💝💝💝 👩‍❤️‍👨Chapter 26

“ နင်သူ့ကိုသုံးပြီး လူတွေခြောက်လို့တော့ရပေမယ့် ဦးလေးလို့တော့မခေါ်နဲ့ဦး…”

“ ဘာလို့လဲ..” ချန်မင်မှာ နားမလည်နိုင်ဖြစ်နေခဲ့သည်။

“ ဘာလို့လဲဆိုတော့ သူက အခုထိ နင့်ဦးလေးမဖြစ်သေးလို့ပေါ့ဟဲ့…” 

တစ်နေ့နေ့တစ်ချိန်ချိန်တွင် လုဖျင်ကျိုး သူမတို့အိမ်သို့လာရောက်စဉ် ချန်မင် သူ့ကိုမြင်သည်နှင့် ဦးလေးဟုခေါ်လိုက်မည့်အပေါ် ချန်မန်စိုးရိမ်နေမိသည်။ အနှီမြင်ကွင်းမှာ သူမ တွေးကြည့်ရုံနှင့်တင် မြေကြီးထဲသို့ တူးဝင်ချင်မိသည်။

“ ဒါဆိုရင် သူက ဘယ်တော့သားဦးလေးဖြစ်လာမှာလဲ..”

ချန်မန် ခဏကြာတွေးကာ ပြောလိုက်သည်။

 “ ငါသူနဲ့လက်ထပ်ပြီးရင် နင်သူ့ကိုဦးလေးလို့ခေါ်လို့ရပြီ…”

“ ဒါဆိုရင် ဒေါ်လေးက ဘယ်တော့လက်ထပ်မှာလဲ…”

“ ဒါတော့ ငါလည်းမသိဘူးလေ..”

“ ဒေါ်လေးက ဘာလို့မသိတာလဲ… လက်ထပ်တော့မှာမဟုတ်ဘူးလား… လက်ထပ်ပြီးရင် ကလေးလေးရလာမှာပေါ့နော်… သားညီမလေးရလာမှာလား…”

ချန်မင်မှာ မေးခွန်းများကို တစ်ခုပြီးတစ်ခုဆက်တိုက်မေးနေသောကြောင့် ချန်မန်ကို ခေါင်းကိုက်လာစေသည်။ သူမ ယခုအချိန်၌ ထိုခေါင်းစဉ်ကို ယူလာမိသည်ကိုပင် နောင်တရနေပြီဖြစ်သည်။ ချန်မန် ထရပ်ကာ အံဆွဲထဲမှ ပန်းသီးတစ်လုံးယူ၍ ချန်မင်ထံပေးလိုက်သည်။

 “ ရော့ စားချည်… စကားမပြောနဲ့တော့ ဟုတ်ပြီလား…”

လက်နှစ်ဖက်မှမုန့်များကိုကိုင်လျက် ချန်မင်၏အသံမှာ ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။ ချန်မင် မတ်တတ်ရပ်လိုက်ပြီး ပန်းသီးကို လက်နှစ်ဖက်နှင့်ယူကာ ပွင့်လင်းစွာဖြေလိုက်သည်။

 “ ဟုတ်ကဲ့…”

ညစာအဆင်သင့်ဖြစ်နေသည့်အချိန်မှာပင် ဝမ့်ချိုးမိန်နှင့် ကျန်သူနှစ်ဦးမှာ ပြန်ရောက်လာခဲ့သည်။

တစ်နေ့တာလုံး ပြေးလွှားနေရသောကြောင့် ဝမ့်ချိုးမိန်တို့သုံးဦးမှာ ဆာလောင်နေပြီဖြစ်ကာ အိမ်ထဲသို့ဝင်ပြီးသည်နှင့် စကားတစ်ခွန်းမျှမဆိုဘဲ စစားလိုက်ကြသည်။

သူတို့အားလုံး ခြောက်ဆယ်ရာခိုင်နှုန်းခန့် ဗိုက်ပြည့်သွားသည့်အချိန်မှသာ ဘိုးဘေးများကိုသွားကန်တော့သည့်အကြောင်းများ ပြောနေကြသည်။

၎င်းတို့မှာ များစွာနားထောင်ကောင်းသည့်အရာမျိုး မဟုတ်နေပေ။

ချန်စုဝေ့မှာ အသက်ကြီးမှရလာသည့်ကလေးဖြစ်သောကြောင့် ငယ်စဉ်ကပင် အလိုလိုက်ခံရသည်။ ချန်စုဝေ့မှာ မြို့ပေါ်သို့ အသက်နှစ်ဆယ်စွန်းစမှာပင် တက်လာခဲ့ပြီး မြို့သူနှင့်အိမ်ထောင်ကျခဲ့လေရာ မိသားစုဝင်များကြားတွင် သိသာသောကွာဟချက်တစ်ခု ဖြစ်စေခဲ့သည်။

ထိုကွာဟချက်ကိုကြည့်ရမည်ဆိုလျှင် ကျန်မိသားစုဝင်များနှင့် အဆင်ပြေခဲ့သော်လည်း သူ၏အစ်ကိုများမှာမူ အနည်းငယ်ထူးဆန်းသည်ဟုခံစားကြရသည်။ ချန်စုဝေ့၏အစ်ကိုများမှာ အားလုံးသည် တူညီသောမိဘများမှ မွေးလာကြသော်လည်း ချန်စုဝေ့တစ်ဦးသည်သာ မြို့သားဖြစ်လာခြင်းအပေါ် အမြဲလိုပင် မကျေမနပ်ဖြစ်ခဲ့ကြသည်။ သူတို့မည်မျှပင် တွေးကြပါစေ ထိုအချက်မှာ သူတို့ကို သက်သောင့်သက်သာမရှိစေပေ။

ဤသို့ဖြင့် နှစ်ပေါင်းများစွာကြာလာသည်နှင့် ချန်စုဝေ့၏အစ်ကိုများမှာ ဆင်းရဲသူများကို ကူညီရန် ချမ်းသာသောသူထံမှ ငွေသဲ့ယူခြင်းဟူသော ရည်ရွယ်ချက်များရှိလာကြ၏။ ချန်စုဝေ့မှာ ချမ်းသာသောသူဖြစ်ပြီး သူတို့မှာမူ ဆင်းရဲသားများဖြစ်ကြသည်ဟု ပြုမူလာကြသည်။

သူ၏မိဘများ သက်ရှိထင်ရှားရှိစဉ်အခါက ချန်စုဝေ့မှာ လစဉ်ထောက်ပံ့ကြေးအဖြစ် ယွမ်နှစ်ဆယ်ပေးခဲ့ရာ ၎င်းပမာဏမှာမနည်းလှချေ။ နောက်ပိုင်းတွင် သူ၏ဖခင်ဖြစ်သူ ဆုံးပါးသွားပြီး၌ မိခင်ဖြစ်သူတစ်ဦးတည်းအတွက် တစ်လလျှင် တစ်ဆယ့်ငါးယွမ်ပေးခဲ့ရသည်။

မိဘများကွယ်လွန်ပြီးနောက်တွင်တော့ ချန်စုဝေ့ အသုဘအတွက် ငွေစိုက်ထုတ်ပေးခဲ့ရသော်လည်း အမွေအဖြစ် တစ်ပြားတစ်ချပ်ကိုမှ ပြန်မရခဲ့ပေ။ ကျန်သည့်စုငွေအားလုံးကို သူ၏အစ်ကိုများမှ ခွဲဝေယူသွားကြကာ ချန်စုဝေ့သည် မိဘများကို မြို့ပေါ်ခေါ်၍ မပြုစုပေးကြောင်းပင် အပြစ်တင်‌သွားကြသေးသည်။ အဆုံး၌ သူသည်သာ ငွေပေးရပြီး မသိတတ်သည့်သားတစ်‌ယောက် ဖြစ်သွားရလေသည်။

ထိုကဲ့သို့သော် ညစ်ပတ်သည့်လှည့်ကွက်များကြောင့် မိဘများကွယ်လွန်ပြီးချိန်တွင် ချန်စုဝေ့နှင့်အစ်ကိုများမှာ မေးထူးခေါ်ပြောအဆင့်သာ ရှိတော့ကာ အများဆုံးအနေဖြင့် ဘိုးဘေးများထံ ပြန်ကန်တော့ရသည့် ချင်းမင်ပွဲတော်ကဲ့သို့ နေ့မျိုးတွင်သာ တွေ့ရတော့သည်။

အငြိုးအတေးများမည်မျှပင် ရှိနေစေကာမူ အဆုံး၌ ထိုသူများမှာ သူ၏သွေးသားရင်းများဖြစ်သောကြောင့် အိမ်ပြန်ရောက်လာချိန်၌ ချန်စုဝေ့မှာ နှုတ်ဆိတ်သာနေခဲ့သည်။ ဝမ့်ချိုးမိန်မှာမူ မနေနိုင်ဘဲ ထုတ်ပြောလာလေသည်။

 “ သူတို့ဘာပြောလဲသိလား…”

လောဝမ်ရှင်း ကပျာကယာမေးလိုက်မိသည်။
 “ သူတိုဘာပြောခဲ့လို့လဲ…”

“ အကြီးဆုံးအစ်ကိုက သူ့အငယ်ဆုံးသမီးအတွက် ငါတို့ကို ကြင်ဖက်တွေ့ဖို့အတွက် တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့ပြောလာတယ်လေ… ဒုတိယအစ်ကိုကတော့ သူ့အငယ်ဆုံးသားအတွက် မြို့ပေါ်မှာအလုပ်ရှာခိုင်းနေတာ…”

ကြင်ဖက်တွေ့ရန် မိတ်ဆက်ပေးရခြင်းမှာ ကိစ္စကြီးကြီးမားမားမဟုတ်ချေ။ ၎င်းသည် ကျေးဇူးတင်မခံရသည့်အလုပ်မျိုးဖြစ်နေသည့်တိုင် မည်သူမဆို သူတို့၏သမီးကို မိသားစုကောင်းကောင်းသို့ ဝင်သွားစေချင်ကြခြင်းနှင့်ပတ်သက်၍ မှားယွင်းနေခြင်းမရှိပေ။

ဝမ့်ချိုးမိန်အတွက် အောင့်မထားနိုင်ဘဲ နှာခေါင်းရှုံ့စေမိသည့်ကိစ္စမှာ ဒုတိယတစ်ခုဖြစ်လေသည်။

 “ နင့်ရဲ့ဒုတိယဦးရီးလေ… သူက သူ့သားအတွက် ငါတို့ကိုအလုပ်ရှာမပေးလို့ဆိုပြီး ချက်ကျလက်ကျပြောနေတာ…ငါတို့ကိုများ ချမ်းသာသွားတာနဲ့ အစ်ကိုတွေကိုပြန်မကြည့်လို့ ကျေးဇူးကန်းတယ်တဲ့ဟယ်… ဒါပေမယ့် သူ့မစဉ်းစားမိဘူးလားမသိ… ငါတို့လည်း သာမန်လူတန်းစားပဲလေ… ငါတို့သားတောင်မှ
ကျေးလက်မှာဒုက္ခခံနေရတာ ငါတို့က ဘာကိုသုံးပြီး သူတို့ကိုကူပေးရမှာလဲ…”

လောဝမ်ရှင်းမှ မနှစ်သက်ဟန်ဖြင့် ဝင်ပြောလာသည်။

 “ ဒုတိယဦးရီးက ဘာလို့အဲ့လိုဖြစ်နေတာလဲ… အဖိုးနဲ့အဖွားရှိတုန်းကဆိုရင် ကျွန်မတို့မိသားစုပဲ ငွေပေးရပြီးတော့ သူတို့က အကျိုးအမြတ်ခံစားနေတာမဟုတ်လို့လား… ပြီးတော့ အဲ့သည့်လိုလေးပြောလိုက်ရုံနဲ့ အလုပ်ကရရောလား… ဒီလောက်သာလွယ်နေရင် ဒုတိယမတ်လေးက ဘာလို့ကျေးလက်သွားနေစရာလိုသေးလို့လဲ… အမေ ဒုတိယဦးရီးကို သဘောမတူလိုက်ဘူးမလားဟင်…”

ဝမ့်ချိုးမိန် ချန်စုဝေ့ထံကြည့်ကာ ရွဲ့ပြောလိုက်သည်။

 “ ငါကတော့ ဘယ်သဘောတူမလဲဟဲ့.. ဒါပေမယ့် တခြားတစ်ယောက်ကတော့ ဘာတွေးနေမလဲဆိုတာတော့ ငါလည်းမသိဘူးအေ…”

ချန်စုဝေ့မှ သူ၏သဘောထားကို အလျင်အမြန်ဖော်ပြလိုက်ရသည်။

“ ငါက ဒီအတိုင်းသာမန်ဝန်ထမ်းတစ်ယောက်ပဲလေ… ဘယ်လိုလုပ်ပြီး သူတို့အတွက် အလုပ်ရှာပေးနိုင်တဲ့အရည်အချင်းရှိမှာလဲ… ပြီးတော့ ဝမ်ရှင်းပြောသလို အခွင့်အရေးသာရှိရင် ငါသေချာပေါက်ဒုတိယသားအတွက်ပဲ စဉ်းစားပေးမှာပါကွာ…”

ယခင်အချိန်များတွင် ချန်စုဝေ့မှာ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့ကြသည့် မိဘများအတွက်ကြောင့်သာ ငွေပေးရန်ဆန္ဒရှိခဲ့ခြင်းဖြစ်သည်။ သူမြို့ပေါ်သို့ ရောက်ပြီးနောက်တွင် တစ်နှစ်လျှင် အကြိမ်ရေအနည်းငယ်ခန့်သာ ပြန်နိုင်သောကြောင့် သူ၏သိတတ်မှုကို ငွေဖြင့်သာ ဖော်ပြနိုင်ခဲ့လေသည်။

သို့သော်လည်း သူ၏အစ်ကိုနှင့်တူများအတွက်ပါ အလုပ်ကြိုးစားပေးရန်မှာ မဖြစ်နိုင်ပေ။ သူ့ထံတွင်လည်း စောင့်ရှောက်ရန် ကိုယ်ပိုင်မိသားစုတစ်ခုရှိပြီးဖြစ်သည်။

ဝမ့်ချိုးမိန် ထိုစကားကိုကြားပြီးနောက် အံ့ဩသွားခြင်းမရှိချေ။ အဆုံး၌ သူမတို့လက်ထပ်ခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်သောကြောင့် တစ်ဦးအပေါ်တစ်ဦး နားလည်မှုအချို့ရှိကာ ချန်စုဝေ့တွေးနေသည်ကို သူမအကြမ်းဖျင်းမှန်းဆနိုင်သည်။ သူမ ထိုစကားများကို ရွဲ့ပြောနေရခြင်းမှာ နောက်အနာဂတ်တွင် ချန်စုဝေ့ စိတ်ပျော့သွားမည်ကို စိုးရိမ်နေသောကြောင့် သူမ သူနှင့်အတူ မာပေးနေရခြင်းသာဖြစ်လေသည်။

ဤသို့ဖြင့် ချန်စုဝေ့မှ သူ၏သဘောထားကို ထုတ်ပြောလာသောကြောင့် ဝမ့်ချိုးမိန် ထိုကိစ္စနှင့်ပတ်သက်၍ ဆက်ပြောမနေတော့ဘဲ ၎င်းအစား ချန်မန်ကိုသာ လှမ်းမေးလိုက်သည်။

 “ နေ့ခင်းက ရှောင်လုသမီးကိုပြန်လိုက်ပို့တာလား…”

“ အာ..” စကားဝိုင်းခေါင်းစဉ်မှာ လျှင်မြန်စွာပြောင်းသွားသောကြောင့် ချန်မန် အနည်းငယ်ကြောင်သွားရသည်။

 “ အမေဘယ်လိုသိတာလဲ..”

“ ငါပြန်ရောက်တော့ နင့်အဒေါ်ကျိုးက ငါ့ကိုပြောလာလို့လေ…” ဝမ့်ချိုးမိန် မေးလိုက်သည်။

 “ နင်တို့ဘယ်အချိန်ကပြန်ရောက်တာလဲ…”

ချန်မန် အချိန်ကို စိတ်ထဲတွင်တွက်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“ လေးနာရီထိုးကျော်ကျော်လောက်ကပါ…”

“ ဒါများ ဘာလို့ငါတို့အိမ်မှာ ညစာစားဖို့ မဖိတ်လိုက်ရတာလဲဟဲ့…”

“ အမေတို့ ဘယ်ချိန်ပြန်ရောက်ပြီး ဘယ်ချိန်ညစာစားမလဲဆိုတာကို မသိလို့လေ… သူ့အချိန်တွေ အလကားဖြစ်သွားမှာစိုးလို့ပါ…”

“ ဘာများစိုးရိမ်စရာရှိလို့လဲဟယ်… ငါတို့ပြန်လာတာနောက်ကျလည်း နင်တို့ပဲအရင်စားနှင့်လိုက်ပေါ့…”

 á€á€™á€ˇá€şá€á€ťá€­á€Żá€¸á€™á€­á€”် ထမင်းနှစ်လုတ်ခန့်စားလိုက်ပြီးနောက် ဆက်ပြောလာသည်။

“ ရှောင်လုသာ အိမ်လာမယ်ဆိုတာကြိုသိရင် နင့်ဒုတိယဘကြီးရဲ့ ပေါက်ကရတွေကိုနားထောင်နေမယ့်အစား အိမ်ပဲစောစောပြန်လာလိုက်ပါတယ်အေ…”

ချန်မန်ပြောလိုက်သည်။

“ နောက်တစ်ခေါက်ပေါ့ အမေရယ်… ဘယ်လိုပဲဖြစ်ဖြစ် နောက်ကြရင် အခွင့်အရေးတွေအများကြီးရလာဦးမှာပဲဟာ…”

လောဝမ်ရှင်း ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို အမှတ်ရသွားသောကြောင့် ထမေးလိုက်သည်။

 “ ရှောင်လုက သူ့မိသားစုဆီ နင့်အကြောင်းပြောပြီးသွားပြီလား…”

ချန်မင်မှလွဲ၍ ထမင်းဝိုင်းရှိလူတိုင်းမှ ဘေးဖက်သို့ကြည့်လာပြီး ဝမ့်ချိုးမိန် မေးလိုက်သည်။

 “ နင်ဘာကိုဆိုလိုတာလဲ…”

လောဝမ်ရှင်း ရှင်းပြလိုက်သည်။

 “ ကျွန်မ ဝန်းထဲကတခြားသူတွေစီကလည်း ကြားလာသေးတယ်… ကြည့်ရတာ ရှောင်လုရယ် မန်မန်ကိုပြန်ပို့ပေးတုန်း လီကွေ့လန်နဲ့တိုးသွားတယ်တဲ့… အမေလည်း သူ့အကြောင်းသိသားနဲ့.. သူ့သမီးက ကောင်းကောင်းလက်ထပ်သွားရတော့ လူတိုင်းကိုအထင်လိုက်သေးနေတာလေ… သူ့သားမက်လောက် ဘယ်သူမှမကောင်းဘူးလို့ ထင်နေတဲ့ပုံပဲ… အဲ့ဒါနဲ့ပဲ မန်မန်နဲ့တခြား‌လူတွေရှေ့မှာ ပေါက်ကရနည်းနည်းပြောခဲ့တယ်တဲ့လေ…”

“ သူက ဘာတွေပေါက်ကရပြောခဲ့တာလဲ…” 

ဝမ့်ချိုးမိန် ချွေးမ၏စကားကိုလိုက်၍ မေးလိုက်သော်လည်း သူမ၏မျက်လုံးမှာ သမီးဖြစ်သူထံတွင်သာ ရှိနေခဲ့သည်။

ချန်မန် ချန်ဝှက်ထားခြင်းမရှိဘဲ လီကွေ့လန်ပြောခဲ့သည်များကို ရိုးရှင်းစွာပြန်ပြောလိုက်ရာ ဝမ့်ချိုးမိန်အား ဒေါသတကြီးဖြင့် တူကို စားပွဲပေါ်သို့ ရိုက်ချမိစေခဲ့သည်။

 “ ငါ အဲ့မိန်းမအိုကြီးကို သွားရှာမယ်…”

ဝမ့်ချိုးမိန်မှ စိတ်တိုတိုဖြင့် ထရပ်တော့မည်ကို မြင်လိုက်ရသောကြောင့် ချန်မန် သူမကို အမြန်ဆွဲထားလိုက်ရသည် ။

