💝💝💝 👩‍❤️‍👨Chapter 41
 á€™á€„á€şá€šá€‚á€œá€Źá€Śá€¸á€Š


အသေအချာ ဆန်းစစ်ကြည့်ပြီးနောက် လုဖျင်ကျိုး၏ မင်္ဂလာပွဲက ဤလူများအား စိတ်အားတက်ကြွစေခဲ့ခြင်း ဖြစ်နိုင်သည်ဟု ၀ူရွှမ်းယွီ တွေးထင်မိလိုက်သည်။

ထိုအကြောင်းကို ဤသို့တွေးသည်မှာ သဘာဝကျပေသည်။ စစ်တပ်အတွင်းရှိ မြောက်များလှစွာသော ခေါင်းဆောင်များကြားတွင် ကွာရှင်းထားသော တခုလပ်များနှင့် ဇနီးကွယ်လွန်သွားသော မုဆိုးဖိုများမှလွဲလျှင် လုဖျင်ကျိုးသာလျှင် လူလွတ်ဖြစ်နေလေသည်။

 á€Ąá€€á€šá€şá သူသာ အရုပ်ဆိုးအကျည်းတန်ခဲ့လျှင် သူက မိန်းမမရနိုင်၍ မယူခြင်းဟု လူတိုင်းက ပြောကြပေလိမ့်မည်။ သို့သော် သူက အရပ်မြင့်ပြီး ခန့်ညားသူ ဖြစ်သောကြောင့် အလုပ်ကိုသာ လုံးလုံးလျားလျား စိတ်နှစ်ထားလိုပြီး လက်မထပ်ချင်သေးပါဟူသော သူ၏ အကြောင်းပြချက်ကို လူတိုင်း ယုံကြည်နိုင်ခဲ့ကြ၏။

စစ်သားတစ်ယောက်အတွက် သူတို့၏ခေါင်းဆောင်ဆိုသည်မှာ မည်သို့သောအဓိပ္ပါယ်ဖြစ်သနည်း။ သူတို့၏ ရည်မှန်းရာပန်းတိုင်နှငိ့ စံပြုပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

စစ်သားတိုင်းသည် သူတို့ခေါင်းဆောင် စံနမူနာပြသည့်အတိုင်း အလိုအလျောက် လိုက်လံ လုပ်ဆောင်လေ့ရှိကြသည်။ ထို့ကြောင့်ပင် လုဖျင်ကျိုး တပ်ဖွဲ့မှူးဖြစ်နေစဉ် တပ်ဖွဲ့အတွင်းမှ လူတိုင်းသည် ပျံသန်းရေးဆိုင်ရာအတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စေရန် အချိန်ပြည့် ကြိုးပမ်းနေကြပြီး အချစ်ရေးရာများအား လုံးဝမေ့လျော့ထားခဲ့ကြလေသည်။

နောက်တစ်နည်း ပြောပြရမည်ဆိုလျှင် လုဖျင်ကျိုး၏တပ်ဖွဲ့တွင် အလုပ်ကြိုးစားရန်သာ နားလည်ကြသော လူပျိုသိုးကြီးများဖြင့် ပြည့်နေပေသည်။ 

သူက ဒုတိယတပ်ရင်းမှုးဖြစ်သွားသောအခါ ကျန်သော တပ်ဖွဲ့များကလည်း တဖြည်းဖြည်းချင်း ထိုလမ်းကြောင်းအတိုင်း လိုက်လာကြသည်။ သူတို့သည် လေ့ကျင့်ရေးကာလတွင် စိတ်အားထက်သန်စွာ လုပ်ဆောင်ကြမည်ဖြစ်သော်လည်း သူတို့ကို တစ်စုံတစ်ယောက်နှင့် မိတ်ဆက်ပေးမည်ဆိုလျှင်တော့ ငြင်းဆန်ကြပေလိမ့်မည်။

တပ်ရင်းမှူးလျန့်က ပျော်လည်းပျော်သလို စိတ်လည်းပူပေသည်။ လက်အောက်ငယ်သားများက အလုပ် ကြိုးစားကြသောကြောင့် သူက ပျော်ရွှင်မိသော်လည်း အခြေစိုက်စခန်းအတွင်း၌ လူပျိုအရေအတွက် များသထက်များလာခြင်းက သူ့ကို စိတ်သောကရောက်စေသည်။

ထို့ကြောင့် ဤအချိန်တွင် လုဖျင်ကျိုး လက်ထပ်လိုက်ခြင်းက ၀ူရွှင်းယွီကို စိတ်သက်သာရာရစေရုံမျှမက တပ်ရင်းမှူးလျန့်ကိုလည်း အလွန်အမင်း ပျော်ရွှင်သွားစေခဲ့သည်။ ယခုနောက်ပိုင်းတွင် သူသည် လက်ထပ်လျှောက်လွှာများအား ထောက်ခံပေးရေးကို ပိုမိုအားစိုက်၍ ဆောင်ရွက်ပေးလေသည်။

သူမရှေ့တွင် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးရန် စိတ်အားထက်သန်နေကြသော လူငယ်တစ်သိုက်ကို ကြည့်ရင်း ၀ူရွှမ်းယွီ အလွန်ပျော်ရွှင်နေမိသည်။ ဇွန်လတွင် လက်ထပ်ပွဲကျင်းပနိုင်ရေးအတွက် ချန်မိသားစုအား သိမ်းသွင်းနိုင်ခဲ့ခြင်းသည် မှန်ကန်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်ဟု သူမ ခံယူမိလေသည်။

အရာအားလုံးသာ အဆင်ပြေပြေဖြစ်သွားမည်ဆိုလျှင် အခြေစိုက်စခန်းတွင် ယခုနှစ်အတွင်း၌ပင် ပျော်စရာအဖြစ်အပျက်များ နောက်ထပ်နောက်ထပ် ဖြစ်လာနိုင်ပေသည်။ 

ထိုအကြောင်းကို ပို၍ စဉ်းစားမိလေလေ ၀ူရွှမ်းယွီ၏ အပြုံးက ပိုပို၍ နွေးထွေးလှိုက်လှဲလာလေလေပင်။ သူမရှေ့တွင် ကိုယ့်အကြောင်းကို ကြော်ငြာဝင်ရန် ကြိုးစားနေကြသော လူငယ်များကို သူမ ပြောလိုက်သည်။

"မင်းတို့အားလုံး လက်ထပ်ဖို့ ဆန္ဒရှိနေတယ်ဆိုတာကို အစ်မနားလည်ပါတယ်... ဒါပေမယ့် ဒီနေ့က ဒုတပ်ရင်းမှူးလုရဲ့ မင်္ဂလာပွဲနေ့ဆိုတော့ တို့များ သူ့ကို မျက်နှာသာပေးလိုက်ကြရအောင်လေ... ဒီလိုလုပ်ကြမလား... မင်းတို့ ကြင်ဖက်ရှာချင်ကြတယ်ဆိုရင် နောက်တနင်္ဂနွေမှာ အစ်မဆီကို စာရင်းသွင်းဖို့ အမျိုးသမီးရေးရာအဖွဲ့ကို လာခဲ့ကြပါလား... လူအရေအတွက်ပေါ်မူတည်ပြီး အသက်အလိုက် မိတ်ဆုံစားပွဲလေးလုပ်ပေးဖို့ အစ်မ စီစဉ်လိုက်မယ်... အဲ့ဒါဆို ဘယ်လိုလဲ..."

မိတ်ဆုံစားပွဲများသည် ထိုခေတ်အခါက လူငယ်များအတွက် ကြင်ဖက်တွေ့ရန် အဓိကကျသော ပွဲအခမ်းအနားဖြစ်သည်။ ဤသည်က သူတို့လို စစ်သားများအတွက် မိန်းမငယ်လေးများနှင့် တွေ့ဆုံရန် တစ်ခုတည်းသော အခွင့်အရေးဟုလည်း ဆိုနိုင်ပေသည်။ သဘာ၀ကျစွာပင် လူတိုင်းက မကန့်ကွက်ကြဘဲ လာမည့် တနင်္ဂနွေနေ့တွင် အမျိုးသမီးရေးရာအဖွဲ့ထံသို့ စာရင်းပေးသွင်းရန် လာရောက်ပါမည်ဟု သူတို့အားလုံးက ကတိပေးလိုက်ကြလေသည်။

...

ဒေသဓလေ့ထုံးတမ်းများအရ သတို့သမီးအတွက် ကျင်းပသော စားသောက်ပွဲသည် မင်္ဂလာရက်၏ နေ့လယ်ခင်းအချိန်တွင် ကျင်းပကြပြီး သတို့သားအတွက် ကျင်းပသော စားသောက်ပွဲကို မင်္ဂလာရက်၏ ညနေခင်းအချိန်တွင် ကျင်းပလေ့ရှိကြသည်။

စားသောက်ပွဲမတိုင်မီတွင် သတို့သမီးဖြစ်သော ချန်မန်သည် သန့်စင်ခန်းသွားချိန်မှတပါး မင်္ဂလာအခန်းထဲတွင်သာ ထိုင်နေရသည်။ ထိုအချိန်အတောအတွင်း ကလေးငယ်များသည် အုပ်စုလိုက် အူပ်စုလိုက် သူမကို လာကြည့်ကြသည်မှာ ခဏခဏဖြစ်သည်။ သူမကလည်း သူတို့ကို သကြားလုံးများ ဝေပေးလိုက်သည်။

မင်္ဂလာပွဲတွင် သုံးသော သကြားလုံးနှစ်မျိုးရှိသည်။ တစ်မျိုးက ဆီစိမ်စက္ကူဖြင့် ရစ်ပတ်ထားပြီး စားသောက်ပွဲတွင် လက်ဆောင်ပေးလာသူများအား ပြန်လည်ဝေပေးရန်ဖြစ်သည်။ ကျန်တစ်မျိုးမှာ ကလေးများအတွက်ဖြစ်သည်။ ထိုသကြားလုံးများမှာ ဆီစိမ်စက္ကူပတ်ရန် မလိုပေ။ သူမ၏ ဘေးတွင် အိတ်ကြီးတစ်အိတ် ချထားပြီး ကလေးများ လာတိုင်း သူမက လက်တစ်ဆုပ်စီ နှိုက်ယူကာ ဝေပေးလေသည်။

ထို့ကြောင့် မင်္ဂလာသကြားလုံးများသည် အရေးကြီးသော ပစ္စည်းဖြစ်သည်။ အပိုပေးရသည်များကို ထည့်မတွက်လျှင်ပင် နှစ်ဖက်လုံးအတွက် သကြားလုံး လေးကီလို ငါးကီလိုခန့် လိုအပ်ပေသည်။

သကြားလုံးများကို ငါးနာရီ မထိုးခင်ကတည်းကစကာ စားသောက်ပွဲ မစမီအထိ ဝေပေးနေခဲ့ကြသည်။

စုပေါင်းအိမ်ရာ၏ စားသောက်ဆိုင်မှ စားဖိုမှူးကို စားသောက်ပွဲအတွက် ချက်ပြုတ်ပေးရန် ဖိတိကြားထားခဲ့သည်။ လုဖျင်ကျိုးက သူ့ကို အချိန်ကိုက် သဘောတူညီမှုရအောင် လုပ်နိုင်ခဲ့ပြီး ခွင့်တစ်ရက် ယူရန် တောင်းဆိုထားခဲ့လေသည်။ ထို့အပြင် စစ်သားဇနီးမယား သုံးယောက်ကိုလည်း ချက်ပြုတ်ရေးတွင် ကူညီပေးရန် ပြောထားသေးသည်။ 

သေချာသည်က သူတို့၏အလုပ်များသည် အလကားမဟုတ်ပေ။ စားသောက်ပွဲကြီးပြီးလျှင် လုဖျင်ကျိုးက သူတို့ကို စာအိတ်နီတစ်လုံးစီ ပေးမည်ဖြစ်ပြီး ပိုလျှံသော အစားအသောက်များကိုလည်း ထုပ်ပိုးယူဆောင်သွားနိုင်လေသည်။

ဤသည်က မင်္ဂလာရှိသော ပျော်ရွှင်ဖွယ်အခမ်းအနားဖြစ်သောကြောင့် စာအိတ်နီထဲတွင် ထည့်သွင်းထားသည့် ငွေပမာဏမှာ မများလှပေ။သို့သော် ထို့ကဲ့သို့တွက်ကပ်နေမည်ဆိုလျှင်လည်း ပျော်စရာ နေရာမရှိနိုင်တော့ပေ။

စားသောက်ပွဲ စတင်ပြီး များမကြာမီတွင် လုဖျင်ကျိုးသည် မင်္ဂလာအခန်းအတွင်းသို့ ဝင်လာကာ ချန်မန်ကို ဂုဏ်ပြုအရက်သောက်ရန် ခေါ်လေသည်။ မနက်ခင်းကအတိုင်းပင် သူက သူမအတွက် ဝိုင်ဖြူတစ်စက်နှစ်စက်ရောထားသော ရေတခွက်ကိုသာ ပြင်ပေးထားခဲ့သည်။

ဝိုင်ခွက်ကို ကောက်ယူပြီးနောက် ချန်မန်က လုဖျင်ကျိုး ကိုင်ထားသော ဝိုင်ပုလင်းကို ကြည့်ပြီး မေးလိုက်သည်။

"ရှင့်၀ိုင်ရဲ့ ပြင်းအားက အနေတော်ပဲလား..."

"ဟုတ်တယ်... ဒါပေမဲ့ ဒီဝိုင်ဖြူပုလင်းက ဝိုင်တစ်ဆ ရေတစ်ဆ ရောထားတာလေ... ကိုယ်တို့က ဒီနေ့ မင်္ဂလာဆောင်တာဆိုတော့ အကုန်မသောက်ဘူးဆိုရင် ခက်ကုန်မှာ..."

လုဖျင်ကျိုးက ပြောသည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့... ကိုယ်က ဖြည်းဖြည်းပဲ သောက်ပြီးတော့ ဒီည ကိုယ်မမူးစေရပါဘူး..."

တနေကုန်အစအနောက်ခံနေရသော ချန်မန်က 'ည' ဆိုသော စကားလုံးကို နားလည်မှု လွဲသွားပြီး ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

"ရှင် မူးမူး မမူးမူး ကျွန်မဂရုမစိုက်ဘူး..."

မဟုတ်တရုတ်တစ်ခုခုလုပ်ရန် လုဖျင်ကျိုးထံတွင် ရည်ရွယ်ချက်မရှိသော်လည်း သူမ၏ ရှက်နေသော စကားလုံးများကို ကြားလိုက်ရသောအခါ သူက မထိန်းနိုင်တော့ဘဲ တစ်ခုခု လုပ်ပစ်ချင်လာမိသည်။ သူက သူမ၏ နားရွက်နားဆီသို့ ငုံ့ကိုင်းလိုက်ပြီး ပြောလိုက်၏။

"ဒါကို မင်း မသိချင်ယောင်ဆောင်နေလို့ မရဘူးနော်... ဒီညမှာ ဖြစ်လာမှာက ကိုယ်တို့နှစ်ယောက်လုံးအတွက် အရေးကြီးတဲ့ အဖြစ်အပျက်ပဲလေ..."

"ရှင်က အရက်ခွက်မြှောက်ပြီး ဆုတောင်းချင်သေးလား..."

ချန်မန်က ခေါင်းမော့လာပြီး သူ့ကို စိုက်ကြည့်နေသည်။ 

လုဖျင်ကျိုးက အရက်ခွက်မြှောက်ပြီး ဆုတောင်းခြင်းကို ဆက်မလုပ်ချင်သော်လည်း ပြီးအောင် လုပ်ရပေလိမ့်မည်။ သူက တည်တည်တံ့တံ့ အမူအရာဖြင့် ပြောလိုက်၏။

"ကိုယ်တို့ အခု အပြင်ထွက်ကြမလား..."

"ဟမ်..."

ထိုနေရာတွင် တွန်းထုတ်ခြင်းလည်း မရှိသလို ဆွဲယူခြင်းလည်း မရှိဘဲ မင်္ဂလာပွဲအတွက် အရက်ခွက်ချင်း တိုက်နေသည့်အချိန်တိုင်အောင် သူတို့နှစ်ဦးသည် အချင်းချင်း လက်ဖျားနှင့်ပင် မထိကြရသေးပေ။ သူတို့နှစ်ဦးသည် ဘေးချင်းယှဥ်လျက် လျှောက်ထွက်လာကြသည်။

သူတို့နှစ်ယောက် ဧည့်ခန်းထဲသို့ ရောက်လာသောအခါ အရက်သောက်ခြင်းအား ရှောင်နိုင်ရန်အတွက် ဘေးကပ်နေသော ရှဲ့ကျီမင်နှင့် ဆုံမိကြလေသည်။

ရိုးသားစွာ ပြောရလျှင် ရှဲ့ကျီမင်သည် လုဖျင်ကျိုးကို ကူညီလိုစိတ် မရှိချေ။ ပထမအချက်မှာ မျိုးရိုးနာမည်လုဆိုသော အမျိုးသားသည် မင်္ဂလာဧည့်ခံပွဲတွင် လူတိုင်းကို ဒေါသထွက်စေခဲ့သည်။ လူတိုင်းက သူ့ကိူ အရက်မူးသွားစေရန် အကောင်းဆုံး ကြိုးစားခဲ့ကြပြီး ထိုအလုပ်က လွယ်ကူနေသည်တော့ မဟုတ်ချေ။ ဒုတိယအချက်မှာ လုဖျင်ကျိုးကို အရက်မူးသွားစေချင်သူများထဲတွင် သူလည်း အပါအဝင်ဖြစ်ပြီး သူကိုယ်တိုင် မူးမသွားမီ လုဖျင်ကျိုး မူးသွားသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုသောကြောင့် ဖြစ်၏။

သို့သော် သူတို့နှစ်ဦးသည် နှစ်ပေါင်းများစွာ ရဲဘော်ရဲဘက် ဖြစ်ခဲ့ကြပြီး အရက်ထပ်မသောက်တော့ရန်လည်း သဘောတူညီခဲ့ပြီး ဖြစ်လေသည်။ ယခုအချိန်တွင် ရလာသော အခွင့်အရေးအား အသုံးမချလိုက်လျှင်လည်း မတရားရာကျနေမည်။ထို့ကြောင့် တို့ကာပင့်ကာမျှသာ သောက်လိုက်ကြပြီး ကိစ္စပြီးစေကြလေသည်။

နေ့လယ်ခင်းက ချန်မိသားစုမှ စားသောက်ပွဲအတွက် စားပွဲခြောက်လုံး ခင်းကျင်းခဲ့ပြီး ညနေခင်းတွင် လုဖျင်ကျိုးမှ စားသောက်ပွဲအတွက် ခင်းကျင်းခဲ့မှုက စားပွဲလေးလုံးပိုများသည်။ စားပွဲဆယ်လုံးရှိပြီး ခင်းကျင်းထားသောနေရာမှာ အဆောက်အဦးအမှတ် ၁၄၏ ပထမထပ်ရှိ နောက်ဖေးခြံဝင်းနှစ်ခုဆီမှ လမ်းမသို့ ရောက်သည့်တိုင်အောင် ဘေးနှစ်ဖက်လုံးတွင် ခင်းကျင်းထားပေသည်။

