💓💓💓 👩‍❤️‍👨Chapter 46
ကြီးမားသောရိတ်သိမ်းမှု 

ချန်မန်က တိတ်တိတ်ကလေး ရယ်မောလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ချေ။ သူမက သူ့ဆီမှ သံဗူးကို ယူလိုက်သည်။ သူမက ကြီးမားသော အစိတ်အပိုင်းကို ဂရုစိုက်ရမည်ဖြစ်ရာ သေးငယ်သောအစိတ်အပိုင်းများကြောင့် အမှားအယွင်း အဖြစ်မခံသင့်ပေ။

သံဗူးထဲတွင် ငွေများရှိနေသော်လည်း အောက်ခြေတွင် ငွေစက္ကူအရွက်ကြီးများ တွေ့ရန်ကိုမူ အနည်းဆုံးသာ မျှော်လင့်နိုင်ပေမည်။ အခြားသော ငွေစက္ကူများမှာ အကြွေအနုတ်များ ဖြစ်၍ တစ်ယွမ်တန် နှစ်ယွမ်တန်များသာ ဖြစ်သည်။ ထိုငွေများသည် မနေ့ကရသော လက်ဆောင်များ (လက်ဖွဲ့များ) ဖြစ်သည်။ ပမာဏက များသောကြောင့် အားလုံးပေါင်းလိုက်လျှင် ခြောက်ဆယ်ယွမ်ထက် ပိုပေလိမ့်မည်။

ရေတွက်ပြီးသောအခါ သံဗူးထဲတွင် တစ်ရာ့လေးယွမ်နှင့် သုံးဆယ့်ငါးဆင့် ရှိလေသည်။

ငွေများအပြင် သံဗူးထဲတွင် လက်မှတ်များလည်း ရှိလေသည်။ အများစုမှာ အစေ့အဆန်လက်မှတ်များဖြစ်ပြီး ပေါင်းလိုက်လျှင် ငါးဆယ်ကီလိုဂရမ်ထက် ကျော်ပေလိမ့်မည်။ ၎င်းနောက် အမျိုးမျိုးသော သာမန်စားသောက်ကုန်လက်မှတ်များနှင့် စက်မှုထုတ်ကုန်လက်မှတ်များ ရှိသည်။ ကျန်သောလက်မှတ်များမှာ အသားငါးလက်မှတ်၊ ဆီလက်မှတ်၊ အဝတ်အစားလက်မှတ်နှင့် ဆေးရွက်ကြီး (ဆေးလိပ်၊စီးကရက်) လက်မှတ်များဖြစ်ကာ တစ်မျိုးလျှင် အနည်းငယ်စီမျှ ဖြစ်သည်။

ချန်မန်က စီးကရက်လက်မှတ်ကို ကောက်ယူလိုက်ပြီး မေးလိုက်သည်။

"ရှင်က ဆေးလိပ်သောက်တတ်တာလား..."

သူမက သူ စီးကရက် ဝယ်ယူသည်ကို မြင်ဖူးသော်လည်း စီးကရက် သောက်သည်ကိုမူ တစ်ခါမျှ မမြင်ဘူးချေ။

"တစ်ခါတစ်လေပေါ့... ကိုယ်က တစ်လကို တစ်ဗူးလောက်တော့ ဝယ်ပါတယ်... ကိုယ်သောက်တာက နည်းနည်း သူများတွေကို ပေးလိုက်တာက များများပါ..."

စစ်တပ်ထဲတွင် ဆေးလိပ်စွဲနေသူ အများအပြားရှိသည်။ သူကသာ ဆေးလိပ်လုံးဝမသောက်လျှင် အပေါင်းအသင်းများကြားတွင် ဝင်ဆံ့နိုင်မည် မဟုတ်ချေ။ သို့သော်လည်း သူက မည်သည်ကိုမျှ စွဲစွဲလမ်းလမ်း ဖြစ်မနေချေ။ သာမန်အားဖြင့် သူဝယ်ထားသော စီးကရက်များကို အခြားသူများသို့ ပေးကမ်းလေ့ရှိပြီး အခြားသူများကလည်း သူ့ကို စီးကရက်ပေးလေ့ရှိသည်။ အားလုံးပေါင်းလိုက်သော် တစ်လလျှင် သူ စီးကရက် ခုနှစ်လိပ် ရှစ်လိပ်ခန့် သောက်ဖြစ်ပေသည်။

သူက မိတ်ဆွေအပေါင်းအသင်း ပေါများသည်ကို ချန်မန်သိသော်လည်း သူမက စီးကရက်အနံ့ကို မနှစ်မြို့ပေ။ ထို့ကြောင့် သူမက အကြံပေးလိုက်သည်။

"စည်းကမ်းလေးသုံးချက်လောက် ထားကြရအောင်..."

"ဟမ်..."

"ပထမအချက် အိမ်ထဲမှာ ရှင် ဆေးလိပ်မသောက်ရဘူး... ဒုတိယအချက် ဆေးလိပ်ကို အလွန်အကျွံ မသောက်ရဘူး... အရင်တုန်းက ရှင်သောက်နေကျအတိုင်း ခုနှစ်လိပ် ရှစ်လိပ်ဆိုတာက အဆင်ပြေတယ်... ဒါပေမဲ့ အဲ့ထက်ပိုမသောက်နဲ့..."

ထိုနှစ်ချက်က လုဖျင်ကျိုးအတွက် မခက်ခဲလှသောကြောင့် သူက ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

"တတိယအချက်က ဘာလဲ..."

"တတိယအချက်က ဆေးလိပ်သောက်ပြီးရင် သွားတိုက်ဖို့ မမေ့နဲ့... အထူးသဖြင့်..."

ချန်မန်က ခဏမျှ ရပ်လိုက်ပြီး သူ၏ ကြည်လင်နေသော မျက်လုံးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ချလိုက်ရင်း ဆက်ပြောသည်။

"ရှင် ကျွန်မကို မနမ်းခင်ပေါ့..."

လုဖျင်ကျိုးက ပြုံးလိုက်ပြီး တဆက်တည်းပင် ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီဗျာ..."

ထိုသို့ဖြေပြီးနောက် သူက ချန်မန်အနီးသို့ တိုးကပ်လာရာ နှာခေါင်းချင်းပင် ထိလုမတတ် ဖြစ်လာသည်။

"ဒီနေ့ ကိုယ် ဆေးလိပ်မသောက်ထားဘူး... အခု ကိုယ် မင်းကို နမ်းလို့ရလား..."

ချန်မန်က ခေါင်းလှည့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဖြတ်သန်းမသွားစေကာမူ သူမ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သူမက အနည်းငယ် နောက်ဆုတ်လိုက်ပြီး ပြောလိုက်သည်။

"အဲ့ဒါက နေ့ခင်းကြီးဆိုတော့ မဖြစ်နိုင်ဘူးထင်တယ်... အပြင်မှာ လူတွေရှိတယ်..."

ထိုစကားကို ကြားလိုက်ရသော လုဖျင်ကျိုးက ဘာမျှမပြောဘဲ အိပ်ရာပေါ်မှ ထသွားကာ ခန်းဆီးများကို ပိတ်လိုက်သည်။ ထို့နောက် အိပ်ရာဆီသို့ ပြန်လာကာ ဆက်မေးလေသည်။

"အခု ဘယ်သူမှ မမြင်ရတော့ဘူး... အဲ့ဒါဆို အဆင်ပြေလား..."

ချန်မန်က အသက်အောင့်ကာ နှုတ်ခမ်းလေး စူထားမိရင်း အဖြေမပေးမိတော့ချေ။

သူက အဖြေပေးရန်မလိုချေ။ သူ့စိတ်ထဲဝယ် အဖြေက ရပြီးသည့်နှယ်ပင်။ သူက ညာဘက်လက်ကို ဆန့်၍ သူမ၏ လည်ပင်းနောက်မှ ပွေ့ကိုင်လိုက်ကာ သူ၏ နှုတ်ခမ်းများက သူမ၏နှုခမ်းသားလေးများပေါ်သို့ ညင်သာစွာ ဖိကပ်လာသည်။

တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်...
ဖိကပ်လိုက်ပြီး သူမ၏ နှုတ်ခမ်းသားလေးများကို စည်းချက်ကျကျ တွန်းဖွင့်လိုက်သည်။

အနမ်းက နက်ရှိုင်းလာသည်နှင့်အမျှ ချန်မန်က တဖြည်းဖြည်း မိန်းမောစပြုလာသည်မှာ သူမ၏ ခြေထောက်က အိပ်ရာပေါ်မှ သံဗူးကို ကန်မချမိမချင်းဖြစ်သည်။ ကန်ချခံလိုက်ရသော သံဗူးက 'ခလွမ်'ခနဲ မြည်ကာ မြေကြီးပေါ်သို့ ကျသွားချိန်တွင် ချက်ချင်းပင် သူမ အသိစိတ်ဝင်လာပြီး လူကို တွန်းထုတ်လေသည်။

"အခုက နေ့ခင်းကြောင်တောင်ကြီးလို့..."

နေ့ခင်းကြီးဖြစ်တော့ရော ဘာအရေးလဲဟု လုဖျင်ကျိုး ထင်မိသည်။ သူက လက်ထပ်ပွဲအတွက် တစ်နှစ်လုံးစာဖြစ်သော ရှောင်တခင်ခွင့် ခုနှစ်ရက်ကို ယူထားရာ ယနေ့တွင်မှ တတိယမြောက်နေ့သာ ရှိသေးသည်။ သူမက သူ့ထက် နားရက်နည်းစေကာမူ သူမကလည်း ယခုတစ်လလုံးအတွက် ရသင့်သော နားရက်အားလုံးကို ယခုရက်အတွင်း အကုန်ယူထားခဲ့သည်။

သူတို့သည် အိမ်တွင် ရှိနေကြပြီး တနေ့လုံးလုံး အိပ်ရာထဲတွင် အလုပ်ရှုပ်နေစေကာမူ မည်သူကမျှ အရေးလုပ်နေကြမည် မဟုတ်ပေ။

ကြင်စဦးမောင်နှံတို့ တပူးတွဲတွဲ ဖြစ်နေကြသည်မှာ ထုံးစံပင်ဖြစ်သည်။

သို့သော် သူ့ရင်ခွင်ထဲရှိ အနှီမိန်းကလေးသည် အရေပါးသူလေး (အရှက်သည်းသူ) ဖြစ်သည်ကိုလည်း လုဖျင်ကျိုး သိနားလည်ပေသည်။ သူမသာ တစ်နေ့တာလုံး အိပ်ရာထဲတွင် တကယ်ပင် အလုပ်ရှုပ်နေခဲ့မည်ဆိုလျှင် အပြင်ထွက်သည့်အချိန်၌ အခြားသူများကို မော်မကြည့်ဝံ့အောင် ဖြစ်နေနိုင်ပေသည်။

ထိုအကြောင်းကို စဥ်းစားမိသော လုဖျင်ကျိုးက ချန်မန်ကို ပွေ့ဖက်ထားရာမှ ဖြေလျော့လိုက်ပြီး အသံတိုးတိုးနှင့် မေးလိုက်သည်။

"နေ့လည်စာအတွက် မင်းဘာစားမလဲ..."

အကြောင်းအရာက မခန့်မှန်းနိုင်လောက်အောင် ပြောင်းလဲသွားသဖြင့် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အားနည်းပျော့ခွေနေသော ချန်မန်မှာ စိတ်ပါ ပိုရှုပ်သွားသည်။

"ဟမ်..."

လုဖျင်ကျိုးက လက်မြှောက်ကာ လက်ပတ်နာရီကို ကြည့်လိုက်သည်။
"အခုက ဆယ့်တစ်နာရီတောင် ခွဲကာနီးနေပြီ... နေ့လည်စာကို မင်းဘာစားချင်လဲလို့..."

"ရှင် ချက်မှာလား..."
ချန်မန်၏ မျက်လုံးများမှာ ဖြည်းဖြည်းချင်း ကြည်လင်လာပြီး သူ့မျက်နှာကို စိုက်ကြည့်နေသည်။

"အသားဆိုင်ကလည်း အခုချိန်ဆို ပိတ်လောက်ပြီ... ဟင်းသီးဟင်းရွက်စျေးမှာလည်း အသီးအရွက်က များများစားစား မကျန်လောက်တော့ဘူး..."
လုဖျင်ကျိုးက ပြောသည်။

"ဒါပေမဲ့ အပြင်ထွက်ပြီး အစိုးရပိုင်စားသောက်ဆိုင်မှာ စားမလား ဒါမှမဟုတ် စုပေါင်းဝင်းထဲက ကိုယ်တိုင်ယူစားသောက်ဆိုင်မှာ စားမလားလို့တော့ မင်းရွေးလို့ ရပါတယ်..."

ချန်မန်က အစိုးရပိုင်စားသောက်ဆိုင်တွင် သူမအလုပ်လုပ်ခဲ့ပြီး စားသောက်ဆိုင်က ကျွေးသော သူမ၏ အစားအသောက်များကို တွေးတောလိုက်မိသည်။ ထို့အပြင် ယန်မင်ကျစ်က မူရင်းဝတ္ထု၏ဇာတ်လိုက် သူရဲကောင်းအမျိုးသမီးဖြစ်ရာ သူမ၏ ဟင်းချက်စွမ်းရည်ကလည်း လင်းကျန်းမြို့၏ အကောင်းဆုံးဟု မပြောနိုင်စေကာမူ စားဖိုမှူးအများစုကို သူမက အနိုင်ယူနိုင်ပေသည်။

ဤသည်ကပင် သူမလက်လွှဲယူပြီးနောက်ပိုင်း ဖန်းချောင်လမ်း အစိုးရပိုင်စားသောက်ဆိုင်တွင် စားသုံးသူအရေအတွက် မြင့်မားလာရသည့်အကြောင်းရင်း ဖြစ်သည်။

သူမအနေဖြင့် စားဖိုမှူးယန် ပြင်ဆင်ချက်ပြုတ်ပေးသော ဟင်းပွဲများကို စားနိုင်ပါလျက် အဘယ်ကြောင့် အခြားသော အစိုးရပိုင်စားသောက်ဆိုင်များဆီသို့ သွားရပါမည်နည်း။ သို့သော်လည်း မင်္ဂလာဆောင်ပြီး ဒုတိယနေ့၌ မိမိ၏ လုပ်ငန်းနေရာတွင် နေ့လည်စာ သွားစားခြင်းမှာ အတော်လေးပင် ကြောင်တောင်တောင်နိုင်လွန်းလှသည်။

၎င်းအပြင် ပြီးခဲ့သောနေ့က ကိုယ်တိုင်ယူစားသောက်ဆိုင်မှ စားဖိုမှူး၏ လက်ရာကို မြည်းစမ်းခဲ့ပြီးချေပြီ။ ထိုလက်ရာက ယန်မင်ကျစ်လောက် မကောင်းလှသော်လည်း အဆိုးဝါးကြီးလည်း မဟုတ်ပေ။ အရေးအပါဆုံးအချက်မှာ ကိုယ်တိုင်ယူစားသောက်ဆိုင်က ပို၍ နီးသောကြောင့် သူမက တုန့်ဆိုင်းခြင်းမရှိဘဲ ထိုစားသောက်ဆိုင်ကိုသာ ရွေးချယ်လိုက်သည်။

"အဲ့ဒါဆိုလဲ သိမ်းရမယ့်ငွေတွေကိုသိမ်း ထည့်စရာရှိတာ ထည့်သိုပြီး အပြင်သွားဖို့ ပြင်တော့လေ..."

လုဖျင်ကျိုးက အိပ်ရာပေါ်မှ ဆင်းလိုက်ကာ ပြုတ်ကျနေသော သံဗူးကို ကုန်းကောက်လိုက်ပြီး ချန်မန်၏ လက်ထဲသို့ ထည့်ပေးရင်း ပြောလိုက်သည်။

"ဒီဗူးကလည်း မင်းအတွက်ပဲ..."

ချန်မန်က ကောင်းစွာ နိုးကြားနေပြီဖြစ်သည်။ သူမက သံဗူးကို ယူလိုက်၍ လှည့်လိုက်ကာ ခေါင်းထောင်လျက် တစ်ချက်ကြည့်လိုက်ပြီး စည်းထားသော ငွေများကို ဗူးထဲသို့ ထည့်ရင်း ပြောလိုက်၏။

"အရမ်းကောင်းတဲ့ရိတ်သိမ်းမှုပဲ..."

အပြုံးပန်းဝေနေသော ချန်မန်၏ မျက်နှာကို ကြည့်ရင်း လုဖျင်ကျိုးက သူ၏ အိတ်ကပ်ကို နောက်တစ်ကြိမ်ထိကြည့်လိုက်သည်။ သူက အကူအညီမဲ့နေဟန်ဆောင်လိုက်ပြီး စိတ်ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

"ငါ့ဇနီးလေးကတော့ ချမ်းသာလို့... ငါကတော့ မွဲတေလို့... အလိုလေး လေး..."

"စိတ်မပူပါနဲ့... ကျွန်မက ရှင့်ကို မမျှမတ မလုပ်ပါဘူး..."
ချန်မန်က သူ့ပခုံးကို ပုတ်လိုက်ပြီး စည်းထားသော ငွေထဲမှ တန်ဖိုးအကြီးဆုံးငွေစက္ကူနှစ်ရွက်ကို ထုတ်ယူကာ သူ့ကို ပေးရင်း ပြောလိုက်သည်။

"ရော့... ရှင့်အတွက် အသေးသုံးငွေ..."