“ အမေ သွားစရာမလိုတော့ပါဘူး… လုဖျင်ကျိုးက နေ့လယ်ခင်းထဲက ပြန်တိုက်ပေးခဲ့ပြီးသား…”

ဝမ့်ချိုးမိန်မှာ မတ်တတ်ရပ်နေဆဲပင်ဖြစ်သည် “ ရှောင်လုက ဘာပြောခဲ့တာလဲ…”

ချန်မန် သူမကိုယ်တိုင် ထပ်ပြောရမည်ကို ရှက်နေမိသောကြောင့် ဝါးတဝါးသာပြောလိုက်မိသည်။

 “ သူ့ဖက်ကအခြေအနေတွေကို အကျဉ်းချုံးပြောသွားတာပါ…”

လောဝမ်ရှင်းမှာ ထိုနေရာတွင် မရှိခဲ့သော်လည်း ဘေးတွင်ရပ်ကြည့်သူများထံမှ ပြန်ကြားထားရသောကြောင့် ယခုအချိန်၌ ပြုံးကာ ဆက်ပြောလိုက်သည်။

 “ ကျွန်မအခုပြောခဲ့သလိုပဲ… ရှောင်လုပြောတာ သူနဲ့မန်မန်တို့တွဲနေကြတာကို သူ့မိသားစုနဲ့ ခေါင်းဆောင်တွေပါ သိကြတယ်တဲ့… မန်မန်သာခေါင်းညိတ်လိုက်သရွေ့ သူတို့လက်ထပ်ခွင့်တင်လိုက်လို့ရတယ်တဲ့လေ… ပြီးတော့ သူကပြောခဲ့သေးတယ်… သူ့ရာထူးက လုံလုံလောက်လောက်မြင့်လို့ အိပ်ခန်းနှစ်ခန်းပါ အနောက်တိုင်းပုံစံအိမ်လျှောက်လို့ရတယ်တဲ့… ကျွန်မကြားခဲ့တာတော့ လီကွေ့လန် အရှက်ကွဲပြီးပြန်သွားရတယ်ဆိုပဲ…”

ဝမ့်ချိုးမိန်မှ အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

 “ သူနဲ့တန်တယ်လေ… သူက အိုနေလို့သာ ငါပါးနှစ်ချက်မချခဲ့တာ…” 

ဝမ့်ချိုးမိန် စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်။

 “ ရှောင်လုပြောခဲ့တာတွေအားလုံးက အမှန်ပဲလား…”

“ အမေဘာကိုပြောတာလဲ…”

“ လက်ထပ်ခွင့်တင်ဖို့နဲ့ အိမ်ခွဲမယ့်အကြောင်းပေါ့ဟဲ့…”

ဝမ့်ချိုးမိန်ဆိုလိုသည်ကို ချန်မန်သိနေပြီးသားဖြစ်သည်။ သူမသည်လည်း သူမ လုဖျင်ကျိုးထံပြောခဲ့သည့်အကြောင်းကို မိဘများထံ ပြန်ပြောပြချင်သောကြောင့် ခေါင်းညိတ်ကာ‌ ဖြေလိုက်သည်။

 “ အမှန်ပါပဲ…”

ဝမ့်ချိုးမိန်မှ မေးလာခဲ့သည်။

“ နင်အခုဘယ်လိုတွေးလဲ…”

ထိုစကားကိုကြားလိုက်ရချိန်၌ တချိန်လုံးတိတ်ဆိတ်နေသည့် ချန်စုဝေ့မှ မနေနိုင်ဘဲ ထပြောလာသည်။

 “ ဘာကိုဘယ်လိုထင်ရမှာလဲ… မန်မန်က သူနဲ့တွေ့တာ အချိန်ခဏလေးပဲရှိသေးတယ်… တစ်ယောက်အကြောင်းတစ်ယောက်လည်း သိသေးတာမဟုတ်ဘူး… သူကပြောလာတာနဲ့ မင်းဒီအတိုင်းလက်ထပ်ပေးလိုက်လို့မရဘူးလေ မဟုတ်ဘူးလား…”

“ ဘာကိုမသိရမှာလဲ… ကျွန်မ ရှောင်လုရဲ့အခြေအနေကို ရှာထားပြီးသား… သူလည်း ကျွန်မတို့မိသားစုအခြေအနေနဲ့ အတူတူလောက်ပဲလို့ ကျွန်မယုံတယ်… ရှင်ပြောသလိုသာဆိုရင် အချိန်ခဏလေးအတူရှိရသေးလို့ တစ်ယောက်အကြောင်းတစ်ယောက်မသိရသေးဘူးပေါ့လေ… ရှင်နဲ့ကျွန်မတုန်းက ဒုတိယအကြိမ်တွေ့ပြီးတာနဲ့ လက်ထပ်ဖို့ပြောခဲ့တာလေ… အခုကြည့်လေ ကျွန်မတို့ ကောင်းကောင်းနေရတာပဲကို… မဟုတ်နေလို့လား…”

ပြောကြသည်မှာ အမျိုးသမီးတစ်ဦးအား ရာနဲ့ချီသောမိသားစုများက လိုက်ရှာကြသည်ဟုဆိုသော်လည်း လက်တွေ့တွင်မူ ထိုအရာမှာ ဖြစ်လေ့ဖြစ်ထမရှိပေ။

ဝေးဝေးလံလံကိုကြည့်ရန်မလိုချေ။ စက်ပစ္စည်းစက်ရုံဝန်းထဲကို ကြည့်မည်ဆိုလျှင် ချန်မန်နှင့် သက်တူရွယ်တူမိန်းမပျိုလေးများမှာ ကျေးလက်သို့မသွားရသေးသရွေ့ အားလုံးမှာ အခြေအနေကောင်းတွင်ရှိကြသည်။ သူတို့တွင် တည်ငြိမ်သောအလုပ်အကိုင်ရှိရုံသာမက သပ်သပ်ရပ်ရပ်ဝတ်စားကြကာ အလွန်အလုပ်ကြိုးစားပြီး အိမ်အလုပ်များစွာလည်းလုပ်နိုင်ကြသည်။

သို့သော်လည်း ယောင်္ကျားလေးများအတွက်မှာမူ ပြောရန်ခက်လှသည်။ သူတို့တွင် တည်ငြိမ်သောအလုပ်အကိုင်များရှိကြသော်လည်း အများစုမှာ သူတို့၏ရုပ်ရည်သွင်ပြင်အပေါ် များစွာဂရုမစိုက်ကြချေ။ ၎င်းနှင့်ပတ်သက်၍ အလွန်ပင်ဂုဏ်ယူနေကြကာ ချွေးနံ့ဆိုသည်မှာ ယောင်္ကျားဆန်ခြင်း၏ လက္ခဏာဟုပင် ပြောနေကြသေးသည်။ ထို့ထက်ပိုသည်မှာ ယောင်္ကျားလေးအများစုသည် သူတို့၏မိသားစုများထံမှ အလိုလိုက်ခံထားရသောကြောင့် အသက်နှစ်ဆယ်အတွင်း ရောက်နေသည့်တိုင် ဆယ်ကျော်သက်မိန်းကလေးများကဲ့သို့ပင် စိတ်ပိုင်းဆိုင်ရာအရ ရင့်ကျက်ခြင်းမရှိပေ။ အောင်သွယ်တော်များမှာလည်း သူတို့အတွက် အလွန်အကြောင်းပြချက်ကောင်းကောင်းများပေးကာ ယောင်္ကျားလေးများမှာ နောက်ကျမှရင့်ကျက်တတ်သောကြောင့် အိမ်ထောင်ကျပြီး ကလေးရသွားသည်နှင့် အဆင်ပြေသွားမည်ဟု ပြောတတ်ကြသည်။

သို့သော်လည်း မိန်းကလေးတစ်ယောက်အနေဖြင့် လာမည်မလာမည်မသိသော ရင့်ကျက်မှုအပေါ် အဘယ့်ကြောင့်အလောင်းအစားလုပ်ရမည်နည်း။

ထို့အတွက်ကြောင့် အလုပ်အကိုင်ခြင်းတူညီသည့်တိုင် ယောင်္ကျားလေးများ၏ အခြေအနေများမှာ သူတို့၏စိတ်နေစိတ်ထားပေါ်မူတည်၍ များစွာကွဲပြားမှုရှိသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ရင့်ကျက်ပြီး သပ်သပ်ရပ်ရပ်နေတတ်သော ယောင်္ကျားလေးများမှာ ရေပန်းစားလာကာ လူတိုင်းမှ ဝိုင်းလုနေကြရစဉ် စိတ်မြန်လက်မြန်နှင့် မဆင်မခြင်ပြုမူတတ်သူများမှာမူ လျစ်လျူရှုခံရကာ အသက်နှစ်ဆယ်ကျော်လာချိန်တွင်ပင် ဇနီးရှာမရနိုင်ပေ။

ဝမ့်ချိုးမိန် ယခင်က ထိုအချက်ကိုမသိခဲ့သောကြောင့် လွန်ခဲ့သောနှစ်အနည်းခန့်တွင် သူတို့ဝန်းထဲရှိ တစ်စုံတစ်ယောက်မှ ကြင်ဖက်တွေ့ပေးရန် ကြိုးစားလာချိန်၌ သမီးဖြစ်သူမှာ အလွန်ငယ်သေးသည်ဟုထင်ကာ ငြင်းပယ်ခဲ့မိသည်။

ရလဒ်အနေဖြင့် ချန်မန်ကြီးပြင်းလာချိန်တွင် သူမ ရုတ်တရက်အသိဝင်လာရသည်မှာ သူမတို့အနားရှိ ကြည့်ကောင်းသော ယောင်္ကျားလေးတိုင်းမှာ အိမ်ထောင်ကျသွားကြပြီဖြစ်ပြီး ကျန်သူများမှာမူ ရုပ်ဆိုးနေသော သို့မဟုတ် တွဲဖက်ကောင်းမဖြစ်နိုင်မည်မှာ သေချာနေသော လူများသာ ကျန်ရစ်ခဲ့သည်။

ထို့အတွက်ကြောင့်ပင် လုဖျင်ကျိုးအကြောင်းကို ရှင်းရှင်းလင်းလင်းမသိရသေးသည့်အချိန်၌ ဝမ့်ချိုးမိန် လက်ရှိအတိုင်း ငြိမ်ငြိမ်နေ၍ သတိထားသည်မှာ ပိုကောင်းသည်ဟု တွေးမိခဲ့သည်။ သို့သော်လည်း လုဖျင်ကျိုးပြောခဲ့သည်များမှာ အမှန်ဖြစ်ကြောင်းသေချာသွားချိန်တွင် သူမ စိတ်ပြောင်းသွားပြီး ထိုကလေးနှစ်ယောက်ကို အလျင်အမြန်အခြေကျစေချင်နေတော့သည်။

💝💝💝 👩‍❤️‍👨Chapter 27


∆ တနင်္ဂနွေနေ့ကျရင် အဲ့ဒီ ရှောင်လုဆိုတဲ့ကောင်လေးကို ဘယ်ချိန်လာတောင်းရမလဲဆိုတာ ပြောလိုက်တော့…

လောဝမ်ရှင်းသည်လည်း ဝင်ပြောလာသည်။

 “ ကျွန်မလည်း စောစောအခြေကျသွားတာ ပိုကောင်းမယ်လို့ထင်တယ်… ကျွန်မတို့ဝန်းထဲက  á€Ąá€™á€ťá€­á€Żá€¸á€žá€™á€Žá€¸á€›á€˛á€˜á€ąá€Źá€şá€á€…်ယ္ဏက်ဆိုရင် သူ့ကောင်လေးဖက်က ဆင်းရဲလို့ တင်တောင်ကြေးမပေးနိုင်ဘူးလေ… သူတို့တွဲနေတာ လေး ၊ငါးနှစ်လောက်ကြာပြီးနောက်မှပဲ ကောင်မလေးဖက်က မိသားစုက တင်တောင်းကြေးကို လျော့ပေးခဲ့တာ… လူတိုင်းထင်တာတော့ သူတို့လက်ထပ်ကြတော့မယ်ပေါ့… ဒါပေမယ့် ဘာဖြစ်သွားလဲသိလား…”

“ ဘာဖြစ်သွားလဲ…” ချန်ကျင်းမှမေးလာသည်။

“ သူ့ကောင်လေးက သူနဲ့လမ်းခွဲသွားတယ်လေ… ပြောသွားတာတော့ လျော့ပေးထားတဲ့ တင်တောင်းကြေးကိုတောင် မတတ်နိုင်ဘူးတဲ့… ဒါပေမယ့် နှစ်လအတွင်းမှာပဲ ပိုငယ်တဲ့ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်သွားတာ… ကျွန်မကြားခဲ့တာတော့ တင်တောင်းကြေးကမနည်းဘူးတဲ့ ယွမ်နှစ်ရာတောင်ကျော်တယ်ပြောတယ်… သနားစရာအဲ့ဒီအမျိုးသမီးရဲဘော်ကတော့ ဒီလိုယောင်္ကျားနဲ့ လေးငါးနှစ်လောက်တွဲပြီးနောက်မှာ အဲ့သည့်လိုအဆုံးသတ်သွားရတယ်လေ…”

လောဝမ်ရှင်း သက်ပြင်းချပြီးနောက်မှသာ အသိဝင်လာပြီး ရှင်းပြလိုက်ရသည်။

 “ မန်မန် ရှောင်လုနဲ့ အချိန်အကြာကြီးတွဲပြီးရင် ဒီလိုဖြစ်မယ်လို့ ပြောတာမဟုတ်ဘူးနော်… ဒါပေမယ့် အဲ့ဒီကိစ္စကိုကြားပြီးတော့ မန်မန် သူနဲ့အရမ်းကြာကြာကြီးတွဲမနေသင့်ဘူးလို့ အစ်မထင်တယ်… အကယ်လို့ အစ်မအသိအမျိုးသမီးရဲဘော်ကသာ အရမ်းကြီး ခေါင်းမာမနေဘဲ ဒီဟာကိုတွေးပြီး သူ့ကောင်လေးနဲ့ စောစောစီးစီးလမ်းခွဲမယ်ဆိုရင် ကိုးရိုးကားယားနိုင်တဲ့အရွယ်ထိ ဆွဲခေါ်ခံရမှာမဟုတ်ဘူး…”

ဝမ့်ချိုးမိန်မှာ မျက်မှောင်ကြုတ်ထားခဲ့သည်။

 “ အဲ့ကောင်မလေးအိမ်က ပြဿနာသွားမရှာဘူးလား…”

“ ရှာတာပေါ့ ဒါပေမယ့် ဘာများအသုံးဝင်မှာမလို့လဲ… လူတွေကတော့ သူတို့မိသားစုသာ ပိုက်ဆံမမက်ခဲ့ရင် အဲ့နှစ်ယောက် အချိန်အတော်ကြာထဲက လက်ထပ်ပြီးနေပြီလို့ ဝိုင်းပြောကြာတာပဲလေ… သူတို့ကိုယ်တိုင်ရဲ့အပြစ်ပဲဟာ… ပြီးတော့ အရင်ဆုံးလမ်းခွဲပြီးနောက်မှ ကြင်ဖက်တွေ့ပြီး လက်ထပ်သွားတာလေ… အငြင်းအခုံလုပ်နေလို့ ဘာမှမရလာမယ့်အပြင် သူတို့သမီးရဲ့ဂုဏ်သိက္ခာကိုပါ သက်ရောက်မှုရှိလာစေမှာပေါ့… နောက်ဆုံးကြတော့ သူတို့လည်း ရွေးချယ်စရာမရှိတာနဲ့ လက်ခံလိုက်ရတာပဲ…”

“ နင်က တအားကိုငြင်းခုံနေတာပဲ…” ဝမ့်ချိုးမိန် အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

 “ ဒီကိစ္စနဲ့ပက်သက်ပြီး နင့်အသိမိန်းကလေးရဲ့ မိသားစုကတကယ်မှားတာပဲလေ… သမီးတစ်ယောက်ကို အိမ်ထောင်ချပေးတယ်ဆိုတာက သူ့ကိုရောင်းစားတာမဟုတ်ဘူး… တင်တောင်းကြေးဆိုတာက သင့်တော်တဲ့ပမာဏလောက်ပဲရှိသင့်တယ်… ဒါပေမယ့် အဲ့သည့်လူက ပိုပြီးကြီးတဲ့ပြဿနာရှိနေတာပဲ… သူတို့တင်တောင်းကြေးကို မတတ်နိုင်ဘူးဆိုရင်လည်း ဘာလို့ထုတ်မပြောတာလဲ… နင့်အသိရဲဘော်က နှစ်တွေအများကြီးကို ဘာမှမဟုတ်ဘဲ အလကားဖြစ်သွားလိုက်ရတယ်…”

ချန်မန်လည်း ခေါင်းညိတ်သဘောတူလိုက်သည်။

 “ အမှန်ပဲ… နောက်ဆုံးကျတော့ အဲ့လူက အားလုံးက မိန်းကလေးမိသားစုရဲ့အပြစ်လို့ပြောသွားတာလေ… သူလက်စားချေတာပဲဖြစ်မယ်ဆိုတာ အသိသာကြီး… တခြားရှုထောင့်ကကြည့်မယ်ဆိုရင်တော့ အဲ့ဒီရဲဘော် လက်မထပ်ဖြစ်တစ်ခုကောင်းသွားတယ်… မဟုတ်ရင် သူသာ တကယ်ကြီး အဲ့လိုလူနဲ့အ ကြောင်းပါသွားမယ်ဆိုရင် နောင်အနာဂတ်မှာ ဘယ်လောက်တောင် ဒုက္ခရောက်မယ်ဆိုတာ သူသိနိုင်မှာမဟုတ်ဘူး…”

သူမ၏ယောက်မဖြစ်သူမှ ဤကဲ့သို့မှတ်ချက်ချလာမည်ဟု လောဝမ်ရှင်းထင်မထားမိသောကြောင့် ကပျာကယာပြောလိုက်ရသည်။

 “ အဲ့ဒီလိုယောင်္ကျားမျိုးဆိုတာ လူနည်းစုပဲရှိတာပါ… ညီမလေး မျက်စိဖွင့်နားစွင့်နိုင်နေသရွေ့ သေချာပေါက် ကောင်းတဲ့လူကိုရှာနိုင်လိမ့်မယ်… ရှောင်လုလိုပေါ့ဟယ် ဟုတ်တယ်မလား…” 

ချန်မန် လုဖျင်ကျိုးနှင့် တွဲသွားကြောင်းကို လောဝမ်ရှင်း စစသိရချိန်အခါက သူမ အလွန်ပျော်နေခြင်းမရှိခဲ့ချေ။ အဆုံး၌ သူမအောင်သွယ်ပေးနိုင်ရန် ကျရှုံးခဲ့ရပြီး သူမ၏ယောက်မမှာ အခြားတစ်ယောက်မိတ်ဆက်ပေးသူနှင့် အတူရှိသွားခဲ့သည်။

သူမ အမြဲလိုပင် ထိုကိစ္စကြောင့် အနည်းငယ်သက်သောင့်သက်သာမရှိခဲ့ပေ။

သို့သော်လည်း ယောက်မဖြစ်သူမှ အိမ်ကောင်းကောင်းသို့ လက်ထပ်ဝင်သွားနိုင်ရန် လောဝမ်ရှင်း အမှန်တကယ်ပင် မျှော်လင့်ထားခဲ့သည်။ သို့မှသာ ချန်မန် အခြားသူများကို မကူနိုင်လျှင်ပင် ...အခြားသူများထံမှ သူမအကူအညီမတောင်းရမည်ဖြစ်သည်။

လောဝမ်ရှင်း၏ ဒုတိယမတ်လေးကဲ့သို့ပင်။ ချန်လျန့်မှာ ကျေးလက်သို့သွားပေးခဲ့ရသောကြောင့် သူမ၏ယောက္ခမများမှာ နှစ်စဉ်နှစ်တိုင်း သူ့ထံ ပိုက်ဆံနှင့်လက်ဆောင်များ ပို့ပေးကြသည်။ သို့သော်လည်း ချန်လျန့်ကကျေးလက်သို့သွားနေရခြင်းကြောင့် ထိုကိစ္စအပေါ် သူမမည်သည့်သဘောထားမှ ထား၍မရပါချေ။