လုဖျင်ကျိုး၏ အိမ်သို့ မလာစေကာမူ စစ်တပ်မှ ခေါင်းဆောင်ပိုင်းအရာရှိများသည် ဧည့်ခံရာနေရာသို့ ရောက်လာကြပြီး စားပွဲတစ်ခုကို လုံးဝ အပိုင်သိမ်းထားလေသည်။ လုဖျင်ကျိုး၏ တပ်ရင်းမှ လူများက စားပွဲနှစ်လုံးတွင် ထိုင်နေကြပြီး စုပေါင်းအိမ်ရာဝင်းအတွင်းမှ အရာရှိများက စားပွဲသုံးလုံးတွင် နေရာထားကြသည်။ ကျန်သော စားပွဲလေးလုံးတွင် နေရာယူထားကြသူ အများစုမှာ စစ်သားများ၏ ကြင်သူသက်ထားများနှင့် သူတို့၏ သားသမီးများ ဖြစ်ကြလေသည်။

လုဖျင်ကျိုးတို့သုံးယောက်သား အိမ်အပြင်သို့ ထွက်လာပြီးနောက် ပထမဆုံး အရက်ခွက်မြှောက်၍ ဂုဏ်ပြုစကား ဆိုလာကြသူများမှာ စစ်တပ်၏ ခေါင်းဆောင်ပိုင်းမှ အရာရှိများဖြစ်သည်။ ထိုသူများမှာ အသက်ကြီးရင့်သူများသာ ဖြစ်သောကြောင့် မသိလျှင် လုဖျင်ကျိုးမှာ ဝန်ထမ်းငယ်လေးသဖွယ် ဖြစ်နေလေသည်။ သူတို့၏ အပြုအမူများက အလွန်အမင်း ခင်မင်ရင်းနှီးကြဟန်ရှိပြီး လုဖျင်ကျိုးအား အရက်အများအပြားသောက်ရန် အတင်းအကြပ် တိုက်တွန်းကြခြင်းလည်း မရှိပေ။ သုံးခွက်မျှ သောက်ပြီးသောအခါ သူတို့သည် အခြားစားပွဲသို့ ကူးလာခဲ့ကြသည်။

ဒုတိယစားပွဲတွင် လုဖျင်ကျိုး၏ အဖွဲ့မှ လူများဖြင့် ပြည့်နေပြီး ထိုသူများသည် သူမူးသွားစေရေးအတွက် ကျွတ်ကျွတ်ညံနေကြသူများဖြစ်သည်။ သူတို့အားလုံးက လုဖျင်ကျိုးနှင့် တစ်ယောက်တလှည့်စီ သောက်ရန် စတင်လိုက်ကြလေသည်။

စိတ်ဓာတ်ခွန်အားမျှဝေရန်အတွက်(ကူသောက်ပေး) ထိုနေရာတွင် ရှဲ့ကျီမင် ရှိနေစေကာမူ လုဖျင်ကျိုးက မခံနိုင်တော့ပေ။ သူက ဇနီးဖြစ်သူကို အချိန်ကိုက် ခေါ် ထုတ်လိုက်ပြီး ပြောလိုက်သည်။

"မင်းတို့အားလုံး သက်သက်သာသာဖြစ်အောင် လုပ်ပေးကြပါ... မင်းတို့ ငါ့ကို မူးအောင်လုပ်ရင် ငါ့ဇနီးလေး ပျော်မှာမဟုတ်တော့ဘူး..."

မျက်နှာပြောင်ပြောင်ဖြင့် ပြောလိုက်သော ထိုစကားများကို ကြားလိုက်ရသူတိုင်းမှာ လန့်ဖျန့်သွားကြသော်လည်း သူတို့ဘေးနားရှိ တောင့်တင်းနေသော အပြုံးများနှင့် မရီးများ၊ ခယ်မများနှင့် ယောက်ဖအပေါင်းတို့ကို ကြည့်လိုက်ပြီး အပြန်အလှန် နားလည်မှုရှိစွာဖြင့် လုဖျင်ကျိုးကို လိုက်လိုက်လျောလျောဖြင့် လွှတ်ပေးလိုက်ကြလေသည်။
(T/N- တကယ့်မရီးတို့ ယောက်ဖတို့ မဟုတ်ဘူးနော် သူတို့က အချင်းချင်း ညီအစ်ကိုလို့ သတ်မှတ်ထားတတ်ကြတာမို့ တင်စားပြောကြတာပါ)

နောက်စားပွဲဆီသို့ သွားရာလမ်းတွင် ချန်မန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ကျွန်မက ဘယ်အချိန်မှာ မပျော်မှာလဲ..."

"ညနေပိုင်းမှာ လုပ်မယ့် အရေးကြီးတဲ့ပွဲတစ်ခုကို ကိုယ်အခုပဲ တွေးမိသွားလို့လေ..."

လုဖျင်ကျိုးက တည်ငြိမ်စွာ ဖြင့် ဖြေလိုက်သည်။

ချန်မန်- "..."

ဂုဏ်ပြုအရက်သောက်သည်က တစ်ခေါက်မျှ ပြီးသွားချိန်တွင် လုဖျင်ကျိုးက ချန်မန်ကို မင်္ဂလာအခန်းဆီသို့ ပြန်ပို့လိုက်ပြီး ထိုအခန်းထဲတွင် သူမတစ်ဦးတည်း စားသောက်ရလေသည်။

ဝန်ထမ်းများနေရာ၏ကန်တင်းမှ စားဖိုမှူးသည် အလွန်ကျွမ်းကျင်လှသည်။ သူချက်သော ဟင်းပွဲတိုင်းသည် အရောင်စုံလင်သလို အနံ့ကလည်း မွှေးကြိုင်ပြီး အရသာကလည်း ကောင်းမွန်သည်။ မည်သည့်ဟင်းရယ်လို့ သေချာမပြောနိုင်သော်လည်း ချန်မန် အတော်လေး စားပစ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူမ၏ တူအစုံကို ချပြီးသွားသည့်တိုင်အောင် စားသောက်ပွဲကြီးမှာ မပြီးသေးပေ။ သို့တည်းမဟုတ် အရက်သောက်နေကြသော သူများမှာ ထိုချိန်ထိ စားသောက်၍ မပြီးကြသေးပေ။ စစ်သားဇနီးများနှင့် ကလေးများအားလုံး စားပြီးသွားကြပြီးနောက် လူအချို့က စားပွဲရှင်းလင်းရာတွင် ကူညီရန်အတွက် အထဲသို့ ဝင်လာကြ၏။ အချို့ကလည်း အစောပိုင်းက သတို့သမီးကိုကြည့်ရန် မင်္ဂလာအခန်းထဲ့သို့ တိုးဝှေ့မဝင်နိုင်ခဲ့သောကြောင့် ယခုမှသာ မင်္ဂလာအခန်းထဲသို့ ဝင်လာကြည့်ကြလေသည်။

မှောင်ရီဝိုးတဝါးအချိန် မရောက်မီထိ စိတ်လှုပ်ရှားမှုများက ဆက်တိုက်ဖြစ်နေကာ ထိုအချိန်တွင် မူးယစ်နေကာ ယိုင်ထိုးနေသော လုဖျင်ကျိုးကို လူတစ်ယောက်က ခေါ်လာပြီး အိပ်ရာပေါ်သို့ တင်ပေးသွားခဲ့သည်။

ထိုသည်ကို မြင်လိုက်ရသောအခါ မင်္ဂလာအခန်းအတွင်းတွင် ချန်မန်နှင့် စကားပြောနေကြသော စစ်သားဇနီးများအားလုံးသည် စကားစဖြတ်လိုက်ကြပြီး မတ်တတ်ရပ်ကာ နှုတ်ဆက်စကား ဆိုလိုက်ကြသည်။ 

ချန်မန်က အိပ်ရာပေါ်တွင် သတိလက်လွတ်ဖြစ်ကာ လဲလျောင်းနေသော လုဖျင်ကျိုးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အားလုံးကို တုန့်ပြန်စကားဆိုလိုက်ရင်း အပြင်သို့ လိုက်ပို့လေသည်။

လုဖျင်ကျိုး အရက်မူးသွားပြီးနောက် အပြင်ဘက်ရှိ စားသောက်ပွဲကြီးမှာ ပြီးစီးလုနီးပါး ဖြစ်နေပေပြီ။ လူအားလုံးနီးပါး ပြန်သွားကြပြီဖြစ်ပြီး အတော်မူးနေသော လူအချို့သာ ကျန်နေခဲ့သည်။ထိုသူများမှာလည်း သူတို့ကို အိမ်သို့ ပြန်လိုက်ပို့ကြမည့် သိပ်မမူးကြသော သောက်ဖော်သောက်ဖက်များကို စောင့်နေကြခြင်းဖြစ်သည်။

လုဖျင်ကျိုး ဖိတ်ခေါ်ထားခဲ့သော စစ်သားဇနီး သုံးယောက်ကလည်း အလုပ်များကို လက်စသတ်နေကြပေပြီ။ ချန်မန် အပြင်ထွက်လာသည်ကို မြင်သောအခါ သူတို့မှ တစ်ယောက်က အနားသို့လာ၍ မေးလေသည်။

"ပန်းကန်တွေနဲ့ တူတွေကို ဆေးကြောပြီးရင် အိမ်ထဲမှာ ထားလိုက်ရမလား... ထိုင်ခုံတွေ စားပွဲတွေကို ခြံဝန်းထဲမှာ ထားလိုက်ရမလား..."

စားသောက်ပွဲထဲမှ ပန်းကန်များ၊ တူများ၊ ထိုင်ခုံများ၊ စားပွဲများ အားလုံးသည် အိမ်နီးချင်းများထံမှ ငှားရမ်းထားခြင်းဖြစ်သည်။ သို့သော်လည်း မည်သူ့ဆီမှ မည်သည့်အရာကို ငှားရမ်းထားသည်ကို ချန်မန် မသိသလို လုဖျင်ကျိုးကလည်း အမူးလွန်နေလေရာ... သူမက ခေတ္တမျှ စဥ်းစားလိုက်ပြီး ပြောလိုက်သည်။

"စားပွဲတွေ ထိုင်ခုံတွေကို နောက်ဖေးခြံ၀င်းထဲမှာပဲ ထားပြီးတော့ ဆေးပြီးသားပန်းကန်တွေနဲ့ တူတွေကို အိမ်ထဲမှာပဲထားပေးပါ... မနက်ဖန်မနက် လုဖျင်ကျိုး နိုးလာတော့မှပဲ အဲ့ဒီပစ္စည်းတွေကို ကျွန်မတို့ ပြန်ပို့ပေးလိုက်မယ်..."

"ကောင်းပါပြီ... မီးဖိုထဲမှာ ဟင်းပွဲ နည်းနည်း ကျန်နေသေးတော့လေ..."

ချန်မန်က ပြောလိုက်သည်။
"အဆင်ပြေတယ်ဆိုရင် အစ်မတို့တွေပဲ ခွဲ
ယူလိုက်ကြပါရှင်..."

"ဟင်းတွေက အကုန်အရသာရှိတယ်လေ... ဘယ်လိုလုပ်ပြီး မကြိုက်ဘဲနေမှာလဲ..."
အခြားတစ်ယောက်က ပြုံးပြီး ပြောလာသည်။

"ညီမ အခန်းထဲ ပြန်သွားပြီး ဒုတပ်ရင်းမှူးလုကိုပဲ ဂရုစိုက်ပေးလိုက်ပါ... အစ်မတို့ အပြင်မှာ သန့်ရှင်းနေအောင် လုပ်ပေးထားမယ်..."

ချန်မန်က ခေါင်းညိတ်လိုက်ပြီး စာအိတ်နီ ပေးရကောင်းမလား မပေးရကောင်းမလားဟု စဥ်းစားရင်း တုန့်ဆိုင်းသွား၏။ အဓိကမှာ လုဖျင်ကျိုးက သူတို့ကို စာအိတ်နီ ပေးပြီး/မပြီးကို သူမ မသိသောကြောင့် ဖြစ်သည်။ သူက ပေးခဲ့ပြီးဖြစ်လျှင် ဤသည်က အဆင်ပြေသော်လည်း သူက မပေးရသေးလျှင် လာကူပေးသူများ စိတ်အခန့်မသင့်ဖြစ်မည်ကို သူမ စိုးရိမ်မိသည်။

ချန်မန်က ရှိုးတိုးရှန့်တန့် ဖြစ်နေသောကြောင့် တစ်ဖက်လူက အထင်လွဲသွားပြီး ယခုထိ အိမ်ပြန်မပို့ရသေးသော အမူးသမားများကို သူမက စိုးရိမ်နေသည်ဟု ထင်သွား၍ ဤသို့ ပြောလေသည်။

"သူတို့ အမူးသမားတွေကို ပြန်လိုက်ပို့မယ့်သူတွေ ရှိတာမို့လို့ ညီမ စိတ်ပူစရာ မလိုပါဘူး..."

"ဟုတ်ကဲ့ပါ..."
ချန်မန်က တုန့်ပြန်စကားဆိုလိုက်ပြီးနောက် ထိုအကြောင်းကို ခေတ္တမျှ တွေးတောကြည့်လိုက်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်ရှင်..."

အမျိုးသမီးက ပြုံးရွှင်စွာဖြင့် ပြောလေသည်။

"ညီမက ယဥ်ကျေးလွန်းနေပါပြီ... ဒုတပ်ရင်းမှူးလုက အစ်မတို့ကို လာဖို့ ခေါ်ထားတာလေ... အစ်မတို့ အဲ့မှာ ထိုင်လို့လဲမရ ဘူးလေ... ညီမ အိမ်ထဲသာ ပြန်ဝင်နေလိုက်ပါ..."

တွေဝေနေပြီးနောက် ချန်မန်က ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ..."

ထို့နောက် သူမသည် အိမ်ထဲသို့ ဝင်သွားပြီး ရေအနည်းငယ် ခပ်ယူရန် ရေချိုးခန်းဆီသို့ သွားလိုက်သည်။ ထို့နောက် မိခင်ဖြစ်သူ ပြင်ဆင်ပေးလိုက်သော မျက်နှာသုတ်ပဝါတစ်ထည်ကို အံဆွဲထဲမှ ထုတ်ယူလိုက်သည်။ ၎င်းနောက် ထိုပဝါကို ဆေးကြောလိုက်ကာ ခပ်ထားသော ရေထဲသို့ ထည့်လိုက်ပြီး ထိုရေဇလုံကို အဓိကအိပ်ခန်းဆီသို့ သယ်ယူလာခဲ့သည်။

အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ချန်မန်သည် အရက်နံ့ပြင်းပြင်းကို ရလိုက်သည်။ အထဲကို ဝင်လိုက်ချိန်တွင် သူမက အိပ်ခန်းတံခါးကိုပင် မပိတ်ဘဲ ထားလိုက်သည်။ သူမက ရေဇလုံကို အိပ်ရာဘေးရှိ စားပွဲပုလေးပေါ်သို့ တင်လိုက်ပြီး ပဝါကို ရေညှစ်လိုက်ကာ လုဖျင်ကျိုးဆီသို့ သွားလိုက်သည်။

လုဖျင်ကျိုးကို အချိန်ကြာကြာ သိကျွမ်းလာပြီးနောက် ဤသည်က သူအရက်မူးသည်ကို သူမ ပထမဆုံး မြင်ဖူးခြင်းဖြစ်လေသည်။

💓💓💓 👩‍❤️‍👨Chapter 42


လုဖျင်ကျိုးကို အချိန်ကြာကြာ သိကျွမ်းလာပြီးနောက် ဤသည်က သူအရက်မူးသည်ကို သူမ ပထမဆုံး မြင်ဖူးခြင်းဖြစ်လေသည်။

ဒါကို ငါ ပြောမှဖြစ်မယ်... ခန့်ညားတဲ့ ယောကျ်ားလေးတွေတောင်မှ အရက်မူးတယ်ဆိုရင် လူတွေက သူတို့ကို မီးစိမ်းပြဖို့ ခက်ပါတယ်... (T/N ဒီစကားလေးက စာရေးသူက စာဖတ်သူတွေကို အရက်မသောက်စေချင်လို့ ပြောတဲ့စကားလေးပါ)

ယခုအချိန်တွင် ချန်မန်က အမှန်တကယ်ပင် အပြစ်တင်ချင်နေသည်။ သူက အရက်ကို အေးအေးဖြည်းဖြည်းချင်းသာ သောက်မည်ဟု ပြောခဲ့သော်လည်း အခြားသူများ၏ ပြန်ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။ 

ချန်မန်က တစ်ကိုယ်တည်း အတွေးလွန်နေရင်း ညှစ်ထားသော မျက်နှာသုတ်ပဝါကို ဖြန့်၍ လုဖျင်ကျိုး၏ မျက်နှာပေါ်သို့ အုပ်လိုက်ပြီးနောက် လက်လှမ်းလိုက်ကာ ဖိ၍ ခပ်ကြမ်ကြမ်းလေး ပွတ်လိုက်သည်။

သူမက သူ၏ ဘယ်ဘက်ပါးပြင်နှင့် နဖူးကို သုတ်လိုက်ပြီး ညာလက်ပါးပြင်ကို သုတ်ရန် ဟန်ပြင်လိုက်စဥ် ချန်မန်၏ လက်ကို လက်တစ်ဖက်က လှမ်းဆွဲလိုက်ပြီး မျက်နှာသုတ်ပဝါကို ဆွဲယူလိုက်သည်။ သူမက ထင်မှတ်မထားသောကြောင့် လုဖျင်ကျိုး၏ လက်မောင်းများကြားသို့ လဲကျလုလု ဖြစ်သွားလေသည်။

ကံကောင်းသည်မှာ သူမ၏ နောက်လက်တစ်ဖက်မှာ အားနေလေသည်။ သူမကိုယ်သူမ လဲမကျစေရန် ဆတ်ခနဲ အိပ်ရာပေါ်သို့ လက်ထောက်လိုက်ပြီး လုဖျင်ကျိုးကို ကြည့်လိုက်သည်။ လုဖျင်ကျိုး၏ မျက်လုံးများမှာ ဖွင့်ထားပြီး ပြုံးရွှင်စွာနှင့် သူမကို ကြည့်နေသည်ကို မြင်လိုက်ရ၏။

"မင်း မပျော်မရွှင်ဖြစ်နေတာလား..."

"မဟုတ်ပါဘူး..."
ချန်မန်က လျင်မြန်စွာပင် ငြင်းဆန်လိုက်သည်။
"ကျွန်မက အခုပဲ ရှင့်ကို မျက်နှာသုတ်ပေးနေတာပါ..."

"ကိုယ့်မျက်နှာကို သုတ်နေတာလား... မျက်နှာက နီနေတယ်နော် ဟုတ်ရဲ့လား..."

ချန်မန်က တခစ်ခစ် ရယ်မောလိုက်သည်။
"ရဲဘော်ကြီးလုရှင့်... ရှင့်မျက်နှာက ရှင်ထင်သလောက်တော့ ဖြူနုမနေပါဘူးနော်..."