လုဖျင်ကျိုးက မျက်ခုံးပင့်လိုက်သည်။
"တစ်နှစ်စာလား..."(😆)

"ကျွန်မက အရမ်းကပ်စေးနည်းတယ်လား..."
ချန်မန်က မျက်ခုံးပင့်လိုက်ပြီး နောက်တစ်စက္ကန့်အတွင်းမှာပင် ပြုံးပြလိုက်ကာ သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။

"အခုကစပြီးတော့ လတိုင်းလတိုင်း ကျွန်မ ရှင့်ကို အသေးသုံးဖို့ ယွမ်၂၀ပေးမယ်... မလောက်ဘူးဆိုရင် ကျွန်မကို ပြောလေ... အကြောင်းပြချက်က လက်သင့်ခံနိုင်သရွေ့ အသုံးစရိတ်ကို တိုးပေးမယ်..."

လုဖျင်ကျိုးက တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ကိုယ့်ဇနီးလေးက အရမ်းရက်ရောတာပဲ..."

လုဖျင်ကျိုးက သူမအား 'ဇနီးလေး'ဟု ခေါ်သံအား မနေ့ကတည်းက သူမ ကြားခဲ့စေကာမူ ထိုဂုဏ်ပုဒ်ကို ကြားလိုက်ရတိုင်း ချန်မန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေဆဲပင်။ မည်သို့ပင် ဖြစ်စေကာမူ ယခုအချိန်တွင် လူများစွာသည် သူမကို ထိုဂုဏ်ပုဒ်ဖြင့်သာ ခေါ်ဝေါ်ကြမည်ကို သူမ သိနားလည်သောကြောင့် နာမည်ပြောင်းခေါ်ရန် သူ့အား မတောင်းဆိုတော့ဘဲ ဖြည်းဖြည်းချင်း ကျင့်သားရသွားရန်သာ စိတ်ကို ပြင်ဆင်ထားလိုက်တော့သည်။

အမှန်စင်စစ်တွင် လက်ထပ်ခြင်းဟူသည်မှာ ဖြည်းညှင်းစွာ ချိန်ဆညှိနှိုင်းရသော လုပ်ငန်းစဥ်တစ်ခု ဖြစ်သည်။ သူက အရှုံးပေးလိုက်လျှင် ကိုယ်ကလည်း တစ်ဆင့်လျှော့ပေးလိုက်ပြီး ဘဝအချိန်များကို ထိုသို့ ဖြတ်သန်းသွားရမည်သာ ဖြစ်သည်။ 

သူက သူမကို ယုံကြည်ပြီး သူမ၏ အခါအားလျော်စွာ တဇွတ်ထိုးနိုင်မှုများအား သည်းခံရန် ဆန္ဒရှိသလို သူမကလည်း သူ့ကို အလိုလိုက်ကာ နှစ်ယောက်သားဘဝကို တဖြည်းဖြည်းချင်း ချိန်ညှိလျက် တည်ဆောက်သွားရန် ဆန္ဒရှိပေသည်။

ထို့ကြောင့် သူမစိတ်အတွင်းမှ ရှက်စိတ်ကို လျစ်လျူရှုထားလိုက်ပြီး အပြုံးတစ်ပွင့်နှင့် ပြောလိုက်၏။

"တကယ်ကျတော့ ရှင်က ကျွန်မတို့မိသားစုရဲ့ အဓိကငွေရှာသူပဲလေ..."
မြင်းစားဖို့ မြက်မကျွေးဘဲနဲ့ မြင်းကို ပြေးခိုင်းချင်လို့ ဘယ်လိုလုပ်ရပါ့မလဲ...

လုဖျင်ကျိုး- "..."

💓💓💓 👩‍❤️‍👨Chapter 47

စစ်တပ်စုပေါင်းအိမ်ရာများသည် တောင်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်စေကာမူ သူတို့က တောင်ခြေနားတွင်သာ ရှိသောကြောင့် ထိုနေရာရှိ တောင်ဆင်ခြေလျှောသည် အလွန်အမင်း မတ်စောက်ခြင်းမရှိချေ။

အဆောက်အအုံအမှတ် ၁၄ သည် အလယ်ပိုင်းလောက်တွင်တည်ရှိပြီး အကွာအဝေးတစ်ခုတွင်ရှိသော ကုန်းမို့မို့တစ်ခုမှလွဲလျှင် အခြားနေရာများနှင့် နှိုင်းဆပါက ပြန့်ပြူးသည်ဟု ပြောနိုင်ကာ ထိုသို့သော ကုန်းမို့တစ်ခုချင်းစီ၏ ဘေးတစ်ဖက်တစ်ချက်တွင်လည်း သွားလာရလွယ်ကူစေရန် လှေကားထစ်လေးများ လုပ်ပေးထားသည်။ ထိုသို့သော ကုန်းမြင့်သုံးခုခန့် ကျော်လွန်လာပြီးနောက် သူတို့သည် စုပေါင်းအိမ်ရာ၏ ဝင်ပေါက်တံခါးဂိတ်ကြီးသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာ၏ မြေအနေအထားသည် ပိုမိုပြေပြစ်နူးညံ့ပြီး ဝင်ပေါက်တွင် ပန်းခင်းတစ်ခု စိုက်ထားလေသည်။ အတွင်းဘက် ခပ်လှမ်းလှမ်းတွင် ဘတ်စကတ်ဘောကစားကွင်းတစ်ခုရှိပြီး ထိုဘေးတွင် ပင်ပေါင်ဘောလုံးကစားသော စားပွဲတစ်လုံးနှင့်အတူ ကလေးများကစားရန် ကစားကွင်းတစ်ခုလည်း ရှိပေသည်။ စုပေါင်းအိမ်ရာတွင် နေထိုင်သူများသည် ကိုယ်လက်လှုပ်ရှားမှုအစီအစဥ်များနှင့် ပြည့်စုံသော နေ့စဥ်ဘဝရှိသည်ဟု ယူဆရပေသည်။

ဘတ်စကတ်ဘောကစားကွင်း၏ ဘယ်ဘက်တွင် အတန်းလိုက်ရှိနေသော အိမ်များရှိပြီး ထိုနေရာတွင် ဟင်းသီးဟင်းရွက်စျေး၊ အသားစျေး၊ အစေ့အဆန်စျေးနှင့်အတူ ထောက်ပံ့ရေးနှင့်စျေးကွက်သမဝါယမတို့ တည်ရှိသည်။ ထိုအိမ်တန်း၏ အထက်တွင် တည်ရှိသည်က ကျန်းမာရေးဌာနတစ်ခုနှင့် မူကြိုကျောင်းတစ်ကျောင်းတို့ ဖြစ်သည်။ 

ဘတ်စကတ်ဘောကစားကွင်း၏ ဘယ်ဘက်တွင် နောက်ထပ်လည်း အိမ်အတန်းလိုက်တစ်ခု ရှိသည်။ စုပေါင်းအိမ်ရာစားသောက်ဆိုင်၊ ဆံပင်ညှပ်ဆိုင်နှင့် ဓာတ်ပုံစတူဒီယိုတို့သည် ထိုနေရာတွင်ရှိသည်။ ထို့ထက်မြင့်ရာတွင် တည်ရှိသည်မှာ စုပေါင်းအိမ်ရာဝင်း၏ နေ့ကလေးထိန်းကျောင်းဖြစ်သည်။

စစ်တပ်စုပေါင်းအိမ်ရာဝင်းတွင် နေထိုင်သူများသည် စက်ပစ္စည်းစက်ရုံစုပေါင်းအိမ်ရာလောက် လူဦးရေမများဘဲ နေ့ကလေးထိန်းကျောင်းနှင့် မူကြိုကျောင်းမှာလည်း အလွန်မကြီးမားချေ။

နေ့ကလေးထိန်းကျောင်းထဲတွင် အနီရောင်သုတ်ထားသော အုတ်စီအဆောက်အဦးများ အတန်းလိုက်တည်ရှိပြီး ခြံဝင်းကို ခြံစည်းရိုးနိမ့်နိမ့်ဖြင့် ကာရံထားကာ စာသင်ခန်းလေးခန်းခန့် ရှိမည်ဟု ခန့်မှန်းရပေသည်။ မူကြိုကျောင်းကမူ အနည်းငယ်ပိုကြီးပြီး စာသင်ခန်းတစ်ခန်းနှင့် ထိုဘေးတွင် ဆရာရုံးခန်းရှိသည်။

ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် စုပေါင်းအိမ်ရာဝင်းသည် လူမှုအသိုက်အဝန်းနေရာ အသေးစားလေးတစ်ခု ဖြစ်၏။ သင့်အနေဖြင့် အသက်ရှင်နေထိုင်မှုအရည်အသွေး၌ မြင့်မားသော လိုအပ်ချက်များ မရှိသရွေ့ ကာလပတ်လုံး သင့်အတွက် အဝတ်အထည်၊ အစားအသောက်နှင့် နေထိုင်ရေးအတွက် လိုအပ်ချက်များအားလုံးကို ဤနေရာတွင် ရရှိနိုင်ပေသည်။ 

ချန်မန်က ဤသည်ကို နက်ရှိုင်းစွာ ခံစားမိခြင်းမှာ စက်ပစ္စည်းစက်ရုံမှ ဝန်ထမ်းများနေအိမ်တန်း၏ အနေအထားမှာ ဆင်တူနေသောကြောင့် ဖြစ်သည်။

ထိုသို့စက်ရုံကြီးများမှ သူမကဲ့သို့သော ကလေးများစွာသည် သူတို့ဘဝတလျှောက်လုံး ဌာနနှင့် ခွဲခြားမရနိုင်ကြပေ။ သူတို့ ငယ်ရွယ်နုပျိုစဥ်တွင် စက်ရုံမှ ဖွင့်ထားသော နေ့ကလေးထိန်းကျောင်းများ၊ ဂျူနီယာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းများကို တက်ရောက်ခဲ့ကြရပြီး ကျောင်းပြီးသွားသောအခါ သူတို့သည် ထိုစက်ရုံတွင်သာ ပြန်လည်တာဝန်ထမ်းဆောင်ကြရပြန်သည်။

ထို့ကြောင့်ပင် ၁၉၈၀နှစ်များ၊ ၁၉၉၀ခုနှစ်များနှင့် ၂၀၀၀ခုနှစ်များတွင် ဖြစ်ပေါ်ခဲ့သော လုပ်အားလျော့ချမှုလှိုင်းလုံးကြီးကြောင့် အလုပ်ပြုတ်သွားကြရသော အလုပ်သမားအားလုံးသည် လွန်စွာပင် အကူအညီမဲ့ခဲ့ကြပြီး ရှေ့ဆက်ရန်လမ်းစဟူ၍လည်း မမြင်ကြရတော့သည်အထိဖြစ်ခဲ့ရပေသည်။

သို့သော် ယခုအချိန်ကာလတွင်မူ စုပေါင်းအိမ်ရာတစ်ခု၌ နေနိုင်ခွင့်ရှိနေခြင်းက ကောင်းမွန်နေပါသေးသည်။

လုဖျင်ကျိုးနှင့်အတူ ကိုယ်တိုင်ယူစားသောက်ဆိုင်ဆီသို့ လမ်းလျှောက်လာရင်း ချန်မန်တစ်ယောက်တည်း အတွေးပွားနေမိသည်။

ကိုယ်တိုင်ယူစားသောက်ဆိုင်မှာ နှစ်ထပ်ဖြစ်သည်။ ပထမထပ်ရှိ ခန်းမမှာ အလွန်ကြီးမားခြင်းမရှိသလို ၁၀၀စတုရန်းမီတာပင် မပြည့်ဘဲ အထဲတွင် စားပွဲဆယ်လုံး ပြင်ဆင်ထားသည်။ သို့သော် ဒုတိယထပ် ရှိနေသေးသည့်အတွက် အလွန်ကျဥ်းမြောင်းသည်ဟု မသတ်မှတ်နိုင်ပေ။

ဝင်ပေါက်၏ ညာဘက်တွင် အစားအစာများ ထုတ်ယူရန် ပြတင်းပေါက်များ ရှိသည်။ ပြတင်းပေါက် တစ်ပေါက်စီတိုင်းတွင် စစ်သားဇနီးများ တစ်ယောက်စီ မတ်တတ်ရပ်နေကြသည်။ ပြတင်းပေါက်များတွင် တန်းစီနေသူ တစ်ယောက်မျှ မရှိခြင်းမှာ အချိန်စောနေသေးသောကြောင့် ဖြစ်နိုင်ပြီး အတွင်းထဲရှိ လူများသည် စကားစမြည် ပြောဆိုနေကြသည်။

ချန်မန်နှင့် လုဖျင်ကျိုး ဝင်မလာမီကတည်းကပင် သူတို့က ချန်မန်တို့ကို သတိထားမိနေပြီဖြစ်သည်။ အလယ်ခေါင်ပြတင်းပေါက်မှ ပို၍အသက်ကြီးသော အစ်မတစ်ယောက်က မေးလိုက်သည်။

"ဒုတပ်ရင်းမှူးလုက ဇနီးလေးကို နေ့လယ်စာစားဖို့ ခေါ်လာတာလား..."

လုဖျင်ကျိုးက လမ်းလျှောက်ဝင်လာရင်း ဖြေလိုက်သည်။
"ဟုတ်ပါတယ်..."
ထို့နောက် ထိုနေ့အဖို့ ရနိုင်သောဟင်းလျာများကို မေးမြန်းသည်။

"ရှင်က ကံကောင်းတယ်... ကျွန်မတို့ ဒီနေ့ ဝက်နံရိုးနှပ် ချက်တယ်... ပုံမှန်ဆို ဒီဟင်းက ညစာကျမှ ရောင်းတတ်တာဆိုပေမယ့် ကျွန်မတို့မှာ ဝက်နံရိုးတွေက အများကြီးဖြစ်နေတယ်... မနက်ဖန်အထိ ထားဖို့ဆိုတာကလည်း ရာသီဥတုက အရမ်းပူနေတော့ ဒါရိုက်တာက ဒီဟင်းကို တနေကုန်ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်လေ..."

စုပေါင်းအိမ်ရာဝင်းအတွင်းရှိ ကိုယ်တိုင်ယူစားသောက်ဆိုင်သည် အစိုးရပိုင်စားသောက်ဆိုင်နှင့် ကွဲပြားခြားနားပေသည်။ အစိုးရပိုင်စားသောက်တွင် လာရောက်စားသောက်ကြသူဆယ်ယောက်တွင် ကိုးယောက်မှာ ထိုနေရာတွင် စီးပွားရေးကိစ္စများ ဆွေးနွေးရန်ဖြစ်ပြီး အများအားဖြင့် နေ့လယ်ခင်းအချိန်၌သာ လာရောက်ရန် ရွေးချယ်လေ့ရှိကြသောကြောင့် အဓိကဟင်းလျာများကို အရင်ဆုံး နေ့လယ်စာတွင် တည်ခင်းလေ့ရှိသည်။

စုပေါင်းအိမ်ရာ၏ ကိုယ်တိုင်ယူစားသောက်ဆိုင်တွင် လာရောက်စားသောက်သူကိုးယောက်တွင် ရှစ်ယောက်မှာ ဇနီးမောင်နှံနှစ်ဦးစလုံး အလုပ်လုပ်ကြသူများ ဖြစ်သည်။ အလုပ်ပြန်ချိန်က နောက်ကျပြီး အိမ်သို့ ရောက်လာချိန်တွင်လည်း အပြင်သို့ ထွက်စားရန် ပျင်းကြသောကြောင့် ဖြစ်လေရာ အဓိကဟင်းလျာများကို ညစာစားချိန်ကျမှ တည်ခင်းလေသည်။

ထိုစကားကို ကြားသည်နှင့် လုဖျင်ကျိုးက တုန့်ဆိုင်းခြင်းမရှိဘဲ ဝက်နံရိုးဟင်းနှစ်ပွဲကို ထည့်လိုက်သည်။ ထို့နောက် မတူညီသော အသီးအရွက်ဟင်းနှစ်မျိုးကိုလည်း ယူခဲ့ရာ အာလူးကို အချပ်လိုက်လှီးကာ နှပ်ထားသောဟင်းနှင့် ကြာရိုး ချဥ်စပ်ဟင်းတို့ကို ယူခဲ့ပြီး လူတစ်ယောက်အတွက် တစ်မျိုးလျှင် တစ်ပွဲစီ ယူခဲ့လေသည်။

အစားအသောက်များကို ပြင်ဆင်ပြီးသောအခါ လုဖျင်ကျိုးက တစ်ခုချင်းစီ အနီးဆုံးစားပွဲဆီသို့ သယ်သွားနေရာ ချန်မန်က ငွေရှင်းရန် နောက်ချန်နေခဲ့သည်။

ပြတင်းပေါက်မှ အမျိုးသမီးသည် ထိုသည်ကို မြင်သောအခါ အပြုံးတစ်ချက်နှင့် မေးလေသည်။

"ဒုတပ်ရင်းမှူးလုကတော်ရေ... ညီမက အိမ်ပိုင်ဆိုင်မှုတွေကို စီမံမှာမဟုတ်လား..."

ချန်မန်က အံ့သြစွာဖြင့် ကြည့်လိုက်သည်။
"ဘာကြောင့်မို့ အဲ့လိုမေးရတာပါလဲ..."

"ဘယ်သူပဲဖြစ်ဖြစ် အိမ်အကူ ခေါ်ရင်တော့ ငွေပေးရမှာပေါ့..."

ပြတင်းပေါက်မှ အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ပြီး သဘောမကျစွာဖြင့် ပြောလိုက်သည်။

"ဒုတပ်ရင်းမှူးလုက မင်းရဲ့ သတို့သမီးအသွင်းငွေတွေကို မသုံးလောက်ပါဘူး ဟုတ်တယ်နော်..."

သတို့သမီးအသွင်းငွေများကို ဖြုန်းတီးပစ်သည်ဟူသော လုဖျင်ကျိုး၏ ကောလဟလသည် နောက်တစ်နေ့တွင် ပျံ့နှံ့သွားမည်ကို ချန်မန်က စိုးရိမ်သွားသောကြောင့် လျင်မြန်စွာပင် ဖြေရှင်းလိုက်သည်။

"မဟုတ်ပါဘူး... အခုလောလောဆယ် အိမ်ရဲ့ဝေယျာဝစ္စတွေကို စီမံမယ့်သူက ကျွန်မပါ..."