သူမ ယောက္ခမများ၏ စိတ်နေစိတ်ထားအရဆိုလျှင် ချန်မန်သာ အိမ်ထောင်ကောင်းကောင်းမကျခဲ့ပါက သူတို့ သေချာပေါက်သမီးဖြစ်သူကို မကြာခဏထောက်ပံ့ပေးလိမ့်မည်။

ထိုအချက်မှာ လောဝမ်ရှင်း သူမခေါင်းဆောင်၏တူနှင့် ချန်မန်ကို မိတ်ဆက်ပေးချင်ရခြင်း၏ အဓိကအကြောင်းပြချက်ဖြစ်သည်။ ထိုသူ၏အကျင့်စရိုက်မှာ မည်သို့ပင်ဖြစ်နေပါစေ အနည်းဆုံးအနေဖြင့် သူ၏မိသားစုမှာ ချမ်းသာသည်။

သေချာပေါက်ပင် ယခုအချိန်မှစ၍ သူမခေါင်းဆောင်၏တူနှင့် အောင်သွယ်ပေးချင်စိတ်မှာ လုဖျင်ကျိုးနှင့်အောင်သွယ်ပေးချင်စိတ်ကဲ့သို့ မကောင်းတော့ပေ။ လုဖျင်ကျိုးမှာ ဒုတိယတပ်ရင်းမှူးတစ်ယောက်ဖြစ်ကာ အကယ်၍ စက်ရုံဖက်သို့ပြောင်းမည်ဆိုလျှင်ပင် အနည်းဆုံးအနေဖြင့် စက်ရုံ၏ လက်ထောက်ညွှန်ကြားရေးမှူးရာထူးဖြင့် စတင်နိုင်သည်။

ထိုအကြောင်းကို တွေးမိသောကြောင့် လောဝမ်ရှင်းပြောလိုက်သည်။

 “ လီကွေ့လန်စကားတွေက နားဝင်ဆိုးပေမယ့် သူပြောသွားတာ တစ်ခုတော့မှန်တယ်… အခြေအနေကောင်းတဲ့သူကိုတွေ့ရင် နင်တကယ်ပဲ အခွင့်အရေးကိုအရယူထားသင့်တယ်… မန်မန်ကငယ်သေးတော့ တစ်နှစ် နှစ်နှစ်လောက် ဆက်တွဲနေလို့ ရသေးပေမယ့် ရှောင်လုက နှစ်ဆယ့်ခြောက်နှစ်ဖြစ်နေပြီ… သူလည်း လောနေမှာပဲ.. မန်မန် တကယ်ပဲ သူနဲ့ တစ်နှစ် နှစ်နှစ်လောက်တွဲပြီးမှ လက်ထပ်ကြမယ်ဆိုရင် ရှောင်လုကဆန္ဒရှိရင်တောင် သူ့မိသားစုဖက်က လက်ခံမှာမဟုတ်ဘူး…”

ထိုစကားများမှာ ဝမ့်ချိုးမိန်၏နှလုံးသားကို ထိသွားစေခဲ့သည်။

 “ နင့်ယောက်မပြောတာမှန်တယ်… ဒါနဲ့ ရှောင်လုကကော သမီးကို လက်ထပ်မယ့်အကြောင်း တရားဝင်ပြောခဲ့တာလား…”

မိသားစုဝင်တိုင်းမှာ ချန်မန်ထံ တပြိုင်နက်တည်းကြည့်လာကြခြင်းကြောင့် ချန်မန်၏ပါးပြင်များ ပူနွေးလာရသည်။ သူမ ခေါင်းငုံ့ကာ ပြောလိုက်မိလေသည် ။

“ ဟုတ်ပါတယ်…”

“ ဒါဆို သမီးသဘောတူခဲ့လား…”

“ သမီးမငြင်းခဲ့ပါဘူး… မိဘတွေရဲ့အမြင်ကို အရင်မေးပြီး တနင်္ဂနွေနေ့ကျ အဖြေပြန်ပေးမယ်လို့ ပြောခဲ့တယ်…”

ချန်စုဝေ့မှ ထပြောလာသည် “ ငါ…”

သို့သော်လည်း သူစကားစလိုက်သည်နှင့် ဇနီးဖြစ်သူမှ အော်ပြောလာလေသည်။

 “ ရှင့် ပါးစပ်ပိတ်ထား…”

ခင်ပွန်းသည်အား ဆူမာန်ပြီးနောက် ဝမ့်ချိုးမိန် သမီးဖြစ်သူဖက်သို့လှည့်ကာ နူးညံ့စွာပြောလိုက်သည် ။

“ ဒါဆို တနင်္ဂနွေနေ့ကျရင် သမီး ရှောင်လုကိုပြောလိုက်နော်… လာတောင်းတဲ့အချိန်ကြရင် အမေကသာ ဒီမိသားစုရဲ့ခေါင်းဆောင်ဖြစ်ပြီး နင့်အဖေရဲ့အမြင်ကို ထည့်မတွက်ဘူးဆိုတာကိုလေ…”

ချန်စုဝေ့ : “....”

ချန်မန် နှုတ်ခမ်းကိုက်ကာ ပြုံးလိုက်မိသည် “ ဟုတ်ကဲ့…”

ချန်မင်မှာ ငယ်သေးသောကြောင့် သူကြားခဲ့ရသည်များနှင့်ပတ်သက်၍ ရှုပ်ထွေးနေသေးသည့်တိုင် သူသည် အဓိကအချက်များကို ဖမ်းဆုပ်ရာ၌ အလွန်တော်လေသည်။ ချန်မင်မှ ခေါင်းမော့လာပြီး မျှော်လင့်တကြီးဖြင့် မေးလာခဲ့သည်။

 “ ဒေါ်လေး ဦးလေးနဲ့လက်ထပ်တော့မှာလား…”

ဦးလေးဟူသော စကားလုံးကိုကြားလိုက်ရချိန်၌ မိသားစုဝင်တိုင်းမှာ ချန်မန်ထံ ထပ်မံ၍စိုက်ကြည့်လာကြပြန်သည်။ ချန်မန်မှာ အလွန်ရှက်နေရသောကြောင့် မြေကြီးထဲသို့သာ ခြေချောင်းလေးများကို တူးဆွနေမိပြီး အပြုံးတစ်ခုညှစ်ထုတ်၍ ချန်မင်ကိုပြောလိုက်ရသည်။

 “ ဒေါ်လေးမင်းကို ညစာမစားခင်တုန်းက ဘာမှာထားလဲဆိုတာ မေ့သွားပြီလား…”

ကောင်ငယ်လေးမှ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လာသည်။

 “ သားမှတ်မိပါတယ် ဒါပေမယ့် ဒေါ်လေးက လက်ထပ်တော့မှာမဟုတ်ဘူးလား…”

ချန်မန် သက်ပြင်းတချက်ချကာ နူးညံ့စွာပြောလိုက်သည်။

“ ညစာစားပြီးရင် သားအတွက် အသီးရှိ‌မှာမဟုတ်တော့ဘူး…”

ချန်မင် : “...”

***

သတင်းကောင်းများမှာ ဝေးဝေးမပျံ့သော်လည်း သတင်းဆိုးများမှာမူ ကျယ်ကျယ်ပြန့်ပြန့် ပျံ့လွင့်ခဲ့သည်။ လောဝမ်ရှင်းပြောပြခဲ့သည့်အဓိကဇာတ်ကောင်များထဲမှ တစ်ဦး၏မင်္ဂလာပွဲကို လွန်ခဲ့သောနှစ်ရက်တွင် လုပ်ခဲ့သောကြောင့် အတင်းအဖျင်းမှာ လျှင်မြန်စွာပျံ့နှံ့သွားပြီး အတော်အတန်ဝေးသည့်နေရာတွင်နေသော ချမ်ရှောင်ဖျင်သည်ပင် ထိုအကြောင်းကို သိနေခဲ့လေသည်။

တနင်္လာနေ့တွင် သန့်ရှင်းရေးလုပ်ပြီးနောက် ချမ်ရှောင်ဖျင်မှ ထိုအကြောင်းကို တမင်ရည်ရွယ်၍ သို့မဟုတ် မရည်ရွယ်ပါဘဲဖြင့် ပြောလာခဲ့သည်။

 “ ကြည့်ရတာ ရည်းစားထားရတယ်ဆိုတာကလည်း မလုံခြုံဘူးနော်… တကယ်လို့သာ ယောင်္ကျားလေးဖက်က အကြင်အနာတရားကင်းမဲ့လာရင် လေးနှစ်တာဆက်ဆံရေးကို ဘယ်အချိန်မဆိုရပ်ပစ်နိုင်တယ်လေ…”

အဒေါ်လောနှင့် ချမ်‌ရှောင်ဖျင်တို့မှာ ပုံမှန်အားဖြင့် စိတ်သဘောထားခြင်း တိုက်ဆိုင်လေ့မရှိသော်လည်း ယခုတစ်ကြိမ်တွင် အဒေါ်လော ချမ်ရှောင်ဖျင်၏အမြင်ကို သဘောတူခဲ့သည်။

 “ ငါတော့ သူတမင်လုပ်တာလို့ ထင်တာပဲ… အဲ့ကောင်လေးက ကုန်ကြမ်းပစ္စည်းစက်ရုံရဲ့ တရားဝင်ဝန်ထမ်းပဲလေ… သူ့မိသားစုက ဘယ်လောက်ဆင်းရဲပဲထားဦး… တင်တောင်းကြေးယွမ်သုံးရာရဖို့ နှစ်တွေအကြာကြီးစုရမယ်ဆိုတာ ဖြစ်နိုင်လို့လား…”

တင်တောင်းကြေးယွမ်သုံးရာဆိုသည်မှာ နည်းပါးသောပမာဏမဟုတ်ချေ။ လက်ရှိခေတ်တွင် မြို့ပေါ်မှလူများလက်ထပ်ချိန်၌ ပုံမှန်အားဖြင့် တင်တောင်းကြေးမှာ ၈၈ယွမ် သို့မဟုတ် ၁၈၈ယွမ်ခန့်ရှိတတ်သည်။ သို့သော်လည်း ယွမ်သုံးရာဆိုသည်မှာ အလွန်ရှားပါးသောတင်တောင်းကြေးလည်း မဟုတ်ပေ။ စီးပွားရေးပြေလည်သည့် အချို့သောမိသားစုများမှာ ထိုပမာဏကိုပေးနိုင်ကြသည်။

ကုန်ကြမ်းပစ္စည်းစက်ရုံမှာ စက်ပစ္စည်းစက်ရုံကဲ့သို့ ကြီးမားခြင်းမရှိသည့်တိုင် လစာနှင့်အကျိုးခံစားခွင့်များမှာ စက်ပစ္စည်းစက်ရုံထက် များစွာဆိုးရွားနေခြင်းမရှိချေ။ ဝန်ထမ်းများအနေဖြင့် လွန်စွာအပျင်းခိုနေခြင်း သို့မဟုတ် လုပ်ကိုင်ရန်မလွယ်ကူခြင်းမဖြစ်သရွေ့ သုံးနှစ်တစ်ကြိမ်အကဲဖြတ်ကာလအပြီးတွင် သူတို့၏လစာမှာ တစ်လလျှင် ၃၇ယွမ်ထိတိုးလာနိုင်သည်။

လူတစ်ဦး၏နေထိုင်စရိတ်မှာ ထမင်းအနပ်တိုင်းကို ဆိုင်တွင်သာစားပြီး ဈေးကြီးသည့် ဟင်းသီးဟင်းရွက်များကို ဝယ်မည်ဆိုလျှင်ပင် ထိုသူ၏အသုံးစရိတ်မှာ တစ်လလျှင် တစ်ဆယ့်ငါးယွမ်ထက် ပိုများမည်မဟုတ်ချေ။ အနိမ့်ဆုံးလူနေမှုစရိတ်တွင်မူ တစ်လလျှင် ခုနစ်ယွမ်ထက်မပိုသည့်ပိုက်ဆံဖြင့် ရှင်သန်နိုင်သည်။

တစ်နည်းဆိုရမည်ဆိုလျှင် နေထိုင်မှုစရိတ်များကို ဖယ်ပြီးပါက ဤအဖြစ်အပျက်၏အ မျိုးသားဇာတ်ကောင်မှာ တစ်လလျှင် အနည်းဆုံးအနေဖြင့် တစ်ဆယ့်ခြောက်ယွမ်မှ နှစ်ဆယ့်လေးယွမ်အထိ စုထားနိုင်သည်။

သူ၏မိသားစုမှာ ငွေရေးကြေးရေးမပြေလည်သောကြောင့် ငွေပို့ပေးရသည်ဆိုလျှင် တင်တောင်းကြေးပမာဏမှာ ခြိုးခြံချွေတာစုဆောင်းမည်ဆိုလျှင် နှစ်နှစ်အတွင်းပြည့်သွားနိုင်သည်။

ထိုသူ၏မိသားစုမှာ အလွန်ဆင်းရဲသောကြောင့် သူ၏အကူအညီကိုသာ ယူနေရသည်ဟု မပြောလေနှင့်။ မိဘနှစ်ပါးလုံးကွယ်လွန်သွားပြီး မောင်ငယ်ညီမငယ် လေးငါးယောက်ခန့် ကျန်ရစ်ခဲ့သည်ဆိုလျှင် တော်ပါသေးသည်။

 á€žá€­á€Żá€ˇá€žá€ąá€Źá€şá€œá€Šá€şá€¸ ထိုသူ၏မိဘများမှာ သက်ရှိထင်ရှားရှိနေသေးပြီး မောင်နှမများမှာလည်း အရွယ်ရောက်ပြီးသူများ ဖြစ်ကြသောကြောင့် လမ်းပေါ်မှ အလုပ်များကိုသာ လုပ်ရသည်ဆိုလျှင်ပင် တစ်လလျှင် ဆယ်ယွမ်ခန့်ရနိုင်သည်။ ၎င်းတို့မှာ ကျန်းမာပြီး ရောဂါမရှိနေသေးသရွေ့ ရှင်သန်ရန်လုံလောက်လေသည်။

ထိုသူ၏အခြေအနေတွင် တင်တောင်းကြေးကို မတတ်နိုင်ခြင်းမှာ များစွာမဖြစ်နိုင်ဘဲ ပေးရန်ဆန္ဒမရှိခြင်းသာ ဖြစ်နိုင်ပေမည်။

အကယ်၍ သူမပေးချင်ပါက ထိုအမျိုးသမီးကို တိုက်ရိုက်ပြောနိုင်သော်လည်း သူမပြောခဲ့ပါချေ။

“ ငါထင်တာတော့ အဲ့ကောင်က ကောင်မလေးအိုလာပြီး တင်တောင်းကြေးပေးမယ့်သူ ရှာရခက်တဲ့အရွယ်ထိ စောင့်နေတယ်လို့ထင်တာပဲ… ဒါမှမဟုတ် သူနဲ့တွဲနေတုန်း တခြားမိန်းမကို ရှာနေတာလည်း ဖြစ်နိုင်တယ်…” 

အဒေါ်လောမှ မေးလိုက်သည်။

 “ သူပြောတာတော့ သူ့အခုလက်ရှိဇနီးကို သူတို့ပြတ်ပြီးနောက်မှ တွေ့တာဆို…”

“ ဟုတ်တယ် သူတို့ ကြင်ဖက်တွေ့ရာကနေ ဆုံခဲ့ကြတာတဲ့… ဒါပေမယ့် လက်ထပ်ဖို့အကြောင်းကိုတော့ လဝက်အတွင်းပြောခဲ့ကြတာ…”

အဒေါ်လောမှ နှာခေါင်းရှုံ့ကာ ပြောလာသည်။

 “ အဲ့ကောင်က အရမ်းလည်တာပဲ… သူဘယ်လိုများလုပ်ပြီး သူ့ကောင်မလေးကို စကားပြောဖို့ အခွင့်အရေးတောင်မရသေးခင် ဖြတ်ပစ်နိုင်လဲမသိဟယ်… ငါသာဆိုရင်တော့ သူ့နားကလူတွေကို လိုက်ပေးမေးပြီး အနံ့တစ်ခုခုရတာနဲ့ သူ့အလုပ်စီ ရှုံ့ချစာရေးပေးပို့လိုက်မှာ… သူ့ကိုမရှင်းထုတ်နိုင်ဘူးဆိုရင်တောင် ပြန်ပေးဆပ်ရအောင်တော့ လုပ်လို့ရသားပဲ…”

“ တကယ်လို့ အဲ့ရဲဘော်က လူတွေကိုအရူးလုပ်နေတာ မဟုတ်ဘူးဆိုရင်ကော…”

“ သူအရူးလုပ်နေတာမဟုတ်ဘူးဆိုရင်တောင်မှ ရှုံ့ချစာတစ်စောင်ကတော့ ရေးပို့လို့ရသေးတာပဲ… သူက လေးနှစ်လုံးအတူရှိလာတဲ့ မိန်းကလေးကိုတောင် ပစ်ရက်သေးတာ… သူ့သူဌေးသာသိသွားရင် သူ့ကို အရေးကြီးတဲ့တာဝန်တွေ ယူခိုင်းပါတော့မလား… အဲ့လူရဲ့အနာဂတ်ပျက်စီးသွားမှပဲ အေးတော့မှာဟဲ့…”

 á€Ąá€’á€ąá€Ťá€şá€œá€ąá€Źá€™á€ž စိတ်အားထက်သန်စွာပြောလာသည်။

 “ အဲ့ဒါကြောင့် လက်တွဲဖော်ရွေးတဲ့အခါကျရင် မျက်စိဖွင့်နားစွင့်ရမယ်လို့ပြောကြတာ… မဟုတ်လို့ကတော့ အဲ့သည့်လိုလူနဲ့သာ တွေ့သွားကြည့်ပါလား နင့်အနာဂတ်တော့ သွားပြီပဲ…”

ချမ်ရှောင်ဖျင်မှ ခေါင်း‌တဆတ်ဆတ်ညိတ်လိုက်ပြီးနောက် ချန်မန်ထံလှည့်ကာ ပြောလိုက်သည်။

 “ ရှောင်ချန်ရေ ငါစကားများတာတော့ စိတ်မရှိနဲ့နော်… ရဲဘော်လုက စစ်သားတစ်ယောက်ဆိုပေမယ့် သူကအပြင်လူလေနော်… နင်သူ့ကိုကောင်းကောင်းမသိရသေးတော့ သူနဲ့တွဲတဲ့အခါ သတိထားသင့်တယ်… အဲ့ဒါမှပဲ အထည်အလိပ်စက်ရုံက ရဲဘော်လိုအဖြစ်မျိုး မဖြစ်ရမှာပေါ့…”

အဒေါ်လောမှ မျက်မှောင်ကြုတ်ကာ ဝင်ပြောမည်အပြုတွင် ချန်မန်၏အေးစက်စက်အသံမှာ ဦးဆုံးထွက်ပေါ်လာသည်။

“ ကိုယ့်ကိုကိုယ်စကားများမှန်း သိတယ်ဆိုရင်လည်း စကားလျော့ပြောပေါ့…”

“ နင်ဘာကိုဆိုလိုတာလဲ…” 
ချမ်ရှောင်ဖျင် စားပွဲကိုရိုက်ကာ ထရပ်လိုက်သည်။

 “ ငါက နင်ကောင်းဖို့အတွက် ပြောနေတာပါ…”

ကောင်တာအနောက်တွင် ရပ်နေသည့်ချန်မန်မှ ခုံသုတ်လျက် ပြန်ပြောလိုက်သည်။

 “ ကျွန်မကောင်းဖို့အတွက် ပြောတာလား ဒါမှမဟုတ် ကောင်းဖို့ကောင်းဖို့နဲ့ နာမည်တပ်ပြီး ကျိန်စာတိုက်နေတာလားဆိုတာတော့ ရှင့်စိတ်ထဲမှာ အသေအချာသိမှာပါ…”

သေချာပေါက်ပင် ချမ်ရှောင်ဖျင် ၎င်းကိုကောင်းကောင်းသိလေသည်။ သူမ သိနေသည့်အတွက်ကြောင့်ပင် ပို၍ ဒေါသထွက်ကာ ရှက်လာရသည်။

 “ နင် နင်… နင်က ငါ့ကြင်နာမှုကို အလေးမထားတာပဲ… နောက်ကျ နင်ဘယ်လိုရလဒ်ကောင်းတွေ ရလာမလဲဆိုတာ ငါကြည့်ရဦးမယ်…”

“ ဒီလိုဆိုရင်တောင် စိတ်မပူပါနဲ့ …” 

