အပြင်ထွက်ခွင့်ယူလာလို့လေ… အဲ့ဒါကြောင့် နှစ်နာရီပိုနေလို့ရတယ်…”

“ ဒါဆို သူပြန်သွားပြီပေါ့…”

“ သမီးကို ဂိတ်တံခါးမှာချပေးပြီးတာနဲ့ ပြန်သွားတာပဲ…”

 á€Ąá€…ပိုင်းတွင် လုဖျင်ကျိုးမှာ သူမကို အတွင်းထဲထိလိုက်ပို့ပေးချင်ခဲ့သော်လည်း ၎င်းမှာ အကြံကောင်းမဟုတ်ဟု ချန်မန်ခံစားနေရသောကြောင့် ငြင်းဆိုခဲ့ခြင်းပင်။

ဝမ့်ချိုးမိန်၏အမူအယာမှာ တည်ငြိမ်သွားခဲ့သည်။ သူမ၏သမီးမှာ မျှော်လင့်၍မရသူမဟုတ်ကြောင်း သူမ သိနေပြီးသားပင်ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ချန်စုဝေ့မှာ အစပိုင်းတွင် ကောင်းမွန်သောအမူအယာရှိနေသော်လည်း သူ၏သမီးဖြစ်သူနှင့် အနှီကောင်‌စုတ်လေးမှာ အပြင်ဖက်တွင် နာရီဝက်ကျော်ကြာ အတူရှိနေကြောင်းသိလိုက်ရချိန်၌ သူ၏မျက်နှာမှာ မဲမှောင်သွားရသည်။

 “ မင်းတို့နှစ်ယောက် အပြင်မှာ ဘာတွေများပြောနေကြတာလဲ…”

ချန်မန်၏မျက်နှာမှာ နီမြန်းသွားရသည်။

 “ ဘာမှ များများစားစားမပြောခဲ့ပါဘူး…”

သူမတို့ ဒီအတိုင်း ခဏကြာလောက် နမ်းနေရုံလေးပါ…

ကောင်းပြီလေ… သူတို့ ဆယ်မိနစ်လောက်ပဲ နမ်းနေကြတာလို့ပဲပြောရမှာပေါ့…

သူမတို့အနမ်းပေးပြီးသည်နှင့် ချန်မန် အိမ်ပြန်ရောက်ချိန်၌ သူမ၏မိဘများ တစ်စုံတစ်ရာရှာတွေ့သွားမည်စိုးသောကြောင့် ဂိတ်တံခါးဝတွင် ကားရပ်သွားသည်နှင့် ချက်ချင်းမဆင်းသွားလိုက်ပေ။ သူမ ကားထဲတွင် လုဖျင်ကျိုးနှင့် ခဏကြာဆက်ထိုင်နေခဲ့ပြီး ကားထဲမှ မှိန်ပြပြအလင်းရောင်အောက်တွင် မည်သည့်အရာကိုမှ မတွေ့ရချိန်မှသာ သူမ သူနှင့်ခွာလိုက်သည်။

ချန်စုဝေ့မှာ သံသယဝင်နေပြီး မေးခွန်းများဆက်မေးချင်သော်လည်း သူစကားမဆုံးနိုင်ခင်မှာပင် ဝမ့်ချိုးမိန်မှ တားမြစ်ခြင်းကိုခံလိုက်ရသည်။

 “ လူငယ်တွေချိန်းတွေ့နေကြတာပဲလေ… ရှင်က ဘာလို့ ဒီလောက်အများကြီးလိုက်မေးရတာလဲ…”

ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦး၏စိတ်ခံစားချက်များ ပြောင်းလဲသွားခဲ့သည်။ တစ်ဦးမှာ ပူပန်ကာ စိုးရိမ်နေပြီး အခြားတစ်ဦးမှာမူ ပျှော်ရွှင်နေခဲ့သည်။

အကြမ်းဖျင်းစကားပြောဆိုပြီးနောက် ဝမ့်ချိုးမိန် သမီးဖြစ်သူကို ထိုအတိုင်း အခန်းသို့ပြန်လွှတ်ရမည်စိုးသောကြောင့် ပျော်ရွှင်မြူးတူးနေလျက် အနောက်သို့လိုက်သွားကာ အခန်းတံခါးကိုပိတ်၍ မေးလိုက်လေသည်။

 “ သမီး နင် ရှောင်လုနဲ့အခြေအနေဘယ်လိုလဲ…”

ဝမ့်ချိုးမိန် သူမ အနောက်သို့လိုက်လာသည်ကို မြင်လိုက်ရသည်နှင့် မေးရန်တစ်စုံတစ်ခုရှိကြောင်း ချန်မန်သိပြီးသားပင်။ ထို့ကြောင့် သူမ ရေမိုးချိုးရန် အဝတ်များကို အလျင်စလိုမချွတ်လိုက်ဘဲ အိပ်ယာထောင့်စွန်းတွင် ထိုင်ချကာ ဂရုတစိုက်တွေး၍ပြောလိုက်သည်။

 “ အတော်လေးကောင်းပါတယ်…”

“ သမီး သူ့ကိုသဘောကျနေတုန်းလား…”

ချန်မန် ရှက်သွားရသော်လည်း ရဲရင့်စွာခေါင်းညိတ်ပြလိုက်သည်။

 “ ဟုတ်ကဲ့..”

ဝမ့်ချိုးမိန်၏အပြုံးမှာ ပို၍ပင် ကြီးမားလာခဲ့သည်။

 “ သူက လက်ထပ်ဖို့နဲ့ပတ်သက်ပြီး သမီးကိုပြောလာသေးလား…”

“ အမေကလည်း ဘာ ဘာလို့ရုတ်တရက်ကြီးမေးရတာလဲ..” 

ချန်မန် ရှက်ကိုးရှက်ကန်းဖြင့် ပြန်မေးလိုက်မိသည်။

ဝမ့်ချိုးမိန်မှ ပြတ်သားစွာပြောလာသည်။

 “ အမေတွေးတာတော့ တကယ်လို့ သမီးတို့နှစ်ယောက် အဆင်ပြေပြေရှိပြီးတော့ သူ့ဖက်ကလည်း လက်ထပ်ဖို့ပြောလာတဲ့အခါကျရင် သမီး ဒါကိုထည့်စဉ်းစားသင့်တယ်လို့ အမေထင်တယ်…”

ချန်မန် သူမ၏မျက်နှာပေါ်မှ အံ့ဩနေမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။

 “ အမေပဲ သမီးကို အရင်တုန်းက သူနဲ့အချိန်ပိုဖြုန်းဖို့ ပြောခဲ့တာမဟုတ်ဘူးလား… ပြီးတော့ ဒီနှစ်ထဲမှာ လက်ထပ်ဖို့မတွေးထားဘူးလို့လည်း ပြောထားသေးတယ်လေ… ဘာလို့အခုမှ အတွေးပြောင်းသွားရတာလဲ…”

“ အခုက အခြေအနေတွေမတူတော့ဘူးလေ…” 

ဝမ့်ချိုးမိန်မှ ယခင်ပြောထားသည်မှာ သူမ မဟုတ်သည့်အတိုင်း ပြောလာခဲ့သည်။

“ အမေ နင့်ကိုအရင်တုန်းက မှာခဲ့တယ်ဆိုတာ နင်ဒီအတိုင်းဆွဲဆောင်ခံလိုက်ရပြီး အချစ်ရေးထဲမှာ နစ်ဝင်သွားမှာစိုးလို့လေ… ဒါပေမယ့် တွေးကြည့်လိုက်မယ်ဆိုရင် သူက သမီးနဲ့ပတ်သက်ပြီး အားလုံးကိုသိနေပေမယ့် အမေတို့အတွက်ကြ သူ့အကြောင်းကို ဘာမှမသိသေးဘူးလို့ ပြောလို့ရတယ်လေ…”

ဟုတ်ပေသည်။ ကြင်ဖက်တွေ့ပြီးနောက် သိပ်မကြာခင်မှာပင် လုဖျင်ကျိုးမှ သူ၏အခြေအနေကို ပြောပြပြီး စစ်အရာရှိသက်သေခံကတ်ကို အဒေါ်လောထံပြခဲ့ပြီးဖြစ်သော်လည်း မည်သည့်အရာမှာ အမှန်ဖြစ်ပြီး မည်သည့်အရာမှာ အမှားဖြစ်သည်ကို မည်သူပြောနိုင်ပါမည်နည်း။

သူမတွင် သမီးမိန်းကလေးဟူ၍ ချန်မန်တစ်ဦးတည်းသာရှိလေရာ ဝမ့်ချိုးမိန်အနေဖြင့် သူမသမီးလေး လှည့်စားခံရပြီး မီးပုံထဲသို့ ခုန်ဆင်းမိသွားမည့်အပေါ် အလွန်စိုးရိမ်မိခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင် ချန်မန်မှာ သူမ၏ပန်းတိုင်သို့ အရောက်လှမ်းချင်နေသောကြောင့် လွန်စွာစိတ်လှုပ်ရှားနေခဲ့လေရာ ဝမ့်ချိုးမိန် သမီးငယ်ပေါ်သို့ ရေအေးများတိုက်ရိုက်လောင်းမချရက်သောကြောင့် ဖြည်းဖြည်းချင်းသွားရန်သာ အသာအယာနားချခဲ့ရသည်။

မိခင်ဖြစ်သူထံမှ ရှင်းပြချက်ကိုနားထောင်ပြီးနောက် ချန်မန် မေးလိုက်မိသည်။

 “ ဒီလိုဆိုရင် အခုကျ အမေဘာလို့စိတ်ပြောင်းသွားရတာလဲ…”

“ သူ့အခြေအနေနဲ့ပတ်သက်ပြီး ငါတခြားသူတွေကို မေးခဲ့လို့ပေါ့ဟဲ့…”

သူမတို့၏မိသားစုထဲတွင် စစ်တပ်အသိုင်းအဝိုင်းမှ ဆွေမျိုး သို့မဟုတ် အသိမိတ်ဆွေမရှိသော်လည်း စစ်သားများ၏ဇနီးသည်များမှာ တပ်ထဲသို့လိုက်နေရလေ့ရှိသောကြောင့် တပ်ရင်းအနီးအနားတွင် သူတို့အတွက် စစ်တပ်မှအလုပ်စီစဉ်ပေးလေ့ရှိသည်။ စက်ယန္တရားစက်ရုံမှာ မြို့နယ်အတွင်း ထိပ်တန်းအလုပ်ရုံသုံးခုအတွင်းတွင် ပါဝင်ပြီး စစ်တပ်ရင်းနှင့်လည်း များစွာမဝေးသောကြောင့် နှစ်စဉ်နှစ်တိုင်းလိုပင် စစ်သားများ၏ဇနီးသည်များအတွက် အထူးဝန်ထမ်းစုဆောင်းရေးခွဲတမ်းရှိလေသည်။

သို့သော် ယနေ့အချိန်အထိ စက်ရုံတွင်အလုပ်လုပ်သော စစ်သားများ၏ဇနီးသည်လူဦးရေမှာ လက်တစ်ဖက်နှင့်ပင် ရေတွက်နိုင်လေသည်။ထို့အပြင် ထိုသူများမှာ စစ်တပ်ဝန်းတွင်သာ နေထိုင်ကြကာ အပြင်လူများနှင့် အဆက်အဆံနည်းသောကြောင့် ဝမ့်ချိုးမိန် သူတို့ကို ယခင်တုန်းက မသိခဲ့ချေ။

