💓💓💓 👩‍❤️‍👨Chapter 51
ကြွားလုံးထုတ်ခြင်း 

စုပေါင်းအိမ်ရာဝင်းတစ်ခုတည်းတွင်နေထိုင်သော ချန်မန်သည် ဝမ်းရှ၏ အရေးကိစ္စများကို သေချာပေါက် သိလေသည်။ အိမ်ထောင်မပြုမီက သူမတွင် အတွေ့အကြုံ မရှိသော်လည်း သူမ၏ စာတွေ့အသိပညာသည် ထိုခေတ်က ဒေသခံများထက် အနည်းငယ် ပို၍ ကြွယ်ဝနေခဲ့သည်။ ထိုအရာ(မင်္ဂလာဦးည)က မည်သို့လုပ်ရသည်ဟူသော ဖြစ်စဉ်ကို သူမ အကြမ်းဖျင်းသိထားသည်။

ထို့ကြောင့် ဝမ့်ချိုးမိန် မမေးခင်အချိန်ထိ ချန်မန်သည် ထိုကိစ္စကို လုံးဝ မစဥ်းစားမိခဲ့ပေ။ သူမ၏ မိခင်က အဘယ့်ကြောင့် ထိုကိစ္စကို ဤမျှအထိ စိတ်ပူနေရသည်အား နားမလည်နိုင်ရုံမျှမက သူမမိခင်၏ ခက်ထန်မှုကြောင့်လည်း ကြောက်လန့်လုနီးပါး ဖြစ်ခဲ့ရ၏။

သူမမိခင်၏ စိုးရိမ်ပူပန်မှုကို နားလည်သွားပြီးနောက် ချန်မန်က တဖြည်းဖြည်း စိတ်သက်သာရာရသွားလေသည်။ မျက်နှာက ပူနေသေးသော်လည်း သူမက ပွင့်ပွင့် င်းလင်းပင် ဖြေဆိုလိုက်သည်။

"စိတ်မပူပါနဲ့ အမေ... သူက ကျန်းမာရေးကောင်းပါတယ်... ဘာပြဿနာမှ မရှိပါဘူး..."

သို့သော်လည်း ထိုစကားလောက် ကြားရရုံဖြင့် ဝမ့်ချိုးမိန်ခမျာ စိတ်မသက်သာနိုင်ခဲ့ပေ။ ဝမ်းရှသည် သုံးရက်လျှင် တစ်ကြိမ် အိမ်သို့ ပြန်လာသောအခါ သူမ၏ခင်ပွန်းဟောင်းက ကျန်းမာရေးကောင်းမွန်(သန်စွမ်း)ကြောင်း သူမမိဘများအား ပြောခဲ့သော်လည်း ရလဒ်မှာ အဘယ်သို့နည်း။ ဝမ့်ချိုးမိန်က ဆက်မေးလိုက်သည်။

"ဟိုတစ်နေ့ညက သမီး အဆင်မပြေတာ ဘာညာများ မခံစားရဘူးလား... အဲ့ဒါက နာသလား... သူက..."

သူမ၏ မိခင်က တုန်လှုပ်ချောက်ချားစရာမေးခွန်းတစ်ချို့ မေးမြန်းလာမည်ကို စိုးရိမ်သောကြောင့် ချန်မန်က သူမကိုတားမြစ်ရန် သူမ၏လက်ကို အမြန်ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့ အမေ... သူက တကယ့်ကို ပြဿနာမရှိပါဘူး... သူကလေ အဲ့ဒါကို တစ်ညတည်းနဲ့ ခုနှစ်ခါလောက် လုပ်ခဲ့ပြီးတော့ တစ်ခါတစ်ခါကို တစ်နာရီလောက်ကြာတယ်... အဲ့ဒါကြောင့် မနေ့ညက သမီးတို့အိပ်ချိန်က အရမ်းညဥ့်နက်သွားတာပေါ့..."

အခုချိန်ကတော့ သူ့သမီးကြောင့် ဝမ့်ချိုးမိန် ရှက်ရွံ့သွားသော အလှည့်ပဲ ဖြစ်သည်။ သူမက ဒေါသတကြီးနှင့် ပြောလိုက်သည်။

"ဒီကောင်မလေးကတော့... ငါက အဲ့လိုဟာတွေထိ မေးလို့လား..."

ချန်မန်၏ မျက်နှာက တောင့်တင်းသွားပြီး အမေ့ရဲ့သံသယတွေကို ဖြေဖျောက်ဖို့အတွက်ပဲ သမီးက ဒါတွေအကုန်လုံး ပြောပြခဲ့တာလေ၊ အခုကျတော့ အဲ့ဒါက သမီးအပြစ်တဲ့လားဟု တွေးနေမိသည်။

ငါ့အမေကတော့ အတော်ခက်တာပဲ...

ထိုစကားများကို ကြားပြီးနောက် သူမ၏ မျက်နှာ နီရဲသွားသော်လည်း ချန်မန် တွေးထားသည့်အတိုင်း ဝမ့်ချိုးမိန်၏သံသယများကို ဖယ်ရှားပစ်လိုက်နိုင်ခဲ့သည်။ သို့သော် သူမ၏ စိတ်ထဲတွင် နောက်ထပ်စိုးရိမ်မှု အသစ်များ ပေါ်လာသည်။

"သမီး ကိုယ့်ရဲ့ နေစဥ်လူမှုဘဝက ရှိသေးတော့ ဒီကိစ္စနဲ့ အရမ်းအပင်ပန်းမခံနဲ့... ငယ်သေးတာပဲဆိုပြီး အတိုင်းအဆမရှိ မလုပ်ရဘူး... သမီးရဲ့ကျန်းမာရေးကလည်း အရေးကြီးတယ်... အဲ့လိုမဟုတ်ရင် သမီး အခုတော့ ခံစားရတာ ချိုမြိန်ပေမယ့် နောင်ကျရင် သမီးပဲ ဒုက္ခရောက်လိမ့်မယ်..."

ချန်မန် တွေးနေသည်က အမေက သူမကို ဘာပြောချင်နေတာလဲဟုသာ တွေးနေမိတော့သည်။

ထွန်တဲ့နွားသာ မောလွန်းလို့ သေရင်သေရမယ် အထွန်ခံရတဲ့ လယ်ကွက်က ပျက်စီးတယ်လို့ မရှိဘူးဟု ပြောတတ်ကြသည်။ အရေအတွက် များလွန်း၍ ကျောက်ကပ်အားနည်းမှုကို ခံစားရမည်မှာ သူမ ဟုတ်ဟန်မတူချေ။ သူမ ထိုအကြောင်းကို လုဖျင်ကျိုးအား ပြောပြသင့်သည်။

သို့သော် သူမ စိတ်ပြောင်းသွားသည်။ သူမက ကျောက်ကပ်အားနည်းမှုကို ခံစားနေရမှာမဟုတ်ဘူးဆိုသည်ကို နားလည်ထားစေကာမူ အိပ်ရာဝင်ချိန် နောက်ကျခြင်းက သူမကိုလည်း ထိခိုက်စေမှာဖြစ်၏။ အထူးသဖြင့် သူမသည် အိပ်ချိန် ရှစ်နာရီပြည့်အောင် မအိပ်စက်ရလျှင် နောက်တနေ့၌ မလန်းဆန်းတော့ဘဲ အားအင်ကုန်ခန်းတတ်သူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူမက ပြောလိုက်သည်။

"သမီး ပြန်သွားတဲ့အခါ ဒီအကြောင်းကို သူနဲ့ သေချာလေး ပြောလိုက်ပါ့မယ်..."

"အဲ့ဒါကို တအားကြမ်းကြမ်းတမ်းတမ်းကြီး မလုပ်ရဘူး... ကိုယ့်ရဲ့လူမှုဘဝနဲ့ မှန်ကန်တဲ့ လိုက်လျောညီထွေ ရှိမှုကို သိအောင်လုပ်ပြီး ကျန်းမာရေးကို အလေးပေးရမယ်..."

ဝမ့်ချိုးမိန်က ထိုသို့ပြောပြီးနောက်မှာ ကလေးမြန်မြန်မွေးရမည့်အကြောင်းကို ထပ်မံတိုက်တွန်းရန် စကားစလိုက်သည်။

"သမီးအတွက် အရေးအကြီးဆုံးအချက်က ကလေးမြန်မြန်မွေးဖို့ပဲ... လှုပ်ရှားမှုမရှိရင် အရမ်းအရှက်မသည်းနဲ့... သူ့ကိုပါ ခေါ်သွားပြီး ဆေးရုံမှာ စစ်ဆေးကြည့်ရမယ်... တကယ်လို့ သူက ကလေးမမွေးနိုင်ဘူးဆိုရင်တောင် သမီးက ငယ်တုန်းရွယ်တုန်းဆိုတော့ နောက်ထပ်တစ်ယောက် ရှာလို့ရမှာပါ..."

ချန်မန်က သူမ၏မိခင်သည် အမှန်တကယ်ပင် ခက်ထန်ကြမ်းတမ်းသည်ကို တွေ့ရှိခဲ့ရသည်။

နောင်နှစ်ပေါင်းလေးဆယ် ငါးဆယ်မျှ ကြာလာသောအခါတွင် ကွာရှင်းပြတ်စဲမှုသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်လာခဲ့သည်။ သို့သော်လည်း အိမ်ထောင်ရေးပြဿနာများနှင့် ကြုံတွေ့ရပြီး ကွာရှင်းလိုသည့်အခါတွင် အမျိုးသမီးအများအပြားသည် ၎င်းတို့၏မိဘများထံမှ ပံ့ပိုးမှုမရရှိကြပေ။

မိဘများစွာ၏အမြင်တွင် သူတို့၏သားမက်သည် ပျင်းရိပြီး မည့်သည့်အခါမျှ အိမ်သို့ ပြန်မလာလျှင်ပင် ပြဿနာမဟုတ်ပါချေ။ သားမက်က အသက်ငယ်နေစေကာမူ ဖခင်တစ်ယောက် ဖြစ်လာသောအခါ ရင့်ကျက်လာလိမ့်မည်ဟု ယူဆကာ တတ်နိုင်သမျှ စောစော ကလေးမွေးရန် သူတို့က တိုက်တွန်းကြသည်။ လိမ်ညာခြင်းနှင့် မိန်းမလိုက်စားခြင်းများသည် ကြီးကြီးမားမား ပြဿနာမဟုတ်ပေ။ယောက်ျားအားလုံးက ဒီအတိုင်းသာဖြစ်သည်။ သူက သူပြောင်းလဲပါ့မယ်ဟု ပြောသောကြောင့် ကလေးများအတွက် စဥ်းစားပြီး သည်းခံရုံသာ ရှိပေသည်။

စိတ်ရှည်သည်းခံပြီး သင့်ဘဝကို ဖြတ်သန်းနိုင်ပါစေ။

သို့သော် ဝမ့်ချိုးမိန်သည် ထိုသို့သော မိဘမျိုး မဟုတ်ပေ။ သူမ၏ သားသမီးများအားလုံး ဘဝကို ကောင်းမွန်စွာ နေထိုင်နိုင်ရန် သူမက မျှော်လင့်ထားသည်။

သူမ၏ သားနှင့်သမီးအနက် သူမက သမီးဖြစ်သူအတွက် ပို၍ စိတ်ပူပင်လေသည်။

ချန်ကျင်းနှင့်ဇနီး၏ ထိုသို့သောကိစ္စများအတွက် သူမ ဂရုမစိုက်မိပါချေ။ လောဝမ်ရှင်းတွင် သေးငယ်သော ချို့ယွင်းချက်များစွာရှိနိုင်ပြီး ဝမ့်ချိုးမိန်က ထိုအချက်များကို တကယ်ပင် သည်းမခံနိုင်သော်လည်း အပေါ်ယံတွင် တင့်တယ်ကြည့်ကောင်းနေသရွေ့ အဆင်ပြေလေသည်။

လောကကြီးသည် ယောက်ျားများကို အမြဲပို၍ သည်းခံတတ်သည်။ စမ်းသပ်မှုနှင့် အမှားအယွင်းအတွက် ပြန်ပေးရသောကုန်ကျစရိတ်က (ပေးဆပ်ရမှု) နည်းပါးသည်။ များသောအားဖြင့် အမျိုးသားများသည် ပိုမိုသော ဆင်ခြင်တုံတရား သို့မဟုတ် ပိုမိုထက်သန်သော နှလုံးသားများ ရှိကြပြီး ဆုံးရှုံးမှုကို အချိန်မီ မည်သို့ရပ်တန့်ရမည်ကိုလည်း သိနားလည်ကြသည်။

အမျိုးသမီးများသည် အများအားဖြင့် စိတ်သဘောထားပျော့ပျောင်းပြီး စိတ်ခံစားမှုကြောင့် အလွယ်တကူ စိတ်လှုပ်ရှားတတ်သည်။

မျိုးပွားခြင်းဆိုင်ရာပြဿနာကဲ့သို့ပင် အမျိုးသားတစ်ဦးသည် ကလေးမရနိုင်တော့ကြောင်း သေချာပါက အမျိုးသမီးအများစုသည် ၎င်းတို့၏ခင်ပွန်းနှင့်အတူ ကလေးတစ်ဦးကို မွေးစားကြပေလိမ့်မည်။ ခင်ပွန်း၏ မျက်နှာကို ထောက်ထားပြီး သူ၏မစွမ်းဆောင်နိုင်ခြင်းအတွက် တာဝန်ယူမှုကို ကိုယ်စားထမ်းဆောင်ပေးရန်ပင် လက်ဦးမှု ယူကြပေလိမ့်မည်။

 á€Ąá€™á€ťá€­á€Żá€¸á€žá€™á€Žá€¸á€á€…်ဌးသည်သဏ ကလေးမရနိုင်ခဲ့လျှင်မူ ထိုဆက်နွှယ်မှုအားလုံးသည် ကွာရှင်းပြတ်စဲခြင်းတွင်သာ အဆုံးသတ်သွားနိုင်ပေသည်။

ဝမ့်ချိုးမိန်ကိုယ်တိုင်ကလည်း ထိုကဲ့သို့သောအခြေအနေမျိုးကြုံလာလျှင် အစောက ပြောခဲ့သော မိန်းမမျိုး မဖြစ်လာနိုင်ဟု အာမမခံနိုင်ပေ။သို့သော် မိခင်တစ်ယောက်အနေဖြင့် သူမ၏သမီးလေး၌ ပိုမိုကြံ့ခိုင်သော နှလုံးသား ရှိလာစေရန် မျှော်လင့်မိလေသည်။

ထိုစကားများမှာ မင်္ဂလာဦးနေ့ရက်များတွင် ပြောသင့်သောစကားများ မဟုတ်ပေ။ ဤသည်က တစ်စုံတစ်ယောက်ကို ရေအေးနှင့် လောင်းသကဲ့သို့ ဖြစ်နေပေသည်။ သို့သော် ဝမ့်ချိုးမိန်က သူမ၏သမီးဖြစ်သူသည် အလွန်ကံခေသွားမည်ကို စိုးရိမ်နေခဲ့၏။ထိုကဲ့သို့ တစ်စုံတစ်ရာဖြစ်ပျက်ပြီးကာမှဆိုလျှင် ထိုအကြောင်းကို သတိပေးရန် အလွန်ပင် နောက်ကျသွားပေလိမ့်မည်။

အဆုံးတွင် သူမသည် ထိုရေအေးကို လောင်းချလိုက်ခဲ့သည်။

သမီးဖြစ်သူသည် ပျော်ရွှင်သော အိမ်ထောင်ရေးအား ပိုင်ဆိုင်နိုင်မည်ဟု သူမမျှော်လင့်ထားစေကာမူ သမီးဖြစ်သူ အိမ်ထောင်မှုဘဝတွင် တည်ငြိမ်အေးချမ်းစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ဦးစားပေးထားနိုင်ရန်လည်း မျှော်လင့်နေမိပေသည်။

ချန်မန်က ဝမ့်ချိုးမိန်၏ခါးကို ပွေ့ဖက်ထားရင်း သူမကို မှီနွဲ့ကာ ပြောလိုက်၏။

"အမေ ဒီလို အရမ်းစိုးရိမ်နေမှန်းသိရင် သမီး အိမ်ထောင်မပြုသေးပါဘူး... နောက်ထပ်သုံးလေးနှစ်လောက် အမေတို့နဲ့ အတူနေမှာပေါ့..."

ရဲဘော် ဝမ့်ချိုးမိန်က မဆိုင်းမတွပြောလာသည်။

"မရပါဘူး... သမီးသာ နောက်ထပ်နှစ်သုံးလေးနှစ်ကြာအောင်နေခဲ့ရင် အမေကတော့ စိတ်ပူရတာနဲ့ သေမှာပဲ..."

ချန်မန်: "... အမေက ဒီလိုပြောတော့ သမီး အရမ်းဝမ်းနည်းသွားပြီနော်..."

"ဟုတ်တယ်လေ... အမေတို့ အိမ်ရာဝင်းထဲက လက်မထပ်ရသေးတဲ့ နှစ်ဆယ့်ငါးနှစ် ဒါမှမဟုတ် နှစ်ဆယ့်ခြောက်နှစ် အရွယ်တွေကို ကြည့်ကြည့်စမ်း.. ဘယ်သူ့မိဘက စိတ်မပူဘဲ နေတာရှိလို့လဲ..."

ဝမ့်ချိုးမိန်က သူမ၏ဒုတိယသားကို တွေးလိုက်မိသည်။

"သမီးရဲ့ ဒုတိယအစ်ကိုအတွက်တော့ ဘာနည်းလမ်းမှကို မရှိဘူး... သူက အခု ကျေးလက်မှာ နေတာ... သူ့အတွက် အိမ်ထောင်ဘက်ကို သူနေတဲ့နေရာက နယ်ခံမိန်းကလေးကို ရွေးလိုက်မယ်ဆိုရင် နောင်တချိန်ကျ ဒုက္ခရောက်ရလိမ့်မယ်... မြို့ပေါ်မှာ အိမ်ထောင်ဘက် ရှာပေးပြန်ရင်လည်း သူရဲ့ အလုပ်က လောလောဆယ် ကျေးလက်မှာလို့ စာရင်းပေါက်နေတော့ တခြားသူတွေက သူ့ကို အထင်အမြင်သေးမှာ စိုးမိတယ်..."

ချန်မန်၏ ဒုတိယအစ်ကိုသည် သူမထက် လေးနှစ်ပိုကြီးပြီး ယခုနှစ်တွင် နှစ်ဆယ့်ငါးနှစ်ထဲသို့ ရောက်မည်ဖြစ်သည်။

ချန်လျန့်အကြောင်းကို စဉ်းစားရင်း ချန်မန် ကျောမတ်မတ် ထိုင်လိုက်ပြီး မေးလိုက်သည်။

"ဒုတိယအစ်ကို ပြန်သွားပြီလား..."

"မနေ့က ပြန်သွားပြီ... သူပြောတာတော့ ဒီအချိန်က လယ်ထွန်ချိန်မို့လို့ အလုပ်များနေတော့ ခွင့်များများတောင်းတာကို သူတို့က လက်မခံဘူးတဲ့..."

ဝမ့်ချိုးမိန်က သက်ပြင်းချလိုက်ပြီး 
ဆက်ပြောသည်။

"သမီးတို့ မောင်နှမသုံးယောက်ထဲမှာ သမီးနဲ့ ဒုတိယသားအတွက်ပဲ အမေ စိတ်ပူစရာရှိတာ... အခု သမီးက လက်ထပ်ပြီးပြီဆိုတော့ သိပ်မကြာခင် ကလေးရလာရင် အမေ အတော်လေး စိတ်သက်သာရာရလိမ့်မယ်... သမီးရဲ့ ဒုတိယအစ်ကိုအတွက်ကတော့ သမီးအဖေနဲ့ အမေက နည်းလမ်းရှာဖို့ ကြိုးစားနေတာ... ငါတို့က သူ့အတွက် အလုပ်အကိုင် ဝယ်နိုင်မလားလို့ စောင့်ကြည့်ဖို့ စီစဉ်ထားတာဆိုတော့ အလုပ်သမားအသစ်တွေ စုတဲ့အချိန်မှာ သူ ပြန်လာနိုင်လောက်ပါတယ်... အဲ့ကိစ္စလေး အလုပ်ဖြစ်မှပဲ အမေလည်း တသက်လုံးနောင်တမရဘဲ နေလို့ရမှာ..."

အမှန်မှာ သူတို့အနေဖြင့် အလုပ်မ၀ယ်ပေးနိုင်လျှင်ပင် သူတိုသားကို မြို့သို့ ပြန်ခေါ်ပေးနိုင်မည့် နည်းလမ်းကို ရှာနေကြဆဲပင်။ အဆုံးတွင် မည်သို့ဖြစ်စေ ချန်စုဝေ့တွင် အလုပ်တစ်ခု ရှိပါသေးသည်။

သို့သော် ချန်စုဝေ့သည် အဆင့်မြင့်လျှပ်စစ်ပညာရှင်ဖြစ်ပြီး တစ်လလျှင် လစာ ယွမ် ၈၀ကျော် ရရှိကာ ဒုတိယသားဖြစ်သူ ချန်လျန့်မှာ အထူးတလည်ကျွမ်းကျင်သောပညာ မရှိသောကြောင့် သာမန်အလုပ်တစ်ခုအဖြစ်သာ လက်လွှဲယူနိုင်မည်ဖြစ်ရာ လစာအနေဖြင့် တစ်လလျှင် ယွမ်၃၀ခန့်သာ အများဆုံး ရနိုင်ပေသည်။ (အဖေ ပင်စင်ယူရင် အဲ့နေရာ သားကို ဆက်ခန့်တာမျိုးကို ပြောတာပါ)

သူတို့သည် အသက်ကြီးရင့်ပြီ ဖြစ်ပြီး သူတို့၏ကလေးများအား ထောက်ပံ့နေသေးလေရာ လစဉ် လစာသုံးပုံတစ်ပုံကိုသာ စုဆောင်းနိုင်သေးသည်။

အကယ်၍ ဒုတိယသားကသာ အလုပ်ကို လွှဲပြောင်းယူမည်ဆိုလျှင် သူ့လစာသည် လူသုံးယောက်အတွက် မလုံလောက်ပါချေ။ ထို့အပြင် သူသည် အသက်ကြီးလာသည်နှင့် အိမ်ထောင်ပြုရန် စဉ်းစားရန် လိုအပ်လာသည်။ အိမ်ထောင်မပြုမီ ခန်းဝင်ပစ္စည်း လိုအပ်ပြီး အိမ်ထောင်ကျပြီးနောက် မိသားစုကို ထောက်ပံ့ရန် လိုအပ်သည်။ သူ့မိဘများကို သူတစ်ယောက်တည်း ထောက်ပံ့နိုင်ရန်မှာ ခက်ခဲလွန်းလှပေသည်။

သို့သော်လည်း သားနှစ်ယောက်လုံးကို အတူတူ ပြုစုပျိုးထောင်ခဲ့သည် ဖြစ်စေကာမူ အမှန်ပြောရလျှင့် ချန်စုဝေ့၏ မူရင်းလစာက ယွမ်၈၀ကျော်လေရာ သားအကြီးဆုံးနှင့် သူ့ဇနီးသည် မိဘများအား ထောက်ပံ့ရန် ဆန္ဒရှိမည် မဟုတ်ပေ။ သားကြီးက စေတနာထားလျှင်ပင် ဇနီးဖြစ်သူက ထိုအကြောင်းကြောင့် မပျော်မရွှင် ဖြစ်နိုင်သလို နောင်တွင်လည်း မိသားစုသေးသေးလေးအတွင်း၌ ရန်ပွဲများ ဆင်နွှဲရမည်မှာ သေချာပေ၏။

ထို့ကြောင့် ဝမ့်ချိုးမိန်၏ အစီအစဉ်အရ သူမသည် လာမည့်နှစ်အနည်းငယ်အတွင်း ပိုက်ဆံပိုစုကာ ဒုတိယသားအတွက် အလုပ်တစ်ခု ဝယ်ပေးချင်နေခဲ့ခြင်း ဖြစ်သည်။ မတတ်နိုင်လျှင်ပင် သူတာဝန်ယူရပေမည်။ အသက်ကြီးသော ဇနီးမောင်နှံသည် စုဆောင်းငွေအချို့ရှိရန် လိုအပ်ပြီး သို့မှသာလည်း သားသမီးများအတွက် ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်စေနိုင်တော့ပေ။

အစတွင် အရာအားလုံး ကောင်းမွန်စွာ စီစဉ်ထားသော်လည်း ချန်လျန့်က အသက်အရွယ် ရလာသည်နှင့်အမျှ အချိန်က မည်သူကိုမျှ မစောင့်သောကြောင့် ဝမ့်ချိုးမိန်သည် ထိန်းမနိုင်သိမ်းမရ အစိုးရိမ်လွန်စပြုလာသည်။

ချန်မန်က ဝမ့်ချိုးမိန် မည်သည်ကို စီစဉ်နေမှန်း မသိစေကာမူ မိခင်၏ စိုးရိမ်မှုကို နားလည်ပေးကာ နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပူပါနဲ့ အမေ... ဒုတိယအစ်ကိုက သေချာပေါက် ပြန်လာရမှာပါ..."