လုဖျင်ကျိုးကို အသားမည်းသည်ဟု မပြောနိုင်စေကာမူ နေရောင်အောက်တွင် အချိန်ကြာမြင့်စွာ နေခဲ့ခြင်းကြောင့် သူ၏ မျက်နှာသည် စာသင်နေသော စာသင်သားတစ်ယောက်ကဲ့သို့ ဖြူဖွေးနုဖတ်နေခြင်းတော့ မရှိတော့ပေ။ မည်သိူ့ပင် ဆိုစေကာမူ လုဖျင်ကျိုး ရှက်သွေးဖြန်းနေသည်ကို မည်သူမဆို မြင်နိုင်သော်လည်း ချန်မန်က ဤသည်ကို လက်မခံချင်သောကြောင့် မျက်လုံးများ ဖွင့်ထားရင်းနှင့်ပင် ခပ်တည်တည် လိမ်ညာလိုက်သည်။

လုဖျင်ကျိုးက အံကြိတ်လိုက်သော်လည်း သူက ဘာမှ ဆက်မလုပ်ပေ။ ထိုအစား သူက သူမကို ဆက်လုပ်ခွင့်ပြုကာ ပြောလိူက်သည်။ 

"အဲ့ဒါဆိုလည်း ဆက်လုပ်လေ..."

ချန်မန်က မလှုပ်ပေ။
"ရှင်က အခု နိုးနေပြီပဲကို... ရှင့်မျက်နှာကို ဆက်သုတ်ပေးရဦးမှာလား..."

"နိုးတာကတော့ နိုးပါပြီ... ဒါပေမဲ့ ကိုယ် ခေါင်းမူးနေတုန်းပဲ..."

လုဖျင်ကျိုးက ပြောလိုက်ရင်း မျက်လုံးအစုံကို ပိတ်လိုက်သည်။

သူ့ကို ကြည့်ရသည်မှာ မူးနေပုံမပေါ်ဟု ချန်မန် ထင်မိသော်လည်း မျက်မှောင်ကြုံ့နေသည်ကို သူမ မြင်လိုက်သောအခါ ပြောချင်နေသော စကားလုံးများကို ပြန်မြိုချလိုက်ပြီး သူ့မျက်နှာကို ညင်သာစွာ သုတ်ပေးလိုက်လေသည်။

မျက်နှာသုတ်ပေးရင်း သူမက ပြောပြလိုက်သည်။

"အပြင်ဘက်က စားသောက်ပွဲက အတော်လေး ပြီးလုနီးပါး ဖြစ်နေပြီ... အစ်မချန်နဲ့ တခြားသူတွေက ကူပြီး သန့်ရှင်းရေးလုပ်ပေးနေတယ်... ပန်းကန်တွေနဲ့ တူတွေရယ် စားပွဲနဲ့ ထိုင်ခုံတွေရယ်ကို ဘယ်ချိန် ပြန်ပို့မလဲလို့ အစ်မချန်က ကျွန်မကို မေးနေတယ်..."

"အဲ့ဒါတွေကို မနက်ဖန်မှ ပြန်ပို့ပေးမယ်လို့ ပြောထားပြီးသားပါ..."

"ဒါဆိုရင် စားပွဲတွေ ထိုင်ခုံတွေကို နောက်ဖေးခြံဝင်းထဲမှာ ထားပြီးတော့ တူတွေနဲ့ ပန်းကန်တွေကို အိမ်ထဲကို သယ်လာပေးဖို့ သူတို့ကို ကူညီပေးခိုင်းလိုက်ရမလား..."

"အင်း..."

"ကျန်နေတဲ့ ဟင်းပွဲတွေကို သူတို့ဖာသာ ခွဲယူကြဖို့ ကျွန်မ ပြောထားလိုက်တယ်..."
ချန်မန်က ပြောနေရင်း တခြားတစ်ခုကို စဥ်းစားမိသွားသည်။

"ဒါနဲ့ စကားမစပ် သူတို့ကို စာအိတ်နီ ပေးထားတာလား..."

"ကိုယ် သူတို့ကို ပေးထားပြီးသားပါ..."

"ကောင်းတာပေါ့..."
ချန်မန်က စိတ်သက်သာစွာဖြင့် အသက်ရှူသွင်းလိုက်ပြီး ချက်ချင်းပင် ခေါင်းစဉ်ပြောင်းလိုက်သည်။

"အခု ရှင်တကယ်ပဲ မူးနေတာ ဟုတ်ရဲ့လား.."

သူ့မျက်နှာကို နောက်တစ်ကြိမ် သုတ်မပေးမီက သူတကယ်မူးနေသည်ဟု ချန်မန် ထင်နေခဲ့သည်။ သူ့ကို အိပ်ခန်းထဲသို့ လာပို့ပေးစဥ်က သိုင်းကွက်နင်းနေပုံမှာ တကယ်ကဲ့သို့ပင် စစ်မှန်လွန်းနေသည်။ သို့သော် ယခုလေးတင် သူမ မေးလိုက်သမျှ မေးခွန်းများကို သူဖြေပေးလိုက်သော အဖြေများမှာ ကျစ်လစ်ပြည့်စုံသလို ဆိုလိုရင်းကိုလည်း ခြုံငုံမိလေရာ သူ့ကို ကြည့်ရသည်မှာ အရက်မူးနေဟန် လုံးဝမရှိပေ။

လုဖျင်ကျိုးက မျက်လုံးဖွင့်လိုက်ပြီး ဂရုဆစိုက် ဖြေလိုက်သည်။

"ကိုယ် ခေါင်းကိုက်နေတယ်... မူးလောက်အောင်ထိ သောက်ခဲ့တာတော့ မဟုတ်ပါဘူး..."

ချန်မန် နားလည်သွားသည်။
"ရှင်က မမူးဘဲနဲ့ မူးချင်ယောင်ဆောင်နေလား..."

"လုံးဝကြီး ဟန်ဆောင်နေတာတော့ မဟုတ်ဘူးလေ..."

ချန်မန်က ဟွန့်ကနဲ နှာမှုတ်လိုက်သည်။
"ရှင် ဒီလိုမျိုး မူးချင်ယောင်ဆောင်လိုက်တော့ အားလုံးအဆင်ပြေသွားရောတဲ့လား... ဒီအကြောင်းကိုသာ ရှင့်ရဲဘော်တွေ သိသွားရင် ပြောကုန်ကြမှာ မဟုတ်လား..."

လုဖျင်ကျိုးက သူ့ရဲဘော်တစ်ယောက်သဖွယ် ဟန်ဆောင်လိုက်ပြီး ပြန်မေးလိုက်သည်။

"သူတို့ကို မပြောနဲ့လေ... သူတို့ ဘယ်လိုလုပ်သိမလဲ..."
ထို့နောက် သူက ခေါင်းစဥ်ပြောင်းပြောလိုက်သည်။

"သူတို့ သိသွားလဲ ကိုယ်ကတော့ အရေးမစိုက်ဘူး... သူတို့နဲ့ အရက်သောက်ဖို့အရေးလေးအတွက်နဲ့ ကိုယ့်ရဲ့ မင်္ဂလာဦးညကို အလဟဿအဖြစ်ခံမယ်လို့ သူတို့ တကယ်ကြီး ထင်နေကြတာလား..."

ထိုသို့ ပြောနေစဥ်မှာပင် အလုပ်လုပ်ပြီးသွားသော စစ်သားဇနီးများက အခန်းတံခါးကို လာခေါက်လေရာ လုဖျင်ကျိုးက အပြင်သို့ မထွက်ခဲ့ချေ။ သူက ချန်မန်ကို အပြင်သို့ ထွက်၍ အမျိုးသမီးများအား ပြန်ပို့ပေးရန်နှင့် အပြင်သို့ ထွက်သွားချိန်တွင် အခန်းတံခါးကို ပိတ်ထားပေးရန် ပြောလိုက်လေသည်။

တံခါးပိတ်သွားသည်နှင့် လုဖျင်ကျိုးမှာ နောက်ထပ် စိုးရိမ်စရာ မရှိတော့ပေ။ သူက အိပ်ရာထဲမှာ ထွက်ကာ အဝတ်အစားများကို ရှာဖွေလိုက်ပြီး ရေချိုးရန် ပြင်ဆင်လိုက်၏။

ချန်မန်က အရက်နံ့နံနေခြင်းအား မကြိုက်သည်ကို သူမြင်နိုင်ပေသည်။

အခန်းထဲတွင် အရက်နံ့များ ထောင်းထောင်းထနေသောကြောင့် လုဖျင်ကျိုး ရေချိုးနေချိန်တွင် ချန်မန်က အခန်းထဲသို့ ပြန်မသွားတော့ပေ။ ထိုအစား ဧည့်ခန်းထဲရှိ ယနေ့မှ အသစ်စက်စက် ဆင်ထားသော နှစ်ယောက်ထိုင်ဆိုဖာပေါ်တွင် ထိုင်နေလိုက်သည်။

ဆိုဖာတစ်ခုလုံးကို သစ်သားဖြင့် ပြုလုပ်ထားသော်လည်း ကျောမီနေရာကို ထုံးခြောက်ရောင်အဝတ်စဖြင့် ဖုံးလွှမ်းထားပြီး ထိုင်ခုံကူရှင်များမှာ စပရိန်များ၊ ရေမြှုပ်များ ဖြည့်သွင်းထားသောကြောင့် ထိုင်ရသည်မှာ အတော်လေးပင် သက်သောင့်သက်သာ ရှိလေသည်။

ချန်မန်သည် မနက်အရုဏ်မတက်မီကပင် အိပ်ရာမှ ထခဲ့ရသည်။ တနေ့လုံးလည်း အလုပ်များနေခဲ့ပြီး မျက်လုံးတစ်ချက် မှိတ်ရန်ပင် အခွင့်အရေး မရခဲ့ပေ။ ယခုအချိန်တွင် သူမပတ်ဝန်းကျင်ရှိ အရာအားလုံးက ငြိမ်သက်တိတ်ဆိတ်နေလေရာ သူမ အနည်းငယ် အိပ်ငိုက်စပြုလာလေသည်။

ရေချိုးခန်းမှ လုဖျင်ကျိုး ထွက်လာသောအခါ သူမကို ဆိုဖာပေါ်တွင် ခွေခွေလေးနှင့် မျက်လုံးများကလည်း မှိတ်နေကာ ခေါင်းလေးကလည်း အနည်းငယ် စောင်းနေသည်ကို သူ မြင်လိုက်ရလေသည်။

သူက ခေတ္တမျှ စောင့်ကြည့်လိုက်ပြီး အိပ်ရာထဲသို့ ပို့ပေးရန် စိတ်ကူးလျက် ချန်မန်ကို ပွေ့ချီလိုက်သော်လည်း သူမက အလန့်တကြားဖြင့် နိုးသွားသောကြောင့် သူ့ကိုယ်လုံးက သူမကို ပွေ့ထားရင်း လေထဲတွင် တန်းလန်းကြီး ရပ်တန့်သွားလေသည်။ 
သူမ အိပ်ချင်မူးတူးဟန်ဖြင့် ကြည့်ရင်း မေးလိုက်သည်။

"ရှင် ရေချိုးပြီးသွားပြီလား..."

လုဖျင်ကျိုးက ခေါင်းငုံ့လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 
"အင်း... အခန်းထဲ သွားပြီး အိပ်တော့မလား..."

သူသည် ရေချိုးခန်းထဲတွင် သွားကို အကြိမ်များစွာ တိုက်ခဲ့သောကြောင့် သူ စကားပြောလိုက်ချိန်တွင် ထွက်သက်လေသည် သန့်ရှင်းနေကာ အရက်နံ့ လုံးဝမရတော့ပေ။ သူ၏ အမှန်တရားက အတည်ပင်ဖြစ်သည်။ ချန်မန် သူ့အနားသို့ ကပ်နေချိန်တွင် ရင်းနှီးနေသော ရနေကျ ဆပ်ပြာနံ့ကို ရလိုက်လေသည်။

သူမအမေက သူမအတွက် သတို့သမီးအတွင်းပစ္စည်းပြင်ပေးရာတွင် ဆပ်ပြာများ ထည့်ပေးလိုက်သော်လည်း ထိုဆပ်ပြာများကို အခုထိ အပြင်မထုတ်ရသေးသည်ကို သူမ အမှတ်ရသွားလေသည်...

ပင်ပန်းနွမ်းနယ်မှုကြောင့် ချန်မန်၏ မျက်ဝန်းများသည် စိုစွတ်နေသော်လည်း သူမ၏ စိတ်ကမူ လမ်းလွဲဆီသို့ စလျှောက်သွားလေသည်။ လုဖျင်ကျိုး၏ ဆိုလိုချင်သည်ကို နားလည်မှုလွဲသွားသော ချန်မန်က ကမန်းကတမ်း ပြောလိုက်သည်။

"ကျွန်မ ခုထိ ရေမချိုးရသေးဘူး..."

လုဖျင်ကျိုးက တုန့်ဆိုင်းသွားပြီး အသံက တစ်မျိုးပြောင်းသွားသည်။

"မင်း... အခု ရေသွားချိုးမလို့လား..."

ချန်မန်က ရှက်ကိုးရှက်ကန်းဖြစ်နေသည်။
"ကျွန်မကို အောက်ချပေးပါဦး..."

လုဖျင်ကျိုးက သူမကို အောက်သို့ ချပေးလိုက်ပြီး သူမ အခန်းထဲသို့ အပြေးလေး ဝင်သွားသည်ကို ကြည့်နေမိ၏။ သူမက ရှပ်အကျီရှိ လက်ချုပ်အိပ် အသေးလေးကို ထုတ်ယူလိုက်ပြီး ထိုထဲမှ သော့ကိုထုတ်ကာ စာအုပ်စင်ဘေးရှိ သစ်သားသေတ္တာကို ဖွင့်လိုက်၍ သေတ္တာထဲသို့ ရှာကြည့်လိုက်သည်။

ခဏမျှ ကြာသောအခါ သူမက စာအိတ်နီတစ်လုံးကို ဆွဲထုတ်လိုက်ပြီး စာအိတ်ကို ဖွင့်၍ အထဲကို ဖျတ်ခနဲ ကြည့်လိုက်ကာ ပြန်သိမ်းထားလိုက်သည်။ သူမက အဝတ်အစားများကို ထုတ်ယူလိုက်ပြီး သူ့ဆီသို့ လျှောက်လှမ်းပြီးနောက် မေးရန် သတိရသွားသည်။

"ဒီမှာ ရေနွေးတော့ ရတယ်မဟုတ်လား..."

"ရပါတယ်..."

လုဖျင်ကျိုးက ဖြေလိုက်ရင်း သူမကို ရှောင်ကာ လျှောက်သွားသည်။ သူသည် မီးဖိုခန်းထဲသို့ တန်းဝင်သွားကာ ကျောက်မီးသွေးမီးဖိုပေါ်ရှိ ရေနွေးခရားကို ကောက်ယူကာ သူ့ဇနီးလေးအတွက် ရေနွေးထည့်ပေးရန် ရေချိုးခန်းထဲသို့ ဝင်လိုက်လေသည်။

ဇွန်လ၏ ရာသီဥတုက ပူနေပြီးသားဖြစ်ရကား ရေနွေးက ပွက်ပွက်ဆူနေရန် မလိုအပ်ပေ။ လုဖျင်ကျိုးက အိုးတစ်၀က်ခန့်ရှိသော ရေနွေးကို ချန်ထားပြီး ဘေးသို့ ချထားလိုက်ကာ ချန်မန်ကို ပြောလိုက်သည်။

"ရေချိုးတာ ဖြည်းဖြည်းချိုးနော်... ဘာမှ လောစရာမလိုဘူး..."

"အင်း..."
ချန်မန်က ထိုသို့ တုန့်ပြန်လိုက်ပြီးနောက် သူအပြင်ထွက်သွားသည်နှင့် သူမက အမှန်အကန်ပင် ဇိမ်ခံကာ အချိန်ယူ၍ ရေချိုးတော့သည်။

ထိုသို့ အချိန်ယူနေခြင်းမှာ သူမ ညစ်ပတ်လွန်းနေသောကြောင့် မဟုတ်ပေ။ သဘာဝကျစွာပင် သူမက အအေးကို ကြောက်ရွံ့ပြီး အပူကိုတော့ မကြောက်ပေ။ နွေဦး၏ အလွန်ပူပြင်းလှသော နေ့ရက်များအထူးသဖြင့် ဇွန်လအစောပိုင်းနေ့ရက်များ၏ အပူချိန်ကိုပင် သူမ ခံနိုင်ရည် ရှိသည်။ တနေ့လုံး အနားမရခဲ့စေကာမူ သူမသည် တချိန်လုံး ထိုင်နေခဲ့ရပြီး လှုပ်လှုပ်ရှားရှား သိပ်မလုပ်ရသောကြောင့် သူမမှာ ချွေးပင် မထွက်ချေ။

ဖြည်းဖြည်းချင်း အချိန်ယူကာ ရေချိုးနေခြင်းမှာ နောက်ထပ်ဖြစ်လာမည့် အဖြစ်အပျက်ကို သူမ ကြောက်ရွံ့နေသောကြောင့် ဖြစ်သည်။

သူမအသက်ကို တွက်ချက်ကြည့်မည်ဆိုလျှင် ချန်မန်သည် သူမရှင်သန်ခဲ့သော ဘဝနှစ်ခုစလုံးကိုပေါင်းထည့်လိုက်ပါက သူမသည် အသက်လေးဆယ်နီးပါးမျှ ရှင်သန်ခဲ့ပြီးဖြစ်ရာ လုဖျင်ကျိုးထက် အသက်ကြီးသည်ဟုပင် ခံစားရပေသည်။

သို့သော်လည်း သူမ၏ အနှစ်လေးဆယ်စာ မှတ်ဉာဏ်များသည် ဗလာဟင်းလင်း ဖြစ်နေရခြင်းမှာ အချိန်ခရီးသွားလိုက်ချိန်တွင် သူမ၏ မှတ်ဉာဏ်အားလုံးကို ဆုံးရှုံးသွားသောကြောင့် ဖြစ်သည်။ ထိုသည်ကို သူမ မှတ်မိနေစေကာမူ ထိုဘဝနှစ်ခုသည် သူမအတွက် မျဥ်းပြိုင်နှစ်ခုသဖွယ် ဖြစ်နေကာ ဆုံစည်းသော အမှတ်နေရာဟူ၍ မရှိပေ။

ထို့ကြောင့် သူမတွင် ချစ်ခြင်းမေတ္တာနှင့် ပတ်သက်သော အတွေ့အကြုံဟူ၍ အနည်းငယ်မျှသာ ရှိပြီး လုဖျင်ကျိုးကမူ တစ်ကြိမ်တခါမျှပင် တွေ့ကြုံခဲ့ခြင်း မရှိချေ။

သို့သော်လည်း လက်ထပ်ပြီးစ ကြင်စဦးဇနီးမောင်နှံတို့၏ မင်္ဂလာဦးညတွင် မည်သို့မည်ပုံဖြစ်ပျက်သည်ကို သူမအနေဖြင့် နည်းနည်းမျှ မသိပါဟု ဆိုလာလျှင် ဤသည်က အလွန်အကြူး ချဲ့ကားပြောဆိုနေခြင်းပေ။ 

ယခုဘဝတွင် ထိုကဲ့သို့သော အကြောင်းအရာများအား သူမရှေ့တွင် ထုတ်ဖော်ပြောဆိုကြခြင်းမျိုး အမှန်တကယ်ပင် မရှိကြသော်လည်း ယခင်ဘဝတုန်းက သူမသည် မိဘများမသိအောင် ဝတ္ထုများ ခိုးဖတ်ခဲ့ဖူးသည်။ 

အထူးသဖြင့် သူမ အထက်တန်းကျောင်းမှ ဘွဲ့ရပြီးချိန်တွင် သေချာဖတ်ခဲ့သည်ဟု မပြောနိုင်သော်လည်း သာမန်ကာလျှံကာ ဖတ်ရှုခဲ့သော အချစ်ဝတ္ထုအပုဒ်ရေမှာ ၈၀ မဟုတ်စေကာမူ ၁၈ပုဒ် အနည်းဆုံးရှိခဲ့ပေသည်။

ထိုအချိန်က သူမက မူရင်းဝတ္ထုကို ဖတ်နေခဲ့သည်။ ထိုဝတ္ထုကို ဖတ်ပြီးကာစအချိန်လေးမှာပင် သူမ ယာဥ်မတော်တဆမှု ဖြစ်ခဲ့ပြီး အချိန်ခရီးသွား ဖြစ်လာခဲ့သည်။ ယခုမူ သူမ အချိန်ခရီးသွားခဲ့ရခြင်းသည် ယာဥ်မတော်တဆမှုကြောင့်လော သို့တည်းမဟုတ် သူမက ထိုဝတ္ထုကို ဖတ်ထားခြင်းလော ဆိုသည်ကိုတော့ သူမ မသေချာသေးပေ။

ထိုသို့ ပြောရခြင်းမှာ သူမ ဖတ်ခဲ့သော ဝတ္ထု ၁၈ပုဒ်အနက် အချို့ဝတ္ထုများသည် သူမကို ရှက်သွေးဖြာကာ နှလုံးခုန်နှုန်း မြန်ဆန်လာစေသော အသေးစိတ် ရှင်းလင်းချက်များ ပါဝင်သော်လည်း ထိုသည်က သူမ၏ မိုးကုတ်စက်ဝိုင်းကို (အမြင်ကို)လည်း ကျယ်ပြန့်စေခဲ့သည်။

သူမတွင် လက်တွဲဖော် မရှိစဥ်က ချန်မန်သည် ထိုအကြောင်းများကို မစဥ်းစားမိခဲ့သော်လည်း လက်ထပ်လက်မှတ် ရပြီးနောက်ပိုင်းတွင် သူမသည် မကြာခဏဆိုသလို ရောက်တတ်ရာရာအတွေးများ တွေးမိနေ၏။ အထူးသဖြင့် မနေ့ညက သူမ၏ မိခင်က သူမကို မေးမြန်းခဲ့သော အကြောင်းဖြစ်သည့် လုဖျင်ကျိုးက အားနည်းသူလားဆိုသည်ကို သိမြင်ရန်ဖြစ်သည်...