သို့သော်လည်း ဝမ့်ချိုးမိန်မှာ အစိုးရပိုင်ဟိုတယ်တွင် လုပ်သက်ကြာပြီဖြစ်သောကြောင့် အဆက်အသွယ်ကျယ်ပြန့်လှသည်။ သူမ သူ့ကိုယခင်ကမသိခဲ့သည်မှာ သူတို့နှင့်အဆက်အဆံမရှိခြင်းကြောင့်ဖြစ်သည်။ ယခုတွင်မူ သူမအတွက် လူရှာ၍မေးလိုပါက လုဖျင်ကျိုးအကြောင်းသိရန်မှာ ခက်ခဲသောအရာမဟုတ်နေပေ။

ယခင်အပတ်အတွင်း ဝမ့်ချိုးမိန် လူသုံးယောက် လေးယောက်ခန့်နှင့် အဆက်အသွယ်လုပ်ခဲ့ပြီး အဆုံး၌ စစ်သားဇနီးသည်များထဲမှတစ်ဦးနှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခဲ့သည်။ သူမ ထိုအမျိုးသမီးထံမှလည်း လုဖျင်ကျိုးအကြောင်းကို များစွာကြားခဲ့ရလေသည်။

ဝမ့်ချိုးမိန် ပြောပြလိုက်သည်။

“ ရှောင်လုရဲ့ကိုယ်ရေးအချက်အလက်တွေက သူပြောပြထားသလိုပဲ အကြမ်းဖျင်းအကုန်ကိုက်နေတယ်လေ… သူတကယ်ပဲ နင်နဲ့တွဲနေတဲ့အကြောင်းကို သူ့အထက်ကလူကို ပြောပြခဲ့တယ်တဲ့… အခုဆိုရင် စစ်တပ်ဝန်းထဲမှာ သတင်းတွေက အကုန်ပျံ့နေပြီဆိုပဲ… ရှောင်လိပြောပုံအရဆိုရင် သူတို့စစ်တပ်ဝန်းထဲက စစ်သားဇနီးတွေအကုန်လုံးက သမီးကိုလာတွေ့မယ်ဆိုပြီး လူစုဖို့တောင် တိုင်ပင်နေကြသေးတယ်တဲ့…”

ချန်မန် : “ !!! “

သမီးဖြစ်သူ၏အတွေးများကို သိနေသောကြောင့် ဝမ့်ချိုးမိန် နှစ်သိမ့်ပေးလိုက်သည်။

 “ စိတ်မပူပါနဲ့ သူတို့က ဒီတိုင်းပေါ့ပေါ့ပါးပါးပြောလိုက်တာပါ… လာချင်မှလည်း လာမှာပေါ့…”

“ ရှောင်လုက လူကောင်းတစ်ယောက်ပဲ… ရိုးသားပြီး လက်တွေ့ဆန်တယ်… ကောက်ကျစ်တတ်တဲ့စိတ်လည်းမရှိဘူး… သူက တကယ်ပဲသမီးနဲ့အတူရှိချင်နေတာလေ…”

ဝမ့်ချိုးမိန် စိတ်ပြောင်းခဲ့ခြင်းမှာ လုဖျင်ကျိုးသည် လူကောင်းတစ်ယောက်ဖြစ်ခြင်းကြောင့်မဟုတ်ဘဲ သူ လုပ်ခဲ့သည့်အပြုအမူကြောင့်‌ဖြစ်လေသည်။

လုဖျင်ကျိုးအနေဖြင့် သူတို့၏ဆက်ဆံရေးအကြောင်းကို အထက်လူကြီးထံ မဖြစ်မနေပြောပြနေရန်မလိုပေ။ အဆုံး၌ သူမသမီးနှင့် လုဖျင်ကျိုးတို့မှာ ယခုမှစတွဲရုံသာရှိသေးပြီး အောင်မြင်မည် မမည်မှာ သေချာသေးသည့်အရာမဟုတ်ပါချေ။ ယခုအချိန်တွင်မူ လုဖျင်ကျိုးမှာ ထိုအကြောင်းကို ဖွင့်ဟပြောပြခဲ့လေရာ သူနှင့်ချန်မန်တို့ ပြတ်သွားမည်ဆိုလျှင်ပင် သူအနေနှင့် နာမည်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိသွားမည်မှာ အသေအချာပင်။

ထို့ထက်ပိုသည်မှာ လုဖျင်ကျိုး၏ အဆက်အသွယ်များမှာ သူတို့မိသားစုနှင့် ဆက်နွယ်မှုမရှိနေပေ။ အကယ်၍ သူသာ မရိုးသားခဲ့ပါက အခြားလူများရှေ့တွင် တမျိုးပြော၍ သူတို့နောက်ကွယ်တွင် နောက်ထပ်တမျိုးပြောနိုင်သည်။ အကယ်၍ ချန်မိသားစုမှာ သူတို့၏သမီးဖြစ်သူကို အလွန်ချစ်ခင်ခြင်းမရှိပါက သူတို့ ထိုအကြောင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်ရှိရှိဖြင့် များများစားစား မေးနေကြမည်မဟုတ်ပေ။ သူတို့မေးခဲ့လျှင်လည်း ကိစ္စမရှိပါ‌ချေ။ ယခုတစ်ကြိမ်တွင် ခေါင်းဆောင်ဇနီးသည်ကပါးစပ်ပိတ်ထားသောကြောင့် သတင်းများပျံ့မလာခြင်းဟု ရှောင်လွှဲပြောနိုင်ပေသည်။

သို့သော်လည်း လုဖျင်ကျိုးမှာ မည်သူ့ကိုမှအရူးမလုပ်ခဲ့ပေ။ အကျိုးဆက်များကို ရှင်းရှင်းလင်းလင်းသိထားသည့်တိုင် ချန်မန်နှင့်သူတွဲနေသည့်အကြောင်းကို အခြားသူများအား အသိပေးခဲ့သည်။

ထပ်ပေါင်းဆိုရမည်ဆိုလျှင် ချန်မန်တို့တွဲနေကြသည့်သတင်းမှာ သူတို့၏ခြံဝန်းများအတွင်း ပျံ့နှံ့နေပြီဖြစ်သောကြောင့် ဝမ့်ချိုးမိန်အနေဖြင့် လက်ထပ်ရန်ကိစ္စကို အချိန်များစွာမကြာခင် ဖြစ်လာရန်မျှော်လင့်နေမိသည်။ ထို့ကြောင့် သူမ အရိပ်အမြွက်ပေးလိုက်လေသည်။

 “ သမီးက ဖြည်းဖြည်းချင်းလုပ်ချင်တယ်ဆိုရင်လည်း အမေမတားပါဘူး… ဒါပေမယ့် သူက ရှေ့တစ်လှမ်းထပ်တိုးချင်ပြီး သမီးကလည်း အဲ့ဒါကိုသဘောကျတယ်ဆိုရင်တော့ သမီးလက်ထပ်ဖို့စဉ်းစားသင့်တယ်လို့ အမေထင်တယ်…”


💝💝💝 👩‍❤️‍👨Chapter 24

“ သမီးက ဖြည်းဖြည်းချင်းလုပ်ချင်တယ်ဆိုရင်လည်း အမေမတားပါဘူး… ဒါပေမယ့် သူက ရှေ့တစ်လှမ်းထပ်တိုးချင်ပြီး သမီးကလည်း အဲ့ဒါကိုသဘောကျတယ်ဆိုရင်တော့ သမီးလက်ထပ်ဖို့စဉ်းစားသင့်တယ်လို့ အမေထင်တယ်…”

****

စနေနေ့တွင် ချမ်ရှောင်ဖျင်မှာ ချန်မန်၏အရှေ့တွင် တနေကုန်ကြွားဝါခဲ့ပြီး တနင်္လာတွင်မူ ချမ်ရှောင်ဖျင်အရှေ့တွင် ကြွားနေသူမှာ အဒေါ်လောဖြစ်သွားခဲ့လေသည်။

သူတို့ ကြမ်းတိုက်နေချိန်နှင့် စားပွဲခုံသုတ်နေချိန်အတွင်း အဒေါ်လောမှ လုဖျင်ကျိုးသည် အလွန်အားကိုးရသောလူဖြစ်ကြောင်း ပြောလာခဲ့သည်။ လုဖျင်ကျိုးမှာ ကြမ်းကို သွက်သွက်လက်လက်နှင့် ပြောင်စင်အောင် လှည်းသွားပေးရုံသာမက စားပွဲခုံများကိုလည်း ပို၍တောက်ပြောင်လာသည်အထိ တိုက်သွားပေးခဲ့သည်။ ဟင်းပွဲများတည်ခင်းချိန်တွင်လည်း ရှောင်လုသည် အပူကိုမကြောက်ဘဲ ဟင်းနှစ်ပွဲကို တပြိုက်နက်တည်းသယ်နိုင်သည်ဟု အဒေါ်လောမှပြောခဲ့ပြန်သည်။ ပန်းကန်ဆေးသည့်အချိန်တွင်မူ ရှောင်လုထံတွင် လက်ကြီးကြီးရှိသောကြောင့် ပန်းကန်များစွာကို တစ်ကြိမ်တည်းဖြင့် များများဆေးနိုင်သည်ဟု အဒေါ်လောပြောခဲ့လေသည်။

ကြွားဝါပြီးနောက် အဒေါ်လော ချမ်ရှောင်ဖျင်ထံပြောလိုက်သည်။

 “ နင် ရှောင်ချန်ရဲ့နားရက်ကို ဖြတ်ခုတ်သွားက တကယ်ကောင်းတယ်… မဟုတ်ရင် ငါ့လိုမိတ်ဆက်ပေးခဲ့တဲ့လူအနေနဲ့တောင် ရှောင်လုလိုမျိုး အေးစက်ပုံရတဲ့သူတစ်ယောက်က လူတစ်ယောက်ကို တကယ်ကြီးဂရုစိုက်ပေးတတ်ကြောင်း ငါသိရမှာမဟုတ်ဘူးလေ… သူတို့သာလက်ထပ်ပွဲကျင်းပတဲ့အချိန်ကြရင် နင်တော့ ကောင်းကောင်းစားရတော့မယ်လေ…”

၎င်းမှာ ချမ်ရှောင်ဖျင်ကို မြှောက်ပင့်ပြောနေဟန်ရသော်လည်း အမှန်စင်စစ်အားဖြင့် ချမ်ရှောင်ဖျင်သည် မကောင်းသည်ရည်ရွယ်ချက်ဖြင့် ကောင်းသောအရာကိုလုပ်မိသွားသည်ဟု ပြောနေခြင်းပင်ဖြစ်သည်။ 

ချမ်ရှောင်ဖျင်မှာ ဒေါသထွက်ရလွန်းသဖြင့် ရှုံ့မဲ့လာခဲ့သော်လည်း အဒေါ်လောမှ “ နင်ဘာလို့များ ရှောင်ချန်ရဲ့နားရက်ကို ထပ်ပြီးဖြတ်ယူဖို့ ဒါရိုက်တာကြီးစီ သွားမပြောရတာလဲဟယ်… ဒီလိုဆိုရင် ငါ့လိုအမယ်အိုကြီးအတွက် အလုပ်လုပ်ရတာ ပိုလွယ်သွားမှာပေါ့…” ဟူ၍ ပြောလာချိန်၌ သူမ ပါးစပ်ကိုသာ ပိတ်ထားလိုက်ရလေသည်။

သူမက ဘာလို့ချန်မန်ရဲ့နားရက်ကို ထပ်သွားယူရမှာလဲ… ဘာလဲ သူ လက်တွဲဖော်ရှာတာမှာ ကူပေးဖို့လား…

သူမ ရူးသွပ်နေမှသာ ထိုကဲ့သို့အလုပ်မျိုးကို ထပ်မံလုပ်ပေလိမ့်မည်။ ၎င်းမှာ သူမအတွက် ဆန်မရရုံသာမက ထမင်းပါဆုံးစေသည်။