မကြာမီ နှစ်အနည်းငယ်အတွင်း၌ သူမ၏ ဒုတိယအစ်ကို ပြန်လာနိုင်ရန် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာပေလိမ့်မည်။ ပထမဆုံးအနေဖြင့် လာမည့် ဆောင်းရာသီတွင် ကောလိပ်ဝင်ခွင့် စာမေးပွဲကို ကျင်းပမည်ဖြစ်ပေသည်။ ထိုစာမေးပွဲကို သူ အောင်မြင်ပြီး မြို့ပေါ်သို့ ပြန်လာနိုင်ခဲ့လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ဒုတိယအစ်ကို၏ ရမှတ်များသည် ပျမ်းမျှအဆင့်မျှသာ ဖြစ်သော်လည်း၊ သူမသည် ယခုပင် သူ့အား သင်ထောက်ကူပစ္စည်းများ ပေးပို့နိုင်ပြီး ပြင်းပြင်းထန်ထန် စာကျက်ရန် တိုက်တွန်းရပေလိမ့်မည်။ သူမ၏ အစ်ကိုသည် နောက်နှစ်မှာ တက္ကသိုလ်ကောင်းကောင်းသို့ မတက်ရောက်နိုင်လျှင်ပင် နည်းပညာအလယ်တန်းကျောင်းသို့ တက်ရောက်နိုင်လျှင် အတော်ပင် အဆင်ပြေနေချေပြီ။

အကယ်၍ အချို့သူတို့သည် မြို့ကို ပြန်ရန်အတွက် စာမေးပွဲအား အမှန်မဖြေနိုင်လျှင်ပင် မြို့သို့ပြန်လာသော ပညာတတ်လူငယ်လှိုင်းလုံးကြီး ပေါ်ပေါက်လာမည်ဖြစ်သည်။ ပထမနှစ်အနည်းငယ်တွင် အလုပ်ရှာရန် ခက်ခဲသော်လည်း ၁၉၈၀ ပြည့်နှစ်အစောပိုင်းကာလများသည် လူသိများသောအချိန်ကာလတစ်ခုဖြစ်သည်။ ငွေရှာရသည်မှာ မလွယ်လှသော်လည်း သတ္တိရှိသရွေ့ ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်ရန် စျေးဆိုင်တစ်ခု ထူထောင်ရေးမှာ မခက်ခဲလှချေ။

အရာရာတိုင်းသည် ကောင်းသထက် ပိုကောင်းလာပေတော့မည်။

"ဒုတိယသား ပြန်လာဖို့ လေးငါးနှစ်လောက် အချိန်ယူရဦးမယ်... အခုအချိန်မှာတော့ အမေ အစိုးရိမ်ဆုံးက သမီးကိုပဲ..."

ဝမ့်ချိုးမိန်က ကျွမ်းကျင်စွာဖြင့် အကြောင်းအရာကို နောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။ 

"မြန်မြန်လေး..."

"ရှောင်လု လုပ်နိုင်လား စမ်းသပ်ဖို့ မကြာခင်မှာ ကလေးယူပါ..." 

ချန်မန်က လက်ကို မြှောက်ကာ ဝမ့်ချိုးမိန်၏ စကားကို ကြားဖြတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

💓💓💓 👩‍❤️‍👨Chapter 52


ချန်မန်က လက်ကို မြှောက်ကာ ဝမ့်ချိုးမိန်၏ စကားကို ကြားဖြတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"သမီး ပြန်တာနဲ့ ဒီအကြောင်းကို ရဲဘော် လုဖျင်ကျိုးကို သေချာပြောပြပြီး ဆေးလိပ်ဖြတ်ဖို့၊ အရက်ဖြတ်ဖို့ ပြီးတော့လေ့ကျင့်ခန်းတွေ များများလုပ်ခိုင်းပါ့မယ်... ဒါမှ တတ်နိုင်သမျှ အမြန်ဆုံး သူ့ကိုယ်သူ သက်သေပြနိုင်မှာပါ..." 

ဝမ့်ချိုးမိန်မှာ ဆို့နင်သွားသည်။
"နင်ကတော့လေ ဘယ်လိုတောင် ပြောရဲတာလဲနော်..."

ချန်မန်က ပြုံးလိုက်သည်။
"အမေ မှတ်မိတယ်ဆိုရင် ရပြီလေ..."

ကိစ္စဝိစ္စမှန်သမျှကို တိုင်ပင်ပြီးနောက် ဝမ့်ချိုးမိန်သည် ချက်ပြုတ်ရန် မီးဖိုချောင်သို့ သွားလေသည်။ အလုပ်ကြိုးစားပြချင်နေသော လုဖျင်ကျိုးကလည်း အကူအညီပေးရန် မီးဖိုချောင်ထဲကို ဝင်လာသည်။

ချန်မန်သည် သူမတွင် နေရာရွှေ့ရန်ကလွဲ၍ ရွေးချယ်စရာမရှိမှန်း သိသောကြောင့် မိခင်နောက်သို့ လိုက်သွားခဲ့သည်။ သို့သော်လည်း သူမတို့၏ မီးဖိုချောင်ကို တည်ဆောက်ထားသည်က နေရာကျဉ်းသောကြောင့် သူမဝင်သွားသောအချိန်၌ လူသုံးယောက် ဖြစ်သွားကာ လှည့်၍ပြု၍ပင် မရသောကြောင့် ဝမ့်ချိုးမိန်မှ အမြန်မောင်းထုတ်ခဲ့သည်။

ဝမ့်ချိုးမိန်သည် မျက်နှာသာမပေးဘဲ လုဖျင်ကျိုးကို ထိုင်ခိုင်းထားသော်လည်း သူက ငြင်းဆန်ပြီး သူ့အရည်အချင်းကို ပြသမည်ဟု အတင်းအကျပ် ပြောနေသောကြောင့် ဝမ့်ချိုးမိန်က လက်လျှော့ပြီး သူ့ကို ဆက်နေခိုင်းလိုက်ရသည်။

သူမ၏ သမီးနှင့် သမက်ဖြစ်သူက ယနေ့ပြန်လာမည်ကို သိသဖြင့် ဝမ့်ချိုးမိန်သည် မနက်အရုဏ်တက်ကတည်းက အသားငါးဌာနတွင် တန်းစီပြီး ဝက်သားတစ်ပေါင်၊ ဝက်အူနှစ်ပေါင်အပြင် ငါးကြင်းနဲ့ တို့ဟူးတို့ကိုလည်း ဝယ်ယူခဲ့သည်။။

သူမက ဝယ်လာပြီးနောက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ထားပြီးဖြစ်လေသည်။ ဝက်သားကို ပြုတ်ပြီးသားဖြစ်သည်။ ယခု သူမသည် ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ စသည်ဖြင့် ဟင်းခတ်ပစ္စည်းများကို ပြင်ဆင်ရန် လိုအပ်နေပြီဖြစ်သည်။

ကြက်သွန်ဖြူ အခွံခွာခြင်းသည် နည်းပညာကျွမ်းကျင်ရန် မလိုအပ်သော အလုပ်တစ်ခုဟု မထင်လိုက်ပါနှင့်။ ကြက်သွန်ဖြူလှီးဖြတ်ခြင်း၏ ရလဒ်များကို ကြည့်ခြင်းဖြင့် ထမင်းဟင်း ချက်တတ်သည် မချက်တတ်သည်ကို ပြောပြနိုင်လေသည်။

ယခုလည်း ထိုအတိုင်းပင်။ လုဖျင်ကျိုး ကြက်သွန်ဖြူ စင်းနေသောအရှိန်ကို မြင်လိုက်သောအခါ သူသည် အိမ်မှုကိစ္စမလုပ်ဖူးသောလူ မဟုတ်ကြောင်း ဝမ့်ချိုးမိန် သိသွားလေသည်။ ထို့နောက် သူ၏ ဟင်းကို ကြော်လိုက်ပုံ၊ အိုးကိုလှန်လိုက်ပုံများကို သူမမြင်သောအခါတွင် သူ၏ ဟင်းချက်ကျွမ်းကျင်မှုသည် သူမ၏ သမီးထက် သာလွန်ကြောင်းပါ သူမ သိလိုက်ရသည်။

ဝမ့်ချိုးမိန်မှာ သားမက်ကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေသည်။ သူမက မေးလိုက်သည်။

"အရင်နှစ်ရက်က မင်းတို့ ဟင်းချက်စားတာလား..."

လုဖျင်ကျိုးက ဖြေလိုက်သည်။

 "မနေ့ညနေကတော့ ချက်စားလိုက်တာ..."

"ဘယ်သူချက်တာလဲ..."

လုဖျင်ကျိုးက ချက်ပြုတ်နေရင်း ဖြေလိုက်သည်။

"မန်မန်နဲ့ ကျွန်တော် အတူတူ ချက်ကြတာပါ... မန်မန်က ငရုတ်ပွကြက်ဥမွှေကြော် ကြော်ပြီးတော့၊ ကျွန်တော်ကတော့ ခရမ်းချဉ်သီးနှပ်ရယ် အာလူးချဥ်စပ်ရယ် ချက်လိုက်တယ်လေ..."

ဝမ့်ချိုးမိန်က မေးလိုက်သည်။
"မန်မန်ချက်တဲ့ ဟင်းတွေက အဆင်ပြေတယ်လို့ မင်းထင်လား..."

"အရသာရှိပါတယ်... ကျွန်တော် မနေ့ကအဲ့ဟင်းတွေနဲ့ ထမင်းနှစ်ပန်းကန်တောင် ကုန်တယ်..."

လုဖျင်ကျိုးကပဲ မျက်လုံးထဲတွင် ချစ်ရသူ၏ အလှအပ(ကောင်းကွက်)ကိုသာ မြင်နေပြီး ဟင်းတွေကို မျိုကျနိုင်ခြင်းလော သို့တည်းမဟုတ် သမီးဖြစ်သူကပဲ မနေ့က ဟင်းချက်လက်ရာ ကောင်းသွားခြင်းလောဟူသည်ကိုတော့ ဝမ့်ချိုးမိန် မခွဲခြားတတ်တော့ပေ။

သို့သော် သားမက်ဖြစ်သူက တုံ့ဆိုင်းနေဟန် မရှိသောကြောင့် ဝမ့်ချိုးမိန်က ပထမအချက်သာ ဖြစ်နိုင်သည်ဟု လက်ခံလိုက်ပြီး ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

"မင်း သဘောကျတယ်ဆိုရင် အားလပ်ရက်တွေမှာ မကြာခဏ အတူတူ ချက်စားလို့ ရတယ်... မင်းတို့နှစ်ယောက်လုံးက ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတတ်တာဆိုတော့ အတူတူချက်ပြုတ်စားတာက မင်းတို့ရဲ့ ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်တာပေါ့... မင်းရော အဲ့လို မထင်ဘူးလား..."

"အမေပြောတာ မှန်ပါတယ်..."
လုဖျင်ကျိုးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ဝမ့်ချိုးမိန်က ထိုစကားကို ကြားရသောအခါ ပိုပျော်သွားပြီး ဆက်ပြောလေသည်။

"မန်မန်က အငယ်ဆုံးသမီးပီပီ ငယ်ငယ်လေးကတည်းက နည်းနည်းတော့ ဆိုးတ
ယ်... သူမရဲ့ ပင်ကိုယ်စရိုက်က သိပ်ပြီး နူးညံ့သိမ်မွေ့နေတာမျိုး မဟုတ်ဘဲနဲ့ ပြီးတော့ တခါတလေလည်း ဒေါသကကြီးသေးတယ်... မင်းတတ်နိုင်သလောက် သည်းခံပေးပါ... သည်းမခံနိုင်ရင်တော့ အမေ့ကိုပြောပြ... အမေသူ့ကို ဆုံးမပေးမယ်..."

"စိတ်မပူပါနဲ့ အမေ... မန်မန်နဲ့ ကျွန်တော်က အဆင်ပြေပါတယ်..."

လုဖျင်ကျိုးက သူ့ယောက္ခမ၏ စကားကို သဘောမတူဘဲ ချန်မန်အပေါ် သူ့ဘဘောထားကို အလေးပေး၍ ပြောပြသည်။

"မန်မန်က ဒီအတိုင်းလေးဘဲ ပိုကောင်းတယ်လို့ ကျွန်တော်ထင်တယ်... ဒေါသနည်းနည်းထွက်တတ်တာလဲ ကောင်းပါတယ်..."

အလှတရားဟူသည် ကြည့်ရှုသူ၏မျက်လုံးထဲတွင်သာ တည်မှီနေခြင်းမှာ အမှန်ပင်ဖြစ်သည်ဟု ဝမ့်ချိုးမိန် တကိုယ်တည်း တွေးနေမိသည်။ ထို့နောက်သူမသည် အတွေးပွားနေရင်း ယခုအချိန်၌ လုဖျင်ကျိုးသည် ချန်မန်ကို နှစ်သက်နေသဖြင့် သူမနှင့်ပတ်သက်သည့် အရာအားလုံး ကောင်းမွန်သည်ဟု ယူဆနေခဲ့သည်။သို့သော်လည်း နောင်တစ်ချိန် သူက သူမကို အချစ်လျော့သွားချိန်၌ သူမ၏ဒေါသနည်းနည်းလေးသည် ကြီးမားသောပြဿနာတစ်ခုဖြစ်လာမည်ကို စိုးရိမ်မိသွားပြန်သည်။

သို့သော် ဝမ့်ချိုးမိန်က အရာအားလုံးသည် မထင်မှတ်ဘဲ ပြောင်းလဲသွားတတ်သည်ကို သိနားလည်ထားပြီး ငယ်ရွယ်သူ ဇနီးမောင်နှံသည်လည်း ယခုအချိန်မှာ ချစ်စခင်စဖြစ်နေသောကြောင့် ထိုသောကများကို စိတ်ထဲထားရန် အကြောင်းမရှိပေ။

ထို့အပြင် သားမက်ကို မည်မျှပင် သဘောကျနေပါစေ သူမ၏ စိတ်နှလုံးအတွင်းသို့ အရင်ဆုံး ဝင်လာသူမှာ သူမ၏ သမီးသာ ဖြစ်သည်။ အေးဆေးတည်ငြိမ်နေမည်ဟု မျှော်လင့်ရင်း သမီးဖြစ်သူကို ရေအေးလောင်းပေးရပေမည်။ သို့သော် သူမရှေ့တွင် ရှိနေသူမှာ သားမက်ဖြစ်၍ သူတစ်သက်လုံး ခေါင်းပူနေစေရန် သူမမျှော်လင့်မိပေသည်။

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဝမ့်ချိုးမိန်က ပြုံးပြုံးလေးဖြင့် ပြောလိုက်သည်။

"မင်းက ဒီလိုထင်တော့လည်း အကောင်းဆုံးပေါ့... မန်မန်က ကြည့်လိုက်ရင် ဥာဏ်ကောင်းပုံနဲ့ တကယ်တမ်းကျတော့ သူက တော်တော်လေး ဥာဏ်တုံးတယ်... တခြားသူတွေက သူ့ကို ကောင်းကောင်းဆက်ဆံလိုက်တာနဲ့ သူတို့ကို လုံးဝဥဿုံ ယုံကြည်သွားရော... မင်းသာ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရင် အမြဲတမ်း မင်းကို ကောင်းကောင်းဆက်ဆံလိမ့်မယ်..."

လုဖျင်ကျိုးက ဝက်အူကြော်ကို ချက်နေရင်း လေးလေးနက်နက်ပြောလိုက်သည်။
"ကျွန်တော် သူ့ကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်..."

ညဘက်တွက် အချိန်မီ ပြန်သွားစရာ အကြောင်း မရှိသည့်အတွက် လုဖျင်ကျိုး က ယောက္ခမထီးဖြစ်သူကို အဖော်ပြုကာ နေ့လယ်စာစားရင်း နှစ်ခွက်သုံးခွက်မျှ သောက်လိုက်လေသည်။ ချန်ကျင်းသည်လည်း နေ့လယ်စာကို အိမ်တွင် စားစေကာမူ နေ့ခင်းတွင် အလုပ်သွားရမည်ဖြစ်သောကြောင့် မထသောက်ဘဲဘေးကနေသာ ကြည့်နေလိုက်ရသည်။

အမှန်က ချန်စုဝေ့သည်လည်း ယနေ့ အလုပ်သွားရမည်ဖြစ်သော်လည်း ဝမ့်ချိုးမိန်က သမီးလေး လက်ထပ်ပြီး အိမ်ပြန်လာခြင်းကို အလွန်အလေးထားသောကြောင့် သူ့ကို ခွင့်ယူရန် တောင်းဆိုခဲ့သည်။

သူ့တစ်နေ့တာလုပ်အားခကို စွန့်လွှတ်ရန် တုန့်ဆိုင်းနေစေကာမူ သူကလည်း သမီးဖြစ်သူ၏ အိမ်ပြန်ခြင်းကို လက်မလွတ်ချင်သောကြောင့် သေချာစဉ်းစားပြီးနောက် အနားယူရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ထိုသို့ခွင့်ယူခြင်းကြောင့် ငွေမဝင်တော့ခြင်းကို ကာမိစေရန်အတွက် သူ့သမီး၏ မင်္ဂလာပွဲနေ့ကလွဲလျှင် ယခုလအတွင်း၌ တနင်္ဂနွေနေ့တိုင်းကို အသုံးချပြီး အလုပ်များစွာကို လုပ်ခဲ့သည်။

ကိုယ်ပိုင်အလုပ်အတွက် အခကြေးငွေယူ၍ မရနိုင်သော်လည်း သူရရှိသောငွေသည် အခြေခံအားဖြင့် သူ၏နေ့စဉ်ဝင်ငွေနှင့် ညီမျှသည်။(အပြင်အလုပ်ကြားပေါက်လုပ်တာထင်တယ်)

ကံမကောင်းစွာဖြင့် အထက်လူကြီးများသည် စည်းကမ်းတင်းကျပ်ပြီး ဤကဲ့သို့သော အလုပ်မျိုးကို မကြာခဏ မရနိုင်ပေ။ ထိုသို့ မဟုတ်ပါက သူတို့လင်မယားသည် ဒုတိယသားအတွက် အလုပ်ရှာရန် အဘယ်ကြောင့် ဤမျှကြာမြင့်နေရပေမည်နည်း။ သူတို့သား ပြန်လာသည်နှင့် အလုပ်နေရာကို လက်လွှဲပေးလိုက်ပြီးနောက် ကိုယ်ပိုင်အလုပ်လုပ်ပြီး ဝင်ငွေရှာခြင်းက သူ့အတွက် အဆင်ပြေလေသည်။

ပြောရမည်ဆိုလျှင် ချန်စုဝေ့ အမြဲလို နောင်တရနေသောအချက်မှာ သားမက်ဖြစ်သူနှင့် နှစ်ယောက်သား ကောင်းကောင်းမသောက်နိုင်ခဲ့ကြခြင်း ဖြစ်လေသည်။

ယနေ့ အခွင့်အရေးရသဖြင့် မထိန်းနိုင်တော့ဘဲ သူ့ကိုယ်သူ နည်းနည်း လွှတ်ပေးလိုက်မိလေသည်။ သူက လုဖျင်ကျိုးနှင့်အတူ တစ်ခွက်ပြီးတစ်ခွက် သောက်ခဲ့နေပြီး ဝမ့်ချိုးမိန်ကလည်း သူ့ကို မတားနိုင်ခဲ့ပေ။

နောက်ဆုံးတွင် သားအဖနှစ်ဦးအနက် တစ်ဦးမှာ အမူးလွန်ပြီး မှောက်သွားကာ ကျန်တစ်ဦးမှာ မူးဝေနေသောကြောင့် နှစ်ယောက်သား အနားယူရန် အခန်းထဲသို့ ပို့ပေးခဲ့ရသည်။

လုဖျင်ကျိုး မူးဝေနေခဲ့သည်။ သူ့ကို ချန်မန်၏ အခန်းထဲသို့ ပို့လိုက်သောအခါ သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး အိပ်ချင်နေဟန်လည်း မရှိပေ။ ထို့ကြောင့် ချန်ကျင်းက သူ့ကို အခန်းထဲသို့ ပို့ပေးပြီးနောက် ဝမ့်ချိုးမိန်က လုဖျင်ကျိုး အမူးသက်သာစေရေးအတွက် သကြားရေတစ်ခွက် ဖျော်လာခဲ့ရန် သမီးဖြစ်သူအား ခိုင်းလိုက်သည်။

အခန်းထဲသိူ့ ဝင်လာချိန်တွင် အရက်နံ့များ မွှန်ထူနေသောကြောင့် ချန်မန်မှာ အသက်ရှူပင်ကျပ်သွားသည်။

ချန်မန်က သကြားရေကို စားပွဲပေါ်တင်ပြီး ပြတင်းပေါက်ကို ပိုကျယ်ကျယ်ဖွင့်ရန် လက်လှမ်းလိုက်၏။

ကုတင်ပေါ်တွင် လဲလျောင်းနေသော လုဖျင်ကျိုးသည် လှုပ်ရှားသံကို ကြားလိုက်ရပြီးနောက် သူ့ကိုယ်သူ ခက်ခက်ခဲခဲ ထူမတ်လိုက်သည်။ သူက မေးလိုက်သည်။

"မန်မန်လား..."

"ကျွန်မပါ... ရှင် ဘယ်လိုနေသေးလဲ..." 

ချန်မန်က တုံ့ပြန်လိုက်သည်။ သူမက ကုတင်ဆီသို့လျှောက်သွားကာ ထိုင်လိုက်၍ လက်ဆန့်လိုက်ပြီး ပူနွေးနေသော သူ့မျက်နှာအား စမ်းကြည့်လိုက်သညိ။

လုဖျင်ကျိုးက သူ့လက်ကို မြှောက်လိုက်ပြီး မျက်ခုံးမွှေးတွေကို ပွတ်သပ်လိုက်သည်။

"ရပါတယ်... ကိုယ် ခေါင်းလေးနည်းနည်းကိုက်နေရုံပါပဲ..."

"ခေါင်းကိုက်တာတောင် ရှင်က အများကြီးသောက်လိုက်တယ်ပေါ့..." 
ချန်မန်က ဒေါပွပွဖြင့် ပြောလိုက်၏။

"အဖေက ကိုယ်နဲ့ ခွက်ချင်းတိုက်နေတာကိုး... ကိုယ်ဘယ်လိုလုပ်ပြီး မသောက်ဘဲ နေလို့ရမလဲ..." 

လုဖျင်ကျိုးလည်း အနည်းငယ် အကူအညီမဲ့နေပါသည်။ ချန်မိသားစုအိမ်တွင် ညစာစားရန် လာသည့်အခါတိုင်း သူအရက်သောက်သည်ကို မြင်ဖူးသော်လည်း ဤမျှ အများကြီး သောက်နိုင်လိမ့်မည်ဟု သူမ တစ်ခါမှ မတွေးမိချေ။

ချန်မန်က ဟွန့်ခနဲ နှာမှုတ်လိုက်သည်။
"ရှင့်မင်္ဂလာဆောင်နေ့တုန်းကတောင် အရက်မူးချင်ယောင်ဆောင်တာ အရမ်းတော်တယ်မဟုတ်ဘူးလား... ဒီနေ့ကျမှ ဘာလို့ မလုပ်နိုင်ရတာလဲ..."

