💝💝💝 👩‍❤️‍👨Chapter 36

@အဲ့ဒါက သူမပြောချင်တဲ့ “အပြင်မှာ သန်မာပေမယ့် အတွင်းက အားနည်းတယ်”ဆိုတာလား@


ချန်မန်သည် သူမအလုပ်နားချိန်တိုင်း မိသားစုအတွက် လိုအပ်သောအရာများ ဝယ်လာပေးတတ်သလို နှစ်တိုင်းလည်း ဝတ်စုံအသစ် ဝယ်ယူလေ့ရှိသောကြောင့် ဝမ့်ချိုးမိန်က သူမ၏ သမီးသည် ငွေများများ မစုထားနိုင်ဟု အမြဲထင်မှတ်နေခဲ့သည်။ သူမ၏ ဆယ်စုနှစ်နှင့်ချီသော အတွေ့အကြုံများအရ သမီးဖြစ်သူ၏ လက်ထဲတွင်ရှိသောငွေသည် မည်သို့နည်းနှင့်မျှ သုံးရာထက်မလျော့ဟု ခန့်မှန်းမိလိုက်လေသည်။ သူမက မျက်ခုံးပင့်လိုက်ပြီး ပြုံးလိုက်သည်။

“ငါ့သမီးက ငွေစုတာတော့ တော်သားပဲ...”

ချန်မန်သည် မသိသလို မနေလိုက်ဘဲ အပြုံးတစ်ချက်ဖြင့် ပြောလိုက်သည်။

“နောက်ဆုံးတော့လည်း သမီးက အမေ့သမီးပဲလေ... အမေ့ဆီကနေ အားလုံး မသင်နိုင်ခဲ့ရင်တောင်မှ အမေသိတာရဲ့ ၇၀ရာခိုင်နှုန်း ၈၀ရာခိုင်နှုန်းလောက်တော့ သင်လိုက်ရပါတယ်နော် ဟုတ်ပြီလား...”

“ပိုက်ဆံစုနိုင်တယ်ဆိုတာက ကောင်းတာပဲ... အဲ့ဒီလိုပဲ အဲ့ငွေတွေကို သူများခိုးမသွားအောင်လဲ ထားရမယ်... သမီး ဂရုမစိုက်ဘဲ နေလို့မရဘူးနော်...”
ဝမ့်ချိုးမိန်က အိပ်ရာဘေးကို မှီလိုက်ပြီး စတင်၍ တွေးတောနေသည်။

“ဒါပေမဲ့ ဖျင်ကျိုးရဲ့လစာကများသလို သမီးမှာလည်း အလုပ်ရှိတယ်ဆိုတော့ ငွေသုံးတာစွဲတာမှာ တအားကြီး ခြိုးခြံစရာမလိုပါဘူး... သုံးသင့်တာတော့ သုံးရမှာပေါ့... အရေးအကြီးဆုံးအရာက သမီးရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့နဲ့ နောက်ရလာမယ့်ကလေးကို ကောင်းကောင်းစောင့်ရှောက်ဖို့ပဲ...”

ဤခေါင်းစဉ်ဆီသို့ ပြောင်းသွားခြင်းက ချန်မန်ကို သတိလွတ်သွားစေခဲ့ပြီး သူမက ရှက်သွေးဖြာသွားကာ အော်လိုက်သည်။

“အမေ!...”

“အိုး... သမီးက ရှက်နေတာလား...”

ဝမ့်ချိုးမိန်က ကျီစယ်ကာ မေးလိုက်သည်။
“ဒီမှာ ရှက်စရာ ဘာအကြောင်းရှိလို့လဲ... ဘယ်သူကများ လက်ထပ်ပြီးတော့ ကလေးမရတာရှိလို့လဲ...”

ချန်မန်က ဖြေလိုက်သည်။
“သမီးက ငယ်သေးတယ်...”

“နှစ်ဆယ့်တစ်နှစ်က ငယ်သေးတာလား... အမေ သမီးအရွယ်တုန်းကဆို သမီးအစ်ကိုကြီးက ထမင်းဟင်း ချက်တဲ့နေရာမှာ ကူညီနိုင်လောက်အောင်ကို ကြီးနေပြီ...”

ဝမ့်ချိုးမိန်က ကျီစယ်နောက်ပြောင်နေသော်လည်း သမီးဖြစ်သူ၏ မျက်နှာအမူအရာကို အကဲခတ်မိလိုက်သောအခါ မတ်မတ်ထိုင်လိုက်ပြီး မေးလိုက်လေသည်။

“သမီးက ကလေးမယူချင်ဘူးလား...”

ချန်မန်က လေသံပျော့လေးဖြင့် ဖြေလိုက်သည်။
“မဟုတ်ပါဘူး...”

ဤသို့ဖြစ်ရခြင်းမှာ သူမက ကလေးမယူချင်သောကြောင့် မဟုတ်သော်လည်း ထိုအကြောင်းကို သူမ တစ်ကြိမ်တစ်ခါမျှ မစဉ်းစားမိပေ။

ယခင်ဘဝက ချန်မန်၏ မိသားစုသည် ကြွယ်ဝပြည့်စုံပြီး သူမသည် အထွေးဆုံးသမီးလေးပီပီ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ကလေးဘဝကို ပိုင်ဆိုင်ခဲ့လေသည်။ သို့သော်လည်း သူမ မူလတန်းကျောင်းသို့ စတင်တက်ရောက်ချိန်မှ စ၍ ထို‌ပျော်ရွှင်ချမ်းမြေ့မှုများသည် ဖြည်းဖြည်းချင်း လွင့်ပါးသွားခဲ့သည်။

သူမ၏ မိဘနှစ်ပါးလုံးသည် ပညာအရည်အချင်း မြင့်မားကြပြီး သူတို့ကလေးများ၏ ပညာရေးသည် အရေးအကြီးဆုံးဖြစ်သည်ဟု မူသေစွဲမှတ်ထားကြသော်လည်း သူမသည် သူတို့၏ ထူးခြားလှသော ဉာဏ်ရည်ဉာဏ်သွေးကို အမွေဆက်ခံနိုင်ခြင်း မရှိခဲ့ပေ။ ကျောင်းတက်ချိန်တွင် သူမ၏ အဆင့်များသည် ဆိုးဝါးနေသည်မဟုတ်သော်လည်း သူတို့၏ သတ်မှတ်ချက်များကို မရောက်ရှိနိုင်ခဲ့ပေ။

ထို့အပြင် သူမတွင် အတန်းငယ်စဉ်ကတည်းက ဉာဏ်ကြီးရှင်အဖြစ် သတ်မှတ်ခြင်းခံရသော အစ်ကိုတစ်ယောက် ရှိနေခြင်းကလည်း အခြေအနေများကို ပို၍ ဆိုးဝါးသွားစေခဲ့သည်။ သူ၏ အောင်မြင်ထင်ရှားမှုများ၏ အောက်တွင် သူမမှာ  á€á€–ဟည်းဖဟည်းနသငအ် ပို၍ ပို၍ သာမန်အဆင့်သို့ ကျဆင်းသွားရသည်။

မည်သို့ပင် ဖြစ်စေ သူမမိဘများ၏ တင်းကြပ်လှသော ပညာသင်ကြားပေးမှုက သူမကိုယ်သူမ အရှုံးမပေးနိုင်ရန် ကာကွယ်ပေးခဲ့ပြီး အရာရာကို ဂရုမစိုက်တတ်သူတစ်ဦး ဖြစ်လာစေခဲ့သည်။ သူမ အသက်ကြီးလာသည်နှင့်အမျှ မိဘများ၏ ချီးကျူးမှုရနိုင်စေရန်အတွက် ဖိအားအပြည့်နှင့် ဘဝတွင် နေထိုင်ခဲ့ရပြီး သူမ၏ စိတ်ပါဝင်စားခဲ့သော ဝါသနာတော်တော်များများကို လက်လွှတ်ဆုံးရှုံးခံခဲ့ရသည်။

ထိုအချိန်က သူမသည် ဘဝဟူသည် အလွန်အမင်း ရှည်လျားလွန်းလှပြီး အချို့သော အရေးမပါသည့် အရာများကို နောက်မှလုပ်ရန် စောင့်စားနိုင်သည်ဟု ထင်ခဲ့မိလေသည်။

သို့သော်လည်း သူမစောင့်ဆိုင်းနေခဲ့သော နောက်မှဆိုသောအချိန်သည် ရောက်မလာခဲ့တော့ပေ။

ကောလိပ်ဝင်ခွင့်စာ‌မေးပွဲဖြေဆိုပြီးနောက် နွေရာသီတွင် သူမ ကားမတော်တဆမှု ဖြစ်ခဲ့သည်။

မတော်တဆ ဖြစ်ပြီးနောက် သူမ၏ မျက်လုံးများကို မှိတ်လိုက်သည့် အခိုက်အတန့်လေးတွင် ချန်မန်သည် အရေးသိပ်မကြီးပါဟု သူမတွေးခဲ့သော အရာများအားလုံးသည် သူမအတွက် နောင်တဟူသော အရာ ဖြစ်လာခဲ့မှန်း သိလိုက်ရလေသည်။

တစ်ညလုံး လုပ်ချင်ရာလုပ်ရန်အတွက် မအိပ်ဘဲ နေချင်သည်။ အိပ်သည့်အချိန်တွင် နှိုးစက်ကြောင့် မဟုတ်ဘဲ မိမိဘာသာ နိုးလာသည့်အချိန်မှ ထချင်သည်။ မျက်လုံးများ အောင့်လာသည်အထိ တီဗွီကြည့်ချင်သည်။ သူမ၏ မိဘများက အရေးမပါသောကိစ္စဟု ထင်ခဲ့ကြသော ကျောင်းသားဟောင်းတွေ့ဆုံပွဲသို့ သွားချင်သည်။ သီချင်းလည်း ဆိုချင်သည်။ ရေခဲပြင်စကိတ်လည်း စီးချင်သည်။ အနာဂတ်တွင် အသုံးချရန်မဟုတ်ဘဲ ကိုယ့်တစ်ကိုယ်စာ ပျော်မွေ့ရန်အတွက် တူရိယာတစ်ခုခုတီးခတ်နည်းအားလည်း သူမသင်ချင်ခဲ့သည်။

သို့သော် သူမတွင် မည်သည့်အခါမျှ ထိုအခွင့်အရေးများကို မရနိုင်တော့...

ဤသည်က ကြီးမားသောနောင်တတရား ဖြစ်ကောင်းဖြစ်နိုင်သည်။ ချန်မန်သည် သူမ၏ ယခင်ဘဝမှ မှတ်ဉာဏ်များကို အချိန်ကို ဖြတ်ကာ ခရီးသွားခဲ့သည့်ကာလ၌ ဆုံးရှုံးခဲ့ရသော်လည်း ယခုဘဝတွင် သူမသည် အတင်းအကြပ်ကြီး အလုပ်ကြိုးစားမနေတော့သလို အမြဲတမ်းကြီးလည်း သက်သောင့်သက်သာ မနေတော့ခြင်းမှာ အနာဂတ်သည် ရှည်လျားသောကြောင့် ဖြစ်သည်။

သူမသည် သူမနှစ်သက်သည့်အရာများအတွက်သာ တိုက်ခိုက်မည်ဖြစ်ပြီး သူမလိုချင်သည်ကိုသာ ကြိုးစားတော့မည်ဖြစ်သည်။

ဤသည်က လုဖျင်ကျိုး၏ လက်ထပ်ခွင့်တောင်းခြင်းကို အဘယ်ကြောင့် သူမ လက်ခံလိုက်ရသည်ဟူသော အကြောင်းပြချက်လည်း ဖြစ်သည်။

အမှန်အတိုင်း ဆိုလျှင် ဤအချိန်က လက်ထပ်ရန် အလွန်ကောင်းသည့် အချိန်တော့ မဟုတ်ပေ။ သူမသည် ယခုနှစ်တွင် ၂၁နှစ်သာ ရှိသေးပြီး အထက်တန်းကျောင်းအောင်လက်မှတ်တစ်ခုသာ ပိုင်သေးသည်။ လာမည့်ဆောင်းရာသီတွင် ကျင်းပမည့် ကောလိပ်ဝင်ခွင့်စာမေးပွဲကို သူမ ဖြေနိုင်သေးသည်။

ပြောစမှတ်ရှိသည်မှာ အချစ်သည် ဓားတစ်ချောင်းဆွဲထုတ်လိုက်တဲ့ အရှိန်ပေါ် သက်ရောက်ရှိပြီး အိမ်ထောင်ရေးသည်လည်း ပညာရေးဆိုင်ရာစွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိသည်ဟူ၏။

သို့သော် သူမ လုဖျင်ကျိုးကို သဘောကျသည်။

သူမက သူ့ကို သဘောကျသောကြောင့် ယခုလက်ရှိအချိန်ကိုသာ သူမ စဉ်းစားနိုင်ပြီး နောင်လာမည့် အနာဂတ်အတွက် အစီအစဉ်မချလိုတော့ပေ။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက်မှ သူမရလာမည်က ပြီးပြည့်စုံခြင်းလော နောင်တတရားလောဆိုသည်ကို မည်သူက သိနိုင်ပါမည်နည်း။

ထိုကြောင့်ပင် ချန်မန်သည် လုဖျင်ကျိုးအား လက်ထပ်ရန် သဘောတူလိုက်ချိန်တွင် အရာများစွာကို မစဉ်းစားခဲ့မိသောကြောင့် ယခုအခါတွင် မိခင်ဖြစ်သူ၏ မေးမြန်းခြင်းကို ခံလိုက်ရသောအခါ သူမ စိတ်ရှုပ်သွားရသည်။

သို့သော်လည်း သေချာစွာ စဉ်းစားချင့်ချိန်ကြည့်လိုက်သောအခါ ကလေးယူလိုက်ရန်ကို ချန်မန် မဆန့်ကျင်လိုတော့ပေ။

အမှန်အားဖြင့် သူမက ကလေးအလွန်ချစ်တတ်သည်။ ချန်မင် ငယ်စဉ်ကဆိုလျှင် သူမက အမြဲလိုလို ပွေ့ချီထိန်းကျောင်းခဲ့ပြီး သူမကိုယ်တိုင်ပင် ကလေးတစ်ယောက် မွေးရန် ဆန္ဒရှိခဲ့ဖူးသည်။

သို့သော်လည်း သူမ ထိုအကြောင်းကို တွေးလိုက်မိချိန်တွင် ယခုအချိန်သည် ကလေးယူရန် အချိန်မဟုတ်ကြောင်း နားလည်လိုက်သည်။

ကိုယ်ဝန်‌ဆောင်ရခြင်းသည် ခက်ခဲပင်ပန်းသည်ဟု ပြောလေ့ရှိကြသော်လည်း တကယ့်လက်တွေ့ ဘဝတွင်မူ အခက်ခဲဆုံးအပိုင်းသည် ကလေးမွေးပြီးနောက်ပိုင်းဖြစ်ပြီး၊ မီးနေကာလကို ဖြတ်သန်းရခြင်း၊ ကလေးကို ဂရုစိုက်စောင့်ရှောက်ရခြင်းနှင့် အရာအားလုံးကို လုပ်ရပေတော့မည်။

သူမရော လုဖျင်ကျိုးပါ အလုပ်လုပ်နေပြီး ငွေကလည်း ပြတ်လပ်နေသည်မဟုတ်သောကြောင့် ငွေရေးကြေးရေးက ပြဿနာမဟုတ်ပေ။ သူတို့တွင် မရှိသည်က လူအင်အားသာဖြစ်သည်။

လုဖျင်ကျိုး၏ မိခင်အရင်းသည် စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး ဖခင်နှင့် သားတို့၏ ဆက်ဆံရေးမှာ ဆိုးဝါးသည်ဟု မပြောနိုင်သော်လည်း လုဖျင်ကျိုး၏ ဖခင်ဖြစ်သူသည် ပို၍ အဆင့်မြင့်သော အရာရှိတစ်ဦးဖြစ်ပြီး သူ့ထက်ပင် ပို၍ အလုပ်များသောကြောင့် သူတို့၏ မင်္ဂလာပွဲကိုပင် အချိန်မီ တက်ရောက်နိုင်မည်မဟုတ်ပေ။

မိထွေးဖြစ်သူကိုမူ ထည့်ပြောရန်ပင် မလိုချေ။ မိထွေးဖြစ်သူက သူ့ဖခင်နှင့် လက်ထပ်ချိန်တွင် လုဖျင်ကျိုးသည် ဆယ်ကျော်သက်အရွယ်ပင် ရောက်နေပြီဖြစ်ပြီး သူတို့အတူနေခဲ့ချိန်သည် လုဖျင်ကျိုး စစ်တပ်ကျောင်းသို့ မသွားမီ နှစ်အနည်းငယ်မျှသာဖြစ်သည်။ ထပ်ဆောင်း၍ ပြောရလျှင် သူမတွင်လည်း သားသမီးအရင်းနှစ်ယောက်ရှိလေရာ ထိုကလေးများကိုသာ ချစ်ပေလိမ့်မည်။

ထို့ကြောင့် အဖေလုက အချိန်မီ မတက်ရောက်သောကြောင့် မိထွေးဖြစ်သူကလည်း လင်ပါသား၏ မင်္ဂလာပွဲသို့ တက်ရောက်ရန် ရည်ရွယ်ချက် မရှိပေ။

လူကိုယ်တိုင် မတက်ရောက်နိုင်ကြသော်လည်း ငွေရေးကြေးရေးအားဖြင့်တော့ ရက်ရောကြပေသည်။ လုဖျင်ကျိုးက ဖုန်းခေါ်၍ မင်္ဂလာရက်ကို သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ပြောလိုက်သဖြင့် သူ့ဖခင်က မင်္ဂလာပွဲကျင်းပရန် ယွမ်တစ်ထောင်ကို သူ့ဆီသို့ ပို့လိုက်လေသည်။

သို့သော်လည်း ဤအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ချန်မန်သာ ကိုယ်ဝန်ရှိသွားပါက သူမကို ပြုစုစောင့်‌ရှောက်ရန် လာရောက်မည့်သူ ရှိလာမည်မဟုတ်ပေ။

ချန်မိသားစုတွင်လည်း ဝမ့်ချိုးမိန်သည် ခင်ပွန်းဖြစ်သူနှင့် တူဖြစ်သူကို စောင့်ရှောက်ရမည် ဖြစ်သောကြောင့် ချန်မန်ကို စောင့်ရှောက်ရန်အတွက် သူမတွင် အချိန်လုံလုံလောက်လောက် ရှိပါ၏လောဆိုသည့် မေးခွန်းတစ်ခုလည်း ရှိနေပေသည်။

ကံမပေးသည်မှာ အပြောင်းအလဲကာလ*ကလည်း မပြီးဆုံးသေးပေ။ အကယ်၍များ နောက်နှစ်တွင် ကလေးမွေးလာပါက လုဖျင်ကျိုး၏ အဆင့်အတန်းနှင့်ဆိုလျှင် ကလေးထိန်းတစ်ယောက် ငှားရမ်းခြင်းသည် အပြစ်တင်ခံရရန် အလွယ်ဆုံးလမ်းဖြစ်နေပေသည်။ (*မဟာယဥ်ကျေးမှုတော်လှန်ရေး (Great Proletarian Cultural Revolution, 1966-1976) ဖြစ်နေတာမို့လို့ပါ အဲ့အချိန်တုန်းက လူတွေအားလုံးဟာ အလုပ်ပဲလုပ်ရမယ်ဆိုပြီး ကလေးထိန်းငှားတာတို့ အလုပ်သမားငှားတာတို့ဆိုရင် သူများကို ငွေပေးပြီး ခိုင်းစေတာဖြစ်လို့ အပြစ်ပေးခံရပါတယ်၊ လူငယ်ပညာတတ်တွေကိုလည်း တစ်အိမ်တစ်ယောက် ကျေးလက်ကိုသွားပြီး အလုပ်လုပ်ခိုင်းပါတယ်၊ ပညာတတ်တို့ အနုပညာရှင်တို့ လုပ်ငန်းရှင်တို့ကို ဘူဇွာ(အခုခေတ်လိုဆိုရင် ရေပေါ်ဆီ)လို့ သတ်မှတ်ပြီး နှိပ်ကွပ်ခဲ့ကြတာပါ။)

နောက်နှစ်နှစ်အတွင်း ကလေးမယူမှ ဖြစ်ပေလိမ့်မည်။ လာမည့် ဆောင်းရာသီတွင် သူမသာ ကောလိပ်တက်ရမည်ဆိုလျှင် ဟိုသွားလိုက် ဒီလာလိုက် လုပ်ရန် ကလေးတစ်ဖက်နှင့်ဆိုပါက ပို၍ပင် ခက်ခဲ ပင်ပန်းပေလိမ့်မည်။ သို့သော်လည်း သူမက ငယ်ရွယ်သေးသောကြောင့် နောက်လေးငါးနှစ်နေမှ ကလေးယူမည်ဆိုလျှင်လည်း ပြဿနာမရှိနိုင်ပေ။

ဟုတ်ပါပြီ လုဖျင်ကျိုးကသာ စိတ်မလောရင်ပေါ့လေ...