ချမ်ရှောင်ဖျင် ခေါင်းပြန်မော့ကာ အကြည့်လွှဲလိုက်ပြီး ဒေါသတကြီး‌အဝေးသို့ထွက်သွားလိုက်ရသည်။

ချမ်ရှောင်ဖျင်ထွက်သွားသည်နှင့် အဒေါ်လောမှ ချန်မန်အနားသို့ကပ်ကာ တီးတိုးပြောလာသည်။

 “ သူ မခံချိမခံသာဖြစ်နေရအောင် ငါတို့ဒီဟာကို လုပ်မှရမယ်လေ…”

ချမ်ရှောင်ဖျင်မှ ပြဿနာရှာခြင်းကို ရပ်တန့်သွားခြင်ကြောင့် ချန်မန်အတွက် တိတ်ဆိတ်သောရက်သတ္တပတ်တစ်ခုရရှိခဲ့ပြီး သူမ သတိမပြုလိုက်ခင်မှာတင် တနင်္ဂနွေနေ့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

လုဖျင်ကျိုးက ချန်မန်ကို ထို‌နေ့မနက်ရှစ်နာရီတွင် လာကြိုပေးခဲ့သည်။ ယခင်ချိန်းတွေ့ခြင်းမှ သင်ခန်းစာရလိုက်သောကြောင့် လုဖျင်ကျိုး သူတို့၏ဒိတ်ကို ရုပ်ရှင်ရုံတွင် တိုက်ရိုက်စီစဉ်ထားခဲ့သည်။ ထိုမှသာ ချန်မန်ပြင်ဆင်နေရန် မလိုတော့မည်ဖြစ်သည်။

ချန်မန်ကလည်း ယနေ့တွင် အဝတ်ဖိနပ်ကိုသာ တမင်ရည်ရွယ်၍ဝတ်လာခဲ့သည်။

အပြင်မထွက်ခင်အချိန်တွင် ဝမ့်ချိုးမိန်က သူမ၏ရွေးချယ်မှုကို အပြင်းအထန်ကန့်ကွက်ခဲ့သည်။ ယနေ့ခေတ်တွင် မြို့ထဲမှ လူငယ်လူရွယ်များမှာ သားရေဖိနပ်တစ်ရံဝယ်ရန် အထူးသီးသန့်ငွေစုလေ့ရှိကြသည်။ သူတို့ သားရေဖိနပ်ကို ပုံမှန်နေ့ရက်များတွင် ဝတ်ရန်ဆန္ဒမရှိကြသော်လည်း အရေးကြီးကိစ္စများတွင်မူ ကြွားဝါရန်အတွက် ဝတ်ကြမည်မှာ အသေအချာပင်ဖြစ်သည်။

တစ်ဖက်တွင်မူ သူမ၏သမီးဖြစ်သူမှာ ချိန်းတွေ့သည့်အချိန်၌ အဝတ်ဖိနပ်များကို အမှန်တကယ်ဝတ်ချင်နေခဲ့သည်။

သို့သော်လည်း အဖြူရောင်အောက်ခံနှင့် အပြာရောင်အပေါ်ထပ်ပါသည့် အဝတ်ဖိနပ်များမှာ အနက်ရောင်သားရေဖိနပ်ထက် ပို၍ကြည့်ကောင်းကာ သူမအဝတ်အစားနှင့်ပိုလိုက်သည်ဟု ချန်မန်တွေးနေခဲ့သည်။ သူမ ယနေ့ဝတ်ထားသည့်အဝတ်အစားကိုပင် ကြည့်ပါလေ ဆယ်စုနှစ်များစွာကြာလျှင်ပင် ၎င်းကို သစ်တောစတိုင် ရှေးခေတ်ဝတ်စုံဟူ၍ ခေါ်ကြမည်ဖြစ်သည်။

ထို့ထက်ပိုသည်မှာ အဝတ်ဖိနပ်များသည် သားရေဖိနပ်များထက် ဝတ်ဆင်ရာတွင် ပို၍သက်သောင့်သက်သာရှိကာ အောက်ခံ‌ခြေနင်းမှာ ပျော့ပြောင်း၍ အသက်ရှုချောင်သည်။ အကယ်၍သာ သူမ ယန်ဇီမြစ်တံတားတွင် လမ်းလျှောက်သွားစဉ် အဝတ်ဖိနပ်များကို ဝတ်ခဲ့ပါလျှင် သူမခြေထောက်တွင် အရေကြည်ဖုမပေါက်နိုင်မည်မှာ အသေအချာပင်ဖြစ်သည်။

သို့ဖြစ်ရာ ယခုတစ်ကြိမ်တွင်မူ ချန်မန် မိခင်ဖြစ်သူ၏စကားကို နားမထောင်ဘဲ အဝတ်ဖိနပ်များဝတ်လျက် လက်ကိုင်အိတ်တစ်လုံးကိုင်ကာ အပြင်သို့ထွက်လာခဲ့လိုက်သည်။

သူမ၏လက်ကိုင်အိတ်မှာ အပြာရောင်အဝတ်စဖြင့် ကိုယ်တိုင်လုပ်ထားခြင်းဖြစ်ပြီး အခြားသောပိတ်စများမှ အပြာရောင်အပိုင်းအနည်းငယ်ကိုလည်း ဖြတ်ယူခဲ့ကာ တူညီသောအရောင်ဖြင့် ချည်ထိုးထားခဲ့ခြင်းပင်။ထို့ကြောင့် ပုံစံမှာ သူမဝတ်စုံနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေခဲ့သည်။

ထိုမျှသာမက လက်ကိုင်အိတ်မှာ လက်ဖဝါးအရွယ်ခန့်သာရှိပြီး ဇစ်တစ်ခုနှင့် ကြိုးတစ်ကွင်းကိုပါ ထည့်ချုပ်ထားခဲ့ရာ လက်ကောက်ဝတ်တွင်ချိတ်၍ လုံလုံခြုံခြုံကိုင်ထားနိုင်ခြင်းကြောင့် အသုံးဝင်လှသည်။

သူမ လုဖျင်ကျိုးနှင့် ခြံဝန်းအပြင်တွင်ဆုံချိန်၌ လုဖျင်ကျိုးမှာ သူမ၏အဝတ်ဖိနပ်များအပေါ် အမှန်တကယ်ပင် တစ်စုံတစ်ရာမှားယွင်းနေသည်ဟု မတွေးခဲ့ရုံသာမက သူမ၏လှပသောဝတ်စုံကိုပင် ချီးကျူးနေခဲ့သည်။ 

ချန်မန်မှာ ထိုစကားကိုကြားရချိန်၌ ဝမ်းသာသွားပြီး ကားထဲတင်ပြီးသည်နှင့် လက်ကိုင်အိတ်တွင်းမှ သူမ လုဖျင်ကျိုးထံ ချုပ်ပေးမည်ဟု ကတိပေးထားသည့်လက်ကိုင်ပဝါကို ထုတ်ယူလိုက်သည်။

လက်ကိုင်ပဝါမှာလည်း အပြာရောင်ပင်ဖြစ်ကာ သူမ၏လက်ကိုင်အိတ်နှင့် တူညီသောပိတ်စကိုအသုံးပြု၍ ချုပ်လုပ်ထားခြင်းဖြစ်သည်။

ချန်မန် လက်ကိုင်ပဝါကိုဖြန့်ပြကာ ပြောလိုက်သည်။

“ အစတုန်းကတော့ ထောင့်နားလေးမှာ ကျွန်မအိတ်ပေါ်က ချည်ထိုးထားတာလေးနဲ့ ဆင်တူလေးထိုးပေးမလို့ပဲ… ဒါပေမယ့် ရှင်သုံးတဲ့အခါကြ တခြားလူမြင်ရင် အစခံရမှာစိုးတာနဲ့ ရိုးရိုးရှင်းရှင်းလေးပဲလုပ်ပေးလိုက်တယ်… စိတ်မရှိနဲ့နော်…”

“ ဒီလောက်နဲ့တင် အရမ်းကောင်းနေပါပြီကွာ…” 

လုဖျင်ကျိုး လက်ကိုင်ပဝါကိုဖြန့်ကာ အချိန်အတော်ကြာကြည့်နေခဲ့ပြီးနောက် ချန်မန်၏လက်ကောက်ဝတ်မှ အိတ်ကိုကြည့်ကာ လေးနက်စွာပြောလိုက်သည်။

 “ ကိုယ် ဒါလေးကို တသက်လုံးဆောင်ထားပါ့မယ်…”

“ တသက်လုံးတော့မလိုပါဘူးရှင်… နောက်ကျရင် ကျွန်မရဲ့အချုပ်အလုပ်ကလည်း ပိုပြီးတိုးတက်လာဦးမှာပါ အဲ့သည့်အချိန်ကျ ရှင့်အတွက် အသစ်တစ်ခုထပ်လုပ်ပေးမယ်လေ…” ချန်မန်စကားဆုံးသည်နှင့် အနည်းငယ်အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။

“ ကျွန်မရဲ့အချုပ်အလုပ်က တိုးတက်လာဖို့ နည်းနည်းတော့ခက်မယ်ထင်တယ်..”

လုဖျင်ကျိုးမှပြောလာသည်။

 “ ဒီဟာနဲ့တင် အရမ်းကောင်းနေပါပြီ… ရိုးရိုးရှင်းရှင်းလေး ကိုယ်သဘောကျတယ်…”

“ ရှင်ကြိုက်ရင်ပြီးတာပါပဲလေ…”

လုဖျင်ကျိုးမှာလက်ဆောင်ရပြီးနောက် အပျော်လွန်နေခဲ့ကာ ရုပ်ရှင်ကြည့်နေစဉ် လူတိုင်းမှ ဝမ်းနည်းပက်လက်မျက်ရည်ကျနေချိန်မှာပင် လက်ကိုင်ပဝါကိုကိုင်လျက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ရှိနေခဲ့သည်။ ချန်မန်၏မျက်လုံးများနီမြန်းလာချိန်မှသာ မျက်ရည်သုတ်ရန် လက်ကိုင်ပဝါကို ငြင်သာစွာကမ်းပေးလာသည်။

ရုပ်ရှင်ကြည့်ပြီးနောက် နေ့လယ်စာစားရန် သူတို့နှစ်ဦးသား တစ်ဖက်လမ်းမှ အစိုးရပိုင်စားသောက်ဆိုင်သို့ ချက်ချင်းသွားလိုက်ကြသည်။ ဗိုက်ပြည့်သွားပြီးနောက်တွင်တော့ ချန်မန်တို့ ခဏကြာအနားယူနေလိုက်ပြီး အချိန်မှာ နေ့လယ်တစ်နာရီကျော်လာပြီဖြစ်ရာ သူမ လမ်းလျှောက်ထွက်ရန် အကြံပြုလိုက်သည်။

ရှားပါးလှသောအခိုက်အတန့်ကြောင့် လုဖျင်ကျိုး တုန့်ဆိုင်းနေရသည်။

 “ မင်းရဲ့ခြေထောက်အဆင်ပြေရဲ့လား…”

ချန်မန် သူမ၏ညာဘက်ခြေထောက်ကို ထမင်းစားစားပွဲအောက်မှ ဆန့်ထုတ်ပြကာ လက်ညှိုးထိုးပြလိုက်သည်။

 “ ဒီနေ့ အဲ့ဒါကြောင့်ပဲ ကျွန်မ အဝတ်ဖိနပ်တွေကို တမင်ဝတ်လာတာလေ… ပြဿနာရှိမှာမဟုတ်ပါဘူး…”

သို့သော်လည်း လုဖျင်ကျိုးမြင်လိုက်ရသည်မှာ ချန်မန်၏ အဝတ်ဖိနပ်ပင်မကချေ။ သူမ၏စကပ်အောက်မှ သွယ်လျသော ခြေကျင်းဝတ်ဖြူဖြူလေးကိုပါ သူမြင်လိုက်ရ၏။