ချန်မန် ဖုန်သုတ်သည့်အဝတ်ကို ချကာ ချမ်ရှောင်ဖျင်ထံ စိုက်ကြည့်၍ ပြောလိုက်သည်။

 “ နောက်ကျရင် ကျွန်မက သေချာပေါက်ဘဝကောင်းကောင်းမှာ နေရမှာပါ…”

ချမ်ရှောင်ဖျင် ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးကိုသာ လှန်လိုက်မိကာ အသံတစ်ချက်ပြုပြီးနောက် အပြင်သို့ထွက်သွားလိုက်သည်။ သူမအနေဖြင့် လေကောင်းလေသန့်ရှုရန် လိုအပ်လေသည်။

💝💝💝 👩‍❤️‍👨Chapter 28
 á€”သစ်ခုပ္ဍင်းစည်းခဟင်း


အဒေါ်လောမှာမူ ခွာထားသည့်ကြက်သွန်ဖြူများကိုချကာ ကောင်တာစီသို့လျှောက်လာပြီး အနည်းငယ်နောင်တရနေဟန်ဖြင့် ပြောလာသည်။

 “ ငါသူ့ကို အဲ့စကားတွေမပြောလိုက်သင့်ဘူး…”

“ အဒေါ်နဲ့ဘာလို့ဆိုင်ရမှာလဲ… သူက ကျွန်မနဲ့လုဖျင်ကျိုးအကြားကို သွေးထိုးချင်နေတာလေ… အဲ့လိုလုပ်နိုင်ဖို့အတွက် ဘယ်လိုအကြောင်းပြချက်ကိုမဆို သူသုံးလိမ့်မယ်… ကျွန်မတို့ကလုပ်ဖော်ကိုင်ဖက်တွေပဲလေ… ဘယ်သူကများ သူ့ကိုအမြဲဂရုစိုက်နေမှာမှတ်လို့…” 

ချန်မန် အပြင်ဖက်တွင်ရပ်နေသည့် လူရိပ်ကိုကြည့်ကာ ပြောလိုက်သည်။

 “ ပြောရရင်တော့ သူ တခြားသူတွေအကြား အမြဲသွေးလိုက်ထိုးနေတယ်ဆိုတာက သူကိုယ်တိုင်လည်း ဘဝကောင်းကောင်းနဲ့ မနေရလို့လေ… သူ့လိုမျိုး ကျန်တဲ့သူကိုလည်း ဘဝကောင်းမရဖို့ မျှော်လင့်နေရှာတာ… သူအဲ့လိုပိုလုပ်လေ ကျွန်မက ပိုကောင်းတဲ့ဘဝနဲ့နေပြီး သူ့ကို မနာလိုရလွန်းလို့ မခံချိမခံသာဖြစ်အောင် လုပ်ဦးမှာ…”

အဒေါ်လော ပြုံးလိုက်သည်။

 “ အကြံကောင်းပဲဟေ့…”

“ ဒါပေါ့ ကျွန်မက ဉာဏ်ကောင်းတယ်လေ…” ချန်မန် ကိုယ့်ကိုကိုယ်အမွှန်းတင်လိုက်သည်။

အ‌ဒေါ်လောမှ ပို၍ကျယ်လောင်စွာ ရယ်မောနေပြီးနောက် ခဏအကြာတွင် အသံကိုနှိမ့်၍ မေးလာသည် ။

“ နင်နဲ့ရှောင်လုကော အခြေအနေဘယ်လိုလဲ…”

“ အတော်လေးကောင်းပါတယ်..”

“ ဒါဆို.. လက်ထပ်ဖို့အကြောင်း ပြောပြီးကြပြီလား…”

ချန်မန် ဖုန်သုတ်ဝတ်ကို ကျွမ်းကျင်စွာကောက်ယူကာ ခေါင်းငုံ့၍ ကောင်တာကိုဖုန်သုတ်နေခဲ့သည်။ ပြီးနောက်တွင်မှ သူမ ရှက်ရွံ့စွာပြောလိုက်လေသည်။

 “ အဒေါ်လည်း ဘာလို့အဲ့အကြောင်းပဲ မေးနေရတာလဲ…”

“ ငါတို့အခုလေးတင်ပြောနေတဲ့အကြောင်းနဲ့ အတူတူပဲမဟုတ်ဘူးလား… ယောကျ်ားလေးက ဉာဏ်ကောင်းပြီး မိန်းကလေးက တုံးအတာလေ… ငါကြားတာတော့ အဲ့ကောင်မလေးက တင်တောင်းကြေးစုဖို့ စိတ်ရှည်ရှည်နဲ့ လေးငါးနှစ်စောင့်ပေးခဲ့တာတဲ့…” 

အဒေါ်လောမှ ခဏကြာတွေးလိုက်ပြီး ပြောလာသည်။
 “ ရှောင်လုက လူကောင်းဆိုပေမယ့် နင်သတိထားရမယ်နော်… သူပြောသမျှမယုံလိုက်နဲ့ဦး… သူသာ လက်ထပ်ချင်တဲ့အထိ မရိုးသားဘူးဆိုရင် သူနဲ့အချိန်လိုက်ဖြုန်းပေးဖို့အထိ တုံးအမနေနဲ့…”

အဒေါ်လောမှာ သူမကိုစိတ်ပူနေသော သိနေသောကြောင့် ချန်မန် ရှက်နေခြင်းကို ဘေးချကာ ပြောလိုက်ရသည်။

 “ အဒေါ်စိတ်မပူပါနဲ့… သူ ကျွန်မကို လက်ထပ်မယ့်အကြောင်း ပြောခဲ့ပြီးပါပြီ..”

“ သူကဘာပြောခဲ့တာလဲ…”

“ သူပြောတာတော့ အရာအားလုံးအဆင်သင့်ဖြစ်နေပြီတဲ့… ကျွန်မခေါင်းညိတ်လိုက်တာနဲ့ လက်ထပ်ခွင့်တင်လိုက်မယ်လို့ ပြောတယ်…”

အဒေါ်လောမှ အချက်အလက်များကို သိလိုက်ရသောကြောင့် သူမ၏အပြုံးတွင် စနောက်လိုရိပ်များ ပါဝင်နေခဲ့သည်။

 “ နင်ကကော ဘယ်လိုတွေးလဲ… မိဘတွေကော ဒီအကြောင်းသိပြီးပြီလား…”

“ သိသွားပါပြီ ကျွန်မ မနေ့ကသူတို့ကိုပြောလိုက်တယ်လေ…”

အဒေါ်လော၏စိတ်မှာ လျှင်မြန်စွာအလုပ်လုပ်သွားခဲ့သည်။ ချန်မန် ထိုအကြောင်းကို သူမ၏မိဘများထံ အသိပေးခဲ့ခြင်းမှာ လက်ထပ်ရန် ဆန္ဒရှိသည်ဖြစ်သောကြောင့် အဒေါ်လော ပြုံးလျက်ဆက်မေးလိုက်သည်။

 “ မိဘတွေက သဘောတူရဲ့လား…”

“ အမေက သူကြိုက်တဲ့အချိန် လာတောင်းလို့ရတယ်လို့ ပြောခဲ့တယ်…”

“ ရှောင်လုကိုလည်း အဲ့အကြောင်း ပြောပြီးသွားပြီပေါ့…”

“ အခုထိတော့ မပြောရသေးဘူး…” ချန်မန် ခေါင်းယမ်းပြလိုက်သည်။

 “ သူက တပ်ထဲမှာလေ ကျွန်မကလည်း အလုပ်သွားရသေးတာဆိုတော့ တနင်္ဂနွေနေ့မှ ပြောမယ်လို့လုပ်ထားတယ်…”

အဒေါ်လော မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

 “ ရှောင်လုအတွက်လည်း သူ့အလုပ်တစ်ဖက်နဲ့ ကောင်မလေးရှာရတာ မလွယ်ဘူးပဲနော်… တကယ်လို့ သူသာ တခြားဌာနကဆိုရင် အနည်းဆုံးတော့ တစ်ပတ်ကို နှစ်ခါ သုံးခါလောက် တွေ့လို့ရသေးတယ်… ဒါပေမယ့် အလုပ်ကမတူကြဘူးဆိုတော့ နင်တို့ တစ်ပတ်မှတစ်ခါပဲတွေ့လို့ရတာပဲ… ဒါနဲ့ လောင်ကွမ်က တနင်္ဂနွေနေ့ မဂ်လာအရက်သွားသောက်ဖို့ရှိတယ်တဲ့… နင်ဘယ်လိုလုပ်မလဲ… ဒါမှမဟုတ် ရှောင်လုကိုပဲ ဆိုင်ကိုလာခိုင်းလိုက်ပါလား…”

ချန်မန်ထံတွင် ကောင်လေးရှိကြောင်း သိပြီးသည်နှင့် တစ်လအတွက် နားရက်များစီမံချိန်တွင် လူတိုင်းမှာ သူမအတွက် တနင်္ဂနွေနေ့တွက် နားရက်ရရန် အကောင်းဆုံးကြိုးစားပေးခဲ့ကြသည်။ ချမ်ရှောင်ဖျင်မှ တစ်စုံတစ်ခုကို တမင်ရည်ရွယ်ကာ မလုပ်လာသေးသရွေ့ ချန်မန်အနေဖြင့် လတိုင်း တနင်္ဂနွေနေ့တွင် နားရက်ယူနိုင်သည်။

သို့သော်လည်း နားရက်များကို ဆုံးဖြတ်ပြီးချိန်၌ ကွမ်ကျန့်ကော်တစ်ယောက် သူ၏တူဖြစ်သူထံမှ မင်္ဂ‌လာဆောင်ဖိတ်စာကို ရလာခဲ့သည်။ ဦးလေးတစ်ယောက်အနေဖြင့် မတက်ရောက်လျှင်မရသောကြောင့် ကွမ်ကျန့်ကော် ချန်မန်ကိုသာ နားရက်ပြောင်းပေးရန် ပြောလိုက်ရလေသည်။

ချန်မန် မငြင်းပယ်ခဲ့ချေ။ ပထမဦးဆုံးအနေဖြင့် ကွမ်ကျန့်ကော်မှာ သူမကို ယခင်အချိန်တုန်းက နားရက်လဲပေးခဲ့ဖူးသည်။ ဒုတိယအချက်မှာမူ သူမ တနင်္ဂတွေနေ့တိုင်း နားရက်ယူနိုင်ခြင်းမှာ အားလုံးမှ သူမအပေါ် အထူးဂရုစိုက်ပေးသောကြောင့်ဖြစ်သည်။ လူတိုင်းသည် သူမကိုကောင်းပေးခဲ့ရာ ချန်မန်အနေဖြင့်လည်း သူတို့ကိုပြန်ကောင်းပေးရန် ဆန္ဒရှိလေသည်။

လူအချင်းချင်းပေါင်းသင်းဆက်ဆံရာတွင် အပေးနှင့်အယူမျှတမှသာ ဆက်ဆံရေးအဆင်ပြေနိုင်မည်ဖြစ်ပြီး တစ်ဖက်သတ်အယူသာရှိပါက လူများအပေါ် စိတ်ပျက်သွားစေလိမ့်မည်။

တွေ့ရန်အတွက်မှာမူ… ချန်မန် ပြန်ဖြေလိုက်သည်။

 “ ဟုတ်တယ် ကျွန်မ ဦးလေးကွမ်နဲ့သဘောတူထားပြီးသားပါ…”

အဒေါ်လောမှ စနောက်လာသည်။

 “ ကောင်းတယ် ကောင်းတယ်… တနင်္ဂနွေနေ့ကျအဒေါ်တို့လည်း ကူပေးမယ့်လူရသွားတာပေါ့…”

***

ယခင်တစ်ကြိမ်ကဲ့သို့ပင် တနင်္ဂနွေနေ့တွင် လုဖျင်ကျိုးမှ ကြိုပေးရန်အတွက် စက်ပစ္စည်းစက်ရုံဝင်းသို့ ကားမောင်းလာခဲ့သည်။

ယခုအခါတွင် မတူညီသည့်အချက်မှာ မနက်စာစားပြီးသည်နှင့် သူတို့နှစ်ဦး လက်ပင်မတွဲဘဲ ကားထဲမှ တန်းထွက်လာကြခြင်းဖြစ်သည်။ ဤသည်မှာ ခွင့်ပြုချက်မရှိသော အချိန်ကြောင့်မဟုတ်ဘဲ ယခင်တစ်ကြိမ်ကဲ့သို့ လုပ်ဖော်ကိုင်ဖက်များမှ ဖမ်းမိသွားမည့်အပေါ် ချန်မန် စိုးရိမ်နေခြင်းကြောင့် ဖြစ်လေသည်။

အဒေါ်လောမှာ ထိုအကြောင်းကိုတွေးနေကြောင်း သိသာလှသည်။ ဆိုင်ထဲသို့ လူနှစ်ဦးဝင်လာသည်နှင့် သူမပြောလာခဲ့သည်။

 “ ဘယ်လိုဖြစ်ပြီး ဝင်လာကြတာလဲ… ငါတောင် အခုလေးတင် ပြတင်းပေါက်ကနေ ကားထဲကိုချောင်းကြည့်နေတာ…”

ယန်မင်ကျစ်မှာ အခြေအနေကို မသိသောကြောင့် ကြောင်အမ်းအမ်းဖြင့် မေးလိုက်မိသည်။

 “ အဒေါ်ဘာကိုချောင်းကြည့်နေတာလဲ…”

အဒေါ်လော လူငယ်နှစ်ဦးထံကြည့်ကာ စနောက်လိုဟန်ဖြင့် ပြောလိုက်သည် ။

“ သူတို့ကားထဲမှာ ရှိလားဆိုတာ‌ကိုပေါ့ဟယ်…”

လုဖျင်ကျိုးမှာ တည်ငြိမ်နေသော်လည်း ချန်မန်မှာမူ ရှက်သွေးဖြာနေခဲ့သည်။ သူမ မတ်တတ်ထရပ်ကာ တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်လေသည်။

 “ ကျွန်မ ကြမ်းတိုက်ဖို့အဝတ်သွားရှာလိုက်ဦးမယ်…”

ဤသည်ကို မြင်လိုက်ရသောကြောင့် လုဖျင်ကျိုးလည်း ကပျာကယာထရပ်ကာ အလုပ်စလုပ်လိုက်သည်။ သူတို့နှစ်ဦး မီးဖိုချောင်တွင်းသို့ ဝင်သွားကြစဉ် ချမ်ရှောင်ဖျင်မှာ ဆိုင်ထဲသို့ဝင်လာခဲ့ပြီး သူမ၏မျက်နှာပေါ်တွင် ပဟေဠိဖြစ်နေဟန်များရှိနေခဲ့သည်။

 “ အဲ့ဟာကိုမြင်ကြလား… ကျွန်မတို့ဆိုင်ရှေ့မှာ ကားရပ်ထားတာလေ… ဘယ်သူပိုင်တာလဲမသိဘူးနော်… သူက ဘာလို့အဲ့မှာရပ်ထားပါလိမ့်…”

သူတို့၏စားသောက်ဆိုင်သို့ အစိုးရပိုင်စက်ရုံများ၏ ဒါရိုက်တာများစွာ လာစားလေ့ရှိကြသော်လည်း ယခုရက်များတွင် ဒါရိုက်တာများမှာ ကားမောင်းလာရန် မလိုဘဲ စက်ဘီးဖြင့်လာလျှင်ပင် လုံလောက်နေပြီဖြစ်သည်။

၎င်းမှာ အလွန်ရှားပါးသောကြောင့် ချမ်ရှောင်ဖျင် အံအားသင့်နေမိသည်။

မည်သူကမျှ သူမ၏စကားကို ပြန်မဖြေကြသောကြောင့် ချမ်ရှောင်ဖျင် စိတ်မရှည်တော့ဘဲ မေးလိုက်ရသည်။

 “ အားလုံးက မသိချင်ကြဘူးလား…”

အဒေါ်လောမှ အရေးမစိုက်သကဲ့သို့ ပြောလိုက်သည်။

 “ အဲ့ကားကို ဘယ်သူမောင်းလာလဲဆိုတာ ငါတို့အားလုံးသိတယ်လေ… သေချာပေါက် ဘယ်သိချင်ပါ့မလဲ…”

“ ဘယ်သူကားမောင်းလာတာလဲ.. အဒေါ်လော သူ့ကိုသိတယ်လား…” 

သူမ ထိုအတိုင်းမေးလိုက်သော်လည်း ကားပိုင်ရှင်ကို အဒေါ်လောသိနေမည်ဟု ချမ်ရှောင်ဖျင် ထင်မထားခဲ့ပေ။ မသေချာသော်လည်း ထိုသူကို သူမသိနေနိုင်သည့် ဖြစ်နိုင်ခြေရှိသည်။

အဒေါ်လောမှ လျို့လျို့ဝှက်ဝှက်လုပ်နေခဲ့သည် “ ငါတို့တင်မကဘူး နင်လည်းသူ့ကိုသိတယ်လေ…”

“ ကျွန်မသူ့ကိုသိတယ်လား ..” 

ချမ်ရှောင်ဖျင်၏စိတ်မှာ အရှိန်နှင့်ပြေးသွားခဲ့သော်လည်း သူမ မည်သူ့ကိုမျှ စဉ်းစား၍ မရခဲ့ချေ။

“ ဘယ်သူလဲ… အဒေါ်ရယ် မြန်မြန်ပြောပြစမ်းပါ… တန်းလန်းကြီးထားလို့လည်း ဘာမှရတာမှမဟုတ်တာ…”

“ အဲ့ဒီလူဘယ်သူလဲဆိုတာ မှန်းရအလွယ်လေးဟာကို…” 

အဒေါ်လောမှ နှာခေါင်းရှုံ့လိုက်သည်။

 “ အဲ့ဒါက စစ်တပ်သုံးဂျစ်ကားလေ… ငါတို့ဆိုင်ကို ခဏခဏလာတာ ဘယ်သူလဲနင်စဉ်းစားကြည့်ပေါ့… စစ်တပ်နဲ့အဆက်အသွယ်ရှိတဲ့လူ ဘယ်သူလဲဆိုတာ နင်မသိနေလို့လား…”

ချမ်ရှောင်ဖျင်၏မျက်လုံးများ ပြူးကျယ်သွားရသည်။

 “ အဒေါ် လုဖျင်ကျိုးကိုပြောနေတာလား… မဖြစ်နိုင်ဘူးလေ…”

“ ဘာလို့မဖြစ်နိုင်ရမှာလဲ…” 
လူငယ်စုံတွဲထွက်လာသည်ကို မြင်လိုက်သောကြောင့် အဒေါ်လောမှ စကားစကိုဖြတ်လိုက်သည်။

 “ ရှောင်လုရေ မင်းဘာသာပဲပြောပြလိုက်ပါတော့ကွယ်… တံခါးနားမှာရပ်ထားတဲ့ကားကို မင်းမောင်းလာတာလားလို့…”

လုဖျင်ကျိုး ကြောင်စီစီဖြင့် ပြန်မေးလိုက်ရသည်။

 “ ဟုတ်တယ်လေ ဘာပြဿနာရှိလို့လဲ…”

“ ဘာမှမဟုတ်ပါဘူးကွယ်… အဒေါ်ပြောပြတာကို သူကမယုံလို့လေ… အဲ့ဒါကြောင့် မင်းနဲ့အတည်ပြုချင်နေတာ…” 

အ‌ဒေါ်လောမှ အေးအေးလူလူပြောလိုက်သော်လည်း ချမ်ရှောင်ဖျင်၏ ပိုမိုဆိုးရွားလာသော မျက်နှာအမူအရာကို မြင်လိုက်ရချိန်၌ သူမ မအောင့်နိုင်ဘဲ နှုတ်ခမ်းထောင့်များ ကော့တက်သွားခဲ့သည်။

လွန်ခဲ့သောရက်အနည်းငယ်ခန့်တွင် ချမ်ရှောင်ဖျင် သူမကိုအသုံးချ၍ ချန်မန်အပေါ် ဒေါသဖွင့်ထုတ်ခဲ့ခြင်းကို အဒေါ်လောမမေ့သေးပေ။

ထိုစကားကိုကြားပြီးနောက် လုဖျင်ကျိုး ချမ်ရှောင်ဖျင်ထံ လှမ်းကြည့်လိုက်သော်လည်း များစွာအရေးစိုက်နေခြင်းမရှိဘဲ “ အိုးး..” ဟု အသာအယာအသံပြု၍ ကြမ်းစတိုက်လိုက်သည်။