ထိုစိတ်ကူးက ခေါင်းထဲတွင် ရှိလာသောအခါ ချန်မန်က ဝမ့်ချိုးမိန်ကို လက်ထပ်ပြီးသည်နှင့် ကလေးယူခြင်းသည် အဘယ့်ကြောင့် မသင့်တော်ကြောင်း ပါးပါးနပ်နပ်ဖြင့် ရှင်းပြလေသည်။ သေချာသည်က သူမသည် နောက်ငါးနှစ်ခြောက်နှစ်ဟူသော စကားကို မပြောရဲဘဲ အိမ်ထောင်ကျပြီး နှစ်နှစ်အတွင်း ကလေးယူလိုက်ခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ကြောင်းကိုသာ ပြောပြခဲ့သည်။

သို့သော် နှစ်နှစ်ဆိုသည်ကပင် ဝမ့်ချိုးမိန်အတွက် စိတ်သောကရောက်စရာ ဖြစ်နေလေပြီ။ သူမ၏ သမီးက ငယ်ရွယ်သေးသလို နောက်နှစ်အနည်းငယ်မှ ကလေးယူခြင်းသည်လည်း အဆင်ပြေပေလိမ့်မည်။ သို့သော် သူမ၏ သားမက်မှာမူ ယခုနှစ်တွင် နှစ်ဆယ့်ခြောက်နှစ် ပြည့်ပြီ ဖြစ်ပြီး လက်ထပ်ရရန်ပင် အလောသုံးဆယ်ဖြစ်နေခဲ့သည်။ သူက ကလေးစောစောမယူချင်သည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

စုံတွဲသက်တမ်း ရှည်ကြာသည်နှင့်အမျှ စုံတွဲများသည် အကြောက်ဆုံးအရာမှာ အဓိကကျသော ကိစ္စရပ်များတွင် သဘောထားကွဲလွဲခြင်းဖြစ်၏။ သမီးဖြစ်သူနှင့် သူမ၏ခင်ပွန်းဖြစ်သူတို့၏ ပလဲနံပသင့်နေသောကြောင့် ဝမ့်ချိုးမိန်က ဤသို့ပြောလိုက်သည်။

“အများကြီး စဉ်းစားမနေနဲ့... သမီးသာ ကိုယ်ဝန်ရှိလာရင် ရှောင်လုရဲ့ မိသားစုက အားကိုးလို့ရမှာမဟုတ်ဘူး... သမီး မီးနေတဲ့အချိန်ကျရင်လည်း အမေက စောင့်ရှောက်ပေးမယ်... ကလေးလေး မွေးလာရင်လည်း အမေက ကူပြီး ထိန်းပေးမှာပေါ့...”

ချန်မန်က သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။
“အမေ လုပ်နိုင်လို့လား...”

ဝမ့်ချိုးမိန်က ဒေါသထွက်လာပြီး ငေါက်တော့သည်။

“ငါမလုပ်နိုင်ရင် နင်ဘယ်လိုလုပ်ပြီး ကြီးလာမှာလဲ... ငါက အလုပ်လုပ်ရင်းနဲ့ နင်တို့ မောင်နှမသုံးယောက်ကို ထိန်းလာတာပါဟဲ့... အခု နင့်ကို ကလေးနှစ်ယောက် ထိန်းခိုင်းရင် ထိန်းနိုင်မလား...”

ချန်မန်က ပြုံးပြီး ပြောလိုက်သည်။
“အမေက အဲ့လိုပြောလာတော့ သမီးကလည်း အားနာမနေတော့ပါဘူး...”

“အမေက သမီးရဲ့အမေပါ... ဘာလို့ အမေ့ကို ဒီလောက်အားနာနေတာလဲ... ကလေးနှစ်ယောက်ကို မပြောနဲ့ ကလေး ရှစ်ယောက် ဆယ်ယောက်ဆိုရင်တောင် အမေက ထိန်းနိုင်ပါ‌သေးတယ်အေ...”

ချန်မန်က ပြောလိုက်သည်။
“ဆယ်ယောက်? ရှစ်ယောက် ဟုတ်လား... အမေက သူတို့ကို ဝက်ပေါက်လေးတွေ မွေးတယ်များ ထင်နေပြီလား...”

“စကားအဖြစ်ပြောတာပါဟယ်... ငါ့သမီးကို အဲ့လောက် အများကြီး‌ မွေးဖို့ ပြောတာမဟုတ်ပါဘူး...”

ဝမ့်ချိုးမိန်က သူမကို အေးတိအေးစက်ကြည့်လိုက်ရင်း ပြောလိုက်သည်။
“ဘာတွေပဲဖြစ်ဖြစ် သမီးက ကောင်းမွန်တဲ့ဘဝဖြစ်အောင်ပဲ နေသင့်တယ်... ဘယ်လိုပြဿနာနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ သမီးအဖေနဲ့ အမေတို့က သေချာပေါက် တတ်နိုင်သမျှ သမီးကို ကူညီပေးသွားမှာ...”

ဝမ့်ချိုးမိန်က ရုတ်တရက်ကြီး ပို၍တွယ်တာမိသလို ခံစားလိုက်ရပြီး ချန်မန်၏ မျက်ဝန်းများကလည်း နီမြန်းလာသည်။ သူမက မိခင်ဖြစ်သူ၏ ခါးကို ဖက်ကာ မှီနွဲ့လိုက်သည်။

“အမေ အဲ့လိုပြောတာကြားရတော့လည်း သမီးဖြင့် အိမ်ထောင်တောင် မပြုချင်တော့ဘူး...”

“အိမ်ထောင်မပြုဘူးဆိုရင်တော့ ငါက ထောက်ပံ့မပေးချင်တော့ဘူး...”

ဝမ့်ချိုးမိန်က ထိုသို့ပြောလိုက်သော်လည်း သူမက သမီးဖြစ်သူ၏ ဉီးခေါင်းလေးအား ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

“တကယ်ပြောတာ... ရှောင်လုက သမီးကို အနိုင်ကျင့်ရဲတယ်ဆိုရင် ဘာမှကြောက်စရာမလိုဘူး... သမီးရဲ့ မိဘတွေက သမီးကို ထောက်ပံ့ပေးမယ်...”

ဝမ့်ချိုးမိန်က ရုတ်တရက် နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ပြီး သူမ၏ အသံကို လျှော့ချလိုက်သည်။

“တကယ်လို့ သူက အပြင်မှာ သန်မာပြီးတော့ အတွင်းမှာ အားနည်းနေတယ်ဆိုရင်လဲ ဘာမှရှက်နေစရာမလိုဘူး... သူ့ကို ကွာပစ်ပြီးတော့ နောက်တစ်ယောက်သာ ထပ်ရှာလိုက်... အရေးကြီးဆုံးက သမီးရဲ့ ငွေရေးကြေးရေးအနေအထားပဲ...”

ချန်မန်၏ မျက်လုံးများမှာ ဝိုင်းစက်သွားသည်။
“!!...”

အဲ့ဒါက သူမပြောချင်တဲ့ “အပြင်မှာ သန်မာပေမယ့် အတွင်းက အားနည်းတယ်”ဆိုတာလား


💝💝💝
You know 😁😁 👩‍❤️‍👨Chapter 37
 á€œá€€á€şá€‘á€•á€şá€™á€„á€şá€šá€‚á€œá€Źá€•á€˝á€˛


နောက်နေ့မနက် အရုဏ်မတက်မီအချိန်တွင် ချန်မန်သည် ဝမ့်ချိုးမိန်နှိုးလိုက်သောကြောင့် နိုးသွားရလေသည်။

ထိုခေတ်က လက်ထပ်ကြလျှင် သတို့သမီးမိတ်ကပ်လိမ်းခြင်းဟူသော အလေ့အထ မရှိစေကာမူ အပြီးသတ်ပြင်ဆင်ထားရမည့် အရာများ ရှိနေသေးသည်။

 á€€á€­á€Żá€šá€şá€œá€€á€şá€žá€”အ်စင်ကဏ မနက်စာစားပြီးလျှင်မျက်ခုံးမွှေးဆွဲရန်နှင့် ဆံထုံးထုံးရန်တို့ ကျန်သေးသည်။ အားလုံး အလုပ်ရှုပ်နေကြသော အချိန်တွင်ပင် အရုဏ်တက်ကာ အလင်းရောင်ထွက်ပေါ်လာချေပြီ။

ထိုအချိန်လေးတွင် ချန်မန်သည် သူမ၏အခန်းလေးမှ ထွက်ခွာမသွားချင်အောင် ဖြစ်မိသည်။ သူမသည် အိတ်နှစ်အိတ်ကို ဘေးတွင်ချပြီး အိပ်ရာပေါ်တွင် ထိုင်နေလိုက်သည်။ တစ်အိတ်က သကြားလုံးများ အပြည့်ပါပြီး တစ်အိတ်ကမူ ဖရုံစေ့လှော်နှင့် မြေပဲလှော်များ အပြည့်ထည့်ထားသည်။ အကယ်၍ ကလေးတစ်ယောက်ယောက်များ သူမအခန်းထဲသို့ လာခဲ့လျှင် သူမက သူတို့ကို လက်တစ်ဆုပ်စီ ပေး‌ပေလိမ့်မည်။

ပထမဆုံးရောက်လာကြသူများမှာ စုပေါင်းအိမ်ရာဝင်းအတွင်းမှ ကလေးများဖြစ်ပြီး သူတို့က ကံကောင်းစေရေးအတွက် ဆုတောင်းပေးရန် အဖွဲ့လိုက် ရောက်လာကြသည်။ ကိုးနာရီထိုးသောအခါ ဖိတ်ကြားထားသော ဧည့်သည်များ ရောက်လာကြပြီး ဆွေမျိုးများကလည်း သူမကို ကြည့်ရန် မိသားစုလိုက် ရောက်လာကြလေသည်။

အချို့သူများကလည်း မပြန်မီ နှုတ်ဆက်စကားဆိုရန်အတွက် အခန်းထဲသို့ ဝင်လာကြရင်း တချို့တလေက သူမနှင့် စကားစဆက်လိုနေသောကြောင့် အခန်းထဲတွင် ရှိနေကြရာ အခန်းလေးထဲတွင် ဖြည်းဖြည်းချင်းဖြင့် လူများ ပြည့်ကျပ်လာလေသည်။

ဆယ်နာရီထိုးခန့်တွင် အဒေါ်လောရောက်လာခဲ့သည်။

အဒေါ်လောတစ်ယောက်တည်းသာ ဖြစ်သော်လည်း ချန်မန်က အစိုးရပိုင်ဟိုတယ်မှ ဝန်ထမ်းများအားလုံးကို ဖိတ်ကြားခဲ့လေသည်။ ဟိုတယ်တစ်ခုလုံး ပိတ်၍ ဝန်ထမ်းတစ်ဦး၏ မင်္ဂလာပွဲသို့ လာရန်မှာ မဖြစ်နိုင်သောကြောင့် ကျန်သည့် အလုပ်လုပ်နေသော ဝန်ထမ်းများဖြစ်သည့် ဒါရိုက်တာဝမ်၊ ကွမ်ကျန့်ကော်၊ ယန်မင်ကျစ်နှင့် ရန်လင်တို့ထံမှ မင်္ဂလာလက်ဖွဲ့များကို အဒေါ်လောက ယူလာခဲ့သည်။

ချမ်ရှောင်ဖျင်မှာ မေလအစောပိုင်းကတည်းက ပြောင်းရွှေ့သွားချေပြီ။

သူမ ပြောင်းရွှေ့သွားခြင်းကြောင့် ဟိုတယ်အတွင်း၌ အဆင်တပြေရှိစေကာမူ ဒါရိုက်တာဝမ်က သူမကို နှစ်သိမ့်ရန် အကြောင်းပြချက်ကို ရှာပေးထားပြီးဖြစ်၏။ သူမ၏ အိမ်နှင့် အလုပ်လုပ်ရ‌သော နေရာသည် အလွန်ဝေးသောကြောင့် ဤသို့ပြောင်းရွှေ့ရခြင်းသည် သူမ၏ ဘေးကင်းလုံခြုံရေးအတွက် အထူးပင် ထည့်သွင်းစဉ်းစားထားပြီးမှ အခြားဟိုတယ်သို့ သူမကို ပြောင်းရွှေ့ပေးခြင်းဖြစ်သည်ဟု ပြောလိုက်လေသည်။

ထိုအကြောင်းကြောင့်ပင် ပြောင်းရွှေ့ရချိန်တွင် ချမ်ရှောင်ဖျင်သည် အလွန်ပင် ဂုဏ်ယူနေခဲ့သည်။ ဤသည်က အထက်မှ သူမကို အထူးတလယ် ဂရုစိုက်ပေးခြင်းဖြစ်သည်ဟု ဟိုတယ်မှ လူတိုင်းရှေ့တွင် သူက ကြွားဝါသွားလေသည်။

အခြားသူများက အာရုံထဲ မထည့်ကြသော်လည်း ချမ်ရှောင်ဖျင်၏ ဘဝင်ခိုက်နေသော ပုံစံကို အ‌ဒေါ်လောက သည်းမခံနိုင်တော့ဘဲ သူမအား အမှန်အတိုင်း ပြောချင်လာသည်။

သို့‌သော်လည်း ထိုစကားလုံးများက သူမ၏ လျှာဖျားသို့ ရောက်လာချိန်တွင် သူမ စိတ်ပြောင်းသွားသည်။ ချမ်ရှောင်ဖျင်အား အမှန်အတိုင်း ပြောလိုက်ရခြင်းသည် သူမအား စိတ်ကျေနပ်စေနိုင်သော်လည်း ထိုအကြောင်းပြချက်ရှာတွေ့ရန် ဦးနှောက်အခြောက်ခံထားရသော ဒါရိုက်တာဝမ်ကို အရှက်ရစေလိမ့်မည်။ ထို့ပြင် ချမ်ရှောင်ဖျင်က ဒေါသထွက်ကာ ဟိုတယ်မှ ထွက်မသွားတော့လျှင် မည်သို့ဖြစ်မည်နည်း။ ဤသည်က အဆုံးမသတ်နိုင်သော ဒုက္ခများသာ ဖြစ်မလာပေဘူးလား။

အဆုံးသတ်တွင် အဒေါ်လောသည် သူမပြောချင်သောစကားလုံးများကို မျိုသိပ်ထားရင်း အခြားသူများနှင့်အတူ ချမ်ရှောင်ဖျင် ထွက်သွားသည်ကို ကြည့်နေလိုက်သည်။

ရန်လင်သည် ချမ်ရှောင်ဖျင်ပြောင်းရွှေ့သွားပြီးနောက် အသစ်ခန့်ထားသော ဝန်ထမ်းအသစ်ဖြစ်သည်။ သူမအား ဝန်ထမ်းအဖြစ် ခန့်ထားသော်လည်း သူမက ပုံမှန်ဝန်ထမ်းခန့်ထားရေးနည်းလမ်းမှ လာသည်မဟုတ်ပေ။ သူမ၏ မိသားစုသည် အစားအသောက်နှင့်ပတ်သက်သော လုပ်ငန်းများတွင် အဆက်အသွယ်ကောင်းများရှိပြီး ချမ်ရှောင်ဖျင်၏ အေးဆေးစွာ ပြောင်းရွှေ့သွားသော ဇာတ်လမ်း တွင်လည်း အဓိကနေရာမှ ပါဝင်လှုပ်ရှားခဲ့ကြသည်။

ထို့ကြောင့် ချမ်ရှောင်ဖျင် ပြောင်းရွှေ့သွားပြီးနောက် အထက်တန်းကျောင်းသူ ရန်လင်ကို ခန့်အပ်လိုက်ခြင်းဖြစ်ပြီး ရန်လင်းသည် လာမည့် ဇွန်လတွင်မှ အထက်တန်းပြီးဆုံးမည်ဖြစ်သည်။

ရန်လင်သည် အထက်လူကြီးနှင့် ဆွေမျိုးတော်စပ်သော်လည်း သူမကိုယ်သူမ ဝင့်ကြွားနေခြင်းမျိုး မရှိပေ။ အစိုးရပိုင် စားသောက်ဆိုင်သို့ အလုပ်ဝင်လာပြီး သူမသည် လူတိုင်းနှင့် လျင်မြန်စွာ သူငယ်ချင်း ဖြစ်သွားခဲ့သည်။ သူမက အလုပ်လုပ်ရာတွင် အလွန်ပင် လုံ့လဝီရိယရှိသလို ချမ်ရှောင်ဖျင်နှင့် မတူညီဘဲ အလုပ်ကို ဟိုရွှေ့ဒီရွှေ့လုပ်ကာ အ‌ချောင်ခိုတတ်ခြင်း မရှိသောကြောင့် သူမကို မည်သူကမျှ အပြစ်တင်ခြင်း၊ ဝေဖန်ခြင်း မလုပ်ကြပေ။

မင်္ဂလာလက်ဖွဲ့များ ပေးချိန်သို့ ရောက်သောအခါ အများအားဖြင့် သူတို့သည် များသောအားဖြင့်  á€™á€á€°á€Šá€Žá€žá€ąá€Ź လူများထံမှ လက်ဆောင်များကို လက်ခံခဲ့ရလေသည်။ ဆွေမျိုးမိတ်သင်္ဂဟများ၊ မိတ်ဆွေသူငယ်ချင်းများ၊ အိမ်နီးချင်းများ၊ မိဘများနှင့်  á€œá€Żá€•်ဖ္ဏ်ကိုင်ဖက်မဝဏးထလမသ မျက်နှာသာပေးသည့်အနေဖြင့် ပေးသောလက်ဆောင်များကို သူတို့လက်ခံခဲ့ရသည်။ အမှန်ဆိုလျှင် ကြင်စဦးမောင်နှံများသည် များသောအားဖြင့် အတန်းဖော်များနှင့် လုပ်ဖော်ကိုင်ဖက်များထံမှသာ လက်ဆောင်များ ရရှိစမြဲဖြစ်သည်။

အဒေါ်လောနှင့် ကွမ်ကျန့်ကော်တို့ဆိုလျှင် မိခင်ဖြစ်သူနှင့်လည်း အလုပ်အတူတူ လုပ်ဖူးသလို သမီးဖြစ်သူနှင့်လည်း အလုပ်အတူတူ လုပ်ဖူးလေရာ သူတို့သည် ချန်မန်၏ မိဘများ မင်္ဂလာဆောင်နှင်းစဉ်ကလည်း လက်ဆောင်ပေးဖူးကြလေသည်။ အဓိကအားဖြင့် ဝမ့်ချိုးမိန်သည် သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို နှစ်များစွာကြာအောင် တည်ဆောက်ထားနိုင်ခဲ့သည်။

သို့သော် ဝမ့်ချိုးမိန်သည် သမီးဖြစ်သူကို ထောက်ပံ့ပေးရန် ဆန္ဒရှိနေသောကြောင့် နှုတ်ဆက်ပြီးကြသောအခါ အဒေါ်လောသည် သူမ ယူဆောင်လာခဲ့သော စာအိတ်နီများအားလုံးကို ချန်မန်ဆီသို့သာ ပေးလိုက်သည်။

စာအိတ်နီများကို လက်ခံလိုက်ရသောအခါ ချန်မန်သည် အနည်းငယ် ထိတ်လန့်သွားသည်။ စာအိတ်နီများကို လက်ခံသင့်သည်မှာ မည်သူဖြစ်သင့်သည်ဟူ‌သော အကြောင်းက သူမကို တုန့်ဆိုင်းစေခြင်း မဟုတ်ဘဲ အဒေါ်လောနှင့် အခြားသူများသည် လက်ဆောင်များ ပြင်ဆင်လာမည်ဟု သူမ မထင်မှတ်ထားမိသောကြောင့်ပင်။သူမ ထိုလက်ဆောင်များကို လက်ခံရကောင်းနိုးနိုး လက်မခံရကောင်းနိုးနိုး ဖြစ်သွားလေ၏။

အဒေါ်လောသည် ချန်မန်ကို ငြင်းပယ်ရန် အခွင့်မပေးတော့ပဲ အပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်။

“ယူလိုက်ပါ... ရှောင်ယန်(ယန်မင်ကျစ်)နဲ့ ရှောင်ရန်(ရန်လင်)တို့ နောက်ပိုင်း မင်္ဂလာဆောင်ကြတဲ့ အချိန်ကျတော့ နင်က လက်ဆောင်တွေ ပြန်ပေးလိုက်ပေ့ါ...”