"အစ်မလဲ အဲ့လိုထင်တာပါပဲ..."

ပြတင်းပေါက်မှ အမျိုးသမီးသည် နားလည်သွားပြီးနောက် စွပ်ပြုတ်ခပ်ထည့်ပေးရန် ပြတင်းပေါက်ဆီသို့ သွားရင်း လုဖျင်ကျိုးကို တစ်ချက်ကြည့်လိုက်၏။ သူမ၏ အကြည့်မှာ ပို၍သဘောတကျ ဖြစ်လာလေသည်။ တစ်ချိန်တည်းမှာပင် သူမက ပြန်အမ်းငွေနှင့် လက်မှတ်ကို ချန်မန်လက်ထဲသို့ လှမ်းပေးလိုက်ရင်း ပြောသည်။

"ဖြည်းဖြည်းစားကြနော်..."

ချန်မန်က ပြတင်းပေါက်မှ အမျိုးသမီးကို ကျေးဇူးတင်စကားပြောလိုက်ရင်း သူမပေးလိုက်သည့် လုံးကြေနေသောငွေများကို ပြန့်ပြန့်စန့်စန့်ဖြစ်အောင်လုပ်၍ သူမ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ထို့နောင် လုဖျင်ကျိုးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။ သူမက ခေါင်းမော့ကာ ကြည့်လိုက်ရင်း ပြောလိုက်သည်။

"ဒီမှာက နေ့လယ်ခင်းဆို လူသိပ်များများ မလာဘူးထင်တယ်..."

"အချိန်မကျသေးဘူးလေ... ဆယ့်နှစ်နာရီကျော်ရင် လူတွေက ပိုများလာတော့မှာ..."

စုပေါင်းအိမ်ရာထဲရှိ ဌာနများတွင် အလုပ်လုပ်ကြသော စစ်သားဇနီးများအပြင် ထိုကိုယ်တိုင်ယူစားသောက်ဆိုင်တွင် နေ့လယ်စာ လာစားကြသူများထဲ၌ နေ့ကလေးထိန်းကျောင်းနှင့် မူကြိုကျောင်းမှ ကျောင်းသားကျောင်းသူများလည်း ပါဝင်ပြီး သူတို့၏ မိဘနှစ်ပါးလုံးသည် အလုပ်လုပ်ကြသူများဖြစ်သည်။

ယခုအချိန်က ဆယ့်တစ်နာရီလေးဆယ်မိနစ်သာ ရှိသေးသောကြောင့် ဤအချိန်က ကျောင်းမှ အိမ်သို့ ပြန်ရမည့်အချိန်လည်း မဟုတ်သေးပေ။ (ထမင်းစားကျောင်းဆင်းချိန်)

ချန်မန်က ခေါင်းညိတ်ပြလိုက်ပြီး တူကို ကောက်ယူလိုက်ကာ မေးလိုက်သည်။
"ရှင် ကြာရိုးဟင်း ယူဦးမလား..."

"နည်းနည်းပေးလေ..."
လုဖျင်ကျိုးက တုန့်ဆိုင်းခြင်းမရှိဘဲ အဖြေပေးလိုက်ရင်း သူ၏ပန်းကန်လုံးကို ကောက်ယူကာ အာလူးဟင်းတစ်ဝက်ကို ချန်မန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

မတော်တဆလား တမင်တကာလုပ်သည်လားဟု မသိရသော်လည်း ဝက်နံရိုးနှစ်တုံးကိုပါ ချန်မန်ထဲသို့ ထည့်ပေးလိုက်သည်။ သူမက ထိုဟင်းတုံးများကို လျင်မြန်စွာ ကောက်ယူလိုက်ပြီး သူ့ကို ပြောလိုက်သည်။

"ရှင့်ရဲ့နံရိုးတုံးတွေ..."

လုဖျင်ကျိုးက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ရပါတယ်... မင်းစားလိုက်လေ..."

သူက တမင်တကာ လုပ်လိုက်သည်ကို ချန်မန်သိသွားပြီးနေက် သူမ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုကို ခံစားလိုက်ရသော်လည်း နံရိုးတုံးများအား သူ့ထံ အတင်းပင် ပြန်ပေးခဲ့သည်။

"ကျွန်မတို့အိမ်မှာ ဘယ်သူကမှ အထူးအခွင့်အရေးဆိုပြီး ပိုပေးစရာမလိုပါဘူး... မှာထားတာက လူတစ်ယောက်အတွက် တစ်ယောက်စာ မှာထားပြီးတော့ အရသာကလည်း အတူတူပဲလေ..."

"ကိုယ်သိပါပြီ..."
လုဖျင်ကျိုးက ရှေ့ဆက်ပြီး မငြင်းဆန်တော့ဘဲ စားရန် ဝက်နံရိုးတုံးကို ကောက်ယူလိုက်သည်။

ချန်မန်က ပန်းကန်ထဲရှိ ကြာရိုးဟင်းတစ်ဝက်ကို သူ့အား ပေးလိုက်သည်။

လင်းကျန်းမြို့သည် ရေကန်များ ရေအိုင်များ ပေါများလှပြီး လူအတော်များများကလည်း ကြာစွယ်အတွက် ကြာပင်များ စိုက်ပျိုးထားကြသည်။ ဆောင်းရာသီရောက်လာတိုင်း စားပွဲပေါ်ရှိ ဟင်းပွဲများထဲတွင် တွေ့ရအများဆုံးအရာမှာ ကြာစွယ်ဟင်းသာ ဖြစ်ပြီး နည်းလမ်းမျိုးစုံဖြင့် စားသုံးကြကာ ကြော်ခြင်း၊ ပေါင်းခြင်း သို့မဟုတ် ပြုတ်ခြင်းတို့ ပြုလုပ်နိုင်သည်။

နွေရာသီတွင် ကြာရိုးများကို စားသုံးကြသည်။ ကြာရိုးများကို စားသုံးရာတွင် လက်နှင့်အသာအယာ ချိုးလိုက်ပါက ဆတ်ခနဲ ကျိုးသွားနိုင်လောက်အောင် အနူးညံ့ဆုံးသော အပိုင်းများကိုသာ ရွေးချယ်ကြသည်။ ချက်ပြုတ်နည်းကလည်း များစွာရှုပ်ထွေးခြင်း မရှိပေ။ ပေါ့ပါးသော အရသာကြိုက်လျှင် ဆီအနည်းငယ်နှင့် (ကန်စွန်းရွက်ကြော်သလို) ကြော်လိုက်ရုံဖြစ်သည်။ အရသာပြင်းပြင်း နှစ်သက်လျှင် ငရုတ်ပွအစပ်နှင့် နှစ်ချို့ဗင်နီဂါတို့ကို ထည့်ချက်နိုင်သည်။ (ဒီနေရာမှာ lotus stem လို့ သုံးထားပါတယ် မြန်မာမှာလဲ စားကြပါတယ် )

ကြာရိုးကြော်မှာ ဝါး၍ကောင်းသလို အရသာလည်းရှိကာ ထမင်းနှင့်တွဲစားလျှင် အလွန်လိုက်ဖက်ပေသည်။ 

ကြာရိုးဟင်းထဲတွင် ကြာစေ့နှင့် ဝက်မြေစာဥများ ထည့်ကြသည်။ ကြာစေ့ကို ရွေးချယ်ရာတွင် အနုဆုံးသော အစေ့များကို ရွေးရသည်။ ကြာစေ့များသည် သူ့ရာသီကျော်လွန်သွားပါက သူ၏အူတိုင်က ခါးလာတတ်သလို စားရသည်မှာလည်း ခြောက်ကပ်ကပ်ကြီးနှင့် မချိုတော့ပေ။ နူးညံ့သော ဝက်မြေစာဥများက ဒီအတိုင်းလည်း စားလို့သလို ဆီအနည်းငယ်နှင့် ကြော်၍လည်း စားနိုင်သည်။ ဝက်မြေစာဥများက ဝါးရသည်မှာ ကျွတ်ဆတ်ဆတ်နှင့် ဝါး၍ကောင်းသလို ချိုလည်းချိုသည်။ ချန်မန်က ထိုဟင်းပွဲမျိုး တစ်ပန်းကန်ကို တခါတည်းနှင့် ကုန်အောင် စားနိုင်သည်။

ထိုမျှအလွယ်ရသောဟင်းဖြစ်စေကာမူ ယခုနှစ်အတွင်း ချန်မန်ကလည်း သူမ၏ မင်္ဂလာပွဲအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့သလို စားသောက်ဆိုင်ဘက်ကလည်း ထိုဟင်းကို အကြောင်းမတိုက်ဆိုင်သဖြင့် မချက်ဖြစ်သောကြောင့် ဤဟင်းသည် ယခုနှစ်အတွင်း ပထမဆုံးစားရသော ကြာရိုးဟင်းဖြစ်ပေသည်။ 

ချဥ်ချဥ်စပ်စပ်နှင့် ကျွတ်ကျွတ်ကလေးဖြစ်နေသော ကြာရိုးများကို တလုတ်စာမျှ ဝါးစားလိုက်သည်နှင့် ရင်းနှီးနေသော အရသာက သူမဆီ ပြန်ရောက်လာသည်ကို ခံစားလိုက်ရသည်။ သူမက လုဖျင်ကျိုးကို ပြောလိုက်သည်။ 

"ကြာရိုးဟင်းက အရသာရှိလိုက်တာ..."

လုဖျင်ကျိုးက မေးသည်။
"နောက်ထပ်တစ်ပွဲ ယူဦးမလား..."

"တော်ပါပြီ... ဒီမှာလဲ ဟင်းတွေ အများကြီးရှိတယ်လေ..."
ချန်မန်က လက်ယမ်းပြလိုက်ပြီး ဝက်နံရိုးဟင်းနှင့် အာလူးဟင်းကို မြည်းစမ်းကြည့်သည်။ ထိုဟင်းများကလည်း အရသာအလွန်ကောင်းသည်။

အားလုံးခြုံကြည့်သော် ဤအစားအစာများကို ချန်မန် အလွန်စိတ်တိုင်းကျပေသည်။ တစ်ခုတည်းသော ပြဿနာမှာ လူတစ်ယောက်စာ အချိုးအစားက ပမာဏအလွန်များပြားနေခြင်း ဖြစ်၏။ သုံးပုံတစ်ပုံခန့် ကျန်နေသည်ကို သူမကုန်အောင် မစားနိုင်ပေ။ လွှင့်ပစ်ရလျှင်လည်း ဤက အစားအသောက်ကို ဖြုန်းတီးခြင်း ဖြစ်၍ ကျန်နေသော ထမင်းနှင့် ဟင်းများကို ထုပ်ယူသွားမည်ဆိုလျှင်လည်း ကောင်းတော့မည့်ပုံမပေါ်ချေ။

ထိုသည်ကို မြင်လိုက်သော လုဖျင်ကျိုးက အလွန်ရိုးစင်းစွာဖြင့် ချန်မန်၏ နေ့လယ်စာကို လှမ်းယူလိုက်ပြီး ထမင်းများကို သူပန်းကန်ထဲသို့ ထည့်လိုက်သည်။ မစားမီတွင် သူက တစ်စုံတစ်ခုကို ရုတ်ချည်းသတိရသွားပြီး နောက်တီးနောက်တောက်ဖြင့် မေးလိုက်သည်။

"ဒါကိုတော့ အထူးအခွင့်အရေးလို့တော့ မသတ်မှတ်သင့်ဘူးနော် ဟုတ်လား..."

"မှန်တာပေါ့..."

ချန်မန်က ရုတ်ချည်းပင် ကျောကို မတ်လိုက်သည်။

"ဘာလို့လဲဆိုတော့ ကျွန်မက ကုန်အောင် မစားနိုင်တော့လို့လေ... အစားအစာတွေ မလေလွင့်အောင် ထိန်းသိမ်းပေးဖို့ ရှင်က ကျွန်မကို ကူညီပေးတာပေါ့
... တကယ်လို့ ရှင်အဲ့တာကို တွေးမယ်ဆိုရင် ရှင်က လူတွေအတွက် လက်တွေ့အသုံးကျတဲ့ အလုပ်ကို လုပ်နေတာပဲလေ..."

လုဖျင်ကျိုးက ပြုံးလိုက်သည်။
"ကြည့်ရတာ ကိုယ်တော့ ဒါတွေကို ကုန်အောင်စားမှဖြစ်မယ် ထင်တယ်..."

ချန်မန်က မျက်တောင်ခတ်လိုက်ပြီး တက်ကြွစွာပင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမက လက်နှစ်ဖက်ဖြင့် မေးထောက်ကာ ဝိုင်းစက်နေသော မျက်ဝန်းများဖြင့် လုဖျင်ကျိုး စားနေသည်ကို ပြုံးပြုံးကလေး ကြည့်နေလိုက်သည်။ 

ထိုသို့ စိုက်ကြည့်ခံနေရသောကြောင့် လုဖျင်ကျိုးမှာ အနည်းငယ် ကသိကအောက် ဖြစ်လာပြီး ခဏမျှ ကြာသောအခါ စားသောအခါ အားရပါးရ စားလိုက်ရမလား သို့မဟုတ် သူ့ပုံရိပ် မထိခိုက်အောင် ဖြည်းဖြည်းသက်သာ စားရမည်လားကို သူမဆုံးဖြတ်နိုင်တော့ပေ။


💓💓💓 👩‍❤️‍👨Chapter 48


ကံကောင်းစွာဖြင့် သူ စိတ်မပူခင်လေးတွင် တံခါးဝ၌ ဆူညံပွက်လောရိုက်သွားပြီး ကျောင်းသားတစ်အုပ်ကြီးက အခန်းတွင်းသို့ အလုအယက်ဝင်လာကြလေသည်။

 á€Ąá€žá€śá€€á€źá€Źá€¸á€žá€ąá€Źá€€á€źá€ąá€Źá€„်အ ချန်မန်ကလည်း တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။

ထိုသည်ကို မြင်လိုက်သည်နှင့် လုဖျင်ကျိုးသည် နေ့လည်စာဘူးကို အလျင်အမြန် ကောက်ယူလိုက်ပြီး အစားအသောက်များက်ု အဆောတလျင် အပြီးသတ်လိုက်၏။ ချန်မန် ပြန်လှည့်လာချိန်တွင် သူသည် နောက်ဆုံးအလုတ်ကို မျိုချပြီးကာစသာ ရှိသေးပြီး နေ့လယ်စာဘူးနှင့် တူများကို ချကာ ပြောလိုက်သည်။ 

"ကိုယ် စားလို့ပြီးပြီ..."

"ရှင်စားတာ မြန်လှချည်လား..."
ချန်မန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ သူ့အတွက် သူမခွဲဝေထည့်ပေးလိုက်သော အစားအစာပမာဏမှာ မနည်းလှပေ။

လုဖျင်ကျိုးက ခပ်တည်တည်ဖြင့် ပြောသည်။
"ကိုယ်က စားတာ မြန်တယ်..."

"ဒါဆို ကျွန်မတို့ ပြန်ကြတော့မလား..."

လုဖျင်ကျိုးက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့နှစ်ယောက်သည် နေ့လည်စာဘူးများနှင့် စားပြီးသော အရိုးများကို ယူကာ အပြင်သို့ ထွက်လာခဲ့ကြသည်။

စားသောက်ဆိုင်ဝင်ပေါက်တွင် အမှိုက်ပုံးတစ်ပုံး ရှိသော်လည်း ရေဘုံပိုင်ခေါင်း တပ်ဆင်ထားခြင်း မရှိပေ။ တစ်ဖက်က ပြောမည်ဆိုလျှင် စားသောက်ပြီး အိမ်ပြန်ချိန်တွင် ပန်းကန်ဆေးရန်ဆိုပါက ဤသည်က လွယ်ကူသလို သက်သောင့်သက်သာလည်း ရှိပေမည်။ သို့သော် အခြားတစ်ဖက်က ပြောလျှင် လူဆိုသည်မှာ အခွင့်အရေးသေးသေးလေးကိုပင် အခွင့်ကောင်းယူချင်ကြသည်မှာ သဘာဝပင် ဖြစ်သည်။ အများသုံးရေဘုံပိုင်ခေါင်းတစ်ခုကိုသာ တွေ့မိကြလျှင် သူတို့အတွက် ရေအသုံးသက်သာစေရန်အလို့ငှာ ပန်းကန်ဆေးရန်သာ ခွင့်ပြုထားသော ရေပိုက်ခေါင်းတွင် တအိမ်လုံးမှ လူများက ရေလာချိုး အဝတ်လာလျှော်ကြပေလိမ့်မည်။

ထိုအဖြစ်အပျက်မျိုးက စက်ပစ္စည်းစက်ရုံ၏ ဝန်ထမ်းများနေထိုင်ရာအပိုင်းတွင်လည်း ဖြစ်ခဲ့ပေသည်။ နွေရာသီညများ၌ လူလတ်ပိုင်းအမျိုးသားများနှင့် ဆယ်ကျော်သက်ရွယ် ယောက်ျားလေးများသည် ဘောင်းဘီတိုများနှင့် အပေါ်ပိုင်းဗလာကျင်းကာ ရေဘုံပိုင်ခေါင်းအနီးတွင် ငုတ်တုတ်ထိုင်နေတတ်ကြသည်။ ဤသည်က ရေဖြုန်းတီးခြင်း ဖြစ်သလို မျက်စိစပါးမွှေးစူးစရာလည်း ဖြစ်လေသည်။ ငယ်ရွယ်သော အိမ်ထောင်ရှင်အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ထိုလမ်းမှသွားရန် ရှက်ရွံ့ကြသည်။