သူ့ရဲဘော်များ၏ ရှေ့မှောက်နှင့် ယောက္ခမများ၏ရှေ့မှောက်... ဤနှစ်ခုသည် မည်ကဲ့သို့ တူညီနိုင်မည်နည်းဟု လုဖျင်ကျိုး တိတ်တိတ်လေး တွေးနေမိသည်။ သူ့ရဲဘော်များကသာ ထိုကိစ္စကို သိသွားလျှင် အများဆုံးလုပ်နိုင်သည်က သူနှင့် လက်သီးထိုးပွဲ ဆင်နွှဲကြရုံသာ ဖြစ်ပြီး သူ့ကို အနိုင်ယူနိုင်ကြမည်လည်း မဟုတ်ပေ။ သို့သော် ယောက္ခမများအပေါ် ထိုသို့ ပြုမူမိကြောင်း ပေါ်သွားလျှင် နောက်ပိုင်း၌ ယောက္ခမများ၏ သူ့ပေါ် အထင်အမြင်ကို ပျက်စီးစေပေမည်။

သူက ချန်မန်၏လက်ကို ဆွဲယူပြီး ညင်သာစွာ ညှစ်လိုက်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။

"ဒီနေ့တော့ အဖေနဲ့ဆိုတော့ ကိုယ် အများကြီး ဂရုမစိုက်တော့ဘူးပေါ့... အဖေက ဒီလောက်ကြီး သောက်လိမ့်မယ်လို့လဲ ကိုယ်က မထင်မိဘူးလေ..."

ချန်မန်မှာ ရယ်ပင် မရယ်နိုင်တော့ပေ။
"ကျွန်မအဖေသောက်တဲ့ ဝိုင်တွေအားလုံးက အလကားသောက်ပြတယ်များ ရှင်ထင်နေတာလား..."

"ကိုယ် အဲ့တစ်ချက် သတိလွတ်သွားတယ်..."
လုဖျင်ကျိုး သက်ပြင်းချလိုက်ပြီး မျက်လုံးကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။

သူ မျက်မှောင်ကြုတ်ပြီး တကယ်ပင် စိတ်မသက်မသာ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ချန်မန်၏ စိတ်နှလုံးက အနည်းငယ် ပျော့ကျသွားသည်။

"ကျွန်မ ရှင့်အတွက် သကြားရေနည်းနည်း လုပ်ထားတယ်... ဘာလို့ ထပြီး တစ်ပန်းကန်လောက် မသောက်တာလဲ..."
သူမက လက်ကို လွှတ်ပေးရန် အသာအယာ ဖြုတ်ချခဲ့သည်။

လုဖျင်ကျိုးသည် မျက်လုံးဖွင့်ပြီး ခေါင်းကိုလှည့်ကာ မတ်တတ်ထရပ်နေသော ချန်မန်ကို ကြည့်လိုက်ရာ သူမက လက်တအုပ်စာအရွယ် ပန်းကန်လုံးတစ်လုံးယူလာပြီး ပြန်ထိုင်လိုက်သည်။ ထို့နောက် သူမက သကြားရေကို ဇွန်းဖြင့် တစ်ဇွန်းခပ်ယူလိုက် နှုတ်ခမ်းနားသို့ ကပ်ကာ အေးသွားစေရန် လေနှင့်မှုတ်လိုက်သည်။ လုဖျင်ကျိုးက တံတောင်ဆစ်ထောက်ကာ ကိုယ်ကို ထူမတ်လိုက်ပြီး ပြတင်းပေါက်ဘက်သို့ မှီလျက် ပါးစပ်ကို ဟပေးလိုက်သည်။

ဇွန်းကို သူ၏နှုတ်ခမ်းဆီသို့ တိုးပေးရင်း ချန်မန်က တိုးတိုးလေးပြောလိုက်၏။

"ပူနေလားဆိုတာ သိဖို့ အရင်တစ်ငုံလောက် သောက်လိုက်ဦး..."

လုဖျင်ကျိုးက ဇွန်းထဲရှိ သကြားရည်ကို မြည်းစမ်းလိုက်ပြီး ပြောသည်။
"မပူဘူး... ချိုပါတယ်..."

"ဒါဆိုလဲ ကိုယ့်ဖာသာကိုယ် သောက်မလား..."
ချန်မန်သည် ဇွန်းကို ပြန်ယူ၍ ပန်းကန်လုံးထဲသို့ ထည့်ကာ ပန်းကန်လုံးကို သူ့ဆီ လှမ်းပေးလိုက်သည်။

လုဖျင်ကျိုးက ပူနွေးနေဆဲ သကြားရည်ပန်းကန်ကို ကြည့်လိုက်ပြီး မပျော်မရွှင်နှင့် ပြောလိုက်သည်။

"ဒါကို တစ်ကျိုက်တည်း သောက်လိုက်ရမှာပေါ့... အဲ့ဒါဆို ပူသွားမှာ မဟုတ်ဘူးလား..."

"ဘာလို့ ဇွန်းနဲ့ မသောက်တာလဲ..."
ချန်မန်က ရှင်က အမူးသမားပဲ၊ လက်ကျိုးတာ မဟုတ်ဘူးဟု ပြောလိုက်သည့်နှယ် သူ့လက်ကို တစ်ချက်ကြည့်လိုက်သည်။

"...အွန်းပါ..."
လုဖျင်ကျိုးက ရှက်ကိုးရှက်ကန်းနှင့် ကြည့်လိုက်သည်။

"ကိုယ် အခု အရမ်းမူးနေပြီလေ... ကိုယ့်ဖာသာသောက်ရင် သကြားရည်တွေ ဖိတ်ကုန်မှာပေါ့..."

ချန်မန်က သူ၏လှည့်ကွက်ကို မြင်လေသည်။ သူက တကယ် ဟန်ဆောင်ကောင်းသည်ကို သူမ မြင်နိုင်သော်လည်း သူ့ကိုဖော်ထုတ်မပြလိုက်ပေ။ သူမသည် သူ့ကို သကြားရည်ကို ဇွန်းဖြင့် တစ်ဇွန်းပြီး တစ်ဇွန်း ခွံ့ပေးခဲ့ပြီး သူက တစ်ပန်းကန်လုံး သောက်ပြီးသောအခါတွင် သူမ မမေးဘဲ မနေနိုင်တော့ပေ။

“ရှင်က ဒါကို မနည်းသောက်နေရတာပဲ... ဒါသောက်ရတာကို အန်ချင်လို့လား...”

"မဟုတ်ပါဘူး..."
လုဖျင်ကျိုးက ခဏလောက်စဉ်းစားပြီး ဆက်ပြောလိုက်သည်။
"မင်းသာ ကိုယ့်ကို ဆက်တိုက်ချင်တယ်ဆိုရင် နောက်တစ်ခွက် ထပ်သောက်လို့ရပါသေးတယ်..."

"ရှင်ဆုတောင်းနေလိုက်တော့..."
ချန်မန်က ဟွန့်ခနဲ နှာမှုတ်လိုက်သည်။ 
"ရှင် အခု တစ်ရေးလောက် မှေးလိုက်... ကျွန်မ ပန်းကန်ကို ယူသွားပြီ...

လုဖျင်ကျိုးက နာခံလိုက်ပြီး ချန်မန် အခန်းထဲက ထွက်သွားသည်ကို ကြည့်နေခဲ့သော်လည်း သူအိပ်ရန် မျက်လုံးက မမှိတ်နေခဲ့ပေ။ ထိုအစား သူထထိုင်ပြီး ညာဘက်ကိုကြည့်ကာ သူ့ရှေ့က အခန်းကို သေချာစွာ စူးစမ်းနေမိသည်။

လုဖျင်ကျိုးသည် အိမ်ထောင်မပြုမီ မင်္ဂလာဆောင်သည့်နေ့အပါအဝင် ချန်မန်၏ အခန်းသို့ နှစ်ကြိမ်ဝင်ရောက်ဖူးသော်လည်း သူသည် အချိန်အကြာကြီး မနေခဲ့ရသောကြောင့် အခန်းကို အနီးကပ်ကြည့်ရှုရန် အခွင့်အရေးများစွာမရှိခဲ့ပေ။

အိမ်က မကြီးလှဘဲ ကျဉ်းသည်ဟုပင် ပြောနိုင်ပေသည်။

ကုတင်အကျယ်က ၁.၃ မီတာ (၄ပေခန့်) ရှိပြီး ချန်မန် တစ်ယောက်တည်း အိပ်ရန် လုံလောက်သော်လည်း တစ်ယောက်ထက် ပိုလာလျှင်ကျပ်ညပ်နေပေမည်။ ဗီရိုနှင့် စားပွဲခုံတို့ကို ကုတင်၏အဆုံးတွင် တစ်လုံးကို အလျားလိုက် တစ်လုံးကို ဒေါင်လိုက် ထားရှိထားပြီး ထိုကြားထဲတွင် လူတစ်ဦး ဝင်သာထွက်သာရုံ နေရာလပ် ရှိသည်။

သို့သော် ထိုအခန်းကို ချန်မန်၏ အကြိုက်အတိုင်း အလှဆင်ထားသည်။ အိပ်ယာခင်းများနှင့် စောင်အဖုံးများသည် တစ်ရောင်တည်းဖြစ်ပြီး အရောင်ဖျော့ဖျော့ဖြစ်ကာ လျှော်ဖွတ်ထားခြင်းကြောင့် အနည်းငယ် အရောင်လွင့်နေသော်လည်း အလွန်သန့်ရှင်းလှသည်။

ချန်မန်၏ ကိုယ်ပိုင်ပစ္စည်းများကို စားပွဲပေါ်တွင် အရောင်ဖျော့ဖျော့အဝတ်စဖြင့် ဖုံးအုပ်ထားသည်။ ၎င်းတို့အနက်မှ စည်သွပ်ဗူးတစ်ဗူးမှာ ဖုံးထားသော အဝတ်စက စုတ်ပြဲသွားသောကြောင့် ထုပ်ပိုးထားသော ဖန်အကြည်သား ပုလင်းကိုယ်ထည်ကို မြင်နေရကာ အထဲရှိ ရေတစ်ဝက်နှင့် နှင်းဆီတစ်ပွင့်ကို တွေ့လိုက်ရသည်။

နှင်းဆီပန်းကို ခူးထားသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်သည်။ ပန်းပွင့်ဖတ်များ၏ အစွန်းများသည် အနည်းငယ် ညှိုးနွမ်းနေပြီဖြစ်သော်လည်း ၎င်းတို့သည် ငွားငွားစွင့်စွင့် ပွင့်လန်းနေဆဲဖြစ်ပြီး အခန်းငယ်လေးထဲသို့ တက်ကြွမှုအချို့ကို ယူဆောင်လာကြသည်။

လုဖျင်ကျိုးသည် ပန်းပွင့်ကို ခဏကြည့်ပြီးနောက် တံခါးနားရှိ နံရံပေါ်မှ ရေးခြစ်ထားသည်များကို သွားကြည့်လိုက်သည်။

ဤခြယ်သထားသော အမှတ်အသားများအားလုံးသည် အလျားလိုက်မျဥ်းကြောင်းတိုလေးများဖြစ်ပြီး တူညီသောအမြင့်အတိုင်း ရေးမှတ်ထားခြင်းမဟုတ်ပဲ မတူညီသောအမြင့်များကို မှတ်သားထားသည်။ ၎င်းတို့သည် အမြင့်အမှတ်များ ဖြစ်သင့်သည်။ ထိုခြေရာများကိုကြည့်ရင်း လုဖျင်ကျိုးသည် တဖြည်းဖြည်း ကြီးပြင်းလာသည့် ကလေးမလေးကို တွေ့လိုက်ရသလိုပင်။

ချန်မန်က ပန်းကန်ကို ထားပြီး ပြန်လာသောအခါ လုဖျင်ကျိုး တံခါးကို တည့်တည့်ကြည့်နေသည်ကို သူမတွေ့လိုက်ရသည်။ သူမကို စောင့်နေသည်ဟု သူမထင်ခဲ့သော်လည်း နောက်တော့ ကြည့်နေသောထောင့် မှားနေသည်ကို သိလိုက်ရသည်။ သူမသည် သူ့အကြည့်နောက်ကို လိုက်၍ နံရံပေါ်ရှိ အမှတ်အသားများကို တွေ့လိုက်ရသည်။ သူမက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"ဒါတွေအကုန်လုံးကို ငယ်ငယ်က ဆွဲခဲ့တာ..."

"ဒါတွေဆွဲတုန်းက မင်းအသက်ဘယ်လောက်ရှိပြီလဲ..."
လုဖျင်ကျိုးက ပြောပြီးသည်နှင့် ချက်ချင်းဆက်ရှင်းပြပြန်သည်။

"အနိမ့်ဆုံးအမှတ်ကို ဘယ်အချိန်က လုပ်ခဲ့တာလဲ..."

"ကိုးနှစ်လား ဆယ်နှစ်လားပဲ..."
ချန်မန် သိပ်မရေရာပေ။
"အဲဒီတုန်းက ကျွန်မ အရမ်းပုတယ်..."

"အဲ့ဒါတော့ ကိုယ် တွေ့ပါတယ်..."

ချန်မန်၏ အကြည့်များက စူးရှလာသည်။
"လုဖျင်ကျိုး!..."

အချို့သော ကဏ္ဍများတွင်၊ သူမသည် အလွန်ပင် သူတော်ကောင်းယောင်ဆောင်တတ်ပြီး၊ ဥပမာပေးရလျှင် အရာရှိများကို မီးတင်ရှို့ခွင့်ပြုသော်လည်း သာမန်လူများကို မီးအိမ်ထွန်းရန်ပင် ခွင့်မပြုပေးသူမျိုး ဖြစ်သည်။ လုဖျင်ကျိုးက နားလည်သွားပြီး အကြောင်းအရာကို ပြောင်းလဲလိုက်ကာ မေးလိုက်သည်။

"မင်းဘယ်တုန်းက အရပ်ပိုမြင့်လာတာလဲ..."

"ကျွန်မက ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်လောက်အတွင်းပေါ့... အဲဒီနှစ်နှစ်အတွင်းမှာ ကြီးထွားလာတာ အရမ်းမြန်တယ်... အလယ်တန်းကျောင်းပြီးတဲ့ အချိန်မှာ အရပ်က ၁.၆၂ မီတာ (၅ပေ ၃လက်မခန့်) ရှိတယ်... ဒါပေမယ့် အထက်တန်းကျောင်းရောကိပြီးတော့ သိပ်မထွားတော့ဘူး... အခု ၁.၆၄ မီတာပဲ (၅ပေ ၄လက်မခန့်)ရှိတာ။"

တကယ်တမ်း ချန်မန်က အရပ်ပုသည်မဟုတ်။ စုပေါင်းအိမ်ရာဝင်းအတွင်းရှိ သက်တူရွယ်တူ မိန်းကလေးများကြားတွင် သူမ၏ အရပ်သည် အရပ်အရှည်ဆုံး ၃ ဦးတွင် မပါဝင်သော်လည်း ထိပ်တန်းငါးဦးတွင် ပါဝင်နိုင်သေးသည်။ သို့သော် လူသားတစ်ယောက်အနေဖြင့် အရပ်ပိုရှည်မည် ပိုမြင့်နိုင်ဦးမည်ဟုသာ မျှော်လင့်ထားသောကြောင့် ထိုအကြောင်းပြောချိန်တွင် သူမ၏လေသံထဲ၌ နောင်တရနေဟန် အရိပ်အမြွက် ပါလာခဲ့သည်။

လုဖျင်ကျိုးက သူမအား နှစ်သိမ့်လိုက်သည်။
"၁.၆၄ မီတာ ဆိုတော့ တော်တော်လေး အရပ်မြင့်ပါတယ်"

ချန်မန်သည် လုဖျင်ကျိုးကို မကျေမနပ်ဖြင့် ကြည့်နေသည်။ သူသည် အရပ် ၁.၈ မီတာကျော် (၅ပေ ၁၁လက်မခန့်) ရှိသည်။ ၁.၆၄ မီတာသည် အရပ်ပုခြင်း မဟုတ်ကြောင်း သူမအား ပြောပြသော်လည်း ယောက်ျားနှင့်မိန်းမကြား ကွာခြားချက်ရှိနေစေကာမူ ဤသည်က နှစ်သိမ့်သည့် စကားလုံးများ မဟုတ်ပေ။

လုဖျင်ကျိုးက ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး သူ့အရပ်နှင့် ပတ်သက်၍ စကားဆက်ပြောလိုက်သည်။
"အလယ်တန်းကျောင်းပြီးချိန်က ကိုယ့်အရပ် ၁.၇၂ မီတာ ရှိတယ်... အထက်တန်းကျောင်း တက်နေတုန်း ၁၀ စင်တီမီတာ တိုးလာပြီးတော့ စစ်တက္ကသို လ်တက်ပြီး နောက်ထပ် ၄ စင်တီမီတာ ခုန်တက်ခဲ့တယ်..."

ချန်မန်သည် ဤစကားကိုကြားပြီးနောက် ခံစားချက်တစ်ခုသာရှိခဲ့သည်။ အရပ်မြင့်တဲ့သူများနှင့် စကားမပြောသင့်ပေ။ သူတို့ စကားများများပြောလေ၊ သူမက ပို၍မနာလိုအူတိုလာလေပါပဲ ။


💓💓💓 👩‍❤️‍👨Chapter 53
ကြွားလုံးထုတ်ခြင်း


အရပ်အမြင့်အကြောင်းပြောပြီးနောက် လုဖျင်ကျိုးသည် မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားခဲ့သည်။

အရက်မူးနေသောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကာ သုံးနာရီထိုးခါနီးမှ နိုးလာခဲ့သည်။ အိပ်ယာထပြီးနောက် ချန်မန်နှင့်အတူ ဝင်းနှစ်ပတ်ခန့် လမ်းလျှောက်ထွက်ပြီးနောက် ယောက္ခမဖြစ်သူ ညစာချက်ရာတွင် ကူညီရန် ပြန်လာလေသည်။

ညစာစားပြီးသောအခါ လူငယ်စုံတွဲသည် လက်ချင်းချိတ်ကာ ပြန်သွားကြသည်။

လမ်းတွင် လုဖျင်ကျိုးသည် တစ်ခုခုကို သတိရလာပြီး မနက်ခင်းက အမေဖြစ်သူနှင့် အကြာကြီး ပြောနေကြသော အကြောင်းကို ချန်မန်အား မေးလိုက်သည်။

ချန်မန်က အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။
"အဲ့ကိစ္စက အခုပြောဖို့ကျ မသင့်တော်ဘူး ဖြစ်နေသလားပဲ"

လုဖျင်ကျိုးက နားမလည်နိုင်ဖြစ်သွားသည်။
"ဘာလို့လဲ..."

ချန်မန် က လိမ္မာပါးနပ်စွာပြောလိုက်၏။
 "ရှင် စိတ်ခံစားမှု ပြင်းထန်သွားပြီး ဘရိတ်ကို ဆောင့်နင်းမိသွားမှာ ကျွန်မ စိုးရိမ်တယ်..."

လုဖျင်ကျိုးသည် အစက ပေါ့ပေါ့ပါးပါး မေးလိုက်ခြင်းဖြစ်သော်လည်း သူမပြောသည်ကို ကြားလိုက်သောအခါ သူ့၏ စူးစမ်းလိုစိတ်က ချက်ချင်းပင် နိုးထလာခဲ့သည်။ အိမ်ပြန်ရောက်ပြီးနောက် ပထမဆုံး သူလုပ်ခဲ့သည်က ထိုမေးခွန်းကို ပြန်မေးခြင်းပင် ဖြစ်သည်။

ထိုအမေးစကားကို ကြားပြီးနောက် ချန်မန်က ရေနွေးပူပူကို နှစ်ငုံမျှ သောက်လိုက်ပြီးမှ ပြောလိုက်သည်။

"ဒါက ဇာတ်လမ်းအရှည်ကြီး..."

"ဒါဆို မင်း ဘာဖြစ်လို့ အတိုချုံ့ပြီး မပြောတာလဲ..."

"မဖြစ်နိုင်ဘူးလေ..."
ချန်မန်က လျှို့ဝှက်ထားရန် မရည်ရွယ်ထားသောကြောင့် ဝမ်းရှ၏ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်အားလုံးကို ဇာတ်ကြောင်းပြန်ပြပြီး ပြောလိုက်သည်။ 
"အဲ့ဒါကြောင့် အခု ကျွန်မတို့ ခြံဝင်းထဲက လူတွေက သမက်ရွေးတဲ့အခါမှာ သူတို့က အဲဒီကဏ္ဍအတွက် ပိုစိုးရိမ်နေကြတာပေါ့... ရှင် နားလည်ပြီလား..."

ဤအချက်ကို နားလည်ပြီးနောက် လုဖျင်ကျိုးသည် မနက်ခင်းက သူ့ဇနီးနဲ့ ယောက္ခမဖြစ်သူတို့ ပြောနေသောအကြောင်းအရာကို သိသွားလေသည်။ တည်ငြိမ်လွန်းသော လုဖျင်ကျိုးက တံတွေးပင် သီးမတတ်ဖြစ်သွားပြီး ခါးကိုကိုင်းကာ အကြိမ်ကြိမ် ချောင်းဆိုးနေခဲ့သည်။

"တခြားအကြောင်းလဲ ပြောကြသေးတယ်..."

"အမေ စိတ်ချရအောင်ဆိုပြီး ကျွန်မ အမေ့ရှေ့မှာ နည်းနည်း ကြွားခဲ့လိုက်တာ... အဲဒါကို ကြားတော့ အမေက စိတ်ပူသွားပြီးတော့ အခုလို ငယ်တုန်းရွယ်တုန်း အပျော်မရှာဘဲ အေးအေးဆေးဆေးနေဖို့ ပြောလိုက်တယ်... ကျွန်မတို့ ကျန်းမာရေး ထိခိုက်ရင် နောင်ကျ ကျွန်မတို့ပဲ ဒုက္ခရောက်ကြမှာလေ..."

ထိုအချိန်တွင် ချန်မန်က ခေါင်းမော့ကာ လုဖျင်ကျိုး၏ မျက်လုံးများကို ကြည့်ရင်း ပြောလိုက်သည်။
"ကျွန်မတော့ အမေပြောတာက အဓိပ္ပာယ်ရှိတယ်လို့ ထင်တာပဲ... အမေပြောတာကို နားထောင်ပြီး ဖြည်းဖြည်းအေးအေးလုပ်ဖို့ ကျွန်မစဥ်းစားထားတယ်... ရှင်ရောဘယ်လိုထင်လဲ..."

ချန်မန်က အများကြီး ပြောလိုက်သော်လည်း လုဖျင်ကျိုးက သူမပြောစကားများ၏ ပထမပိုင်းကိုသာ နားဝင်သွားသည်။ ထိုစကားကို သူ့စိတ်ထဲတွင် ဖြစ်သွားသည်မှာ လွန်ခဲ့သောနှစ်ရက်က သူ၏စွမ်းဆောင်မှုမှာ မလုံလောက်တော့ဘဲ သူ့ယောက္ခမရှေ့တွင် သူမ ကြွားလုံးထုတ်နိုင်သည်အထိ လုံလောက်ရန်လိုသည်ဟူ၍ပင်။

လုဖျင်ကျိုးက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“မေးပါရစေဦး... မင်းက အမေ့ရှေ့မှာ ဘယ်လို ကြွားလုံးထုတ်ခဲ့တာလဲ..."

ချန်မန်က မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။
"ဒါ... ဒါက အရေးကြီးလို့လား..."

"မင်း အမေ့ရှေ့မှာ ကြွားခဲ့ရလောက်အောင် ကိုယ့်ဘက်က ဘာတွေများ လိုအပ်နေသေးလဲလို့ ကိုယ်သိချင်တယ်..."
လုဖျင်ကျိုး၏ အမူအရာက တည်ကြည်လေးနက်ပြီး ရိုးသားနေသည်။
"စိတ်မပူပါနဲ့ကွာ... ဘာတေကွာဟနေတယ်ဆိုတာကို နားလည်ပြီးရင် ကိုယ်က အလုပ်ပိုလုပ်ပြီးတော့ နောင်ကျ မင်းအမေရှေ့မှာ ကြွားစရာမလိုဘဲ အမှန်အတိုင်း ပြောနိုင်အောင် ကြိုးစားပေးမလို့ပါ..."

