🍅 Chapter 36


“ဪ၊ ဒီဆန်သားအကောင်းတွေကို မင်းတို့ ကောင်းမိသားစုဆန်ဆိုင်က သမားတော်ဝူကို ရောင်းလိုက်တာပေါ့လေ”

ဆိုင်အကူများသည် ဝူယွီလန်တစ်ယောက် မည်သို့မည်ပုံ သမားတော်ဝူဖြစ်သွားမှန်း နားမလည်နိုင်ကြသော်လည်း ယခုအချိန်တွင်တော့ မျက်စိစုံမှိတ်ကာ ခေါင်းညိတ်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

ဤသည်ကို မြင်လိုက်ရသောအခါ ရွာလူကြီးမာက အပိုစာလွှာစကားများ ပြောမနေတော့ချေ။

“ဒီဆန်အိတ်တွေကို ဖွင့်လိုက်စမ်း”

ထိုသို့ အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ပါလာသော အစောင့်များက အရှေ့သို့တက်ကာ ဆန်အိတ်များကို ဆွဲဖွင့်လိုက်ကြလေ၏။

ဆန်ဟောင်းများအကြောင်း ပေါ်ပေါက်တော့မည်ကို သိလိုက်ရသော ဆိုင်အကူများသည် အစောင့်များအား တားဆီးရန် ကြိုးစားလိုက်ကြသော်လည်း အစောင့်များက သူတို့ကို မြေပြင်ပေါ်သို့ အကြမ်းပတမ်း ဖိချလိုက်သဖြင့် မည်သူမျှ မလှုပ်ဝံ့တော့ပေ။

ရွာတာဝန်ရှိသူများက ဆန်အိတ်များကို အသီးသီး ဝင်ရောက်စစ်ဆေးလိုက်ကြပြီးနောက် ထောင်းခနဲထွက်လာသော အပုပ်နံ့နှင့် မှိုတက်နေသော မြင်ကွင်းကြောင့် သူတို့အားလုံး မျက်မှောင်ကြုတ်သွားကြလေသည်။

“ရွာလူကြီး၊ ဒီအထဲမှာ မှိုတက်နေတဲ့ ဆန်ဟောင်းတွေချည်းပါပဲ”

“ကျွန်တော့်အိတ်ထဲမှာလည်း အတူတူပဲ၊ ရေစိမ်ခံထားရလို့ မှိုတက်ပြီးမှ ပြန်လှန်းထားတဲ့ ဆန်ဟောင်းတွေဆိုတာ သိသာလွန်းနေတယ်”

“ကျွန်တော့်ဆီမှာလည်း အတူတူပဲ”

ရွာလူကြီးမာ ကိုယ်တိုင် သွားရောက်စစ်ဆေးလိုက်ရာ မှိုတက်နေသော ဆန်ဟောင်းများဖြစ်ကြောင်း အတည်ပြုနိုင်လိုက်သဖြင့် သူ့မျက်နှာထားမှာ လုံးဝကို မည်းမှောင်သွားလေတော့၏။

“ကောင်းမိသားစုဆန်ဆိုင်က ဆိုင်ရှင်ကို အခုချက်ချင်း သွားခေါ်ခဲ့စမ်း”

သိပ်မကြာမီမှာပင် ကောင်းမိသားစု ဆန်ဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးကို အစောင့်များက ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြလေသည်။

စစ်ဆေးရေး ခန်းမဆောင်အတွင်း၌

“ဆိုင်ရှင်ကောင်းတို့လင်မယား၊ မင်းတို့အပြစ်ကိုမင်းတို့ သိကြရဲ့လား”

ခန်းမအတွင်းရှိ ဝူယွီလန်နှင့် ဆိုင်အကူများကို မြင်လိုက်ရချိန်တွင် ဆိုင်ရှင်ကောင်းတို့လင်မယားမှာ မည်သည့်ကိစ္စ ဖြစ်ပျက်နေသည်ကို ချက်ချင်း သဘောပေါက်သွားကြလေ၏။

ကောင်းယောင်ချိုက်၏မျက်လုံးများ ကလယ်ကလယ်ဖြစ်သွားကာ ဝူယွီလန်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်လေသည်။

“ရွာလူကြီး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ပြောတာကို နားထောင်ပေးပါဦး၊ ဒီအဘွားကြီးက ဒီဆန်ဟောင်းတွေကို သူကိုယ်တိုင် ဝယ်ချင်တာပါ၊ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဒီအဘွားကြီးက သူ့ဘာသာသူ ဝယ်ချင်လို့ပါ၊ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး”

လင်မယားနှစ်ဦးမှာ အသံညီညီညာညာဖြင့် ဇာတ်တိုက်ထားသည့်အလား လိမ်လည်ထွက်ဆိုကြလေသည်။

ဝူယွီလန် နှုတ်ခမ်းကိုစေ့ကာ အသာအယာပြုံးလိုက်၏။ သူတို့နှစ်ဦး တည်ငြိမ်စွာဖြင့် ဆင်ခြေပေးနေသည်ကို သူမက အေးအေးဆေး‌ဆေးပင် ရပ်ကြည့်နေလေသည်။

ရွာလူကြီးမာ အေးစက်စက် နှာမှုတ်လိုက်သည်။

“ဟွန့်၊ ဒါဆိုလည်း ပြောစမ်းပါဦး၊ မင်းတို့ သမားတော်ဝူဆီကနေ ငွေဘယ်လောက် ယူလိုက်သလဲ”

ကောင်းယောင်ချိုက်က အပြစ်ရှိန်ဖြင့် တုန်ယင်စွာ ပြန်ဖြေလိုက်၏။

“ကျွန်တော်တို့... ငွေနှစ်ဆယ့်ရှစ်ချောင်း ယူလိုက်ပါတယ်”

“ကောင်းပြီလေ၊ ဈေးကွက်ထဲမှာ ဆန်သားအကောင်း တစ်ကျင်းကို ဆယ့်ငါးပြား ပေါက်ဈေးရှိတယ်၊ ဒါပေမဲ့ မင်းတို့က ဒီဆန်ဟောင်းမှိုတက်တွေကို တစ်ဂျင်ကို ဆယ့်လေးပြားနဲ့ ရောင်းတယ်ပေါ့၊ မင်းတို့က လူတွေကို အရူးတွေများ မှတ်နေလား၊

ငွေနှစ်ဆယ့်ရှစ်ချောင်းဆိုတဲ့ ပမာဏနဲ့ ဘယ်ဆန်အမျိုးအစားကိုမဆို ဝယ်လို့ရနေတာကို ဘယ်သူကများ မင်းတို့ရဲ့ ဆန်ဟောင်းမှိုတက်တွေကို ဝယ်မယ့်အရူးဖြစ်မလဲ”

ဆင်ခြေပေး၍ မရနိုင်တော့သည်ကို သိလိုက်ရသော ကောင်းယောင်ချိုက်က မျက်လုံးများကို ကလယ်ကလယ် ထပ်လုပ်လိုက်ပြန်ပြီး စကားလမ်းကြောင်း လွှဲလိုက်ပြန်လေသည်။

“ရွာလူကြီးမာ၊ ကျွန်တော် မှတ်ဉာဏ်ချို့ယွင်းသွားလို့ပါ၊ တကယ်တော့ ကျွန်တော်တို့ ရောင်းလိုက်တာ ဆန်သားအကောင်းတွေပါ၊ သူကိုယ်တိုင် ဒီဆန်ဟောင်းတွေနဲ့ လဲလှယ်လိုက်တာ ဖြစ်ရမယ်”

ထိုစကားကို ကြားသည်နှင့် ကောင်းယောင်ချိုက်၏ ဇနီးဖြစ်သူကလည်း ချက်ချင်းထောက်ခံလိုက်၏။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အဲဒါ အမှန်ပါပဲ၊ ကျွန်မတို့ ရောင်းလိုက်တာက ဆန်သားကောင်းတွေပါ”

သူတို့လင်မယားနှစ်ဦး ခေါင်းမာနေဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ ရွာလူကြီးမာက ဆိုင်အကူများဘက်သို့ အကြည့်လွှဲလိုက်လေသည်။

“ဒါဆိုရင် ဆန်သားကောင်းတွေကို ဆန်ဟောင်းမှိုတက်တွေနဲ့ လဲလှယ်ခဲ့တာ မင်းတို့လို့ ပြောချင်တာလား”

ကောင်းယောင်ချိုက်၏ မျက်စိပစ်ကာ အချက်ပြနေမှုကို မြင်လိုက်ရသော ဆိုင်အကူများအားလုံးမှာ တွေဝေသွားကြလေ၏။

အကယ်၍ သူတို့သာ ကောင်းယောင်ချိုက်ဘက်မှ မရပ်တည်ပါက အနိုင်နိုင် ကြိုးစားရှာဖွေထားရသော သူတို့၏အလုပ်အကိုင်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြ၏။

သို့သော် သူတို့သာ ကောင်းယောင်ချိုက်ဘက်မှ ရပ်တည်လိုက်မည်ဆိုလျှင်...

“မင်းတို့ မပြောခင် သေချာစဉ်းစားကြ၊ မှိုတက်နေတဲ့ဆန်ဟောင်းတွေကို ရောင်းဝယ်ဖောက်ကားတာက ကြီးလေးတဲ့ ရာဇဝတ်မှုပဲ၊ ပြင်းထန်တဲ့ ပြစ်ဒဏ်အနေနဲ့ နယ်နှင်ဒဏ် ဒါမှမဟုတ် ခေါင်းဖြတ်ကွပ်မျက်ခံရနိုင်တယ်”

‘ခေါင်းဖြတ်ကွပ်မျက်’ ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ဆိုင်အကူများ၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထကာ တုန်ယင်သွားကြလေသည်။

အလုပ်ပြုတ်ခြင်းက သေးငယ်သော ကိစ္စဖြစ်သော်လည်း ခေါင်းပြတ်မည့်ကိစ္စကတော့ အလွန်ကြီးမားသော ကိစ္စပင်မဟုတ်ပါလား။ 

ထို့ကြောင့် သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ဝန်ခံကြတော့သည်။

“ရွာလူကြီးမာ၊ ဒီကိစ္စက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး၊ ဆန်သားကောင်းတွေကို ဆန်ဟောင်းမှိုတက်တွေနဲ့ ကျွန်တော်တို့ လဲလှယ်ခဲ့တာမဟုတ်ပါဘူး”

“ဒီဆန်ဟောင်းလှည်းကြီး တစ်ခုလုံးက သူဌေးကောင်းကိုယ်တိုင် အန်တီဝူကို ရောင်းလိုက်တာပါ”

“ဟုတ်ပါတယ်၊ အဲဒါ အမှန်ပါပဲ၊ ကျွန်တော်တို့အားလုံး သက်သေခံနိုင်ပါတယ်”

ကောင်းယောင်ချိုက်မှာ သူတို့ကို ဆက်တိုက်အချက်ပြနေပြီး ငွေစများကိုပင် ထုတ်ပြကာ သွေးဆောင်ဖြားယောင်းနေသေး၏။

သို့သော် ဓားက လည်ပင်းပေါ် ရောက်နေပြီဖြစ်ရာ မည်သူကများ ထိုငွေစအနည်းငယ်ကို မက်မောနေနိုင်တော့မည်နည်း။

“ရွာလူကြီးမာ၊ ကျွန်တော်တို့က ကောင်းယောင်ချိုက်ရဲ့ ဆိုင်အကူတွေသက်သက်ပါ၊ ဒီကိစ္စက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့”

“ဟုတ်ပါတယ်၊ ကျွန်တော်တို့နဲ့ ဘာမှမပတ်သက်ပါဘူး”

ကောင်းယောင်ချိုက်သည် ဆက်လက်၍ ဆင်ခြေပေးချင်နေသေး၏။

“ရွာလူကြီးမာ၊ ဒီကိစ္စကို ကျွန်တော် ရှင်းပြနိုင်ပါတယ်၊ ဖြစ်နိုင်တာက... ပစ္စည်းတွေ ရွှေ့ပြောင်းတဲ့အချိန်မှာ အမှားအယွင်းတစ်ခုခု ဖြစ်သွားတာနေမှာပါ”

ရွာလူကြီးမာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။

“ကောင်းယောင်ချိုက်၊ သက်သေခံတွေရော သက်သေခံပစ္စည်းတွေပါ မျက်မြင်ကိုယ်တွေ့ ရှိနေတာတောင် မင်းက ဆင်ခြေပေးဝံ့သေးတယ်ပေါ့လေ”

“လာကြစမ်း၊ သူ့ပါးစပ်ကို အချက်နှစ်ဆယ်ရိုက်စမ်း”

ထိုအမိန့်ကို ကြားသည်နှင့် ဘေးတွင် အသင့်စောင့်ဆိုင်းနေသော အစောင့်များသည် ဒဏ်ခတ်တုတ်ပြားကို ကိုင်ဆောင်ကာ ရှေ့သို့ ချက်ချင်းတက်လာကြလေသည်။

အစောင့်နှစ်ဦးက ကောင်းယောင်ချိုက်ကို မြဲမြံစွာ ချုပ်ကိုင်ထားပြီး ကျန်တစ်ဦးက ဒဏ်ခတ်တုတ်ပြားဖြင့် သူ့ပါးစပ်ကို ရိုက်ချလိုက်လေ၏။

“ဖြန်း”

မာကျောလှသော သစ်သားတုတ်ပြား၏ ပြင်းထန်သော ရိုက်ချက်တစ်ချက်တည်းဖြင့်ပင် ကောင်းယောင်ချိုက်၏နှုတ်ခမ်းထောင့်မှ သွေးများ စိမ့်ထွက်လာလေသည်။

အချက်နှစ်ဆယ်တိတိ ရိုက်နှက်ပြီးနောက်တွင်မူ သူ့မျက်နှာတစ်ခုလုံး ဖူးယောင်ကာ မြင့်တက်လာပြီး ပါးစပ်တစ်ခုလုံးမှာလည်း သွေးသံရဲရဲဖြင့် ကြည့်မရအောင် ပျက်စီးသွားတော့၏။

“ကောင်းယောင်ချိုက်၊ မင်းကို ငါမေးမယ်၊ ဆန်ဟောင်းမှိုတက်တွေကို လိမ်လည်ရောင်းချတဲ့ ရာဇဝတ်မှုကို မင်း ဝန်ခံမှာလား၊ ဝန်မခံဘူးလား”

ဒဏ်ခတ်တုတ်ပြား၏ ပြင်းထန်လှသော ရိုက်ချက်ကြောင့် နာကျင်မှုဝေဒနာကို မခံမရပ်နိုင်တော့ဘဲ ကောင်းယောင်ချိုက်တစ်ယောက် အရိုးမပါသည့် ခူကောင်ပမာ ပျော့ခွေကျသွားလေတော့သည်။

“အင့်... ကျွန်... ကျွန်တော် ဝန်ခံပါပြီ”

ရွာလူကြီးမာက စုတ်တံကို လျင်မြန်စွာ ကောက်ယူလိုက်ပြီး တရားဝင်တိုင်ကြားစာတစ်စောင်ကို ရေးသားလိုက်လေ၏။

“စောစောကတည်းက ရိုးရိုးသားသား ဝန်ခံလိုက်ရင် ဒီလိုအနာခံစရာ မလိုဘူးပေါ့၊ သမားတော်ဝူ... ဒီမှာ ကြည့်လိုက်ပါဦး၊ ဒီတိုင်ကြားစာထဲမှာ အမှားအယွင်း တစ်ခုမှမရှိဘူးဆိုရင် ပေလျိုခရိုင်ဝန်ဆီကို အခုချက်ချင်း လူလွှတ်ပြီး စစ်ဆေးစီရင်ဖို့ ပို့ပေးလိုက်ပါ့မယ်”

ဝူယွီလန် ထိုစာလိပ်ကို လှမ်းယူလိုက်သည်။ စာရွက်ပေါ်တွင် ခွန်အားပါပါ ရေးသားထားသော ရိုးရာစာလုံးများကို တွေ့လိုက်ရ၏။

“ကျေးဇူးတင်ပါတယ် ရွာသူကြီး၊ ဘာအမှားအယွင်းမှ မရှိပါဘူး”

ရွာလူကြီးမာ ခေါင်းညိတ်ပြလိုက်လေသည်။

“ဒါဆိုရင်လည်း ခရိုင်ဝန်ကြီးက အမိန့်ချမှတ်နိုင်ဖို့ ခရိုင်ရုံးကို လူလွှတ်ပြီး ပို့ခိုင်းလိုက်ပါ့မယ်၊ လျော်ကြေးငွေတွေ ရလာပြီဆိုရင်တော့ သမားတော်ဝူဆီကို လူကြုံနဲ့ ပြန်ပို့ပေးလိုက်ပါ့မယ်”

ဝူယွီလန် ကျေးဇူးတင်စကား ဆိုလိုက်၏။

“ကျေးဇူးတင်ပါတယ် ရွာလူကြီးမာ”

ကောင်းယောင်ချိုက်က သူတို့နှစ်ဦးကို အငြိုးတကြီးဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။ ဤအချိန်ရောက်မှသာ ဝူယွီလန်၏လှည့်စားခြင်းကို သူ ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားတော့၏။

ဝူယွီလန်ဘေးတွင် ရပ်နေသော စုန့်ကျင်းဟွာကို သတိထားမိလိုက်သောအခါ ကောင်းယောင်ချိုက်၏မျက်နှာထားမှာ ရေခဲရိုက်ခံလိုက်ရသည့်အလား အေးခဲသွားလေသည်။

ယခုအချိန်တွင် စုန့်ကျင်းဟွာလေးမှာ သန့်ရှင်းကျန်းမာနေပြီး သူမ ခန္ဓာကိုယ်ပေါ်တွင် ကျောက်ပေါက်နေသည့်လက္ခဏာ တစ်စက်ကလေးမျှပင်မတွေ့ရတော့ပေ။

ထိုအခါမှသာ ဝူယွီလန်၏ အကွက်ဆင်လှည့်စားမှုအောက်တွင် သူ မည်မျှအထိ အလူးအလဲခံလိုက်ရကြောင်း သိလိုက်ရတော့သည်။

သူက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“ခင်ဗျား... ခင်ဗျား၊ ခင်ဗျား ကျွန်တော့်ကို လှည့်စားခဲ့တာပဲ၊ ဒီမိန်းမယုတ်လေးက ကျောက်ရောဂါဖြစ်နေတာမှ မဟုတ်တာ”

ကောင်းယောင်ချိုက်တစ်ယောက် အခြေအနေကို ရိပ်မိသွားပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဝူယွီလန်က စုန့်ကျင်းဟွာကိုယ်ပေါ်တွင် လွှမ်းခြုံထားသော အဝတ်စုတ်များကို ဆွဲဖယ်လိုက်လေသည်။ ထို့နောက် အေးအေးလူလူပင် တုံ့ပြန်လိုက်၏။


 đŸ… Chapter 37


“သူဌေးကောင်း... ဘာကျောက်ရောဂါလဲ၊ ရှင်ဘာတွေပြောနေမှန်း ကျွန်မ နားမလည်ဘူး”

စုန့်ကျင်းဟွာ၏ ခန္ဓာကိုယ်အနှံ့မှ အနီရောင်အဖုအပိမ့်များ ပျောက်ကွယ်သွားသည်ကို ကောင်းယောင်ချိုက်၏ဇနီး မြင်လိုက်ရသောအခါ မည်မျှပင် ဉာဏ်ထိုင်းသူဖြစ်ပါစေ အဖြစ်အပျက်ကို သဘောပေါက်သွားလေတော့သည်။

“ဒီအဘွားကြီး၊ ရှင် ကျွန်မတို့ကိုလိမ်တယ်၊ ဒီကောင်မလေးက ကျောက်ပေါက်နေတာမှ မဟုတ်တာ”

ထို့နောက် ရွာသူကြီးဘက်လှည့်ကာ ငိုယိုတိုင်တန်းလေတော့၏။

“ရွာသူကြီး... ကျွန်မတို့ကို တရားမျှတမှု ရှာပေးပါဦးရှင်၊ ဒီအဘွားကြီးက လူလွှတ်ပြီး ကျွန်မတို့ကို လှည့်စားခဲ့တာပါ၊ ဒီကောင်မလေးကို ငွေတစ်ချောင်းတည်းနဲ့ ရောင်းမိအောင် အကွက်ဆင်ခဲ့တာပါ”

ဝူယွီလန် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်လေသည်။

“ကျွန်မ ရှင့်ကို ဘယ်တုန်းက လှည့်စားခဲ့လို့လဲ၊ သက်သေဘယ်မှာလဲ”

ကောင်းယောင်ချိုက်၏ဇနီးက စုန့်ကျင်းဟွာအား လက်ညှိုးငေါက်ငေါက်ထိုးကာ ခြိမ်းခြောက်လိုက်၏။

“နင်... ကောင်မစုတ်လေး၊ အခုချက်ချင်း ငါတို့ဘက်ကနေ သက်သေထွက်ဆိုပေးစမ်း၊ 

ဒီအဘွားကြီးက နင့်ကို ကျောက်ပေါက်နေတယ်လို့ အထင်ရောက်အောင် ငါတို့ကို လှည့်စားခဲ့လို့…. နင့်ကို ရောင်းလိုက်တာလို့ သူတို့ကို ပြောလိုက်စမ်း”

လူအားလုံး၏အကြည့်များက စုန့်ကျင်းဟွာထံသို့ ကျရောက်သွားကြပြီး သူမ၏အဖြေကို စောင့်ဆိုင်းနေကြလေသည်။

စုန့်ကျင်းဟွာလေးသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ရွာလူကြီးမာဘက်သို့ လှည့်ကြည့်လိုက်လေသည်။

“ရွာလူကြီးဘိုးဘိုး... ကျွန်မကို ကျောက်ပေါက်နေတယ်လို့ သူတို့ဘာသာ သူတို့ အထင်လွဲခဲ့ကြတာပါ၊ ကျွန်မကို သူတို့ဆီကနေ အမြန်ဆုံး ရှင်းထုတ်ပစ်ချင် လွန်းလို့ ဈေးပေါပေါနဲ့ ရောင်းချလိုက်ကြတာ”

ထိုစကားကို ကြားလိုက်ရသောအခါ ထိုလင်မယားနှစ်ဦးမှာ တမင်သက်သက်ပြဿနာရှာနေခြင်းဖြစ်ကြောင်း ရွာလူကြီးမာ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီး ချက်ချင်းပင် စိတ်အိုက်သွားလေတော့၏။

“သူတို့ပါးစပ်တွေကို ပိတ်ပြီး အရာရှိတွေဆီကို တိုက်ရိုက်သာ ခေါ်သွားကြပေတော့”

ကောင်းယောင်ချိုက်တို့ လင်မယားမှာ တစ်စုံတစ်ရာ ထပ်မံငြင်းခုံလိုသေး၏။

သို့သော်လည်း သူတို့၏ ပါးစပ်များအတွင်းသို့ အနံ့အသက်ဆိုးရွားလှသော ဖိနပ်စုတ်များ ထိုးသိပ်ခံလိုက်ရပြီး အပြင်သို့ ကြမ်းတမ်းစွာ ဆွဲထုတ်သွားခြင်း ခံလိုက်ကြရလေသည်။

ရွာသူကြီးရုံးမှ အပြင်သို့ထွက်လာသောအခါ ဝူယွီလန်သည် လတ်ဆတ်သောလေကို တဝကြီးရှူသွင်းလိုက်ပြီး အကြောဆန့်လိုက်လေသည်။

စုန့်ကျင်းဟွာလေးက မျှော်လင့်ချက်အပြည့်ပါသော မျက်ဝန်းများဖြင့် မေးမြန်းလိုက်၏။

“အဘွား... ထုန်ဟွာရောဟင်၊ ထုန်ဟွာ့ကိုရော ပြန်ရွေးခဲ့ပြီးပြီလား”