“အဲ့ဒါဆိုလည်း... ကောင်းပါပြီ...”

ချန်မန်က စာအိတ်နီများကို လက်ခံလိုက်ပြီး ပြောလိုက်သည်။

“အဒေါ်လော အရင်က အဲ့အကြောင်း ပြောတာကို ကျွန်မ ဘာလို့ မကြားလိုက်တာပါလိမ့်...”

“လက်ဆောင်တွေ လက်ခံမယ့်သူက နင်တစ်ယောက်ထဲပဲ  á€›á€žá€­á€á€Źá€™á€­á€Żá€ˇá€œá€­á€Żá€ˇ ငါတို့က နင်မရိပ်မိအောင် ဖုံးထားကြတာ...”

ရယ်မောလိုက်ပြီးနောက် အဒေါ်လောသည် ချန်မန်ကို ကြည့်ရင်း ရုတ်ချည်းပင် ခံစားချက်များ ပြည့်လျှံလာခဲ့သည်။

“နင် ဟိုတယ်ကို စရောက်လာတုန်းက ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်နှစ်လောက်ပဲ ရှိသေးတဲ့ ပိန်ပိန် သေးသေး ကောင်မလေးပဲ... မျက်စိတမှိတ်လေးအတွင်းမှာ နင် မင်္ဂလာဆောင်တော့မယ်လို့ ငါ ထင်တောင် မထင်မိဘူး...”

ဝမ့်ချိုးမိန်က ပြုံးလိုက်သည်။
“နင်ပြောတာတွေ ငါမကြိုက်ဘူးနော်... မသိရင် ငါက ငါ့သမီးကို နှိပ်စက်ပြီး အငတ်ထားနေသလိုပဲ... ပိန်သေးလေးဆိုတော့...”

“ဟုတ်ပါပြီ... ဟုတ်ပါပြီ... ငါ မှားပြောမိတာပါ... ဒါပေမဲ့ မန်မန် ပိန်တယ်ဆိုတာလည်း အမှန်ပဲဟာ... ဒါပေမဲ့ သူ့ရဲ့ အသားအရေက ဖြူဖွေးပြီး နူးညံ့နေတာပဲဆိုတော့ နင်က သူ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ခဲ့တယ်ဆိုတာ သိသာပါတယ်...”

အဒေါ်လောက အရင်အကြောင်းများကို ပြန်ပြောင်းအောက်မေ့နေလေသည်။

“သူနဲ့ ရှောင်လုတို့ အတူမရှိခင်တုန်းက သူတို့နှစ်ယောက် အတူတူ မတ်တတ်ရပ်နေတာကို မြင်ကတည်းက သူတို့နှစ်ယောက်က လိုက်ဖက်ညီတဲ့ စုံတွဲလေးပဲလို့ တွေးနေမိတာ... ထင်ထားတဲ့အတိုင်းပဲ သူတို့တွေက အချင်းချင်း သဘောကျသွားပြီးတော့ လနည်းနည်းလောက်အတွင်းမှာ လက်ထပ်ကြတော့မှာပဲ...”

ဝမ့်ချိုးမိန်က အဒေါ်လော၏ အောင်သွယ်ပေးမှုကို အမှတ်ရနေဆဲဖြစ်သောကြောင့် ပျော်ရွှင်မြူးကြွစွာဖြင့် ပြောလိုက်သည်။

“ဟုတ်တာပေါ့... တော်ကြာနေလို့ ငါတို့ညစာစားရင် နင် စားပွဲထိပ်မှာ ထိုင်လိုက်နော်...”

အဒေါ်လောက မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။

“အိုး... မဖြစ်နိုင်ပါဘူးဟယ်... စားပွဲထိပ်မှာ ထိုင်ရတဲ့သူတွေက မန်မန့်ရဲ့ လူကြီးမိဘတွေလေ...”

“နင်က မန်မန့်ကို ကြီးလာတဲ့အထိ ကူညီထိန်းကျောင်းပေးခဲ့တာကို နင်သာ မန်မန့်ရဲ့ လူကြီးမိဘမဟုတ်ဘူးဆို တခြားဘယ်သူဖြစ်မှာလဲ... ပြီးတော့လည်း နင့်ကြောင့်သာ မဟုတ်ရင် ငါတို့မိသားစုက လက်ထပ်ပွဲကို ဒီလောက် မြန်မြန်ကြီး လုပ်ဖြစ်မှာတဲ့လား...”

နှစ်ပေါင်းများစွာ အလုပ်အတူတူလုပ်ခဲ့သဖြင့် ဝမ့်ချိုးမိန်သည် အ‌ဒေါ်လောကို ကောင်းစွာ နားလည်သောကြောင့် သူမက ပြောလိုက်သည်။

“ငါ့ရှေ့လာပြီး သိပ်အားနာပြမနေနဲ့...”

အဒေါ်လောလည်း အားနာမနေတော့ဘဲ ရွှင်ပြစွာဖြင့် ပြောလိုက်သည်။

“နင်ဒီလိုပြောတော့လည်း ငါကလည်း မငြင်းဘဲ ထိုင်လိုက်ပါ့မယ်ဟယ်...”

နှုတ်ဆက်စကားဆိုပြီးသောအခါ ဝမ့်ချိုးမိန်က လုပ်စရာရှိသည်များကို လုပ်ရန် ထွက်သွားလိုက်သည်။ ယနေ့တွင် ဧည့်သည်များစွာ ရောက်လာနေသောကြောင့် သူမက ဧည့်သည်များကို ကြိုဆိုရပေလိမ့်မည်။ အဒေါ်လောက အခန်းထဲတွင် ချန်မန်နှင့် အဖော်ပြုနေခဲ့ကာ သတို့သမီးအား လာရောက်တွေ့ဆုံကြသော ဧည့်သည်များကို နှုတ်ဆက်ရာတွင် ကူညီပေးလေသည်။

ချန်မန်က အိမ်ရှင်ဖြစ်သော်လည်း အပျိုမလေးဖြစ်သည့်နှင့်အညီ ရှက်ရွံ့နေသလို မကြာခဏဆိုသလိုပင် အခန်းထဲသို့ ဝင်လာသော အိမ်ထောင်ရှင်အမျိုးသမီးများက အခန်းထဲသို့ စနောက်ကြခြင်းက သူမကို ရှက်သွေးဖြာကာ ပြောစရာစကားမရှိအောင် ဖြစ်ဖြစ်သွားစေခဲ့သည်။

အဒေါ်လောသည် ဧည့်သည်တစ်ယောက်သာ ဖြစ်ပြီး ချန်မိသားစု၏ အမျိုးအဆွေတော်စပ်ခြင်း မရှိစေကာမူ သူမသည ဖော်ရွေနွေးထွေး‌သော စရိုက်မျိုးရှိပြီး မည်သူနှင့်မဆို တက်ကြွစွာ စကားပြောတတ်ပေသည်။ သူမက အခြေအနေကိုလည်း ကောင်းစွာ ထိန်းချုပ်နိုင်၏။ သူမ ရှိနေ‌သောကြောင့် အခန်းထဲရှိ လေထုအခြေအနေသည် ပို၍ပင် သက်ဝင်လှုပ်ရှားလာလေသည်။

ဆယ့်တစ်နာရီမထိုးမီအထိ သူတို့သည် ရယ်လိုက်မောလိုက် စကားပြောလိုက်လုပ်နေကြသည်။ အပြင်ဘက်မှ ဖျောက်အိုးဖောက်သံများ ကြားလိုက်ရပြီးနောက် ကလေးခပ်ကြီးကြီးတစ်ယောက်က အပြေးလေး ရောက်လာခဲ့သည်။

“သတို့သား ရောက်လာပြီ... သတို့သား ရောက်လာပြီ...”

ထိုစကားကို ကြားလိုက်ရသောအခါ အခန်းအတွင်းရှိ လူများသည် ချက်ချင်းဆိုသလို အသက်ဝင် လှုပ်ရှားလာကြသည်။ တစ်ယောက်က အခန်းတံခါးကို လျင်မြန်စွာ ပိတ်ထားရန် အော်ဟစ်လိုက်ပြီး နောက်တစ်ယောက်ကမူ အခန်းတံခါးကို ပိတ်ဆို့ထားရုံနှင့် မလုံလောက်ကြောင်း၊ အိမ်တံခါးမကြီးကိုလည်း ပိတ်ထားသင့်ကြောင်း အော်ပြောနေကာ တချို့ကလည်း သူမ၏ ဖိနပ်များကို ဖွက်ထားရင်း အလုပ်ရှုပ်နေကြသည်။

သို့သော် ချန်မန်၏ အခန်းမှာ ကျဉ်းမြောင်းသောကြောင့် အခန်းထဲရှိ လူများက သုတ်သီးသုတ်ပျာ ဖြစ်လာသောအခါ သူတို့အတွက် မတ်တတ်ရပ်ရန်ပင် နေရာမရှိတော့ပေ။ အခိုက်အတန့်မျှကြာအောင် သူမ၏ ဖိနပ်များအား မည်သည့်နေရာတွင် ဖွက်ရမည်ကို မည်သူမျှ မစဉ်းစားတတ်ကြပေ။ နောက်ဆုံး ဖိနပ်တစ်ဖက်သည် ကတိုက်ကရိုက်ဖြင့် ဗီရိုပေါ်သို့ ပြစ်တင်ခံလိုက်ရပြီး ကျန်တစ်ဖက်မှာ အိပ်ရာခေါင်းရင်းဖက်ရှိ ခေါက်ထားသော အိပ်ရာခင်းဂွမ်းကပ်ထဲသို့ ထိုးသိပ်ခံလိုက်ရလေသည်။

ဖိနပ်နှစ်ဖက်လုံးကို ဖွက်ပြီးနောက် တံခါးနှစ်ခုလုံးကိုလည်း သော့ခတ်ပြီးသောအခါ လုဖျင်ကျိုးသည် ငယ်ရွယ်သော စစ်သားတစ်စု ဝန်းရံလျက် အိမ်ထဲသို့ လျှောက်ဝင်လာခဲ့သည်။

စစ်သားများအားလုံးတွင် သာမန်လူများနှင့် မတူညီသော စရိုက်လက္ခဏာရှိပေသည်။

 ‘မတ်တတ်ရပ်ရင် ထင်ရှူးပင်လိုပဲ... ထိုင်နေရင် ခေါင်းလောင်းလိုပဲ... လမ်းလျှောက်လိုက်ရင် လေလိုပဲ’ ဟူသောစကားသည် စစ်သားများ၏ ပုံစံကို ဖော်ပြနိုင်သော အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ပို၍ မြင်သာအောင် ပြောရမည်ဆိုလျှင် လုဖျင်ကျိုးနှင့်အတူ ပါလာသော စစ်သားငယ်လေးများသည် အရပ်အမြင့် ၁.၈မီတာ (၅.၉ပေ) ထက်ကျော်သူများက အများစုဖြစ်ပြီး အရပ်အပုဆုံးကပင် ၁.၇၅မီတာ (၅.၇ပေ)ထက် ကျော်လေသည်။ သူတို့က စစ်တပ်ယူနီဖောင်းများကို ဝတ်ဆင်ထားလေရာ သူတို့၏ ကိုယ်နေဟန်ထားသည် အခြားသူများထက် မြင့်မားနေပြီး ရုပ်ရည်သွင်ပြင်ကလည်း ပို၍ပင်... ဟုတ်ပါပြီ လုဖျင်ကျိုးကသာ အချောဆုံးအမျိုးသားဖြစ်နေဆဲပင်။

သေချာသောတစ်ခုမှာ အခြားသူများကလည်း ပို၍ အရုပ်ဆိုးကြခြင်းမဟုတ်ပေ။ မင်္ဂလာပွဲကို လာကြည့်ကြသော စက်ပစ္စည်းစက်ရုံမှ လူငယ်လေးများနှင့် နှိုင်းယှဉ်လိုက်သောအခါ ဤသည်က အမှန်ပင် မျက်စိအေးစေသောလူငယ်လေးများ ဖြစ်နေကြလေသည်။

သူတို့ဝင်လာသည့်အချိန်တွင် အိမ်ပြတင်းပေါက်များထဲမှ ကြည့်နေကြသော အိမ်ထောင်ရှင်အမျိုးသမီးများအားလုံး စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် ချက်ချင်းလိုပင် အောင်သွယ်တော်များ ဖြစ်ချင်လာကြပြီး လှည့်ပတ်ကြည့်ရင်း မေးလိုက်သည်။

“မန်မန်... နင့်လူ‌ရဲ့ သူငယ်ချင်းတွေအားလုံးက လက်ထပ်ပြီးသားလား...”

“နင့်လူ”ဆိုသော စကားက ချန်မန်ကို ရှက်သွေးဖြာသွားစေပြီး နောက်ကလိုက်လာသော မေးခွန်းက သူမကို စိတ်ရှုပ်သွားစေသည်။

“ဘာသူငယ်ချင်းလဲ...”

ပြတင်းပေါက်တွင် ရပ်နေသော သူများက ရှင်းမပြနိုင်မီမှာပင် အဒေါ်လောက ပြောလိုက်သည်။

“ရှောင်ချန်က ရှောင်လုရဲ့ သူငယ်ချင်းတွေကို မတွေ့ဖူးသေးတာလဲ ဖြစ်နိုင်တယ်လေ... အခုချက်ချင်း သူ့ကိုမေးလို့ ဘာသိရနိုင်မှာလဲ... တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ပေးချင်တယ်ဆိုလဲ ရှောင်ချန် အိမ်ပြန်လာတဲ့ အချိန်ကျမှ မေးရင် ပိုမကောင်းဘူးလား... အဲ့ဒါကြောင့် သူ့ကို မမေးနဲ့... ရှောင်လုကို တိုက်ရိုက် မေးလိုက်တာ အကောင်းဆုံးပဲ...”

ထိုသူများသည် ထိုကဲ့သို့ စဉ်းစားလိုက်ပြီးနောက် ဘာမျှ မပြောကြတော့ဘဲ အပြင်ဘက်သို့သာ ဆက်ကြည့်နေကြသည်။

လုဖျင်ကျိုးနှင့် သူ့အဖော်များသည် အိမ်တံခါးဆီသို့ ရောက်လာပြီဖြစ်၍ တံခါးနောက်ရှိ လူများနှင့် ညှိနှိုင်းနေကြကာ ရင်းနှီးဖော်ရွေသော အပြုအမူနှင့် စကားပြောနေပြီး တံခါးကို ဖွင့်ခိုင်းနေလေသည်။

ဧည့်ခန်းထဲရှိ လူအရေအတွက်သည် ချန်မန်၏ အခန်းထဲရှိ လူများထက် ပိုများသော်လည်း ချန်မင် ဦးဆောင်သော ကလေးတစ်သိုက်က တံခါးကို ပိတ်ဆို့ထားကြသည်။ ချန်မင်က တံခါးကြားမှ ချောင်းကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ကျွန်တော့်အဖေက ကျွန်တော့်ဦးလေးကိုပဲ ဝင်ခွင့်ပြုရမယ်လို့ ပြောထားတယ်... ခင်ဗျားက ကျွန်တော့်ရဲ့ ဦးလေးလား...”

အပြင်တွင်ရှိ‌သော လူအုပ်ကြီးက ချက်ချင်းဆိုသလိုပင် ဆူညံစွာ‌ ပြောလာကြသည်။

“ဦးလေးတဲ့လား... အဖိုးကြီးလု မင်း အဲ့ဒါကို ကြားရဲ့လား... အထဲက ကလေးလေးက မင်းကို ဦးလေးလို့ ခေါ်နေပြီ...”

လုဖျင်ကျိုးက ခပ်ဖွဖွ ချောင်းဆိုးလိုက်ပြီး ဆူညံသံများကို ဟန့်တားရန် လက်မြောက်ထားလိုက်သည်။ ဆူညံသံများ တိတ်ဆိတ်သွားသည်အထိ စောင့်လိုက်ပြီးမှ စကားပြောလိုက်သည်။

“အဲ့ဒါက မင်မင်လား... ဉီးက မင်းရဲ့ဦးလေးပါ.. ပြီးတော့ ဦးလေးက မင်းရဲ့ အဒေါ်ကို လာကြိုတာပါ...”

အပြင်ဘက်က လူများက ဆူညံလာကြပြန်သည်။

“နားထောင်စမ်း... နား‌ထောင်စမ်း... သူတကယ်ပဲ လက်ထပ်တော့မှာ... မင်းတို့ လောင်လုကို သိတာ ဒီလောက်ကြာနေပြီ... သူ့ဆီက ဒီလိုနူးနူးညံ့ညံ့အသံတွေ ကြားဖူးကြလား..”

အခြားသူများက တညီတညွတ်တည်း ဖြေလိုက်ကြသည်။
“မကြားဖူးဘူး...”

“တိတ်တိတ်လေး နေပေးကြပါ...”
လုဖျင်ကျိုးက လူအုပ်ကြီးဘက်သို့ ခေါင်းလှည့်ကာ ပြောလိုက်ပြီးနောက် ပိတ်ထားသော တံခါးဘက်သို့ ပြန်လှည့်ကာ နူးညံ့စွာ မေးလိုက်သည်။

“မင်မင်ရေ... မင်းရဲ့ ဦးလေးကို တံခါးဖွင့်ပေးနိုင်မလား... ဦးလေးက မင်းကို နောက်ကျရင် အရသာရှိတာတွေ ဝယ်ပေးမယ်လေ...”

ချန်မင်က ဖြားယောင်းခံလိုက်ရပြီး သဘောတူလိုက်အံ့ဆဲဆဲတွင် သူ့နောက်ရှိ ကလေးတစ်‌ယောက် အော်ပြောသည်ကို ကြားလိုက်ရသည်။

“စာအိတ်နီလေကွာ... တံခါးဖွင့်ပေးဖို့ စာအိတ်နီတောင်းလေကွာ...”

ချန်မင်က ချက်ချင်းပင် တုန့်ပြန်လိုက်သည်။

“အိုး... ဟုတ်သားပဲ... ကျွန်တော် စာအိတ်နီလိုချင်တယ်... စာအိတ်နီပေးမယ်ဆိုရင် ကျွန်တော်တံခါးဖွင့်ပေးမယ်...”

ဤသည်က လင်းကျန်းမြို့၏ ဓလေ့ထုံးစံတစ်ခုဖြစ်သည်။ ထိုအကြောင်းကို လုဖျင်ကျိုးကလည်း စုံစမ်းသိရှိထားပြီးဖြစ်၍ သူက စာအိတ်တစ်ထပ်ကြီးကို ပြင်ဆင်လာခဲ့ပြီး စာအိတ်များထဲတွင် တစ်ဆင့်  á€žá€­á€Żá€ˇá€™á€Ÿá€Żá€á€ş နှစ်ဆင့် ထည့်ထားသည်။ ထိုစကားကို ကြားလိုက်ချိန်တွင် သူက အိတ်ကပ်ထဲမှ စာအိတ်နီတစ်ဒါဇင်မျှကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။

“စာအိတ်နီတွေက ဦးလေးရဲ့ လက်ထဲမှာ ကိုင်ထားပြီ... တံခါးဖွင့်တာနဲ့ မင်းကို ပေးမယ်လေ ဟုတ်ပြီလား...”

“ကောင်း...”

ချန်မင်ခမျာ ပါးစပ်ဟလိုက်သည်နှင့် စကားဖြတ်ပြောခံလိုက်ရပြန်သည်။

“မရဘူး... အဲ့ဒါကို တံခါးအောက်ကနေ ထိုးပေးခိုင်းလိုက်...”