ထိုအကြောင်းကို တွေးတောနေရင်း ချန်မန်သည် ရေပုံးထဲက ရေကို ကိုယ်ပေါ်သို့ လောင်းချလိုက်သည်။ သူမကိုယ်သူမ အေးမြသွားစေရန် ဖြစ်သော်လည်း ရေပုံးထဲမှ ရေများသည် ရေပူများ ဖြစ်သည်ကို မေ့နေခဲ့သည်။ အပူချိန်က လျော့ကျမသွားရုံသာမက သူမ ပို၍ပင် ပူသွားလေသည်။

ချန်မန်က အရှက်လွန်ပြီး ဂဏှာမငြိမ်ဖြစ်နေကာ စိတ်ကူးနှင့် ရူးနေချိန်တွင် လုဖျင်ကျိုးသည်လည်း နည်းနည်းချင်း စိတ်လှုပ်ရှားစပြုလာလေသည်။

စောင့်နေရင်း သူသည် အိမ်အသစ်၏ တံခါးကို တစ်မိနစ်အတွင်း အကြိမ်ရေ ၂၀မှ ၃၀အထိ ကြည့်မိနေရာ ပျမ်းမျှခြင်းအားဖြင့် ၂စက္ကန့်ခွဲတိုင်း တစ်ခါနှုန်းဖြင့် ကြည့်မိနေခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူသည် မစောင့်နိုင်တော့သောကြောင့် အခန်းထဲတွင် စောင့်နေမည့်အစား ဧည့်ခန်းဘက်သို့ ထွက်သွားလိုက်သည်။

သူ့စိတ်အတိုင်းသာဆိုလျှင် လေကောင်းလေသန့်ရရန်နှင့် စိတ်တည်ငြိမ်စေရန် အိမ်အပြင်ဘက်သို့ ထွက်ကာ တစ်ပတ်နှစ်ပတ်လောက် ပတ်ပြေးလိုက်မိပေမည်။

သို့သော် ပြေးခြင်းက သူ့ကို ချွေးထွက်စေမည်ဖြစ်ရာ ပြန်လာချိန်တွင် သူသာ ရေထပ်မချိုးဘူးဆိုလျှင် ချန်မန် မပျော်မရွှင် ဖြစ်သွားပေမည်။ ရေချိုးခြင်းသည် အချိန်ဖြုန်းခြင်းသာ ဖြစ်သောကြောင့် စိတ်အတွင်းထဲမှ စိတ်လိုက်မာန်ပါ လုပ်ချင်စိတ်များကို ထိန်းချုပ်ထားလိုက်ပြီး ဧည့်ခန်းထဲတွင်သာ ရှေ့ပြန်နောက်ပြန် လျှောက်နေလိုက်လေသည်။

💓💓💓 👩‍❤️‍👨Chapter 43

*သူက စိတ်လှုပ်ရှားရုံလေးပဲ အားနည်းတာမဟုတ်ဘူးဆိုတာ သူ့ဇနီးလေးသိအောင် ပြကိုပြရမယ်*


ဤအိမ်ခန်းသည် လုဖျင်ကျိုးအတွက် သတ်မှတ်မပေးရသေးမီ သုံးလမျှသာ အလွတ်ဖြစ်နေခဲ့သောကြောင့် အတွင်းပိုင်းများသည် ကောင်းစွာ ပြင်ဆင်ထားသည်။ နံရံများသည် အဝါရောင်ဖျော့ဖျော့ဖြစ်ပြီး ညစ်ပတ်ပေရေနေခြင်း မရှိဘဲ လက်သရမ်းကာ ရေးခြစ်ထားခြင်းများလည်း မရှိပေ။

အိမ်ခွဲလာပြီးနောက် သူသည် ဧည့်ခန်းထဲတွင် ပရိဘောဂများစွာ ထည့်မထားခဲ့ပေ။ ထိုင်ခုံနှင့် စားပွဲများအားလုံးသည် အရင်ပိုင်ရှင် ချန်ထားခဲ့ခြင်းဖြစ်သည်။ အံဆင့်ဗီရိုများအနက် တစ်ခုမှာ ဟောင်းနွမ်းနေပြီး ကျန်တစ်ခုမှာ ကုန်ပဒေသာစတိုးဆိုင်ကြီးမှ သူနှင့် ချန်မန်တို့ ရွေးဝယ်လာခြင်းဖြစ်၏။

အခြားသော ဆိုဖာများ၊ ကော်ဖီစားပွဲ၊ စက်ဘီး၊ အပ်ချုပ်စက်နှင့် ပစ္စည်းအစုံပလုံတို့မှာ ချန်မန်ကို ပြန်ခေါ်လာသည့် အချိန်ကျမှ သယ်လာခြင်းဖြစ်သည်။ အိမ်ထောင်ပရိဘောဂပစ္စည်းများ ရောက်လာခြင်းက အိမ်ကို ပြည့်စုံသွားစေသလို ချန်မန်ရောက်လာခြင်းက သူ့နှလုံးသားကို ပြည့်စုံသွားစေခဲ့သည်။

လုဖျင်ကျိုးက ထိုအကြောင်းကို တွေးနေရင်း ပုတီးစေ့ခန်းဆီး၏ အခြားတစ်ဖက်ကို ကြည့်လိုက်မိသည်။

စိတ်ချင်းဆက်နွယ်နေမှုကြောင့် ဖြစ်နိုင်သည်။ သူကြည့်လိုက်ချိန်တွင် ရေချိူးခန်းဘက်မှ လှုပ်ရှားမှုကို မြင်လိုက်ရသည်။ ချန်မန်သည် ပါးလျားသော ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ပုတီးစေ့ခန်းဆီးနောက်မှ လျှောက်သွားလေသည်။ ခပ်မှိန်မှိန် အလင်းရောင်အောက်တွင် သူမ၏ ကိုယ်ဟန်အနေအထားသည် သွယ်လျကာ ကျက်သရေရှိလှသည်။

လုဖျင်ကျိုးက ဆိုဖာနားတွင် မတ်တတ်ရပ်ကာ ပုတီးစေ့ခန်းဆီးနောက်ကွယ်မှ သူမကို လှမ်းကြည့်ရင်း မေးလိုက်သည်။

"မင်း ရေချိုးလို့ ပြီးပြီလား..."

"အင်း..."

လုဖျင်ကျိုးက ထပ်မေးလိုက်ပြန်သည်။
"ဒီလိုဆို ကိုယ်တို့ အခန်းထဲ ပြန်သွားပြီး အိပ်ကြရအောင်လား..."

ချန်မန်က အဖြေမပေးပေ။ သို့သော် သူမက ပုတီးစေ့ခန်းဆီးကို လက်လှမ်းကာ မတင်လိုက်ပြီး သူ့ဆီကို ကျော့ရှင်းစွာဖြင့် လျှောက်လာလေသည်။

သူမက သူ့နားသို့ ကပ်လာသည်ကို လုဖျင်ကျိုး မြင်ရသောအခါ စိတ်ထိန်းထားနိုင်စွမ်း မရှိတော့ပေ။ သူက သူမအနားသို့ တိုးသွားပြီး သူမ၏ ခါးသိမ်သိမ်လေးမှပွေ့လျက် သူမကို သူ့လက်မောင်းများကြားသို့ ဆွဲသွင်းလိုက်ကာ ဘေးတိုက်ပွေ့ချီလိုက်သည်။ ထို့နောက် အဓိကအိပ်ခန်းထဲသို့ အမြန်လျှောက်သွားကာ တံခါးကို ပိတ်လိုက်ပြီး သူမကို အိပ်ရာပေါ်သို့ ချပေးလိုက်လေသည်။

သူမ ရေချိုးနေစဉ်အတွင်း သူက ပြတင်းပေါက်များကို ပိတ်ထားပြီး ခန်းဆီးစများကိုလည်း ဆွဲချထားရုံမျှမက မတ်တတ်ပန်ကာတစ်ခုကိုပင် ထုတ်ယူထားခဲ့သည်။ ရေချိုးပြီးသည့်တိုင်အောင် သူမ ပူသည်ဟု ခံစားရလျှင် ထိုပန်ကာကို ဖွင့်နိုင်ပေသည်။

အရာအားလုံးမှာ အဆင်သင့်ဖြစ်နေပေပြီ။ လုဖျင်ကျိုးက ချန်မန်ပေါ်တွင် အုပ်မိုးနေသော်လည်း ရုတ်တရက် လှုပ်ရှားမှုများကို ရပ်လိုက်၏။ သူက သူ့ကိုယ်လုံးအပေါ်ပိုင်းကို လက်နှစ်ဖက်ဖြင့် ထောက်မတ်ထားရင်း သူမတကိုယ်လုံးကို စုန်ချည်ဆန်ချည် အပြန်ပြန် အလှန်လှန် ရှုစားနေလေသည်။ သူက သူမ ရှက်သွေးမဖြာမချင်း စိုက်ကြည့်နေပြီးနောက်မှ ပျော်ရွှင်စွာဖြင့် သူမကို နမ်းလိုက်သည်။

"ကိုယ်တို့ လက်ထပ်ပြီးပြီနော်..."

သူ၏ အနမ်းက ပေါ့ပေါ့ပါးပါး ဖြစ်ပြီး ရေပြင်ပေါ်သို့ ပုစဥ်းလေးတစ်ကောင် ထိလိုက်သည့်နှယ်ဖြစ်သည်။

နမ်းပြီးသွားသောအခါ သူက သူမကို တောက်လောင်နေသော အကြည့်ဖြင့် စိုက်ကြည့်နေလေရာ သူမ အလွန်ပင် ရှက်ရွံ့လာပြီး ကူကယ်ရာမဲ့စွာဖြင့် အကြည့်လွှဲရင်း ပြောလိုက်သည်။

"ကျွန်မတို့ လက်ထပ်ထားတာ ကြာလှပြီ မဟုတ်ဘူးလား..."

"ကိုယ်တို့ရဲ့ လက်ထပ်မှတ်ပုံတင်မရခင်ကနဲ့ အဲဒါက မတူဘူးလေ... ဒါပေမဲ့ ဒီနေ့ကစပြီးတော့ ကိုယ်တို့နှစ်ယောက်က အမြဲထာဝရ အတူတူ ရှိနေကြတော့မှာ..."

ထိုသို့ပြောပြီးသည်နှင့် လုဖျင်ကျိုးသည် ချန်မန်ပေါ်သို့ ပြန်ဖိချလိုက်ပြီး သူမ၏ နှုတ်ခမ်းလေးများကို ထပ်ခါထပ်ခါ နမ်းစုပ်လိုက်ရင်း ခပ်ဖွဖွလေး ကိုက်လိုက်လေသည်။

သူကိုက်လိုက်ခြင်းက ချန်မန်ကို အနည်းငယ် ယားယံသလို ဖြစ်သောကြောင့် မထိန်းနိုင်ဘဲ သူမ ပြောလိုက်မိသည်။

"ရှင် နမ်းမယ်ဆိုရင်လည်း နမ်းရုံပဲ နမ်းလေ... အဲ့လို မလုပ်နဲ့..."

"အဲ့လိုဆိုတာ ဘယ်လိုကို ပြောတာလဲ..."
လုဖျင်ကျိုးက တမင်ပင် မေးလိုက်သည်။

"ဘယ်လိုနမ်းတာက မင်းအတွက် အဆင်ပြေလဲ..."

ချန်မန်က ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး သူ၏ မေးခွန်းကြောင့် စိတ်ရှုပ်သွားကာ မျက်လုံးဝိုင်းကြီးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

"လုဖျင်ကျိုး!..."

သူမ ပြောလိုက်သောစကားက အလွန်စွမ်းအားကြီးမှန်း ခံစားမိသော်လည်း လုဖျင်ကျိုး နောက်ထပ် တုံ့ဆိုင်းမနေနိုင်လောက်အောင် စိတ်နှလုံး တုန်လှုပ်စေသော မြင်ကွင်းကို မြင်တွေ့သွားလိမ့်မည်ဟု သူမ မမျှော်လင့်မိပေ။ သူက သူမ၏ နှုတ်ခမ်းလေးကို မလွတ်တမ်း ငုံခဲလိုက်ကာ သူမကို သိမ်းပိုက်စိုးမိုးနိုင်ရန် ကြိုးစားလေတော့သည်။

သူတို့သည် လပေါင်းများစွာ အတူရှိခဲ့ကြပြီး မျဥ်းနီကို ကျော်၍ မည်သည့်အရာကိုမျှ မလုပ်ခဲ့သော်လည်း အတော်လေးတော့ နမ်းခဲ့ကြသည်။

လုဖျင်ကျိုးသည် ထိုအာရုံစူးစိုက်မှုတွင် ပင်ကိုယ်ပါရမီပါသည်ဟု ထင်ရပေသည်။ ပထမဆုံးအကြိမ် သူက ချန်မန်ကို နမ်းစဉ်အခါက သူမ ရှက်သွေးဖြာသွားပြီး နှလုံးခုန်နှုန်းများလည်း မြန်ဆန်လာခဲ့သည်။ လပေါင်းများစွာ လေ့ကျင့်ပြီးနောက် ပြီးပြည့်စုံခြင်း၏ ကျွမ်းကျင်မှုတွင် သူသည် ဆရာတစ်ဆူဖြစ်လာခဲ့သည်။ 

အချိန်အတော်ကြာလာပြီးနောက် သူ့လက်မောင်းများကြားရှိ ရေအိုင်ငယ်လေးထဲတွင် ချန်မန် ပျော့ပျောင်းနုံးခွေလာသည်။

သူကလည်း ပို၍ ဖိအားပေးလာပြီး ယခင်က လက်ဖျားနှင့်ပင် မထိဝံ့ခဲ့သော နေရာများသို့ ကျူးကျော် တိုက်ခိုက်လာလေသည်။

နှုတ်ခမ်းဖျားလေးမှ လည်ပင်းဆီသို့ ထို့နောက် ခါးကျဥ်ကျဥ်လေးနှင့် ဝမ်းပျဥ်းသားရှပ်ရှပ်လေးဆီမှတဆင့် နောက်ဆုံးတွင် ဥယျာဥ်လေးဆီသို့ ရောက်လာခဲ့သည်။ ချန်မန်မှာ ထိန်းမထားနိုင်တော့ပဲ တိုးတိုးဖွဖွ ညည်းညူမိလေသည်။ သူမ၏ လက်ထဲတွင် တစ်စုံတစ်ရာကို ဆုပ်ကိုင်အားယူလိုသော်လည်း ဆံပင်တိုတိုကြမ်းကြမ်းများသည် သူမ၏ လက်ဖဝါးများကို ပွတ်တိုက်သွားပြီး ဟာတာတာကြီး ခံစားလိုက်ရသည်။ သူမအနေဖြင့် သူ့ကိုလုပ်ချင်ရာလုပ်ခွင့်သာ ပြုထားလိုက်တော့သည်။

အချိန်မည်မျှကြာသွားသည် မသိလိုက်ရဘဲ မထွက်စဖူး ချွေးများ ထွက်လာသော ချန်မန်မှာ ယခုပင်လျှင် ရေပူကန်ထဲက ထွက်လာရသကဲ့သို့ပင် ပူလောင်နေသည်ဟု ခံစားလာရသည်။ လုဖျင်ကျိုးက သူမ၏ လည်ပင်းအား နမ်းလိုက်ချိန်တွင် သူမသည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ ဆင်ခြင်တုံတရားသည်ပင် အပူကြောင့် လောင်ကျွမ်းသွားလေပြီဟု ညည်းတွားလိုက်မိ၏။

ကံကောင်းစွာဖြင့် လုဖျင်ကျိုးက ထို့အတွက် ပြင်ဆင်ထားလေသည်။ သူက သူမအနားမှ ခွာလိုက်ပြီး ပန်ကာခလုတ်ဖွင့်ရန် ပန်ကာဆီသို့ သွားလိုက်သည်။

ပန်ကာရွက်များ စတင်လည်ပတ်လာသည်နှင့် လေအေးလေးများ တဖြူးဖြူး တိုက်ခတ်လာပြီး အေးမြမှုအရိပ်အယောင်များ ယှက်သန်းလာခဲ့သည်။

ချန်မန်က သက်သောင့်သက်သာဖြစ်သွားပြီး သူ၏ ရင်ခွင်ထဲမှ နွေဦးရေအိုင်လေးအဖြစ် နောက်တစ်ကြိမ် ပြန်ပြောင်းသွားသော်လည်း ထို့နောက်တွင် ထိုသည်က ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။

ချန်မန်က ငေးကြောင်ကြောင်ဖြင့် သူမ၏ မျက်ဝန်းများကို ဖွင့်လိုက်ချိန်တွင် လုဖျင်ကျိုး၏ စိတ်အနှောင့်အယှက်ဖြစ်နေသော အကြည့်များကို မြင်လိုက်ရသည်။ မိခင်ဖြစ်သူ၏ စကားသံက သူမ၏နားထဲဝယ် ကျယ်ကျယ်လောင်လောင် မြည်ဟီးလာလေသည်။

("တကယ်လို့သာ သူက အပြင်မှာ သန်မာပြီးတော့ အတွင်းမှာ အားနည်းနေတယ်ဆိုရင်...")