သို့သော်လည်း ဤပြဿနာမှာ ဖြေရှင်းရန် ခက်ခဲလှ၏။ မိမိတို့က ဘဝနေထိုင်မှုပုံစံအကြောင်းကို ပြောမည်ဆိုလျှင် သူတို့က သူတို့အိမ်တွင် ရေချိုးခန်း မရှိကြောင်းနှင့် အိမ်အပြင်ဘက်တွင် ရေချိုးရသည်မှာ ဆယ်စုနှစ်နှင့် ချီနေပြီဖြစ်ကြောင်း ပြန်ပြောပေလိမ့်မည်။ အကယ်၍ လုပ်ငန်း၏ အကျိုးအမြတ်များကို ရယူနေသည့်အကြောင်းကို ပြောမည်ဆိုလျှင် သူတို့က ညည်းတွားကြပြီး ဤရေဘုံပိုင်ခေါင်းသည် လူအများသုံးရန် တပ်ဆင်ပေးထားခြင်းဖြစ်ကြောင်း ပြောပေလိမ့်မည်။ သင်က ထိုအရာကို လူအများအား မသုံးစေချင်လျှင် သင့်၌ စွမ်းဆောင်နိုင်ပါက ထိုအရာကို လုံးဝပိတ်ဆို့ထားခြင်းဖြင့်သာ ရပ်နိုင်ပေလိမ့်မည်။

ဖြည့်စွက်ရဦးမည်ဆိုလျှင် ထိုသို့ပြုလုပ်နေသူများမှာ များလွန်းသဖြင့် စက်ရုံအနေဖြင့်လည်း သူတို့ကို ဖမ်းဆီး၍ လုံခြုံရေးဌာနသို့ ပို့ဆောင်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် စက်ရုံဘက်ကလည်း ပြဿနာ၏ အရင်းအမြစ်ကို ဖြေရှင်းသည့်အနေဖြင့် သူတို့ဆန္ဒရှိသည့်အတိုင်း ရေဘုံပိုင်ခေါင်းကို ပိတ်ပစ်ထားလိုက်ကြသည်။

အမှိုက်ပုံးများထားရှိခြင်းက ပြဿနာများကို အတော်လေး လျော့နည်းသွားစေသည်။ စုပေါင်းဝင်းထဲတွင် အမှိုက်များထားရာ နေရာများရှိပြီး မည်သူကမျှ အမှိုက်ကလေးတစ်ခုနှစ်ခု ပစ်ရန်အတွက် ဝေးဝေးလံလံကြီး မသွားလိုကြပေ။

သူတို့နှစ်ဦးသည် စားကြွင်းစားကျန်များကို အမှိုက်ပုံးထဲသို့ ထည့်ကာ နေ့လယ်စာဗူးများကို ပိတ်လိုက်ပြီး ဟင်းသီးဟင်းရွက်စျေးဘက်သို့ တစ်ချက်သွားကြည့်ရန် ကြံရွယ်ကာ လမ်းတစ်ဖက်သို့ ဖြတ်ကူးသွားကြသည်။

အရောင်းဌာန၌ ဟင်းအမယ်များစွာ ကျန်နေရန် မဖြစ်နိုင်ပေ။ သို့သော် သူတို့သည် အိမ်အသစ်ဆီသို့ ယခုလေးတင် ပြောင်းရွှေ့လာခဲ့ပြီး အရာအားလုံးက အဆင်သင့် ဖြစ်နေရုံမျှမက ဂက်စ်မီးဖိုပါ ပါဝင်နေသေးရာ သူတို့၏ လေးစားမှုကို ပြသရန်အတွက် မီးညှိပေးရပေလိမ့်မည်။ (မီးဖိုမီးမွှေးပြီး ချက်ပြုတ်မည်ဟုဆိုလို)

ထို့ပြင် ချန်မန်ကလည်း လုဖျင်ကျိုး၏ အချက်အပြုတ်ကို စမ်းသပ်ကြည့်ချင်နေသည်။

သေချာသည်က သူမ၏ အချက်အပြုတ်စွမ်းရည်ကို လုဖျင်ကျိုး စမ်းကြည့်ချင်သည်ဆိုလျှင်လည်း သူမက စိတ်မရှိသလို... ကောင်းပြီလေ... သူကသာ ကုန်အောင်စားနိုင်သည်ဆိုလျှင် သူမက ချက်ပြုတ်ပေးနိုင်ပေသည်။

စားသောက်ဆိုင်နှင့် နှိုင်းယှဥ်ကြည့်လျှင် ဟင်းသီးဟင်းရွက်ဌာန၊ အသားငါးဌာနနှင့် အစေ့အဆန်ဌာနတို့မှာ လွန်စွာသေးငယ်လှသည်။ ထိုဌာနအားလုံးသည် လေးထောင့်စပ်စပ်အခန်းများဖြစ်ပြီး ၂၀ သို့မဟုတ် ၃၀ စတုရန်းမီတာမျှသာ ကျယ်ဝန်းသည်။

ဟင်းသီးဟင်းရွက်ဌာနနှင့် အသားငါးဌာန၏ ပြင်ဆင်ထားပုံမှာ ဆင်တူသည်။ ကုန်ပစ္စည်းများ တင်ရန် ကောင်တာများကို နံရံနှင့် အလိုက်သင့် နေရာချထားပြီး လျှောက်လမ်းအတွက် နေရာကို နံရံနှင့် ကောင်တာကြားတွင် ချန်ထားပေးသည်။ ဝင်ပေါက်နှစ်ဖက်လုံးတွင် ရွှေ့နိုင်သော တံခါးဘောင်များ ချထားပြီး ၎င်းတို့မှာ ဝန်ထမ်းမဟုတ်သူများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်နှင့် အဝင်အထွက် အဆင်ပြေချောမွေ့စေရန်ဖြစ်သည်။

ဌာနနှစ်ခုလုံးတွင် ဝန်ထမ်းများစွာ မရှိဘဲ နှစ်ခုပေါင်းမှ အရောင်းဝန်ထမ်းသုံးယောက်သာ ရှိ၍ အခြေခံအားဖြင့် တစ်ယောက်မှာ နှစ်ဌာနလုံးအတွက် တာဝန်ရှိပေသည်။

တိုက်ဆိုင်စွာဖြင့် နှစ်ဌာနလုံးမှ ဝန်ထမ်းများသည် ယခင်နေ့က မင်္ဂလာစားသောက်ပွဲသို့ တက်ရောက်ခဲ့ကြသူများ ဖြစ်သည်။

ဟုတ်သည်၊ ကြည့်ရသည်မှာ တိုက်ဆိုင်မှု ဖြစ်ဟန်မတူချေ။ အမှန်တွင်လည်း ဤဌာနများတွင် အလုပ်လုပ်ကြသူအားလုံးသည် စစ်သားဇနီးများသာ ဖြစ်ကြပြီး လုဖျင်ကျိုးနှင့် ထိုအမျိုးသမီးများ၏ ခင်ပွန်းများသည်လည်း သွေးသောက်ရဲဘော်များ ဖြစ်ကြသည်။

သူတို့နှစ်ယောက်လုံးသည် စုပေါင်းအိမ်ရာဝင်းတွင် အစိမ်းသက်သက်များ ဖြစ်သည်။ အိမ်ရာနေရာ ချထားပေးပြီးနောက် လုဖျင်ကျိုးသည် ရထားသော အိမ်ခန်းကို ပြင်ဆင်ရာတွင် ကူညီပေးရန် မကြာခဏ လာရောက်ခဲ့သော်လည်း သူက အလောသုံးဆယ်လာ၍ အလောသုံးဆယ် ပြန်သွားတတ်၏။ထို့ကြောင့် စုပေါင်းအိမ်ရာမှ စစ်သားဇနီးများနှင့် တွေ့ဆုံခြင်းက ကြုံတောင့်ကြုံခဲမျှ ဖြစ်လေသည်။ 

ယခင်နေ့ကမှ မင်္ဂလာဆောင်ထားသော ချန်မန်နှင့် မင်္ဂလာဆောင်သို့ မလာဖြစ်ခဲ့ကြသူများသည် တကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးကြခြင်းကို ထည့်ပြောရန်ပင် လိုတော့မည်မထင်ပေ။

ထို့ကြောင့် မင်္ဂလာပွဲ တက်ရောက်ခဲ့သူများမှာ မိတ်ဆက်ပေးရန်ပင် မလိုအပ်ဘဲ စစ်သားဇနီးများသည် သူတို့ကို မြင်သည်နှင့် မည်သူမည်ဝါဆိုသည်ကို ခန့်မှန်းနိုင်ကြကာ ပြုံးရွှင်စွာဖြင့် မေးကြသည်။

"ဒုတပ်ရင်းမှူးလုနဲ့ ရဲဘော်ချန်တို့ပါလား... ဘယ်လိုဖြစ်လို့ ခူချိန်ကျမှ စားစရာဝယ်ဖို့ ဒီရောက်လာကြတာလဲ..."

ချန်မန်က ပြုံးပြီး ဟုတ်ကဲ့ဟု ဖြေလိုက်ကာ ဆက်ရှင်းပြလိုက်သည်။

"ဒီမနက်က အထုပ်တွေ ဖြည်နေတာနဲ့ နောက်ကျသွားကြလို့လေ... ကျွန်မတို့ အခုပဲ စားသောက်ဆိုင်မှာ နေ့လယ်စာစားလာပြီးတော့ ဈေးဝယ်မယ်ဆိုပြီး ဒီဘက်ကို ထွက်လာကြတာ... အစ်မက ဘယ်သူလဲရှင်..."

"အိုး... အစ်မနာမည်က ချမ့်ဟယ်ဟွားပါ... အစ်မအမျိုးသားက ဒုတိယတပ်ရင်းကလေ... သူ့ရဲ့ မျိုးရိုးနာမည်က လီပါ... ညီမတို့အိမ်ရဲ့ မျက်နှာစာတည့်တည့်က အဆောက်အဦးမှာ နေတယ်လေ..."
ချမ့်ဟယ်ဟွားက သူမကိုယ်သူမ မိတ်ဆက်လိုက်ပြီး ဆက်ပြောသည်။

"မနေ့က ဂုဏ်ပြုအရက်သောက်ပေးဖို့ လာဦးမလို့ပဲ... ဒါပေမဲ့ ဟင်းသီးဟင်းရွက်ဌာနမှာ စောင့်ပေးဖို့ လူလိုနေတာနဲ့ ကျွန်မအစား သူတို့ပဲ သွားလိုက်ကြတယ်..."

ဤသည်က လုံးဝတော့ မမှန်ပေ။ အစားအသောက်ရောင်းရာဌာနတွင် စောင့်ပေးသူ လိုအပ်နေစေကာမူ သူမကသာ လက်ဆောင်ပေးခဲ့မည်ဆိုလျှင် ပေးရသော ကုန်ကျစရိတ်ကို ကာမိစေရန် ဧည့်ခံသောအစားအသောက်များကို စားကိုစားပေလိမ့်မည်။ မင်္ဂလာပွဲသို့ မလာရောက်သော အခြေခံအကြောင်းရင်းမှာ ထိုသူသည် လုဖျင်ကျိုးနှင့် မရင်းနှီးသောကြောင့်သာ ဖြစ်သည်။ ထိုအကြောင်းကို ဆွေးနွေးပြီးနောက် ယောက်ျားဖြစ်သူက ငွေကို မဖြုန်းတီးရန် ဆုံးဖြတ်လိုက်သည်။ သူမက ဌာနသို့ ပြန်ရောက်လာပြီးနောက် အခြားသူများ ဆွေးနွေးနေသည်ကို နားထောင်ပြီး သူမက ဆိုင်တွင် နေခဲ့ပြီး စောင့်ရှောက်ထားရန် ရွေးချယ်လိုက်လေသည်။

သို့သော်လည်း အိမ်နီးချင်းများနှင့် ပေါင်းသင်းဆက်ဆံရေးတွင် အလွန်ရိုးသားနေ၍ မရပေ။ အရာရာတိုင်းကို အရှိအတိုင်း ပွင့်လင်းစွာ ပြောနေလျှင် မည်သူနှင့်မျှ ရေရှည်ဆက်ဆံနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအရာကို အနည်းငယ်တော့ အပေါ်ယံ ပြောင်လက်တောက်ပအောင် လုပ်ရပေလိမ့်မည်။ (မုသားမပါ လင်္ကာမချော)

ချန်မန်က နားလည်သွားပြီး အပြုံးလေးဖြင့် နာမည်ကိုသာ ခေါ်လိုက်သည်။

"အစ်မချမ့်..."

ထို့နောက် ခေါင်းငုံ့ကာ စားပွဲပေါ်ရှိ ဟင်းချက်စရာ အသီးအရွက်များကို ကြည့်လိုက်သညိ။

ထိုကာလတွင်း ဟင်းသီးဟင်းရွက်ဌာနက ရောင်းချပေးနိုင်သော ဟင်းချက်စရာအမျိုးအစား နှစ်မျိုးရှိသည်။ တစ်မျိုးမှာ အနည်းငယ်အထားခံသော ဟင်းသီးဟင်းရွက်များဖြစ်ပြီး သခွားသီး၊ သပွတ်သီး၊ ခရမ်းသီး၊ အာလူး စသည်တို့ဖြစ်သည်။ ၎င်းတို့ကို အခြေခံအားဖြင့် ပို၍ အဆင့်မြင့်သော ဌာနများမှ ဝယ်ယူပြီးနောက် ဟင်းသီးဟင်းရွက်ဌာနများနှင့် လမ်းတကာပေါ်ရှိ ဟင်းသီးဟင်းရွက်စျေးများဆီသို့ ဖြန့်ဖြူးရောင်းချပေးသည်။ 

နောက်တစ်မျိုးမှာ နွမ်းလွယ်သော ဂေါ်ဖီရွက်၊ ပိုမိုနူးညံ့သော ဥစားကန်စွန်းညွန့်တို့ကဲ့သို့ အရွက်များဖြစ်သည်။ ၎င်းတို့ကို ဟင်းသီးဟင်းရွက်ဌာနဝန်ထမ်းများက ပတ်ဝန်းကျင်ရှိ ခြေလျင်တပ်များဆီမှ တိုက်ရိုက်ဝယ်ယူကြပြီး မနက်စောစောတွင် အရွက်များကို သွားယူကြကာ မနက်ခြောက်နာရီ ခုနစ်နာရီခန့်တွင် စတင်ရောင်းချလေ့ရှိသည်။(ဂေါ်ဖီရွက်နဲ့ ဂေါ်ဖီထုပ်က မတူတာများလားမသိ)

တစ်ကြိမ်စီ ဝယ်လာသည့် နွမ်းလွယ်သောအရွက်များသည် အရေအတွက် မများလှသလို ရောင်းချသည်ကလည်း ဦးရာလူစနစ်ဖြင့်သာ ဖြစ်သည်။ သူတို့က နောက်ကျမှ ရောက်လာသောကြောင့် စားပွဲပေါ်တွင် ညှိုးနေသော ဂေါ်ဖီရွက်လက်တစ်ဆုပ်စာမျှသာ ကျန်တော့သည်။

ချမ့်ဟယ်ဟွားသည် ချန်မန်၏ အကြည့်များက ဂေါ်ဖီထုပ်များပေါ်တွင် တဝဲလည်လည်ဖြစ်နေသည်ကို မြင်ရသောအခါ ပြောလိုက်သည်။

"အရွက်အသီး စိမ်းစိမ်းစိုစိုလေး စားချင်ရင် မနက်စောစောလေး လာခဲ့ပါ... ဒါကတော့ အရသာမရှိတော့ဘူး..."

"မနက်ဖြန်..."
ချန်မန်က စကားစပြောလိုက်ပြီးမှ မနက်ဖြန် သူမအိမ်သို့ ပြန်ရမည်ကို သတိရသွားသည်။

"နောင်ကျရင် ညီမတို့ စောစောလာခဲ့ပါ့မယ်..."