ချန်မန်က ယခုအချိန်တွင် ခြံစည်းရိုးခွထိုင်နေပြီး အသံအကျယ်ဆုံးဖြစ်သည့် ဘက်ကို သူက လိုက်မည် ဖြစ်လေရာ တုန့်ဆိုင်းခြင်းမရှိဘဲ သူ့လေသံကို ပြောင်းလိုက်သည်။

“ဦးလေး အဲ့ဒါကို တံခါးအောက်ကနေ ထိုးပေးလိုက်... စာအိတ်နီကို အရင်ထည့်လိုက်ပါ... ပြီးရင် တံခါးဖွင့်ပေးမယ်...”

လုဖျင်ကျိုးက အောက်ကို ငုံ့ကြည့်လိုက်ရာ တံခါးရွက်အောက်ရှိ နေရာလွတ်သည် မကျဉ်းဘဲ စာအိတ် ထိုးထည့်၍ ရနိုင်သည်ကို မြင်လိုက်ရသောကြောင့် သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး စာအိတ်နီများကို တစ်အိတ်ပြီး တစ်အိတ် ထိုးထည့်ပေးလိုက်သည်။ ထိုသို့ ထည့်ပေး‌နေချိန်တွင် သူက ချန်မင်ကိုသာ စာအိတ်ရ မရကို သေချာမေးလိုက်သည်။

ချန်မင်က ကျယ်လောင်စွာ ဖြေလိုက်သည်။ 
“ကျွန်တော်ရပြီ... ဒါက နှစ်ဆင့်ပါတယ်...”

“မင်းရဲ့ ဦးလေးကို တံခါးဖွင့်ပေးလို့ရပြီလား...”

လုဖျင်ကျိုးက သူ့လက်ထဲရှိ လက်ကျန်စာအိတ်များကို တံခါးအောက်မှ ထိုးထည့်ပေးရင်း မေးလိုက်၏။

ချန်မင်က စာအိတ်နီရလိုက်သည့်အတွက် ပျော်ရွှင်သွားသည်။ 

“ရပြီ...”
သူက ခပ်တိုတို ဖြေလိုက်ပြီး တံခါးမင်းတုန်းကို ဆွဲချရန် မတ်တတ်ရပ်လိုက်သည်။

အခြားကလေးများကလည်း သူတို့ရထားသော စာအိတ်နီများကို ဖွင့်ရင်း အလုပ်များနေကြသလို တချို့ကည်း စာအိတ်ကို ဖွင့်ပြီးပြီဖြစ်ကာ ဆန့်ကျင်ရန်အတွက် စိတ်နှလုံးနူးညံ့နေကြသဖြင့် ထိုအချိန်တွင် ချန်မင်ကို မည်သူကမျှ မတားမြစ်ကြသည့်အတွက် တံခါးကို အောင်မြင်စွာ ဖွင့်လိုက်နိုင်လေသည်။

တံခါးပွင့်သွားသော်လည်း လုဖျင်ကျိုးနှင့် သူ့လူများသည် အလျင်စလို ဝင်မလာကြပေ။ သူတို့က တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်ပြီး တံခါးနောက်ရှိ ကလေးငယ်များ အဝေးဆီသို့ ဖယ်ခွာသွားသည်အထိ စောင့်နေပြီးမှ သူတို့အားလုံး စုပြုံပြီး ဝင်လာကြသည်။

ဧည့်ခန်းထဲသို့ ဝင်လာပြီးနောက် လုဖျင်ကျိုးသည် “囍”ဟူသော စာလုံး ကပ်ထားသည့် တံခါးကို လှမ်းကြည့်လိုက်သည်။ တံခါးက ပိတ်ထားသော်လည်း စိတ်လှုပ်ရှားမှုက သူ့နှလုံးသားထဲတွင် တဟုန်ထိုး မြင့်တက်လာပြီ ဖြစ်သည်။ 

သူ၏ ပျော်ရွှင်မှုကို ဖော်ပြနိုင်ရန်အတွက် သူက ခါးကုန်းလိုက်ပြီး ချန်မင်ကို ကောက်ချီလိုက်သည်။  á€žá€°á€€ ချန်မန်၏ အခန်းဆီသို့ ခြေလှမ်းလှမ်းလိုက်ရင်း ကလေးလေးကိုလည်း တိုက်တွန်းလိုက်သည်။

“မြန်မြန်လေး... မင်းရဲ့ အဒေါ်ကို ဦးလေးကို တံခါးဖွင့်ပေးဖို့ ကူပြောပေးဦး...”

လုဖျင်ကျိုးသည် အခန်းထဲတွင် အရပ်အရှည်ဆုံးလူ ဖြစ်နေသည်။ သူက ချန်မင်ကို ချီမြှောက်လိုက်ချိန်တွင် ချန်မင်၏ ခေါင်းသည် လုဖျင်ကျိုး၏ ခေါင်းထက် ပိုမြင့်သွားသည်။ ချန်မင်က လှည့်ပတ်ကြည့်လိုက်ရာ လူတကာ၏ ငယ်ထိပ်များကို မြင်နေရလေသည်။ သူက အလွန်စိတ်လှုပ်ရှားသွားပြီး သူ့ဦးလေးအတွက် ရပ်တည်ရန် တုန့်ဆိုင်းခြင်းမရှိဘဲ အော်ပြောလိုက်လေသည်။

“အဒေါ်... ဦးလေးရောက်လာပြီ... တံခါးဖွင့်ပါတော့...”

သို့သော်လည်း ချန်မန်မှာ တံခါးဖွင့်ရန် ပြောရမည်လား မပြောရမည်လား ဝေခွဲမရဖြစ်နေသည်။ သူမက အခန်းထဲမှ အော်ဟစ်နေသူများ‌ ပြောသည့်အတိုင်း တုန့်ပြန်လိုက်လေသည်။


💝💝💝 👩‍❤️‍👨Chapter 38


“ဟင့်အင်း... ဖွင့်လို့မရဘူး...”

လုဖျင်ကျိုးက ချန်မင်ကို မေးခိုင်းလိုက်သည်။
“သူတို့ကို ဘယ်လိုဖွင့်ရမလဲမေးလိုက်...”

ချန်မင်ကလည်း တထေရာတည်း လိုက်အော်သည်။

“တံခါးဖွင့်ဖို့အတွက် ဘာလိုချင်တာလဲ...”

“သီချင်းဆိုပြပါ...”

“ကပြပါ...”

“ကျွမ်းထိုးပြပါ...”

အခန်းထဲရှိသူများသည် အချင်းချင်း အငြင်းပွားနေကြပြီး သူတို့၏ သဘောထားကလည်း တစ်ယောက်တစ်ပေါက် ဖြစ်နေလေ၏။

အခန်းအပြင်ရှိ လူအများကလည်း အချင်းချင်းပြန်မေးနေကြသည်။

“ငါတို့ကရော သီချင်းဆိုရမလား... ကရမှာလား... ဒါမှမဟုတ် အိပ်ထမတင်လုပ်ရမှာလား...”

အထဲတွင် ဆွေးနွေးခန်းဖွင့်လိုက်ကြပီးနောက် ခဏမျှကြာသောအခါ အသံတစ်သံက အော်ပြောလာသည်။

“ငါတို့ကို အကုန်လုပ်ပြတာလိုချင်တယ်... သီချင်းဆို၊ ကလည်းကပြီးတော့ အိပ်ထမတင်ရောပါ အကုန်လုံးလုပ်ပြတော့...”

လုဖျင်ကျိုးနှင့် အတူပါလာသော သူ့လူများက အခက်အခဲကို သတိမထားမိဘဲ စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်လိုက်ကြသည်။

“ကပါ... ကပြပါ... လောင်လု... ကပြပါဗျို့...”

လုဖျင်ကျိုးက ထက်မြစူးရှသောအကြည့်နှင့် ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း မည်သူကမျှ ကြောက်ရွံ့ဟန်မပြပေ။

လုံးဝမကြောက်ကြဟု ထင်ကြလျှင်တော့ မှားယွင်းပေလိမ့်မည်။ အဆုံးသတ်တွင် လုဖျင်ကျိုးသည် ရက်စက်ချင်လျှင် အမှန်ပင် လူကို သေသည်အထိ ရိုက်သတ်နိုင်သော်လည်း ဤနေ့သည်ကား အထူးနေ့တစ်နေ့ဖြစ်သည်။ သူတို့၏ဘဝတစ်သက်တာတွင် ဤနေ့တစ်နေ့တည်းတွင်သာ သူတို့၏ ခေါင်းဆောင်က သူတို့ကို ရယ်မောအောင် လုပ်ပေးမည့်နေ့တစ်နေ့ဖြစ်သောကြောင့် သေချာပေါက်ပင် သူတို့ ကြောက်ရွံ့မနေခဲ့ခြင်းဖြစ်၏။

ထို့ကြောင့် တစ်ယောက်ထက် တစ်ယောက်ပိုကဲကာ အကြောက်နည်းနေကြခြင်းပင်။

လုဖျင်ကျိုး ပြုံးလိုက်ပြီး သတင်းစကားအား ချန်မင်ပြောလိုက်မည်ကို မလိုလားတော့ပေ။ သူက သူကိုယ်တိုင် အော်ပြောလိုက်သည်။

“ငါတစ်ယောက်တည်း ဖျော်ဖြေရမယ်ဆိုရင် ဘယ်လိုလုပ်ပြီး ပြည့်စုံမှာလဲ... ငါခေါ်လာတဲ့သူတွေကိုလည်း ငါနဲ့အတူတူ ဖျော်ဖြေခိုင်းချင်ကြသေးလား...”

အပြင်ဘက်ရှိ လူများမှာ ကြောက်ရွံ့သွားသည်။
“!!”

အထဲမှ လူများက စိတ်လှုပ်ရှားသွားကြသည်။
“ကောင်းတယ်... ကောင်းတယ်...”

လုဖျင်ကျိုးက လှည့်လာပြီး မေးလိုက်သည်။
“ငါဘာသီချင်းဆိုရမလဲ...”

ရှဲ့ကျီမင်က ဖြေလိုက်သည်။
“မင်းသီချင်းဆိုမှာကို ငါ့ကို ဘာတွေလာမေးနေတာလဲ...”

လုဖျင်ကျိုးက ဘာဖြစ်နေသည်ကို ယခုလေးတွင် နားလည်သွားဟန် ရှိပေသည်။ သူက တံခါးဘက်သို့ လှည့်လိုက်ပြီး မေးလိုက်သည်။

“ငါတို့ ဘာသီချင်းနဲ့ ဖျော်ဖြေပေးရမလဲ...”

အထဲကလူများသည် ထိုကိစ္စကို တစ်ဖန် ဆွေးနွေးကြပြန်သည်။ ထိုခေတ်က လူများသည် နောက်ဆယ်စုနှစ်များအကျော်တွင် ရှိလာမည့် လူများကဲ့သို့ မထူးဆန်းကြဘဲ ရိုးရှင်းကြလေသည်။ ထို့ပြင် လူကြိုက်များသော သီချင်းများဆိုသည်မှာလည်း ပို၍ တည်တံ့လွန်းကာ စစ်ချီတေး သို့မဟုတ် အနီရောင်သီချင်း*များသာ ဖြစ်သည်။ ထို့ကြောင့်ပင် မည်သူကမျှ သူတို့ကို ခက်ခဲအောင် မလုပ်ကြတော့ဘဲ “အရှေ့အရပ်ကရောင်နီလာပြီ” သီချင်း၏ သံပြိုင်အပိုဒ်ကို ဆိုကြရန် တောင်းဆိုလိုက်လေသည်။
(*ဆိုရှယ်လစ်ဝါဒဖြန့် တေးသီချင်းတွေကို ပြောတာပါ)
( “The east is red”ဟာ အဲ့အချိန်တုန်းက နာမည်အကြီးဆုံး ဆိုရှယ်လစ်ဝါဒဖြန့်သီချင်း တစ်ပုဒ်ဖြစ်ပြီး ယခုထိလည်း နှစ်သက်သူတွေ ရှိနေဆဲသီချင်းတစ်ပုဒ်ဖြစ်ပါတယ်)

အပြင်ဘက်ရှိ လူတိုင်းက စိတ်သက်သာရာရသွားသော သက်ပြင်းတစ်ရှိုက်ကို မှုတ်ထုတ်လိုက်ကြသည်။ ထိုသီချင်းသည် ရေပန်းစားသော သီချင်းတစ်ပုဒ်ဖြစ်ပြီး လက်ထပ်မင်္ဂလာပွဲများတွင် မကြာခဏဆိုသလို သီဆိုလေ့ရှိကြသည်။ လူတိုင်းကလည်း ထိုသီချင်းကို ကြားဖူးနားဝရှိကြပြီး လုဖျင်ကျိုးကို မြန်မြန်ဆန်ဆန် သီချင်းဆိုရန် တောင်းဆိုကြ‌တော့သည်။

လုဖျင်ကျိုးက ထိုသီချင်းကို ဆိုနိုင်သောကြောင့် သီချင်းဆိုရန်အတွက် မရှက်ပေ။ တပ်ရင်းအတွင်း၌ တပ်သားသစ်များကို လေ့ကျင့်ပေးရေးတွင် သူဦးဆောင်စဉ်အခါက ထိုသီချင်းကို သီဆိုရန် သင်ကြားပေးခဲ့ဖူးသည်။ ထို့ကြောင့် သူက သီချင်းဆိုရန်အတွက် တုန့်ဆိုင်းမနေပေ။

“အရှေ့အရပ်မှာ အနီရောင်သန်းလို့... နေမင်းကြီးလည်း ထွက်ပေါ်လာပြီ...”

လုဖျင်ကျိုးက နှုတ်ခမ်းများကို ဖွင့်ဟကာ သီချင်းဆိုလိုက်သည်နှင့် အခန်းထဲရှိ လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။ အမှန်တွင်လည်း သူက သတို့သားဖြစ်သလို သီချင်းဆိုရာတွင်လည်း သိပ်မဆိုးသောကြောင့် လူတိုင်းက သူ့ကို ချီးမွမ်းလိုက်ကြလေသည်။

ထို့ထက်ပိုသည်က သူ သီချင်းဆိုသောအသံသည် အမြင့်သံဖြစ်ကာ ဝေဆာနေပြီး အသံအနိမ့်အမြင့်များတွင်လည်း အမြဲလိုလို ပြေပြစ်နေသည်။ သီချင်းဆိုကောင်းခြင်းသည်ဟု သူ့ကို ချီးမွမ်းခြင်းသည် လူတိုင်း၏ ဆန္ဒကို ဆန့်ကျင်နေခြင်းမရှိပေ။

သူက သီချင်းတစ်ပိုဒ်ကို ဆိုပြီးသွားသည်နှင့် ကျန်သူများကလည်း လျင်မြန်စွာ သူနှင့်အတူ လိုက်ဆိုကြသည်။ သူတို့၏ သီချင်းဆိုဟန်သည် စစ်တပ်ပုံစံအတိုင်း ပြီးပြည့်စုံနေပြီး အားလုံးက အော်သာအော်နေကြလေသည်။ လုဖျင်ကျိုးတစ်ယောက်တည်းဆိုချိန်တွင် သူ့အသံက အတော်လေး ကျယ်လောင်စွာ ထွက်ပေါ်လာသော်လည်း အခြားသူများက စတင်သီဆိုလိုက်ချိန်မှစ၍ အားကုန်သုံး၍ အော်နေကြရာ သူ့အသံကို မကြားနိုင်တော့ပေ။

လုဖျင်ကျိုး၏ အသံသာမက အခန်းတွင်းမှ ဆွေးနွေးသံများနှင့် ဝင်းခြံအတွင်းမှ နှုတ်ဆက်စကားဆိုနေသံများကိုပင် မကြားနိုင်တော့ပဲ ဖြစ်သွားရသည်။ ကျယ်လောင်လှသော သီချင်းသံသည် အရပ်မျက်နှာအားလုံးသို့ ပျံ့လွင့်သွားပြီး ထောက်ပံ့ရေးနှင့် စျေးကွက်သမဝါယမ၏ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ 

ချန်မိသားစု၏ ပျော်ရွှင်ဖွယ်ရာ အခမ်းအနားတစ်ခု ဖြစ်သော သူတို့သမီးဖြစ်သူ၏ လက်ထပ်ပွဲသို့ မတက်ရောက်ကြသူများပင် သီချင်းသံကြားချိန်တွင် ရပ်တန့်မနေနိုင်တော့ဘဲ မည်သူသီချင်းဆိုနေသည်ကို သိချင်ကြသောကြောင့် စောင်းငဲ့ကြည့်လာကြသည်။

သီချင်းသံ ပြီးဆုံးသွားချိန်တွင် အားရပါးရ လက်ခုပ်တီးလိုက်သံများက ခြံဝင်းအတွင်းမှရော အပြင်ဘက်မှပါ ထွက်ပေါ်လာသည်။ ရှဲ့ကျီမင်နှင့် အခြားသူများသည် သီချင်းကို အားတက်သရော သီဆိုခဲ့ကြပြီး နောက်ထပ်သီချင်းတစ်ပုဒ်ကို ထပ်ဆိုရန်ပင် ဆန္ဒရှိနေကြသည်။

သို့သော်လည်း အခန်းထဲမှ သူများက သူတို့သီချင်းဆိုသည်ကို ထပ်နားမထောင်လိုတော့ဘဲ သူတို့ကပြသည်ကို ကြည့်ချင်နေကြသည်။

သူတို့လို ကျားကျားလျားလျား စစ်သားကြီးတစ်ဖွဲ့မှာ အဘယ်မှာလျှင် ကတတ်ပါမည်နည်း။ သူတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် လုဖျင်ကျိုးကို ကြည့်လိုက်ကြကာ အခန်းတွင်းရှိ လူများနှင့် ညှိနှိုင်းဆွေးနွေးရန် ပြောလိုက်ကြသည်။

လုဖျင်ကျိုးလည်း အခန်းတွင်းမှ လူများနှင့် ဆွေးနွေးပြီးနောက် ပြောလိုက်သည်။

“ကျွန်တော်တို့က ဘယ်လိုကရမလဲဆိုတာကို မသိကြဘူး... တကယ်လို့ ခင်ဗျားတို့ ဒါပဲကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့က လှည့်ပတ်ခုန်ပေါက်နေတာပဲ မြင်ရမယ်... ခင်ဗျားတို့ကြည့်ချင်မယ်ဆိုရင်တော့ လက်ဝှေ့တစ်ပွဲလောက် ထိုးပြလို့ရမလား...”

အခန်းတွင်းမှ လူများသည် ထိုအကြောင်းကို ဆွေးနွေးကြပြီး ခေတ္တမျှ ကြာသောအခါ အဒေါ်လောက ပြောလိုက်သည်။

“ရတယ်...”

လုဖျင်ကျိုးက ဆက်ပြောလိုက်သည်။ 
“ကျွန်‌တော်တို့က ဧည့်ခန်းထဲမှာ ကောင်းကောင်းတိုက်ခိုက်ပြပေမယ့် ခင်ဗျားတို့က တံခါးကို ဖောက်ထွင်းပြီးတော့ ကျွန်‌တော်တို့ကို မမြင်နိုင်ဘူးဆိုတော့ ဘာမှအကျိုးမရှိဘူး... ခင်ဗျားတို့ တံခါး ဖွင့်ထားပြီးတော့ ကျွန်တော်တို့ တိုက်ခိုက်တာကို အထဲကနေ လှမ်းကြည့်မယ်ဆိုရင်ရော ဘယ်လိုလဲ...”

အထဲက လူတစ်ချို့က အော်လိုက်ကြသည်။ 
“တံခါးဖွင့်ထားလိုက်ပြီးတော့မှ မင်းတို့က မတိုက်ခိုက်ကြဘဲ အထဲကို ဇွတ်ဝင်လာရင် ဘယ်လိုလုပ်မှာလဲ... တို့များကို လွယ်လွယ်နဲ့ အရူးလုပ်လို့မရဘူးနော်...”

“မစိုးရိမ်ပါနဲ့... ကျွန်တော်က တိုက်ပြမယ်လို့ ပြောထားရင် စကားတည်မှာပါ...”

လုဖျင်ကျိုးက ဘေးကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

“သဘောတူကြလား...”

ရှဲ့ကျီမင်က ဦးဆောင်၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“တူပါတယ်...”

အခန်းထဲမှ လူများက အဖြေမပေးကြချေ။ မိနစ်ဝက်ခန့် ကြာပြီးသောအခါမှ တစ်စုံတစ်ယောက်က တံခါးကို ဖွင့်လိုက်ပြီး ခေါင်းကို အပြင်သို့ ထုတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ... မင်းတို့ အခုစလို့ရပြီ...”