သူမက နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ရှင်က... ပြီးပြီလား..."

လုဖျင်ကျိုးက အံကို တင်းတင်းကြိတ်လိုက်သည်။

"ဒါက ကိုယ်ရဲ့ ပထမဆုံးအကြိမ်လေကွာ... ပြီးတော့ ကိုယ်အရမ်းပဲ စိတ်လှုပ်ရှားနေလို့..."

ချန်မန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ နားလည်ပေပြီ။ ဤသည်က ပထမဆုံးအကြိမ်ဆိုလျှင် အမြဲတမ်း မြန်လေသည်။


လုဖျင်ကျိုးက ထိုအကြောင်းကို ချန်မန် နားမလည်ရန် မျှော်လင့်နေမိသော်လည်းသူမ၏ မျက်ဝန်းများက ထိုအကြောင်းကို တကယ်နားလည်ကြောင်းနှင့် နားလည်နိုင်ကြောင်းကို ဖော်ပြနေလေသည်။

ထိုနားလည်နိုင်စွမ်းအမျိုးအစားသည် သူ၏ ဆင်ခြင်တုံတရားအတွက် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေသည်။ သူ၏ နားထင်နှစ်ဖက်လုံးတွင် သွေးများ တဒုတ်ဒုတ်နှင့် တိုးလာပြီး နောက်ဆုံးတွင် သူ၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ခြင်း ပြုရန် ဆုံးဖြတ်လိုက်သည်။ သူက ကိုယ်လုံးကို လှိမ့်လိုက်ပြီး အံကြိတ်ထားရင်း ပြောလိုက်သည်။

"နောက်တစ်ခါ ထပ်ကြိုးစားရအောင်..."

သူက စိတ်လှုပ်ရှားနေရုံလေးပဲ အားနည်းနေတာမဟုတ်ဘူးဆိုတာ သူ့ဇနီးလေးသိအောင် ပြကိုပြရပေမည်။

သူ့ကိုယ်သူ သက်သေပြရန်အတွက် လုဖျင်ကျိုးသည် ဤတစ်ကြိမ်တွင် တမင်တကာပင် နှေးကွေးနေပြီး ချန်မန်၏ ခံစားချက်များကို ပို၍ အလေးပေးထားကာ မည်သည့်လမ်းညွှန်ချက်မျှ မပါဘဲ မကောင်းသော စကားလုံးများကို လေ့လာသင်ကြားပေးလေသည်။

သူ၏ တိုက်ခိုက်မှုအောက်တွင် ချန်မန်သည် တစ်ဆင့်ပြီး တစ်ဆင့် ခြေမှုန်းခံလိုက်ရကာ ရှက်ရွံ့ပြီး စိတ်ရှုပ်ထွေးနေလေသည်။ သူက သူမကို ပို၍ မြန်ပေးရမလားဟု ထပ်မေးလိုက်သောအခါ သူမက ပို၍ပင် ဒေါသထွက်သွားပြီး မပျော်တော့ဘဲ ပြောလိုက်သည်။

"ကျေးဇူးပြုပြီးတော့ အချိန်ဖြုန်းနေတာတွေကို ရပ်ပေးနိုင်မလား..."

လုဖျင်ကျိုး- "..." ဒါပေါ့

အပြင်ဘက်တွင် လရောင်က ခပ်မှိန်မှိန်လင်းနေကာ လေညှင်းလေးက ညင်သာစွာ တိုက်ခတ်နေသော်လည်း အခန်းတွင်းဝယ် ပြင်းထန်သော လေမုန်တိုင်းက ထပ်မံ၍ မွှေနှောက်လာသည်။

ပန်ကာလေက ဝှေ့ရမ်းတိုက်ခတ်နေသည့်တိုင်အောင် ချန်မန်၏ ဆံနွယ်များသည် ရွှဲနစ်နေကာ ညှိနှိုင်းချက် လုပ်နေသည့်တစ်ချိန်လုံး သူမနဖူးတစ်ပြင်လုံး ချွေးများဖြင့် ဖုံးနေလေသည်။

သူမ၏ ဖြူဖွေးသော လက်အစုံသည် သူ၏ သန်မာသော ကျောပြင်ကြီးကို သိုင်းဖက်ထားရင်း လက်နှစ်ဖက်လုံးဖြင့် တစ်စုံတစ် ခုကို ဆုပ်ကိုင်နိုင်ရန် ကြိုးစားနေမိသည်။ သို့သော် သူမ မလှုပ်ရှားနိုင်မီမှာပင် သူ၏ ကျွမ်းကျင်မှုကို အမှတ်ရသွားသောကြောင့် လက်သီးနှစ်ဖက်ကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့နာမည်ကိုသာ အော်ခေါ်လိုက်တော့သည်။

အရာအားလုံး ပြီးဆုံးသွားသောအခါ သူ့ကိုယ်သူ အောင်မြင်စွာ သက်သေထူနိုင်ခဲ့ပြီး အိပ်ရာမှာလည်း ရှုပ်ပွညစ်ပတ်သွားလေသည်။ ပန်ကာလေလာရာဘက်ရှိ သူမ၏ ကိုယ်တစ်ခြမ်းသည် အေးမြကာ ခြောက်သွေ့နေသော်လည်း ပန်ကာလေကွယ်ရာဘက်ရှိ သူမ၏ ကိုယ်တစ်ခြမ်းမှာ ပူလောင်နေပြီး ချွေးများ ရွှဲနစ်နေလေရာ ရေခဲနှင့် မီးတောက်သဖွယ် ဖြစ်နေသည်။

အိပ်ချင်စိတ်နှင့် မောပန်းနွမ်းနယ်မှုကြောင့် သူမသည် ရှေ့ဆက်၍ အသိစိတ်ရှိမနေနိုင်တော့ပေ။ သို့သော် မိန်းမောတွေဝေနေရင်းနှင့်ပင် သူမ၏ တကိုယ်လုံး စေးကပ်ကပ်ဖြစ်နေသည်ကို ခံစားမိသည်။ သူမသည် အိပ်ရာမှထကာ ရေချိုးလိုက်ချင်သော်လည်း ခါးကလည်း နာနေသလို ခြေထောက်များကလည်း ပျော့ခွေနေသောကြောင့် အဆုံး၌ အိပ်ရာပေါ်မှပင် မထနိုင်ပေ။

သို့သော် လုဖျင်ကျိုးက ဤသည်က မလုံလောက်သေးဟု ထင်သောကြောင့် သူမကို ဆွဲဖက်လိုက်ကာ နောက်တစ်ကြိမ် ထပ်ကြိုးစားနိုင်သလားဟု မေးလေသည်။

မျက်လုံးပင် မဖွင့်နိုင်သော်လည်း ချန်မန်၏ နှလုံးခုန်နှုန်းမှာ စည်းချက်မှားသွားလေသည်။ သူမက ပျာယီးပျာယာပင် ငြင်းဆန်လိုက်ပြီး ဟင့်အင်းဟု ပြောလိုက်ကာ သူမ အလွန်ပင် အိပ်ချင်စိတ်ဖြစ်နေသောကြောင့် အိပ်သာအိပ်ချင်ကြောင်း ပြောလိုက်လေသည်။

လုဖျင်ကျိုးသည် ဆာလောင်နေရာမှ ရုတ်တရက်ကြီး အသားဟင်းစားလိုက်ရသလို ခံစားလိုက်ရသော်လည်း သူမ ဆန္ဒမရှိသည်ကို သူက အတင်း မတိုက်တွန်းနိုင်ပေ။ ထို့ကြောင့် သူက နောက်နေ့မှ ထပ်ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမက ချွေးများကို သုတ်ပစ်သည်ကို သူ မြင်လိုက်ရပြီး စေးကပ်ကပ်ဖြစ်နေသောကြောင့် နေရတာ မသက်မသာဖြစ်နေသည်ဟု ပြောလိုက်သောကြောင့် သူ့ဇနီးလေးကို အသာချထားလိုက်ကာ အိပ်ရာထဲမှ ထွက်လိုက်သည်။ ဘောင်းဘီတိုကို လွယ်လင့်တကူ ကောက်ဝတ်လိုက်ပြီး ရေချိုးခန်းထဲသို့ သွားကာ ချန်မန်ကို ရေပတ်တိုက်ပေးရန် ရေခပ်လာခဲ့သည်။

ချန်မန်ကို သန့်ရှင်းသွားအောင် ရေပတ်တိုက်ပေးပြီးသောအခါ လုဖျင်ကျိုးက အိပ်ရာခင်းကိုပါ လဲချင်လာသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဤသည်က လုပ်ရန်မလွယ်ဟု သူက ယူဆမိသည်။ ထို့ကြောင့် သူက ဗီရိုထဲမှ အိပ်ရာခင်းအပိုတစ်ခုကို ရှာတွေ့လာ၍ ထိုအခင်းကို အိပ်ရာပေါ်တွင် ကန့်လန့်ဖြတ်ခင်းလိုက်ကာ ချန်မန်ကို ထိုအခင်းပေါ်သို့ ပွေ့တင်လိုက်ပြီး သူကိုယ်တိုင်လည်း ထိုပေါ်တွင် လှဲအိပ်လိုက်လေသည်။

စစ်တပ်ထဲသို့ ဝင်လာပြီးနောက် လုဖျင်ကျိုးသည် လုံးဝအချိန်မှန်သော သမရိုးကျဘဝတွင်သာ နေထိုင်ခဲ့သည်။ သူသည် ညပိုင်း ၁၁နာရီဝန်းကျင်ခန့်တွင် အိပ်ယာဝင်လေ့ရှိပြီး မနက်ခင်း ၆နာရီဝန်းကျင်ခန့်တွင် အိပ်ရာထလေ့ရှိသည်။ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဥတုလေးလီလုံးတွင် သူသည် မည်သည့်အခါမှ အိပ်ရာထဲတွင် လှဲနေခြင်း မရှိပေ။

သို့သော်လည်း မင်္ဂလာပွဲ ကျင်းပပြီး နောက်တစ်နေ့တွင် သူသည် မနက်၉နာရီထိုးပြီးသည့်တိုင်အောင် အိပ်ရာထဲတွင် ရှိနေခဲ့သည်။

အမှန်တကယ်မှာ မနေ့ညက သူ နောက်ကျမှ အိပ်ခြင်းမဟုတ်ပေ။ ည၈နာရီခန့်က အိပ်ရာဝင်ခဲ့ပြီး ည၁၀နာရီဝန်းကျင်ခန့်တွင် အိပ်ပျော်သွားခဲ့သည်။ သူသည် အိပ်ရာမှ အစောကြီးနိုးလာခဲ့သည်။ အပြင်ဘက်တွင် လင်းစပြုနေပြီး ခန်းဆီးပေါ်တွင် သူမြင်နိုင်သမျှ အားလုံးမှာ မှောင်မည်းနေဆဲဖြစ်သည်။

သို့သော်လည်း လှပသော မိန်းကလေးတစ်ယောက်သည် သူ၏ ရင်ခွင်ထဲတွင် ရှိနေရာ ဤသို့အခြေအနေတွင် သူက မည်သို့မျှ အိပ်ရာထဲမှ ထမသွားလိုပေ။

ပထမပိုင်းတွင် သူသည် ဇနီးလေးကို ဖက်ကာ ဆက်ပြီးအနားယူရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။ နောက်ပိုင်းတွင် သူ ဘယ်လိုမှ ဆက်မအိပ်နိုင်တော့သောအခါ အလုပ်လုပ်ရန် သူ စတင်လိုက်သည်။ သူသည် သူမ၏ မျက်နှာကို တို့ထိလိုက်ပြီး ခပ်မှိန်မှိန်အလင်းရောင်အောက်တွင် မျက်တောင်မွှေးများ၏ အရှည်ကို တိုင်းထွာနေရင်း တဖြည်းဖြည်း ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားလေသည်။

ချန်မန် နိုးလာချိန်တွင် တစ်ယောက်ယောက်က သူမအား တို့ထိနေသည်ကို ခံစားလိုက်မိသည်။ ထိုအရာက မည်သည်ဖြစ်သည်ကို မစဥ်းစားနိုင်မီမှာပင် အနမ်းတစ်ချက် ကျရောက်လာခဲ့သည်။ ထိုသည်က ပြင်းထန်သော လေပြင်းနှင့် သည်းထန်သော မိုးစက်များသဖွယ်ပင်။

ချန်မန်က တစ်ကြိမ် ကြုံတွေ့ဖူးခဲ့သည့်အပြင် ညကလည်း ကောင်းစွာ အိပ်စက်အနားယူလိူက်ရသောကြောင့် ဤတစ်ကြိမ်သည် ညကထက် ပို၍ ကောင်းမွန်သည်ဟု ခံစားရပြီး သူမ၏ တုံ့ပြန်မှုကလည်း ပို၍ စိတ်အားထက်သန်နေလေသည်။

သူမ၏ အစာအိမ်ထဲက သံစုံတီးဝိုင်းကြောင့် မဟုတ်လျှင် နေ့လည်ခင်းရောက်နေသည့်တိုင်အောင် သူမတို့နှစ်ယောက်အနက် မည်သူကမျှ အိပ်ရာထဲ ထွက်ကြမည်မဟုတ်ပေ။

ဤသည်က စိတ်လက်ချမ်းသာစေသော်လည်း ကိုယ်ကာယအင်အားကို အတော်ပင် ပြုန်းတီးစေသည်။ လုဖျင်ကျိုးက အချိန်ကြာမြင့်စွာ လေ့ကျင့်ရေးဆင်းခဲ့ပြီးနောက် ပြီးဆုံးသွားချိန်တွင် ဘာမှ မဖြစ်သလို လှုပ်ရှားနိုင်သေးသည်။ သို့သော် ချန်မန်မှာမူ မတူပေ။ သူမက အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး လှုပ်ရှားရန်ပင် လွန်စွာ ပျင်းရိနေပေသည်။ သူမ အဝတ်ဝတ်ရန်ပင် သူက ကူညီပေးလိုက်ရသည်။

မင်္ဂလာပွဲ ရှိသောကြောင့် ချန်မန်သည် ယခုနွေရာသီတွင် အ၀တ်အစား အတော်များများကို ဝယ်ယူခဲ့သည်။

သူမ ဝယ်ထားသော ဝတ်စုံများတွင် ထပ်တိုးရန် ယခင်က သူမ လုဖျင်ကျိုးနှင့် ဈေးဝယ်ထွက်စဥ်က ဝတ်စုံများအပြင် မင်္ဂလာပွဲပြီးနောက် ဝတ်စုံနှစ်စုံကို ဝယ်ယူရန်လည်း ချန်မန်က ဆုံးဖြတ်ထားသည်။ ထိုအထဲမှ တစ်စုံမှာ အနီရောင်အကျီနှင့် စကပ်အနက်ရောင်ဖြစ်ပြီး မနေ့က မင်္ဂလာပွဲတွင် သူမ ဝတ်ဆင်ခဲ့ပြီး ကျန်တစ်စုံမှာ အပြာဖျော့ရောင် ဝတ်စုံဖြစ်၏။

စကပ်က အနေတော်ဖြစ်သော်လည်း အပေါ်ပိုင်းက ကျပ်ကျပ်ကလေး ဖြစ်နေကာ ချန်မန်ကို ပို၍ ဖြူဖွေးကာ ပို၍နုနယ်ပုံပေါ်သွားစေသောကြောင့် လုဖျင်ကျိုးမှာ သူမကို ဖျစ်ညှစ်ချင်စိတ်ပေါ်လာရသည်။

သူက စိတ်အတိုင်းလိုက်ကာ ချန်မန်၏ ပါးပြင်အား လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွ ညှစ်လိုက်သည်။

ချန်မန်က အလွန်ပိန်ပါးခြင်း မရှိသောကြောင့် သူမ၏ ပါးလေးများမှာ ဖျစ်ညှစ်ကြည့်လိုက်လျှင် နုအိနေလေသည်။ လုဖျင်ကျိုးက ပါးကလေးများကို တစ်ခါညှစ်ကြည့်မိလိုက်ပြီး မရပ်တန့်နိုင်တော့ဘဲ ထပ်ခါထပ်ခါ ညှစ်နေလေရာ သူမက သူ့ကို ခပ်စူးစူး စိုက်ကြည့်မိသည်။ ထို့နောက် သူက ပါးကို လွှတ်ပေးလိုက်ပြီး သူမကို နမ်းရန် ကိုယ်ကို ကိုင်းလိုက်သည်။

ချန်မန်က အမူပိုပို တုန့်ပြန်လိုက်ပြီး သူမနှုတ်ခမ်းကို ကာချင်ဟန်ပြုလိုက်သည်။

"ကျွန်မ တကယ် နောက်ထပ် မကြိုးစားနိုင်တော့ဘူး..."

အနမ်းပွင့်လေးက သူမ၏ လက်ဖမိုးပေါ်သို့ ကျရောက်သွားသော်လည်း လုဖျင်ကျိုးက စိတ်လက်ချမ်းသာကာ ပြုံးရွှင်နေလေသည်။

"မစိုးရိမ်ပါနဲ့... ကိုယ်က မင်းကို လှုပ်တောင်မလှုပ်ခိုင်းပါဘူး... မင်း လမ်းလျှောက်နိုင်လား... ရေချိုးခန်းဆီကို မင်းကို ချီပြီး ပို့ပေးစေချင်လား..."

ချန်မန်၏ ခြေထောက်များက အနည်းငယ် အားနည်းနေသော်လည်း သွားတိုက်ရန်အတွက် သူမကို ရေချိုးခန်းဆီသို့ သူက ပွေ့ချီသယ်သွားမည်ကိုလည်း မလိုလားပေ။ ထို့ကြောင့် သူမက သူ့လက်မောင်းကို မှီတွယ်၍ အားယူပြီး အံကြိတ်လျက် မတ်တတ်ရပ်ကာ ပြောလိုက်သည်။

"ကျွန်မ အဆင်ပြေပါတယ်..."
သူမက ခြေလှမ်းနှစ်လှမ်းမျှ လှမ်းလိုက်သည်။

သူမ၏ ခြေထောက်များ အားနည်းသွားပြီး လမ်းမလျှောက်နိုင်သော အခြေအနေမျိုးသည် ဝတ္ထုဇာတ်လမ်းများထဲရှိ သူရဲကောင်းအမျိုးသမီးများတွင် မဖြစ်ပေါ်ဖူးချေ။
ယခု သူမ၏ ခြေထောက်များကို အချိန်ကြာမြင့်စွာ မြှောက်ထားခဲ့သောကြောင့် လျှောက်လိုက်ချိန်တွင် ဝါဂွမ်းပေါ်၌ လျှောက်နေရသကဲ့သို့ မည်သည့်အရာကိုမျှ မထိမိသလို ခံစားနေရပေသည်။

ရေချိုးခန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ချန်မန်သည် မျက်နှာသစ်ကန်ရှေ့တွင် မတ်တတ်ရပ်ကာ မှန်ထဲမှ သူမ၏ ပုံရိပ်ကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် ရှက်သွေးဖြန်းနေပြီး နှုတ်ခမ်းအစုံကလည်း နီမြန်းစိုစွတ်နေသည်။ သူမ ယခုလေးတင် မည်သည့်အရာလုပ်လာခဲ့သလဲဆိုသည်က ထင်ရှားပေါ်လွင်နေလေသည်။

ချန်မန်က မျက်နှာကို အသာအယာ ပုတ်လိုက်ပြီး သွားတိုက်တံကို ယူကာ သွားတိုက်ဆေး ညှစ်ထည့်လိုက်ပြီးနောက် စတင်၍ သွားတိုက်လိုက်လေသည်။

☆☆☆
စာရေးသူမှာ ပြောစရာရှိပါတယ်
ချန်မန်- ကျွန်မ တကယ်ပဲ နားလည်နေပြီ။

လုဖျင်ကျိုး- ... ကိုယ် အရမ်းကို မပျော်မရွှင်ဖြစ်နေပြီ!