ချန်မန် : "..." အဲ့လောက်ကြီးထိတော့ အလုပ်ကြိုးစားစရာ မလိုဘူးလေ...

(T/N ကြွားတယ်=အမှန်ထက် ပိုပြောခြင်း)


နောက်ဆုံးတွင် ချန်မန်သည် လုဖျင်ကျိုး ၏ "ညှင်းပန်းနှိပ်စက်ခြင်း"ကို မခံမရပ်နိုင်ဖြစ်ကာ ငိုကြွေးရင်း သူမ ဝါကြွားခဲ့သည့်အရာကို ဝန်ခံလိုက်ရသည်။

ထိုစကားကို ကြားပြီးနောက် လုဖျင်ကျိုးမှာ လုပ်လက်စ လှုပ်ရှားမှုကိုပင် မေ့သွားလုနီးပါးဖြစ်သွားသည်။ ထိုတစ်ချီပြီးသွားချိန်တွင် သူ့နာရီကို သေချာစိုက်ကြည့်ပြီး သူ့စိတ်ထဲ၌ အချိန်ကို တွက်ချက်လိုက်သည်။ သူမ၏ ကြွားလုံးထုတ်မှုသည် အမှန်အကန်ဖြစ်လာရန် နောက်ထပ် ခြောက်နာရီ ကြာဦးမည်ဖြစ်သည်။

ယခုက ညဆယ်နာရီ ထိုးနေပြီဖြစ်ရာ မနက် လေးနာရီထိုးခန့်တွင် အိပ်ရာဝင်နိုင်မည်ဟု မျှော်လင့်ရပေသည်။

အချိန်မှာ မစောတော့သော်လည်း သူတို့နှစ်ယောက်လုံးမှာ မနက်ဖြန် နားရက်ယူထားသောကြောင့် နောက်ကျမှ အိပ်၍လည်း ဖြစ်သည်ပင်။

ထိုသို့တွေးပြီးသောအခါ လုဖျင်ကျိုးက လက်လှမ်းပြီး ချန်မန်ကို သူ့ရင်ခွင်ထဲသို့ ဆွဲယူပွေ့ဖက်လိုက်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။ 

"ကိုယ်တို့ ဆက်ပြီး ကြိုးစားကြမလား..."

ချန်မန်က 'သံချောင်းကို အပ်ဖြစ်အောင် သွေးရမှာကို မကြောက်ဘူးပေါ့လေ'ဟုပင် ပြန်ပြောပစ်လိုက်ချင်သည်။ သို့သော် သူမ၏နှုတ်ခမ်းဖျားသို့ ထိုစကားလုံးများရောက်လာချိန်တွင် သူမသည် အနည်းငယ် ကြောက်ရွံ့သွား၏။လုဖျင်ကျိုး၏ အနိုင်ယူလိုသောဆန္ဒကို အမှန်တကယ် နှိုးဆွပေးမိပြီး သူ့ပန်းတိုင်ရောက်သည်အထိ အရှုံးမပေးဘဲ နေမည်ကို စိုးရိမ်လာမိသည်။ ကလူ၏သို့မြူသို့ဟန်ပန်လေးနှင့် နူးညံ့တိုးညှင်းသော အသံဖြင့် သူမ ဖြေလိုက်သည်။

"အရမ်းပင်ပန်းနေပြီ..."

လုဖျင်ကျိုး၏ အသံက နူးညံ့သိမ်မွေ့သည်။
"ကောင်းကောင်းနေလေ... ပြီးသွားရင် နောက်ကျတဲ့အထိ အိပ်လို့ရပါတယ်...""

လုဖျင်ကျိုးသည် နံနက်လေးနာရီတွင် အိပ်ရာဝင်ရန် စီစဉ်ခဲ့သော်လည်း အမှန်တကယ်တွင် နှစ်နာရီစောပြီး အိပ်ရာဝင်ခဲ့သည်။ သူ မစွမ်းဆောင်နိုင်ခြင်း မဟုတ်သော်လည်း ချန်မန်က ထိုမျှပင်ပန်းသည်ကို မခံနိုင်တော့ပေ။

သနားကရုဏာတရားကို ထပ်ခါတလဲလဲ တောင်းခံပြီးနောက် လုဖျင်ကျိုးက သူသည် သူမနှင့် တစ်ညလျှင် ခုနစ်ကြိမ် ကြိုးစားခဲ့၏။ တစ်ကြိမ်လျှင် တစ်နာရီမျှ ကြာမြင့်ကာ ဤသည်မှာ ကြွားလုံးထုတ်ခြင်းမဟုတ်ဘဲ အမှန်ဖြစ်ကြောင်း ဝန်ခံနေသရွေ့ သူမအား လွှတ်ထားပေးရန် နောက်ဆုံးတွင် သဘောတူခဲ့သည်။

ဤစကားကို နားထောင်ပြီးနောက်၊ အိပ်ငိုက်နေသော ချန်မန်၏ စိတ်ထဲတွင် စကားလုံးသုံးလုံး ပေါ်လာလေသည်။ 'ကလေးဆန်လိုက်တာနော်..'

လုဖျင်ကျိုးက ကလေးဆန်ကာ အလွန်နုံအသော်လည်း သူမသည် အလွန်ပါးနပ်သူဖြစ်သည်။ သူသည် အလွန်ကောင်း အလွန်တော်၍ အလွန်အစွမ်းထက်မြက်သူဖြစ်ကြောင်း ဝန်ခံရန် ပြတ်ပြတ်သားသား ရွေးချယ်လိုက်ပြီးနောက် သူမ အိပ်ပျော်သွားခဲ့သည်။

****

နောက်တစ်နေ့တွင် ချန်မန်သည် ဗိုက်ဆာဆာဖြင့် နိုးလာသည်။ မျက်လုံးဖွင့်လိုက်ပြီးနောက် အပြင်မှ သင်းပျံ့နေသော မွှေးရနံ့ကို ရှုရှိုက်လိုက်ရာ ပို၍ပင် ဗိုက်ဆာလာ၏။ သူမ အားနည်းပျော့ခွေနေရာမှ အားတင်းလိုက်ပြီး ကုန်းရုန်းထလိုက်သည်။ အိပ်ခန်းတံခါးကိုတွန်းဖွင့်ကာ အနံ့ခံလိုက်ရာ စားချင့်စဖွယ် ဟင်းနံ့များသည် သူမတို့၏ မီးဖိုချောင်မှ ထွက်လာသည်ကို သိလိုက်ရလေသည်။

ရေချိုးခန်းထဲသို့ ဝင်ဟန်ပြင်နေသော ချန်မန်သည် ကွေ့ပြီး ဘေးခန်းရှိ မီးဖိုခန်းဆီ လျှောက်သွားသည်။

လုဖျင်ကျိုးက သံကြွပ်မီးဖိုရှေ့တွင် ရပ်ကာ ဟင်းချက်နေပြီး ဟင်းရည်အိုးကို ကျောက်မီးသွေးမီးဖိုပေါ်တွင် တည်ထားသည်။ ချန်မန် အနံ့ရလိုက်သော ဟင်းနံ့က ထိုမြေအိုးမှ ထွက်နေခြင်းပင်။

သူမက အထဲသို့ ဝင်သွားပြီး စားပွဲပေါ်မှ လက်ခုဝတ်ကို ကောက်ကိုင်လိုက်ကာ အိုးကိုဖွင့်၍ အနံ့ခံလိုက်သည်။

"ရှင် ကြက်သားဝယ်လာတာလား..."
ထို့နောက် သံဒယ်အိုးကို ကြည့်လိုက်သည်။ 
"ဟင်းရွက်ဆိုင်မှာ ကြာရိုးတွေရော ရောင်းသလား..."

"သူတို့က ဒီမနက်ပဲ ပို့ပေးတယ်...
ကိုယ် ဝက်မြေစာဥနဲ့ ကြာခွက်တွေလည်း ဝယ်လာတယ်... ထမင်းစားပွဲပေါ်မှာ ရှိတယ်..." 
လုဖျင်ကျိုးက အိုးခွက်ကိုကြည့်ရင်း 
"ဒီနေ့ ကြက်ခပ်ရင့်ရင့်တွေ ရောက်လာတယ်... ကိုယ် စောစောသွားပြီး ကြက်တစ်ပိုင်း ဝယ်ခဲ့တယ်..."

စုပေါင်းအိမ်ရာဝင်းထဲတွင် နေထိုင်သူ အများအပြားရှိသော်လည်း ကြက်အရင့်မှာ အနည်းငယ်သာ ရှိသည်။ ချန်မန်က မမေးဘဲ မနေနိုင်တော့ပေ။
"ရှင် ဘယ်အချိန် အိပ်ရာထတာလဲ..." 

"ခြောက်နာရီ မိနစ်သုံးဆယ်..."

"ဒါဆို ရှင်အိပ်တဲ့အချိန်က ဘယ်နှနာရီပဲ ကြာတာလဲ..."

"သုံးနာရီလောက်တော့ ရှိပါတယ်..."

"ခုကျ မအိပ်ချင်ဘူးလား..."
ချန်မန်က 
"ကျန်တဲ့ ဟင်းတွေ ကျွန်မချက်လိုက်ပြီးတော့ ရှင် တရေးလောက် မှေးလိုက်မလား..."

"မနက်စာစားပြီးမှ တစ်ရေးလောက် အိပ်မယ်..." 
လုဖျင်ကျိုးက လက်ယမ်းပြရင်း ပြောသည်။ 

"ချက်စရာဟင်းက တစ်မျိုးပဲ ကျန်တော့တာ... ခဏနေရင် အားလုံး အဆင်သင့်ဖြစ်တော့မှာ... မင်း သွားတိုက် မျက်နှာသစ်ပြီးပြီလား..."

"...မပြီးသေးဘူး..."

လုဖျင်ကျိုးက ပြောသည်။
"ဒါဆိုလဲ သွားလေ... မနက်စာက ခဏနေရင် ရပြီ..."

ချန်မန်က မနက်စာစားပြီးလျှင် တရေးတမောအိပ်ရန် အဆင်ပြေမည်ဟု ထင်သောကြောင့် ခေါင်းညိတ်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။

ချန်မန် ကိုယ်လက်သန့်စင်ပြီး ဆံပင်ကိုဖြီးသင်ကာ ညအိပ်ဝတ်စုံများကို လဲပြီးချိန်တွင် နောက်ဆုံးဟင်းတစ်ခွက်လည်း ကျက်သွားချေပြီ။ သူမသည် ဟင်းများကို ခူးခပ်ကာ ထမင်းပွဲ ပြင်ဆင်ရန် အချိန်မီထွက်လာခဲ့သည်။

ကြက်စွပ်ပြုတ်အိုးကြီးတစ်လုံး၊ ကြာပန်းကြော်တစ်ပန်းကန်နှင့် ခရမ်းသီးနှပ်တစ်ပန်းကန်က လူနှစ်ယောက်အတွက် လုံလောက်ပါသည်။

လုဖျင်ကျိုး ချက်ပြုတ်ပြီးနောက် ချန်မန် သည် ဟင်းချိုထည့်သည့်အလုပ်ကို စတင်တာဝန်ယူခဲ့သည်။ သူမသည် ဟင်းချိုဇွန်းနှင့် ဟင်းချို၏ မျက်နှာပြင်ပေါ်တွင် ပေါ်နေသောဆီများကို ခပ်ထုတ်ပစ်လိုက်ပြီး အောက်က အရောင်ဖျော့ဖျော့ ဟင်းရည်နှင့် ကြက်သားတုံးများကို ခပ်ထည့်လိုက်သည်။ သူမက ပြုံးပြုံးလေးနှင့် ပြောလိုက်သည်။ 
"အလုပ်ကြိုးစားတဲ့သူတွေ အရင်သောက်သင့်တယ်..."

အပြုံးတစ်ခုနှင့်အတူ လုဖျင်ကျိုး၏ မျက်လုံးများက ဖျတ်ခနဲ လင်းလက်သွားပြီး ပြောလိုက်သည်။
"ဒါဆို ကိုယ် အရင်မြည်းကြည့်မယ်..."
သူက ဟင်းချိုကို ခပ်ယူလိုက်ပြီး တစ်ဇွန်းသောက်လိုက်သည်။
"ဟင်းချိုက ငန်လား ပေါ့လား..."

ချန်မန်က မေးလိုက်ပြီး သူ့မဖာသာ သဘောတကျဖြင့် ရယ်သည်။
"ရှင်မေးနေတဲ့ပုံက မသိရင် ကျွန်မက ဟင်းကို ချက်တဲ့အတိုင်းပဲ..."

လုဖျင်ကျိုးက ပြောသည်။
"ကိုယ်ကတော့ ကောင်းတယ်ထင်တာပဲ... ဆားငန်မငန် မင်း မြည်းကြည့်လို့ရတယ်..."

ချန်မန်က ဟင်းချိုကို ခပ်ထည့်ပြီး ထိုင်လိုက်သည်။ သူမလည်း ဟင်းချိုတစ်ဇွန်းခပ်ယူကာ မှုတ်ပြီး တစ်ငုံသောက်လိုက်သည်။

မြည်းလိုက်သော ဟင်းချို ပထမတစ်ငုံက နည်းသောကြောင့် ချန်မန်က ထပ်ပြီး မှုတ်လိုက်ကာ ပါးစပ်နှင့်အပြည့် သောက်လိုက်ပြီး အသံရှည်ဆွဲကာ မြည်တမ်းလိုက်သည်။

"အမ်း... ကြက်သားက မွှေးတယ်... ဆီးသီးတွေက ချိုတယ်... ပြီးတော့ ငန်လည်းမငန်ဘူး... ပေါ့လည်းမပေါ့ဘူး... အနေတော်ပဲ..."

"မင်းကြိုက်ရင် များများစားနော်..."

လင်မယားနှစ်ယောက် အတူတူထိုင်ကာ ထမင်းစားရင်း စကားစမြည်ပြောကြသည်။ အစားအသောက်များက အမြန်ကုန်သွားသည်။ လုဖျင်ကျိုးက စားပွဲကို ရှင်းလိုက်ပြီး ပန်းကန်ဆေးရန် မီးဖိုချောင်ထဲသို့ သယ်သွားသည်။

ချန်မန်သည် သူဝယ်ခဲ့သော ကြာခွက်များမှ အကြီးဆုံးနှင့် အနုဆုံးအစေ့များကို ရွေးယူပြီး ကြာခွက်အောက်မှ ဖောင်းကားနေသော အစိတ်အပိုင်းများကို ဖယ်ရှားလိုက်သည်။ သူမသည် မီးဖိုချောင်ထဲသို့ လိုက်သွားပြီး လုဖျင်ကျိုး အနားတွင် ရပ်လိုက်သည်။ သူမက ကြာစေ့ကို အခွံခွာပြီးအူတိုင်ကို ဖယ်ရှားကာ သူ့ပါးစပ်ထဲသို့ ခွံ့ပေးလိုက်သည်။

"အာ... ပါးစပ်ဟ..."

လုဖျင်ကျိုးသည် နာခံမှုရှိစွာဖြင့် ပါးစပ်ကိုဟကာ ပါးစပ်ထဲသို့ သူမထည့်ပေးသော ကြာစေ့များကို ဝါးလိုက်သည်။

"နုရဲ့လား..."

"နုပါတယ်..."

ချန်မန်က ပြုံးပြီး တခြားကြာစေ့တွေကို အခွံနွှာ၍ ကိုယ်တိုင်စားရင်း ပြောလာသည်။

"ကျွန်မရဲ့ ဇာတိမြို့ကလဲ လင်းကျန်းမြို့လိုပဲ ရေကန်တွေလည်း အများကြီးရှိတယ်... ငယ်ငယ်ကဆို ကျွန်မမိဘတွေကအပြင်က ပြန်လာတိုင်း ကြာခွက်တွေ အများကြီး ယူလာတယ်... အဝတ်အိတ်တွေထဲထည့်ပြီး ကျွန်မတို့မောင်နှမတွေကို ကိုယ့်ဘာသာကို ယူစားခိုင်းတယ်... ကျွန်မရဲ့ ဒုတိယအစ်ကိုက ဂျီးအများဆုံးပဲ
... သူက အမြဲတမ်း အစ်ကိုကြီးနဲ့ မန်မန်ကို အရင်ပေးရွေးလိုက်ပါလို့ ပြောပြီးတော့ သူက တစ်စေ့လောက် မြည်းကြည့်လိမ့်မယ်... အဲ့တစ်ခုက စားလို့ကောင်းတယ်ဆိုရင် သူက အဲ့ဒါကို တောင်းစားပြီးတော့ သူ့အလှည့်ကျရင်လဲ ပြန်ကျွေးမယ်လို့ ပြောတတ်တယ်..."

ချန်မန်က လုဖျင်ကျိုး၏ ပါးစပ်ထဲကို အခွံခွာထားတဲ့ ကြာစေ့တွေကို ထည့်ပေးလိုက်ပြီး ဆက်ပြောလေသည်။
"ကျွန်မက ကြာခွက်ရွေးတာ အတော်ဆုံးပဲ... သူက ကျွန်မရွေးနေရင် အမြဲတမ်း စိုက်ကြည့်နေတတ်တာ... အစပိုင်းတော့ ကျွန်မက အူတူတူနဲ့ သူနဲ့ မျှစားတာပေါ့... ဒါပေမယ့် မဟုတ်သေးဘူးလို့ ကျွန်မထင်လာတာပေါ့... ငါရွေးရပြီးတော့ ငါကျ နည်းနည်းပဲ စားရသေးတာကို ကုန်သွားပြီ သူ့လက်ထဲကျ ကြာခွက်တွေရှိနေသေးတယ် ဘာဖြစ်လို့လဲဆိုပြီးတော့လေ... သူက အများကြီး စားရလဲ ကျွန်မကို မျှမကျွေးဘူးလေ..."

လုဖျင်ကျိုးက ဝါးစားနေရင်း မေးသည်။
"ဘာဆက်ဖြစ်လဲ..."

"နောက်တော့ ကျွန်မ ဒုတိယအစ်ကိုကို သွားရှာတော့ သူက အရသာရှိတဲ့ ကြာခွက်ကို အများကြီး မစားတော့ပါဘူးဆိုပြီး ကတိတွေ အကြီးကြီးပေးပြန်တယ်..."

ချန်မန်က ဟွန့်ခနဲ့ နှစ်ခါမျှ နှာမှုတ်လိုက်သည်။
"ကျွန်မက နောက်ထပ် အရူးလုပ်မခံတော့ဘူးလေ... အဲဒါကြောင့် အဖေနဲ့အမေကို သွားတိုင်လိုက်တော့ ကျွန်မမမြင်အောင် သူ ဝှက်ထားတဲ့ ကြာခွက်တွေ အားလုံး အသိမ်းခံလိုက်ရရော..."

ချန်ကျင်းသည် ကလေးဘဝကတည်းက တည်ငြိမ်သည်။ ထို့အပြင် သူသည် ချန်မန်ထက် လေးနှစ်ပိုကြီးသောကြောင့် သူမကို အမြဲကာကွယ်ပေးပြီး အရာရာကို သူမအား ပေးကမ်းခဲ့သည်။

ချန်လျန့်၏ ကိုယ်ရည်ကိုယ်သွေးသည် သူ့အစ်ကိုကြီးနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ငယ်ငယ်ကတည်းက အမြဲလိုလို အငြိမ်မနေဘဲ ဆော့နေတတ်ပြီး ဒဏ်ပေးမခံရသည်က သုံးရက်ခန့်ကြာနေပြီဆိုလျှင် အမိုးပေါ်တက်ကာ အုတ်ကြွပ်ပြားများကို ခွာချမည့် ကလေးမျိုး ဖြစ်သည်။ သူသည် ချန်ကျင်းကဲ့သို့ ယုံကြည်ထိုက်သော အစ်ကို မဟုတ်ပေ။ သူသည် အစသန်ပြီး ချန်မန်ကို ငယ်စဉ်ကတည်းက ငိုအောင် လုပ်လေ့ရှိသည်။ သို့သော် ချန်မန်ကို အပြင်လူများက အနိုင်ကျင့်ပါက၊ သူသည် ရှေ့သို့ ချက်ချင်းထွက်ကာ ကာကွယ်ပေးပေလိမ့်မည်။

တကယ်တော့ သူမ၏ ဒုတိယအစ်ကိုဖြစ်သူက ဤနှစ်များအတွင်း မြို့ကို ပြန်ရန် အခွင့်မရှိခဲ့ပါချေ။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဏာပိုင်များသည် ကျေးလက်သို့သွားကာ မြို့တွင်းသို့ပြန်ခြင်းဆိုင်ရာ မူဝါဒများကို တဖြည်းဖြည်း ဖြေလျှော့ပေးကာ မိသားစုတစ်စုတွင် လူတစ်ဦးသာ ကျေးလက်သို့ သွားရန်လိုအပ်ကြောင်း သတ်မှတ်လိုက်ပြီး မြို့တွင်းသို့ ပြန်လာရန် နည်းလမ်းများကိုလည်း တိုးချဲ့လုပ်ဆောင်လာခဲ့သည်။

ထိုအချိန်က ဝမ့်ချိုးမိန်နှင့် သူမ၏ခင်ပွန်းတို့သည် ချန်လျန့်ကို အလုပ်လက်လွှဲယူရန် ပြန်လာခွင့်ပြုရမည်လော မပြုရမည်လောကို တွေဝေနေခဲ့သော်လည်း သူက ငြင်းဆန်လိုက်၏။ မိသားစုအတွင်းရှိမွေးချင်းသုံးယောက်အနက် တစ်ယောက်ယောက်က ကျေးလက်သို့သွားကိုသွားရမည်ဟု ဆိုခဲ့သည်။

အစ်ကိုအကြီးဆုံးက အလုပ်အတည်တကျရှိပြီး အိမ်ထောင်လည်း ရှိသည့်အတွက် ကျေးလက်ကို မသွားနိုင်သည်မှာ သေချာသည်။ ညီမလေးက ချောချောလေးမို့ ကျေးလက်ကို သွားရသည်မှာ အန္တရာယ်က အရမ်းများသောကြောင့် ကျေးလက်တွင် ချန်လျန့် နေလိုက်ခြင်းက ပိုကောင်းပေသည်။။

မည်သို့ပင်ဖြစ်စေ သူက လူပျိုလူလွတ်ဖြစ်သောကြောင့် ဝန်ထုပ်ဝန်ပိုးလည်း မရှိပေ။ သူသည် ကျေးလက်တွင် နှစ်အနည်းငယ်ကြာအောင် ကောင်းကောင်းလုပ်ခဲ့ပြီး နောက်ထပ်နှစ်အနည်းငယ်ကြာအောင် ဆက်နေရလည်း ပူပန်စရာ မရှိပေ။

ချန်မန်သည် အတိတ်အမှတ်တရများမှ ရုန်းထွက်လိုက်ပြီး အပြုံးတပွင့်နှင့် ပြောလိုက်သည်။
"နောက်ပိုင်းကျတော့ ကျွန်မတို့ရဲ့ ဇာတိမြို့မှာ စီမံခန့်ခွဲမှုက ပိုတင်းကြပ်လာတယ်... စစ်တပ်က လူတွေကို ကြာပန်းနဲ့ သစ်အယ်သီးတွေကို စိတ်ကြိုက်ခူးခွင့် မပေးတော့ဘူး... ကြာစေ့တွေကို အန်ထွက်အောင်အထိ စားလို့ရတယ်ဆိုတာမျိုးက နောက်ဘယ်တော့မှ တွေ့ရတော့မယ် မထင်ဘူး..."

လုဖျင်ကျိုးက ပြောလိုက်သည်။
"မင်းကြိုက်ရင် နောက်တစ်ခေါက်ထပ်ဝယ်မယ်..."

"မဝယ်ပါနဲ့... အာသာပြေရုံလေးပဲ စားချင်တာပါ..."
ချန်မန်က အခွံခွာထားသော ကြာစေ့များကို သူ့ပါးစပ်ထဲသို့ ထည့်ပေးကာ သူစားနေတာကို ကြည့်ရင်း မေးလိုက်သည်

"နေ့လည်မှာ တပ်မိသားစု ပြန်လည်နေရာချထားရေးရုံးကို သွားရမှာလား..."