ဆင်းရဲဒုက္ခပင်လယ်ထဲမှ လွတ်မြောက်လာသည်နှင့်တစ်ပြိုင်နက် စုန့်ကျင်းဟွာလေး၏စိတ်ထဲတွင် ပထမဆုံးတွေးမိသည်က အတူတကွ ရောင်းစားခံခဲ့ရသော သူမ၏ နောက်ထပ်ညီမလေးတစ်ယောက်အကြောင်းပင် ဖြစ်လေသည်။

ဝူယွီလန်၏ အကြောဆန့်နေသောကိုယ်ဟန်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ ယခင်ကဲ့သို့ ပေါ့ပါးလွတ်လပ်မနေတော့ဘဲ လေးလံသွားသလို ခံစားလိုက်ရ၏။

တိတ်ဆိတ်စွာ မှောင်ရီပျိုးနေပြီဖြစ်သော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရင်း သူမက သိမ်မွေ့ညင်သာစွာ ပြောလိုက်လေသည်။

“မြေးလေးရဲ့ ညီမလေးထုန်ဟွာ ဘယ်ရောက်နေလဲဆိုတာ မသိရသေးဘူးကွယ်၊ မနက်ဖြန်ကျရင် အဘွား သေချာလိုက်စုံစမ်းကြည့်ပါ့မယ်”

စုန့်ကျင်းဟွာကိုမူ မူလအဘွားကြီးကိုယ်တိုင် ပွဲစားရုံသို့ ခေါ်သွားကာ ရောင်းချခဲ့ခြင်းဖြစ်သောကြောင့် အနည်းငယ်စုံစမ်းလိုက်ရုံဖြင့် သူမ၏သတင်းအစအနကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်းဖြစ်သည်။

 á€žá€­á€Żá€ˇá€žá€ąá€Źá€ş စုန့်ထုန်ဟွာကိုမူ ထိုလူကုန်ကူးသူ အဘွားကြီးဝမ်က ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်၏။

ယခုအခါတွင် ရန်ငြိုးရန်စများပါ ရှိနေပြီဖြစ်ရာ ထိုကလေးမလေး၏သတင်းကို စုံစမ်းရှာဖွေရန်အတွက် ခွန်အားနှင့် အချိန် အတော်အသင့် ပေးရဦးမည်သာ ဖြစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ စိတ်ပူလန့်နေစရာတော့မလိုပေ။ လက်ထဲတွင် ငွေရှိနေသရွေ့ ထိုကလေးမလေးကို အချိန်မရွေး ပြန်လည်ရွေးယူနိုင်မည်မဟုတ်ပါလား။

ဤသို့တွေးတောရင်း အိမ်တွင် အသားငါးနှင့် ဟင်းသီးဟင်းရွက်များ ပြတ်လပ်နေပြီဖြစ်ကြောင်း သတိရလိုက်သဖြင့် ဝူယွီလန်သည် ဝက်သုံးထပ်သား နှစ်ကတ်တီကို သွားရောက်ဝယ်ယူလိုက်လေသည်။

စုန့်ကျင်းဟွာလေး ဝတ်ဆင်ထားသော စုတ်ပြတ်သတ်နေသည့် အဝတ်အစားများကို မြင်တွေ့လိုက်ရသောအခါ သူမ မကြာခဏ သွားရောက်လေ့ရှိသော အဝတ်အထည်ဆိုင်သို့ ခြေဦးလှည့်လိုက်လေသည်။

ထိုအချိန်အတွင်း စုန့်ကျင်းဟွာလေးမှာ သူမအနောက်မှ တကောက်ကောက် လိုက်ပါလာပြီး တစ်ဖဝါးမှပင်မခွာတော့ချေ။

အဝတ်အထည်ဆိုင်ရှေ့သို့ ရောက်ရှိသွားချိန်တွင် ဆိုင်ရှင်အမျိုးသမီးမှာ ဆိုင်ပိတ်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရလေသည်။ 

ဝူယွီလန် ကမန်းကတန်း ရှေ့သို့တိုးသွားကာ နှုတ်ဆက်လိုက်၏။

“ဆိုင်ရှင်... ဆိုင်ပိတ်ပြီး နားတော့မလို့လား။”

ဆိုင်ရှင်အမျိုးသမီးက လှည့်ကြည့်လိုက်ရာ ဝူယွီလန်ကို မြင်တွေ့သွားပြီးနောက် ပြုံးပြလိုက်ကာ တံခါးပိတ်နေသည့်အလုပ်ကို ရပ်တန့်လိုက်လေသည်။

“အိမ်ပြန်ပြီး ညစာစားတော့မလို့ပါ အစ်မကြီးရဲ့၊ အစ်မကြီး အဝတ်အစားတွေ ဝယ်ချင်လို့လား”

ဝူယွီလန် ပြန်ဖြေလိုက်၏။

“ကျွန်မရဲ့ မြေးမလေးအတွက် အဝတ်အစားနှစ်စုံလောက် ရွေးချင်လို့ပါ”

ထိုစကားကို ကြားလိုက်ရချိန်တွင် စုန့်ကျင်းဟွာလေး၏ရင်ခုန်သံများ မြန်ဆန်သွားခဲ့ပြီး ရင်ဘတ်အောက်ခြေမှနေ၍ ဝမ်းသာကြည်နူးမှုလှိုင်းတံပိုးများက ပေါက်ကွဲထွက်လာကာ သူမ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။

‘အဘွားက ငါ့ကို အဝတ်အစားသစ်တွေ ဝယ်ပေးမလို့လား'

သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်ချိန်တွင်တော့ စုန့်ကျင်းဟွာလေး၏ ခန္ဓာကိုယ်လေးမှာ တောင့်တင်းသွားခဲ့လေသည်။

သူမ၏ တစ်သက်တာလုံးတွင် အဝတ်အစားသစ်ကို တစ်ကြိမ်သာ ဝတ်ဆင်ဖူးခဲ့၏။

ထိုအကြိမ်မှာ အဘွားဖြစ်သူက သူမကို ရောင်းစားခဲ့သည့် အချိန်ကပင် ဖြစ်လေသည်။ ယခု အဘွားက သူမကို ငွေတစ်ချောင်းပေးပြီး ပြန်ရွေးလာခဲ့သည်။

‘ဒါ... ဒါဆို အဘွားက ငါ့ကို နောက်တစ်ကြိမ် ထပ်ရောင်းစားဖို့များ စီစဉ်နေတာလား'

သူမက တုန်ရီနေသောအသံဖြင့် ပြောလိုက်လေသည်။

“အဘွား... သမီး အဝတ်အစားသစ်တွေ မဝတ်ချင်ပါဘူး”

ဝူယွီလန်က နောက်သို့ လှည့်ကြည့်လိုက်ရာ ကလေးမလေး၏မျက်နှာပေါ်တွင် တောင်းပန်တိုးလျှိုးနေသည့် အရိပ်အယောင်များကို တွေ့လိုက်ရလေသည်။

‘ဟင်...’

‘အဝတ်အစားသစ်လေးတွေ ဝတ်ရမှာကို သူက မဝတ်ချင်ဘူးတဲ့လား'

ဝူယွီလန်က အများကြီးတွေးမနေတော့ပေ။ စုန့်ကျင်းဟွာလေးက သူမအတွက် ငွေကုန်ကြေးကျ သက်သာစေရန် ရည်ရွယ်ပြီး ပြောသည်ဟုသာ ထင်မှတ်လိုက်လေသည်။

 á€‘ိုအကဟ္ဏငအ် စုန့်ကျင်းဟွာအတွက် ချည်ထည်အဝတ်အစား နှစ်စုံကို ပြတ်ပြတ်သားသားပင် ရွေးချယ်လိုက်၏။

စုန့်ထုန်ဟွာကို ပြန်ရွေးလာသည့်အခါတွင်လည်း ထိုကလေးမလေးအတွက် ဝတ်စရာအဝတ်အစား ရှိမည်မဟုတ်ကြောင်း တွေးမိလိုက်သဖြင့် ထပ်မံ၍ အဝတ်အစား နှစ်စုံကိုပါ ရွေးချယ်လိုက်ရာ စုစုပေါင်း ကြေးပြားလေးရာ ကုန်ကျသွားခဲ့လေသည်။

အဝတ်အစားများ ဝယ်ယူပြီးစီးသွားသောအခါ ဝူယွီလန်သည် နွားလှည်းတစ်စီးကို ငှားရမ်းကာ အိမ်သို့ အလျင်စလို ပြန်လာခဲ့လေတော့၏။

…

ဝမ်ကွေ့ချင်တစ်ယောက် အိမ်မှုကိစ္စများကို လုပ်ကိုင်နေရင်း တံခါးပေါက်ဆီသို့ မကြာခဏ မျှော်ကြည့်နေမိသည်။

“မှောင်တောင် မှောင်နေပြီ... အမေ့ဆီမှာ ပြဿနာတစ်ခုခုများ ဖြစ်နေလို့လားမသိဘူး”

ကျောက်လီကျွမ်က ဝင်ပြောလိုက်၏။

“အမေက ဒီနေ့ သူဌေးလုအိမ်ကို သွားတာလေ၊ သူဌေးလုရဲ့ ဇနီးသည်ကို အမေက ကလေးမွေးပေးခဲ့တာလို့ ကြားတယ်၊

သူဌေးလုက အမေ့ကို တော်တော်လေး ကျေးဇူးတင်နေတာဆိုတော့ အခက်တွေ့အောင်တော့ လုပ်မယ်မထင်ပါဘူး”

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျောက်လီကျွမ်သည် သူမယောက္ခမ၏လုပ်ပုံကိုင်ပုံကို ကောင်းကောင်းကြီး သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။

ယောက္ခမကြီးက ယခင်ကအတိုင်းပင်…..

မည်သည့်ကိစ္စတွင်မဆို မိမိကိုယ်ကို အနည်းငယ်မျှပင် အနစ်နာခံလေ့ရှိသူမဟုတ်ပေ။

သို့သော် အကြောင်းရင်းမရှိဘဲ ဝမ်ကွေ့ချင်၏ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေလေသည်။

“မဟုတ်ဘူး... ငါ့ဘယ်ဘက်မျက်ခွံတွေ လှုပ်နေတာ ရင်တွေတောင်တုန်လာပြီ။ တစ်ခုခုတော့ ဖြစ်တော့မယ်လို့ ငါ ခံစားနေရတယ်”

ကျောက်လီကျွမ်က ဝမ်ကွေ့ချင်မှာ ဂနာမငြိမ်ဖြစ်နေဆဲဖြစ်သည်ကို မြင်သောအခါ သူမအနီးသို့ လျှောက်သွားကာ ပခုံးကို ညင်သာစွာ ပုတ်ပေးလိုက်ရင်း နှစ်သိမ့်လိုက်လေသည်။

“အစ်မကြီးရာ... ဘယ်ဘက်မျက်ခွံလှုပ်ရင် ဓနဥစ္စာတွေ ဝင်လာတတ်တယ်ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ၊ ကိုယ့်ဘာသာကိုယ် လန့်မနေပါနဲ့”

ထိုအချိန်တွင် စုန့်ကျစ်ယုံ၏စိတ်ထဲတွင်လည်း တည်ငြိမ်မှုမရှိဖြစ်နေလေ၏။ သူ၏ လက်ထဲရှိ ကြိမ်နွယ်များကို ဟိုဘက်ဒီဘက် ထိုးယက်နေသော်လည်း မည်သို့မျှ ပုံစံတကျယက်၍မရနိုင်အောင် ဖြစ်နေတော့သည်။

သူက ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ကလေးများအားလုံးမှာ အိမ်တွင် ဘေးကင်းလုံခြုံစွာ ရှိနေကြလေ၏။

‘ဒါဆိုရင်... အမေ့ဆီမှာများ တစ်ခုခုဖြစ်နေလို့လား'

“မဖြစ်ဘူး... ငါ အပြင်ထွက်ပြီး သွားကြည့်မှပဲ”

ဝမ်ကွေ့ချင်သည် သူမ၏မျက်ခွံများ အပြင်းအထန် လှုပ်ခတ်လာသည်ကို ခံစားလိုက်ရသဖြင့် လုပ်လက်စအလုပ်များအား ချထားခဲ့ကာ မတ်တတ်ရပ်ပြီး အပြင်သို့ ကမန်းကတန်း ထွက်သွားလေတော့သည်။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ စုန့်ကျစ်ယုံကလည်း သူ့ဇနီးနောက်သို့ ပြေးလိုက်သွားလေ၏။