ယခုအချိန်ထိပင် သူမခြေကျင်းဝတ်အား ကိုင်ထားရခြင်း၏ အထိအတွေ့ကို သူမှတ်မိနေသေးသည်။

လုဖျင်ကျိုး မသိစိတ်မှ လက်ချောင်းများကိုပွတ်လိုက်မိပြီး အသံနိမ့်နိမ့်ဖြင့်ပြောလိုက်ရသည်။

 “ ကိုယ်တို့ ဘေးကပ်လျက်က ကုန်တိုက်ကိုသွားကြမလား…”

ချန်မန် ယနေ့တွင် ပိုက်ဆံအလုံအလောက်ယူလာခဲ့သည်ဖြစ်ရာ လုဖျင်ကျိုး လုရှင်းနေမည့်အပေါ် စိတ်ပူနေခြင်းမရှိသောကြောင့် တုန့်ဆိုင်းခြင်းမရှိခေါင်းညိတ်ပြလိုက်၏။

ယနေ့မှာ ချင်းမင်ပွဲတော်နေ့ဖြစ်သောကြောင့် လူတိုင်းမှာ မိသားစုအုတ်ဂူများစီသို့ ပြန်သွားရင်းအလုပ်ရှုပ်နေကြခြင်းဖြစ်နိုင်ပေမည်။ ကုန်တိုက်ထဲတွင် ဝယ်သူများမနေခဲ့ချေ။

သူတို့နှစ်ဦးကုန်တိုက်ထဲသို့ ဝင်လိုက်ပြီးနောက် ကောင်တာတစ်ခုမှ တစ်ခုသို့ လိုက်ကြည့်လိုက်ကြကာ ခဏအကြာ၌ လုဖျင်ကျိုး၏လက်ထဲတွင် မုန့်ထုပ်အနည်းငယ်ရောက်လာခဲ့သည်။ သို့သော်လည်း ၎င်းတို့အားလုံးကို လုဖျင်ကျိုးရှင်းပေးခဲ့ခြင်းမဟုတ်ဘဲ တချို့တဝက်ကို ချန်မန်သည်လည်း ငွေရှင်းလာခဲ့သည်။

သူတို့လမ်းပတ်လျှောက်နေကြစဉ် အဝတ်အစားနှင့် အထည်အလိပ်များရောင်းချသည့်နေရာသို့ ဖြတ်သွားမိခဲ့သည်။

လက်ရှိအချိန်တွင် အဝတ်အထည်များဝယ်ယူရန် လက်မှတ်လိုအပ်ပြီး လက်မှတ်များကို လူတစ်ဦးချင်းစီအတွက် ထုတ်ပေးခြင်းဖြစ်ကာ ခွဲတမ်းမှာ တစ်နှစ်နှင့်တစ်နှစ် တူညီခြင်းမရှိချေ။ လွန်ခဲ့သောငါးနှစ်အတွင်း လူတစ်ဦးလျှင်ဝယ်ယူနိုင်သည့် ပိတ်စခွဲတမ်းမှာ အနည်းဆုံးဖြစ်ကာ တစ်ဦးလျှင်နှစ်ပေသာ ဝယ်ယူနိုင်ပြီး ယခုနှစ်တွင်မူ အများဆုံးဖြစ်သည်။ လက်ရှိတွင် လူတစ်ဦးလျှင်ဝယ်ယူနိုင်သည်မှာ ယမန်နှစ် ကိုးပေမှ ယခုနှစ် တစ်ဆယ့်တစ်ပေအထိ တိုးလာခဲ့သည်။

ပိတ်စ တစ်ဆယ့်တစ်ကိုက်ဆိုသည်မှာ များပုံပေါ်သော်လည်း အမှန်တကယ်ချုပ်မည်ဆိုလျှင် ဂွမ်းကပ်ချည်အနွေးထည်တစ်ထည်ပင် ချုပ်ရန်မလုံလောက်ပေ။ ထို့အတွက်ကြောင့် အဝတ်ကူပွန်များခွဲပေးချိန်၌ မိသားစုတစ်ခုလုံးမှာ အလှည့်ကျစီ အင်္ကျီချုပ်‌ရလေ့ရှိသည်။

ချန်မိသားစု၏အခြေအနေမှာမူ မတူညီပေ။ အကြီးသားဖြစ်သူ ချန်ကျင်းမှာ လက်ထပ်သွားပြီးဖြစ်ကာ မိသားစုဝင်သုံးဦးဖြစ်သွားခဲ့သည်။ သားအလတ် ချန်လျန့်မှာမူ ကျေးလက်သို့သွားခဲ့ရသည်ဖြစ်ကာ လက်မှတ်များမှာ ကျေးလက်တွင်လည်း ပြဿနာတစ်ခုဖြစ်ရုံသာမက မြို့ပြထက်ပို၍ ခွဲတမ်းနည်းပါးလေသည်။ ဥပမာအားဖြင့် ယခုနှစ်တွင် ချန်လျန့်ဝယ်ယူနိုင်သည့် အထည်လက်မှတ်မှာ တစ်ပေနှင့်နှစ်လက်မစာ ပိတ်စတစ်စအတွက်သာရသည်။

တစ်ပေနှင့်နှစ်လက်မဖြင့် မည်သည့်အရာကို လုပ်နိုင်ပါမည်နည်း။ ၎င်းမှာ အတွင်းခံနှစ်ထည်ပင် ချုပ်ရန်မလောက်လေရာ နှစ်စဉ်နှစ်တိုင်းလိုပင် မိဘများထံမှ အကူအညီတောင်းခံရလေ့ရှိသည်။

ချန်မန်၏အိမ်ထောင်စုစာရင်းမှာ မြို့ထဲတွင်ပင်ရှိသော်လည်း သူမမှာ လက်ထပ်ပြီးသူမဟုတ်ပေ။ အကယ်၍ မိသားစုနှင့် ညှိနှိုင်းလိုသည်ဆိုပါက သူမအတွက် အလွယ်တကူရှုံးနိမ့်နိုင်ပေလိမ့်မည်။ ဝမ့်ချိုးမိန်နှင့် သူမ၏ခင်ပွန်းသည်တို့မှာမူ အမြဲလိုပင် ပိတ်စများကိုစုစည်း၍ ဒုတိယသားဖြစ်သူအတွက် အထည်ချုပ်ပေးလေ့ရှိရာ အကြီးဆုံးယောက်မဖြစ်သူ လောဝမ်ရှင်းအား မကျေမနပ်ဖြစ်စေခဲ့သည်။

ထို့အတွက်ကြောင့် ချန်မိသားစုအတွက် အထည်လက်မှတ်များကို ခွဲဝေပေးချိန်၌ တစ်ဦးချင်းစီအတွက် သီးသန့်ပေးရသည်။ အကြီးဆုံးသား၏မိသားစုမှာ သူတို့ဆန္ဒရှိမည်ဆိုလျှင် အလှည့်ကျစီ အဝတ်ချုပ်နိုင်ပြီး ချန်မန်အတွက်မှာမူ အထည်လက်မှတ်များရချိန်၌ ၎င်းတို့ကို သိမ်းထားခြင်း သို့မဟုတ် အဝတ်အစားအသစ်များချုပ်ခြင်းဖြင့် သူမကိုယ်သူမအတွက်သာ အသုံးပြုရန်အမြဲလိုဆုံးဖြတ်လေ့ရှိသည်။ လူအိုစုံတွဲမှာ အထည်လက်မှတ်များသာမက ကျေးလက်မှ သူတို့၏ဒုတိယသားအတွက် ပိုမိုကောင်းမွန်စွာ နေနိုင်စေရန် ငွေအနည်းငယ်ကိုပါ ပေးခဲ့ကြသည်။

လူတိုင်းပျော်ရွှင်ကြရသည်။

သို့သော်လည်း ချန်မန်အနေဖြင့် အဝတ်အစားများချုပ်လုပ်ခြင်းနှင့်ပတ်သက်၍ ငွေသုံးသည့်အပေါ် အလွန်ဂရုစိုက်ရသည်။

ဝမ့်ချိုးမိန်နှင့်ခင်ပွန်းတို့မှာ သမီးဖြစ်သူကိုထောက်ပံ့ပေးရန် ဆန္ဒရှိကြသော်လည်း သူတို့မှာ ကျေးလက်မှဒုတိယသားကိုပါ ထောက်ပံ့နေရသည်ဖြစ်ရာ ချန်မန်အနေဖြင့် မမြင်မကြားသကဲ့သို့နေ၍ မိဘများအပေါ်တွက်သာ မှီခိုရန်မဖြစ်နိုင်ပေ။ အလုပ်ရပြီးနောက်တွင် ချန်မန် သူမ၏အဝတ်အစားနှင့်ဖိနပ်များကို ကိုယ်ပိုင်ပိုက်ဆံဖြင့်သာ ဝယ်ယူခဲ့သည်။

အထည်လက်မှတ်ခွဲတမ်းမှာ အကန့်အသတ်ရှိသောကြောင့် ချန်မန်အနေဖြင့် နှစ်နှစ်လျှင်တစ်ကြိမ်သာ ဆောင်းဝတ်အနွေးထည်ချုပ်နိုင်လေသည်။ ၎င်းကို လာမည့်လအနည်းငယ်အတွင်း ဆက်လက်ဝတ်နိုင်ရေးအတွက် သူမ၏ဆောင်းဝတ်အနွေးထည်များကို နှစ်ထပ်ချုပ်ထားကာ ရာသီဥတုအေးနေချိန်တွင် နွေးစေရန် ဂွမ်းထည့်ဝတ်မည်ဖြစ်ပြီး ပူလာသည့်အချိန်တွင်မူ ဂွမ်းများကိုဖယ်လိုက်မည်ဖြစ်သည်။ ဤသို့ဖြင့် အနွေးထည်တစ်ထည်ကို သူမ ဆောင်းဦးမှ နွေဦးအထိ ဝတ်ဆင်နိုင်သည်။

ချန်မန် လွန်ခဲ့သည့်နွေဦးတွင် ဆောင်းဝတ်အနွေးထည် ချုပ်ထားပြီးဖြစ်သောကြောင့် ယခုနှစ်အတွင် အထည်လက်မှတ်များ ထုတ်ပေးပြီးချိန်တွင် သူမ ၎င်းတို့ကိုမသုံးရသေးချေ။

သို့သော်လည်း နောက်တစ်နှစ်တွင် သူမ လက်မှတ်များကိုသိမ်းထားပြီး အဝတ်အစားအစုံလိုက်ချုပ်ချင်နေသောကြောင့် ယနေ့တွင် အထည်လက်မှတ်များ ယူမလာခဲ့ပေ။ သို့ဖြစ်ရာ အဝတ်ချုပ်ရန်ပိတ်စများကိုကြည့်ရာတွင် အထည်လက်မှတ်များလိုအပ်သည့် ပိတ်စများဆီသို့ သူမကြည့်ပင်မကြည့်ရဲခဲ့ချေ။ သို့တိုင်အောင် သူမ မြင်ရသမျှ ပိတ်စအားလုံးမှာ စက်ရုံထုတ်အဝတ်စများဖြစ်နေခဲ့လေသည်။

စက်ရုံထုတ်အဝတ်စဆိုသည်မှာ ပိုလီယက်စတာဟုလည်းခေါ်ကြသည့် ဒါကွန်ပိတ်စဖြစ်ပြီး ထိုအသားမှာ ၁၉၈၀ပြည့်နှစ်များတွင် လွန်စွာခေတ်စားခဲ့သည်။