တပ်မိသားစု ပြန်လည်နေရာချထားရေးရုံးသည် တပ်နယ်တွင် ဖွဲ့စည်းထားသော ဌာနတစ်ခုဖြစ်သည်။ ၎င်း၏တာဝန်များသည် လမ်းစီမံရေးရုံးများနှင့် အတူတူပင် ဖြစ်သော်လည်း ၎င်း၏အလုပ်မှာ ပိုမိုများပြားပြီး ၎င်း၏ကြီးကြပ်ရေးမှူးမှာ တပ်မတော်ကို မှီခိုနေရသည့် မိသားစုများဖြစ်သည်။ (လမ်းစီမံရေးရုံးဆိုတာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလိုပါပဲ)

တပ်မတော်သား ဇနီးမောင်နှံများသည် တပ်နယ်သို့ ရောက်ရှိလာသောအခါတွင် ၎င်းတို့၏ အိမ်ထောင်စုစာရင်း လွှဲပြောင်းခြင်းနှင့် စားနပ်ရိက္ခာ လက်မှတ်များ ရယူရန် ၎င်းတို့ထံ သွားရမည်ဖြစ်သည်။

ချန်မန်တွင် ဒေသန္တရအိမ်ထောင်စုစာရင်းရှိပြီး ၎င်း၏ စားနပ်ရိက္ခာခွင့်ပြုချက်အား ပြောင်းလဲရန် မလိုအပ်သော်လည်း လုဖျင်ကျိုးနှင့် လက်ထပ်ပြီးနောက်တွင် ၎င်းတို့၏ အိမ်ထောင်စုစာရင်းကို ပေါင်းထည့်ထားရန် လိုအပ်၏။ ထိုမှသာ စားနပ်ရိက္ခာလက်မှတ်အပြင် မိသားစုသုံးအတွက် ကျောက်မီးသွေးလက်မှတ်၊ အရံရိက္ခာလက်မှတ်၊ စက်မှုထုတ်ကုန်လက်မှတ် အစရှိသည်တို့ကို ထပ်ဆောင်းရရှိလာမည်ဖြစ်သည်။ 

၎င်းတို့၏ လက်ရှိ ကျောက်မီးသွေး မီးဖိုနှင့် ကျန်တစ်ဒါဇင်ခန့်ရှိသော ပျားအုံကျောက်မီးသွေးများကို အခြားသူထံမှ လုဖျင်ကျိုးမှ သီးသန့် ဝယ်ယူခဲ့သည်။ အမှန်တွင် လူအများအတွက် ရှင်းတမ်းကတော့ လိုအပ်သောအရာကို အခြားတစ်ခုနဲ့ ဖလှယ်လိုက်ခြင်းသာ ဖြစ်သည်။

ထို့အပြင် ရောင်းသူသည် ရဲဘော်ရဲဘက်တစ်ဦးဖြစ်သောကြောင့် တစ်ဖက်လူက သူ့ထံမှ ငွေမရှာဘဲ မူရင်းစျေးနှုန်းဖြင့် ပေးခဲ့သည်။ သို့သော်လည်း သူ့ရဲဘော်များက အိမ်တွင် ကျောက်မီးသွေးတုံးများ လိုအပ်နေသောကြောင့် လစဉ် ကျောက်မီးသွေးတုံးများကို ချွေတာပြီး ၎င်းတို့ထံ ရောင်းချရန် မဖြစ်နိုင်ပေ။ သူ့ကိုယ်ပိုင် ကျောက်မီးသွေးလက်မှတ်ရှိလျှင် ပိုအဆင်ပြေပေမည်။

အိမ်ထောင်စုစာရင်း မှတ်ပုံတင်ခြင်းအားဖြင့် အရံအစားအသောက်လက်မှတ်များနှင့် စက်မှုပစ္စည်းလက်မှတ်များနှင့် လိုအပ်ချက်များကိုလည်း ဝယ်ယူနိုင်သလို အချို့သောအထွေထွေလက်မှတ်များကို စုဆောင်းနိုင်ပေမည်။ ချန်မန်၏ အိမ်ထောင်စုစာရင်းသည် ယခင်က အိမ်တွင်ရှိခဲ့သည်။ ထိုအိမ်ထောင်စုစာရင်းမှ သူမ မထွက်ခဲ့လျှင် လက်မှတ်များရရန် သူမ၏ မိဘအိမ်ကို လစဉ်သွားနေရပေလိမ့်မည်။

အမေ့အိမ်သို့ သွားရန်ကိစ္စတစ်ခု ရှိလာသည်ဟုသာ ထင်ရသော်လည်း မိသားစုကြားတွင် အရှုပ်များ ဖြစ်မလာမီ ကြိုတင်စာရင်းရှင်းထားသင့်ပေသည်။

ချန်မန်သည် သူမ၏မိဘများက သူမအား မတရားပြုမူမည်မဟုတ်ဟု ယုံကြည်၏။သို့သော်လည်း ဝမ့်ချိုးမိန်နှင့် သူမ၏ခင်ပွန်းတို့သည် သီးသန့်မနေထိုင်ခြင်း မဟုတ်ဘဲ ၎င်းတို့၏သား(ချန်ကျင်း)နှင့် ချွေးမတို့ကို ၎င်းတို့နှင့်အတူ မှတ်ပုံတင်ထားခဲ့သည်။ ရေရှည်တွင် အတူဆက်ရှိနေလျှင် သံသယ ဝင်လာမည်မှာ အသေအချာပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုလုပ်ထုံးလုပ်နည်းများသည် မရှုပ်ထွေးဘဲ နေ့ခင်းတပိုင်းနှင့်ပင် ပြီးစီးနိုင်လေသည်။ ချန်မန်က ထိုကိစ္စကို ဖြေရှင်းရန် ခွင့်နောက်ဆုံးနေ့၏ အခွင့်ကောင်းကို အသုံးချချင်ပေသည်။


💓💓💓 👩‍❤️‍👨Chapter 54


ထိုသည်ကို ကြားပြီးနောက် လုဖျင်ကျိုး က ပြောလိုက်သည်။

"မနက်စာစားပြီး တရေးလောက် အိပ်လိုက်ဦးမယ်... နေ့လည်ကျမှ အတူတူသွားကြတာပေါ့..."

"ဟုတ်ကဲ့..."

မနက်စာစားပြီးနောက် လုဖျင်ကျိုးသည် သူ့အခန်းသို့ တစ်ရေးတစ်မော ပြန်သွားခဲ့သည်။ အိပ်ရာထနောက်ကျထားသောကြောင့် ထပ်မအိပ်နိုင်တော့သော ချန်မန်သည် အပ်ချုပ်စက်ကို စမ်းသပ်ကြည့်ရန် ဒုတိယအိပ်ခန်းထဲတွင် နေရာရသွားခဲ့သည်။

၁၉၇၀၊ ၁၉၈၀ခုနှစ်များဆီက မိန်းကလေးများသည် အချုပ်အလုပ်တွင် အနည်းနှင့်အများတော့ ကျွမ်းကျင်ကြသည်။ အရည်အချင်းရှိသူများသည် ပန်းထိုးခြင်း၊ ဖိနပ်ချုပ်ခြင်းများကို လုပ်နိုင်ကြပြီး အရည်အချင်းမရှိသူများသည်ပင် အနည်းဆုံးတော့ အဝတ်အစားများကို သေသပ်စွာ ချုပ်နိုင်ကြသည်။

ချန်မန်၏ အချုပ်အလုပ်စွမ်းရည်သည် ထိုအစွန်းနှစ်ဖက်ကြားတွင် ရှိပြီး အတော်ကြီးလည်း မဟုတ်သလို အဆိုးကြီးလည်း မဟုတ်လှ။ သူမ ပန်းထိုးခြင်းမပြုနိုင်သော်လည်း အရုပ်ပြုလုပ်ခြင်း သို့မဟုတ် လက်ကိုင်ပုဝါ ချုပ်ခြင်းသည် သူမအတွက် မခက်ခဲပေ။

သို့သော် သူမသည် အပ်ချုပ်စက်ကို တစ်ခါမျှ အသုံးမပြုခဲ့ပေ။ ထိုခေတ်က အပ်ချုပ်စက်များသည် ကြီးမားကြသည်။။ အပ်ချုပ်စက်များက စျေးကြီးရုံသာမက ငွေကလည်း စုဆောင်းရန်လည်း ခက်ခဲလှသည်။ မိသားစုအနည်းငယ်သာ အပ်ချုပ်စက်ကို ဝယ်နိုင်ကြပေသည်။ သေချာသည်က သာမန်မိသားစုများအတွက် အခွင့်အလမ်း လုံးဝမရှိပေ။ ချန် မိသားစုကဲ့သို့ တစ်အိမ်လုံး အလုပ်ရှိကြသူများပင်လျှင် အံခဲကာ အတော်ကြီး ကြိုးစားအားထုတ်နိုင်မှ ဝယ်နိုင်မည်ပင်။

ပြဿနာမှာ ဝမ့်ချိုးမိန်၏ အချုပ်အလုပ်စွမ်းရည်က ချန်မန်လောက်ပင် မကောင်းပါချေ။ အနည်းဆုံးတော့ ချန်မန်သည် အရုပ်များကို ဖန်တီးနိုင်သော်လည်း ရဲဘော်ဝမ့်သည် ပုံကြမ်းပေါ်ရုံမျှသာ တတ်နိုင်သည်။ လောဝမ်ရှင်းသည် အထည်အလိပ်စက်ရုံတစ်ခုမှ အမျိုးသမီးအလုပ်သမားတစ်ဦးဖြစ်သော်လည်း အထည်အလိပ်နှင့် အဝတ်အစား ချုပ်လုပ်ခြင်းကြားတွင် ကြီးမားသောကွာခြားချက်ရှိပြီး အဝတ်အစားများအား မည်သို့ ချုပ်လုပ်ရမည်ကို သူမကောင်းစွာမသိပေ။

ဝမ့်ချိုးမိန်သည် လက်တွေ့ကျသော လူတစ်ယောက်ဖြစ်သည်။ ဝယ်ပြီး ဖုန်တက်ခံရမည့် စက်အကြီးကြီးတစ်လုံးအတွက် ငွေစုမည့်အစား ကူညီပေးနိုင်မည့် အဝတ်ကောင်းကောင်း ချုပ်တတ်သူတစ်ဦးကို ရှာကာ ငွေကုန်ခံလိုက်ရသည်က ပိုကောင်းသည်ဟု သူမ ယူဆထားလေသည်။

ရဲဘော်ဝမ့်ချိုးမိန်နှင့်ယှဥ်လျှင် ချန်မန်က သိပ်လက်တွေ့မကျပေ။ သူမသည် အချုပ်အလုပ်တွင် လွန်စွာမကျွမ်းကျင်စေကာမူ သင်ယူလိုစိတ် အပြည့်ရှိသည်။ ထို့ကြောင့် လုဖျင်ကျိုးက လက်ဆောင်အဖြစ် အဓိကပစ္စည်းသုံးမျိုးကို ပြင်ဆင်ရန် အကြံပြုသောအခါ သူမ မကန့်ကွက်ခဲ့ပေ။

သူမသည် အပ်ချုပ်စက်ကို တစ်ခါမျှ မသုံးဖူးသော်လည်း ချန်မန်သည် အခြားသူများ အသုံးပြုသည်ကို မြင်ပြီး ၎င်းကို မည်ကဲ့သို့ လည်ပတ်ရမည်ကို အကြမ်းဖျင်း သိထားသည်။ တစ်ချိန်တည်းမှာပင် သူမသည် ကိုယ့်ကိုယ်ကို ယုံကြည်ချက်မြင့်မားနေကာ အဝတ်စအပိုင်းများကိုလည်း ပြင်ဆင်ထားခဲ့သောကြောင့် စက်ချုပ်သင်နေစဥ် ဖြစ်လာနိုင်သော ပြဿနာများကို စိုးရိမ်မနေချေ။

အပ်ချည်ထိုးကာ အပ်ကိုပြောင်းပြီးနောက် ချန်မန်သည် အသက်ပြင်းပြင်းရှူကာ အပ်ချုပ်စက်ကို စတင်၍ နင်းကာ ချုပ်လိုက်သည်။

ချန်မန်သည် ပထမနှစ်ကြိမ်တွင် ကောင်းမွန်သည်ဟု ခံစားခဲ့ရသော်လည်း မကြာမီတွင် ချုပ်ရိုးလိုင်းသည် သူမလိုချင်သည့်နေရာတွင် ကျသွားပုံမပေါ်ကြောင်း တွေ့ရှိခဲ့သည်။ သူမသည် စိုးရိမ်စပြုလာပြီး စက်နင်းသော အရှိန်ကို မြှင့်၍ ခပ်သွက်သွက် နင်းလိုက်သည်မှာ 'အား'ဟု မအော်ရမီအထိသာ ဖြစ်သည်။

အိပ်မောကျကာစဖြစ်နေသော လုဖျင်ကျိုးက လန့်နိုးလာပြီး ဒုတိယအိပ်ခန်းဆီသို့ အပြေးသွားကာ မေးလိုက်သည်။
"ဘာဖြစ်တာလဲ..."

ချန်မန် လှည့်ပြီး သူမ၏ လက်ကို မြှောက်လိုက်ကာ ဖြေလိုက်သည်။
"ကျွန်မ ခိုက်မိသွားလို့...."

လုဖျင်ကျိုးက အနားရောက်လာပြီး သူမ၏ အပ်ထိုးမိသော လက်ချောင်းကို မြှောက်ကာ အနီးကပ် ကြည့်လိုက်သည်။ ထွက်လာသော သွေးစက်များကို ကြည့်ခြင်းအားဖြင့် အပ်အပေါက်က သိပ်ကြီးဟန်မရှိချေ။ သူသည် ချန်မန်ကို ခါးသီးသော မျက်နှာဖြင့် မော့ကြည့်လိုက်သည်။
"အရမ်းနာသွားလား..."

"နည်းနည်းနာတယ်..."

"အဲ့လောက်ကတော့ သည်းခံမှပေါ့..."

လုဖျင်ကျိုးသည် အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ကာ ဖြန့်လိုက်ပြီး လက်ညှိုးကို သုတ်၍ သွေးခဲနေပြီဖြစ်သော အပ်ပေါက်ကို ကြည့်လိုက်ပြီးနောက် ပြောသည်။

"ကြည့်လိုက်... ဒဏ်ရာက သေးသေးလေးရယ်... ခဏနဲ့ ပျောက်သွားမှာပါ..."

ချန်မန် : "... "

ထိုသို့ကဗျာမဆန်လှသော စကားများကို ကြားလိုက်ရသောအခါ သူ့အတွက် ဇနီးတစ်ယောက်ရရန်မှာ လွယ်ကူသောအရာ မဟုတ်ဟု သူမတွေးမိလေသည်။

ဒီလိုအချိန်မှာ သူက သူမလက်ညှိုးလေးကို ပါးစပ်နဲ့ ငုံပြီး ဒါမျိုးပြောသင့်တာမဟုတ်လား။

"အချစ်လေး သိပ်နာသွားသလား..."

အင်းပါ... ဒီလိုကျလဲ ချွဲတိချွဲပျစ်ကြီးပါ... ယှဥ်ကြည့်တော့လဲ နုရွမနေတာကပဲ ပိုကောင်းသလိုလိုပါလေ...

ချန်မန်က လက်ချောင်းကို လှုပ်ကြည့်လိုက်သောအခါ လှုပ်ရှားမှုကို မထိခိုက်သွားသော်လည်း လှုပ်လိုက်တိုင်း နာကျင်သွားသည်။ သူမသည် ယနေ့ သင်ကြားရေးအစီအစဉ် မအောင်မြင်ကြောင်း ထုတ်ဖော်ပြောဆိုနေသည့်နှယ် ဖြစ်နေသော အပ်ချုပ်စက်ပေါ်ရှိ အထည်အပျက်အစီးများကို ကြည့်နေမိသည်။

လုဖျင်ကျိုးက သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်ရင်း သူမက တစ်စုံတစ်ခု ချုပ်လုပ်ချင်နေသည်ဟု နားလည်မှု လွဲသွားသောကြောင့် သူက မေးလိုက်သည်။

"မင်းဘာချုပ်မလို့လဲ... ကိုယ် မင်းကိုကူညီပေးမယ်..."

"ကျွန်မ ဘာမှ ချုပ်မလို့ မဟုတ်ပါဘူး... အပ်ချုပ်စက်ကို အလေ့အကျင့်ရှိအောင် နင်းကြည့်နေတာပါ..."
ချန်မန်က စကားပြောပြီးနောက်မှပင် သူ့စကား၏ ဒုတိယတစ်ဝက်ကို သဘောပေါက်သွားပြီး တအံ့တသြနှင့် မေးလိုက်သည်။

"ရှင်က အပ်ချုပ်စက်ကို သုံးတတ်တယ်လား..."

“မတတ်ပါဘူး... ဒါပေမဲ့ ကိုယ် သင်နိုင်တယ်လေ...”
လုဖျင်ကျိုးက ဆိုသည်။

"မဖြစ်နိုင်ဘူး... ဒါက အရမ်းခက်တယ်..."
ချန်မန်က ခဏမျှစဉ်းစားပြီး ထပ်ပြောလိုက်သည်။

"ရှင့်လက်ကို အပ်ထိုးမိလိမ့်မယ်..."

သူမ ထိုစကားကို မပြောမိလျှင် ပိုကောင်းပေလိမ့်မည်။ သူမ ထိုသို့ပြောပြီးသည်နှင့် လုဖျင်ကျိုးက ပို၍ပင် စမ်းကြည့်ချင်စိတ် များလာပြီး ပြောလိုက်သည်။

“ဘယ်လိုလုပ်ရမလဲ ပြောပြလေ... ကိုယ် အစမ်းနင်းကြည့်မယ်... အဆင်မပြေရင်လဲ ထားလိုက်ရုံပေါ့..."

"အင်းပါ... ဒါဆိုလဲ သတိထားနော်..."
ချန်မန် မတ်တပ်ရပ်လိုက်သည်။

လုဖျင်ကျိုးက ထိုင်ခုံပေါ်တွင် ထိုင်ပြီး ချန်မန်၏ ညွှန်ကြားချက်များကို နားထောင်လိုက်သည်။ သူက အပ်ချုပ်စက်ခြေနင်းပေါ် ခြေတစ်ဖက်တင်ပြီးနောက် အထည်စကို အပ်အရှည်ကြီးအောက်တွင် ထားကာ ခြေထောက်ကို အားစိုက်၍ ခြေနင်းကို နင်းလိုက်ရင်း အထည်စကို လက်ဖြင့် ရှေ့သို့ တွန်းပို့လိုက်သည်။

ပထမပိုင်း ချုပ်ရိုးများသည် အနည်းငယ် ကွေ့ကောက်နေသော်လည်း မကြာမီ သူသည် စည်းချက်ကို ပိုင်နိုင်လာပြီး လျင်မြန်စွာဖြင့် အထည်အနားစွန်းသို့ ရောက်သွားကာ ချုပ်ရိုးကို ကွက်တိရပ်တန့်လိုက်သည်။ ရပ်သွားသည့်တိုင်အောင် သူကိုယ်တိုင်ပင် ဘယ်လိုလုပ်လိုက်မိမှန်း မသိသဖြင့် မေးလိုက်သည်။

“အဆင်ပြေလား..."

ချန်မန် အံ့အားသင့်သွားသည်။
"အဆင်ပြေတာပေါ့... အရမ်းကောင်းတာပဲ... ရှင် အရင်က အပ်ချုပ်စက်ကို တကယ်မသုံးဖူးတာလား..."

"တကယ်မသုံးဖူးပါဘူး..."
လုဖျင်ကျိုးက ခေါင်းခါလိုက်သည်။

"ဒါပေမယ့် မင်း စည်းချက်ကို ပိုင်နိုင်ပြီး မထိတ်လန့်နေသရွေ့ ဒါက မခက်ခဲပါဘူး... အစောနက စိတ်လှုပ်ရှားနေတာ မဟုတ်လား..."

ချန်မန်က ထိုအကြောင်းကို စဉ်းစားပြီး ခေါင်းညိတ်ပြသည်။

"အဓိကကတော့ ဒီအပ်က နည်းနည်း ကြောက်စရာကောင်းလို့ပဲ... အထက်အောက် ပြေးနေတဲ့ အပ်ရဲ့အောက်ကနေ အဝတ်စကို ရှေ့တိုးနောက်ဆုတ်လုပ်ရတာဆိုတော့ နည်းနည်းတော့ ကြောက်မိတာပေါ့..."

လုဖျင်ကျိုးသည် ခေါင်းကို စောင်းကာ အပ်ကို ငုံ့ကြည့်လိုက်သည်။
"တကယ်တော့ ဘယ်လိုလုပ်ရမယ်ဆိုတာကို နားလည်ပိုင်နိုင်သွားတာနဲ့ မင်းလက်ဟာ အပ်နဲ့ အရမ်းနီးကပ်နေဖို့ မလိုမှန်း သိလာမှာပါ... အထည်ကို တွန်းပေးနိုင်သရွေ့တော့ အဆင်ပြေပါတယ်..."

ချန်မန်၏လက်က ဒဏ်ရာရနေပြီး အနာကျက်သည်အထိ စောင့်ပြီးမှ စက်ပြန်ချုပ်နိုင်မည်ဖြစ်သောကြောင့် သူက မေးလိုက်သည်။

"စက်ချုပ်တတ်အောင်လုပ်ပြီး မင်း ဘာတွေ ချုပ်မလို့လဲ..."

"အံဆွဲဗီရိုအမြင့်အတွက် ဖုန်အကာတစ်ခုလုပ်မလို့ပါ..."

ချန်မန်က သူမ၏ လက်ချောင်းများကို ကြည့်ပြီး ပြောလိုက်သည်။

"ဒါပေမယ့် ဒီနေ့တော့ မေ့လိုက်ပါတော့... အပ်ချုပ်စက်နဲ့ အသားကျပြီဆိုမှပဲ ချုပ်ဖို့ စဥ်းစားတော့မယ်..."

လုဖျင်ကျိုးက ပြောသည်။
"ကိုယ် ချုပ်ပေးမယ်လေ... မင်းက ဘယ်လိုချုပ်ရမယ်ဆိုတာကို ပြောပြပေး..."

"ဟင်..."

"မင်းလက်က နာနေတာ မဟုတ်လား..." 
လုဖျင်ကျိုးသည် သူမ၏ နီရဲပြီး ရောင်ရမ်းနေသော လက်ချောင်းထိပ်များကို ကြည့်လိုက်သည်။

ချန်မန်က ပြောသည်။
"ရပါတယ်... ကျွန်မရဲ့ အနာသက်သာလာမှပဲ လုပ်တော့မယ်လေ... ပြီးတော့ ရှင်ကရော ထပ်မအိပ်ချင်တော့ဘူးလား..."

သူမသည် ဗီရိုကိုဖုန်မတင်စေရန်အတွက် ဖုန်အကာပြုလုပ်ခြင်း မဟုတ်ပေ။ တကယ်တမ်းအဝတ်စထက် သစ်သားက ဖုန်သုတ်ရန် ပိုလွယ်ကူပေသည်။ သူမက ဧည့်ခန်းသည် ရိုးစင်းလွန်းသည်ဟု ခံစားခဲ့ရပြီး အလှဆင်ရန်အတွက် အရောင်အစုံပါရှိသော အထည်တစ်ထည်ကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။

အိမ်ခန်းအလှဆင်တယ်ဆိုတာ ကြိုက်တဲ့အချိန် လုပ်လို့ရတာပဲ... ဘာမှ လောနေစရာ မလိုဘူး..

လုဖျင်ကျိုးက နောက်ထပ်အတင်းအကျပ် မလုပ်တော့ဘဲ ပြောလိုက်သည်။
"နောက်တစ်ခါ မင်း အပ်ချုပ်စက်နဲ့ ချုပ်ဖို့ လေ့ကျင့်မယ်ဆိုရင် ကိုယ့်ကို အရင်ခေါ်လိုက်... ကိုယ် မင်းကို စောင့်ကြည့်ပေးမယ်... မင်းလက်ကို အပ်နဲ့ မထိုးမိရလေအောင် ကိုယ် တားပေးနိုင်တယ်..."