💓💓💓 👩‍❤️‍👨Chapter 44

မြို့စောင့်တပ်သည် မြို့နှင့် ဝေးလံသော နေရာတွင် ရှိစေကာမူ စစ်တပ်မိသားစု စုပေါင်းအိမ်ရာများသည် စက်ပစ္စည်းစက်ရုံ ဝန်ထမ်းစုပေါင်းအိမ်ရာများထက် များစွာ ပိုကောင်းပေသည်။ ချန်မန် သဘောအကျဆုံးအရာမှာ အိမ်သာဖြစ်သည်။

စစ်တပ်အိမ်ရာထဲရှိ အိမ်သာတွင် ရေပန်းစနစ် မပါရှိစေကာမူ အိမ်တိုင်းတွင် ရေလောင်းအိမ်သာခွက်ကို အသုံးပြုထားပြီး ထိုသည်က အလွန်အဆင်ပြေသည်။ တံခါးအနီးတွင် မျက်နှာသစ်ကန်ရှိပြီး ရေဘုံပိုင်ခေါင်းတစ်ခုကိုလည်း ချိတ်ဆက်ပေးထားရာ ယခင်ဘဝက သူမ အသုံးပြုခဲ့ဖူးသော နံရံကပ်လက်ဆေးကန်များနှင့် ကွာခြားမှု မရှိလှပေ။

လုဖျင်ကျိုးက မှန်တစ်ချပ်ကို သူ့ဖာသာသူ ဝယ်လာခဲ့ပြီး နံရံတွင် သံရိုက်ကာ ချိတ်ပေးထားခဲ့သည်။ ချန်မန်က အလှအပကို အလွန်သဘောကျသောကြောင့် သူတို့နှစ်ဦး ချိန်းတွေ့သည့်အချိန်တိုင်း သူမက မှန်သေးသေးတစ်ချပ် ဆောင်လာတတ်သည်ကို သူသိထားသည်။ သူ သတိမထားမိသည့်အချိန်တိုင်း ချန်မန်က မှန်လေးကို တိတ်တိတ်ခိုးကြည့်ကာ သူမ၏ ဆံပင်များ ရှုပ်ပွနေသည်လား သို့တည်းမဟုတ် သူမမျက်နှာတွင် ချွေးပြန်နေသည်လားကို စစ်ဆေးနေလေ့ရှိသည်။

သို့သော်လည်း ဤသည်က သူ သတိမထားမိဟု သူမက ထင်သောကြောင့် ဖြစ်သည်။ အမှန်မှာ ချိန်းတွေ့နေသည့်တစ်ချိန်လုံး သူ့အာရုံများသည် သူမအပေါ်မှ လွှဲဖယ်သွားခြင်း မရှိပေ။ သူ မသိအောင် သူမ တိတ်တိတ်ကလေး လုပ်နေသမျှ အားလုံးကို သူသိသော်လည်း သူမ သိအောင်မဖော်ပြခဲ့ပေ။

သွားတိုက် မျက်နှာသစ်ပြီးနောက် ချန်မန်သည် အခန်းထဲသို့ ပြန်လာကာ မှန်တင်ခုံရှေ့တွင် ထိုင်လိုက်၍ အေးမြစေသော ခရမ်အနည်းငယ် လိမ်းလိုက်သည်။ ထို့နောက် သစ်သားခေါင်းဘီးနှင့် ဆံနွယ်များကို ဖြီးသင်လိုက်ပြီး ထိပ်မှစ၍ ငါးရိုးကျစ်ဆံမြီး ကျစ်ချလိုက်ကာ ဝတ်စုံနှင့် အရောင်တူ ခေါင်းစည်းကြိုးတစ်ပင်နှင့် စည်းလိုက်ပြီး အရောင်တူဖဲကြိုးတစ်ခုကိုလည်း ချည်လိုက်သည်။

ဝတ်စားပြင်ဆင်ပြီးသောအခါ ချန်မန်က မီးဖိုခန်းထဲသို့ ဝင်သွားသောအခါတွင် လုဖျင်ကျိုးသည် သံကြွပ်မီးဖိုရှေ့တွင် မတ်တတ်ရပ်ကာ အိုးတစ်လုံးဖြင့် ခေါက်ဆွဲချက်နေလေသည်။

အသံကြားလိုက်ရသောကြောင့် သူက ခေါင်းလှည့်လာပြီး မေးလိုက်သည်။

"ပြီးပြီလား..."

မီးဖိုခန်းတံခါးတွင် မတ်တတ်ရပ်နေသောလူကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးထဲတွင် အံ့ဩမှုရောင်စဥ်တန်းများ ဖြတ်ပြေးသွားပြီး ပြုံးလိုက်သည်။

"ခေါက်ဆွဲက ခဏနေရင် ကျက်တော့မှာပါ... မင်း ဘာဖြစ်လို့ အဲ့မှာ ခဏလောက် ထိုင်မနေတာလဲ..."

ချန်မန်က ခေါင်းယမ်းပြပြီး မီးဖိုခန်းထဲသို့ လျှောက်လာကာ ပြောလိုက်သည်။

"ရှင့်ကို ကူလုပ်ပေးမယ်လေ..."


လုဖျင်ကျိုးက ခေါက်ဆွဲကို အိုးထဲသို့ ထည့်လိုက်ပြီး သူ့ဘေးရှိ ကျောက်စားပွဲပေါ်မှ ဆားဘူးကို လှမ်းယူလိုက်ကာ ဆားကို ယောင်းမထဲသို့ လောင်းထည့်လိုက်သည်။ ထည့်ပြီးသောအခါ ယောင်းမကို သံဒယ်အိုးထဲသို့ ပြန်ထည့်ကာ မွှေနှောက်လိုက်ရင်း မေးလိုက်သည်။

"အဲ့ဒါကို ခံနိုင်လား..."

"ဘာလို့ မခံနိုင်ရမှာလဲ..."
(T/N ဒီနေရာမှာ eng လို slang တွေချည်း သုံးထားပါတယ်။ ချန်မန်က လုဖျင်ကျိုး မေးတာကို ဆားထည့်နေရင်းမို့လို့ မြန်မာလိုဆိုရင် အငန်ကို ခံနိုင်လား စားနိုင်လားလို့ မေးတယ်ထင်ပြီး ဖြေလိုက်တာပါနော် တကယ်က အဲ့ဒါကို မေးတာ မဟုတ်ပါဘူး 😁)

လုဖျင်ကျိုးက ဟင်းခတ်မှုန့် (MSG) နှင့် ပဲငံပြာရည်ကို အိုးထဲသို့ ထည့်လိုက်ပြီး သူ့ခေါင်းကို ချန်မန်ဘက်သို့ စောင်းလိုက်ပြီး သူမနားထဲသို့ တီးတိုး ပြောလိုက်သည်။

"မင်းခြေထောက်တွေ အားမနည်းဘူးပေါ့လေ..."

သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေတာကို ကြည့်ကြစမ်းပါဦး...

ချန်မန်က သူမဖာသာ တွေးတောကြည့်လိုက်ပြီး ပြန်လှန်တွတ်ထိုးလိုက်သည်။

"ကျွန်မအဆင်ပြေပါတယ်... ခြေထောက်တွေလည်း အားမနည်းတော့ပါဘူး..."

သူမ၏ လေသံမှတဆင့် လုဖျင်ကျိုး နားလည်လိုက်သည်မှာ 'ရှင်က တအားကြီးတော့ မဟုတ်ပါဘူး...' ဟူ၏။ မနေ့ညကနှင့် မနက်က ပြခဲ့သော သက်သေသက္ကာရတို့သည် လုံလောက်ခြင်းမရှိသေးဟု သူက တွေးမိသောကြောင့် ထိုအကြောင်းကို သူမနှင့် ဆွေးနွေးလေသည်။

"ဒီညကျရင် ကြိုးစားတဲ့ အကြိမ်ရေကို ပိုများပေးရမလား..."

အကြိမ်ရေများတာ?!

ချန်မန်သည် လုဖျင်ကျိုးကို ကြည့်နေရာမှ ချက်ချင်းပင် အကြည့်လွှဲလိုက်သည်။ သူမက ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး နားမလည်ချင်ယောင်ဆောင်လိုက်လေသည်။ 

"ရှင် ဘာအကြောင်းပြောနေမှန်းကို ကျွန်မ နားမလည်တော့ဘူး... ကျွန်မ နားလိုက်ဦးမလို့ ခေါက်ဆွဲ အဆင်သင့်ဖြစ်ရင် ခေါ်လိုက်နော်..."

ထိုသို့ ပြောလိုက်ပြီးနောက် သူမသည် အန္တရာယ်ရပ်ဝန်းဖြစ်သော မီးဖိုခန်းထဲမှ လှစ်ခနဲ ထွက်ပြေးသွားလေတော့သည်။

လုဖျင်ကျိုး- "အလှလေးကပြေးတာ မြန်လိုက်တာ..."

ခေါက်ဆွဲများက အိုးထဲသို့ ထည့်ချက်ပြီးနောက် လျင်မြန်စွာပင် ကျက်သွားသည်။ ငါးမိနစ်ပင် မကြာလိုက်သောအချိန်တွင် လုဖျင်ကျိုးက မီးဖိုကို ပိတ်လိုက်သည်။ ကြောင်အိမ်ထဲမှ သန့်ရှင်းသော ပန်းကန်လုံးနှစ်လုံးကို ထုတ်ယူလိုက်ပြီး ရေနှင့်ဆေးလိုက်ကာ ခေါက်ဆွဲထည့်လိုက်ပြီးနောက် စားရန် တူများကိုလည်း ယူလိုက်သည်။

ပုတီးစေ့ခန်းဆီးကို ဖြတ်ရင်း လုဖျင်ကျိုးသည် ချန်မန်ကို မတွေ့သောကြောင့် လှမ်းခေါ်ရင်း ထမင်းစားပွဲဆီသို့ ဆက်လျှောက်သွားလိုက်သည်။

"မန်မန်ရေ..."

မကြာမီ အဓိကအိပ်ခန်းဆီမှ အသံတစ်ချက် ကြားလိုက်ရပြီး မရှေးမနှောင်းမှာပင် သူမက အပြင်သို့ ထွက်လာလေသည်။ သူမက ထမင်းစားပွဲဆီသို့ တန်းလျှောက်လာကာ တူများကို ကောက်မယူဘဲ ခေါက်ဆွဲကို အနံ့ခံကြည့်လိုက်ပြီး ချီးမွမ်းစကား ဆိုတော့သည်။

"ဒါလေးက အနံ့ကလဲ မွှေးပြီးတော့ ကြည့်ရတာလဲ စားချင်စရာလေး... အရသာရှိမယ့်ပုံပဲ..."

ချီးမွမ်းခံလိုက်ရပြီးနောက် လုဖျင်ကျိုးမှာ ပို၍ စိတ်လက်ကြည်သာသွားတော့သည်။ သူက တူတစ်စုံကို လှမ်းပေးလိုက်ရင်း ပြောလိုက်သည်။

"အပေါ့အငန်လေး မြည်းကြည့်ပါဦး..."

ချန်မန်က အပြုံးလေးဖြင့် လက်ခံလိုက်ပြီး တူကို ယူကာ သူ့ဘေးတွင် ထိုင်လိုက်သည်။ သူမက ပန်းကန်လုံးကို ကိုင်ကာ ဟင်းရည်ကို အရင်မော့သောက်လိုက်သည်။ ခေါက်ဆွဲက အနည်းငယ် ပူနေသေးသောကြောင့် သူမက တငုံစာမျှ စုပ်သောက်လိုက်ပြီး ပြောလိုက်သည်။

"အပေါ့အငန်က အနေတော်ပါပဲ..."

သူမက ခေါက်ဆွဲနှစ်လုတ်မျှ စားလိုက်ပြီး ပြောပြန်သည်။

"ခေါက်ဆွဲသားကလည်း အရမ်းဝါးလို့ကောင်းတာပဲ..."

ထိုအတွက် အမှတ်ကိုမူ လုဖျင်ကျိုး မယူလိုသောကြောင့် အမှန်အတိုင်း ပြောလိုက်သည်။

"ခေါက်ဆွဲက အစေ့အဆန်ဌာနကနေ ကိုယ်ဝယ်လာခဲ့တာ..."

ချန်မန်က ကြက်ဥကို တစ်ကိုက် ကိုက်စားလိုက်ပြီး ဆက်၍ ချီးမွမ်းခန်းဖွင့်လိုက်သည်။

"ကြက်ဥတွေကလည်း စားလို့ကောင်းတာပဲ..."

ကြက်ဥများသည် ကြက်မများဆီ ရလာကြောင်း သူက ပြောလာမည်ကို စိုးရိမ်သောကြောင့် သူမက အလျင်အမြန်ပင် ထပ်ဖြည့်လိုက်သည်။

"ဒီခေါက်ဆွဲ တစ်ပန်းကန်ကို ကျွန်မ ၉.၉မှတ်ပေးမယ်... ၀.၁မှတ်ကို နှုတ်လိုက်ရတဲ့ အကြောင်းကတော့ ရှင်က အရမ်းကို ဂုဏ်ယူပြနေလို့ပဲ..."

လုဖျင်ကျိုး- "မင်းကြိုက်တယ်ဆိုရင်လည်း များများစားနော်... အိုးထဲမှာ အများကြီး ရှိသေးတယ်..."

ချန်မန်က ပန်းကန်ကို ငုံ့ကြည့်လိုက်ရာ ပန်းကန်က ဖြန့်ထားသော သူမလက်ဖဝါးထက်ပင် ကြီးနေပြီး ပန်းကန်ထဲရှိ ခေါက်ဆွဲကလည်း တောင်အငယ်စားလေးတစ်ခုသဖွယ် ဖြစ်နေရာ သူမက လိမ္မာပါးနပ်စွာဖြင့် ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့သည်။

အိုးထဲက ခေါက်ဆွဲများကို လက်စသတ်ပေးလိုက်သူမှာ လုဖျင်ကျိုးသာဖြစ်သည်။ သာမန်အားဖြင့်လည်း ယောကျ်ားလေးများသည် မိန်းကလေးများထက် ပို၍ စားနိုင်သောက်နိုင်ကြပြီး သူက စစ်သားလည်း ဖြစ်နေသောကြောင့် လေ့ကျင့်ရေး ဆင်းနေစဥ် သူက အများကြီး စားနိုင်ခဲ့သဖြင့် တစ်ပေါင်မျှသော ခေါက်ဆွဲသည် သူ့အတွက် အပန်းမကြီးလှပေ။

စားသောက်ပြီးသောအခါ သူတို့နှစ်ယောက် အလုပ်စကြတော့သည်။

ချန်မန်က အဝတ်အစားများကို သူမ ဝယ်ထားသော အဝတ်ဗီရိုထဲသို့ ထည့်သိုရင်း အလုပ်ရှုပ်နေချိန်တွင် လုဖျင်ကျိုးကလည်း ငှားရမ်းထားသော ဒယ်အိုး၊ ဒန်အိုးများ၊ ကျောက်မီးသွေးမီးဖိုများ၊ စားပွဲများနှင့် ထိုင်ခုံများကို ပြန်ပို့နေသည်။

လုဖျင်ကျိုး လုပ်သောအလုပ်က ပင်ပန်းသည်မှာ အတိအကျပင်။

ချန်မန်က သူ့ကို ကူညီကာ အတူသွားလိုသော်လည်း သူမတွင် နေရာချထားရမည့် အဝတ်အစားများစွာ ရှိသောကြောင့် သူက ငြင်းလိုက်လေသည်။ သူမက အတင်းအကျပ် ပြောလာသောအခါ သူက တမင်တကာပင် ပြောလေတော့သည်။

"မင်းမှာ အားတွေ ရှိနေသေးတယ်ဆိုရင်လည်း ညနေမရောက်ခင်ထိ မင်းစောင့်နေနိုင်ပါစေလို့ ကိုယ် မျှော်လင့်မိတာပဲ..."

ချန်မန်က ပင်ပန်းရသော အလုပ်အားလုံးကို သူ့ထံ လွှဲအပ်ထားရခြင်းအား သူမအနေနှင့် ရှက်စရာအကြောင်းမရှိဟုသာ ယူဆထားလိုက်တော့သည်။

ထို့ကြောင့် အလုပ်တာဝန်ခွဲဝေခြင်းကို အမျိုးအစား ပြန်သတ်မှတ်ရပြန်သည်။ 

တစ်ယောက်တည်း ဖြစ်သော်လည်း လုဖျင်ကျိုးက အလွန်သန်မာလေသည်။ လူဆယ်ယောက်ထိုင် စားပွဲဝိုင်းတစ်ခုကို တစ်ယောက်တည်း သယ်နိုင်သလို တခါတည်းနှင့် ခုံတန်းလျားလေးခုကို ရွှေ့ပြောင်းနိုင်သည်။ သူသည် ချန်မန်၏ အကူအညီကို တကယ်ပင် မလိုအပ်ပေ။

တစ်နာရီပင် မကြာလိုက်ဘဲ ဧည့်ခန်း၊ မီးဖိုခန်းနှင့် ခြံဝင်းထဲရှိ ငှားရမ်းထားသော ပစ္စည်းအားလုံးမှာ ရှင်းလင်းသွားလေသည်။

အိမ်ပြန်လာရင်း စိတ်အေးလက်အေးဖြစ်လာသော လုဖျင်ကျိုးသည် စားပွဲဆီသို့ အရင်သွားလိုက်ပြီး မနေ့က လက်ကျန်ရေနွေးကြမ်းကို တစ်ခွက်ငှဲ့ကာ သောက်လိုက်၏။ သောက်ပြီးနောက် ရေနွေးကြမ်းအိုးထဲမှ ရေများကို သွန်ထုတ်ပစ်လိုက်ပြီး တဖန် ရေနွေးဓာတ်ဗူးထဲမှ ရေနွေးပူပူများအား ငှဲ့ထည့်ကာ နောက်မှ သောက်ရန် အအေးခံထားလိုက်လေသည်။ 

အကုန်လုပ်ပြီးသောအခါ ချန်မန် ဘာလုပ်နေသည်ကို ကြည့်ချင်သောကြောင့် တိတ်ဆိတ်နေသော အဓိကအိပ်ခန်းဆီသို့ လျှောက်သွားသည်။ အိပ်ခန်းတံခါးမှာ ပိတ်မထားဘဲ လုဖျင်ကျိုးကလည်း တမင်သက်သက် တိတ်တိတ်လေး လျှောက်လာသောကြောင့် တံခါးကို ကျောပေးလျက် အိပ်ရာထက်တွင် ထိုင်ကာ ငွေရေတွက်နေသော ချန်မန်မှာ မည်သည်ကိုမှ သတိမထားမိလိုက်ပေ။

"ငွေဘယ်လောက်လဲ..."