အမှန်စင်စစ်အားဖြင့် ဒါကွန်ပိတ်စမှာ ၁၉၇၀ပြည့်နှစ်များတွက်လည်း အလွန်ခေတ်စားခဲ့ကာ ၎င်း၏ ပါးလျပျော့ပြောင်း၍ အတွန့်အနည်းငယ်ပါသော ပိတ်စအမျိုးအစားမှာ နွေရာသီဝတ်အထည်ချုပ်ရာတွင် အလွန်သင့်တော်သည်။ သို့သော်လည်း ဈေးမှာ အလွန်မြင့်လေရာ ရှပ်အင်္ကျီတစ်ထည်ချုပ်မည်ဆိုလျှင်ပင် သာမန်ဝန်ထမ်းတစ်ဦး၏ လဝက်စာခန့် ငွေကုန်ကျမည်ဖြစ်သောကြောင့် လူအများစု မတတ်နိုင်သည့်အရာဖြစ်၏။

၎င်းအချက်ကြောင့်ပင် ချန်မန်သည်လည်း တုန့်ဆိုင်းနေမိခြင်းဖြစ်သည်။ သူမ အနေဖြင့် အသက်ရှုမချောင်သည့် ဒါကွန်ပိတ်စနှင့်ယှဉ်လျှင် ချည်သားစစ်စစ်ကို ပို၍သဘောကျသော်လည်း ချည်သားစစ်စစ်ဆိုသည်မှာ ယခုလိုခေတ်တွင် ငွေဖြင့်ပင် ပေးဝယ်၍မရ‌သည့်အရာဖြစ်နေခဲ့သည်။

ချန်မန်မှာ အလှအပကိုချစ်မြတ်နိုးပြီး သူမ၏အဝတ်အစားများကို ထပ်မံ၍ သုံးနှစ်ကြာသာအထိ ထပ်မနေချင်သောကြောင့် အံတင်းတင်းကြိတ်၍သာ နွေရာသီရောက်တိုင်း ဝတ်စုံတစ်စုံ သို့မဟုတ် နှစ်စုံချုပ်နေခဲ့ရသည်။

လင်းကျန်းမြို့၏ နွေရာသီရောက်ရှိလာမှုမှာ ရုတ်တရက်ဆန်လှပြီး မေလသို့ရောက်သည်နှင့် နောက်တစ်ရက်တွင် ချက်ချင်းဆိုသလို ပူနွေးလာခဲ့သည်။

ထို့အတွက်ကြောင့်ပင် ယခုအချိန်မှာ ဧပြီလအစောပိုင်းသာရှိသေးသည့်တိုင် ကုန်တိုက်များတွင် နွေရာသီအဝတ်အစားအချို့ ရောင်းထွက်နေရခြင်းဖြစ်သည်။

သို့သော်လည်း ချန်မန်သတိပြုမိသည်မှာ ၎င်းတို့ထဲမှအများစုသည် ယမန်နှစ်မှပုံစံများသာဖြစ်ပြီး ချုပ်ထားသည့်ပိတ်စမှာ အလွန်သစ်လွင်နေခြင်းမရှိ‌ချေ။ ထိုအကြောင်းကြောင့်ပင်ဖြစ်နိုင်ပေမည် ဈေးနှုန်းများမှာ ပုံမှန်ပစ္စည်းထက်ပို၍ နှစ်ယွမ် သို့မဟုတ် သုံးယွမ်ခန့်သက်သာနေခဲ့သည်။

လျှော့ဈေးပေးထားသည်မှာ လွန်စွာဆွဲဆောင်နိုင်ပုံရ၏။ အကယ်၍ မူရင်းဈေးသည်သာ ခုနစ်ယွမ် သို့မဟုတ် ရှစ်ယွမ်ဆိုပါက ယနေ့တွင် ဝယ်ယူသူလူတန်းကြီးမှာ ဒုတိယအထပ်မှသည် ကုန်တိုက်အဝင်ဝထိတိုင် ရှိနေပေလိမ့်မည်။ သို့သော်လည်း ၎င်းတို့၏မူရင်းဈေးမှာ တစ်ဆယ့်ခြောက်ယွမ် ခုနစ်ယွမ်ဖြစ်နေလေရာ ဈေးချထားလျှင်ပင် တစ်ဆယ့်သုံးယွမ် လေးယွမ်ခန့်ဖြစ်နေသောကြောင့် လူအများအပြား၏ဝယ်လိုစိတ်ကိုတော့ များစွာမနှိုးဆွနိုင်ခဲ့ပေ။

ချန်မန်သည်လည်း တစ်နည်းတစ်ဖုံဖြင့် သွေးဆောင်ခံလိုက်ရသည်။ လက်ရှိခေတ်တွင် အဝတ်အထည်များကို ကောင်းမွန်စွာချုပ်လုပ်ထားပြီး ၎င်းတို့မှာ နွေရာသီတွင် ပါးလွှာပြီး ပေါ့ပါးလှသည်။ သို့သော်လည်း အကောင်းဆုံးပိတ်စဖြင့် လုပ်ထားသည်ဆိုလျှင်ပင် လေးလ ငါးလခန့် တောက်လျောက်ဝတ်ဆင်ပြီးချိန်၌ နွမ်းသွားမည်ဖြစ်သည်။

ထိုမျှသာမက သူမ ယမန်နှစ်တွင် အဝတ်တစ်စုံဝတ်ခဲ့ပြီးဖြစ်သောကြောင့် ယခုနှစ်အတွက် အနည်းဆုံးအနေဖြင့် တစ်စုံထပ်ဝယ်ရမည်ဖြစ်သည်။

ဈေးမှာ နှစ်ယွမ် သို့မဟုတ် သုံးယွမ်မျှ ပိုသက်သာသည်ဆိုသော်လည်း ဆယ်စုနှစ်များစွာကြာပြီးနောက်ရှိ ကာလပေါက်ဈေးနှင့် ချိန်ကြည့်မည်ဆိုပါက လူတစ်ဦး၏ပုံမှန်လစာမှာ ယွမ်သုံးထောင်ဖြစ်လေရာ ယွမ်ရာဂဏန်းအနည်းငယ် သက်သာသည်နှင့် တူညီသည်။

သို့သော်လည်း ထိုအဝတ်အစားများ ကျန်နေခဲ့ရသည့် အကြောင်းအရင်းလည်းရှိသေးသည်။ ၎င်းတို့၏စတိုင်မှာ ဆိုးရွားနေခြင်း သို့မဟုတ် ရိုးရှင်းစွာပင် ကြည့်မကောင်းနေခြင်းတို့ကြောင့် ချန်မန် ၎င်းတို့ကိုအမှန်တကယ်ပင် သဘောမကျနေပေ။ ယခုနှစ်အတွက် ထုတ်ထားသည့် အဆင်အသစ်နှစ်ခုရှိသော်လည်း ၎င်းတို့မှာ အလွန်ဈေးကြီးပြီး စကတ်တစ်ထည်အတွက်ပင် နှစ်ဆယ့်ရှစ်ယွမ်ကျသင့်မည်ဖြစ်သည်။

ချန်မန် တုန့်ဆိုင်းနေစဉ် လုဖျင်ကျိုးမှ မေးလာသည်ကို ကြားလိုက်ရသည်။

 “ မင်း အဝတ်အစားတွေဆိုရင် ဘယ်ဆိုဒ်ဝတ်တာလဲ…”

ဝယ်သူများများစားစားမရှိခြင်းကြောင့် ဖြစ်နိုင်ပေမည် အထည်တန်းမှ အရောင်းဈေးသည်မှာ ပုံမှန်နှင့်မတူစွာ စိတ်အားထက်သန်နေခဲ့သည်။

 “ သူက ဒီလောက်ပိန်တာ သေချာပေါက်အသေးဆုံးဆိုဒ်ဝတ်ရမှာပဲ…”

“ နံရံပေါ်မှာချိတ်ထားတဲ့တစ်ခုက အသေးဆုံးဆိုဒ်လား..” 

လုဖျင်ကျိုးမှ အကွက်များပါသည့် စကတ်တစ်ထည်ကိုညွှန်ပြကာ ပြောလာသည်။

ချန်မန် သူပြောသည်ကိုကြားသည်နှင့် လုဖျင်ကျိုးဆိုလိုချင်သည်ကို သိနေသောကြောင့် ကပျာကယာပြောလိုက်ရသည်။

 “ ကျွန်မအဝတ်မဝယ်ဘူးလေ…”

“ ဘာလို့မဝယ်ရတာလဲ…”

အဆင်သင့်လုပ်ထားသည့် ဆင်ခြေမှာ သူမထံတွင် ဝတ်ရန်အဝတ်အစားများရှိသောကြောင့် မဝယ်သေးဘူးဟူ၍ပင်ဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင် ချန်မန်၌ အဖာရာမရှိသည့် နွေရာသီဝတ်စုံဟူ၍ တစ်ထည်တည်းသာရှိနေခဲ့လေရာ သူမ ယခုလတွင်မဝယ်လျှင်ပင် နောင်လာမည့်လတွင် အဝတ်အစားအသစ်များ ထပ်ဝယ်ရမည်ဖြစ်သည်။

ထိုဆင်ခြေမှာသင့်တော်သော်လည်း အချိန်ကျလာသည်နှင့် ဖော်ထုတ်ခံရမည်ဖြစ်သည်။

ကောင်တာ‌အနောက်မှ အဝတ်ယူရန် ဝါးလုံးကိုင်လျက်ရပ်နေသည့် အရောင်းဈေးသည်ကိုကြည့်ကာ ချန်မန် လုဖျင်ကျိုးအနားသို့ကပ်၍ တီးတိုးပြောလိုက်ရသည်။

“ ကျွန်မဒီနေ့ကြိုက်တာ ဘာမှမရှိဘူးရှင့်…”

ထိုစကားကိုကြားသည်နှင့် လုဖျင်ကျိုးသည်လည်း သူမ အနီးသို့ကပ်လာကာ ခေါင်းငုံ့၍ အသံကိုနှိမ့်ပြောလာသည်။

 “ ဒါပေမယ့် ကိုယ်ထင်တာတော့ မင်း အဲ့သည့်ဟာကိုကြည့်နေတဲ့ပုံစံက ကိုယ့်ကိုကြည့်တဲ့အချိန်နဲ့ အတူတူပဲလို့ထင်တယ်နော်..”