ချန်မန်၏ မျက်လုံးအစုံက ကျဥ်းမြောင်းသွားကာ မေးလိုက်သည်။
"ရဲဘော်လု... ရှင် ကျွန်မကို အထင်သေးတာလား..."

လုဖျင်ကျိုး တုန့်ခနဲ ရပ်တန့်သွားပြီး ဘာမှမဖြစ်ခဲ့လေဟန်ဖြင့် မေးလိုက်သည်။
"ဘယ်အချိန်ရှိသွားပြီလဲ... ကိုယ် တရေးလောက် ပြန်အိပ်ဦးမယ်..."

ချန်မန်: "..."

လုဖျင်ကျိုးက နှစ်နာရီထိုးတဲ့အထိ အိပ်ခဲ့သည်။ အိပ်ရာထပြီးနောက် ရေချိုးခန်းသို့သွားကာ ရေချိုးပြီးနောက် ချန်မန် နှင့်အတူ တပ်မိသားစု ပြန်လည်နေရာချထားရေးရုံးသို့ သွားလေသည်။

လင်းကျန်းမြို့သည် လူဦးရေ နည်းပါးသည်နှင့်အညီ စည်းမျဉ်းစည်းကမ်းများလည်း နည်းပါးသည်။ ဝန်ဆောင်မှုလုပ်ငန်းစဉ်ကလည်း အတော်လေးရိုးရှင်းလှ၏။ လုပ်ထုံးလုပ်နည်းများအားလုံးကို တစ်နာရီမပြည့်မီတွင် ပြီးမြောက်ခဲ့သည်။

တပ်မိသားစု ပြန်လည်နေရာချထားရေးရုံးမှ ထွက်ခွာလာသောအခါ ၎င်းတို့နှစ်ဦးသည် ဝူရွှမ်းယွီနှင့် အမှတ်မထင် ဆုံတွေ့မိကြသည်။

တပ်မိသားစု ပြန်လည်နေရာချထားရေးရုံးနှင့် အမျိုးသမီးရေးရာအဖွဲ့ချုပ်တို့သည် ရုံးခန်းအဆောက်အဦးတစ်ခုတည်းတွင် ရှိနေ၏။ ဝူရွှင်းယွီသည် အပြင်ဘက်တွင် အလုပ်အချို့လုပ်ရာမှ ပြန်လာခဲ့သည်။ သူတို့နှစ်ယောက်ကို တွေ့သောအခါ ပြုံးပြပြီး မေးလိုက်သည်။

"ကြင်စဦးလေးတွေ လက်ထပ်ပြီးတော့ အဆင်ပြေကြလား..."

လုဖျင်ကျိုးက ပထမဦးစွာ ဖြေလိုက်သည်။
"အရမ်းကောင်းပါတယ်ဗျ..."

ချန်မန်သည် အနည်းငယ် ရှက်သွားသော်လည်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။

"အဆင်ပြေပါတယ်ရှင့်..."

"ဟိုးအရင်ကတည်းက မင်းကို လက်ထပ်ဖို့ တိုက်တွန်းခဲ့တုန်းက မင်း ငါ့ကို မယုံဘူး... အခု မင်းမှာ ဇနီးရှိလာပြီဆိုတော့ လက်ထပ်တယ်ဆိုတာ အရမ်းကောင်းတဲ့အကြောင်း မင်းသိပြီလား... "

ဝူရွှင်းယွီက ကျီစားနောက်ပြောင်နေပြီး သူမ၏စကားများသည် သိသိသာသာပင် လုဖျင်ကျိုးကို ဦးတည်သွားသည် ။

လုဖျင်ကျိုးက ပြန်ဖြေသည်။
"အစ်မပြောတာက မမှန်ပါဘူး... အစ်မပြောတာကို နားမထောင်ခဲ့ဘဲ စောစောလက်မထပ်ခဲ့လို့သာ ကျွန်တော် မန်မန်နဲ့ တွေ့ဖို့ အခွင့်အရေးရခဲ့တာပါ... ကျွန်တော် သူ့ကို လက်ထပ်ခဲ့မိလို့သာ အိမ်ထောင်ပြုရတာ ကောင်းတယ်လို့ ကျွန်တော် ခံစားရတာပါ... အစ်မက အကြောင်းတရားနဲ့ အကျိုးသက်ရောက်မှု မှားနေပြီ..."

ဝူရွှင်းယွီသည် စကားမပြောနိုင်ဖြစ်သွားရသည်။ ခဏအကြာတွင် သူမက ပြောလာသည်။

"ဟုတ်ပါပြီ... မင်းပြောတာ မှန်ပါတယ်... တပ်ရင်းက သိပ်မကြာခင် မိတ်ဆုံစားပွဲတစ်ခု လုပ်လိမ့်မယ်... မင်းက အစ်မကို ကူညီရမယ်နော်..."

"အဲ့ဒါက နိုင်ငံရေးဌာနရဲ့အလုပ်မဟုတ်ဘူးလား... အစ်မအတွက် ကျွန်တော်က ဘာလုပ်ပေးရမှာလဲ..."
လုဖျင်ကျိုးက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"အဲ့ဒါအပြင်ကို ကျွန်တော်ရဲ့ အရပ်အမောင်းမျိုး ကျွန်တော့်ရဲ့ ရုပ်ရည်မျိုးနဲ့ ဒီလိုမိတ်ဆုံစားပွဲတွေမှာ ပေါ်လာဖို့ သင့်တော်တယ်လို့ အစ်မထင်နေတာလား..."

လက်ထပ်ခွင့်တောင်းရန်အတွက် လုဖျင်ကျိုးကို မကူညီပေးမီက ဝူရွှင်းယွီ၏ အထင်အမြင်တွင် လုဖျင်ကျိူးသည် အမြဲတမ်း ထက်မြက်သော၊ လေးနက်သော၊ တည်ကြည်ပြီး စွမ်းဆောင်ရည်ရှိသော လူငယ်အရာရှိတစ်ဦးဖြစ်သည်။ သူ့၏ မြင့်မားသောအမြင်နှင့် အိမ်ထောင်ပြုရန် တုန့်ဆိုင်းနေမှုကလွဲလျှင် သူ့တွင် အခြားချို့ယွင်းချက်ဟူ၍ မရှိပေ။

ယခုမူ ဝူရွှင်းယွီသည် သူမ၏မှတ်ဥာဏ်ထဲရှိ သူ၏ ထက်မြက်မှု၊ လေးနက်မှုနှင့် တည်ကြည်မှုဟူသော စကားလုံးများကို မေ့ပျောက်သွားပြီဟုသာ ထားလိုက်သည်။ နဂိုက တည်ကြည်တင်းမာသော ထိုသူက အရှက်ကင်းမဲ့သွားသောအခါ လူအများစုက သည်းမခံနိုင်လောက်တော့ပေ။

ဝူရွှင်းယွီက ချန်မန်ကို ပြောသည်။
"ရှောင်ချန်... မင်းရဲ့ ရဲဘော်လုကို ထိန်းထားသင့်တယ်နော်... သူ အိမ်ထောင်ကျပြီးတာတောင် မဟုတ်တရုတ်တွေ တွေးနေတုန်းပဲ... ငါ မင်းကို အလုပ်သွားလုပ်ခိုင်းနေတာ... ချိန်းတွေ့ဖို့ မဟုတ်ဘူး... မင်း ဘာတွေများ စိတ်ကူးယဥ်အိမ်မက်မက်နေတာလဲ..."

လုဖျင်ကျိုး၏ မျက်နှာသည် လေးနက်လာသည်
"ဒါရိုက်တာဝူ... ကျွန်တော်လက်ထပ်ပြီးသွားပြီလေ... အစ်မပဲ ကျွန်တော် လက်ထပ်ခွင့်တောင်းဖို့ ကူညီပေးခဲ့တာ... ကျွန်တော်နဲ့ ကျွန်တော့်မိန်းမကြားမှာ ရန်ဖြစ်အောင် သွေးထိုးပေးတာတော့ မကောင်းပါဘူး... မန်မန်... သူ့စကားကို နားမထောင်နဲ့... ကိုယ် တခါမှ အဲ့ဒါမျိုး မစဥ်းစားဖူးဘူး..."

ချန်မန်ကလည်း ငတုံးမဟုတ်ပေ။ သူတို့ နောက်ပြောင်နေမှန်း သူမ ဘယ်လိုမှ မကြားနိုင်ပဲ ရှိမည်နည်း။ သူမက ပြောလိုက်သည်။

"ဟုတ်ပါပြီ..."

ဝူရွှင်းယွီသည် နှစ်ယောက်ကြား သဘောထားကွဲလွဲမှုကို မလိုလားခဲ့ပေ။ လုဖျင်ကျိုးက စိတ်ပူနေသည်ကို မြင်သောအခါ သူမက ပြုံးပြီး ရှင်းပြသည်။

"ဒီတခေါက် မိတ်ဆုံစားပွဲမှာ ဝင်နွှဲကြမယ့် လူအများစုက မင်းတပ်ရင်းက ဖြစ်နေလို့ ကူညီပေးဖို့ တောင်းလိုက်တာ... မဟုတ်သေးဘူး မင်းအရင်က တပ်ဖွဲ့မှူးဖြစ်တုန်းက မင်းရဲ့ ကွပ်ကဲမှုအောက်မှာ ရှိခဲ့ကြတာလေ..."

ထို့နောက် သူမသည် ချန်မန်ဘက်သို့လှည့်လိုက်သည်။
"ရှောင်ချန်... ဒါတွေက ညီမနဲ့ မတွေ့ခင်ကဆိုတော့ လုဖျင်ကျိုးရဲ့ စိတ်နှလုံးက ဘုရားကျောင်းက ဘုန်းကြီးထက် ပိုပြီးဖြူစင်တယ်ဆိုတာကို ညီမ ဘယ်သိပါ့မလဲ... သူ့တစ်ယောက်တင် အိမ်ထောင်မပြုရုံတင်မက သူ့ရဲဘော်တွေကပါ သူ့ခြေရာကို လိုက်နင်းစေပြီးတော့ နောက်ဆုံးမှာ လက်မထပ်ရသေးတဲ့ အသက်ကြီးတဲ့ လူပျိုသိုးကြီးအုပ်စုကို အောင်အောင်မြင်မြင်နဲ့ မွေးထုတ်ပေးထားတာပေါ့..."

ချန်မန်မှာ နှုတ်ခမ်းများ ဝိုင်းသွားပြီးမှ ဖွဖွပြုံးလိုက်သည်။
"သူတို့အားလုံး တွေ့ဆုံပွဲမှာ ပါဝင်ကြမှာလား..."

"ဟုတ်တယ်... သူတို့ရဲ့ စံပြပုဂ္ဂိုလ်တွေက အိမ်ထောင်ကျပြီးဖြစ်လို့ သူတို့တွေ စိုးရိမ်နေကြတာပေါ့..."
ဝူရွှင်းယွီ က ပြုံးပြီး ပြောလိုက်သည်။

"ပါတီပွဲနေ့မှာ ညီမ အချိန်ရရင် သူနဲ့အတူ လိုက်လာပြီး တူစုံတွဲလေးနဲ့ ဆင်နွှဲပြလိုက်ရင် အဲဒီလူပျိုကြီးတွေကို လှုံ့ဆော်ပြီးသားဖြစ်ပြီပဲ... သူတို့ကို စိတ်ရှုပ်အောင်လုပ်ပြီး အစ်မတို့ပါတီပွဲရဲ့ အောင်မြင်မှုနှုန်းကို မြှင့်တင်ရမယ်လို့ တွေးနေတာ..."

💓💓💓 👩‍❤️‍👨Chapter 54


ထိုသည်ကို ကြားပြီးနောက် လုဖျင်ကျိုး က ပြောလိုက်သည်။

"မနက်စာစားပြီး တရေးလောက် အိပ်လိုက်ဦးမယ်... နေ့လည်ကျမှ အတူတူသွားကြတာပေါ့..."

"ဟုတ်ကဲ့..."

မနက်စာစားပြီးနောက် လုဖျင်ကျိုးသည် သူ့အခန်းသို့ တစ်ရေးတစ်မော ပြန်သွားခဲ့သည်။ အိပ်ရာထနောက်ကျထားသောကြောင့် ထပ်မအိပ်နိုင်တော့သော ချန်မန်သည် အပ်ချုပ်စက်ကို စမ်းသပ်ကြည့်ရန် ဒုတိယအိပ်ခန်းထဲတွင် နေရာရသွားခဲ့သည်။

၁၉၇၀၊ ၁၉၈၀ခုနှစ်များဆီက မိန်းကလေးများသည် အချုပ်အလုပ်တွင် အနည်းနှင့်အများတော့ ကျွမ်းကျင်ကြသည်။ အရည်အချင်းရှိသူများသည် ပန်းထိုးခြင်း၊ ဖိနပ်ချုပ်ခြင်းများကို လုပ်နိုင်ကြပြီး အရည်အချင်းမရှိသူများသည်ပင် အနည်းဆုံးတော့ အဝတ်အစားများကို သေသပ်စွာ ချုပ်နိုင်ကြသည်။

ချန်မန်၏ အချုပ်အလုပ်စွမ်းရည်သည် ထိုအစွန်းနှစ်ဖက်ကြားတွင် ရှိပြီး အတော်ကြီးလည်း မဟုတ်သလို အဆိုးကြီးလည်း မဟုတ်လှ။ သူမ ပန်းထိုးခြင်းမပြုနိုင်သော်လည်း အရုပ်ပြုလုပ်ခြင်း သို့မဟုတ် လက်ကိုင်ပုဝါ ချုပ်ခြင်းသည် သူမအတွက် မခက်ခဲပေ။

သို့သော် သူမသည် အပ်ချုပ်စက်ကို တစ်ခါမျှ အသုံးမပြုခဲ့ပေ။ ထိုခေတ်က အပ်ချုပ်စက်များသည် ကြီးမားကြသည်။။ အပ်ချုပ်စက်များက စျေးကြီးရုံသာမက ငွေကလည်း စုဆောင်းရန်လည်း ခက်ခဲလှသည်။ မိသားစုအနည်းငယ်သာ အပ်ချုပ်စက်ကို ဝယ်နိုင်ကြပေသည်။ သေချာသည်က သာမန်မိသားစုများအတွက် အခွင့်အလမ်း လုံးဝမရှိပေ။ ချန် မိသားစုကဲ့သို့ တစ်အိမ်လုံး အလုပ်ရှိကြသူများပင်လျှင် အံခဲကာ အတော်ကြီး ကြိုးစားအားထုတ်နိုင်မှ ဝယ်နိုင်မည်ပင်။

ပြဿနာမှာ ဝမ့်ချိုးမိန်၏ အချုပ်အလုပ်စွမ်းရည်က ချန်မန်လောက်ပင် မကောင်းပါချေ။ အနည်းဆုံးတော့ ချန်မန်သည် အရုပ်များကို ဖန်တီးနိုင်သော်လည်း ရဲဘော်ဝမ့်သည် ပုံကြမ်းပေါ်ရုံမျှသာ တတ်နိုင်သည်။ လောဝမ်ရှင်းသည် အထည်အလိပ်စက်ရုံတစ်ခုမှ အမျိုးသမီးအလုပ်သမားတစ်ဦးဖြစ်သော်လည်း အထည်အလိပ်နှင့် အဝတ်အစား ချုပ်လုပ်ခြင်းကြားတွင် ကြီးမားသောကွာခြားချက်ရှိပြီး အဝတ်အစားများအား မည်သို့ ချုပ်လုပ်ရမည်ကို သူမကောင်းစွာမသိပေ။

ဝမ့်ချိုးမိန်သည် လက်တွေ့ကျသော လူတစ်ယောက်ဖြစ်သည်။ ဝယ်ပြီး ဖုန်တက်ခံရမည့် စက်အကြီးကြီးတစ်လုံးအတွက် ငွေစုမည့်အစား ကူညီပေးနိုင်မည့် အဝတ်ကောင်းကောင်း ချုပ်တတ်သူတစ်ဦးကို ရှာကာ ငွေကုန်ခံလိုက်ရသည်က ပိုကောင်းသည်ဟု သူမ ယူဆထားလေသည်။

ရဲဘော်ဝမ့်ချိုးမိန်နှင့်ယှဥ်လျှင် ချန်မန်က သိပ်လက်တွေ့မကျပေ။ သူမသည် အချုပ်အလုပ်တွင် လွန်စွာမကျွမ်းကျင်စေကာမူ သင်ယူလိုစိတ် အပြည့်ရှိသည်။ ထို့ကြောင့် လုဖျင်ကျိုးက လက်ဆောင်အဖြစ် အဓိကပစ္စည်းသုံးမျိုးကို ပြင်ဆင်ရန် အကြံပြုသောအခါ သူမ မကန့်ကွက်ခဲ့ပေ။

သူမသည် အပ်ချုပ်စက်ကို တစ်ခါမျှ မသုံးဖူးသော်လည်း ချန်မန်သည် အခြားသူများ အသုံးပြုသည်ကို မြင်ပြီး ၎င်းကို မည်ကဲ့သို့ လည်ပတ်ရမည်ကို အကြမ်းဖျင်း သိထားသည်။ တစ်ချိန်တည်းမှာပင် သူမသည် ကိုယ့်ကိုယ်ကို ယုံကြည်ချက်မြင့်မားနေကာ အဝတ်စအပိုင်းများကိုလည်း ပြင်ဆင်ထားခဲ့သောကြောင့် စက်ချုပ်သင်နေစဥ် ဖြစ်လာနိုင်သော ပြဿနာများကို စိုးရိမ်မနေချေ။

အပ်ချည်ထိုးကာ အပ်ကိုပြောင်းပြီးနောက် ချန်မန်သည် အသက်ပြင်းပြင်းရှူကာ အပ်ချုပ်စက်ကို စတင်၍ နင်းကာ ချုပ်လိုက်သည်။

ချန်မန်သည် ပထမနှစ်ကြိမ်တွင် ကောင်းမွန်သည်ဟု ခံစားခဲ့ရသော်လည်း မကြာမီတွင် ချုပ်ရိုးလိုင်းသည် သူမလိုချင်သည့်နေရာတွင် ကျသွားပုံမပေါ်ကြောင်း တွေ့ရှိခဲ့သည်။ သူမသည် စိုးရိမ်စပြုလာပြီး စက်နင်းသော အရှိန်ကို မြှင့်၍ ခပ်သွက်သွက် နင်းလိုက်သည်မှာ 'အား'ဟု မအော်ရမီအထိသာ ဖြစ်သည်။

အိပ်မောကျကာစဖြစ်နေသော လုဖျင်ကျိုးက လန့်နိုးလာပြီး ဒုတိယအိပ်ခန်းဆီသို့ အပြေးသွားကာ မေးလိုက်သည်။
"ဘာဖြစ်တာလဲ..."

ချန်မန် လှည့်ပြီး သူမ၏ လက်ကို မြှောက်လိုက်ကာ ဖြေလိုက်သည်။
"ကျွန်မ ခိုက်မိသွားလို့...."

လုဖျင်ကျိုးက အနားရောက်လာပြီး သူမ၏ အပ်ထိုးမိသော လက်ချောင်းကို မြှောက်ကာ အနီးကပ် ကြည့်လိုက်သည်။ ထွက်လာသော သွေးစက်များကို ကြည့်ခြင်းအားဖြင့် အပ်အပေါက်က သိပ်ကြီးဟန်မရှိချေ။ သူသည် ချန်မန်ကို ခါးသီးသော မျက်နှာဖြင့် မော့ကြည့်လိုက်သည်။
"အရမ်းနာသွားလား..."

"နည်းနည်းနာတယ်..."

"အဲ့လောက်ကတော့ သည်းခံမှပေါ့..."

လုဖျင်ကျိုးသည် အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ကာ ဖြန့်လိုက်ပြီး လက်ညှိုးကို သုတ်၍ သွေးခဲနေပြီဖြစ်သော အပ်ပေါက်ကို ကြည့်လိုက်ပြီးနောက် ပြောသည်။

"ကြည့်လိုက်... ဒဏ်ရာက သေးသေးလေးရယ်... ခဏနဲ့ ပျောက်သွားမှာပါ..."

ချန်မန် : "... "

ထိုသို့ကဗျာမဆန်လှသော စကားများကို ကြားလိုက်ရသောအခါ သူ့အတွက် ဇနီးတစ်ယောက်ရရန်မှာ လွယ်ကူသောအရာ မဟုတ်ဟု သူမတွေးမိလေသည်။

ဒီလိုအချိန်မှာ သူက သူမလက်ညှိုးလေးကို ပါးစပ်နဲ့ ငုံပြီး ဒါမျိုးပြောသင့်တာမဟုတ်လား။

"အချစ်လေး သိပ်နာသွားသလား..."

အင်းပါ... ဒီလိုကျလဲ ချွဲတိချွဲပျစ်ကြီးပါ... ယှဥ်ကြည့်တော့လဲ နုရွမနေတာကပဲ ပိုကောင်းသလိုလိုပါလေ...

ချန်မန်က လက်ချောင်းကို လှုပ်ကြည့်လိုက်သောအခါ လှုပ်ရှားမှုကို မထိခိုက်သွားသော်လည်း လှုပ်လိုက်တိုင်း နာကျင်သွားသည်။ သူမသည် ယနေ့ သင်ကြားရေးအစီအစဉ် မအောင်မြင်ကြောင်း ထုတ်ဖော်ပြောဆိုနေသည့်နှယ် ဖြစ်နေသော အပ်ချုပ်စက်ပေါ်ရှိ အထည်အပျက်အစီးများကို ကြည့်နေမိသည်။

လုဖျင်ကျိုးက သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်ရင်း သူမက တစ်စုံတစ်ခု ချုပ်လုပ်ချင်နေသည်ဟု နားလည်မှု လွဲသွားသောကြောင့် သူက မေးလိုက်သည်။

"မင်းဘာချုပ်မလို့လဲ... ကိုယ် မင်းကိုကူညီပေးမယ်..."

"ကျွန်မ ဘာမှ ချုပ်မလို့ မဟုတ်ပါဘူး... အပ်ချုပ်စက်ကို အလေ့အကျင့်ရှိအောင် နင်းကြည့်နေတာပါ..."
ချန်မန်က စကားပြောပြီးနောက်မှပင် သူ့စကား၏ ဒုတိယတစ်ဝက်ကို သဘောပေါက်သွားပြီး တအံ့တသြနှင့် မေးလိုက်သည်။

"ရှင်က အပ်ချုပ်စက်ကို သုံးတတ်တယ်လား..."

“မတတ်ပါဘူး... ဒါပေမဲ့ ကိုယ် သင်နိုင်တယ်လေ...”
လုဖျင်ကျိုးက ဆိုသည်။

"မဖြစ်နိုင်ဘူး... ဒါက အရမ်းခက်တယ်..."
ချန်မန်က ခဏမျှစဉ်းစားပြီး ထပ်ပြောလိုက်သည်။

"ရှင့်လက်ကို အပ်ထိုးမိလိမ့်မယ်..."

သူမ ထိုစကားကို မပြောမိလျှင် ပိုကောင်းပေလိမ့်မည်။ သူမ ထိုသို့ပြောပြီးသည်နှင့် လုဖျင်ကျိုးက ပို၍ပင် စမ်းကြည့်ချင်စိတ် များလာပြီး ပြောလိုက်သည်။

“ဘယ်လိုလုပ်ရမလဲ ပြောပြလေ... ကိုယ် အစမ်းနင်းကြည့်မယ်... အဆင်မပြေရင်လဲ ထားလိုက်ရုံပေါ့..."