ထိုအသံက သူမ၏ နားရွက်နားသို့ ကပ်လျက် ထွက်ပေါ်လာသည်နှင့် ချန်မန်မှာ လန့်ဖျန့်ပြီး တုန်ယင်သွားကာ အလိုအလျောက်တုန့်ပြန်မှုကြောင့် ခေါင်းကို ဆတ်ခနဲ လှည့်လိုက်ရာ သူမ၏ နူးညံ့သော နှုတ်ခမ်းများက သူ၏ပါးပြင်နှင့် ပွတ်မိသွားလေသည်။

မည်သို့ဖြစ်သွားသည်ကို သိသောအခါမှ ချန်မန်သည် ကိုယ်ကို လက်ဖြင့် ထောက်လျက် နောက်သို့မှီလျော့လိုက်ကာ အော်ပြောလေသည်။

"ရှင် ဘာဖြစ်လို့ အသံမပေး ဘာမပေးနဲ့ လာရတာလဲ..."

"မင်းက အရမ်းအာရုံစိုက်နေတာကိုး..."
လုဖျင်ကျိုးက ချန်မန်အနီးသို့ တိုးထိုင်လိုက်သည်။

"မင်းမှာ ငွေတွေ အများကြီးရှိနေပုံပဲ..."

ချန်မန်သည် သူနှင့် စာရင်းအင်းများ ရှင်းရန်ကို ချက်ချင်းပင် မေ့လျော့သွားလေသည်။ သူမက တိတ်တိတ်လေး ဂုဏ်ယူနေမိသလို ပြန်လှန်တွတ်ထိုးရန်လည်း မေ့မနေခဲ့ပေ။

"အဓိကက ရှင် ကျွန်မကို အများကြီး ပေးခဲ့လို့လေ..."

သူတို့၏ မိသားစုများသည် ဆင်းရဲသည်ဟု မပြောနိုင်သော်လည်း ကြွယ်ပိုးကြွယ်ဝ မဟုတ်သည်ကလည်း အသေအချာပင် ဖြစ်သည်။ သူမဖခင်၏ လစာထဲမှ ကုန်ကျစရိတ်အားလုံးကို နှုတ်ပြီး လစာ၏ သုံးပုံတစ်ပုံကို စုဆောင်းနိုင်ခြင်းမှာ သူမမိခင်၏ ချွေတာစိစစ်နိုင်မှုကြောင့်သာ ဖြစ်သည်။

အသေးစိတ်ပြောရမည်ဆိုလျှင် သူတို့မိသားစုတွင် မောင်နှမသုံးယောက်ရှိသည်။ အစ်ကိုအကြီးဆုံးမှာ အိမ်ထောင်ပြုသွားပြီဖြစ်ပြီး သားသမီးလည်း ရှိကာ ဒုတိယအစ်ကိုမှာ ကျေးလက်ဒေသတွင် ပင်ပန်းစွာ အလုပ်လုပ်နေရပေသည်။ သူမမိဘများက သူမကို ချစ်မြတ်နိုးသည့်တိုင်အောင် သူမကို ငွေကြေးအထောက်အပံ့များစွာ မပေးနိုင်ပေ။

အကယ်၍သာ လုဖျင်ကျိုးက တင်တောင်းငွေကို သာမန်အတိုင်း ယွမ်နှစ်ရာသုံးရာမျှသာ ပေးခဲ့လျှင် သူမမိဘများကလည်း အများကြီး ပေးမည်မဟုတ်ဘဲ မင်္ဂလာရှိသောဂဏန်းဖြစ်သော ယွမ်ငါးဆယ် သို့မဟုတ် ရှစ်ဆယ်မျှသာ ပေးပေလိမ့်မည်။

သူက လက်ထပ်လက်ဆောင်ကို မြင့်မြင့်မားမား ပေးခဲ့ပြီး သူမမိဘများကလည်း ဤသည်ကို အကြောင်းပြု၍ သူမ အထင်သေးခံရမည်ကို မလိုလားသောကြောင့် သူတို့က သူမကို မြင့်မားသော ပမာဏအား ပေးအပ်ခဲ့သည်။ ပရိဘောဂများအတွက် ကုန်ကျငွေကို သူက မတောင်းဆိုခဲ့ခြင်းကိုပါ ထည့်တွက်ခဲ့သဖြင့် သူတို့က သူမအား ၈၈၈ယွမ်အထိ ပေးခဲ့ကြသည်။

သူမ၏ ကိုယ်ပိုင်စုဆောင်းငွေသည် ၄၁၃.၅၀ယွမ် ရှိပြီး အမှန်ဆိုလျှင် ထို့ထက်ပိုများသင့်သော်လည်း သူတို့က ချစ်သူစုံတွဲ ဖြစ်နေခဲ့ကြချေပြီ။

ချိန်းတွေ့ကြသည့်အချိန်တိုင်း အစားအသောက်ဖြစ်စေ ရုပ်ရှင်ဖြစ်စေ သူက အကုန်အကျခံစေကာမူ သူမကလည်း ကျေးဇူးတင်ပြနေရုံဖြင့် နှစ်သိမ့်မနေဘဲ ကြုံလျှင်ကြုံသလို ကုန်ကျစရိတ်ကို အလုအယက် ဝင်ရှင်းပေးလေ့ရှိသည်။ သူက သူမကို ဝတ်စုံတစ်စုံ ဝယ်ပေးခဲ့ကာ သူမက သူ့ကို သားရေဖိနပ်တစ်ရံ ဝယ်ပေးခဲ့၏။ထို့ကြောင့် သူမ၏ လစာသည်လည်း လျော့နည်းခဲ့ရသည်။

များများစားစား မဟုတ်သော်လည်း ယခု သူမတွင်ရှိသော စုငွေသည် လွန်ခဲ့သော သုံးလက စုငွေထက် ပို၍ များသည်။

သေချာသည်က ထိုထဲတွင် လက်ထပ်လက်ဆောင်ရော တင်တောင်းငွေရော မပါသေးချေ။ ထိုငွေအားလုံးကို ပေါင်းလိုက်လျှင် သူမ၏ ငွေသားစုစုပေါင်းမှာ တစ်ထောင်နှင့်တစ်ဆယ့်သုံးရှိပေလိမ့်မည်။ 

ထိုပမာဏသည် များသည်ဟုမထင်ရသော်လည်း နောင်အနှစ်ငါးဆယ်ခန့်တွင် ဖြစ်လာမည့်စျေးနှုန်းနှင့် တွက်ချက်ကြည့်မည်ဆိုလျှင် သူမ၏ စုဆောင်းငွေသည် ဂဏန်းခြောက်လုံးအထက်ပင် ဖြစ်ပေလိမ့်မည်။

အကယ်၍ အိမ်ခြံမြေစျေးနှုန်းနှင့် တွက်ချက်မည်ဆိုပါက သူမ၏ မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများထဲတွင် ဂဏန်းတစ်လုံး ပေါင်းထည့်နိုင်ပေလိမ့်မည်။ 

ထိုအချိန်က လင်းကျန်းမြို့ဆင်ခြေဖုံးရှိ အိမ်ကောင်းကောင်းကို ယွမ်ငွေ ရာဂဏန်းမျှနှင့်ပင် ဝယ်ယူနိုင်ပေသည်။ နောက်အနှစ်သုံးဆယ်အတွင်းမှာပင် လင်းကျန်းမြို့သည် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ပေလိမ့်မည်။ အိမ်ခြံမြေဈေးနှုန်းများသည် မြို့တော်ဟိုင်ချန်၏ စျေးနှုန်းလောက် မမြင့်မားစေကာမူ တစ်စုံတစ်ယောက်သည်သာ အခွင့်အရေးကို ဖမ်းဆုပ်နိုင်လျှင် နောင်အနာဂတ်တွင် အိမ်ငှားခရငွေများကို စုဆောင်းထားနိုင်ခြင်းမှာ မဖြစ်နိုင်စရာ မရှိပေ။

ထိုအကြောင်းကို စဥ်းစားရန်မှာ အချိန်မတန်သေးသော်လည်း စိတ်ကူးယဥ်အိမ်မက် မက်နေသောချန်မန်မှာ အလွန်ပင် စိတ်လက်ချမ်းသာနေပေသည်။ 

သူမက ငွေများကိုသားရေကွင်းနှင့် စည်းနေရင်း မျက်ခုံးများကို တွန့်ကွေးထားပြီး ဘေးနားရှိ အမျိုးသားကို အကြည့်တစ်ချက်ပင် မစွန့်ကြဲတော့သောကြောင့် သူက အထီးကျန်လာပြီး ရည်ရွယ်ချက်ရှိရှိ ပြောပြလိုက်သည်။ 

"ကိုယ့်မှာလည်း ငွေတွေအများကြီးရှိတယ်..."

ချန်မန်က ငွေစက္ကူများကို စည်းနှောင်နေရာမှ ရပ်လိုက်ပြီး လုဖျင်ကျိုးကို ကြည့်ကာ မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"ရှင် ဘာပြောချင်တာလဲဟင်..."

လုဖျင်ကျိုးက မေးလိုက်သည်။
"မင်းကို ပြရမလား..."

ချန်မန်- "..."

သူမ ဖတ်ဖူးသမျှသောဝတ္ထုတိုင်းတွင် လက်ထပ်ပြီးသည်နှင့် အမျိုးသားဇာတ်လိုက်က သူ၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးလေ့ရှိသည်။ အမှန်က မူရင်းဝတ္ထုတွင်လည်း ထိုအတိုင်းသာဖြစ်သည်။ မင်္ဂလာဦးညမှာပင် ရှဲ့လန်က သူစုဆောင်းထားသမျှအား ယန်မင်ကျစ်ထံ ပေးအပ်ခဲ့သည်။ 

သို့သော် သူမအလှည့်တွင်မူ သူက 'မင်း ကြည့်ဦးမလား...' ဟုသာ ပြောလာလေသည်။


💓💓💓 👩‍❤️‍👨Chapter 45

သို့သော် သူမအလှည့်တွင်မူ သူက 'မင်း ကြည့်ဦးမလား...' ဟုသာ ပြောလာလေသည်။

သူမကို ကျောပေးလျက် ဗီရိုရှေ့တွင် မတ်တတ်ရပ်ကာတစ်စုံတစ်ရာကို ရှာဖွေနေသော လုဖျင်ကျိုးမှာ သူ့ဇနီးလေးက သူ့ကို 'သေစေနိုင်သော အကြည့်'နှင့် စိုက်ကြည့်နေသည်ကို မသိသည်မှာ သေချာပေသည်။ သူက သံဗူးတစ်ဗူးကို လျင်မြန်စွာဆွဲထုတ်လိုက်ပြီး ဖွင့်လိုက်ကာ ငွေသွင်းငွေထုတ်စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်၏။ ထို့နောက် ချန်မန်ရှေ့တွင် ချထားလိုက်ရင်း ပြောလိုက်သည်။

"ဒီမှာ..."

ချန်မန်က လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် လက်ပိုက်ထားပြီး သံဗူးကို လက်ဖျားနှင့်ပင် မတို့ချေ။

လုဖျင်ကျိုးက ညာခြေထောက်ကို မြှောက်၍ အိပ်ရာပေါ် ခြေတင်ကာထိုင်လိုက်ပြီး အပြုံးတစ်ချက်နှင့် မေးလိုက်သည်။

"မကြည့်ချင်ဘူးလား..."

ကြည့်လေ! ဘာလို့မကြည့်တာလဲ?

သူမက ကြည့်ချင်နေရုံမျှသာမက ဆန္ဒရှိနေသည်က... 

စာအုပ်ကို ဖွင့်ကာ ငွေသွင်းသည့်ဘက်မှ ကိန်းဂဏန်းများ၏ ပထမဆုံးဂဏန်းကို ကြည့်ပြီးနောက် ရှေ့ဆက် မျိုသိပ်မထားနိုင်တော့သော ချန်မန်က သူမစိတ်ထဲရှိစကားလုံးကို အဆုံးသတ်လိုက်သည်က 'လက်ခံရရှိ' ဘဏ္ဍာတော်အဖြစ် အပိုင်သိမ်းလိုက်ချင်ခြင်းပင်။ (ချန်မန်ရဲ့ ဆန္ဒလေး)

သို့သော်လည်း ဤသည်က ခွန်အားမသုံးမီ ယဥ်ကျေးမှုက အရင်လာသည်ဟု ပြောရပေမည်။ သူတို့သည် အခုမှ လက်ထပ်ပြီးကာစ ရှိသေးရာ သူ၏ လက်မထပ်ခင် လူပျိုဘဝကတည်းက ပိုင်ဆိုင်မှုများကို သိမ်းယူရန်မှာ သူမအတွက် မသင့်လျော်ဟု ထင်မြင်မိပေသည်။

ချန်မန်က စာအုပ်ကို ပိတ်လိုက်ပြီး ဘေးသို့ ချထားလိုက်ကာ မေးလိုက်သည်။

"ဘယ်လိုလုပ်ပြီး ရှင့်မှာ ငွေတွေ အများကြီး ရှိနေတာလဲ..."

ငါးထောင့်သုံးရာယွမ်

ဤသည်က ကျန်နေသော သူ၏ စုဆောင်းငွေဖြစ်သည်။ အကယ်၍ လက်ထပ်လက်ဆောင်ငွေများ၊ အဓိကပစ္စည်းသုံးခုဖြစ်သော ဗီရိုတစ်လုံး၊ ကုတင်နှင့် မှန်တင်ခုံတို့ကို ဝယ်သောငွေနှင့် ယခုအခန်းကို ဆေးပြန်သုတ်သောငွေတို့ကို ပေါင်းထည့်လိုက်လျှင် သူ၏မူလစုဆောင်းငွေမှာခုနှစ်ထောင်ဝန်းကျင်ခန့် ဖြစ်နိုင်ပေသည်။

၁၉၈၀ခုနှစ် အစောပိုင်းကာလများ၌ စုဆောင်းငွေ ယွမ်၁၀၀၀၀ ရရှိသူသည် သတင်းစာတွင်ပင် ဖော်ပြခံရပေလိမ့်မည်။ ယခုမူ ၁၉၇၆ခုနှစ်သာ ရှိသေးပြီး သူ၏ စုဆောင်းငွေမှာ ၇၀၀၀နီးပါး ရှိနေသည်။

လုဖျင်ကျိုး၏ အဖြေက လိုရင်းတိုရှင်းဖြစ်သည်။

"ကိုယ် ငွေစုတယ်... စစ်တက္ကသိုလ် စတက်နေကတည်းက ကိုယ် ငွေစစုခဲ့တာ..."

"တပ်ကျောင်းကို တက်လို့ရတဲ့ ထောက်ပံ့ကြေးက တအားများတာလား..."

၁၉၇၀နှင့် ၁၉၈၀ခုနှစ်ကြားတွင် ကောလိပ်တက်ရောက်ခွင့်ရကြသူများသည် ထောက်ပံ့ကြေးရကြောင်း သူမသိသော်လည်း ထိုထောက်ပံ့ကြေးသည် များများစားစား မဟုတ်ဘဲ အစားအသောက်အတွက် မပူပင်ရရုံမျှသာဖြစ်ကြောင်းကိုလည်း သူမ သိထားပေသည်။ ပိုက်ဆံစုရန်ဆိုသည်မှာ မဖြစ်နိုင်ဟု မပြောလိုသော်လည်း အတိအကျပြောရလျှင် အစားအသောက်စရိတ်ကို လျှော့ရန်အတွက် တစ်နေ့တာလုံးစာ သုံးနပ်လုံးကို အဆာသွပ်မပါသည့် ဂျုံကြမ်းပေါက်စီကို ဆားရည်စိမ်အသီးအရွက်များနှင့် စားကာ စုလျှင်ပင် စုဆောင်းငွေသည် ဤမျှ မများနိုင်ချေ။

လုဖျင်ကျိုးက အရပ်အလွန်မြင့်သောကြောင့် သူ၏ ကြီးကောင်ဝင်ချိန်တွင် အညံ့စားအစားအသောက်များကို စားပြီး ငွေစုခဲ့လျှင် ဤမျှအရပ်မြင့်နိုင်မည်မဟုတ်သောကြောင့် ထိုကိစ္စမှာလည်း မဖြစ်နိုင်ချေ။

ထင်သည့်အတိုင်း လုဖျင်ကျိုးက ခေါင်းယမ်းပြပြီး ပြောသည်။

"ထောက်ပံ့ကြေးက အဲ့လောက်မများပါဘူး... ကျောင်းထောက်ပံ့ကြေးက စားလို့ရရုံလောက်ပဲ ဆိုပေမယ့် ကိုယ့်အဖေက နေထိုင်စရိတ်ဆိုပြီး တစ်လကို ယွမ်နှစ်ဆယ်ပေးတယ်လေ... ပြီးတော့လဲ တရုတ်နှစ်သစ်ကူးရောက်တိုင်းလဲ နှစ်ကူးလက်ဆောင်မုန့်ဖိုးပါ ပေးတယ်..."

ကျွန်မသိပြီ... ဒါ ရှင့်အဖေရဲ့ ကျေးဇူးကြောင့်ပဲ...

"ကိုယ့်မှာ ငွေကုန်နိုင်တဲ့ အကျင့်ဆိုးတွေလဲ မရှိဘူး... အဝတ်အစားအတွက်ဆိုလဲ စစ်တပ်ယူနီဖောင်းတွေ ရှိတယ်... ကျောင်းပိတ်လို့ အိမ်ပြန်တဲ့အချိန်ကျရင် ကိုယ့်ရဲ့မိထွေး အဒေါ်ကျောက်က အဝတ်အစားတွေ ဘာတွေ ဝယ်ပေးတယ်... အဝတ်နဲ့အစားအတွက် ကိုယ်ဘာမှ ပူစရာမလိုဘူးလေ... အဲ့ဒါနဲ့ ကိုယ် စစ်တက္ကသိုလ်တက်နေတဲ့ လေးနှစ်အတွင်းမှာ ယွမ်တစ်ထောင်လောက် ကိုယ်စုမိတယ်..."

လုဖျင်ကျိုးက အတိတ်အကြောင်းကို ပြန်ပြောင်းပြောပြသည်။

"စစ်တက္ကသိုလ်က ကျောင်းပြီးသွားတဲ့အချိန်ကတော့ ကိုယ်က ဒုတပ်ခွဲမှူးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရတယ်... ကိုယ့်လစာက ယွမ်၇၀ကျော် ၈၀နီးပါးရတော့ တစ်လတစ်လကို ကိုယ် ယွမ်၅၀ကျော် ၆၀နီးပါးလောက် စုမိတယ်... နောက်ပိုင်းကတော့ ထောက်ပံ့ကြေးမျိုးစုံလည်း ရသလို ရာထူးကလည်း ခဏခဏတိုးနေတာ... နှစ်သစ်ကူးမတိုင်ခင်မှာ ကိုယ် ဒုတပ်ရင်းမှူးအဖြစ် ရာထူးတိုးသွားပြီးတော့ ကိုယ့်လစာကလည်း ယွမ်၁၅၀အထိ တိုးလာတယ်လေ..."