ချန်မန်မှာ ကြောင်အမ်းအမ်းဖြင့် မေးလိုက်ရသည်။

 “ ကျွန်မက အဲ့စကတ်ကိုဘယ်လိုကြည့်နေလို့လဲ…”

“ မင်းရဲ့မျက်လုံးတွေကပြောနေတာလေ အရမ်းကိုသဘောကျတာပဲဆိုပြီးပေါ့…”

အချိန်တစ်ခုကြာသည်အထိ ချန်မန် ထိုစကတ်ကိုမကြိုက်ကြောင်း ငြင်းပယ်ရမည်လား သို့မဟုတ် လုဖျင်ကျိုး၏ ကိုယ့်ကိုကိုယ်မြှောက်ပင့်နေခြင်းအား ရယ်ရမည်လားဆိုသည်ကို မသိတော့ပေ။

သူမ အချိန်အတန်ကြာတိတ်ဆိတ်နေသည်ကို မြင်နေရသဖြင့် လုဖျင်ကျိုး ပို၍အလေးအနက်ပြောလာခဲ့သည်။

 “ မင်းကကိုယ့်ကို လက်ကိုင်ပဝါတစ်ထည်ပေးခဲ့တယ်လေ…ဒါပေမယ့် ကိုယ်က အဝတ်မချုပ်တတ်တော့ အသင့်ချုပ်ပြီးသားပဲ ဝယ်ပေးလို့ရတာ…”

“ ဒါပေမယ့် အဲ့ဒီလက်ကိုင်ပဝါက အသိသာ…”

“ လက်ကိုင်ပဝါပေးတဲ့ မင်းရဲ့မူလရည်ရွယ်ချက်က ဘာပဲဖြစ်နေပါစေ ကိုယ်လက်ဆောင်ရခဲ့လို့ အရမ်းပျော်ရတယ်… မင်းကိုလည်း ပိုပြီးပျော်အောင်လုပ်ပေးချင်တယ်…”

 á€œá€Żá€–ဝင်ကဝိုး လက်ကိုဆန့်ကာ အရောင်းဈေးသည်လက်ထဲမှ စကတ်ကိုလှမ်းယူလိုက်ပြီး ချန်မန်ထံဖြန့်ပြကာ ပြောလာသည်။

 “ ကိုယ်ထင်‌တာတော့ ဒီစကတ်ကိုဝယ်တာက မင်းကိုပျော်အောင်လုပ်ပေးနိုင်မယ်ဆိုတာပဲ…”

ချန်မန် ပြန်မပြောနိုင်ခင်မှာပင် အရောင်းဈေးသည်မှ ဝင်ပြောလာသည်။

 “ ငါ့ညီမရေ နင့်ကောင်လေးကပြောနေပြီပဲဟာ ဒီအတိုင်း သူ့ကိုဝယ်ခွင့်ပေးလိုက်ပါတော့ဟယ်… ငါ့လူကသာ ငါတို့တွဲနေတုန်း ငါ့အပေါ် သူ့လိုဆက်ဆံပေးကြည့်ပါလား ငါသေချာပေါက် အဲ့လူကိုလက်ထပ်မှာ…”


💝💝💝 👩‍❤️‍👨Chapter 25

“ ငါ့ညီမရေ နင့်ကောင်လေးကပြောနေပြီပဲဟာ ဒီအတိုင်း သူ့ကိုဝယ်ခွင့်ပေးလိုက်ပါတော့ဟယ်… ငါ့လူကသာ ငါတို့တွဲနေတုန်း ငါ့အပေါ် သူ့လိုဆက်ဆံပေးကြည့်ပါလား ငါသေချာပေါက် အဲ့လူကိုလက်ထပ်မှာ…”

ကပ်လျက်ကောင်တာရှိ အရောင်းဈေးသည်တစ်ဦးမှ ထိုစကားကိုကြားလိုက်ရသောကြောင့် စနောက်လာခဲ့သည်။

 “ နင်အခုသူ့ကိုလက်ထပ်ထားတယ်မဟုတ်ဘူးလား…”

“ မဟုတ်ရင် ငါဘာလို့ဒီလောက်နောင်တရနေမလဲဟဲ့…” 

အရောင်းဈေးသည်မှ ပြောပြီးသည်နှင့် ပြန်လှည့်ကာပြောလာသည်။

 “ ဝယ်လိုက်ပါတော့ဟယ် ငါ ဒီနေ့မနက်ဘာမှကိုရောင်းမထွက်သေးတာ… ဒီအတိုင်းပဲ ဈေးဦးလေးပေးပေါက်ပါတော့…”

ချန်မန်လည်း ဆက်ထိန်းမထားနိုင်တော့ဘဲ မျက်နှာပူပူဖြင့် ပြောလိုက်ရသည် ။

“ ဒီလိုဆိုလည်း ကျွန်မအရင်ဆုံးသေချာကြည့်လိုက်ပါဦးမယ်…”

အဆုံး၌ သူမ လုဖျင်ကျိုးအား ထိုစကတ်ဝယ်ခွင့်ပြုခဲ့ပြီး သူမသည်လည်း သူ့အတွက် သားရေဖိနပ်တစ်စုံဝယ်ပေးခဲ့သည်။

သားရေဖိနပ်များမှာ စကတ်ကဲ့သို့ ဈေးမကြီးသော်လည်း လုဖျင်ကျိုးမှာ ၎င်းကိုအလွန်နှစ်သက်နေခဲ့သည်။ ငွေချေပြီးသည်နှင့် ဖိနပ်အသစ်များကို ချက်ချင်းပင်လဲစီးခဲ့ပြီး ၎င်းတို့မှာ လုဖျင်ကျိုးလမ်းလျှောက်သွားချိန်တိုင်း အသံမြည်နေခဲ့သည်။

အဝတ်များဝယ်ပြီးနောက် သူမတို့နှစ်ဦး ဆက်လျှောက်မသွားနေတော့ဘဲ လုဖျင်ကျိုးမှ သူမကိုအိမ်ပြန်ပို့ပေးခဲ့သည်။

ပန်းသီးနှစ်ကီလိုအပါအဝင် ပစ္စည်းများစွာဝယ်ယူခဲ့မိခြင်းကြောင့် ချန်မန် ၎င်းတို့အားလုံးကို သူမဘာသာမသယ်နိုင်လေရာ ကားပါကင်ထိုးပြီးသည်နှင့် လုဖျင်ကျိုးမှ ပစ္စည်းကူသယ်ရန် ဦးဆောင်လိုက်ပြီး သူမကိုအိမ်ပြန်ပို့ပေးရန် ပြင်လိုက်သည်။

လုဖျင်ကျိုးမှာ သူမ၏အိမ်တွင် မိဘများနှင့် ညစာစားရန် ဆုံဖူးသည်ကို သိနေသောကြောင့် ချန်မန်မငြင်းပယ်ခဲ့ဘဲ သူတို့နှစ်ဦး ဘေးချင်းယှဉ်လျက် လျှောက်လာခဲ့ကြသည်။

သို့သော်လည်း ခဏအကြာတွင် သူမ နောင်တရသွားခဲ့ရသည်။

လတဝက်ခန့်ကြာပြီးနောက် သူမချစ်သူရနေသည့်သတင်းမှာ စက်ရုံဝန်ထမ်းအိမ်ယာအတွင်း ပျံ့နှံနေပြီးဖြစ်သည်။

လက်ရှိခေတ်ကာလတွင် လူများမှာ ကျေးလက်ပင်ဖြစ်စေ မြို့ပြပင်ဖြစ်‌စေ အဓိကအားဖြင့် လွန်စွာစိတ်အားထက်သန်ကြသည်။ သို့ဖြစ်ရာ ပင်မဂိတ်မှ ခြံအမှတ်၂၇သို့သွားရာလမ်းတစ်လျောက်တွင် လူများမှာ သူမတို့ကို ရပ်တားပြီးစနောက်‌နေခဲ့ကြသည်။

သူတို့၏အသက်အပေါ် ဂုဏ်ယူနေကြပြီး လူငယ်များအတွက် ဆုံးဖြတ်ချက်ချပေးနိုင်သည်ဟု မှတ်ထင်နေကြသော အချို့လူများမှာမူ လုဖျင်ကျိုးထံ သူ၏မိဘများနှင့် လက်ထပ်ရန်ဆွေးနွေးပြီးပြီလား၊ လက်ထပ်ပြီးလျှင် နေရန်နေရာ‌ရှိပြီလား၊ ချန်မန်မှာ သူမ၏အလုပ်ကိုဆက်လုပ်နိုင်မည်လား စသဖြင့် တိုက်ရိုက်ပင်မေးလာကြသည်။ ၎င်းတို့မှာ ချန်မန်သည် အပြင်လူဖြစ်သော စစ်သားတစ်ယောက်ကို လက်ထပ်မည်ဖြစ်သောကြောင့် အလွန်အကောင်းမြင်လွန်းလှသည်ဟူ၍ပင် အရိပ်အမြွက် ပြောလာကြလေ‌သည်။

အစပိုင်းတွင် ချန်မန်မှာ အရှက်လွန်နေသောကြောင့် ခြေချောင်းလေးများကို မြေကြီးထဲတူးနေမိသော်လည်း ဆက်လက်လာသည့်စကားကိုကြားပြီးနောက် သူမ၏မျက်နှာအမူအရာမှာ လုံးလုံးလျားလျားအေးစက်သွားခဲ့သည်။

သူမ ချေပရန် ပါးစပ်ကိုဖွင့်မည်အပြုတွင် လုဖျင်ကျိုးပြောလာသည်ကို ချန်မန်ကြားလိုက်ရသည်။

 “ လက်ထပ်ဖို့အကြောင်းကို ကျွန်တော့်ရဲ့အဖေ့ကို အသိပေးပြီးပါပြီ…စစ်တပ်ခေါင်းဆောင်တွေကလည်း ကျွန်တော်တို့တွဲနေတာကို သိကြပါတယ်…မန်မန်သာဆန္ဒရှိနေသရွေ့ ကျွန်တော်လက်ထပ်ခွင့်သွားတင်မှာပါ… ဘယ်မှာနေမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ခင်ဗျားတို့စိတ်ပူနေစရာမလိုပါဘူး… ကျွန်တော့်ရဲ့ရာထူးက မန်မန်တပ်ထဲလိုက်နေလို့ရလောက်အောင်မြင့်ပါတယ်… လက်ထပ်ပြီးတာနဲ့ အိမ်တစ်လုံးလျှောက်လိုက်ရုံပါပဲ… အိမ်ကအရမ်းမကြီးဘူးဆိုရင်တောင် အိပ်ခန်းနှစ်ခန်း မီးဖိုချောင်နဲ့ ရေချိုးခန်းပါတဲ့အိမ်လောက်တော့ရမှာပါ… ကလေးမရသေးခင် ကျွန်တော်တို့နှစ်ယောက်နေဖို့အတွက် သေချာပေါက်လုံလောက်ပါလိမ့်မယ်… ပြီးတော့ လက်ထပ်ပြီးရင် မန်မန်ရဲ့အလုပ်အပေါ်ကိုလည်း သက်ရောက်မှုရှိစေမှာမဟုတ်ဘူး… တပ်ရင်းကနေဆိုရင် သူ့အလုပ်ကိုသွားဖို့က အရမ်းလမ်းသင့်တယ်လေ… ပြီးတော့ စစ်သားဇနီးတချို့ကိုလည်း ခင်ဗျားတို့စက်ရုံမှာ နေရာပေးချထားတယ်လို့ ကျွန်တော်ကြားထားဖူးတယ်…”

ထိုစကားများမှာ ဖော်ရွေပုံရသော်လည်း တစ်ဖက်လူမှာ အရှက်ရသွားခဲ့ကာ “ ဒီလိုပေါ့..” ဟုခြောက်ကပ်ကပ်ပြော၍ ပြန်ပြေးသွားရသည်။

ဖြတ်သွားဖြတ်လာများနှင့် စပ်စုနေသူများသည်လည်း လူစုခွဲသွားသောကြောင့် ပတ်ပတ်လည်တွင် လူမရှိတော့သည့်အချိန်မှ ချန်မန်ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်မိသည်။

“ တောင်းပန်ပါတယ်နော် သူအဲ့လိုပြောမယ်လို့ ကျွန်မလည်းမထင်ထားမိဘူးရယ်…”

လုဖျင်ကျိုးမှ အဆင်ပြေကြောင်းမပြောဘဲ ထိုအစား “ ကိုယ်တို့ကချစ်သူတွေလေ တခြားသူတစ်ယောက်ရဲ့ အမှားကြောင့်နဲ့ မင်းကိုယ့်ကိုတောင်းပန်နေဖို့ မလိုပါဘူး…” ဟုပြောလာခဲ့သည်။

ချန်မန် ကြောင်သွားရပြီးနောက် ချက်ချင်းဆိုသလိုရယ်လိုက်မိသည်။

 “ ကောင်းပါပြီရှင်…”

သူတို့နှစ်ဦးလမ်းဆက်လျှောက်လာပြီးနောက် ခြံဝန်းအမှတ်၂၇အနားသို့ရောက်လာချိန်တွင် ချန်မန် မအောင့်နိုင်တော့ဘဲ မေးလိုက်မိသည်။

 “ ခုနက ရှင်ပြောတာ အမှန်ပဲလား…”

“ ဘာကိုလဲ…”

“ ရှင့်အဖေနဲ့ရှင်…” ချန်မန် ထုတ်ပြောရမည်ကို ရှက်နေမိသောကြောင့် ဝိုးတဝါးသာပြောလိုက်ရသည်။

 “ ဟို...အဲ့စကားတွေကလေ..”