"အင်းပါ... ဒါဆိုလဲ သတိထားနော်..."
ချန်မန် မတ်တပ်ရပ်လိုက်သည်။

လုဖျင်ကျိုးက ထိုင်ခုံပေါ်တွင် ထိုင်ပြီး ချန်မန်၏ ညွှန်ကြားချက်များကို နားထောင်လိုက်သည်။ သူက အပ်ချုပ်စက်ခြေနင်းပေါ် ခြေတစ်ဖက်တင်ပြီးနောက် အထည်စကို အပ်အရှည်ကြီးအောက်တွင် ထားကာ ခြေထောက်ကို အားစိုက်၍ ခြေနင်းကို နင်းလိုက်ရင်း အထည်စကို လက်ဖြင့် ရှေ့သို့ တွန်းပို့လိုက်သည်။

ပထမပိုင်း ချုပ်ရိုးများသည် အနည်းငယ် ကွေ့ကောက်နေသော်လည်း မကြာမီ သူသည် စည်းချက်ကို ပိုင်နိုင်လာပြီး လျင်မြန်စွာဖြင့် အထည်အနားစွန်းသို့ ရောက်သွားကာ ချုပ်ရိုးကို ကွက်တိရပ်တန့်လိုက်သည်။ ရပ်သွားသည့်တိုင်အောင် သူကိုယ်တိုင်ပင် ဘယ်လိုလုပ်လိုက်မိမှန်း မသိသဖြင့် မေးလိုက်သည်။

“အဆင်ပြေလား..."

ချန်မန် အံ့အားသင့်သွားသည်။
"အဆင်ပြေတာပေါ့... အရမ်းကောင်းတာပဲ... ရှင် အရင်က အပ်ချုပ်စက်ကို တကယ်မသုံးဖူးတာလား..."

"တကယ်မသုံးဖူးပါဘူး..."
လုဖျင်ကျိုးက ခေါင်းခါလိုက်သည်။

"ဒါပေမယ့် မင်း စည်းချက်ကို ပိုင်နိုင်ပြီး မထိတ်လန့်နေသရွေ့ ဒါက မခက်ခဲပါဘူး... အစောနက စိတ်လှုပ်ရှားနေတာ မဟုတ်လား..."

ချန်မန်က ထိုအကြောင်းကို စဉ်းစားပြီး ခေါင်းညိတ်ပြသည်။

"အဓိကကတော့ ဒီအပ်က နည်းနည်း ကြောက်စရာကောင်းလို့ပဲ... အထက်အောက် ပြေးနေတဲ့ အပ်ရဲ့အောက်ကနေ အဝတ်စကို ရှေ့တိုးနောက်ဆုတ်လုပ်ရတာဆိုတော့ နည်းနည်းတော့ ကြောက်မိတာပေါ့..."

လုဖျင်ကျိုးသည် ခေါင်းကို စောင်းကာ အပ်ကို ငုံ့ကြည့်လိုက်သည်။
"တကယ်တော့ ဘယ်လိုလုပ်ရမယ်ဆိုတာကို နားလည်ပိုင်နိုင်သွားတာနဲ့ မင်းလက်ဟာ အပ်နဲ့ အရမ်းနီးကပ်နေဖို့ မလိုမှန်း သိလာမှာပါ... အထည်ကို တွန်းပေးနိုင်သရွေ့တော့ အဆင်ပြေပါတယ်..."

ချန်မန်၏လက်က ဒဏ်ရာရနေပြီး အနာကျက်သည်အထိ စောင့်ပြီးမှ စက်ပြန်ချုပ်နိုင်မည်ဖြစ်သောကြောင့် သူက မေးလိုက်သည်။

"စက်ချုပ်တတ်အောင်လုပ်ပြီး မင်း ဘာတွေ ချုပ်မလို့လဲ..."

"အံဆွဲဗီရိုအမြင့်အတွက် ဖုန်အကာတစ်ခုလုပ်မလို့ပါ..."

ချန်မန်က သူမ၏ လက်ချောင်းများကို ကြည့်ပြီး ပြောလိုက်သည်။

"ဒါပေမယ့် ဒီနေ့တော့ မေ့လိုက်ပါတော့... အပ်ချုပ်စက်နဲ့ အသားကျပြီဆိုမှပဲ ချုပ်ဖို့ စဥ်းစားတော့မယ်..."

လုဖျင်ကျိုးက ပြောသည်။
"ကိုယ် ချုပ်ပေးမယ်လေ... မင်းက ဘယ်လိုချုပ်ရမယ်ဆိုတာကို ပြောပြပေး..."

"ဟင်..."

"မင်းလက်က နာနေတာ မဟုတ်လား..." 
လုဖျင်ကျိုးသည် သူမ၏ နီရဲပြီး ရောင်ရမ်းနေသော လက်ချောင်းထိပ်များကို ကြည့်လိုက်သည်။

ချန်မန်က ပြောသည်။
"ရပါတယ်... ကျွန်မရဲ့ အနာသက်သာလာမှပဲ လုပ်တော့မယ်လေ... ပြီးတော့ ရှင်ကရော ထပ်မအိပ်ချင်တော့ဘူးလား..."

သူမသည် ဗီရိုကိုဖုန်မတင်စေရန်အတွက် ဖုန်အကာပြုလုပ်ခြင်း မဟုတ်ပေ။ တကယ်တမ်းအဝတ်စထက် သစ်သားက ဖုန်သုတ်ရန် ပိုလွယ်ကူပေသည်။ သူမက ဧည့်ခန်းသည် ရိုးစင်းလွန်းသည်ဟု ခံစားခဲ့ရပြီး အလှဆင်ရန်အတွက် အရောင်အစုံပါရှိသော အထည်တစ်ထည်ကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။

အိမ်ခန်းအလှဆင်တယ်ဆိုတာ ကြိုက်တဲ့အချိန် လုပ်လို့ရတာပဲ... ဘာမှ လောနေစရာ မလိုဘူး..

လုဖျင်ကျိုးက နောက်ထပ်အတင်းအကျပ် မလုပ်တော့ဘဲ ပြောလိုက်သည်။
"နောက်တစ်ခါ မင်း အပ်ချုပ်စက်နဲ့ ချုပ်ဖို့ လေ့ကျင့်မယ်ဆိုရင် ကိုယ့်ကို အရင်ခေါ်လိုက်... ကိုယ် မင်းကို စောင့်ကြည့်ပေးမယ်... မင်းလက်ကို အပ်နဲ့ မထိုးမိရလေအောင် ကိုယ် တားပေးနိုင်တယ်..."

ချန်မန်၏ မျက်လုံးအစုံက ကျဥ်းမြောင်းသွားကာ မေးလိုက်သည်။
"ရဲဘော်လု... ရှင် ကျွန်မကို အထင်သေးတာလား..."

လုဖျင်ကျိုး တုန့်ခနဲ ရပ်တန့်သွားပြီး ဘာမှမဖြစ်ခဲ့လေဟန်ဖြင့် မေးလိုက်သည်။
"ဘယ်အချိန်ရှိသွားပြီလဲ... ကိုယ် တရေးလောက် ပြန်အိပ်ဦးမယ်..."

ချန်မန်: "..."

လုဖျင်ကျိုးက နှစ်နာရီထိုးတဲ့အထိ အိပ်ခဲ့သည်။ အိပ်ရာထပြီးနောက် ရေချိုးခန်းသို့သွားကာ ရေချိုးပြီးနောက် ချန်မန် နှင့်အတူ တပ်မိသားစု ပြန်လည်နေရာချထားရေးရုံးသို့ သွားလေသည်။

လင်းကျန်းမြို့သည် လူဦးရေ နည်းပါးသည်နှင့်အညီ စည်းမျဉ်းစည်းကမ်းများလည်း နည်းပါးသည်။ ဝန်ဆောင်မှုလုပ်ငန်းစဉ်ကလည်း အတော်လေးရိုးရှင်းလှ၏။ လုပ်ထုံးလုပ်နည်းများအားလုံးကို တစ်နာရီမပြည့်မီတွင် ပြီးမြောက်ခဲ့သည်။

တပ်မိသားစု ပြန်လည်နေရာချထားရေးရုံးမှ ထွက်ခွာလာသောအခါ ၎င်းတို့နှစ်ဦးသည် ဝူရွှမ်းယွီနှင့် အမှတ်မထင် ဆုံတွေ့မိကြသည်။

တပ်မိသားစု ပြန်လည်နေရာချထားရေးရုံးနှင့် အမျိုးသမီးရေးရာအဖွဲ့ချုပ်တို့သည် ရုံးခန်းအဆောက်အဦးတစ်ခုတည်းတွင် ရှိနေ၏။ ဝူရွှင်းယွီသည် အပြင်ဘက်တွင် အလုပ်အချို့လုပ်ရာမှ ပြန်လာခဲ့သည်။ သူတို့နှစ်ယောက်ကို တွေ့သောအခါ ပြုံးပြပြီး မေးလိုက်သည်။

"ကြင်စဦးလေးတွေ လက်ထပ်ပြီးတော့ အဆင်ပြေကြလား..."

လုဖျင်ကျိုးက ပထမဦးစွာ ဖြေလိုက်သည်။
"အရမ်းကောင်းပါတယ်ဗျ..."

ချန်မန်သည် အနည်းငယ် ရှက်သွားသော်လည်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။

"အဆင်ပြေပါတယ်ရှင့်..."

"ဟိုးအရင်ကတည်းက မင်းကို လက်ထပ်ဖို့ တိုက်တွန်းခဲ့တုန်းက မင်း ငါ့ကို မယုံဘူး... အခု မင်းမှာ ဇနီးရှိလာပြီဆိုတော့ လက်ထပ်တယ်ဆိုတာ အရမ်းကောင်းတဲ့အကြောင်း မင်းသိပြီလား... "

ဝူရွှင်းယွီက ကျီစားနောက်ပြောင်နေပြီး သူမ၏စကားများသည် သိသိသာသာပင် လုဖျင်ကျိုးကို ဦးတည်သွားသည် ။

လုဖျင်ကျိုးက ပြန်ဖြေသည်။
"အစ်မပြောတာက မမှန်ပါဘူး... အစ်မပြောတာကို နားမထောင်ခဲ့ဘဲ စောစောလက်မထပ်ခဲ့လို့သာ ကျွန်တော် မန်မန်နဲ့ တွေ့ဖို့ အခွင့်အရေးရခဲ့တာပါ... ကျွန်တော် သူ့ကို လက်ထပ်ခဲ့မိလို့သာ အိမ်ထောင်ပြုရတာ ကောင်းတယ်လို့ ကျွန်တော် ခံစားရတာပါ... အစ်မက အကြောင်းတရားနဲ့ အကျိုးသက်ရောက်မှု မှားနေပြီ..."

ဝူရွှင်းယွီသည် စကားမပြောနိုင်ဖြစ်သွားရသည်။ ခဏအကြာတွင် သူမက ပြောလာသည်။

"ဟုတ်ပါပြီ... မင်းပြောတာ မှန်ပါတယ်... တပ်ရင်းက သိပ်မကြာခင် မိတ်ဆုံစားပွဲတစ်ခု လုပ်လိမ့်မယ်... မင်းက အစ်မကို ကူညီရမယ်နော်..."

"အဲ့ဒါက နိုင်ငံရေးဌာနရဲ့အလုပ်မဟုတ်ဘူးလား... အစ်မအတွက် ကျွန်တော်က ဘာလုပ်ပေးရမှာလဲ..."
လုဖျင်ကျိုးက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"အဲ့ဒါအပြင်ကို ကျွန်တော်ရဲ့ အရပ်အမောင်းမျိုး ကျွန်တော့်ရဲ့ ရုပ်ရည်မျိုးနဲ့ ဒီလိုမိတ်ဆုံစားပွဲတွေမှာ ပေါ်လာဖို့ သင့်တော်တယ်လို့ အစ်မထင်နေတာလား..."

လက်ထပ်ခွင့်တောင်းရန်အတွက် လုဖျင်ကျိုးကို မကူညီပေးမီက ဝူရွှင်းယွီ၏ အထင်အမြင်တွင် လုဖျင်ကျိူးသည် အမြဲတမ်း ထက်မြက်သော၊ လေးနက်သော၊ တည်ကြည်ပြီး စွမ်းဆောင်ရည်ရှိသော လူငယ်အရာရှိတစ်ဦးဖြစ်သည်။ သူ့၏ မြင့်မားသောအမြင်နှင့် အိမ်ထောင်ပြုရန် တုန့်ဆိုင်းနေမှုကလွဲလျှင် သူ့တွင် အခြားချို့ယွင်းချက်ဟူ၍ မရှိပေ။

ယခုမူ ဝူရွှင်းယွီသည် သူမ၏မှတ်ဥာဏ်ထဲရှိ သူ၏ ထက်မြက်မှု၊ လေးနက်မှုနှင့် တည်ကြည်မှုဟူသော စကားလုံးများကို မေ့ပျောက်သွားပြီဟုသာ ထားလိုက်သည်။ နဂိုက တည်ကြည်တင်းမာသော ထိုသူက အရှက်ကင်းမဲ့သွားသောအခါ လူအများစုက သည်းမခံနိုင်လောက်တော့ပေ။

ဝူရွှင်းယွီက ချန်မန်ကို ပြောသည်။
"ရှောင်ချန်... မင်းရဲ့ ရဲဘော်လုကို ထိန်းထားသင့်တယ်နော်... သူ အိမ်ထောင်ကျပြီးတာတောင် မဟုတ်တရုတ်တွေ တွေးနေတုန်းပဲ... ငါ မင်းကို အလုပ်သွားလုပ်ခိုင်းနေတာ... ချိန်းတွေ့ဖို့ မဟုတ်ဘူး... မင်း ဘာတွေများ စိတ်ကူးယဥ်အိမ်မက်မက်နေတာလဲ..."

လုဖျင်ကျိုး၏ မျက်နှာသည် လေးနက်လာသည်
"ဒါရိုက်တာဝူ... ကျွန်တော်လက်ထပ်ပြီးသွားပြီလေ... အစ်မပဲ ကျွန်တော် လက်ထပ်ခွင့်တောင်းဖို့ ကူညီပေးခဲ့တာ... ကျွန်တော်နဲ့ ကျွန်တော့်မိန်းမကြားမှာ ရန်ဖြစ်အောင် သွေးထိုးပေးတာတော့ မကောင်းပါဘူး... မန်မန်... သူ့စကားကို နားမထောင်နဲ့... ကိုယ် တခါမှ အဲ့ဒါမျိုး မစဥ်းစားဖူးဘူး..."

ချန်မန်ကလည်း ငတုံးမဟုတ်ပေ။ သူတို့ နောက်ပြောင်နေမှန်း သူမ ဘယ်လိုမှ မကြားနိုင်ပဲ ရှိမည်နည်း။ သူမက ပြောလိုက်သည်။

"ဟုတ်ပါပြီ..."

ဝူရွှင်းယွီသည် နှစ်ယောက်ကြား သဘောထားကွဲလွဲမှုကို မလိုလားခဲ့ပေ။ လုဖျင်ကျိုးက စိတ်ပူနေသည်ကို မြင်သောအခါ သူမက ပြုံးပြီး ရှင်းပြသည်။

"ဒီတခေါက် မိတ်ဆုံစားပွဲမှာ ဝင်နွှဲကြမယ့် လူအများစုက မင်းတပ်ရင်းက ဖြစ်နေလို့ ကူညီပေးဖို့ တောင်းလိုက်တာ... မဟုတ်သေးဘူး မင်းအရင်က တပ်ဖွဲ့မှူးဖြစ်တုန်းက မင်းရဲ့ ကွပ်ကဲမှုအောက်မှာ ရှိခဲ့ကြတာလေ..."

ထို့နောက် သူမသည် ချန်မန်ဘက်သို့လှည့်လိုက်သည်။
"ရှောင်ချန်... ဒါတွေက ညီမနဲ့ မတွေ့ခင်ကဆိုတော့ လုဖျင်ကျိုးရဲ့ စိတ်နှလုံးက ဘုရားကျောင်းက ဘုန်းကြီးထက် ပိုပြီးဖြူစင်တယ်ဆိုတာကို ညီမ ဘယ်သိပါ့မလဲ... သူ့တစ်ယောက်တင် အိမ်ထောင်မပြုရုံတင်မက သူ့ရဲဘော်တွေကပါ သူ့ခြေရာကို လိုက်နင်းစေပြီးတော့ နောက်ဆုံးမှာ လက်မထပ်ရသေးတဲ့ အသက်ကြီးတဲ့ လူပျိုသိုးကြီးအုပ်စုကို အောင်အောင်မြင်မြင်နဲ့ မွေးထုတ်ပေးထားတာပေါ့..."

ချန်မန်မှာ နှုတ်ခမ်းများ ဝိုင်းသွားပြီးမှ ဖွဖွပြုံးလိုက်သည်။
"သူတို့အားလုံး တွေ့ဆုံပွဲမှာ ပါဝင်ကြမှာလား..."

"ဟုတ်တယ်... သူတို့ရဲ့ စံပြပုဂ္ဂိုလ်တွေက အိမ်ထောင်ကျပြီးဖြစ်လို့ သူတို့တွေ စိုးရိမ်နေကြတာပေါ့..."
ဝူရွှင်းယွီ က ပြုံးပြီး ပြောလိုက်သည်။

"ပါတီပွဲနေ့မှာ ညီမ အချိန်ရရင် သူနဲ့အတူ လိုက်လာပြီး တူစုံတွဲလေးနဲ့ ဆင်နွှဲပြလိုက်ရင် အဲဒီလူပျိုကြီးတွေကို လှုံ့ဆော်ပြီးသားဖြစ်ပြီပဲ... သူတို့ကို စိတ်ရှုပ်အောင်လုပ်ပြီး အစ်မတို့ပါတီပွဲရဲ့ အောင်မြင်မှုနှုန်းကို မြှင့်တင်ရမယ်လို့ တွေးနေတာ..."

💓💓💓 👩‍❤️‍👨Chapter 55
ကျစ် ကျစ် ကျစ်

"ပါတီပွဲနေ့မှာ ညီမ အချိန်ရရင် သူနဲ့အတူ လိုက်လာပြီး တူစုံတွဲလေးနဲ့ ဆင်နွှဲပြလိုက်ရင် အဲဒီလူပျိုကြီးတွေကို လှုံ့ဆော်ပြီးသားဖြစ်ပြီပဲ... သူတို့ကို စိတ်ရှုပ်အောင်လုပ်ပြီး အစ်မတို့ပါတီပွဲရဲ့ အောင်မြင်မှုနှုန်းကို မြှင့်တင်ရမယ်လို့ တွေးနေတာ..."

ချန်မန်က ဝူရွှင်းယွီအပေါ်တွင် အထင်အမြင်ကောင်းများရှိသော်လည်း မနက်ဖြန်က စပြီး အလုပ်ပြန်လုပ်ရတော့မည်အပြင် ယခုလမှာ သူမအတွက် နားရက် မကျန်တော့သဖြင့် သူမက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်ရသည်။

"ကျွန်မတို့ ဌာနက နားရက်အစီအစဥ်ဆွဲတုန်းက ကျွန်မရဲ့ ဒီလအတွက် နားရက်တွေကို ခုရက်မှာ အကုန်စုပြီး ယူလိုက်မိပြီ... လကုန်တဲ့အထိ ကျွန်မ နားရက်ရမှာ မဟုတ်တော့ဘူး... ကျွန်မတို့ဌာနရဲ့ အလုပ်ဆင်းချိန်ကလဲ ညရှစ်နာရီခွဲမှလေ..."

"အင်း..." 
ဝူရွှင်းယွီက လေးလေးနက်နက်တွေးပြီး ခဏအကြာ၌ ပြန်ပြောလိုက်၏။

"ကိစ္စမရှိပါဘူး... ပါတီပွဲကျင်းပမယ့်အချိန်ကို မသတ်မှတ်ရသေးဘူး... စောရင်တောင် ဒီလကုန် နောက်ကျမယ်ဆိုရင် နောက်လထိ ဖြစ်သွားနိုင်တယ်... အချိန်အားရင် ပွဲကို လာခဲ့ပါဦး... ပွဲက တော်တော်အသက်ဝင်မှာ... အချိန်မအားရင်လဲ ရပါတယ်..."

မူလက ထိုမိတ်ဆုံစားပွဲသည် သူမရှေ့မှောက်ရှိ ထိုလူနှစ်ယောက်၏မင်္ဂလာပွဲကို တက်ရောက်စဉ်က ရုတ်တရက်ဖြစ်ပေါ်လာသော စိတ်ကူးတစ်ခုသာဖြစ်သည်။ တနင်္ဂနွေတွင် စာရင်းကို ရေတွက်မကြည့်မိခင်အထိ ထိုအစီအစဥ်ကို ဖြည်းဖြည်းမှ လုပ်ဆောင်ရန် စဥ်းစားထားခဲ့သည်။ 

သို့သော် ထိုညက မင်္ဂလာပွဲမှ ပြန်လာပြီးနောက် ခင်ပွန်းဖြစ်သူကို ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သောအခါ ထိုကိစွက ခင်ပွန်းဖြစ်သူ၏ စိတ်ထဲမှာ စွဲလန်းသွားလေသည်။ နောက်တစ်နေ့ သူပြန်လာသည်နှင့် ထိုကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံး စတင်ရန်နှင့် ယခုနှစ်အတွင်း၌ အရာရှိများ၏ အိမ်ရာထူထောင်မှုပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ကြိုးစားရန် တောင်းဆိုလေတော့သည်။

နောက်တစ်နေ့တွင် နိုင်ငံရေးဌာနမှ တစ်စုံတစ်ယောက်သည် ဤကိစ္စနှင့် ပတ်သက်၍ ဝူရွှင်းယွီထံသို့ ဆက်သွယ်လာလေသည်။ သူမသည် လွန်ခဲ့သော နှစ်ရက်က နာမည်စာရင်းပြုစုရန် အလုပ်များနေခဲ့ရသည်။

ချန်မန်က လုဖျင်ကျိုးကို လှည့်ကြည့်လိုက်ရာ သူက ကန့်ကွက်ဟန် မရှိသောကြောင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ... ညီမ အားရင် သူနဲ့အတူ လာခဲ့ပါ့မယ်..."

ယခင်ညက သူတို့နှစ်ယောက်သည် အနည်းငယ် ကြမ်းတမ်းစွာ ချစ်ပွဲဝင်ခဲ့ကြပြီးဖြစ်သည့်အပြင် ချန်မန်ကလည်း နောက်နေ့တွင် အလုပ်သွားရမည်ဖြစ်သောကြောင့် လုဖျင်ကျိုးသည် ထိုညက အတော်လေး ရိုးသားနေခဲ့သည်။ သူက သူမကို ပွေ့ဖက်ထားရုံသာ လုပ်ခဲ့ပြီး သူ့လက်များကလည်း စည်းကို ကျော်မလာခဲ့ပေ။

နောက်တစ်နေ့တွင် ချန်မန် နှိုးစက်သံကြောင့် နိုးလာသည်။ ပုံမှန်အချိန်ထက် နာရီဝက်စောနေသောကြောင့် မျက်လုံးဖွင့်လိုက်ပြီးနောက်တွင်ပင် သူမ၏ အသိဥာဏ်က မရှင်းလင်းလာသေးဘဲ အိပ်ရာထဲတွင် လုဖျင်ကျိုး မရှိတော့သည်ကို သိရန် အချိန်အတော်ယူလိုက်ရသည်။

သူမသည် သမ်းဝေပြီး အိပ်ရာထကာ ဗီရိုထဲမှ လိုအပ်သော အဝတ်အစားများကို ထုတ်ယူကာ ဝတ်ပြီးနောက် ခြေညှပ်ဖိနပ်တစ်ရံကို ဝတ်ဆင်ကာ သွားတိုက် မျက်နှာသစ်လိုက်သည်။

မျက်နှာသစ်ပြီးနောက် မျက်နှာသုတ်နေစဥ် ချန်မန်သည် တံခါးဝဆီမှ ဆူညံသံအချို့ကို ကြားလိုက်ရသည်။ သူမ ထွက်ကြည့်လိုက်သောအခါ လုဖျင်ကျိုးက လက်ထဲထမင်းဘူးးနှစ်ဘူးနှင့် တံခါးကို တွန်းဖွင့်နေသည်ကို တွေ့လိုက်ရသည်။ သူမကို တွေ့သောအခါ သူက မေးလိုက်သည်။

“မင်းနိုးနေပြီလား...”

"အခုပဲ နိုးတာပါ... ရှင် ဘယ်အချိန်က နိုးတာလဲ..."

"ငါးနာရီခွဲလားပဲ..."

"ရှင်က အစောကြီးနိုးနေတာလား..."
ချန်မန်သည် လုဖျင်ကျိုး၏ တကိုယ်လုံးကို စုန်ချည်ဆန်ချည် ကြည့်လိုက်သောအခါ သူက လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ရင်ဘတ်မှာ ချွေးများဖြင့် စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။ သူမက မေးလိုက်သည်။

“ရှင် လေ့ကျင့်ခန်းသွားလုပ်တာလား..."