ရွေးလိုက် ဖယ်လိုက်လုပ်ပြီး သူတို့က ခရမ်းသီးအနည်းငယ်၊ အာလူးသုံးလုံးနှင့် အစိမ်းရောင်ပန်းငရုတ်ပွအနည်းငယ်ကို ဝယ်ယူခဲ့သည်။ ပန်းငရုတ်ပွနှင့် ကြက်ဥမွှေကြော်သည် ပြောရမည်ဆိုလျှင် အသားဟင်းတစ်ခွက်ဟုပင် သတ်မှတ်နိုင်ပေသည်။

 á€€á€źá€€á€şá€žá€˝á€”်ဖဟူနသင်အ ငရုတ်ပွအစပ်များကိုလည်း သူတို့ ဝယ်ယူခဲ့ကြသည်။ ထို့နောက် ဝယ်ခြမ်းလာသော အသီးအရွက်များကို သယ်ကာ ဘေးခန်းရှိ အသားဌာနဘက်သို့ ကူးခဲ့ကြသော်လည်း ထိုဌာနက ပို၍ပင် ပြောင်ရှင်းနေသည်ကို သူတို့ တွေ့လိုက်ရသည်။ အရောင်းဝန်ထမ်းက သန့်ရှင်းရေးပင် လုပ်နေချေပြီ။ 

အသားငါးဌာနမှ ထွက်လာပြီးနောက် သူတို့နှစ်ယောက်သည် ထောက်ပံ့ရေးနှင့် စျေးကွက်သမဝါယမဘက်သို့ သွားလိုက်ကြသည်။

ထောက်ပံ့ရေးနှင့် စျေးကွက်သမဝါယမ၏ မျက်နှာစာသည် အလွန်မကြီးလှဘဲ ၂၀ သို့မဟုတ် ၃၀ စတုရန်းမီတာမျှသာ ကျယ်ဝန်းလေသည်။ သို့သော် ဒုတိယထပ် ရှိသေးကာ ထိုဒုတိထပ်သည် အသားငါးဌာန၊ ဟင်းသီးဟင်းရွက်ဌာနနှင့် အစေ့အဆန်ဌာနသုံးခုလုံး၏ ဒုတိယထပ်နှင့်ပါ တဆက်တစပ်တည်း ဖြစ်၏။ ထိုနေရာကို ထောက်ပံ့ရေးနှင့် စျေးကွက်သမဝါယမ၏ ကုန်လှောင်ရုံနှင့် ကောင်တာများ ထားရာနေရာအဖြစ် အသုံးပြုထားလေသည်။ ထို့ကြောင့် စုစုပေါင်းဧရိယာသည် စက်ပစ္စည်းစက်ရုံရှိ ဝန်ထမ်းများနေရာအပိုင်းရှိ သမဝါယမထက်ပင် ပိုကျယ်လေသည်။

ထိုနေရာတွင် ပစ္စည်းအမျိုးအမည် တော်တော်များများရှိပြီး ဆေးရွက်ကြီး၊ အရက်နှင့် လက်ဖက်ရည်တို့ပင် ပါဝင်ကာထိုပစ္စည်းများသည် အားလုံး စျေးကြီးပြီး လက်ဆောင်ပေးရန် အလွန်သင့်တော်ကြသည်။ အဝတ်အစားများ၊ ဖိနပ်များနှင့် ဦးထုပ်များကိုပါ ရောင်းချသော်လည်း ၎င်းတို့မှာ အခြေခံအားဖြင့်စစ်ဝတ်စုံသာဖြစ်သည်။ စစ်ဝတ်စုံအရောင်မဟုတ်ဘဲ အခြားသော အရောင်နှင့် အဝတ်အစားများကို ပြသထားသော်လည်း ရှားရှားပါးပါးသာ ဖြစ်ပြီး လေးငါးထည်မျှသာ ပြသထားသည်။

ချန်မန်က အဓိကအားဖြင့် ဆေးလိပ်၊ အရက်နှင့် လက်ဖက်ခြောက်တို့ကို ကြည့်လေသည်။ သူတို့သည် မနက်ဖန်တွင် မိဘအိမ်သို့ အလည်ပြန်ရမည် ဖြစ်လေရာ လက်ချည်းဗလာနှင့် သွားလျှငိ သင့်တော်မည် မဟုတ်ပေ။ သို့သော် မည်သည်အရာအား ဝယ်ယူသင့်သည်ကိုမူ အနည်းငယ် ဝေခွဲမရဖြစ်နေသည်။

အရင်ဆုံး ဆေးလိပ်ကို ပယ်လိုက်သည်။ ပထမအချက်မှာ သူမဖခင်သည် လုဖျင်ကျိုး ယခင်က ပေးထားသော စီးကရက်ဘူးများကိုပင် မကုန်နိုင်သေးချေ။ ဒုတိယအချက်မှာ သူမ၏ ပတ်ဝန်းကျင်မှ ဆေးလိပ်သောက်သူများကို သူမ အမြဲပင် မနှစ်သက်ချေ။ ဖခင်ဖြစ်သူကို မထိန်းချုပ်နိုင်ခဲ့သော်လည်း ဖခင်ဖြစ်သူကို ဆေးလိပ်ထပ်ဝယ်မပေးခြင်းက ကောင်းမွန်ပေလိမ့်သည်။

လက်ဖက်ခြောက်နှင့် ဝိုင်ကမူ တွက်ဆနိုင်ပေသည်။ လုဖျင်ကျိုးသည် လက်ထပ်ခွင့်တောင်းသောနေ့က ထိုပစ္စည်းများကို သူမအိမ်သို့ ပို့ပေးခဲ့သော်လည်း မနေ့က မင်္ဂလာပွဲဖြစ်သောကြောင့် ဝိုင်လည်း ကုန်လုနီးပါးဖြစ်ကာ လက်ဖက်ခြောက်ကလည်း တစ်ဝက်ခန့်မျှ သုံးလိုက်ရပေသည်။

နှစ်ခုစလုံးသည် သိမ်းဆည်းရလွယ်ကူပြီး အိမ်များသို့ အလည်သွားချိန်တွင် မျက်နှာပန်းလှစေသော လက်ဆောင်များ ဖြစ်သည်။

ကိတ်နှစ်မျိုးနှင့် အသီးနှစ်မျိုးလောက် ထပ်ဝယ်လိုက်လျှင် အိမ်ပြန်လက်ဆောင်သည် လုံလောက်ပေပြီ။

အိုး... ကြက်ဥတွေလည်း ထပ်ထည့်လို့ရပေသည်။

 á€œá€Ąá€…ပိုင်းတွင် မင်္ဂလာစားသောက်ပွဲ တည်ခင်းနိုင်ရန်အတွက် လုဖျင်ကျိုးသည် စျေးသို့ အထူးတလည် သွားရောက်ခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ရွာသားများ မွေးမြူထားသော ကြက်နှင့် ဘဲအနည်းငယ်အား ဝယ်ယူခဲ့သလို ကြက်ဥ အလုံးတစ်ရာကိုလည်း ဝယ်ယူခဲ့သည်။

ကြက်နှင့်ဘဲများကို စားသောက်ပွဲတွင် အကုန်ချက်ပြုတ်ပြင်ဆင်လိုက်ပြီး ကြက်ဥများကမူ တစ်ဝက်မျှ ကျန်နေသည်။ အလုံးနှစ်ဆယ်က နည်းပါးသောပမာဏ မဖြစ်နိုင်ပေ။

ချန်မန် စကားပြောပြီးသေညအခါ လုဖျင်ကျိုးက ခဏမျှ စဥ်းစားလိုက်ပြီးနောက် မေးသည်။

"မင်း နောက်ထပ်အသားနှစ်ကီလိုလောက် ဝယ်ချင်သလား..."

သို့သော်လည်း ချန်မန်က ထိုစကားကို ကြားသောအခါ ပြန်လှန်မေးခွန်းထုတ်လိုက်သည်။

"ရှင့်မှာ အသားလက်မှတ်ရှိလို့လား..."

လုဖျင်ကျိုးမှာ နင်သွားသည်။ ၁၉၇၀ခုနှစ်များဆီသို့ ချင်းနင်းဝင်ရောက်လာသည်နှင့် ပြည်သူတို့၏ ဘဝများသည် သိသိသာသာပင် တိုးတက်လာခဲ့သည်။ အသိသာဆုံးသောအချက်မှာ အမျိုးမျိုးသော ထောက်ပံ့ပစ္စည်းများ၏ စံနှုန်းအပြောင်းအလဲပင် ဖြစ်သည်။ 

သူ ဤဌာနတွင် ပထမဆုံး အလုပ်ဝင်စဥ်က ဝက်သားထောက်ပံ့မှု သတ်မှတ်ချက်သည် လူတစ်ယောက်လျှင် ရှစ်တေးမျှသာ ဖြစ်သည်။ နှစ်အနည်းငယ်ကြာသောအခါ တစ်ကီလိုခွဲအထိ တိုးလာခဲ့သည်။
(တစ်တေး= ၃၅.၇ဂရမ်
တစ်ကီလိုခွဲ= တေး၄၀)

တစ်ကီလိုခွဲဟူသော ပမာဏသည် သာမန်စားသုံးမှုအတွက် လုံလောက်သော်လည်း မင်္ဂလာဆောင်တစ်ခုအတွက်မူ မလုံလောက်ပေ။ သူတို့လက်ထပ်ကြသည့် ထိုအချိန်တွင် အသားကီလိုအနည်းငယ်အတွက် လက်မှတ်များရရန် အခြားသူများနှင့် အလဲအလှယ်လုပ်ခဲ့ရသည်။ ၎င်းနောက် သားသတ်ဌာနသို့ သွားပြီး အပိုဆောင်းပေးသော အရိုးအကြီးများကို ပြန်လည်မျှပေးရန် အခြားသူများကို တောင်းဆိုခဲ့ပြီး ထိုအရိုးများဖြင့် စွပ်ပြုတ်အိုး ဖန်တီးခဲ့ခြင်းကြောင့် စားသောက်ပွဲကြီးမှာ အလွန်ရုပ်ပျက်မသွားရခြင်း ဖြစ်ပေသည်။


💓💓💓 👩‍❤️‍👨Chapter 49
အမေ့အိမ်သို့ပြန်ခြင်း 


လုဖျင်ကျိုးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"လက်ထပ်ခွင့်တောင်းဖိူ့ ကိုယ် မင်းအိမ်ကို လာတုန်းက ယူလာခဲ့တဲ့ ပစ္စည်းတွေနဲ့ အခုတစ်ခေါက် ယူသွားမယ့်ပစ္စည်းတွေက ခပ်ဆင်ဆင်ဖြစ်နေတယ်... ပိုနည်းသွားတဲ့ သစ်သီးတွေရယ် တစ်ဗူးထက်ပိုတဲ့ စီးကရက်ရယ် ဝက်သားတစ်တွဲရယ်က လွဲရင်ပေါ့..."

ဝက်သားနှင့် စီးကရက် နှစ်မျိုးစလုံးမှာ သစ်သီးထက် များစွာပို၍ ဈေးကြီးပေသည်။

သူက မည်သည်ကိုမျှ မကြောက်သော်လည်း ယောက္ခထီးဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့က သူ့ကို လက်မထပ်ခင်က လူတစ်မျိုး၊ လက်ထပ်ပြီးနောက် လူတစ်မျိုးဖြစ်ကာ မတူတော့ပါလားဟု တွေးထင်ခံရမည်ကို စိုးရိမ်လေသည်။

သူ ဤသို့ အားလုံးကို စိုးရိမ်နေရခြင်းအား အရင်းစစ်လိုက်သော် သူသည် ချန်မန်ကို သဘောကျပြီး သူမနှင့်ပတ်သက်သမျှ အရာအားလုံးကို ဂရုစိုက်သောကြောင့် သူမ၏ မိဘများရှေ့တွင် အထင်အမြင်ကောင်းတစ်ခု ရရှိလိုခြင်းသာ ဖြစ်သည်။

လုဖျင်ကျိုး၏ ဆိုလိုရင်းကို ချန်မန်က နားလည်သွားပြီး သူမ ပျော်ရွှင်သွားသော်လည်း သူမက ပြောလိုက်သည်။

"စိတ်မပူပါနဲ့... အဖေနဲ့အမေ ဖြစ်စေချင်တာက ကျွန်မကို ကောင်းကောင်းစောင့်ရှောက်ပေးဖို့တင်ပါ... တကယ်လို့ ကျွန်မတို့က သူတို့ကို ဂုဏ်ပြုပေးတယ်ဆိုရင် ကျွန်မတို့ရဲ့စားဝတ်နေရေးက အခြေခိုင်မာမှုရှိတယ်ဆိုပြီး သူတို့က ပျော်ရွှင်နေမှာပါ... ဒါပေမဲ့ ကျွန်မတို့က ကိုယ့်ကိုယ်ကိုတောင်မှ ဂရုမစိုက်ကြဘူးဆိုရင် သူတို့အတွက် ပစ္စည်းတွေ အတင်းဝယ်သွားမယ်ဆိုရင်တောင်မှ သူတို့ ပြန်သိသွားရင် ပျော်ကြမှာ မဟုတ်တော့ဘူး..."

အမှန်မှာ ချန်မန်တွင် အသားကူပွန်လက်မှတ် ပြတ်လပ်နေခြင်းတော့ မဟုတ်ပေ။ သူမ၏ အစားအသောက်ထောက်ပံ့ရေးကို သူမ၏ အလုပ်ဌာနက ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ အစိုးရပိုင်စားသောက်ဆိုင်မှ ဝန်ထမ်းများအတွက် အစားအသောက်တွင် အသားဟင်းပါသည်ဆိုစေကာမူ အများစုမှာရောင်းမကုန်သော ဟင်းအကျန်များသာ ဖြစ်သည်။ သူတို့ အမှန်ပင် အသားဟင်း စားချင်ကြပါက အသားထုတ်လုပ်ရာစက်ရုံဆီသို့ သွားနိုင်ပြီး ကူပွန်လက်မှတ်မလိုဘဲ အသားကို ရယူနိုင်သည်။

ထို့ကြောင့်ပင် သာမန်လူများအတွက် တစ်လစာအထောက်အပံ့ဖြစ်သော ဝက်သားတစ်ကီလိုခွဲသည် အလွန်ကန့်သတ်ထားခြင်းဖြစ်သော်လည်း ချန်မန်သည် သာမန်အားဖြင့် ထိုလက်မှတ်များကို သိမ်းထားလေ့ရှိ၏။ လကုန်သည့်အခါ သူမ၏မိသားစုအတွက် အခြားလိုအပ်သောအရာများ ဝယ်ယူရန် ထိုလက်မှတ်များကို အလဲအလှယ် လုပ်လေ့ရှိသည်။

သူမအနေဖြင့် အမှန်တကယ် အသားဝယ်ယူလိုပါကလည်း ချက်ချင်းပင် ဒါရိုက်တာဝမ့်ကို ပြောကာ ကူပွန်လက်မှတ်တစ်စောင် တောင်းဆိုနိုင်ပေသည်။

သို့သော် ထိုသို့ လက်မှတ်များယူ၍ အသားများဝယ်ပြီးနောက် ကျန်နေသော လဝက်လုံးလုံးတွင် လုဖျင်ကျိုး မည်သို့လုပ်မည်နည်း။ သူမက အလုပ်တွင် စားရသောကြောင့် အဆင်ပြေသော်လည်း လုဖျင်ကျိုးမှာ အသီးအရွက်ဟင်းချည်းသား စားနေရနိုင်ပေသည်။

သူမ၏ မိဘများအတွက် အသားစားရန် မရှိခြင်းက အဆင်ပြေသည်မဟုတ်သော်လည်း သူမက မိခင်ဖြစ်သူအကြောင်းကို ကောင်းကောင်းသိပေသည်။ အမျိုးသမီးကြီးသည် လုဖျင်ကျိုးကဲ့သို့ မတုံးအသောကြောင့် စားသောက်ပွဲ ကျင်းပရာတွင် စားပွဲခြောက်လုံးစာအတွက် ကြက်တစ်ကောင်နှင့် ဘဲတစ်ကောင်ကိုသာ ဝယ်ယူခဲ့သည်။

အစောပိုင်းဟင်းပွဲကို ကြက်သားနှင်အာလူးနှပ် ချက်လေ့ရှိကြသည်။ ကြက်သားများကို လက်နှစ်လုံးစာခန့် အတုံးလေးများဖြစ်အောင် တုံးလိုက်သည်။ တစ်ပွဲလျှင် ခြောက်တုံး ခုနှစ်တုံးခန့် ထည့်သည်။ ဟင်းပွဲများ တည်ခင်းချိန်တွင် အာလူး၊ ဂျင်း၊ ကြက်သွန်ဖြူများကို အရင်ခပ်ထည့်ကာ အပေါ်မှ ကြက်သားတုံးများကို ဖြန့်တင်ထားလိုက်သည်။ နောက်လိုက်ဟင်းပွဲမှာ ကျောက်ဖရုံသီးနှင့် ဘဲသားစွပ်ပြုတ်ဖြစ်သည်။ ဘဲသားကိုလည်း အတုံးသေးသေးလေးများဖြစ်အောင် တုံးထားသည်။ ဟင်းပွဲ တည်ခင်းချိန်တွင် ကျောက်ဖရုံသီးကများများ၊ ဘဲသားကနည်းနည်း ဖြစ်နေသော်လည်း အရသာက မဆိုးလှပေ။ (ရေငုပ်ပြီး ဘဲသားရှာစားရတာမျိုးဖြစ်မယ် 😁)

ဝက်အူကြွပ်ကြွပ်ကြော် တစ်ပန်းကန်၊ ထိုဝက်အူကြော်ရာမှ ရသော ဝက်ဆီနှင့် ကြော်ထားသော အသီးအရွက်ကြော် တစ်ပန်းကန်ကိုပါ ထပ်ပေါင်းထည့်လိုက်ပြီး ပူပူလေးစားရသော ဟင်းပွဲများ၊ အအေးခံထားသော ဟင်းပွဲများ အားလုံးကို စားပွဲပေါ်တွင် ပြင်ဆင်ပြီးနောက် မင်္ဂလာစားသောက်ပွဲမှာ သင့်တင့်လျောက်ပတ်သွားချေပြီ။

တစ်ယောက်ယောက်သာ အသားဟင်းလျာ ပြတ်လပ်နေမည်ဆိုလျှင်ပင် သူမ၏ မိဘများတွင် အသားဟင်းလျာ ပြတ်လပ်နေမည်ဆိုခြင်းမှာ မဖြစ်နိုင်သောအရာသာ ဖြစ်သည်။

သို့သော်လည်း ချန်မန်က လုဖျင်ကျိုး၏ ပူပင်သောကများကို နားလည်နိုင်ပေသည်။ အကယ်၍ သူမသာ သူ့အိမ်သို့ သွားရမည်ဆိုလျှင်လည်း သူမအနေဖြင့် စိတ်မသက်မသာ ခံစားရနိုင်သည်။ ခဏမျှကြာအောင် စဥ်းစားပြီးနောက် သူမက ပြောလိုက်သည်။

"ဒီလိုလုပ်ကြရအောင်လေ... ကျွန်မတို့ မုယောနို့မှုန့်*သံဗူးတစ်ဗူး ဝယ်သွားရအောင်... အဲ့ဒါကို ဝယ်သွားတယ်ဆိုရင် စီးကရက် ဝယ်သွားတာထက် ကျွန်မအမေက ပိုသဘောကျမှာ သေချာတယ်..."
(*malted milk)

မုယောနို့မှုန့်သည် လတ်တလောတွင် နာမည်ကြီးနေသော ပစ္စည်းကောင်း ဖြစ်ပြီး အသားထက်လည်း ပိုရှားပါးသလို သေချာသည်ကလည်း ပို၍စျေးကြီးသည်ပင်။