“ ဘယ်စကားတွေမလို့လဲ…” လုဖျင်ကျိုးမှ တုံးအချင်‌ဟန်ဆောင်ကာ မေးလာခဲ့သည်။ သို့သော်လည်း စကားဆုံးသည်နှင့် လုဖျင်ကျိုး၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ်ကော့တက်သွားကာ အခိုင်အမာခေါင်းညိတ်ပြလာသည်။

 “ အကုန်အမှန်တွေကြီးပဲ.. ကိုယ့်အဖေကိုပြောပြထားပြီးပြီ သူမငြင်းဘူး… ပြီးတော့ ကိုယ့်ခေါင်းဆောင်ကိုလည်း အသိပေးထားတယ်… မင်းခေါင်းညိတ်လိုက်ပြီဆိုတာနဲ့ လက်ထပ်ခွင့်တင်လိုက်ရုံပဲ…”

ချန်မန် ခေါင်းကိုငုံ့ကာ စကားတစ်ခွန်းမျှမဆိုဘဲ လမ်းမပေါ်ရှိ ကျောက်စရစ်ခဲလေးသို့ ကြည့်နေခဲ့သည်။

လု‌ဖျင်ကျိုး ကိုယ်ကိုဘေးဘက်သို့ကိုင်း၍ ချန်မန်၏အမူအရာကို ကြည့်နေခဲ့သည်။ လက်ရှိတွင် ချန်မန်မှာ သူမ၏အမူအယာကို ဖုံးကွယ်ရာတွင် အလွန်တော်နေခဲ့ပြီး သူမ ပျော်နေသည်လား မပျော်နေသည်လားကို ပြောရန်ခက်လှသည်။ သူမလေးမှာ သူ့ထံ ထိုအတိုင်း ရှက်နေဟန်ဖြင့်ကြည့်နေခြင်းဖြစ်သည်။

လုဖျင်ကျိုး ပို၍အားပါလာပြီး ခြေတစ်လှမ်းတိုးကာ ချန်မန်၏အရှေ့တွင်ရပ်၍ မေးလိုက်သည်။

 “ မင်းကိုယ့်ကိုဘာမှပြောစရာမရှိဘူးလား…”

“ ဘာကိုပြောရမှာလဲ…”

လုဖျင်ကျိုး ရွေးချယ်ရန်ပေးလိုက်သည်။

 “ အင်းလား ဟင့်အင်းလား ဆိုတာကိုပေါ့…”

ချန်မန် သူပေးထားသည်ကို မရွေးဘဲ ပြန်မေးလိုက်သည်။

 “ ဒီလိုနေ့မှာ ရှင် ကျွန်မကို အဲ့ဒါမေးဖို့မကောင်းဘူးဆိုတာ သိရဲ့လား…”

“ ဟမ်…”

“ တကယ်လို့ ကျွန်မသာ အင်းလို့ဖြေလိုက်ရင် ကျွန်မတို့ရဲ့ လက်ထပ်ခွင့်တောင်းတဲ့အထိမ်းအမှတ်နေ့က နောက်ကျရင် ချင်းမင်ပွဲတော်နေ့ကြီးဖြစ်သွားမှာ မဟုတ်ဘူးလား…”

လုဖျင်ကျိုး အချိန်အတန်ကြာတိတ်ဆိတ်နေခဲ့သည်။

 “ ချင်းမင်ပွဲတော်နေ့က နှစ်တိုင်း ဒီနေ့ပဲလာတာမှမဟုတ်တာ..” 

ထို့နောက် သူ ချန်မန်၏မျက်လုံးများထံကြည့်ကာ အကြောင်းအရာပြောင်းလိုက်သည်။

 “ ကိုယ် မနက်ဖြန်ကျ ထပ်မေးရင်ကော…”

“ ရှင်ကမနက်ဖြန်အလုပ်ပိတ်လို့လား…”

“ ကိုယ်ခွင့်ယူလိုက်လို့ရတယ်လေ…”

“ မနက်ဖြန်ကျ ကျွန်မသဘောတူမယ်ဆိုရင်တောင် လက်ထပ်စာချုပ်က ချက်ချင်းရမှာမှမဟုတ်တာ… ပြီးတော့ ကျွန်မမိဘတွေကို အရင်ဆုံးအသိပေးရဦးမယ်ရှင့်…”

ယခင်အပတ်တွင် သူမ၏မိခင်မှ ထိုအကြောင်းပြောခဲ့ပြီးဖြစ်လေရာ လုံးလုံးလျားလျားငြင်းပယ်ကြမည် မဟုတ်သောကြောင့် ချန်မန် ၎င်းအပေါ် ကိစ္စကြီးဟု မမှတ်ယူထားချေ။ အကယ်၍ သူမ၏ဖခင်မှ ငြင်းလာလျှင်ပင် သူမ၏မိခင်ဖြစ်သူမှာ အလျှင်အမြန်ကိုင်တွယ်ပေးပေလိမ့်မည်။ သို့သော်လည်း ကိစ္စများမှာ ရလဒ်မထွက်လာသေးခင်အထိ ပြောရန်ခက်ခဲလှသည်။

ချန်မန် ခဏကြာတွေးပြီးနောက် ပြောလိုက်သည်။

 “ နောက်တစ်ပတ် တနင်္ဂနွေကျရင်ပြောတာပေါ့… ကျွန်မမိဘတွေနဲ့ အရင်ဆုံးဆွေးနွေးပြီးတော့ ရှင့်ကိုအဖြေပြန်ပေးမယ်လေ… ဟုတ်ပြီလား…”

လက်တွေ့တွင် လုဖျင်ကျိုးသည်လည်း ချန်မန်ကို ယနေ့တွင် လက်ထပ်ခွင့်တောင်းရန် မကြံရွယ်ထားခဲ့ပေ။ အကယ်၍ သူသာ ချင်းမင်ပွဲတော်နေ့တွင် လက်ထပ်ခွင့်တောင်းမိပါက မည်မျှတုံးအသည့်လူဖြစ်သွားပေမည်နည်း။ ထိုမျှသာမက သူ အနှီကိစ္စနှင့်ပတ်သက်၍ ယခင်အပတ်တွင် ပြောထားခဲ့ပြီးဖြစ်လေရာ ယခုအပတ်တွင်ထပ်ပြောမည်ဆိုပါက သူမအပေါ်ဖိအားပေးနေသည်နှင့် တူသွားပေလိမ့်မည်။

အဆုံး၌ သူတို့နှစ်ယောက်အတူရှိကြသည်မှာ အချိန်အလွန်တိုနေသေးသည်။

အကယ်၍ သူတို့တွဲနေသည်မှာ လေးငါးနှစ်ခန့်ရှိပြီ သို့မဟုတ် သုံးလမှ ငါးလခန့်ရှိပြီဆိုလျှင်ပင် သူ များစွာစိတ်ပူနေမည်မဟုတ်ချေ။ သို့သော်လည်း သူတို့တွဲနေကြသည်မှာ တစ်လပင်မပြည့်သေးလေရာ လုဖျင်ကျိုး တနင်္ဂနွေနေ့တစ်ရက်သာတွေ့ရခြင်းအပေါ် မတင်းတိမ်နိုင်လျှင်ပင် သူ၏စိတ်ဆန္ဒများကို ချိုးနှိမ်ထားရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လုဖျင်ကျိုးမှာ အခွင့်အရေးများကို အရယူရာတွင် အလွန်တော်သူဖြစ်သည်။ ယခုဆိုလျှင် ကိစ္စများမှာ ထိုသို့ဖြစ်လာပြီဆိုသောကြောင့် သူအနေဖြင့် အခွင့်အရေးကိုဆုပ်ကိုင်ပြီး အနိုင်ယူရပေလိမ့်မည်။

အချက်အလက်များမှ သူ၏ရွေးချယ်မှုမှန်ကန်ကြောင်း သက်သေပြပေးခဲ့သည်။ လုဖျင်ကျိုးအနေဖြင့် အဖြေရရန်တစ်ပတ်စောင့်ရမည်ဆိုလျှင်ပင် ၎င်းမှာ အံ့အားသင့်ဖွယ်ရာ ပျော်ရွှင်စရာဖြစ်နေမည်ဖြစ်သည်။ လုဖျင်ကျိုး လျှင်မြန်စွာလက်ခံလိုက်ကာ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။

 “ ဒါဆိုလည်း ကိုယ်မင်းကို နောက်တစ်ပတ်တနင်္ဂနွေကျ ထပ်မေးမယ်နော်…”

“ ကောင်းပါပြီရှင်…”

သူတို့ပြန်ရောက်ချိန်တွင် ချန်မိသားစုအိမ်တွင် လူမရှိနေချေ။ ချန်မန်၏မိဘများနှင့် အကြီးဆုံးအစ်ကိုမှာ ဘိုးဘွားများကိုကန်တော့ရန် မွေးရပ်မြေသို့ပြန်သွားကြပြီး လောဝမ်ရှင်းမှာမူ သူမ၏သားနှင့်အတူတူရှိနေကာ အိမ်ဟောင်းသို့မလာခဲ့ပေ။

သူမတို့နှစ်ဦးမှာ ချစ်သူများဖြစ်ကြပြီး လက်ထပ်မည့်အကြောင်းကို ဆွေးနွေးနေကြသည်ဆိုလျှင်ပင် လက်ထပ်စာချုပ်မရသေးခင်အထိ လူလွတ်မိန်းမပျိုလေးနှင့် ယောင်္ကျားလေးတို့နှစ်ဦးတည်း အခန်းတစ်ခုထဲတွင် အချိန်ကြာရှည်စွာ အတူရှိနေမည်ဆိုပါက အတင်းအဖျင်းပြောခံရပေလိမ့်မည်။

ချန်မန်ကိုအိမ်ပြန်ပို့ပေးပြီးနောက် လုဖျင်ကျိုး အချိန်ကြာကြာမနေခဲ့ဘဲ ချန်မန်ဆေးပေးထားသည့် ပန်းသီးတစ်ဝက်ကိုစားကာ ပြန်သွားလိုက်သည်။

လုဖျင်ကျိုးပြန်သွားသည်နှင့် ချန်မန် အိမ်ထဲရှိ ဟင်းချက်အမယ်များကို ရေတွက်ကာ ညစာချက်ရန် စတင်ပြင်ဆင်လိုက်သည်။

ဟင်းချက်ရန်ပစ္စည်းများပြင်ဆင်နေစဉ် လောဝမ်ရှင်းရောက်လာခဲ့သည်။ ယောင်းမဖြစ်သူမှ ဟင်းချက်တော့မည်ဖြစ်သောကြောင့် သူမ အလျင်အမြန်မီးဖိုအနီးသို့လာကာ အပြုံးတစ်ပွင့်ဖြင့်မေးလိုက်လေသည်။

 “ ချက်ဖို့အဆင်သင့်ဖြစ်နေပြီလား ဒီနေ့ညအတွက် ဘာချက်မှာလဲ…”

ချန်မန်ပြန်ဖြေလိုက်သည်။

 “ ငရုတ်ပွစိမ်းနဲ့ကြက်ဥမွှေကြော်မယ်… အာလူးကိုအချပ်လေးတွေလှီးပြီးနှပ်မယ်… ဝက်ပေါင်ခြောက်ကို ကြက်သွန်မြိတ်နဲ့ကြော်ပြီး အသီးအရွက်စွပ်ပြုတ်တစ်ခွက်ချက်မှာ… ကျွန်မ အကုန်ရွေးပြီး လှီးလည်းပြီးပြီ ဆေးလည်းပြီးပြီ…”

လောဝမ်ရှင်း ချန်မန်ကိုပြောသည်ကို ကြားလိုက်ရချိန်၌ ထိတ်လန့်သွားရသည်။ ညစာအတွက်ချက်မည်မှာ ဟင်းသုံးပွဲနှင့် စွပ်ပြုတ်တစ်ခွက်သာဖြစ်သော်လည်း နှစ်ပွဲမှာ သူမယောက်မကျွမ်းကျင်သောအရာမဟုတ်နေပေ။ ချန်မန်မှ ဟင်းချက်ပစ္စည်းများအား ဖြုန်းတီးပစ်မည်ကို စိုးရိမ်သောကြောင့် သူမကပျာကယာပြောလိုက်ရသည်။

 “ နင့်အတွက် ဟင်းတွေအများကြီးချက်ဖို့က အဆင်ပြေမှာမဟုတ်ဘူး… ငါကျန်တာတွေလုပ်လိုက်ပါ့မယ်ဟယ်… နင့်ဘာသာပဲ အခန်းထဲဝင်ပြီး အနားယူနေပါ…”

ချန်မန် : “….”