လုဖျင်ကျိုးနှင့် သူ့လူများသည် ဧည့်ခန်းအလယ်ခေါင်တွင် မတ်တတ်ရပ်နေကြသည်။ လုဖျင်ကျိုးနှင့် ချန်မင်က တစ်တန်းတည်း ရပ်နေပြီး ကျန်ခြောက်ယောက် နှစ်တန်းခွဲကာ ရပ်နေကြသည်။ စကားများများ မပြောတော့ဘဲ သူတို့က ခက်ထန်စွာ စတင်တိုက်ခိုက်ကြတော့သည်။

လုဖျင်ကျိုး၏ လှုပ်ရှားမှုကို မြင်လိုက်သည်နှင့် ချန်မင်သည် လုဖျင်ကျိုးနောက်သို့ အလျင်အမြန်‌ ပြေးဝင်လိုက်ပြီး အော်လည်းအော် ညည်းလည်းညည်းညူလိုက်ကာ ကြည့်ရသည်မှာ အပြစ်ကျခံနေရသည့်နှယ် ဖြစ်နေသည်။

ချန်မင်၏ အသံက ကျယ်လာလေလေ ခြံဝင်းထဲရှိ လူများကို ဧည့်ခန်းထဲသို့ တွန်းပို့သလို ဖြစ်လေလေပင်။ အခန်းတွင်းမှ ကြည့်နေရသော သူတို့၏ တိုက်ခိုက်မှုမြင်ကွင်းကိုလည်း တံခါးဝရှိ လူများက ဖြည်းဖြည်းချင်း ပိတ်ဆို့လာလေသည်။ ပို၍ ရှင်းရှင်းလင်းလင်း မြင်ရစေရန်အတွက် အခန်းထဲမှ သူများသည် အပြင်သို့ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြရာ အခန်းထဲတွင် ချန်မန်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။ 

ထိုအခိုက်အတန့်မှာပင် လုဖျင်ကျိုးက လှုပ်ရှားလိုက်ပြီး လူအုပ်ထဲသို့ တိုးဝင်လိုက်ပြီး အခန်းထဲသို့ အပြေးလေးဝင်သွားလိုက်သည်။

ထိုအခြင်းအရာကို မြင်သည်နှင့် ရှဲ့ကျီမင်က “လာကြဟေ့...”ဟု အော်လိုက်လေသည်။
အခြားသူများကလည်း တိုက်ခိုက်နေရာမှ ချက်ချင်းလိုလိုပင် အခန်းဆီသို့ အတင်းတိုးဝင်လိုက်ကြသည်။

အဒေါ်လောနှင့် အခြားသူများ အသိဝင်လာချိန်တွင် လုဖျင်ကျိုးသည် အခန်းထဲသို့ပင် ရောက်သွားပေပြီ။ သူက ချန်မန်ဆီသို့ ရောက်သွားပြီး ချန်မန်၏ ငယ်သံပါအောင် အော်နေသံကြားမှပင် သူမကို ဘေးတိုက်ပွေ့ချီလိုက်သည်မှာ အဒေါ်လော အော်မှသာ ရပ်တော့သည်။

“မင်းတို့သွားလို့မရဘူးနော်... ချန်လေးက ဖိနပ်တောင် ခုထိ မစီးရသေးဘူးလေ...”

အခန်းတွင်းသို့ ပြန်ဝင်လာကြသူများကလည်း လျင်မြန်စွာ ထောက်ခံကြသည်။

“ဟုတ်တယ်... သတို့သမီးဆိုတာ ဖိနပ်မပါဘဲ သွားလို့မရဘူး...”

လုဖျင်ကျိုးက ရှဲ့ကျီမင်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ ရှဲ့ကျီမင်က အထဲသို့ ရောက်လာပြီး အခန်းထဲတွင် ရှာဖွေရန်အတွက် အုံဖွဲ့နေသော လူများကို တွန်းဖယ်နေလေသည်။ လုဖျင်ကျိုးက ဘေးပတ်ပတ်လည်ကို ကြည့်နေပြီး သူ့အကြည့်များက ဗီရို၏ အပေါ်သို့ ရောက်သွားသည်။ သူက ပြောလိုက်သည်။

“ဗီရိုရဲ့ အပေါ်ကို ကြည့်လိုက်...”

အခန်းထဲရှိ လူများက တစ်ယောက်မျက်နှာတစ်ယောက် အပြန်အလှန် ကြည့်နေကြသည်။ လူအချို့က ရှဲ့ကျီမင်ကို ဗီရိုအပေါ်ထပ်သို့ မရောက်နိုင်စေရေး ဝိုင်းတားရန် ကြိုးစားကြသော်လည်း သူက သူတို့၏ လှုပ်ရှားမှုများကို လွယ်လွယ်ကူကူပင် ပိတ်ဆို့ထားလိုက်ပြီး ဗီရိုအ‌ပေါ်ထပ်ဆီသို့ ရောက်သွားကာ အနီရောင် အဝတ်ဖိနပ်တစ်ဖက်ကို လျင်မြန်စွာ စမ်းမိသွားပြီး ထိုဖိနပ်ကို ယူကာ လုဖျင်ကျိုးထံ ပစ်ပေးလိုက်သည်။

လုဖျင်ကျိုးက ပွေ့ချီထားသော ချန်မန်၏ ခါးလေးပေါ်သို့ လက်ပြောင်းကိုင်လိုက်ပြီး သူမကို အိပ်ရာပေါ်သို့ ပြန်ချပေးလိုက်ကာ သူမ၏ ဖိနပ်ကို လှမ်းဖမ်းလိုက်သည်။

ရှဲ့ကျီမင်က ကျန်သောဖိနပ်ကို ဆက်ရှာနေသော်လည်း ဗီရိုထဲ၊ စားပွဲပေါ်နှင့် အိပ်ရာအောက်ထိ ရှာသည့်တိုင်အောင် မတွေ့သေးပေ။ လုဖျင်ကျိုးက ထိုသည်ကို မြင်လိုက်သောအခါ သူ၏ ဇနီးလေးကို မေးလိုက်သည်။

“နောက်ထပ်ဖိနပ်တစ်ဖက်က ဘယ်မှာလဲ...”

“အဲ့ဒါက...”

ချန်မန်က ပြောလုဆဲဆဲတွင် အခန်းထဲရှိ တစ်စုံတစ်ယောက်က သူမကို ကပျာကယာ တားလီုက်သည်။

“ဘာမှမပြောနဲ့... သူက အခုထိ လက်ဝှေ့ထိုးပြတာ မပြီးသေးဘူး...”

ချန်မန်က လက်ချောင်းလေးများဖြင့် လုဖျင်ကျိုးကို အသာအယာကုတ်ကာ ဤသည်က သူမ သူ့ကို ပြောမပြချင်၍ မဟုတ်ကြောင်း၊ သို့သော် လူတိုင်းက သူမကို ပြောခွင့်မပြုကြောင်းကို အချက်ပြလိုက်လေသည်။

အဒေါ်လောက မျက်စိကို စိုက်ထားကာ ကြည့်လိုက်ရင်း ပြောလိုက်သည်။

“တွေ့လား... သူ ငါတို့တွေကို လှည့်စားလိုက်တဲ့ ရလဒ်က အဲ့ဒါပဲ... ဒါပေမဲ့ ဒီနေ့က မင်းရဲ့ မင်္ဂလာဆောင်ပဲ... မင်းကို အရမ်းအခက်တွေ့အောင် မလုပ်တော့ဘူး... တိုက်ခိုက်တာ မကြည့်ချင်တော့ဘူး... အိပ်ထမတင်ပဲ လုပ်ပြတော့...”

“အိပ်ထ... အိပ်ထ...”

အခြားသူများကလည်း အော်ဟစ်နေကြသည်။

လုဖျင်ကျိုးက ချန်မန်ကို ကြည့်လိုက်သည်။ သူမက ရယ်သံကို ထိန်းထားလိုက်ပြီး လက်များကို ဖြန့်ပြလိုက်ကာ သူမလည်း မကယ်နိုင်ကြောင်း ပြသလိုက်သည်။ သူမက မေးပဲမေးလိုက်သည်။

“ရှင် အိပ်ထမတင်ကို အကြိမ်ရေဘယ်လောက် လုပ်ချင်လဲ...”

“အကြိမ်တစ်ရာ...”

“အကြိမ်နှစ်ရာ...”

အကြိမ်အရေအတွက်က သုံးရာသို့တိုင် ရောက်လာနိုင်သည်ကို တွေးမိသောကြောင့် လုဖျင်ကျိုးက ကမန်းကတမ်း ဝင်ပြောလိုက်သည်။

“ကျွန်တော့်ကိုလည်း သနားကြဦးလေ... ကျွန်တော်က ဒီနေ့မှ မင်္ဂလာဆောင်တာကို အကြိမ်ရာနဲ့ချီပြီးသာ အိပ်ထမတင် လုပ်ရမယ်ဆိုရင် အိမ်ပြန်ရောက်တဲ့ အချိန်ကျ ကျွန်တော် ပက်လက်လန်နေမှာပေ့ါ...”

အိပ်ထမတင်ကို အကြိမ်ရေ ရာနှင့်ချီ၍ မလုပ်နိုင်သောကြောင့် မဟုတ်ဘဲ သူ အလွန်ပင်ပန်းသွားနိုင်သောကြောင့်သာ ဖြစ်သည်။ မင်္ဂလာဉီးညတွင် သူက ဘာလုပ်သင့်ပါသနည်း။ လွန်ခဲ့သော နှစ်လကတည်းက မင်္ဂလာပွဲကို သူက အမျှော်ကြီး မျှော်နေခဲ့ရပြီး ဤသည်ကို မည်သည့်နည်းနှင့်မှ မရွှေ့ဆိုင်းနိုင်တော့ပေ။

လုဖျင်ကျိုး ခေါ်လာသူများမှ လွဲလျှင် ကျန်သူများအားလုံးသည် မင်္ဂလာဆောင်နှင်းကြသော အမျိုးသားနှင့် အမျိုးသမီး၏ အိပ်ခန်းထဲသို့ ဇွတ်အတင်း ကြပ်ညပ်နေသည်အထိ တိုးဝင်နေကြသူများဖြစ်သည်။ သူတို့သည် လုဖျင်ကျိုး၏ စကားလုံးအဓိပ္ပာယ်ကို နားမလည်ဆိုသည်မှာ အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။ သူတို့အားလုံးက နောက်ပြောင်ကျီစယ်လိုသော အမူအရာများနှင့် ရယ်မောလိုက်ကြလေသည်။

ချန်မန်က ရယ်မောသံများကြောင့် ရှက်သွေးဖြာသွား‌သော်လည်း ပြောချင်သော စကားကို ဆက်ပြောလိုက်သည်။

“အိပ်ထမတင် အခါနှစ်ဆယ်ဆို တော်လောက်ပါပြီ...”

အဒေါ်လောက ကျီစယ်လိုဟန် ဖြင့် မေးလေသည်။

“အခါနှစ်ဆယ် ဟုတ်လား... ရှောင်ချန်... မင်း ရှောင်လုကို အထင်သေးတာလား... ဒါမှမဟုတ် ပြန်ရောက်တာနဲ့ သူ ပင်ပန်းလွန်းလို့ လဲကျသွားမှာကို စိုးရိမ်နေတာလား...”

ချန်မင် မဖြေနိုင်ခင်ပင် တစ်စုံတစ်ယောက်က ပြုံးရွှင်စွာဖြင့် အဖြေပေးလေသည်။

“တကယ်ပဲ အိမ်ပြန်ရောက်တာနဲ့ အရာရှိလု လဲကျသွားမှာကို စိုးရိမ်နေတာပဲ ဖြစ်ရမယ်...”

လုဖျင်ကျိုးမှာ ရယ်ပင် မရယ်နိုင်‌တော့သော်လည်း သူ့မှာ ရယ်ချင်ဟန်ဆောင်လိုက်ရသည်။ သူက ချောင်းဟန့်လိုက်ပြီး မေးလိုက်သည်။

“ကျွန်တော့်ဇနီးလေးက ဒီလိုပြောမှတော့ ကျွန်တော် အိပ်ထမတင် အခေါက်နှစ်ဆယ် လုပ်ပေးရမလား...”

“အိုး... ကျွန်တော့်ရဲ့တဲ့... ကျွန်တော့်ရဲ့ဇနီးတဲ့...”

“မင်္ဂလာပွဲကတောင် လုပ်နေပြီကို ကျွန်မကို ဇနီးလေးလို့ ခေါ်တာ ဘာမှားနေလို့လဲ...”

“ဘေးဖယ်ပေးလိုက်ကြဟေ့... အရာရှိလုက အိပ်ထမတင် လုပ်ပြတော့မှာ...”

လူတိုင်း၏ နောက်ပြောင်နေမှုများကြားတွင် နေရာက တဖြည်းဖြည်း ရှင်းလင်းသွားသည်။ လုဖျင်ကျိုးက ချက်ချင်း အိပ်ရာနှင့် နံရံကြားတွင် ကျောဖြင့် လှဲချလိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းနောက်သို့ ထားလိုက်၍ ခြေနှစ်ဖက်ကို ခွဲထားကာ လျင်မြန်စွာပင် အိပ်ထမတင်လုပ်လိုက်လေသည်။


💝💝💝 👩‍❤️‍👨Chapter 39

အိပ်ထမတင် အခါနှစ်ဆယ်သည် လုဖျင်ကျိုးအတွက် မပြောပလောက်ပေ။ မိနစ်ဝက်မျှ မကြာဘဲ အခါနှစ်ဆယ် ပြည့်သွားသောအခါ သူက မြေကြီးပေါ်မှ ခုန်ထလိုက်ပြီး လက်ခုပ်တီး(ခါ)လိုက်ကာ ချန်မန်ဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် နောက်ထပ်ဖိနပ်တစ်ဖက်ကို အိပ်ရာခေါင်းရင်းရှိ ခေါက်ထားသော အိပ်ရာဖုံးဂွမ်းကပ်ထဲမှ ဆွဲထုတ်ယူလိုက်လေသည်။

“ဖိနပ်တွေက အဲ့ထဲမှာကို ရှင်ဘယ်လိုလုပ်ပြီး သိသွားတာလဲ...”

ချန်မန်မှာ သူမ၏ အံ့အားသင့်မှုကို ဖုံးမထားနိုင်ပေ။ 

“ကိုယ် လှဲလိုက်တဲ့အချိန်မှာ မြင်လိုက်တာပါ...”

လုဖျင်ကျိုးက ပြောလိုက်ရင်း ဒူးတစ်ဝက်ကွေးကာ ထိုင်ချလိုက်ပြီး ချန်မန်ကို ဖိနပ်ဝတ်ပေးလိုက်၏။ ထို့နောက် မတ်တတ်ရပ်ကာ အပြုံးတစ်ပွင့်နှင့်အတူ မေးလိုက်လေသည်။

“ကိုယ် မန်မန်ကို ခေါ်သွားလို့ရပြီလား...”

အဒေါ်လောက လျင်မြန်စွာ ဝင်ပြောလိုက်သည်။

“အလုပ်က မပြီးသေးဘူးလေ... မင်း မန်မန်ရဲ့ ရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီးတော့ မန်မန်က မင်းကို လက်ထပ်ဖို့ ဆန္ဒရှိရဲ့လားလို့ မေးရလိမ့်မယ်... သူက မင်းကို ခေါင်းညိတ်ပြမှ မင်း သူ့ကို ခေါ်သွားလို့ရမှာ...”

လုဖျင်ကျိုးက ချန်မန်ဘက်သို့ ပြန်လှည့်လိုက်ပြီး သူမနှင့် မျက်နှာချင်းဆိုင်တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်သည်။ ထို့နောက် သူမ၏ လက်ကို ကိုင်ကာ မေးလိုက်သည်။

“မန်မန်... မင်းကိုယ့်ကို လက်ထပ်မှာလား...”

ထိုစကားလုံးများ ထွက်လာသည်နှင့် ချန်မန်ဘက်မှလူ‌လော လုဖျင်ကျိုးဘက်မှ လူလော ဆိုသည်က အရေးမကြီးတော့ဘဲ အားလုံးက စကားတစ်ခွန်းတည်းကိုသာ အော်ပြောနေကြတော့သည်။

“ကတိပေးလိုက်... ကတိပေးလိုက်...”

လူအုပ်ကြီး၏ မြူးကြွနေသော အသံများကြားတွင် ချန်မန်သည် လုဖျင်ကျိုးကို တည့်တည့်စိုက်ကြည့်နေမိသည်။

သူသည် သိပ်မကြာသေးသည့်အချိန်က ထုတ်ပေးထားခဲ့သော နွေရာသီ စစ်တပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံကို ထုတ်ပေးပြီးကတည်းက သူ တစ်ခါမျှ မဝတ်သေးဘဲ ယခင်က ထုတ်ပေးထားသော ဝတ်စုံအဟောင်းများကိုသာ သူအမြဲဝတ်နေခဲ့သည်။

ထိုဝတ်စုံကို မဝတ်မီ ရေချခြင်းပင် လုပ်မထားသောကြောင့် သူ့ဝတ်စုံ၏ ခေါက်ရိုး အနားသတ်များ သည် ဖြောင့်တန်းနေဆဲဖြစ်ပြီး ကော်လံတံဆိပ်များမှာလည်း အရောင်စိုကာ တောက်ပနေဆဲဖြစ်ကာ သူ့ကို ပို၍ သူရဲကောင်းဆန်အောင် လုပ်ပေးနေ၏။

သူ၏ မျက်ဝန်းများကလည်း တောက်ပနေပြီး ပျော်ရွှင်မှု၊ မျှော်လင့်မှုများ အပြည့်ဖြစ်နေလေသည်။ ထိုမျက်လုံးများထဲသို့ စိုက်ကြည့်နေရင်း ချန်မန် တခြားမည်သည့်စကားကိုမျှ မပြောနိုင်တော့ပေ။ သူမက ပြုံးလိုက်ပြီး ဖြေလိုက်သည်။

“ဟုတ်ကဲ့...”

လုဖျင်ကျိုးက မတ်တတ်ရပ်လိုက်ပြီး ချန်မန်ကို တဖန် ပွေ့ဖက်လိုက်ပြန်သည်။

အခန်းထဲတွင် လူများများသာ မရှိလျှင် သူမကို သူ နမ်းလိုက်မိမည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် ယခုမူ သူက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး သူ့မျက်နှာကို သူမ၏ လည်ပင်းဆီသို့သာ နှစ်မြှုပ်လိုက်၏။

ခပ်ကြမ်းကြမ်း စနောက်လိုက်သံများက အခန်းထဲတွင် ပြန့်ထွက်လာလေသည်။ ရှက်သွေးနီနီက ချန်မန်၏ နားရွက်များမှတစ်ဆင့် လည်ပင်းဆီထိသို့ ရောက်လာပြီး အကျီကော်လံအောက်သို့ တိုးဝင်ပျောက်ကွယ်သွားကြသည်။ သူမကလည်း ခေါင်းငုံ့လိုက်ပြီး လုဖျင်ကျိုး၏ ပခုံးဆီသို့ နှစ်မြှုပ်ထားလိုက်သည်။ သူမ၏ လက်နှစ်ဖက်က သူ၏ ရင်အုံပေါ်တွင် ရောက်နေပြီး အားနည်းစွာဖြင့် သူ့ရင်ဘတ်ကြီးကို တွန်းထားမိ၏။

လုဖျင်ကျိုးသည် မူလက သူမကို ပြန်လွှတ်ပေးလိုက်ချင်သော်လည်း သူမ၏ ချဉ်းကပ်လာမှုကို သတိပြုမိလိုက်သောကြောင့် ရှေ့ဆက်ပြီး သူက အခြားသူများကို ဂရုစိုက်မနေနိုင်တော့ပေ။ သူမကို လွှတ်မပေးရုံမျှမက သူက သူမကို ပို၍ပင် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်လေတော့သည်။
...