မည်သို့ပင်ဖြစ်စေ လုဖျင်ကျိုးသည် ချန်မန်အတွက်ဆိုလျှင် အမြဲလိုပင် စေတနာကောင်းလေသည်။ ယခုမူ ငွေအားလုံးကို လက်လွှဲပေးထားကြောင့်သာ မဟုတ်လျှင် သူသည် ပင်ကိုယ်အားဖြင့် မုယောနို့မှုန့်သံဗူးကို ဝယ်ယူရန် တွန့်ဆုတ်နေလိမ့်မည် မဟုတ်ပေ။ သူ့အတွက် သူ့ယောက္ခထီးနှင့် ယောက္ခမအတွက် စေတနာသဒ္ဒါတရားကသာ ပိုအရေးကြီးပေသည်။ 

ဘာပစ္စည်းဝယ်ယူမည်ဆိုခြင်းကို ဆွေးနွေးပြီးနောက် နှစ်ယောက်သား ချက်ချင်း မလှုပ်ရှားကြပေ။ အပြင်သို့ မထွက်ခင်က ချန်မန်က နေ့လယ်စာ စားချင်ပြီး ဟင်းသီးဟင်းရွက်စျေးကို ကြည့်ချင်ရုံသာဖြစ်သည်။ အခြားပစ္စည်းများ ဝယ်ယူရန် စိတ်ကူးမရှိသဖြင့် သူမလက်ထဲတွင် ငွေများများစားစား ပါမလာချေ။

သို့သော်လည်း အကျိုးဆက်က သိပ်ပြီးမကြီးလှချေ။ ချန်မန်က စျေးဆိုင်ထဲတွင် လှည့်ပတ်နေရင်း သေချာစွာ ကြည့်ရှုပြီးသောအခါ စင်များပေါ်တွင် များပြားလှသော ယမကာပုလင်းများနှင့် လက်ဖက်ခြောက်များအပြင် မုယောနို့မှုန့်သံဗူး ခုနှစ်ဗူး ရှစ်ဗူးခန့်ရှိသည်ကိုလည်း တွေ့လိုက်ရလေသည်။ ဝယ်မည့်ပစ္စည်းကိုဆုံးဖြတ်ပြီးဖြစ်၍ မနက်ဖန်တွင် ဝယ်ရန် ရောက်လာချိန်၌ ရှာရင်းဖွေရင်း အချိန်ကုန်စရာ မလိုတော့ပေ။

သူတို့နှစ်ယောက် ဟင်းသီးဟင်းရွက်များကို သယ်ရင်း လမ်းလျှောက်ပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက် မကြာခဏ ဆိုသလို သူတို့တွေ့ရသည်က စစ်သားဇနီးမယားများဖြစ်ပြီး ကလေးငယ်များနှင့်အတူ လမ်းလျှောက်ထွက်လာခြင်း ဖြစ်သည်။ သူတို့အားလုံးသည် စုပေါင်းအိမ်ရာဝင်းအတွင်း၌ နေထိုင်သူ မိသားစုများ ဖြစ်ကြပြီး အချင်းချင်း သိကျွမ်းသည် မသိကျွမ်းသည်က အရေးမဟုတ်သောကြောင့် ဆုံတွေ့သည်နှင့် အချင်းချင်း နှုတ်ဆက်စကားဆိုကြပေသည်။

အဆောက်အအုံ အမှတ်၁၄၏ အနီးသို့ လမ်းလျှောက်လာရင်း အဆောက်အအုံ အမှတ်၂၀၁မှ အိမ်နီးချင်းများနှင့် မမျှော်လင့်ဘဲ တွေ့ဆုံမိကြလေသည်။ သူမက ဝူလီဖြစ်ပြီး နယ်ခံ မူလတန်းပြဆရာမတစ်ဦးဖြစ်ကာ ယခု ကိုယ်တိုင်ယူစားသောက်ဆိုင်မှ ပြန်လာခြင်းဖြစ်၏။ သူတို့နှစ်ယောက်က နေ့လယ်စာဘူးများကိုရော ဟင်းသီးဟင်းရွက်များကိုပါ သယ်ဆောင်လာသည်ကိုသူမ မြင်သောအခါ ရှုပ်ထွေးသွားပြီး မေးလိုက်သည်။

"ရှင်တို့ ဘယ်က ပြန်လာကြတာလဲ..."

ချန်မန်က ရှင်းပြလိုက်သည်။ 
"ကျွန်မတို့ နေ့လည်စာ စားပြီးတော့ ဟင်းသီးဟင်းရွက်စျေးကို သွားခဲ့ကြတာပါ..."

သူမက ချက်ချင်းပင် နားလည်သွားသည်။
"အဲ့ဒီလိုကိုး... စားသောက်ဆိုင်က အခုပဲ ပြန်လာတာကို ရှင်တို့ကို ကျွန်မ မတွေ့ခဲ့ဘူးလေ..."

အိမ်နီးချင်းများ ဖြစ်စေကာမူ သူတို့အချင်းချင်း မရင်းနှီးကြသေးသောကြောင့် ရိုးရိုးရှင်းရှင်းပင် နှုတ်ဆက်စကား အနည်းငယ်စီ ဆိုကြပြီးနောက် လမ်းခွဲလိုက်ကြသည်။ ဝူလီက လှေကားပေါ်သို့ တက်သွားချိန်တွင် ချန်မန်နှင့် လုဖျင်ကျိုးတို့ကလည်း အိမ်ဆီသို့ ပြန်လာခဲ့ကြသည်။ 

အိမ်ရောက်ပြီး နေ့လယ်စာဗူးများကို ဆေးကြော၍ ဝယ်လာသော ဟင်းသီးဟင်းရွက်များကို နေရာတကျ ထားပြီးသောအခါ လုဖျင်ကျိုးက တရေးတမော အိပ်စက်ကြရန် အကြံပေးလေသည်။ သို့သော်လည်း နေ့လယ်စာမစားမီက ငွေရေတွက်နေရင်း သူတို့နှစ်ယောက် စိတ်မထိန်းနိုင်လုနီးပါး ဖြစ်သွားသည်ကို ချန်မန်က သတိရသွားသောကြောင့် သူမက သူ့ကို သိပ်မယုံကြည်တော့ပေ။ ရှုပ်ယှက်ခတ်နေသော ဧည့်ခန်းကို ကြည့်ရင်း သူမက ပြောလိုက်သည်။

"ရှင် သွားအိပ်ပါ...ကျွန်မ ဧည့်ခန်းကို သန့်ရှင်းရေး လုပ်ဦးမယ်..."

ချန်မန်က ထိုသို့ ပြောလိုက်သည်နှင့် လုဖျင်ကျိုးမှာ မအိပ်ချင်တော့ဘဲ အလုပ်စတင်ရန် အကျီလက်များကို ပင့်တင်လိုက်တော့သည်။

ဧည့်ခန်းအတွင်းဝယ် သန့်ရှင်းရေးလုပ်စရာ များများမရှိပေ။ သူက အရင်ကတည်းက သန့်ရှင်းရေး လုပ်ထားပြီးသားဖြစ်စည်။ မနေ့က ဤနေရာကို ဧည့်သည်များ ဝင်လိုက်ထွက်လိုက် လုပ်နေခဲ့သည်ဟု ယူဆလျှင်ပင် ကြမ်းပြင်ကို တံမြက်စည်းလှည်းရန်သာ လိုအပ်ပေမည်။ 

မနေ့က သယ်ယူလာသော ပရိဘောဂများသည် နေရာတကျ မရှိကြသေးဘဲ ဥပမာ ဆိုဖာဆိုလျှင် နံရံတွင် ကပ်ထားသင့်သော်လည်း ယခုအချိန်တွင် ထမင်းစားခန်းကို မျက်နှာမူထားလေသည်။ ခုံတန်းအချို့ကိုလည်း ကြုံသလို နေရာချထားပြီး စက်ဘီးများနှင့် အပ်ချုပ်စက်တို့မှာလည်း ဧည့်ခန်း၏ အလည်ခေါင်တွင် ရောက်နေလေသည်။

ပထမဆုံး လုဖျင်ကျိုးသည် ဆိုဖာနှင့် ကော်ဖီစားပွဲတို့ကို နေရာချထားလိုက်ကာ ချန်မန်၏ စိတ်ကူးအတိုင်း ဧည့်ခန်း၏ တံခါးပေါက်ဘက်သို့ လှည့်ထားလိုက်ပြီးနောက် အံဆွဲပါ ဗီရိုနှစ်လုံးကိုလည်း လိုက်ဖက်ညီအောင် နေရာရွှေ့ပြောင်းလိုက်သည်။

၎င်းနောက် ခွေးခြေခုံများကို နံရံနှင့်ကပ်ကာ စီထပ်လိုက်ပြီး စက်ဘီးများကိုလည်း နံရံနှင့် ကပ်ထားလိုက်သည်။ အပ်ချုပ်စက်အတွက်ကိုမူ...

ချန်မန်က အပ်ချုပ်စက်ကို ကြည့်ရင်း စဥ်းစားနေရာမှ ဒုတိယအိပ်ခန်းဆီသို့ လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
"အဲ့ဒီအထဲမှာ ဘာတွေရှိလဲ..."

"အရင်နေတဲ့သူရဲ့ အိပ်ရာနဲ့ ဗီရိုတွေကို ကိုယ် အဲ့ဒီထဲ ရွှေ့ထားတယ်..."

လုဖျင်ကျိုးက ပြောလိုက်ရင်း ဒုတိယအိပ်ခန်း၏ တံခါးကို တွန်းဖွင့်လိုက်သည်။
"မင်း အလုပ်လုပ်တဲ့အချိန်မှာ တိတ်တိတ်ဆိတ်ဆိတ် ရှိချင်တယ်ဆိုရင် အပ်ချုပ်စက်ကို အဲ့ဒီမှာ ထားလို့ရတယ်..."

ချန်မန်က ဒုတိယအိပ်ခန်းထဲသို့ ဝင်ကြည့်လိုက်သည်။ ထိုအခန်းသည် အဓိကအိပ်ခန်းထက် သုံးပုံတစ်ပုံခန့် သေးငယ်သော်လည်း သူမ ယခင်က နေခဲ့ဖူးသော အခန်းထက် ပိကျယ်လေသည်။ အိပ်ရာနှင့် ဗီရိုကို နေရာချထားပြီးနောက် နေရာအလွတ် အတော်ပင် ကျန်သေးသည်။ 

"အဲ့ဒါဆိုလည်း အပ်ချုပ်စက်ကိုအထဲကို သယ်လာပေးမလား..."

"ကိုယ် အထဲကို ရွှေ့ပေးမယ်..."
ထိုသို့ ပြောပြီးနောက် လုဖျင်ကျိုးက ချန်မန်ကို မည်သည်ကိုမျှ လုပ်ခွင့်မပေးပေ။ သူက အပ်ချုပ်စက်ကို ဒုတိယအိပ်ခန်းထဲသို့ သယ်လာပြီး နံရံနှင့်ကပ်ကာ နေရာချထားပေးလိုက်သည်။

ကြီးကြီးမားမား ပစ္စည်းများကို နေရာချထားပြီးသောအခါ ချန်မန်သည် မိခင်ဖြစ်သူ ပြင်ဆင်ပေးလိုက်သော ပစ္စည်းအသေးအမွှားလေးများကို နေရာတကျ ထားသိုလေသည်။ သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပြီးသောအခါ သူမက ဧည့်ခန်းကို ထပ်မံ၍ ကြည့်လိုက်ပြန်သည်။ ဧည့်ခန်းထဲတွင် စီမံနေရာချထားရန် နေရာလွတ်များစွာ ကျန်နေသေးသော်လည်း အစောကထက်စာလျှင် ပို၍ မျက်စိပသာဒ ဖြစ်လာလေသည်။

ထိုနေ့လယ်ခင်းတွင် ကြင်စဦးစုံတွဲသည် ပစ္စည်းများကို သပ်ရပ်အောင် လုပ်ခြင်းဖြင့် အချိန်ကုန်သွားကြသည်။ ဧည့်ခန်းကို နေရာချထားပြီးသည်နှင့် သူတို့သည် မီးဖိုခန်းကို သန့်ရှင်းရေးလုပ်ကြပြီး ၎င်းနောက် နောက်ဖေးခြံဝင်းကိုလည်း သန့်ရှင်းပြန်သည်။ ညနေလေးနာရီ ငါးနာရီထိ သူတို့နှစ်ဦး အလုပ်များနေကြပြီး ၎င်းနောက် ညစာကို စတင် ပြင်ဆင်လိုက်ကြသည်။

ညစာအတွက် စားဖိုမှူးလုဖျင်ကျိုးက ကြက်ဥများကို ခလောက်၍ ပန်းငရုတ်ပွများနှင့် ရောကြော်လိုက်ကာ ဤသည်က သူမ ရည်ရွယ်ထားသည့်အတိုင်း ဖြစ်သည်။ ဟင်းပွဲက ချက်ရလွယ်ကူသလို အမှားလုပ်မိစရာလည်း မရှိပေ။

ပြီးပြည့်စုံသော ထုတ်ကုန်ပစ္စည်း ဟင်းပွဲမှာ စိတ်ကျေနပ်စရာကောင်းလှသည်။ အရောင်မလှသော်လည်း အရသာက အလွန်ကောင်းသည်။ လုဖျင်ကျိုးကလည်း ထိုကိစ္စကို အားရပါးရ ထောက်ခံပြီး ထိုဟင်းနှင့် ထမင်းနှစ်ပန်းကန် ကုန်အောင် စားလိုက်လေသည်။

ချန်မန်က အလွန်လည်း ဂုဏ်ယူမိသော်လည်း တစ်ချိန်တည်းမှာပင် လုဖျင်ကျိုး၏ အချက်အပြုတ်စွမ်းရည်သည် သူမထက် များစွာသာလွန်သည်ကို ဝန်ခံလိုက်ရပေသည်။ ထို့ကြောင့် သူမက သူချက်သော ဟင်းပွဲကို အတော်များများ စားလိုက်၏။

ပြောကြသည်မှာ သင်သည် ဗိုက်ပြည့်ကာ နွေးထွေးနေပါလျှင် ထိုကိစ္စကို လုပ်ချင်လိမ့်မည်ဟု ဆိုကြသည်။ ညစာ စားပြီးသောအခါ သူတို့သည် နာရီဝက်ခန့် လမ်းလျှောက်ကြပြီး ပြန်လာပြီးနောက် ရေမိုးချိုးကြသည်။ ၎င်းနောက် အိပ်ရာဝင်ကာ စတင်တိုက်ခိုက်ကြပြန်သည်။

ပထမဆုံးအကြိမ်တွင် လုဖျင်ကျိုးမှာ အနည်းငယ် မြန်သွားပြီး ချန်မန်ကို စိတ်ရှုပ်သွားစေသော်လည်း... အိုး... ဒီအကြောင်းကို လုဖျင်ကျိုးရှေ့မှာ အစမဖော်၍ မရေပ။ ယောကျ်ားတစ်ယောက်အတွက် အောင်နိုင်လိုသော သူ၏ ဆန္ဒများကို နိုးကြွလာစေနိုင်သောကြောင့်ပင်။

အတိုချုံးရလျှင် နောက်ထပ် အကြိမ်ရေအနည်းငယ်၏ ကောင်းမွန်သော အတွေ့အကြုံများကြောင့်လည်း ဖြစ်သလို ချန်မန်ကလည်း အချိန်ခရီးသွားမဖြစ်မီက ဝတ္ထုအနည်းငယ်ကို ဖတ်ခဲ့သောကြောင့်ဖြစ်မည်။ ထိုထဲကမှ အချို့သည် အတော်လေး ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး အားလုံးသော ဆယ့်ရှစ်အပေါင်းအနေအထားများ ပါဝင်သည်။၎င်းတို့သည် ပြင်းထန်စွာ နှိမ်နင်းခံရမှုကြောင့် သူတို့သည် အသေးစိတ်အကြောင်းအရာများကို ရှင်းလင်းပြရန် မဝံ့ရဲစေကာမူ ထိုမရေရာသော အသေးစိတ်အချက်အလက်များကပင် အလွန်ဆွဲဆောင်မှု ရှိလေသည်။

အကယ်၍သာ ချန်မန်ကို ယခုထက် နှစ်အနည်းငယ် ပိုပေးပြီး သက်ဆိုင်သော သတင်းအချက်အလက်များကို ယခုထက် ပို၍ မြင်သာအောင် ပြခဲ့လျှင် ထိုကိစ္စတွင် သူမ၏ စိတ်ပါဝင်စားမှုက လျော့နည်းသွားမည် ဖြစ်သည်။ သို့သော်လည်း အမှန်စင်စစ်တွင်မူ သူမ ပို၍ မလေ့လာနိုင်မီ ၁၉၇၀ခုနှစ်များဆီသို့ ပို့ဆောင်ခံလိုက်ရပြီး သတင်းအချက်အလက်ရနိုင်သော လမ်းကြောင်းများကလည်း ဖြတ်တောက်ခံထားရသည်။ (တစ်ဆယ့်ရှစ် = 18+)

သူမအနေဖြင့် ထိုကိစ္စနှင့် ဆက်နွယ်နေသည်ကိူ အရေးမထားမိစဥ်က ချန်မန်သည် တည်ငြိမ်နေနိုင်ခဲ့သေးသည်။ သို့သော် ထိုကိစ္စနှင့် ဆက်နွယ်နေသည်ကို အရေးထားရမည့် အခြေအနေ ဖြစ်လာပြီး အားလုံးသော အိတ်တင်းပလပ်အနေအထားများကို ပြန်တွေးမိသောအခါ ဘာမှမတတ်နိုင်ဘဲ စပ်စုချင်စိတ် ပေါ်လာမိလေသည်။

ထို့ကြောင့် တိုက်ခိုက်နေကြချိန်တွင် ချန်မန်က လုဖျင်ကျိုးနှင့် ပူးပေါင်း၍ ကိုယ်နေဟန်ထားအချို့ကို စမ်းသပ်ကြည့်လေသည်။ သတင်းအချက်အလက်များ ရယူရန်အတွက် လမ်းကြောင်းများစွာ မရှိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ သူ အဆိုပြုလာသော ကိုယ်နေဟန်ထားများမှာ လုံးဝအခြေခံမျှသာဖြစ်ပြီး မခက်ခဲသော်လည်း စမ်းသပ်ကြည့်သောအခါ ကောင်းမွန်သည်ဟု ခံစားရလေသည်။

ထို့ကြောင့် ထိုညက သူတို့နှစ်ယောက်သည် ကိုယ့်ကိုယ်ကို အနည်းငယ်မျှ အလိုလိုက်ခဲ့ကြသည်။

နောက်တစ်နေ့တွင်မူ မျှော်လင့်ထားသည့်အတိုင်း သူတို့နှစ်ယောက်လုံး အိပ်ရာထ နောက်ကျကြလေသည်။

မူလအတိုင်းဆိုလျှင် သူတိူ့နှစ်ယောက်သည် ကိုးနာရီမထိုးမီ ရောက်သင့်သော်လည်း ချန်မန်တို့အိမ်သို့ တကယ်ရောက်ချိန်တွင် ဆယ်နာရီပင် ထိုးတော့မည်ဖြစ်သည်။ ဝမ့်ချိုးမိန်သည် စိတ်သောကရောက်စွာဖြင့် အိမ်တွင် စောင့်ဆိုင်းနေရင်း ခင်ပွန်းဖြစ်သူကို ကြိမ်ဖန်များစွာ မေးနေမိသည်။

"သူတို့တွေ ဘာများဖြစ်နေတာပါလိမ့်နော်..."