“ဟေ့... အစ်မကြီး၊ ကျွန်မကို စောင့်ပါဦး၊။ ကျွန်မလည်း လိုက်မယ်”

ကျောက်လီကျွမ်ကလည်း အနောက်မှ အလျင်စလိုလိုက်သွားလေသည်။

ခြံဝင်းအတွင်း ပေါင်းပင်များကို နုတ်နေကြသော ကလေးများကလည်း ထိုအဖြစ်အပျက်ကို မြင်တွေ့လိုက်ရသောအခါ ပေါင်းပင်များကို လွှင့်ပစ်ခဲ့ပြီး သူတို့အနောက်သို့ ပြေးလိုက်သွားကြလေသည်။

ဤသို့ဖြင့် မိသားစုတစ်စုလုံးမှာ ရွာထိပ်ဆီသို့ အပြေးအလွှား ဦးတည်သွားကြလေတော့၏။

…

စုန့်ကျင်းဟွာလေးသည် ဝူယွီလန်က သူမကို နောက်ထပ်တစ်ကြိမ် ရောင်းစားတော့မည်ဟု ထင်မှတ်ထားသဖြင့် နွားလှည်းပေါ်တွင် ညှိုးငယ်သောမျက်နှာထားဖြင့် စကားတစ်ခွန်းမျှမဟဘဲ ထိုင်လိုက်လာခဲ့လေသည်။

သို့သော် တဖြည်းဖြည်းနှင့် ထိုလမ်းကလေးမှာ ပို၍လူသူကင်းမဲ့လာသော်လည်း သူမအတွက် ပိုမိုရင်းနှီးကျွမ်းဝင်လာကြောင်းကို တွေ့ရှိလာခဲ့ရသည်။

‘ဒါက... အိမ်ပြန်လမ်းနဲ့ တူနေပါလား'

 đŸ… Chapter 38


သူမက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

“အဘွား... သမီးကို ဘယ်... ဘယ်ခေါ်သွားမလို့လဲ”

ဝူယွီလန် ကလေးမလေးကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။

“အိမ်ပြန်ရမှာပေါ့၊ မှောင်လည်း မှောင်နေပြီ၊ တခြားဘယ်သွားစရာ ရှိဦးမှာလဲ”

“အိမ်ကိုလား...”

စုန့်ကျင်းဟွာလေး၏ ယခင်က ညှိုးနွမ်းနေခဲ့သော အသွင်အပြင်မှာ ချက်ချင်းပင် တက်ကြွလန်းဆန်းသွားကာ ဝူယွီလန်ကို စိတ်လှုပ်ရှားစွာဖြင့် မော့ကြည့်လိုက်လေသည်။

သူမက ဝိုင်းစက်နေသော မျက်လုံးလေးများကို ပြူးကျယ်ထားရင်း မေးလိုက်၏။

“အဘွား... အဘွားက သမီးကို အိမ်ပြန်ခေါ်သွားမယ်လို့ ပြောလိုက်တာလား”

ထိုအချိန်မှသာ ဤကလေးမလေးသည် လမ်းတစ်လျှောက်လုံး ညှိုးငယ်နေခဲ့ရခြင်းမှာ နောက်တစ်ကြိမ်ရောင်းစားခံရမည်ဟု ထင်မှတ်နေသောကြောင့်ဖြစ်ကြောင်း ဝူယွီလန် နားလည်သွားတော့သည်။

“မြေးလေးရဲ့ စိတ်ကို အေးအေးချမ်းချမ်း သက်တောင့်သက်သာ ထားလိုက်ပါကွယ်၊ အဘွားက မြေးလေးကို ပြန်ရွေးလာပြီးမှတော့ နောက်တစ်ခါ ထပ်မရောင်းစားတော့ပါဘူး”

“ဒါပေမဲ့ အဘွားရယ်... ဒီအဝတ်အစားသစ်တွေက...”

“အဲဒါတွေက မြေးလေးဝတ်ဖို့အတွက် အဘွား ဝယ်လာပေးတာပေါ့”

ရွာထိပ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဝူယွီလန်က စုန့်ကျင်းဟွာလေးကို လက်ဆွဲ၍ ထူလိုက်လေ၏။

“လာ... သွားကြစို့၊ အိမ်ပြန်ရအောင်”

ရင်းနှီးနေသော ရွာကလေးကို မြင်တွေ့လိုက်ရသောအခါမှသာ တစ်ချိန်လုံး ထိတ်လန့်တုန်လှုပ်နေခဲ့သော စုန့်ကျင်းဟွာလေး၏ နှလုံးသားမှာ နောက်ဆုံးတွင်တော့ ငြိမ်းချမ်းသွားခဲ့လေသည်။

 á€žá€°á€™á€€ လက်လှမ်းကာ မျက်ရည်များကို သုတ်ဖယ်လိုက်ရင်း ရွှင်လန်းစွာ တုံ့ပြန်လိုက်၏။

“ဟုတ်ကဲ့... အိမ်ပြန်ကြမယ်နော်”

…

ရှေ့ဆုံးမှ ပြေးလာသော စုန့်အာ့လန်က ဝူယွီလန်ကို မြင်လိုက်ရသောအခါ မိသားစုဝင်များအား စိတ်လှုပ်ရှားစွာဖြင့် လှမ်းအော်ပြောလိုက်လေသည်။

“ဟေး... အဘွားကို မြင်ရပြီ၊ အဘွား ပြန်လာပြီဟေ့”

“ဟင်... အဘွားရဲ့ ဘေးမှာ ရပ်နေတာ လူတစ်ယောက်ပါလား၊ အဲဒီလူက ဘယ်သူနဲ့တူသလဲဆိုတော့...”

စုန့်အာ့လန်က ထိုအရိပ်အယောင်ကို လှမ်းကြည့်လိုက်လေရာ တဖြည်းဖြည်းနှင့် ပိုမို၍ ရင်းနှီးကျွမ်းဝင်လာသလို ခံစားလိုက်ရတော့သည်။

“ကျင်းဟွာလေးပါလား... ညီမလေး ကျင်းဟွာလေ”

သမီးဖြစ်သူ၏နာမည်ကို ကြားလိုက်ရသောအခါ ဝမ်ကွေ့ချင် ခေါင်းထဲတွင် ထူပူသွားပြီး သူမ ဦးနှောက်ထဲ၌ ဝမ်းသာအံ့ဩမှုများက ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားလေတော့သည်။

“အာ့လန်... သား ဘယ်သူလို့ ပြောလိုက်တာလဲ”

စုန့်အာ့လန် သေချာထပ်ကြည့်လိုက်ပြီးနောက် အနောက်သို့လှည့်ကာ အော်ပြောလိုက်လေ၏။

“အမေ... ကျင်းဟွာလေ၊ သားရဲ့ ညီမလေးပါ”

“ကျင်း... ကျင်းဟွာ”

“ငါ့သမီးလေး ကျင်းဟွာပါလား...”

ဝေဝါးနေသော ဝမ်ကွေ့ချင်၏မျက်ဝန်းများသည် တဖြည်းဖြည်း ကြည်လင်လာပြီး ရွာထိပ်ဆီသို့ အရူးတစ်ယောက်ပမာ ပြေးသွားလေတော့သည်။

ဝူယွီလန်ဘေးတွင် ရပ်နေသော ရင်းနှီးနေသည့် ပုံရိပ်ကလေးကို မြင်လိုက်ရသောအခါ ဝမ်ကွေ့ချင် ခြေထောက်များမှာ စိတ်လှုပ်ရှားလွန်း၍ ခွေကျသွားပြီး မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားလေသည်။

စုန့်ကျင်းဟွာလေးကလည်း သူမ၏မိသားစုကို မြင်တွေ့လိုက်ရပြီး မိခင်ဖြစ်သူ လဲကျသွားသည်ကို မြင်သောအခါ အပြေးအလွှား သွားရောက်တွဲကူလိုက်လေ၏။

“အမေ”

“ကျင်းဟွာ... အမေ့ရဲ့ ကျင်းဟွာလေး၊ အမေ အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်”

ဝမ်ကွေ့ချင်သည် သမီးဖြစ်သူ၏ မျက်နှာလေးကို အသာအယာ ပွတ်သပ်လိုက်သည်။ သူမ အနည်းငယ်မျှ ခပ်ကြမ်းကြမ်း ကိုင်တွယ်လိုက်မိလျှင်ပင် သမီးလေး ပျောက်ကွယ်သွားမည်ကို အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေလေ၏။

“အမေ... သမီးပါ၊ အဘွားက သမီးကို ပြန်ရွေးပြီး ခေါ်လာခဲ့တာပါ”

သားအမိနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ဖက်ထားလိုက်ကြသည်။ မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားချိန်တွင်တော့ ကျင်းဟွာလေးမှာ လုံးဝကို စိတ်အေးသွားလေတော့၏။

ဤအချိန်တွင် မိခင်ဖြစ်သူကို မြင်လိုက်ရသောအခါ သူမ၏ရင်ထဲရှိ နာကြည်းခံစားရမှုများအားလုံးက ဆို့နင့်စွာ ထွက်ပေါ်လာပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်လေသည်။

“အမေ... သမီးကို နောက်တစ်ခါ အရောင်းမခံရအောင် လုပ်ပေးပါလားဟင်”

ဝမ်ကွေ့ချင်က သမီးဖြစ်သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ နေရာအနှံ့တွင် ကြီးငယ်မရွေး ဒဏ်ရာဒဏ်ချက်များစွာကို တွေ့လိုက်ရသဖြင့် သူမ၏နှလုံးသားမှာ ထိန်းမရသိမ်းမရ နာကျင်သွားရလေသည်။

“အမေ မရောင်းပါဘူး... ဘယ်တော့မှ မရောင်းပါဘူး၊ နောက်ဆို ဘယ်သူကမှ သမီးကို ရောင်းစားလို့မရအောင် အမေ ကာကွယ်ပေးပါ့မယ်”

ဝမ်ကွေ့ချင်သည် ပြန်လည်ရရှိလာသော သမီးလေးကို တင်းကျပ်စွာ ဖက်ထားရင်း ဝမ်းသာမျက်ရည်များ ကျဆင်းလာခဲ့လေ၏။

ယခုအချိန်မှစ၍ ယောက္ခမကြီးက သူမ၏သမီးကို ရောင်းစားရန်အခွင့်အရေး မရနိုင်စေရန် တစ်နေ့လုံး သမီးဖြစ်သူကို သူမ ဘေးနားတွင်သာ အမြဲထားတော့မည်ဟု စိတ်ထဲမှ တေးမှတ်ထားလိုက်လေသည်။

စုန့်ကျစ်ယုံသည် သူ့သမီးအကြီးဆုံးလေးကို မြင်လိုက်ရသောအခါ မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက်များက ရင်ထဲတွင် တစ်ဖန်ပြန်လည်၍ လှိုင်းထလာပြန်လေ၏။

သူက ခေါင်းငုံ့ကာ နီရဲနေသော မျက်လုံးများကို လက်ခုံဖြင့်သုတ်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဝူယွီလန်ကို အကြိမ်အနည်းငယ်မျှ ဦးချကန်တော့လိုက်လေသည်။

“အမေ... ကျင်းဟွာ့ကို ပြန်ရွေးပေးခဲ့တဲ့အတွက် သား အမေ့ကို ကျေးဇူးတင်ပါတယ်”

“ဒါပေမဲ့ အခုကစပြီး အမေ သားကို ရိုက်သတ်ရင်တောင် ကျင်းဟွာ့ကို နောက်တစ်ခါ ထပ်ရောင်းစားဖို့ သား လုံးဝအခွင့်အရေးပေးမှာ မဟုတ်ဘူးဆိုတာကို အမေ သိထားစေချင်တယ်”