အဒေါ်လောက လုဖျင်ကျိုးကို ချန်မန်က ခေါင်းညိတ်ပြလျှင် ခေါ်သွားနိုင်ပြီဟု ပြောခဲ့သော်လည်း တကယ့်တကယ်တွင်မူ မင်္ဂလာဓလေ့ထုံးထမ်းလုပ်ငန်းစဉ်များ ပြည့်စုံ‌အောင် ဆောင်ရွက်ပြီးသည်သာမက စားပွဲသောက်ပွဲပြီးသည်အထိ သူတို့ နေရပေလိမ့်မည်။

ထိုကာလ၌ မင်္ဂလာပွဲများ ခမ်းခမ်းနားနား ဆောင်ရွက်သည်မှာ အလွန်ရှားလှသည်။ ထုံးထမ်းစဉ်လာများကို အတိုချုံးရန်အတွက် လူငယ်အတော်များများသည် သူတို့၏ မင်္ဂလာပွဲကို ညပိုင်းတွင်သာ ကျင်းပကြလေ့ရှိကြသည်။ လုပ်ဖော်ကိုင်ဖက်အချို့နှင့် သူငယ်ချင်းမိတ်ဆွေအနည်းငယ်ကိုသာ ရိုးရှင်းသော အခမ်းအနားကို တက်ရောက်ရန် ဖိတ်ကြားလေ့ရှိကြကာ အနီရောင်တေးသီချင်းတစ်ပုဒ် (ဝါဒဖြန့်သီချင်း)ကို သီဆိုကာ အဆုံးသတ်လေ့ရှိကြ၏။ အဆုံးသတ်တွင် စားပွဲသောက်ပွဲဟူ၍ မရှိပေ။

သို့သော် ချန်မန်လက်ထပ်ချိန်တွင် စက်ပစ္စည်းစက်ရုံကလည်း အလုပ်သိပ်များချိန်မဟုတ်သလို ထပ်ဆောင်း၍ ပြော၍မည်ဆိုလျှင် လုဖျင်ကျိုးကိုယ်တိုင်က မင်္ဂလာစားသောက်ပွဲကို ကျင်းပလိုခြင်း ဖြစ်ပြီး ချန်မိသားစုအတွက်လည်း ထိုသို့ မလုပ်လျှင် မသင့်တော်ပေ။ 

ဝမ့်ချိုးမိန်ကလည်း သမီးဖြစ်သူကို ထိုသို့ နိမ့်ကျရမည်ကိုလည်း မဖြစ်စေချင်သောကြောင့် ထိုအကြောင်းကို ဆွေးနွေးပြီး လူငယ်စုံတွဲက ဝိုင်သောက်ရန်အတွက် စားပွဲဝိုင်း လေးဝိုင်း ပြင်ဆင်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

စုပေါင်းအိမ်ရာဝင်းအတွင်း၌ ပျော်ရွှင်ဖွယ်ရာအခမ်းအနားများ မကျင်းပဖြစ်သည်မှာ အချိန်အတော်လေး ကြာခဲ့ပြီဖြစ်သောကြောင့် လူအများက အတူတူပျော်ရွှင်ရန်အတွက်မျှသာ တက်ရောက်ကြခြင်း ဖြစ်သည်။ ပိုသွားသည်မှာ ချန်မန်က ကောင်းကောင်းမွန်မွန် အိမ်ထောင်ရက်သားကျသွားခြင်း ဖြစ်သောကြောင့် စက်ရုံမှ ခေါင်းဆောင်အတော်များများက ထိုအကြောင်းကို ကြားသောအခါ သူတို့လည်း ပါဝင်ဆင်နွှဲမည်ဟု ဆိုလာသဖြင့် စားပွဲလေးလုံးမှ ခြောက်လုံးဖြစ်သွားလေသည်။

ထိုခြောက်လုံးထဲတွင် ဧည့်ခန်းထဲရှိ စားပွဲငယ်‌လေးမပါဝင်ပေ။ ထိုစားပွဲငယ်သည် ချန်မန်အတွက် အထူးတလည် ပြင်ဆင်ထားသော စားပွဲဖြစ်သည်။ ထိုနေရာတွင် ထိုင်ကြသူများမှာ သူမ၏ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းမှ အတန်းဖော်များနှင့် စုပေါင်းအိမ်ရာဝင်းအတွင်းမှ သူငယ်ချင်းများဖြစ်သည်။ ထိုစားပွဲတွင် လူသိပ်မများဘဲ ချန်မန်ပါ အပါအဝင်မှ စုစုပေါင်း ရှစ်ယောက်သာ ရှိလေသည်။

လူနည်းနေခြင်းမှာ ချန်မန်သည် လူချစ်လူခင်နည်းသောကြောင့် မဟုတ်ဘဲ ကျေးလက်ဒေသသို့ အလုပ်လုပ်ရန် သွားရောက်ရမည့် မူဝါဒက လွှမ်းမိုးထားသောကြောင့်ပင်။ ချန်မန်၏ အလယ်တန်းနှင့် အထက်တန်းမှ အတန်း‌ဖော်အများစုသာမက စုပေါင်းအိမ်ရာဝင်းအတွင်းမှ ငယ်သူငယ်ချင်းများသည်လည်း ကျေးလက်ဒေသသို့ သွားရောက်နေကြရာ ကျန်ရစ်သော သူငယ်ချင်းများတွင် အမျိုးသားထက် အမျိုးသမီးက ပိုများနေ၏။

ထိုခေတ်ကာလတွင် အမျိုးသားနှင့် အမျိုးသမီးများကြားတွင် ခွဲခြားမှုသည် မတင်းကြပ်သော်လည်း အလွန့်အလွန် နီးကပ်ခင်မင်နေကြသော အနေအထား၌ ထိုသူများသည် ဆန့်ကျင်ဘက်လိင်များ ဖြစ်နေလျှင် လူအများက လွယ်လွယ်လေးပင် အတင်းတုပ်ကြပေလိမ့်မည်။ ချန်မန်သည် အပြင်ထွက်လည်လေ့ ရှိသောသူမျိုး မဟုတ်ဘဲ ယောက်ျားလေးများနှင့် ကစားခြင်းသည်လည်း ရှားရှားပါးပါး ဖြစ်သောကြောင့် သူမတွင် ယောက်ျားလေးသူငယ်ချင်း များများစားစားမရှိပေ။

အခြားအကြောင်းများဆိုရလျှင် အချို့လူများ၏ ခင်မင်ရင်းနှီးမှုသည် ကြီးပြင်းလာပြီး အိမ်ထောင်ရက်သား ကျသွားချိန်တွင် လျော့နည်းသွားတတ်ကြ၏။ထို့အပြင် သူတို့အလုပ်၏ သ‌ဘောသဘာဝများကြောင့် ဤနေ့တွင် သူတို့ အလုပ်လုပ်နေရသည်လည်း ဖြစ်နိုင်ပေသည်။ထို့ကြောင့် အဆုံးတွင် မင်္ဂလာပွဲသို့ တက်ရောက်နိုင်သူမှာ ဤသူငယ်ချင်းအနည်းငယ်မျှသာဖြစ်လေသည်။

လူအနည်းငယ်သာ ရှိသော်လည်း ထိုစားပွဲရှိ လေထုအခြေအနေမှာ လုံးဝနွေးထွေးနေကာ လူတိုင်းက ချန်မန်နှင့် တစ်ဦးချင်းစီ ခွက်ချင်းတိုက်နေကြသည်။

သူတို့အားလုံးသည် မိန်းကလေးများသာ ဖြစ်သောကြောင့် သူတို့ဝိုင်းတွင် လက်ဖက်ရည်ကြမ်းသာရှိပြီး ချန်မန်က ထိုခွက်ကို လျင်မြန်စွာ မော့သောက်လိုက်သည်။ သေချာသည်က ခွက်ချင်းတိုက်ရာတွင် မည်သူကမျှ သူမကို ခက်ခဲအောင်မလုပ်သော်လည်း အဆုံးသတ်တွင် ရေနွေးကြမ်း အများကြီး သောက်လိုက်ရသောကြောင့် သန့်စင်ခန်းကို ခဏခဏသွားရအောင် လုပ်လိုက်နိုင်ကြလေသည်။

လူတိုင်း ခွက်ချင်းတိုက်ပြီးသွားသောအခါ ဝမ့်ချိုးမိန်က ရောက်လာပြီး ချန်မန်ကို ခေါ်လိုက်ကာ လုဖျင်ကျိုးနှင့် ခွက်ချင်းတိုက်ရန် ပြောလာလေသည်။ ထို့နောက် ဝမ့်ချိုးမိန်က ချန်မန်ကို ဝိုင်အဖြူဖြည့်ထားသော ခွက်တစ်ခွက်ကို ပေးလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဒီခွက်ထဲကို အမေက ဝိုင်လေးတစ်စက်နှစ်စက်ပဲ ထည့်ထားတာ... ဘာမှစိတ်ထဲမထားဘဲ သောက်လို့ရတယ်...”

ချန်မန်က ခွက်ကို အနံ့ခံကြည့်လိုက်သောအခါ အရက်နံ့လုံးဝမပါသည်ကို တွေ့လိုက်ရသည်။ သူမက ခွက်ကိုယူပြီး လုဖျင်ကျိုးကို သွားရှာလိုက်လေသည်။

လုဖျင်ကျိုးနှင့် ချန်စုဝေ့သည် တစ်စားပွဲတည်း ထိုင်နေကြသည်။ ထိုစားပွဲတွင် အကြီးအကဲများနှင့် စက်ပစ္စည်းစက်ရုံမှ ခေါင်းဆောင်များလည်း အတူရှိနေကြသည်။ 

အ‌ဒေါ်လောသည်လည်း ထိုစားပွဲတွင် ထိုင်သင့်သည်ဖြစ်သော်လည်း သူမ ထိုစားပွဲတွင် မထိုင်မီ ထိုလူအားလုံးသည် ဝိုင်ပုလင်းများ ဖွင့်တော့မည်ကို မြင်လိုက်ရ၏။ထို့ကြောင့် သူမက လျင်မြန်စွာပင် ဘေးရှိ စားပွဲများကို ကြည့်လိုက်ကာ ယောက်ျားသားထက် မိန်းမသားပိုများသော စားပွဲခုံဆီသို့သာ သွားထိုင်လိုက်လေသည်။

အမေဖြစ်သူနှင့် သမီးဖြစ်သူကို မြင်လိုက်ရသောအခါ လုဖျင်ကျိုးက လျင်မြန်စွာ မတ်တတ်ရပ်လိုက်လေသည်။ ချန်စုဝေ့ကလည်း အသံကြားသဖြင့် မော့ကြည့်လိုက်ရာ ချန်မန်ကို ခေါ်၍ မိတ်ဆက်ပေးလိုက်သည်။

“ဒါက ကျွန်တော့်သမီး ချန်မန်ပါ...”

ချန်မန်က အားလုံးကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။ လူတိုင်းကလည်း သူမကို ပြုံးရွှင်စွာ ချီးမွမ်းလိုက်ကြ၏။

ချန်မန်ကို ချီးမွမ်းပြီးသောအခါ ချန်စုဝေ့က ဝိုင်ခွက်ကို ကောက်ယူလိုက်ပြီး လုဖျင်ကျိုးနှင့် ချန်မန်တို့ကို အရက်ခွက်မြှောက်ကာ ဆုတောင်းပေးလိုက်လေသည်။ ထို့နောက် သူတို့ နောက်စားပွဲဝိုင်းဆီသို့ ကူးသန်းကာ နှုတ်ဆက်ခြင်းနှင့် ဆုတောင်းအရက်‌သောက်ကြပြန်သည်။

အများအားဖြင့် အရက်သောက်ထားသော ယောက်ျားလေးများဖြစ်နေသောကြောင့် ချန်မန်က ဂုဏ်ပြုအရက်ကို အာဆွတ်ရုံမျှ တို့လိုက်သည်လော သို့မဟုတ် မော့သောက်လိုက်သည်လောကို ဂရုစိုက်မနေကြချေ။ သူတို့က ချန်စုဝေ့နှင့် လုဖျင်ကျိုးကိုသာ စိုက်ကြည့်နေကြပြီး စားပွဲတိုင်းတွင်လည်း သောက်ရန် တောင်းဆိုနေကြသည်။

သူတို့သည် ဝိုင်ဖြူကို ခွက်သေးသေးများနှင့်သာ သောက်ရာတွင် အများအပြား မသောက်မိစေကာမူ ဝိုင်ဖြူက အတော်လေးပြင်းလေသည်။ သူတို့နှစ်ယောက် အလွန်အကျွံဖြစ်ကုန်မည်ကို စိုးရိမ်သောကြောင့် ချန်မန်က စတုတ္ထ‌မြောက်စားပွဲတွင် အခွင့်အရေးကို ချောင်းကာ လုဖျင်ကျိုး၏ အကျီလက်စကို ဆွဲလိုက်ပြီး မေးလိုက်သည်။

“အဲ့လောက်အများကြီး သောက်နေတာ ရှင်အဆင်ပြေရဲ့လား...”

လုဖျင်ကျိုးက အသံကိုနှိမ့်ပြီး ဖြေလိုက်သည်။
“စိတ်မပူပါနဲ့... ဒါက ရေရောထားပါတယ်...”

ချန်မန်သည် သူ့ထံမှ အရက်နံ့ရလိုက်ပြီး ပြင်းထန်ခြင်း မရှိသည်ကို သူမသိလိုက်ရသောကြောင့် ဖြည်းဖြည်းချင်း စိတ်တည်ငြိမ်သွားလေသည်။

အပြင်ဘက်ရှိ စားပွဲခြောက်လုံးတွင် ဂုဏ်ပြုအရက်‌သောက်ပြီးသောအခါ လူအချို့သည် ဧည့်ခန်းထဲသို့ ဝင်သွားကြသည်။ ထိုစားပွဲရှိ လူတိုင်းက လက်ဖက်ရေနွေးကြမ်းကိုသာ သောက်နေကြလေသည်။ ချန်စုဝေ့နှင့် လုဖျင်ကျိုးတို့လည်း ရှေ့ဆက် ဟန်ဆောင်မနေတော့ပဲ ခွက်ထဲတွင် ရေနွေးကြမ်းကို လောင်းထည့်ကာ လူတိုင်းနှင့် ဂုဏ်ပြုကာ သောက်လိုက်ကြသည်။

နောက်ဆုံးတွင် ဝိုင်သည် ရေရောထားစေကာမူ အရည်ထဲတွင် အယ်လ်ကိုဟော ပါဝင်မှုသည် မြင့်မားပြီး သောက်သုံးချိန်တွင် အတော်လေး ပြင်းနေဆဲသာ ဖြစ်၏။

ထိုစားပွဲတွင် ဂုဏ်ပြုပြီးသောအခါ ချန်စုဝေ့က အပြင်ဘက်သို့ ထွက်သွားပြီး အခြားလူများကို နှုတ်ဆက်နေပြီး ချန်မန်နှင့် လုဖျင်ကျိုးတို့က ဧည့်ခန်းထဲတွင် ဆက်ထိုင်နေပြီး အစားအသောက်များ စားနေခဲ့ကြသည်။

ဧည့်ခန်းထဲတွင် ထိုင်နေကြသူများသည် အချင်းချင်း မရင်းနှီးကြသော်လည်း သူတို့အားလုံးသည် အမျိုးသမီးများ ဖြစ်ကြပြီး အစားအသောက်စားနေရင်း အတော်လေး အဆင်ပြေကြပေသည်။ လုဖျင်ကျိုး ရောက်လာပြီးသောအခါ သူတို့က စကားပိုပြောလာကြသော်လည်း အစားအသောက် စတင်၍ စားချိန်တွင်မူ သူတို့ အနည်းငယ် ခပ်တန်းတန်းဖြစ်နေကြဆဲပင်။

ကံကောင်းစွာဖြင့် လုဖျင်ကျိုးက အကြာကြီး ထိုင်မနေလိုက်ရဘဲ မကြာမီ ဂုဏ်ပြုအရက်သောက်ရန် အပြင်သို့ ခေါ်ထုတ်ခံရလေသည်။

စားပွဲသောက်ပွဲကြီး ပြီးသောအခါ လုဖျင်ကျိုးခေါ်လာသောသူများသည် သတို့သမီးဘက်မှပေးသော ခန်းဝင်ပစ္စည်းများကို စုပေါင်းအိမ်ရာအပြင်ဘက်တွင် ရပ်ထားသော ကားပေါ်သို့ စတင်၍ တင်ပို့ပေးကြလေသည်။ သူက စေ့စပ်လက်‌ဆောင်များ များစွာပေးခဲ့ပြီး ချန်မိသားစုကလည်း သတို့သမီးဘက်ကပေးသော ခန်းဝင်ပစ္စည်းများကို အများအပြား ပေးခဲ့လေသည်။ ထိုအထဲတွင် ဂွမ်းစောင် ခြောက်ထည်ပါပြီး နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းဟူသော ရာသီလေးမျိုးလုံးအတွက် လုံလောက်ပေပြီ။

သူတို့သည် ကြီးမားသော ပရိဘောဂပစ္စည်းများဖြစ်သည့် ကုတင်နှင့် ဗီရိုကဲ့သို့သော ပစ္စည်းများကို မဝယ်ယူခဲ့ကြသော်လည်း နှစ်ယောက်ထိုင်ဆိုဖာနှင့် ကော်ဖီစားပွဲတစ်လုံးကို ဝယ်ယူခဲ့ကြသည်။ထို့အပြင် အသေးအမွှားလေးများဖြစ်သော ခြင်းတောင်းများ၊ ဇလုံများ၊ ထွေးခံများကိုလည်း ဝယ်ယူခဲ့ကြ၏။ ထို့ပြင် လုဖျင်ကျိုးပို့ထားသော အဓိကပစ္စည်းသုံးခုကိုပါ တင်လိုက်သောအခါ ထရပ်ကားတစ်စီးလုံး ပြည့်လျှံသွားလေတော့သည်။

လုဖျင်ကျိုး၏လူများက သတို့သမီးခန်းဝင်ပစ္စည်းများကို သိမ်းထုပ်နေစဉ် ချန်မင်က သူမ၏အခန်းထဲသို့ တခေါက်ပြန်သွားပြီး ဝမ့်ချိုးမိန်က သူမကို ဖက်ကာ ခါးသီးစွာ ငိုကြွေးခဲ့သည်။

မင်္ဂလာပွဲများ၌ ငိုကြွေးခြင်းသည် ထုံးစံမဟုတ်စေကာမူ ဝမ့်ချိုးမိန်သည် ထိုသို့ ငိုကြွေးမိလိမ့်မည်ဟု ယခင်က ထင်မထားမိပေ။ ပထမအချက်က သူမသည် ခံစားချက်များများ ရှိတတ်သော လူမျိုးမဟုတ်ပေ။ ဒုတိယအချက်မှာ ချန်မန်၏ အခန်းသည် သူမလက်မထပ်မီကအတိုင်းသာ ထားရှိမည်ဖြစ်ပြီး နေ့လည်နေ့ခင်း အလုပ်မှ အနားယူချိန်တွင် အိမ်သို့ လာနေဦးမည်ဖြစ်သောကြောင့် သူတို့သည် နေ့တိုင်းနီးပါး တွေ့ဆုံနိုင်ပေသည်။

သို့သော်လည်း တကယ်ပင် ထိုအခိုက်အတန့်ကို ရောက်လာသောအခါ ဝမ့်ချိုးမိန်သည် ထိုအရာအားလုံးကို မတွေးတောနိုင်တော့ကြောင်း နားလည်လိုက်ရပေသည်။ သူမ၏ စိတ်ထဲတွင် ကျန်ရှိနေသည့် တစ်ခုတည်းသော အတွေးက သမီးလေးသည် ကြီးပြင်းလာပြီး အတောင်စုံ၍ ပျံသန်းသွားတော့မည်ဟူ၍သာ။

ချန်မန်ကလည်း ဝမ့်ချိုးမိန်ကဲ့သို့ပင်။ မနေ့က မိခင်ဖြစ်သူကို မငိုကြွေးစေရန် အသည်းအသန် ကြိုးစားခဲ့သော်လည်း ယခုမူ မိခင်ဖြစ်သူ၏ မျက်ရည်များ ကူးစက်ခံလိုက်ရသောကြောင့် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ မျက်ဝန်းမှ မျက်ရည်များ ကျဆင်းလာခဲ့သည်။

အမေနှင့် သမီးတို့က အချင်းချင်း ပွေ့ဖက်ထားကာ ငိုကြွေးနေကြပြီး တစ်ယောက်ကို တစ်ယောက် မခွဲနိုင် မခွာရက် ဖြစ်နေကြသည်။ နောက်ဆုံးတွင် အဒေါ်လောက ရှေ့ထွက်လာကာ မင်္ဂလာအချိန် လွတ်မသွားစေရန် သူတို့ကို ဖြောင်းဖြနိုင်ခဲ့ပြီး သူတို့နှစ်ယောက် လူချင်းခွဲလိုက်ကြသည်။