သူက ငွေသွင်းငွေထုတ်စာအုပ်ကို ကောက်ယူလိုက်ပြီး နောက်ဆုံးသွင်းထားသော ကြီးမားသော ငွေပမာဏအား ထိုးပြလိုက်ကာ ပြောသည်။

"ဒီထောင်ဂဏန်းကလေ ကိုယ်တို့လက်ထပ်တုန်းက ကိုယ့်အဖေက ကိုယ့်ဆီကို လွှဲပေးလိုက်တာ..."

ချန်မန်က ဤလောကကြီး၏ မမျှတမှုကို ခံစားလိုက်ရသည်။

သူမက တစ်လလုံး ပင်ပန်းစွာ အလုပ်လုပ်ရပြီး ၂၆ယွမ်မျှသာ ရနေချိန်တွင် လုဖျင်ကျိုး၏ ကျောင်းနေစဥ် နေထိုင်စရိတ်မှာ ယွမ်၂၀ဖြစ်ပြီး ကျောင်းက ထောက်ပံ့ကြေးလည်း ရသလို သူ၏ လစာကလည်း သူမထက် မြင့်မားပေသည်။

သို့သော်လည်း သူမ လုဖျင်ကျိုးကို မနာလိုမဖြစ်မိပေ။ အမှန်တကယ်တွင် သူက စစ်တက္ကသိုလ်၌ စာသင်ရခြင်းဖြစ်သည်။ သူက စာသင်ရစေကာမူ လေ့ကျင့်ရေးဆင်းရခြင်းသည် သူမ၏ အလုပ်ကဲ့သို့ လွယ်ကူရန်မှာ မသေချာလှပေ။ သူ၏ လက်ရှိလစာသည် မြင့်မားသည့်အတိုင်းပင် သူ့ဝင်ငွေများသည် သွေးချွေးနှင့်ရင်းရသော ချွေးနှဲစာ အတိအကျပင်ဖြစ်သည်။

ရှေးခေတ်ကာလကတည်းက စစ်သားအလုပ်သည် ခက်ခဲပင်ပန်းသောအလုပ်ဖြစ်သည်။ တိုင်းပြည် ငြိမ်းချမ်း၍ လူအများ ဘေးကင်းလုံခြုံနေချိန်တွင် သူတို့သည် အပင်ပန်းခံ၍ လေ့ကျင့်နေရပြီး စစ်ပွဲများ ဖြစ်ပွားလာချိန်တွင် သူတို့သည် တိုက်ပွဲများရှိရာ ရှေ့တန်းသို့ သွားရပေသည်။ သဘာဝဘေးအန္တရာယ်များ၊ လူတို့ကြောင့် ဖြစ်လာသော ကပ်ဘေးဆိုးများ ပေါ်လာတိုင်းလည်း သူတို့က ရှေ့ဆုံးတန်းမှနေ၍ ပါဝင်ဆောင်ရွက်ရပေသည်။ ဤငွေများမှာ သူတို့နှင့် ထိုက်တန်ပေသည်။

ထို့အပြင် ယခုအချိန်၌ လုဖျင်ကျိုး၏ လစာငွေမှာ အလွန်များသည်ဟု ထင်နေရခြင်းမှာ တိုင်းပြည်သည် လက်ရှိအချိန်တွင် စီမံကိန်းစီးပွားရေးစနစ်ကို အကောင်အထည်ဖော်နေသောကြောင့် ဖြစ်သည်။ ပြန်လည်ပြူပြင်ရေးပြီးသွားပြီးနောက် ပွင့်လင်းလာပြီး စျေးကွက်များဖွင့်လှစ်လိုက်ချိန်တွင် စီးပွားရေးသမားများ၊ ထင်ရှားကျော်ကြားသူ ဆယ်လီများ၊ စာရင်းအင်းသမားများ၊ လုံခြုံရေးဝန်ထမ်းများနှင့် အခြားသော ကုန်ထုတ်လုပ်ငန်းများအားလုံးသည် သူတို့ထက် ဝင်ငွေပိုများလာပေလိမ့်မည်။

ချန်မန်က ပြောလိုက်သည်။

"ရှင့်အဖေက ရှင့်ကို ပေးလိုက်ပြီဆိုမှတော့ ဒီငွေကို ရှင်က အမြန်ဆုံး သိမ်းထားရမှာပေါ့..."

"အဲ့ဒါကို ကိုယ်သိမ်းထားရမှာလား..."

ချန်မန်က မျက်နှာလွှဲလိုက်ပြီး ဟွန့်ကနဲ့ နှာမှုတ်လိုက်သည်။

"တခြားဘာလုပ်မလို့လဲ..."
သူတို့က သူမကို ထိုငွေကို မပေးသဖြင့် သူမကလည်း ကူပြီး သိမ်းထားပေးလိမ့်မည် မဟုတ်ပေ။

ထိုအတွေးက သူမ၏ စိတ်ထဲဝယ် လျှပ်စီးလက်လိုက်သလို ပေါ်လာချိန်တွင် တစ်ယောက်ယောက်က သူမ၏ လက်ကို ဆွဲယူလိုက်ပြီး လက်ဖဝါးထဲသို့ ပစ္စည်းတစ်ခု ထည့်ပေးလိုက်သည်ကို သိလိုက်သည်။ ထိုအရာက ငွေသွင်းငွေထုတ်စာအုပ်နှင့် တူသောကြောင့် သူမက မေးလိုက်သည်။

"ရှင် ဘာလုပ်တာလဲ..."

လုဖျင်ကျိုးက ပြောလိုက်သည်။
"ကိုယ် အမေ့ဆီကနေ ကိုယ်သိလာတာက မင်းရဲ့အမေက မင်းတို့မိသားစုမှာ ငွေကို စီမံခန့်ခွဲတဲ့သူဆို..."

ချန်မန်၏ မျက်ခုံးအစုံမှာ မသိမသာ မြင့်တက်သွားသည်။
"ရှင်က ကျွန်မကို ရှင့်စုငွေကို ထိန်းသိမ်းစေချင်တာလား..."
သူမက သူ့ကို ကြည့်လိုက်ပြီး ဟန်ဆောင်ပန်ဆောင် ငြင်းပယ်လိုက်သည်။

"အဲ့ဒါက မကောင်းပါဘူး... ဒါတွေက ရှင့်ရဲ့ ကိုယ်ပိုင်ငွေတွေလေ... ပြီးတော့ ကျွန်မတို့က အခုမှ လက်ထပ်ပြီးကာစပဲ ရှိသေးတယ်... ငွေတွေကို ကျွန်မကို ပေးထားပြီး ရှင်စိတ်ချလက်ချ နေနိုင်တယ်လား..."

သူမ၏ နှုတ်ခမ်းသားလေးများက အကွေ့အကောက်များ မထင်ရှားဘဲ ပါးပါးလျားလျားသာ ဖြစ်နေလျှင် သူမပြောစကားများကို သူစိတ်ရှုပ်မိနိုင်သည်ဟု လုဖျင်ကျိုး တွေးတောနေမိသည်။(ဘာပြောချင်တယ်မသိဘူး)

သို့သော် ယခုမူကား သူ့ရှေ့တည့်တည့်တွင် ဘဝတစ်ခုလုံးကို ခြိမ်းခြောက်စေကာမူ သူ၏ အဖြေကလည်း တိကျပြတ်သားလှသည်။ 

"ကိုယ် မယုံကြည်ရတဲ့သူကို ကိုယ်လက်ထပ်မှာ မဟုတ်ဘူး... ပြီးတော့ ကိုယ်တို့က လင်နဲ့မယား ဖြစ်နေပြီပဲကို ဘယ်သူက ငွေဘယ်လောက် ဝင်တယ်ဆိုတာက ဘာအရေးကြီးလို့လဲ... မင်းပဲသိမ်းထားလိုက်ပါ... အဲ့လိုမှ တကယ်လို့ ကိုယ် စစ်ဆင်ရေးသွားနေတဲ့အချိန် မင်း အိမ်မှာ ရှိနေတုန်း အရေးပေါ်ငွေလိုတယ်ဆိုရင် သုံးလို့ ရတာပေါ့..."

ချန်မန်က မျက်ဝန်းအစုံကို တဖန်ကျုံ့လိုက်သည်။
"ရှင်က ဒီလို ပြောနေမယ်ဆိုရင် ကျွန်မကလည်း ယဥ်ကျေးနေတော့မှာ မဟုတ်ဘူးနော်..."

"ရပါတယ်ကွာ..."

ချန်မန်က ပျော်ရွှင်စွာနှင့် ငွေသွင်းငွေထုတ်စာအုပ်ကို ယူလိုက်ပြီး အစမှ အဆုံးတိုင် ဂရုတစိုက် ဖတ်ကြည့်လေသည်။

ငွေသွင်းငွေထုတ်စာအုပ်ကို သူ လင်းကျန်းမြို့တွင် တာဝန်ကျပြီးသည်နှင့် စာရင်းဖွင့်ထားခြင်း ဖြစ်နိုင်ပေသည်။ ပထမဦးဆုံး သွင်းထားသောငွေမှာ ယွမ်တစ်ထောင် အတိအကျပင် ဖြစ်သည်။ ထို့နောက်ပိုင်းတွင် သူသည် ပျမ်းမျှခြင်းအားဖြင့် နှစ်လလျှင် တစ်ကြိမ်နှုန်း ငွေသွင်းလေ့ရှိသည်။ အစပိုင်းတွင် သူသည် ငွေတစ်ခါသွင်းလျှင် ယွမ်တစ်ရာသွင်းလေ့ ရှိပြီး ရံဖန်ရံခါတွင် တစ်ရာ့ငါးဆယ်ယွမ် သွင်းသည်။ အချိန်ကြာလာသည်နှင့်အမျှ သွင်းငွေက တဖြည်းဖြည်းတိုးလာပြီး တစ်ကြိမ်လျှင် ယွမ်နှစ်ရာ သို့မဟုတ် ယွမ်နှစ်ရာ့ငါးဆယ် ဖြစ်လာသည်။

ငွေသွင်းသည့် အကြိမ်အရေအတွက်နှင့် နှိုင်းယှဥ်ကြည့်လိုက်လျှင် ငွေထုတ်သည့် အကြိမ်အရေအတွက်မှာ သနားစရာကောင်းလောက်အောင်ပင် နည်းပါးလှသော်လည်း ပမာဏကမူ မနည်းလှချေ။ လွန်ခဲ့သောလေးနှစ်က ယွမ်တစ်ထောင် ထုတ်ယူခဲ့ပြီး လွန်ခဲ့သောတစ်နှစ်ခန့်က ယွမ်ရှစ်ရာ ထုတ်ယူခဲ့သည်။ နောက်ဆုံးနှစ်ကြိမ် ထုတ်ယူထားခြင်းမှာ လွန်ခဲ့သော လအတွင်းက ဖြစ်ပြီး တစ်ကြိမ်လျှင် ယွမ်တစ်ထောင်စီ ထုတ်ယူခဲ့ပေသည်။

လွန်ခဲ့သောလက အဘယ်ကြောင့် ငွေအများအပြား ထုတ်ယူရခြင်းကို မေးစရာမလိုဘဲ ချန်မန် နားလည်သော်လည်း ပထမဆုံးနှစ်ကြိမ် ထုတ်ယူရသည့် အကြောင်းကိုမူ သူမမသိသောကြောင့် သူ့ကို မေးခဲ့သည်။ ထိုသို့ မေးမြန်းရခြင်းမှာ သူမက သူ့ကို စစ်ဆေးလိုသောကြောင့် မဟုတ်ေပ။ သူ၏ အသုံးစရိတ်များက မများလှကြောင်း သူပြောပြထားသည်ကို သူမ တွေးမိသောကြောင့် သူမက ထိုအကြောင်းကို သူ ပြောပြချင်သလား မပြောပြချင်ဘူးလားဟုသာ သာမန်ကာလျှံကာ မေးမြန်းလိုက်လေသည်။

လုဖျင်ကျိုးက မည်သည်ကိုမျှ ဖုံးကွယ်မထားဘဲ ချန်မန်ကို အားလုံး ပြောပြလေသည်။

ထိုငွေပမာဏနှစ်ခုလုံးမှာ သူ့ရဲဘော်ရဲဘက်များ၏ မိသားစုများကို ပေးခဲ့ခြင်းဖြစ်သည်။ ယွမ်တစ်ထောင် ဖြစ်ရခြင်းမှာ သူ့ရဲဘော်ရဲဘက် ကွယ်လွန်သွားပြီးနောက် အိမ်တွင် မိဘမဲ့ကလေးတစ်ယောက်နှင့် မုဆိုးမတစ်ယောက်သာ ကျန်နေခဲ့ခြင်းကြောင့်ဖြစ်သည်။ သူတို့တွေ ခက်ခဲပင်ပန်းနေမည်ကို သူစိုးရိမ်မိသောကြောင့် သူက အပိုငွေ ယွမ်တစ်ထောင်ကို ပင်စင်ငွေထဲသို့ ပေါင်းထည့်ပေးခဲ့သည်။

ယွမ်ရှစ်ရာမှာ သူ စစ်တက္ကသိုလ်တက်စဥ်က ခင်မင်ခဲ့သော သူငယ်ချင်းကို ပေးခဲ့ခြင်းဖြစ်၏။ ထိုသူငယ်ချင်းသည် စစ်ဆင်ရေးတစ်ခုတွင် မတော်တဆမှုဖြစ်ကာ မသန်စွမ်းဖြစ်သွားခဲ့၍ အလုပ်လုပ်နိုင်စွမ်း မရှိတော့ပေ။ မသန်စွမ်းဖြစ်သွားပြီးနောက်ပိုင်း သူသည် နယ်ခံများဆီမှ အထူးအလေးပေးဂရုစိုက်မှုကို ရရှိခဲ့စေကာမူ ဆေးဝါးများ ဝယ်ယူရန်နှင့် ဆေးကုသစရိတ်ပေးရန် ငွေများလိုအပ်နေခဲ့သည်။ ထို့ပြင် သူ့တွင် စုဆောင်းငွေ အနည်းငယ်သာ ရှိသောကြောင့် အိမ်အဟောင်းတစ်လုံးတွင်သာ နေထိုင်ခဲ့ရသည်။

ဖြစ်ပုံမှာ ထိုနှစ်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သူ၏ အိမ်အဟောင်းလေးမှာ ရေမျောသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ့မိသားစုက သူ့ကို ဆောလျင်စွာ ရှာတွေ့ခဲ့ပြီး ရေထဲမှ ဆွဲထုတ်ကာ သူ့အသက်ကို ကယ်တင်နိုင်ခဲ့သည်။

သို့သော်လည်း သူ၏ အငယ်ဆုံးသားလေးမှာ မိုးမိရာမှ အပြင်းအထန် ဖျားနာပြီးနောက် ဆေးကုသမှုပြုလုပ်ရန် အချိန်နှောင့်နှေးခဲ့ရမှုကြောင့် နားနှစ်ဖက် ထိခိုက်သွားကာ အကြားအာရုံချို့တဲ့သူ ဖြစ်သွားရရှာသည်။ ပို၍ ဆိုးဝါးသည်က အိမ်အဟောင်းလေးကလည်း ပျက်စီးသွားသောကြောင့် သူတို့မိသားစုမှာ နေစရာနေရာလည်း မရှိတော့ပေ။ သူတို့အခြေအနေမှာ အလွန်ပင် ခက်ခဲဆိုးဝါးနေသောကြောင့် သူတို့က လုဖျင်ကျိုးထံတွင် ငွေရေးကြေးရေး အကူအညီ တောင်းခံခဲ့ကြသည်။

စစ်တက္ကသိုလ် တက်နေစဥ်က လုဖျင်ကျိုးသည် ထိုသူငယ်ချင်းနှင့် အလွန်ပင် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ကြသည်။ ကျောင်းပြီးသွားချိန်တွင် သူတို့သည် မတူညီသော နေရာများတွင် တာဝန်ထမ်းဆောင်ခဲ့ရသလို တစ်ဖက်လူကလည်း မတော်တဆဖြစ်ပြီးနောက် ဇာတိမြို့သို့ ပြန်သွားခဲ့စေကာမူ သူတို့နှစ်ယောက်က အမြဲလိုလို အဆက်အသွယ် ရှိနေခဲ့ကြသည်။

 á€á€…á€şá€–á€€á€şá€œá€°á€€ သူ့ထံ ငွေရေးကြေးရေး အကူအညီ တောင်းခံလာချိန်တွင် လုဖျင်ကျိုးထံတွင် ငြင်းပယ်နိုင်သော အကြောင်းအချက်မရှိပေ။

ထိုအကြောင်းများကို နားထောင်ပြီးသောအခါ ချန်မန်က စကားတစ်လုံးမျှ မပြောပေ။ လုဖျင်ကျိုးမှာ ကူကယ်ရာမဲ့စွာဖြင့် မသက်မသာဖြစ်လာသည်။ သူက သူမမျက်နှာကို စိုက်ကြည့်ရင်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်သည်။

"မင်း... စိတ်ညစ်သွားတာလား..."

"ဘာလို့ စိတ်ညစ်ရမှာလဲ..."

လုဖျင်ကျိုးက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ကိုယ်က ငွေအများကြီး ထုတ်ချေးပေးလိုက်လို့ မဟုတ်ဘူးလား..."

"အဲ့ဒါက အရင်တုန်းက ကိစ္စတွေပါ... ကျွန်မ ဘာမှမဖြစ်ပါဘူး..."

ချန်မန်က အကြောင်းအရာကို ပြောင်းလိုက်သည်။

"ဒါပေမဲ့ အခုကစပြီးတော့ အိမ်မှာ စားရိတ်ကြီးကြီးမားမား သုံးတော့မယ်ဆိုတိုင်း ကျွန်မတို့နှစ်ယောက်လုံး ဆွေးနွေးပြီးမှ ဆုံးဖြတ်ရမယ်..."

လုဖျင်ကျိုးက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်းက ငွေကိုင်ဖို့ တာဝန်ယူထားတာပဲ... ကိုယ်က မင်းစကားပဲ နားထောင်မှာပေါ့..."

ချန်မန်က ပြုံးလိုက်ပြီး အခုလေးတင် သူမတွေးနေမိသောအကြောင်းကို ပြောလိုက်သည်။

"ရှင်က အပြင်ပန်းမှာ တည်ကြည်လေးနက်ပြီးတော့ လူရှိန်စရာကောင်းသလောက် အတွင်းစိတ်ကကျတော့ အရမ်းကို နွေးထွေးတဲ့လူပဲ..."

လုဖျင်ကျိုးက ရင်ဘတ်ကိုကော့လိုက်ပြီး သူ့ဇနီးလေး၏ မှတ်ချက်စကားကို ရှက်ရွံ့ခြင်းမရှိ လက်ခံလေသည်။ ခဏမျှကြာသောအခါ သူက ပြောပြသည်။

"ကိုယ်က လူအများကြီးကို အုပ်ချုပ်နေရတာဆိုတော့ တည်တည်ကြည်ကြည်နေရတာပေါ့... ကိုယ်က အရမ်းဖော်ရွေပြနေရင် သူတို့ကို ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး... ဒါပေမဲ့ ကိုယ့်အကြောင်းသိတဲ့ လူတွေကတော့ ကိုယ့်ကို စိတ်ထားကောင်းတယ်လို့ ပြောကြတယ်..."

ချန်မန်က မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
"ဟုတ်ရဲ့လားရှင်ရယ်..."

"ဟုတ်ပါ့ဗျာ..."
လုဖျင်ကျိုးက ခပ်တည်တည်ပင်။

Search Novels