ချန်မန်သည်လည်း ထိုနည်းလည်းကောင်းပင်။ လူငယ်စုံတွဲနှစ်ဦးမှ အလုပ်စလုပ်နေသည်ကို မြင်လိုက်ရသောအခါ အဒေါ်လောနှင့် ယန်မင်ကျစ်တို့သည်လည်း ရပ်ကြည့်နေခြင်းကိုရပ်လိုက်ကြပြီး မီးဖိုချောင်ထဲသို့ အသီးသီးဝင်သွားကြကာ ချမ်ရှောင်ဖျင်တစ်ဦးတည်းသာ ထိုနေရာတွင် ရပ်‌ကျန်နေခဲ့ကာ လုဖျင်ကျိုးထံ မကျေမနပ်ကြည့်နေခဲ့သည်။

လုဖျင်ကျိုးမှာ စစ်မှု‌ထမ်းပြီးနောက် လုပ်ငန်းခွင်သို့ ပြန်ပြောင်းလာမည်ဆိုပါက အနည်းဆုံးအနေဖြင့် အစိုးရပိုင်စက်ရုံ၏ လက်ထောက်ညွှန်ကြားရေးမှူးရာထူးမှ စနိုင်သည်အထိ စစ်တပ်တွင်ရာထူးကြီးကြောင်း ချမ်ရှောင်ဖျင်သိထားသော်လည်း အနာဂတ်တွင် မည်သို့ဖြစ်မည်ကို မည်သူမျှမပြောနိုင်လေရာ လုဖျင်ကျိုး၏အခြေအနေမှာ ထိုမျှကောင်းကြောင်း သူမ မသိနိုင်ခဲ့ပေ။

ယခုအချိန်မှသာ သူမသိလိုက်ရလေသည်။ တံခါးနားတွင်ရပ်ထားသည့် ကားကိုကြည့်ကာ ချန်မန် သူမဆီမှ ဖြတ်ခုတ်သွားသည်ဟု ချမ်ရှောင်ဖျင်ခံစားလိုက်ရသည်။

မနာလိုစိတ်မှ တွန်းအားပေးနေသောကြောင့် သန့်ရှင်းရေးလုပ်ပြီးနောက် ချန်မန် သန့်စင်ခန်းသွားနေချိန်အတွင်း ချမ်ရှောင်ဖျင် မအောင့်အီးနိုင်တော့ဘဲ လုဖျင်ကျိုးအနားသို့ လျှောက်လာကာ ပြောလိုက်သည်။

“ ချန်မန်က ဘယ်လိုလူလဲဆိုတာသိလား…”

ကောင်တာတွင်ထိုင်၍ ချန်မန်၏စာရင်းစာအုပ်ကို ကြည့်နေသောလုဖျင်ကျိုးမှ ထိုစကားကိုကြားလိုက်ရချိန်၌ တချက်မော့ကြည့်ကာ အေးစက်စွာပြောလိုက်သည်။

 “ ဘာဖြစ်ဖြစ်ခင်ဗျားနဲ့ဘာမှမဆိုင်ဘူးထင်တယ်‌နော်…”

“ ငါက နင်ဖောက်ပြန်ခံရမှာစိုးလို့ပါ…” 

ချမ်ရှောင်ဖျင်မှ လုဖျင်ကျိုးကောင်းကျိုးအတွက် ပြောနေသည်ဟူသော အမူအရာကို ချိတ်ဆွဲထားခဲ့သည်။

 “ ချန်မန်က မြင်ရသလောက် ရိုးရှင်းနေတာမဟုတ်ဘူး… သူ့မှာ ဖရိုဖရဲနိုင်တဲ့ နေထိုင်မှုပုံစံရှိတယ်…”

“ ရဲဘော်ချမ်…”

အစောပိုင်းတွင် လုဖျင်ကျိုး၏အမူအယာမှာ အေးစက်နေသည်ဟု ဆိုမည်ဆိုလျှင် ယခုမှာမူ လုံးလုံးအေးခဲနေပြီဖြစ်သည်။ လုဖျင်ကျိုး မတ်တတ်ထရပ်ကာ ချမ်ရှောင်ဖျင်ထံ ကြည့်လိုက်သည် ။

“ ကျွန်တော် ခင်ဗျားကို ယဉ်ကျေးပေးနေတယ်ဆိုတာ မန်မန်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်နေလို့ပဲ… ဒါပေမယ့် ခင်ဗျားသူ့ကို ထပ်ပြီးမကောင်းပြောနေဦးမယ်ဆိုရင်တော့ ကျွန်တော်ခင်ဗျားကိုရိုက်မိလိမ့်မယ်…”

ချန်မန်ကို ခြောက်လှန့်စေမိမည်စိုးသောကြောင့် အစိုးရပိုင်စားသောက်ဆိုင်သို့လာတိုင်း လုဖျင်ကျိုး သူ၏ဒေါသကို တမင်ရည်ရွယ်၍ လျှော့ချထားခဲ့သည်။

ဤသည်မှာ အနည်းငယ်လွန်ကဲနေနိုင်သော်လည်း ထိုအချိန်၌ သူတို့အချင်းချင်းမရင်းနှီးကြသေးချေ။ ချန်မန်သည်လည်း သူ့အပေါ် သတိမထားမိနိုင်သော်ငြား အချစ်တွင်ပျော်ဝင်နေသည့်လူတိုင်းမှာ အရူးအမူးဖြစ်နေခြင်းကို မရှောင်လွှဲနိုင်ပေ။ သူတို့တိတ်တခိုးချစ်နေရသူ၏ မျက်လုံးထဲတွင် သူတို့ကိုယ်သူတို့လည်း ထူးခြားသည်ဟု ခံစားကြရကာ အလွန်အတွေးလွန်တတ်ကြသည်။

ဤကိစ္စနှင့်ပတ်သက်၍ လုဖျင်ကျိုးသည်လည်း ခြွင်းချက်မရှိချေ။

၎င်းမှာ သူတို့ ပထမဦးဆုံး စတွဲနေစဉ်အတွင်း ဖြစ်နေခဲ့ပြီး တရားဝင်တွဲခဲ့ကြပြီးနောက် လုဖျင်ကျိုး ချန်မန်ကိုပို၍နှစ်သက်လာသောကြောင့် သူမ၏လုပ်ဖော်ကိုင်ဖက်များကိုပါ သဘောကျလာပြီး အမြဲလိုပင် သဘောကောင်းသည့်ပုံပေါ်နေခဲ့သည်။

ထို့အတွက်ကြောင့်ပင် လုဖျင်ကျိုးမှာ နူးညံ့ပြီး သူမပြောသမျှနားထောင်ပေးမည်ဟု ချမ်ရှောင်ဖျင်အထင်မှားသွားရခြင်း‌ဖြစ်လေသည်။

သို့သော်လည်း အမှန်စင်စစ်အားဖြင့် လုဖျင်ကျိုးမှာ နူးညံ့သိမ်မွေ့သူမဟုတ်ချေ။

၎င်းကိုအလွယ်တကူမှန်းဆကြည့်နိုင်သည်။ စစ်တပ်ဟူသည်မှာ တင်းကြပ်သည့်စည်းမျဉ်းများ ရှိရာနေရာဖြစ်ပြီး လူတစ်ယောက်သည်သာ အလွန်နူးညံ့သိမ်မွေ့နေမည်ဆိုပါက သူ၏လက်ထောက်မှ တပ်သားများကို ထိန်းချုပ်နိုင်ရန် ခက်ခဲပေလိမ့်မည်။ ထို့ထက်ပိုသည်မှာ လုဖျင်ကျိုးသည် အလွန်ငယ်ရွယ်နေသောကြောင့် သူ့ထံတွင် အရှိန်အဝါအချို့မရှိခဲ့ပါက မည်သည့်နည်းဖြင့် လက်အောက်မှလူများကို ဖိအားပေးနိုင်ပါမည်နည်း။

လက်ရှိအချိန်တွင် လုဖျင်ကျိုး၏မျက်နှာမှာ တည်နေခဲ့ပြီး သူ၏ အရှိန်အဝါတစ်ခုလုံးမှာ ပြောင်းလဲသွားသောကြောင့် ချမ်ရှောင်ဖျင်ကို မသက်မသာခံစားလာရစေကာ သူမ ခုခံကာကွယ်သည့်သဘော‌ဖြင့် အထစ်ထစ်အငေါ့ငေါ့ပြောလိုက်ရသည်။

 “ ငါ ငါ သူ့ကိုအပုပ်ချဖို့ ရည်ရွယ်တာ မ မဟုတ်ရပါဘူး…”

သူမ အလွန်သရဲဘောကြောင်မိသွားကြောင်း သတိပြုမိလိုက်သောကြောင့် ချမ်ရှောင်ဖျင် ရင်ကော့ခေါင်းမော့လိုက်မိသည်။ သို့သော်လည်း အရိုက်ခံရမည်ကို ကြောက်ရွံ့နေဆဲဖြစ်သောကြောင့် သူမ များစွာတင်းမာနေခြင်းမရှိဘဲ ပြောလိုက်ရသည်။

 “ နားမထောင်ချင်ဘူးဆိုလည်း နေပေါ့… ငါလည်း မပြောချင်ပါဘူးနော် …” 

ပြီးသည်နှင့် သူမ တံခါးမှအမြန်ပြေးထွက်သွားကာ လွတ်နေသည့် ခန်းမတွင်းသို့ ဝင်သွားခဲ့သည်။

ချန်မန်ပြန်ရောက်လာချိန်၌ လုဖျင်ကျိုး ဖြစ်ပျက်ခဲ့သည်များကို သူမထံပြောပြလိုက်သည်။ ပုံမှန်အားဖြင့် လူများ၏နောက်ကွယ်တွင် မကောင်းပြောခြင်းကို သူအထင်သေးလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ လိုအပ်သည်ဟု လုဖျင်ကျိုးတွေးမိခဲ့သည်။

ယနေ့တွင် ချမ်ရှောင်‌ဖျင်သည် သူ့အရှေ့တွင် ချန်မန့်မကောင်းကြောင်း ပြောခဲ့သည်ဆိုပါက တစ်နေ့နေ့တွင် သူ၏မကောင်းကြောင်းကိုလည်း ချန်မန်ထံသွားပြောပေလိမ့်မည်။ သူ့ထံတွင် ပါးစပ်ပါပြီး မည်သို့ရှင်းပြမည်ကို သိနေသည့်တိုင် အချိန်တိုင်း ဤသို့စော်ကားခံနေခြင်းမှာ ကောင်းသည့်အရာမဟုတ်ပေ။

အနာဂတ်တွင် ပြဿနာများလာမည်ကို ကာကွယ်နိုင်ရန်အတွက် ချန်မန်မှ ချမ်ရှောင်ဖျင်အား အနှေးနှင့်အမြန် ကိုင်တွယ်ခွင့်ပေးလိုက်ခြင်းမှာ ပို၍ကောင်းမည်ဟု သူတွေးထားခဲ့သည်။

ချန်မန်မှာမူ ချမ်ရှောင်ဖျင် သူမကိုအပုပ်ချကြောင်း သိလိုက်ရချိန်၌ အံဩသွားခြင်းမရှိခဲ့ပေ။ အနှီအမျိုးသမီးမှာ အနည်းငယ်စိတ်ထားယုတ်ညံ့သည်ဟူ၍သာ သူမခံစားလိုက်ရသည်။ လွန်ခဲ့သောရက်အနည်းငယ်ခန့်တွင် သူမနှင့်လုဖျင်ကျိုးတို့ကို သဘောထားကွဲလွဲစေရန် ကြိုးစားခဲ့ပြီး ယနေ့တွင်လည်း လုဖျင်ကျိုး၏အရှေ့တွင် သူမမကောင်းကြောင်းပြောနေပြန်သည်။

ကျစ် ကျစ် ကျစ်…

သူမ ထိုအကြောင်းကိုသိလိုက်ရသည့်တိုင် ချန်မန် ချမ်ရှောင်ဖျင်ကို ရန်သွားတွေ့မည်မဟုတ်ချေ။ ဤသည်မှာ သူမ သရဲဘောကြောင်ခြင်းကြောင့်မဟုတ်ဘဲ ဒါရိုက်တာဝမ်အပေါ် မျက်နှာသာပေးလိုသောကြောင့်ဖြစ်သည်။

လအစပိုင်းတွင် ဒါရိုက်တာဝမ်မှ ချမ်ရှောင်ဖျင်ကို နေရာပြောင်းပေးမည်ဟု ပြောလာခဲ့သော်လည်း ရလဒ်မထွက်ခင်ကာလအတွင်း ဆိုင်ထဲတွင် မည်သည့်ရန်ပွဲ သို့မဟုတ် ကတောက်ကဆဖြစ်ခြင်းမျိုးကိုမှ သူလိုချင်မည်မဟုတ်ပေ။

ဒါရိုက်တာဝမ်မှ ချမ်ရှောင်ဖျင်အား လစာဖြတ်၍ ဖိအားပေးလိုက်သော်လည်း ချန်မန်ကိုမူ တိုက်ရိုက်စကားပြောလာခဲ့သည်။

ယနေ့အချိန်အခါတွင် ဆိုင်တိုင်းမှာအစိုးရပိုင်ဖြစ်ပြီး ဒါရိုက်တာများထံတွင်လည်း အာဏာမှာအကန့်အသတ်ဖြစ်သာရှိသောကြောင့် မည်သည့်ဝန်ထမ်းမှာ နေခဲ့ရမည် သို့မဟုတ် ပြောင်းရွှေ့ရမည်အပေါ် အဆုံးအဖြတ်ပေးနိုင်ခြင်းမရှိချေ။ သို့သော်လည်း အပြောင်းအရွှေ့များမှာ မကြာခဏဖြစ်မနေသေးသရွေ့ လျှောက်လွှာအများစုကို ခွင့်ပြုပေးမည်ဖြစ်သည်။

၎င်းအတွက် အချိန်သာလိုအပ်လေသည်။

ဒါရိုက်တာဝမ်မှာ ချမ်ရှောင်ဖျင်အပေါ် မျက်စိစုံမှိတ်၍ ကာကွယ်ပေးမည်မဟုတ်သောကြောင့် သဘာဝကျစွာပင် ချန်မန်သည်လည်း သူ့အပေါ် မျက်နှာသာပေးရပေလိမ့်မည်။

ထို့အတွက်ကြောင့် လုဖျင်ကျိုး၏စကားကို ကြားရပြီးနောက် သူမ ပိုစိတ်ပူနေမိသည့်အရာမှာ အခြားတစ်ခုဖြစ်လေသည်။

“ ရှင်လူတွေကိုရိုက်ဖူးတယ်လား…”

လုဖျင်ကျိုး တုန့်ဆိုင်းသွားရပြီး ချန်မန်၏ သိလိုစိတ်ဖြင့် အရောင်တောက်နေသည့် မျက်လုံးများနှင့် ဆုံတွေ့ရန် သူ၏မျက်လုံးကိုအောက်ငုံ့ကာ သတိထား၍ပြောလိုက်သည်။

 “ ကိုယ်ကလေးတုန်းက ခြံဝန်းထဲက ကလေးတွေနဲ့ ရန်ဖြစ်တာကိုထည့်တွက်လား… ကိုယ် ပထမဆုံးတာ‌ဝန်ပေးခံရတုန်းကတော့ ကိုယ့်လက်အောက်က တပ်သားတွေမနာခံတဲ့အခါကြ ကိုယ်သူတို့နဲ့တိုက်ရတတ်တယ်…”

လုဖျင်ကျိုးမှာ အတိုက်အခိုက်တော်သောကြောင့် လူအများစုမှာ သူ့ကိုအနိုင်မတိုက်ကြချေ။ ထို့ကြောင့် သူ့အတွက် တိုက်ခိုက်ရခြင်းဆိုသည်မှာ ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်အား နာခံမှုရှိစေရန် အားသုံးပေးရခြင်းသာ ဖြစ်လေသည်။

သို့ဖြစ်ရာ ရက်စက်ကြမ်းကြုတ်သော အတိုက်အခိုက်သမားတစ်ဦးအဖြစ် နာမည်ကျော်သွားပြီးသည့်နောက် မည်သည့်ကမျှ သူ့အားစိန်မခေါ်ရဲတော့ချေ။ ယခုအချိန်၌ သူ၏လက်အောက်တွင် ပြဿနာရှာသူအချို့ ရှိလာမည်ဆိုလျှင်ပင် လုဖျင်ကျိုးအနေဖြင့် ရုပ်ပိုင်းဆိုင်ရာအရ တိုက်ရိုက်ပြစ်ဒဏ်ပေးလိုက်မည်ဖြစ်သည်။

ချန်မန် ခေါင်းကိုယမ်းကာ မေးလိုက်သည်။

 “ ရှင် အမျိုးသမီးတစ်ယောက်ကို ရိုက်ဖူးလား…”

လုဖျင်ကျိုး၏အမူအရာမှာ ရုတ်တရက်ဆိုသလို လေးနက်လာခဲ့သည်။

 “ စိတ်မပူပါနဲ့… ကိုယ်ဘယ်တုန်းကမှ အမျိုးသမီးတစ်ယောက်ကို မရိုက်ခဲ့ဖူးဘူး… ပြီးတော့ ကိုယ့်မှာ အကြမ်းဖက်တတ်တဲ့စိတ်မျိုးလည်းမရှိဘူး… ကိုယ်ကျိန်ဆိုပါတယ်… ကိုယ်တို့လက်ထပ်ပြီးတဲ့အခါကြရင် ကိုယ်မင်းအပေါ် ဘယ်တော့မှလက်ပါမှာ မဟုတ်ပါဘူး..”

ချန်မန် ရည်ရွယ်ချက်ရှ်ိရှိဖြင့်မေးလိုက်သည်။

 “ ရှင်က လက်နဲ့မရိုက်ပါဘူးဆိုတော့ ပါးစပ်နဲ့တော့ရိုက်မယ်ပေါ့လေ…”

လုဖျင်ကျိုး မျက်လုံးကိုအောက်စိုက်ကာ ချန်မန်ထံစိုက်ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။

 “ အဲ့အချိန်ကျရင် မင်းကိုယ့်ကိုကိုက်လိုက်လို့ရတယ်လေ…”

💝💝💝 👩‍❤️‍👨Chapter 29

☆“ မန်မန် ကိုယ့်ကိုလက်ထပ်ပါလား…” “ ကောင်းပါပြီရှင်…”☆

**

“ အဲ့အချိန်ကျရင် မင်းကိုယ့်ကိုကိုက်လိုက်လို့ရတယ်လေ…”

ချန်မန် မျက်လုံးများပြူးကျယ်သွားရပြီး မသိစိတ်အရ ဘယ်ညာကြည့်လိုက်မိသည်။ ချမ်ရှောင်ဖျင်မှာ အပြင်ဖက်တွင်ရပ်ကာ ဘေးချင်းကပ်လျက်ဆိုင်မှ လူများနှင့်စကားပြောနေပြီး အဒေါ်လောနှင့် ယန်မင်ကျစ်တို့မှာမူ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသောကြောင့် လုဖျင်ကျိုးပြောခဲ့သည်ကို မကြားကြမည်မှာ အသိသာပင်။

သူမ ပြန်လှည့်လာရာ လုဖျင်ကျိုး၏အကြည့်များမှာ လေးနက်နေသော်လည်း သူ၏နှုတ်ခမ်းထောင့်များမှာမူ မအောင့်နိုင်ဘဲ ကော့တက်နေခဲ့သည်။ ချန်မန်၏သံသယများ တဖြည်းဖြည်းနက်ရှိုင်းလာရကာ သူမ၏ပါးပြင်မှာ နီမြန်းလာပြီး အဆုံး၌ အဒေါ်လောနှင့်ကျန်သူများအား သွားကူပေးမည်ဟု အကြောင်းပြ၍ ထွက်ပြေးသွားလေသည်။

ဤသည်ကိုကြည့်ကာ လုဖျင်ကျိုးလည်း အနောက်မှလိုက်သွားလိုက်ပြီး ချန်မန်လုပ်သည့်အတိုင်း လိုက်လုပ်လိုက်သည်။

မီးဖိုချောင်ထဲတွင် နေ့လယ်တစ်ဆယ့်တစ်နာရီအထိ နေခဲ့ပြီးနောက် နေ့လယ်စာစားချိန်သို့ ရောက်လာပြီဖြစ်သည်။ ထို့ကြောင့် ချန်မန် အရှေ့ဘက်သို့သွားနေချိန်အတွင်း လုဖျင်ကျိုးမှာမူ ဟင်းပွဲများကူချပေးနေကာ မကြာခဏဆိုသလို ထွက်လာတတ်သည်။

လုဖျင်ကျိုး သူမကို မည်သို့မျှမလုပ်ခဲ့သည့်တိုင် ချမ်ရှောင်ဖျင် သူ့ကိုကြောက်နေမိဆဲပင်။ နေ့လယ်ခင်းတွင် သူမ စကားများများမပြောရဲဘဲ ထိုအစား ပုံမှန်ထက်ပို၍ အလုပ်ကိုသာဖိလုပ်ခဲ့သည်။

နေ့လယ်နှစ်နာရီအထိ အလုပ်လုပ်ပြီးနောက် ခဏနားလိုက်ကြသည်။

ယခင်တစ်ကြိမ်ကဲ့သို့ပင် လူနှစ်ဦးမှ ဆိုင်စောင့်ရန် ကျန်ရစ်ခဲ့ရမည်ဖြစ်သည်။

ချန်မန် တံခါးပိတ်လိုက်ပြီးနောက် အရှေ့ဘက်ခန်းမတွင်ထိုင်ကာ လုဖျင်ကျိုးနှင့် စကားပြောနေလိုက်သည်။

ထိုအချိန်အတွင်း လက်ထပ်ရန်အတွက် လာတင်တောင်းရန် သူမ သူ့ကိုပြောချင်မိသော်လည်း ထုတ်ပြောရမည်အပေါ် ချန်မန်ရှက်နေမိသည်။ ဤသို့ဖြင့် အချိန်နှစ်နာရီမှာ တခဏအတွင်းကုန်လွန်သွားခဲ့ကာ ဝန်ထမ်းများ တစ်ဦးပြီးတစ်ဦး ပြန်ရောက်လာကြသောကြောင့် ချန်မန်အတွက် ထုတ်ပြောဖို့ရန် ပို၍ခက်ခဲသွားခဲ့သည်။

ညရှစ်နာရီထိုးခါနီးအချိန် ဆိုင်သန့်ရှင်းရေးလုပ်နေစဉ် အဒေါ်လော ချန်မန်ထံ တိုးတိုးတိတ်တိတ်မေးလာသည်။

“ နင် ရှောင်လုကို လက်ထပ်ဖို့ကိစ္စအကြောင်းပြောပြီးသွားပြီလား…”

“ အခုထိမပြောရသေးဘူး…”

“ ဘာလို့‌မပြောရသေးတာလဲ..” 