ချန်စုဝေ့ကမူ အတော်ပင် တည်ငြိမ်သည်။
"ငါတို့အကုန်လုံးက အရွယ်ရောက်နေကြပြီလေကွာ... ဒီလမ်းခရီးကလည်း အဝေးကြီးမဟုတ်ပါဘူး... သူတို့က ဘာဖြစ်ရမှာတုန်း... စိတ်မပူပါနဲ့... ခဏနေရင် သူတို့ရောက်လာတော့မှာပါ..."

ကိုးနာရီ ငါးဆယ်မိနစ်တွင် ဝမ့်ချိုးမိန်သည် အိမ်ထဲတွင် ဆက်ထိုင်မနေနိုင်တော့ဘဲ စုပေါင်းအိမ်ရာ၏ အဝင်တံခါးဝတွင် စောင့်ရန် ပြင်လိုက်သည်။ ရလဒ်မှာ သူမက အိမ်ခြံဝင်းထဲ ဆင်းသွားချိန်မှာပင် လူငယ်နှစ်ယောက်သည် ပစ္စည်းများကို သယ်ဆောင်ကာ ပခုံးချင်းယှဥ်တွဲလျက် သူမဆီသို့ လမ်းလျှောက်လာနေသည်ကို မြင်လိုက်ရသည်။

နောက်ဆုံးတွင် လူကိုယ်တိုင် မြင်လိုက်ရမှ ဝမ့်ချိုးမိန်သည် စိတ်သက်သာစွာဖြင့် သက်ပြင်းကို ချလိုက်နိုင်သည်။ သူမက ရှေ့သို့ တိုးသွားပြီး မေးလိုက်သည်။

"ဘာဖြစ်လို့ ခုချိန်မှ လာကြတာလဲ..."

မနေ့ည၏ ရယ်ဖွယ်ကောင်းမှုကို စဥ်းစားမိရင်း ချန်မန်က ရှက်သွေးဖြာသွားကာ ထစ်ထစ်ငေါ့ငေါ့နှင့် စကားတစ်လုံးမှ မဆိုနိုင်တော့ပေ။ လုဖျင်ကျိုးက တည်ငြိမ်စွာဖြင့် ပြောလာသည်။

"ကျွန်တော်တို့ မနေ့ညက အိပ်ရာဝင်တာ နည်းနည်းနောက်ကျသွားတာနဲ့ မနက်ကျ အိပ်ရာထ နောက်ကျသွားလို့ပါ..."

"မင်းက အိပ်ရာထနောက်ကျတာလား..."

ဝမ့်ချိုးမိန်က မေးလိုက်မိပြီးမှ သူ့ဘာသာပြန်ဖြေလိုက်ရသည်။

"ရတယ်... ရတယ်... မင်းတို့လို လူငယ်လေးတွေက နည်းနည်းတော့ ပိုအိပ်ရမှာပေါ့... မနက်စာရော စားခဲ့ကြပြီလား..."

သေချာပေါက်ပင် မနက်စာစားရန် အချိန်မရခဲ့သော်လည်း အချိန်က ဆယ်နာရီပင် ထိုးတော့မည်ဖြစ်၍ ချန်မန်က ပြောလိုက်သည်။

"ထားလိုက်ပါတော့... အခုပဲနေ့လယ်စာ စားကြတော့မယ့်ဟာပဲ..."

ဝမ့်ချိုးမိန်က အလွန်အကျွံတွေ တွေးမိသွားပြီး ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"အေးပါ... ပြီးရင် အမေနေ့လည်စာ ချက်ပေးမယ်..."

ခြံအမှတ်၂၇ထဲသို့ ပြန်ဝင်လာချိန်တွင် ဝမ့်ချိုးမိန်က တံခါးထဲ မဝင်ရသေးမီက အပြင်ဘက်ကတည်းက အော်ပြောလေသည်။

"အဖိုးကြီးချန်... ဒီမှာ မန်မန်နဲ့ ဖျင်ကျိုး လာပြီ..."

သူမက လူငယ်နှစ်ယောက်ကို ဦးဆောင်သွားရင်း ချန်စုဝေ့ကို အပြင်ထွက်၍ ဗျောက်အိုးများ ဖောက်ရန် ပြောလိုက်သည်။

ဗျောက်အိုးဖောက်သံများ ဆူညံလာချိန်တွင် အိမ်နီးချင်းများက ကြင်စဦးဇနီးမောင်နှံကို ကြည့်ရှုရန် တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ အခြားကလေးများနှင့် အပြင်တွင် ကစားနေသော ချန်မင်လည်း ဗျောက်အိုးသံများ ကြားလိုက်သောအခါ အိမ်သို့ အမြန် ပြန်ပြေးလာရင်း အော်ဟစ်လာသည်။

"အဒေါ်နဲ့ ဦးလေး... ပြန်လာပြီပေါ့..."


💓💓💓 👩‍❤️‍👨Chapter 50

*အသက်နှစ်ဆယ့်တစ်နှစ် ပြည့်သွားပြီး ချန်မန် နောက်ဆုံးတော့ သိလိုက်ရတာက သူမရဲ့အမေက အကြမ်းတမ်းဆုံးမိန်းမတစ်ယောက်ဖြစ်တယ်ဆိုတာကိုပါပဲ*


"အဒေါ်နဲ့ ဦးလေး... ပြန်လာပြီပေါ့..."

သူက ပြေးလာရင်း ချွေးများ ထွက်နေသည်ကို ချန်မန် မြင်သောကြောင့် သူ့ဆီသို့ အရင်လှမ်းသွားပြီး ချွေးများ သုတ်ပေးကာ မေးလိုက်သည်။

"မင်း ဘယ်ရောက်နေတာလဲ... ချွေးတွေက ဘာလို့ ဒီလောက်တောင် ထွက်နေလဲ..."

"ကျွန်တော် ဘာမှမလုပ်ပါဘူး... အပြင်မှာ ကစားနေတာ... အော် ချွေးထွက်တာက အိမ်ကို ပြေးပြီး ပြန်လာလို့လေ..."

ချန်မင်က တအံ့တသြဖြင့် အာမေဋိတ်သံပြုလိုက်သည်။

"ဒေါ်လေး ကျွန်တော့်ကို ဘာမှ မပြောတော့ဘူးလား..."

ချန်မန်က အဖြေကို စဥ်းစားမရဘဲ ကြည့်နေသည်။
"ငါက မင်းကို ဘာဖြစ်လို့ ပြောရမှာလဲ..."

"အရင်တုန်းက ကျွန်တော် သူ့ကို ဦးလေးလို့ ခေါ်တော့ ဒေါ်လေးက ကျွန်တော့်ကို ဆူပြီးတော့ အသီးလည်း စားခွင့်မပေးဘူးလေ..."

ချန်မင်က နှစ်ခါမျှ ဟွန့်ခနဲနှာမှုတ်လိုက်သည်။ သူက အတော်ပင် မှတ်ဥာဏ်ကောင်းလေသည်။

ယောက္ခထီး၊ ယောက္ခမတို့နှင့် စကားစမြည် ပြောနေသော လုဖျင်ကျိုးက လှည့်ကြည့်လာပြီး မျက်ခုံးပင့်လျက် မေးလ္လေသည်။

"အဲ့လိုအချိန် ရှိသေးတာလား..."

"ရှိတာပေါ့... ဒေါ်လေးပြောတာတော့ ခင်ဗျားတို့နှစ်ယောက်က လက်မထပ်ရသေးလို့ ကျွန်တော်က ခင်ဗျားကို ဦးလေးလို့ ခေါ်လို့မရသေးဘူးတဲ့..."

ချန်မင်က အကြောင်းပြချက်ကို သူနားလည်သည့်အတိုင်း ပြန်ပြောပြသည်။ ချက်ချင်းပင် သူ သဘောပေါက်သွားသည်။

"ကျွန်တော်သိပြီ... ဒီတစ်ကြိမ်မှာ ဒေါ်လေး ကျွန်တော့်ကို ဘာမှမပြောတာက ဒေါ်လေးတို့က လက်ထပ်ပြီးသွားလို့ပေါ့..."

လုဖျင်ကျိုးက ချီးမွမ်းလိုက်သည်။
"ဟုတ်တာပေါ့ကွ... အခုကစပြီး မင်း ငါ့ကို ဦးလေးလို့ ခေါ်လို့ ရသွားပြီ..."

သူမရှေ့တွင် ညီညွတ်ရေးတေးသီချင်းဆိုနေကြသော လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်တို့ နှစ်ယောက်သားကို နားထောင်နေမိသည်။ယခု ချန်မန် ခံစားနေရသည်က- မီးတောက်၊ သူခိုးနှင့် ကလေးတို့ကို အမြဲတစေ သတိထားရခြင်းမှာ... နောက်ဆုံးစက္ကန့်အထိ ကောင်းမွန်သော အပြုအမူနှင့် ချစ်စရာကောင်းလှသော ကလေးတစ်ယောက်သည် နောက်တစ်စက္ကန့်တွင် နတ်သားတစ်ပါး ဖြစ်မည်လော သို့တည်းမဟုတ် လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်မည်လောကို သင်မသိနိုင်သောကြောင့်ဖြစ်သည်။ 

ကံကောင်းထောက်မသည်က ဤကမောက်ကမအဖြစ်သည် အကြာကြီး ဖြစ်မနေခဲ့ပေ။ လုဖျင်ကျိုးနှင့် မြေးဖြစ်သူတို့ စကားလက်ဆုံကျနေသည်ကို တွေ့သောအခါ ဝမ့်ချိုးမိန်က သမီးဖြစ်သူကို လက်ယမ်းပြလိုက်ပြီး အဓိကအိပ်ခန်းဆီသို့ ခေါ်ဆောင်သွားသည်။ သူမက အသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။

"သမီးနဲ့ လုဖျင်ကျိုးတို့ အဆင်ပြေကြရဲ့လား..."

သမီးဖြစ်သူက လက်ထပ်ပြီးခါစဖြစ်သောကြောင့် အမေတစ်ယောက်အနေဖြင့် သူမက စိတ်ပူနေပေမည်။ ချန်မန်က ဤသည်ကို ကောင်းစွာနားလည်သောကြောင့် ကျိန်းသေပေါက် သေချာမှုနှင့် ပြောလိုက်သည်။

"သမီးတို့ အဆင်ပြေပါတယ်... မနေ့ကဆို သူက သမီးကို ငွေသွင်းငွေထုတ်စာအုပ်ကိုတောင် ပေးလိုက်ပြီ..."

ဝမ့်ချိုးမိန်သည် အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပြီး ယောက်ျားတစ်ယောက်က ကောင်းသည်လား မကောင်းသည်လားကိုလည်း ကောင်းစွာ နားလည်ပေသည်။ ကျန်သည့်အရာအားလုံးမှာ သာမန်အလ္လာပသလ္လာပစကားများသာ ဖြစ်သည်။ အစစ်မှန်ဆုံးသော အရာမှာ သူသည် ပိုင်ဆိုင်သမျှအားလုံးကို ဇနီးဖြစ်သူမှ စီမံပေးရန် ဆန္ဒရှိသည်လားဟူ၍ ဖြစ်သည်။ ထို့ကြောင့် သမီးဖြစ်သူ၏ စကားများကို ကြားရချိန်တွင် ဝမ့်ချိုးမိန်သည် သူမ၏ သံသယအများစုကို ရှင်းပစ်လိုက်နိုင်လေသည်။

ကျန်သောအပိုင်းအသေးလေးအတွက်မူ သူမက တွန့်ဆုတ်နေပြီး မေးလိုက်သည်။ 

"ဒီလိုဆို သမီးတို့နှစ်ယောက် အဆင်ပြေပြေနဲ့ အတူရှိခဲ့တာလား..."

"သမီးတို့သာ အတူတူမရှိရင် သူက ဘယ်လိုလုပ်ပြီး သမီးကို သူ့ငွေတွေ စီမံဖို့ ခွင့်ပြုမှာလဲ..."

ချန်မန်က မော့ကြည့်ရင်း မေးလိုက်သည်။

"အမေက နင့်ဘဝအကြောင်း မေးနေတာမဟုတ်ဘူး... နင့်ရဲ့ညအကြောင်းကို မေးနေတာ..."

သမီးဖြစ်သူ ကြောက်လန့်သွားမည်ကို စိုးရိမ်သောကြောင့် ဝမ့်ချိုးမိန်က ပြောမည့်စကားလုံးအား စဥ်းစားပြီးမှ ပြောလိုက်သည်။

"သမီးတို့ မင်္ဂလာဆောင်နေ့က ညကို သမီးတို့နှစ်ယောက် အောင်အောင်မြင်မြင် ဖြစ်ကြလား... ရှောင်လုကလေ... အဆင်ပြေရဲ့လားလို့..."

ချန်မန်- "!!"

အသက်နှစ်ဆယ့်တစ်နှစ် ပြည့်သွားပြီး ချန်မန် နောက်ဆုံးတော့ သိလိုက်ရသည်မှာ သူမရဲ့အမေက ပွဲအကြမ်းဆုံးမိန်းမတစ်ယောက်ဖြစ်သည်ဟူ၍ပင်။

သူမ၏ အမေက ထိုကဲ့သို့သော မေးခွန်းများ မေးလိမ့်မည်ဆိုသည့် အကြောင်းကို သိနေခဲ့သည်။ သူမသည် ဧည့်ခန်းထဲရှိ အပြုံးတစ်ဝက်နှင့် ကိုယ့်ကိုယ်ကို ဘဝင်လေဟပ်နေသော လုဖျင်ကျိုးကို ရင်ဆိုင်ရန် မျက်နှာပူရပေလိမ့်မည်။

ဝမ့်ချိုးမိန်ကလည်း ထိုမေးခွန်းများကိူ မမေးလိုပေ။ သူမတွင်လည်း ထိန်းသိမ်းရန် ဂုဏ်သိက္ခာရှိသေးသည်။ သူမအနေဖြင့် အဘယ်ကြောင့် သမီးလေး၏ အိပ်ခန်းထဲတွင် ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များအထိပါ အမြဲလို စူးစိုက်ကြည့်နေခဲ့ရသနည်း။

သို့သော်လည်း သူမ စိုက်ကြည့်ရပေလိမ့်မည်။

ချန်မန်က ရှက်ရွံ့ပြီး ဘာမှပြန်မပြောသည်ကို  á€á€™á€şá€ˇá€á€ťá€­á€Żá€¸á€™á€­á€”် မြင်လိုက်ရသည်။

"ရှက်မနေပါနဲ့… အမေက ဘာဖြစ်ဖြစ်သိရရင်ပြီးရောဆိုပြီး ဒီမေးခွန်းတွေကို မေးနေတာမဟုတ်ဘူး… သမီးကိုလည်း ဝမ်းရှလို အဖြစ်အပျက်မျိုး ဖြစ်လာမှာကို အမေစိုးရိမ်လို့ပါကွယ်…"

ဝမ်းရှ၏ မျိုးရိုးအမည်မှာ ဝမ်ဖြစ်သည်။ သူမသည် စုပေါင်းအိမ်ရာဝင်းထဲတွင် ကြီးပြင်းခဲ့ပြီး အရှေ့ဘက်ရှိ အဆောက်အဦ သုံးခုတွင် နေထိုင်ခဲ့သည်။


ထိုမိန်းကလေးသည် ငယ်ငယ်ကတည်းက ထူးချွန်သည်။ သူမသည် လှပ၍ ဉာဏ်ကောင်းပြီး ထက်မြက်သည်။ အကယ်၍ သူမသည် ကြီးမားသော ပြောင်းလဲမှုကို မကြုံတွေ့ခဲ့ပါက သူမသည် အလားအလာရှိသော ကောလိပ်ကျောင်းသားတစ်ဦးဖြစ်မည်မှာ သေချာပါသည်။