အကယ်၍ မိခင်ဖြစ်သူကသာ သူ့ကွယ်ရာတွင် ကျင်းဟွာကို တိတ်တဆိတ် ရောင်းစားခဲ့ခြင်းမရှိပါက ဤကဲ့သို့သောကိစ္စမျိုးကို သူ ဘယ်သောအခါမျှ အဖြစ်ခံမည်မဟုတ်ပေ။

အတိတ်ကာလများက သူသည် မိခင်ဖြစ်သူ၏လုပ်ရပ်များကို အမြဲတမ်း သည်းခံခဲ့သည်။ သူ၏ သားသမီးဝတ္တရား ကျေပွန်မှုက မိခင်ဖြစ်သူထံမှ နွေးထွေးမှုနှင့် ဂရုစိုက်မှုအနည်းငယ်မျှကို ရရှိလာလိမ့်မည်ဟု မျှော်လင့်ခဲ့မိသည်။

သို့သော် သူ၏သားသမီးဝတ္တရား ကျေပွန်မှုက မိခင်ဖြစ်သူအား ပိုမိုရက်စက်ယုတ်မာသော လုပ်ရပ်များကိုသာ ဆောင်ကြဉ်းလာပေးကြောင်း သိလိုက်ရသောအခါ သူ့စိတ်နှလုံးများ လုံးဝကို ထုံထိုင်းသွားခဲ့လေပြီ။

ဝမ်ကွေ့ချင်သည် သမီးဖြစ်သူကို ပွေ့ဖက်ထားဆဲပင်။

 á€á€™á€şá€¸á€žá€Źá€€á€źá€Šá€şá€”ူးမသုမဝဏးဥပဟဎးတွင် နောက်ဆက်တွဲအနေဖြင့် ကြောက်ရွံ့ထိတ်လန့်မှုများက အလေးအနက် ကျန်ရစ်နေဆဲဖြစ်သည်။

 á€…á€Żá€”á€ˇá€şá€á€Źá€ˇá€œá€”á€şá€”á€žá€„á€ˇá€ş စုန့်အာ့လန်တို့ကမူ သူတို့နှစ်ဦး၏ ဘေးတွင် တစ်လှမ်းမျှမခွာဘဲ အစောင့်အရှောက်သဖွယ် ရပ်နေကြလေသည်။

သူတို့၏ မျက်ဝန်းများထဲမှ တင်းမာမှုများကို မြင်လိုက်ရသောအခါ ဝူယွီလန်က သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေသည်။

“အရင်တုန်းက အဘွားက နတ်ဖမ်းစားခံထားရသလို ဖြစ်နေလို့ ကျင်းဟွာနဲ့ ထုန်ဟွာကို ရောင်းမိသွားတာပါ”

“စိတ်အေးအေးထားကြပါ၊ အခုကစပြီး ငါတို့မိသားစုက ကလေးတွေကို ရောင်းစားတယ်ဆိုတဲ့ ညစ်ပတ်စက်ဆုပ်စရာကောင်းတဲ့ အလုပ်မျိုးကို ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး”

ထိုသို့ပြောပြီးနောက် ဝူယွီလန်က ဘေးတွင်ရပ်နေသော ကျောက်လီကျွမ်ကို လှည့်ကြည့်လိုက်သည်။

 á€žá€°á€™á€žá€Šá€ş စကားတစ်ခုခုကို ပြောလိုဟန်ဖြင့် အကြိမ်ကြိမ် တုံ့ဆိုင်းနေခဲ့လေ၏။

“စိတ်အေးအေးထားပါ၊ နောက်ရက်အနည်းငယ်အတွင်း ထုန်ဟွာ့ကိုပါ ပြန်ရွေးလာခဲ့ပါ့မယ်”

“အမေ... အမေတကယ်ပြောနေတာလား”

ကျောက်လီကျွမ် နှုတ်ခမ်းကိုကိုက်ကာ မျှော်လင့်ချက်အပြည့်ပါသောမျက်ဝန်းများဖြင့် မေးလိုက်လေသည်။

“တကယ်ပေါ့၊ မနေ့က ငါ သူဌေးလုရဲ့ဇနီးကို ကလေးမွေးပေးခဲ့တော့ သူမက ငွေအများကြီးပေးလိုက်တယ်၊ ဒီရက်ပိုင်းအတွင်း သေချာစုံစမ်းပြီး ထုန်ဟွာ့ကိုပါ အိမ်ပြန်ခေါ်လာခဲ့ပါ့မယ်”

“ရော့... ဒါက ထုန်ဟွာ့အတွက် ငါဝယ်လာတဲ့ အဝတ်အစားတွေ၊ နင် အရင်သိမ်းထားလိုက်ပါ၊ လျှော်ဖွပ်ပြီးလှန်းထားလိုက်၊ သူပြန်လာရင် ဝတ်လို့ရအောင်လို့”

ကျောက်လီကျွမ်သည် ချည်ထည်၏ ထူးခြားလှသောအထိအတွေ့ကို စမ်းသပ်ကြည့်ရင်း အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်နေလေသည်။

‘ယောက္ခမကြီးက... ငါ့သမီးကို တကယ်ပဲ ပြန်ရွေးပေးတော့မှာလား'

သူမလက်ထဲရှိ အဝတ်အစားများ၏ အရွယ်အစားမှာ သမီးအကြီးဆုံးဖြစ်သော စုန့်ထုန်ဟွာ၏ ကိုယ်ခန္ဓာအတိုင်းအတာအတိုင်း တိတိကျကျ ချုပ်လုပ်ထားခြင်းဖြစ်သည်။

အကယ်၍ သမီးအကြီးဆုံးကို ပြန်လည်ရွေးယူရန် အစီအစဉ်မရှိပါက ဤအဝတ်အစားများကို အဘယ်ကြောင့် ဝယ်လာမည်နည်း။

ဤသို့ တွေးမိလိုက်သောအခါ ကျောက်လီကျွမ်၏ ရင်ထဲတွင် ခပ်သဲ့သဲ့မျှော်လင့်ချက်လေးတစ်ခု စတင်သန္ဓေတည်လာခဲ့လေသည်။

ရွာထဲမှလူများက လှမ်းကြည့်နေကြသည်ကို မြင်လိုက်ရသောအခါ ဝူယွီလန် အလျင်အမြန်ပင် ပြောလိုက်လေသည်။

“ကဲ... ဒီမှာ မျက်စိတွေအရမ်းများနေတယ်၊ လူတွေ ငါတို့ကို ဟာသလုပ်တာမခံရစေနဲ့၊ အိမ်ပြန်ပြီးမှ ပြောကြတာပေါ့”

“ဟုတ်တယ်... အိမ်ပြန်ကြမယ်၊ အိမ်ပြန်ကြမယ်”

ဝမ်ကွေ့ချင်သည် သမီးဖြစ်သူကို ကျောပိုးလိုက်ပြီး ဝမ်းသာအားရဖြင့် အိမ်သို့ ပြန်လာခဲ့လေသည်။

စုန့်ကျင်းဟွာလေးသည် မိခင်ဖြစ်သူ၏ ကျောပြင်ပေါ်တွင် မှီတွယ်ရင်း အိပ်မက်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားနေရလေ၏။

‘တကယ်လို့ ဒါက အိပ်မက်တစ်ခုသာဆိုရင် ငါ ဘယ်တော့မှ မနိုးလာပါစေနဲ့တော့’

အိမ်သို့ ပြန်ရောက်သောအခါ ဝမ်ကွေ့ချင်သည် သမီးဖြစ်သူကို ကျောပိုးလျက် သူတို့၏အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလေသည်။

မှောင်မိုက်ကျဉ်းမြောင်းလှသော အခန်းငယ်လေး၏ထောင့်တစ်နေရာတွင် သပ်ရပ်လှသော ကုတင်ငယ်လေးတစ်ခုကို အမြဲတမ်း ပြင်ဆင်ထားလေ့ရှိသည်။

သူမအတွက် သီးသန့်ဖြစ်သော ကုတင်ငယ်လေးကို မြင်လိုက်ရသောအခါ စုန့်ကျင်းဟွာလေး၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ပြည့်လျှံလာခဲ့လေ၏။

“အမေ့ရဲ့ ကျင်းဟွာလေး... အမေ အသုံးမကျလို့ သမီးလေး ဒုက္ခရောက်ရတာပါ၊ အမေ့အပြစ်တွေပါ”

ဝမ်ကွေ့ချင်က သမီးဖြစ်သူ၏ အဝတ်အစားများကို ဘေးသို့ဖယ်ကြည့်လိုက်ရာ ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများကို မြင်တွေ့လိုက်ရပြီး နှလုံးသားနာကျင်စွာဖြင့် မျက်ရည်ကျရလေတော့သည်။

“အမေ... သမီး ဘာမှမဖြစ်ပါဘူး၊ နည်းနည်းပါးပါး အရိုက်ခံရရုံတင်ပါ”

စုန့်ယင်ဟွာလေးက သူမ အစ်မကြီးအနားသို့ ကပ်သွားကာ မေးလိုက်လေသည်။

“အစ်မ... အဘွားက အစ်မကို ဘယ်မှာ သွားရောင်းလိုက်တာလဲဟင်၊ သမီးတို့ ရှာတာ တစ်နေရာမှာမှ မတွေ့ဘူး”

“မြို့ထဲက ဆန်ဆိုင်တစ်ဆိုင်မှာလေ၊ ဆိုင်ရှင်က နည်းနည်းလေး စည်းကမ်းတင်းကျပ်ရုံတင်ပါ၊ ဘာမှမဖြစ်ပါဘူး၊ အဲဒီမှာ ဝအောင်စားခဲ့ရပါတယ်”


🍅 Chapter 39


စုန့်ကျင်းဟွာလေးသည် မိခင်ဖြစ်သူကို စိတ်မပူစေလိုသဖြင့် ပြုံးပြုံးလေးဖြင့် ပြီးခဲ့သောရက်များအတွင်း သူမ ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြလေသည်။

သမီးဖြစ်သူကို မိခင်ထက် ပိုသိသူမရှိနိုင်ပေ။ သမီးဖြစ်သူက မိခင်ဖြစ်သူ စိတ်ပူမည်ကို စိုးရိမ်သဖြင့် တမင်သက်သက် ပေါ့ပေါ့တန်တန် ပြောနေခြင်းဖြစ်ကြောင်း ဝမ်ကွေ့ချင် မသိဘဲနေမည်လော။

သူမက ရေနွေးနွေးလေးယူလာကာ သမီးဖြစ်သူ၏ခန္ဓာကိုယ်ကို သေချာသုတ်ပေးပြီး အဝတ်အစားများ လဲလှယ်ပေးလိုက်လေသည်။

စုန့်ယင်ဟွာလေးက သူမ အစ်မဘေးတွင် နေကာ ပြီးခဲ့သောရက်များအတွင်း အိမ်တွင် ဖြစ်ပျက်ခဲ့သမျှကို ဖောက်သည်ချနေလေသည်။

 á€á€°á€šá€˝á€Žá€œá€”á€şá ဤရက်ပိုင်းအတွင်း အပြောင်းအလဲများကို ကြားလိုက်ရသောအခါ စုန့်ကျင်းဟွာလေးမှာ အလွန်အမင်း အံ့ဩသွားလေ၏။

“အဘွားက ငါတို့အပေါ် တကယ်ပဲ ဒီလောက်ကောင်းကောင်း ဆက်ဆံနေတာလား၊ ဆန်ကောင်းတွေနဲ့ ပြုတ်ထားတဲ့ ဆန်ပြုတ်ကိုတောင် တိုက်တယ်ပေါ့၊
ဒါတွေက ဦးလေး ၄ တစ်ယောက်ပဲ စားခွင့်ရှိတဲ့ဟာတွေလေ”

ဤရက်ပိုင်းအတွင်း စားသောက်ခဲ့ရသော အစားအစာများကို ပြန်လည်တွေးတောရင်း စုန့်ယင်ဟွာလေးသည်လည်း အိပ်မက်မက်နေသကဲ့သို့ ခံစားရလေသည်။

“အဘွားက ညီမတို့ကို ဆန်ပြုတ်တိုက်ရုံတင် မကဘူးနော်... အသားတွေ၊ ကြက်သားဟင်းချိုတွေပါ တိုက်သေးတာ”