သူမရဲ့အချက်အပြုတ်စွမ်းရည်ကို အစော်ကားခံလိုက်ရတယ်ဆိုပေမယ့် ကြည့်ရတာ အပျင်းတစ်နေလို့ အဆင်ပြေမယ်ပုံပဲ… ဟုတ်တယ်မလား…

မီးဖိုချောင်ကို လောဝမ်ရှင်းထံအပ်ခဲ့ပြီးနောက် ချန်မန် ခြံဝန်းထဲသို့ထွက်လာကာ ဟိုဟိုသည်သည်ကြည့်ရန်ပြင်လိုက်သည်။ သေချာပေါက်ပင် သူမ၏တူ ချန်မင်မှာ သစ်သားချောင်းတစ်ချောင်းကိုင်လျက် အခြားတစ်ယောက်နှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသောကြောင့် ချန်မန် ကျယ်လောင်စွာ လှမ်းအော်လိုက်ရသည်။

 “ ချန်မင်မင်…”

ချန်မင် ချက်ချင်းဆိုသလို အာရုံပြောင်းသွားပြီး ပြန်လှည့်ကာ အော်ပြောလာသည်။

 “ ကျွန်တော့်နာမည်က ချန်မင်ပါဆို…”

ချန်မင်နှင့်တိုက်နေသည့်ကလေးမှ သူ၏ဗိုက်ကိုသစ်သားချောင်းဖြင့် ထိုးကာ ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။

 “ မင်းသေပြီ ငါနိုင်တယ်…”

ချန်မင်မှာမူ မယုံကြည်ခဲ့ချေ။

 “ ငါအခုလေးတင် ဒေါ်လေးကြောင့် အာရုံလွင့်ခံလိုက်ရလို့ကွာ… နောက်တစ်ခါကျရင် ငါမင်းကိုသေချာပေါက်ထပ်ပြီး အနိုင်ယူပစ်မှာ…”

သို့သော်လည်း ချန်မင်ကိုအနိုင်ရသွားသည့် ကလေးမှာမူ ဂရုမစိုက်ခဲ့ပေ။

 “ ဘယ်လိုဖြစ်ဖြစ် ငါနိုင်တာပဲ… ငါအိမ်ပြန်ပြီးထမင်းသွားစားတော့မယ်… မင်းနဲ့ထပ်မတိုက်တော့ဘူး…” 

ပြောပြီးသည်နှင့် ထိုကလေးမှာ အလျှင်အမြန် ပြေးထွက်သွားခဲ့သည်။

ချန်မင် ရွေးရန်ရန်မကျန်တော့သောကြောင့် ချန်မန်ထံသာ ဒေါသတကြီးလှမ်းကြည့်လိုက်မိသည်။

 “ ဒေါ်လေးသာ သားကို လှမ်းမခေါ်ရင် သားသူ့ကိုအနိုင်ယူနိုင်မှာ…”

ချန်မန် တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်သည် “ ဟုတ်ပါပြီရှင်… ဒေါ်လေးအပြစ်ပါ… ဒေါ်လေးသားကိုတောင်းပန်ပြီးတော့ နစ်နာကြေးအနေနဲ့ မုန့်တစ်ပိုင်းပေးမယ်လေ ကောင်းပြီလား…”

မုန့်ရှိကြောင်းကြားလိုက်ရသောကြောင့် ချန်မန် ယခုလေးတင် ချန်မန် သူ့ကိုလှမ်းခေါ်လိုက်သောကြောင့် ရှုံးသွားရခြင်းအပေါ် မေ့သွားပြီး မျက်လုံးများအရောင်တောက်လာသည်။

 “ သားအခုစားလို့ရလား..”

“ ရတာပေါ့ရှင်…”

ချန်မန် တူဖြစ်သူကို အိမ်ပြန်ခေါ်သွားပြီးနောက် အံဆွဲကိုသော့ဖြင့်ဖွင့်ကာ အတွင်းမှ ဆီစိမ်စက္ကူနှစ်ခုကို ထုတ်ယူလိုက်သည်။

 “ ယွင်ဖျန့်ကိတ်နဲ့ပဲမုန့် ဘာစားမလဲ…”

“ ပဲမုန့်ကဘာအရသာလဲဟင်…”

“ ပဲစိမ်းအရသာလေ…”

ချန်မင်မှာ မုန့်အချိုနှစ်မျိုးလုံးကို နှစ်ခြိုက်သောကြောင့် အချိန်အတန်ကြာ ဆုံးဖြတ်ချက်မချနိုင်ဘဲ မျှော်လင့်တကြီးမေးလိုက်မိသည်။

 “ ဒေါ်လေး သားနှစ်ခုလုံးစားလို့မရဘူးလားဟင်…”

ချန်မန် ပြောလိုက်သည်။

 “ ဟင့်အင်း တစ်ခုပဲစားလို့ရမှာ… ဒါပေမယ့် သားအမေစီသွားပြီး အရသာနှစ်မျိုးလုံးကို မျှစားချင်မလားဆိုတာ သွားမေးကြည့်ပေါ့…”

“ ဒါဆို သား အမေ့ကိုသွားမေးလိုက်ဦးမယ်…” ချန်မင် အလျင်အမြန်ပြေးထွက်သွားပြီး မိခင်ဖြစ်သူထံ မုန့်စားမည်လားဟု သွားမေးကာ ချန်မန်ပြောထားသည်ကို ပြန်ပြောပြလိုက်သည်။

သေချာပေါက်ပင် လောဝမ်ရှင်းမှာ မုန့်အလကားစားရရန် ဆန္ဒရှိသောကြောင့် ချန်မင်မှာ အမြန်ပြန်ပြေးဝင်လာသည်။

 “ ဒေါ်လေး အမေကသဘောတူတယ်တဲ့ သားတို့ ယွင်ဖျန့်ကိတ်နဲ့ ပဲစိမ်းမုန့်ကိုခွဲစားကြရအောင်…”

ချန်မန်အပြုံးတစ်ပွင့်ဖြင့် သဘောတူလိုက်ပြီး မုန့်နှစ်ခုကိုထုတ်ကာ ချန်မင်ထံပေးလိုက်သည်။

မုန့်ရပြီးနောက် ကောင်ငယ်လေးမှ ချက်ချင်းပြေးမထွက်သွားဘဲ စပ်စပ်စုစုမေးလာခဲ့သည်။

 “ ဒေါ်လေးရော မစားချင်လားဟင်…”

“ စားချင်ပါတယ်ရှင်…” ချန်မန် ပြောပြောဆိုဆိုဖြင့် ပဲစိမ်းမုန့်တစ်ခုကိုထုတ်ယူလိုက်သည်။

ချန်မင်ကျေနပ်သွားပြီး မုန့်များနှင့် ပြေးထွက်သွားခဲ့သည်။ အချိန်များစွာပင် မကြာလိုက်ချေ။ ခွဲထားသည့်မုန့်အပိုင်းများကိုကိုင်လျက် ပြန်ရောက်လာပြီး စားနေစဉ်မေးလာခဲ့သည်။

 “ ဒေါ်လေး မုန့်တွေက ဦးလေးဝယ်ပေးလိုက်တာလား…”

ချန်မန် : “ သူ့ကိုအဲ့လောက်တောင် ချောချောမွေ့မွေ့ခေါ်ချလိုက်တာပဲလား…”

“ သူက သားရဲ့ဦးလေးမဟုတ်ဘူးလား…”

“ သူက နင့်ဦးလေးလို့ ဘယ်သူနင့်ကိုပြောလို့တုန်း…”

“ လူတိုင်းပြောနေကြတာပဲလေ…” ချန်မင် ပဲစိမ်းမုန့်ကိုစားနေစဉ် ဆက်ပြောလာသည် ။

“ သူတို့ပြောတာတော့ သားဦးလေးက စစ်သားတစ်ယောက်ဖြစ်ပြီး အရမ်းအားကောင်းတယ်တဲ့… အဲ့ထဲက သားကို ဘယ်သူမှအနိုင်မကျင့်ရဲတော့ဘူး…”

“ အရင်တုန်းက သားကိုအနိုင်ကျင့်တဲ့လူရှိလို့လား…”

“ ရှိတယ်လေ… ဝမ်သာ့ကျွမ်းက သားကိုအမြဲအနိုင်ကျင့်တာလေ… ဒါပေမယ့် အခုတော့ သားသူ့ကိုပြောလိုက်တယ် ငါ့ဦးလေးက စစ်သားကြီးတစ်ယောက်ပဲ မင်းငါ့ကိုထပ်ရိုက်ရဲရင် သူ့ကိုခေါ်ပြီး မင်းကိုရိုက်ခိုင်းမှာလို့လေ…” 

ချန်မင် သူ့ကိုယ်သူအလွန်ဉာဏ်ကောင်းသည်ဟု ခံစားနေရပြီး ပြောရင်းဖြင့် အရယ်မရပ်နိုင်ခဲ့ပေ။

ဝမ်သာ့ကျွမ်းမှာ အနောက်ဖက်ခြံဝန်းတွင်နေသည့်ကလေးဖြစ်သည်။ သာ့ကျွမ်းဟုခေါ်ရခြင်းမှာ သူမွေးလာစဉ်က မျောက်တစ်ကောင်ကဲ့သို့ ပိန်နေခဲ့သောကြောင့် ဝမ်သာ့ကျွမ်း၏မိသားစုဝင်များမှ သူကြီးလာလျှင် ပို၍သန်မာလာစေရန် ရည်ရွယ်၍ အမည်ပေးခဲ့ခြင်းဖြစ်လေသည်။

နှစ်အနည်းငယ်ကြာပြီးနောက် ဝမ်သာ့ကျွမ်းမှာ ဖက်တီးလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။ သူ၏မိသားစုမှ သူ့ကိုအလွန်အလိုလိုက်ခြင်းကြောင့် ဝမ်သာ့ကျွမ်းမှာ သူ၏ခန္ဓာကိုယ်အပေါ်အားကိုး၍ အခြားကလေးများကို မကြာခဏအနိုင်ကျင့်လေ့ရှိကာ ချန်မင်လည်း သူနှင့်နှစ်ကြိမ်တိုက်ဖူးသည်။

ချန်မန် ပြောလိုက်ရသည် ။

“ နင်သူ့ကိုသုံးပြီး လူတွေခြောက်လို့တော့ရပေမယ့် ဦးလေးလို့တော့မခေါ်နဲ့ဦး…”

“ ဘာလို့လဲ..” ချန်မင်မှာ နားမလည်နိုင်ဖြစ်နေခဲ့သည်။
 

Search Novels