အဒေါ်လော အံ့ဩသွားရသည်။ နေ့လယ်ခင်းနားချိန်အတွင်း ချန်မန် လုဖျင်ကျိုးထံ ပြောပြပြီးပြီဟု သူမထင်ထားမိခဲ့လေသည်။

ချန်မန် ခေါင်းငုံ့၍ ပြောလိုက်သည်။

 “ ကျွန်မ ဘယ်ကစပြောရမလဲမသိလို့…”

“ စပြောတာနဲ့ပတ်သက်ပြီး ဘာမှားလို့လဲဟဲ့…”

ထိုစကားများထွက်လာပြီးနောက်မှသာ အဒေါ်လော သတိပြန်ဝင်သွားခဲ့သည်။ သူမအနေဖြင့် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သောကြောင့် တားမြစ်ချက်မရှိသဖြင့် စပြောရန်လွယ်ကူသည်ဟု သူမခံစားမိခြင်းဖြစ်သည်။

သို့သော်လည်း ချန်မန်မှာမူ ငယ်ရွယ်ကာ အရှက်သည်းသည့်အရွယ်‌ဖြစ်လေသည်။ လုဖျင်ကျိုးမှ သူမထံ ဦးဆုံးလက်ထပ်ခွင့်တောင်းလာသည်ဆိုလျှင်ပင် ချန်မန်အနေဖြင့် မိဘများ၏အမြင်ကိုမေး၍ အဖြေပြန်ပေးရန်မှာ ရှက်ရွံ့နေပေလိမ့်မည်။

လက်တွေ့တွင် လက်ထပ်ကြမည့်ကိစ္စနှင့် ပတ်သက်လာလျှင် ယောင်္ကျားလေးဖက်မှ လက်ဦးမှုယူကြရသည်။ တစ်ကြိမ်မေး၍ အလုပ်မဖြစ်လျှင် ဒုတိယတစ်ကြိမ်ထပ်မေးရမည်ဖြစ်ပြီး ဒုတိယတစ်ကြိမ်ဖြင့် အဆင်မပြေလျှင် တတိယတစ်ကြိမ်မေးရမည်ဖြစ်လေသည်။ မည်မျှပင် မျက်နှာအရေပါးသူဖြစ်နေပါစေ ယောင်္ကျားလေးများအနေဖြင့် လုပ်ကိုလုပ်ရမည်ပင်။

ချန်မန်မှာ အလွန်အရှက်သည်းနေခဲ့ပြီး ထိုအချက်ကြောင့်ပင် လုဖျင်ကျိုး ယနေ့တွင် ဤကိစ္စနှင့်ပတ်သက်၍ ပြောမလာသေးသည်ဟု တွေးနေမိသည်။

အဒေါ်လော မီးဖိုချောင်တံခါးဝတွင် တံမြက်စည်းကို သန့်ရှင်းရေးလုပ်နေသည့် လူငယ်လေးထံလှမ်းကြည့်လိုက်သည်။ ရှောင်လုမှာ ယနေ့အတွက် နားရက်ယူထားပြီးပြီဖြစ်သောကြောင့် ဆိုင်ပိတ်ချိန်တွင် ချန်မန်ကို အသေအချာပြန်ပို့ပေးပေလိမ့်မည်။ ထို့ကြောင့် သူမ အသံကိုနှိမ့်ကာ ပြောလိုက်သည် ။

“ ကိစ္စမရှိပါဘူး နင့်မှာအချိန်တွေအများကြီးကျန်သေးတာပဲဟာ… ဘယ်အချိန်မဆိုပြောလို့ရပါတယ်…”

ဆိုင်မှာ ညရှစ်နာရီတွင် ပိတ်သွားပြီဖြစ်သည်။ အဒေါ်လော၊ ယန်မင်ကျစ်နှင့် ချမ်ရှောင်ဖျင်တို့မှာ ဦးတည်ရာတစ်ခုတည်းသို့ ပြန်သွားကြပြီး စက်ပစ္စည်းစက်ရုံဝန်းမှာမူ အခြားတစ်ဖက်တွင်ရှိသောကြောင့် လုဖျင်ကျိုး ချန်မန်ကို ကားမောင်း၍ ပြန်ပို့ပေးခဲ့သည်။

ယခင်တစ်ကြိမ်ကဲ့သို့ပင် ကားထဲသို့ရောက်သည်နှင့် လုဖျင်ကျိုးချက်ချင်းမမောင်းခဲ့ဘဲ သူ့ကိုယ်သူအတွက် အကျိုးခံစားခွင့်ယူချင်နေသည်။

ယခင်တစ်ကြိမ်မှ အတွေ့အကြုံကြောင့် ချန်မန် လုဖျင်ကျိုး သူမအနီးသို့ ကိုင်းချလာသည်ကို မြင်သည်နှင့် သူလုပ်မည့်အရာအား မှန်းဆမိသောကြောင့် အလျင်စလိုတားမြစ်လိုက်သည်။

 “ မလုပ်နဲ့…”

“ ဟင်…”

အသံနိမ့်နိမ့်ဖြင့် မေးသံတစ်ခုနှင့်အတူ လုဖျင်ကျိုး ချန်မန့်ပါးပြင်နှင့် နှစ်စင်တီမီတာခန့်ပင် မကွာသည့် အကွာအဝေးတွင် ရပ်တန့်သွားကာ သူ၏အသက်ရှုသံမှာမူ တစ်စုံတစ်ရာဖုံးကွယ်မှု မရှိပါဘဲနှင့် သူမ၏နားထဲသို့ သက်ဆင်းသွားခဲ့သည်။

ချန်မန်၏ပါးပြင်များ တဖြည်းဖြည်းပူနွေးလာရပြီး သူမ ခေါင်းအနည်းငယ်စောင်းကာ ပြောလိုက်သည်။

 “ အရင်တစ်ခေါက် ကျွန်မပြန်တုန်းက မိဘတွေက ကျွန်မကိုထွက်ရှာတော့မလို့လေ… ဒီနေ့တော့ စောစောပြန်မှရမယ်…”

“ သူတို့ကို ကိုယ်နဲ့အတူရှိနေတယ်လို့ မပြောခဲ့ဘူးလား…”

“ ပြောခဲ့တာပေါ့…” 

“ ဦးလေးနဲ့အဒေါ်ကကော ကိုယ်ဒီနေ့မင်းကိုလာတွေ့မယ်ဆိုတာ သိကြလား…”

“ အင်း သိတယ်လေ…”

လုဖျင်ကျိုး မှန်းဆလိုက်သည်။

 “ သူတို့လာမှာမဟုတ်ပါဘူးကွာ…”

ချန်မန်မှာ ထိုသို့မတွေးခဲ့ပေ။

 “ သူတို့ သေချာပေါက်ကျွန်မကိုလာရှာကြမှာ…” သူမ လုဖျင်ကျိုးထံ မော့ကြည့်လိုက်ပြီးနောက် ခေါင်းပြန်ငုံ့၍ ပြောပြလိုက်သည်။

 “ ကျွန်မတို့လုပ်ခဲ့တာကို သူတို့ခန့်မှန်းမိခဲ့တယ်ထင်တယ်… သူတို့ သိပ်ပြီးစိတ်ချမနေကြဘူး…”

လုဖျင်ကျိုး ခဏကြာ တိတ်သွားပြီးနောက် ပြန်မေးလိုက်သည်။

 “ ဒီလိုဆိုရင် အခု နမ်းကြမလား… နမ်းပြီးတာနဲ့ ကိုယ်မင်းကိုချက်ချင်းပြန်ပို့ပေးမယ်လေ… မင်းလမ်းလျှောက်တာလောက်တော့ နှေးမှာမဟုတ်ပါဘူး…”

ချန်မန် : “...”

ချန်မန် ပြန်ဖြေမလာသောကြောင့် လုဖျင်ကျိုး သူမသဘောတူသည်ဟု မှတ်ယူကာ ခေါင်းကိုတဖြည်းဖြည်းချင်း ငုံ့ကိုင်း၍ သူ၏နှုတ်ခမ်းကို သူမအပေါ်သို့ဖိကပ်လိုက်သည်။

ချန်မန်၏အတွေးအမြင်အရ အနမ်းပေးခြင်းဆိုသည်မှာ နှုတ်ခမ်းချင်းထိတွေ့သွားပြီး တခဏအတွင်း ပြန်ခွာလိုက်ကြခြင်းဖြစ်သည်။

 á€žá€­á€Żá€ˇá€žá€ąá€Źá€şá€œá€Šá€şá€¸ လုဖျင်ကျိုးမှာ ထိုသို့မတွေးကြောင်း သိသာလှသည်။ သူမ၏နှုတ်ခမ်းများနှင့် ထိသွားပြီးသည်နှင့် အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲယက်နေကာ သူမ၏ပါးစပ်ကိုဖွင့်စေပြီး စတင်၍အုပ်စိုးလိုက်သည်။

သို့တိုင်အောင် လုဖျင်ကျိုးမှာ သူ၏စကားကိုတည်ခဲ့ပြီး ချန်မန်ဆိုင်မှ ဝန်းစီသို့ ပုံမှန်လမ်းလျှောက်သည့်အချိန်အတိုင်း ကားမောင်းလာကာ စက်ရုံခြံဝန်းအရှေ့တွင် ကားရပ်လိုက်သည်။

ကားရပ်ပြီးသည်နှင့် လုဖျင်ကျိုး အပေါ်ထပ်မီးသီးကိုဖွင့်ကာ ချန်မန်ကိုကြည့်ရန် ခေါင်းမော့လိုက်သည်။

လိမ္မော်ရောင်မီးအလင်းအောက်တွင် ချန်မန်၏ဖြူဖွေးသော အသားအရေမှာ ပန်းရောင်ဖျော့ဖျော့သမ်းနေခဲ့သည်။ သူမ၏မျက်လုံးများတွင် မျက်ရည်များရစ်ဝဲလျက် နှုတ်ခမ်းများစိုစွတ်နေကာ သူ့ထံ တစ်စုံတစ်ရာပြောချင်နေသကဲ့သို့ ကြည့်နေသော်လည်း ရပ်တန့်သွားခဲ့သည်။

လုဖျင်ကျိုး မနေနိုင်တော့ဘဲ အနားသို့ငုံ့ကိုင်းကာ သူနှင့်ချန်မန်အကြားမှ အကွာအဝေးကိုနီးကပ်စေလိုက်သည်။

သို့သော်လည်း လက်ရှိရောက်နေသည်မှာ စက်ရုံခြံဝန်းဖြစ်သောကြောင့်  á€”á€ąá€Źá€€á€şá€€á€ťá€”á€ąá€žá€Šá€şá€†á€­á€Żá€œá€ťá€žá€„á€şá€•á€„á€ş လမ်းပေါ်တွင် မကြာခဏဆိုသလို သွားလာနေသူများရှိကြကာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည်လည်း အချိန်မှန်ကင်းလှည့်နေမည်မှာ ပြောရန်ပင်မလိုပေ။

ချန်မန် ချက်ချင်းဆိုသလို သတိကပ်သွားပြီး လုဖျင်ကျိုး အနားကပ်လာသည်ကို တားရန် လက်ဆန့်ထုတ်လိုက်သည် ။

“ လူလာနေတယ်…”

“ ကိုယ်မင်းကိုမထိပါဘူး…” 

လုဖျင်ကျိုး လက်ကိုဆန့်ကာ သူမ၏ဆံပင်ကို ထိလိုက်ပြီး အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။

 “ မင်းကိုယ်နဲ့ခဏလောက်ထိုင်ပေးမလားဟင်…”

“ ကျွန်မမိဘတွေက…”

“ ကားက ဒီမှာရပ်ထားတာပဲဟာ… သူတို့ထွက်လာတာနဲ့တွေ့မှာပါ…” 

လုဖျင်ကျိုး ဆိုလိုချင်သည်မှာ ဝမ့်ချိုးမိန်နှင့် ခင်ပွန်းသည်တို့ စိတ်ပူနေသောကြောင့် ထွက်လာရှာမည်ဆိုလျှင်ပင် သူတို့ကိုအလွယ်တကူရှာတွေ့နိုင်သည်။

သူမ မပြောရသေးသည့် စကားများကို တွေးမိလိုက်သောကြောင့် ချန်မန် နူးညံ့စွာပြောလိုက်မိသည်။

 “ အင်း ကောင်းပါပြီရှင်…” 

ထို့နောက် သူမ၏အရှေ့တွင်ရောက်နေသည့် လုဖျင်ကျိုးထံ လှမ်းကြည့်လိုက်လေသည်။

 “ ကောင်းကောင်းထိုင်နေ…”

လုဖျင်ကျိုး ပြုံးလျက် ယာဉ်မောင်းထိုင်ခုံပေါ်သို့ ပြန်ရောက်သွားသော်လည်း ကိုယ်တစ်ဖက်ကိုင်းထားဆဲဖြစ်ကာ သူ၏လက်များမှာ ချန်မန်၏လက်များကို ဆုပ်ကိုင်ထားခဲ့သည်။

လုဖျင်ကျိုး၏လက်ဖဝါးမှာ ချန်မန်၏လက်အပေါ် အုပ်မိုးထားရန် အပြည့်အဝကြီးမားသော်လည်း သူထိုသို့မလုပ်ခဲ့ချေ။ ၎င်းအစား ချန်မန်၏လက်ချောင်းများကို ဖြန့်လျက် တစ်ချောင်းချင်းစီ ပွတ်သပ်နေခဲ့သည်။

သူ၏လှုပ်ရှားမှုများမှာ လွန်စွာငြင်သာလှသည်။ ချန်မန် အနည်းငယ်ယားသည်ဟု ခံစားလာရသောကြောင့် မနေနိုင်တော့ဘဲ လုဖျင်ကျိုး၏လက်ကိုဖယ်ရန် သူမ၏လွတ်နေသော ကျန်လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရသည်။

သို့သော်လည်း ချန်မန်အတွက် ဤသည်မှာ ထောင်ချောက်တွင်းသို့ ကိုယ်တိုင်သွားမိခြင်းနှင့် တူနေခဲ့သည်။ လုဖျင်ကျိုးမှ သူ၏လွတ်နေသည့် ဘယ်လက်ကိုဆန့်ကာ သူမ၏ညာလက်ကို တုန့်ဆိုင်းခြင်းမရှိ ဆွဲယူလိုက်ပြီး သူ၏ယခင်အလုပ်ကို ဆက်လုပ်နေခဲ့သည်။

သူမ၏လက်ဖဝါးများမှ ယားယံမှုမှာ နှလုံးသားထဲသို့ နည်းနည်းချင်းစီ တိုးဝင်လာသောကြောင့် ချန်မန် ထိန်းမထားနိုင်တော့ဘဲ အော်လိုက်ရသည်။

 “ လုဖျင်ကျိုး…”

“ ဟင်…”

“ ကျွန်မပြန်သင့်ပြီ…”

“ ကိုယ်မင်းကို ပြန်မလွှတ်ချင်ဘူး…”

လုဖျင်ကျိုးမှာ သူမ၏အရှေ့တွင် လေးနက်နေလျှင်ဖြစ်စေ လေးနက်မနေလျှင်ဖြစ်စေ ဤသို့သော ကလေးဆန်သည့်စကားမျိုးကိုမူ ချန်မန် တစ်ခါမှ မကြားခဲ့ရဖူးပေ။ ထို့ကြောင့် ဤအခိုက်အတန့်တွင် သူမ မရယ်ဘဲမနေနိုင်ခဲ့ချေ။

 “ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကပြန်သွားရမယ်လေ…”

“ ဒါဆို ကိုယ်တို့ လက်ထပ်ကြမယ်…”

ယနေ့တစ်နေ့တာလုံးတွင် ချန်မန်တစ်ဦးတည်းသာ တုန့်ဆိုင်းနေမိခြင်းမဟုတ်ဘဲ လုဖျင်ကျိုးသည်လည်း တုန့်ဆိုင်းနေခဲ့သည်။

ချန်မန် သူမ၏မိဘများနှင့် တိုင်ပင်ရာမှ ရလဒ်ကိုသူသိ‌ချင်နေသော်လည်း အဖြေမှာ စိတ်ကျေနပ်ဖွယ်မကောင်းမည်ကို လုဖျင်ကျိုး စိုးရိမ်နေမိသည်။ ထို့အတွက်ကြောင့်သာ ယခုတစ်ကြိမ် သူဖွင့်မပြောခင်အထိ အကြိမ်ပေါင်းများစွာ စကားလုံးများကို ပြန်ပြန်မြိုချနေရခြင်းဖြစ်လေသည်။

 “ ကိုယ်တို့လက်ထပ်ပြီးတဲ့အခါကျရင် အလုပ်ပြီးတာနဲ့ ကိုယ်တို့အိမ်ကိုပြန်လာလို့ရပြီ… ပြီးတော့ အခုလို တစ်ပတ်မှတစ်ခါအစား နေ့တိုင်းတွေ့လို့ရမှာလေ…”

လက်တွေ့တွင် လုဖျင်ကျိုး သူမလေးနှင့် နေ့စဉ်နေ့တိုင်း တွေ့ချင်မိသည်။

သူ သူမကိုဖက်ထားချင်သည်၊ အနမ်းပေးချင်သည်၊ သူမနှင့်အတူအိပ်စက်ပြီး သူမနှင့်အတူနိုးထလာချင်သည်။ သို့သော်လည်း အများစုမှာ သူတို့လက်မထပ်ခင်အထိ လုပ်ရန်မဖြစ်နိုင်ပေ။

လုဖျင်ကျိုး ချန်မန်၏အနားသို့ ထပ်မံ၍တိုးကပ်လာကာ လက်ကိုမြှောက်၍ သူမ၏ပါးပြင်ကို ပွတ်သပ်လိုက်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။