စုန့်ကျင်းဟွာလေးမှာ အလွန်အမင်း အံ့ဩသွားပြီး သူမ၏ညီမလေးက နည်းနည်းလေး ပိုပြောနေခြင်းဖြစ်မည်ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

သူမ အဘွား မည်မျှကပ်စေးနှဲကြောင်း သူမ အသိဆုံးပင်မဟုတ်ပါလား။

အသားကို အသာထား... ဆန်ကောင်းဖြင့် ပြုတ်ထားသော ဆန်ပြုတ်လေး တစ်ခွက်တိုက်လျှင်ပင် ကျေးဇူးတင်ရမည်သာ ဖြစ်လေသည်။

“ဒါဆို ဦးလေး ၄ ကရော... အဘွားက ငါတို့ကို ဆန်သားအကောင်းနဲ့ပြုတ်ထားတဲ့ ဆန်ပြုတ်တွေ တိုက်တယ်ဆိုရင် ဦီးလေး ၄ က ဘာစားရတာလဲ”

စုန့်ကျစ်ရှုအကြောင်း ပြောလိုက်သည်နှင့် စုန့်ယင်ဟွာလေး၏မျက်လုံးများထဲတွင် အနည်းငယ် ဝမ်းသာအားရဖြစ်မှုများ ပေါ်လွင်လာခဲ့လေသည်။

“အစ်မ... အခု ဦးလေး ၄ ဘယ်ရောက်နေလဲဆိုတာ ခန့်မှန်းကြည့်ပါလား”

“ဦီးလေး ၄  á€Ąá€­á€™á€şá€™á€žá€Ź မရှိဘူးလား၊ စာသင်ကျောင်းများ သွားနေတာလား”

စုန့်ယင်ဟွာလေးက ခေါင်းခါယမ်းလိုက်လေသည်။

“အစ်မ ဘယ်လိုမှ ခန့်မှန်းလို့ရမှာ မဟုတ်ဘူး၊ အဘွားက ဦးလေး ၄ ကို ရောင်းစားလိုက်ပြီ”

“ရောင်းစားလိုက်တယ်... ဟုတ်လား”

စုန့်ကျင်းဟွာလေးသည် ထိုစကား၏အဓိပ္ပာယ်ကို နားလည်ရန် အချိန်အတန်ကြာအောင် ကြိုးစားခဲ့ရလေ၏။

စုန့်အာ့လန် တံခါးဝတွင်မှီလျက်ရပ်နေပြီး ချွမ်းနီလေးက သူ့ခြေထောက်ကို ဖက်ထားလေသည်။

“ဦးလေး ၄ က ချွမ်းနီကိုရောင်းစားချင်နေတာလေ၊ ဒါပေမဲ့ အဘွားသိသွားတော့ သူ့ကို သူဌေးလုအိမ်မှာ အလုပ်ကြမ်းလုပ်ဖို့ ရောင်းစားလိုက်တာ”

ချွမ်းနီလေး ခေါင်းညိတ်ထောက်ခံလိုက်လေသည်။

“ဦးလေး ၄ က အရမ်းဆိုးတယ်၊ ချွမ်းနီကို ရောင်းစားချင်နေတာ”

“တကယ်လား... တကယ်ကြီးလား၊ အဘွားက သဘောတူလို့လား”

စုန့်ကျင်းဟွာလေးမှာ အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်နေလေသည်။

မည်သို့ပင်ဆိုစေ ဤမိသားစုအတွင်း ဦးလေး ၄ ၏နေရာမှာ မည်သူနှင့်မျှ မယှဉ်သာအောင် မြင့်မားလွန်းလှသည်မဟုတ်ပါလား။

တစ်ယောက်ယောက်က အဘွားက သူမကို ရောင်းစားလိုက်သည်ဟု ပြောလျှင်ပင် သူမ ယုံကြည်လိမ့်မည်။ သို့သော် ဦးလေး ၄ ကို ရောင်းစားလိုက်သည်ဟူသော စကားမှာ မည်သို့မျှ ဖြစ်နိုင်ချေမရှိပေ။

“အစ်မ မယုံရင် ဦးလေး ၄  á€Ąá€á€”်းထဲ သွားကြည့်လေ၊ သူ့အဝတ်အစားတွေအကုန်လုံး သိမ်းပြီး သူဌေးလုအိမ်ကိုပို့လိုက်ပြီ”

“အဲဒီနေ့က ဦးလေး ၄ ကို အဘွားက တံမြက်စည်းအကြီးကြီးနဲ့ ရိုက်တာများလေ... တော်တော်ကို ရက်ရက်စက်စက်ပဲ”

စုန့်ကျင်းဟွာလေးသည် သူမ၏ ဒုတိယအစ်ကိုဖြစ်သူ စုန့်အာ့လန်ကို ကြည့်လိုက်မိ၏။

သူ့ မျက်ဝန်းများမှာ လေးနက်နေပြီး ဟန်ဆောင်နေသည့်ပုံမပေါ်ပေ။

“တကယ်ကြီးလား”

စုန့်တာ့လန်က အခန်းထဲသို့ ဝင်လာရင်း ပြောလိုက်လေသည်။

“အာ့လန် ပြောတာ အမှန်တွေချည်းပဲ၊ အဘွားက ဦးလေး ၄ ကို အရင်လို အရမ်းအလိုမလိုက်တော့ဘူး”

“ဦးလေး ၄ က အရူးတစ်ယောက်လို လုပ်နေတော့ အဘွားက သူ့ကို တံမြက်စည်းနဲ့ ဆုံးမရုံတင်မကဘူး၊ သူဌေးလုအိမ်မှာ အလုပ်ကြမ်းလုပ်ဖို့ပါ ပို့လိုက်တာ”

ထိုစကားများကို ကြားလိုက်ရသောအခါ စုန့်ကျင်းဟွာလေးမှာ အသက်ရှူမှားသွားလေသည်။

‘ဘုရားရေ... ငါ အိမ်မှာမရှိတဲ့အချိန်လေးအတွင်း အိမ်မှာ ဘာတွေများ ဖြစ်ပျက်သွားတာလဲ၊ အဘွားက ဦးလေး ၄ ကိုတောင် ရိုက်လိုက်တယ်ပေါ့’

စုန့်ကျင်းဟွာလေးအတွက် အံ့ဩစရာများ ဆက်ပြီးလာဦးမည်သာ။

“တာ့လန်... အာ့လန်... လာကြဦး၊ ဒီကြက်ကိုသတ်ရအောင်”

ဝူယွီလန်သည် ကြက်ခြံထဲမှ ကြက်တစ်ကောင်ကို ဖမ်းဆွဲလာပြီး ခြေထောက်များကို ကြိုးဖြင့်ချည်ကာ ရေဇလုံအနီးသို့ ပစ်ချလိုက်လေသည်။

တာ့လန်နှင့် အာ့လန်တို့က ထိုအသံကို ကြားသည်နှင့် ချက်ချင်းအပြင်သို့ ထွက်ကာ ကူညီပေးကြလေ၏။

စုန့်ကျင်းဟွာလေးသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူမလည်း အပြင်သို့ထွက်ကာ ကူညီပေးလိုက်လေသည်။

သူမအနေဖြင့် ကြိုးကြိုးစားစား အလုပ်လုပ်ပြမှသာ အဘွားက သူမ၏တန်ဖိုးကို မြင်ပြီး နောက်တစ်ကြိမ် ထပ်မရောင်းစားတော့မည်မဟုတ်ပါလား။

စုန့်ကျင်းဟွာလေးကို မြင်လိုက်ရသောအခါ ဝူယွီလန် ဘာမှမပြောဘဲ သူမ၏ချက်ပြုတ်ရေးလုပ်ငန်းစဉ်များကိုသာ အရှိန်မြှင့်လိုက်လေသည်။

အိမ်တွင် ဟင်းသီးဟင်းရွက်များ သိပ်မရှိတော့ပေ။ ဝူယွီလန်က သူမ ယူလာသောအထုပ်ထဲတွင် မည်သည့်အရာများပါသည်ကို မည်သူကမျှ သတိမထားမိ ကြောင်း သိလိုက်ရသဖြင့် မီးဖိုချောင်ထဲသို့ဝင်ကာ တံခါးပိတ်လိုက်ပြီး ဆေးပညာကုန်တိုက်ထဲတွင် စားစရာများကို ရှာဖွေကြည့်ရှုလိုက်လေ၏။

‘ပဲကြာဆံ... တစ်ထုပ်ကို ကုန်တိုက်သုံးငွေကြေးနှစ်ပြား’

အိမ်တွင် ဂေါ်ဖီထုပ် ရှိနေသည်ကို သတိရလိုက်သဖြင့် ဝူယွီလန်သည် ပဲကြာဆံငါးထုပ်ကို သူမ၏ဈေးခြင်းထဲသို့ ထည့်လိုက်လေသည်။

‘ဝက်အူချောင်း၊ တရုတ်ဝက်အူချောင်း... ဒါတွေကလည်း ကောင်းတယ်၊ အကြာကြီး သိမ်းထားလို့ရတယ်’

သူမက ငါးကျင်းအလေးချိန်ရှိသော ဝက်အူချောင်း နှစ်ချောင်းကို ဈေးခြင်းထဲသို့ ထည့်လိုက်သည်။

 á€‘ိုအန္ဏက် ကွမ်တုံးစတိုင် ဝက်အူချောင်းငါးထုပ်ကိုပါ ထည့်လိုက်သည်။

 á€á€…á€şá€‘á€Żá€•á€şá€œá€ťá€žá€„á€ş ဆယ်ချောင်းပါဝင်လေ၏။

ဆေးပညာကုန်တိုက်တွင် ယခုအခါ ကုန်တိုက်သုံးငွေကြေး ခြောက်ထောင်ကျော် ရှိနေပြီဖြစ်သည်။

ဝူယွီလန်သည် ကပ်စေးနှဲမနေတော့ဘဲ အချိန်အကြာကြီး သိမ်းဆည်းထားနိုင်သော အစားအစာများကို တွေ့သည်နှင့် ဈေးခြင်းထဲသို့ ထည့်လိုက်ရာ စုစုပေါင်း ကုန်တိုက်သုံးငွေကြေး သုံးရာကျော်ကုန်ကျသွားလေသည်။

မီးဖိုချောင် ဗီရိုထဲတွင်လည်း အစားအသောက်များ တစ်ဝက်ခန့် ပြည့်သွားပြီဖြစ်၏။

ပစ္စည်းများ ဝယ်ယူပြီးနောက် ဝူယွီလန်သည် ခြံဝင်းထဲသို့ ထွက်ကာ ဂေါ်ဖီထုပ်တစ်ထုပ်ကို ခူးလိုက်သည်။

ညစာအတွက် ကြက်သားစွပ်ပြုတ်၊ ဝက်သားသုံးထပ်သားဂေါ်ဖီထုပ်နှင့် ပဲကြာဆံ ရောနှပ်ထားသောဝက်အူချောင်း ပဲသီးစိမ်းကြော်တို့ကို ချက်ပြုတ်ရန် စီစဉ်ထားလေသည်။

လူတစ်ဒါဇင်ကျော်အတွက် ဟင်းသုံးခွက်ဆိုသည်မှာ အနည်းငယ် နည်းပါးနေသဖြင့် သူမ ပမာဏများများ ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။

ဝူယွီလန်တစ်ယောက် ကြက်သတ်ကာ၊ ခြံဝင်းထဲမှ ဟင်းသီးဟင်းရွက်များခူးပြီး ခမ်းခမ်းနားနား ချက်ပြုတ်နေသည်ကို မြင်လိုက်ရသောအခါ စုန့်ကျင်းဟွာလေး၏မျက်လုံးများမှာ အပြင်ထွက်ကျမတတ် ပြူးကျယ်သွားရလေ၏။

“ညီမလေး... အဘွားက ဘာလို့ ကြက်ကို သတ်နေတာလဲ၊ ဥ ဥဖို့ ချန်ထားတာ မဟုတ်ဘူးလား၊ ပြီးတော့ ခြံထဲက ဒီဟင်းသီးဟင်းရွက်တွေကရော... အဘွားရောင်းဖို့ စိုက်ထားတာ မဟုတ်ဘူးလား”

“အရင်တုန်းကဆိုရင် ကြက်ကို သတ်ဖို့မပြောနဲ့ ကြက်ဥလေးတစ်လုံးလောက် မတွေ့ရရင်ကို အဘွားက လူသတ်ချင်နေတာ”

စုန့်ယင်ဟွာလေ နှုတ်ခမ်းသပ်လိုက်လေသည်။

“အဘွားက ခုနလေးတင် ပြောသွားတာလေ... အစ်မက အခုရက်ပိုင်းအတွင်း ဆင်းရဲဒုက္ခ ရောက်ခဲ့ရတာဆိုတော့ အစ်မကို အားရှိအောင်လို့ ကြက်သားကျွေးမလို့ဆိုပဲ”

“ခြံထဲက ဟင်းသီးဟင်းရွက်တွေနဲ့ ပတ်သက်ပြီးတော့လည်း... အဘွားက ငါတို့ အဲဒါတွေကို မရောင်းတော့ဘူးတဲ့၊ ငါတို့ကိုယ်တိုင် စားဖို့အတွက် ချန်ထားမယ်လို့ပြောတယ်”

“ငါ့ကို အားရှိအောင်လို့လား...”