 á€™á€­á€”á€şá€¸á€€á€œá€ąá€¸á€á€…á€şá€Śá€¸ လက်ထပ်ချိန်တွင် သူမကို အစ်ကိုများ မောင်များက ပွေ့ချီသယ်ဆောင်ပေးရသည်။ ချန်မိသားစုတွင် သားနှစ်ယောက်ရှိပြီး နှစ်ယောက်စလုံးကလည်း ခွန်အားကောင်းသူများ ဖြစ်ကြကာ နှစ်ယောက်စလုံးကလည်း ကူညီပေးချင်ကြသည်။ ထိုအကြောင်းပြချက်ကြောင့် သူတို့သည် မည်သူက ပိုမိုသန်မာသည်ကို သိရှိနိုင်ရန် လက်လှဲပွဲတစ်ပွဲပင် ဆင်နွှဲလိုက်ကြသေးသည်။

နောက်ဆုံးတွင် လူအများနှင့်ဆက်ဆံရသော ဉာဏလုပ်သားကြီး ချန်ကျင်းက ကျေးလက်ဒေသတွင် ကြွက်သားအပြည့်နှင့် ခန္ဓာကိုယ်ကို တည်ဆောက်လာခဲ့သော ကာယလုပ်သားကြီး ချန်လျန့်ကို အရှုံးပေးလိုက်ရလေသည်။

ထို့ကြောင့် ဒုတိယအစ်ကိုက ချန်မန်ကို အပြင်သို့ သယ်ပိုးရမည်ဖြစ်သည်။

သူ့ညီမ၏ မင်္ဂလာ‌ဆောင်အတွက် ချန်လျန့်သည် အထူးတလည်အနေဖြင့် ယနေ့တွင် ရှပ်အကျီအဖြူရောင်ကို ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင် အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားကာ သူ့ဖခင်ဆီမှ ငှားရမ်းထားသော ခါးပတ်ကို ဆင်ယင်ထားလေသည်။ ထိုဝတ်စုံနှင့် သူသည် အလွန်ပင် လိုက်ဖက်ညီလှသည်။

သူသာ ကျေးလက်ဒေသတွင် အလုပ်နေခြင်း မဟုတ်ခဲ့လျှင် မင်္ဂလာပွဲပြီးသည့်နောက်နေ့တွင် သူ့ကို မိန်းကလေးများနှင့် မိတ်ဆက်ပေးကြမည်မှာ အသေအချာပင် ဖြစ်၏။

သူ ခြေထောက်များကို ကွေးလိုက်ပြီး ချန်မန်ရှေ့တွင် ခါးကိုနှိမ့်ပေးလိုက်သည်။ လေးလံသော တစ်စုံတစ်ရာက သူ့ကျောကုန်းပေါ်သို့ ရောက်လာသော်လည်း သူက ချန်မန်ကို အေးအေးဆေးဆေးပင် ကျောပေါ်တင်ကာ အပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ထွက်သွားလေသည်။

ဗျောက်အိုးဖောက်သံများက တဖန် ဆူညံလာပြီး ချိုချဉ်များကို ထုတ်ယူကာ ကြဲချနေကြသည်။ ချိုချဉ်များ မြေပေါ်သို့ ကျသွားသည်နှင့် ကလေးငယ်များ၏ မြူးတူးပျော်ရွှင်စွာ အော်ဟစ်လိုက်သံများက တဖြည်းဖြည်းနှင့် ပိုကျယ်လာလေသည်။

သူတို့ ခြံဝန်းအမှတ် ၂၇ထဲမှ လမ်းလျှောက်ထွက်လာကြရာ အပြင်ဘက်တွင် လူများစွာက စောင့်ကြည့်နေကြလေသည်။ ချန်လျန့်က ချန်မန်အား ကျောပိုးလာသည်ကို မြင်လိုက်ကြသောအခါ သူတို့က ရယ်မောကြပြီး စကားတွတ်ထိုးနေကြလေသည်။ တတွတ်တွတ်စကားသံများကြားထဲမှပင် ချန်လျန့်သည် တည်ငြိမ်စွာဖြင့် လျှောက်လှမ်းလာရာ ခြံဝင်းဝင်ပေါက်ကို ဖြတ်၍ လုဖျင်ကျိုးဆီသို့ ရောက်သွားခဲ့သည်။ထို့နောက် သူ့‌ကျောပေါ်ရှိ မိန်းကလေးကို လုဖျင်ကျိုးဆီသို့ လွှဲပြောင်းပေးလိုက်လေသည်။

ချန်မန် ဒုတိယအစ်ကို၏ ကျောပေါ်မှနေ၍ လုဖျင်ကျိုး၏ လက်မောင်းကြားထဲသို့ ရွှေ့ပြောင်းလိုက်သည်။ သူမက ပြုတ်ကျသွားမည်ကို စိုးရိမ်သောကြောင့် လက်နှစ်ဖက်ဖြင့် လုဖျင်ကျိုး၏ လည်ပင်းကို သေချာစွာ သိုင်းဖက်ထားလိုက်၏။ သူကလည်း သူမကို တင်းကြပ်စွာ ပွေ့ပိုက်ထားပြီး ချန်လျန့်ကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။

ထိုစကားကို ကြားလိုက်သောအခါ ချန်လျန့်က အလေးအနက် ပြန်ပြောလိုက်သည်။

“ငါ့ညီမကို ကောင်းကောင်းဆက်ဆံ‌နော်... မင်းက သူ့ကို အနိုင်ကျင့်တယ်လို့ ငါကြားရရင်တော့...”

သူက စကားဆက်မပြောတော့ဘဲ လုဖျင်ကျိုးကို လက်သီးထောင်ပြလိုက်သည်။

လုဖျင်ကျိုးက ပြုံးလိုက်သည်။
“ဟုတ်ကဲ့ပါ... ဒါဆိုလဲ သွားပါတော့မယ်...”

ချန်လျန့်က ခေါင်းညိတ်ပြလိုက်ပြီး လုဖျင်ကျိုးက ချန်မန်အား ဂျစ်ကား၏ နောက်ခုံပေါ်သို့ တင်ပေးနေသည်ကို စောင့်ကြည့်လိုက်ပြီးနောက်မှ သူလည်း အထဲသို့ ပြန်ဝင်သွားလေသည်။

သတို့သမီးခန်းဝင်ပစ္စည်းများ တင်ရန်အလို့ငှာ လုဖျင်ကျိုးသည် ဂျစ်ကားအပြင် ထရပ်ကားငယ်တစ်စီးကိုလည်း ထပ်ဆောင်း ငှားရမ်းလာခဲ့သည်။ ထို့ကြောင့် ဂျစ်ကားပေါ်တွင် ချန်မန်အပါအဝင် လေးယောက်သာ ရှိပြီး ကျန်သူများက ထရပ်ကားနောက်ခန်းတွင် ထိုင်လိုက်ကြသည်။

ထိုအချိန်တွင် ပစ္စည်းပစ္စယအားလုံးမှာ ထရပ်ကားပေါ်သို့ တင်ပြီးပေပြီ။ သူတို့ ထိုင်လိုက်ပြီးသည်နှင့် ကား‌မောင်းသူနေရာတွင် ထိုင်နေသော ရှဲ့ကျီမင်က လီဗာကို ဖိနင်းလိုက်၏။ နောက်တွင်ရှိသော ထရပ်ကားမောင်းသူကလည်း ဂျစ်ကားထွက်သွားသည်ကို မြင်လိုက်ရသည်နှင့် အမီလိုက်နိုင်ရန်အတွက် လီဗာကို ဖိနင်းလိုက်လေသည်။

ခမ်းနားကြီးကျယ်ခြင်းအကြောင်းပြောမည်ဆိုလျှင် ထိုခေတ်က မင်္ဂလာပွဲများသည် နောင်ဆယ်စုနှစ်များအကြာတွင် ဖြစ်လာမည့် မင်္ဂလာပွဲများကို လိုက်မမီနိုင်ပေ။ သူတို့တွင် ကားနှစ်စင်းသာ ရှိပြီး ကားထဲရှိ မည်သူကမျှလည်း သီချင်းဆိုမနေကြချေ။

သို့သော် ထိုအချိန်ကာလ၌ ချန်မန်နှင့် လုဖျင်ကျိုးတို့၏ မင်္ဂလာပွဲသည် တကယ်ကို ကြီးကျယ်သော ပွဲတစ်ပွဲ ဖြစ်ခဲ့လေသည်။ ထိုအချိန်က သတို့သမီးကို လာကြိုချိန်တွင် စက်ဘီးနှင့်လာလျှင်ပင် အတော်လေး လေးစားမှုခံနေရပြီ ဖြစ်၏။ လုဖျင်ကျိုးက ရှေ့တွင် ဖဲကြိုးနီစည်းထား‌သော ကားကိုမောင်းလာခဲ့ရာ မြင်သူတိုင်းက လည်ပြန်ကြည့်နေကြမှာ ၁၀၀% ဖြစ်ကြောင်း ပြောပြရန်ပင်မလိုတော့ပေ။

မည်သို့ပင်ဖြစ်စေ စက်ပစ္စည်းစက်ရုံ၏ တည်နေရာသည် မြို့ဆင်ခြေဖုံးတွင် တည်ရှိပြီး တပ်ရင်းများသည် ထို့ထက်ဝေးသောနေရာတွင် စခန်းချထား၏။ထို့ကြောင့် ကားမောင်းနေရင်း အချိန်အနည်းငယ် ကြာသောအခါ ကားလမ်းဘေးရှိ မြင်ကွင်းများတွင် အိမ်များက တဖြည်းဖြည်းကျဲပါးလာပြီး နောက်ပိုင်းတွင် ဟင်းသီးဟင်းရွက်ခင်းများကိုသာ မြင်ရတော့သည်။

ဟင်းသီးဟင်းရွက်ခင်းများကို ဖြတ်သန်းပြီးနောက် တောင်စဉ်တောင်တန်းခပ်နိမ့်နိမ့်များက မြင်ကွင်းထဲသို့ ဝင်ရောက်လာ၏။ ဂျစ်ကားလေးသည် တောင်နှစ်ခုကြားရှိ ကွန်ကရစ်လမ်းပေါ်သို့ မောင်းနှင်သွားသည်။ သုံးမိနစ်ခန့်မျှ ကြာမြင့်သွားသောအခါ ဒေသခံမိသားစုများ၏ ခြံဝင်းများက မြင်ကွင်းထဲသို့ ဝင်ရောက်လာလေသည်။

💝💝💝

👩‍❤️‍👨Chapter 40


စုပေါင်းမိသားစုအိမ်ရာသည် တောင်ကုန်းများပေါ်တွင် တည်ဆောက်ထားပြီး အနည်းငယ် ကွာဝေးကြသောကြောင့် အုတ်ကြွပ်မိုးနီနီများက အလွှာလိုက် ပေါ်ထွက်လာသည်ကို မြင်ရလေသည်။

သူမ၏ ရှုထောင့်က ပြောင်းလဲသွားသည်နှင့် ချန်မန်သည် ဖြည်းဖြည်းချင်း ခေါင်းကိုမော့လိုက်ပြီး လိုက်ကြည့်နေမိ၏။ ရှဲ့ကျီမင်၏ အသံကို ကြားရသောအခါမှသာ သူမ ခေါင်းငုံ့လိုက်ကာ ရှေ့တည့်တည့်သို့ ပြန်ကြည့်လိုက်သည်။

ဂျစ်ကားသည် စုပေါင်းအိမ်ရာ၏ အပေါက်ဝတွင် ရပ်တန့်သွားသော်လည်း လုံခြုံရေးအစောင့်များသည် ကားပေါ်ပါသောလူများ၏ အချက်အလက်များကို အတည်ပြုရန် လိုအပ်သေးသောကြောင့် သူတို့ ခေတ္တမျှ စောင့်ဆိုင်းနေရလေသည်။

ချန်မန်က မေးလိုက်သည်။
“နောင်ကျ ကျွန်မ ဝင်တာပဲဖြစ်ဖြစ် ထွက်တာပဲဖြစ်ဖြစ် အချိန်တိုင်း အဲ့ဒီလို အစစ်ခံရမှာလား...”

လုဖျင်ကျိုးက ဖြေလိုက်သည်။
“ဒါက အစပိုင်းမို့လို့ လိုတာပါ... နောက်ပိုင်း အစောင့်တွေက မင်းကို သိသွားပြီဆိုရင် မလိုအပ်တော့ပါဘူး...”

အချက်အလက်များကို အတည်ပြုပြီးသောအခါ ရှဲ့ကျီမင်က ကားစက်ကို ပြန်နှိုးလိုက်ပြီး မိသားစုအိမ်ရာအတွင်းသို့ မောင်းဝင်လာခဲ့သည်။ ကားဖြတ်မောင်းလာသည့် လမ်းတစ်လျှောက် လုဖျင်ကျိုးက အိမ်၏ဘေးတံခါးကို မည်သည့်အတွက် အသုံးပြုကြောင်းကို ရှင်းပြလာခဲ့သည်။

မောင်းလာရာလမ်းတစ်လျောက်တွင် ချန်မန်သည် အိမ်ရာဝင်းအတွင်း၌ ထောက်ပံ့‌ရေးနှင့် စျေးကွက်သမဝါယမ၊ ဟင်းသီးဟင်းရွက်စျေးနှင့် ဆေးခန်းသာမက ကျောင်းပါတည်ရှိနေသည်ကို တွေ့ရသည်။

ကားက စက်ဝိုင်းပြတ်သဏ္ဍာန် မောင်းလာခဲ့ပြီးနောက် ညီညာပြန့်ပြူးသော လမ်းကြားတစ်ခုထဲသို့ ဝင်လာခဲ့သည်။ ခြံဝင်းထဲရှိ လူများသည်လည်း ဆူညံသံများကို ကြားလိုက်ရပြီးနောက် လျင်မြန်စွာဖြင့် ဗျောက်အိုးများကို မီးညှိလိုက်ကြ၏။ 

လုဖျင်ကျိုးအတွက် နေရာချထားပေးသော အဆောက်အဉီးအမှတ်၁၄ ရှေ့တွင် ကားရပ်သွားချိန်၌ လှေကားထစ်များပေါ်တွင် လူများဖြင့် ပြည့်ကျပ်နေပေပြီ။

ဂျစ်ကားရပ်သွားပြီးနောက် လုဖျင်ကျိုးက အရင်ထွက်လာပြီးနောက် ချန်မန်ရှိရာဘက်သို့ ကွေ့ပတ်လျှောက်သွားကာ တံခါးကို ဖွင့်လိုက်ပြီးနောက် သူမကို ပွေ့ချီလိုက်လေသည်။

လူများသည် သူမဘေးတွင် ဝိုင်းအုံလာပြီး သူမကို မြင်လိုက်ရသောကြောင့်‌ ပျော်စရာများကို စတင်ဖန်တီးလိုက်ကြသည်။ 

တစ်ယောက်က ဒုတပ်ရင်းမှူးလုသည် အလွန်အောင်မြင်မည်ဆိုသည်မှာ သံသယဝင်ဖွယ်မရှိကြောင်း ပြောလိုက်သလို တခြားတစ်ယောက်ကလည်း သူတို့နှစ်ဦးအား လိုက်ဖက်ညီသော စုံတွဲဖြစ်ပေသည်ဟု ချီးမွမ်းလိုက်လေသည်။

ပုံမှန်အားဖြင့် တနေ့လုံးလုံး စနောက်ခံနေရသော‌ကြောင့် ချန်မန်အနေဖြင့် အစခံရခြင်းကို ကျင့်သား ရသွားသင့်၏။သို့သော်လည်း ထိုသူများကို သူမ မသိကျွမ်းသေးသလို ထိုသို့စနောက်ခြင်းကို မခံနိုင်သောကြောင့် သူမသည် ရှက်သွေးဖြန်းနေသော မျက်နှာနီနီလေးကို လုဖျင်ကျိုး၏ ရင်ခွင်ထဲသို့သာ နှစ်မြှုပ်ထားလိုက်လေသည်။

လုဖျင်ကျိုးသည် သူမ၏ လှုပ်ရှားမှုသေးသေးလေးကို သတိထားလိုက်မိပြီး သူ၏ အပြုံးက ပို၍ ကျယ်ပြန့်လာလေသည်။ သူက ဘေးပတ်ပတ်လည်ရှိ လူများထံမှ သူတို့၏ မရီးလေးအတွက် ညှာတာမှု တောင်းခံလိုက်၏။

“ကျွန်တော့်ဇနီးလေးက ရှက်နေတယ်... ကျေးဇူးပြုပြီး သူ့ကို နည်းနည်းလောက် ငဲ့ညှာပေးပါ...”

သူက ထိုသို့ မပြောဘဲနေလျှင် အဆင်ပြေနေမည်ဖြစ်သော်လည်း သူက ထိုသို့ပြောလိုက်သောအခါ ချန်မန်၏ မျက်နှာမှာ ပို၍ပင် ပူလောင်လာပြီး ကူကယ်ရာမဲ့စွာဖြင့် တီးတိုးပြောလိုက်၏။

“ရပါတယ်...”

လုဖျင်ကျိုးက ခေါင်းငုံ့လိုက်ပြီး အပြုံးတစ်ချက်နှင့် ပြောလိုက်လေသည်။

“စိတ်မပူပါနဲ့... နောက်ထပ် တို့ကို ဘယ်သူမှ မစတော့ပါဘူး...”

သူက အသံကို မည်သူမျှမကြားအောင်အထိ မတိုးလိုက်နိုင်သောကြောင့် ဘေးရှိ လူများက အားလုံးကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။ တစ်စုံတစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့... ရှောင်လုရဲ့ဇနီးလေး... ငါတို့ မင်းကို တကယ်ပဲ ထပ်မစတော့ပါဘူး...”

အခြားသူများကလည်း ရယ်မောပြီး သဘောတူလိုက်ကြသည်။
“ဟုတ်တယ်... ဟုတ်တယ်...”

ချန်မန်က သူမမျက်နှာကို လုဖျင်ကျိုး၏ လက်မောင်းများကြားသို့ မြှုပ်နှံထားလိုက်သည်။

“...”

အကယ်၍သာ သဘောတူညီချိန်တွင် ကျယ်လောင်စွာ မရယ်မောလိုက်လျှင် တဖက်သားက အနည်းငယ်မျှ ယုံကြည်နိုင်မည် ဖြစ်သော်လည်း ယခုမူကား...
ကောင်းပြီ၊ လုဖျင်ကျိုးရဲ့ ရင်ခွင်က သူမရဲ့ လိပ်အခွံပဲ...