 “ မန်မန် ကိုယ့်ကိုလက်ထပ်မလားဟင်…”

ချန်မန် မော့ကြည့်လာစဉ် သူမ၏အဖြူအမည်းမျက်လုံးများမှာ မျက်ရည်များရှိနေသကဲ့သို့ အနည်းငယ်စိုစွတ်နေခဲ့သည်။ သို့သော်လည်း သူမ၏မျက်လုံးများမှာ တဖြည်းဖြည်းချင်း ကွေးတက်သွားကာ မျက်ရည်များမှ အပြုံးတစ်ပွင့်အဖြစ်‌ ပြောင်းလဲသွားပြီး သူမ၏အသံမှာ ပေါ့ပါးကာ လေးနက်နေသည်။

 “ ကောင်းပါပြီရှင်…”

💝💝💝 👩‍❤️‍👨Chapter 30
စေ့စပ်ခြင်းအကြောင်း ဆွေးနွေးခြင်း


ဝမ့်ချိုးမိန်မှ လုဖျင်ကျိုးအနေဖြင့် မည်သည့်အချိန်တွင်မဆို လာရောက်တောင်းရမ်းနိုင်သည်ဟု ပြောခဲ့သော်လည်း ဤသည်မှာ လက်ထပ်ရန်ခွင့်ပြုချက် လာတောင်းခြင်းဖြစ်သောကြောင့် သူမမိဘများအားလပ်သည့်အချိန်ကိုသာ ရွေးချယ်သင့်သည်ဟု ချန်မန်တွေးခဲ့လေသည်။

စက်ပစ္စည်းစက်ရုံများအတွက် ပိတ်ရက်မှာ တနင်္ဂနွေနေ့သာ အသေဖြစ်သည်။ ဝန်ထမ်းများအနေဖြင့် ခွင့်ယူနိုင်သော်လည်း ထိုခေတ်အခါ၏ လက်ဆွဲဆောင်ပုဒ်မှာ “ ထုတ်လုပ်ရေးကို မြှင့်တင်ပြီး တော်လှန်ရေးကို ဆုပ်ကိုင်ထားပါ…” ဟူ၍ဖြစ်သောကြောင့် ထုတ်လုပ်ရေးကို မနှောင့်နှေးစေရန် လူအများမှာ ပိတ်ရက်တွင်သာ မင်္ဂလာပွဲကျင်းပကြပြီး တနင်္ဂနွေနေ့များ သို့မဟုတ် အလုပ်ဖွင့်ရက်များ၏ ညနေခင်းအချိန်များတွင် လုပ်လေ့ရှိကာ လူနည်းစုသည်သာ လက်ထပ်ရန်အတွက် ခွင့်ရက်ယူကြလေသည်။

လက်ထပ်ရန်အတွက် ခွင့်ရက်ယူခြင်းမှာ အခြားသောကိစ္စတစ်ခု ဖြစ်သော်လည်း ချန်မန်၏ဖခင်အတွက်မှာမူ စေ့စပ်ပွဲအတွက် ခွင့်ယူရရန်မှာ ခက်ခဲသောကြောင့် စေ့စေ့စပ်စပ်တွေးပြီးနောက်တွင် ချန်မန် လုဖျင်ကျိုးထံ တနင်္ဂနွေနေ့တွင် လာရောက်တောင်းရမ်းဖို့ ပြောလိုက်လေသည်။

လုဖျင်ကျိုးမှာမူ အမှန်တကယ်ပင် စောစီးစွာလာချင်ခဲ့ပြီး သူ့အတွက် ခွင့်ယူရမည်ဆိုလျှင်ပင် ပြဿနာမရှိပေ။ အဆုံး၌ သူ မနက်ခင်းတွင် သွားရောက်တောင်းရမ်းမည်‌ဆိုပါက လက်ထပ်မည့်ရက်ကို စောစီးစွာစီစဉ်နိုင်ပြီး ဇနီးမြန်မြန်ရနိုင်မည်ဖြစ်သည်။ သို့သော်လည်း ချန်မန်စဉ်းစားသည်မှာ မှန်နေသောကြောင့် လုဖျင်ကျိုး သူ၏ကျိုးကြောင်းဆီလျော်မှုကို မဆုံးရှုံးသွားစေခဲ့ပါချေ။

ထို့ထက်ပိုသည်မှာ သူလက်ထပ်ခွင့်တောင်းချင်သည်ဆိုလျှင်ပင် ပြင်ဆင်ရန်အချိန်လိုအပ်နေသေးသည်။

လုဖျင်ကျိုး၏မိခင်မှာ စောစီးစွာကွယ်လွန်သွားခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း ယွင်ပြည်နယ်မှ စစ်သားတစ်ဦးဖြစ်၏။ သူ၏ရာထူးမှ အလွယ်တကူထွက်လာနိုင်သည်အထိ အလွန်မြင့်မားသော်လည်း တောင်းရမ်းရမည့်အရေးမှာ သူကိုယ်တိုင်လုပ်ရမည်ကိစ္စဖြစ်သည်။ထို့ကြောင့် လုဖျင်ကျိုးအနေဖြင့် လိုအပ်သောကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ထားရန်လိုအပ်သည်။

သူ့ယောက္ခမများ၏အိမ်သို့ ပထမဦးဆုံးတစ်ကြိမ်ဖြင့် လက်ဗလာဖြင့် သွားမိခဲ့ခြင်းမှာ ပြဿနာမရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ လက်ထပ်ခွင့်တောင်းရန်အတွက် လာရမည်ဖြစ်သောကြောင့် သူ အသေအချာပင် ထပ်ဖြစ်စေ၍မရပေ။ အနည်းဆုံးအနေဖြင့် သူ ဆေးလိပ်အမျိုးအစားနှစ်မျိုး၊ အရက်နှင့် လက်ဖက်ခြောက်များကို ယူသွားရပေမည်။ သကြား၊ မုန့်အချိုများ၊ ဝက်သားတစ်ပိုင်းနှင့် ကြက်ဥအနည်းငယ်ကိုလည်း မေ့ထား၍မရချေ။

တင်တောင်းမည့်လက်ဆောင်များကိုလည်း လိုလိုမယ်မယ်ပြင်ထားရပေလိမ့်မည်။ ၎င်းတို့မှာ တောင်းရမ်းသည့်နေ့တွင် မလိုအပ်သေးသော်လည်း သူ အပြည့်အဝပြင်ဆင်ထားနိုင်ပါက မင်္ဂလာပွဲကိုစောစီးစွာ ကျင်းပနိုင်ပေလိမ့်မည်။

သတို့သမီးကြေးထဲတွင် ငွေကြေးအပြင် လက်ဆောင်ပစ္စည်းများလည်း ပါဝင်ရမည်။ ဦးဆုံးအနေဖြင့် ၎င်းတို့မှာ စာရင်းစာအုပ်တွင်ပါသည့်အတိုင်း အလွယ်တကူရနိုင်ကာ အချိန်ရှိလာလျှင် အသင်းဝင်အဖွဲ့၌ သွားရောက်ထုတ်ယူနိုင်သည်။ နောက်ပိုင်းအတွက်မှာမူ သူ့အနေဖြင့် လဲလှယ်ရန်အတွက် လူတစ်ဦးရှာထားရန် လိုလေသည်။

ထို့အပြင် လုဖျင်ကျိုးတစ်ဦးတည်းမှ သွားရောက်တောင်းရမ်း၍ မရသည်မှာ အသေအချာပင်ဖြစ်သည်။ ချန်မိသားစုသည် သူ့မိသားစုအခြေအနေကို သိနေခဲ့ပြီး နားလည်ပေးနိုင်သည့်တိုင် သူသည်သာ တစ်ဦးတည်းသွားခဲ့ပါက လက်ထပ်မည့်ကိစ္စအပေါ် သူသည် အလေးအနက်မထားသည်ဟု အပြင်လူများထင်သွားကြမည်မှာ မလွဲဧကန်ပင်။

သို့ဖြစ်ရာ သူနှင့်အတူလိုက်ပေးမည့်သူရှာရမည်ဖြစ်ပြီး ခေါင်းဆောင်၏ဇနီးဆိုလျှင် ပို၍သင့်တော်သည်။ လက်ရှိနေ့ရက်များတွင် လက်ထပ်ရန်အတွက် ခေါင်းဆောင်ထံသွား၍ ခွင့်ပြုမိန့်တင်ရသည်ဖြစ်သောကြောင့် တောင်းရမ်းဖို့အတွက် ခေါင်းဆောင်၏ဇနီးကို အကူအညီသွားတောင်းရန်မှာ အံ့အားသင့်ဖွယ်ကိစ္စမဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ လူကြီးတစ်ယောက်၏ အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်သောကြောင့် ထိုသူမှာ အသက်အရွယ်ကြီးရင့်ရမည်ဖြစ်ပြီး အလုပ်ရှိလျှင် ပို၍ကောင်းပေမည်။ ထိုအလုပ်မှာ အမျိုးသမီးရေးရာအဖွဲ့ သို့မဟုတ် လမ်းအဖွဲ့အစည်းမှဖြစ်လျှင် အကောင်းဆုံးဖြစ်ကာ ပုံမှန်အားဖြင့် ထိုအလုပ်လုပ်သော လူများမှာ ပို၍စိတ်အားထက်သန်ကာ ဂုဏ်ရှိကြခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း လိုအပ်ချက်အလွန်များမည်ဆိုလျှင် ကိုယ်စားပြုမည့်လူကို ရှာတွေ့ရန်လွယ်မည်မဟုတ်ချေ။ အဆုံး၌ စစ်တပ်ဆိုသည်မှာ အသက်အရွယ်ကြီးမြင့်မှုကြောင့် ရာထူးတိုးနိုင်သောနေရာမဟုတ်ပေ။သို့သော် အသက်ပိုကြီးသည့် စစ်သားဇနီးများ၏ ခင်ပွန်းသည်များမှာ မြင့်မားသောရာထူးများရှိကြသည်။

အသိရှိလျှင် ပြဿနာမရှိသော်လည်း အသိအကျွမ်းမဟုတ်ပါဘဲ ထိုကိစ္စကိုအကူအညီသွားတောင်းပါက အချောင်ခိုသူအဖြစ် အထင်လွဲခံရနိုင်သည်။ မျက်နှာမပြောင်သူအများစုပင် ၎င်းအပေါ် မခံစားနိုင်ကြပေ။

တိုက်ဆိုင်စွာဖြင့် လုဖျင်ကျိုးမှာ မျက်နှာပြောင်သည့်လူတစ်ဦးဖြစ်သည်။ သူ အလွယ်တကူ ပစ်မှတ်တစ်ခုရှာ၍ တစ်ဖက်လူထံ တန်းတန်းမတ်မတ်သွားလိုက်လေသည်။

သူချိန်နေသည့်သူမှာ သူတို့တပ်မှ တပ်ရင်းမှူးကတော်ဖြစ်သော ဝူရွှင်းယွီမှလွဲ၍ တခြားသူမဟုတ်ပေ။

ဝူရွှင်းယွီသည်လည်း လုဖျင်ကျိုးကို သိလေသည်။

ပထမဦးဆုံးအနေဖြင့် လေတပ်တွင် ရာထူးတိုးရန်မှာ အတော်အတန်လွယ်ကူသော်လည်း အသက်၂၆နှစ်တွင် ဒုတပ်ရင်းမှူးအဖြစ် ရာထူးတိုးနိုင်သူမှာ လက်တစ်ဆုပ်စာသာရှိသည်။ တပ်ရင်းမှူးကြီးသည်လည်း လုဖျင်ကျိုး၏ အရည်အချင်းများကို မြင်နိုင်သောကြောင့် သူမ ခင်ပွန်းသည်မှ ပြောပြသည်များကို မကြာခဏကြားခဲ့ရဖူးသည်။

ဒုတိယအချက်အနေဖြင့် သူမသည် စစ်တပ်ဝန်းတွင် အမျိုးသမီးရေးရာအဖွဲ့၌ အလုပ်လုပ်သူဖြစ်ကာ အမျိုးသမီးရေးရာအဖွဲ့ဆိုသည်မှာ အိမ်ထောင်ကျပြီးသူ စစ်သားဇနီးသည်များနှင့် ကလေးများကိုသာ စောင့်ရှောက်ပေးရသည့် အဖွဲ့အစည်းမျိုးမဟုတ်ဘဲ အိမ်ထောင်မကျသေးသည့် တပ်သားများကိုလည်း ကူညီပေးရသည်။ သူမတို့အနေဖြင့် လက်မထပ်ရသေးသော လူလွတ်တပ်သားများအတွက် အချိန်ပိုင်းအောင်သွယ်တော်အဖြစ် တာဝန်ယူကာ ဖြစ်နိုင်ခြေရှိသည့် တွဲဖက်များကို မိတ်ဆက်ပေးရလေ့ရှိသည်။

လုဖျင်ကျိုးမှာ လက်မထပ်ရသေးသည့် တပ်သားတစ်ယောက်ဖြစ်သည်။

ထို့အပြင် လုဖျင်ကျိုးမှာ အနည်းငယ်ပြဿနာရှာတတ်သူဖြစ်သည်။

အနှီပြဿနာကောင်လေးမှာ စစ်တပ်စည်းမျည်းများကို မနာခံသူမျိုးမဟုတ်သော်လည်း လက်ထပ်ရန်အရေးသို့ ရောက်လာလျှင် လွန်စွာမနာခံတတ်သူဖြစ်လေသည်။ နှစ်အတော်ကြာအတွင်း အမျိုးသမီးရေးရာအဖွဲ့မှ လုဖျင်ကျိုးထံ အမျိုးသမီးကောင်းလေးများစွာ မိတ်ဆက်ပေးခဲ့သော်လည်း သူက အားလုံးကို ငြင်းပစ်ခဲ့လေသည်။

လုဖျင်ကျိုးမှာ သာမန်ရုပ်ရည်နှင့် ထူးထူး‌ထွေထွေမရှိသော အရည်အချင်းရှိသူဆိုပါက ၎င်းမှာ ပြဿနာမဖြစ်နိုင်သော်လည်း သူသည် အလွန်ကြည့်ကောင်းကာ ထူးချွန်ပြီး သွားလေရာနေရာတွင် ထင်းထွက်နေခဲ့သည်။ သို့သော်လည်း ထိုသို့သောသူ၏လက်ထပ်ပွဲမှာ နှောင့်နှေးနေသောကြောင့် သူမတို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များအား အလုပ်မလုပ်ဘဲ စုဝေးနေသူများအဖြစ် မြင်သွားစေခဲ့သည်။

ထို့ထက်ပိုသည်မှာ လုဖျင်ကျိုးအား သဘောကျကြသည့် ခေါင်းဆောင်များမှာလည်း သူ၏အိမ်ထောင်ရေးနှင့်ပတ်သက်၍ လွန်စွာစိုးရိမ်နေကြသည်။ ဝူရွှမ်းယွီ၏ခင်ပွန်းသည်မှ သူမထံ ထိုအကြောင်းကို အကြိမ်ပေါင်းများစွာ ပြောခဲ့ကာ အလုပ်ပိုကြိုးစား၍ လုဖျင်ကျိုးကို တတ်နိုင်သမျှအမြန်ဆုံး တွဲဖက်ရှာပေးနိုင်ရန် မှာကြားခဲ့သည်။

သူမသည်သာ လုဖျင်ကျိုး၏မိခင်ဆိုပါက သူမ စီမံသည့်အတိုင်း လက်ထပ်ကိုထပ်ရမည်ဟူ၍သာ ဝူရွှင်းယွီ ပြန်ပြောလိုက်ရလေသည်။

အတိုချုံးဆိုရမည်ဆိုလျှင် သူမ အလွန်စိုးရိမ်နေမိသည်။

လွန်ခဲ့သောအချိန်အနည်းငယ်ခန့်က လုဖျင်ကျိုးတွင် ချစ်သူကောင်မလေးရနေသည့် သတင်းများပျံ့လာခဲ့သည်။ ထိုကောင်မလေးမှာ လင်းကျန်းမြို့ခံဖြစ်ကာ စက်ပစ္စည်းစက်ရုံခြံဝန်းတွင်နေ၍ ဖန်းချောင်လမ်းမှ အစိုးရပိုင်စားသောက်ဆိုင်တွင် အလုပ်လုပ်သူဖြစ်ကြောင်း ပြောလာကြသည်။ သတင်းများမှာ အလွန်လေးနက်နေသောကြောင့် စစ်တပ်ခြံဝန်းတစ်ခုလုံး ပွက်လောရိုက်နေပြီး လူတိုင်းမှာ လူစုကာ လုဖျင်ကျိုး၏ကောင်မလေးကို သွားကြည့်နေချင်ကြသည်။

အကယ်၍ အခြားသူတစ်ဦးသာ ရည်းစားရခဲ့သည်ဆိုလျှင် လူအများစိတ်ဝင်စားကြမည်မဟုတ်သော်လည်း မည်သူမှ လုဖျင်ကျိုးအား ခေါင်းမာသော လူလွတ်တစ်ဦးဖြစ်ခိုင်းသည်နည်း။

လုဖျင်ကျိုးမှာ စစ်သင်တန်းကျောင်းဆင်းပြီးသည်နှင့် လင်းကျန်းမြို့နယ် စစ်တပ်ဝန်းထဲတွင် တာဝန်ကျခဲ့သောကြောင့် လူပေါင်းများစွာမှာ သူ့အား ကြင်ဖက်တွေ့ပေးရန် စဉ်းစားခဲ့ကြသည်။ သို့သော်လည်း တစ်နှစ်မှသည်နှစ်နှစ် နှစ်နှစ်မှသည်သုံးနှစ် သုံးနှစ်မှသည်လေးနှစ် စသဖြင့်ကုန်လွန်လာခဲ့ပြီး ခြောက်နှစ်တိုင်တိုင်ရှိလာသော်လည်း လုဖျင်ကျိုးမှာ လူလွတ်သာဖြစ်နေသေးသည်။

ယခုအချိန်တွင်မူ သံမဏိသစ်ပင်ကြီးမှာ ပန်းပွင့်လာလေရာ ဤသည်မှာ လူတိုင်း၏သိချင်စိတ်ကို နှိုးဆွနေခြင်းမဟုတ်ပါ၏လော…

အမျိုးသမီးရေးရာအဖွဲ့တွင်ပင် သိချင်သူများစွာ ရှိနေကြလေရာ ဝူရွှင်းယွီ မကြာခဏဆိုသလို တွေးနေမိသည်။ မည်ကဲ့သို့သော နတ်သမီးလေးမှ လုဖျင်ကျိုးကို တွဲဖက်အဖြစ် သဘောတူလာစေခဲ့သည်နည်း။

သို့သော်လည်း အနှီခေါင်းမာသူမှ လက်တွဲဖော်ရှာတွေ့သွားခြင်းကြောင့် ဝူရွှင်းယီအား စိတ်အတော်အတန်ချမ်းသာသွားစေကာ သူမ၏ အောင်သွယ်တော်စွမ်းရည်အပေါ် လုဖျင်ကျိုးကြောင့် သံသယဝင်နေမိခြင်း မရှိတော့ချေ။

သေချာပေါက်ပင် ဤသည်မှာ လုဖျင်ကျိုးနှင့် သူ‌၏ကောင်မလေးတို့ အတူရှိနေကြခြင်းအပေါ် အခြေခံထားခြင်းဖြစ်သည်။

ထို့အတွက်ကြောင့် တောင်းရမ်းရာတွင် ကူညီပေးရန် လုဖျင်ကျိုး ဝူရွှင်းယွီထံ လာပြောစဉ်အခါက သူမ တုန့်ဆိုင်းခြင်းမရှိ သဘောတူခဲ့သည်။

ဝူရွှင်းယွီ သူမကိုယ်တိုင် သွားမည်သာမက အတူအဖော်လိုက်ပေးမည့်သူကိုပါ ရှာတွေ့ခဲ့သည်။ သို့သော်လည်း သူမအတွက် အဖော်ခေါ်သွားရန်မှာ အနည်းငယ်မသင့်တော်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူမနှင့်အဖော်လိုက်ပေးမည့်သူမှာ မိသားစုခြံဝန်း၏ အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူးမဟုတ်ဘဲ စက်ပစ္စည်းစက်ရုံ၏ အမျိုးသမီးရေးရာအဖွဲ့မှ ဒါရိုက်တာလျိုဖြစ်နေခြင်းကြောင့်ပင်။