သို့သော် အရာအားလုံးသည် ထိုသို့ချောမွေ့မနေခဲ့ချေ။ သူမသည် ကြီးမားသော ပြောင်းလဲမှုနှင့် ကြုံတွေ့ခဲ့ရပြီး သူမ၏ ပညာရေးကို ဆက်လက်မသင်နိုင်ခဲ့ပေ။ သို့သော် သူမသည် တခြားသူတွေထက် ပို၍ ကံကောင်းခဲ့သည်။ အတန်းများ ရပ်နားပြီးနောက် သူမသည် အတန်းဖော်များကဲ့သို့ ဟိုဟိုဒီဒီ ခရီးမသွားဘဲ အိမ်တွင် စာမေးပွဲအတွက် ပြင်ဆင်ရန် အာရုံစိုက်ခဲ့သည်။ ၁၉၆၀ နှင့် ၁၉၇၀ နှစ်များ၏ အစောပိုင်းကာလ၌ သူမသည် အထည်ချုပ်စက်ရုံတွင် အလုပ်ဝင်ခဲ့သည်။

ထိုနေရာသည် သူမကို သူမ၏ ပထမခင်ပွန်းနှင့် မိတ်ဆက်ပေးခဲ့သည့် နေရာလည်း ဖြစ်သည်။

၎င်းသည် ဝမ်းရှ၏ အဖြစ်ဆိုးလှသော ဘဝအတွက် အစနိဒါန်းလည်း ဖြစ်ခဲ့သည်။

အိမ်ထောင်သက်တမ်း ပထမနှစ်တွင် ကိုယ်ဝန်မရှိသည်ကလွဲလျှင် အရာအားလုံး အဆင်ပြေပါသည်။

ဒုတိယနှစ်တွင် ယောက္ခမဖြစ်သူသည် စိတ်သောကရောက်လာပြီး မြေးချီရရန်အတွက် နည်းလမ်းမျိုးစုံကို ကြိုးစားခဲ့သည်။ ထိုနှစ်နှစ်အတွင်း သူမသည် ရိုးရာဆေးနည်းများစွာကို စမ်းသပ်သောက်သုံးခဲ့သော်လည်း ကိုယ်ဝန်မရရှိခဲ့ပေ။

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ကိုယ်ဝန်မဆောင်နိုင်ရသည့် အကြောင်းရင်းကို စစ်ဆေးရန်အတွက် သူမအား ဆေးရုံသို့ ခေါ်ဆောင်သွားသင့်ကြောင်း သူမ၏ မိဘများကို ပြောခဲ့သည်။

သူမ၏ မိဘများကလည်း ထိုအချက်ကို စစ်ဆေးကြည့်လိုသောကြောင့် သူမ မိဘအိမ်ကို ပြန်လာချိန်တွင်  á€†á€ąá€¸á€›á€Żá€śá€žá€˝á€Źá€¸á စစ်ဆေးရန် ရက်ချိန်းသတ်မှတ်မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူမ(ဝမ်းရှ)သည် စိတ်ပြောင်းသွားပြီး သူမနှင့် သူမ၏ခင်ပွန်းသည် အနာဂတ်တွင် ကလေးမွေးစားရန် သဘောတူပြီးဖြစ်၍ ကလေးမရနိုင်ပါကလည်း ထိုအကြောင်းကို မေ့ပစ်လိုက်မည်ဟု ပြောခဲ့သည်။(မစစ်ဆေးတော့ဘူး)

သူတို့သားမက်သည် အလွန်ကျိုးကြောင်းဆီလျော်သောကြောင့် သဘာဝကျစွာပင် မိဘများအနေနှင့် ဘာမှပြန်မပြောနိုင်တော့ပေ။

 á€žá€ąá€á€ťá€Źá€žá€Šá€şá€™á€žá€Ź ရောဂါရှာကြည့်ရင်း သူတို့သမီးဖြစ်သူတွင်  á€•ဟဿနဏတစ်ခုခု ရှိနေမည်ကို ပိုမိုစိုးရိမ်ခဲ့ကြပေသည်။

ထို့ကြောင့် သူမ၏ဘဝက ထိုအတိုင်း ဆက်လက်သွားနေခဲ့သည်။ အိမ်ထောင်သက် စတုတ္ထနှစ်တွင် ဝမ်းရှ၏ ခင်ပွန်းသည် အလုပ်တွင် မတော်တဆမှုတစ်ခုဖြင့် သေဆုံးသွားခဲ့သည်။ သူမတွင် သားသမီးမရှိသောကြောင့် သူမ၏ ယောက္ခမက သူမကို မုန်းတီးလေသည်။ သူမကို မိဘအိမ်သို့ ပြန်ရန် နှင်ချခဲ့ရုံမျှမက အထည်ချုပ်စက်ရုံမှလည်း အလုပ်ထုတ်ခံခဲ့ရသည်။

အိမ်ထောင်ကျပြီးနောက် ခင်ပွန်းဖြစ်သူနှင့် အဆင်တပြေရှိသော ဆက်ဆံရေးရှိခဲ့သောကြောင့် ဝမ်းရှသည် သူမ၏ခင်ပွန်းဆုံးပါးသွားပြီးနောက်ပိုင်း စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။ သူမသည် မိဘအိမ်တွင် တစ်နှစ်ကျော် နေခဲ့ပြီးနောက် ဖြည်းဖြည်းချင်း စိတ်ကို ဖြေသိမ့်နိုင်လာခဲ့သည်။

သူမမိဘများက သူမကို ကျွေးမွေးရန် စိတ်ဆန္ဒ ရှိကြသော်လည်း မိသားစုထဲရှိ တခြားသူတွေက အလကားထိုင်စားမည့် လူပိုတစ်ယောက်ကို မလိုချင်ကြသဖြင့် သူမ အိမ်ပြန်လာချိန်ကတည်းက အမျိုးမျိုး ပြောဆိုကန့်ကွက်ကြသည်။

သူမသည် ပူဆွေးနေရပြီး အသက်ရှင်သန်ချင်စိတ်ပင် မရှိသောအချိန်က ထိုအရာများကို သူမ ဂရုစိုက်မနေခဲ့ပေ။ သူမ၏ စိတ်အခြေအနေ ပြန်လည် ကောင်းမွန်လာသောအခါတွင် သူမ၏မိဘများက သူမအား ရှေ့ဆက်ပြီး စိတ်ပူနေရမည်ကို သူမ မလိုလားသောကြောင့် ယာယီအလုပ်တစ်ခုရှာကာ အလုပ်လုပ်ခဲ့ပြီး ထိုအလုပ်တွင် လက်ရှိခင်ပွန်းဖြစ်လာမည့်သူနှင့် တွေ့ဆုံခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ်သည် သူမ၏ ဒုတိယအကြိမ် အိမ်ထောင်ပြုခြင်းဖြစ်ပြီး သူမကလည်း ကလေးမမွေးနိုင်သောကြောင့် တစ်ဖက်လူ၏ လက်ထပ်ရန် တောင်းဆိုချက်ကို မည်သည့်အခါကမျှ လက်မခံနိုင်ခဲ့ချေ။ ဤသို့ ငြင်းဆိုနေခြင်းမှာ လက်မခံမီ တစ်နှစ်အလိုထိသာ ဖြစ်သည်။ လက်မထပ်မီ တစ်နှစ်အလိုက နှစ်ကုန်ခါနီးအချိန်၌ သူမသည် အလုပ်မှ နောက်ကျပြီး ပြန်အလာတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူမက အနိုင်ကျင့်ခံရလုနီးပါးပင် ဖြစ်ခဲ့ရသည်။ သူမအား ကယ်တင်ရန် ကြိုးစားရင်း တစ်ဖက်လူသည် (ခင်ပွန်းလောင်းသည်) နောက်ကျောကို ဓားနဲ့အထိုးခံခဲ့ရကာ ဆေးရုံတွင် ဆယ်ရက်ကျော်ကြာအောင် နေခဲ့ရပြီးနောက် သူမက လက်ထပ်ရန် သဘောတူလိုက်လေသည်။

သူတို့နှစ်ယောက်လုံးသည် အသက်ကလည်း မငယ်ကြတော့သလို တစ်ယောက်နှင့် တစ်ယောက် သိကျွမ်းလာသည်မှာလည်း ကြာမြင့်ပြီဖြစ်သောကြောင့်  á€á€śá€…ဏးခဝက်မဝဏးဥဏး အချင်းချင်း ဖွင့်ဟဝန်ခံပြီးသည်နှင့် မင်္ဂလာရက်ကို အမြန်သတ်မှတ်ခဲ့ကြကာ တရုတ်နှစ်သစ်ကူးအပြီး၌ပင် လက်ထပ်မင်္ဂလာ ဆောင်နှင်းခဲ့ကြလေသည်။ 

ရလဒ်အနေဖြင့် မင်္ဂလာဆောင်အပြီး ဒုတိယနေ့မှာပင် ဝမ်းရှသည် သူမ၏မိဘအိမ်သို့ ငိုယိုရင်း ပြန်လာခဲ့ရသည်။

ခင်ပွန်းအသစ်က သူမကို အနိုင်ကျင့်ခြင်းကြောင့် မဟုတ်ဘဲ မင်္ဂလာဦးညတွင် အိပ်ရာခင်းပေါ်၌ သွေးများ စွန်းပေသွားသောကြောင့် ဖြစ်သည်။ 

သူမက ငိုယိုတိုင်တမ်းပြီးနောက်တွင်မှ သူမ၏ ခင်ပွန်းဟောင်းသည် မိန်းမစိုးဖြစ်ပြီး လုံးဝသုံးစားမရကြောင်းကို သူမ၏ မိသားစုဝင်များက သိရှိခဲ့ကြတော့သည်။ ပထမအိမ်ထောင်ကျပြီးချိန်က  á€žá€°á€™á€žá€Šá€ş အသက်အလွန်ငယ်သေးသောကြောင့် ထိုကိစ္စများကို နားမလည်ခဲ့ပေ။ မင်္ဂလာဦးညတွင် ခင်ပွန်းဟောင်းဖြစ်သူက ပွေ့ဖက်ပွတ်သပ်ခဲ့တာကြောင့် အရာအားလုံး ပြေလည်သွားပြီဟုသာ သူမ ထင်မြင်ခဲ့သည်။ မိဘအိမ်သို့ ပြန်သောနေ့တွင် သူမမိခင်က ထိုအကြောင်းမေးသောအခါ၌ပင် သူမ၏ ခင်ပွန်းသည် လူကောင်းတစ်ယောက်ဟုသာ ထင်မြင်မိနေဆဲ ဖြစ်သည်။

ထိုနှစ်များအတွင်းက ခင်ပွန်းဟောင်းဖြစ်သူသည် လူကောင်းတစ်ယောက်ဖြစ်ပြီး နူးညံ့သိမ်မွေ့ကာ သူမကို ချစ်မြတ်နိုး၍ သူ့အတွက် မျိုးဆက်သွေး ကလေးငယ်များကို မွေးပေးစေလိုသော ဆန္ဒရှိသည်ဟု သူမ အမြဲလိုလို ခံစားခဲ့ရသည်။

သို့သော် ဤခံစားချက်များအားလုံးသည် သူမအပေါ်ထားရှိသော သူ၏နူးညံ့သိမ်မွေ့မှုနှင့် ချစ်ခြင်းမေတ္တာအားလုံးမှာ အတုအယောင်များသာဖြစ်သည်ဟု ရုတ်တရက် သဘောပေါက်မသွားခင်အထိသာ ဖြစ်ခဲ့သည်။ 

ခင်ပွန်းဟောင်းသည် သူ၏ မစွမ်းဆောင်နိုင်ခြင်းကို ရှင်းရှင်းလင်းလင်းသိထားခဲ့လေသည်။ထို့ကြောင့် သူမ ဆေးရုံသွားကာ ဆေးစစ်ပြီးနောက် သူမတွင် မည်သည့်ချို့ယွင်းချက်မျှ မရှိသည်ကို သိသွားမည်အား စိုးရိမ်ခဲ့ခြင်းပင်။ သူမကို ချော့မော့နှစ်သိမ့်ရန်အတွက် ထိုချိုသာသောစကားလုံးများကို ပြောခဲ့လေသည်။

ထို့အပြင် ထိုနှစ်များအတွင်း ယောက္ခမဖြစ်သူက သူမကို အတင်းအကျပ် ဆေးသောက်ခိုင်းခဲ့ပြီး သူမက ထိုတိုင်းရင်းဆေးများကို သောက်သုံးနေစဥ်တွင်လည်း သူက အေးစက်စွာ ကြည့်နေခဲ့သလို ထိုအကြောင်းကို ဝန်ခံရန်လည်း ဘယ်သောအခါမျှ မစဉ်းစားခဲ့ပေ။

အကယ်၍ ထိုလူသာ စောစောမသေဆုံးခဲ့ပါက သူမသည် တစ်သက်လုံး လှည့်စားခံနေရပေမည်။

သူမ၏ အိမ်ထောင်ရေးသည် ပြီးပြည့်စုံသည်ဟု သူမထင်မြင်ခဲ့သော်လည်း အမှန်တကယ်တွင် ထိုအရာက လှည့်စားမှုတစ်ခုသာ ဖြစ်နေခဲ့၏။

သူမသည် အတိတ်ကို ပြန်တွေးရင်း ဝမ်းနည်းကြေကွဲကာ မိခင်၏ရင်ခွင်ထဲ လှဲချလိုက်ပြီး မျက်ရည်ကျမိသည်။ ဇာတ်လမ်းတစ်ခုလုံးကို သိလိုက်ရသောအခါ သူမ၏မိခင်သည် ဒေါသတကြီးဖြစ်ကာ ထိုနေ့တွင် သူ့မိသားစုကို ဝမ်းရှ၏ ခင်ပွန်းဟောင်းအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။

သို့သော်လည်း ခင်ပွန်းဟောင်း၏ မိသားစုသည် သူမ၏ စွပ်စွဲချက်များကို ဝန်ခံရန် ငြင်းဆိုခဲ့ပြီး သူမအား ခင်ပွန်းအသစ် စိတ်ကျေနပ်စေရန်အတွက် သေပြီးသားသူကို သက်သက်မဲ့ အပြစ်တင်သည်ဟုပင် ပြောဆိုခဲ့ကြသည်။

အစပိုင်းတွင် ဝမ့်ချိုးမိန်တို့လို အပြင်လူများသည် ဝမ်းရှ၏ စကားများကို အလွယ်တကူ မယုံကြည်နိုင်ခဲ့ပေ။ သူမဘ၀တလျှောက်လုံးတွင် ဤအကြောင်းအရာမျိုးကို တစ်ခါမျှမကြားဖူးပါချေ။

သို့ဆိုစေကာမူ နှစ်လမျှမကြာမီပင် ဝမ်းရှတွင် ကိုယ်ဝန်ရှိနေပြီဟူသော သတင်းထွက်ပေါ်လာသည်။

ထိုအချိန်ထိတိုင်အောင် ဝမ်းရှ၏ ယောက္ခမများက သူမကိုယ်ဝန်ရှိသည်ဆိုခြင်းမှာ အတုအယောင်သာ ဖြစ်ကြောင်း ပြောဆိုပြီး သူမကို အသိအမှတ်မပြုသေးပေ။

 á€žá€­á€Żá€ˇá€žá€ąá€Źá€şá€œá€Šá€şá€¸ လအနည်းငယ်ကြာပြီးနောက် ဝမ်းရှ၏ ကိုယ်ဝန်သည် ပို၍ကြီးထွားလာခဲ့သည်။ ယမန်နှစ်အကုန်တွင် သူမသည် မိန်းကလေးတစ်ယောက်ကို မွေးဖွားခဲ့သည်။

ဝမ်းရှ၏ ယောက္ခမများသည် အတံရှိပါက ကလေးမမွေးနိုင်စရာ မည်သည့်အကြောင်းမှ မရှိဟု မလျှော့စတမ်း ပြောခဲ့စေကာမူ ထိုအချက်ကပင် ခင်ပွန်းဟောင်းဖြစ်သူသည် အဖြစ်မရှိသော လူဖြစ်ရှုံးနေသူဟူသည်ကို သက်သေပြပြီးသား ဖြစ်နေခဲ့သည်။

ထိုအချိန်မှစ၍ စုပေါင်းအိမ်ရာထဲမှ သမီးမိန်းကလေးရှင်မိသားစုများ နိုးကြားလာခဲ့ကြသည်။

ထိုခေတ်တွင် အိမ်ထောင်မပြုမီ ကုန်ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးရန် နည်းလမ်းမရှိသော်လည်း အိမ်ထောင်ပြုပြီးနောက်တွင် ၎င်းကို သေချာစွာ စောင့်ကြည့်နေနိုင်ဆဲဖြစ်၏။ အကယ်၍ ထိုအရာက တကယ် မဖြစ်နိုင်ဘဲ အထဲရောက်ရန် တိုလွန်းနေခဲ့လျှင် (ပဲမြစ်ဖြစ်နေရင်တဲ့ 😁) မိန်းကလေးက ဒုတိယအကြိမ် လက်ထပ်လျှင်ပင် အပျိုဖြစ်နေဆဲ ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကွာရှင်းပြတ်စဲပြီးစေကာမူ ထိုမိန်းကလေးအား နားလည်ပေးနိုင်မည့်သူကို ရှာဖွေရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။

ထိုကိစ္စက မည်မျှပင် ဆိုးဝါးစေကာမူ ဝမ်းရှကဲ့သို့ နှစ်ပေါင်းများစွာ အချိုသတ်ကာ လှည့်ဖြားခံရခြင်းထက် ပိုကောင်းပေသည်။

ဝမ့်ချိုးမိန်သည် လုဖျင်ကျိုးကို စိတ်ကျေနပ်မှုရှိသည်မှာ သူ၏အလုပ်ကြောင့်လည်းဖြစ်သည်။ စစ်သားများသည် ရုပ်ပိုင်းဆိုင်ရာ သန်မာသောကြောင့် ထိုသို့သော အရာမျိုး ကြုံတွေ့ရနိုင်ခြေ နည်းသင့်သည်။ သို့သော်လည်း သူမ စိတ်ဒုန်းဒုန်းချနိုင်စေရန် သမီးဖြစ်သူ၏ အဖြေစကားကို နားထောင်ရပေလိမ့်မည်။

Search Novels