“အဘွားက ငါ့အတွက် သီးသန့် ကြက်သတ်ပေးတာပေါ့”

စုန့်ကျင်းဟွာလေး မျက်တောင်တဖျပ်ဖျပ် ခတ်သွားမိလေသည်။ အဘယ့်ကြောင့်များ ဤကိစ္စကို ယုံကြည်ဖို့ ဤမျှခက်ခဲနေရသနည်း။

 á€Ąá€›á€„á€şá€á€Żá€”á€şá€¸á€€á€†á€­á€Żá€œá€ťá€žá€„á€ş သူမကို ကြက်သားကျွေးဖို့နေနေသာသာ ကြက်ဥခွံလေးကိုပင် လျှာနှင့်လျက်ဖို့ အဘွားက ခွင့်မပြုခဲ့ပေ။

‘ဒါက ဦးလေး ၄ ပြန်လာတော့မှာမို့ ဖြစ်ရမယ်၊ ဒီအကြောင်းပြချက်ကလွဲပြီး တခြားမရှိနိုင်ဘူး’

သို့သော် စုန့်ကျင်းဟွာလေးမှာ မျှော်လင့်တကြီး စောင့်နေခဲ့သော်လည်း ညစာစားသည့် အချိန်ရောက်သည်အထိ စုန့်ကျစ်ရှု ပြန်ရောက်မလာသေးပေ။

“ဒုတိယအစ်ကို... ဦးလေး ၄ က ညစာစားဖို့ ပြန်မလာဘူးလား”

သူမက စုန့်အာ့လန်၏နားနားသို့ ကပ်ကာ တီးတိုးမေးလိုက်လေသည်။

စုန့်အာ့လန် ခေါင်းယမ်းလိုက်၏။

“ဦးလေး ၄ က အခု သူဌေးလုအိမ်မှာ အလုပ်ကြမ်းလုပ်နေရတာ၊ သူ အိမ်ပြန်လာလို့ မရဘူး”

စုန့်ကျင်းဟွာလေးသည် စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်ကာ မသိမသာ နှုတ်ခမ်းသပ်လိုက်မိလေသည်။

“ဒါဆို ဒီဟင်းတွေအားလုံးက ဘယ်သူ့အတွက်လဲ”

သူမ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကြက်သားစွပ်ပြုတ်တစ်ပန်းကန်က သူမ၏ အရှေ့သို့ ရောက်ရှိလာလေသည်။

ဟင်းရည်ပေါ်တွင် ဝင်းလက်တောက်ပနေသော ကြက်ပေါင်ကြီးတစ်ချောင်းက အထူးပင် မျက်စိကျစရာကောင်းလှပေ၏။

စုန့်ကျင်းဟွာလေးမှာ လက်ချောင်းလေးများကို ဂနာမငြိမ်စွာ ပွတ်သပ်နေမိသည်။ စွပ်ပြုတ်ပန်းကန်ကို ယူလိုက်ချင်သော်လည်း အဆူခံရမည်ကို စိုးရိမ်သဖြင့် မတို့ဝံ့မထိဝံ့ ဖြစ်နေလေသည်။

“အဘွား... အဘွား လူမှားပေးလိုက်တာများလား”

ဝူယွီလန် ကြောက်ရွံ့တုံ့ဆိုင်းနေသော ကလေးမလေးကို တစ်ချက်ကြည့်လိုက်လေ၏။

“ငါ လူမှားမပေးပါဘူး... အဲဒါက နင့်အတွက်ပဲ၊ နင်က ဒီရက်ပိုင်းအတွင်း ဒုက္ခရောက်ခဲ့ရတာ၊ မြန်မြန်အားပြည့်လာအောင် ဒီကြက်ပေါင်ကို စားလိုက်”

ထိုသို့ပြောပြီးနောက် ဝူယွီလန် ကျန်သူများကို ကြည့်လိုက်လေသည်။

“မင်းတို့ ဘာမှကန့်ကွက်စရာမရှိကြဘူးမလား”

အခြားသူများမှာ စုန့်ကျင်းဟွာလေး ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအတွက် အလွန်ပင် စိတ်မကောင်းဖြစ်နေကြရာ ကန့်ကွက်ရန် နေနေသာသာ သူတို့ဟာများပင် ခွဲပေးချင်နေသေး၏။ 

အားလုံး ချက်ချင်းခေါင်းယမ်းပြလိုက်ကြလေသည်။

🍅 Chapter 40


“သမီးအတွက်လား...”

စုန့်ကျင်းဟွာလေးသည် သူမ၏အရှေ့ရှိ ရွှေရောင်ဝင်းလက်နေသော ကြက်ပေါင်ကြီးကို ကြည့်ရင်း မျက်ဝန်းများထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။

ဝမ်ကွေ့ချင် မျက်ရည်များကို သုတ်လိုက်၏။

“လိမ္မာတယ် သမီးလေး... အဘွားက သမီးအတွက်လို့ပြောရင် သမီးအတွက်မို့လို့ပေါ့၊ အဘွားကို မြန်မြန် ကျေးဇူးတင်စကား ပြောလိုက်လေ”

စုန့်ကျင်းဟွာလေး သူမ မိခင်ကို မျက်လုံးများဖြင့် မေးခွန်းထုတ်လိုက်လေသည်။

‘အမေ... သမီး ဒီကြက်ပေါင်ကို တကယ်စားလို့ရတာလားဟင်’

ဝမ်ကွေ့ချင် အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။

‘သေချာပေါက်ပေါ့’

မိခင်ဖြစ်သူ၏အတည်ပြုချက်ကို ရရှိပြီးမှသာ စုန့်ကျင်းဟွာလေးသည် ကြက်သားစွပ်ပြုတ်ပန်းကန်ကို ရဲရဲဝံ့ဝံ့ ကိုင်မြှောက်လိုက်ပြီး သတိကြီးစွာဖြင့် တစ်ငုံသောက်လိုက်လေသည်။

ကြက်သားစွပ်ပြုတ်၏ထူးခြားလှသော မွှေးပျံ့သည့်အရသာက သူမ၏ပါးစပ်တစ်ခုလုံးကို ပြည့်နှက်သွား၏။

ကြက်သားစွပ်ပြုတ်မှာလည်း စုန့်ကျင်းဟွာတစ်ယောက် သူမ လျှာကိုပါ ပြန်မျိုချချင်စိတ်ပေါက်သွားသည်အထိ အရသာရှိလွန်းလှပေသည်။

‘ဒါကြောင့်ကိုး၊ ကြက်သားစွပ်ပြုတ်က ဒီလောက်တောင် အရသာရှိတာလား’

သူမ စိတ်ထဲမှ တီးတိုးရေရွတ်လိုက်မိလေသည်။

ပန်းကန်ထဲရှိ ကြက်ပေါင်ကိုကြည့်ရင်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူမ ကြက်ပေါင်ကို ကောက်ကိုင်လိုက်လေ၏။

“အဘွား... သမီးက ကြက်ပေါင်မကြိုက်ဘူး၊ အဘွားပဲ စားလိုက်ပါ”

ဝူယွီလန် ထိုကလေးမလေးနှင့် အချိန်ဆွဲမနေချင်တော့ပေ။ သူမက တမင်သက်သက် မျက်နှာထားကို တင်းမာလိုက်လေသည်။

“ငါ နင့်ကို စားခိုင်းနေတယ်ဆိုရင် မြန်မြန်စားလိုက်၊ နင် ထပ်ပြီး တွန့်ဆုတ်နေမယ်ဆိုရင်တော့ ငါ နင့်ကို ရိုက်မိတော့မယ်”

စုန့်ကျင်းဟွာလေး၏လက်မှာ တုန်ယင်သွားပြီး ကြက်ပေါင်ပင် ပြုတ်ကျလုနီးပါး ဖြစ်သွားရလေ၏။

သူမသည် နောက်ထပ်စကားတစ်ခွန်းမျှ မဟဝံ့တော့ဘဲ ကြက်ပေါင်ကို ပါးစပ်ထဲသို့ အလျင်စလို ထည့်လိုက်လေတော့သည်။

သူမက ကြက်ပေါင်ကို တစ်ကိုက်ကိုက်လိုက်ရာ နူးညံ့ပြီး ချောမွေ့လှသော ကြက်သားက သူမ၏ပါးစပ်တစ်ခုလုံး ပြည့်နှက်သွားလေသည်။ အရသာရှိလွန်းလှသဖြင့် သူမမှာ မျိုပင်မချရက်နိုင်အောင် ဖြစ်နေတော့၏။

သူမသည် အလွန်မြတ်နိုးတန်ဖိုးထားစွာဖြင့် အကိုက်သေးသေးလေးချင်း ကိုက်ကာ စားသုံးနေပြီးနောက်ဆုံးတွင် အရိုးကိုပါ ဝါးစားပြီး မျိုချချင်စိတ်ပေါက်လာသည်အထိပင် ဖြစ်လေသည်။

စုန့်ကျင်းဟွာလေးကိုကြည့်ရင်း ဝူယွီလန်၏ရင်ထဲတွင် သနားကြင်နာမှုများ ဖြစ်ပေါ်လာခဲ့လေသည်။ သူမက စကားသိပ်မပြောဘဲ ကလေးမလေးအတွက် ဟင်းများကိုသာ ဆက်တိုက်ထည့်ပေးနေလေ၏။

စုန့်ကျင်းဟွာလေးက ကြက်ပေါင်စားပြီးသွားသောအခါ အောက်သို့ငုံ့ကြည့်လိုက်ရာ သူမ၏ပန်းကန်ထဲတွင် ဟင်းများက တောင်တန်းလေးတစ်ခုပမာ မောက်နေအောင် ပုံနေသည်ကို တွေ့လိုက်ရလေသည်။

သူမက ဝူယွီလန်ကို မော့ကြည့်လိုက်သော်လည်း ဝူယွီလန်၏မျက်နှာထားမှာ ခံစားချက်ကင်းမဲ့နေပြီး သူမကို လုံးဝ ဂရုမစိုက်ချင်သကဲ့သို့ ဖြစ်နေလေသည်။

“ဘာလို့ ကြောင်ကြည့်နေတာလဲ... စားလေ”

ဝူယွီလန် စကားပြောပြီးနောက် အခြားသူများအတွက်လည်း ဟင်းများ ခပ်ထည့်ပေးလိုက်လေ၏။

“မင်းတို့တွေကကော ဘာလို့ မစားကြတာလဲ၊ ငါ့လက်ရာက မကောင်းဘူးလို့ ထင်နေကြတာလား”

ထိုစကားကို ကြားလိုက်ရသောအခါ အားလုံးက တူများကို အသီးသီးလှမ်းယူလိုက်ကြပြီး တစ်ယောက်ထက်တစ်ယောက် အပြိုင်အဆိုင် စားသောက်ကြလေတော့သည်။