ဒါရိုက်တာလျိုကိုရှာရန်မှာ အမှန်စင်စစ်အားဖြင့် လုဖျင်ကျိုး၏အကြံဖြစ်လေသည်။

သူတို့၏ဆက်ဆံရေးမှာ အဆင်ပြေနေသည်ဆိုသော်လည်း ရှဲ့ကျီမင်ပြောခဲ့သည်ကို လုဖျင်ကျိုး အမြဲလိုမှတ်မိနေခဲ့သည်။ သူ၏ အကြီးမားဆုံး အားနည်းချက်မှာ ချန်မိသားစုမှ သူ့အပေါ် ကောင်းစွာမသိနေခြင်းဖြစ်ကြောင်း လုဖျင်ကျိုး ရှင်းရှင်းလင်းလင်းသိနေခဲ့သည်။ ထို့ကြောင့်ပင် သူ ချန်မိသားစု၏ယုံကြည်မှုကိုရရန် ဆက်တိုက်ကြိုးစားနေရခြင်းဖြစ်သည်။

သူတို့ချိန်းတွေ့ချိန်တိုင်း ကားဖြင့် အသွားအပြန်မောင်းပို့ပေးခြင်းမှာ ပထမဆုံးခြေလှမ်းဖြစ်သည်။

ဤသည်မှာ ကြွားဝါရန်မဟုတ်ပေ။ သို့သော်လည်း လက်ရှိခေတ်တွင် လေးဘီးတပ်ယာဉ်များမှာ ရှားပါးလှသောကြောင့် သူသာ ချိန်းတွေ့ရန်နေရာသို့ ကားမောင်းလာနိုင်ပါက အနည်းဆုံးအနေဖြင့် လူလိမ်တစ်ယောက်ဟု ထင်ခံရမည်မဟုတ်တော့ချေ။

ဒုတိယခြေလှမ်းမှာ သူ၏ခေါင်းဆောင်ထံ သူတို့တွဲနေပြီဖြစ်ကြောင်း ပြောပြခြင်းပင်ဖြစ်သည်။

သူ၏ခေါင်းဆောင်နှင့် ဇနီးသည်တို့မှာ ဆက်ဆံရေးကောင်းသောကြောင့် လုဖျင်ကျိုးအနေဖြင့် အထူးတလည်လူတိုင်းကို လိုက်ပြောပြနေရန်မလိုချေ။ သူ၏ခေါင်းဆောင်သိသွားခြင်းမှာ ဇနီးဖြစ်သူသိသွားခြင်းနှင့် တူညီလေသည်။ ဤသို့ဖြင့် ခေါင်းဆောင်၏ဇနီးသည်သိပါက တပ်ရင်းရှိ လူအားလုံးသိနိုင်ကြပေလိမ့်မည်။

လု‌ဖျင်ကျိုး ဟိုဟိုသည်သည်လိုက်မေးခဲ့သောကြောင့် သူတို့၏စစ်တပ်ဝန်းထဲတွင် စက်ပစ္စည်းစက်ရုံ၌ အလုပ်လုပ်သူများရှိကြောင်း သိခဲ့ရသည်။ ချန်မိသားစုမှာ သမီးဖြစ်သူကို အလွန်ချစ်မြတ်နိုးသောကြောင့် သူ့အကြောင်းစုံစမ်းမည်မှာ အသေအချာပင်ဖြစ်ပြီး အခြေအနေကို သိသွားကြပေလိမ့်မည်။

ဤသို့ဖြင့် အချိန်အနည်းငယ်ကြာပြီးနောက်တွင် လုဖျင်ကျိုးဟူသည့် သူစိမ်းတစ်ယောက်မှာ လူတိုင်းသိကြသူတစ်ဦး ဖြစ်လာခဲ့လေသည်။

တတိယခြေလှမ်းကို အခုလှမ်းမည်ဖြစ်သည်။ အမျိုးသမီးရေးရာအဖွဲ့မှာ အခြားသောအဖွဲ့အစည်းများနှင့် မတူပေ။ ဌာနတစ်ခုစီတိုင်းတွင် အမျိုးသမီးရေးရာရုံးခန်းတစ်ခုစီရှိသော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့မှာ အဆက်အဆံမရှိကြချေ။ သူတို့၏အထက်မှ ဌာနများမှမူ ခရိုင်နှင့် မြူနီစပယ်အမျိုးသမီးဌာနချုပ်များဖြစ်ကြသည်။

ထို့အတွက်ကြောင့် သူတို့အနေဖြင့် လုပ်ငန်း‌စဉ်များကို သတင်းပို့ရန်နှင့် အကြံဉာဏ်များလေ့လာသင်ယူရန်တို့အတွက် တစ်နှစ်လျှင်တစ်ကြိမ် ခရိုင်နှင့်မြူနီစပယ်အမျိုးသမီးဌာနချုပ်သို့ သွားရောက်ရမည်ဖြစ်သည်။

ဝူရွှင်းယွီနှင့် ဒါရိုက်တာတို့မှာ အကြံဉာဏ်များဖလှယ်ရာတွင် ဆုံတွေ့ခဲ့ဖူးသော်လည်း အချင်းချင်းမရင်းနှီးကြချေ။ သို့သော်လည်း ယခုအချိန် လုဖျင်ကျိုးမှ စက်ပစ္စည်းစက်ရုံ၏အမျိုးသမီးရေးရာအဖွဲ့ကို သိသည်လားဟု သူမထံမေးလာစဉ် ထိုသူမှာ သူမခေါင်းထဲထွက်ပေါ်လာပြီး တစ်ဖက်လူကိုလည်း အတူသွားရန် ဖိတ်ခေါ်လိုက်မည်ဟု ဝူရွှင်းယွီသဘောတူလိုက်ခြင်းဖြစ်သည်။

လုဖျင်ကျိုးမှာမူ ထိုသတင်းကိုသိလိုက်ရချိန်၌ ပို၍ပျော်သွားခဲ့သည်။ အမျိုးသမီးရေးရာအဖွဲ့မှာ အစိုးရပိုင်အဖွဲ့အစည်းမဟုတ်သော်လည်း ဖြစ်တည်လာသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သောကြောင့် သာမန်လူများ၏နှလုံးသားထဲတွင် ဂုဏ်သိက္ခာကြီးကြီးမားမားရယူထားနိုင်ခဲ့သည်။

ထို့ထက်ပိုသည်မှာ ချန်စုဝေ့နှင့်သူ၏သားတို့သည် စက်ပစ္စည်းစက်ရုံ၏ဝန်ထမ်းများဖြစ်သောကြောင့် ဒါရိုက်တာလျိုကို သိနေနိုင်သည်။ သူ့ကိုယ်ရေးအချက်အလက်အကြောင်း သူမ၏သက်သေခံချက်နှင့်ဆိုလျှင် လက်ထပ်ရန်သဘောတူရာတွင် ဝမ့်ချိုးမိန်နှင့် ခင်ပွန်းတို့မှာ ပို၍စိတ်သက်ရာရပေလိမ့်မည်။

ပြင်ဆင်မှုအတွဲလိုက်ကြီးအပြီးတွင် တစ်ပတ်တာမှာ များစွာမကြာလိုက်ကြောင်း လုဖျင်ကျိုးသိလိုက်ရသည်။ တနင်္ဂနွေနေ့သို့ရောက်ချိန်၌ သူ ကြိုတွေးထားပြီဖြစ်သော်လည်း ပြင်ဆင်မှုအားလုံး ပြီးပြည့်စုံသွားပြီဟု လုဖျင်ကျိုး အာမမခံရဲခဲ့ပေ။

သည့်အတွက်ကြောင့် စက်ပစ္စည်းစက်ရုံခြံဝန်းသို့ လာနေသည့်လမ်းတလျောက်တွင် လုဖျင်ကျိုး မျက်မှောင်သာကြုတ်ထားနေမိကာ တောင်းရမ်းရန်လာသည်ထက် ပြဿနာရှာရန်လာသည်နှင့် ပို၍တူနေသောကြောင့် ဝူရွှင်းယွီ သူ့ထံ အကြိမ်ရေများစွာပြောလိုက်ရသည်။

စက်ရုံခြံဝန်းသို့ရောက်လာချိန် လုဖျင်ကျိုး ကားထဲမှထွက်ရန်ပြင်လိုက်စဉ် ဝူရွှင်းယွီပြောလာခဲ့သည်။

 “ မင်းဒီအတိုင်း လက်ထပ်ခွင့်သွားတောင်းတော့မလို့လား…”

လုဖျင်ကျိုး ပြန်ထိုင်လိုက်ပြီး သူ့ကိုယ်သူခေါင်းအစခြေအဆုံးကြည့်ကာ စစ်ဦးထုပ်ကိုပင် ပြန်လည်ချိန်ညှိလိုက်ပြီး မေးလိုက်သည်။

“ ကျွန်တော့်မှာ ဘာပြဿနာရှိလို့လဲ…”

“ မင်းမျက်နှာပေါ်မှာ အပြုံးတောင်မရှိတာ မင့်တွဲဖက်ရဲ့မိသားစုက မင်းကိုတွေ့လို့ ဝမ်းသာသွားပါ့မလား…”

လုဖျင်ကျိုး ကြောင်သွားရပြီး ကြိုးစား၍ အပြုံးတစ်ခုညှစ်ထုတ်ကာ မေးလိုက်သည်။

 “ ဒီလိုဆိုရင် အဆင်ပြေပြီလားမသိဘူး…”

လုဖျင်ကျိုး၏မျက်နှာပေါ်မှ တောင့်တင်းနေသည့်အပြုံးကိုကြည့်ကာ ဝူရွှင်းယွီ ခဏကြာတိတ်သွားရသည်။

 “ မင်းမပြုံးတာပိုကောင်းမယ်ထင်တယ်…”

လုဖျင်ကျိုး : “...”

ကားတံခါးကိုဖွင့်ကာ ကားထဲမှထွက်လာပြီးနောက် လုဖျင်ကျိုး အနောက်ဘက်တံခါးမှ ပြင်ဆင်လာသည့် လက်ဆောင်ပစ္စည်းများကို ထုတ်ယူလိုက်ပြီး အကြမ်းဖျင်းရေတွက်လိုက်သည်။ အရည်အသွေးမြင့် ဆေးလိပ်တစ်ထုပ်၊ လက်ဆောင်ဘူးထဲတွင် အရက်ဖြူနှစ်ပုလင်း၊ ဖုအာလက်ဖက်ခြောက်တစ်သေတ္တာ၊ ကိတ်မုန့်တစ်ဘူး၊ နှစ်ပေါင်ရှိသည့်ဝက်သားတစ်ပိုင်းနှင့် ကြက်ဥအချို့တို့ဖြစ်လေသည်။

ပစ္စည်းများကိုထုတ်ယူပြီးနောက် လုဖျင်ကျိုး မေးလိုက်သည်။

 “ ဒါရိုက်တာဝူ ကျွန်တော် တစ်ခုခုထပ်ဖြည့်ရဦးမယ်လို့ ထင်မိလား…”

“ မင်းက ဘာကိုထပ်ဖြည့်ချင်လို့လဲ..” 

ဝူရွှင်းယွီ စပ်စပ်စုစုဖြင့်မေးလိုက်မိကာ လုဖျင်ကျိုး၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည့် စိတ်လှုပ်ရှားနေမှုကို မြင်လိုက်ရသောကြောင့် သူမပြောလိုက်သည်။

 “ ဘာမှထပ်ထည့်ဖို့မလိုတော့ဘူး… မင်းလက်ဆောင်တွေ အများကြီးဝယ်လာပြီးနေပါပြီ…”

ဤသည်မှာ အမှန်ပင်။ လက်ရှိခေတ်တွင် လာတောင်းရမ်းစဉ် အသားတစ်ပိုင်းနှင့် ကြက်ဥခြင်းဝက်ခန့် ယူလာရုံဖြင့် လုံလောက်နေပြီဖြစ်ပြီး ထို့ထက်ပိုသည်မှာ လုဖျင်ကျိုးမှာ ဆေးလိပ်၊ အရက်၊ လက်‌ဖက်နှင့် ကိတ်မုန့်များကို ပြင်ဆင်လာခဲ့ကာ ၎င်းတို့ထဲမှ ပစ္စည်းတစ်ခုဖြင့်ပင် တောင်းရမ်းမည့်အခြေအနေကို ကောင်းကောင်းထောက်ပံ့ပေးနိုင်သည်။

လုဖျင်ကျိုး သက်ပြင်းရှည်ကြီးတချက်ချပြီးနောက် ကားတံခါးကိုပိတ်ကာ မေးလိုက်သည်။

 “ ကျွန်တော်တို့ ဒါရိုက်တာလျိုရဲ့အိမ်ကို အရင်ဆုံးသွားရမှာမလား…”

“ မဟုတ်ဘူး ငါသူနဲ့ချိန်းထားတယ်… သူပြောတာတော့ စားနပ်ရိက္ခာနဲ့ဈေးကွက်ရှာဖွေရေး သမဝါယမဂိတ်ပေါက်မှာ စောင့်နေမယ်တဲ့…”

 á€•ဟ္ဏပဟဎးန္ဏက် ဝူရွှင်းယွီ သတိရသွားပြီး မေးလိုက်ရသည်။

 “ မင်း စားနပ်ရိက္ခာနဲ့ ဈေးကွက်ရှာဖွေရေး သမဝါယမက ဘယ်နားရှိလဲဆိုတာတော့ သိတယ်မလား…”

လုဖျင်ကျိုး ခေါင်းညိတ်ပြလိုက်ပြီး “ ကျွန်တော်သိပါတယ်…” ဟုပြောလိုက်သည်။ 

ဝန်ထမ်းအိမ်ယာထဲသို့ ဝင်လာပြီးနောက် သူတို့ စားနပ်ရိက္ခာနှင့် ဈေးကွက်ရှာဖွေရေး သမဝါယမသို့ သွားလိုက်ကြသည်။

ယနေ့မှာ တနင်္ဂနွေနေ့ဖြစ်သောကြောင့် ဝန်းထဲတွင် လူအပြည့်ဖြစ်နေကာ အချို့မှာ သွားလိုက်ပြန်လိုက်ဖြင့် လမ်းလျှောက်နေကြပြီး အချို့မှာမူ လမ်းဘေးတွင်ထိုင်စကားပြောနေကြသည်။ စားနပ်ရိက္ခာနှင့် ဈေးကွက်ရှာဖွေရေး သမဝါယမ၏ တံခါးနားတွင်မူ လူများပို၍ရှိနေကာ တံခါးအရှေ့တွင် အုတ်စားပွဲရှည်ကြီးနှစ်ခုနှင့်အတူ သစ်သားပြားများသုံးထားသည့် ပင်ပေါင်စားပွဲများလည်းရှိပြီး အတွင်းအပြင်ကို ဝိုင်းရံထားသည့်လူအုပ်ကြီးမှာ သုံးထပ်ပင်ရှိလေသည်။

သူတို့ရောက်လာချိန်၌ ဒါရိုက်တာလျိုမှာ လူအုပ်ကြီးထဲတွင်ရပ်လျက် ပင်ပေါင်ကစားသည်ကို ကြည့်နေခဲ့သည်။ တစ်စုံတစ်ယောက်မှ သူမပခုံးကိုပုတ်ကာ သူမကိုရှာနေသူရှိကြောင်း ပြောလာသည့်အခါမှသာ ဒါရိုက်တာလျိုမှာ အလုပ်ရှိသည်ကို သတိရသွားပြီး လူအုပ်ကြီးထဲမှ တိုးထွက်၍ အော်ပြောလိုက်သည်။

 “ အစ်မဝူရေ အိုးး ဒါက ရဲဘော်လုလား… ကောင်မလေးမန်မန်က ရုပ်ချောချောကောင်လေးရသွားပြီလို့ လူတွေပြောတာပဲကြားခဲ့ရတာ ကိုယ်တိုင်တွေ့တော့မှ အမှန်ဖြစ်နေတာပဲရှင်…”

လုဖျင်ကျိုး ပစ္စည်းများကို လက်တစ်ဖက်ဖြင့်စုကိုင်ကာ ကျန်လက်တစ်ဖက်ကို ဆန့်ထုတ်၍ပြောလိုက်သည်။

 “ ဒီနေ့တော့ အနှောင့်အယှက်‌ဖြစ်စေမိပြီ… ကျေးဇူးတင်ပါတယ်ဗျာ…”

ဒါရိုက်တာလျိုမှာ တက်ကြွသောစိတ်နေစိတ်ထားရှိပြီး လုဖျင်ကျိုးပြောလာချိန်၌ သူမလက်ကိုယမ်းကာ ပြောလိုက်သည်။

 “ ပြဿနာမရှိပါဘူး… ဘာအနှောင့်အယှက်မှမဖြစ်ဘူး… ငါလည်း ပျော်ပွဲရွှင်ပွဲဆို ပါရတာကြိုက်တယ်လေ… မင်းငါ့ကိုမရှာလာရင်တောင် သတင်းကြားတာနဲ့ ငါ လောင်ချန့်အိမ်ကိုအပြေးသွားမှာပါကွယ်…”

သူတို့သုံးဦးသားမှာ စားနပ်ရိက္ခာနှင့် ဈေးကွက်ရှာဖွေရေး သမဝါယမ၏တံခါးဝတွင် ကြာရှည်မနေခဲ့ဘဲ အကြမ်းဖျင်းမိတ်ဆက်ပေးပြီးနောက် ချန်မိသားစုအိမ်သို့ ထွက်လာလိုက်ကြသည်။

လုဖျင်ကျိုးမှာ ချန်မိသားစုအိမ်သို့ နှစ်ကြိမ်ရောက်ဖူးပြီး ထိုနေရာမှာ လူများစွာနှင့်ဆုံခဲ့ဖူးသော်လည်း ဝန်းထဲရှိ လူတိုင်းမှာ သူ့ကိုမသိကြပေ။ ထို့ထက်ပိုသည်မှာ စားနပ်ရိက္ခာနှင့် ဈေးကွက်ရှာဖွေရေး သမဝါယမမှ ချန်မိသားစုအိမ်သို့ သွားရာလမ်းသည် အပိုင်းတိုလေးမျှသာ ထပ်နေသောကြောင့် သူ့ကိုသိသည့်လူများနှင့် မတွေ့ခဲ့ပါချေ။

ဒါရိုက်တာလျိုမှာမူ ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူဟောင်းဖြစ်သည့်အပြင် အမျိုးသမီးအဖွဲ့တွင်လည်း အလုပ်လုပ်သူဖြစ်သောကြောင့် စက်ရုံအိမ်ယာဝန်းထဲတွင် သူမ မသိသည့်သူမရှိဟုဆိုနိုင်ပြီး တူညီစွာပင် လူတိုင်းမှာ သူမကိုသိကြသည်။

ဒါရိုက်တာလျို၏ဘေးတွင် အထုပ်အပိုးများ လက်ထဲတွင်ကိုင်လျက် လျှောက်လာသောလုဖျင်ကျိုးကို ကြည့်ကာ အနည်းငယ်အသက်ပိုကြီးသူတိုင်း မည်သည့်အရာဖြစ်ပျက်နေသည်ကို သဘောပေါက်သွားခဲ့သည်။ ထိုသူများမှ စ‌တင်မေးမြန်းလာကြကာ သူတို့မူရင်းလုပ်နေသည်များကို ဘေးချ၍ ပျော်ပွဲရွှင်ပွဲတွင်ပါဝင်ရန် လိုက်လာခဲ့ကြလေသည်။

ဤသို့ဖြင့် ချန်မိသားစုအိမ်အပြင်ဖက်လမ်းသို့ သူတို့သုံးဦးရောက်ချိန်၌ အနားတွင် လူဒါဇင်အနည်းငယ်ဝိုင်းဖွဲ့‌ပြီးနေပြီဖြစ်သည်။

ချန်မန်၏ကောင်လေးမှ လာရောက်တောင်းရမ်းကြောင်းသတင်းမှာ ပျံ့နှံ့သွားပြီး လူအုပ်ကြီးပေါ်လာသည်နှင့် အနည်းငယ်အသက်ကြီးပုံရသော ကလေးတစ်ဦးမှ ခြံဝန်းအမှတ်၂၇ထဲသို့ ပြေးဝင်သွားကာ အော်ပြောလိုက်သည်။

 “ သူလာပြီ သူလာပြီ… အစ်မမန်မန်ရဲ့ကောင်လေးရောက်လာပြီဗျို့…”

Search Novels