"ကိုယ် အပြင်မှာ လေးငါးပတ်လောက် ပြေးခဲ့လိုက်တာ... လေ့ကျင့်ခန်းမလုပ်ရတာ ရက်တော်တော်ကြာနေပြီလေ..."

လုဖျင်ကျိုးက ထမင်းဘူးကို ကိုင်မြှောက်ပြလိုက်သည်။
"ကိုယ် မနက်စာ သွားဝယ်ပြီး ပြန်လာခဲ့တာ... မင်းအရင်စားချင်လား ဒါမှမဟုတ် ခေါင်းအရင်ဖြီးမလား..."

ချန်မန် က ရှုပ်ပွနေတဲ့ ဆံပင်တွေကို ကိုင်လိုက်ပြီး ရေချိုးခန်းထဲ ပြန်သွားရင်း ပြောလိုက်သည်။
"ခေါင်းပဲ အရင်ဖြီးလိုက်မယ်..."

လုဖျင်ကျိုးက ခေါင်းညိတ်ပြပြီး ထမင်းဗူးကို ထမင်းစားပွဲပေါ် တင်လိုက်သည်။

ချန်မန်သည် သူမ၏မျက်နှာကို အမြန်သုတ်သင်လိုက်ပြီး အခန်းထဲသို့ ကုပ်ကုပ်ကလေး ဝင်သွားကာ မျက်နှာလိမ်းခရင်မ်ကို ပါးပါးလေးလိမ်း၍ ဆံပင်ကို ပိုနီတေးပုံစံ မြင့်မြင့် စည်းနှောင်လိုက်သည်။ ထို့နောက် သူမမျက်နှာကို ခပ်ဖွဖွပုတ်ကာ မှန်ကိုကြည့်သည်။ အမှားအယွင်းမရှိဟု ခံစားမိပြီးနောက်မှ သူမ အခန်းပြင်သို့ ထွက်လာခဲ့လိုက်သည်။

လုဖျင်ကျိုးက ခေါက်ဆွဲနှင့် ပဲနို့တို့ကို ခွဲထည့်ထားပြီဖြစ်သည်။ ယခု သူ ချန်မန်၏ အစာစားချင်စိတ်ကို ကောင်းစွာသိပြီး သူပေးသော ပမာဏသည် သူမအတွက် လုံလောက်၏။

ပူပူနွေးနွေး ခေါက်ဆွဲကို စား၍ ပန်းကန်လုံးထဲမှ ပဲနို့ကို သောက်ပြီးသောအခါ ခုနစ်နာရီထိုးခါနီးချေပြီ။

အခြေစိုက်စခန်းသည် ဖန်းချောင်လမ်းနှင့် အလွန်နီးကပ်ပြီး ကားဖြင့် ဆယ်မိနစ်ကျော်အတွင်း ရောက်ရှိနိုင်သည်။သို့သော်လည်း ချန်မန်သည် စက်ဘီးစီးရန် အချိန်မည်မျှကြာမည်ကို မသေချာသောကြောင့် သူမက စောစောစီးစီး အလုပ်သွားလိုသည်။ ပန်းကန်များ ဆေးကြောပြီးနောက် သူမယူဆောင်မည့် ပစ္စည်းများကို ထည့်သိုပြီးနောက် အခန်းအပြင် ထွက်လာရင်း ပြောလိုက်သည်။

"ကျွန်မ အလုပ်သွားတော့မယ်... နေ့ခင်းထမင်းစားနားချိန်လဲ ပြန်မလာဖြစ်ဘူး... ညစာစားဖို့ ကျွန်မကို မစောင့်..."

သူမ၏စကား မဆုံးခင်မှာပင် စက်ဘီးလက်ကိုင်ကို ကိုင်ထားသော လုဖျင်ကျိုးက လမ်းကြောင်းကို ချိန်ညှိပြီး ပြောလိုက်သည်ကို သူမ တွေ့လိုက်ရသည်။

"ကိုယ် မင်းအလုပ်ကို လိုက်ပို့မယ်..."

ချန်မန် အံ့အားသင့်သွားသည်။
"ဟင်..."

လုဖျင်ကျိုးက ရှင်းပြသည်။
"ဘာပဲဖြစ်ဖြစ် ကိုယ် ဒီနေ့ ဘာမှလုပ်စရာမရှိဘူး... အိမ်မှာနေရတာ ပျင်းတယ်... ဒါကြောင့် မင်းအလုပ်သွားတာကို လိုက်ပို့မလိုလေ..."

ချန်မန်က နားလည်သွားပြီး မေးလိုက်သည်။
"ကျွန်မကို အလုပ်ထိ လိုက်ပို့ပြီးတော့ ရှင်က ဘယ်သွားပြီး ဘာလုပ်မှာလဲ..."

"မင်းအလုပ်ကို ကူညီပေးရမလား..."

"ရှင်က ကျွန်မတို့ဆိုင်ရဲ့ ဝန်ထမ်းမဟုတ်တဲ့ အဖွဲ့ဝင်ဖြစ်ချင်နေတာလား..."

လုဖျင်ကျိုးသည် ထိုအကြောင်းကို အချိန်အနည်းငယ်ကြာအောင် အလေးအနက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ကိုယ် မင်းနဲ့အတူရှိနေနိုင်သရွေ့ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်..."

"အားလပ်ရက်လေး ကောင်းကောင်းရနေတုန်း မနားဘဲနဲ့ သူများတွေကို အလကား ကူညီဦးမယ်ဆိုတာ ရှင် ဘယ်လိုများ လုပ်နိုင်တာလဲ..."

ချန်မန်က ထိုသို့ပြောသော်လည်း လုဖျင်ကျိုးကို မငြင်းဆန်ဘဲ သူ့နောက်မှ လိုက်သွားသည်။

စက်ဘီးကို ခြံဝင်းထဲကို တွန်းထုတ်လိုက်သည်။ ထို့နောက် လုဖျင်ကျိုးက ခြေတံရှည်ကြီးဖြင့် ၂၈လက်မစက်ဘီးပေါ်သို့ တက်ကာ ထိုင်ချလိုက်ပြီး ချန်မန်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းနဲ့ အတူရှိတဲ့အချိန်က အားလပ်ရက်ပဲ... အဲ့လိုမှ မဟုတ်ရင် ကိုယ်လည်း အလုပ်သွားနေရတာကမှ ကောင်းလိမ့်ဦးမယ်..."

သူက သဘာဝကျကျပြောလိုက်သော်လည်း ချန်မန်က ရှက်သွေးဖြာသွားသည်။ တံခါးကို သော့ခတ်ပြီး စက်ဘီးနောက်ကို ထိုင်၍ ခါးကို ဖက်ကာ ပြောလိုက်သည်။

"ရှင့်ရဲ့ အားလပ်ရက်တွေမှာ ရှင် ဘာတွေများ လုပ်နေခဲ့ပါလိမ့်နော်..."

"အလုပ်တစ်ခုခု ရှိနေရင်တော့ အလုပ်ပဲ လုပ်နေတာ... အလုပ်ပြီးသွားရင်တော့ လေ့ကျင့်ခန်း ပြန်လုပ်တယ်... သြော် ကိုယ် မင်းကို တွေ့ပြီးတဲ့နောက်ပိုင်းကျတော့ မင်းရှိတဲ့ စားသောက်ဆိုင်မှာ လာစားတယ်လေ"

လုဖျင်ကျိုးသည် ခြံပြင်သို့ စက်ဘီးစီးပြီး ထွက်လာပြီးနောက် ပြေပြစ်သော ကုန်းစောင်းသို့ ရောက်သောအခါ နောက်လှည့်ကြည့်ပြီး သတိပေးလိုက်သည်။

"သေချာထိုင်ပြီး ကိုယ့်ကို ဖက်ထားနော်..."

ချန်မန်သည် ရှေ့သို့ လျင်မြန်စွာ မှီလိုက်ပြီး သူမ၏ပါးပြင်ဖြင့် လုဖျင်ကျိုး၏ နောက်ကျောကို ဖိထားကာ သူမ၏ သွယ်လျသော လက်မောင်းများက သူ၏ ကျစ်လစ်သော ခါးကို ပွေ့ဖက်ထားသည်။

နောက်တစ်စက္ကန့်တွင် စက်ဘီးက လေထဲသို့ ပျံတက်သွားမတတ် လျင်မြန်သွားပြီးဆွဲငင်အား၏ လွှမ်းမိုးမှုအောက်တွင် ချန်မန်၏ တင်ပါးသည် လေထဲတွင် တွဲလောင်းနီးပါးဖြစ်နေသည်။ ကံကောင်းထောက်မစွာဖြင့် သူမက တင်းတင်းကြပ်ကြပ် ဖက်ထားသောကြောင့် လေထဲသို့ မြောက်တက်သွားချိန် နှစ်စက္ကန့်မပြည့်မီတွင် ပြန်ထိုင်လိုက်နိုင်ပြီး သူမ၏ စကတ်ကမူ ဝဲလွင့်နေလေသည်။

စစ်တပ်စုပေါင်းအိမ်ရာဝင်းအတွင်းရှိ ဌာနများသည် သာမန်အားဖြင့် မနက် ၇:၃၀ နှင့် ၈:၀၀ ကြားတွင် စတင်အလုပ်လုပ်ကြသည်။ ထိုအချိန်တွင် လမ်းပေါ်၌ လူအသွားအလာ များပြားသည်။ လုဖျင်ကျိုးသည် စက်ဘီးကိုစီးပြီး လူအုပ်ကြားသို့ ဖြတ်ဝင်ရာတွင် တစ်စုံတစ်ယောက်၏ အဝတ်စအဖျားကိုပင် မထိမိဘဲ ရေထဲတွင် ကူးနေသော ငါးပမာ ကျင်လည်လှသည်။

ချန်မန်က ထိုအရာအားလုံးကို မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးနောက် စုပေါင်းအိမ်ရာဝင်းအတွင်းမှ အပြင်သို့ရောက်ချိန်တွင် မေးလိုက်လေသည်။

"ရှင်က ဘယ်လိုဖြစ်လို့ ဒီလောက်ကောင်း(တော်)တာလဲ"

ယနေ့က လေပြင်းတိုက်နေပြီး သူမ၏ အသံက နောက်ကနေ ထပ်မံထွက်ပေါ်လာသည်။ လုဖျင်ကျိုးက ရှင်းရှင်းလင်းလင်း မကြားရသောကြောင့် ခေါင်းကို စောင်းငဲ့ပြီး မေးလိုက်သည်။

"ကိုယ်က ဘယ်နေရာမှာ ကောင်းတာလဲ..."

ချန်မန်က သူဘာကိုဆိုလိုသလဲဆိုသည်ကို နားလည်မှုလွဲပြီး ကျယ်ကျယ်အော်ဖြေလိုက်သည်။

"ရှင်က စက်ဘီးစီးတာ ဘာလို့ ဒီလောက်တော်နေတာလဲလို့... ကျွန်မ ဘာမေးနေတယ်လို့ ရှင်ထင်နေတာလဲ..."

လုဖျင်ကျိုးက ရယ်မောလိုက်သည်။
"ကိုယ်က မင်းမေးလိုက်တာကို သေချာမကြားလိုက်ရလို့ ပြန်မေးတာလေ... မင်းမေးတာကို ကိုယ်ဘာတွေထင်တယ်လို့ မင်းတွေးနေတာလဲ..."

ချန်မန်၏ မျက်နှာသည် ပူလောင်သွားပြီး သူမသည် အပြစ်ရှိစွာ တိတ်တိတ်နေရန် ရွေးချယ်ခဲ့သည်။

လုဖျင်ကျိုးက သူမအား စနောက်နေရာမှ ရပ်လိုက်ပြီး ခေါင်းစောင်းငဲ့ကာ ပြောလိုက်သည်။

"ကိုယ်က လေယာဉ်ပျံတောင် မောင်းနိုင်တယ်... ကိုယ့်အတွက် စက်ဘီးစီးရတာ ခက်တယ်လို့ မင်းထင်နေတာလား..."

"ဟုတ်ပါတယ်... ရှင်က အရမ်းအရမ်းကို တော်တာပါပဲ..."
ချန်မန်က တခစ်ခစ် ရယ်မောရင်း ထောက်ခံပေးလိုက်သည်။

"ဟုတ်တာပေါ့... မင်း ဒါကို ဟိုးကတည်းက သိပြီးသား မဟုတ်ဘူးလား..."
လုဖျင်ကျိုးက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။

ချန်မန်က သူ့ကို အရင်က စက်ဘီးစီးတာ တစ်ခါမှ မမြင်ဖူးဘူးဟု ပြောလုဆဲဆဲ ဖြစ်သော်လည်း စကားမဆုံးခင်မှာပင် သူက ဘာကိုဆိုလိုမှန်း သဘောပေါက်ပြီး ရှက်ရှက်နှင့် ခါးနားရှိ ကြွက်သားများကို ဆိတ်ဆွဲလိုက်၏။

လူအများစုအတွက် ခါးသည် အားနည်းသောနေရာဖြစ်၏။လုဖျင်ကျိုးသည်လည်း ချွင်းချက်မဟုတ်ပေ။

အဆိတ်ခံလိုက်ရသောအခါ သူက ခပ်တိုးတိုးအော်လိုက်ပြီး ညာလက်ဖြင့် ခါးကိုပွတ်ကာ ချန်မန်၏ ဂနာမငြိမ်သောလက်ကို ဆုပ်ကိုင်ထားလိုက်သည်။

"မင်းယောက်ျားကို သတ်နေတာလား..."

"ဒီလိုအဓိပ္ပာယ်မရှိတာတွေကို ပြောဖို့ ဘယ်သူက သင်ပေးထားတာလဲ..."

"ကိုယ် ဘယ်တုန်းက အဓိပ္ပာယ်မရှိတာတွေကို ပြောခဲ့တာလဲ... ကိုယ်က အမှန်အတိုင်း ပြောနေတာပဲ..."

ချန်မန် : "ရှင် အဲ့လိုဆက်ပြောရင် ကျွန်မ စက်ဘီးပေါ်ကနေ ခုန်ချမယ်..."

"ဟုတ်ပါပြီ ဟုတ်ပါပြီ... ကိုယ်ကလဲ အဓိပ္ပာယ် မရှိတာတွေ မပြောတော့ဘူး... မင်းကလဲ ကိုယ့်ကို ထပ်မဆိတ်နဲ့... ဟုတ်ပြီနော်..."

"ဟုတ်ပြီ..."

နှစ်ဦးသား ငြိမ်းချမ်းရေး ယူလိုက်ကြပြီးနောက် ကျန်လမ်းတစ်လျှောက်လုံး ပြဿနာမရှိတော့ပဲ အေးချမ်းစွာ စီးနင်းလာကြသည်။

လုဖျင်ကျိုးသည် အလွန်သန်မာပြီး လျင်မြန်စွာစီးနိုင်သောကြောင့် ဖန်းချောင်လမ်း နိုင်ငံတော်ပိုင်ဟိုတယ်သို့ အချိန်တိုအတွင်း ရောက်ရှိခဲ့သည်။

စက်ဘီးကို ရပ်ပြီးနောက် ချန်မန်သည် သူမ၏ နာရီကို ငုံ့ကြည့်လိုက်သည်။ အချိန်က ခုနှစ်နာရီ မိနစ်လေးဆယ်ဖြစ်သည်။။ ခဏမျှ စဉ်းစားပြီးနောက် သူမက မေးလိုက်သည်။

"ကျွန်မတို့ အိမ်ကနေ ဘယ်အချိန် ထွက်လာကြတာလဲ..."

"ခုနှစ်နာရီ ဆယ်မိနစ်လောက်ကပေါ့... ဘာဖြစ်လို့လဲ..."

"ရှင် ဒီထိ စက်ဘီးစီးတာ နာရီဝက်လောက်ပဲ ကြာတယ်... ကျွန်မက သိပ်မြန်မြန် မနင်းနိုင်ဘူး... ကျွန်မဆို မိနစ်လေးဆယ်လောက်ကြာမယ် ထင်တယ်..."

ချန်မန်က သူမစိတ်ထဲတွင် အချိန်ကို တွက်ချက်ရင်း ပြောလိုက်သည်။

သူမ ယခုမနက် အိမ်မှ အမြန်ထွက်လာနိုင်ခဲ့သော အကြောင်းအရင်းမှာ လုဖျင်ကျိုးက မနက်စာဝယ်ပြီး အလုပ်သွားရန် စောင့်နေသောကြောင့် ဖြစ်သည်။ နောက်ဆိုလျှင် သူမကိုယ်တိုင် မနက်စာ သွားဝယ်စားရပေတော့မည်။ မနက်ပိုင်းတွင် စားသောက်ဆိုင်၌ မနက်စာစားသူ မည်မျှများမှန်း သူမ မသိပေ။

မည်သို့ပင်ဖြစ်စေ စုပေါင်းအိမ်ရာခြံဝင်းထဲတွင် လူများစွာ ရှိသည်။ အမျိုးသားအများစုသည် အပြင်ထွက်၍ တပ်စခန်းချရာနေရာ၌ မနက်စာစားကြပြီး အချို့ကမူ အိမ်၌ စားကြပေလိမ့်မည်။ စောင့်ဆိုင်းရမည့်အချိန်ကို ထည့်သွင်းစဉ်းစားပါက မိနစ်၂၀ အတွင်း နံနက်စာ ဝယ်နိုင်မည်ဖြစ်သည်။

သို့သော်လည်း သူမက အချိန်ကိုကွက်တိစီစဥ်ထား၍ မရပေ။ မထင်မှတ်ဘဲ တစ်ခုခုဖြစ်ခဲ့လျှင် သူမ အလွယ်တကူ နောက်ကျသွားပေလိမ့်မည်။ ထို့ကြောင့် ချန်မန်သည် လုဖျင်ကျိုး အလုပ်သွားမည့်ရက်အထိ စောင့်ဆိုင်းပြီးနောက် သူမ၏နိုးထချိန်ကို ဆယ်မိနစ်ခန့် ရှေ့သို့ရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။ သူမသည် ၎င်းကိုကြိုးစားပြီး အိပ်ရာထချိန်ကို ရှေ့သို့ရွှေ့သင့်သလား သို့မဟုတ် မနက်ခင်းတွင် နည်းနည်းပိုကြာအောင် အိပ်သင့်သလားဆိုသည်ကို တွက်ဆကြည့်ရပေမည်။

ချန်မန်က နားရက်ယူထားပြီးဟိုတယ်သော့ မရှိသေးသောကြောင့် တခြားသူများကလည်း မလာသေးသဖြင့် နှစ်ယောက်သား တံခါးဝတွင် ရပ်ပြီး ခဏစောင့်နေကြရသည်။

ခုနှစ်နာရီ မိနစ်ငါးဆယ်တွင် ယန်မင်ကျစ် ရောက်လာလေသည်။ သူမသည် အလုပ်တွင် အမြဲလုံ့လဝီရိယရှိသောကြောင့် သူမလက်ထဲတွင် သော့တစ်ချောင်းရှိသည်။

လုဖျင်ကျိုးကို တွေ့လိုက်ရသောအခါ သူမ၏အမူအရာမှာ အနည်းငယ် အံ့သြသွားခဲ့သည်။ သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် သူမက တံခါးကိုသော့ဖွင့်ပြီး မေးလိုက်သည်။

"ရဲဘော်လုက ရှင့်ကို အလုပ်လိုက်ပို့တာလား..."

ချန်မန်က ဖြေသည်။
"ဟုတ်တယ်... သူက ဒီနေ့နားတယ်လေ..."

"သိပ်ကောင်းတာပဲ..."
ယန်မင်ကျစ် ခေါင်းညိတ်ပြလိုက်ပြီး စားသောက်ဆိုင်၏ တံခါးမကြီးကို တွန်းဖွင့်လိုက်ပြီး အထဲသို့ ဝင်ကာ ပြတင်းပေါက်များကို ဖွင့်လိုက်သည်။

စက်ဘီးကို အပြင်တွင် ရပ်ထားလျှင် တစ်စုံတစ်ယောက်က စက်ဘီးကို အလစ်သုတ်သွားမည်ကို စိုးရိမ်သဖြင့် ချန်မန်က လုဖျင်ကျိုးကို စက်ဘီးအား ဆိုင်နောက်ဖေးကို တွန်းသွားရန် ဦးဆောင်သွားခဲ့သည်။ ဤဧရိယာတွင် လုံခြုံရေးက အတော်ကောင်းမွန်သော်လည်း မဖြစ်လာခင်မှာ အမြဲသတိထားခြင်းက ပိုကောင်းပေသည်။

သူတို့နှစ်ယောက် စက်ဘီးရပ်ပြီး ထွက်လာသည်နှင့် အဒေါ် လော ရောက်လာခဲ့သည်။

လုဖျင်ကျိုးကို တွေ့ပြီးနောက် သူမ၏ ပထမဆုံးတုံ့ပြန်မှုသည် ယန်မင်ကျစ်နှင့်ဆင်တူသည်။ သူဘာကြောင့်ဒီကိုရောက်နေလဲဆိုသည်ကို နားလည်သွားသောအခါ အဒေါ်လောက စပြောလာသည်။

"ကျစ် ကျစ် ကျစ် ကျစ်..."
(ဒီအသံကလေ သွားစိပြီး စုတ်သပ်တဲ့ အသံပါ)

အဒေါ်လောက "ကျစ်" လေးကြိမ်သာပြောပြီး အခြားစကားတစ်လုံးမှ မပြောသော်လည်း ချန်မန်က သူမ ပြောလိုက်သော 'ကျစ်' ဆိုသော စကားတစ်လုံးသည် တခြားသူတွေဆီက လှောင်ပြောင်ရယ်မောစကားအလုံးတစ်ရာနှင့် တန်ဖိုးချင်း တူညီသည်ဟု ခံစားလိုက်ရ၏။ သူမက မကျေမနပ်နဲ့ကြည့်ရင်း ပြောလိုက်သည်။

"အဒေါ် လော..." (သံရှည်ဆွဲပြီးပြော)

အဒေါ်လောက ချက်ချင်းအော်ပြောလိုက်သည်။

"အိုး... လက်ထပ်ပြီးသွားတဲ့လူတွေဆိုတော့ မတူတော့ဘူး... ဒီအသံနူးနူးညံ့ညံ့လေးကို နားထောင်ကြည့်လိုက်... မိန်းမတစ်ယောက်အနေနဲ့ တောင် ဒီအသံမျိုးကို သည်းမခံနိုင်တော့ဘူး... ကျစ်... ကျစ်... ကျစ်..."

ချန်မန်က လုံးဝသည်းမခံနိုင်တော့ဘဲ အဒေါ်လော၏ ပါးစပ်ကို ပြေးပိတ်လေသည်။ အဒေါ်လောက အမြန် တိမ်းရှောင်လိုက်ပြီး လုဖျင်ကျိုးကို လှမ်းတိုင်လိုက်၏။

"ရှောင်လု... ကျေးဇူးပြုပြီး မင်းရဲ့ဇနီးလေးကို ထိန်းပါဦး... ငါက မင်းတို့နှစ်ယောက်ကြားက အောင်သွယ်တော်ပါ... အခုကျ လက်ထပ်ပြီးပြီးချင်း စကားနည်းနည်းပြောမိတာကို အရှက်ကြီးပြီး စိတ်ဆိုးနေပြီ..."

လုဖျင်ကျိုးက မျက်လုံးများတွင် ပြုံးဟန်စွက်နေကာ သူ့လက်များကို ဆန့်ကားလိုက်စေကာမူ သူ့အသံက အားကိုးရာမဲ့နေသည်။

"ကျွန်တော်တို့မိသားစုမှာ မိန်းမတွေက နောက်ဆုံး အဆုံးအဖြတ်ပေးတာပဲ..."

ပါးစပ်ကို အအုပ်ခံထားရသောအဒေါ် လောမှာ ထိုစကားကို ကြားရချိန်တွင် စိတ်တွင်းမှသာ ကျစ် ကျစ်ဟု ဆိုလိုက်ရတော့သည်။

ခင်ပွန်းသည်ရဲ့ အခွင့်အာဏာကလည်း ပျော့လိုက်တာနော်...

Search Novels