“အဘွား... အဘွားလက်ရာက သား စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ၊ သားအမြင်တော့ အဘွားရဲ့ဟင်းတွေက တောင်ပေါ်က ဟင်းလျာတွေနဲ့ ပင်လယ်စာတွေထက်တောင် ပိုကောင်းသေးတယ်”

ဝူယွီလန် လက်လှမ်းကာ စုန့်အာ့လန်၏နဖူးကို အသာအယာ ခေါက်လိုက်လေသည်။

“မင်းက ဒီမိသားစုတစ်ခုလုံးမှာ အချွဲဆုံးပဲ၊ မင်း ဘယ်သူနဲ့တူလို့ ဒီလောက် အပြောကောင်းနေရတာလဲမသိဘူး”

စုန့်အာ့လန် ရယ်မောလိုက်လေ၏။

“အဘွားနဲ့ တူတာပေါ့”

ဤစကားနှင့်ပတ်သတ်၍ ဝူယွီလန် ဘာမှပြန်မပြောသော်လည်း သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့လေသည်။

“ကိုယ့်ထမင်းကိုသာ သေချာစားစမ်းပါ... စကားအရမ်းများမနေနဲ့”

စုန့်အာ့လန်၏စကားများကြောင့် ထမင်းစားဝိုင်းလေထုမှာ များစွာပေါ့ပါးသွားခဲ့လေသည်။

“အမေ... ကျင်းဟွာ့ကို ဘယ်လိုရှာတွေ့ပြီး ဘယ်လို ပြန်ရွေးလာခဲ့တာလဲဟင်”

ဝမ်ကွေ့ချင် မနေနိုင်တော့ဘဲ မေးလိုကမိလေ၏။

ဝူယွီလန် သူမ သိချင်နေသည့်အရာကို သိသဖြင့် အဖြစ်အပျက်တစ်ခုလုံးအား အတိုချုံး၍သာ ပြောပြလိုက်ပြီး လေးနက်သောအပိုင်းများကိုမူ ချန်လှပ်ထားခဲ့လေသည်။

သမီးဖြစ်သူ မည်မျှဒုက္ခရောက်ခဲ့ရကြောင်း ကြားလိုက်ရသောအခါ ဝမ်ကွေ့ချင်၏မျက်လုံးထဲမှ ပဲစေ့ခန့်ရှိသော မျက်ရည်ပေါက်ကြီးများ ကျဆင်းလာခဲ့လေသည်။

“ကဲပါ... အခု ပြန်ရောက်လာပြီဆိုတော့လည်း ကောင်းတာပေါ့”

“အခုကစပြီး ငါတို့မိသားစုထဲမှာ မျိုးဆက်တွေကို ရောင်းစားတာ ဝယ်စားတာတွေ ထပ်မရှိစေရဘူး၊ မင်းတို့ စိတ်အေးအေးသာထားကြ”

ဘေးတွင် ထိုင်နေသော ကျောက်လီကျွမ် တစ်ခုခု ပြောချင်သော်လည်း တွန့်ဆုတ်နေလေ၏။

“ဒုတိယချွေးမ... နင်လည်း စိတ်မပူပါနဲ့၊ မနက်ဖြန်ကျရင် ထုန်ဟွာကို ဘယ်နေရာမှာ ရောင်းလိုက်လဲဆိုတာ ငါတို့ အတူတူ သွားစုံစမ်းကြမယ်၊ ပြီးရင် ငါ သူ့ကို ပြန်ရွေးလာခဲ့ပါ့မယ်”

ယောက္ခမကြီး၏စကားကို ကြားလိုက်ရသောအခါ ကျောက်လီကျွမ်တစ်ယောက် အနည်းငယ် စိတ်အေးသွားလေသည်။

“ကျေးဇူးတင်ပါတယ် အမေ”

ဝူယွီလန် ခါးသက်စွာ ပြုံးလိုက်မ်လေသည်။ မူလပိုင်ရှင်၏အမှားများအတွက် သူမက မတရား အပြစ်တင်ခံနေရသည်မဟုတ်ပါလား။

“အရင်တုန်းက အမေ နင်တို့အပေါ် တကယ်ပဲ မတရားလုပ်ခဲ့မိပါတယ်၊ အခုကစပြီး မိသားစုလိုက် ဘဝကို ကောင်းကောင်းမွန်မွန်နေထိုင်ကြတာပေါ့”

ထမင်းစားပြီးသောအခါ အားလုံး ပန်းကန်များကို အလုအယက်သိမ်းဆည်းဆေးကြောကြလေသည်။

ဝူယွီလန်သည်လည်း တစ်နေ့လုံး ပင်ပန်းလာခဲ့ပြီဖြစ်သဖြင့် အနားယူရန်အတွက် သူမ အခန်းသို့သာ ပြန်သွားခဲ့လေ၏။

သူမ လှဲလျောင်းလိုက်ရုံရှိသေး တံခါးခေါက်သံကို ကြားလိုက်ရလေသည်။

“ဘယ်သူလဲ”

“အမေ... သားပါ”

စုန့်ကျစ်ယုံသည် သူ့ဇနီး ဝမ်ကွေ့ချင်၊ သမီး စုန့်ကျင်းဟွာတို့နှင့်အတူ တံခါးဝတွင် ရပ်နေလေသည်။ ဝူယွီလန် တံခါးဖွင့်ပြီး သူတို့ကို အထဲသို့ ဝင်ခွင့်ပြုလိုက်လေ၏။

ဘုတ်။

“အမေ”

စုန့်ကျစ်ယုံက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး သူ့ဇနီးနှင့် သမီးတို့နှင့်အတူ ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်အထိ အကြိမ်ကြိမ် ဦးချကန်တော့ကြလေသည်။

“ထကြတော့... မင်းတို့ ဘာတွေလုပ်နေကြတာလဲ”

ဝူယွီလန်မှာ သူတို့ကို တားဆီးရန်ပင် အချိန်မမီလိုက်ပေ။

“အမေ... ကျင်းဟွာ့ကို ပြန်ရွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောင်ကို အမေ သူတို့ကို ထပ်မရောင်းစားတော့သရွေ့ သားက အမေ့အတွက် တာဝန်ကျေတဲ့ သားကောင်းတစ်ယောက် ဖြစ်ပါ့မယ်လို့ ကောင်းကင်ကြီးကိုတိုင်တည်ပြီး ကျိန်ဆိုပါတယ်”

စုန့်ကျစ်ယုံ ခိုင်မာပြတ်သားစွာ ပြောလိုက်လေသည်။

“ဒါပေမဲ့ အမေက သားကို အသိမပေးဘဲ ကျင်းဟွာ ဒါမှမဟုတ် ယင်ဟွာကို နောက်ထပ်တစ်ကြိမ် ထပ်ရောင်းစားမယ်ဆိုရင်တော့...”

သူက အံတင်းတင်းကြိတ်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည့်အလား နောက်ထပ်တစ်ကြိမ် ဦးချကန်တော့လိုက်ပြန်လေသည်။

“အဲဒီအခါကျရင်တော့... သား မိုက်ရိုင်းတယ်ဆိုပြီး သားကို အပြစ်မတင်ပါနဲ့တော့”

သမီးဖြစ်သူ ပျောက်ဆုံးနေခဲ့သည့် ရက်များအတွင်း သူ့နှလုံးသားမှာ နေ့စဉ်နှင့်အမျှ ဆင်းရဲဒုက္ခများ ခံစားနေခဲ့ရ၏။

သူသည် မိမိ၏သတ္တိကြောင်မှုကိုလည်း ရင်ထဲအသည်းထဲမှ မုန်းတီးမိလေသည်။ အကယ်၍ သူသာ အရင်က မိဘကို မျက်ကန်းတစ္ဆေအလိုမလိုက်ခဲ့လျှင် သူ့သမီးမှာ မိခင်ဖြစ်သူ၏တိတ်တဆိတ် ရောင်းစားခြင်းကို ခံရမည်မဟုတ်ပေ။

“မင်း ဒီလိုတွေးနိုင်တာကို ငါ အရမ်းဝမ်းသာပါတယ်၊ စုန့်မိသားစုရဲ့ ယောက်ျားတွေက တာဝန်သိစိတ်ရှိရမယ်၊ ကိုယ့်ဇနီးနဲ့ သားသမီးကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် မင်းက ဘယ်လိုယောက်ျားမျိုးလဲ”

“နောင်တစ်ချိန်မှာ အမေက မင်းတို့ကို တကယ်ပဲ မတရားလုပ်ခဲ့မယ်ဆိုရင် မင်းတို့ဘက်က လွတ်လွတ်လပ်လပ် ပြန်လည်တုံ့ပြန်ခွင့် ရှိပါတယ်၊

သားသမီးဝတ္တရားဆိုတာနဲ့ ပတ်သက်ပြီး ပြောရရင် လူကြီးမိဘတွေမှာ ကိုယ်ကျင့်တရား မရှိဘူးဆိုရင် သားသမီးတွေကလည်း ဝတ္တရားကျေပွန်နေစရာမလိုပါဘူး”

စုန့်ကျစ်ယုံသည် ရင်းနှီးကျွမ်းဝင်နေသော ထိုမျက်နှာကိုကြည့်လိုက်ရာ အလွန်တရာမှ သူစိမ်းဆန်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

သူ့အရှေ့ရှိ ပုဂ္ဂိုလ်မှာ သူသိထားသော မိခင်နှင့်လုံးဝမတူတော့ပေ။ သူမ အမူအရာမှာ ချမ်းသာကြွယ်ဝသော အိမ်ကြီးရှင်မတစ်ဦးနှင့် ပိုတူနေလေသည်။

ဝူယွီလန်ကမူ စုန့်ကျစ်ယုံ၏အကြည့်များကို မြင်လိုက်ရသောအခါ ရင်တစ်ချက်တုန်သွားကာ အနည်းငယ် ထိတ်လန့်သွားလေ၏။

“ကဲပါ... တခြားဘာမှမရှိရင် ပြန်ပြီး စောစောနားကြတော့လေ”

သူတို့ ထွက်သွားသည်ကိုကြည့်ရင်း ဝူယွီလန်သည် နောက်ဆုံးတွင်တော့ သက်ပြင်းရှည်ကြီးတစ်ခုကို ချနိုင်သွားလေတော့သည်။

နောက်တစ်နေ့ နံနက်စောစောတွင် အစိုးရရုံးမှ လူတစ်ယောက် ရောက်ရှိလာလေသည်။

“ခွင့်ပြုပါ... ဒီအိမ်က သမားတော်ဝူ... ဝူယွီလန်ရဲ့ အိမ်များလားခင်ဗျာ”

စုန့်အာ့လန်က တံခါးကို ဖွင့်ပေးလိုက်သည်။ မနေ့က ဝူယွီလန်မှ အစိုးရအရာရှိတစ်ဦး ရောက်လာနိုင်ကြောင်း ပြောပြထားသဖြင့် ထိတ်လန့်တုန်လှုပ်ခြင်းမရှိပေ။

အစိုးရအရာရှိက သူ့အဘွားအား ‘သမားတော်ဝူ’ ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ သူက ခေါင်းကုတ်လိုက်ရင်း တီးတိုးရေရွတ်လိုက်လေသည်။

“အဘွားက ဘယ်တုန်းက သမားတော်ဖြစ်သွားတာလဲ”

သံသယများ ရှိနေသော်လည်း စုန့်အာ့လန်သည် အချိန်ဆွဲမနေဝံ့ပေ။

“ဟုတ်ပါတယ်၊ ကျွန်တော့်အဘွား နာမည်က ဝူယွီလန်ပါ၊ ခဏစောင့်ပါဦး၊ ကျွန်တော် သွားခေါ်လိုက်ပါ့မယ်”

သူ နောက်သို့ လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် ဝူယွီလန် အလျင်အမြန် လျှောက်လာသည်ကို တွေ့လိုက်ရလေ၏။

“အဘွား... ဒီအစိုးရအရာရှိက အဘွားကိုရှာနေတာ”

ဝူယွီလန် ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ပြီး တံခါးဝသို့ လျင်မြန်စွာ လျှောက်သွားလိုက်လေသည်။

“ကျွန်မက ဝူယွီလန်ပါ”
 

Search Novels