☆☆☆


စစ်တပ်မှ လုဖျင်ကျိုးနေရန် ပေးထားသောအိမ်ရာမှာ ပထမထပ်၊ အခန်းနံပါတ်၂ ဖြစ်သည်။

ဝူရွှင်းယီ ပြောသည့်အတိုင်းပင် အိမ်တံခါးမကြီးအား ဖွင့်လိုက်လျှင် အပြင်ဘက်တွင် ခြံဝန်းသေးသေးလေး တစ်ခု ရှိသည်။ ကွေ့ကောက်နေသောကျောက်စရစ်လမ်းလေးတစ်ခုက တံစက်မြိတ်ဆီသို့ ဆန့်ထွက်သွားကာ တံခါးနှင့် ခြေနှစ်လှမ်းအကွာထိ ရောက်ရှိနေ၏။

ဝင်လာလိုက်လျှင် ဝရံတာတစ်ခုရှိပြီး ဝင်ပေါက်၏ ညာဖက်တွင် မီးဖိုခန်းနှင့် ရေချိုးခန်းက ကပ်လျက်တည်ရှိနေသည်။ ရှေ့ဘက်သို့ မျက်နှာမူထားသော ပြတင်းပေါက်တစ်‌ပေါက်နှင့် အနောက်ဘက်သို့ မျက်နှာမူထားသော ပြတင်းပေါက် တစ်ပေါက် ရှိသည်။

ဝင်ပေါက်၏ ဘယ်ဘက်တွင် နံရံရှိ၏။ တံခါးအနီးတွင် ဖိနပ်တင်ရန် ဖိနပ်စင်ချထားလေသည်။ ဗီရို၏ မျက်နှာပြင်သည် ပစ္စည်းအသေးအမွှားလေးများ ထည့်ရန် အသုံးပြုနိုင်သည်။ ဝရံတာ၏ အဆုံးတွင် လည်း ပစ္စည်းပစ္စယများထည့်ရန် နံရံနှင့်ကပ်လျက် ဗီရိုတစ်လုံးရှိနေ၏။

အိမ်အလယ်တွင် ဧည့်ခန်းဆီသို့ သွားသော တံခါးပေါက်ရှိသည်။ အိမ်အတွင်းခန်းဖြစ်သောကြောင့် ထိုနေရာတွင် တံခါးရွက်မရှိဘဲ ပုတီးစေ့ခန်းဆီးအတိုလေးတစ်ခုကိုသာ ချိတ်ဆွဲထားလေသည်။

ပုတီးစေ့ခန်းဆီးကို ဖြတ်၍ ဧည့်ခန်းနှင့် ထမင်းစားခန်းကို မြင်နေရသည်။ ထမင်းစားခန်းမှာမူ ပြတင်းပေါက်‌ဘေးတွင် စားပွဲဝိုင်းတစ်လုံးနှင့် ခုံအနည်းငယ် ချထားခြင်း ဖြစ်၏။ ဧည့်ခန်းသည် နောက်ဘက်သို့ လှည့်ထားပြီး ဆိုဖာနှင့် ကော်ဖီစားပွဲမှာ ထိုအခန်းထဲသို့ မရွှေ့ရသေးပေ။ ထိုနေရာတွင် အံဆွဲနှစ်ခုရှိပြီး တစ်ခုက ရှည်၍ တစ်ခုက ပုကာ နံရံနှင့်ကပ်ကာ ချထားလေသည်။

ဧည့်ခန်းနှင့် ထမင်းစားခန်း၏ ရှေ့တွင် တံခါးတစ်ခုရှိသည်။ ထိုတံခါးက ပိတ်ထားသော်လည်း တံခါးရွက်ပေါ်တွင် မည်သည့်စာလုံးမျှ ကပ်မထားခြင်းကြောင့် ဤသည်က ဒုတိယအိပ်ခန်းဖြစ်ကြောင်း ပြသနေသည်။ ဧည့်ခန်း၏ အလယ်တွင်လည်း တံခါးတစ်ချပ်ရှိပြီး ထိုတံခါးရွက်ပေါ်တွင် တရုတ်စာလုံး “囍” ကို ကပ်ထားသဖြင့် အဓိကအိပ်ခန်းအသစ်ဖြစ်သည်မှာ သေချာပေသည်။

လုဖျင်ကျိုးသည် ချန်မန်ကို ပွေ့ချီလျက် ဧည့်ခန်းကို ဖြတ်လာပြီး မင်္ဂလာအခန်းဆီသို့ သွားလေသည်။ သူတို့ဘေးမှ ပါလာသော တပ်သားများ၏ ဇနီးများက တံခါးများကို ကူညီ၍ ဖွင့်ပေးပြီး သတို့သားနှင့် သတို့သမီးနောက်မှ လိုက်ကာ မင်္ဂလာခန်းဆီသို့ ဝင်လာကြသည်။

အိမ်ခန်းနေရာ ချထားပေးပြီးကတည်းက လုဖျင်ကျိုးသည် အချိန်တစ်ခုယူကာ အိမ်အသစ်ကို ဆေးသုတ်ခဲ့သောကြောင့် အတွင်းဘက်ရှိ နံရံများသည် အပြင်ဘက်ထက် ပို၍ ဖြူဖွေးနေပေသည်။

အခန်းကလည်း ကျယ်ဝန်းသည်။ အိပ်ခန်းဝင်ပေါက်၏ ဘယ်ဘက်တွင် တံခါးသုံးချပ်ပါ ဧရာမဗီရိုကြီးတစ်ခုရှိနေသည်။ ဝင်ပေါက်လမ်းဘေးတွင် ၁.၅မီတာ ရှည်သော နံရံကပ်ကုတင်တစ်လုံးရှိသည်။ ကုတင်၏ အခြားဘက် နေရာလပ်တွင် အိပ်ရာဘေးတွင်ထားသော စားပွဲတစ်လုံးက နံရံကို ကပ်လျက် နေရာယူထားသည်။

ကုတင်၏ အဆုံးသတ်နှင့် ညာဘက်နံရံအကြားတွင် နေရာမှာ အတော်ပင် ကျယ်ဝန်းသည်။ မှန်တင်ခုံအဖြစ် အသုံးပြုရန် စားပွဲတစ်လုံးကို တံခါး၏ တစ်ဖက်တွင် နေရာချထားရာ ထိုစားပွဲသည် ပြတင်းပေါက်နှင့် မျက်နှာချင်းဆိုင်ဖြစ်ပြီး အခြားတစ်ဖက်တွင်စာအုပ်စင်ရှိသည်။

စာအုပ်စင်ပေါ်တွင် စစ်တပ်နှင့် ဆက်စပ်သော စာအုပ်များစွာရှိပြီး စာအုပ်ထက် နေရာလွတ်က ပိုများနေကာ ချန်မန်က သူတို့အား ဖြည်းညှင်းစွာ နေရာဖြည့်ပေးမည်ကို စောင့်ဆိုင်းနေလေသည်။

ပရိဘောဂများအပြင် ကုတင်ခေါင်းရင်းတွင် ဓာတ်ပုံဘောင်တစ်ခု ချိတ်ထားသည်ကိုလည်း ချန်မန် မြင်လိုက်ရသည်။ ထိုဓာတ်ပုံသည် သူမနှင့် လုဖျင်ကျိုး လက်ထပ်မှတ်ပုံတင် ယူခဲ့သည့်နေ့က ရိုက်ကူးထားသော ရောင်စုံဓာတ်ပုံဖြစ်၏။ ဓာတ်ပုံတွင် သူတို့နှစ်ယောက်သည် မြို့တော်ရင်ပြင်နောက်ခံထား၍ ဘေးချင်းယှဉ်လျက် မတ်တတ်ရပ်နေကြပြီး သူတို့၏ ပခုံးနှစ်ဘက်မှာ နီးကပ်နေပေသည်။

လုဖျင်ကျိုးက ချန်မန်ကို ချပေးလိုက်ပြီးချိန်တွင် အခန်းထဲသို့ အတူတူလိုက်လာကြသူများက ဓာတ်ပုံကို မြင်သွားပြီး ရယ်မောလိုက်ကြသည်။ အချို့လူများက ဓာတ်ပုံရိုက်ထားခြင်းနှင့်ပတ်သက်၍ ချီးမွမ်းကြပြီး နှစ်ယောက်လုံးသည် ဓာတ်ပုံထဲတွင် ကြည့်ကောင်းသည်ဟု ပြောလာကြသည်။ အချို့ကလည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် မည်မျှကောင်းမွန်ကြောင်း ပြောဆိုကာ နောက်ပြောင်နေကြသည်။

ချန်မန်၏ မျက်နှာမှာ ကားထဲမှ ထွက်လာစဉ်ကထက်ပင် ပို၍နီရဲလာလေသည်။ သူမအနေဖြင့် မည်သို့မျက်နှာထားရမည်ကို မသိသောကြောင့် ရှက်ရှက်နှင့် မျက်နှာကို ငုံ့ထားရုံသာ တတ်နိုင်တော့သည်။ 

လုဖျင်ကျိုးကမူ နည်းနည်းလေးမျှ မရှက်သည့်အပြင် ဂုဏ်ယူစွာဖြင့် ချန်မန်ကို ပြောလိုက်သည်။

“နံရံပေါ်က ဓာတ်ပုံဘောင်က ကိုယ် ကိုယ်တိုင်လုပ်ထားတာ...”

ချန်မန်က ထိုစကားကို ကြားလိုက်သောအခါ ခေါင်းကို ပြန်လှည့်လိုက်သည်။ အစောပိုင်းက သူမသည် ဓာတ်ပုံကိုသာ အာရုံစိုက်မိခဲ့သော်လည်း ယခုအခါ သူမသည် ဓာတ်ပုံဘောင်ကို စိုက်ကြည့်နေမိသည်။ 

ကုတင်ခြေရင်းမှ ကြည့်နေသောကြောင့် ဓာတ်ပုံဘောင်သည် ဝယ်ယူရသော ဓာတ်ပုံဘောင်နှင့်ပင် ခပ်ဆင်ဆင်တူလေသည်။ ပြုလုပ်ထားသော ကျွမ်းကျင်မှုအဆင့်သည် အကောင်းကြီးလည်း မဟုတ်သလို အရမ်းကြီးလည်း ဆိုးမနေသော်လည်း အထူးတလည် ပုံစံမျိုးလည်း မဟုတ်ပေ။ သို့သော် ထပ်ကြည့်လိုက်မိသောအခါ လုဖျင်ကျိုးသည် ကျွမ်းကျင်သော
လက်မှုပညာရှင်မဟုတ်စေကာမူ ထိုကဲ့သို့ ဓာတ်ပုံဘောင်တစ်ခုကို လုပ်နိုင်သည်မှာ အထင်ကြီးဖွယ်ရာပင်။

ထို့ကြောင့်ပင် ချန်မန်က ရက်ရက်ရောရော ချီးကျူးပေးလိုက်သည်။

“အရမ်းကောင်းတာပဲ...”

လုဖျင်ကျိုး၏ အပြုံးက ပို၍ပင် သိသာထင်ရှားလာပြီးနောက် အခြားသူများက အခန်းထဲတွင် နေခဲ့ကာ သူတစ်ယောက်တည်းသာ မင်္ဂလာအခန်းမှ နေ၍ အင်တင်တင်ဖြင့် ထွက်ခွာသွားလေသည်။ အကြောင်းမှာ ဧည့်သည်များကို နှုတ်ဆက်ရန်အချိန် ကျရောက်လာ‌သောကြောင့်ဖြစ်၏။

လုဖျင်ကျိုးထွက်သွားသည်နှင့် အိမ်အသစ်ထဲတွင် ကျန်ခဲ့သော ချန်မန်ကို စစ်သားဇနီးများက ဝိုင်းအုံနေကြသည်။ တစ်ယောက်က ချန်မန်တို့ အချင်းချင်း မည်သို့ ဆုံတွေ့ခဲ့သနည်းဟု မေးသလို တစ်ခြားတစ်ယောက်ကလည်း လုဖျင်ကျိုးသည် ချန်မန်ရှေ့တွင် မည်သို့နေလေ့ရှိသနည်းဟု မေးလေသည်။ သူမက ပိုပိုသာသာ‌လေး ပြောလာသေးသည်။

“ခုနက သူပြုံးလိုက်တဲ့ပုံစံကို မြင်လိုက်ရတော့ ကျွန်မ လန့်သွားတာပဲ... နှစ်တွေဒီလောက် ကြာတာတောင် သူဒီလိုပြုံးတာကို တစ်ခါမှ မမြင်ဖူးဘူး...”

“နင်မပြောနဲ့ ငါတောင် မမြင်ဖူးသေးဘူး...”

“ဒုတပ်ရင်းမှူးလုက တစ်ယောက်ယောက်နဲ့ ဒီလိုမျိုး ချိန်းတွေ့လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိဘူး... သူ လက်ထပ်ဖို့ အလျင်စလိုဖြစ်နေတယ်လို့ ဒါရိုက်တာဝူ ပြောတုန်းက ငါမယုံခဲ့ဘူး...”

“ဘယ်သူကရော ယုံမှာတဲ့လဲ...”

စစ်သားဇနီးမယားများက တစ်ယောက်တစ်ပေါက် ဆက်ပြောနေကြသည်မှာ အရှေ့ဆုံးမှ မတ်တတ်ရပ်နေသော အမျိုးသမီးတစ်ယောက်က အဓိကမေးခွန်းကို ထပ်မမေးမီအထိဖြစ်သည်။

"ဒါနဲ့ စကားစပ်... ညီမနဲ့ ဒုတပ်ရင်းမှူးလုနဲ့ ဘယ်လိုတွေ့ခဲ့ကြတယ်ဆိုတာ မပြောရသေးဘူးမဟုတ်လား..."

စစ်သားဇနီးမယားများအားလုံးက သူမကို တဖန်စိုက်ကြည့်လာကြပြန်သည်။ မျက်လုံးအစုံများစွာ၏ အကြည့်ဒဏ်ကြောင့် ချန်မန်မှာ ကူကယ်ရာမဲ့စွာဖြင့် မသက်မသာဖြစ်လာရသည်။ သူမက တိုးညှင်းစွာ ပြောလိုက်၏။

"အဲ့ဒါက... ညီမတို့ ဘယ်လိုတွေ့ခဲ့တာလဲဆိုတော့..."

"ဘယ်လိုပုံစံမျိုးလဲ..."

ချန်မန်၏ နှုတ်ခမ်းလေးက အနည်းငယ် စုစု၀ိုင်း၀ိုင်းလေး ဖြစ်လာပြီး ဆက်ပြောလေသည်။

"သူက ညီမတို့ရဲ့ စားသောက်ဆိုင်ကို လာစားတယ်လေ... လာစားတဲ့အကြိမ်ရေ နည်းနည်းများလာတော့ ညီမတို့ အချင်းချင်း ရင်းနှီးသွားကြတယ်..."

"ဒါဆို ညီမတို့ ဘယ်လိုတွဲဖြစ်သွားတာလဲ..."

ချန်မန်က ဆက်ဖြေပေးလေသည်။
"ဟိုတယ်မှာ ရှိတဲ့ အဒေါ်တစ်ယောက်က ညီမတို့ကို အောင်သွယ်လုပ်ပြီး မိတ်ဆက်ပေးတာ... ပတမဆုံး ကြင်ဖော်တွေ့ပြီးနောက်ပိုင်းကျ ညီမတို့က ပိုပြီး အဆင်ပြေသွားကြတယ်..."

ရှေ့တွင် မတ်တတ်ရပ်နေသည့်အထဲမှ ပန်းပွင့်ရှပ်အကျီနှင့် စစ်သားဇနီးမယားတစ်ဦးက ရယ်မောလိုက်ပြီး ကောက်ချက်ဆွဲလိုက်သည်။ 

"ဒုတပ်ရင်းမှူးလုက ညီမကို အချိန်အကြာကြီး စောင့်ကြည့်နေခဲ့တယ်ဆိုတာတော့ အထူးပြောစရာမလိုပါဘူး..."

"အဲ့ဒါကတော့ အမှန်ပဲ... အရင်တုန်းက တို့များ စုပေါင်းအိမ်ရာ၀င်းရဲ့ အမျိုးသမီးရေးရာအဖွဲ့ကနေ ဒုတပ်ရင်းမှူးလုကို မိန်းကလေးတွေ အများကြီးနဲ့ မိတ်ဆက်ပေးခဲ့တယ်... ဒါပေမဲ့ သူက အဲ့မိန်းကလေးတွေကို တွေ့တောင် မတွေ့ချင်ဘူးလေ... ညီမရဲ့ ဌာနက အဒေါ်က မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုတာကို လက်ခံတယ်ဆိုကတည်းက သူက ညီမကို စိတ်၀င်စားနေတာ ကြာနေပြီပဲ ဖြစ်ရမယ်..."

"မင်းတို့ရဲ့ စားသောက်ဆိုင်ကို စားဖို့လာခဲ့ရတဲ့ အကြောင်းရင်းကိုက မင်းကြောင့်ပဲ ဖြစ်နိုင်ပါတယ်..."

စစ်သားဇနီးမယားများက ချန်မန်ကို တစ်ယောက်တစ်လှည့် စနောက်နေကြပြီး နောက်ဆုံးတွင် မှတ်ချက်ပြုလိုက်ကြသည်။

"ကျွတ် ကျွတ် ကျွတ် ကျွတ်... ဒုတပ်ရင်းမှူးလုက ဒီလိုလူမျိုးဖြစ်နေလိမ့်မယ်လို့ ငါဖြင့် ထင်ကို မထင်မိဘူး..."

...

သူတို့နှစ်ဦး မည်သို့ရေစက်ဆုံခဲ့သည်ဆိုသည့် အကြောင်းကို စူးစမ်းချင်ကြသည်မှာ အခန်းထဲရှိ စစ်သားဇနီးမယားများသာ မဟုတ်ပေ။ လုဖျင်ကျိုး အပြင်ထွက်သွားသည်နှင့် သူ၏ သွေးသောက်ညီအစ်ကို ရဲဘော်ရဲဘက်များက ဝန်းရံလိုက်ကြပြီး သူ့အား ဇနီးတစ်ယောက် အပိုင်ရခဲ့သော ဇာတ်လမ်းကို ခရေစေ့တွင်းကျ စစ်စစ်ပေါက်ပေါက်ပင် တလှည့်စီ မေးမြန်းကြလေတော့သည်။

အိမ်ထောင်ရှိသော ရဲဘော်များကသာ အလေးအနက် မေးမြန်းကြသည်မဟုတ်ဘဲ လူပျိုလူလွတ်များကလည်း အသေးစိတ်ပင် သိချင်နေကြလေသည်။

ငါတို့အကုန်လုံးက လူပျိုတွေပဲကို... ဒုတပ်ရင်းမှူးလုက ဘယ်လိုဖြစ်ပြီးတော့ တစ်ကိုယ်တော်ဘဝကနေ အမြန်ဆုံး လွတ်မြောက်သွားရတာလဲ... သူရဲ့ အောင်မြင်မှုဇာတ်လမ်းကို နားထောင်မှကိုဖြစ်လိမ့်မယ်...

သို့သော် ကြာကြာနားထောင်မိသည်နှင့် အိမ်ထောင်ရှိသည်ဖြစ်စေ လူလွတ်ဖြစ်စေ တဖြည်းဖြည်းနှင့် ရှက်ရွံ့စိတ်ဝင်လာရသည်။

မင်းဟာက အတွေ့အကြုံတွေ မျှဝေနေတာရော ဟုတ်ရဲ့လား... ဒါမှမဟုတ် ကြွားပဲကြွားနေတာများလားကွာ...

ကံကောင်းသည်က လုဖျင်ကျိုးသည် ကြွားဝါနေရုံမျှမဟုတ်ဘဲ အမှန်တကယ်ပင် သူ၏ အတွေ့အကြုံများကို ဝေမျှ ပေးခဲ့လေသည်။ သူက ပြောလိုက်သည်။

"တကယ်လို့ မင်းတို့မှာ လက်တွဲဖော်လည်း ရှိနေပြီးတော့ မြန်မြန်လေးလည်း လက်ထပ်ချင်တယ်ဆိုရင် မင်းအတွက် လက်ထပ်ခွင့်တောင်းပေးဖို့ ဒါရိုက်တာ၀ူကို အကူအညီတောင်းလိုက်တာက တကယ်ကို မှန်လိမ့်မယ်..."

လုဖျင်ကျိုးက အမှန်အတိုင်း အကြံပြုခဲ့ခြင်း ဖြစ်စေကာမူ နားထောင်သူများက ပါဝင်သော အကြောင်းအရာများကို စစ်ထုတ်လိုက်ကြပြီး မှတ်မိသွားသည့်အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည်။

"တကယ်လို့ မင်းတို့ စောစောစီးစီး လက်ထပ်ချင်တယ်ဆိုရင် ဒါရိုက်တာဝူကို သွားမရှုပ်မိစေနဲ့..."

ထို့ကြောင့် မွန်းလွဲပိုင်းတွင် ၀ူရွှင်းယွီ ရောက်လာသောအခါ လက်ထပ်ပွဲသို့ တက်ရောက်လာသော လူပျိုလေးများက သူမကို ဝိုင်းအုံနေကြလေသည်။ အားလုံးကလည်း လက်တွဲဖော်တစ်ယောက် မိတ်ဆက်ပေးရန်အတွက် သူမ၏ အကူအညီကို တောင်းခံနေကြရာ အလွန်အကျွံပင် ဖြစ်နေခေ၏။ သူမမှာ ကူကယ်ရာမဲ့စွာဖြင့် နှစ်ကြောင်းကဗျာစာရွက်များ ကပ်ထားသော လုမိသားစု၏ အိမ်တံခါးကို မော့ကြည့်မိလေသည်။

နေရာလည်း မှန်သလို အချိန်လည်း မှန်သည်။ သူမသည် ဤနေရာသို့ မင်္ဂလာပွဲ တက်ရောက်ရန် ရောက်လာခြင်းဖြစ်သော်လည်း အဘယ်ကြောင့် အောင်သွယ်တော်အကျိုးဆောင်လုပ်ငန်းသို့ ရောက်သွားရလေသနည်း။

Search Novels